https://youtu.be/-vilej28oo0?si=ewAbm8qZ6_2DkSpf
ခန္တီးမြို့နယ်တိုက်ပွဲ စစ်တပ်သေဆုံးသူများ... DKBA စခန်းကို စစ်တပ်က လက်နက်ကြီးနဲ့ပစ်... နောက်ဆုံးရ တိုက်ပွဲသတင်းများ...
(၁၉ သြဂုတ် ၂၀၂၆) - စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ်၊ ချောင်းသုံးခွကျေးရွာဖက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ရှမ်းနီပြည်သူ့စစ် (SNA) ပူးပေါင်းစစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ရာမှာ စစ်တပ်ဖက်က ၆ ဦးသေ၊ သေနတ် ၄ လက်နဲ့ ခဲယမ်းတွေ သိမ်းမိ... - မြဝတီမြို့ တောင်ဘက်ရှိ -DKBA အမှတ် (၉၁၅)တပ်ရင်း၊ ကျွန်းတောစခန်းပေါ် စစ်ကောင်စီက ပစ်လိုက်တဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲတဲ့အတွက် DKBA တပ်ဖွဲ့ဝင် ၂ ဦးကျဆုံးပြီး မိသားစုဝင် ၂၀ ခန့် ဒဏ်ရာရ... - တော်လှန်ရေးတပ်ဖွဲ့ရဲ့ ဖမ်းဆီးစစ်ဆေးခြင်းခံနေရသူ အာဏာသိမ်းအစိုးရ ပို့ဆောင်ရေးဒုဝန်ကြီး ဦးအောင်မြိုင်ရဲ့သား၊ ထားဝယ်မြို့နယ် အကောက်ခွန်ဦးစီးဌာန ဒုအကောက်ခွန်မှူး ဦးဖြိုးစံဟာ လက်နက်လုပြီး ခုခံထွက်ပြေးဖို့ ကြိုးစားတဲ့အတွက် ပစ်ခတ်ရှင်းလင်းလိုက်ရတယ်လို့ နည်းဗျူဟာ ၃၃ ကပြော... ... စတဲ့ သတင်းတွေအပါဝင် နောက်ဆုံးရ တိုက်ပွဲသတင်းတွေကို စုစည်းတင်ပြထားပါတယ်။










































