Sunday, December 24, 2017

၂၀၁၇ အလွန် ငြိမ်းချမ်းရေးကို မျှော်ကြည့်ခြင်း

The Voice Daily,
22-Dec-2017.

၂၀၁၇ ကို ငြိမ်းချမ်းရေးနှစ်လို့ ခေါင်းစဉ်ပေးခဲ့ပေမယ့်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၇ ကို ငြိမ်းချမ်းရေးနှစ်အဖြစ် ဇန်နဝါရီ ၁ ရက်နေ့မှာ ကျင်းပတဲ့ (NRPC) အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဌာနဖွင့်ပွဲမှာ စတင်ပြော ဆိုခဲ့ပါတယ်။ “အသံတွေ ထွက်လာရမယ်၊ ငြိမ်းချမ်းရေးလိုချင်တယ်၊ ညီညွတ်ရေး လိုချင်တယ်၊ အပြောင်း အလဲ လိုချင်တယ်ဆိုတာ အများသိအောင် ပြည်သူတွေရဲ့အသံတွေ ပေါ်လာဖို့လိုတယ်” လို့ အဲဒီအခမ်း အနားမှာ သူမက တိုက်တွန်းခဲ့ပါတယ်။
၂၀၁၆ မကုန်ခင် ဒီဇင်ဘာအစောပိုင်းကမှ မြောက်ပိုင်းမဟာမိတ်အဖွဲ့နဲ့ အစိုးရတပ်တွေကြား တိုက်ပွဲ ကြီးတွေဖြစ်ထားလို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် စိုးရိမ်နေသူတွေဟာ အစိုးရသစ်ခေါင်းဆောင်ရဲ့ ပြောဆိုချက်ကြောင့် မျှော်လင့်ချက် ပြန်ရှိလာပါတယ်။ သတင်းစာအယ်ဒီတာ့ အာဘော်တွေ၊ တစ်ဦးချင်းအာဘော်ဖြစ်တဲ့ Facebook တွေမှာ ငြိမ်းချမ်းရေးအသံတွေကို ပြန်ကြားလာရပါတယ်။

ဇန်နဝါရီ ဒုတိယပတ်ထဲမှာ ငြိမ်းချမ်းရေးအတွက် အလှူငွေကောက်ခံတော့ ခရိုနီ-ခရိုပြာတွေက ထည့်လိုက်တဲ့ငွေက အားရစရာကြီး။ တစ်ချိန်တည်းမှာပဲ အရပ်ဘက်အဖွဲ့အစည်းတွေ၊ NLD ပါတီဝင်တွေကလည်း ငြိမ်းချမ်းရေးကို ထောက်ခံကြောင်း ရန်ကုန်၊ ပဲခူး၊ မော်လမြိုင်၊ ပြည်၊ မကွေး၊ ရွှေဘို၊ ပုသိမ်၊ သထုံ၊ ထားဝယ်၊ မြိတ် စတဲ့မြို့တွေမှာ လူရာနဲ့ချီပါဝင်တဲ့ လူထု ချီတက်ပွဲတွေ ကျင်းပခဲ့ကြပါတယ်။

ဖေဖော်ဝါရီ ၁၂ ရက်နေ့ ပြည်ထောင်စုနေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သမိုင်းဝင် ပင်လုံစာချုပ် ချုပ်ခဲ့ဖူးတဲ့ ရှမ်းပြည်နယ်က ပင်လုံမြို့အထိသွားပြီး ငြိမ်းချမ်းရေးစကားဝိုင်း လုပ်ခဲ့ပါတယ်။ အဲဒီထက် ပိုထူးတာက မေလ ၂၄ ရက်နေ့မှာ ကျင်းပတဲ့ ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံဆီ တိုက်ပွဲဖြစ်နေဆဲ မြောက်ပိုင်း မဟာမိတ်ကိုယ်စားလှယ်တွေ အပါအဝင် NCA (တစ်နိုင်ငံလုံးအဆင့် အပစ်ရပ် လက်မှတ်ထိုးစာချုပ်) လက်မှတ်မထိုးရသေးတဲ့ UNF (ညီညွတ်သော တိုင်းရင်းသားမဟာမိတ် အဖွဲ့) ကိုယ်စားလှယ်တွေပါ တက်လာတဲ့အတွက် ငြိမ်းချမ်းရေးဟာ တကယ်ပဲ ရှေ့တစ်လှမ်းတက်နိုင် တော့မယ်လို့ မျှော်လင့်ခဲ့ကြပါတယ်။

ဒါပေမဲ့ အဲဒီပွဲဆီတက်လာတဲ့ မြောက်ပိုင်း မဟာမိတ်ကိုယ်စားလှယ်တွေက ဖွင့်ပွဲနဲ့ ညစာစားပွဲလောက်ကို သာ မိတ်ဖြစ်ဆွေဖြစ် (တရုတ်အစိုးရရဲ့တိုက်တွန်းချက်အရ) တက်ပြီး ဘာမှဆွေးနွေးတင်ပြမှုမလုပ်ဘဲ ညီလာခံမပြီးခင် ထပြန်သွားပါတယ်။ UNFC ကလည်း အလေးအနက် ဆွေးနွေးတင်ပြမှု မလုပ်ခဲ့ပါ။ ဒီကြားထဲ “နိုင်ငံတော်၏ နယ်မြေဟူသမျှ နိုင်ငံတော်မှ မည်သည့်အခါမှ ခွဲမထွက်ရ” ဆိုတဲ့ စာသားတွေကို တပ်မတော်ဘက်က တင်လာတဲ့အခါ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေတင်မကဘဲ တိုင်းရင်းသားပါတီ တွေနဲ့ပါ သဘောထားကွဲပြီး ငြိမ်းချမ်းရေးညီလာခံဟာ ရှေ့မတိုးနိုင်ပဲ ဖြစ်သွားခဲ့ပါတယ်။


ဒုတိယနှစ်ဝက် ငြိမ်းချမ်းရေးခရီးစဉ်က ဘာတွေလဲ

ဒုတိယနှစ်ဝက်အတွင်း အလားတူ ၂၁ ပင်လုံညီလာခံ နောက်တစ်ကြိမ်ကို နိုဝင်ဘာလထဲ ကျင်းပရ မှာဖြစ်ပေမယ့် အခြေအနေအရပ်ရပ်ကြောင့် ရှေ့နှစ် (ရှေ့လ) ဇန်နဝါရီလကုန်ပိုင်းအထိ ရွှေ့ဆိုင်းထား တယ်လို့ သိရပါတယ်။ အဲဒီအခြေအနေအရပ်ရပ်ဆိုတဲ့အထဲမှာ ရှေ့မှာတင်ပြခဲ့တဲ့ တိုက်ပွဲဖြစ်နေဆဲ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ ညီလာခံပြန်တက်ဖို့ မသေချာသေးတာ၊ လက်မှတ်မထိုးရသေးတဲ့ UNFC အဖွဲ့တွေက လက်မှတ်ထိုးဖို့ ဆက်ငြင်းနေတာ၊ လက်မှတ်ထိုးပြီးသား ၈ ဖွဲ့ထဲက တချို့အဖွဲ့တွေနဲ့ အစိုးရတပ်အကြား တိုက်ပွဲဖြစ်နေတာ၊ လက်မှတ်ထိုးထားတဲ့အဖွဲ့နဲ့ မထိုးရသေးတဲ့ အဖွဲ့တွေကြား နယ်မြေအငြင်းပွားပြီး အချင်းချင်းတိုက်နေတာတွေက ထိပ်ဆုံးက ပါနေနိုင်ပါတယ်။

(ကျောက်မဲမြိုံ လွှတ်တော်ရုံးက ရှင်းလင်းပွဲကို စစ်တပ်က ၀င်တားဆီးနေပုံ) 

ဒီကြားထဲ အပစ်ရပ်လက်မှတ်ထိုးပြီးသားခေါ် ရှမ်းလက်နက်ကိုင်အဖွဲ့က ဦးစီးကျင်းပမယ့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအကြိုအဖြစ် အခုလ ၁၇ ရက်နေ့က ပင်လုံမှာကျင်းပတဲ့ လူထုဆွေးနွေးပွဲကို တပ်မတော်စစ်ကြောင်းတစ်ခုက အင်အားသုံး ဝင်ရောက်တားဆီးလိုက်တဲ့အခါမှာတော့ လူထုဆွေးနွေးပွဲ ကတစ်ဆင့် ပြည်သူ့အမြင်တင်ပြရေး မျှော်လင့်ချက်ဟာလည်း မှေးမှိန်သွားရပြန်ပါတယ်။

ဒါက နှစ်ကုန်ပိုင်းအခြေအနေကို ဖြတ်ပြောလိုက်တာပါ။ ဒီလို အတားအဆီး မဖြစ်ခင်အထိ အခြားပြည်နယ် -တိုင်း ၆ ခုမှာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်နိုင်ခဲ့ပါတယ်။ အရပ်ဘက်အဖွဲ့အစည်းတွေ က ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ပညာပေးဟောပြောပွဲတွေ၊ ငြိမ်းချမ်းရေး  စာပေဟောပြောပွဲတွေ၊ သီချင်းဆိုပြိုင်ပွဲတွေ၊ အငြိမ့်ပြိုင်ပွဲတွေ၊ ဆုတောင်းပွဲတွေ စသဖြင့် အစုံလုပ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီပွဲတွေဟာ စစ်ပွဲနဲ့ဝေးတဲ့ မြို့ပြဒေသတွေမှာပဲ ကျင်းပနေတာဖြစ်ပြီး စစ်ပွဲဖြစ်နေတဲ့အရပ်၊ ဒုက္ခသည်တွေ ရှိနေတဲ့ အရပ်ဘက်မှာတော့ ဒီလိုပွဲတွေ သွားလုပ်တာမျိုး မတွေ့ရသေးပါ။

အားမနာတမ်းပြောရမယ်ဆိုရင်တော့ ၂၀၁၇ ဒုတိယပိုင်းနှစ်ဝက် ငြိမ်းချမ်းရေးလုပ်ငန်းဆိုတာဟာ ဟိုတယ်ခန်းတွေထဲက ပညာရှင်တွေ၊ နည်းနာပိုင်းကျွမ်းကျင်သူတွေရဲ့ ရုံးလုပ်ငန်းဆန်ဆန် ငြင်းခုံပွဲသာ များလာနေပြီး တကယ်စစ်တိုက်နေသူတွေက ပါဝင်လာခြင်းမရှိတော့ပါ။ အလားတူ မြို့ပြဒေသအသီးသီးရဲ့ စင်မြင့်တွေပေါ် ဆယ်လီတွေက ငြိမ်းချမ်းရေးအကြောင်း ဟောပြောကြ၊ သီချင်းတွေဆိုပြ၊ အငြိမ့်တွေကပြ နေပေမယ့် အများပြည်သူရဲ့ မျှော်လင့်ချက်က ဒီထက်ပိုတက်မလာတော့ပါ။


၂၀၁၈ မှာကော ငြိမ်းချမ်းရေး ရလာနိုင်သလား

၂၀၁၇ ဖြစ်စဉ်တစ်ခုတည်းကို ကြည့်ပြီးပြောမယ်ဆိုရင်တော့ ၂၀၁၈ မှာ ငြိမ်းချမ်းရေးရဖို့ မလွယ်သေးပါ။ ဒါပေမဲ့ ၂၀၁၀ ရွေးကောက်ပွဲပြီးကတည်းက စတင်ခဲ့တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တစ်ခုလုံးကို သုံးသပ်ပြီး အားနည်းချက်တွေကို ပြင်နိုင်မယ်ဆိုရင်တော့ ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ ၂၀၁၇ ထက်တော့ ၂၀၁၈ မှာ ပိုတိုးတက်လာမယ်လို့ မျှော်လင့်နိုင်ခြေ ရှိနေပါသေးတယ်။ 


ပထမဆုံးအချက်က ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အစိုးရမှာ ငြိမ်းချမ်းရေးရစေချင်တဲ့ဆန္ဒနဲ့ စေတနာရှိတယ်ဆိုတာ သံသယရှိစရာ မလိုပါဘူး။ ဒါကြောင့် အရင်စစ်အစိုးရတွေ၊ စစ်တစ်ပိုင်းအစိုးရ တွေနဲ့စာရင် NLD အစိုးရလက်ထက်မှာ ငြိမ်းချမ်းရေးနဲ့ ပိုနီးစပ်လာနိုင်တယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ ငြိမ်းချမ်းရေးဆိုတာ ဆုတောင်းပွဲတွေ၊ ဟောပြောပွဲတွေ လုပ်နေရုံသက်သက်နဲ့ မရနိုင်ပါ။ မဟာဗျူဟာလုပ်ငန်းစဉ်တွေ၊ အတွေ့အကြုံတွေ၊ ကျွမ်းကျင်မှုတွေ လိုအပ်နေပါသေးတယ်။

ပြည်တော်ပြန်ခရီးစဉ်တွေအတွင်း တွေ့ခဲ့ဖူးတဲ့ သူပုန်ဟောင်းတချို့ကတော့ “NLD အစိုးရမှာ ဦးအောင်မင်း တို့လို တာဝန်ခံနိုင်သူမရှိဘူး။ ကိစ္စတစ်ခုခုရှိရင် ဘယ်သူနဲ့ဆက်သွယ်ရမှန်းကို မသိဘူး” လို့ ညည်းကြပါ တယ်။ ဒီလိုပြောလိုက်လို့ အရင် ဦးသိန်းစိန်အစိုးရက NLD အစိုးရထက် ငြိမ်းချမ်းရေးကို ပိုဦးစားပေးတယ် လို့ မဆိုလိုပါ။ သူပုန်တွေနဲ့ ဆက်စပ်ပြီး အခုထက် ပိုတာဝန်ယူပေးဖို့ လိုနေတယ်။ လက်ရှိငြိမ်းချမ်းရေးဖြစ် စဉ်မှာ တာဝန်ပေးထားတဲ့ NLD က ပုဂ္ဂိုလ်တွေကို တာဝန်နဲ့ သင့် မသင့် ပြန်သုံးသပ်ဖို့ လိုနေတယ်လို့သာ ဆိုလိုပါတယ်။

သူပုန်ဟောင်းတွေနဲ့ရော၊ လက်ရှိတိုက်နေဆဲ သူပုန်တွေနဲ့ပါ ရင်းနှီးမှုတည်ဆောက်ဖို့၊ ဆက်ဆံရေး လမ်းကြောင်း ထူထောင်ဖို့ NLD ဘက်က (တပ်ကတစ်ဆင့် သွားနေတာမျိုးမဟုတ်ဘဲ) ကြိုးစားသင့် ပါတယ်။ တစ်ချိန်တည်းမှာပဲ တိုင်းရင်းသားပါတီတွေနဲ့ NLD ကြား မဟာမိတ်ဆက်ဆံရေးကိုလည်း ပြန်လည်တည်ဆောက်ဖို့ လိုပါတယ်။ တိုင်းရင်းသားပါတီတွေနဲ့ ရင်းနှီးခြင်းက တိုင်းရင်းသားသူပုန်တွေနဲ့ ရင်းနှီးလာစေဖို့၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ အခြေအနေပိုကောင်းလာစေဖို့ များစွာ အထောက်အကူ ဖြစ်စေနိုင်ပါတယ်။ 

နောက်တစ်ချက်ကတော့ NCA ကို လက်မှတ်ထိုးဖို့ အတင်းတိုက်တွန်းတာချည်းမလုပ်ဘဲ သူပုန်တွေ ဘက်က ဘာကြောင့် လက်မှတ်ထိုးဖို့ ငြင်းဆိုနေတာလဲ၊ လက်မှတ်ထိုးရင် သူတို့အတွက် ဘာအာမခံချက် ရမလဲဆိုတာကို သေချာရှင်းပြဖို့ လိုနေပါတယ်။ ဥပမာအားဖြင့် “ဝ” UWSA ဘက်က မကြာခဏပြောနေတဲ့ သူတို့ဘက်က လက်မှတ်မထိုးလည်း ငြိမ်းချမ်းရေးကို ၁၉၈၉ ကနေ အခုထိ ထိန်းထားနိုင်တယ်။ လက်မှတ်ထိုးထားတဲ့ RCSS နဲ့ အစိုးရတပ်က မကြာခဏ တိုက်ပွဲဖြစ်နေတယ်ဆိုတဲ့ ထောက်ပြမှုမျိုးကို အစိုးရဘက်က အသေအချာရှင်းပြနိုင်ဖို့ လိုပါတယ်။ 

ဒါက နည်းနာပိုင်းအချက်တချို့ပါ။ မူဝါဒပိုင်းမှာကော NLD ရဲ့ ပြည်ထောင်စုမူက ဘာလဲ။ “နိုင်ငံတော်၏ နယ်မြေဟူသမျှ နိုင်ငံတော်မှ မည်သည့်အခါမှ ခွဲမထွက်ရ” ဆိုတဲ့ တပ်မတော်ဘက်က အဆိုကို NLD က ထောက်ခံသလား။ ပင်လုံစာချုပ်နဲ့ ၁၉၄၇ ဖွဲ့စည်းပုံမှာ ပါတဲ့အတိုင်း ခွဲထွက်ခွင့်ရှိတယ်ဆိုတာကို အရှင်ထားပြီး အပေးအယူ လုပ်ချင်တဲ့သဘောထားရှိသလား။ တစ်နည်းအားဖြင့် ၂၁ ပင်လုံဆိုတာဟာ မူလပင်လုံမှာ သဘောတူထားတဲ့ အချက်တွေထက် တိုင်းရင်းသားတွေကို ပိုပေးမှာလား၊ မူလပေးထား တာထက် လျှော့ချဖို့ NLD က စိတ်ကူးထားသလား။

အဲ... သဘောတရားတွေ၊ နည်းနာတွေကို မည်သို့ပင် အကြိတ်အနယ် ဆွေးနွေးနေစေကာမူ အဓိကအကျဆုံးနဲ့ လက်တွေ့အကျဆုံးအချက်ကတော့ အစိုးရတပ်မတော်ကို ဒေါ်အောင်ဆန်းစုကြည်က အမိန့်ပေးနိုင်ရဲ့လားဆိုတဲ့ မေးခွန်းပါပဲ။ စစ်ဗိုလ်ဟောင်းသမ္မတ ဦးသိန်းစိန်လက်ထက်ကတောင် ထိုးစစ်တွေမရပ်နိုင်ဘူးဆိုပြီး ငြင်းဆိုခဲ့ဖူးတဲ့ တပ်မတ်ာကို လက်ရှိ အရပ်သားအစိုးရက ထိုးစစ်ရပ်ရေး အမိန့်ပေးဖို့ မလွယ်သေးပါ။ 

ဒါဖြင့် ထိုးစစ်မရပ်ဘဲ ငြိမ်းချမ်းရေးတည်ဆောက်နိုင်တဲ့ နည်းများ ဒီကမ္ဘာပေါ်မှာ ရှိနိုင်ပါသေးသလား။ သေချာတာကတော့ တပ်မတော်ဘက်က သွားမတိုက်ရင် ဟိုဘက်က နေပြည်တော်ကို လာမတိုက်ပါဘူး။ နိုင်ငံရေး သဘောတရားတွေ မည်သို့ပင် ဆွေးနွေးငြင်းခုံနေစေကာမူ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ဘက်က လောလောဆယ်လိုနေတာက သူ့နယ်သူ အုပ်ချုပ်ခွင့်ရရေး၊ တပ်မတော်က သူတို့ထိန်းချုပ် နယ်မြေဆီ ထိုးစစ်မလုပ်ရေးပါပဲ။


၁၉၈၉ လောက်တည်းက စတင်ခဲ့တဲ့ အပစ်ခတ်ရပ်စဲရေး လုပ်ငန်းစဉ်ပေါ် အခြေခံပြီး အခုချိန်အထိ တိုက်ပွဲလုံးဝမဖြစ်တဲ့ “ဝ” နယ်၊ ၂၀၁၀ ရွေးကောက်ပွဲအပြီးမှာ ၁၇ နှစ်တာ အပစ်ရပ်ရေးပျက်ပြားပြီး တိုက်ပွဲပြန်ဖြစ်နေတဲ့ ကချင်နယ်နဲ့ တစ်ချိန်လုံးတိုက်ပွဲဖြစ်နေပြီး အခုအစိုးရသစ် တက်ခါနီးမှ ငြိမ်းချမ်းရေးလက်မှတ်ထိုးတဲ့ ကရင်ပြည်နယ်အခြေအနေ ၃ ခုကို ယှဉ်ကြည့်ပါ။ ဘယ်အခြေအနေက တိုင်းပြည်အတွက် အကောင်းဆုံးလဲ။ လူအသေအပျောက် အနည်းဆုံးနဲ့ ဒေသဖွံ့ဖြိုးမှု အများဆုံးလုပ်နိုင်ခဲ့သလဲ။ 

ဒါက တိုင်းရင်းသားတွေဘက်က၊ ဒေသတွင်းရှိ လူသားတစ်ဦးချင်းစီဘက်ကနေ ငြိမ်းချမ်းမှု၊ ဖွံ့ဖြိုးမှုကို တိုင်းတာကြည့်တာပါ။ ဒါပေမဲ့ ဗဟိုချုပ်ကိုင်မှုကို အားသန်တဲ့ NLD အစိုးရ၊ အချုပ်အခြာအာဏာနဲ့ အမျိုးဘာသာဆိုတာကို တစ်ချိန်လုံးကြွေကြော်နေတဲ့ တပ်မတော်နဲ့ မြို့ပြဒေသနေ လူများစုကြီးကတော့ ဒီအမြင်ကို လက်ခံဖို့ မလွယ်သေးပါ။ “ဝ” တွေကို ဒီအတိုင်းလွှတ်ပေးထားရင် “ဝ”နယ်တစ်ခုလုံး တရုတ်ပြည်ထဲရောက်သွားမှာပေါ့။ အခုတောင် ဗမာစကားလည်းမပြော၊ ဗမာငွေလည်းမသုံး၊ ဗမာတပ်တွေကိုလည်း ဝင်ခွင့်မပြုနဲ့ သီးခြားနိုင်ငံလို ဖြစ်နေတယ်မဟုတ်လား။ သူတို့ကို ဒီတိုင်းလွှတ်ပေး ထားရင် ကျန်တဲ့တိုင်းရင်းသားဒေသတွေလည်း အဲဒီလို ဖြစ်လာမှာပေါ့ဆိုပြီး စိုးရိမ်နေသူတွေက အများကြီးရယ်။


ဒီစိုးရိမ်ချက်ပေါ် အခြေခံပြီး တိုင်းရင်းသားလက်နက်ကိုင်တွေကို နယ်ခြားစောင့်အဖြစ် အသွင်ပြောင်းရေး၊ လက်နက်ဖြုတ်သိမ်းရေး၊ တပ်မတော်တစ်ခုတည်းသာ ရှိရေးဆိုတာကို အတင်းအကျပ်နဲ့ အလျင်အမြန် ဆောင်ရွက်သင့်ပါလား။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အချိန်ဇယားရှိရမှာဖြစ်ပေမယ့် ဘယ်အချိန်မှာ ဘယ်အဆင့်ကိုရောက်ရမယ်ဆိုပြီး အတင်းဆွဲတာမျိုးဟာ အန္တရာယ်များပါတယ်။ အရေးကြီးတာက လူ့အသက်တွေ ထပ်မသေဖို့၊ ဒုက္ခသည်တွေ ထပ်မများလာစေဖို့၊ အိုးအိမ်တွေ ထပ်မပျက်စီးစေဖို့၊ နိုင်ငံ့ဘဏ္ဍာတွေကို စစ်ပွဲအတွက် ထပ်မဖြုန်းမိစေဖို့ ဖြစ်ပါတယ်။ ဒါကြောင့် နောက်တစ်ကြိမ်ကျင်းပမယ့် ၂၁ ပင်လုံမှာ အားလုံးပါဝင်ခွင့်ရပြီး လက်ရှိသွားနေတဲ့မူတွေ၊ လုပ်ငန်းစဉ်ကို ပြန်လည်မွမ်းမံနိုင်တဲ့၊ ဒီထက်ပိုခေတ်မီတဲ့ စိတ်ကူးစိတ်သန်းတွေ ပေါ်လာဖို့ မျှော်လင့်မိပါတယ်။     ။ 

Wednesday, December 20, 2017

ABSDF မြောက်ပိုင်း ကိစ္စ (မှတ်တမ်း)

ABSDF မြောက်ပိုင်းဖြစ်စဉ်နဲ့ပတ်သက်ပြီး ဥက္ကဌဟောင်း ဒေါက်တာနိုင်အောင် ရေးသားချက်ကို ဖေ့စ်ဘုတ်မှာ တွေ့ရ တဲ့အတွက် မှတ်တမ်းအဖြစ် ကူးယူဖေါ်ပြထားပါသည်။ (၂၀-၁၂-၂၀၁၇)
...


နန်းအောင်ထွေးကြည်အကြောင်းရုပ်ရှင်ရိုက်မယ်လို့ သတင်းထွက်လာအပြီးမှာ မြောက်ပိုင်းကိစ္စပြန်ပြောဖြစ်လာကြပါတယ်၊ အခုအောက်မှာ ၂၀၁၂ ခုနှစ်လောက်ကတည်းက ကျွန်တော်ထုတ်ပြန်ကြေညာခဲ့တာကိုလည်း မသိရသူများ ဖတ်ရအောင်ထပ်မံဖြန့်ဝေလိုက်ပါတယ်။ 

ကျွန်တောလဲ ဒီရက်ပိုင်းထဲမှာ အလုပ်တော်တော်ရှုပ်နေတဲ့အတွက် ချက်ချင်းတုန့်ပြန်မပြောဘူး...နောက်မှဘဲ အေးအေးဆေးဆေးပြောပြမလို့ပါဘဲ...ဒါပေမယ့် ခံစားချက်ဖြစ်နေကြတဲ့ရဲဘော်တွေက.....ကာယကံရှင်တွေ ငြိမ်နေကြတယ်ဆိုပြီးဖြစ်မှာစိုးလို့ အနည်းအကျဉ်းရေးပြလိုပါတယ်....

၁။ ကျွန်တော့်စာထဲမှာပါတဲ့အတိုင်း ကျွန်တော်တို့ တောင်ပိုင်းဗဟိုကော်မတီဟာ ဖြစ်ပွားတဲ့ကိစ္စကို နောက်မှသိရသလို၊ အပြစ်ပေးဘို့ အမိန့်ပေးတဲ့အထဲထဲမှာလည်း ကျွန်တော်တို့ဆုံးဖြတ်ချက်မပါခဲ့ပါဘူး။ သို့သော် ဗဟိုကော်မတီပြီပြီ ဝင်ရောက်ဖြေရှင်းခဲ့ပါတယ်၊ တာဝန်ယူတာဝန်ခံခဲ့ပါတယ်။ ကျန်ရှိသူတွေကို ဆက်လက်အရေးယူမှုတွေမလုပ်ဘဲ မိဘများထံပြန်လည်အပ်နှံဘို့ သွားရောက်ညှိနှိုင်းပေးခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ABSDF ရဲ့ တရားစီရင်ရေးပုံစံကိုပြုပြင်ခဲ့ပါတယ်။

၂။ ကျွန်တော်မြောက်ပိုင်းကို ရောက်သွားတုန်းက နန်းအောင်ထွေးကြည်ရဲ့ ဦးလေးတော်စပ်သူပါပါတယ်။ သူကူညီလို့သာ ကျွန်တော်လဲ ရောက်သွားနိုင်တာပါ။ ကျွန်တော်တို့ရောက်တဲ့အချိန်မှာ အပြစ်ပေးအရေးယူမှုပြီးသွားလို့ ၂ လကျော်နေပါပြီ။ နန်းအောင်ထွေးကြည်ကို ယူနီဖေါင်းဝတ်နဲ့ ရဲဘော်တစ်ယောက်အနေနဲ့တွေ့ရတာပါ။ အဲဒီအချိန် သူ့ကို အစိုးရသက်သေပုံစံမျိုး ပြန်လွှတ်ထားပါတယ်။ သိရသလောက်က သူက မြောက်ပိုင်းမှာ စပိုင်တွေဝင်ခဲ့တယ်ဆိုတဲ့ ရေလှိုင်းစစ်ဆင်ရေးအကြောင်းကို ဖေါ်ထုတ်ပေးခဲ့လို့ သက်သေအနေနဲ့လွှတ်ပေးလိုက်တယ်လို့ဘဲသိရပါတယ်။ ပြစ်ဒါဏ်အပေးခံရတဲ့သူတော်တော်များများလဲ သူ့ရဲ့ အဲဒီထွက်ချက်အရဘဲပြစ်ဒါဏ်ပေးတယ်လို့ ကျွန်တော်တို့ကိုပေးသိပါတယ်။ သက်ဆိုင်ရာ မပ မှာ တာဝန်ရှိတဲ့သူတွေ ယနေ့ထက်ထိ သက်ရှိထင်ရှားရှိနေပါသေးတယ်။ ကျွန်တော်နဲ့ သူ့ဦးလေး ရဲ့ပန်ကြားချက်နဲ့ဘဲ နန်းအောင်ထွေးကြည်ကို သူ့ဦးလေးနဲ့ ထိုင်းကိုထည့်ပေးလိုက်ဘို့ မပ က သဘောတူခဲ့ပါတယ်။ နောက်ပိုင်း နန်းအောင်ထွေးကြည်ထိုင်းကိုရောက်လာပြီး သြစတေးလျကို ရောက်သွားတယ်လို့ဘဲ သိရပါတယ်။

၃။ နန်းအောင်ထွေးကြည်ကိစ္စနဲ့ပါတ်သက်ပြီး အဖြစ်မှန်ကို သေသေချာချာမသိ၊ မစူးစမ်းဘဲ ရုပ်ရှင်ရိုက်မယ့်ကိစ္စကို ကန့်ကွက်ပါတယ်။ ဒီမိုကရေစီတော်လှန်ရေးအတွက် ထိပ်ဆုံးက အသက်တွေပေးတာဝန်ယူခဲ့ရတဲ့ ABSDF တခုလုံးရဲ့ ဂုဏ်သိက္ခာကိုထိခိုက်ရင်တော့ ပြင်းပြင်းထန်ထန် တုန့်ပြန်ရမှာဖြစ်ပါတယ်။ နစ်နာမှု၊ ဆုံးရှုံးမှုတွေကို မှားယွင်းစွာခံစားခဲ့ရသူများကို ကိုယ်ချင်းစာနားလည်ပါတယ်။ ထိုက်သင့်တဲ့ အရေးယူဆောင်ရွက်မှုတွေလဲ ဖြစ်သင့်တယ်လို့ အမြဲပြောပါတယ်။

၎။ မြောက်ပိုင်းကိစ္စကို အကောင်းဆုံးဖြေရှင်းနိုင်တဲ့နည်းကတော့ အဲဒီလိုအရေးယူလိုက်တဲ့အထိဘာလို့ဖြစ်သွားတာလဲဆိုတဲ့ အဖြစ်မှန်ကိုဖေါ်ထုတ်ဘို့ပါဘဲ။ အဲဒီအတွက် သက်ဆိုင်ရာကာယကံရှင် မြောက်ပိုင်းပြန်ရဲဘော်များ၊ အဲဒီအချိန်က မြောက်ပိုင်းနဲ့ တောင်ပိုင်းဗဟိုမှာတာဝန်ယူခဲ့ကြတဲ့ခေါင်းဆောင်များ၊ လက်ရှိ ABSDF ဗဟိုတာဝန်ရှိသူများ မျက်နှာချင်းဆိုင်စုံပြီးဖေါ်ထုတ်ကြမှသာဖြစ်ပါမယ်။ ကျွန်တော်တို့လည်း အကုန်မသိနိုင်ခဲ့ပါဘူး။ မြောက်ပိုင်းပြန်ရဲဘော်များလည်း အကုန်သိနိုင်မယ်မထင်ပါဘူး။ လက်ရှိ ABSDF ကတာဝန်ယူထုတ်ခဲ့တဲ့ အစီရင်ခံစာကလည်း လိုရင်းကို ရောက်အောင်မသွားနိင်ခဲ့ပါဘူး။ ပြည်သူများအနေဖြင့်လည်း ဟိုဟာဟုတ်နိုးနိုး၊ ဒီဟာဟုတ်နိုးနိုး နဲ့ ဦးတဲ့လူပြောတာကို ယုံနေရသလိုဖြစ်နေတာပါဘဲ။

အဲဒီတော့ ဒီလိုမရှင်းနိုင်သေးခင်မှာ ပိုပြီးရှုပ်ထွေးစေမယ့် တင်းမာစေမယ့်အပြုအမူများအားလုံးကို မည်သူမဆိုသတိကြီးကြီးနဲ့ ရှောင်ရှားကြဘို့ မေတ္တာရပ်ခံချင်ပါတယ်။
လေးစားစွာဖြင့်
နိုင်အောင်
CC: Kyaw Kyaw Nyein Chan

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ABSDF မြောက်ပိုင်း၌ ၁၉၉၁ ခုနှစ်နှင့် ၁၉၉၂ ခုနှစ်များ၌ ဖြစ်ပွားခဲ့သော ဖမ်းဆီးအရေးယူမှုများနှင့် ပတ်သက်၍ ABSDF ဥက္ကဌဟောင်း ဒေါက်တာနိုင်အောင်၏ ရှင်းလင်းချက်


လတ်တလောကာလအတွင်း ၁၉၉၁ ခုနှစ်၊ ၁၉၉၂ ခုနှစ်များ၌ မကဒတ မြောက်ပိုင်း၌ ဖြစ်ပွားခဲ့သော ဖမ်းဆီး အရေးယူ မှုများနှင့် ပါတ်သက်၍ ပြောဆိုရေးသားမှုများကို ကြားသိတွေ့မြင်နေရပါသည်။ မိမိအနေဖြင့် လက်ရှိကာလတွင် `မကဒတ´အတွက် ပြောရေးဆိုခွင့်ရှိသူတယောက် မဟုတ်သော်လည်း ထိုအချိန်ကာလအတွင်း တာဝန်ရှိခဲ့သူ တဦးအနေဖြင့် ကာယကံရှင်များ နှင့် စိတ်ဝင်စားသူများ သိရှိ နားလည်စေရန်အတွက် အချက်အလက်မှန်များကို ရှင်းလင်းတင်ပြ အပ်ပါသည်။ မိမိအနေဖြင့် စိတ်ဝင်စားသူအားလုံး နားလည်သဘောပေါက်စေရန် မိမိ ရင်ဆိုင်ကြုံတွေ.ဖြတ်သန်းခဲ့ရသော အဖြစ်မှန် များကို မခြွင်းမချန် တင်ပြခြင်းသာဖြစ်၍ မည်သူတစ်ဦးတယောက်၊ တသင်းတဖွဲ.ကိုမျှ နစ်နာစော်ကားလိုသော စိတ်ဆန္ဒမရှိပါ ကြောင်း ရိုးသားစွာဖြင့် ကနဦး မေတ္တာရပ်ခံ တင်ပြလိုပါသည်။

၎င်းအချိန်၌ ရှိနေသော မကဒတ၏ နောက်ခံအခြေအနေ

(က) `မကဒတ´ ဗဟိုနှင့် စခန်းများအခြေအနေ
`မကဒတ´ တွင် ဖြတ်သန်းလာသူများအားလုံး `မကဒတ´အား မည်သို့ တည်ဆောက်ခဲ့ကြသည်ကို အားလုံး ကြုံဖူးခဲ့ကြမည် ဖြစ်သည်။ နယ်မြေအသီးသီးမှရောက်ရှိလာသော ရှစ်လေးလုံးသပိတ်တိုက်ပွဲဝင် ကျောင်းသား၊ လူငယ်၊ လူကြီး အပေါင်းဖြင့် သက်ဆိုင်ရာ တိုင်းရင်းသားနယ်မြေများတွင် စခန်းများကို တည်ထောင်ခဲ့ကြခြင်း ဖြစ်ပါသည်။ ဤသို့ နယ်မြေအလိုက် စုစည်းထားသောစခန်းများကို အခြေခံ၍ အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု (NDF) ၏ ကမကထပြုမှုဖြင့် မကဒတ ကို ၁၉၈၈ ခုနှစ် နိုဝင်ဘာလ (၁)ရက်နေ့တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါသည်။ ကိုထွန်းအောင်ကျော်မှာ ပထမဆုံးဥက္ကဌအဖြစ် အရွေးချယ်ခံခဲ့ရပါသည်။

၈၈ ကျောင်းသားလှုပ်ရှားမှု အတွင်းတည်ရှိခဲ့သော ကျောင်းသားအုပ်စုအသီးသီး၏ အမြင်၊ အစွဲနှင့် ဒေသနောက်ခံ မတူ ညီမှုများအပေါ်တွင် ဖြစ်တည်ခဲ့ကြသော ပဋိပက္ခတချို.ကို `မကဒတ´ ဗဟိုကော်မတီအတွင်း ဖြေရှင်း မနိုင်ဖြစ်ခဲ့သဖြင့် တိုတောင်းလှသောသက်တမ်းအတွင်း အရေးပေါ်ညီလာခံ တရပ်ကို ခေါ်ယူကျင်းပကာ ဗဟိုကော်မတီကို ပြန်လည်ဖွဲ့စည်းခဲ့ကြရပါသည်။ စခန်းအများစုမှာ ကိုယ်ထူကိုယ်ထ ရပ်တည်နေခြင်း၊ ဗဟိုအပေါ်တွင် ယုံကြည်လေးစားမှုမရှိခြင်း တို့ကြောင့် ပထမအကြိမ်ညီလာခံသက်တမ်း ဗဟိုကော်မတီမှာ သြဇာသက်ရောက်မှု မရှိလှပါ။ 
ဤကာလအတွင်း ကျောင်းသား တပ်မတော်ဟူ၍ စတင်ဖွဲ့စည်းခဲ့သလို ကျောင်းသားအမြောက်အများ မြန်မာပြည်သို့ပြန်ခြင်း၊ ထိုင်းနိုင်ငံအတွင်းသို့ ၀င်ရောက် သွားခြင်းများ ဖြစ်ပေါ်ခဲ့ပါသည်။
ထိုအချိန်ကာလတွင် ကိုမိုးသီးဇွန်သည်လည်း လွတ်မြောက်နယ်မြေသို့ ရောက်ရှိလာခဲ့ပြီး တပ်ရင်း၊ စခန်း၊ အကွဲအပြဲ များလည်း အကြောင်းအမျိုးမျိုးဖြင့် စတင်ပေါ်ပေါက်ခဲ့ပါသည်။

`မကဒတ´ ကို တဆင့်ပိုမိုကျစ်လစ်ခိုင်မာစေသော ဒုတိယအကြိမ်ညီလာခံကို ၁၉၈၉ ခုနှစ်တွင် မင်းသမီးစခန်း၌ ကျင်းပ ခဲ့ပါသည်။ ထိုညီလာခံတွင် ကိုမိုးသီးဇွန်က ဥက္ကဌ၊ မိမိက ဒု-ဥက္ကဌ(စီမံ)၊ ကိုကျော်ကျော်က အထွေထွေအတွင်းရေးမှူး အဖြစ် တာဝန်ပေးအပ်ခံခဲ့ရပါသည်။ ယခင် ပထမအကြိမ်ညီလာခံသက်တမ်း ဗဟိုကော်မတီဝင်အများစုမှာ ပြန်လည် ရွေးချယ် မခံရတော့ပါ။ တစ်ချို့ ဘန်ကောက်သို. ရောက်ရှိသွားကြသလို၊ တချို့လည်း မိခင်စခန်းများသို့ ပြန်လည်ရောက်ရှိသွားခဲ့ကြပါ သည်။ ဤကာလအတွင်း ဗဟိုနှင့်စခန်း များ၏ အာဏာခွဲဝေမှု၊ ကျောင်းသားတပ်မတော်အတွင်း ဗဟိုဦးစီးအမိန့် ရရှိနိုင်ရန် ကြိုးပမ်းတည်ဆောက်နေရသောကာလဖြစ်ပြီး စခန်းများအနေဖြင့် ဗဟိုကော်မတီကို နိုင်ငံရေးအရ တစုံတရာ အသိအမှတ်ပြုလာ သော ကာလလည်းဖြစ်ပါသည်။ 

၁၉၉၀ ရွေးကောက်ပွဲ၊ ဘုရားသုံးဆူ၊ မယ်သဝေါထိုးစစ်နှင့် န၀တ မှ ကမ်းလှမ်းလာသော အပစ်အခတ်ရပ်စဲရေးကိစ္စများ နှင့် ကြုံတွေ့ခဲ့ရသော ကာလဖြစ်ပြီး၊ `မကဒတ´ရဲဘော်များအနေဖြင့်လည်း မဟာမိတ်များနှင့်ပူးတွဲ၍ ရှေ.တန်းစစ်မြေပြင် မြန်မာ ပြည်နိုင်ငံရေးဇတ်ခုံနှင့် နိုင်ငံတကာစင်မြင့်များတွင် ပေါ်လွင်ထင်ရှားစွာ လှုပ်ရှားနိုင်ခဲ့သော ကာလလည်းဖြစ်ပါသည်။
တချိန်တည်းမှာပင် `မကဒတ´အတွင်းတွင်လည်း အတွေးအခေါ်တိုက်ပွဲသဏ္ဍန်ဖြင့် ပုံဖေါ်လာသော ခေါင်း ဆောင်မှုတိုက်ပွဲများလည်း ထင်ရှားလာခဲ့ပါသည်။ မကဒတ ဗဟိုကော်မတီ ဌာနချုပ်ကို “ယာယီတော်လှန်ကော်မတီ” ဟူသော ဂိုဏ်းကွဲအုပ်စုမှ လက်နက်နှင့်ဝိုင်းခဲ့သည့်ဖြစ်ရပ်မျိုးအထိ ပေါ်ပေါက်ခဲ့ရပါသည်။ ဤညီလာခံ သက်တမ်းကာလအတွင်း မိမိမှ ၁၉၉၀ ရွေး ကောက်ပွဲကာလ စစ်ရေးလှုပ်ရှားမှုများတွင် မဲရုံများအား စစ်ရေးအရ မတိုက်ခိုက်ရဟု ပြောဆိုခဲ့ သည်.အပေါ် မိမိအား စေ့စပ်ကြေအေးရေးအတွေးအခေါ်ရှိသူဟု အုပ်စုဖွဲ.စွပ်စွဲတိုက်ခိုက်မှုများ ပေါ်ပေါက်ခဲ့ပါသည်။ မိမိအနေဖြင့် ဗဟိုကော်မတီအကွဲအပြဲ မဖြစ်စေလို၍ တာဝန်မှ နှုတ်ထွက်ပေးခဲ့ပြီး မိခင်တပ်ရင်းအခြေပြုရာ ဘုရားသုံးဆူစခန်းသို့ ပြန်ခဲ့ပါသည်။ 

(ခ) မကဒတ တတိယ အကြိမ်ညီလာခံ
တိုင်းရင်းသား မဟာမိတ်အဖွဲ.အစည်းများ န၀တစစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးဆွေးနွေးမှုများ ပြုလုပ်နေသည့် အခြေအနေ၊ NLD ရွေးကောက်ပွဲ နိုင်သွားသည့်အခြေအနေ၊ စစ်အစိုးရက ကရင်နယ်မြေတခုတည်းသို့ ထိုးစစ်ကြီးများ အကြီး အကျယ် ဆင်နွဲနေသော အခြေအနေအောက်တွင်၊ တတိယအကြိမ်ညီလာခံကို ကျင်းပခဲ့ရခြင်းဖြစ်ပါသည်။
တချိန်တည်းမှာပင် `မကဒတ´ဗဟိုကော်မတီအတွင်း၌ စေ့စပ်ကြေအေးရေး အတွေးအခေါ်သမားများ လွှမ်းမိုးနေသည်ဟူသော စွပ်စွဲတိုက်ခိုက်မှုဖြင့် ယာယီတော်လှန်ကော်မတီ ဆိုသည့် ဗဟိုကော်မတီအား ဆန့် ကျင်သည်. စင်ပြိုင်လှုပ်ရှားမှုများလည်း ရှိနေသကဲ့သို့ ၎င်းကော်မတီမှ မကဒတ ဗဟိုဌာနချုပ်ကို လက်နက်နှင့်ဝိုင်းခဲ့သည့်ကိစ္စ ကိုလည်း ညီလာခံတွင် ဖြေရှင်းအရေးယူရန် ကျန်စခန်းများမှ တောင်းဆိုထားသည့်အခြေအနေများလည်း ရှိနေပါသည်။
ဤယာယီတော်လှန်ကော်မတီကို တပ်ရင်း ၂၀၈ တပ်ရင်းမှူး ကိုမျိုးသန့်နှင့် ကိုဇော်ထွန်း (၂ ယောက်စလုံး ပျောက်ဆုံး) တို့က ဦးဆောင်ခဲ့ပါသည်။ 

သံလွင်စခန်းတွင် စတင်ကျင်းပပြုလုပ်ခဲ့သော မကဒတ တတိယအကြိမ်ညီလာခံ၏ (၁၆၊ ၈၊ ၁၉၉၁) တတိယမြောက်နေ. (နေ.လည်ပိုင်း) အစည်း အဝေးတွင် တပ်ရင်း(၂၀၈) ယာယီတော်လှန်ကော်မတီ၏ အယူခံလွာကိစ္စကို စတင်ဆွေးနွေးရာ တပ်ရင်းမှူးကိုမျိုးသန်.က ယာယီတော်လှန်ကော်မတီ၏နောက်ကွယ်တွင် ဥက္ကဌဖြစ်သူ ကိုမိုးသီးဇွန်ကိုယ်တိုင် ပါဝင်ပတ်သက်မှုရှိခဲ့ကြောင်း၊ ထုတ်ဖေါ်ပြောဆိုသွား ခဲ့ပါသည်။
ဤအခြေအနေများအောက်တွင် ကျင်းပ ခဲ့ရသောထိုညီလာခံ၌ မိမိအနေဖြင့် တပ်ရင်း(၁၀၁)မှ သာမန် ညီလာခံ ကိုယ်စား လှယ်တစ်ဦးအနေဖြင့်သာ တက်ရောက်ခဲ့ခြင်း ဖြစ်ပါသည်။ နောက်ပိုင်းတွင် ဖမ်းဆီးထိမ်းသိမ်းခံခဲ့ရသည်. ကိုနေ၀င်းအောင် (သံလွင်စခန်းကိုယ်စားလှယ်)နှင့် ကိုစိုးလင်း(မြောက်ပိုင်းကော်မတီကိုယ်စားလှယ်) တို.လည်း ယင်းညီလာခံသို. တက်ရောက်ခဲ့ကြပါသည်။ မကဒတ၏ ဖွဲ.စည်းပုံ အခြေခံဥပဒေအရ ညီလာခံတွင် အသစ်ရွေးချယ်တင်မြောက်ခံရသည်. ဗဟိုကော်မတီသစ်မှ ကျမ်းသစ္စာကျိန်ဆိုပြီး တရားဝင် အာဏာ လွဲပြောင်းရယူသည်.အချိန်အထိ ယခင်ဗဟိုကော်မတီဟောင်းတွင် တာဝန်နှင့်လုပ်ပိုင်ခွင့် အပြည်.အ၀ ရှိပါသည်၊ 

မြောက်ပိုင်းကိစ္စနှင့်တတိယအကြိမ်ညီလာခံ(သြဂုတ်လ ၁၄ ရက်နေ့ မှ အောက်တိုဘာလ ၂၅ရက်နေ့ ၁၉၉၁ခုနှစ်)
သံလွင်စခန်းညီလာခံအတွင်း တင်းမာမှုများပေါ်ပေါက်နေစဉ် တရက်၌ ဥက္ကဌ ကိုမိုးသီးဇွန်က မြောက်ပိုင်းဗဟို၌ ရန်သူ သူလျှိုများကို ဖေါ်ထုတ်ဖမ်းဆီးရမိထားကြောင်း၊ ထိုသူများထဲတွင် ဗဟိုကော်မတီဝင်များလည်း ပါဝင်သည်ဟု ကြေးနန်းရရှိကြောင်း ညီလာခံခန်းမအတွင်း၌ ထုတ်ဖေါ်ပြောဆိုခဲ့ပါသည်။ ကိုမိုးသီးဇွန်၏ ထိုပြောဆိုချက်အပေါ် မြောက်ပိုင်း ကိုယ်စားလှယ်တစ်ဦးဖြစ် သည်. ကိုစိုးလင်း အပါအ၀င် ကိုယ်စားလှယ်တချို.က အပြင်းအထန် ကန်.ကွက်ဆွေးနွေးခဲ့ကြပါသည်၊ ညီလာခံအတွင်း တင်းမာမူ များလည်း ပိုမိုကြီးထွားလာခဲ့ပါသည်။

မကဒတ၏ ဖွဲ.စည်းပုံအခြေခံဥပဒေအရ ညီလာခံတွင် အသစ်ရွေးချယ်တင်မြောက်ခံရသည်. ဗဟိုကော်မတီသစ်မှ ကျမ်း သစ္စာကျိန်ဆိုပြီး တရားဝင် အာဏာလွဲပြောင်းရယူသည်.အချိန်အထိ ယခင်ဗဟိုကော်မတီဟောင်းတွင် တာဝန်နှင့်လုပ်ပိုင်ခွင့် အပြည်.အ၀ ရှိပါသည်။ သို.ဖြစ်၍ မြောက်ပိုင်းဗဟို၏ ထိုကြေးနန်းအပေါ် ကိုမိုးသီးဇွန် ခေါင်းဆောင်သော ဗဟိုကော်မတီဟောင်း အနေဖြင့် မည်ကဲ့သို. ပြန်လည်ညွန်ကြားခဲ့ကြောင်းကို ထိုအချိန်က သာမန် ညီလာခံကိုယ်စားလှယ်တဦးသာ ဖြစ်သည်. မိမိအနေ ဖြင့် အတိအကျ မသိရှိခဲ့ပါ။ ထိုကိစ္စနှင့်ပတ်သက်ပြီး ကိုမိုးသီးဇွန်က မြောက်ပိုင်းဗဟိုကို ကြေးနန်းတစောင် ပြန်ကြားခဲ့သည်ဟုသာ မိမိအနေဖြင့် နောက်ပိုင်းတွင် ပြန်လည်ကြားသိခဲ့ရပါသည်။ 
စက်တင်ဘာလ ၁၀ ရက်နေ့တွင် ဖွဲ.စည်းပုံရေးဆွဲရေးအဖွဲ.၊ ရှေ.လုပ်ငန်းစဉ်ရေးဆွဲရေးအဖွဲ.နှင့် စစ်ရေးလမ်းစဉ်ရေးဆွဲ ရေးအဖွဲ.ဆိုသည်. အလုပ်အဖွဲ.(၃)ဖွဲ.ကို ဖွဲ.စည်းပေးပြီး ညီလာခံကို ခေတ္တရပ်နားခဲ့ပါသည်။ လုံခြုံရေးအခြေအနေအရ (၁၃)ရက် နေ.တွင် မဟာမိတ် ကေအင်န်ယူနှင့် ညီလာခံကောင်မရှင်တို.၏ ညှိနှိုင်းမှုဖြင့် မာနာပလောကို စတင်ပြောင်းရွေ့ခဲ့ပြီး (၁၆)ရက်.တွင် မာနာပလော၌ ညီလာခံကို ဆက်လက်ကျင်းပခဲ့ပါသည်။

မာနာပလောတွင်လည်း ညီလာခံအတွင်း၌ တင်းမာမှုများ ဆက်လက်ပေါ်ပေါက်ခဲ့သဖြင့် ညီလာခံကို မကြာခဏ ရပ်နား လိုက် ပြန်စလိုက်ဖြင့် စခန်းသွားခဲ့ရပါသည်။ ရွေးချယ်တင်မြှောက်ပွဲပြုလုပ်မည်.် စက်တင်္ဘာ(၂၈)ရက်နေ.တွင် ကိုမိုးသီးဇွန်တို.ဘက် က အများစု၏ လျို.၀ှက်ဆန္ဒမဲဖြင့် ရွေးချယ်မည်.အစီအစဉ်ကို လက်မခံနိုင်ကြောင်း ငြင်းဆိုခဲ့ရာမှ အခြေအနေ အတင်းမာဆုံးကို ရောက်ရှိခဲ့ရပြီး ညီလာခံကို တဖန် ရပ်နားခဲ့ရပြန်ပါသည်။ ကေအင်န်ယူ အပါအ၀င် ဒီအေဘီတပ်ပေါင်းစု ခေါင်းဆောင်များ၏ ကြား ၀င်ပေးမှုဖြင့် စခန်းအသီးသီးမှ ကိုယ်စားလှယ်တဦးစီပါဝင်သောအဖွဲ.က ညှိနှိုင်းမှုများ ဆက်လက်ပြုလုပ်ခဲ့ကြပါသည်။ 

ညီလာခံကို အောက်တိုဘာလ ၈ ရက်နေ့တွင်ပြန်လည်ကျင်းပပြီး ၃ ရက်အကြာ အောက်တိုဘာလ ၁၁ ရက်နေ့တွင် မြောက်ပိုင်းမှ စပိုင်ဟုစွပ်စွဲဖမ်းဆီးခံရပြီး ထွက်ပြေးလွတ်မြောက်လာသူ ၃ ဦးနှင့် ပြုလုပ်သော နဝတ၏ သတင်းစာရှင်းလင်းပွဲကို ကြားသိရပါသည်။ မကဒတ(မြောက်ပိုင်း)တွင် စပိုင်ဟု စွပ်စွဲပြီး ဖမ်းဆီးထားသူ(၄၀)ကျော်ရှိကြောင်း၊ ဥက္ကဌ ထွန်းအောင်ကျော် အပါအ၀င် ဗဟိုကော်မတီဝင်(၅)ဦး ပါဝင်ကြောင်း၊ ရက်ရက်စက်စက် နှိပ်စက်စစ်ဆေးခံရတဲ့အတွက် ယခုအခါ (၅)ဦး ခန်. သေဆုံးသွားပြီဖြစ်ကြောင်း၊ အဆိုပါထွက်ပြေးလာသူ(၃)ဦးက ပြောဆိုခဲ့သည်ကို စစ်အစိုးရေဒီယိုမှတဆင့် ညီလာခံကိုယ်စားလှယ်တချို. ကြားသိခဲ့ရပါသည်။ 

မဟာမိတ်များမှလည်း မိမိတို့၏အခြေအနေကို ညှိနှိုင်းပေးရင်းလက်ပမ်းကြလာပြီး သံလွင်စခန်းတွင်ပြန်လည်ပြုလုပ်ကြရန်ပြော သဖြင့် အောက်တိုဘာလ ၁၉ ရက်နေ့တွင်မိမိတို့ ကျောင်းသားစခန်း၌ ဆက်လက်ကျင်းပခဲ့ကြပါသည်။ `မကဒတ´တတိယအကြိမ် ညီလာခံကြီးအနေဖြင့် ပြဿနာများဖြေရှင်းရင်းနှင့် အကွဲအပြဲဖြစ်သည်အထိ ရောက်ရှိသွား သောကြောင့် မြောက်ပိုင်းကိစ္စကို အလေးအနက် မဆွေးနွေးနိုင်ခဲ့ပါ။ ဆွေးနွေးရန်လည်း ထိုအချိန်က တာဝန်ရှိသူများအနေဖြင့် ညီလာခံသို. တင်ပြခဲ့ခြင်း မရှိပါ။
မိမိတို့ အနေဖြင့် ညီလာခံဆက်လက်ကျင်းပပြီး ဗဟိုကော်မတီသစ်ကို ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်မည်ဟု ဆုံးဖြတ်နေချိန်တွင် ကိုမိုးသီးဇွန်တို့ ဦးဆောင်သောအဖွှဲ့က ညီလာခံကို လုံးဝ မတက်ရောက်တော့ပါ။ ဘုရားသုံးဆူစခန်းမှ ခွဲထွက်သွားသောအဖွဲ့များ၊ ယာယီတော်လှန်ကော်မတီအဖွဲ့များနှင့် ပထမအကြိမ်ညီလာခံသက်တမ်းမှ ဗဟိုကော်မတီဝင်ဟောင်း တချို. ကိုမိုးသီးဇွန်ဘက်သို. လိုက်ပါသွားကြပြီး ၎င်းတို့ဖာသာ သီးသန့်ညီလာခံ တခုကို စင်ပြိုင်ကျင်းပပြု လုပ်ခဲ့ပါသည်။

မိမိတို့ကလည်း ကျန်ရှိနေသော ညီလာခံကိုယ်စားလှယ်အများစုနှင့် ညီလာခံကို ဆက်လက်ကျင်းပပြီး တတိယအကြိမ် ညီလာခံသက်တမ်း ဗဟိုကော်မတီကို ဖွဲ့စည်းခဲ့ကြပါသည်။ အောက်တိုဘာ ၂၅ ရက်နေ့တွင် ညီလာခံ ပြီးဆုံးခဲ့ပါ သည်။ ဤဗဟိုကော်မတီကို`မကဒတ´မြောက်ပိုင်းမှ ထောက်ခံခဲ့ပြီး ဖွဲ့စည်းမှုထဲတွင် ပါဝင်လာခဲ့ပါသည်။
ညီလာခံပြီးလျှင်ပြီးချင်း `န၀တ´ထိုးစစ်များကြောင့် မာနယ်ပလောတစ်ဝိုက်ရှိစခန်းများ ထိုင်းဖက်ကမ်းသို့ ရွှေ့ပြောင်းနေ ရပြီး၊ ယနေ့ DKBA ဟု ဖြစ်လာမည့် ပြဿနာအစကို မဟာမိတ်များနှင့် ၀ိုင်းဝန်းကူညီဖြေရှင်းနေချိန်မှာပင် မိမိတို့ ဗဟိုကော်မတီမှ မြောက်ပိုင်းကိုယ်စားလှယ်တစ်ဦးဖြစ်သော ကျော်ကျော်(ကချင်)ကို ၁၉၉၂ ခုနှစ် ဇန္နဝါရီလတွင် `မကဒတ´မြောက်ပိုင်းသို့ ပြန်လည်စေလွှတ်လိုက်ပါသည်။ ၎င်းနှင့်အတူ မိမိတို့ထံသို့ စစ်ဆေးတွေ့ရှိချက်များ အမြန်ဆုံးပေးပို့ပါရန်နှင့် မိမိတို. ဗဟိုကော် မတီ၏ ဗဟိုဆုံးဖြတ်ချက်မပါဘဲ မည်သည့်အရေးယူမှုကိုမျှ မလုပ်ရန်၊ ဗဟိုနှင့် ဆက်သွယ်ရေးစနစ်ကို တိုက်ရိုက်ထူထောင်ရန် ညွှန် ကြားချက်များ ပေးလိုက်ပါသည်။ 

၁၉၉၂ ခုနှစ် ဖေဖေါ်ဝါရီလ ၂၉ ရက်နေ့ထုတ် The Nation သတင်းစာတွင် မကဒတမြောက်ပိုင်း၌ စပိုင်များကို သတ်ဖြတ်အရေးယူလိုက်သည်ဆိုသောကိစ္စပါလာကြောင်း မိမိတို.ဘန်ကောက်ရုံးမှ ပေးပို.သည်.ကြေးနန်း မိမိတို့ တောတွင်းဌာနချုပ်သို့ ရောက်ရှိလာချိန်မှ ဤကိစ္စကို မိမိတို. သိရှိရခြင်းဖြစ်သည်။ ထိုကိစ္စနှင့်ပတ်သက်၍ ၁၉၉၂ခုနှစ် မတ်လ ၁ ရက်နေ့ ရက်စွဲဖြင့် ဘန်ကောက်နိုင်ငံခြားရေးရုံးမှ ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါသည်။ မိမိတို့လည်း မြောက်ပိုင်းသို့ မဟာမိတ် KIO ထံမှတဆင့် ကြေးနန်းဖြင့် ထပ်မံမေးမြန်းပြီး မတ်လ(၁၇)ရက်နေ့တွင် ကြေငြာချက်တစ်စောင် ထပ်မံထုတ်ပြန်ခဲ့ ပါသည်။ မိမိတို့ တောင်ပိုင်းဗဟိုအနေနှင့် ဤသို့ အရေးယူဆောင်ရွက်လိုက်ခြင်းကို လုံးဝ မသိရှိရကြောင်း၊ ဆက်သွယ်မှုမှာလည်း အလှမ်းဝေးကြောင်းနှင့် ဤကိစ္စကို ဖြေရှင်းရာ၌လည်း နိုင်ငံတကာမှ ဝိုင်းဝန်းကူညီ ဖြေရှင်းပေးကြပါရန် တောင်းခံ ရှင်းလင်းခဲ့ပါ သည်။
၎င်းနောက်တွင် မြောက်ပိုင်းမှ ၎င်းတို့ဖေါ်ထုတ်တွေ.ရှိချက်များအရ တောင်ပိုင်းတွင်လည်း ရန်သူ့လူများ စိမ့်ဝင်နေ ကြောင်း၊`မကဒတ´ကို ဖြိုခွဲရန်အတွက် စီမံချက်ဖြင့် လှုပ်ရှားနေကြောင်း၊ ဗဟိုကော်မတီတခုလုံးအား ယုံကြည်ရန်ခက်ခဲနေခြင်း ကြောင့် ၎င်းတို့၏ထုတ်ဖော်ရရှိမှုများကို မပေးပို့နိုင်ကြောင်း၊ ၎င်းတို့ မြောက်ပိုင်း၌ စစ်ဆေးတွေ့ရှိချက်များအရ မကဒတ မြောက်ပိုင်းကိုယ်စားလှယ် ကိုစိုးလင်းကို ထိန်းသိမ်းထားရန် တပြိုင်နက်တည်း အကြောင်းကြားခဲ့သဖြင့် ထိန်းသိမ်းပေးခဲ့သည်။

မြောက်ပိုင်း၏ ဤအရေးယူမှုများကြောင့် `မကဒတ´ အပေါ် ပြည်တွင်းပြည်ပမှ ရိုက်ခတ် သက်ရောက်မှုများ ရှိနေကြောင်း၊ မြောက်ပိုင်းမှလက်ခံနိုင်သည့် ကိုယ်စားလှယ်တစ်ဦးကို မိမိတို့ဗဟိုမှ စေလွှတ်ပေးမည်ဖြစ်ကြောင်း၊ ထိုကာလအတွင်း မည်သည့်အရေးယူဆောင်ရွက်မှုကိုမှ လုံးဝ (လုံးဝ) ထပ်မံမလုပ်ရန် အကြောင်းပြန်ခဲ့ပါသည်။
မိမိတို့ ဗဟိုကော်မတီအနေဖြင့် မြောက်ပိုင်း၌ ဖမ်းထားသူများမှာ ရန်သူ့စပိုင် ဟုတ်၊မဟုတ် အသေအချာ မသိရသေးသော် လည်း မကဒတ အကွဲအပြဲ နှင့် ရန်သူ့သူလျိုလုပ်ရပ်ဟု ဆက်စပ်ထားသောကြောင့် အလွန်သတိကြီးစွာဖြင့် ကိုင်တွယ်ခဲ့ရပါသည်။ မိမိအနေဖြင့်လည်း စေ့စပ်ကြေအေးရေးသမားဟု တချိန်လုံး စွပ်စွဲတိုက်ခိုက်ခံနေရသဖြင့် ပိုမိုသတိ ထားရပါသည်။ ဗဟိုဦးဆောင်ကော်မတီ၏ ဆုံးဖြတ်ချက်အရ အဖမ်းခံနေရသူများသည် မည်သူပင်ဖြစ်စေ သေဒဏ်ပေးခြင်းမျိုး မလုပ်သင့်ကြောင်း၊ ရန်သူ့ သူလျှိုဖြစ်သည် ဖြစ်စေ၊ မဖြစ်သည် ဖြစ်စေ၊ `မကဒတ´အတွင်းတွင် နေထိုင်ရန် ခက်ခဲသွားပြီဖြစ်သဖြင့် လုံခြုံစွာ အိမ်ပြန်နိုင်ရေးအတွက် စီစဉ်ရန်နှင့် မြောက်ပိုင်းသို့သွားရောက်ရန် မိမိအား တာဝန်ပေးခဲ့ပါသည်။

တိုက်တိုက်ဆိုင်ဆိုင်ပင် မိမိတို့`မကဒတ´အား စိတ်ဓါတ်ထက်သန်စွာ ကူညီနေသည့် USB မှ ဦးစိုင်းထွန်းက မြောက်ပိုင်း တွင် သူ့တူမဖြစ်သူတစ်ဦး (ယခု သြစတြေးလျတွင်ရောက်ရှိနေသော နန်းအောင်ထွေးကြည်)ပါ အဖမ်းခံနေရကြောင်း၊ သူ့အနေ ဖြင့် အာမခံဖြင့် ခေါ်ထုတ်လိုကြောင်း၊ ကုန်ကျမှုများအတွက် တာဝန်ယူပေးမည်ဟု ပြောကြားကမ်းလှမ်းလာသောကြောင့် မိမိအနေဖြင့် သူနှင့်အတူ မြောက်ပိုင်းသို.သွားရောက်ရန် စီစဉ်ခဲ့ပါသည်။
ဤကာလမတိုင်မီ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ၊အပြင် သံရုံးတချို့နှင့်ပါ တွေ့ဆုံဆွေးနွေးခဲ့ ပြီး စစ်သုံ့ပမ်း (သို့မဟုတ်) အခြားသင့်တော်ရာပုံစံတခုဖြင့်လက်ခံပြီး မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးနိုင်ရေးအတွက် မေးမြန်း အကူအညီ တောင်းခံခဲ့သော်လည်း အိမ်ရှင်တရုတ်နိုင်ငံ၏ သဘောဆန္ဒမပါဘဲ မဆောင်ရွက်နိုင် ကြောင်း၊ စစ်သုံ့ပန်းများ မဟုတ်၍ ကိုင်တွယ်ဆောင်ရွက်ရန် ခက်ခဲကြောင်း တုံ့ပြန်ခဲ့ကြပါသည်။ နိုင်ငံတကာအနေဖြင့် တရုတ်ပြည်ကိုဖြတ်ြ၍ ကြားဝင် ဆောင်ရွက်ရန် မဖြစ်နိုင်ကြောင်းသိရှိခဲ့ရပြီးနောက် မကဒတအနေဖြင့်သာ တာဝန်ခံ ဖြေရှင်းရတော့မည်ဟူသောအသိဖြင့် မိမိသည် ဦးစိုင်းထွန်း၊ ဗိုလ်မှူကြီးစိုင်းလိတ်(SSPP ဥက္ကဌဟောင်း-ကျဆုံး) တို့နှင့်အတူ တရုတ်ပြည်သို့ သွားရောက်ခဲ့ရာ ၁၉၉၂ ခုနှစ် ဧပြီလ ၁၉ ရက်နေ့တွင် ပါဂျောင်သို့ ရောက်ရှိခဲ့ပါသည်။ 

ကချင်၊ ပါဂျောင်ဒေသ၌ မြောက်ပိုင်းကိစ္စကို ဖြေရှင်းခြင်း
KIO နှင့် `မကဒတ´(မပ)ရှိရာဒေသသို့ ဦးစိုင်းထွန်းနှင့်အတူ ၁၉၉၂ ခုနှစ်၊ ဧပြီလ ၁၉ ရက်နေ့က ရောက်ရှိခဲ့ပါသည်။ မိမိအနေဖြင့် `မကဒတ´(မြောက်ပိုင်း) ဗဟိုကော်မတီဝင်များ၊ တပ်မှူးများ (ရှေ့တန်းရောက်နေသော ကိုမျိုးဝင်းနှင့် တပ်မှူး အချို့ မပါ)နှင့် တောက်လျှောက်ဆွေးနွေးရင်း ယုံကြည်မှု တည်ဆောက်ခဲ့ရပါသည်။

မကဒတ မြောက်ပိုင်း၌ သေဒဏ်ပေးအရေးယူမှုကြောင့် `မကဒတ´(ဗဟို) အပေါ်သို့ သက်ရောက်လာသည့် အဖွဲ့တွင်း၊နှင့် ပြည်တွင်းပြည်ပမှ ရိုက်ခတ်သက်ရောက်မှုများ၊ တောင်ပိုင်းဗဟိုကော်မတီ၏ အခြေအနေနှင့် တည်ဆောက်မှုများ၊ အခက်အခဲများ ကို နားလည်လက်ခံလာအောင် ခက်ခက်ခဲခဲ ရှင်းလင်းဆွေးနွေးပြခဲ့ရပါသည်။ မြောက်ပိုင်းမှလည်း မိမိတို့၏အခက်အခဲများ အပေါ် နားလည်မှုရှိလာသည်နှင့်အတူ စစ်ဆေးချက်များ၊ သက်သေခံပစ္စည်းများ ထုတ်ပြခဲ့ပါသည်။ မိမိအနေဖြင့် မြောက်ပိုင်းတွင် ဖမ်းဆီးခံနေရသူများအနက် နန်းအောင်ထွေးကြည် အပါအ၀င် မြောက်ပိုင်းမှ ရဲဘော်တချို.နှင့် မြောက်ပိုင်းစစ်ဒေသတွင် တပ်ရင်းသစ်များဖွဲ.စည်းထူထောင်ရန် မကဒတ တောင်ပိုင်း(ဗဟို)မှ တာဝန်ပေး စေလွတ်ခဲ့သောရဲဘော်များအနက် ဖမ်းဆီးခံရသူတချို.တိုကို မြောက်ပိုင်းတာဝန်ခံ ရဲဘော် တချို.ရှေ.မှောက်တွင် မေးမြန်းခွင့်ရရှိခဲ့ပါသည်။ 

ထို့နောက် မိမိမှ မြောက်ပိုင်းဗဟိုကော်မတီနှင့် အခြေအနေတစ်ခုလုံးအပေါ် သုံးသပ် ဆွေးနွေးခဲ့ပါသည်။
- မကဒတ(မြောက်ပိုင်း)၏ ဖေါ်ထုတ်တွေ့ရှိချက်များအရ ရန်သူ့လူများ ထိုးဖေါက်ဝင်ရောက်ပြီး ဖြိုခွဲရန် ကြိုးစားသည် ဆိုသည်မှာ ဖြစ်နိုင်ကြောင်း၊
- သို့သော်လည်း ဤမျှ များပြားသည့်အရေအတွက်ဖြင့် ထိုးဖေါက်ဝင်ရောက်သည်ဆိုသည်.အချက်မှာလည်း လောဂျစ်အရ မဖြစ်နိုင်ကြောင်း၊
- ရန်သူ၏စီမံချက်များကို သိသင့်သလောက်လည်း သိပြီးဖြစ်၍ `မကဒတ´အတွက် အကောင်းဆုံး နည်းလမ်းမှာ ဖမ်းဆီးခံထားရသူများအား ဘေးကင်းရာနေရာတခုသို. ပို.ဆောင်ပေးရေးပင်ဖြစ်ကြောင်း ဆွေးနွေးတင်ပြခဲ့ပါသည်။ 

မြောက်ပိုင်းမှ လုံခြုံရေးအနေအထားအရ ချက်ခြင်းလွှတ်ပေးရန် မဖြစ်နိုင်ကြောင်းနှင့် တနှစ်ပြည့်လျှင် မိဘများထံ ပြန်လည် အပ်နှံပေးမည်ဖြစ်ကြောင်း သဘောတူညီမှုရရှိခဲ့ပါသည်။ သို့ဖြစ်၍ မဟာမိတ် KIO ခေါင်းဆောင်များနှင့်လည်း မကဒတအပေါ် နားလည်မှုမလွဲစေရန် ဆက်လက်ဆွေးနွေးခဲ့ပါသည်။ ဖမ်းဆီးခံရဲဘော်များအား သံခြေကျင်းများ မခတ်ရန့်၊ စားသောက်မှု နှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို အခြားရဲဘော်များနည်းတူ ခံစားခွင့်ရှိစေရန် ညှိနှိုင်းခဲ့ပါသည်။
ဦးစိုင်းထွန်း၏ မေတ္တာရပ်ခံချက်အရ ၄င်း၏တူမဖြစ်သူ နန်းအောင် ထွေးကြည်ကို ပြန်လွတ်ပေးပြီး ၄င်းနှင့်အတူ တပါတည်း ထည်.ပေးလိုက်ရန် မြောက်ပိုင်းဗဟိုကော်မတီနှင့် ညှိနှိုင်းပေးခဲ့ပါသည်။

မိမိလည်း `မကဒတ´(ဗဟို)နှင့် မြောက်ပိုင်းအကြား ပုံစံတကျ ဆက်ဆံမှုရှိရေး၊ မြောက်ပိုင်းတွင် နိုင်ငံရေး သင်တန်းများ ပို့ချပေးရေး၊ တိုက်ရိုက် ဆက်သွယ်ရေးလမ်းကြောင်း ထူထောင်ရန်ကိစ္စများကို ဆွေးနွေးခဲ့ပါသည်။ ၎င်းနောက် မိမိလည်း ဗဟိုမှ တာဝန်ရှိသူများအား ဗဟိုကော်မတီကို အချိန်မှီတင်ပြရန်နှင့် လိုအပ်သည်များ ဆက်လက် ဆောင်ရွက်နိုင်ရန်အတွက် ၁၉၉၂ ခုနှစ် မေလ ၁၈ ရက်ခန့်တွင် ပြန်လည်ထွက်ခွာလာခဲ့ရာ မေလ ၃၁ ရက်နေ့တွင် ထိုင်း နိုင်ငံသို့် ရောက်ရှိခဲ့ပါသည်။ မိမိပြန်လည်ထွက်ခွာပြီး(၃/၄)ရက်အကြာမေလ၂၁ရက်နေ့တွင် ဖမ်းဆီးခံနေရသူအားလုံး ထွက်ပြေးလွတ်မြောက်သွားပြီဖြစ်ကြောင်း ကြားသိရပါသည်။ 

သို့ဖြစ်၍ ထိုင်းနိုင်ငံသို့ ရောက်လျှင်ရောက်ချင်း ၁၉၉၂ ခုနှစ် မေလ ၃၁ ရက် နေ့စွဲဖြင့် မိမိကြုံတွေ့ခဲ့ရသော အခြေ အနေကို သဘောထားထုတ်ပြန်ခဲ့ပါသည်။ ထို့နောက် ဗဟိုအလုပ်အမှုဆောင်ကော်မတီသို့ အခြေအနေများကို ဆက်လက် တင်ပြအစီရင်ခံခဲ့ပါသည်။ မြောက်ပိုင်းကော်မတီမှ ရန်သူ၏ ထိုးဖေါက်ဖြိုခွဲရေးစီမံချက်ဖြစ်သည့် ရေလှိုင်းစီမံချက် ကို စစ်ဆေးဖော်ထုတ်ခဲ့ကြောင်း၊ ၎င်းတို့၏တွေ့ရှိချက်များကို အခြေခံ၍ ၎င်းတို.ထုတ်ပြန်ထားသည်. တည်ဆဲဥပဒေအရ မိမိတို့ ဗဟိုကော်မတီ၏သဘောထားမပါဘဲ အရေးယူဆောင်ရွက်ခဲ့ခြင်းဖြစ်သော်လည်း မိမိတို.ဗဟိုကော်မတီအနေဖြင့် နိုင်ငံရေးအရ တာဝန်ခံပြီး ဦးဆောင်ကိုင်တွယ်ဖြေရှင်းသွားရန်၊ တောင်ပိုင်းတွင်လည်း ဆက်လက်စုံစမ်းစစ်ဆေး ဖေါ်ထုတ်ရန်၊ မြောက်ပိုင်းကိစ္စကို အတွေ့အကြုံယူ၍ `မကဒတ´အတွင်း လူ့အခွင့်အရေးများအပေါ် ပြည့်စုံစွာ နားလည်နိုင်ရေးအတွက် ရဲဘော်များအား အသိ ပညာပေးမူများဆောင်ရွက်ရန်၊ ပြစ်မှုပြစ်ဒဏ်၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်း နှင့် သီးသန့်ကင်းလွတ်သော တရားစီရင်ရေးစံနစ်တစ်ရပ် ဖော်ထုတ်ကျင့်သုံးရန်တို.ကို ဆုံးဖြတ်ခဲ့ကြပါသည်။
မိမိမှတ်မိသလောက်ဆိုလျှင် ကိုခင်မောင်ဝင်း၊ ကိုဝင်းမင်း တို့နှင့်တကြိမ်၊ ကိုခင်မောင်ဝင်း၊ ကိုအောင်သူငြိမ်း တို့နှင့် တကြိမ်။ မြောက်ပိုင်းသို့ နိုင်ငံရေးနှင့် လူ.အခွင့်အရေး၊ နိုင်ငံရေးအံတုမှုသင်တန်းများ သွားရောက်ပို့ချပေးနိုင်ခဲ့ပါသည်။ မြောက်ပိုင်းမှ ရဲဘော်များ ကိုလည်း တောင်ပိုင်းတွင်ဖွင့်လှစ်သော ကေဒါ သင်တန်းများနှင့် အခြားသင်တန်းများတွင် ပါဝင်တက်ရောက်စေခဲ့ပါသည်။

မြောက်ပိုင်းကိစ္စနှင့်ဆက်နွယ်၍ ကိုစိုးလင်းမှတစ်ဆင့် ကိုနေ၀င်းအောင်ကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ၎င်းတို့၂ ဦးမှ တပ်ဖွဲ.၀င်အများအပြား ထပ်မံအဖမ်းခံရစေရန် လုပ်ကြံထွက်ဆိုချက်များ ကို အသေအချာ သတိထားစီစစ်ခဲ့ပြီး ၎င်းတို့ ၂ဦးအပေါ် မှန်ကန်မျှတသော တရားစီရင်မှုနှင့် အကျဉ်းသားအခွင့်အရေးများကို ပေးခဲ့ပါသည်။ နိုင်ငံတကာအဖွဲ.အစည်းများနှင့် လွတ်လပ်စွာတွေ့ ဆုံခွင့်ပေးခဲ့ပါသည်။ 

ကျန်ရှိနေသော မေးခွန်းများ
၁။ မြောက်ပိုင်းတွင် ရန်သူသူလျှိုများ ၀င်ရောက်ထိုးဖေါက်မှုရှိမရှိ၊
မြောက်ပိုင်းကော်မတီ၏ တွေ့ရှိချက်များကို မှန်ကန်မှု ရှိမရှိ၊ စစ်ဆေးနိုင်ရန် အခြေအနေ၊ အချိန်အခါနှင့် ယန္တရား မိမိတို့ ဗဟိုကော်မတီတွင် မရှိပါ။ သို့သော်လည်း ၎င်းတို့ ပြသထားသော အထောက်အထားများ (ဥပမာ - ရန်သူ့ စစ်တပ်တွင်သာ အသုံးပြုသောလက်နက်၊ ဆက်သွယ်ရေးကိရိယာများနှင့် ဆက်သွယ်ရေးဝှက်စာများ)မှာ တစ်ယောက်ချင်းခွဲခြား စစ်ဆေးထားခြင်းဖြစ်သော်လည်း အတော်များများ တူညီနေသည်ကို အံ့သြဘွယ် တွေ.ရှိခဲ့ရပါသည်။ 

ဤကိစ္စ စတင် ပေါ်ပေါက်ရခြင်းမှာလည်းမကဒတမြောက်ပိုင်းတပ်မှထွက်ပြေးသောတပ်ပြေးတစ်ယောက်ကိုမြောက်ပိုင်းကော်မတီကပြန်လည်ဖမ်းမိရာမှ အစပြုပေါ်လာခြင်း ဖြစ်ပါသည်။ တချို.ရေးသား ပြောဆို နေကြသကဲ့သို. မြောက်ပိုင်းကော်မတီအတွင်း အာဏာလုရင်း ဖြုတ်၊ ထုတ်၊သတ် လုပ်ခြင်းတော့မဟုတ်ပါ။ ရန်သူ.ထောက်လှမ်းရေးအဖွဲ.အသီးသီးမှ စေလွတ်ထားသော ထောက်လှမ်းရေးသမားများကို အချင်းချင်းချိတ်ဆက်ပေးရမည်. မိမိတာဝန် အောင်မြင်ပြီးဆုံးပြီဖြစ်သဖြင့် ပြည်တွင်းသို.ပြန်ဝင်ရန် ထွက်ပြေးရာမှ အဖမ်းခံရခြင်းဖြစ်ကြောင်း တပ်ပြေးရဲဘော်က၀န်ခံထွက်ဆိုရာမှ ဆက်လက်ဖေါ်ထုတ်အရေးယူမူများ ပေါ်ပေါက်ခဲ့ရခြင်းဖြစ်ကြောင်း တွေ.ရှိခဲ့ရပါသည်။

ဤသို့ အမြောက်အများ ထိုးဖေါက်ဝင်ရောက်ခြင်းမှာလည်း မဖြစ်နိုင်ဟု ယူဆနိုင်သကဲ့သို့ ရန်သူက အသုံးချ ထိုးဖေါက်ဝင် ရောက် ခြင်း မရှိနိုင်ဘူးလားဟုမေးလျှင် ဖြစ်နိုင်မှန်း လူတိုင်းနားလည်နိုင်ပါသည်။ ဤသို့ အမြောက်အများ ထိုးဖေါက်ဝင်ရောက်ခြင်းမှာ မဖြစ်နိုင်ဟု ယူဆနိုင်သကဲ့သို. တော်လှန်ရေးအင်အားစုများ၊ အတိုက်အခံအင်အားစုများကို ဖြိုခွဲရန်၊ ရန်သူက လေ့ကျင့်သင်တန်း ပေးထားသူများကို တာဝန်ပေးစေလွတ်ခြင်းများလည်း မရှိနိုင်ဘူးလားဟု မေးမြန်းလာလျှင် ရှိနိုင်မှန်း စစ်အာဏာရှင်စနစ်အောက် တွင် ရှင်သန်ရပ်တည်ခဲ့ကြရသော မြန်မာနိုင်ငံသားတိုင်း နားလည်သဘောပေါက်ကြပါလိမ့်မည်။ 

ရှစ်လေးလုံး လူထုအရေးတော်ပုံ ကာလအတွင်း ထောက်လှမ်းရေးများနှင့် သတင်းပေးများသည် လူထုလူတန်းစား အလွာအသီးသီးအတွင်းသို. အသွင်သဏ္ဍန်မျိုးစုံ ဖြင့် ထိုးဖေါက်ဝင်ရောက်ခဲ့ကြပြီး အဖျက်အမှောင့်လုပ်ငန်းများကို အောင်မြင်စွာ ပြုလုပ်ခဲ့ကြသည်. သာဓကများလည်း အများအပြား ရှိခဲ့ကြပါသည်။ မဆလ စစ်အစိုးရခေတ်ကတည်းက ကျောင်းသားထုအတွင်း ထောက်လှမ်းရေးများနှင့် သတင်းပေးများကို စနစ် တကျ မွေးမြူမြှပ်နှံထားခဲ့သဖြင့် ၄င်းတို.ကို ခွဲခြားသိရှိနိုင်ရန် အလွန်ခက်ခဲမည်ကို တွေးတောဆင်ချင်ကြည်.နိုင်ပါသည်၊
(မှတ်ချက် ။ ။ မြောက်ပိုင်းကော်မတီမှ ပေးပို့သော စစ်ချက်များ၊ ကိုနေ၀င်းအောင်နှင့် ကိုစိုးလင်းတို့၏ ထွက်ဆို ချက်များကို သင့်တော်သော အခြေအနေတွင် အများပြည်သူ သိရှိအောင်ထုတ်ပြနိုင်ရန်အတွက် လုံခြုံစွာ သိမ်းဆည်းထားပါသည်။ ၎င်းတို့ ထုတ်ဖေါ်ပြောဆိုခဲ့သော နာမည်များသည် ယနေ့တိုင် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် တက်ကြွစွာပါဝင် နေဆဲဖြစ်သောကြောင့် မသင့်တော်ဟု ယူဆသဖြင့် မထုတ်ပြန်ပေးခြင်း ဖြစ်ပါသည်။) 

၂။ မြောက်ပိုင်း ကော်မတီမှ စစ်ဆေးသောအခါ ညှင်းပမ်းနှိပ်စက်သည်များကို တောင်ပိုင်းဗဟိုမှ မသိဘူးလား၊ ခေါင်းဖြတ် သတ် လိုက်သည်များကို အရေးမယူဘူးလား၊
မြောက်ပိုင်းကိုယ်စားလှယ်များ၊ ဗဟိုသို့ရောက်လာခြင်းများရှိခဲ့ကြသော်လည်း မိမိတို့တောင်ပိုင်းဗဟိုမှ ၎င်းတို့ထံရောက် ရှိခဲ့ခြင်း မရှိပါ။ ပလောင်ဒေသ တွင် `မကဒတ´တပ်ရင်း (၄၀၁) ဖွဲ့စည်းရန် စေလွတ်လိုက်သော ကိုသိုက်ထွန်းဦးတို့အဖွဲ့ သာ လမ်းချော်၍ ရောက်သွားခဲ့ခြင်း ရှိခဲ့ဘူးပါသည်။

တတိယအကြိမ်ညီလာခံအထိ မြောက်ပိုင်းသည် `မကဒတ´နာမည်ကို ခံယူထားသော်လည်း သီးခြားဖွဲ့စည်းပုံဥပဒေနှင့် လွတ်လပ်သောအုပ်ချုပ်ပုံဖြစ်ပြီး တောင်ပိုင်းဗဟို၏ အမိန့်ပေးမှု၊နှင့် စီမံခန့်ခွဲမှုအောက်တွင် မရှိပါ။ ၎င်းတို့၏ စည်းမျဉ်းဥပဒေနှင့် အုပ်ချုပ်နေခြင်းဖြစ်ပါသည်။ မြောက်ပိုင်းကိုယ်စားလှယ်များ တောင်ပိုင်းဗဟိုသို့ရောက်ရှိလာခြင်းများရှိသော်လည်း တောင်ပိုင်းဗဟိုကော်မတီဝင်တွင်ပါဝင်ခြင်းမရှိပါ။ `မကဒတ´မြောက်ပိုင်းသည် မဟာမိတ် KIO ထံတွင် စစ်ပညာများကို သင်ကြားခဲ့ကြပြီး မဟာမိတ်တပ်ကဲ့သို့ စစ်တပ်ပုံစံဖြင့် စည်းကမ်းတင်းကြပ်စွာ အုပ်ချုပ် ခဲ့ပါသည်။ အထက်အမိန့်များကိုလည်း ဦးလည်းမသုံ ခံယူရမည်ဟု လက်ခံထားသော စခန်းဖြစ်ပါသည်။ ရန်သူကိုလည်း ထူးထူး ချွန်ချွန် ရဲရဲဝံ့ဝံ့ တိုက်ခိုက်ခဲ့သူများ ဖြစ်ပါသည်။ 

မိမိ ဧပြီလပထမဆုံးအကြိမ် ရောက်ရှိစဉ်က ဖမ်းဆီးခံထားရသူများရော၊ ကျန်ရဲဘော်များပါ မည်သည့် နှိပ်စက်မှုကိုမှ ထုတ်ဖေါ်မပြောခဲ့ကြပါ။ မိမိအနေဖြင့် နဝတ သတင်းစာရှင်းလင်းပွဲမှ ကြားသိရမှုများကိုယုံတချက်၊ မယုံတချက်ဖြစ်ရပါသည်။ နောက်ပိုင်းတွင်မှ တစစဖြင့် စိတ်မကောင်း ဖွယ်ရာများ သိလာကြရခြင်းဖြစ်ပါသည်။
မိမိအနေဖြင့် ရှင်းပြလိုသည်မှာ အခင်းဖြစ်ပွားချိန်က ဤမျှအထိ ဖြစ်ခြင်းကို မသိခဲ့ကြပါ။ ၎င်းအပြင် မိမိတို့ ဗဟိုအနေဖြင့် မြောက်ပိုင်းကော်မတီမှ ထုတ်ဖေါ်တွေ့ရှိမှုများ မှန် မမှန်၊ ၎င်းတို့လုပ်နည်း မှန် မမှန် ဆိုသည်ကို စစ်ဆေးနိုင်သည့် အနေအထား မရှိခဲ့ဘဲ၊ ဖြစ်ပြီးခဲ့သည်များကိုသာ နိုင်ငံရေးအရ ၀င်ရောက် တာဝန်ယူထိန်းသိမ်း ခဲ့ရခြင်းဖြစ်သည်။ မိမိတို့အကောင်းဆုံး လုပ်နိုင်ရန် ကြိုးစားသည်မှာ ဖမ်းဆီးခံများ ထပ်မံ အသတ်မခံရရေး၊ ဖမ်းဆီးမှုများ ရပ်တန့်ရေး၊ ဖမ်းဆီးခံထားရသူများ လွှတ်ပေးရေးနှင့် `မကဒတ´မြောက်ပိုင်းကို တောင်ပိုင်းဗဟိုအောက်တွင်ပါဝင်၍ ဗဟို၏ လမ်းညွှန်မှုကို ခံယူနိုင်ရေးကိုသာ အဓိက ကြိုးစားခဲ့ပါသည်။

ဤကဲ့သို့ ဝင်ရောက်ဆောင်ရွက်ခဲ့သည့်အတွက် ထင်သာမြင်သာဆောင်ရွက်နိုင်သော အခြေအနေ အချိန်အခါတွင် ဤ ကိစ္စများ ပြန်လည်ဖြေရှင်းကြရမည်ဟု မိမိတို့ ဗဟိုကော်မတီနှင့် မြောက်ပိုင်းကော်မတီ တို.အနေဖြင့် သိရှိခံယူထားပြီး ဖြစ်ပါသည်။

၃။ မတရားနစ်နာခဲ့သူတွေအတွက် မည်သို့ လုပ်ဆောင်ပေးမည်နည်း။
မကဒတ မြောက်ပိုင်းကိစ္စတွင် ၀င်ရောက်သွေးခွဲသည့် လုပ်ရပ်များကို လုပ်ဆောင်ခဲ့သူများရှိသကဲ့သို့ မဟုတ်မမှန် စွပ်စွဲ ခံရ၍ နစ်နာခဲ့ရသူများလည်း ရှိနိုင်ပါသည်။ ရန်သူစပိုင်ဖြစ်စေကာမူ အတွေးအခေါ် မတူသူသာဖြစ်၍ ခန္ဓာကိုယ် နာကျင်စေသည့် နည်းဖြင့် ဖြေရှင်းအဆုံးသတ်ရမည်ဟု မိမိတစ်ယောက်တည်းအနေဖြင့် မယုံကြည်ပါ။ သို့သော်လည်း အမှားများကိုပုံဖေါ်ရင်း အမှန် ကိုမေ့သွား ဖုန်းကွယ်သွားသည်များလည်း မဖြစ်သင့်ပါ။ ယုံကြည်မှုဖြင့် အသက်စွန့်လွှတ်၍ တိုက်ပွဲဝင်ခဲ့ကြသော မကဒတ နှင့် ကျောင်းသားတပ်မတော်ဟူသော အဖွဲ့အစည်းများ၏ ဂုဏ်သိက္ခာနှင့် စွမ်းဆောင်မှုကို မှေးမှိန်ပပျောက်ရန်အထိ မတိုက်ခိုက်သင့်ပါ။ မိမိတို့အားလုံးသည် ပေးဆပ်ရပုံခြင်းမတူသော်လည်း စစ်အာဏာရှင် စံနစ်၏ သားကောင်များဖြစ်နေပါသည်။ မိမိတို့ အဖိနှိပ်ခံပြည်သူများအချင်းချင်း ဆန့်ကျင်ဖက်ပုံစံဖြင့် ပြုမူဆက်ဆံနေကြသမျှ၊ စစ်အာဏာရှင်စံနစ်၏ အကျိုးစီးပွားအတွက် အမြဲဖြစ်နေပါ လိမ့်မည်။ 

ထို့ကြောင့်
(၁) `မကဒတ´ထဲတွင် စစ်အစိုးရမှ စပိုင်များထည့်၍ ဖြိုခွဲရန် ကြံစည်ခြင်း ရှိ မရှိ စုံစမ်းစစ်ဆေးသင့်ပါသည်။
(၂) `မကဒတ´ထဲတွင် ဖမ်းဆီးစစ်ဆေးခံရမှုများ၌ လူသားဆန်မှု ကင်းမဲ့စေသည့် လူ့အခွင့်အရေး ချိုးဖေါက်မှုများ ရှိမရှိ၊ သီးခြားလွတ်လပ်သူများဖြင့် ဖွဲ့စည်းစစ်ဆေးသင့်ပါသည်။
(၃) ဆုံးရှုံးနစ်နာမှုများတွေ့ရှိပါက တာဝန်ရှိသူများကို နစ်နာသူများ၏ဆန္ဒအရသော်၎င်း၊ ဥပဒေအရသော်၎င်း အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်သင့်ပါသည်။

မြောက်ပိုင်းသူလျိုများအား ဖမ်းဆီးအရေးယူသည့်ကိစ္စရပ်တွင် မှားယွင်းစွာ ဖမ်းဆီးနှိပ်စက်ခံခဲ့ရသော ရဲဘော်၊ ရဲမေများအားလုံးကို မကဒတ ဥက္ကဋ္ဌ ဟောင်းတစ်ယောက်အနေဖြင့် အနူးအညွတ် တောင်းပန်အပ်ပါသည်။ အဖြစ်မှန်ဖေါ်ထုတ်ရေးကိစ္စ ဆောင်ရွက်ကြလျှင် မိမိသိသမျှ၊ ပါဝင်ခဲ့ရသမျှကို ထိန်ချန်မထားဘဲ ပူးပေါင်းဆောင်ရွက်ပေးပါမည်။

မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ အမှန်တကယ် သူလျိုဖြစ်သည် ဖြစ်စေ၊ မဖြစ်သည် ဖြစ်စေ၊ အသက်ဆုံးရှုံးသွား သူများ၏ မိဘဆွေမျိုးအားလုံးကိုလည်း မဖြစ်သင့်မဖြစ်ထိုက်သည့် ဆုံးရှုံးမှုဖြစ်သည့်အတွက် ကိုယ်ချင်းစာမှုအခြေခံဖြင့် လေးနက်စွာ တောင်းပန်အပ်ပါသည်။
မိမိဆောင်ရွက်ပေးနိုင်သည်များကိုလည်း ဆောင်ရွက်ပေးသွားပါမည်။
လေးစားစွာဖြင့်
နိုင်အောင်
မတ်လ ၂၅ ရက်နေ့၊ ၂၀၁၂ ခုနှစ်
xxxxxxxxxxxxxxxxxxxxxx

Friday, December 15, 2017

ရပ်/ကျေး ဥက္က္ကဋ္ဌရွေးပွဲမှ မြို့နယ်ဥက္ကဋ္ဌရွေးပွဲသို့

The Voice Daily
15-Dec-2017.

ရပ်/ကျေး အုပ်ချုပ်ရေးမှူးရွေးပွဲများ

၂၀၁၇ နှစ်ကုန်ခါနီးမှာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးချယ်တင်မြှောက်ပွဲတွေ နိုင်ငံတစ်ဝန်း ကျင်းပနေတဲ့အကြောင်း သတင်းတွေ အတော်များများ ဖတ်လိုက်ရပါတယ်။ မြန်မာနိုင်ငံမှာ ရပ်ကွက်ပေါင်း သုံးထောင်နီးပါး၊ ကျေးရွာပေါင်း ၆ သောင်းကျော်ရှိတဲ့အတွက် ရပ်/ကျေး အုပ်ချုပ်ရေးမှူးရွေးပွဲဟာ အရေးကြီးပါတယ်။ တချို့ဒေသတွေမှာတော့ အခုရွေးချယ်ပွဲဟာ ပုဒ်မ ၂၈၉ နဲ့ မညီဘူး။ ၂၀၁၅ တုန်းက ရွေးထားပြီးသားဖြစ်တဲ့အတွက် အစိုးရသက်တမ်းကုန်မှ ရပ်/ကျေးဥက္ကဋ္ဌ ပြန်ရွေးသင့်တယ်လို့ ရပ်/ကျေး လက်ရှိဥက္ကဋ္ဌတွေက ကန့်ကွက်တဲ့သတင်းတွေလည်း ကြားရပါတယ်။


စာရေးသူရဲ့ ဇာတိမြေ တနင်္သာရီတိုင်းမှာတော့ ကန့်ကွက်သံမကြားရဘဲ ရွာတိုင်းလိုလို ဥက္ကဋ္ဌသစ်ရွေးပွဲတွေ ဆက်တိုက်လုပ်နေကြပါတယ်။ ကျေးလက်လူထု အတော်အသင့် စိတ်ဝင်တစားရှိတာကိုလည်း တွေ့ရပါတယ်။ ဒါပေမဲ့ ၂၀၁၂ ကြားဖြတ်နဲ့ ၂၀၁၅ ခုနှစ်က ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အမတ်ရွေးပွဲလိုတော့ လူထုက ဘယ်စိတ်ဝင်စားမှု ဘယ်ရှိပါ့မလဲ။ စစ်ဗိုလ်နေရာအတွက်ပဲ အလုအယက်ဝင်ပြိုင်ကြပြီး အောက်ခြေတပ်သား တာဝန်ထမ်းဖို့ စိတ်မဝင်စားတာ အထူးအဆန်းတော့မဟုတ်ပါ။

မေးစရာရှိတာက ဒီမိုကရေစီကိုသွားတဲ့အခါ ထိပ်ပိုင်းက လူတစ်စု အပြောင်းအလဲလုပ်လိုက်ရုံနဲ့ တစ်စုံလုံးပြောင်းသွားလိမ့်မယ်ဆိုပြီး မျှော်လင့်ထားသင့်ပါသလား။ အောက်ခြေကနေ တစ်ဆင့်ပြီးတစ်ဆင့် ပြောင်းလဲလာအောင် လုပ်ဆောင်ရေးကိုလည်း တစ်ပြိုင်တည်း ဆောင်ရွက်သင့်တယ် မဟုတ်ပါလား။

ဒီလိုပြောလိုက်လို့ လက်ရှိကျင်းပနေတဲ့ ရပ်/ကျေး ဥက္ကဋ္ဌရွေးပွဲဟာ ဒီမိုကရေစီအခြေခံလို့ မဆိုလိုပါ။ အရင်ခေတ်ကလို အပေါ်ကနေ တစ်ခါတည်း တန်းခန့်တာနဲ့စာရင် တစ်အိမ်ထောင်တစ်ယောက် မဲပေးတဲ့စနစ်နဲ့ ရာအိမ်မှူး၊ ဆယ်အိမ်မှူး အဆင့်ဆင့်ရွေး။ အဲဒီကတစ်ဆင့် မဲအများဆုံးရသူကို မြို့နယ်/ခရိုင် အုပ်ချုပ်ရေးမှူးတွေက ရပ်/ကျေး အုပ်ချုပ်ရေးမှူးအဖြစ် အတည်ပြုတဲ့နည်းက အရင်နည်းတွေထက်တော့ လူထုပါဝင်မှု ပိုများလာတယ်။ ဒီမိုကရေစီနဲ့ နည်းနည်းပိုနီးစပ်လာတယ်လို့ ဆိုလိုခြင်းသာဖြစ်ပါတယ်။

ဒါပေမဲ့ ဝေဖန်သူတွေကတော့ အခုချိန်ကျမှ ရပ်/ကျေးရွေးပွဲပြန်လုပ်တာဟာ အာဏာရ NLD ပါတီက သူ့လူတွေကို နေရာရအောင် လုပ်ပေးတာသာဖြစ်တယ်။ ၂၀၀၈ ဖွဲ့စည်းပုံရဲ့ အရေးကြီးအချက်တွေကို ဘာမှမပြင်နိုင်ဘဲ ရပ်/ကျေး အဆင့်လောက်ကိုပဲပြင်ပြီး ဒီလိုလုပ်တာဟာ ဒီမိုကရေစီ အခြေခံအတွက်ဖြစ်စေ၊ ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်အတွက်ဖြစ်စေ စနစ်တကျအုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲမှု ဖြစ်လာမှာမဟုတ်ဘူးလို့ ထောက်ပြနေကြပါတယ်။


ရပ်/ကျေး ဥက္ကဋ္ဌကိုရွေးပြီး မြို့နယ်ဥက္ကဋ္ဌ ဘာလို့မရွေးလဲ

မည်သို့ပင်ဝေဖန်မှုတွေရှိနေစေကာမူ ရပ်/ကျေး ဥက္ကဋ္ဌကို အပေါ်ကနေ တိုက်ရိုက်မခန့်တော့ဘဲ လူထုဆန္ဒတစ်ဝက်၊ အပေါ်အမိန့်တစ်ဝက်နဲ့ သွားတာဟာ သိပ်မဆိုးဘူးလို့ ဆိုချင်ပါတယ်။ ဒါပေမဲ့ ကျေးလက်လူထုက ရွေးချယ်လိုက်တဲ့ ရွာအုပ်ချုပ်ရေးမှူးတွေကို ခရိုင်/မြို့နယ် ဥက္ကဋ္ဌတွေက လက်မခံတာတွေ၊ ပြန်လည်စိစစ်မှုတွေ ရှိလာတဲ့အခါမှာတော့ လူထုက ရွေးချယ်ထားသူကို ဆွဲခန့်တွေက ငြင်းပယ်ခွင့်ရှိပါသလား။ မြို့နယ်/ခရိုင် ဥက္ကဋ္ဌနေရာတွေအတွက်ကော ဘာကြောင့် ရွေးကောက်ပွဲမလုပ်တာလဲဆိုတဲ့ မေးခွန်းတွေ ထွက်လာနေပါတယ်။


ပုဒ်မ ၂၈၈ မှာ “ခရိုင်အဆင့်နှင့် မြို့နယ်အဆင့်အုပ်ချုပ်ရေးကို နိုင်ငံ့ဝန်ထမ်းများအား တာဝန်ပေးဆောင်ရွက်စေရမည်” လို့ ရေးထားတဲ့အတွက် မြို့နယ်-ခရိုင်ဥက္ကဋ္ဌကို ရွေးချယ်တင်မြှောက်ပွဲနဲ့မသွားဘဲ တပ်မတော်ခွဲတမ်းရ ပြည်ထဲရေးဌာနနဲ့ နယ်/လုံဌာနတွေကပဲ ဆက်လက်ချုပ်ကိုင်ထားနိုင်ဖို့၊ တစ်နည်းအားဖြင့် အုပ်ချုပ်ရေးယန္တရားရဲ့ အဓိကမဏ္ဍိုင် ထွေ/အုပ်ဌာနကို တပ်မတော်ဘက်က ဆက်ကိုင်ထားနိုင်ဖို့ အရင်အစိုးရခေတ်မှာ ဒီပုဒ်မကို ပြဋ္ဌာန်းခဲ့တာလို့ ယူဆရပါတယ်။

ဒါဖြင့် NLD လွှတ်တော်ဟာ ပုဒ်မ ၂၈၉၊ ရပ်/ကျေးအဆင့်ရွေးချယ်ပွဲ ဥပဒေကိုပဲပြင်နိုင်သေးပြီး မြို့နယ်/ခရိုင် အဆင့်ပုဒ်မ ၂၈၈ ကို မပြင်နိုင်သေးတဲ့သဘောလား။ ပြီးခဲ့တဲ့ မေလတုန်းကတော့ “မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဥပဒေကြမ်း” တစ်ခု လွှတ်တော်ဆီတင်ပြထားတယ်လို့ သတင်းမှတ်တမ်းတစ်ခုမှာ တွေ့ရပါတယ်။ အဲဒီဥပဒေသာ အတည်ဖြစ်လာရင် မြို့နယ်/ခရိုင် အုပ်ချုပ်ရေးမှူးတွေအားလုံး ပြည်ထဲရေး သို့မဟုတ် နယ်/လုံအောက်ကနေ ပြည်နယ်/တိုင်း ဝန်ကြီးချုပ်အောက်ဆီ ရောက်လာဖွယ်ရှိပါတယ်။ ဒါပေမဲ့ အခုချိန်အထိတော့ အဲဒီဥပဒေကြမ်းကို လွှတ်တော်မှာ ဆွေးနွေးတယ်ဆိုတဲ့ သတင်းမကြားရသေးပါ။

အစိုးရသက်တမ်း ပထမ ၅ နှစ်အတွင်း တစ်ဆင့်ပြီးတစ်ဆင့် ပြင်နိုင်ဖို့အတွက် ရပ်/ကျေးအဆင့်ကို အရင်စမ်းကြည့်ခြင်းလား။ နောက်တစ်နှစ်လောက်မှာ ပုဒ်မ ၂၈၈ ပြင်ရေး၊ မြို့နယ်/ခရိုင် အုပ်ချုပ်ရေးမှူးတွေကိုပါ လူထုဆန္ဒနဲ့ ရွေးနိုင်တဲ့အဆင့်ထိ သွားနိုင်ရေးအတွက် NLD အစိုးရက စီစဉ်ထားသလားဆိုတာဟာ စိတ်ဝင်စားစရာပါ။

တကယ်လို့ မြို့နယ်/ခရိုင် ဥက္ကဋ္ဌနေရာကိုပါ ရွေးကောက်ပွဲစနစ်နဲ့ သွားနိုင်ပြီဆိုရင် တစ်နိုင်ငံလုံးရဲ့ အုပ်ချုပ်ရေးစနစ်မှာ ဟိုးအပေါ်ဆုံး သမ္မတကနေ အောက်ဆုံး ရပ်/ကျေးအထိ (တပ်မတော်ခွဲတမ်းကျ ဝန်ကြီးဌာနသုံးခုမှအပ) အားလုံး ရွေးကောက်ခံစနစ်ဖြစ်သွားမယ် မဟုတ်ပါလား။ အခုတော့ သမ္မတ၊ ပြည်နယ်/တိုင်း ဝန်ကြီးချုပ်နဲ့ ရပ်/ကျေးအထိ ရွေးကောက်ပွဲစနစ်နဲ့ သွားနေပြီး အဓိကနေရာ၊ (အပေါ်ထပ်အဆောက်အဦနဲ့ အောက်ထပ်ကို ဆက်စပ်ပေးရတဲ့နေရာ) နေ့စဉ်အုပ်ချုပ်ရေးကိစ္စကို တာဝန်ယူထားရတဲ့ ခရိုင်နဲ့မြို့နယ်ဥက္ကဋ္ဌနေရာကို ထွေ/အုပ်က ယူထားတာကတော့ သိပ်မဟုတ်သေးပါ။

NLD အစိုးရတက်ခါစ ၂၀၁၆ အလယ်ပိုင်းတုန်းကတော့ ထွေ/အုပ် ဌာန၊ ရဲဌာနအပါအဝင် ဌာနအတော်များများကို ပြည်နယ်/တိုင်း အစိုးရဝန်ကြီးချုပ်ရုံးအောက်မှာ ထားမယ်ဆိုပြီး သတင်းတွေထွက်ပေါ်ခဲ့ပါသေးတယ်။ နောက်ပိုင်း ဘာကြောင့် ဒီအစီအစဉ်ပျက်သွားမှန်းမသိ။ တပ်မတော်ဘက်က သူတို့ခွဲတမ်းကို အရပ်ဘက်အစိုးရဆီ မလွှဲပေးချင်သေးလို့လား။ ဒါမှမဟုတ် NLD ဝန်ကြီးချုပ်တွေကိုယ်တိုင်က ထွေ/အုပ်နဲ့ ရဲဌာနတွေကို ကိုင်တွယ်ဖို့ အဆင်သင့်မဖြစ်သေးလို့ ခဏဆိုင်းထားတာမျိုးလား။


လွှတ်တော်ထဲက ၂၅ ရာခိုင်နှုန်းအပြင် ထွေ/အုပ်ကိုလည်း ရအောင်ပြင်

ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးတို့ဟာ ဒီမိုကရေစီရဲ့ အခြေခံမဏ္ဍိုင် ၃ ရပ်ဖြစ်တယ်လို့ ဆိုကြပါတယ်။ အဲဒီ ၃ ရပ်ထဲက ဥပဒေပြုရေးဖြစ်တဲ့ လွှတ်တော်ထဲမှာ ယူနီဖောင်းဝတ် တပ်မတော်သားအမတ် ၂၅ ရာခိုင်နှုန်း ရှိနေတဲ့အတွက် ဒီနေ့လွှတ်တော်ဟာ ဒီမိုကရေစီနည်းကျ ဖွဲ့ထားတာမျိုးမဟုတ်သေးဘူးလို့ အားလုံးက ဝေဖန်နေကြပါတယ်။


ဒါဖြင့် အုပ်ချုပ်ရေးမှာကော ဒီမိုကရေစီနည်းကျ ဖြစ်နေပါပြီလား။ အုပ်ချုပ်ရေးလို့ပြောတဲ့အခါ သမ္မတနဲ့ အစိုးရဝန်ကြီးဌာနတွေပါတဲ့ အပေါ်ထပ်အဆောက်အဦကိုသာ လူတွေကပြေးမြင်လေ့ရှိပြီး အဓိကကျတဲ့ ထွေ/အုပ် ဌာနကို မေ့နေတတ်ပါတယ်။ ဝန်ကြီးဌာန ၃၀ နီးပါးမှာ တပ်မတော်က ၃ ခုပဲယူပြီး ၂၀ ကျော်ကို ရွေးကောက်ခံ အရပ်သားအစိုးရဆီ ပေးထားတာပဲမဟုတ်ဘူးလားဆိုပြီး ဆင်ခြေပေးကြမလား။

အနှစ်ပြန်ချုပ်ရရင်တော့ စစ်အာဏာရှင်စနစ်ကနေ ဒီမိုကရေစီ စနစ်ဆီ အသွင်ကူးပြောင်းမှုလုပ်တဲ့အခါမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ လွှတ်တော်အတွင်းကနေ တပ်မတော်ခွဲတမ်းရ အမတ်မင်းတွေ ထွက်ခွာရေးလို အပေါ်ထပ်အဆောက်အဦကိစ္စ ပြုပြင်ရေးအပြင် အောက်ခြေမှာ ပြည်သူနဲ့ နေ့စဉ်ဆက်ဆံနေရတဲ့ ရပ်/ကျေး အုပ်ချုပ်မှု ပြုပြင်ရေး၊ အဲဒီကတစ်ဆင့် မြို့နယ်/ခရိုင် အုပ်ချုပ်မှုစနစ် ပြုပြင်ရေးတွေကိုလည်း တစ်ပြိုင်တည်း လုပ်ဖို့လိုနေပါတယ်။ 


မြို့နယ်/ခရိုင် အုပ်ချုပ်ရေးမှူးရွေးပွဲလုပ်ဖို့နဲ့ ထွေ/အုပ် ဌာနကို ပြည်နယ်/တိုင်း ဝန်ကြီးချုပ်အောက်မှာထားဖို့ အချိန်ယူရဦးမယ်ဆိုရင်တောင် တပ်မတော်ခွဲတမ်းရ ဝန်ကြီးဌာနအောက်ရှိ ထွေ/အုပ် ဌာနနဲ့ ဝန်ကြီးချုပ် အောက်ရှိ စည်/ပင် ဝန်ကြီးဌာနတို့ ဒီထက်မက ပူးပေါင်းဆောင်ရွက်ပြီး အောက်ခြေလူထု အဆင်ပြေစေရေးကို ဦးစားပေးဖို့လိုနေပါတယ်။        ။

Wednesday, December 13, 2017

ရိုဟင်ဂျာ ပြဿနာသည် မူစလင်-ဗုဒ္ဓဘာသာ ပဋိပက္ခမဟုတ် (အပိုင်း-၁)

VOA မြန်မာပိုင်းမှ...။
ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းမှာ ရိုဟင်ဂျာ ပြဿနာသည် မူစလင်-ဗုဒ္ဓဘာသာဝင်တို့အကြား ဖြစ်ပွါးတဲ့ ပဋိပက္ခမဟုတ်ဘူးလို့ မြန်မာ့အရေးကို နှစ်ပေါင်းများစွာ စောင့်ကြည့်လေ့လာ ရေးသားလာခဲ့သူ သတင်းစာဆရာကြီး Bertil Lintner က ပြောကြားလိုက်ပါတယ်။ Scroll.in Online Media နဲ့ မကြာခင်က ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတခုမှာ Bertil Lintner က အခုလို ပြောကြားလိုက်တာပါ။ ဦးကျော်ဇံသာက အသေးစိတ်ပြန်ဆိုပြီး ကိုဥာဏ်ဝင်းအောင်နဲ့အတူ တင်ဆက်ထားပါတယ်။


မေး ။ ။ Bertil Lintner .. မြန်မာနိုင်ငံကို နှစ်ပေါင်းများစွာ စောင့်ကြည့်သုံးသပ်လာသူတယောက်အနေနဲ့ အခု ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်နေတဲ့ ပြဿနာကို ဘယ်လို မြင်ပါသလဲ။
Bertil Lintner ။ ။ ဒီပြဿနာဟာ အသစ်မဟုတ်ပါဘူး။ အဓိကအားဖြင့် ပြဿနာနှစ်ရပ် ရှိပါတယ်။ ပထမတခုက မတရားခိုးဝင် ပြောင်းရွှေ့ နေထိုင်မှု - Illegal Immigration ကိစ္စပါ။ ဒါဟာ တကယ်ပဲဖြစ်ဖြစ် ထင်မြင်ယူဆချက်ပဲဖြစ်ဖြစ် ပြဿနာတော့ ပြဿနာပါပဲ။ ဒုတိယတခုကတော့ အစ္စလာမ်စစ်သွေးကြွဝါဒပါ။ သြဂုတ်လ (၂၅) ရက်နေ့တုန်းက သူတို့ကိုယ်သူတို့ ARSA လို့ခေါ်တဲ့ အဖွဲ့ဟာ ရခိုင်ပြည်နယ်မှာ ရဲစခန်းတွေကို ဝင်ရောက်တိုက်ခဲ့ပါတယ်။ ဒါဟာ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေ ထုနဲ့ထည်နဲ့ လက်တုံ့ပြန်လာအောင် ဆွပေးခဲ့တာပါ။ အဲဒီအချိန်ကစပြီး ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးခဲ့ကြသူပေါင်း (၆) သိန်းကျော် ရှိခဲ့ပါပြီ။ ဒီကိစ္စမှာ စာနာမှုဆိုင်ရာ ပြဿနာလို့ခေါ်တဲ့ လူမှုဒုက္ခတွေဟာ သိပ်အရေးကြီးတယ်ဆိုတာ မှန်ပါတယ်။ ဒီလူတွေဟာ မြန်မာစစ်တပ်ရဲ့  ပြင်းထန်တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ခံခဲ့ကြရပါတယ်။ ဒါကြီးပဲတော့ မဟုတ်ပါဘူး။ ARSA ရဲ့  ပြောခွင့်ရတယောက်က ဒီလိုတုံ့ပြန်မှုမျိုး ဖြစ်လာအောင် ဆွပေးဖို့ ရည်ရွယ်ချက်နဲ့ သူတို့က စတိုက်ခဲ့တာလို့ အင်တာဗျူးတခုမှာ အတိအကျ ပြောထားပါတယ်။
ဆိုတော့ ဒီတိုက်ခိုက်မှုကနေ သူတို့ဘာများ ရပါသလဲ။ နံပတ်တစ်က နိုင်ငံတကာရဲ့  အာရုံစူးစိုက်မှုကိုရတယ်။ နံပတ်နှစ်က အာရှအနောက်ပိုင်း အဓိကအားဖြင့် Saudi Arabia နဲ့ အာရပ်စော်ဘွားများ ပြည်ထောင်စုတို့ဆီကနေ ငွေကြေးအထောက်အပံ့တွေ ပိုရလာတယ်။ နံပတ်သုံးကတော့ ခံပြင်းဒေါသထွက်နေတဲ့ လူငယ်လူသစ်တွေ အများကြီး ဝင်ရောက်လာနိုင်တယ်။ သူတို့ လိုချင်တာထက် ပိုရနိုင်ပါတယ်။ စစ်တပ်က ဒီလောက်အထိ ပြင်းပြင်းထန်ထန် တုံ့ပြန်လာမယ်လို့ သူတို့တွက်ချင်မှ တွက်ပါလိမ့်မယ်။ ဒါပေမဲ့ အခုပြောတဲ့ သုံးခုကိုလည်း သူတို့ ရရှိသွားတယ်လို့ ပြောချင်ပါတယ်။
တကယ်တမ်း ဒုက္ခရောက်နေတာက ရခိုင်ပြည်နယ် အနောက်မြောက်ပိုင်းက သာမန်ဆင်းရဲသား မူစလင်လယ်သမားတွေပဲ ဖြစ်ပါတယ်။ သူတို့ဟာ ဒီပြဿနာကြီးမှာ ထိုးကျွေးခံရတဲ့ အရုပ်တွေလို့ ဖြစ်ပါတယ်။
မေး ။ ။ ဒါပေမဲ့ မြန်မာနိုင်ငံထဲမှာ ရိုဟင်ဂျာတွေက နှစ်ပေါင်းများစွာ အကွက်ကျကျ ဖိနှိပ်ချုပ်ချယ်ခံနေရတယ်ဆိုတာ ဖြစ်နိုင်တဲ့ အထောက်အထားတွေ အလုံအလောက် တွေ့နေရပါတယ်။ မြန်မာနိုင်ငံဟာ ရိုဟင်ဂျာဆိုတာကို လူမျိုးစုအသိုင်းအဝိုင်း တခုလို့တောင် အသိအမှတ်မပြုပါဘူး။ ဒါဟာ တိုင်းပြည်အတွင်းမှာ ကာလရှည်ကြာ နေလာတဲ့ လူ့အသိုက်အဝန်းတခုရဲ့  ရပိုင်ခွင့်ကို တမင်ထိခိုက်နစ်နာအောင် အားထုတ်ရာ မရောက်ဘူးလား။
Bertil Lintner ။ ။ ဟုတ်လဲဟုတ်ပါတယ်။ မဟုတ်လဲ မဟုတ်ဘူးလို့လဲ ပြောရမှာပါ။ အဲဒီဒေသမှာ နှစ်ပေါင်းများစွာ နေလာခဲ့တဲ့ မူစလင်တွေ ရှိပါတယ်။ ဒါဟာ သေချာပါတယ်။ အဲဒီနေရာဟာ အိန္ဒိယတိုက်ငယ်ရဲ့ အဆုံး အရှေ့ တောင်အာရှရဲ့  အစဖြစ်ပါတယ်။ အဲဒီမှာ နတ်မြစ်ဟာ အခု ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံရဲ့  နယ်ခြား ဖြစ်ပါတယ်။ ဒီမြစ်ရဲ့  တဘက်တချက်မှာ ဗုဒ္ဓဘာသာနဲ့ မူစလင်တွေ ရာစုနှစ်နဲ့ချီပြီး နေလာခဲ့တာပါ။ အခု ရခိုင်ပြည်နယ်ရဲ့  အနောက်မြောက်ထောင့်မှာ အကြာကြီးနေလာတဲ့ မူစလင်တွေလည်း ရှိပါတယ်။ ဒါ မေးခွန်းထုတ်စရာ မဟုတ်ပါဘူး။
ဗြိတိသျှခေတ်တုန်းက နတ်မြစ်တဘက်ကမ်းက မူစလင်အလုပ်သမား အများအပြားကို ဒီဘက်ကမ်းကို ခေါ်ယူခဲ့တာပါ။ ဒါပေမဲ့ သူတို့ကို ရိုဟင်ဂျာလို့ မခေါ်ကြပါဘူး။ စစ်တကောင်းသားလို့သာ ခေါ်တာပါ။ ၁၇၉၉ တုန်းက ဖရစ်စစ် ဘူရှာနာ ဟာမေလ်တန် က မှတ်တမ်းတခုမှာ ဒီစကားကို သုံးခဲ့ပါတယ်။ ဒါပေမဲ့ မှတ်တမ်းကလည်း အဲဒီတခုပဲ ရှိပါတယ်။ ဘူရှာနာ ကို အရှေ့ အိန္ဒိယကုမ္ပဏီက စေလွှတ်ခဲ့တာပါ။ ဒါပေမဲ့ သူဟာ ရခိုင်ပြည်နယ်ကို မရောက်ခဲ့ပါဘူး။ အခု မန္တလေးနားမှာ တည်ရှိတဲ့ အင်းဝနဲ့ အမ္မရပူရကိုသာ ရောက်ခဲ့တာပါ။ အဲဒီမှာ သူက Arakan က လူတွေကို တွေ့ခဲ့ပါတယ်။ Arakan ဆိုတာ ဟိုတုန်းက ရခိုင်ကို ခေါ်တာပါ။ သူတို့က သူတို့ကိုယ်သူတို့ ရိုဟင်ဂျာတွေလို့ ခေါ်ကြတယ်။ အဲဒီနောက်ပိုင်းမှာ ဒီအသုံးအနှုန်းကို နှစ်ပေါင်း (၁၅၀) လောက်အတွင်းမှာ တခါမှ ညွှန်းဆိုပြောကြားတာ မရှိတော့ပါဘူး။ ဒီနာမည်ကို ဘယ်သူပဲသုံးသုံး မမှားပါဘူး။ ဒါပေမဲ့ ရခိုင်ပြည်နယ် အနောက်မြောက်ဒေသက စစ်တကောင်းဒေသီရစကား Chittagonian dialect ပြောသူတွေအတွက် သီခြားသတ်မှတ်ချက် ဖြစ်တယ်ဆိုတာကတော့ နောက်မှလုပ်လာတဲ့ အယူအဆ New Concept သာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာ ရှိနေတဲ့ အားလုံးကတော့ သူတို့ကိုယ်သူတို့ ရိုဟင်ဂျာလို့ မခံယူကြဘူးဆိုတာ ခင်များ မှတ်သားထားသင့်ပါတယ်။ အဲဒီနာမည်ကို မခံယူကြတဲ့ လူတွေဟာ ကာလကြာရှည် အဲဒီမှာ အထင်အရှား နေထိုင်လာကြသူတွေပါ။ အစွန်းရောက်အုပ်စုတွေက နိုင်ငံရေးအမြတ်ထုတ်ဖို့အတွက် ဒီနာမည်ကို အသုံးချလာကြပါတယ်။ ဒါကြောင့် ရိုဟင်ဂျာဆိုတဲ့ နာမည်ကို လူအများအပြား ခံယူလာကြတယ်ဆိုတာ မကြာသေးခင်ကသာ ဖြစ်တယ်ဆိုတာကို မြင်ရပါတယ်။
မေး ။ ။ ဟုတ်ကဲ့ .. အဲဒီမကြာသေးခင်ကဆိုတာ ဘယ်လောက်အကြာတုန်းကလဲ ပြောပြပါအုံး။
Bertil Lintner ။ ။ သူတို့ထဲက တချို့ ဆိုရင် ဒီနာမည်ကို ခံယူလာတာ လွန်ခဲ့တဲ့ (၂) နှစ်ကျော်လောက်ကပါ။ တကယ်တမ်း ဒီနာမည် လူသိများလာတာက ၁၉၉၀ ပြည့်လွန်နောက်ပိုင်းမှာ ဖြစ်ပါတယ်။
မေး ။ ။ ဒါပေမဲ့ ၁၉၅၀ ပြည့်လွန်တုန်းက မြန်မာအစိုးရဟာ ရိုဟင်ဂျာဆိုတဲ့ နာမည်ကို သုံးခဲ့တယ် မဟုတ်ဘူးလား။
Bertil Lintner ။ ။ ဟုတ်ပါတယ်။ သူတို့ သုံးခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီတုန်းက ဒါကို လူတိုင်း ကြိုက်နှစ်သက်ခဲ့ကြတာ မဟုတ်ဘူးဆိုတာ ပြန်သတိရသင့်ပါတယ်။ ၁၉၄၈ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး ရခိုင်အနောက်မြောက်ထောင့်မှာ မူစလင် ပုန်ကန်မှုတရပ် ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအချိန်တုန်းကတောင် အဲဒီသူပုန်တွေက သူတို့ကိုယ်သူတို့ ရိုဟင်ဂျာလို့ မခေါ်ကြပါဘူး။ မူဂျာဟစ် တိုက်ပွဲဝင်ကြသူများလို့သာ ခေါ်ကြပါတယ်။ သူတို့က အရှေ့ ပါကစ္စတန်ထဲ ပါချင်ကြတာပါ။ ဒီပုန်ကန်မှုဟာ မှေးမှိန်သွားတယ်လို့ပဲ ဆိုပါစို့။ အဲဒီနောက်ပိုင်းမှာ ၁၉၅၀ ပြည့်လွန်ကြတော့ အဲဒီထဲက တချို့ က ရိုဟင်ဂျာဆိုပြီး လုပ်လာကြပါတယ်။ ဒီအခါမှာ ခွဲထွက်ရေးဆိုတာ ပါလာပြီလို့ ယူဆရပါတယ်။ ရိုဟင်ဂျာဘက်လိုက်ပြီး ရေးသားချက်တွေကိုကြည့်ရင် ၁၉၅၀ ပြည့်လွန်အစိုးရထဲမှာ ရိုဟင်ဂျာဝန်ကြီးတွေ အများအပြား ပါဝင်ခဲ့တယ်လို့ သူတို့က ဆိုပါတယ်။ အဲဒါ တကယ်တော့ မမှန်ပါဘူး။ တကယ်တော့ အဲဒီဒေသက ဝန်ကြီးဆိုလို့ ဆူလတန် မာမွတ် တယောက်ပဲ ရှိခဲ့တာပါ။ သူဟာ မူစလင်ပါ။ ဒါပေမဲ့ သူဟာ သူ့ကိုယ်သူ ရိုဟင်ဂျာလို့ မခေါ်ပါဘူး။ ရခိုင်-မူစလင် Arakanese Muslim လို့ပဲ ခေါ်ခဲ့တာပါ။ အဲဒီတုန်းက ဝန်ကြီးဦးနုကလည်း မူစလင်တို့ရဲ့  ထောက်ခံမဲကို လိုအပ်နေတာပါ။ ဒါဟာ ဝန်ကြီးချုပ်အနေနဲ့ အဲဒီအသုံးအနှုန်း ရိုဟင်ဂျာကို အစောတလင် အသုံးပြုခဲ့တဲ့ အကြောင်းရင်းတခုပါပဲ။
မေး ။ ။ ၁၉၅၀ ပြည့်လွန်က အခြေအနေ ဘယ်လိုပဲ ရှိခဲ့ရှိခဲ့ပါ။ အခု ရခိုင်မှာရှိနေတဲ့ မူစလင် အများစုဟာ သူတို့ကိုယ်သူတို့ ရိုဟင်ဂျာလို့ ပြောနေကြတယ်။ နောက်ပြီး နှိပ်ကွပ်ခံနေကြတယ်။ ဒါကို ခင်များ ဘယ်လို ပြောမလဲ။
Bertil Lintner ။ ။ ပထမဦးဆုံးအနေနဲ့ ခင်များတို့ သိထားရမှာက မြန်မာပြည်မှာ မူစလင်တွေ အများကြီး ရှိတယ်ဆိုတာပါပဲ။ သူတို့အများစုက မြို့ ပြတွေမှာ နေကြတယ်။ စီးပွားရေးလုပ်ငန်းတွေ ပိုင်ကြတယ်။ ဗမာနာမည်တွေ ရှိကြတယ်။ ဗမာလိုလည်း ပြောကြတယ်။ ပြီးတော့ သူတို့က မြန်မာနိုင်ငံသားတွေ၊ မြန်မာ့သမိုင်းတလျှောက် မူစလင်တွေဟာ အရေးပါတဲ့ အခန်းကဏ္ဍကနေ အများကြီး ပါဝင်ခဲ့ကြတယ်။ မူစလင်ခေါင်းဆောင် ဦးရာဇတ်ဟာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ၁၉၄၀ ပြည့်လွန်နှစ်မှာ လုပ်ကြံခံသွားရပါတယ်။ တိုင်းပြည်ရဲ့  အာဇာနည်အဖြစ် သတ်မှတ်ခြင်းလည်း ခံရပါတယ်။ နောက် အရေးပါတဲ့ မူစလင်တဦးကတော့ ဦးရာရှစ် သူက အဲလ်ဟာဗတ်မှာ မွေးတာပါ။ ၁၉၃၀ ပြည့်လွန်မှာ အထူးလေးစားခံရတဲ့ ကျောင်းသားခေါင်းဆောင်လည်း ဖြစ်ပါတယ်။ နောက် ဦးဖေခင် - သူက ပင်လုံသဘောတူညီချက်ရဲ့  ဗိသုကာတဦးလည်း ဖြစ်ပါတယ်။ အဲဒီအချိန် နယ်စွန်းနယ်ဖျားဒေသတွေလို့ခေါ်တဲ့ ရှမ်း၊ ချင်း၊ ကချင်ပြည်သူတွေအတွက် ဒေသတွင်း ကိုယ်ပိုင်ပြဌာန်းပေးခဲ့တဲ့ ၁၉၄၇ ပင်လုံစာချုပ် ဖြစ်ပါတယ်။ ဒါကြောင့် အခုဖြစ်နေတာက မူစလင်တွေနဲ့ ဗုဒ္ဓဘာသာတွေကြားမှာ ဖြစ်နေတဲ့ ပြဿနာ မဟုတ်ပါဘူး။
ရိုဟင်ဂျာတွေက တခြားဆီပါ။ သူတို့ဟာ ဗမာစကား မပြောကြဘူး။ ဘင်္ဂလားဒေ့ရှ်ဘက်မှာ ပြောတဲ့ ဘင်္ဂလီစကားရဲ့  စစ်တကောင်းဒေသစကား Chittagonian dialect ကိုသာ ပြောကြတာပါ။ ဒါကြောင့် မြန်မာပြည်သူ အများစုက သူတို့ကို တရားမဝင်သူတွေလို့ မြင်ကြပါတယ်။ မျှတမှုတော့ မရှိဘူးပေါ့။ ဒီလူတွေ အများစုက တကယ်ပဲ အဲဒီဒေသမှာ ကာလတာရှည် နေခဲ့ကြတယ်ကို။
မေး ။ ။ ARSA ခေါင်းဆောင်တွေနဲ့ အစွန်းရောက်အုပ်စုတွေ ဆက်စပ်မှုဟာ ဒေသတွင်း ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှားလာမယ့်သဘောကို ပြသနေတယ်လို့ ခင်များ အစောပိုင်းက ရေးခဲ့ပါတယ်။ ပြောခဲ့ပါတယ်။ အဲဒီလို ဘာကြောင့် ပြောနိုင်ပါလဲ။
Bertil Lintner ။ ။ နာမည်ကိုယ်က သူတို့ဘာသာစကားနဲ့ Harakat al-Yaqin လို့ ဆိုထားပါတယ်။ အဓိပ္ပါယ်ကတော့ The Faith Movement ကိုးကွယ်ယုံကြည်ခြင်း လှုပ်ရှားမှု ဖြစ်ပါတယ်။ လူမျိုးရေး၊ အမျိုးသားရေးအတွက်ဆိုရင် ကိုးကွယ်ယုံကြည်ခြင်း နာမည်ပေးစရာ မလိုပါဘူး။ ပြီးတော့ ဒီအဖွဲ့ရဲ့ ခေါင်းဆောင် Ata Ullah ဆိုရင်လည်း ရခိုင်က မဟုတ်ပါဘူး။ ပါကစ္စတန်နိုင်ငံ ကရားချီးမှာ မွေးသူပါ။ နောက်ပြီးတော့ ဆော်ဒီ အာရေးဗီရားမှာ နေတာပါ။ မူစလင်တရားဟောဆရာလည်း ဖြစ်ပါတယ်။ ဒီအရေးအခင်းမှာ သူစိတ်ဝင်စားတာက ၂၀၁၂ ခုနှစ်လောက်က သူ့မိဘတွေက ရခိုင်က ဖြစ်နိုင်ပေမယ့် သူတော့ မဟုတ်ပါဘူး။
မေး ။ ။ ဒါဆိုရင် သူတို့မျိုးရိုးက ရခိုင်ဒေသကပေါ့။
Bertil Lintner ။ ။ မှန်ပါတယ်။ သူ့ရဲ့  တိပ်ခွေတချို့ ကို ကျနော် နားထောင်ကြည့်ဖူးပါတယ်။ ရခိုင်ပြည်နယ်က ဘယ်နာမည်တခုကိုမှ သူက မှန်မှန်ကန်ကန် အသံမထွက်နိုင်ပါဘူး။ သူက ဘင်္ဂလီ စစ်တကောင်းသားစကားကို Urdu အသုံးအနှုန်းတွေနဲ့ ရောနှောပြောခဲ့တာပါ။ အဲဒီအဖွဲ့ထဲက သူနဲ့နီးစပ်တဲ့ အပေါင်းအသင်းတွေကလည်း ကရားချီးက ဒါမှမဟုတ် ဘင်္ဂလားဒေ့ရှ်က ဖြစ်ကြပါတယ်။
မေး ။ ။ ဆိုတော့ အဲဒါကလွဲပြီးတော့ ARSA အဖွဲ့ဟာ မြန်မာနိုင်ငံထဲက တခြားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဘယ်လိုများ ကွာခြားမှု ရှိပါသလဲ။
Bertil Lintner ။ ။ တခြားတိုင်းရင်းသား သူပုန်အဖွဲ့တွေက အနည်းအများဆိုသလို သမားရိုးကျ စစ်တပ်ပုံစံနဲ့ လှုပ်ရှားကြပါတယ်။ ယူနီဖောင်းတွေရှိတယ်။ ရာထူးအဆင့်တွေ သတ်မှတ်ထားကြတယ်။ တပ်ခွဲ၊ တပ်ရင်း၊ တပ်မ စတာတွေ ဖွဲ့စည်းထားကြတယ်။ မောင်းပြန်သေနတ်၊ စက်သေနတ်တွေလည်း ကိုင်ကြပါတယ်။ ARSA ရဲ့  နည်းလမ်းတွေက ဒါနဲ့ သိပ်ကွဲလွဲပါတယ်။ ၂၀၁၆ အောက်တိုဘာမှာ တိုက်ခိုက်တာနဲ့ အခု သြဂုတ်လမှာ တိုက်ခဲ့တာတွေက တခြားတိုင်းရင်းသား သူပုန်တွေနဲ့ ပုံစံချင်း သိပ်ကွဲပါတယ်။ သူတို့က ရွာသားတွေကို ရာနဲ့ချီ စည်းရုံးပြီးတော့ ပစ်မှတ်တွေကို ဝိုင်းတယ်။ အမှန်တကယ်ရှိတဲ့ အင်အားထက်ပိုပြီးတော့ များတယ်ဆိုတာ ပြတဲ့သဘောပါ။ သူတို့မှာ လက်နက်သိပ်မရှိဘူး။ ဓါးတွေ၊ လှံတွေ အများစုက။ သူတို့နည်းကတော့ နီပေါလ် နဲ့ အိန္ဒိယ အလယ်ပိုင်းက မော်ဝါဒီ အုပ်စုတွေနဲ့ ဆင်တူပါတယ်။ မြန်မာပြည်ထဲက တခြားတိုင်းရင်းသားအုပ်စုတွေထက် မတူပါဘူး။

Wednesday, December 6, 2017

Five Core Principles of Journalism

Five Core Principles of Journalism

1. Truth and Accuracy

Journalists cannot always guarantee ‘truth’, but getting the facts right is the cardinal principle of journalism. We should always strive for accuracy, give all the relevant facts we have and ensure that they have been checked. When we cannot corroborate information we should say so.

2. Independence

Journalists must be independent voices; we should not act, formally or informally, on behalf of special interests whether political, corporate or cultural. We should declare to our editors – or the audience – any of our political affiliations, financial arrangements or other personal information that might constitute a conflict of interest.

3. Fairness and Impartiality

Most stories have at least two sides. While there is no obligation to present every side in every piece, stories should be balanced and add context. Objectivity is not always possible, and may not always be desirable (in the face for example of brutality or inhumanity), but impartial reporting builds trust and confidence.

4. Humanity

Journalists should do no harm. What we publish or broadcast may be hurtful, but we should be aware of the impact of our words and images on the lives of others.

5. Accountability

A sure sign of professionalism and responsible journalism is the ability to hold ourselves accountable. When we commit errors we must correct them and our expressions of regret must be sincere not cynical. We listen to the concerns of our audience. We may not change what readers write or say but we will always provide remedies when we are unfair.

(Copy from http://ethicaljournalismnetwork.org).
....

The 10 Absolutes of Reuters Journalism

Reuters journalists:
  • Always hold accuracy sacrosanct
  • Always correct an error openly
  • Always strive for balance and freedom from bias
  • Always reveal a conflict of interest to a manager
  • Always respect privileged information
  • Always protect their sources from the authorities
  • Always guard against putting their opinion in a news story
  • Never fabricate or plagiarise
  • Never alter a still or moving image beyond the requirements of normal image enhancement
  • Never pay for a story and never accept a bribe
This Section is divided into four categories:
  1. Accuracy
  2. Independence
  3. Freedom from bias
  4. Integrity


Share

Twitter Delicious Facebook Digg Stumbleupon Favorites More