Tuesday, September 21, 2021

Voice of ABIA.


ABIA ရဲဘော်များ၏ ပြည်သူသို့ ကျေးဇူးတင်စကား
----------------------------
(၂၅/၈/၂၀၂၁)

ABIA -ဗမာ့လွတ်မြောက်ရေးတပ်မတော်- စစ်ဦးစီးချုပ် ကိုအောင်ကျော်နှင့် BNN မေးမြန်းခန်းအပြီးမှာ ရဲဘော်များကလည်း သူတို့ရဲ့အမြင်၊ သူတို့ရဲ့ ယုံကြည်ချက်များကို ဆက်လက်ပြောကြားခဲ့ပါတယ်။

အဲဒီပြောကြားချက်တွေကို စုစည်းပြီး ထုတ်လွှင့်ပေးလိုက်တာဖြစ်ပါတယ်။

Monday, September 20, 2021

Interview with Thiri Thaw- Part 1


၂၀၁၉ ခုနှစ် ဇူလိုင်လကပြုလုပ်ခဲ့တဲ့ Myanmore Magazine မှ မသီရီသော်နှင့် One News မေးမြန်းချက်ကို မှတ်တမ်းအဖြစ် ပြန်လည်ဖေါ်ပြပါသည်။

Interview with Chairman of DPNS- Part 1


“နိင်ငံရေးအဖွဲ့အစည်းတွေက လူထုကိုအမီလိုက်နိုင်ဖို့ အတော်ကြိုးစားနေရတာဖြစ်တယ်”
----------------------------------------------
(၂၀/၉/၂၀၂၁)
နွေဦးတော်လှန်ရေးကို လူထုက ဦးဆောင်နေတာဖြစ်ပြီး နိုင်ငံရေးအဖွဲ့အစည်းတွေ၊ နိုင်ငံရေးသမားတွေက လူထုဦးဆောင်မှုနောက်ကို အမီလိုက်နိုင်ဖို့ အတော်ကြိုးစားနေရတာဖြစ်တယ်လို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) ဥက္ကဌ ဦးအောင်မိုးဇော်က ပြောပါတယ်။
စစ်တပ်က အာဏာသိမ်းပြီး ၈ လနီးပါးကြာ အခြေအနေနဲ့ပတ်သက်လို့ BNN သတင်းဌာနက ဦးထက်အောင်ကျော်နဲ့ သီးသန့်မေးမြန်းခန်းအတွင်း သူက အဲဒီလိုပြောခဲ့တာပါ။
အခု ထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ပထမ ပိုင်းမှာတော့... စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ NLD အပြင် အခြားနိုင်ငံရေးပါတီတွေ ဘယ်လိုလှုပ်ရှားနေသလဲ၊ နိုင်ငံရေးပါတီတွေ လက်နက်ကိုင်တော်လှန်ရေးလုပ်တဲ့အခါ ဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်ရသလဲ၊ EAO တပ်တွေ PDF အတူ ပူးတွဲ တိုက်ပွဲမဝင်သေးတာ ဘာကြောင့်လဲ... စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
(နယ်စပ်အခြေအနေ၊ နိုင်ငံတကာအခြေအနေ၊ စစ်တပ်အခြေအနေနဲ့ နွေဦးတော်လှန်ရေး ရှေ့အလားအလာတွေအကြောင်းတွေပါဝင်တဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန်ညမှာ ဆက်လက် ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်)။

Saturday, September 18, 2021

Interview with Minister of Human Right of NUG Part-2


“အားလုံးကိုစွန့်လွှတ်ပြီး တော်လှန်ရေးလုပ်နေစဉ်မှာ သွေးခွဲစကားမပြောသင့်”
-----------------------------------------
(၁၈/၉/၂၀၂၁)

စစ်အာဏာရှင်ပြုတ်ကျရေးအတွက် အားလုံးကိုစွန့်လွှတ်ပြီး လက်နက်ကိုင်တော်လှန်ရေး ဆောင်ရွက်နေစဉ်မှာ အချင်းချင်း သွေးကွဲစေမယ့်စကားတွေပြောဆိုမှုကို ရှောင်သင့်တယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းကပြောပါတယ်။

NUG ရဲ့ နိုင်ငံတကာ သံတမန်ရေးတိုက်ပွဲ၊ နယ်စပ်နဲ့ပြည်တွင်းက လက်နက်ကိုင်တိုက်ပွဲအခြေအနေတွေနဲ့ပတ်သက်ပြီး BNN က ဦးထက်အောင်ကျော်နဲ့ သီးသန့်မေးမြန်းခန်း အတွင်း သူက အဲဒီလိုပြောခဲ့တာပါ။

အခု ထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာတော့... D Day ကြေညာခြင်းအပေါ် NUG ရဲ့ရှုမြင်ချက်၊ စစ်တပ်ဖက်ကနေ လူငယ်တွေကို အစုအပြုံလိုက်ဖမ်းဆီး သတ်ဖြတ်လာတဲ့အပေါ် ဘယ်လိုတားဆီးနိုင်မလဲ၊ ဒလန် ရှင်းလင်းရေးစီမံကိန်းအပေါ် လူ့အခွင့်အရေးသမားတွေ ဘယ်လိုမြင်သလဲ၊ တော်လှန်ရေးကာလ နည်းနည်းကြာလာချိန်မှာ ထွက်ပေါ်လာတဲ့ ဝေဖန်မှုတွေအပေါ် NUG က ဘယ်လိုတုန့်ပြန်သလဲ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(မနက်ဖန်မှာတော့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ (DPNS) ဥက္ကဌ ဦးအောင်မိုးဇော်နဲ့ မေးမြန်းချက်ကို ထုတ်လွှင့်ပေးသွားမှာဖြစ်ပါတယ်)

Friday, September 17, 2021

Interview with Human Right minister of NUG part 1


လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းနှင့် မေးမြန်းချက် (၁)
-----------------------------------------
(၁၇/၉/၂၀၂၁)

စစ်ကောင်စီ ကိုယ်စားလှယ်ကို လက်ခံမလား၊ NUG ကိုယ်စားလှယ်ကို လက်ခံမလားဆိုပြီး နယူးယောက်မြို့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ အကြိတ်အနယ်ဆွေးနွေးမှုပြီးရင် NUG ကိုယ်စားလှယ် ဦးကျော်မိုးထွန်းကို ဆက်လက်အသိအမှတ်ပြုဖို့ အခြေအနေ အလွန်ကောင်းနေတယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းကပြောပါတယ်။

NUG ရဲ့ နိုင်ငံတကာ သံတမန်ရေးတိုက်ပွဲ၊ နယ်စပ်နဲ့ပြည်တွင်းက လက်နက်ကိုင်တိုက်ပွဲအခြေအနေတွေနဲ့ပတ်သက်ပြီး BNN က ဦးထက်အောင်ကျော်နဲ့ သီးသန့်မေးမြန်းခန်း အတွင်း သူက အဲဒီလိုပြောခဲ့တာပါ။

အခု ထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ပထမ ပိုင်းမှာတော့... ကုလ အထွေထွေညီလာခံအတွင်း မြန်မာ့အရေးဆွေးနွေးမှု နောက်ဆုံးအခြေနေ၊ ၉ နိုင်ငံပါဝင်တဲ့ ကိုယ်စားလှယ်စီစစ်ရေးကော်မီတီရဲ့ လုပ်ထုံးလုပ်နည်း၊ အထွေထွေညီလာခံက နိုဝင်ဘာရောက်ရင် ဘယ်သူ့ကို အသိအမှတ်ပြုနိင်သလဲ၊ နယူးယောက်နဲ့ ဂျီနီဗာရှိ ကုလသမဂ္ဂ စင်မြင့်တွေမှာ ဒီမိုကရေစီအရေးလှုပ်ရှားသူတွေ ဘယ်လိုတိုက်ပွဲဝင်နေသလဲ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(D Day ကြေညာခြင်း၊ ဒလန် ရှင်းလင်းခြင်း အပေါ် ဝေဖန်မှုတွေနဲ့ပတ်သက်ပြီး NUG ရဲ့ တုန့်ပြန်ချက်ကိုတော့ မနက်ဖန် ထုတ်လွှင့်ပေးမယ့် ဒုတိယ ပိုင်းမှာ တင်ပြပေးမှာဖြစ်ပါတယ်)။

Sunday, September 12, 2021

Interview with Dr Myo Nyunt of NLD Part 1

Interview with Aung la Nsang

Tuesday, September 7, 2021

MMS Part 2


“လက်နက်ကိုင်တိုက်ပွဲ အရှိန်မြင့်လာမှုကို ဘယ်သူကမှ တားနိုင်မယ် မထင်ဘူး”
-------------------------------------------
(၆/၉ /၂၀၂၁)
စစ်အာဏာသိမ်းမှုအပေါ် မကျေနပ်လို့ဖြစ်ပေါ်လာတဲ့ လက်နက်ကိုင်တော်လှန်မှုကို ဘယ်သူကမှ တားဆီးနိုင်မယ်မထင်ဘူးလို့ လက်နက်ကိုင်တပ်ဖွဲ့များအရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးကပြောပါတယ်။

စစ်အာဏာသိမ်းမှု ၇ လပြည့်အခြေအနေနဲ့ပတ်သက်ပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်နဲ့ သီးသန့်မေးမြန်းခန်းအတွင်းသူက အဲဒီလိုပြောခဲ့တာပါ။

အခုထုတ်လွှင့်ပေးမယ့် မေးမြန်းချက် နောက်ဆုံးပိုင်းမှာတော့... နယ်စပ်မှာရှိနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့ အသစ်ဖြစ်ပေါ်လာတဲ့ PDF တပ်တွေကြား ပူးတွဲ တိုက်ပွဲဝင်နိုင်မှု အားနည်းနေတာ ဘာကြောင့်လဲ၊ အပစ်ခတ်ရပ်စဲရေးသဘောတူညီချက် NCA စာချုပ်က အခုထိ ရှိနေဆဲလား၊ လက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနေဟာ အရင် ဘယ်တုန်းကနဲ့မှမတူအောင် ထူးခြားနေတယ်ဆိုတာ ဘယ်အချက်တွေကို ပြောတာလဲ၊ မြန်မာနိုင်ငံရေးအကျပ်အတည်းရဲ့ ထွက်ပေါက်က ဘာဖြစ်မလဲ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

MMS Part 1

Share

Twitter Delicious Facebook Digg Stumbleupon Favorites More