စစ္ေျပး ဒုကၡသည္စခန္းမ်ားဆီသုိ႔
မွတ္တမ္းေတြအရ ထီးခီးရံုးဆီ အိမ္ေထာင္သည္လုိင္းက မိသားစုေတြ ေရာက္လာတဲ့ အခ်ိန္ဟာ ၁၉၉၇ ေဖေဖာ္၀ါရီလ ၂၂ ရက္ေန႔လုိ႔ သိရပါတယ္။ က်ေနာ့္အထင္ ထီးခီးမွာ ၃ ရက္ေလာက္ ေနၿပီးတဲ့ေနာက္ န၀တ တပ္ေတြ ထီးခီးစခန္းအနီးထိ ေရာက္လာေနၿပီလုိ႔ သိရတဲ့အတြက္ မိသားစုေတြကို ထုိင္းနယ္ေျမထဲ ထြက္ခြင့္ KNU က ခြင့္ျပဳလုိက္ပါတယ္။ အဲဒီ ၃ ရက္တာ အတြင္း ႀကံဳခဲ့ရတဲ့ အဓိက အခက္ခဲကေတာ့ အိမ္သာမရွိျခင္း၊ ေသာက္ေရ၊ ခ်ဳိးေရ မလုံေလာက္ျခင္းနဲ႔ ကေလးသူငယ္ေတြ ဖ်ားနာျခင္းပဲ ျဖစ္ပါတယ္။
ခြါစစ္အတြက္ မီးရိႈ႔ခဲ့ရတဲ့ မင္းမသီးစခန္း
တနည္းအားျဖင့္ ေျပာမယ္ဆုိရင္ေတာ့ ေရွ႕ေလွ်ာက္ ႀကံဳလာရေတာ့မယ့္ ဒုကၡသည္ စခန္းရဲ႕ ေရွ႕ေျပးလကၡဏာေတြလုိ႔ ဆုိႏုိင္မယ္ထင္ပါတယ္။
KNU က မိသားစုေတြ၊ ရြာသူရြာသားေတြနဲ႔အတူ က်ေနာ္တုိ႔ မိသားစုေတြ ထုိင္းနယ္စပ္ဘက္ ထြက္လာေတာ့ အမ်ဳိးသမီး၊ ကေလးသူငယ္နဲ႔ သက္ႀကီးရြယ္အုိေတြ ေလာက္ပဲလက္ခံမယ္၊ လူငယ္ အမ်ဳိးသားေတြကုိ လက္မခံဘူးဆုိၿပီး ထီးခီး လံုၿခံဳေရးဂိတ္မွာရွိတဲ့ KNU စစ္သားေတြက တားထားပါတယ္။
“သူတို႔ေတြခ်ည္း မျဖစ္ဘူး။ လုိအပ္တာေတြ စီမံခန္႔ခြဲဖုိ႔ တာ၀န္ရွိသူေတြလည္း လုိက္ဖုိ႔လုိတယ္” လုိ႔ ေျပာေပမယ့္ မရပါဘူး။ ကံေကာင္းခ်င္ေတာ့ အဲဒီအခ်ိန္မွာ အေရွ႕ပုိင္းမွာ က်ေနာ္တင္ျပခဲ့ဖူးတဲ့ ထုိင္း ေထာက္လွမ္းေရး စစ္ဗုိလ္က ဆုိင္ကယ္တစီးနဲ႔ ေရာက္လာတာနဲ႔ တုိးၿပီး သူ႔ဆုိင္ကယ္နဲ႔ က်ေနာ္ လုိက္သြားခဲ့ပါတယ္။ က်န္တဲ့ ရဲေဘာ္ေတြကေတာ့ ထီးခီး ဂိတ္မွာ က်န္ေနခဲ့ ပါတယ္။
ထီးခီးဂိတ္ကေန ဖုနန္းလြန္ ရြာက ထုိင္းရပ္ကြက္နဲ႔ ကရင္-မြန္ ရပ္ကြက္ၾကားရွိ သတၳဳမုိင္းေဟာင္း ေရကန္ႀကီးအနီးက ယူကလစ္ပင္တန္း ေအာက္ဆီ တနာရီနီးပါး လမ္းေလွ်ာက္ရၿပီး အဲဒီေနရာအေရာက္မွာ စခန္းခ်ဖုိ႔ ထုိင္း လုံၿခံဳေရး တပ္ေတြက ေနရာေပးပါတယ္။ ေနရာေပးတယ္ဆုိေပမယ့္ ဘာမွမရွိတဲ့ ယူကလစ္ပင္တန္း ေအာက္မွာ ေနဖုိ႔ ေျပာတာပါ။ ဒီေတာ့ က်ေနာ္တုိ႔မွာ ပါလာတဲ့ သြပ္ျပားေဟာင္းေတြ။ ၀ါးလုံး ေဟာင္းေတြနဲ႔ ျဖစ္သလုိ အမုိးလုပ္ၿပီး ေျမႀကီးမွာပဲ အိပ္ၾကရပါတယ္။
KNU မိသားစုေတြ၊ တျခား အရပ္သား မိသားစုေတြလည္း ဒီလုိပါပဲ။ တခ်ဳိ႕ဆုိ အမိုးေတာင္မရွိဘဲ သစ္ပင္ေအာက္မွာ ဒီလုိပဲ
အိပ္ၾကရပါတယ္။ ေနာက္တေန႔မွာေတာ့ NGO အဖြဲ႕တခ်ဳိ႕ ေရာက္လာၿပီး အျဖဴ – အစိမ္း စင္းေၾကာင္းပုံပါတဲ့ ပလတ္စတစ္ စေတြ၊ ဆန္နဲ႔ ရိကၡာတခ်ဳိ႕ လာေ၀ေပးပါတယ္။
အဲဒီအခ်ိန္ ထီးခီးမွာ က်န္ခဲ့တဲ့ ရဲေဘာ္တခ်ဳိ႕လည္း က်ေနာ္တုိ႔ ဒုကၡသည္ စခန္းဆီ ေရာက္လာၾကပါတယ္။
ဒါေပမယ့္ မၾကာပါဘူး၊ ေနာက္တရက္မွာေတာ့ ထုိင္းစစ္သားေတြ ကိုယ္တုိင္ (ေဒသအေခၚ ထုိင္း ျပည္သူ႔စစ္ ေအာ္ေစာ္ေတြ) စခန္းထဲ ၀င္လာၿပီး အမ်ဳိးသမီး၊ ကေလးသူငယ္နဲ႔ သက္ႀကီး ရြယ္အုိေတြမွအပ အမ်ဳိးသား လူငယ္ေတြကို လက္မခံဘူး။ ျမန္မာနယ္ထဲ ျပန္၀င္ရမယ္ ဆုိၿပီး အားလုံးကုိ ေခၚသြားပါတယ္။ က်ေနာ္နဲ႔ ဦးစုိး၀င္း ၂ ဦးကုိေတာ့ စီမံခန္႔ခြဲေရးအတြက္ မျဖစ္မေန ခ်န္ထားေပးပါလုိ႔ ေတာင္းပန္ၿပီး ေနခဲ့ရပါတယ္။
ခြာစစ္ဆင္ခ်ိန္ မီးမရႈိ႕ဘဲ ခ်န္ထားခဲ့တဲ့ တခုတည္းေသာ အေဆာက္အဦ တပ္ရင္း ဘုန္းႀကီးေက်ာင္း၀န္းထဲက ဆြမ္းစားေဆာင္ကုိ စစ္ပဲြမျဖစ္မီ ေတြ႕ရစဥ္
အဲဒီစခန္းမွာ က်ေနာ္တုိ႔ ေက်ာင္းသား မိသားစုေတြ ေနခြင့္ရတဲ့ေနရာက ေျမာက္ဘက္ အစြန္မွာျဖစ္ၿပီး က်ေနာ္တုိ႔ေဘးမွာ ညစ္ပတ္ေနတဲ့ ေရကန္တခု ရွိပါတယ္။ မိသားစုေတြကို စနစ္တက် ေနရာခ်ေပးထားေပမယ့္ ထမင္းခ်က္ဖုိ႔ အုိး မလုံေလာက္ တာ၊ ထင္းမရွိတာ၊ ေရခပ္ဖုိ႔ ေနရာေ၀းတာ၊ ေသာက္ေရမရွိတာ၊ အိမ္သာမရွိတာ၊ ေရခ်ဳိးဖုိ႔ေနရာ မရတာ စသျဖင့္ ျပႆနာေတြ စုံေနတာပါပဲ။
ဒီလုိ ျပႆနာမ်ားစြာနဲ႔ ႀကံဳေနရတဲ့ၾကားထဲ ကုိေအာင္မ်ဳိးမင္းနဲ႔အတူ ႏိုင္ငံျခား သတင္းေထာက္ တခ်ဳိ႕ က်ေနာ္တုိ႔
ဒုကၡသည္ စခန္းဆီ ေရာက္လာၾက ျပန္ပါတယ္။ ဘန္ေကာက္ပုိ႔စ္ သတင္းစာက ရတ္ ဘခ်ဳိကုိ က်ေနာ္ ေကာင္းေကာင္း မွတ္မိေနေပမယ့္ တျခားသတင္းေထာက္ေတြကို မမွတ္မိေတာ့ပါ။
သူတုိ႔နဲ႔ အတူ တပ္မ ၉ က အရာရွိေတြ ပါလာၿပီး သတင္းစာရွင္းပဲြ သေဘာမ်ဳိး လုပ္သြားတာ ျဖစ္ပါတယ္။
ဒီတႀကိမ္မွာေတာ့
ကိုေအာင္မ်ဳိးမင္းက စိတ္ကူးသစ္ ေပၚသြားၿပီး သူ႔ဗီဒီယုိ ကင္မရာကို ျပန္ယူမသြားေတာ့ဘဲ က်ေနာ့္ဆီမွာ အပ္ထားခဲ့ပါတယ္။ ဆိုလုိတာကေတာ့ စခန္းတြင္း ထူးျခားခ်က္ေတြကို က်ေနာ္က ဗီဒီယုိရုိက္ထားရမွာျဖစ္ၿပီး လူႀကံဳရွိတုိင္း ဘန္ေကာက္က သူ႔ဆီ ပုိ႔ေပးရမွာျဖစ္ပါတယ္။
စစ္ေျမျပင္ သတင္းေထာက္မွ ဒုကၡသည္ သတင္းေထာက္အျဖစ္သုိ႔
အမွန္အတုိင္း ၀န္ခံရရင္ ဗီဒီယုိ ကင္မရာကုိင္ၿပီး ဒုကၡသည္စခန္းအတြင္း က်ေနာ္ ဟန္ေရးျပေနေပမယ့္ အဲဒီအခ်ိန္အထိ ဗီဒီယုိ ရုိက္နည္း တခါမွ မသင္ဘူးေသးပါ။ ရုပ္ေသ ကင္မရာ ရုိက္နည္းကိုလည္း က်ေနာ္ မသင္ဘူးပါ။
ဖုမ၀မ္စခန္းမွ ထန္ဟင္ စခန္းဆီ ေျပာင္းေရႊ႕စဥ္ ေျပးလႊား ေနၾကတဲ့ ဒုကၡသည္ မိသားစုတခ်ိဳ႕
ဒီလုိပဲ သူမ်ားရုိက္တာကို ၾကည့္ဖူးရံုနဲ႔ ခလုတ္ႏွိပ္တတ္ရင္ ျဖစ္ပါတယ္ဆုိၿပီး ရမ္းတုတ္ေနျခင္း မွ်သာ ျဖစ္ပါတယ္။ သူမ်ားရုိက္ထားတဲ့ ပုံေတြကို ၾကည့္ရင္းနဲ႔ ရုပ္ေသ ကင္မရာ ရႈေဒါင့္ယူတာ သိပ္ဆုိးဆုိး၀ါး၀ါး မျဖစ္ေပမယ့္ ရုပ္ရွင္ – ဗီဒီယုိ ကင္မရာ ရုိက္တဲ့ေနရာမွာေတာ့ အေတာ္ ဒုကၡမ်ားခဲ့ပါတယ္။ အဲဒီ အခ်ိန္အထိ က်ေနာ့္စိတ္ထဲ ဗီဒီယုိ ဆုိတာ ပုံေတြ လႈပ္ေနရမယ္လုိ႔ပဲ နားလည္ ထားတဲ့အတြက္ ကင္မရာကို တခ်က္မွ ၿငိမ္ၿငိမ္မထားဘဲ Zoom ကုိ အနီးအေ၀း တခ်ိန္လုံး ကစားၿပီး အရပ္ရွစ္မ်က္နွာကုိ လွည့္ပတ္ ရုိက္ေနခဲ့ပါတယ္။
“ခင္ဗ်ားတင္ မကဘူး၊ ဗမာ အေတာ္မ်ားမ်ား ကင္မရာ စကုိင္ကိုင္ခ်င္းမွာ ဒီလုိပဲ လက္ မၿငိမ္ၾကဘူး။ Zoom ကစားၾကတာ ကလည္း အလြန္အကၽြံပါပဲ” လုိ႔ ကိုေအာင္မ်ဳိးမင္းက က်ေနာ့္ကို ေျပာပါတယ္။
ဒါေပမယ့္ သူဘာကုိ ဆုိလုိမွန္း က်ေနာ္ေကာင္းေကာင္း သေဘာမေပါက္ပါဘူး။
၂၀၀၆ ေႏွာင္းပုိင္းမွာ DVB – TV အတြက္
ကင္မရာ သင္တန္းတက္ရတဲ့ အခ်ိန္က်မွ ဗီဒီယုိ ကင္မရာဟာလည္း ရုပ္ေသ ကင္မရာလုိပဲ ပုံ တကြက္ကုိ အနည္းဆုံး ၁၀ စကၠန္႔ ၾကာေအာင္ ၿငိမ္ၿပီး ရုိက္ဖုိ႔လုိအပ္တယ္၊ အဲဒီေတာ့မွ တည္္းျဖတ္တဲ့အခါ အဆင္ေျပတယ္လုိ႔ သိခြင့္ရခဲ့ပါတယ္။ ၿပီးေတာ့ Zoom ကစားတာကို လုံး၀ေရွာင္ဖုိ႔၊ ျဖစ္နုိင္ရင္ ရုိက္ကြက္တုိင္းအတြက္ သုံးေခ်ာင္းေထာက္တုိင္ (Tripod) ကုိ မပ်က္မကြက္ သုံးဖုိ႔၊ Tripod မသုံးဘဲ Zoom ကစားတာေတြ႕ရင္ လက္ညိႇဳးျဖတ္ပစ္မယ္လုိ႔ေတာင္ အေမရိကန္ သင္တန္းဆရာက ေျပာဖူးတာကို က်ေနာ္ မွတ္မိေနပါတယ္။
ေနာက္တခါ စတုိရီ တခုအတြက္ အေျခခံရုိက္ကြက္ ၅ ခုပါဖုိ႔လုိေၾကာင္း၊ အဲဒါေတြကေတာ့ အနီးကပ္ရုိက္ခ်က္ (Close up)၊ အလယ္အလတ္ ရုိက္ခ်က္ (Medium shot)၊ ျမင္ကြင္းက်ယ္ရုိက္ခ်က္ (Wide shot)၊ သရုပ္ေဖာ္ရုိက္ခ်က္ (Establishing shot) နဲ႔ ပခုံးေက်ာ္ ရုိက္ခ်က္ (Over the shoulder shot) တုိ႔ ျဖစ္တယ္လို႔ အဲဒီဆရာက ရွင္းျပပါတယ္။
တနည္းအားျဖင့္ ေျပာမယ္ဆုိရင္ေတာ့ ဗီဒီယုိကင္မရာ စကုိင္ခ်ိန္ကေန ၁၀ ႏွစ္ ၾကာပီးမွ ဗီဒီယုိ ရုိက္နည္းကုိ သိခြင့္ရတယ္ ဆုိပါေတာ့။ ဒါေပမယ့္ “ဘာမွမသိရင္ ဘာမွမျဖစ္ဘူး” ဆိုတဲ့ စကားနဲ႔အညီ၊ ဘာမွမသိဘဲ ေလွ်ာက္ရုိက္ထားတဲ့ ပုံေတြကိုပဲ ေကာင္းလွၿပီလုိ႔ က်ေနာ္က ထင္ေနခဲ့တာပါ။
အဲဒီ ဖုနန္းလြန္ ဒုကၡသည္စခန္းမွာ သီတင္းတပတ္ေလာက္ ၾကာၿပီးတဲ့ အခ်ိန္မွာေတာ့ ဒီေနရာဟာ နယ္စပ္နဲ႔ သိပ္နီးတဲ့အျပင္ ေသာက္ေရ၊ ခ်ဳိးေရလည္း အဆင္မေျပတဲ့ အတြက္ ေနရာသစ္ဆီ ေျပာင္းရမယ္ဆုိၿပီး ေအာ္ေစာ္ (ထုိင္း ျပည္သူ့စစ္) ေတြဆီကေန အမိန္႔ ေရာက္လာပါတယ္။ ၿပီးေတာ့ ဆန္တင္တဲ့ကား (နယ္စပ္မွာေတာ့ ႏြားတင္တဲ့ကားလုိ႔ ေခၚၾကပါတယ္) ၅ စီးေလာက္ ေရာက္လာၿပီး ဒုကၡသည္ေတြအားလုံးကို အဲဒီကားေပၚ ေမာင္းတင္ပါတယ္။ က်ေနာ့္အထင္ ဒုကၡသည္အားလုံး တေထာင္ေက်ာ္ေလာက္ ရွိမယ္လို႔ ထင္ပါတယ္။ က်န္တဲ့ ဒုကၡသည္ေတြက ဒီအတုိင္း တက္သြားေပမယ့္ က်ေနာ္တုိ႔က်ေတာ့ အဲဒီလုိ တက္လုိ႔မျဖစ္ပါဘူး။ ရံုးပစၥည္းတခ်ဳိ႕၊ သြပ္ျပားတခ်ဳိ႕ကုိလည္း တင္ရပါေသးတယ္။
မဆုတ္ခြင္ခင္ေတြ႔ရတဲ့ ပ်ဳိးပန္းေ၀ေက်ာင္း
ဒီလုိနဲ႔ ဖုနန္းလြန္ရြာကေန ၂ နာရီနီးပါး ကားေမာင္းရတဲ့ ဖုမ၀မ္ဆုိတဲ့ ရြာအနီးက ေရကန္ႀကီး တခုဆီ က်ေနာ္တုိ႔
ဒုကၡသည္ေတြ ေရာက္သြားပါတယ္။ ဒီေနရာဟာ ေရကန္ႀကီးတခု ရွိတာကလဲြရင္ ေနေရးထုိင္ေရးက ဖုနန္းလြန္ထက္ေတာင္ အေျခအေန ပုိဆုိးပါတယ္။
ေရာက္ေရာက္ခ်င္း မွာေတာ့ ဒီလုိပဲ ေရကန္ေဘး တေလ်ာက္မွာ ျဖစ္သလုိစခန္းခ်လုိက္ ရပါတယ္။ ၿပီးေတာ့ ေအာ္ေစာ္နဲ႔
ကရင္ဒုကၡသည္ ေကာ္မတီက ဒုကၡသည္ေတြကုိ လူစုခြဲၿပီး ရပ္ကြက္အလိုက္ ေနရခ်ေပးပါတယ္။ ေရကန္ေဘးက ေတာအုပ္ငယ္ကုိ လက္ညိႇဳးထုိးၿပီး ေနရာခ်ေပးတာ ျဖစ္တဲ့အတြက္ ေတာခုတ္ ရွင္းလင္းတဲ့ အလုပ္ကုိ ၂ ရက္ေလာက္ လုပ္အား ေပးလုိက္ရပါတယ္။ အဲဒီလုိရွင္းၿပီးမွ စခန္းအစြန္ဆုံး ေရကန္ေထာင့္မွာရွိတဲ့ ေတာင္ကုန္းေလးေပၚမွာ က်ေနာ္တုိ႔အဖြဲ႕ ေနရာယူလုိက္ပါတယ္။
ေရးရင္းနဲ႔ သတိရလာတာက က်ေနာ္တုိ႔မွာ လူဒုကၡသည္ေတြအျပင္ ဘုန္းႀကီးဒုကၡသည္ တပါးလည္း ပါလာပါေသးတယ္။
ေရွ႕ပုိင္းအခန္းမွာ က်ေနာ္တင္ျပခဲ့တဲ့အတုိင္း တပ္ရင္း ဘုန္းႀကီးေက်ာင္းက ေက်ာင္းထုိင္ဆရာေတာ္ ဦးပဥၨင္း သန္းေဇာ္ဟာ က်ေနာ္တုိ႔ မိသားစုေတြနဲ႔အတူ သကၤန္း၀တ္နဲ႔ပဲ လုိက္ပါလာတဲ့အတြက္ ဒီေတာင္ကုန္းေလးေပၚမွာ ယာယီ ေက်ာင္းအျဖစ္ ခုနက သြပ္ျပားေဟာင္းေတြနဲ႔ တဲတလုံး လုပ္ေပးထားရပါတယ္။ ကုိယ္တုိင္ စားစမရာမရွိျဖစ္ေနတဲ့ က်ေနာ္တုိ႔႔ မိသားစုေတြဟာ ဘုန္းႀကီး အတြက္ေတာ့ မေမ့ၾကပါဘူး။ အာရံုဆြမ္းနဲ႔ ေန႔ဆြမ္းအခ်ိန္မီ ပုိ႔ေပးနုိင္ေအာင္ ႀကိဳးစားၾကတာကို က်ေနာ္ အမွတ္ရေန
ပါတယ္။
ဒုကၡသည္စခန္းရဲ႕ အျခားတဘက္ မ်က္ႏွာမွာ
ဖုမ၀မ္စခန္းမွာ သီတင္း ၂ ပတ္ေလာက္ၾကာၿပီး နည္းနည္း တည္ၿငိမ္လာတဲ့ အခါမွာေတာ့ နယ္စပ္ ေတာထဲက က်ေနာ္တုိ႔ တပ္ေတြနဲ႔ ဆက္သြယ္ေရး၊ ဘန္ေကာက္မွာေရာက္ေနတဲ့ ကိုမင္းေအာင္နဲ႔ ဆက္သြယ္ေရး ကိစၥေတြကို က်ေနာ္တုိ႔ ေဆာင္ရြက္ခဲ့ပါတယ္။
ဖုမ၀မ္ဒုကၡသည္စခန္းဆီေရာက္လာတဲ့ ကိုသိန္းေဆာင္နဲ႔ ဖလဖ အဖြဲ႔၀င္တခ်ုိ႔
အခု က်ေနာ္တုိ႔ ေရာက္ေနတဲ့ ဖုမ၀မ္ ဒုကၡသည္ စခန္းဟာ နယ္စပ္နဲ႔ ၅ ကီလုိေလာက္ပဲ ေ၀းျပီး နယ္စပ္ ေတာင္ေက်ာဆီ တက္သြားတဲ့ ကားလမ္းကို လွမ္းျမင္ေနရပါတယ္။ ဒီေနရာဟာ မင္းသမီးစခန္းရဲ႕ ေအာက္ဘက္ ၂၀ ကီလုိ အကြာေလာက္မွာ ရွိတဲ့ ေဘာယကၡ KNU နယ္စပ္ဂိတ္စခန္းနဲ႔ သိပ္မေ၀းဘူးလုိ႔ သိရပါတယ္။ အဲဒိီစခန္းဘက္ကေန KNU အဖြဲ႔၀င္ မိသားစုေတြနဲ႔အတူ ေရွ႕ပုိင္းမွာ တင္ျပခဲ့တဲ့ ဖုနန္းလြန္ ဒုကၡသည္စခန္းကေန ေတာထဲ ျပန္ပုိ႔ခံလုိက္ရတဲ့ က်ေနာ္တုိ႔ ရဲေဘာ္ေတြထဲက ဆရာေအာင္ျမင့္၊ ကုိသိန္းေဆာင္၊ ကိုမင္းေဇာ္ေရႊ၊ ကုိကုိဦးအပါ၀င္ တပ္ဖြဲ႕၀င္ တဒါဇင္ေလာက္ က်ေနာ္တုိ႔ ရွိရာ ဖုမ၀မ္ စခန္းဆီ ေရာက္လာၾကပါတယ္။
သူတုိ႔ရဲ႕ ေျပာျပခ်က္ အတုိင္းဆိုရင္ ၁၉၉၇ မတ္လ ၂၅ ရက္ေန႔မွာ အမရာက က်ေနာ္တုိ႔ ေက်ာင္းသားစခန္းနဲ႔ ထီးထာက KNDO ကုန္းကုိ န၀တ က လက္နက္ႀကီးနဲ႔ စတင္ပစ္ခတ္ၿပီး အဲဒီေန႔မွာပဲ သိမ္းပုိက္ခဲ့တယ္လုိ႔ သိရပါတယ္။ တခ်ိန္တည္းမွာပဲ ဆင္ျဖဴတုိင္ – အမုိ ဘက္ကေန နယ္စပ္တေလွ်ာက္ ဆင္းလာတဲ့ တျခား စစ္ေၾကာင္းတခုကလည္း ထီးခီး စခန္းဆီ ေရာက္လာၿပီး လက္နက္ႀကီးနဲ႔ ပစ္ခတ္တဲ့အတြက္ ထီးခီးက KNU လက္က်န္အဖြဲ႕ေတြ အားလုံး နယ္စပ္မ်ဥ္း တေလ်ာက္ အျမန္ ဆုတ္ခဲ့ရေၾကာင္း၊ ထီးခီး- အမရာခီး ကေနတဆင့္ အခု က်ေနာ္တုိ႔ ဒုကၡသည္စခန္း ေနာက္ေက်ာက ေဘာယကၡ ၀န္းက်င္ဆီ ေရာက္လာၾကတယ္လို႔ ဆုိပါတယ္။
စစ္တုိက္ဖုိ႔ ဆုိၿပီး ဖုနန္းလြန္ စခန္းကေန ထီးခီးဆီ သူတုိ႔ကို ပုိ႔လုိက္ေပမယ့္ န၀တ ဘက္က လက္နက္ႀကီးေတြ ထီးခီးစခန္းထဲ က်တဲ့အထိ သူတုိ႔ကို KNU က လက္နက္ ထုတ္မေပးဘူးလုိ႔ ေက်ာင္းသား ေတြက ေျပာပါတယ္။ ဒါ့အျပင္ ေဘာယကၡကေန ဖုမ၀မ္ ဒုကၡသည္စခန္းဆီ ၀င္မယ္လုိ႔ ေျပာတဲ့အခါမွာလည္း ေက်ာင္းသားေတြ အေပၚ KNU ေအာက္ေျခ တပ္မႉးတခ်ဳိ႕က နားလည္မႈ လြဲၿပီး ေမာက္ေမာက္မာမာ ဆက္ဆံတာ၊ ေသနတ္နဲ႔ေတ့ၿပီး ၿခိမ္းေျခာက္တာေတြ လုပ္ခဲ့တယ္လုိ႔ ေက်ာင္းသားေတြက ေျပာပါတယ္။
ကိုသိန္းေဆာင္တုိ႔အဖြဲ႕ ဖုမ၀မ္ဆီ ေရာက္လာၿပီး ေနာက္မွာေတာ့ က်ေနာ္ဟာ ဒုကၡသည္စခန္းကေန ထြက္ၿပီး ထုိင္းထဲမွာ လႈပ္ရွားဖုိ႔ ျပင္ဆင္ခဲ့ပါတယ္။ ဒုကၡသည္စခန္းမွာ ေနရတဲ့ ဘဝေတာ့ စာမဖြဲ႕ျပ ခ်င္ေလာက္ေအာင္ကုိ စိတ္ညစ္ ရပါတယ္။ ေနကပူ၊ အမုိးကမရွိ၊ ေျမႀကီးကလည္း ေန႔ပူ။ ညေအးဆုိေတာ့ ဖ်ားနာသူကလည္း အေတာ္မ်ား၊ စားစရာကရွားပါး၊ ေဆး၀ါးက မလုံေလာက္။ ဒီၾကားထဲ ကရင္ဒုကၡသည္ေတြၾကားမွာ က်ေနာ္တုိ႔ အုပ္စုက လူနည္းစုလုိ ျဖစ္ေနရတဲ့ ခံစားခ်က္ကလည္း သိပ္မေသးလွ၊ ေတာထဲမွာ ေနတုန္းကလည္း လူနည္းစုျဖစ္ေပမယ့္ သီးျခားစီ ေနတာဆုိေတာ့ ဒီခံစားခ်က္မ်ဳိး သိပ္မျဖစ္ခဲ့ ပါဘူး။ ဒါေပမယ့္ ဒုကၡသည္ စခန္းထဲ ေရာက္တဲ့အခါမွာေတာ့ သူတုိ႔ အုပ္ခ်ဳပ္မႈေအာက္ထဲ လုံး၀ ၀င္လုိက္ရသလုိ ျဖစ္သြားတဲ့ အတြက္ ေနရထုိင္ရ အေတာ္က်ဥ္းက်ပ္သလုိ က်ေနာ္ခံစားရပါတယ္။
ဒီလုိ စိတ္ညစ္ေနရံုနဲ႔ မၿပီးဘူး၊ ထြက္ေပါက္ရွာမွ ျဖစ္မယ္ဆုိၿပီး ေျပးေပါက္လုိက္ရွာေတာ့ က်ေနာ္တုိ႔ ေနတဲ့ ေတာင္ကုန္းကို ေတာတုိးၿပီး ေက်ာ္လုိက္ရင္ လယ္ကြင္းျပင္ႀကီးထဲ ေရာက္သြားပါတယ္။ အဲဒီ လယ္ကြင္းကိုေက်ာ္ၿပီး တနာရီေလာက္ ဆက္သြားရင္ က်ေနာ္တုိ႔ရဲ႕ယာယီရံုးခန္း ရွိတဲ့ ေဟြးနန္းေခါင္ရြာဆီ ေရာက္ႏိုင္တယ္လုိ႔ သိလာရပါတယ္။
အဲဒိီလမ္းေၾကာင္းကို ေသခ်ာေအာင္ ေလ့လာၿပီး ေနာက္မွာေတာ့ ဘန္ေကာက္မွာ ေရာက္ေနတဲ့ ကုိမင္းေအာင္ တေယာက္ ေဟြးနန္းေခါင္က တဆင့္ ဖုမ၀မ္ ဒုကၡသည္စခန္းဆီ ေရာက္လာပါတယ္။ ဒုကၡသည္စခန္း ကေန ထြက္ေျပးခ်င္ေနတဲ့ က်ေနာ္ ေပ်ာ္လုိက္သည္ ျဖစ္ျခင္း၊ ကိုမင္းေအာင္ကုိ အားလုံးလဲႊအပ္ခဲ့ၿပီး “သတင္းေထာက္အလုပ္မ်ား ဆက္လုပ္ႏုိင္ရန္နွင့္ စစ္ေဒသ တာ၀န္ခံ ကိုေဌးေအာင္တုိ႔ စစ္ေၾကာင္းႏွင့္ ျပန္လည္ ဆက္သြယ္ ေဆာင္ရြက္ႏုိင္ရန္အတြက္” လုိ႔ အေၾကာင္းျပၿပီး ကုိမင္းေအာင္ ၀င္လာတဲ့ ခုိးလမ္းကတဆင့္ ဘန္ေကာက္ၿမိဳ႕ဆီ က်ေနာ္ တက္လာခဲ့ပါတယ္။
အဲဒီအခ်ိန္က ႏုိင္ငံျခားေရး ဌာနရံုးခန္းဟာ ဘန္းကပိ ဘက္ကုိမေရာက္ေသး ပါဘူး။ The Mall နမ္မ၀မ္ ကုန္တုိက္ဘက္မွာလုိ႔ ထင္ပါတယ္။ ရံုးကို ေရာက္ေရာက္ခ်င္း စစ္ပဲြနဲ႔ ဒုကၡသည္ အေျခအေန ထူးျခားခ်က္ေတြကို စာေရးၿပီး DVB ေအာ္စလုိရံုးဆီ
Fax ေပးပုိ႔ လိုက္ပါတယ္။ အဲဒီအခ်ိန္ ေအာ္စလုိရံုး အယ္ဒီတာခ်ဳပ္က ေဒါက္တာ ေအာင္ခင္၊ စက္ဆရာက ေစာ နယ္ဆင္ကူး ပါ။ ညေန ၃ နာရီေလာက္မွာ ကုိနယ္ဆင္ကူး (ဖုိးခြားလုိ႔ အမ်ားကေခၚၾကၿပီး အခုခ်ိန္အထိ DVB မွာ တာ၀န္ထမ္းေနဆဲ) ဖုန္းေခၚလာၿပီး Fax နဲ႔ ပုိ႔ထားတဲ့ သတင္းေတြကို အသံနဲ႔ လုိခ်င္တဲ့အတြက္ မၾကာခင္ ေဒါက္တာေအာင္ခင္ ကိုယ္တုိင္ က်ေနာ့္ကုိ ေမးမယ္လုိ႔ ဆုိပါတယ္။ အဲဒီအခ်ိန္အထိ အသံနဲ႔ တခါမွ မေျပာဖူးေသးဘဲ စာနဲ႔ေရး၊ Fax နဲ႔ ထုိးတဲ့ အဆင့္မွာပဲ ရိိွပါေသးတယ္။ အခု အသံနဲ႔ ေျပာရမယ္ဆုိေတာ့ ရင္ေတြတုန္လုိ႔။
“မရဘူးကြ။ မင္းေျပာတဲ့ အသံထဲမွာ ေခ်ာင္းဟန္႔သံ ခဏခဏ ပါေနတာ အက္ဒစ္ ျပန္လုပ္ဖုိ႔ ခက္လိမ့္မယ္။ အစအဆုံး ေနာက္တေခါက္ ျပန္ေျပာပါ” ဆုိၿပီး ေဒါက္တာေအာင္ခင္က က်ေနာ့္ကုိ ေမာင္းပါတယ္။ ၃ ခါတိတိေျပာမွ ၅ မိနစ္စာေလာက္ အင္တာဗ်ဳးတခု ၿပီးသြားပါတယ္။ အဲဒီကာလဟာ အခုေခတ္လုိ ဒီဂ်စ္တယ္ေခတ္ မဟုတ္ေသးတဲ့အတြက္ အသံေတြကို တိတ္ေခြေပၚတင္ၿပီး အက္ဒစ္လုပ္ရတာေၾကာင့္ အေတာ္ လက္၀င္တယ္လို႔ သိရပါတယ္။ ဘာပဲျဖစ္ျဖစ္ ဒါဟာ က်ေနာ့္ သတင္းေထာက္ဘ၀မွာ ပထမဆုံး အသံနဲ႔ ပုိ႔ဖူးတဲ့ သတင္းျဖစ္ခဲ့ၿပီး စာနဲ႔ပုိ႔တဲ့ အဆင့္ကေန အသံနဲ႔ပုိ႔တဲ့ အဆင့္ဆီ တက္ဖုိ႔ ပထမ ေျခလွမ္းလုိ႔လည္း ေျပာႏုိင္မယ္ ထင္ပါတယ္။
ဒါ့အျပင္ အယ္ဒီတာခ်ဳပ္ ေဒါက္တာေအာင္ခင္က သတင္းေထာက္ ေပါက္စ က်ေနာ့္ရဲ႕ သတင္းေပးပုိ႔ခ်က္ေတြ တုိးတက္ လာေၾကာင္းနဲ႔ ပေရာ္ဖက္ရွင္နယ္ သတင္းေထာက္ ျဖစ္ေအာင္ ဆက္ႀကိဳးစားဖုိ႔ အားေပးခဲ့ပါတယ္။ အယ္ဒီတာခ်ဳပ္ရဲ႕ အားေပးစကား တခြန္းဟာ သတင္းေထာက္ ျဖစ္ခ်င္ေနသူ တဦးအတြက္ အလြန္တရာ တြန္းအား ျဖစ္ေစခဲ့တယ္လုိ႔ က်ေနာ္ ထင္ပါတယ္။
အဲဒီေန႔က က်ေနာ့္ကုိဗ်ဳးၿပီး လႊင့္လုိက္တဲ့ စစ္ပဲြဆုိင္ရာ အေၾကာင္းအရာ
ေတြထဲမွာ အသက္ ၁၂ နွစ္ အရြယ္ အမႊာ ညီေနာင္ ဦးေဆာင္တဲ့ God Army
(သို႔မဟုတ္) ရြာသူမုိဒုိလို႔ေခၚတဲ့ ဘုရားသခင္ တပ္မေတာ္ အေၾကာင္းဟာ အေတာ္
ေပါက္သြားတယ္လုိ႔ ေနာက္ပုိင္းမွာ ျပန္သိရပါတယ္။
ေဂ်ာ္နီနဲ႔ လူသာထူး ဆုိတဲ့ ဆံရွည္ – ေဆးလိပ္ဖြာ အမႊာညီေနာင္ တပ္္မႉး ၂ ဦးဟာ လွ်ာအနက္ေရာင္ ရွိတဲ့အတြက္ က်ည္မေပါက္ဘူးလုိ႔ သူတုိ႔ရဲ႕ ေနာက္လုိက္ေတြက ေျပာပါတယ္။ သတင္းေထာက္ တဦးအေနနဲ႔ ယုံဖုိ႔ ခက္ေပမယ့္လည္း ဒီလုိ ဒ႑ာရီ ဆန္ေနတာကိုက ပရိသတ္အတြက္ ပုိၿပီး စိတ္၀င္စားစရာ ျဖစ္ေနခဲ့တယ္လုိ႔ သိရပါတယ္။ ။

=======================================================
(အပိုင်း ၄၅)
ထက်အောင်ကျော်| August 31, 2012 | ဧရာဝတီ။
စစ်ပြေး ဒုက္ခသည်စခန်းများဆီသို့
မှတ်တမ်းတွေအရ ထီးခီးရုံးဆီ အိမ်ထောင်သည်လိုင်းက မိသားစုတွေ ရောက်လာတဲ့ အချိန်ဟာ ၁၉၉၇ ဖေဖော်ဝါရီလ ၂၂ ရက်နေ့လို့ သိရပါတယ်။ ကျနော့်အထင် ထီးခီးမှာ ၃ ရက်လောက် နေပြီးတဲ့နောက် နဝတ တပ်တွေ ထီးခီးစခန်းအနီးထိ ရောက်လာနေပြီလို့ သိရတဲ့အတွက် မိသားစုတွေကို ထိုင်းနယ်မြေထဲ ထွက်ခွင့် KNU က ခွင့်ပြုလိုက်ပါတယ်။ အဲဒီ ၃ ရက်တာ အတွင်း ကြုံခဲ့ရတဲ့ အဓိက အခက်ခဲကတော့ အိမ်သာမရှိခြင်း၊ သောက်ရေ၊ ချိုးရေ မလုံလောက်ခြင်းနဲ့ ကလေးသူငယ်တွေ ဖျားနာခြင်းပဲ ဖြစ်ပါတယ်။
ခွါစစ်အတွက် မီးရှို့ခဲ့ရတဲ့ မင်းမသီးစခန်း
တနည်းအားဖြင့် ပြောမယ်ဆိုရင်တော့ ရှေ့လျှောက် ကြုံလာရတော့မယ့် ဒုက္ခသည် စခန်းရဲ့ ရှေ့ပြေးလက္ခဏာတွေလို့ ဆိုနိုင်မယ်ထင်ပါတယ်။
KNU က မိသားစုတွေ၊ ရွာသူရွာသားတွေနဲ့အတူ ကျနော်တို့ မိသားစုတွေ ထိုင်းနယ်စပ်ဘက် ထွက်လာတော့ အမျိုးသမီး၊ ကလေးသူငယ်နဲ့ သက်ကြီးရွယ်အိုတွေ လောက်ပဲလက်ခံမယ်၊ လူငယ် အမျိုးသားတွေကို လက်မခံဘူးဆိုပြီး ထီးခီး လုံခြုံရေးဂိတ်မှာရှိတဲ့ KNU စစ်သားတွေက တားထားပါတယ်။
“သူတို့တွေချည်း မဖြစ်ဘူး။ လိုအပ်တာတွေ စီမံခန့်ခွဲဖို့ တာဝန်ရှိသူတွေလည်း လိုက်ဖို့လိုတယ်” လို့ ပြောပေမယ့် မရပါဘူး။ ကံကောင်းချင်တော့ အဲဒီအချိန်မှာ အရှေ့ပိုင်းမှာ ကျနော်တင်ပြခဲ့ဖူးတဲ့ ထိုင်း ထောက်လှမ်းရေး စစ်ဗိုလ်က ဆိုင်ကယ်တစီးနဲ့ ရောက်လာတာနဲ့ တိုးပြီး သူ့ဆိုင်ကယ်နဲ့ ကျနော် လိုက်သွားခဲ့ပါတယ်။ ကျန်တဲ့ ရဲဘော်တွေကတော့ ထီးခီး ဂိတ်မှာ ကျန်နေခဲ့ ပါတယ်။
ထီးခီးဂိတ်ကနေ ဖုနန်းလွန် ရွာက ထိုင်းရပ်ကွက်နဲ့ ကရင်-မွန် ရပ်ကွက်ကြားရှိ သတ္ထုမိုင်းဟောင်း ရေကန်ကြီးအနီးက ယူကလစ်ပင်တန်း အောက်ဆီ တနာရီနီးပါး လမ်းလျှောက်ရပြီး အဲဒီနေရာအရောက်မှာ စခန်းချဖို့ ထိုင်း လုံခြုံရေး တပ်တွေက နေရာပေးပါတယ်။ နေရာပေးတယ်ဆိုပေမယ့် ဘာမှမရှိတဲ့ ယူကလစ်ပင်တန်း အောက်မှာ နေဖို့ ပြောတာပါ။ ဒီတော့ ကျနော်တို့မှာ ပါလာတဲ့ သွပ်ပြားဟောင်းတွေ။ ဝါးလုံး ဟောင်းတွေနဲ့ ဖြစ်သလို အမိုးလုပ်ပြီး မြေကြီးမှာပဲ အိပ်ကြရပါတယ်။
KNU မိသားစုတွေ၊ တခြား အရပ်သား မိသားစုတွေလည်း ဒီလိုပါပဲ။ တချို့ဆို အမိုးတောင်မရှိဘဲ သစ်ပင်အောက်မှာ ဒီလိုပဲ
အိပ်ကြရပါတယ်။ နောက်တနေ့မှာတော့ NGO အဖွဲ့တချို့ ရောက်လာပြီး အဖြူ – အစိမ်း စင်းကြောင်းပုံပါတဲ့ ပလတ်စတစ် စတွေ၊ ဆန်နဲ့ ရိက္ခာတချို့ လာဝေပေးပါတယ်။
အဲဒီအချိန် ထီးခီးမှာ ကျန်ခဲ့တဲ့ ရဲဘော်တချို့လည်း ကျနော်တို့ ဒုက္ခသည် စခန်းဆီ ရောက်လာကြပါတယ်။
ဒါပေမယ့် မကြာပါဘူး၊ နောက်တရက်မှာတော့ ထိုင်းစစ်သားတွေ ကိုယ်တိုင် (ဒေသအခေါ် ထိုင်း ပြည်သူ့စစ် အော်စော်တွေ) စခန်းထဲ ဝင်လာပြီး အမျိုးသမီး၊ ကလေးသူငယ်နဲ့ သက်ကြီး ရွယ်အိုတွေမှအပ အမျိုးသား လူငယ်တွေကို လက်မခံဘူး။ မြန်မာနယ်ထဲ ပြန်ဝင်ရမယ် ဆိုပြီး အားလုံးကို ခေါ်သွားပါတယ်။ ကျနော်နဲ့ ဦးစိုးဝင်း ၂ ဦးကိုတော့ စီမံခန့်ခွဲရေးအတွက် မဖြစ်မနေ ချန်ထားပေးပါလို့ တောင်းပန်ပြီး နေခဲ့ရပါတယ်။
ခွာစစ်ဆင်ချိန် မီးမရှို့ဘဲ ချန်ထားခဲ့တဲ့ တခုတည်းသော အဆောက်အဦ တပ်ရင်း ဘုန်းကြီးကျောင်းဝန်းထဲက ဆွမ်းစားဆောင်ကို စစ်ပွဲမဖြစ်မီ တွေ့ရစဉ်
အဲဒီစခန်းမှာ ကျနော်တို့ ကျောင်းသား မိသားစုတွေ နေခွင့်ရတဲ့နေရာက မြောက်ဘက် အစွန်မှာဖြစ်ပြီး ကျနော်တို့ဘေးမှာ ညစ်ပတ်နေတဲ့ ရေကန်တခု ရှိပါတယ်။ မိသားစုတွေကို စနစ်တကျ နေရာချပေးထားပေမယ့် ထမင်းချက်ဖို့ အိုး မလုံလောက် တာ၊ ထင်းမရှိတာ၊ ရေခပ်ဖို့ နေရာဝေးတာ၊ သောက်ရေမရှိတာ၊ အိမ်သာမရှိတာ၊ ရေချိုးဖို့နေရာ မရတာ စသဖြင့် ပြဿနာတွေ စုံနေတာပါပဲ။
ဒီလို ပြဿနာများစွာနဲ့ ကြုံနေရတဲ့ကြားထဲ ကိုအောင်မျိုးမင်းနဲ့အတူ နိုင်ငံခြား သတင်းထောက် တချို့ ကျနော်တို့
ဒုက္ခသည် စခန်းဆီ ရောက်လာကြ ပြန်ပါတယ်။ ဘန်ကောက်ပို့စ် သတင်းစာက ရတ် ဘချိုကို ကျနော် ကောင်းကောင်း မှတ်မိနေပေမယ့် တခြားသတင်းထောက်တွေကို မမှတ်မိတော့ပါ။
သူတို့နဲ့ အတူ တပ်မ ၉ က အရာရှိတွေ ပါလာပြီး သတင်းစာရှင်းပွဲ သဘောမျိုး လုပ်သွားတာ ဖြစ်ပါတယ်။
ဒီတကြိမ်မှာတော့
ကိုအောင်မျိုးမင်းက စိတ်ကူးသစ် ပေါ်သွားပြီး သူ့ဗီဒီယို ကင်မရာကို ပြန်ယူမသွားတော့ဘဲ ကျနော့်ဆီမှာ အပ်ထားခဲ့ပါတယ်။ ဆိုလိုတာကတော့ စခန်းတွင်း ထူးခြားချက်တွေကို ကျနော်က ဗီဒီယိုရိုက်ထားရမှာဖြစ်ပြီး လူကြုံရှိတိုင်း ဘန်ကောက်က သူ့ဆီ ပို့ပေးရမှာဖြစ်ပါတယ်။
စစ်မြေပြင် သတင်းထောက်မှ ဒုက္ခသည် သတင်းထောက်အဖြစ်သို့
အမှန်အတိုင်း ဝန်ခံရရင် ဗီဒီယို ကင်မရာကိုင်ပြီး ဒုက္ခသည်စခန်းအတွင်း ကျနော် ဟန်ရေးပြနေပေမယ့် အဲဒီအချိန်အထိ ဗီဒီယို ရိုက်နည်း တခါမှ မသင်ဘူးသေးပါ။ ရုပ်သေ ကင်မရာ ရိုက်နည်းကိုလည်း ကျနော် မသင်ဘူးပါ။
ဖုမဝမ်စခန်းမှ ထန်ဟင် စခန်းဆီ ပြောင်းရွှေ့စဉ် ပြေးလွှား နေကြတဲ့ ဒုက္ခသည် မိသားစုတချို့
ဒီလိုပဲ သူများရိုက်တာကို ကြည့်ဖူးရုံနဲ့ ခလုတ်နှိပ်တတ်ရင် ဖြစ်ပါတယ်ဆိုပြီး ရမ်းတုတ်နေခြင်း မျှသာ ဖြစ်ပါတယ်။ သူများရိုက်ထားတဲ့ ပုံတွေကို ကြည့်ရင်းနဲ့ ရုပ်သေ ကင်မရာ ရှုဒေါင့်ယူတာ သိပ်ဆိုးဆိုးဝါးဝါး မဖြစ်ပေမယ့် ရုပ်ရှင် – ဗီဒီယို ကင်မရာ ရိုက်တဲ့နေရာမှာတော့ အတော် ဒုက္ခများခဲ့ပါတယ်။ အဲဒီ အချိန်အထိ ကျနော့်စိတ်ထဲ ဗီဒီယို ဆိုတာ ပုံတွေ လှုပ်နေရမယ်လို့ပဲ နားလည် ထားတဲ့အတွက် ကင်မရာကို တချက်မှ ငြိမ်ငြိမ်မထားဘဲ Zoom ကို အနီးအဝေး တချိန်လုံး ကစားပြီး အရပ်ရှစ်မျက်နှာကို လှည့်ပတ် ရိုက်နေခဲ့ပါတယ်။
“ခင်ဗျားတင် မကဘူး၊ ဗမာ အတော်များများ ကင်မရာ စကိုင်ကိုင်ချင်းမှာ ဒီလိုပဲ လက် မငြိမ်ကြဘူး။ Zoom ကစားကြတာ ကလည်း အလွန်အကျွံပါပဲ” လို့ ကိုအောင်မျိုးမင်းက ကျနော့်ကို ပြောပါတယ်။
ဒါပေမယ့် သူဘာကို ဆိုလိုမှန်း ကျနော်ကောင်းကောင်း သဘောမပေါက်ပါဘူး။
၂၀၀၆ နှောင်းပိုင်းမှာ DVB – TV အတွက်
ကင်မရာ သင်တန်းတက်ရတဲ့ အချိန်ကျမှ ဗီဒီယို ကင်မရာဟာလည်း ရုပ်သေ ကင်မရာလိုပဲ ပုံ တကွက်ကို အနည်းဆုံး ၁၀ စက္ကန့် ကြာအောင် ငြိမ်ပြီး ရိုက်ဖို့လိုအပ်တယ်၊ အဲဒီတော့မှ တည်းဖြတ်တဲ့အခါ အဆင်ပြေတယ်လို့ သိခွင့်ရခဲ့ပါတယ်။ ပြီးတော့ Zoom ကစားတာကို လုံးဝရှောင်ဖို့၊ ဖြစ်နိုင်ရင် ရိုက်ကွက်တိုင်းအတွက် သုံးချောင်းထောက်တိုင် (Tripod) ကို မပျက်မကွက် သုံးဖို့၊ Tripod မသုံးဘဲ Zoom ကစားတာတွေ့ရင် လက်ညှိုးဖြတ်ပစ်မယ်လို့တောင် အမေရိကန် သင်တန်းဆရာက ပြောဖူးတာကို ကျနော် မှတ်မိနေပါတယ်။
နောက်တခါ စတိုရီ တခုအတွက် အခြေခံရိုက်ကွက် ၅ ခုပါဖို့လိုကြောင်း၊ အဲဒါတွေကတော့ အနီးကပ်ရိုက်ချက် (Close up)၊ အလယ်အလတ် ရိုက်ချက် (Medium shot)၊ မြင်ကွင်းကျယ်ရိုက်ချက် (Wide shot)၊ သရုပ်ဖော်ရိုက်ချက် (Establishing shot) နဲ့ ပခုံးကျော် ရိုက်ချက် (Over the shoulder shot) တို့ ဖြစ်တယ်လို့ အဲဒီဆရာက ရှင်းပြပါတယ်။
တနည်းအားဖြင့် ပြောမယ်ဆိုရင်တော့ ဗီဒီယိုကင်မရာ စကိုင်ချိန်ကနေ ၁၀ နှစ် ကြာပီးမှ ဗီဒီယို ရိုက်နည်းကို သိခွင့်ရတယ် ဆိုပါတော့။ ဒါပေမယ့် “ဘာမှမသိရင် ဘာမှမဖြစ်ဘူး” ဆိုတဲ့ စကားနဲ့အညီ၊ ဘာမှမသိဘဲ လျှောက်ရိုက်ထားတဲ့ ပုံတွေကိုပဲ ကောင်းလှပြီလို့ ကျနော်က ထင်နေခဲ့တာပါ။
အဲဒီ ဖုနန်းလွန် ဒုက္ခသည်စခန်းမှာ သီတင်းတပတ်လောက် ကြာပြီးတဲ့ အချိန်မှာတော့ ဒီနေရာဟာ နယ်စပ်နဲ့ သိပ်နီးတဲ့အပြင် သောက်ရေ၊ ချိုးရေလည်း အဆင်မပြေတဲ့ အတွက် နေရာသစ်ဆီ ပြောင်းရမယ်ဆိုပြီး အော်စော် (ထိုင်း ပြည်သူ့စစ်) တွေဆီကနေ အမိန့် ရောက်လာပါတယ်။ ပြီးတော့ ဆန်တင်တဲ့ကား (နယ်စပ်မှာတော့ နွားတင်တဲ့ကားလို့ ခေါ်ကြပါတယ်) ၅ စီးလောက် ရောက်လာပြီး ဒုက္ခသည်တွေအားလုံးကို အဲဒီကားပေါ် မောင်းတင်ပါတယ်။ ကျနော့်အထင် ဒုက္ခသည်အားလုံး တထောင်ကျော်လောက် ရှိမယ်လို့ ထင်ပါတယ်။ ကျန်တဲ့ ဒုက္ခသည်တွေက ဒီအတိုင်း တက်သွားပေမယ့် ကျနော်တို့ကျတော့ အဲဒီလို တက်လို့မဖြစ်ပါဘူး။ ရုံးပစ္စည်းတချို့၊ သွပ်ပြားတချို့ကိုလည်း တင်ရပါသေးတယ်။
မဆုတ်ခွင်ခင်တွေ့ရတဲ့ ပျိုးပန်းဝေကျောင်း
ဒီလိုနဲ့ ဖုနန်းလွန်ရွာကနေ ၂ နာရီနီးပါး ကားမောင်းရတဲ့ ဖုမဝမ်ဆိုတဲ့ ရွာအနီးက ရေကန်ကြီး တခုဆီ ကျနော်တို့
ဒုက္ခသည်တွေ ရောက်သွားပါတယ်။ ဒီနေရာဟာ ရေကန်ကြီးတခု ရှိတာကလွဲရင် နေရေးထိုင်ရေးက ဖုနန်းလွန်ထက်တောင် အခြေအနေ ပိုဆိုးပါတယ်။
ရောက်ရောက်ချင်း မှာတော့ ဒီလိုပဲ ရေကန်ဘေး တလျောက်မှာ ဖြစ်သလိုစခန်းချလိုက် ရပါတယ်။ ပြီးတော့ အော်စော်နဲ့
ကရင်ဒုက္ခသည် ကော်မတီက ဒုက္ခသည်တွေကို လူစုခွဲပြီး ရပ်ကွက်အလိုက် နေရချပေးပါတယ်။ ရေကန်ဘေးက တောအုပ်ငယ်ကို လက်ညှိုးထိုးပြီး နေရာချပေးတာ ဖြစ်တဲ့အတွက် တောခုတ် ရှင်းလင်းတဲ့ အလုပ်ကို ၂ ရက်လောက် လုပ်အား ပေးလိုက်ရပါတယ်။ အဲဒီလိုရှင်းပြီးမှ စခန်းအစွန်ဆုံး ရေကန်ထောင့်မှာရှိတဲ့ တောင်ကုန်းလေးပေါ်မှာ ကျနော်တို့အဖွဲ့ နေရာယူလိုက်ပါတယ်။
ရေးရင်းနဲ့ သတိရလာတာက ကျနော်တို့မှာ လူဒုက္ခသည်တွေအပြင် ဘုန်းကြီးဒုက္ခသည် တပါးလည်း ပါလာပါသေးတယ်။
ရှေ့ပိုင်းအခန်းမှာ ကျနော်တင်ပြခဲ့တဲ့အတိုင်း တပ်ရင်း ဘုန်းကြီးကျောင်းက ကျောင်းထိုင်ဆရာတော် ဦးပဉ္ဇင်း သန်းဇော်ဟာ ကျနော်တို့ မိသားစုတွေနဲ့အတူ သင်္ကန်းဝတ်နဲ့ပဲ လိုက်ပါလာတဲ့အတွက် ဒီတောင်ကုန်းလေးပေါ်မှာ ယာယီ ကျောင်းအဖြစ် ခုနက သွပ်ပြားဟောင်းတွေနဲ့ တဲတလုံး လုပ်ပေးထားရပါတယ်။ ကိုယ်တိုင် စားစမရာမရှိဖြစ်နေတဲ့ ကျနော်တို့ မိသားစုတွေဟာ ဘုန်းကြီး အတွက်တော့ မမေ့ကြပါဘူး။ အာရုံဆွမ်းနဲ့ နေ့ဆွမ်းအချိန်မီ ပို့ပေးနိုင်အောင် ကြိုးစားကြတာကို ကျနော် အမှတ်ရနေ
ပါတယ်။
ဒုက္ခသည်စခန်းရဲ့ အခြားတဘက် မျက်နှာမှာ
ဖုမဝမ်စခန်းမှာ သီတင်း ၂ ပတ်လောက်ကြာပြီး နည်းနည်း တည်ငြိမ်လာတဲ့ အခါမှာတော့ နယ်စပ် တောထဲက ကျနော်တို့ တပ်တွေနဲ့ ဆက်သွယ်ရေး၊ ဘန်ကောက်မှာရောက်နေတဲ့ ကိုမင်းအောင်နဲ့ ဆက်သွယ်ရေး ကိစ္စတွေကို ကျနော်တို့ ဆောင်ရွက်ခဲ့ပါတယ်။
ဖုမဝမ်ဒုက္ခသည်စခန်းဆီရောက်လာတဲ့ ကိုသိန်းဆောင်နဲ့ ဖလဖ အဖွဲ့ဝင်တချို့
အခု ကျနော်တို့ ရောက်နေတဲ့ ဖုမဝမ် ဒုက္ခသည် စခန်းဟာ နယ်စပ်နဲ့ ၅ ကီလိုလောက်ပဲ ဝေးပြီး နယ်စပ် တောင်ကျောဆီ တက်သွားတဲ့ ကားလမ်းကို လှမ်းမြင်နေရပါတယ်။ ဒီနေရာဟာ မင်းသမီးစခန်းရဲ့ အောက်ဘက် ၂၀ ကီလို အကွာလောက်မှာ ရှိတဲ့ ဘောယက္ခ KNU နယ်စပ်ဂိတ်စခန်းနဲ့ သိပ်မဝေးဘူးလို့ သိရပါတယ်။ အဲဒီစခန်းဘက်ကနေ KNU အဖွဲ့ဝင် မိသားစုတွေနဲ့အတူ ရှေ့ပိုင်းမှာ တင်ပြခဲ့တဲ့ ဖုနန်းလွန် ဒုက္ခသည်စခန်းကနေ တောထဲ ပြန်ပို့ခံလိုက်ရတဲ့ ကျနော်တို့ ရဲဘော်တွေထဲက ဆရာအောင်မြင့်၊ ကိုသိန်းဆောင်၊ ကိုမင်းဇော်ရွှေ၊ ကိုကိုဦးအပါဝင် တပ်ဖွဲ့ဝင် တဒါဇင်လောက် ကျနော်တို့ ရှိရာ ဖုမဝမ် စခန်းဆီ ရောက်လာကြပါတယ်။
သူတို့ရဲ့ ပြောပြချက် အတိုင်းဆိုရင် ၁၉၉၇ မတ်လ ၂၅ ရက်နေ့မှာ အမရာက ကျနော်တို့ ကျောင်းသားစခန်းနဲ့ ထီးထာက KNDO ကုန်းကို နဝတ က လက်နက်ကြီးနဲ့ စတင်ပစ်ခတ်ပြီး အဲဒီနေ့မှာပဲ သိမ်းပိုက်ခဲ့တယ်လို့ သိရပါတယ်။ တချိန်တည်းမှာပဲ ဆင်ဖြူတိုင် – အမို ဘက်ကနေ နယ်စပ်တလျှောက် ဆင်းလာတဲ့ တခြား စစ်ကြောင်းတခုကလည်း ထီးခီး စခန်းဆီ ရောက်လာပြီး လက်နက်ကြီးနဲ့ ပစ်ခတ်တဲ့အတွက် ထီးခီးက KNU လက်ကျန်အဖွဲ့တွေ အားလုံး နယ်စပ်မျဉ်း တလျောက် အမြန် ဆုတ်ခဲ့ရကြောင်း၊ ထီးခီး- အမရာခီး ကနေတဆင့် အခု ကျနော်တို့ ဒုက္ခသည်စခန်း နောက်ကျောက ဘောယက္ခ ဝန်းကျင်ဆီ ရောက်လာကြတယ်လို့ ဆိုပါတယ်။
စစ်တိုက်ဖို့ ဆိုပြီး ဖုနန်းလွန် စခန်းကနေ ထီးခီးဆီ သူတို့ကို ပို့လိုက်ပေမယ့် နဝတ ဘက်က လက်နက်ကြီးတွေ ထီးခီးစခန်းထဲ ကျတဲ့အထိ သူတို့ကို KNU က လက်နက် ထုတ်မပေးဘူးလို့ ကျောင်းသား တွေက ပြောပါတယ်။ ဒါ့အပြင် ဘောယက္ခကနေ ဖုမဝမ် ဒုက္ခသည်စခန်းဆီ ဝင်မယ်လို့ ပြောတဲ့အခါမှာလည်း ကျောင်းသားတွေ အပေါ် KNU အောက်ခြေ တပ်မှူးတချို့က နားလည်မှု လွဲပြီး မောက်မောက်မာမာ ဆက်ဆံတာ၊ သေနတ်နဲ့တေ့ပြီး ခြိမ်းခြောက်တာတွေ လုပ်ခဲ့တယ်လို့ ကျောင်းသားတွေက ပြောပါတယ်။
ကိုသိန်းဆောင်တို့အဖွဲ့ ဖုမဝမ်ဆီ ရောက်လာပြီး နောက်မှာတော့ ကျနော်ဟာ ဒုက္ခသည်စခန်းကနေ ထွက်ပြီး ထိုင်းထဲမှာ လှုပ်ရှားဖို့ ပြင်ဆင်ခဲ့ပါတယ်။ ဒုက္ခသည်စခန်းမှာ နေရတဲ့ ဘဝတော့ စာမဖွဲ့ပြ ချင်လောက်အောင်ကို စိတ်ညစ် ရပါတယ်။ နေကပူ၊ အမိုးကမရှိ၊ မြေကြီးကလည်း နေ့ပူ။ ညအေးဆိုတော့ ဖျားနာသူကလည်း အတော်များ၊ စားစရာကရှားပါး၊ ဆေးဝါးက မလုံလောက်။ ဒီကြားထဲ ကရင်ဒုက္ခသည်တွေကြားမှာ ကျနော်တို့ အုပ်စုက လူနည်းစုလို ဖြစ်နေရတဲ့ ခံစားချက်ကလည်း သိပ်မသေးလှ၊ တောထဲမှာ နေတုန်းကလည်း လူနည်းစုဖြစ်ပေမယ့် သီးခြားစီ နေတာဆိုတော့ ဒီခံစားချက်မျိုး သိပ်မဖြစ်ခဲ့ ပါဘူး။ ဒါပေမယ့် ဒုက္ခသည် စခန်းထဲ ရောက်တဲ့အခါမှာတော့ သူတို့ အုပ်ချုပ်မှုအောက်ထဲ လုံး၀ ဝင်လိုက်ရသလို ဖြစ်သွားတဲ့ အတွက် နေရထိုင်ရ အတော်ကျဉ်းကျပ်သလို ကျနော်ခံစားရပါတယ်။
ဒီလို စိတ်ညစ်နေရုံနဲ့ မပြီးဘူး၊ ထွက်ပေါက်ရှာမှ ဖြစ်မယ်ဆိုပြီး ပြေးပေါက်လိုက်ရှာတော့ ကျနော်တို့ နေတဲ့ တောင်ကုန်းကို တောတိုးပြီး ကျော်လိုက်ရင် လယ်ကွင်းပြင်ကြီးထဲ ရောက်သွားပါတယ်။ အဲဒီ လယ်ကွင်းကိုကျော်ပြီး တနာရီလောက် ဆက်သွားရင် ကျနော်တို့ရဲ့ယာယီရုံးခန်း ရှိတဲ့ ဟွေးနန်းခေါင်ရွာဆီ ရောက်နိုင်တယ်လို့ သိလာရပါတယ်။
အဲဒီလမ်းကြောင်းကို သေချာအောင် လေ့လာပြီး နောက်မှာတော့ ဘန်ကောက်မှာ ရောက်နေတဲ့ ကိုမင်းအောင် တယောက် ဟွေးနန်းခေါင်က တဆင့် ဖုမဝမ် ဒုက္ခသည်စခန်းဆီ ရောက်လာပါတယ်။ ဒုက္ခသည်စခန်း ကနေ ထွက်ပြေးချင်နေတဲ့ ကျနော် ပျော်လိုက်သည် ဖြစ်ခြင်း၊ ကိုမင်းအောင်ကို အားလုံးလွဲှအပ်ခဲ့ပြီး “သတင်းထောက်အလုပ်များ ဆက်လုပ်နိုင်ရန်နှင့် စစ်ဒေသ တာဝန်ခံ ကိုဌေးအောင်တို့ စစ်ကြောင်းနှင့် ပြန်လည် ဆက်သွယ် ဆောင်ရွက်နိုင်ရန်အတွက်” လို့ အကြောင်းပြပြီး ကိုမင်းအောင် ဝင်လာတဲ့ ခိုးလမ်းကတဆင့် ဘန်ကောက်မြို့ဆီ ကျနော် တက်လာခဲ့ပါတယ်။
အဲဒီအချိန်က နိုင်ငံခြားရေး ဌာနရုံးခန်းဟာ ဘန်းကပိ ဘက်ကိုမရောက်သေး ပါဘူး။ The Mall နမ်မဝမ် ကုန်တိုက်ဘက်မှာလို့ ထင်ပါတယ်။ ရုံးကို ရောက်ရောက်ချင်း စစ်ပွဲနဲ့ ဒုက္ခသည် အခြေအနေ ထူးခြားချက်တွေကို စာရေးပြီး DVB အော်စလိုရုံးဆီ
Fax ပေးပို့ လိုက်ပါတယ်။ အဲဒီအချိန် အော်စလိုရုံး အယ်ဒီတာချုပ်က ဒေါက်တာ အောင်ခင်၊ စက်ဆရာက စော နယ်ဆင်ကူး ပါ။ ညနေ ၃ နာရီလောက်မှာ ကိုနယ်ဆင်ကူး (ဖိုးခွားလို့ အများကခေါ်ကြပြီး အခုချိန်အထိ DVB မှာ တာဝန်ထမ်းနေဆဲ) ဖုန်းခေါ်လာပြီး Fax နဲ့ ပို့ထားတဲ့ သတင်းတွေကို အသံနဲ့ လိုချင်တဲ့အတွက် မကြာခင် ဒေါက်တာအောင်ခင် ကိုယ်တိုင် ကျနော့်ကို မေးမယ်လို့ ဆိုပါတယ်။ အဲဒီအချိန်အထိ အသံနဲ့ တခါမှ မပြောဖူးသေးဘဲ စာနဲ့ရေး၊ Fax နဲ့ ထိုးတဲ့ အဆင့်မှာပဲ ရှိပါသေးတယ်။ အခု အသံနဲ့ ပြောရမယ်ဆိုတော့ ရင်တွေတုန်လို့။
“မရဘူးကွ။ မင်းပြောတဲ့ အသံထဲမှာ ချောင်းဟန့်သံ ခဏခဏ ပါနေတာ အက်ဒစ် ပြန်လုပ်ဖို့ ခက်လိမ့်မယ်။ အစအဆုံး နောက်တခေါက် ပြန်ပြောပါ” ဆိုပြီး ဒေါက်တာအောင်ခင်က ကျနော့်ကို မောင်းပါတယ်။ ၃ ခါတိတိပြောမှ ၅ မိနစ်စာလောက် အင်တာဗျုးတခု ပြီးသွားပါတယ်။ အဲဒီကာလဟာ အခုခေတ်လို ဒီဂျစ်တယ်ခေတ် မဟုတ်သေးတဲ့အတွက် အသံတွေကို တိတ်ခွေပေါ်တင်ပြီး အက်ဒစ်လုပ်ရတာကြောင့် အတော် လက်ဝင်တယ်လို့ သိရပါတယ်။ ဘာပဲဖြစ်ဖြစ် ဒါဟာ ကျနော့် သတင်းထောက်ဘဝမှာ ပထမဆုံး အသံနဲ့ ပို့ဖူးတဲ့ သတင်းဖြစ်ခဲ့ပြီး စာနဲ့ပို့တဲ့ အဆင့်ကနေ အသံနဲ့ပို့တဲ့ အဆင့်ဆီ တက်ဖို့ ပထမ ခြေလှမ်းလို့လည်း ပြောနိုင်မယ် ထင်ပါတယ်။
ဒါ့အပြင် အယ်ဒီတာချုပ် ဒေါက်တာအောင်ခင်က သတင်းထောက် ပေါက်စ ကျနော့်ရဲ့ သတင်းပေးပို့ချက်တွေ တိုးတက် လာကြောင်းနဲ့ ပရော်ဖက်ရှင်နယ် သတင်းထောက် ဖြစ်အောင် ဆက်ကြိုးစားဖို့ အားပေးခဲ့ပါတယ်။ အယ်ဒီတာချုပ်ရဲ့ အားပေးစကား တခွန်းဟာ သတင်းထောက် ဖြစ်ချင်နေသူ တဦးအတွက် အလွန်တရာ တွန်းအား ဖြစ်စေခဲ့တယ်လို့ ကျနော် ထင်ပါတယ်။
အဲဒီနေ့က ကျနော့်ကိုဗျုးပြီး လွှင့်လိုက်တဲ့ စစ်ပွဲဆိုင်ရာ အကြောင်းအရာ တွေထဲမှာ အသက် ၁၂ နှစ် အရွယ် အမွှာ ညီနောင် ဦးဆောင်တဲ့ God Army (သို့မဟုတ်) ရွာသူမိုဒိုလို့ခေါ်တဲ့ ဘုရားသခင် တပ်မတော် အကြောင်းဟာ အတော် ပေါက်သွားတယ်လို့ နောက်ပိုင်းမှာ ပြန်သိရပါတယ်။
ဂျော်နီနဲ့ လူသာထူး ဆိုတဲ့ ဆံရှည် – ဆေးလိပ်ဖွာ အမွှာညီနောင် တပ်မှူး ၂ ဦးဟာ လျှာအနက်ရောင် ရှိတဲ့အတွက် ကျည်မပေါက်ဘူးလို့ သူတို့ရဲ့ နောက်လိုက်တွေက ပြောပါတယ်။ သတင်းထောက် တဦးအနေနဲ့ ယုံဖို့ ခက်ပေမယ့်လည်း ဒီလို ဒဏ္ဍာရီ ဆန်နေတာကိုက ပရိသတ်အတွက် ပိုပြီး စိတ်ဝင်စားစရာ ဖြစ်နေခဲ့တယ်လို့ သိရပါတယ်။ ။
0 comments:
Post a Comment