Saturday, December 15, 2012

သူပုန္ေက်ာင္းသားတဦးရဲ့ မာရသြန္ခရီး ၅၀

ဧရာ၀တီ။

ပဥၥမအႀကိမ္ညီလာခံနဲ႔ ဇလားဒုကၡသည္စခန္း

ဒီလုိ ဒုကၡသည္ေလွ်ာက္မႈကိစၥေတြ အျငင္းပြားလုိ႔ ေကာင္းတုန္းမွာပဲ ပဥၥမအႀကိမ္ညီလာခံ  ေခၚယူလာတဲ့အတြက္ ထိုင္းနုိင္ငံေျမာက္ပိုင္းရွိ မယ္စရိယန္းၿမိဳ႕နယ္နဲ႔ သံလြင္ျမစ္ၾကားရွိ ဇလားဒုကၡသည္ စခန္းဆီသြားဖုိ႔ က်ေနာ္တုိ႔ ျပင္ဆင္ရပါတယ္။

 ပဥၥအႀကိမ္ ညီလာခံအတြက္ ေရြးခ်ယ္ခံ တပ္ရင္း ၁ ကိုယ္စားလွယ္ ၆ ဦးအပါ၀င္ ဇလားစခန္းေရာက္ ေတာင္ပုိင္းအဖြဲ႔၀င္မ်ား

က်ေနာ္မွတ္မိသေလာက္ဆုိရင္ ကိုမင္းေအာင္က ကုိယ္စားလွယ္အျဖစ္ အေရြးမခံေတာ့ပါ။ က်ေနာ္ကေတာ့ တပ္ကိစၥမလုပ္ဘဲ သတင္းေထာက္အလုပ္ခ်ည္း လုပ္ေနလုိ႔ ရဲေဘာ္ေတြက က်ေနာ့္ကုိ ကုိယ္စားလွယ္အျဖစ္ မေရြးေတာ့ပါ။ ေနာက္တခါ က်ဆုံး-နႈတ္ထြက္ ဦးေရမ်ားသြားတဲ့အတြက္ တပ္ရင္း ၁  လူဦးေရဟာ ၇၀ ၀န္းက်င္ေလာက္ပဲက်န္ၿပီး အရင္က ကုိယ္စားလွယ္ ၁၀ ေက်ာ္ ခြဲတမ္းရေနရာကေန အခုေတာ့  ကုိယ္စားလွယ္  ၆ ဦးပဲ ရပါေတာ့တယ္။


က်န္ေနတဲ့ ရင္း ၁ ရဲေဘာ္အမ်ားစုဟာ တပ္ရင္း ၁ အေျခစုိက္စခန္းေတြျဖစ္တဲ့ ဟြာဟင္ဖက္က စခန္းသစ္နဲ႔ စန္ခရဘူရီဖက္က ကေလာ့ကာနီ စခန္းေတြနဲ႔စာရင္ ဗဟုိဌာနခ်ဳပ္ရွိ ဌာနခဲြအသီးသီးမွာ တာ၀န္ထမ္းေနသူ ဦးေရကေတာင္ ပုိမ်ားေနတဲ့သေဘာမ်ဳိး ျဖစ္သြားပါတယ္။ ဘာပဲျဖစ္ျဖစ္ KNU က အပစ္အခတ္ ရပ္စဲေရး လုပ္သြားရင္၊ ဒါမွမဟုတ္ အေရးေပၚအေျခအေန တခုခုျဖစ္လာရင္ ေတာင္ပုိင္းေဒသ ABSDF ေနာက္ဆုံး စုရပ္စခန္းအျဖစ္ ရည္ရြယ္ၿပီး က်ေနာ္တုိ႔ ရွွာေဖြခဲ့တဲ့ ဟြာဟင္က စခန္းသစ္ဟာ ဒီေန႔ မင္းသမီးစခန္းခြာစစ္မွာ အသုံးတည့္သြားပါတယ္။ မင္းသမီးေဒသက ဆုတ္လာတဲ့ တပ္ရင္း ၁ နဲ႔ တပ္ ရင္း ၇ အျပင္ အရင္ ထပ္စကဲဖက္ရွိ ကုိမုိးသီးဇြန္တုိ႔ဖက္က တပ္ေတြပါ စခန္းသစ္အထိ လာေရာက္ စုရံုးျကတယ္လုိ့သိရပါတယ္။ ဒါေၾကာင့္ စခန္းသစ္ဟာ ၂၀၀၀ ျပည့္လြန္နွစ္ေတြအထိ ေတာင္ပုိင္းေဒသရဲ့ ေနာက္ဆုံး ABSDF စခန္းအျဖစ္ ရပ္တည္နုိင္ခဲ့ပါတယ္။

(ေတာင္ပုိင္းေဒသဆုိတာဟာ ဘုရားသုံးဆူ၊ မြန္နယ္ေျမ ေအာက္ဖက္က တနသၤာရီတုိင္းကုိ ဆုိလုိတာ ျဖစ္ပါတယ္။ ဒီေန႔ အင္တာနက္သတင္းေတြမွာ သုံးေနၾကသလုိ မာနယ္ပုေလာ အေျခစိုက္ အဖြဲ႔အားလုံးကုိ ေတာင္ပုိင္းလုိ႔ေခၚၿပီး ကခ်င္ျပည္နယ္ အေျခစုိက္အဖြဲ႔ေတြကို ေျမာက္ပုိင္းလုိ႔ ေခၚျခင္းကုိ အဲဒီကာလက က်ေနာ္တုိ႔ မၾကားဖူးပါ)။

အဲဒီ ေနာက္ပုိင္းမွာေတာ့ တပ္ရင္း ၁ ရဲေဘာ္အားလုံးကုိ စန္ခရဘူရီဖက္ေရြ႕ၿပီး အခုခ်ိန္အထိ မြန္နဲ႔ ကရင္နယ္စပ္မွာ တပ္ရင္း ၁ မႉး ကုိသိန္းလြင္ ဦးေဆာင္တဲ့အဖြဲ႔က လႈပ္ရွားေနဆဲလုိ႔ သိရပါတယ္။ ဗဟုိ ဖက္သြားတဲ့အေျခေနကုိ ျပန္ေကာက္ရမယ္ဆုိရင္ တပ္ရင္း ၁ ကေန ေရြးခ်ယ္ခံရတဲ့ ကုိယ္စားလွယ္ ၆ ဦးထဲမွာ ေဒါက္တာနုိင္ေအာင္၊ ကုိေက်ာ္ေက်ာ္၊ ကိုမ်ဳိး၀င္း၊ ကိုေဌးေအာင္၊ ကုိခင္ေမာင္၀င္း စသျဖင့္ ဗဟုိကလူခ်ည္း ၅ ဦးပါ၀င္ၿပီး တပ္မႉးေတြထဲက ဆရာေအာင္ျမင့္ တဦးပဲ ပါတယ္လုိ႔ က်ေနာ္အမွတ္ရေနတယ္။ ကုိယ္စားလွယ္ထဲ မပါေတာ့တဲ့ ဗဟိုေကာ္မီတီ၀င္ေဟာင္း ကုိမင္းေအာင္နဲ႔ က်ေနာ္ကေတာ့ ညီလာခံမတုိင္မီ က်င္းပမယ့္ ဗဟုိေကာ္မတီ အစည္းေ၀းတက္ဖုိ႔ ဇလားစခန္းဆီ ေရာက္သြားတဲ့ သေဘာပါ။

မယ္စရိယန္းၿမိဳ႕နဲ႔ ဇလားစခန္းအၾကား ကားလမ္းၾကမ္းဟာ ဆုိး၀ါးတဲ့အျပင္ ေတာင္ေက်ာ္-ေတာျဖတ္ သြားရတဲ့အတြက္ အေတာ္အႏၲရာယ္ မ်ားပါတယ္။ က်ေနာ္တုိ႔လုိပဲ တျခားတပ္ရင္း၊ စခန္း အသီးသီးက ကိုယ္စားလွယ္ေတြ၊ ဗဟုိေကာ္မတီ၀င္ေတြ၊ တပ္မႉးေတြလည္း ဇလားစခန္းဆီ ေရာက္လာၾကပါတယ္။ ဗဟုိေကာ္မတီ အစည္းအေ၀း က်င္းပတဲ့ေနရာဟာ ဇလားစခန္းရွိ ေက်ာင္းသားေတြ ေနထုိင္ရာ ရပ္ကြက္ရဲ႕ အေနာက္ဖက္ လွ်ဳိေျမာင္ေလးၾကားထဲက အင္ဖက္မုိး၊ ေျမစုိက္၊ အစည္းေ၀းခန္းမမွာ ျဖစ္ပါတယ္။ ေတာႀကီးမ်က္မည္းထဲက ေတာင္နံရံ ၂ ခုၾကားရွိ စမ္းေခ်ာင္းတေလွ်ာက္ ျဖစ္သလုိေဆာက္ထားတဲ့ ဒီစခန္းထဲမွာ လူဦးေရ ၁ ေသာင္းေက်ာ္ရွိၿပီး ရြာတန္းအရွည္က ၄-၅ မုိင္ေလာက္ရွိမယ္လုိ႔ က်ေနာ္ ထင္ပါတယ္။ လုံၿခံဳေရးဂိတ္ရွိတဲ့ စခန္းအ၀င္၀ကေန ေက်ာင္းသားရပ္ကြက္ရွိတဲ့ ေနရာေလာက္ပဲ က်ေနာ္ေရာက္ဖူးၿပီး စခန္းဟုိဖက္ထိပ္အထိ မေရာက္ဖူးလုိက္ပါ။

ေက်ာင္းသားရပ္ကြက္ရဲ႕ေရွ႕စမ္းေခ်ာင္းေလးေဘးမွာ ခပ္က်ဥ္းက်ဥ္း ေဘာ္လီေဘာ သို႔မဟုတ္ ပုိက္ေက်ာ္ျခင္းလည္း ကစားလုိ႔ရတဲ့ ကြင္းတခုရွိပါတယ္။ အဲဒီကြင္းရဲ႕ ဟုိဖက္ေထာင့္မွာ စီးပြားေရး အျမင္ရွိတဲ့ ေက်ာင္းသားေဟာင္း တဦးပုိင္တဲ့ ဗီဒီယုိ႐ံု၊ အဲဒီေနရာ နွစ္ခုၾကားကေန ေတာင္ကုန္းေလးေပၚ လမ္းေလွ်ာက္တက္လာမယ္ဆုိရင္ သစ္တုိင္၊ ၀ါးၾကမ္းခင္း၊ ၀ါးထရံကာ၊ အင္ဖက္မုိးနဲ႔ ေဆာက္ထားတဲ့ အိ္မ္ေထာင္သည္လုိင္း တဲအိမ္ငယ္ေတြ အစီအရီ။ ကေလးငုိသံ၊ ေခြးေဟာင္သံ၊ ၀က္ေအာ္သံေတြ၊ BBC, VOA, RFA, DVB ေရဒီယုိအသံေတြနဲ႔ ဆူညံလုိ႔ေပါ့။ ၁၀ မိနစ္ေလာက္ေလွ်ာက္ၿပီးတဲ့အခါ ေတာင္နံရံမွာ ကပ္ေဆာက္ထားတဲ့ ဗဟုိအလယ္တန္းေက်ာင္းကို ေတြ႔ရမွာျဖစ္ပါတယ္။

 ABSDF တပ္ဖြဲ႔၀င္ ကေလးငယ္ေတြအတြက္ ဖြင့္ထားတဲ့ ဇလားစခန္းမွ ဗဟုိအလယ္တန္းေက်ာင္း

ABSDF ရဲ႕ မ်ဳိးဆက္သစ္ ေက်ာင္သားဦးေရ ၅၀ ေက်ာ္ရွိတဲ့ အဲဒီေက်ာင္းေဆာင္ေနရာကေန ေအာက္ကိုျပန္ၾကည့္မယ္ဆုိရင္ စမ္းေခ်ာင္းေလးတေလွ်ာက္ ေကြ႔ေကာက္၊ ၾကပ္ညွပ္ေနတဲ့တဲအိမ္ အမုိးေတြ၊ မီးခုိးတန္းေတြ၊ တဖက္ျခမ္းက ေတာင္နံရံေတြကို လွမ္းျမင္ေနရပါတယ္။
ဒီစာသင္ေက်ာင္းနဲ႔ မ်က္နွာခ်င္းဆုိင္ အျခားတဖက္ ေတာင္နံရံမွာေတာ့ အတြင္းေရးမႈး ၁ ကုိ စုိင္းျမင့္သူရဲ႕ ႐ံုးခန္းနဲ႔ ဗဟုိဆက္သြယ္ေရးဌာန။ အဲဒီေဘးမွာ အတြင္းေရးမႈး ၂ ကိုမ်ဳိး၀င္းရဲ႕ ႐ံုးခန္းနဲ႔ အစည္းေ၀းခန္းတခု။ သူတုိ႔နွစ္ဦးရဲ႕႐ံုးခန္းကိုပဲ ဒီမွာေတြ႔ရၿပီး ဥကၠဌ ၂ ဦးနဲ႔ အေထြေထြအတြင္းေရးမႉးတုိ႔ရဲ႕ ႐ံုးခန္းကိုေတာ့ မေတြ႔ရပါဘူး။ ထုိင္းနဲ႔ နုိ္င္ငံတကာဆီ တာ၀န္နဲ႔ ခရီးသြားေနရတာ မ်ားတာေၾကာင့္ ဆက္သြယ္ေရးခက္ခဲတဲ့ ဒီလုိဒုကၡသည္စခန္းမွာ သူတုိ႔ ႐ံုးခန္းမထားတာ ျဖစ္မယ္လုိ႔ ယူဆရပါတယ္။

အဲဒီ အတြင္းေရးမႉး ၂ ႐ံုး ေအာက္ဖက္မွာေတာ့ ဗဟုိရံုးအဖြဲ႔မႉး ကိုျမင့္ေအာင္ရဲ႕ တဲအိမ္နဲ႔ က်ေနာ္တုိ႔ ကုိယ္စားလွယ္အားလုံး ညာဥထီး (ငါးပိရည္) နဲ႔ ၀ါးတီးဖြင့္ရာ ဗဟုိစားဖုိေဆာင္၊ ဒီေနရာကေန အေပၚဘက္ ဆက္တက္သြားမယ္ဆုိရင္ ဦးထြန္းေက်ာ္႐ံုးထုိင္တဲ့ ဗဟုိတရားေရးဌာန၊ ဒီလုိရွိသမွ် တဲငယ္ေပါင္းစုံကိုေက်ာ္ၿပီး အေ၀းကေန လွမ္းမျမင္နုိင္တဲ့ ခမ္းလွမ္းလွမ္းက ေတာအုပ္ေလးထဲ ၁၅ မိနစ္ေလာက္ ထပ္တက္သြားမယ္ဆုိရင္ေတာ့ ဗဟုိေကာ္မတီ အစည္းေ၀းက်င္းပမယ့္ သို႔မဟုတ္ ပဥၥမအႀကိမ္ညီလာခံ က်င္းပမယ့္ ေျမစုိက္ ခန္းမငယ္တခုကို ေတြ႔ရမွာျဖစ္ပါတယ္။

အင္း … ဒီဇလားဒုကၡသည္စခန္းမွာေနတဲ့ လူေတြကိုလည္း ဒုကၡသည္အျဖစ္ ေခၚၾကေပမယ့္ ေရွ႕မွာ က်ေနာ္ေျပာခဲ့တဲ့ ဘန္ေကာက္နဲ႔ မနီလိြဳင္စခန္းေရာက္ နုိင္ငံေရးဒုကၡသည္နဲ႔ အဓိပၸာယ္မတူျပန္ပါဘူး။ ေနာက္တခါ ဒီစခန္းရွိ ABSDF တပ္ဖြဲ႔၀င္ ေက်ာင္းသားေတြ ကုိယ္တုိင္လည္း ဒုကၡသည္ ခြဲတမ္းရဆန္ကို စားေနၾကေပမယ့္ သူတုိ႔ကုိယ္သူတုိ႔ ဒုကၡသည္လုိ႔ ခံယူမထားၾကပါဘူး။ အေျခေနအရ တျခားေနစရာမရွိလုိ႔ ဒီစခန္းမွာ ခဏလာေနတဲ့ သေဘာ၊ အေျခေနေပးတာနဲ႔ ျမန္မာနယ္ဖက္ျပန္ၿပီး ေတာ္လွန္ေရး ဆက္လုပ္မယ္လုိ႔ ခံယူထားသူေတြ ျဖစ္ပါတယ္။ ပုိရွင္းေအာင္ေျပာရရင္ နယ္စပ္ရွိ ဒုကၡသည္စခန္းထဲက ေက်ာင္းသားေတြက ယာယီ ဒုကၡေရာက္ေနသူေတြျဖစ္ၿပီး တတိယနုိင္ငံထြက္ဖို႔လမ္းကို မေရြးခ်ယ္ေသးသူေတြ၊ ဘန္ေကာက္နဲ႔ မနီလိြဳင္ဒုကၡသည္ စခန္းထဲက ေက်ာင္းသားေတြကေတာ့ တတိယနုိ္င္ငံထြက္ဖုိ႔ ဆုံးျဖတ္ထားၿပီးသူေတြလုိ႔ ေျပာနုိင္မယ္ထင္ပါတယ္။

“ဘာလုိ႔ နုိင္ငံျခားထြက္မွာလဲကြာ၊ ဒီမွာေနရလုိ႔ ရသေလာက္ ဆက္ေနရမွာေပါ့။ နယ္စပ္မွာဆက္ ေနေနတာကိုက ရန္သူစစ္အစိုးရကုိ မေက်နပ္ဘူး၊ စစ္အစိုးရကုိ အာခံေနတယ္ဆုိတာကုိ ျပသေနျခင္း တမ်ဳိးပါပဲ” ဆုိၿပီး ဇလားစခန္းရွိ တက္ႂကြတဲ့ ဗဟုိေကာ္မီတီ၀င္တဦးက က်ေနာ့္ကုိ ေျပာပါတယ္။ ဒါေပမယ့္ ၿပီးခဲ့တဲ့ ၅ နွစ္ခန္႔ကေတာ့ အဲဒီ ဗဟုိေကာ္မီတီ၀င္ကုိ တတိယနုိင္ငံတခုမွာ အမွတ္မထင္ က်ေနာ္ ေတြ႔လုိက္ရပါတယ္။ “ဘယ္လုိလဲ … ရဲေဘာ္ႀကီး။ ဒႆနေတြ ေျပာင္းသြားၿပီလား” လုိ႔ က်ေနာ္က ေနာက္ေနာက္ေျပာင္ေျပာင္ ေမးလုိက္မိပါတယ္။ “မေျပာင္းပါဘူး၊ ျမန္မာနုိင္ငံဆီ မျပန္ဘဲ တတိယနုိင္ငံမွာ ေနေနတာကိုက ရန္သူစစ္အစိုးရကုိ မေက်နပ္ဘူး၊ စစ္အစိုးရကုိ အာခံေနတယ္ ဆုိတာကို ျပသေနျခင္း တမ်ဳိးပါပဲ” လုိ႔ သူကေျဖပါတယ္။


လမ္း ၃ သြယ္ အျငင္းပြားမႈနဲ႔ ေရရွည္နုိင္ငံေရး အျမင္ရွိသူမ်ား

”ဒုကၡသည္” အဓိပၸာယ္ဖြင့္ဆုိခ်က္ ျငင္းခုန္မႈကေန ”ေက်ာင္းသား” အဓိပၸာယ္ ဖြင့္ဆုိခ်က္ ျငင္းခုန္မႈဘက္ လွည့္ရေအာင္ပါ။ “ေက်ာင္းသားဆုိတာ အသက္အရြယ္ ကန္႔သတ္ခ်က္ရွိတယ္။ တသက္လုံး ေက်ာင္းသားလုပ္ေနလုိ႔ ဘယ္ျဖစ္မလဲ” ဆုိတဲ့ ေဆြးေႏြးခ်က္။ အဲဒီ ဗဟုိေကာ္မီအစည္းေ၀းမွာ ျငင္းခုန္ၾကတာကို က်ေနာ္မွတ္မိေနပါတယ္။ ဆိုလုိတာကေတာ့ သက္တန္း ၁၀ နွစ္ေက်ာ္ရွိလာၿပီျဖစ္တဲ့ ABSDF ဗဟုိေကာ္မတီ၀င္ေတြထဲမွာ တခ်ဳိ႕လူေတြက မိသားစုေတြနဲ႔၊ ကေလးေတြနဲ႔ ျဖစ္ေနၿပီ။ တခ်ဳိ႕က ဆံပင္ျဖဴေတြ တေခ်ာင္းနွစ္ေခ်ာင္းမက အေခ်ာင္းေပါင္းမ်ားစြာ ထုိးထြက္ေနပါၿပီ။ အသက္အရြယ္ကလည္း ၄၀ ေက်ာ္ ၅၀ တန္းျဖစ္ေနၿပီဆုိေတာ့ ေက်ာင္းသားဆုိတဲ့ အမည္အစား တျခားအမည္တခုခုကို ေျပာင္းရင္ေကာင္းမလားဆုိျပီး အဲဒီပုဂုိလ္ေတြက စတင္စဥ္းစားလာတာပါ။ အဲဒီအခ်ိန္မွာ အသက္ ၃၀-၀န္းက်င္သာရွိေသးတဲ့ က်ေနာ္တုိ့ကေတာ့ ဒီလူေတြရဲ့ တင္ျပခ်က္ကုိ ၀ုိင္းဟားေပါ့။


ဗဟုိေကာ္မတီအစည္းေ၀းမွာ သဘာပတိအျဖစ္ တာ၀န္ယူေနတဲ့ ဒု ဥကၠဌ ကုိမုိးသီးဇြန္

ဒါေပမဲ့ အေသအခ်ာ ေဆြးေႏြးတဲ့အခါမွာေတာ့ သူတုိ႔ရဲ႕တင္ျပခ်က္ဟာ အသက္ႀကီးလာတာ တခုတည္း မဟုတ္ဘဲ ေျပာင္းလဲလာေနတဲ့ ကမာၻ႔နုိင္ငံေရး။ ျမန္မာ့နုိင္ငံေရး။ ပထ၀ီနုိင္ငံေရး အေျခအေနေတြနဲ႔ ဆက္စပ္ေနပါတယ္။ အထူးသျဖင့္ လက္နက္ကိုင္ ေတာ္လွန္ေရး လုပ္ငန္းစဥ္ကို အားမေပးခ်င္ေတာ့လုိ႔ အလႉေငြျဖတ္မယ္ဆုိၿပီး ၿခိမ္းေျခာက္ေနတဲ့ အေနာက္တုိင္းအလႉရွင္ေတြရဲ႕ ဖိအားနဲ႔ အပစ္ခတ္ရပ္စဲေရး လုပ္သြားတဲ့ တုိင္းရင္းသားအဖြဲ႔ေတြရဲ့ အေနထားေတြက အဓိကေနရာက ပါ၀င္တယ္လို႔ က်ေနာ္ထင္ပါတယ္။ ဒီေဆြးေႏြးခ်က္ကုိ လမ္း ၃ သြယ္ေဆြးေႏြးခ်က္လုိ႔ အမ်ားကေခၚၾကၿပီး ABSDF အျဖစ္ ဆက္ရပ္မလား။ နုိင္ငံေရးပါတီတခုအျဖစ္ အသြင္ေျပာင္းမလား။ ဒါမွမဟုတ္ နုိင္ငံေရးလုပ္ခ်င္သူေတြ ABSDF ကေန ႏုတ္ထြက္ၿပီး ပါတီသစ္ ေထာင္ခ်င္ေထာင္၊ ရွိၿပီးသားပါတီေတြထဲ ၀င္ခ်င္၀င္ စသျဖင့္ ေဆြးေႏြးၾကပါတယ္။ ဒါေပမယ့္ ဒီေဆြးေႏြးခ်က္ဟာ ခ်က္ခ်င္းဆုံးျဖတ္လုိ႔ မရနုိင္ဘဲ အခ်ိန္ယူလုပ္ေဆာင္မွ သင့္ေတာ္မယ့္ ကိစၥျဖစ္တာေၾကာင့္ ဒီဗဟုိေကာ္မတီ အစည္းေ၀းမွာ မဆုံးျဖတ္ေသးဘဲ ပဥၥမအႀကိမ္ညီလာခံ သက္တမ္းအတြင္း တက္လာမယ့္ ဗဟုိေကာ္မီတီအသစ္က ဆက္လက္ေဆာင္ရြက္ဖုိ႔ က်ေနာ္တုိ႔ ဆုံးျဖတ္ခဲ့ပါတယ္။

မဟာမိတ္ကိစၥ၊ တပ္ေတြ ေနရာခ်ထားေရးကိစၥ၊ ေခါင္းေဆာင္ပုိင္းေတြ တာ၀န္ေက်မႈ ရွိ မရွိ ကိစၥေတြ ေဆြးေႏြးတဲ့အခါမွာ အေတာ္ပဲြဆူခဲ့ပါတယ္။ ၂ ဖက္ ျပန္လည္ေပါင္းစည္းထားတာ ၂ နွစ္ ေက်ာ္ေနၿပီဆုိေပမယ့္ တသားတည္း မျဖစ္ေသးဘူးလုိ႔ က်ေနာ္စိတ္ထဲ ခံစားရပါတယ္။ အဆိုတခု တင္လုိက္ရင္ အဲဒီအဆုိမွာ ပါ၀င္တဲ့ အေၾကာင္းအရာထက္ အဲဒီအဆုိကုိ ဘယ္ဘက္ကလူ (ေဒါက္တာ နုိင္ေအာင္ ဘက္က လူလား၊ မုိးသီးဇြန္ဘက္က လူလား) တင္သလဲဆုိတာက ပုိအေရးႀကီးသလုိ ျဖစ္ေနခဲ့ပါ တယ္။ တခါ ဥကၠဌအပါ၀င္ ဗဟုိေကာ္မတီ၀င္တခ်ဳိ႕ မိန္းမယူတဲ့ကိစၥေတြကိုလည္း ေတာ္လွန္ေရး ေခါင္းေဆာင္ေတြ မိန္းမယူသင့္ မယူသင့္ ျငင္းခုန္ခဲ့တာကုိ က်ေနာ္မွတ္မိေနပါတယ္။ ဒီလုိ ျငင္းရင္းခုန္ရင္းနဲ႔ ေဖေဖာ္၀ါရီလ ၇ ရက္ေန႔မွာ စတင္တဲ့ အစည္းေ၀းဟာ ၁၈ ရက္ေန႔မွ ၿပီးတဲ့အတြက္ ၁၂ ရက္တိတိ ၾကာသြားခဲ့ပါတယ္။


ပဥၥမအႀကိမ္ ညီလာခံအၿပီး အသစ္တက္လာတဲ့ ဗဟုိေကာ္မတီ၀င္မ်ား ခြပ္ေဒါင္းအလံကုိင္ၿပီး သစၥာဆုိေနစဥ္

အမွန္အတုိင္း ၀န္ခံရမယ္ဆုိရင္ သတင္းေထာက္႐ူး ႐ူးေနတဲ့က်ေနာ္ဟာ တျခားရဲေဘာ္ေတြလုိ ဗဟုိေကာ္မတီ တာ၀န္နဲ႔ စခန္းတာ၀န္ေတြကို သိပ္စိတ္မ၀င္စားေတာ့ပါဘူး။ ဗဟုိေကာ္မတီ အစည္းေ၀းအတြင္း လမ္း ၃ သြယ္ကိစၥကုိ သူမ်ားေတြ အသည္းအသန္ ျငင္းေနခ်ိန္မွာ က်ေနာ္က အဲဒါေတြထက္ ဘန္ေကာက္ပုိ႔စ္ သတင္းစာဆီ ပုိ႔ထားတဲ့ ရတနာဓာတ္ေငြ႔ ပုိက္လုိင္းအေၾကာင္း ေဆာင္းပါး ဒီတပတ္ ပါ မပါ၊  ဒီဗီဘီအတြက္ ပုိ့ထားတဲ့သတင္းေတြ ပုံမွန္ပါ မပါဆုိတာေတြကုိ ပုိစိတ္၀င္စားေနတဲ့အခ်ိန္ ျဖစ္ပါတယ္။

က်ေနာ္အပါ၀င္ ဒီလုိ ေခါင္းေရွာင္ၿပီး ထြက္သြားသူေတြကုိ ”အေခ်ာင္သမား” ေတြအျဖစ္ တခ်ဳိ႕ ေခါင္းေဆာင္ေတြက အျမင္ေစာင္းမႈေတြ ရွိခဲ့ပါတယ္။ ”မင္းကေတာ့ အေနအစားေခ်ာင္တဲ့ သတင္းေထာက္ပဲ ဆက္လုပ္ေပါ့ကြာ” ဆုိၿပီး ဗဟုိထိပ္ပုိင္း ေခါင္းေဆာင္တဦးက က်ေနာ့္ကုိ ေနာက္သလုိလုိနဲ႔ နွိပ္ကြပ္ခဲ့တာကို မွတ္မိေနဆဲျဖစ္ပါတယ္။ ဒါေပမယ့္ ဘာမွမတတ္နုိင္။ သတင္းေထာက္ လုပ္ျခင္းဟာလည္း ေတာ္လွန္ေရးကုိ တျခားပုံစံတခုနဲ႔ ဆက္လုပ္တယ္။ လြတ္လပ္စြာ ေျပာဆုိခြင့္၊ သတင္းလြတ္လပ္ခြင့္ ေတြဟာလည္း ABSDF ရည္ရြယ္ခ်က္ ၄ ခုထဲက ဒီမုိကေရစီ ရရွိေရးထဲမွာပါတယ္လုိ႔ ကိုယ္ဖာသာ ေရွ႕ေနလုိက္ၿပီး ဗဟုိေကာ္မတီ အစည္းေ၀းၿပီးတာနဲ႔ ဇလားစခန္းကေန က်ေနာ္ထြက္လာခဲ့ပါတယ္။


ေခါင္းေဆာင္မႈ အေျပာင္းအလဲနဲ႔ NDD ေပၚလာျခင္း

ေဖေဖာ္၀ါရီလ ၂၆ ရက္ေန႔မွာေတာ့ စီစဥ္ထားတဲ့အတုိင္း ပဥၥမအႀကိမ္ ညီလာခံကုိ က်င္းပခဲ့တယ္လုိ႔ သိရပါတယ္။ ေအာက္ေျခစခန္းေတြ၊ ဗဟုိေကာ္မတီတာ၀န္ေတြနဲ႔ ကင္းကြာသြားတဲ့ ဘန္ေကာက္အေျခစိုက္ DVB သတင္းေထာက္ က်ေနာ္ဟာ ABSDF အေၾကာင္း အေသးစိတ္ အေျခေနေတြကို သိပ္မသိေတာ့ပါဘူး။ ရဲေဘာ္ေတြနဲ႔ ေတြ႔မိ၊ ေမးမိသမွ် အခ်က္လက္ေတြ၊ မွတ္တမ္းေတြအရဆုိရင္ ပဥၥမအႀကိမ္ ညီလာခံမွာ ကိုနုိင္ေအာင္၊ ကုိမုိးသီးဇြန္ အပါ၀င္ ေခါင္းေဆာင္ေဟာင္းေတြ အမ်ားစုပဲ ဗဟုိေကာ္မတီအျဖစ္ ျပန္အေရြးခံခဲ့ရပါတယ္။

 ဆဌမအႀကိမ္ ညီလာခံအၿပီးေတြ႔ရတဲ့ ဥကၠဌသစ္ ကိုသံခဲနဲ႔ ဗဟုိေကာ္မီတီအဖြဲ႔၀င္မ်ား

ဥကၠဌအျဖစ္ ေဒါက္တာ နိုင္ေအာင္၊ ဒုဥကၠဌအျဖစ္ ကို္မိုးသီးဇြန္၊ အေထြေထြ အတြင္းေရးမႈးအျဖစ္ ကုိေအာင္သူၿငိမ္း၊ အတြင္းေရးမႉး (၁) အျဖစ္ ကုိ္စိုင္းျမင့္သူ၊ အတြင္းေရးမႉး ၂ အျဖစ္ ကုိလွေဌးတုိ႔ ေရြးခ်ယ္ခံရပါတယ္။ ဗဟုိဦးေဆာင္ ေကာ္မတီ၀င္ေတြ အျဖစ္ကေတာ့ ကုိေအာင္နိုင္ (အေနာက္ပိုင္း /ေျမာက္ပိုင္း)၊ ကုိခင္ေမာင္ဝင္း (နိုင္ငံျခားေရး)၊ ကုိ္မ်ဳိးးဝင္း (စည္း႐ံုး/ျပန္ၾကား)၊ ကုိေဌးေအာင္၊ ကုိေက်ာ္ေက်ာ္နဲ႔ ကုိဝင္းနိုင္ဦးတုိ႔ ျဖစ္ပါတယ္။

ဗဟုိေကာ္မတီ၀င္ေတြ အျဖစ္ကေတာ့ ကုိသံခဲ (အေနာက္ပိုင္း)၊ ကုိျမတ္သူ (စည္း႐ံုးေရးဌာန)၊ ကုိဆလိုင္းေယာေအာင္ (ဘ႑ာေရးဌာန တာဝန္ခံ)၊ ကုိေအာင္ခိုင္ (ဘ႑ာေရးဌာန ဒု တာဝန္ခံ)၊ ကုိေဇာ္ဝင္းလြင္ (ေထာက္ပံ့ေရးဌာန)၊ ကုိေက်ာ္ကိုကိုဝင္း (နယ္ ေျမအလုပ္အဖဲြ႔၊ ေတာင္ပိုင္း)၊ ကုိမင္းမင္း (နယ္ေျမအလုပ္အဖဲြ႔၊ ေတာင္ပိုင္း)၊ ကုိသိမ္းဆန္း (နယ္ေျမ အလုပ္အဖဲြ႔၊ တပ္ရင္း ၂၊ ၃)၊
ကုိခင္ေမာင္ေဆြ။ ကုိေအာင္နုိင္ဦး-(နုိင္ငံျခားေရး-အတြင္းေရးမႈး)။ ကုိဆန္နီ-(နုိင္ငံျခားေရး တြဲဘက္အတြင္းေရးမႉး)၊ ကုိခင္ေက်ာ္ (စစ္႐ံုးခ်ဳပ္တာဝန္ခံ)၊ ကုိ၀င္းမင္း (နယ္ေျမအလုပ္အဖဲြ႔၊ တပ္ရင္း ၈၊ ၉)၊ ကုိလြမ္းဏီ (ျပန္ၾကားေရးဌာန)၊ ကုိေက်ာ္သူရိန္ (ပညာေရးဌာန)၊ ကုိေဇာ္လြင္စိုး၊ ကုိထြန္းထြန္းေအာင္ (အရံ ဗဟိုေကာ္မတီဝင္)၊ ကုိေမာင္ေမာင္ႀကီး (ဗဟိုဌာနခ်ဳပ္ေရးရာ) နဲ႔ ကိုေဇာ္ကုိနုိင္ အပါအ၀င္ စုစုေပါင္း ဗဟုိေကာ္မတီ၀င္ ၃၀ ဦး ျဖစ္ပါတယ္။

ဒီေကာ္မတီ သက္တမ္းကာလအတြင္း ေရွ႕မွာေျပာခဲ့တဲ့ လမ္း ၃ သြယ္ကိစၥကုိ ဆက္လက္ေဆြး ေႏြးခဲ့ၿပီး တပ္ရင္းအဆင့္ ေအာက္ေျခအဆင့္အထိ အေသးစိတ္ခ်ျပခဲ့ေၾကာင္း၊ အဲဒီေနာက္ ရဲေဘာ္တဦးခ်င္းစီရဲ႕ ဆႏၵေတြကို လြတ္လပ္စြာ ခံယူဆုံးျဖတ္ခဲ့တယ္လုိ႔ သိရပါတယ္။ အဲဒီလုိ ဆႏၵခံယူပဲြမတုိင္မီ အေၾကာင္း အမ်ဳိးမ်ဳိးေၾကာင့္ ဥကၠဌ ေဒါက္တာ နုိင္ေအာင္၊ ဒုဥကၠဌ ကုိမုိးသီးဇြန္ အပါအ၀င္ ထိပ္ပုိင္းေခါင္းေဆာင္တခ်ဳိ႕ တာ၀န္ကေန ႏုတ္ထြက္ၾကၿပီး အတြင္းေရးမႉး ၁ ကုိစိုင္းျမင့္သူက ယာယီဥကၠဌအျဖစ္ အသြင္ကူးေျပာင္းေရး ၾကားကာလတခုကို တာ၀န္ယူခဲ့တယ္လုိ႔ ဗဟုိေကာ္မတီ၀င္ေဟာင္းေတြက ေျပာျပခဲ့ပါတယ္။

ဒီလုိနဲ႔ ၂၀၀၀ ခုုနွစ္ ေနွာင္းပုိင္းမွာ ထြက္ေပၚလာတဲ့ ဆုံးျဖတ္ခ်က္အရ တပ္ဖြဲ႔၀င္အမ်ားစုဟာ ABSDF အျဖစ္ ဆက္ရပ္ဖုိ႔ ဆုံးျဖတ္ခဲ့ေၾကာင္း၊ ဒါေပမယ့္ တခ်ဳိကေတာ့ NDD (Network for Democracy and Development ) ဒီမုိကေရစီနဲ႔ ဖြံ႔ၿဖိဳးတုိးတက္ေရး ကြန္ရက္အဖြဲ႔အျဖစ္ အသြင္းေျပာင္းခဲ့ေၾကာင္း။ အနည္းအက်ဥ္းကေတာ့ ABSDF ကေန ၿပီးႏူတ္ထြက္ၿပီး လူ့ေဘာင္သစ္ ဒီမုိကရက္တစ္ပါတီထဲ ၀င္သြားတယ္လုိ႔ သိရပါတယ္။

အဲဒီလုိ အသြင္ေျပာင္းသြားသူေတြထဲမွာ ေဒါက္တာ နုိင္ေအာင္က NDD ရဲ႕ အတြင္းေရးမႉးခ်ဳပ္ ျဖစ္လာၿပီး သူနဲ႔အတူ ကုိစုိင္းျမင့္သူ၊ ကိုေက်ာ္ေက်ာ္၊ ကုိေဌးေအာင္၊ ကုိခင္ေမာင္၀င္း၊ ကုိေအာင္နုိင္ အပါ၀င္ ABSDF ေခါင္းေဆာင္ေဟာင္း အေတာ္မ်ားမ်ား ပါသြားပါတယ္။ ကုိမုိးသီးဇြန္း အပါအ၀င္တျခား ထိပ္ပုိင္းေခါင္းေဆာင္ တခ်ဳိ႕ကေတာ့ လူ့ေဘာင္သစ္ ဒီမုိကရက္တစ္ပါတီ၊ တနည္းအားျဖင့္ ABSDF မွာ တာ၀န္ မထမ္းခင္ကတည္းက အရင္ သူတုိ႔ရဲ႕ မိခင္ပါတီထဲ ျပန္၀င္သြားၾကတယ္လုိ႔ သိရပါတယ္။

က်ေနာ္တုိ႔ တပ္ရင္း ၁ က ပုဂၢိဳလ္ေတြျဖစ္တဲ့ ဆရာေအာင္ျမင့္၊ ကိုေက်ာ္ထင္၊ ကိုျမင့္ေအာင္ စသျဖင့္ အေတာ္မ်ားမ်ားလည္း NDD ဆီ ပါသြားတယ္လုိ႔ သိရပါတယ္။ ABSDF ရဲေဘာ္ေတြ ရာနဲ႔ခ်ီၿပီး NDD ဆီ ပါသြားေပမယ့္ နုိင္ငံေရး အလံ ၂ ခု သြားတယ္ဆုိေပမယ့္ ရဲေဘာ္အားလုံးဟာ မူလေနရာမွာပဲ အတူတူ ဆက္ေနေနၿပီး သူ့တာ၀န္ သူလုပ္၊ ကုိယ္တာ၀န္ကိုယ္လုပ္နဲ႔ ဘာမွ အခ်င္းခ်င္းၾကား ျပႆနာမရွိတဲ့အျပင္ အခ်င္းခ်င္းေတာင္ အျပန္အလွန္ ကူညီေပးျကတယ္လုိ႔ က်ေနာ္ေမးျမန္းခြင့္ရခဲ့တဲ့ ၂ ဖက္ အဖြဲ႔၀င္ေတြက ေျပာပါတယ္။

 ၂၀၁၁ ခုနွစ္ န၀မအႀကိမ္ ညီလာခံအၿပီးမွာ ေတြ႔ရတဲ့ ဥကၠဌ ကိုသံခဲနဲ႔ လက္ရွိ ABSDF ဗဟုိေကာ္မတီ၀င္မ်ား

အဲဒီေနာက္ပုိင္း ၂၀၀၁ ခုနွစ္ မတ္လ ၂၃ ရက္ေန႔မွာ က်င္းပတဲ့ ဆဌမအႀကိမ္ ညီလာခံ မွတ္တမ္း ဓာတ္ပုံထဲမွာေတာ့ ေဒါက္တာ နုိင္ေအာင္၊ ကိုမုိးသီးဇြန္နဲ႔ အရင္ ေခါင္းေဆာင္ေဟာင္းေတြကုိ မျမင္ရေတာ့ပါဘူး။ ဥကၠဌအသစ္ ျဖစ္လာတဲ့ ကုိသံခဲ၊ ဒုဥကၠဌ ကုိေက်ာ္ကုိကုိ၊ အေထြေထြ အတြင္းေရးမႉး ကိုမ်ဳိး၀င္း၊ အတြင္းေရးမႉး ၁ ကုိေ၀လင္းဇင္၊ အတြင္းေရးမႈး ၂ ကုိသိန္းဆန္းတုိ႔ ဦးေဆာင္တဲ့ ၁၇ ဦးပါ ဗဟုိေကာ္မတီသစ္ တက္လာခဲ့ပါတယ္။

ဗဟုိအလုပ္မႈေဆာင္ ေကာ္မတီ၀င္ေတြအျဖစ္ ကုိလြဏ္းဏီနဲ႔ ကုိဆန္နီ၊ ဗဟုိေကာ္မတီ၀င္ေတြအျဖစ္ ကုိဆလုိင္းေယာေအာင္၊ ကုိေက်ာ္သူရ၊ ကုိေနမ်ဳိး၊ ကုိခ်င္း၊ ကိုမင္းမင္း၊ ကုိျမင့္ဦး၊ မနန္းရင္၊ ကုိေအးမင္းနုိင္၊ အရံဗဟုိေကာ္မတီ၀င္အျဖစ္ ကုိမုိးေက်ာ္ဦးနဲ႔ ကုိစုိးထြတ္တုိ႔ ျဖစ္ပါတယ္။ အဲဒီခ်ိန္ကစၿပီး ေနာက္ပုိင္း က်င္းပတဲ့ညီလာခံေတြမွာ ကိုသဲခံကပဲ ဥကၠဌအျဖစ္ ဆက္လက္ အေရြးခံရတဲ့အတြက္ အခုအခ်ိန္အထိ ကိုသံခဲက ဥကၠဌအျဖစ္ ဆက္လက္တာ၀န္ယူၿပီး ABSDF ကုိ ဦးေဆာင္ေနေၾကာင္း သိရပါတယ္။     ။

=======================================================

(အပိုင်း ၅၀) 

ထက်အောင်ကျော်| November 17, 2012 | ဧရာဝတီ။

ပဉ္စမအကြိမ်ညီလာခံနဲ့ ဇလားဒုက္ခသည်စခန်း

ဒီလို ဒုက္ခသည်လျှောက်မှုကိစ္စတွေ အငြင်းပွားလို့ ကောင်းတုန်းမှာပဲ ပဉ္စမအကြိမ်ညီလာခံ  ခေါ်ယူလာတဲ့အတွက် ထိုင်းနိုင်ငံမြောက်ပိုင်းရှိ မယ်စရိယန်းမြို့နယ်နဲ့ သံလွင်မြစ်ကြားရှိ ဇလားဒုက္ခသည် စခန်းဆီသွားဖို့ ကျနော်တို့ ပြင်ဆင်ရပါတယ်။


 ပဉ္စအကြိမ် ညီလာခံအတွက် ရွေးချယ်ခံ တပ်ရင်း ၁ ကိုယ်စားလှယ် ၆ ဦးအပါဝင် ဇလားစခန်းရောက် တောင်ပိုင်းအဖွဲ့ဝင်များ

ကျနော်မှတ်မိသလောက်ဆိုရင် ကိုမင်းအောင်က ကိုယ်စားလှယ်အဖြစ် အရွေးမခံတော့ပါ။ ကျနော်ကတော့ တပ်ကိစ္စမလုပ်ဘဲ သတင်းထောက်အလုပ်ချည်း လုပ်နေလို့ ရဲဘော်တွေက ကျနော့်ကို ကိုယ်စားလှယ်အဖြစ် မရွေးတော့ပါ။ နောက်တခါ ကျဆုံး-နှုတ်ထွက် ဦးရေများသွားတဲ့အတွက် တပ်ရင်း ၁  လူဦးရေဟာ ၇၀ ဝန်းကျင်လောက်ပဲကျန်ပြီး အရင်က ကိုယ်စားလှယ် ၁၀ ကျော် ခွဲတမ်းရနေရာကနေ အခုတော့  ကိုယ်စားလှယ်  ၆ ဦးပဲ ရပါတော့တယ်။


ကျန်နေတဲ့ ရင်း ၁ ရဲဘော်အများစုဟာ တပ်ရင်း ၁ အခြေစိုက်စခန်းတွေဖြစ်တဲ့ ဟွာဟင်ဖက်က စခန်းသစ်နဲ့ စန်ခရဘူရီဖက်က ကလော့ကာနီ စခန်းတွေနဲ့စာရင် ဗဟိုဌာနချုပ်ရှိ ဌာနခွဲအသီးသီးမှာ တာဝန်ထမ်းနေသူ ဦးရေကတောင် ပိုများနေတဲ့သဘောမျိုး ဖြစ်သွားပါတယ်။ ဘာပဲဖြစ်ဖြစ် KNU က အပစ်အခတ် ရပ်စဲရေး လုပ်သွားရင်၊ ဒါမှမဟုတ် အရေးပေါ်အခြေအနေ တခုခုဖြစ်လာရင် တောင်ပိုင်းဒေသ ABSDF နောက်ဆုံး စုရပ်စခန်းအဖြစ် ရည်ရွယ်ပြီး ကျနော်တို့ ရှာဖွေခဲ့တဲ့ ဟွာဟင်က စခန်းသစ်ဟာ ဒီနေ့ မင်းသမီးစခန်းခွာစစ်မှာ အသုံးတည့်သွားပါတယ်။ မင်းသမီးဒေသက ဆုတ်လာတဲ့ တပ်ရင်း ၁ နဲ့ တပ် ရင်း ၇ အပြင် အရင် ထပ်စကဲဖက်ရှိ ကိုမိုးသီးဇွန်တို့ဖက်က တပ်တွေပါ စခန်းသစ်အထိ လာရောက် စုရုံးကြတယ်လို့သိရပါတယ်။ ဒါကြောင့် စခန်းသစ်ဟာ ၂၀၀၀ ပြည့်လွန်နှစ်တွေအထိ တောင်ပိုင်းဒေသရဲ့ နောက်ဆုံး ABSDF စခန်းအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။

(တောင်ပိုင်းဒေသဆိုတာဟာ ဘုရားသုံးဆူ၊ မွန်နယ်မြေ အောက်ဖက်က တနင်္သာရီတိုင်းကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒီနေ့ အင်တာနက်သတင်းတွေမှာ သုံးနေကြသလို မာနယ်ပုလော အခြေစိုက် အဖွဲ့အားလုံးကို တောင်ပိုင်းလို့ခေါ်ပြီး ကချင်ပြည်နယ် အခြေစိုက်အဖွဲ့တွေကို မြောက်ပိုင်းလို့ ခေါ်ခြင်းကို အဲဒီကာလက ကျနော်တို့ မကြားဖူးပါ)။

အဲဒီ နောက်ပိုင်းမှာတော့ တပ်ရင်း ၁ ရဲဘော်အားလုံးကို စန်ခရဘူရီဖက်ရွေ့ပြီး အခုချိန်အထိ မွန်နဲ့ ကရင်နယ်စပ်မှာ တပ်ရင်း ၁ မှူး ကိုသိန်းလွင် ဦးဆောင်တဲ့အဖွဲ့က လှုပ်ရှားနေဆဲလို့ သိရပါတယ်။ ဗဟို ဖက်သွားတဲ့အခြေနေကို ပြန်ကောက်ရမယ်ဆိုရင် တပ်ရင်း ၁ ကနေ ရွေးချယ်ခံရတဲ့ ကိုယ်စားလှယ် ၆ ဦးထဲမှာ ဒေါက်တာနိုင်အောင်၊ ကိုကျော်ကျော်၊ ကိုမျိုးဝင်း၊ ကိုဌေးအောင်၊ ကိုခင်မောင်ဝင်း စသဖြင့် ဗဟိုကလူချည်း ၅ ဦးပါဝင်ပြီး တပ်မှူးတွေထဲက ဆရာအောင်မြင့် တဦးပဲ ပါတယ်လို့ ကျနော်အမှတ်ရနေတယ်။ ကိုယ်စားလှယ်ထဲ မပါတော့တဲ့ ဗဟိုကော်မီတီဝင်ဟောင်း ကိုမင်းအောင်နဲ့ ကျနော်ကတော့ ညီလာခံမတိုင်မီ ကျင်းပမယ့် ဗဟိုကော်မတီ အစည်းဝေးတက်ဖို့ ဇလားစခန်းဆီ ရောက်သွားတဲ့ သဘောပါ။

မယ်စရိယန်းမြို့နဲ့ ဇလားစခန်းအကြား ကားလမ်းကြမ်းဟာ ဆိုးဝါးတဲ့အပြင် တောင်ကျော်-တောဖြတ် သွားရတဲ့အတွက် အတော်အန္တရာယ် များပါတယ်။ ကျနော်တို့လိုပဲ တခြားတပ်ရင်း၊ စခန်း အသီးသီးက ကိုယ်စားလှယ်တွေ၊ ဗဟိုကော်မတီဝင်တွေ၊ တပ်မှူးတွေလည်း ဇလားစခန်းဆီ ရောက်လာကြပါတယ်။ ဗဟိုကော်မတီ အစည်းအဝေး ကျင်းပတဲ့နေရာဟာ ဇလားစခန်းရှိ ကျောင်းသားတွေ နေထိုင်ရာ ရပ်ကွက်ရဲ့ အနောက်ဖက် လျှိုမြောင်လေးကြားထဲက အင်ဖက်မိုး၊ မြေစိုက်၊ အစည်းဝေးခန်းမမှာ ဖြစ်ပါတယ်။ တောကြီးမျက်မည်းထဲက တောင်နံရံ ၂ ခုကြားရှိ စမ်းချောင်းတလျှောက် ဖြစ်သလိုဆောက်ထားတဲ့ ဒီစခန်းထဲမှာ လူဦးရေ ၁ သောင်းကျော်ရှိပြီး ရွာတန်းအရှည်က ၄-၅ မိုင်လောက်ရှိမယ်လို့ ကျနော် ထင်ပါတယ်။ လုံခြုံရေးဂိတ်ရှိတဲ့ စခန်းအဝင်ဝကနေ ကျောင်းသားရပ်ကွက်ရှိတဲ့ နေရာလောက်ပဲ ကျနော်ရောက်ဖူးပြီး စခန်းဟိုဖက်ထိပ်အထိ မရောက်ဖူးလိုက်ပါ။

ကျောင်းသားရပ်ကွက်ရဲ့ရှေ့စမ်းချောင်းလေးဘေးမှာ ခပ်ကျဉ်းကျဉ်း ဘော်လီဘော သို့မဟုတ် ပိုက်ကျော်ခြင်းလည်း ကစားလို့ရတဲ့ ကွင်းတခုရှိပါတယ်။ အဲဒီကွင်းရဲ့ ဟိုဖက်ထောင့်မှာ စီးပွားရေး အမြင်ရှိတဲ့ ကျောင်းသားဟောင်း တဦးပိုင်တဲ့ ဗီဒီယိုရုံ၊ အဲဒီနေရာ နှစ်ခုကြားကနေ တောင်ကုန်းလေးပေါ် လမ်းလျှောက်တက်လာမယ်ဆိုရင် သစ်တိုင်၊ ဝါးကြမ်းခင်း၊ ဝါးထရံကာ၊ အင်ဖက်မိုးနဲ့ ဆောက်ထားတဲ့ အိမ်ထောင်သည်လိုင်း တဲအိမ်ငယ်တွေ အစီအရီ။ ကလေးငိုသံ၊ ခွေးဟောင်သံ၊ ဝက်အော်သံတွေ၊ BBC, VOA, RFA, DVB ရေဒီယိုအသံတွေနဲ့ ဆူညံလို့ပေါ့။ ၁၀ မိနစ်လောက်လျှောက်ပြီးတဲ့အခါ တောင်နံရံမှာ ကပ်ဆောက်ထားတဲ့ ဗဟိုအလယ်တန်းကျောင်းကို တွေ့ရမှာဖြစ်ပါတယ်။


 ABSDF တပ်ဖွဲ့ဝင် ကလေးငယ်တွေအတွက် ဖွင့်ထားတဲ့ ဇလားစခန်းမှ ဗဟိုအလယ်တန်းကျောင်း

ABSDF ရဲ့ မျိုးဆက်သစ် ကျောင်သားဦးရေ ၅၀ ကျော်ရှိတဲ့ အဲဒီကျောင်းဆောင်နေရာကနေ အောက်ကိုပြန်ကြည့်မယ်ဆိုရင် စမ်းချောင်းလေးတလျှောက် ကွေ့ကောက်၊ ကြပ်ညှပ်နေတဲ့တဲအိမ် အမိုးတွေ၊ မီးခိုးတန်းတွေ၊ တဖက်ခြမ်းက တောင်နံရံတွေကို လှမ်းမြင်နေရပါတယ်။
ဒီစာသင်ကျောင်းနဲ့ မျက်နှာချင်းဆိုင် အခြားတဖက် တောင်နံရံမှာတော့ အတွင်းရေးမှုး ၁ ကို စိုင်းမြင့်သူရဲ့ ရုံးခန်းနဲ့ ဗဟိုဆက်သွယ်ရေးဌာန။ အဲဒီဘေးမှာ အတွင်းရေးမှုး ၂ ကိုမျိုးဝင်းရဲ့ ရုံးခန်းနဲ့ အစည်းဝေးခန်းတခု။ သူတို့နှစ်ဦးရဲ့ရုံးခန်းကိုပဲ ဒီမှာတွေ့ရပြီး ဥက္ကဌ ၂ ဦးနဲ့ အထွေထွေအတွင်းရေးမှူးတို့ရဲ့ ရုံးခန်းကိုတော့ မတွေ့ရပါဘူး။ ထိုင်းနဲ့ နိုင်ငံတကာဆီ တာဝန်နဲ့ ခရီးသွားနေရတာ များတာကြောင့် ဆက်သွယ်ရေးခက်ခဲတဲ့ ဒီလိုဒုက္ခသည်စခန်းမှာ သူတို့ ရုံးခန်းမထားတာ ဖြစ်မယ်လို့ ယူဆရပါတယ်။

အဲဒီ အတွင်းရေးမှူး ၂ ရုံး အောက်ဖက်မှာတော့ ဗဟိုရုံးအဖွဲ့မှူး ကိုမြင့်အောင်ရဲ့ တဲအိမ်နဲ့ ကျနော်တို့ ကိုယ်စားလှယ်အားလုံး ညာဥထီး (ငါးပိရည်) နဲ့ ဝါးတီးဖွင့်ရာ ဗဟိုစားဖိုဆောင်၊ ဒီနေရာကနေ အပေါ်ဘက် ဆက်တက်သွားမယ်ဆိုရင် ဦးထွန်းကျော်ရုံးထိုင်တဲ့ ဗဟိုတရားရေးဌာန၊ ဒီလိုရှိသမျှ တဲငယ်ပေါင်းစုံကိုကျော်ပြီး အဝေးကနေ လှမ်းမမြင်နိုင်တဲ့ ခမ်းလှမ်းလှမ်းက တောအုပ်လေးထဲ ၁၅ မိနစ်လောက် ထပ်တက်သွားမယ်ဆိုရင်တော့ ဗဟိုကော်မတီ အစည်းဝေးကျင်းပမယ့် သို့မဟုတ် ပဉ္စမအကြိမ်ညီလာခံ ကျင်းပမယ့် မြေစိုက် ခန်းမငယ်တခုကို တွေ့ရမှာဖြစ်ပါတယ်။

အင်း … ဒီဇလားဒုက္ခသည်စခန်းမှာနေတဲ့ လူတွေကိုလည်း ဒုက္ခသည်အဖြစ် ခေါ်ကြပေမယ့် ရှေ့မှာ ကျနော်ပြောခဲ့တဲ့ ဘန်ကောက်နဲ့ မနီလွိုင်စခန်းရောက် နိုင်ငံရေးဒုက္ခသည်နဲ့ အဓိပ္ပာယ်မတူပြန်ပါဘူး။ နောက်တခါ ဒီစခန်းရှိ ABSDF တပ်ဖွဲ့ဝင် ကျောင်းသားတွေ ကိုယ်တိုင်လည်း ဒုက္ခသည် ခွဲတမ်းရဆန်ကို စားနေကြပေမယ့် သူတို့ကိုယ်သူတို့ ဒုက္ခသည်လို့ ခံယူမထားကြပါဘူး။ အခြေနေအရ တခြားနေစရာမရှိလို့ ဒီစခန်းမှာ ခဏလာနေတဲ့ သဘော၊ အခြေနေပေးတာနဲ့ မြန်မာနယ်ဖက်ပြန်ပြီး တော်လှန်ရေး ဆက်လုပ်မယ်လို့ ခံယူထားသူတွေ ဖြစ်ပါတယ်။ ပိုရှင်းအောင်ပြောရရင် နယ်စပ်ရှိ ဒုက္ခသည်စခန်းထဲက ကျောင်းသားတွေက ယာယီ ဒုက္ခရောက်နေသူတွေဖြစ်ပြီး တတိယနိုင်ငံထွက်ဖို့လမ်းကို မရွေးချယ်သေးသူတွေ၊ ဘန်ကောက်နဲ့ မနီလွိုင်ဒုက္ခသည် စခန်းထဲက ကျောင်းသားတွေကတော့ တတိယနိုင်ငံထွက်ဖို့ ဆုံးဖြတ်ထားပြီးသူတွေလို့ ပြောနိုင်မယ်ထင်ပါတယ်။

“ဘာလို့ နိုင်ငံခြားထွက်မှာလဲကွာ၊ ဒီမှာနေရလို့ ရသလောက် ဆက်နေရမှာပေါ့။ နယ်စပ်မှာဆက် နေနေတာကိုက ရန်သူစစ်အစိုးရကို မကျေနပ်ဘူး၊ စစ်အစိုးရကို အာခံနေတယ်ဆိုတာကို ပြသနေခြင်း တမျိုးပါပဲ” ဆိုပြီး ဇလားစခန်းရှိ တက်ကြွတဲ့ ဗဟိုကော်မီတီဝင်တဦးက ကျနော့်ကို ပြောပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ၅ နှစ်ခန့်ကတော့ အဲဒီ ဗဟိုကော်မီတီဝင်ကို တတိယနိုင်ငံတခုမှာ အမှတ်မထင် ကျနော် တွေ့လိုက်ရပါတယ်။ “ဘယ်လိုလဲ … ရဲဘော်ကြီး။ ဒဿနတွေ ပြောင်းသွားပြီလား” လို့ ကျနော်က နောက်နောက်ပြောင်ပြောင် မေးလိုက်မိပါတယ်။ “မပြောင်းပါဘူး၊ မြန်မာနိုင်ငံဆီ မပြန်ဘဲ တတိယနိုင်ငံမှာ နေနေတာကိုက ရန်သူစစ်အစိုးရကို မကျေနပ်ဘူး၊ စစ်အစိုးရကို အာခံနေတယ် ဆိုတာကို ပြသနေခြင်း တမျိုးပါပဲ” လို့ သူကဖြေပါတယ်။


လမ်း ၃ သွယ် အငြင်းပွားမှုနဲ့ ရေရှည်နိုင်ငံရေး အမြင်ရှိသူများ

”ဒုက္ခသည်” အဓိပ္ပာယ်ဖွင့်ဆိုချက် ငြင်းခုန်မှုကနေ ”ကျောင်းသား” အဓိပ္ပာယ် ဖွင့်ဆိုချက် ငြင်းခုန်မှုဘက် လှည့်ရအောင်ပါ။ “ကျောင်းသားဆိုတာ အသက်အရွယ် ကန့်သတ်ချက်ရှိတယ်။ တသက်လုံး ကျောင်းသားလုပ်နေလို့ ဘယ်ဖြစ်မလဲ” ဆိုတဲ့ ဆွေးနွေးချက်။ အဲဒီ ဗဟိုကော်မီအစည်းဝေးမှာ ငြင်းခုန်ကြတာကို ကျနော်မှတ်မိနေပါတယ်။ ဆိုလိုတာကတော့ သက်တန်း ၁၀ နှစ်ကျော်ရှိလာပြီဖြစ်တဲ့ ABSDF ဗဟိုကော်မတီဝင်တွေထဲမှာ တချို့လူတွေက မိသားစုတွေနဲ့၊ ကလေးတွေနဲ့ ဖြစ်နေပြီ။ တချို့က ဆံပင်ဖြူတွေ တချောင်းနှစ်ချောင်းမက အချောင်းပေါင်းများစွာ ထိုးထွက်နေပါပြီ။ အသက်အရွယ်ကလည်း ၄၀ ကျော် ၅၀ တန်းဖြစ်နေပြီဆိုတော့ ကျောင်းသားဆိုတဲ့ အမည်အစား တခြားအမည်တခုခုကို ပြောင်းရင်ကောင်းမလားဆိုပြီး အဲဒီပုဂိုလ်တွေက စတင်စဉ်းစားလာတာပါ။ အဲဒီအချိန်မှာ အသက် ၃၀-ဝန်းကျင်သာရှိသေးတဲ့ ကျနော်တို့ကတော့ ဒီလူတွေရဲ့ တင်ပြချက်ကို ဝိုင်းဟားပေါ့။



ဗဟိုကော်မတီအစည်းဝေးမှာ သဘာပတိအဖြစ် တာဝန်ယူနေတဲ့ ဒု ဥက္ကဌ ကိုမိုးသီးဇွန်

ဒါပေမဲ့ အသေအချာ ဆွေးနွေးတဲ့အခါမှာတော့ သူတို့ရဲ့တင်ပြချက်ဟာ အသက်ကြီးလာတာ တခုတည်း မဟုတ်ဘဲ ပြောင်းလဲလာနေတဲ့ ကမ္ဘာ့နိုင်ငံရေး။ မြန်မာ့နိုင်ငံရေး။ ပထဝီနိုင်ငံရေး အခြေအနေတွေနဲ့ ဆက်စပ်နေပါတယ်။ အထူးသဖြင့် လက်နက်ကိုင် တော်လှန်ရေး လုပ်ငန်းစဉ်ကို အားမပေးချင်တော့လို့ အလှူငွေဖြတ်မယ်ဆိုပြီး ခြိမ်းခြောက်နေတဲ့ အနောက်တိုင်းအလှူရှင်တွေရဲ့ ဖိအားနဲ့ အပစ်ခတ်ရပ်စဲရေး လုပ်သွားတဲ့ တိုင်းရင်းသားအဖွဲ့တွေရဲ့ အနေထားတွေက အဓိကနေရာက ပါဝင်တယ်လို့ ကျနော်ထင်ပါတယ်။ ဒီဆွေးနွေးချက်ကို လမ်း ၃ သွယ်ဆွေးနွေးချက်လို့ အများကခေါ်ကြပြီး ABSDF အဖြစ် ဆက်ရပ်မလား။ နိုင်ငံရေးပါတီတခုအဖြစ် အသွင်ပြောင်းမလား။ ဒါမှမဟုတ် နိုင်ငံရေးလုပ်ချင်သူတွေ ABSDF ကနေ နုတ်ထွက်ပြီး ပါတီသစ် ထောင်ချင်ထောင်၊ ရှိပြီးသားပါတီတွေထဲ ဝင်ချင်ဝင် စသဖြင့် ဆွေးနွေးကြပါတယ်။ ဒါပေမယ့် ဒီဆွေးနွေးချက်ဟာ ချက်ချင်းဆုံးဖြတ်လို့ မရနိုင်ဘဲ အချိန်ယူလုပ်ဆောင်မှ သင့်တော်မယ့် ကိစ္စဖြစ်တာကြောင့် ဒီဗဟိုကော်မတီ အစည်းဝေးမှာ မဆုံးဖြတ်သေးဘဲ ပဉ္စမအကြိမ်ညီလာခံ သက်တမ်းအတွင်း တက်လာမယ့် ဗဟိုကော်မီတီအသစ်က ဆက်လက်ဆောင်ရွက်ဖို့ ကျနော်တို့ ဆုံးဖြတ်ခဲ့ပါတယ်။

မဟာမိတ်ကိစ္စ၊ တပ်တွေ နေရာချထားရေးကိစ္စ၊ ခေါင်းဆောင်ပိုင်းတွေ တာဝန်ကျေမှု ရှိ မရှိ ကိစ္စတွေ ဆွေးနွေးတဲ့အခါမှာ အတော်ပွဲဆူခဲ့ပါတယ်။ ၂ ဖက် ပြန်လည်ပေါင်းစည်းထားတာ ၂ နှစ် ကျော်နေပြီဆိုပေမယ့် တသားတည်း မဖြစ်သေးဘူးလို့ ကျနော်စိတ်ထဲ ခံစားရပါတယ်။ အဆိုတခု တင်လိုက်ရင် အဲဒီအဆိုမှာ ပါဝင်တဲ့ အကြောင်းအရာထက် အဲဒီအဆိုကို ဘယ်ဘက်ကလူ (ဒေါက်တာ နိုင်အောင် ဘက်က လူလား၊ မိုးသီးဇွန်ဘက်က လူလား) တင်သလဲဆိုတာက ပိုအရေးကြီးသလို ဖြစ်နေခဲ့ပါ တယ်။ တခါ ဥက္ကဌအပါဝင် ဗဟိုကော်မတီဝင်တချို့  မိန်းမယူတဲ့ကိစ္စတွေကိုလည်း တော်လှန်ရေး ခေါင်းဆောင်တွေ မိန်းမယူသင့် မယူသင့် ငြင်းခုန်ခဲ့တာကို ကျနော်မှတ်မိနေပါတယ်။ ဒီလို ငြင်းရင်းခုန်ရင်းနဲ့ ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ စတင်တဲ့ အစည်းဝေးဟာ ၁၈ ရက်နေ့မှ ပြီးတဲ့အတွက် ၁၂ ရက်တိတိ ကြာသွားခဲ့ပါတယ်။



ပဉ္စမအကြိမ် ညီလာခံအပြီး အသစ်တက်လာတဲ့ ဗဟိုကော်မတီဝင်များ ခွပ်ဒေါင်းအလံကိုင်ပြီး သစ္စာဆိုနေစဉ်

အမှန်အတိုင်း ဝန်ခံရမယ်ဆိုရင် သတင်းထောက်ရူး ရူးနေတဲ့ကျနော်ဟာ တခြားရဲဘော်တွေလို ဗဟိုကော်မတီ တာဝန်နဲ့ စခန်းတာဝန်တွေကို သိပ်စိတ်မဝင်စားတော့ပါဘူး။ ဗဟိုကော်မတီ အစည်းဝေးအတွင်း လမ်း ၃ သွယ်ကိစ္စကို သူများတွေ အသည်းအသန် ငြင်းနေချိန်မှာ ကျနော်က အဲဒါတွေထက် ဘန်ကောက်ပို့စ် သတင်းစာဆီ ပို့ထားတဲ့ ရတနာဓာတ်ငွေ့ ပိုက်လိုင်းအကြောင်း ဆောင်းပါး ဒီတပတ် ပါ မပါ၊  ဒီဗီဘီအတွက် ပို့ထားတဲ့သတင်းတွေ ပုံမှန်ပါ မပါဆိုတာတွေကို ပိုစိတ်ဝင်စားနေတဲ့အချိန် ဖြစ်ပါတယ်။

ကျနော်အပါဝင် ဒီလို ခေါင်းရှောင်ပြီး ထွက်သွားသူတွေကို ”အချောင်သမား” တွေအဖြစ် တချို့ ခေါင်းဆောင်တွေက အမြင်စောင်းမှုတွေ ရှိခဲ့ပါတယ်။ ”မင်းကတော့ အနေအစားချောင်တဲ့ သတင်းထောက်ပဲ ဆက်လုပ်ပေါ့ကွာ” ဆိုပြီး ဗဟိုထိပ်ပိုင်း ခေါင်းဆောင်တဦးက ကျနော့်ကို နောက်သလိုလိုနဲ့ နှိပ်ကွပ်ခဲ့တာကို မှတ်မိနေဆဲဖြစ်ပါတယ်။ ဒါပေမယ့် ဘာမှမတတ်နိုင်။ သတင်းထောက် လုပ်ခြင်းဟာလည်း တော်လှန်ရေးကို တခြားပုံစံတခုနဲ့ ဆက်လုပ်တယ်။ လွတ်လပ်စွာ ပြောဆိုခွင့်၊ သတင်းလွတ်လပ်ခွင့် တွေဟာလည်း ABSDF ရည်ရွယ်ချက် ၄ ခုထဲက ဒီမိုကရေစီ ရရှိရေးထဲမှာပါတယ်လို့ ကိုယ်ဖာသာ ရှေ့နေလိုက်ပြီး ဗဟိုကော်မတီ အစည်းဝေးပြီးတာနဲ့ ဇလားစခန်းကနေ ကျနော်ထွက်လာခဲ့ပါတယ်။


ခေါင်းဆောင်မှု အပြောင်းအလဲနဲ့ NDD ပေါ်လာခြင်း

ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာတော့ စီစဉ်ထားတဲ့အတိုင်း ပဉ္စမအကြိမ် ညီလာခံကို ကျင်းပခဲ့တယ်လို့ သိရပါတယ်။ အောက်ခြေစခန်းတွေ၊ ဗဟိုကော်မတီတာဝန်တွေနဲ့ ကင်းကွာသွားတဲ့ ဘန်ကောက်အခြေစိုက် DVB သတင်းထောက် ကျနော်ဟာ ABSDF အကြောင်း အသေးစိတ် အခြေနေတွေကို သိပ်မသိတော့ပါဘူး။ ရဲဘော်တွေနဲ့ တွေ့မိ၊ မေးမိသမျှ အချက်လက်တွေ၊ မှတ်တမ်းတွေအရဆိုရင် ပဉ္စမအကြိမ် ညီလာခံမှာ ကိုနိုင်အောင်၊ ကိုမိုးသီးဇွန် အပါဝင် ခေါင်းဆောင်ဟောင်းတွေ အများစုပဲ ဗဟိုကော်မတီအဖြစ် ပြန်အရွေးခံခဲ့ရပါတယ်။


 ဆဌမအကြိမ် ညီလာခံအပြီးတွေ့ရတဲ့ ဥက္ကဌသစ် ကိုသံခဲနဲ့ ဗဟိုကော်မီတီအဖွဲ့ဝင်များ

ဥက္ကဌအဖြစ် ဒေါက်တာ နိုင်အောင်၊ ဒုဥက္ကဌအဖြစ် ကိုမိုးသီးဇွန်၊ အထွေထွေ အတွင်းရေးမှုးအဖြစ် ကိုအောင်သူငြိမ်း၊ အတွင်းရေးမှူး (၁) အဖြစ် ကိုစိုင်းမြင့်သူ၊ အတွင်းရေးမှူး ၂ အဖြစ် ကိုလှဌေးတို့ ရွေးချယ်ခံရပါတယ်။ ဗဟိုဦးဆောင် ကော်မတီဝင်တွေ အဖြစ်ကတော့ ကိုအောင်နိုင် (အနောက်ပိုင်း /မြောက်ပိုင်း)၊ ကိုခင်မောင်ဝင်း (နိုင်ငံခြားရေး)၊ ကိုမျိုးးဝင်း (စည်းရုံး/ပြန်ကြား)၊ ကိုဌေးအောင်၊ ကိုကျော်ကျော်နဲ့ ကိုဝင်းနိုင်ဦးတို့ ဖြစ်ပါတယ်။

ဗဟိုကော်မတီဝင်တွေ အဖြစ်ကတော့ ကိုသံခဲ (အနောက်ပိုင်း)၊ ကိုမြတ်သူ (စည်းရုံးရေးဌာန)၊ ကိုဆလိုင်းယောအောင် (ဘဏ္ဍာရေးဌာန တာဝန်ခံ)၊ ကိုအောင်ခိုင် (ဘဏ္ဍာရေးဌာန ဒု တာဝန်ခံ)၊ ကိုဇော်ဝင်းလွင် (ထောက်ပံ့ရေးဌာန)၊ ကိုကျော်ကိုကိုဝင်း (နယ် မြေအလုပ်အဖွဲ့၊ တောင်ပိုင်း)၊ ကိုမင်းမင်း (နယ်မြေအလုပ်အဖွဲ့၊ တောင်ပိုင်း)၊ ကိုသိမ်းဆန်း (နယ်မြေ အလုပ်အဖွဲ့၊ တပ်ရင်း ၂၊ ၃)၊
ကိုခင်မောင်ဆွေ။ ကိုအောင်နိုင်ဦး-(နိုင်ငံခြားရေး-အတွင်းရေးမှုး)။ ကိုဆန်နီ-(နိုင်ငံခြားရေး တွဲဘက်အတွင်းရေးမှူး)၊ ကိုခင်ကျော် (စစ်ရုံးချုပ်တာဝန်ခံ)၊ ကိုဝင်းမင်း (နယ်မြေအလုပ်အဖွဲ့၊ တပ်ရင်း ၈၊ ၉)၊ ကိုလွမ်းဏီ (ပြန်ကြားရေးဌာန)၊ ကိုကျော်သူရိန် (ပညာရေးဌာန)၊ ကိုဇော်လွင်စိုး၊ ကိုထွန်းထွန်းအောင် (အရံ ဗဟိုကော်မတီဝင်)၊ ကိုမောင်မောင်ကြီး (ဗဟိုဌာနချုပ်ရေးရာ) နဲ့ ကိုဇော်ကိုနိုင် အပါအဝင် စုစုပေါင်း ဗဟိုကော်မတီဝင် ၃၀ ဦး ဖြစ်ပါတယ်။

ဒီကော်မတီ သက်တမ်းကာလအတွင်း ရှေ့မှာပြောခဲ့တဲ့ လမ်း ၃ သွယ်ကိစ္စကို ဆက်လက်ဆွေး နွေးခဲ့ပြီး တပ်ရင်းအဆင့် အောက်ခြေအဆင့်အထိ အသေးစိတ်ချပြခဲ့ကြောင်း၊ အဲဒီနောက် ရဲဘော်တဦးချင်းစီရဲ့ ဆန္ဒတွေကို လွတ်လပ်စွာ ခံယူဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီလို ဆန္ဒခံယူပွဲမတိုင်မီ အကြောင်း အမျိုးမျိုးကြောင့် ဥက္ကဌ ဒေါက်တာ နိုင်အောင်၊ ဒုဥက္ကဌ ကိုမိုးသီးဇွန် အပါအဝင် ထိပ်ပိုင်းခေါင်းဆောင်တချို့ တာဝန်ကနေ နုတ်ထွက်ကြပြီး အတွင်းရေးမှူး ၁ ကိုစိုင်းမြင့်သူက ယာယီဥက္ကဌအဖြစ် အသွင်ကူးပြောင်းရေး ကြားကာလတခုကို တာဝန်ယူခဲ့တယ်လို့ ဗဟိုကော်မတီဝင်ဟောင်းတွေက ပြောပြခဲ့ပါတယ်။

ဒီလိုနဲ့ ၂၀၀၀ ခုနှစ် နှောင်းပိုင်းမှာ ထွက်ပေါ်လာတဲ့ ဆုံးဖြတ်ချက်အရ တပ်ဖွဲ့ဝင်အများစုဟာ ABSDF အဖြစ် ဆက်ရပ်ဖို့ ဆုံးဖြတ်ခဲ့ကြောင်း၊ ဒါပေမယ့် တချိုကတော့ NDD (Network for Democracy and Development ) ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက်အဖွဲ့အဖြစ် အသွင်းပြောင်းခဲ့ကြောင်း။ အနည်းအကျဉ်းကတော့ ABSDF ကနေ ပြီးနူတ်ထွက်ပြီး လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီထဲ ဝင်သွားတယ်လို့ သိရပါတယ်။

အဲဒီလို အသွင်ပြောင်းသွားသူတွေထဲမှာ ဒေါက်တာ နိုင်အောင်က NDD ရဲ့ အတွင်းရေးမှူးချုပ် ဖြစ်လာပြီး သူနဲ့အတူ ကိုစိုင်းမြင့်သူ၊ ကိုကျော်ကျော်၊ ကိုဌေးအောင်၊ ကိုခင်မောင်ဝင်း၊ ကိုအောင်နိုင် အပါဝင် ABSDF ခေါင်းဆောင်ဟောင်း အတော်များများ ပါသွားပါတယ်။ ကိုမိုးသီးဇွန်း အပါအဝင်တခြား ထိပ်ပိုင်းခေါင်းဆောင် တချို့ကတော့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ၊ တနည်းအားဖြင့် ABSDF မှာ တာဝန် မထမ်းခင်ကတည်းက အရင် သူတို့ရဲ့ မိခင်ပါတီထဲ ပြန်ဝင်သွားကြတယ်လို့ သိရပါတယ်။

ကျနော်တို့ တပ်ရင်း ၁ က ပုဂ္ဂိုလ်တွေဖြစ်တဲ့ ဆရာအောင်မြင့်၊ ကိုကျော်ထင်၊ ကိုမြင့်အောင် စသဖြင့် အတော်များများလည်း NDD ဆီ ပါသွားတယ်လို့ သိရပါတယ်။ ABSDF ရဲဘော်တွေ ရာနဲ့ချီပြီး NDD ဆီ ပါသွားပေမယ့် နိုင်ငံရေး အလံ ၂ ခု သွားတယ်ဆိုပေမယ့် ရဲဘော်အားလုံးဟာ မူလနေရာမှာပဲ အတူတူ ဆက်နေနေပြီး သူ့တာဝန် သူလုပ်၊ ကိုယ်တာဝန်ကိုယ်လုပ်နဲ့ ဘာမှ အချင်းချင်းကြား ပြဿနာမရှိတဲ့အပြင် အချင်းချင်းတောင် အပြန်အလှန် ကူညီပေးကြတယ်လို့ ကျနော်မေးမြန်းခွင့်ရခဲ့တဲ့ ၂ ဖက် အဖွဲ့ဝင်တွေက ပြောပါတယ်။


 ၂၀၁၁ ခုနှစ် နဝမအကြိမ် ညီလာခံအပြီးမှာ တွေ့ရတဲ့ ဥက္ကဌ ကိုသံခဲနဲ့ လက်ရှိ ABSDF ဗဟိုကော်မတီဝင်များ

အဲဒီနောက်ပိုင်း ၂၀၀၁ ခုနှစ် မတ်လ ၂၃ ရက်နေ့မှာ ကျင်းပတဲ့ ဆဌမအကြိမ် ညီလာခံ မှတ်တမ်း ဓာတ်ပုံထဲမှာတော့ ဒေါက်တာ နိုင်အောင်၊ ကိုမိုးသီးဇွန်နဲ့ အရင် ခေါင်းဆောင်ဟောင်းတွေကို မမြင်ရတော့ပါဘူး။ ဥက္ကဌအသစ် ဖြစ်လာတဲ့ ကိုသံခဲ၊ ဒုဥက္ကဌ ကိုကျော်ကိုကို၊ အထွေထွေ အတွင်းရေးမှူး ကိုမျိုးဝင်း၊ အတွင်းရေးမှူး ၁ ကိုဝေလင်းဇင်၊ အတွင်းရေးမှုး ၂ ကိုသိန်းဆန်းတို့ ဦးဆောင်တဲ့ ၁၇ ဦးပါ ဗဟိုကော်မတီသစ် တက်လာခဲ့ပါတယ်။

ဗဟိုအလုပ်မှုဆောင် ကော်မတီဝင်တွေအဖြစ် ကိုလွဏ်းဏီနဲ့ ကိုဆန်နီ၊ ဗဟိုကော်မတီဝင်တွေအဖြစ် ကိုဆလိုင်းယောအောင်၊ ကိုကျော်သူရ၊ ကိုနေမျိုး၊ ကိုချင်း၊ ကိုမင်းမင်း၊ ကိုမြင့်ဦး၊ မနန်းရင်၊ ကိုအေးမင်းနိုင်၊ အရံဗဟိုကော်မတီဝင်အဖြစ် ကိုမိုးကျော်ဦးနဲ့ ကိုစိုးထွတ်တို့ ဖြစ်ပါတယ်။ အဲဒီချိန်ကစပြီး နောက်ပိုင်း ကျင်းပတဲ့ညီလာခံတွေမှာ ကိုသဲခံကပဲ ဥက္ကဌအဖြစ် ဆက်လက် အရွေးခံရတဲ့အတွက် အခုအချိန်အထိ ကိုသံခဲက ဥက္ကဌအဖြစ် ဆက်လက်တာဝန်ယူပြီး ABSDF ကို ဦးဆောင်နေကြောင်း သိရပါတယ်။     ။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More