Saturday, December 15, 2012

သူပုန္ေက်ာင္းသားတဦးရဲ႕ မာရသြန္ခရီး ၂၆

စင္ၿပိဳင္အစိုးရ ၀န္ႀကီးခ်ဳပ္နွင့္ သူ၏ သူပုန္တပ္မေတာ္

က်ေနာ္မွတ္မိသေလာက္ဆုိရင္ တပ္ရင္းညီလာခံအၿပီး ၁၉၉၀ ဇူလုိင္လကေန ၁၉၉၁ နွစ္ကုန္ပုိင္း ABSDF ဗဟုိ ႏွစ္ခ်မ္းကဲြတဲ့အခ်ိန္အထိတာ၀န္ထမ္းေဆာင္ခဲ့တဲ့ စခန္းေကာ္မတီဟာ စုစည္းညီညြတ္မႈ အားအေကာင္းဆုံး၊ တည္ၿငိမ္မႈအရွိဆုံး ေကာ္မတီတခုျဖစ္ခဲ့ၿပီး အေရးႀကီးတဲ့ကိစၥ အေတာ္မ်ားမ်ားကုိ ေဆာင္ရြက္နုိင္ခဲ့ပါတယ္။ ေကာ္မတီတာ၀န္ရွိသူေတြ ထုိင္းနုိင္ငံထဲ ထြက္ၿပီး နုိင္ငံတကာ ဆက္ဆံေရး၊ ထုိင္းစီးပြားေရးသမားေတြနဲ႔ ဆက္ဆံေရး၊ အလႉရွင္ေတြနဲ႔ ဆက္ဆံေရး၊ တျခားမဟာမိတ္ အဖြဲ႔ေတြနဲ႔ ဆက္ဆံေရး၊ ဘန္ေကာက္က ေက်ာင္းသားေတြနဲ႔ ဆက္ဆံေရးကိစၥေတြကုိပါ ေဆာင္ရြက္နုိင္ခဲ့ပါတယ္။ အဲဒီကာလမွာ ဆူခြန္ဗစ္ ဆြိဳင္ ၇၁ ထဲက မင္းသမီးစခန္းရဲ႕႐ံုးကုိ ပိတ္ပစ္ခဲ့ၿပီး ဆူခြန္ဗစ္လမ္း ေနာက္တေနရာရွိ ဦးစိုးပုိင္ (ေနာက္ပုိင္း NCGUB ရဲ႕ အႀကံေပးအရာရိွ) ရဲ႕ ေနအိမ္ကုိ စခန္းေကာ္မတီ စုရပ္ေနရာအျဖစ္ က်ေနာ္တုိ႔ အသုံးျပဳခဲ့ၾကပါတယ္။


ေဒါက္တာ စိန္၀င္း ၂၀၁ တပ္ရင္း မင္းသမီးစခန္းတြင္ မိန္႔ခြန္း ေျပာေနစဥ္

ဒီလုိနဲ႔တေန႔မွာေတာ့ အထူးပုဂၢိဳလ္ ၃ ဦးကုိ ဦးစုိးပုိင္ရဲ႕အိမ္မွာ က်ေနာ္ေတြ႔ရပါတယ္။ အဲဒီပုဂၢိဳလ္ေတြကေတာ့ မာနယ္ပေလာကေန ဘန္ေကာက္ကို ေရာက္ကာစ စင္ၿပိဳင္အစိုးရ ၀န္ႀကီးခ်ဳပ္ သခ်ာၤပါေမာကၡ ေဒါက္တာ စိန္၀င္း (အာဇာနည္ေခါင္းေဆာင္ႀကီး ဦးဘ၀င္းရဲ႕သား၊ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ အစ္ကုိ၀မ္းကဲြ)၊ နုိင္ငံျခားေရး၀န္ႀကီး ဦးပီတာလင္းပင္၊ ဘ႑ာေရး၀န္ႀကီး ဦး၀င္းကုိတုိ႔ ျဖစ္ပါတယ္။ ေနာက္တပတ္ေလာက္ ၾကာတဲ့အခ်ိန္မွာေတာ့ ေဒါက္တာ စိန္၀င္းနဲ႔ ဘ႑ာေရး၀န္ႀကီး ဦး၀င္းကိုတုိ႔ က်ေနာ္တုိ႔ မင္းသမီးစခန္းဆီ ေရာက္လာပါတယ္။

အားလုံးသိၿပီး ျဖစ္တဲ့အတုိင္း ၁၉၉၀ ေမလ ေရြးေကာက္ပဲြမွာ အမ်ဳိးသားဒီမုိကေရစီအဖြဲ႔ခ်ဳပ္ (NLD) ပါတီ ၈၀ ရာခုိင္ႏႈန္းေက်ာ္နဲ႔ အျပတ္အသတ္ အနုိင္ရခဲ့ေပမယ့္ န၀တက အာဏာလႊဲမေပးခဲ့ပါဘူး။ ဒီေရြးေကာက္ပဲြဟာ လႊတ္ေတာ္တက္ဖုိ႔ အမတ္ေရြးတာ မဟုတ္ဘဲ အေျခခံဥပေဒဆဲြဖုိ႔ ေရြးတာသာျဖစ္တယ္ဆုိၿပီး အမိန္႔ေၾကညာခ်က္ေတြ ထြက္လာပါတယ္။ ေနာက္ဆုံးမွာေတာ့ ျပည္တြင္းမွာ ပါလီမန္ေခၚဖုိ႔ အစိုးရဖြဲ႔ဖုိ႔ မျဖစ္နုိင္ေတာ့ဘူးလုိ႔ အမတ္အေတာ္မ်ားမ်ားက စဥ္းစားၾကၿပီး နယ္စပ္မွာ  စင္ၿပိဳင္အစိုးရဖြဲ႔မယ္လုိ႔ ေဒါက္တာ စိန္၀င္းနဲ႔ လႊတ္ေတာ္အမတ္တခ်ဳိ႕ မာနယ္ပေလာေဒသဆီ ေရာက္လာတယ္လုိ႔ သိရပါတယ္။ ဒီလုိနဲ႔ ၁၉၉၀ ဒီဇင္ဘာလ ၁၈ ရက္ေန႔မွာ အမ်ဳိးသားညြန္႔ေပါင္းအစိုးရ (National Coalition Government of the Union of Burma – NCGUB) ကုိ မာနယ္ပေလာ ဌာနခ်ဳပ္မွာ ဖြဲ႔စည္းလုိက္တယ္လုိ႔ မွတ္တမ္းေတြမွာ ေဖာ္ျပထားပါတယ္။

အဲဒီအစိုးရအဖြဲ႔မွာ ၀န္ႀကီးခ်ဳပ္၊ ကာကြယ္ေရး၀န္ႀကီးနဲ႔ ျပည္ထဲေရး၀န္ႀကီးအျဖစ္ အမ်ဳိးသားဒီမုိကေရစီ ပါတီဥကၠ႒ ေပါက္ေခါင္း မဲဆႏၵနယ္အမတ္ ေဒါက္တာ စိန္၀င္း၊ နုိင္ငံျခားေရး၀န္ႀကီးအျဖစ္ ျပင္ဦးလြင္အမွတ္ ၂ မဲဆႏၵနယ္မွ တသီးပုဂၢလအမတ္ ဦးပီတာလင္းပင္၊ ဘ႑ာအခြန္၀န္ႀကီးအျဖစ္ NLD ေရဦးအမွတ္ ၂ မဲဆႏၵနယ္အမတ္ ဦး၀င္းကုိ၊ ကုန္သြယ္ေရးနဲ႔ သမ၀ါယမ၀န္ႀကီးအျဖစ္ NLD ေရြေတာင္ အမွတ္ ၂ မဲဆႏၵနယ္အမတ္  ဦးသန္းႂကြယ္၊ တရားေရး၀န္ႀကီးအျဖစ္ NLD မႏၲေလး အေနာက္ေတာင္ အမွတ္ ၂ မဲဆႏၵနယ္အမတ္ ဦးသိန္းဦး၊ ေဆာက္လုပ္ေရး၊ သတၱဳတြင္းနဲ႔ စြမ္းအင္၀န္ႀကီးအျဖစ္ NLD မုိးကုတ္ အမွတ္ ၂ မဲဆႏၵနယ္အမတ္ ဦးဘုိလွတင့္၊ အလုပ္သမားနဲ႔ လႈမႈကယ္ဆယ္ေရး ၀န္ႀကီးအျဖစ္ NLD ေက်ာက္ႀကီး မဲဆႏၵနယ္အမတ္ ဦးထြန္းဦး စသည္ျဖင့္ ၀န္ႀကီး ၉ ဦးနဲ႔ ဖြဲ႔စည္းထားတာကုိ အဲဒီကာလက မာနယ္ပေလာမွာ ထုတ္ေ၀တဲ့ စာေစာင္ေတြ မွာေတြ႔ရိွရပါတယ္။

ဒီလုိ အစိုးရဖြဲ႔နုိင္ဖုိ႔ ျပည္တြင္းက လႊတ္ေတာ္အမတ္ေတြ ဒါဇင္နဲ႔ခ်ီၿပီး ထိုင္း-ျမန္မာ နယ္စပ္ မာနယ္ပေလာ အထိ ေခ်ာေခ်ာေမာေမာ ေရာက္နုိင္ဖုိ႔ ကူညီခဲ့တဲ့အဖြဲ႔ေတြထဲမွာ ABSDF က အဓိကေနရာက ပါ၀င္ခဲ့တဲ့အျပင္ အဲဒီကာလဟာ ABSDF ရဲ႕ အရွိန္ၾသဇာ အေတာက္ပဆုံး ကာလလည္း ျဖစ္ပါတယ္။ အနွစ္ျပန္ခ်ဳပ္ရရင္ေတာ့ NCGUB ၀န္ႀကီးခ်ဳပ္နဲ႔အဖြဲ႔ဟာ မာနယ္ပေလာမွာ အစိုးရဖြဲ႔ၿပီးလုိ႔ နုိင္ငံတကာဆက္ဆံေရးအတြက္ ဘန္ေကာက္ကို ေခတၱေရာက္္ေနစဥ္ ABSDF ရဲ႕ နာမည္ႀကီးစခန္းတခုျဖစ္တဲ့ က်ေနာ္တုိ႔ မင္းသမီးစခန္းဆီ ၁၉၉၁ ေႏြဦးရာသီ (ေဖေဖာ္၀ါရီ သို႔မဟုတ္ မတ္လေလာက္ ျဖစ္မယ္လို႔ ထင္ပါတယ္) မွာ ေရာက္လာတယ္ဆုိပါေတာ့။

အဲဒီကာလ က်ေနာ္တို႔စခန္းကလူေတြ နားလည္ခ်က္အတုိင္းဆုိရင္ NCGUB ဟာ က်ေနာ္တို႔ရဲ႕ အစိုးရျဖစ္ၿပီး ABSDF က NCGUB ရဲ႕ လက္နက္ကုိင္တပ္မေတာ္ ျဖစ္ပါတယ္။ ဒီေတာ့ ၀န္ႀကီးခ်ဳပ္ ေဒါက္တာ စိန္၀င္းဟာ က်ေနာ္တို႔ရဲ႕ စစ္ဦးစီးခ်ဳပ္ေပါ့။ ဒီလုိနားလည္ခ်က္ေတြနဲ႔ စစ္ဦးစီးခ်ဳပ္ကုိ တခမ္းတနားႀကိဳဆုိၿပီး ကုိေက်ာ္ရ  ဦးစီးတဲ့တပ္စုက လက္နက္အျပည့္အစုံနဲ႔ လုံၿခံဳေရးလုိက္ေပးပါတယ္။ အဲဒီအခ်ိန္မွာ ေမာေတာင္အေျခစုိက္ ၂၀၃ တပ္ရင္းကလည္း ေမာေတာင္စခန္းကို န၀တတပ္ေတြက ၁၉၉၀ အေစာပုိင္း ေရြးေကာက္ပဲြမတုိင္မီမွာ သိမ္းလုိက္ၿပီးတဲ့အတြက္ ေမာေတာင္ကေန ဆုတ္ခြာၿပီး က်ေနာ္တုိ႔ မင္းသမီးေဒသဆီ ေျပာင္းလာကာ က်ေနာ္တို႔တပ္ရင္းနဲ႔ သိပ္မေ၀းတဲ့ တနသၤာရီျမစ္ေဘး တေနရာမွာ အေျခစုိက္ထားပါတယ္။

 ေဒါက္တာ စိန္၀င္း၏ မိန္႔ခြန္းကို နားေထာင္ေနသည့္ ရဲေဘာ္မ်ား

ဒီလုိနဲ႔ လက္နက္အျပည့္ပါတဲ့ လုံၿခံဳေရးတပ္စိတ္တစိတ္က ေရွ႕မွာလမ္းရွင္း၊ အဲဒီေနာက္မွာ ၀န္ႀကီးခ်ဳပ္ ေဒါက္တာ စိန္၀င္း၊ ဘ႑ာေရး၀န္ႀကီး ဦး၀င္းကိုနဲ႔ က်ေနာ္တို႔ စခန္းေကာ္မတီတခ်ဳိ႕လုိက္ပါ၊ ၿပီးရင္ ေနာက္ထပ္လုံၿခံဳေရး တပ္စိတ္တစိတ္က ေနာက္ကလုိက္နဲ႔ ၂၁၀ နဲ႔ ၂၀၃ စခန္း ၂ ခုဆီသြားၿပီး ရဲေဘာ္ထုကုိ ေဒါက္တာ စိန္၀င္း မိန္႔ခြန္းေျပာခဲ့ပါတယ္။

ထုံးစံအတုိင္း အခင္းအက်င္းကိုသာ မွတ္မိေလ့ရွိၿပီး အေရးႀကီးတဲ့စကားလုံးေတြ။ သေဘာတရားေတြကုိ မွတ္မိေလ့မရွိတဲ့က်ေနာ္ဟာ ေဒါက္တာ စိန္၀င္း ဘာေတြ ေျပာသြားမွန္း အတိအက် မမွတ္မိေတာ့ပါ။ အၾကမ္းအားျဖင့္ကေတာ့ ေတာ္လွန္ေရးအင္အားစုေတြဖက္မွာ ေရြးေကာက္ခံ လႊတ္ေတာ္အမတ္ေတြနဲ႔ ဖြဲ႔စည္းထားတဲ့ အစိုးရတရပ္ ရွိလာၿပီျဖစ္တဲ့အတြက္ နုိင္ငံတကာေထာက္ခံမႈ ပုိရလာနုိင္တဲ့အေၾကာင္း၊ ေတာ္လွန္ေရးေရခ်ိန္ ျမင့္လာနုိင္တဲ့အေၾကာင္း၊ ေအာင္ပဲြနဲ႔ ပုိနီးလာတဲ့အေၾကာင္းေတြ ပါမယ္လုိ႔ထင္ပါတယ္။


ဒီမုိကေရစီေက်းရြာနဲ႔ ပူးတြဲေကာ္မတီမ်ား

စင္ၿပိဳင္အစိုးရ ၀န္ႀကီးခ်ဳပ္ရဲ႕ ခရီးစဥ္အၿပီးမွာေတာ့ က်ေနာ္တို႔စခန္းဆီ NLD ပါတီ၀င္ေတြ အေတာ္မ်ားမ်ား ထပ္ေရာက္လာပါတယ္။ အဲဒီထဲမွာ ကံေပါက္-ကလိန္ေအာင္ ေဒသဘက္မွ ဦးသန္းညြန္႔ ေခၚ ဦးဖုိးအုိ (အခု ၾသစေတးလ်) နဲ႔ ဦးရွိန္ (အခု အေမရိကန္)၊ သရက္ေခ်ာင္းဘက္မွ ဦးလႈိင္တင္၊ ဦးေမာင္ေအးနဲ႔ ဦးဆံသ (အမည္ရင္း မမွတ္မိေတာ့ပါ)။ ၿမိတ္-ပုေလာဘက္မွ ဦးတင္ေမာင္တို႔ကုိ က်ေနာ္ အမွတ္ရေနပါတယ္။
ဦးဖုိးအုိနဲ႔ ဦးရွိန္တို႔ဟာ ၁၉၉၀ ေရြးေကာက္ပဲြ ၿပီးကတည္းက နတ္အိမ္ေတာင္ရွိ က်ေနာ္တို႔ ေက်ာင္းသားတပ္ေတြနဲ႔ အတူတူ ေနေနတာျဖစ္ပါတယ္။ သရက္ေခ်ာင္းအုပ္စုကေတာ့ ရေနာင္းကေနတဆင့္ ဘန္ေကာက္ကိုျဖတ္ၿပီး ၁၉၉၁ အေစာပုိင္းမွာ မင္းသမီးစခန္းဆီ ေရာက္လာတာ ျဖစ္ပါတယ္။

သူတို႔နဲ႔အတူ NLD ပါတီရဲ႕ အေရးႀကီး စာရြက္စာတမ္းေတြ ပါလာနုိင္ေပမယ့္ က်ေနာ္တို႔ ေက်ာင္းသားေတြ အၾကား မွတ္မိေနတာကေတာ့ ဦးဆံသ သယ္လာတဲ့ “နယ္လွည့္ဆံသ” ပုံးႀကီးပဲျဖစ္ပါတယ္။ က်ေနာ္တို႔စခန္းက ဆံရွည္ကုိယ္ေတာ္အားလုံး သူရဲ႕လက္စြမ္းျပမႈကုိ ခံလုိက္ရၿပီး “ဆံပင္သာ ကုန္သြားမယ္၊ ပညာက မကုန္ဘူး” ဆုိတဲ့ စကားလုံးဟာလည္း အဲဒီကာလက အေတာ္ေခတ္စားခဲ့ပါတယ္။
အဲဒီကာလက က်ေနာ္တို႔ ေက်ာင္းသားေတြဟာ စစ္တုိက္တာကိုသာ အားသန္ေနတဲ့အတြက္ သူတို႔နဲ႔တြဲၿပီး ဘာလုပ္ရမွန္း မသိပါ။ ေနာက္တခါ အသက္အရြယ္အရကလည္း က်ေနာ္တို႔က ၂၀ တန္း၊ NLD ကလူေတြ က ၅၀ ေက်ာ္ ၆၀ တန္းေတြဆုိေတာ့ က်ေနာ္တို႔တပ္ေတြနဲ႔အတူ ေရွ႕တန္းလုိက္ဖုိ႔ကလည္း သိပ္အဆင္မေျပလွပါ။ ဒီလုိနဲ႔ နတ္အိမ္ေတာင္ စခန္း၀န္းက်င္မွာခုိလံႈေနၾကတဲ့ ထား၀ယ္သားေတြကို စုစည္းၿပီး “ေက်ာက္ကဒင္” ဘက္မွာ ဒုကၡသည္ရြာတရြာ ျဖစ္ေပၚလာပါတယ္။


ေဒါက္တာ စိန္၀င္းတို႔ အစိုးရဖြဲ႔စဥ္က သတင္းဓာတ္ပုံတခ်ဳိ႕ကုိ ထိုစဥ္က မာနယ္ပေလာထုတ္ KNU စာေစာင္တြင္ ေတြ႔ရစဥ္

အဲဒီကာလ ၁၉၉၀-၉၁ ၀န္းက်င္က မဲေဆာက္ဖက္မွာ ေဟြးခလုတ္အပါ၀င္ ဒုကၡသည္ စခန္းတခ်ဳိ႕ ရွိေနၿပီျဖစ္ေပမယ့္ က်ေနာ္တို႔ေတာင္ပုိင္း ကန္ခ်နပူရီဘက္မွာေတာ့ ဘာစခန္းမွ မရွိေသးပါ။ ဒါေၾကာင့္ ဒိီလုိ စခန္းေဆာက္တာကို ထုိင္းအာဏာပုိင္ေတြက သိပ္ႀကိဳက္ပုံမရဘဲ စခန္းကို မီး႐ိႈ႕ေမာင္းထုတ္တာေၾကာင့္ စခန္းေနရာ ခဏခဏ ေျပာင္းခဲ့ရပါတယ္။ ေနာက္ပုိင္း နတ္အိမ္ေတာင္စခန္းက်ၿပီး ရတနာဓာတ္ေငြ႔ပုိက္လိုင္း စီမံကိန္းေၾကာင့္ ကံေပါက္ေဒသခံေတြ အမ်ားအျပား ထြက္ေျပးလာၿပီးေနာက္ မွာေတာ့ ဦးရွိန္တို႔ ဦးစီးေဆာင္ရြက္ေနတဲ့ စခန္းဟာ လူဦးေရ ရာဂဏန္းအထိရွိလာၿပီး “ဒီမုိကေရစီ ေက်းရြာ” အျဖစ္ လူသိမ်ားလာပါတယ္။ အဲဒီေနာက္ပုိင္း နတ္အိမ္ေတာင္စခန္း က်သြားတဲ့အတြက္ ဒီမုိကေရစီရြာဟာလည္း ေက်ာက္ကဒင္ကေန ေလးအိမ္စုဘက္ကုိ ေျပာင္းခဲ့ရပါတယ္။ တခါ ေလးအိမ္စုမွာ အေျခအေန မေကာင္းေတာ့ သုခလုိ႔ေခၚတဲ့ ကြမ္းေခ်ာင္းဘက္က နယ္စပ္ဂိတ္အနီးဆီ ထပ္ေျပာင္းရျပန္ပါတယ္။

နတ္အိမ္ေတာင္ကေန က်ေနာ္တို႔တပ္ေတြ ဆုတ္ၿပီးေနာက္ သုခ အေျခစုိက္ ဒီမုိကေရစီ ဒုကၡသည္ရြာကို အေျခခံၿပီး ရတနာဓာတ္ေငြ႔ပုိက္လုိင္း စီမံကိန္းအပါ၀င္ နယ္ေျမသတင္းစုေဆာင္းေရးအတြက္ အဲဒီရြာမွာ က်ေနာ္နဲ႔ ကုိမင္းေဇာ္ေရႊတို႔ သြားေရာက္ တာ၀န္ထမ္းခဲ့ဖူးပါတယ္။ ရြာဥကၠ႒ ဦးရွိန္ရဲ႕ ေနအိမ္မွာတည္းၿပီး KNU လယ္ဒုိစုိးၿမိဳ႕နယ္ဥကၠ႒ ပဒိုေရးမြန္ဗူး (က်ေနာ္တို႔ ေတာခုိကာစက ေဆာင္းပါး အခန္း ၃ မွာ ေဖာ္ျပခဲ့တဲ့ ကဆယ္ဒုိၿမိဳ႕နယ္ ဥကၠ႒အျဖစ္ တာ၀န္ယူခဲ့သူ)၊ ဂိတ္မႉး ပဒုိဒါးကြီးတို႔နဲ႔ ေဆြးေႏြးကာ ကုန္သည္ေတြကုိ ေမးျမန္း သတင္းစုေဆာင္းခဲ့တာ ျဖစ္ပါတယ္။ ေနာက္ပုိင္း ရတနာစီမံကိန္းၿပီးလုိ႔ ကန္ခ်နပူရီ-ထား၀ယ္ ကားလမ္းစီမံကိန္း နီးလာတဲ့အခါမွာေတာ့ သုခေဒသအပါ၀င္ မင္းသမီးေဒသတခုလုံးကို န၀တတပ္ေတြက ထုိးစစ္ ထပ္ဆင္လာတဲ့အတြက္ ၁၉၉၇ မွာေတာ့ ဒီမုိကေရစီရြာသား အားလုံး သုခစခန္းကေန စန္ခရပူရီၿမိဳ႕အနီးက ဘန္တုံယန္း ဒုကၡသည္စခန္းဆီ အပုိ႔ခံလုိက္ရပါေတာ့တယ္္။

 မာနယ္ပေလာမွာေတြ႔ရတဲ့ ေဒါက္တာစိန္၀င္းနဲ႔ တပ္ေပါင္းစုေခါင္းေဆာင္မ်ား

ဒါက ေဒသခံ NLD ပါတီ၀င္ေတြနဲ႔ က်ေနာ္တို႔ေက်ာင္းသားေတြနဲ႔ ပူးတြဲေဆာင္ရြက္မႈအပုိင္းပါ။ ေနာက္တပုိင္းကေတာ့ ဗဟုိကေန တာ၀န္ေပးတဲ့ NCUB တပ္ေပါင္းစုမွ NLD-LA ကုိယ္စားလွယ္ေတြနဲ႔ က်ေနာ္တို႔အၾကား ပူးတဲြေဆာင္ရြက္မႈ ျဖစ္ပါတယ္။ ၁၉၉၄-၉၅ ေလာက္မွာ စတင္တဲ့ အဲဒီစီမံကိန္းအရ မာနယ္ပေလာအေျခစိုက္ NLD-LA ဗဟုိမွ ကိုယ္စားလွယ္ ၂ ဦး၊ လူ႔ေဘာင္သစ္ ဒီမုိကရက္တစ္ပါတီဗဟုိမွ ကို္ယ္စားလွယ္ ၂ ဦး က်ေနာ္တို႔ မင္းသမီးေဒသဆီ ေရာက္လာပါတယ္။

အဲဒီေနာက္ KNU ျမိတ္-ထား၀ယ္ခရုိင္မွ ကိုယ္စားလွယ္ ၂-ဦး။ က်ေနာ္တို႔ ABSDF မင္းသမီးေဒသမွ ကိုယ္စားလွယ္ ၂ ဦး၊ အားလုံး ၈ဦးပါ၀င္တဲ့ ပူးတဲြေကာ္မီတီတခုကုိဖြဲ႔ၿပီး ၿမိတ္-ထား၀ယ္ ေဒသအတြင္း နုိင္ငံေရးကိစၥေတြကုိ DAB စစ္ေၾကာင္းေတြနဲ႔အတူ က်ေနာ္တို႔ ပူးေပါင္းေဆာင္ရြက္ခဲ့ဖူးပါတယ္။
အဲဒီကာလ KNU ၿမိတ္-ထား၀ယ္ခ႐ုိင္ ေကာ္မတီ ဖြဲ႔စည္းပုံကေတာ့ ဥကၠ႒အျဖစ္ ပဒုိကြယ္ထူး၀င္း (အခု ခ႐ုိင္ဥကၠ႒၊ ဗဟုိေကာ္မီတီ၀င္၊ ၿငိမ္းခ်မ္းေရး ကုိယ္စားလွယ္အဖြဲ႔၀င္)၊ ဒုဥကၠ႒အျဖစ္ကေတာ့ တပ္မဟာ ၄ မႉး ဗုိလ္မႉးခ်ဳပ္ ေအာ္လီဗာ (အခု KNLA ဒု စစ္ဦးစီးခ်ဳပ္)၊ အတြင္းေရးမႉးက ပဒုိနီးနီ၊ တြဲဖက္အတြင္းေရးမႉးက ပဒုိေကာ္ေသာင္းတို႔ ျဖစ္ပါတယ္။ ဒါေပမယ့္ DAB စစ္ေၾကာင္းကုိ အဓိက တာ၀န္ယူရသူက တပ္မဟာမႉး ျဖစ္တဲ့အတြက္ ကိစၥအေတာ္မ်ားမ်ားကို တပ္မဟာမႉးကပဲ ဦးစီးေဆာင္ရြက္တဲ့ သေဘာမ်ိဳးေတြ႔ရပါတယ္။
ဒီမုိကေရစီေက်းရြာ ေဆးေပးခန္း။

ဒိီပူးတြဲေကာ္မီတီမွာ က်ေနာ္တို႔နဲ႔ အဓိကလက္တြဲေဆာင္ရြက္ရတဲ့ KNU အရာရွိကေတာ့ ခ႐ုိင္ စည္း႐ံုးေရးဌာန တာ၀န္ခံ ပဒုိေသာသီ (အခု ဗဟုိေကာ္မီတီ) ျဖစ္ပါတယ္။ က်ေနာ္တို႔ ABSDF ဖက္က ကိုယ္စားလွယ္ေတြကေတာ့ ေတာင္ပုိင္းေဒသအတြက္ တာ၀န္ေပးခံရတဲ့ ဗဟုိအတြင္းေရးမႉး ကိုမ်ဳိး၀င္း၊ သူျပန္သြားၿပီးေနာက္ ၁၉၉၇ ေဖေဖာ္၀ါရီအထိ တာ၀န္ယူရသူကေတာ့ ဗဟုိအလုပ္မႉေဆာင္ ေကာ္မတီ၀င္ ကိုေဌးေအာင္နဲ႔ သူတို႔ ၂ ဦးရဲ႕ လက္ေထာက္အျဖစ္ ဒီအဖြဲ႔မွာ အခ်ိန္ျပည့္ တာ၀န္ယူရသူကေတာ့ အဲဒိီကာလ ေတာင္ပုိင္းေဒသ ျပန္ၾကားေရးတာ၀န္ခံ က်ေနာ္ျဖစ္ပါတယ္။

က်ေနာ္တို႔နဲ႔ လက္တြဲေဆာင္ရြက္ဖုိ႔ NLD-LA မွ ပထမဆုံး ေရာက္လာသူကေတာ့ ဦးစုိးျမင့္ (အခု ေနာ္ေ၀) ျဖစ္ပါတယ္။ သူျပန္သြားၿပီးေနာက္ ဦးျမင့္ေအာင္ (ကြယ္လြန္) နဲ႔ လူငယ္ ၃ ဦးအဖြဲ႔၊ လူ႔ေဘာင္သစ္ ပါတီဖက္ကေတာ့ ကိုလွျမင့္ (အခုအေမရိကန္) နဲ႔ ကုိကာကာႀကီးတို႔ပါ။ ဒီအဖြဲ႔ေတြ ဗဟုိကုိျပန္သြားၿပီး ေနာက္ပုိင္းေရာက္လာတဲ့ NLD-LA ကိုယ္စားလွယ္ ၂ ဦးကေတာ့ ကုိမင္းကိုနဲ႔ ကိုေအာင္ဆန္းညြန္႔ (အခုေနာ္ေ၀) တုိ႔ ျဖစ္ပါတယ္။ သူတို႔ ၂ ဦးဟာ က်ေနာ္တို႔ မင္းသမီးစခန္းက်တဲ့ ၁၉၉၇ ေဖေဖာ္၀ါရီလကုန္အထိ က်ေနာ္တို႔ တပ္ေတြနဲ႔အတူ ပူးတြဲတာ၀န္ထမ္းခဲ့ဖူးတာ၊ မင္းသမီးကေန ခြာစစ္ဆင္တဲ့အထိ က်ေနာ္တို႔တပ္ေတြနဲ႔အတူ ထုိင္းနယ္စပ္အထိ ပါလာတာကို က်ေနာ္ အမွတ္ရေနပါတယ္။

==================================================

(အပိုင်း ၂၆)

ထက်အောင်ကျော် on April 19, 2012 4:01 pm
အောက်မေ့ဖွယ် / ဧရာဝတီ။
စင်ပြိုင်အစိုးရ ဝန်ကြီးချုပ်နှင့် သူ၏ သူပုန်တပ်မတော်

ကျနော်မှတ်မိသလောက်ဆိုရင် တပ်ရင်းညီလာခံအပြီး ၁၉၉၀ ဇူလိုင်လကနေ ၁၉၉၁ နှစ်ကုန်ပိုင်း ABSDF ဗဟို နှစ်ချမ်းကွဲတဲ့အချိန်အထိတာဝန်ထမ်းဆောင်ခဲ့တဲ့ စခန်းကော်မတီဟာ စုစည်းညီညွတ်မှု အားအကောင်းဆုံး၊ တည်ငြိမ်မှုအရှိဆုံး ကော်မတီတခုဖြစ်ခဲ့ပြီး အရေးကြီးတဲ့ကိစ္စ အတော်များများကို ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ကော်မတီတာဝန်ရှိသူတွေ ထိုင်းနိုင်ငံထဲ ထွက်ပြီး နိုင်ငံတကာ ဆက်ဆံရေး၊ ထိုင်းစီးပွားရေးသမားတွေနဲ့ ဆက်ဆံရေး၊ အလှူရှင်တွေနဲ့ ဆက်ဆံရေး၊ တခြားမဟာမိတ် အဖွဲ့တွေနဲ့ ဆက်ဆံရေး၊ ဘန်ကောက်က ကျောင်းသားတွေနဲ့ ဆက်ဆံရေးကိစ္စတွေကိုပါ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ အဲဒီကာလမှာ ဆူခွန်ဗစ် ဆွိုင် ၇၁ ထဲက မင်းသမီးစခန်းရဲ့ရုံးကို ပိတ်ပစ်ခဲ့ပြီး ဆူခွန်ဗစ်လမ်း နောက်တနေရာရှိ ဦးစိုးပိုင် (နောက်ပိုင်း NCGUB ရဲ့ အကြံပေးအရာရှိ) ရဲ့ နေအိမ်ကို စခန်းကော်မတီ စုရပ်နေရာအဖြစ် ကျနော်တို့ အသုံးပြုခဲ့ကြပါတယ်။


ဒေါက်တာ စိန်ဝင်း ၂၀၁ တပ်ရင်း မင်းသမီးစခန်းတွင် မိန့်ခွန်း ပြောနေစဉ်

ဒီလိုနဲ့တနေ့မှာတော့ အထူးပုဂ္ဂိုလ် ၃ ဦးကို ဦးစိုးပိုင်ရဲ့အိမ်မှာ ကျနော်တွေ့ရပါတယ်။ အဲဒီပုဂ္ဂိုလ်တွေကတော့ မာနယ်ပလောကနေ ဘန်ကောက်ကို ရောက်ကာစ စင်ပြိုင်အစိုးရ ဝန်ကြီးချုပ် သချာၤပါမောက္ခ ဒေါက်တာ စိန်ဝင်း (အာဇာနည်ခေါင်းဆောင်ကြီး ဦးဘဝင်းရဲ့သား၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစ်ကိုဝမ်းကွဲ)၊ နိုင်ငံခြားရေးဝန်ကြီး ဦးပီတာလင်းပင်၊ ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းကိုတို့ ဖြစ်ပါတယ်။ နောက်တပတ်လောက် ကြာတဲ့အချိန်မှာတော့ ဒေါက်တာ စိန်ဝင်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းကိုတို့ ကျနော်တို့ မင်းသမီးစခန်းဆီ ရောက်လာပါတယ်။

အားလုံးသိပြီး ဖြစ်တဲ့အတိုင်း ၁၉၉၀ မေလ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ၈၀ ရာခိုင်နှုန်းကျော်နဲ့ အပြတ်အသတ် အနိုင်ရခဲ့ပေမယ့် နဝတက အာဏာလွှဲမပေးခဲ့ပါဘူး။ ဒီရွေးကောက်ပွဲဟာ လွှတ်တော်တက်ဖို့ အမတ်ရွေးတာ မဟုတ်ဘဲ အခြေခံဥပဒေဆွဲဖို့ ရွေးတာသာဖြစ်တယ်ဆိုပြီး အမိန့်ကြေညာချက်တွေ ထွက်လာပါတယ်။ နောက်ဆုံးမှာတော့ ပြည်တွင်းမှာ ပါလီမန်ခေါ်ဖို့ အစိုးရဖွဲ့ဖို့ မဖြစ်နိုင်တော့ဘူးလို့ အမတ်အတော်များများက စဉ်းစားကြပြီး နယ်စပ်မှာ  စင်ပြိုင်အစိုးရဖွဲ့မယ်လို့ ဒေါက်တာ စိန်ဝင်းနဲ့ လွှတ်တော်အမတ်တချို့ မာနယ်ပလောဒေသဆီ ရောက်လာတယ်လို့ သိရပါတယ်။ ဒီလိုနဲ့ ၁၉၉၀ ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ အမျိုးသားညွန့်ပေါင်းအစိုးရ (National Coalition Government of the Union of Burma – NCGUB) ကို မာနယ်ပလော ဌာနချုပ်မှာ ဖွဲ့စည်းလိုက်တယ်လို့ မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။

အဲဒီအစိုးရအဖွဲ့မှာ ဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီးနဲ့ ပြည်ထဲရေးဝန်ကြီးအဖြစ် အမျိုးသားဒီမိုကရေစီ ပါတီဥက္ကဋ္ဌ ပေါက်ခေါင်း မဲဆန္ဒနယ်အမတ် ဒေါက်တာ စိန်ဝင်း၊ နိုင်ငံခြားရေးဝန်ကြီးအဖြစ် ပြင်ဦးလွင်အမှတ် ၂ မဲဆန္ဒနယ်မှ တသီးပုဂ္ဂလအမတ် ဦးပီတာလင်းပင်၊ ဘဏ္ဍာအခွန်ဝန်ကြီးအဖြစ် NLD ရေဦးအမှတ် ၂ မဲဆန္ဒနယ်အမတ် ဦးဝင်းကို၊ ကုန်သွယ်ရေးနဲ့ သမဝါယမဝန်ကြီးအဖြစ် NLD ရွေတောင် အမှတ် ၂ မဲဆန္ဒနယ်အမတ်  ဦးသန်းကြွယ်၊ တရားရေးဝန်ကြီးအဖြစ် NLD မန္တလေး အနောက်တောင် အမှတ် ၂ မဲဆန္ဒနယ်အမတ် ဦးသိန်းဦး၊ ဆောက်လုပ်ရေး၊ သတ္တုတွင်းနဲ့ စွမ်းအင်ဝန်ကြီးအဖြစ် NLD မိုးကုတ် အမှတ် ၂ မဲဆန္ဒနယ်အမတ် ဦးဘိုလှတင့်၊ အလုပ်သမားနဲ့ လှုမှုကယ်ဆယ်ရေး ဝန်ကြီးအဖြစ် NLD ကျောက်ကြီး မဲဆန္ဒနယ်အမတ် ဦးထွန်းဦး စသည်ဖြင့် ဝန်ကြီး ၉ ဦးနဲ့ ဖွဲ့စည်းထားတာကို အဲဒီကာလက မာနယ်ပလောမှာ ထုတ်ဝေတဲ့ စာစောင်တွေ မှာတွေ့ရှိရပါတယ်။

ဒီလို အစိုးရဖွဲ့နိုင်ဖို့ ပြည်တွင်းက လွှတ်တော်အမတ်တွေ ဒါဇင်နဲ့ချီပြီး ထိုင်း-မြန်မာ နယ်စပ် မာနယ်ပလော အထိ ချောချောမောမော ရောက်နိုင်ဖို့ ကူညီခဲ့တဲ့အဖွဲ့တွေထဲမှာ ABSDF က အဓိကနေရာက ပါဝင်ခဲ့တဲ့အပြင် အဲဒီကာလဟာ ABSDF ရဲ့ အရှိန်သြဇာ အတောက်ပဆုံး ကာလလည်း ဖြစ်ပါတယ်။ အနှစ်ပြန်ချုပ်ရရင်တော့ NCGUB ဝန်ကြီးချုပ်နဲ့အဖွဲ့ဟာ မာနယ်ပလောမှာ အစိုးရဖွဲ့ပြီးလို့ နိုင်ငံတကာဆက်ဆံရေးအတွက် ဘန်ကောက်ကို ခေတ္တရောက်နေစဉ် ABSDF ရဲ့ နာမည်ကြီးစခန်းတခုဖြစ်တဲ့ ကျနော်တို့ မင်းသမီးစခန်းဆီ ၁၉၉၁ နွေဦးရာသီ (ဖေဖော်ဝါရီ သို့မဟုတ် မတ်လလောက် ဖြစ်မယ်လို့ ထင်ပါတယ်) မှာ ရောက်လာတယ်ဆိုပါတော့။

အဲဒီကာလ ကျနော်တို့စခန်းကလူတွေ နားလည်ချက်အတိုင်းဆိုရင် NCGUB ဟာ ကျနော်တို့ရဲ့ အစိုးရဖြစ်ပြီး ABSDF က NCGUB ရဲ့ လက်နက်ကိုင်တပ်မတော် ဖြစ်ပါတယ်။ ဒီတော့ ဝန်ကြီးချုပ် ဒေါက်တာ စိန်ဝင်းဟာ ကျနော်တို့ရဲ့ စစ်ဦးစီးချုပ်ပေါ့။ ဒီလိုနားလည်ချက်တွေနဲ့ စစ်ဦးစီးချုပ်ကို တခမ်းတနားကြိုဆိုပြီး ကိုကျော်ရ  ဦးစီးတဲ့တပ်စုက လက်နက်အပြည့်အစုံနဲ့ လုံခြုံရေးလိုက်ပေးပါတယ်။ အဲဒီအချိန်မှာ မောတောင်အခြေစိုက် ၂၀၃ တပ်ရင်းကလည်း မောတောင်စခန်းကို နဝတတပ်တွေက ၁၉၉၀ အစောပိုင်း ရွေးကောက်ပွဲမတိုင်မီမှာ သိမ်းလိုက်ပြီးတဲ့အတွက် မောတောင်ကနေ ဆုတ်ခွာပြီး ကျနော်တို့ မင်းသမီးဒေသဆီ ပြောင်းလာကာ ကျနော်တို့တပ်ရင်းနဲ့ သိပ်မဝေးတဲ့ တနင်္သာရီမြစ်ဘေး တနေရာမှာ အခြေစိုက်ထားပါတယ်။


 ဒေါက်တာ စိန်ဝင်း၏ မိန့်ခွန်းကို နားထောင်နေသည့် ရဲဘော်များ

ဒီလိုနဲ့ လက်နက်အပြည့်ပါတဲ့ လုံခြုံရေးတပ်စိတ်တစိတ်က ရှေ့မှာလမ်းရှင်း၊ အဲဒီနောက်မှာ ဝန်ကြီးချုပ် ဒေါက်တာ စိန်ဝင်း၊ ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းကိုနဲ့ ကျနော်တို့ စခန်းကော်မတီတချို့လိုက်ပါ၊ ပြီးရင် နောက်ထပ်လုံခြုံရေး တပ်စိတ်တစိတ်က နောက်ကလိုက်နဲ့ ၂၁၀ နဲ့ ၂၀၃ စခန်း ၂ ခုဆီသွားပြီး ရဲဘော်ထုကို ဒေါက်တာ စိန်ဝင်း မိန့်ခွန်းပြောခဲ့ပါတယ်။

ထုံးစံအတိုင်း အခင်းအကျင်းကိုသာ မှတ်မိလေ့ရှိပြီး အရေးကြီးတဲ့စကားလုံးတွေ။ သဘောတရားတွေကို မှတ်မိလေ့မရှိတဲ့ကျနော်ဟာ ဒေါက်တာ စိန်ဝင်း ဘာတွေ ပြောသွားမှန်း အတိအကျ မမှတ်မိတော့ပါ။ အကြမ်းအားဖြင့်ကတော့ တော်လှန်ရေးအင်အားစုတွေဖက်မှာ ရွေးကောက်ခံ လွှတ်တော်အမတ်တွေနဲ့ ဖွဲ့စည်းထားတဲ့ အစိုးရတရပ် ရှိလာပြီဖြစ်တဲ့အတွက် နိုင်ငံတကာထောက်ခံမှု ပိုရလာနိုင်တဲ့အကြောင်း၊ တော်လှန်ရေးရေချိန် မြင့်လာနိုင်တဲ့အကြောင်း၊ အောင်ပွဲနဲ့ ပိုနီးလာတဲ့အကြောင်းတွေ ပါမယ်လို့ထင်ပါတယ်။


ဒီမိုကရေစီကျေးရွာနဲ့ ပူးတွဲကော်မတီများ

စင်ပြိုင်အစိုးရ ဝန်ကြီးချုပ်ရဲ့ ခရီးစဉ်အပြီးမှာတော့ ကျနော်တို့စခန်းဆီ NLD ပါတီဝင်တွေ အတော်များများ ထပ်ရောက်လာပါတယ်။ အဲဒီထဲမှာ ကံပေါက်-ကလိန်အောင် ဒေသဘက်မှ ဦးသန်းညွန့် ခေါ် ဦးဖိုးအို (အခု သြစတေးလျ) နဲ့ ဦးရှိန် (အခု အမေရိကန်)၊ သရက်ချောင်းဘက်မှ ဦးလှိုင်တင်၊ ဦးမောင်အေးနဲ့ ဦးဆံသ (အမည်ရင်း မမှတ်မိတော့ပါ)။ မြိတ်-ပုလောဘက်မှ ဦးတင်မောင်တို့ကို ကျနော် အမှတ်ရနေပါတယ်။
ဦးဖိုးအိုနဲ့ ဦးရှိန်တို့ဟာ ၁၉၉၀ ရွေးကောက်ပွဲ ပြီးကတည်းက နတ်အိမ်တောင်ရှိ ကျနော်တို့ ကျောင်းသားတပ်တွေနဲ့ အတူတူ နေနေတာဖြစ်ပါတယ်။ သရက်ချောင်းအုပ်စုကတော့ ရနောင်းကနေတဆင့် ဘန်ကောက်ကိုဖြတ်ပြီး ၁၉၉၁ အစောပိုင်းမှာ မင်းသမီးစခန်းဆီ ရောက်လာတာ ဖြစ်ပါတယ်။

သူတို့နဲ့အတူ NLD ပါတီရဲ့ အရေးကြီး စာရွက်စာတမ်းတွေ ပါလာနိုင်ပေမယ့် ကျနော်တို့ ကျောင်းသားတွေ အကြား မှတ်မိနေတာကတော့ ဦးဆံသ သယ်လာတဲ့ “နယ်လှည့်ဆံသ” ပုံးကြီးပဲဖြစ်ပါတယ်။ ကျနော်တို့စခန်းက ဆံရှည်ကိုယ်တော်အားလုံး သူရဲ့လက်စွမ်းပြမှုကို ခံလိုက်ရပြီး “ဆံပင်သာ ကုန်သွားမယ်၊ ပညာက မကုန်ဘူး” ဆိုတဲ့ စကားလုံးဟာလည်း အဲဒီကာလက အတော်ခေတ်စားခဲ့ပါတယ်။
အဲဒီကာလက ကျနော်တို့ ကျောင်းသားတွေဟာ စစ်တိုက်တာကိုသာ အားသန်နေတဲ့အတွက် သူတို့နဲ့တွဲပြီး ဘာလုပ်ရမှန်း မသိပါ။ နောက်တခါ အသက်အရွယ်အရကလည်း ကျနော်တို့က ၂၀ တန်း၊ NLD ကလူတွေ က ၅၀ ကျော် ၆၀ တန်းတွေဆိုတော့ ကျနော်တို့တပ်တွေနဲ့အတူ ရှေ့တန်းလိုက်ဖို့ကလည်း သိပ်အဆင်မပြေလှပါ။ ဒီလိုနဲ့ နတ်အိမ်တောင် စခန်းဝန်းကျင်မှာခိုလှုံနေကြတဲ့ ထားဝယ်သားတွေကို စုစည်းပြီး “ကျောက်ကဒင်” ဘက်မှာ ဒုက္ခသည်ရွာတရွာ ဖြစ်ပေါ်လာပါတယ်။


ဒေါက်တာ စိန်ဝင်းတို့ အစိုးရဖွဲ့စဉ်က သတင်းဓာတ်ပုံတချို့ကို ထိုစဉ်က မာနယ်ပလောထုတ် KNU စာစောင်တွင် တွေ့ရစဉ်

အဲဒီကာလ ၁၉၉၀-၉၁ ဝန်းကျင်က မဲဆောက်ဖက်မှာ ဟွေးခလုတ်အပါဝင် ဒုက္ခသည် စခန်းတချို့ ရှိနေပြီဖြစ်ပေမယ့် ကျနော်တို့တောင်ပိုင်း ကန်ချနပူရီဘက်မှာတော့ ဘာစခန်းမှ မရှိသေးပါ။ ဒါကြောင့် ဒီလို စခန်းဆောက်တာကို ထိုင်းအာဏာပိုင်တွေက သိပ်ကြိုက်ပုံမရဘဲ စခန်းကို မီးရှို့မောင်းထုတ်တာကြောင့် စခန်းနေရာ ခဏခဏ ပြောင်းခဲ့ရပါတယ်။ နောက်ပိုင်း နတ်အိမ်တောင်စခန်းကျပြီး ရတနာဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းကြောင့် ကံပေါက်ဒေသခံတွေ အများအပြား ထွက်ပြေးလာပြီးနောက် မှာတော့ ဦးရှိန်တို့ ဦးစီးဆောင်ရွက်နေတဲ့ စခန်းဟာ လူဦးရေ ရာဂဏန်းအထိရှိလာပြီး “ဒီမိုကရေစီ ကျေးရွာ” အဖြစ် လူသိများလာပါတယ်။ အဲဒီနောက်ပိုင်း နတ်အိမ်တောင်စခန်း ကျသွားတဲ့အတွက် ဒီမိုကရေစီရွာဟာလည်း ကျောက်ကဒင်ကနေ လေးအိမ်စုဘက်ကို ပြောင်းခဲ့ရပါတယ်။ တခါ လေးအိမ်စုမှာ အခြေအနေ မကောင်းတော့ သုခလို့ခေါ်တဲ့ ကွမ်းချောင်းဘက်က နယ်စပ်ဂိတ်အနီးဆီ ထပ်ပြောင်းရပြန်ပါတယ်။

နတ်အိမ်တောင်ကနေ ကျနော်တို့တပ်တွေ ဆုတ်ပြီးနောက် သုခ အခြေစိုက် ဒီမိုကရေစီ ဒုက္ခသည်ရွာကို အခြေခံပြီး ရတနာဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းအပါဝင် နယ်မြေသတင်းစုဆောင်းရေးအတွက် အဲဒီရွာမှာ ကျနော်နဲ့ ကိုမင်းဇော်ရွှေတို့ သွားရောက် တာဝန်ထမ်းခဲ့ဖူးပါတယ်။ ရွာဥက္ကဋ္ဌ ဦးရှိန်ရဲ့ နေအိမ်မှာတည်းပြီး KNU လယ်ဒိုစိုးမြို့နယ်ဥက္ကဋ္ဌ ပဒိုရေးမွန်ဗူး (ကျနော်တို့ တောခိုကာစက ဆောင်းပါး အခန်း ၃ မှာ ဖော်ပြခဲ့တဲ့ ကဆယ်ဒိုမြို့နယ် ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သူ)၊ ဂိတ်မှူး ပဒိုဒါးကွီးတို့နဲ့ ဆွေးနွေးကာ ကုန်သည်တွေကို မေးမြန်း သတင်းစုဆောင်းခဲ့တာ ဖြစ်ပါတယ်။ နောက်ပိုင်း ရတနာစီမံကိန်းပြီးလို့ ကန်ချနပူရီ-ထားဝယ် ကားလမ်းစီမံကိန်း နီးလာတဲ့အခါမှာတော့ သုခဒေသအပါဝင် မင်းသမီးဒေသတခုလုံးကို နဝတတပ်တွေက ထိုးစစ် ထပ်ဆင်လာတဲ့အတွက် ၁၉၉၇ မှာတော့ ဒီမိုကရေစီရွာသား အားလုံး သုခစခန်းကနေ စန်ခရပူရီမြို့အနီးက ဘန်တုံယန်း ဒုက္ခသည်စခန်းဆီ အပို့ခံလိုက်ရပါတော့တယ်။


 မာနယ်ပလောမှာတွေ့ရတဲ့ ဒေါက်တာစိန်ဝင်းနဲ့ တပ်ပေါင်းစုခေါင်းဆောင်များ

ဒါက ဒေသခံ NLD ပါတီဝင်တွေနဲ့ ကျနော်တို့ကျောင်းသားတွေနဲ့ ပူးတွဲဆောင်ရွက်မှုအပိုင်းပါ။ နောက်တပိုင်းကတော့ ဗဟိုကနေ တာဝန်ပေးတဲ့ NCUB တပ်ပေါင်းစုမှ NLD-LA ကိုယ်စားလှယ်တွေနဲ့ ကျနော်တို့အကြား ပူးတွဲဆောင်ရွက်မှု ဖြစ်ပါတယ်။ ၁၉၉၄-၉၅ လောက်မှာ စတင်တဲ့ အဲဒီစီမံကိန်းအရ မာနယ်ပလောအခြေစိုက် NLD-LA ဗဟိုမှ ကိုယ်စားလှယ် ၂ ဦး၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီဗဟိုမှ ကိုယ်စားလှယ် ၂ ဦး ကျနော်တို့ မင်းသမီးဒေသဆီ ရောက်လာပါတယ်။

အဲဒီနောက် KNU မြိတ်-ထားဝယ်ခရိုင်မှ ကိုယ်စားလှယ် ၂-ဦး။ ကျနော်တို့ ABSDF မင်းသမီးဒေသမှ ကိုယ်စားလှယ် ၂ ဦး၊ အားလုံး ၈ဦးပါဝင်တဲ့ ပူးတွဲကော်မီတီတခုကိုဖွဲ့ပြီး မြိတ်-ထားဝယ် ဒေသအတွင်း နိုင်ငံရေးကိစ္စတွေကို DAB စစ်ကြောင်းတွေနဲ့အတူ ကျနော်တို့ ပူးပေါင်းဆောင်ရွက်ခဲ့ဖူးပါတယ်။
အဲဒီကာလ KNU မြိတ်-ထားဝယ်ခရိုင် ကော်မတီ ဖွဲ့စည်းပုံကတော့ ဥက္ကဋ္ဌအဖြစ် ပဒိုကွယ်ထူးဝင်း (အခု ခရိုင်ဥက္ကဋ္ဌ၊ ဗဟိုကော်မီတီဝင်၊ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ဝင်)၊ ဒုဥက္ကဋ္ဌအဖြစ်ကတော့ တပ်မဟာ ၄ မှူး ဗိုလ်မှူးချုပ် အော်လီဗာ (အခု KNLA ဒု စစ်ဦးစီးချုပ်)၊ အတွင်းရေးမှူးက ပဒိုနီးနီ၊ တွဲဖက်အတွင်းရေးမှူးက ပဒိုကော်သောင်းတို့ ဖြစ်ပါတယ်။ ဒါပေမယ့် DAB စစ်ကြောင်းကို အဓိက တာဝန်ယူရသူက တပ်မဟာမှူး ဖြစ်တဲ့အတွက် ကိစ္စအတော်များများကို တပ်မဟာမှူးကပဲ ဦးစီးဆောင်ရွက်တဲ့ သဘောမျိုးတွေ့ရပါတယ်။

ဒီမိုကရေစီကျေးရွာ ဆေးပေးခန်း။

ဒီပူးတွဲကော်မီတီမှာ ကျနော်တို့နဲ့ အဓိကလက်တွဲဆောင်ရွက်ရတဲ့ KNU အရာရှိကတော့ ခရိုင် စည်းရုံးရေးဌာန တာဝန်ခံ ပဒိုသောသီ (အခု ဗဟိုကော်မီတီ) ဖြစ်ပါတယ်။ ကျနော်တို့ ABSDF ဖက်က ကိုယ်စားလှယ်တွေကတော့ တောင်ပိုင်းဒေသအတွက် တာဝန်ပေးခံရတဲ့ ဗဟိုအတွင်းရေးမှူး ကိုမျိုးဝင်း၊ သူပြန်သွားပြီးနောက် ၁၉၉၇ ဖေဖော်ဝါရီအထိ တာဝန်ယူရသူကတော့ ဗဟိုအလုပ်မှူဆောင် ကော်မတီဝင် ကိုဌေးအောင်နဲ့ သူတို့ ၂ ဦးရဲ့ လက်ထောက်အဖြစ် ဒီအဖွဲ့မှာ အချိန်ပြည့် တာဝန်ယူရသူကတော့ အဲဒီကာလ တောင်ပိုင်းဒေသ ပြန်ကြားရေးတာဝန်ခံ ကျနော်ဖြစ်ပါတယ်။

ကျနော်တို့နဲ့ လက်တွဲဆောင်ရွက်ဖို့ NLD-LA မှ ပထမဆုံး ရောက်လာသူကတော့ ဦးစိုးမြင့် (အခု နော်ဝေ) ဖြစ်ပါတယ်။ သူပြန်သွားပြီးနောက် ဦးမြင့်အောင် (ကွယ်လွန်) နဲ့ လူငယ် ၃ ဦးအဖွဲ့၊ လူ့ဘောင်သစ် ပါတီဖက်ကတော့ ကိုလှမြင့် (အခုအမေရိကန်) နဲ့ ကိုကာကာကြီးတို့ပါ။ ဒီအဖွဲ့တွေ ဗဟိုကိုပြန်သွားပြီး နောက်ပိုင်းရောက်လာတဲ့ NLD-LA ကိုယ်စားလှယ် ၂ ဦးကတော့ ကိုမင်းကိုနဲ့ ကိုအောင်ဆန်းညွန့် (အခုနော်ဝေ) တို့ ဖြစ်ပါတယ်။ သူတို့ ၂ ဦးဟာ ကျနော်တို့ မင်းသမီးစခန်းကျတဲ့ ၁၉၉၇ ဖေဖော်ဝါရီလကုန်အထိ ကျနော်တို့ တပ်တွေနဲ့အတူ ပူးတွဲတာဝန်ထမ်းခဲ့ဖူးတာ၊ မင်းသမီးကနေ ခွာစစ်ဆင်တဲ့အထိ ကျနော်တို့တပ်တွေနဲ့အတူ ထိုင်းနယ်စပ်အထိ ပါလာတာကို ကျနော် အမှတ်ရနေပါတယ်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More