Wednesday, July 31, 2024

မိုးမိတ်မြို့ကို TNLA သိမ်းပိုက်... လားရှိုးကို စစ်ကူလာတဲ့ စစ်ကြောင်း MN...


မိုးမိတ်မြို့ကို TNLA သိမ်းပိုက်... လားရှိုးကို စစ်ကူလာတဲ့ စစ်ကြောင်း MNDAA တိုက်ခိုက်... ၁၀၂၇ ဒုတိယလှိုင်း နောက်ဆုံးရ သတင်းများ

(၁- ၈ -၂၀၂၄)

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း မိုးမိတ်နဲ့ ကျောက်မဲမှာ တိုက်ပွဲတွေ ပြင်းထန်ပြီး မိုးမိတ်မြို့က စစ်ကောင်စီ ဗျူဟာကုန်း အပါအဝင် နောက်ဆုံးကျန်နေတဲ့ စစ်တပ်စခန်း အားလုံးကို ဇူလိုင် ၃၁ မှာ သိမ်းပိုက်လိုက်ပြီလို့ PSLF/ TNLA (တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်) ပြောခွင့်ရ လွေးယေဦးက BNN ကို
ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း တလကျော်မှာ  စစ်ကောင်စီ တပ်စခန်း ၅၀ ကျော်နဲ့ နောင်ချို၊ မိုးကုတ်နဲ့ မိုးမိတ် စတဲ့ ၃ မြို့ကို သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ လွေးယေဦးက ပြောပြပါတယ်။

ဒါ့အပြင်...

- တန့်ယန်းကနေ လားရှိုးကို စစ်ကူလာတဲ့ အင်အား ၄၀၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းကို MNDAA နဲ့ မဟာမိတ်တွေက ကြားဖြတ်တိုက်တဲ့အတွက် စစ်ကောင်စီဖက်က ၅၀ ကျော်အထိသေဆုံးပြီး စစ်ကြောင်းမှူးပါ ဆေးရုံ တင်လိုက်ရ...

- မတ္တရာမြို့နယ်တွင်းရှိ စစ်တပ်စခန်း နောက်ထပ် ၇ ခုကို သိမ်းပိုက်လိုက်ပြီး စုစုပေါင်း စခန်း ၃၅ ခု သိမ်းထားပြီလို့ PDF-MDY အသိပေး...

- တောင်ငူ-လိပ်သို လမ်းပိုင်းရှိ ခမရ ၆၀၇ တပ်ရင်းဆီ ရိက္ခာလာပို့တဲ့
ယာဉ်တန်းကို ဒေသခံတော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်တဲ့အတွက် လက်နက်ငယ် ၇
လက်သိမ်းမိ...

- ပခုက္ကူမြို့နယ်၊ စက်မှုဇုန် စစ်ဆေးဂိတ်မှာ တာဝန်ထမ်းနေတဲ့ ပျူစောထီး
တဦး လက်နက်နဲ့အတူ တော်လှန်ရေးတပ်တွေထံ အလင်းဝင်...

- ပုလောမြို့နယ်၊ ပုလောကုန်းရွာမှာ နှစ် ၂၀ နီးပါး တပ်စွဲထားတဲ့
စခန်းတခုကို စစ်ကောင်စီက စခန်းစွန့်ခွာထွက်ပြေး...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

Tuesday, July 30, 2024

“ရက် ၂၀ ကျော်လောက်အတွင်း စစ်တိုင်းဌာနချုပ်တခုကို သိမ်းနိုင်တယ်ဆိုတာ တကယ့...


“ရက် ၂၀ ကျော်လောက်အတွင်း စစ်တိုင်းဌာနချုပ်တခုကို သိမ်းနိုင်တယ်ဆိုတာ တကယ့်တိုးတက်မှုပါ”

- ဗိုလ်ကြီးဟောင်း နေမျိုးဇင် (ဘက်ပြောင်းရေးအစီအမံကော်မီတီ - IEC)

(၃၁- ၇- ၂၀၂၄)

“ရက် ၂၀ ကျော်လောက်အတွင်း စစ်တိုင်းဌာနချုပ်တခုကို သိမ်းနိုင်တယ်ဆိုတာ တော်လှန်ရေးရဲ့ တကယ့်တိုးတက်မှုပါ၊ ဒီလိုအချိန်မှာ စစ်ရှုံးစစ်ကောင်စီကို ဆက်ပြီး ဖက်တွယ်နေမလား၊ ပြည်သူနဲ့ အမြန်ပူးပေါင်းမလား ဆိုတာ ဒီနေ့ တပ်မတော်သားတွေ ဆုံးဖြတ်ချက်ချဖို့ လိုအပ်နေပြီဖြစ်တယ်” လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ ဘက်ပြောင်းရေးအစီအမံကော်မီတီ ညွှန်ကြားရေးမှူး ဗိုလ်ကြီးဟောင်းနေမျိုးဇင်က ပြောပါတယ်။

လားရှိုးတိုက်ပွဲ နောက်ဆုံးအခြေအနေ၊ ဒီနေ့ကျင်းပမယ့် ကာလုံ အစည်းအဝေးမှာ ဘာတွေထူးခြားနိုင်သလဲ၊ တရုတ်ဖိအား ဘယ်လိုဆက်ဖြစ်လာနိုင်သလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...

- မသိမ်းခင် အရင်ကြေညာပြီးတိုက်တဲ့ လားရှိုးတိုက်ပွဲရဲ့ ထူခြားချက်များ...

- စစ်ကောင်စီဖက်က တကယ် တပ်ပျက်နေပြီလား...

- ကာလုံ အစည်းအဝေးက မင်းအောင်လှိုင် သမ္မတဆက်လုပ်ရေးကို အတည်ပြုပေးမှာလား...

- တပ်မတော်သားတွေ ပြည်သူနဲ့ပူးပေါင်းဖို့ ဘာတွေ အခက်အခဲဖြစ်နေသလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

“ရှမ်းမြောက်ထိုးစစ်ကနေ မန္တလေးထိုးစစ်အဖြစ် ရောက်ရှိလာနိုင်ပါတယ်”


“ရှမ်းမြောက်ထိုးစစ်ကနေ မန္တလေးထိုးစစ်အဖြစ် ရောက်ရှိလာနိုင်ပါတယ်”

- ဦးသန်းစိုးနိုင် (စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ)

(၃၁- ၇- ၂၀၂၄)

“တရုတ်က အကြံပေးတဲ့ ပျော့ပြောင်းတဲ့လမ်းကြောင်းကိုမရွေးပဲ စစ်ကောင်စီဥက္ကဌက ဆက်ပြီခေါင်းမာနေမယ်ဆိုရင်တော့ ရှမ်းမြောက်ထိုးစစ်ကနေ မန္တလေးထိုးစစ်အဖြစ် ရောက်ရှိလာနိုင်ပါတယ်” လို့ ဝါရင့် စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

လားရှိုးအပါဝင် ရှမ်းမြောက်နဲ့ မန္တလေးတိုင်းအစပ်မှာ ဖြစ်ပေါ်နေတဲ့ တိုက်ပွဲအခြေအနေ၊ တရုတ်က အကြံပေးတဲ့ အပြောင်းအလဲကို လက်မခံပဲ စစ်ကောင်စီဥက္ကဌက သမ္မတနေရာကို ဆက်ယူထားမယ်ဆိုရင် ဘာတွေဆက်ဖြစ်လာမလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို
ဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...

- ပဟေရိဆန်တဲ့ လားရှိုးတိုက်ပွဲမှာ ဘယ်လို နားလည်မှုတွေရထားကြသလဲ...

- လားရှိုးပြီးရင် ပြင်ဦးလွင်နဲ့ မန္တလေးဖက် ဦးတည်လာမှာလား...

- တရုတ်က အကြံပေးတဲ့ ပျော့ပြောင်းတဲ့လမ်းကြောင်းကိုမရွေးပဲ
စစ်ကောင်စီဥက္ကဌက ဆက်ပြီခေါင်းမာနေမယ်ဆိုရင် ဘာတွေဆက်ဖြစ်လာမလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာနက်လိုင်း မကောင်းတဲ့အတွက် အသံပြတ်တောက် ပြတ်တောက်
ဖြစ်သွားတဲ့အပေါ် တောင်းပန်အပ်ပါသည်)

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

“ဥပဒေနဲ့ညီ မညီ ပြောနေလို့ မရတော့ဘူး”


“ဥပဒေနဲ့ညီ မညီ ပြောနေလို့ မရတော့ဘူး”

- ဦးကြီးမြင့် (ဥပဒေရေးရာ ဝေဖန်သုံးသပ်သူ)

(၃၀- ၇- ၂၀၂၄)

“စစ်ကောင်စီဥက္ကဌ လုပ်ချင်တိုင်းလုပ်နေတာကို ဥပဒေနဲ့ညီမညီ လိုက်ပြောနေလို့မရတော့ဘူး။ တော်လှန်ရေးနည်းနဲ့ဖြုတ်ချမှရမယ်ဆိုတာ ပိုရှင်းရှင်းလင်းလင်းဖြစ်လာတယ်” လို့ ဝါရင့် ရှေ့နေကြီး ဦးကြီးမြင့်က ပြောပါတယ်။

မနက်ဖန်- ဇူလိုင် ၃၁ ရက် ကာ-လုံ အစည်းအဝေးမှာ စစ်ကောင်စီဥက္ကဌက သမ္မတအဖြစ် ဆက်လုပ်မှာလား၊ သမ္မတနေရာကို အခြားတဦးတင်ပြီး ကာကွယ်ရေးဦးစီးချုပ်အဖြစ်ပဲ ဆက်လုပ်မှာလား၊ ၂၀၀၈ ဥပဒေက ဘယ်လိုဆိုထားသလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...

- ဥပဒေနဲ့အညီမဟုတ်သော သမ္မတရာထူးကို ရယူခြင်းဆိုတာ ဘာကိုဆိုလိုတာလဲ...

- တရုတ်ဖိအားနဲ့ တပ်တွင်းဖိအားကို ကရုမစိုက်ပဲ လုပ်ချင်ရာလုပ်နေတဲ့ စစ်ကောင်စီဥက္ကဌ ဘာတွေဖြစ်သွားပြီလဲ...

- တော်လှန်ရေးဖိအားက လားရှိုးကနေ မန္တလေးအထိ ရောက်လာတော့မလား...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

Monday, July 29, 2024

သံချပ်ကာ တပ်ရင်းအပါဝင် စစ်တပ်စခန်းတွေကို MNDAA က ဆက်လက် သိမ်းပိုက်... ကျ...

သံချပ်ကာ တပ်ရင်းအပါဝင် စစ်တပ်စခန်းတွေကို MNDAA က ဆက်လက် သိမ်းပိုက်... ကျောက်မဲ၊ မိုးမိတ်၊ မိုးကုတ်ဘက်မှာ လက်နက်တွေနဲ့ သုံ့ပန်းတွေ ထပ်ဖမ်းမိ... ၁၀၂၇ ဒုတိယ လှိုင်း နောက်ဆုံးရသတင်းများ

(၃၀- ၇- ၂၀၂၄)

ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ အထူးအုပ်ချုပ်ရေးဒေသ(၁) ရဲစခန်းက လုံခြုံရေးတပ်ဖွဲ့ဝင်တွေ စတင်တာဝန်ထမ်းနေပြီလို့ ကိုးကန့်ရဲအဖွဲ့ဝင်တွေ လားရှိုးမြို့အတွင်း ကင်းလှည့်နေတဲ့ပုံတွေကို MNDAA-
မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။

အစောပိုင်းထုတ်ပြန်ချက်မှာတော့ လားရှိုးဘူတာနဲ့ မီးရထားလုပ်ငန်းတွေကိုလည်း စစ်ကောင်စီအောက်ကနေ လွတ်မြောက်အောင် ဆောင်ရွက်နိုင်ခဲ့ပြီလို့ ဓာတ်ပုံမှတ်တမ်း ဖေါ်ပြပါတယ်။

ညနေပိုင်း ဝင်လာတဲ့သတင်းတွေမှာတော့ MNDAA-နဲ့ BPLA- ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်တို့ပါဝင်တဲ့ မဟာမိတ်တပ်ပေါင်းစုက ဆက်သွယ်ရေးတပ်ရင်း၊ အမှတ်(၇၀၀၅) သံချပ်ကာတိုက်ခိုက်ရေးတပ်ရင်း၊ အမှတ်(၂၄၂) စစ်လက်နက်တပ်ခွဲနဲ့ စစ်တပ်ဂေါက်ကွင်းတို့ကို ဇူလိုင်လ ၂၈ နဲ့ ၂၉ မှာ အပြီးသိမ်းပိုက်လိုက်ပြီလို့ BPLA က သတင်းထုတ်ပြန်ပါတယ်။

နောက် လားရှိုးထောင်ကနေ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွတ်လာပြီး NLD ပါတီ ထိပ်တန်းခေါင်းဆောင်နဲ့ ပြည်သူ့လွှတ်တော်ဒုဥက္ကဌ ဦးထွန်းထွန်းဟိန်အပါအဝင် နိုင်-ကျဉ်း ၂၀၀ ကျော်ကို လားရှိုးခရိုင် ပကဖ နဲ့
တော်လှန်ရေးအင်အားစုတွေက ကောင်းမွန်စွာစောင့်ရှောက် ထားတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတဦးက ဆိုရှယ်မီဒီယာမှာ ရေးသားဖေါ်ပြထားတာလည်းတွေ့ရပါတယ်။

ဒါ့အပြင်...

- ကျောက်မဲ၊ မိုးမိတ်၊ မိုးကုတ်ဘက်မှာ တိုက်ပွဲဆက်ပြင်းထန်နေပြီး ၈၁ မမ
မော်တာအပါဝင် လက်နက်မျိုးစုံ (၇၀)ကျော်နဲ့ စစ်သုံ့ပန်း (၂၀) ဦး
ဖမ်းဆီးရမိ...

- စဉ့်ကူးမြို့သိမ်းတိုက်ပွဲ မှတ်တမ်း ရုပ်သံကို
ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က ထုတ်ပြန်...

- ရှမ်းပြည်တောင်ပိုင်းဒေသတည်ငြိမ်ရေးအတွက် ဆောင်ရွက်မယ်လို့ RCSS-
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ က ကြေညာ...

- တနင်္သာရီမြို့နယ်၊ လယ်သစ်ရွာဘက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို
ဒေသခံတော်လှန်ရေးတပ်တွေက မိုင်းဆွဲတိုက်ခိုက်တဲ့အတွက် စစ်သား ၁၀ ခန့်အထိ
သေဆုံး...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

Sunday, July 28, 2024

လားရှိုးမြို့က စစ်တပ်စခန်းတွေ MNDAA ဆက်လက်သိမ်းပိုက်... ဟားခါးအနီးက စစ်တ...


လားရှိုးမြို့က စစ်တပ်စခန်းတွေ MNDAA ဆက်လက်သိမ်းပိုက်... ဟားခါးအနီးက စစ်တပ်စခန်း ၃ ခု ချင်းတော်လှန်ရေးတပ်တွေ သိမ်းပိုက်... ၁၀၂၇ ဒုတိယလှိုင်း နောက်ဆုံးရသတင်းများ

(၂၉ -၇- ၂၀၂၄)

လားရှိုးမြို့အုပ်ချုပ်ရေးကို စနစ်တကျဆောင်ရွက်နေပြီလို့ အချက် ၈ ချက်ပါတဲ့ ကြေညာချက်ကို MNDAA- မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်က ဒီနေ့ ထုတ်ပြန်ပါတယ်။

အစောပိုင်းထုတ်ပြန်ချက်တွေထဲမှာတော့ ဆင်တောင်မှာရှိတဲ့ အသံလွှင့်ကုန်းကို ဇူလိုင် ၂၇၊ မနက် ၉ နာရီခန့်မှာ သိမ်းပိုက်ပြီး ခလရ(၆၈)တပ်ရင်းကိုတော့ ညနေ ၆ နာရီခန့်မှာ အပြီးသတ် သိမ်းပိုက်တဲ့ ဗီဒီယို မှတ်တမ်းတွေကို ဖေါ်ပြပါတယ်။

ထူးခြားတာကတော့ ခလရ ၆၈ ကို သိမ်းပိုက်တဲ့ MNDAA တပ်မဟာရဲ့အမည်က ၆၁၁ ဖြစ်နေတာပါ။ ၆၁၁ တပ်မဟာဆိုတာ ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းမစတင်ခင် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီက တိုင်းရင်းသားပေါင်းစုံနဲ့ စုဖွဲ့ခဲ့တဲ့ တပ်မဟာအသစ် ဖြစ်ပါတယ်။ တိုင်းရင်းသားပေါင်းစုံပါဝင်တဲ့ တပ်မဟာ ၆၁၁ တိုက်ပွဲဝင်နေတာကို ပထမ ဆုံးအကြိမ် တရားဝင် အသိပေးတာလည်းဖြစ်ပါတယ်။

ဒါ့အပြင် BPLA- ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်နဲ့ PLA- ပြည်သူ့လွတ်မြောက်ရေးတပ်မတော်တို့ကလည်း ခလရ(၆၈)တပ်ရင်း စခန်းသိမ်းပွဲမှာ သူတို့တပ်တွေလည်း ပါဝင်တယ်လို့ မနေ့က ထုတ်ပြန်ထားတာတွေ့ရပါတယ်။

ခလရ-၆၈ သိမ်းပွဲနဲ့ အသံလွှင့်ကုန်းသိမ်းပွဲကနေ လက်နက်ခဲယမ်းများစွာ ရရှိတာကိုလည်း ဗီဒီယိုမှတ်တမ်းထဲတွေ့ရပါတယ်။

ဒါ့အပြင်...

- UWSA- ၀ တပ်ဖွဲ့တွေ ထောင်နဲ့ချီပြီး ဇူလိုင် ၂၇ ညပိုင်းမှာ လားရှိုးမြို့ထဲ  ဝင်ရောက်လာ...

- ကျောက်မဲနဲ့ မိုးမိတ်မှာ တိုက်ပွဲ ဆက်လက်ပြင်းနေပြီး လက်နက် ၁၀ ကျော်နဲ့ သုံ့ပန်း ၂ ဦး ဖမ်းမိ...

- ဟားခါးမြို့နဲ့ ထန်တလန်မြို့ကြားရှိ စစ်ကောင်စီရဲ့ အမာခံစခန်း Auto တောင် စခန်း ၃ ခုကို ချင်းပြည်အစိုးရတပ်က သိမ်းပိုက်...

- မတူမြို့သိမ်းတိုက်ပွဲအတွင်း ထွက်ပြေးသွားတဲ့ စစ်သားတွေနဲ့ မိသားစုဝင် ၁၀၀ ကျော်ကို လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးမိ...

- ထားဝယ်ခရိုင် သရက်ချောင်းမြို့ကနေ ထားဝယ်ဖက်မောင်းလာတဲ့ ရဲနဲ့ ပျုစောထီး ၃ ဦးပါတဲ့ ကားကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ပြီး ကျည်ဆံအချို့ သိမ်းမိ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

Saturday, July 27, 2024

လားရှိုးမြို့မှာ MNDAA ကင်းလှည့်... လွိုင်ကော်က စစ်ကောင်စီတပ်ကို KNDF တိ...


လားရှိုးမြို့မှာ MNDAA ကင်းလှည့်... လွိုင်ကော်က စစ်ကောင်စီတပ်ကို KNDF တိုက်ခိုက် ... ၁၀၂၇ ဒုတိယလှိုင်း နောက်ဆုံးရသတင်းများ

(၂၈- ၇- ၂၀၂၄)

ရှမ်းမြောက်ဒေသ၊ လားရှိုးမြို့လုံခြုံရေးအတွက် တော်လှန်ရေးတပ်တွေက ကင်းလှည့်ပြီးလုံခြုံရေး ယူပေးနေတယ်လို့ MNDAA - မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်က ဗီဒီယို သတင်း ထုတ်ပြန်ပါတယ်။ 

အစောပိုင်းထုတ်ပြန်ချက်ထဲမှာတာ့ ခလရ ၄၁ နဲ့ စစ်အင်ဂျင်နီယာတပ် ၉၁၂ ကို သိမ်းပိုက်တဲ့ ဗီဒီယိုတွေ ထုတ်ပြန်ထားပြီး မြို့တွင်းလူထုကို ကူညီပေးနေတဲ့ပုံတွေကိုလည်း ဖေါ်ပြထားပါတယ်။

ခလရ ၄၁ ကို သိမ်းပိုက်စဉ် မော်တာတွေ၊ လောင်ချာတွေနဲ့ လက်နက်ငယ်တွေနဲ့ ခဲယမ်းတွေ ရာနဲ့ချီရရှိတဲ့ ဗီဒီယို မှတ်တမ်းကိုလည်းတွေ့ရပါတယ်။

ဒါ့အပြင် ဟိုပိတ် တိုးဂိတ်ကို ၂၆ ရက်နေ့ ညနေ ၆ နာရီမှာ ထိုးစစ်ဆင်ပြီး ၇ နာရီမှာ သိမ်းပိုက်လိုက်တယ်၊ စစ်ကောင်စီ စစ်သား အလောင်းတွေကို ရှင်းထုတ်နေတယ်လို့ဆိုပါတယ်။

စစ်ကောင်စီဖက်ကတော့ လားရှိုးက ရမခ ကို MNDAA က သိမ်းပိုက်တယ်ဆိုတဲ့သတင်းဟာ သတင်းအမှားသာဖြစ်တယ်လို့ ၂ ရက်ဆက်တိုက် ငြင်းဆိုပြီးနောက် ဇူလိုင် ၂၇ မှာတော့ ထပ်မံ ငြင်းဆိုတဲ့သတင်း မကြားရသေးပါဘူး။

ဒါ့အပြင်...

- ကျောက်မဲနဲ့ မိုးမိတ်မြို့မှာ တိုက်ပွဲဆက်ပြင်းထန်နေပြီး မိုးကုတ်မှာ ထွက်ပြေးနေတဲ့ စစ်သားတွေဆီက လက်နက် ၄ လက်က သိမ်းမိ...

- မိုးကုတ်မြို့သိမ်းတိုက်ပွဲအကြောင်း မှတ်တမ်းဓာတ်ပုံတွေ PDF မိုးကုတ်ဗျုုဟာက ထုတ်ပြန်...

- မိုးကုတ်မြို့သိမ်းတိုက်ပွဲကာလအတွင်း သပိတ်ကျဉ်းနဲ့ မိုးကုတ်မြို့အကြား စစ်ကောင်စီ လမ်းကြောင်း ဖြတ်တောက်ရေးကို တာဝန်ယူပေးခဲ့တယ်လို့ PLA - ပြည်သူလွတ်မြောက်ရေးတပ်မတော်က သတင်းထုတ်ပြန်...

-  လွိုင်ကော်မြို့မှာ တိုက်ပွဲပြင်းထန်နေစဉ် စစ်ကောင်စီတပ်က လူနေအိမ်တွေထဲဝင်၊ ပစ္စည်းတွေယူပြီးနောက် နေအိမ်တွေကို မီးတင်ရှိ့နေတာ အိမ်ခြေ ၆၀ ကျော်ရှိနေပြီလို့ KNDF- သတိပေး...

- အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF  အပတ်စဉ် (၆) သင်တန်းဆင်းပွဲနဲ့ SOF တည်ထောင်ခြင်း (၃) နှစ်ပြည့်အခမ်းအနား ကျင်းပ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

Friday, July 26, 2024

လားရှိုးမြို့သိမ်း ဓာတ်ပုံမှတ်တမ်း MNDAA ထုတ်ပြန်... မိုးမောက်နဲ့ မံစီကိ...


လားရှိုးမြို့သိမ်း ဓာတ်ပုံမှတ်တမ်း MNDAA ထုတ်ပြန်... မိုးမောက်နဲ့ မံစီကို KIA က ထိုးစစ်ဆင်... ၁၀၂၇ ဒုတိယလှိုင်း နောက်ဆုံးရ သတင်းများ

(၂၇- ၇- ၂၀၂၄)

ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့ရှိ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (ရမခ) တပ်စခန်းတွေကို MNDAA- မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်က သိမ်းပိုက်တဲ့ မှတ်တမ်း ဓာတ်ပုံတွေကို မြောက်ပိုင်းညီနောင် ၃ ဖွဲ့က မနေ့ည ၁၁ နာရီခန့်မှာ သတင်းထုတ်ပြန်ပါတယ်။

လားရှိုး မြို့တော်ခန်းမ၊ ရခမ ဌာနချုပ်၊ တပ်ရင်းဌာနချုပ်တွေနဲ့ လားရှိုး မြို့တွင်းက အချက်ချာကျတဲ့ နေရာတွေမှာ ရိုက်ထားတဲ့ ပုံတွေကို တွေ့ရပြီး … “လားရှိုးမြို့ရှိ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (ရမခ) တပ်စခန်းတွေကို သိမ်းပိုက်ပြီးနောက် အဆိုပါ စခန်းများရှေ့၌ MNDAA တပ်ဖွဲ့ဝင်များအား ၂၀၂၄ ခုနှစ်၊ ဇူလိုင် (၂၆) ရက်နေ့တွင် တွေ့ရစဉ်” လို့ ခေါင်းစဉ်ပေးထားပါတယ်။

အစောပိုင်း ထုတ်ပြန်ချက်ထဲမှာတော့ လားရှိုး မြို့တွင်းရှိ စစ်ကောင်စီ တပ်တွေကို မောင်းထုတ်လိုက်ပြီး လက်ကျန်တွေကို ရှင်းလင်းနေကြောင်း … လားရှိုး အုပ်ချုပ်ရေးကို အထူးဒေသ (၁) အုပ်ချုပ်ရေး ကော်မီတီက တာဝန်ယူလိုက်ပြီဖြစ်ကြောင်း … ပြောထားပါတယ်။

လားရှိုး ဧရိယာ အုပ်ချုပ်ရေး ကော်မီတီကို ဖွဲ့စည်း ဆောင်ရွက်သွားမှာဖြစ်တဲ့အတွက် အစိုးရဝန်ထမ်း၊ ပညာရေးဝန်ထမ်းနဲ့ ဆရာဝန်တွေ တာဝန်ဆက်ထမ်းကြဖို့ နှိုးဆော်ပါတယ်။

စစ်ကောင်စီ ပြောခွင့်ရကတော့ လားရှိုးကို MNDAA က သိမ်းတယ်ဆိုတာဟာ သတင်းအမှားသာဖြစ်ပြီး စစ်တပ်က ထိန်းချုပ်ထားဆဲပါလို့ မနေ့ညက ပြုလုပ်တဲ့သတင်းစာရှင်းပွဲမှာ ထပ်ပြောသွားကြောင်း စစ်ကောင်စီ လက်အောက်ခံ မီဒီယာတွေမှာ ဖေါ်ပြထားပါတယ်။

ဒါ့အပြင်...

- မိုးမိတ်ဗျုဟာကုန်းနဲ့ ကျောက်မဲက တပ်ရင်း ၂ ခုကို TNLA က ဆက်လက်ထိုးစစ်ဆင်...

- မိုးမောက်နဲ့ မံစီရှိ စစ်ကောင်စီတပ်ရင်းတွေကို KIA က ဆက်တိုက် ထိုးစစ်ဆင်...

- စစ်ကောင်စီရဲ့ လေကြောင်းရန်ကို သတိထားကြားဖို့ PDF-MDY က မန္တလေးတိုင်းအတွင်း ပြည်သူတွေကို အသိပေးနိုးဆော်...

- သံတောင် ခမရ ၆၀၄ ကထွက်ပြေးလာတဲ့ စစ်သား ၂ ဦးကို သံတောင် PDF က ဖမ်းမိ...

- အမှတ် ၄၇ ဗျုဟာရုံးဖွင့်ပွဲ ယင်းမာပင်ခရိုင်မှာ ကျင်းပ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

Thursday, July 25, 2024

လားရှိုး ရမခ ကို MNDAA သိမ်းပိုက်... ကန့်ဘလူက တပ်စခန်း PDF သိမ်းပိုက်......


လားရှိုး ရမခ ကို MNDAA သိမ်းပိုက်... ကန့်ဘလူက တပ်စခန်း PDF သိမ်းပိုက်... ၁၀၂၇ ဒုတိယလှိုင်း နောက်ဆုံးရသတင်းများ

(၂၆- ၇- ၂၀၂၄)

၂၃ ရက်ကြာ တိုက်ပွဲဖြစ်ပွားပြီးနောက် လားရှိုးမြို့ ရှိ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) ကို ဇူလိုင် ၂၅ ရက် မနက် ၄ နာရီမှာ လုံးဝ သိမ်းပိုက်နိုင်ခဲ့ပြီ၊ လားရှိုးမြို့ လုံး၀ လွတ်မြောက်ကြောင်း ကြေညာတယ်။ လားရှိုးမြို့ လွတ်မြောက်ရေး တော်လှန် လှုပ်ရှားမှုဟာ သမိုင်းဝင်အောင်ပွဲတခု ဖြစ်တယ်လို့ MNDAA - မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် က မနေ့ မနက်ပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

PLA (ပြည်သူ့လွတ်မြောက်ရေး တပ်မတော်) ကလည်း ၁၀၂၇ ဒုတိယလှိုင်း စတင်ကတည်းက MNDAA နဲ့အတူ ပူးတွဲ တိုက်ပွဲဝင်နေပြီး လားရှိုးကို တပ်ပေါင်းစုက သိမ်းပိုက်ပြီလို့ သတင်းထုတ်ပြန်ပါတယ်။

ဒါ့အပြင် MNDAA နဲ့အတူ တိုက်ပွဲဝင်နေတဲ့ BPLA- ဗမာပြည်သူ့လွတ်မြောက်ရေး တပ်တော်  ကွပ်ကဲရေးမှူး မောင်ဆောင်းခ ကလည်း “လက်ကျန်နေရာတချို့ကို အပြီးသတ်သိမ်းပိုက်ဖို့နဲ့ ထွက်ပြေးနေတဲ့ရန်သူတွေကို ဖမ်းဆီးဖို့သာ အဓိက ကျန်ပါတယ်” လို့ ရေးသားပြီး လားရှိုးမြို့ ဆိုင်းဘုတ်ရှေ့မှာ နေရာယူထားတဲ့ BPLA တပ်ဖွဲ့ဝင်တွေရဲ့ ဓာတ်ပုံကို တင်ပြထားတာလည်း တွေ့ရပါတယ်။

ဒါပေမယ့် ဒေသတွင်းမီဒီယာ ရွှေဖီမြေကတော့ ဇူလိုင် ၂၅၊ ညနေပိုင်းအထိ လားရှိုးမြို့ရပ်ကွက်တွေထဲမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေဆဲလို့ ဖေါ်ပြပါတယ်။ စစ်တပ်ဖက်က ရမခ ဌာနချုပ်ကျသွားတဲ့အတွက် အမိန့်ပေးစနစ်မရှိတော့ပဲ စစ်သားတွေ ဟိုတစုဒီတစု ဖြစ်နေတယ်။ MNDAA ဖက်က မြို့ထဲအထိ လှုပ်ရှားနေပြီး တိုက်ပွဲဖြစ်နေဆဲလို့ ဒေသခံတွေကို ကိုးကားဖေါ်ပြထားပါတယ်။

ဒါ့အပြင်...

- ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း (၃၁)ရက်မြောက်နေ့ နောင်ချိုမြို့နဲ့ မိုးမိတ်မြို့နယ်တွေမှာ တိုက်ပွဲဆက်ဖြစ်နေတယ်လို့ PSLF/ TNLA က သတင်းထုတ်ပြန်...

- မိုးကုတ်မြို့သိမ်းတိုက်ပွဲက ရရှိတဲ့ အတွဲလိုက် ဒုံးတွေ၊ ၁၂၀ မမ၊ ၈၁ မမ၊ ၆၀ မမ အပါဝင် လက်နက်မျိုးစုံ ၂၀၀ ကျော်နဲ့ ခဲယမ်းများစွာသိမ်းမိတဲ့ ဓာတ်ပုံမှတ်တမ်းကိုလည်း  ထုတ်ပြန်...

- မိုးကုတ်မြို့သိမ်းတိုက်ပွဲမှာ TNLA- နဲ့အတူ  ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) လည်း ပါဝင်တယ်လို့  PDF-MDY က သတင်းထုတ်ပြန်...

- သပိတ်ကျင်းမြို့နယ်က တွင်းငယ်ရဲစခန်းကို KIA - KPDF-  ABSDF - ပူးပေါင်းတပ်တွေက သိမ်းပိုက်...

- ကန့်ဘလူမြို့နယ်က ကျီကုန်းရွာ တံတားဂိတ်ကို ပကဖ တွေက ဝင်တိုက်ပြီး လက်နက် ၁၆ လက်ရရှိ...

- ထန်တလန်မြို့က စစ်သားတဦးနဲ့ ရဲသားတဦး လက်နက်ငယ် ၂ လက်နဲ့အတူ Chinland Defense Force-Thantlang ထံ လာရောက် ပူးပေါင်း...
 
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

Wednesday, July 24, 2024

မိုးကုတ်မြို့ကို TNLA သိမ်းပိုက်... မိုးမောက်မြို့က စစ်တပ်စခန်းကို KIA တ...


မိုးကုတ်မြို့ကို TNLA သိမ်းပိုက်... မိုးမောက်မြို့က စစ်တပ်စခန်းကို KIA တိုက်ခိုက်... ၁၀၂၇ ဒုတိယလှိုင်း နောက်ဆုံးရ သတင်းများ

(၂၅- ၇- ၂၀၂၄)

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း ၃၀ ရက်မြောက်နေ့မှာ မိုးကုတ်မြို့ရှိ စစ်ကောင်စီတပ်စခန်းအားလုံးရှင်းလင်းနိုင်ခဲ့ပြီး ညနေ ၅ နာရီမှာ မိုးကုတ်တမြို့လုံးကို သိမ်းပိုက်နိုင်ပြီဖြစ်တယ်လို့ PSLF/ TNLA တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် ပြောခွင့်ရ လွေးယေဦးက BNN ကို ပြောပါတယ်။

စစ်ကောင်စီဖက်က အကျအဆုံးနဲ့ သိမ်းမိလက်နက် စတဲ့အသေးစိပ် အစီရင်ခံစာတော့ တက်မလာသေးဘူးလို့ဆိုပါတယ်။ ၁၀၂၇ စစ်ဆင်ရေးအစပိုင်းမှာကတည်းက မိုးကုတ် အနောက်ခြမ်းကို သိမ်းထားနိုင်ပြီးဖြစ်ပေမယ့် အရှေ့ခြမ်းကိုတော့ အခုမှ သိမ်းနိုင်တာဖြစ်ပါတယ်။

ဓာတ်ပုံမှတ်တမ်းတွေ၊ ဗီဒီယိုတွေထဲမှာတော့ မိုးကုတ်မြို့အတွင်း ဝင်လာတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို ဒေသခံ လူထုက သပြေပန်းတွေနဲ့ကြိုဆိုတာ၊ ကခုန် ပျော်ရွင်နေတာ တွေရပါတယ်။

၁၀၂၇ ဒုတိယလှိုင်း တလတိတိ ပြည့်တဲ့နေ့မှာ မိုးကုတ်ကို သိမ်းနိုင်ခဲ့တာပါ။ အခုဆိုရင် နောင်ချိုနဲ့ မိုးကုတ်မြို့ ၂ မြို့အပါဝင် စစ်စခန်း ၅၀ ကျာ်ကို တလကြာ စစ်ဆင်ရေးအတွင်း သိမ်းထားနိုင်ပြီဖြစ်တယ်လို့လည်း လွေးယေဦးက ဆက်ပြောပြပါတယ်။

TNLA နဲ့ မဟာမိတ်တွေသိမ်းတဲ့ မိုးကုတ်နဲ့ နောင်ချိုုအပြင် မန္တလေးတိုင်း PDF တွေက သိမ်းပိုက်လိုက်တဲ့ စဉ့်ကူးမြို့ပါ ပေါင်းရင် ၁၀၂၇ ဒုတိယလှိုင်း တလတာအတွင်း တော်လှန်ရေးတပ်တွေက သိမ်းပိုက်နိုင်တဲမြို့ ၃ မြို့ရှိနေပြီဖြစ်ပါတယ်။

ဒါ့အပြင်...

- လားရှိုးက- ခလရ ၄၁ နဲ့ ခမရ ၅၀၇ တို့ကို MNDAA က သိမ်းပြီးဖြစ်ပေမယ့် ခလရ ၆၈ မှာ တိုက်ပွဲပြင်းထန်နေ...

- မိုးမောက်မြို့အနီးရှိ ခ.မ.ရ (၄၃၇) ကို KIA -ကချင်လွတ်လပ်ရေးတပ်မတော်နဲ့ မဟာမိတ်တွေက မနေ့က မနက်ပိုင်းမှာ စတင် ထိုးစစ်ဆင် ...

- ထားဝယ်ခရိုင်၊ ရေဖြူမြို့မှာ စစ်ကောင်စီတပ်သားတွေလိုက်ပါလာတဲ့ ကားကို ဒေသခံတော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်တဲ့အတွက် စစ်သား ၄ ဦး သေဆုံးပြီး လက်နက်ငယ် ၄ လက်ရရှိ...

- ပခုက္ကူမြို့မှာ KTV ကနေ ပြန်လာတဲ့ စစ်ဗိုလ်တဦးကို လက်ရဖမ်းဆီးမိတယ်လို့ Southern YSO PDF က သတင်းထုတ်ပြန်...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

Tuesday, July 23, 2024

ကျောက်မဲနဲ့ မိုးကုတ်က လက်နက် ၁၀၀ ကျော် TNLA သိမ်းပိုက်... လားရှိုးက စစ်သ...


ကျောက်မဲနဲ့ မိုးကုတ် စစ်တပ်စခန်းက လက်နက် ၁၀၀ ကျော် TNLA သိမ်းပိုက်... လားရှိုးက စစ်သား ၃၀၀ ကျော် MNDAA ထံ လက်နက်ချ... ၁၀၂၇ ဒုတိယလှိုင်း နောက်ဆုံးရ သတင်းများ …

(၂၄- ၇- ၂၀၂၄)

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း ၂၉ ရက်မြောက်နေ့ ကျောက်မဲနဲ့  မိုးကုတ်မှာ တိုက်ပွဲပြင်းထန်ပြီး သုံ့ပန်းတွေနဲ့ လက်နက်မျိုးစုံ ၁၀၀ ကျော် သိမ်းမိတယ်လို့ PSLF/TNLA (တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်) က သတင်းထုတ်ပြန်ပါတယ်။

ဇူလိုင် ၂၀ ကနေ ၂၂ အတွင်း TNLA နဲ့ PDF (ကျောက်မဲခရိုင်) ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီ တပ်မ ၁၁ လက်အောက်ခံ ခလရ ၂၀၂၊ ၂၀၃ တို့ တိုက်ပွဲဖြစ်ပြီး နမ့်ဆီလင်း ဘုန်းကြီးကျောင်း နဲ့ အေးရှားဝေါ တိုးဂိတ်ကို သိမ်းပိုက်ပါတယ်။

တိုက်ပွဲအပြီး နယ်မြေရှင်းလင်းတဲ့အခါ ၁၂၀ မမ မော်တာ၊ စက်လတ် အပါအဝင် လက်နက်ကြီး၊ လက်နက်ငယ် ၈၅ လက် သိမ်းမိ၊ စစ်ကောင်စီအလောင်း ၅၄ လောင်းနဲ့ စစ်သုံ့ပန်း ၄၀ ဖမ်းဆီးရမိတယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

မိုးကုတ်မြို့နယ်မှာ ရတနာကြေးမုံ ကျောင်းနဲ့ ကုလား ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို TNLA နဲ့ ဒေသခံ ပကဖ  ပူးပေါင်းတပ်ဖွဲ့တို့က ထိုးစစ်ဆင်နေပါတယ်။ မိုးကုတ်မြို့ (အရှေ့ပိုင်း) ရဲစခန်းမှာလည်း TNLA နဲ့ PDF (မိုးကုတ်ဗျူဟာ) ပူးပေါင်းတပ်ဖွဲ့က ခလရ (၇၁/၈၈) ကို တိုက်ခိုက်နေပါတယ်။

ဇူလိုင် ၂၃ မှာ မိုးကုတ်မြို့ ချမ်းသာကြီး ရွာမှာ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ဆီက လက်နက်ငယ် ၁ လက်၊ စစ်သုံ့ပန်း ၁၉ ဦး ဖမ်းဆီးရမိပါတယ်။ မစိုးရိမ် ကျောင်းတိုက်ကလည်း လက်နက်ငယ် ၁၆ လက်၊ RPG ၁ လက်၊ ၆၀ မမ ၁ လက်နဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင် အလာင်း ၁၆ လောင်း သိမ်းဆည်းရမိတယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင်...

- စစ်ကောင်စီတပ်က ဒုတိယ ဗိုလ်မှူးကြီး အပါအဝင် တပ်ဖွဲ့ဝင် ၃၀၀ ကျော် လက်နက်ချတယ်လို့ MNDAA (မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်) က ဗွီဒီယို သတင်းထုတ်ပြန်...

- လားရှိုးရှိ ခလရ ၄၁ နဲ့ ခလရ ၆၈ ဌာနချုပ်ကို MNDAA နဲ့ မဟာမိတ်တွေက သိမ်းပိုက်လိုက်ပြီလို့ ဒေသတွင်း မီဒီယာတွေက ဖေါ်ပြ...

- သံတွဲမြို့ကို အပြီးသတ် သိမ်းနိုင်ရေးအတွက် စစ်ကောင်စီရဲ့ နောက်ဆုံး ခံတပ်တွေထဲက တခုဖြစ်တဲ့ မောင်ရွှေလေးရေတပ်စခန်းကို AA (အာရက္ခတပ်တော်) က ထိုးစစ်ဆင်နေ...

- ရေးမြို့နယ်၊ မော့ကနင် ရွာသစ် ဘက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ဒေသခံ တော်လှန်ရေး တပ်တွေက ကြားဖြတ် တိုက်ခိုက်...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

“ကာလုံ-အစည်းအဝေးအမီ အပြောင်းအလဲ တခုခုဖြစ်အောင် တရုတ်က ကြိုးစားနေတဲ့သဘောတ...


“ကာလုံ-အစည်းအဝေးအမီ အပြောင်းအလဲ တခုခုဖြစ်အောင် တရုတ်က ကြိုးစားနေတဲ့သဘောတွေ့နေရတယ်”

- ဦးသန်းစိုးနိုင် (စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ)

(၂၃- ၇- ၂၀၂၄)

“ဇူလိုင်လကုန်ကျင်းပမယ့် ကာလုံ-အစည်းအဝေးအမီ အပြောင်းအလဲ တခုခုဖြစ်အောင် တရုတ်က ကြိုးစားနေတဲ့သဘောတွေ့နေရတယ်၊ တရုတ်က ဒီလို မြန်မာ့အရေးကို ပေါ်တင် ဝင်ရောက်စွက်ဖက်နေချိန်မှာ အမေရိကန်နဲ့အနောက်အုပ်စုက ငြိမ်နေရင် မြန်မာပြည်သူတွေ ပိုခံရနိုင်တယ်” လို့ စစ်ရေး- နိုင်ငံရေး ဝေဖန်သုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းနဲ့အတူ မန္တလေးတိုင်းက စဉ့်ကူးမြို့ကို PDF တွေ သိမ်းပိုက်နိုင်မှု၊ ဆက်စပ်ဒေသတွေက တိုက်ပွဲအခြေအနေ၊ လားရှိုးတိုက်ပွဲအပေါ် တရုတ်ရဲ့ ဖိအားပေးမှူတွေနဲ့ပတ်သက်ပြီး...BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက အခုလို ဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...

- မတ္တရာ၊ စဉ့်ကူးနဲ့ သပိတ်ကျဉ်းမြို့တွေမှာ တပြိုင်တည်းတိုက်ပွဲဖေါ်နေပေမယ့် ဘာကြောင့် စဉ့်ကူးမြို့ကိုမှ ဦးစားပေး သိမ်းဖို့ လိုအပ်တာလဲ...

- TNLA နဲ့ မန္တလေးတိုင်းတွင်းက PDF တွေ ပူးပေါင်းတိုက်ပွဲဝင်သလိုမျိုး အခြားဒေသတွေမှာ မလုပ်နိုင်သေးတာ ဘာကြောင့်လဲ...

- တရုတ်ရဲ့ ဖိအားပေးမှူက တရုတ်နယ်စပ် တည်ငြိမ်ရေးအပြင် စစ်ကောင်စီ အပြောင်းအလဲ၊ နေပြည်တော်အပြောင်းအလဲအထိ ခြေလှမ်းကျွံလာနေပြီလား...

- တရုတ်လွှမ်းမိုးမှုကို အနောက်ကမ္ဘာက မသိသလိုနေ နေတယ်လို့ ဘာကြောင့်ပြောတာလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(စစ်ကောင်စီဥက္ကဌကိုယ်တိုင် ဒု-သမ္မတနေရာကို ယူလိုက်တယ်လို့ မကြေညာခင်၊ လားရှိုးမှာ စစ်ကောင်စီတပ်သားတွေ ရာနဲ့ချီလက်နက်ချတယ်ဆိုတဲ့ သတင်းတွေမတက်လာခင် ဇူလိုင် ၂၂ ရက် ညနေပိုင်းက မေးမြန်းထားချက်ဖြစ်ပါတယ်)

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

Monday, July 22, 2024

မိုးကုတ်က စစ်တပ်စခန်း TNLA သိမ်းပိုက်... ဟားခါးအနီးက စစ်တပ်စခန်း CNA သိမ...


မိုးကုတ်က စစ်တပ်စခန်း TNLA သိမ်းပိုက်... ဟားခါးအနီးက စစ်တပ်စခန်း CNA သိမ်းပိုက်... ၁၀၂၇ ဒုတိယလှိုင်း နောက်ဆုံးရ သတင်းများ ... (၂၃ ဇူလိုင် ၂၀၂၄) ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း ၂၈ ရက် မြောက်နေ့ နောင်ချိုနဲ့ မိုးကုတ်မှာ တိုက်ပွဲပြင်းထန်ပြီး မိုးကုတ် အရှေ့ပိုင်းမှာ စခန်းတခုသိမ်း၊ စစ်ကောင်စီဘက်က အကျအဆုံးများ၊ လက်နက်တချို့ သိမ်းမိတယ်လို့ PSLF/ TNLA (တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်) က သတင်းထုတ်ပြန်ပါတယ်။ မိုးကုတ်မြို့ အရှေ့ပိုင်း ပန်မထိပ်ရွာ အနီးနဲ့ အကျဉ်းထောင်ရှိ စစ်ကောင်စီ တပ်စခန်းကို TNLA နဲ့ PDF (မိုးကုတ်ဗျူဟာ) ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက်လိုက်တာဖြစ်ပြီး စစ်ကောင်စီ စစ်သားအလောင်း ၂၀ နဲ့ လက်နက်ငယ် ၅ လက်၊ ဒရုန်းတစင်း သိမ်းမိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ နောင်ချိုမြို့နယ် တဲခေါ် ရွာရှိ စစ်ကောင်စီတပ်စခန်းကိုလည်း TNLA နဲ့ MDY-PDF တို့က ပူးပေါင်း ထိုးစစ်ဆင်တယ် … ကျောက်မဲမြို့နယ်ရှိ အေးရှားဝေါဂိတ်နဲ့ နမ့်ဆီလင်း ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို TNLA က လိုက်လံရှင်းလင်း တိုက်ခိုက်နေတယ်လို့လည်း ဖော်ပြထားပါတယ်။ ဒါ့အပြင်... - လားရှိုးမှာလည်း တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး ခမရ ၅၀၇ နဲ့ ခလရ ၄၁ ဘက်မှာ အပြင်းထန်ဆုံးလို့ ဒေသတွင်း မီဒီယာတွေက ဖေါ်ပြ... - ယင်းမာပင်မြို့နယ်၊ မုံရွာ-ပုသိမ် လမ်းမပေါ်မှာ အင်အား ၁၀၀ ကျော်နဲ့ စခန်းထိုင်နေတဲ့ စစ်ကြောင်းက ကင်းအဖွဲ့ ထွက်လာစဉ် ဒေသခံ တော်လှန်ရေး တပ်တွေက ကြားဖြတ် တိုက်ခိုက်တဲ့အတွက် စစ်သား ၅ ဦး သေ၊ လက်နက်ငယ် ၃ လက် ရရှိ... - ဟားခါးမြို့နဲ့ ထန်တလန် မြို့အကြားက စစ်ကောင်စီ တပ်စခန်း ၃ ခုကို Chinland Council နဲ့ ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက် သိမ်းပိုက်လိုက်ပြီး လက်နက်ငယ်အချို့ သိမ်းမိ... - ကန်ပက်လက်မြို့နယ်၊ မြို့မ ရဲစခန်းက ရဲ ဒု-တပ်ကြပ်တဦး G-3 သေနတ် တလက်၊ ဆက်သွယ်ရေးစက် တလုံးနဲ့အတူ အလင်းဝင်လာတယ်လို့ CDF-Kanpetlet က သတင်းထုတ်ပြန်... ... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။ (သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Sunday, July 21, 2024

မိုးကုတ်မှာ တိုက်ပွဲပြင်းထန်... တနသာၤရီက စစ်ကောင်စီတပ်ကို PDF တိုက်ခိုက်...


မိုးကုတ်မှာ တိုက်ပွဲပြင်းထန်... တနသာၤရီက စစ်ကောင်စီတပ်ကို PDF တိုက်ခိုက် ... ၁၀၂၇ ဒုတိယလှိုင်း နောက်ဆုံးရ သတင်းများ

(၂၂- ၇ - ၂၀၂၄)

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း ၂၇ ရက်မြောက်နေ့ ကျောက်မဲ၊ မိုးကုတ်၊ မိုးမိတ်မှာ တိုက်ပွဲပြင်းထန်နေတယ်လို့ PSLF/ TNLA  တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် ပြောခွင့်ရက BNN ကိုပြောပါတယ်။ 

တရုတ်ရဲ့ဖိအားပေးမှုကြောင့် ဇူလိုင်လကုန်တဲ့အထိ အပစ်ရပ်မယ်ဆိုတဲ့သတင်းတွေနဲ့ပတ်သက်ပြီး ထပ်မေးတဲ့အခါမှာတော့ PSLF/ TNLA ပြောခွင့်ရ လွေးယေဦးက အခုချိန်အထိတော့ ဗဟိုက ညွှန်ကြားချက်မရှိသေးဘူး။ မြေပြင်မှာတော့ တိုက်ပွဲပြင်းထန်နေတယ်လို့ ဖြေကြားပါတယ်။

မိုးကုတ်၊ ကျောက်မဲဖက်မှာ တိုက်ပွဲပြင်းထန်နေပေမယ့် တိုက်ပွဲသတင်းအစီရင်ခံစာတော့ တက်မလာသေးဘူးလို့ပြောပါတယ်။

ဒါ့အပြင်...

- တရုတ်အစိုးရရဲ့ တောင်းဆိုချက်အရ ဇူလိုင်လကုန်အထိ အပစ်ရပ်တယ်လို့ MNDAA - က
ကြေညာထားပေမယ့် လားရှိးမှာ တိုက်ပွဲတွေပြင်းထန်နေဆဲ...

- စဉ့်ကူးမြို့ကို စစ်တပ်က ပြန်သိမ်းလိုက်ပြီလို့ ၂၀ ရက်နေ့ညမှာ စစ်ကောင်စီက ကြေညာချက်ထုတ်ပေမယ့် အဲဒီကြေညာချက်ဟာ မြေပြင်အခြေအနေနဲ့ကင်းကွာနေပြီး မြေပြင်မှာ PDF တွေက အားလုံးကို ထိန်းချုပ်ထားတယ်လို့ PDF-MDY ပြောခွင့်ရ ကိုအော်စမွန်ကပြောကြား...

- သပိတ်ကျဉ်းမြို့နယ်၊ အင်းနက်ရွာက တာဝါတိုင်- စစ်ကောင်စီစခန်းကုန်းနဲ့ စစ်ဆေးရေးဂိတ်ကို ဒေသခံတော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး ၈ ဦးကို လက်ရဖမ်းမိ၊ လက်နက် ၂၀ ကျော်သိမ်းမိ...

- ကျွန်းစုမြို့နယ်နဲ့ တနင်္သာရီမြို့နယ်အစပ်က လယ်သစ်ရွာဘက်ကို စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့အတွက် ဒေသခံ PDF တွေနဲ့ တိုက်ပွဲပြင်းထန်နေ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

“စဉ့်ကူးမြို့ကို ကျနော်တို့ အပြည့်အ၀ ထိန်းချုပ်ထားပါတယ်”


“စဉ့်ကူးမြို့ကို ကျနော်တို့ အပြည့်အ၀ ထိန်းချုပ်ထားပါတယ်”

-  အော်စမွန် (ပြောခွင့်ရပုဂ္ဂိုလ် - PDF-MDY)

(၂၁- ၇ - ၂၀၂၄)

စဉ့်ကူးမြို့ကို ပြန်သိမ်းလိုက်ပြီဆိုတဲ့ စစ်ကောင်စီရဲ့ပြောဆိုချက်ဟာ ဝါဒဖြန့်မှုသာဖြစ်ပြီး တကယ့်မြေပြင်မှာ အားလုံးကို တော်လှန်ရေးတပ်တွေက အပြည့်အ၀ ထိန်းချုပ်ထားပါတယ်လို့ PDF-MDY ပြောခွင့်ရ ကိုအော်စမွန်က BNN ကိုပြောပါတယ်။

စဉ့်ကူးကို ၂၀ ရက်နေ့မှာ တပ်မတော်က ပြန်သိမ်းလိုက်ပြီဆိုပြီး စစ်ကောင်စီဖက်က မနေ့ညက ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး မေးမြန်းစဉ် ကိုအော်စမွန်က အခုလို တုန့်ပြန်ချက်ပေးခဲ့တာပါ။

PDF-MDY နဲ့ ပူးပေါင်းတပ်တွေက ပထမ ဆုံးသိမ်းပိုက်နိုင်ခဲ့တဲ့ မြို့သိမ်းတိုက်ပွဲ- စဉ့်ကူးမြို့သိမ်းတိုက်ပွဲဟာ စစ်ရေးအရရော၊ နိုင်ငံရေးအရပါ ထူးခြားမှုရှိတယ်လို့လည်း သူက ပြောပါတယ်။  

ဖမ်းမိစစ်သုံးပန်းတွေအကြောင်း အသေးစိပ်ထုတ်ပြန်ခြင်းမရှိသေးပမယ့် မိုးကုတ်ဗျုုဟာ အမှတ် ၁၂၂၂ တပ်ရင်းကတော့ သုံ့ပန်းတွေထဲမှာ ခမရ ၇၀၃ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး အောင်မင်းကို၊ စဉ့်ကူးမြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် ဗိုလ်မှူးအောင်ကျော်ဇင် အပါဝင် အဆင့်မြင့်အရာရှိတွေပါဝင်နေပြီး ဗိုလ်မှူးကြီးတွေကိုယ်တိုင်ရဲ့ ပြောဆိုချက်တွေကိုလည်း ဗီဒီယို မှတ်တမ်းထဲမှာ တွေ့ရပါတယ်။

နောက်ဆုံးတက်လာတဲ့ သတင်းတွေထဲမှာတော့ စစ်ကောင်စီဟာ စဉ့်ကူးကို ပြန်သိမ်းနိုင်တာမဟုတ်ပဲ ဧရာဝတီမြစ်တွင်းရှိ စစ်သဘောင်္တွေကနေ လက်နက်ကြီးတွေနဲ့ လှမ်းပစ်နေတာသာ ဖြစ်တယ်လို့ မြေပြင်သတင်းမှန် (စဉ့်ကူး) အဖွဲ့ရဲ့ ထုတ်ပြန်ချက်ထဲ တွေ့ရပါတယ်။

PDF-MDY ပြောခွင့်ရ ကိုအော်စမွန်ကတော့ တော်လှန်ရေးတပ်တွေရဲ့ စွမ်းဆောင်ရည်အပေါ် လူထုထောက်ခံမှုကို အားရတယ်လို့ပြောဆိုပြီး စစ်ရေးပစ်မှတ်တွေကို ဆက်လက်တိုက်ခိုက်သွားမယ်လို့ပြောပါတယ်။

ဒီနေ့ ထပ်ဝင်လာတဲ့သတင်းတွေအရ စဉ့်ကူးအပေါ်ဖက်ရှိ သပိတ်ကျင်းမြို့နယ်၊ အင်းနက်ရွာက တာဝါတိုင်စစ်စခန်းကို KIA - ကချင်လွတ်လပ်ရေးတပ်မတော်နဲ့ PDF ပူးပေါင်းတပ်တွေက သမ်းပိုက်လိုက်တယ်လို့ ဒေသတွင်းမီဒီယာတွေမှာ ဖေါ်ပြထားပါတယ်။

အခု တိုက်ပွဲပြင်းထန်နေတဲ့ ဧရာဝတီမြစ်အရှေ့ဖက်ကမ်းက သပိတ်ကျဉ်း၊ စဉ့်ကူး၊ မတ္တရာတို့ဟာ မိုးကုတ်၊ မိုးမိတ်အပါဝင် ရှမ်းမြောက်ဒေသရှိ နောင်ချို၊ ကျောက်မဲတို့နဲ့ ဆက်စပ်နေတာဖြစ်ပါတယ်။ PDF က သိမ်းပိုက်ထားတဲ့ စဉ့်ကူးမြိုံဟာ မန္တလေးနဲ့ ၅၄ မိုင်အကွာမှာရှိတယ်လို့ မှတ်တမ်းတွေထဲ တွေ့ရပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

Saturday, July 20, 2024

စဉ့်ကူးမြို့ကို PDF-MDY သိမ်းပိုက်... ဇူလိုင်လကုန်အထိ အပစ်ရပ်မယ်လို့ MND...


စဉ့်ကူးမြို့ကို PDF-MDY သိမ်းပိုက်... ဇူလိုင်လကုန်အထိ အပစ်ရပ်မယ်လို့ MNDAA ကြေညာ... ၁၀၂၇ ဒုတိယလှိုင်း နောက်ဆုံးရ သတင်းများ

(၂၁- ၇- ၂၀၂၄)

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်ရှိ စစ်ကောင်စီ တပ်စခန်း အားလုံးနဲ့ စဉ့်ကူးမြို့ကို ဇူလိုင် ၁၇ မှာ အပြီးသတ် သိမ်းပိုက်ရရှိပြီလို့ PDF- MDY ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က သတင်းထုတ်ပြန်ပါတယ်။

ဒါကြောင့် စဉ့်ကူးမြို့နယ်ဟာ စစ်ကောင်စီ ကင်းစင်တဲ့ မြို့နယ်တခုဖြစ်လာပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ပထမဆုံး သိမ်းယူတဲ့ မြို့အဖြစ် သမိုင်းမှတ်တမ်းတင်နိုင်ပြီလို့ ဆိုပါတယ်။

စဉ့်ကူး စစ်ဆင်ရေးမှာ သုံ့ပန်း အများအပြား ဖမ်းဆီးရမိပြီး လက်နက်ခဲယမ်း အများအပြား သိမ်းဆည်ရမိတယ်လို့လည်း ဓာတ်ပုံမှတ်တမ်း ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင်...

- တရုတ်အစိုးရရဲ့ တောင်းဆိုချက်အရ  ဇူလိုင် ၁၉ ရက်ကနေ ၃၁ ရက်နေ့အထိ ယာယီ အပစ်ရပ်မယ်လို့ MNDAA- ကြေညာ...

-  တောင်သာမြို့နယ်၊ ဇရပ်ကြီးကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပြီး လက်နက်ငယ်တလက် သိမ်းမိ...

- ဟားခါး မြို့မရဲစခန်းကို CDF-Hakha ချင်းတော်လှန်ရေးတပ်က ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ပြီး လက်နက်တွေ ဒါဇင်နဲ့ချီ ရရှိ...

- သံတွဲမြို့နဲ့ ငပလီမြို့ကို AA- အာရက္ခတပ်တော်က ထိန်းချုပ်ပြီးနောက် ပြန်လည်သိမ်းနိုင်ရေး စစ်ကောင်စီက ကြိုးပန်းနေဟုဆို...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

“တသက်မှာ တခါပဲရတဲ့ အခွင့်အရေးဆိုတာ သူတို့ သိပါတယ်”


“တသက်မှာ တခါပဲရတဲ့ အခွင့်အရေးဆိုတာ သူတို့ သိပါတယ်”

- ဒေါက်တာ မီမီဝင်းဘတ် (လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူ)

(၂၀- ၇- ၂၀၂၄)

“လက်ရှိဖြစ်ပေါ်နေတဲ့အနေအထားမျိုး ရရှိဖို့ မလွယ်ဘူးဆိုတာကို နှစ် ၇၀ ကျော်တိုက်ပွဲဝင်လာတဲ့ ERO အဖွဲ့တွေ ကောင်းကောင်းသဘောပေါက်ပါတယ်။ ဒါဟာ တသက်မှာ တခါပဲရတဲ့အခွင့်အရေးဆိုတာ သူတို့ သိပါတယ်” လို့ အမေရိကန်စစ်တပ်ရဲ့ အငြိမ်းစား ဒုဗိုလ်မှူးကြီး၊ လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူ ပါမောက္ခ ဒေါက်တာမီမီဝင်းဘတ်က ပြောပါတယ်။

ERO - တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေဟာ ကိုယ့်ဒေသကိုယ်အုပ်ချုပ်ခွင့်ရတဲ့အဆင့်အထိပဲ တိုက်နေတာလား၊ PDF တွေနဲ့ပေါင်းပြီး နေပြည်တော်သိမ်းရေးအထိ၊ စစ်အာဏာရှင်စနစ် ပြုတ်ကျရေးအထိ တိုက်ဖို့ စိတ်ကူးရှိနေပြီလား... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် ဒီလို ထြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...

- ၁၀၂၇ ဒုတိယလှှိုင်း ဘယ်အထိ ဦးတည်နိုင်သလဲ...

- ERO တွေဟာ တရုတ်ရဲ့ဖိအားပေးမှုကိုကျော်ဖြတ်ပြီး နေပြည်တော်သိမ်းရေးအထိ စိတ်ကူးထားတာ ရှိပါရဲ့လား...

- အသွင်မတူတဲ့အဖွဲ့တွေအချင်းချင်းကြားမှာ ပူးပေါင်းဆောင်ရွက်နိုင်ရေး ဘယ်လိုအရေးကြီးသလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာနက်လိုင်း နှေးတာ၊ ကွန်ပြူတာနှေးတာတွေကြောင့် အသံ-ရုပ် ပြတ်တောက် ပြတ်တောင်ဖြစ်ခဲ့ရမှုအတွက် တောင်းပန်အပ်ပါတယ်)

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

Friday, July 19, 2024

လားရှိုးက စစ်ကောင်စီတပ်ကို MNDAA ထိုးစစ်ဆင်... ကျိုက်မရောက ဘုန်းကြီးကျော...


လားရှိုးက စစ်ကောင်စီတပ်ကို MNDAA ထိုးစစ်ဆင်... ကျိုက်မရောက ဘုန်းကြီးကျောင်းကို စစ်ကောင်စီဗုံးကြဲ... ၁၀၂၇ ဒုတိယလှိုင်း နောက်ဆုံးရသတင်းများ

(၂၀- ၇- ၂၀၂၄)

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း ၂၅ ရက်မြောက်နေ့ လားရှိုးမှာတိုက်ပွဲပြင်းထန်နေပြီး MNDAA - မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်နဲ့ ပူးတွဲတပ်တွေ လားရှိုးမြို့ထဲအထိ ရောက်နေပြီဖြစ်တယ်လို့ ဒေသတွင်းမီဒီယာ ရွှေဖီမြေက ဖေါ်ပြပါတယ်။

ဇူလိုင် ၁၉ မှာ တနေကုန် လက်နက်ကြီးသံတွေကြားနေရပြီး ရန်တိုင်းအောင်၊ ချယ်ရီမြိုင်ဝန်းနဲ့ မြို့အဝင် အေဒီဂိတ်တွေမှာ တိုက်ပွဲတွေဖြစ်ပွါးနေတယ်၊ ခလရ ၄၁ တပ်ရင်းနားမှာ ပြင်းထန်နေတယ်၊ စစ်တပ်က လေယာဉ်နဲ့ဗုံးကြဲနေတယ်လို့ ဒေသခံတွေပြောတာကို ကိုးကားဖေါ်ပြပါတယ်။

၄ ရက်တာအပစ်ရပ်မှု ၁၈ ရက်မှာကုန်ဆုံးပြီးနောက် ၁၉ ရက်မှာ အခုလို ထိုးစစ်ဆင်လာတာဖြစ်ပါတယ်။

ဒါ့အပြင်...

- သိန္နီမြို့ ကို ၁၈ ရက်နေ့ ညနေ ၄ နာရီခွဲခန့်မှာ စစ်တပ်က လေယာဉ်နဲ့ဗုံးကြဲတဲ့အတွက် အရပ်သား ၈ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရ...

-  စဉ့်ကူးမြို့နယ်၊ ထုံးကြီးရွာရှိ စစ်တပ်၊ ရဲ၊ ပျူစောထီး ပူူးပေါင်း အခိုင်အမာစခန်းကို PDF-MDY က သိမ်းပိုက်...

-  ကျိုက်မရောမြို့နယ်၊ ငပုအင်းရွာသစ် ဘုန်းကြီးကျောင်းနဲ့ လွှစင်ကုန်းကျေးရွာ လမ်းဆုံကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတဲ့အတွက် လူ ၃၀ ခန့်အထိ သေဆုံးနိုင်...

- ၁၅ ရက်အတွင်း စစ်ကောင်စီနဲ့ KNLA-ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊
အမှတ်(၅)တပ်မဟာကြားမှာ တိုက်ပွဲ ၆၀ ကျော်ဖြစ်ပွားပြီး စစ်ကောင်စီဖက်က
(၄၀)နီးပါး သေဆုံး...

- ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့က အင်ဂျင်နီယာတပ်သားတစ်ဦး
လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင်လာလို့ PDF က ဆုငွေချီးမြှင့်...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

Thursday, July 18, 2024

မိုးကုတ်က စစ်ကောင်စီစခန်း ၃ ခု TNLA သိမ်းပိုက်... မတ္တရာက ထွက်ပြေးလာတဲ့ ...


မိုးကုတ်က စစ်ကောင်စီစခန်း ၃ ခု TNLA သိမ်းပိုက်... မတ္တရာက ထွက်ပြေးလာတဲ့ စစ်သားတွေကို PDF ဖမ်းဆီး... ၁၀၂၇ ဒုတိယလှိုင်း နောက်ဆုံးရ သတင်းများ

(၁၉ -၇- ၂၀၂၄)

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း ၂၄ ရက်မြောက်နေ့ ကျောက်မဲနဲ့ မိုးကုတ်မှာ တိုက်တွဲပြင်းထန်ပြီး မိုးကုတ် အရှေ့ပိုင်းက စစ်ကောင်စီစခန်း ၃ ခုကို သိမ်းပိုက်တယ်လို့ PSLF/ TNLA (တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်) ပြောခွင့်ရ လွေးယေဦးက BNN ကို ပြောပါတယ်။

စစ်ကောင်စီဘက်က ခလရ (၇၁၊ ၈၈) တပ်ဖွဲ့ဝင်တွေနဲ့ တော်လှန်ရေးဘက်က TNLA နဲ့ မိုးကုတ်ဗျူဟာ PDF ပူးပေါင်းတပ်ဖွဲ့တို့ ရင်ဆိုင် တိုက်ပွဲဖြစ်ပြီး အခုလို စခန်းတွေ၊ လက်နက်တွေ သိမ်းလိုက်တာဖြစ်ပါတယ်။

ကျောက်မဲမှာတော့ ခမရ (၅၀၁၊ ၅၀၂) တပ်ဖွဲ့ဝင်တွေနဲ့ တိုက်ပွဲဖြစ်ပြီး ကျောက်မဲ တိုးဂိတ်၊ အေးရှာဝေါ အနီးတဝိုက်မှာလည်း ညနေပိုင်းအထိ တိုက်ပွဲဖြစ်နေတယ်လို့ ဆိုပါတယ်။

နောက်ဆက်တွဲ ထုတ်ပြန်ချက်ထဲမှာတော့ အပစ်ရပ်ထားတဲ့ ၄ ရက်တာအတွင်း
စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ဒဏ်ကြောင့် အရပ်သား ၁၈
ဦးသေဆုံးပြီး ၁၉ ဦး ဒဏ်ရာရတယ်လို့ ဖော်ပြပါတယ်။

မနေ့ ဇူလိုင် ၁၈ မှာလည်း မိုးကုတ် အရှေ့ပိုင်း ကုန်းမြင့်သာယာ၊
မင်းတံတားရပ်၊ ဖောင်တော်ဦးဘုရား၊ ဟက်ဖလားရပ်နဲ့ မြို့မ ရပ်ကွက်တို့မှာ
စစ်ကောင်စီဘက်က ပစ်ခတ်တဲ့ လက်နက်ကြီး ကျည် ကျရောက်ပေါက်ကွဲတဲ့အတွက်
မယ်သီလရှင် ၃ ပါး အပါအဝင် အရပ်သား ၉ ဦးသေဆုံးပြီး ၁၀ ဦး
ထိခိုက်ဒဏ်ရာရပါတယ်။

တိုက်ပွဲကာလ ၂၄ ရက်မှာ အရပ်သား ၉၄ ဦး သေဆုံးပြီး ၁၃၁ ဦး
ထိခိုက်ဒဏ်ရာရတယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင်...

- ဗန်းမော်ကနေ မိုးမောက်ဘက်ကို တင့်ကား ၅ စီးနဲ့ စစ်ကြောင်းထိုးလာတဲ့
စစ်ကောင်စီတပ်ကို KIA (ကချင်လွတ်လပ်ရေးတပ်မတော်) နဲ့ မဟာမိတ်တွေက
ကြားဖြတ် တိုက်ခိုက်လို့ အထိနာပြီး နောက်ပြန်ဆုတ်သွား...

- မတ္တရာမြို့နယ် တိုက်ပွဲကနေ စခန်းစွန့်ခွာ ထွက်ပြေးတဲ့ စစ်ကောင်စီ
တပ်သားတွေကို ဒေသခံ တော်လှန်ရေးတပ်တွေက ဇူလိုင် ၁၈ မှာ
ကြားဖြတ်တိုက်တဲ့အတွက် ၂ ဦးကို လက်ရဖမ်းမိပြီး လက်နက် ၃ လက် ရရှိ...

- တောင်သာမြို့နယ်၊ ကျွဲတလင်းရွာရှိ ပျူစောထီး စခန်းကို ဒေသခံ
တော်လှန်ရေး တပ်တွေက တိုက်ခိုက် သိမ်းပိုက်ပြီး ၄ ဦးကိုလက်ရဖမ်းမိ၊
လက်နက် ၁၀ လက် ရရှိ...

- မင်းတပ်မြို့နယ်၊ တိုက်နယ် ၁၂ ဘက်မှာ စစ်ကောင်စီက လေယာဉ်နဲ့
ဗုံးကြဲတဲ့အတွက် အရပ်သားတဦး သေ၊ တဦး ဒဏ်ရာရ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

“လွတ်မြောက်ဒေသတွေအတွက် လွတ်လပ်တဲ့ ငွေကြေးစနစ်တခု စဉ်းစားဖို့လိုလာတယ်”


“လွတ်မြောက်ဒေသတွေအတွက် လွတ်လပ်တဲ့ ငွေကြေးစနစ်တခု စဉ်းစားဖို့လိုလာတယ်”

- ဦးစိန်ဌေး (စီးပွားရေး ဝေဖန်သုံးသပ်သူ)

(၁၇- ၇- ၂၀၂၄)

“ငွေစက္ကူအသစ်ရိုက်ထုတ်တဲ့နည်း၊ လူဖမ်းတဲ့နည်းနဲ့ လက်ရှိဘဏ်ပြသာနာကို ဖြေရှင်းလို့မရနိုင်ဘူး။ ဒါကြောင့် လွတ်မြောက်ဒေသတွေအတွက် လွတ်လပ်တဲ့ကြေးနစ်တခုကို စဉ်းဖို့လိုလာတယ်” လို့စီပွားရေးပညာရှင် ဦးစိန်ဌေးက ပြောပါတယ်။

လက်ရှိ ဘဏ်ပြသာနာအပေါ် စစ်ကောင်စီကိုင်တွယ်တဲ့နည်းက အလုပ်မဖြစ်ရင် ဘယ်လိုနည်းလမ်းသစ်တွေရှိနိုင်သလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာ...

- လူတွေက ဘဏ်အပ်ငွေတွေ ပြန်ထုတ်ရင် ဘာတွေ ဆက်ဖြစ်လာနိုင်သလဲ...

- FEC လိုမျိုး ကြားခံငွေကြေးတခုခု ပေါ်လာနိုင်သလား...

- လွတ်မြောက်ဒေသတွေအတွက် လွတ်လပ်တဲ့ ငွေကြေးစနစ်တခု စဉ်းစားဖို့ လိုလာပြီလား...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

Wednesday, July 17, 2024

မိုးကုတ် တိုက်ပွဲမှာ TNLA က လက်နက်အချို့ သိမ်းမိ... ပခုက္ကူမြို့နယ်က ပျု...


မိုးကုတ် တိုက်ပွဲမှာ TNLA က လက်နက်အချို့ သိမ်းမိ... ပခုက္ကူမြို့နယ်က ပျု စခန်း PDF သိမ်းပိုက် ... ၁၀၂၇ ဒုတိယလှိုင်း နောက်ဆုံးရ သတင်းများ

(၁၈- ၇- ၂၀၂၄)

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း ၂၃ ရက်မြောက်နေ့ မိုးကုတ်နဲ့ ကျောက်မဲမှာ တိုက်ပွဲဆက်ဖြစ်ပြီး လက်နက် ခဲယမ်းတွ သိမ်းမိတယ်လို့ PSLF/ TNLA (တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတာ်) က သတင်းထုတ်ပြန်ပါတယ်။

မိုးကုတ်မြို့နယ် အရှေ့ပိုင်း ခလရ ၇၁ နဲ့ ၈၈ တပ်ဖွဲ့ဝင်တွေက ထိုးစစ်ဆင်လာတဲ့အတွက် ပန်းမထိပ် ရွာအနီးမှာ TNLA နဲ့ တိုက်ပွဲဖြစ်တယ် … ကမ္ဘာလုံးစေတီ အနီးမှာ TNLA နဲ့ PDF မိုးကုတ်ဗျူဟာ ပူးပေါင်းတပ်နဲ့
တိုက်ပွဲဖြစ်တယ် … ကြက်ခြံနဲ့ အမှိုက်ပုံ နေရာ အနီးမှာလည်း တိုက်ပွဲဖြစ်ပြီး လက်နက်ခဲယမ်း အချို့ သိမ်းဆည်းရမိတယ်လို့ ဓာတ်ပုံနဲ့တကွ ဖော်ပြထားပါတယ်။

ကျောက်မဲမြို့နယ် နောင်ပိန်လေး ရွာမှာလည်း မနက် ၆ နာရီခန့်မှာ TNLA နဲ့
တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီက Jet Fighter၊ Y12 တို့နဲ့ ဗုံးအလုံး ၅၀
နီးပါး ကြဲတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် ကျောက်မဲမြို့  ခိုမုန်း
သစ်စက်ဝန်းအတွင်း အရပ်သား  ၃ ဦး သေဆုံးပြီး နေအိမ်တွေ
မီးလောင်ပျက်စီးတယ်လို့လည်း ဖော်ပြပါတယ်။

တိုက်ပွဲကာလ ၂၃ ရက်အတွင်း စစ်ကောင်စီလက်ချက်ကြောင့် အရပ်သား ၇၆ ဦး
သေဆုံးပြီး ၁၁၂ ဦး ဒဏ်ရာရတယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင်...

- လားရှိုး အနောက်ဘက် မြို့အဝင်ရှိ မယ်ဟန် စစ်ဆေးရေးဂိတ်ကို MNDAA
(မြန်မာအမျိုးသားမဟာမိတ်တပ်မတော်) နဲ့  မဟာမိတ်တပ်တွေက
သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီက လက်နက်ကြီးတွေ၊ လေကြောင်းပစ်ကူတွေနဲ့
ခုခံနေ...

-  စဉ့်ကူးမြို့ကို PDF တွေက သိမ်းပိုက်လိုက်ပြီလို့
သတင်းတွေထွက်နေပေမယ့် PDF-MDY ကတော့ တရားဝင် သတင်းမထုတ်ပြန်သေးပါ...

- ပခုက္ကူမြို့နယ်၊ ဘဲကြီး အုပ်စုရှိ အောင်သာ ပျုုစောထီး စခန်းကို
တော်လှန်ရေးတပ်တွေက ဝင်ရောက်သိမ်းပိုက်ပြီး လက်နက် ၁၀ လက်နဲ့ စစ်သုံ့ပန်း
၁၀ ဦး ဖမ်းမိ...

- တောင်သာမြို့နယ်မှာ စစ်ကောင်စီ ထောက်ပို့ကား တစီးကို
တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်စဉ် ဒု-အရာခံဗိုလ်အပါအဝင်
စစ်သုံ့ပန်း ၁၄ ဦးကို လက်နက်ငယ် ၁၀ ခန့်နဲ့အတူ လက်ရဖမ်းမိ...

- (PDF)၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ်၂ စစ်ဒေသခွဲ၊ အပတ်စဉ် (၁/၂၀၂၄)
အခြေခံစစ်ပညာသင်တန်းဆင်းပွဲနဲ့ လက်နက်တပ်ဆင်ခြင်း အခမ်းအနား ကျင်းပ...

... စတဲ့ သတင်းတွကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

Tuesday, July 16, 2024

နေပြည်တော် အေလာ လေတပ် စခန်းကို ရှော့တိုက်ဒုံးနဲ့ တိုက်... မိုးမိတ်တိုက်ပ...


နေပြည်တော် အေလာ လေတပ် စခန်းကို ရှော့တိုက်ဒုံးနဲ့ တိုက်... မိုးမိတ်တိုက်ပွဲမှာ လက်နက်တွေ သိမ်းမိ... ၁၀၂၇ ဒုတိယလှိုင်း နောက်ဆုံးရသတင်းများ

(၁၇- ၇ -၂၀၂

နေပြည်တော် အေလာ လေတပ် စခန်းကို တော်လှန်ရေး တပ်တွေက ရှော့တိုက်ဒုံးနဲ့ တိုက်တဲ့အတွက် လေတပ် အရာရှိ ၄ ဦး အပါအဝင် ၁၀ ဦးကျော် သေဆုံးပြီး တိုက်လေယာဉ်တွေလည်း ထိမှန် ပျက်စီးသွားတယ်လို့ BWM (Brave Warriors for Myanmar) က သတင်းထုတ်ပြန်ပါတယ်။

BWM အဖွဲ့ရဲ့ စီမံမှုနဲ့ MKCDF (Mountain Knights Civilian Defense Force) နဲ့ MRF (Mercury Revolution Force) တို့က ဇူလိုင် ၁၆ ရက်၊ မနက် ၉ နာရီခန့်မှာ အေလာ လေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၇ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ပြီး ၅ လုံးက ပစ်မှတ်ကို အတိအကျ ထိမှန်တယ်လို့ ဆိုပါတယ်။

လေတပ်အရာရှိ ၄ ဦးနဲ့ အခြားအဆင့် စစ်သည် ၁၂ ဦး သေဆုံးပြီး A-5 Bomber Jet Fighter တစင်း ပျက်စီး၊ အခြားတိုက်လေယာဉ် ၂ စင်း ထိခိုက်၊ ခဲယမ်းတိုက် မီးလောင်၊ ပြုပြုင်ရေးဂိုဒေါင် အပါအဝင် အဆောက်အဦ ၄ လုံး ပြိုကျပျက်စီးတယ်လို့ ဖော်ပြပါတယ်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းကို ကြိုဆိုခြင်း၊ တနိုင်ငံလုံးကို ဒုက္ခပေးနေတဲ့ တိုက်လေယာဉ်တွေကို တားဆီးခြင်းအတွက် အခုလို တိုက်ခိုက်ရတာဖြစ်ပြီး ဒါဟာ BWM နဲ့ မဟာမိတ်တွေရဲ့ ၅ ကြိမ်မြောက် တိုက်ခိုက်မှုဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

ဒါ့အပြင်...

- မတ္တရာမြို့နယ်ရှိ Alpha ဘိလပ်မြေ စက်ရုံ တပ်စခန်းနဲ့ တောင်တံငါ တပ်စခန်းတို့ကို မနေ့က သိမ်းပိုက်လိုက်ပြီး လက်နက်တွေ၊ စစ်သုံ့ပန်းတွေ ထပ်မံသိမ်းမိ၊ ဖမ်းမိတယ်လို့ PDF-MDY က သတင်းထုတ်ပြန်...

- မိုးမိတ်မြို့နယ်ရှိ ခလရ ၂၇၆ တပ်က ထိုးစစ်ဆင်လာတဲ့အတွက် တောင်ကိုင်းရွာ အနီးမှာ တိုက်ပွဲဖြစ်ပြီး ၆၀ မမ အပါအဝင် လက်နက်မျိုးစုံ ၁၁ လက်နဲ့ ခဲယမ်းတွေ သိမ်းမိတယ်လို့ TNLA သတင်းထုတ်ပြန်...

- လားရှိုးတိုက်ပွဲမှာ စစ်ကောင်စီဘက်က ဒု-တပ်ခွဲမှူး အပါအဝင် စစ်သုံ့ပန်း ၃၂ ဦး ဖမ်းမိ၊ လနက်ချတဲ့လေယာဉ်မှုးကို ကျပ်ငွေ သိန်း-တသောင်း (တစ်ဘီလျံ) အထိ ဆုချီးမြှင့်မယ်လို့ MNDAA ထုတ်ပြန်...

- သံတွဲမြို့ကို AA (အာရက္ခတပ်တော်) က သိမ်းပိုက် ထိန်းချုပ်လိုက်ပြီလို့ ဒေသတွေ ပြောတာကို Western News က ဖော်ပြ၊ မောင်တောမြို့နယ်၊ နယ်ခြားစောင့် စခန်းကနေ လှေနဲ့ထွက်ပြေးသွားတဲ့ စစ်သားနဲ့ ရဲတွေကို ဘင်္ဂလားဒေ့ရှ်ဘက်က လက်မခံတဲ့အတွက် သီတင်းတပတ်လောက် ကြာတဲ့အထိ နတ်မြစ်ထဲမှာ မျောနေဆဲ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

“ငွေစက္ကူ ထပ်ရိုက်ထုတ်ရင် ကုန်ဈေးနှုန်းထပ်တက်မယ်ဆိုတာ လူတိုင်းသိနိုင်တဲ့...


“ငွေစက္ကူ ထပ်ရိုက်ထုတ်ရင် ကုန်ဈေးနှုန်းထပ်တက်မယ်ဆိုတာ လူတိုင်းသိနိုင်တဲ့အချက်ပဲလေ”

- ဦးစိန်ဌေး (စီးပွားရေး ဝေဖန်သုံးသပ်သူ)

(၁၆- ၇- ၂၀၂၄)

“ဘဏ်မှာငွေထုတ်မရဖြစ်နေတဲ့ပြသာနာကို ငွေစက္ကူအသစ်တွေရိုက်ထုတ်ပြီး ဖြေရှင်းပေးတဲ့နည်းဟာ အာဏာရှင်တွေရဲ့နည်းလမ်းဟောင်းသာဖြစ်တဲ့အတွက် ဘေးထွက်ဆိုးကျိုးတွေ၊ အထူးသဖြင့် ငွေကြေးဖောင်းပွဲမှုနဲ့ ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို ခံရနိုင်တယ်ဆိုတာကို လူတိုင်းမှန်းဆနိုင်ပါတယ်” လို့ စီးပွားရေးပညာရှင် ဦးစိန်ဌေးက ပြောပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း ငွေထုတ်ရခက်လို့ ဘဏ်ရှေ့မှာ လူတွေရာနဲ့ချီ တန်းစီးတိုးဝှေ့ပြီးတဲ့နောက် စစ်ကောင်စီက ဘဏ်ပိုင်ရှင်တွေကို ခေါ်ယူသတိပေးတာ၊ အဲဒီနောက် တသောင်းတန် ငွေစက္ကူအသစ်တွေကို လိုသလောက်နီးပါး ထုတ်ပေးနေပြီဆိုတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ...

- ငွေစက္ကူအသစ်တွေ ထပ်ရိုက်ထုတ်ခြင်းက ဘဏ်ပြသာနာကို ပြေလည်စေနိုင်သလား...

- ငွေကြေးဖောင်းပွမှုနဲ့ ကုန်ဈေးနှုန်းကြီးလာမှုကို ဘယ်လို ကာကွယ်ကြမလဲ...

- ငွေစက္ကူအသစ်ရိုက်တာ၊ ဝါဇီစက်ရုံကိုအားကိုးတဲ့နည်းဟာ လမ်းကြောင်းမှန်မဟုတ်ဘူးဆိုရင် လမ်းမှန်က ဘာလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(စစ်ကောင်စီရဲ့ ငွေကြေးပြသာနာကို ကျော်လွှားနိုင်အောင် လွတ်မြောက်နယ်မြေတွေမှာ ဘယ်လိုစီမံဆောင်ရွက်သင့်သလဲ... ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

Monday, July 15, 2024

အပစ်ရပ်ထားစဉ် ကျောက်မဲမှာ တိုက်ပွဲပြင်းထန်... တောင်သာက ပျု စခန်း PDF သိ...


အပစ်ရပ်ထားစဉ် ကျောက်မဲမှာ တိုက်ပွဲပြင်းထန်...  တောင်သာက ပျု စခန်း PDF သိမ်းပိုက်...  ၁၀၂၇ ဒုတိယလှိုင်း နောက်ဆုံးရသတင်းများ

(၁၆- ၇- ၂၀၂၄)

ဇူလိုင် ၁၅ ကနေ ၁၈ ရက်အထိ ၄ ရက်တာ အပစ်ရပ်မယ်လို့ ကြေညာတဲ့အထဲမှာ MNDAA - မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် အပြင် TNLA - တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်လည်း ပါဝင်တယ်လို့ PSLF/ TNLA ပြောခွင့်ရက BNN ကိုပြောပါတယ်။

ဒါပေမယ့် တဖက်ရန်သူက လာတိုက်ရင် ပြန်ခုခံခွင့်ရှိပြီး ဒီအပစ်ရပ်မှုဟာ ရှမ်းမြောက်ဒေသအတွက်သာဖြစ်တယ်လို့လည်းပြောပါတယ်။ ညီနောင် ၃ ဖွဲ့က ဒီလို တဖက်သတ်အပစ်ရပ်ကြောင်း ထုတ်ပြန်တဲ့နေ့မှာပဲ စစ်ကောင်စီတပ်တွေက အင်အားအလုံးအရင်းနဲ့ ကျောက်မဲဒေသဆီ ထိုးစစ်ဆင်လာတဲ့အတွက် မနေ့ နေ့ခင်းပိုင်းကစပြီး တိုက်ပွဲတွေအပြင်းအထန် ပြန်ဖြစ်နေတယ်လို့ TNLA ပြောခွင့်ရ လွေးယေဦးက ပြောပြပါတယ်။

မနေ့ညနေ ၆ နာရီခန့်က လွေးယေဦးပြောသွားတာပါ။ နောက်ပိုင်းထပ်ဝင်လာတဲ့သတင်းတွေအရ တိုက်ပွဲဟာ ကျောက်မဲအပြင် နောင်ချိုမြို့နယ် နောင်အောရွာနဲ့ သဲခေါ်ရွာ၊ မိုးကုတ်မြို့နယ်ထဲမှာလည်း ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီရဲ့ လက်နက်ကြီးဒဏ်ကြောင့် အရပ်သား ထိခိုက်မှုရှိတယ်လို့လည်း ဖေါ်ပြထားပါတယ်။

ဒါ့အပြင်...

- လားရှိုးဖက်မှာလည်း MNDAA - မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်က ၄ ရက်တာအပစ်ရပ်ထားကြောင်း ဇူလိုင် ၁၄ ညနေပိုင်းမှာ ကြေညာခဲ့ပေမယ့် ၁၅ ရက်နေ့အထိ တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်...

- မြို့သိမ်းတိုက်ပွဲအတွင်း တပ်ဖွဲ့ဝင်တွေ လိုက်နာရမယ့် စည်းကမ်းချက်တွေကို မန္တလေး PDF က ထုတ်ပြန်...

- တောင်သာမြို့နယ်၊ ကျွဲတလင်းရွာရှိ စစ်တပ်နဲ့ ပျူစောထီး ပူးပေါင်းစခန်းကို ဒေသခံတော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်တဲ့အတွက် စစ်သား ၂ ဦးသေ၊ ပျုစောထီး ၄ ဦးကို လက်ရဖမ်းမိ၊ လက်နက်မျိုးစုံ ၁၀ လက်ရရှိ...

- PDF၊ အမှတ်(၂) စစ်ဒေသ၊ စစ်ဒေသခွဲ (၃)၊ တောင်ပိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် ဂဠုန်စစ်ကြောင်းက ဦးစီးကျင်းပတဲ့၊ မဟာမိတ် ရဲဘော်တွေလည်း ပါဝင်တက်ရောက်တဲ့ အပတ်စဉ် (၅) အခြေခံစစ်ပညာ သင်တန်းဆင်းပွဲ ကျင်းပ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

Sunday, July 14, 2024

၄ ရက်တာ အပစ်ရပ်ကြောင်း MNDAA ကြေညာ... ဆားတောင်မြို့ ရဲစခန်းကို PDFတိုက်ခ...


၄ ရက်တာ အပစ်ရပ်ကြောင်း MNDAA ကြေညာ... ဆားတောင်မြို့ ရဲစခန်းကို PDF
တိုက်ခိုက်... ၁၀၂၇ ဒုတိယလှိုင်း နောက်ဆုံးရသတင်းများ

(၁၅- ၇- ၂၀၂၄)

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း ၂၀ ရက်မြောက်နေ့မှာ မိုးကုတ်၊ မိုးမိတ်ဖက်မှာ တိုက်ပွဲဆက်ဖြစ်နေပြီး ထူးခြားတာကတော့ မိုးကုတ်ဖက်မှာ စခန်းစွန့်ခွာထွက်ပြေးသွားတဲ့စစ်သားတွေဟာ  အနီးဝန်းကျင်ရှိ နေအိမ်တွေထဲ ဝင်ရောက်ခုံလှုံပြီး အရပ်ဝတ်တွေနဲ့ ပြန်လည်ခုခံနေတဲ့ အတွက် အဲဒီလိုနေရာတွေကို အလေးထားပြီး ရှင်းလင်းနေရတယ်လို့ PSLF/ TNLA တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် ပြောခွင့်ရက BNN ကိုပြောပါတယ်။

နောက်ထပ် ထူးခြားချက်ကတော့ ပြီးခဲ့တဲ့သီတင်းပတ်က SSPP - ရှမ်းပြည်တိုးတက်ရေးပါတီနဲ့ ဖြစ်ပွားခဲ့တဲ့ ပြသာနာတွေကို UWSA -ဝ- တပ်ဖွဲ့ဌာနချုပ်ရှိရာ ပန်ဆန်းမှာ ၂ ဖက် ကိုယ်စားလှယ်တွေ ဆွေးနွေးကြပြီး
ပြေလည်မှုရသွားပြီလို့ လွေးယေဦးက ဆက်ပြောပါတယ်။

ဒေသတွင်း မီဒီယာတွေရဲ့ ဖေါ်ပြချက်အရ ပန်ဆန်းဆွေးနွေးပွဲကို TNLA ဥက္ကဋ္ဌ
ဒုဗိုလ်ချုပ်ကြီး တားအိုက်ဘုန်း ဦးဆောင်ပြီး SSPP/SSA ဘက်က ဒုဥက္ကဋ္ဌ
ဒုဗိုလ်ချုပ်ကြီး စပ်ခွန်စိုင်း ဦးဆောင်ခဲ့တယ်လို့ သိရပါတယ်။

TNLA နဲ့  SSPP တို့ဟာ UWSA ဝ-အဖွဲ့ ဦးဆောင်တဲ့ ပြည်ထောင်စု
နိုင်ငံရေးဆွေးနွေးရေးကော်မတီ (FPNCC) ရဲ့ အဖွဲ့ဝင်တွေဖြစ်တာကြောင့်
အခုလို ပန်ဆန်းမှာ ဆွေးနွေးကြတာဖြစ်ပါတယ်။

ဒါ့အပြင်...

- တရုတ်ကွန်မြူနစ်ပါတီရဲ့ တတိယအကြိမ် အစည်းအဝေး ကျင်းပဖို့ရှိနေတဲ့အတွက်
ဇူလိုင် ၁၄ ရက်နေ့ ညကနေ ၁၈ ရက်နေ့အထိ အပစ်ရပ်တယ်လို့ MNDAA - ကြေညာ...

- ညောင်ရွှေမြို့နယ်၊ နန့်ဗွမ်ကျေးရွာ စစ်ကောင်စီစခန်းကနေ ထွက်လာတဲ့ PNO
ပအိုဝ်ပြည်သူ့စစ် ၂ ဦးကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်တဲ့အတွက်
လက်နက်ငယ် ၂ လက်ရရှိ...

- စဉ့်ကူးမြို့အနီး တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းပစ်ကူ
သုံးနေတဲ့အတွက် အရပ်သား ထိခိုက်မှုရှိနိုင်...

- ဆားတောင်မြို့ ရဲစခန်းကို ဒေသခံတော်လှန်ရေးတပ်တွေက
ဝင်ရောက်တိုက်ခိုက်တဲ့အတွက် စစ်တပ်ဖက်က ၁၀ ကျော်အထိ သေဆုံးနိုင်တယ်လို့
Zero - ပြောက်ကျား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -မြင်းခြံ က သတင်းထုတ်ပြန်...

- (PDF)၊ အလယ်ပိုင်းတိုင်း၊ ကယား(ကရင်နီ)စစ်ဒေသခွဲ အပတ်စဉ် (၂ / ၂၀၂၄)
သင်တန်းဆင်းပွဲကို ဇူလိုင် ၁၁ ရက်က ကျင်းပ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

Saturday, July 13, 2024

“ဘဏ်ပြသာနာပြေလည်အောင် လုပ်ပေးဖို့ ဗဟိုဘဏ်နဲ့ စကစမှာ တာဝန်ရှိတယ်”


“ဘဏ်ပြသာနာပြေလည်အောင် လုပ်ပေးဖို့ ဗဟိုဘဏ်နဲ့ စကစမှာ တာဝန်ရှိတယ်”

- ဦးစိန်ဌေး (စီးပွားရေး ဝေဖန်သုံးသပ်သူ)

(၁၃- ၇- ၂၀၂၄)

“ဘဏ်တွေမှာ ငွေထုတ်ဖို့အခက်အခဲဖြစ်နေတာ၊ ဘဏ်ပိုင်ရှင်တွေကို ခေါ်ယူစစ်ဆေးနေတာတွေဟာ အများပြည်သူကို စိုးရိမ်ထိန့်လန့်စေတဲ့အတွက် ဒါတွေကို အမြန်ဖြေရှင်းပေးဖို့ ဗဟိုဘဏ်နဲ့ စစ်ကောင်စီမှာ တာဝန်ရှိတယ်” လို့ စီးပွားရေးပညာရှင် ဦးစိန်ဌေးက ပြောပါတယ်။

ဘဏ်ရှေ့မှာ လူတွေရာချီတန်းစီတိုးနေတဲ့အခြေအခြေ၊ ဘဏ်ပိုင်ရှင်တွေကို စစ်ကောင်စီက ခေါ်ယူစစ်ဆေးနေတဲ့အခြေအနေတွေက ဘဏ်ပြသာပြေလည်ရေးအစား ပြသာနာပိုကြီးအောင် လုပ်သလိုဖြစ်နေသလား... ဆိုပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာ...

- ဘဏ်ပိုင်ရှင်တွေကို စစ်ကောင်စီက ဘာကြောင့် ခေါ်ယူစစ်ဆေးနေတာလဲ...

- ဒီလို ခေါ်ယူစစ်ဆေးခြင်းက ဘဏ်ကငွေတွေကို လူတွေအမြန်ထုတ်အောင် တွန်းအားပေးသလို ဖြစ်စေသလား...

- အခု ပြသာနာမှာ ဗဟိုဘဏ်နဲ့ စစ်ကောင်စီခေါင်းဆောင်ပိုင်းတွေ ဘယ်လို တာဝန်ရှိသလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

Friday, July 12, 2024

ထွက်ပြေး စစ်သားတွေဆီက လက်နက်တွေ TNLA သိမ်းမိ... မတ္တရာမှာ PDF က စခန်းတွေ...


ထွက်ပြေး စစ်သားတွေဆီက လက်နက်တွေ TNLA သိမ်းမိ... မတ္တရာမှာ PDF က စခန်းတွေ ထပ်သိမ်း... ၁၀၂၇ ဒုတိယလှိုင်း နောက်ဆုံးရသတင်းများ

(၁၃- ၇- ၂၀၂၄)

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း (၁၈) ရက်မြောက်နေ့မှာ နောင်ချို ဒုံးတပ်ရင်း ၆၀၆ ကနေ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လိုက်လံရှင်းလင်းပြီး လက်နက်မျိုးစုံ ၁၀ ကျော် ထပ်မံသိမ်းမိတယ်လို့ PSLF/TNLA ပြောခွင့်ရက BNN ကိုပြောပါတယ်။

ထွက်ပြေးသွားတဲ့ စစ်သားတွေနဲ့ ဂုတ်တွင်းစခန်းမှာ မနေ့မနက် ၅ နာရီခန့်က တိုက်ပွဲဖြစ်ပြီး  စစ်ကောင်စီအလောင်းတွေနဲ့အတူ ၆၀ မမ မော်တာ၊ RPG လောင်ချာအပါဝင ်လက်နက် ၁၅ လက်သိမ်းမိတယ်လို့ TNLA ပြောခွင့်ရ လွေးယေဦးက ပြောပြပါတယ်။

တိုက်ပွဲဖြစ်တဲ့ ဂုတ်တွင်းစခန်းကို စစ်ကောင်စီတပ်က Jet Fighter ၊ Mi35၊ Y12 တို့နဲ့ ဗုံးအလုံးရေ ၁၀၀ နီးပါး ကြဲချခဲ့တယ်လို့လည်း TNLA က ပြောပါတယ်။

တချိန်တည်းမှာပဲ နောင်ချိုမြို့နယ် နောင်အောရွာအနီးမှာ တိုက်ပွဲဖြစ်တယ်။ မိုးမိတ်မြို့အတွင်း ခလရ-၂၂၃ နဲ့ TNLA + PLA + PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီရဲ့ (၅)မိုင်တပ်စခန်းကနေ 60 မမ (၁) လက်၊ RPG7 (၂)လက်နဲ့ လက်နက်(၇)လက် သိမ်းဆည်းရမိတယ်လို့လည်း TNLA က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင်...

- MNDAA (မြန်မာ အမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော်) ကိုးကန့်တပ်နဲ့ မဟာမိတ်တွေ အင်အားအများအပြားနဲ့ လားရှိုးမြို့အနီးအထိ မနေ့ကရောက်လာတဲ့အတွက် စစ်ကောင်စီတပ်က မြို့ပတ်လည်ကို လက်နက်ကြီးနဲ့ ပစ်နေ...

- မတ္တရာမြို့နယ်ရှိ မြောက်တံငါ တပ်စခန်းကို  အပြီးသတ်သိမ်းပိုက်လိုက်ပြီး Alpha ဘိလပ်မြေစက်ရုံက ကာကင်းစခန်းကုန်းတွေကို ရှင်းလင်းနိုင်ခဲ့တယ်၊ လက်နက်မျိုးစုံ ၁၀ ကျော်နဲ့ ခဲယမ်းများစွာသိမ်းမိတယ်လို့ PDF-MDY က သတင်းထုတ်ပြန်...

- ကရင်နီပြည်၊ ဖားဆောင်းမြို့ပေါ်မှာ တိုက်ပွဲပြန်လည်ပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းအသုံးပြု တိုက်ခိုက်နေ...

- ၂၀၂၄ ခုနှစ်ရဲ့ ပထမ (၆) လတာအတွင်း တိုက်ပွဲပေါင်း ၂၀၀၀ နီးပါးဖြစ်ပွားပြီး စစ်ကောင်စီဖက်က ၂၀၀၀ နီးပါးသေဆုံး၊ ၁၀၀၀ ကျော်ဒဏ်ရာရတယ်လို့ KNU ကရင့်အမျိုးသားအစည်းအရုံး ဗဟိုက သတင်းထုတ်ပြန်...

- သံတွဲနဲ့ ငပလီရှိ ခမရ ၅၆၆ နဲ့ ခလရ ၅၅ တပ်ရင်းတို့ကို AA အာရိက္ခတပ်တော်က သိမ်းပိုက်လိုက်ပြီးနောက် ငပလီကမ်းခြေရှိ ကြယ်ငါးပွင့်အဆင့် ဟိုတယ် ၆၅ လုံးအရေးကို အများက စိတ်ဝင်စားနေ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

“စစ်ကောင်စီက မထုတ်နဲ့ပြောလေ လူတွေက ပိုထုတ်လေဖြစ်နေမှာပဲ”


“စစ်ကောင်စီက မထုတ်နဲ့ပြောလေ လူတွေက ပိုထုတ်လေဖြစ်နေမှာပဲ”

- ဦးစိန်ဌေး (စီးပွားရေး ဝေဖန်သုံးသပ်သူ)

(၁၂- ၇- ၂၀၂၄)

“ဘဏ်ကနေ ငွေတွေမထုတ်ကြဖို့၊ ဘဏ်ကိုယုံကြည်ကြဖို့ စစ်ကောင်စီကပြောလေ လူတွေက ငွေပိုထုတ်လေဖြစ်နေမှာပဲ၊ ဘာကြောင့်လဲဆို စစ်ကောင်စီကိုမှ လူတွေက အယုံအကြည်မရှိတာ” လို့ စီးပွားရေးပညာရှင် ဦးစိန်ဌေးက ပြောပါတယ်။

အခုရက်ပိုင်းအတွင်း လူတွေ ရာနဲ့ချီတန်းစီပြီး ဘဏ်တွေရှေ့မှာ စုပြုံတိုးဝှေ့နေတဲ့အခြေအနေ၊ ဘဏ်တွေ ဒေဝါလီခံရတဲ့အခြေအနေအထိ ဖြစ်သွားနိုင်သလား... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ...

- ဘဏ်တွေရှေ့မှာ လူတွေရာနဲ့ချီတန်းစီတိုးဝှေ့ပြီး ဘာကြောင့် ငွေတွေ ပြန်ထုန်နေတကြတာလဲ...

- အခု ပြသာနကို ဘဏ်တွေက ဖန်တီးတာလား၊ စစ်ကောင်စီကိုယ်တိုင်က ဖန်တီးတာလား...

- သတိပေးခံထားရတဲ့ ဘဏ်တွေများစွာထဲက ရိုးမဘဏ်က ဦးသိမ်းဝေကိုမှ ဘာကြောင့်ရွေးပြီး စစ်ဆေးမေးမြန်းနေတာလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(စစ်ကောင်စီနဲ့ ဗဟိုဘဏ်က ပြည်သူတွေ အဆင်ပြေအောင်လုပ်ပေးမှာလား... သေနတ်ပြ ခြိမ်းခြောက်မှုကိုပဲ ဆက်လုပ်မှာလား... ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

Thursday, July 11, 2024

သံတွဲ ခလရ ၅၅ ကို AA သိမ်းပိုက် ... နောင်ချို အမတ ၆၀၆ က သိမ်းမိလက်နက်တွေ ...


သံတွဲက ခလရ ၅၅ ကို AA သိမ်းပိုက် ... နောင်ချို အမတ ၆၀၆ က သိမ်းမိလက်နက်တွေ TNLA ထုတ်ပြန်... ၁၀၂၇ ဒုတိယလှိုင်း နောက်ဆုံးရ သတင်းများ

(၁၂-၇-၂၀၂၄)

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်က စစ်ကောင်စီ တပ်ရင်းတခုနဲ့ မောင်တောမြို့နယ်က နယ်ခြားစောင့် တပ်စခန်းတခုကို ထပ်မံသိမ်းပိုက်လိုက်တယ်၊ လက်နက်ခဲယမ်းတွေလည်း များစွာသိမ်းမိတယ်လို့ AA
- အာရက္ခတပ်တော်က သတင်းထုတ်ပြန်ပါတယ်။

သံတွဲအခြေစိုက် ခလရ (၅၅) တပ်ရင်းကို ဇူလိုင် (၉) ရက်၊  မနက် ၁၀ နာရီခန့်မှာ အပြီးသိမ်းနိုင်ခဲ့ပြီး လက်နက်ခဲယမ်းများစွာ၊ စစ်အသုံးအဆောင်များစွာ သိမ်းမိတယ်လို့ဆိုပါတယ်။

ဒါဟာ သံတွဲလေယာဉ်ကွင်းအနီးရှိ ခမရ (၅၆၆) နဲ့ သံတွဲလေဆိပ်ကို ပြီးခဲ့တဲ့
သီတင်းပတ်က သိမ်းပိုက်ပြီးနောက် နောက်ထပ်တပ်ရင်းတခုကို
ဆက်တိုက်သိမ်းပိုက်လိုက်တာလည်းဖြစ်ပါတယ်။

မောင်တောဒေသမှာ သိမ်းလိုက်တဲ့စခန်းကတော့ နခခ (၅) မြို့သူကြီးစခန်း
အနီးရှိ မကျည်းချောင်း (မကျီးချောင်း) နယ်ခြားစောင့်တပ်စခန်းဖြစ်ပြီး
ဇူလိုင် (၁၁) ရက်၊ မနက် ၉ နာရီခန့်မှာ အပြီးသိမ်းပိုက်လိုက်တယ်။
စစ်ကောင်စီရဲ့အလောင်းတွေ၊ လက်နက်ခဲယမ်းနဲ့စစ်အသုံးဆောင်များစွာနဲ့အတူ
အရှင်ဖမ်းမိသူတွေလည်းရှိတယ်လို့ ဖေါ်ပြပါတယ်။

ဒီနယ်ခြားစောင့်ခစန်းက စစ်သားနဲ့ရဲသားအချို့ဟာ ဘင်္ဂလားဒေ့ရှ်ဖက်
ထွက်ပြေးသွားတယ်လို့လည်း ဆိုပါတယ်။ AA - အာရက္ခတပ်တော်ကတော့
ထိုးစစ်တွေကို အရှိန်မြှင့်ဆောင်ရွက်နေတယ်လို့ ဖေါ်ပြထားပါတယ်။

ဒါ့အပြင်...

- နောင်ချိုုမြို့သိမ်းတိုက်ပွဲက ရရှိတဲ့ အတွဲလိုက် ဒုံးတွေအပါဝင်
လက်နက်ခဲယမ်းများစွာကို TNLA ထုတ်ပြန်...

- နောင်ချို အမတ ၆၀၆ က သိမ်းမိတဲ့လက်နက်တွေအပြင် မတ္တရာမြို့နယ်
အင်ကြင်းမြိုင်တပ်၊ လက်နက်ကြီးခစန်းက သိမ်းမိထားတဲ့ လေယာဉ်ပစ်
စက်သေနတ်ကြီးတွေကို ပြန်လည်ပြင်ဆင်ထားပြီး အသုံးပြုနိုင်နေပြီလို့
PDF-MDY အသိပေး...

- UWSA “ဝ” စစ်ကြောင်းတခု တန့်ယန်းမြို့ဆီ ဝင်လာတယ်လို့
ဒေသတွင်းမီဒီယာတွေက ဖေါ်ပြ...

- ထီးလင်းမြိုရှိ ထွေ/အုပ် ရုံး၊ ဗျာဒိတ်ကုန်း၊ မီးသတ်ကုန်း၊ ရဲစခန်း၊
အပါအဝင် စစ်ကောင်စီဘက်က တပ်စွဲထားတဲ့ နေရာတွေကို ဒေသခံ PDF တွေက Drone
ဗုံးသီးတွေ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်...

- ပုလောမြို့နယ်၊ ၅ မိုင်ရွာအနီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို
ဒေသခံ တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်တဲ့အတွက် ဗိုလ်မှူးတဦး
အပါအဝင် ၅ ဦး သေ၊ ၂ ဦးကို လက်ရဖမ်းမိ၊ လက်နက်တွေလည်းရရှိ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

Wednesday, July 10, 2024

နောင်ချိုမြို့ကို TNLA သိမ်းပိုက်... ရေးမြိုနယ်က စစ်ကောင်စီတပ်ကို KNLA, ...


နောင်ချိုမြို့ကို TNLA သိမ်းပိုက်... ရေးမြိုနယ်က စစ်ကောင်စီတပ်ကို KNLA, NMSP-AD တိုက်ခိုက်... ၁၀၂၇ ဒုတိယလှိုင်း နောက်ဆုံးရသတင်းများ

(၁၁- ၇-၂၀၂၄)

၁၀၂၇ စစ်ဆင်ရေး ဒုတိယ လှိုင်း ၁၆ ရက်မြောက်နေ့မှာ နောင်ချိုက ဒုံးတပ်ရင်း (၆၀၆)ကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ PSLF/ TNLA တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် ပြောခွင့်ရက BNN ကို ပြောပါတယ်။

တိုက်ပွဲစတင်တဲ့ ဇွန် ၂၅ ကတည်းက ဒီတပ်ရင်းကို စတိုက်တာဖြစ်တဲ့အတွက် ၁၅ ရက်တိတိ
တိုက်ရတာဖြစ်တယ်။ တနည်းအားဖြင့် ဒီတပ်ရင်းကိုသိမ်းနိုင်ခြင်းဟာ နောင်ချိုမြို့ကို TNLA နဲ့ မဟာမိတ်တွေက လုံး၀ သိမ်းပိုက်နိုင်လိုက်တာဖြစ်တယ်လို့ TNLA ပြောခွင့်ရ လွေးယေဦးက 
ပြောပြပါတယ်။

စစ်ကောင်စီဖက်က အကျအဆုံးနဲ့ သိမ်းမိလက်နက်တွေကိုတော့ စာရင်းအသေးစိပ် မရသေး ဘူးလို့ပြောပါတယ်။ မီဒီယာအချို့မှာတော့ သိမ်းမိတဲ့ အတွဲလိုက်ပစ် ဒုံးတွေကို ဖေါ်ပြထားတာတွေရပါတယ်။

နောင်ချိုမြို့ဟာ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအတွင်း ပထမ ဆုံးသိမ်းနိုင်တဲ့မြို့ဖြစ်ပြီး စစ်တက္ကသိုလ်တွေတည်ရှိရင် ပြင်ဦးလွင်နဲ့ အနီးဆုံးမြို့လည်းဖြစ်ပါတယ်။

မနေ့က တိုက်ပွဲဟာ နောင်ချိုမြို့သိမ်းတိုက်ပွဲအပြင် မိုးမိတ်၊ လားရှိုး၊ တန်းယန်းဖက်မှာလည်းဖြစ်နေပြီး တန်းယန်းအနီးက နားဆောင်ရွာမှာ တိုက်ပွဲပြင်းထန်တယ်လို့ဖေါ်ပြပါတယ်။ ဒါဟာ နောင်ချို၊ မိုးကုတ်၊ မိုးမိတ်၊ ကျောက်မဲ၊ သီပေါအပြင် တန်းယန်းဖက်ကိုပါ တိုက်ပွဲက ပြင်းထန်လာနေတဲ့သဘောတွေ့ရပါတယ်။

စစ်ကောင်စီဖက်ကတော့ လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူတွေသုံးနေတဲ့အတွက် ၁၅
ရက်တာ တိုက်ပွဲကာလအတွင်း အရပ်သားသေဆုံးသူ ၅၄ ဦး၊ ဒဏ်ရာရသူ ၉၀ ကျော်နေပြီ လို့ လည်း TNLA ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင်...

- လားရှိုးမှာ စစ်ကော်စီလက်နက်ကြီးကြောင့် ကလေးတွေအပါဝင် အရပ်သား ၃ ဦးသေ၊
နေအိမ်တွေပျက်စီး...

- ရေးမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်တဲ့အတွက် စစ်သား ၅ ဦးသေပြီး ၃ ဦးဒဏ်ရာရတယ်လို့ တောင်ညိုစစ်ကြောင်းက သတင်းထုတ်ပြန်...

- ဂန့်ဂေါမြို့နယ်က ရဲသားတဦး မြစ်ဆိပ်သို့ ရေဆင်းချိုးစဉ် လက်နက်နဲ့အတူ တော်လှန်ရေးတပ်တွေက လက်ရဖမ်းမိ...

-  PDF၊ တနင်္သာရီတိုင်းစစ်ဌာန၊ ဗျုဟာ (၃၄) နယ်မြေ၊ အပတ်စဉ် (၁) အခြေခံစစ်ပညာသင်တန်းဆင်းပွဲ ကျင်းပ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

Tuesday, July 9, 2024

မိုးမိတ်နဲ့ မိုးကုတ်က စစ်ကောင်စီစခန်း (၄)ခု TNLA သိမ်းပိုက်... မတ္တရာနဲ့...


မိုးမိတ်နဲ့ မိုးကုတ်က စစ်ကောင်စီစခန်း (၄)ခု TNLA သိမ်းပိုက်... မတ္တရာနဲ့ စဉ်းကူးမှာ PDF က စခန်းဆက်သိမ်း... ၁၀၂၇ ဒုတိယလှိုင်း နောက်ဆုံးရ သတင်းများ

(၁၀- ၇- ၂၀၂၄)

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း (၁၅) ရက်မြောက်နေ့မှာ မိုးမိတ်နဲ့ မိုးကုတ်က
စစ်ကောင်စီတပ်စခန်း (၄)ခုကို TNLA နဲ့ မဟာမိတ်တပ်တွေက သိမ်းပိုက်တယ်လို့
PSLF/ TNLA တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် ပြောခွင့်ရက BNN
ကိုပြောပါတယ်။

မိုးကုတ်အနောက်ပိုင်းကို တော်လှန်ရေးတပ်တွေက အပြည့်အ၀
ထိန်းချုပ်ထားပြီးနောက်  မိုးကုတ် အရှေ့ဖက်ပိုင်း မိုင်တိုင် (၅)
စခန်းနဲ့ ယောမူး စခန်းကို သိမ်းပိုက်လိုက်ပြီလို့ TNLA ပြောခွင့်ရ
လွေးယေဦးက ပြောပြပါတယ်။

မနေ့က သိမ်းပိုက်တဲ့ စခန်း ၄ ခုပါ ပေါင်းရင် ၁၅ ရက်အတွင်း
သိမ်းနိုင်တဲ့ခစန်း ၄၀ နီးပါးရှိနေပြီလို့လည်း လွေးယေဦးက ပြောပါတယ်။

စစ်ကောင်စီဖက်က အကျအဆုံးကို မသိရသေးပေမယ့် တိုက်ပွဲအတွင်း
သိမ်းမိလက်နက်တွေကိုတော့ ထုတ်ပြန်ထားတာ တွေ့ရပါတယ်။

နောင်ချိုမြို့နယ် သဲခေါ် ရွာ အနီးတဝိုက်မှာ တိုက်ပွဲဖြစ်နေပြီး
စစ်ကောင်စီတပ်က အတွဲလိုက်ဒုံးတွေနဲ့ပစ်တယ်၊ ဒုံးတပ် (၆၀၆)စခန်းမှာလည်း
တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က Jet Fighter နဲ့
တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင်...

- လားရှိုးဖက်မှာတော့ မနေ့က တိုက်ပွဲငြိမ်နေပြီး ကားလမ်းတွေ ရှင်းနေပြီ၊
မြို့ထဲ အဝင်-အထွက် လုပ်လို့ရနေတယ်လို့ဆို...

- PDF တွေ သိမ်းပိုက်ထားတဲ့ မတ္တရာမြို့နယ် ရေနံ့သာ တိုးဂိတ်ကို
စစ်ကောင်စီက စစ်ကြောင်းထိုးလာစဉ် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီ တပ်သား
အလောင်း (၇) လောင်းနဲ့ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိတယ်လို့ PDF-MDY က
သတင်းထုတ် ပြန်...

- ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း၊ ရှမ်း-မန်း စစ်ဆင်ရေးမှာ
ကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိ စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းက PDF
တပ်ရင်း၊ တပ်ဖွဲ့ဝင် ပါဝင်တိုက်ခိုက်နေတယ်လို့ NUG သတင်းထုတ်ပြန်...

- သံတွဲဖက်မှာတော့ တပ်ဆုတ်လာတဲ့ စစ်ကောင်စီတပ်နဲ့ AA- အာရက္ခတပ်တော်တို့
ဇူလိုင် ၉ ရက် မနက်ပိုင်းက သံတွဲမြို့ လင်းသာကမ်းခြေမှာ
ထိတွေ့မှုဖြစ်ပွားပြီး တိုက်ပွဲပြင်းထန်...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

“မန္တလေး PDF နဲ့ TNLA ရဲ့ပူးပေါင်းဆောင်ရွက်မှုကို အခြားဒေသက ရဲဘော်တွေလည်...


“မန္တလေး PDF နဲ့ TNLA ရဲ့ပူးပေါင်းဆောင်ရွက်မှုကို အခြားဒေသက ရဲဘော်တွေလည်း အလေးထား လေ့လာသင့်တယ်”

- ဦးသန်းစိုးနိုင် (စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ)

(၉ - ၇- ၂၀၂၄)

“၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းမှာ စွမ်းရည်ပြနေတဲ့ မန္တလေး PDF ရဲ့ လုပ်နည်းလုပ်ဟန်တွေကို အခြားဒေသက PDF တွေ အလေးထားလေ့လာသင့်တယ်။ မန္တလေး PDF နဲ့ TNLA ပူးပေါင်းဆောင်ရွက်သလိုမျိုး စစ်ကိုင်းနဲ့ မကွေးဖက်မှာလည်း ဟန်ချက်ညီပေါ်လာဖို့လိုတယ်။ NUG ကပြောနေတဲ့ စစ်ကြောင်းအားလုံး နေပြည်တော်သို့ဆိုတာကို တကယ်ဖြစ်လာအောင် အချိန်ကိုက် လှုပ်ရှားဖို့လိုအပ်တယ်” လို့ စစ်ရေး-နိုင်ငံရေး ဝေဖန်သုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း သီတင်း ၂ ပတ်တာအတွင်း ဘယ်လောက်အထိ အရှိန်ကောင်းနေပြီလဲ။ ပထမ လှိုင်းတုန်းကလို တရုတ်ကကြားဝင်ပြီး အပစ်ရပ်ရေး ထပ်လုပ်ခံရနိုင်သလား... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...

- ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း ၁၄ ရက်အတွင်း ဘယ်လောက်ခရီးရောက်နေပြီလဲ...

- မန္တလေး PDF ရဲ့ စွမ်းရည်ကို အခြားဒေသက ရဲဘော်တွေ လေ့လာသင့်တယ်လို့ ဘာကြောင့်ပြောတာလဲ...

- ဒုတိယလှိုင်းဖြစ်နေတဲ့ နေရာတွေဟာ တရုတ်က လက်လှမ်းမမီတဲ့၊ တရုတ်ပြောရင် ငြိမ်ခံမယ့် နေရာတွေ မဟုတ်တော့ဘူးလား...

- ERO တွေဟာ သူ့ဒေသလွတ်မြောက်ရေးအဆင့်ကနေ နေပြည်တော်သိမ်းနိုင်ရေးအထိ စဉ်းစားလာနေပြီလား...

- စစ်ကောင်းအားလုံးနေပြည်တော်သို့ဆိုတဲ့ လေသံဟာ အခု တကယ်လက်တွေ့ ဖြစ်လာနိုင်ခြေ မြင်နေရပြီလား...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

Monday, July 8, 2024

စဉ့်ကူးက စစ်ကောင်စီစခန်း ၁၁ ခု PDF သိမ်းပိုက် ... လားရှိုးမှာ တိုက်ပွဲ ဆ...


စဉ့်ကူးက စစ်ကောင်စီစခန်း ၁၁ ခု PDF သိမ်းပိုက် ... လားရှိုးမှာ တိုက်ပွဲ ဆက်ပြင်းထန်နေ ... ၁၀၂၇ ဒုတိယလှိုင်း နောက်ဆုံးရသတင်းများ …

(9- 7 -2024)

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း ၁၄ ရက်မြောက်နေ့မှာ မိုးကုတ်၊ မိုးမိတ်၊ နောင်ချိုနဲ့ သီပေါမှာ တိုက်ပွဲပြင်းထန်နေပြီး မိုးမိတ်မှာ စခန်း ၃ ခု သိမ်းလိုက်တယ်လို့ PSLF/TNLA (တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော်) ပြောခွင့်ရ လွေးယေဦးက BNN ကို ပြောပါတယ်။

ဇူလိုင် ၇ ရက် ညနေပိုင်းက သိမ်းပိုက်လိုက်တဲ့ လက်ခုပ်ပင်၊ လက်ခုပ်သံနဲ့ လယ်ကြီး စခန်းရှိ စစ်သားတွေဟာ စကခ ၂၁ လက်အောက်ခံ ခလရ ၂၂၃၊ ၂၇၆ နဲ့ ၃၄၈ တပ်ရင်းက ထုတ်နုတ် အင်အားတွေဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ လေကြောင်းပစ်ကူကို အဓိက သုံးပြီး ခုခံနေတယ်လို့ TNLA က ပြောပါတယ်။

ဒါ့အပြင်...

- လားရှိုးမှာ တိုက်ပွဲ ဆက်ပြင်းထန်နေတဲ့အတွက် ဒေသခံတွေ မြို့ကို စွန့်ခွာထွက်ပြေးနေကြပြီး ထောင်နဲ့ချီတဲ့ ကားတွေ လမ်းကြောင်းပိတ်ဆို့နေ...

- စဉ့်ကူးမြို့နယ်အတွင်းရှိ ပင်လယ်ကြီး တပ်စခန်းအပါအဝင် စခန်း ၁၁ ခုကို သိမ်းပိုက်ခဲ့ပြီး ဗိုလ်မှူးကြီးအဆင့် အပါအဝင် စစ်သုံ့ပန်း ၁၀ ဦးကျော် ဖမ်းမိ၊ လက်နက်များစွာရရှိထားတယ်လို့  PDF- MDY က သတင်းထုတ်ပြန်...

- စစ်ကိုင်းတိုင်း၊ ပုလဲမြို့လယ်ရှိ စစ်ကောင်စီ စုပေါင်းရုံးနဲ့ ရဲစခန်း နေရာတွေကို တော်လှန်ရေးတပ်တွေက တပြိုင်တည်း ဝင်ရောက် တိုက်ခိုက် သိမ်းပိုက်ပြီး ပုလဲမြို့ကို ၂ နာရီကျော် ထိန်းချုပ် နိုင်ခဲ့...

- FFD (Force for Federal Democracy) အဖွဲ့ဟာ Drone အဖွဲ့ အပြင် မြေပြင် ချေမှုန်းရေး တပ်ဖွဲ့တွေလည်းရှိပြီး ကရင်ပြည်နယ်က ဖာပွန် မြို့သိမ်း စစ်ဆင်ရေးမှာ ရှေ့ဆုံးကနေ ပါဝင်တိုက်ခိုက်နေတယ်လို့ သတင်းထုတ်ပြန်...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

Sunday, July 7, 2024

သံတွဲ-ငပလီ လေဆိပ်ကို AA သိမ်းပိုက်... လားရှိုးက တပ်ရင်းနှစ်ခု MNDAA သိမ်...


သံတွဲ-ငပလီ လေဆိပ်ကို AA သိမ်းပိုက်... လားရှိုးက တပ်ရင်းနှစ်ခု MNDAA သိမ်းပိုက် ... ၁၀၂၇ ဒုတိယလှိုင်း နောက်ဆုံးရ သတင်းများ … 

(၈- ၇ -၂၀၂၄)

ရခိုင်ပြည်နယ်၊ အမ်းမြို့က တောဟိန်းတောင် ဗျူဟာနဲ့ သံတွဲမြို့က မဇင် လေဆိပ် အပါအဝင် အရေးကြီးနေရာ အတော်များများကို သိမ်းပိုက်ထားပြီလို့ AA (အာရက္ခတပ်တော်) က သတင်းထုတ်ပြန်ပါတယ်။

ဇွန် ၂၃ မှာ တောဟိန်းတောင် ဗျူဟာကို သိမ်းမိပြီး ၂ လကျော် ထိုးစစ်ဆင်ခဲ့ရတယ်လို့ ဆိုပါတယ်။ အဲဒီနောက် အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ဝိုင်းရံ ပိတ်ဆို့ ဖြတ်တောက်ပြီး ထိုးစစ်ဆင်နေတယ်လို့ ဖော်ပြပါတယ်။

သံတွဲက ငပလီ မဇင် လေဆိပ်ကို ဇူလိုင် ၅ ရက်မှာ ထိန်းချုပ်နိုင်ခဲ့ပြီး လေဆိပ်အနီးက ခမရ  ၅၆၆ တပ်ရင်းကို ဇွန် ၂၇ မှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ သံတွဲဒေသ တိုက်ပွဲအတွင်း စစ်ကောင်စီ စစ်သား အလောင်း ၄၀၀ ကျော်၊ လက်နက်ခဲယမ်း အများအပြားကို သိမ်းဆည်းရမိတယ်လို့လည်း ဖော်ပြပါတယ်။

မောင်တောဒေသ နခခ ၂ (အမှတ် ၂ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ) စခန်းကို ဇူလိုင် ၆ ရက်မှာ သိမ်းပိုက်ပြီး စစ်ကောင်စီဘက်က အလောင်း ၃၅၀ ကျော်၊ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင် ပစ္စည်း အများအပြားသိမ်းမိတယ်လို့လည်း ဖော်ပြပါတယ်။

သံတွဲ တိုက်ပွဲဟာ အပြင်းထန်ဆုံး ဖြစ်နေပြီး ရခိုင်ပြည်အတွင်းက လက်နက်မချဘဲ ခုခံနေတဲ့ စစ်ကောင်စီ တပ်ရင်းတပ်ဖွဲ့ အားလုံးကို ချေမှုန်းသွားမယ်လို့ AA ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင်...

- လားရှိုးမြို့ ရှိ ခမရ ၅၀၇ နဲ့ ခလရ ၂၉၁ တပ်ရင်းတို့ကို MNDAA နဲ့ မဟာမိတ် ပူးပေါင်းတပ်က သိမ်းပိုက်...

-  မိုးမိတ်၊ နောင်ချိုနဲ့ ကျောက်မဲမှာ တိုက်ပွဲ ဆက်လက်ပြင်းထန်နေတယ်လို့ PSLF/ TNLA (တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်) က သတင်းထုတ်ပြန်...

- မတ္တရာမြို့နယ်အတွင်းရှိ စစ်ကောင်စီ တပ်စခန်းနဲ့ ရဲစခန်းပေါင်း ၂၅ ခုကို သိမ်းပိုက်နိုင်ခဲ့ပြီး ၁၂၀ မမ စိန်ပြောင်းအပါအဝင် လက်နက်မျိုးစုံ ရာနဲ့ချီ သိမ်းမိတဲ့အပြင် စစ်သုံ့ပန်းတွေလည်း ဖမ်းမိထားတယ်လို့ PDF -MDY (ပြည်သူ့ကာကွယ်ရေးတပ်မတော် - မန္တလေး) က သတင်းထုတ်ပြန်...

- ကေအန်ယူ (ကရင်အမျိုးသားအစည်းအရုံး)၊  ကော်သူးလေ အုပ်ချုပ်နယ်မြေ၊ မူတြော်ခရိုင်ကို  ခမရ ၅၉၉ တပ်ရင်းကနေ  လက်နက်ချ အလင်းဝင်လာတဲ့ စစ်သား ၂ ဦးကို ဂုဏ်ပြုငွေ ပေးအပ်...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

“ထွက်ပေါက်ရလိုရငြား တရားအားထုတ်ပြီး တရုတ်ဆီပြေးကပ်တဲ့သဘောပါပဲ”


“ထွက်ပေါက်ရလိုရငြား တရားအားထုတ်ပြီး တရုတ်ဆီပြေးကပ်တဲ့သဘောပါပဲ”

- ဦးစိန်ဌေး (စီးပွားရေး ဝေဖန်သုံးသပ်သူ)

(၇- ၇- ၂၀၂၄)

“စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး အဖက်ဖက်မှာ အရှုံးနဲ့ရင်ဆိုင်နေရတဲ့
စစ်ကောင်စီဟာ ထွက်ပေါက်ရလိုရငြား တရုတ်ဆီပြေးကပ်ရတဲ့သဘောဖြစ်တယ်။
နယ်စပ်ဒေသကို တရုတ်က ဖိအားပေးမှုလုပ်ကောင်းလုပ်နိုင်မှာဖြစ်ပေမယ့်
အညာဒေသကို ဖိအားပေးနိုင်မယ်မထင်ဘူး” လို့ စီးပွားရေး ဆန်းစစ်ဝေဖန်သူ
ဦးစိန်ဌေးက ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယ လှိုင်းစတင်ချိန်မှာ သမ္မတဟောင်း ဦးသိန်းစိန်
တရုတ်နိုင်ငံကိုသွားတဲ့သတင်းနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော်
မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာ...

- စစ်ဗိုလ်ချုပ်တွေက ပညာရှင်တွေ၊ ပညာတတ်တွေကို ဘာကြောင့် မလိုလားတာလဲ...

- သမ္မတဟောင်း ဦးသိန်းစိန်ရဲ့ တရုတ်ခရီးစဉ်က ဘာတွေထူးခြားလာနိုင်သလဲ...

- နိုင်ငံတကာ အကူအညီထင်သလောက်မရတာ တရုတ်က စစ်ကောင်စီနောက်မှာ
ရပ်တည်ပေးတဲ့သဘောမျိုး လုပ်နေတာကြောင့်လား...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

Saturday, July 6, 2024

“စစ်ကောင်စီဥက္ကဌရဲ့ စီးပွားရေးစီမံခန့်ခွဲနိုင်မှုစွမ်းရည်က ကုဋေ ၈၀ သူဌေး...


“စစ်ကောင်စီဥက္ကဌရဲ့ စီးပွားရေးစီမံခန့်ခွဲနိုင်မှုစွမ်းရည်က ကုဋေ ၈၀ သူဌေးသားလိုဖြစ်နေတယ်”

- ဦးစိန်ဌေး (စီးပွားရေး ဝေဖန်သုံးသပ်သူ)

(၆- ၇- ၂၀၂၄)

“သေနတ်ပြ အမိန့်ပေးပြီး ကုန်ဈေးနှုန်းကျအောင် လုပ်လို့မရဘူးဆိုတာကို ဒီစစ်ဗိုလ်တွေ အခုထိ သဘောမပေါက်သေးဘူး။ လက်ရှိ စစ်ကောင်စီဥက္ကဌရဲ့ စီးပွားရေးစီမံခန့်ခွဲနိုင်မှုစွမ်းရည်က ကုဋေ ၈၀ သူဌေးသား ပုံပြင်ထဲကလို သူဌေးဘဝကနေ ကုန်းကောက်စရာမရှိအောင်ကို ဆင်းရသွားရတဲ့ အခြေနေဆီ ဦးတည်နေတယ်” လို့ စီးပွားရေး ပညာရှင် ဦးစိန်ဌေးက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းဖြစ်ပေါ်ခဲ့တဲ့ ဆန်ကုန်သည်တွေကို ဖမ်းဆီးတာ၊ ဘဏ်ပိုင်ရှင်တွေကို သတိပေးတာ အပါဝင် နောက်ဆုံးဖြစ်ပေါ်နေတဲ့ စီးပွားရေး စီမံခန့်ခွဲမှုအလွဲများ နဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ...

- ဆန်ကုန်သည်တွေကို ဖမ်းဆီးခြင်းက  သမဝါယမဆိုင် တန်းစီစနစ်ဆီ ပြန်သွားမယ့် ခြေလှမ်းလား...

- ဘဏ်တွေကို သတိပေးခြင်းရဲ့ အကျိုးဆက်က ဘာတွေဖြစ်လာနိုင်သလဲ...

- စစ်ကောင်စီဥက္ကဌရဲ့ စီးပွားရေးစီမံခန့်ခွဲနိုင်မှုစွမ်းရည်ကို ဘာကြောင့် ကုဋေ ၈၀ သူဌေးသားနုဲ့ နှိုင်းယှဉ်ပြောရတာလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(သမ္မတဟောင်း ဦးသိန်းစိန်ရဲ့ တရုတ်ခရီးစဉ်ကနေ စီးပွားရေးအကူအညီ တခုခု ရလာနိုင်သလား... ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

Friday, July 5, 2024

မိုးကုတ်က ဆုတ်ခွာစဉ် ဘဏ်ကငွေတွေ စစ်ကောင်စီခိုးယူ... ပျုစောထီးတွေ လက်နက်ခ...


မိုးကုတ်က ဆုတ်ခွာစဉ် ဘဏ်ကငွေတွေ စစ်ကောင်စီခိုးယူ... ပျုစောထီးတွေ လက်နက်ချဖို့ PDF သတိပေး... နောက်ဆုံးရ တိုက်ပွဲသတင်းများ

(၆- ၇- ၂၀၂၄)

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း၊ ၁၁ ရက် မြောက်နေ့မှာ နောင်ချို ၆၀၆ ဒုံးတပ်ရင်းနဲ့ မိုးမိတ်က လယ်ကြီး၊ လက်ခုပ်ပင်နဲ့ လက်ခုပ်သာရွာ အနီးရှိ စစ်ကောင်စီ တပ်ရင်း ၃ ခုမှာ တိုက်ပွဲပြင်းထန်နေတယ်လို့ PSLF/ TNLA တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်တော် ပြောခွင့်ရက BNN ကိုပြောပါတယ်။

နောင်ချိုက ၆၀၆ ဒုံးတပ်ရင်းကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်ဖို့ ပြင်နေစဉ် ဇွန် ၄ ရက် မွန်းလွဲပိုင်းမှာ စစ်ကောင်စီ လေတပ်က အဆိပ်ငွေ့ဗုံး ကြဲချတဲ့အတွက် ရဲဘော်အချို့ ဆေးကုသမှုခံယူနေရတယ်လို့ TNLA ပြောခွင့်ရ လွေးယေဦးက ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ စတင်တဲ့နေ့ကတည်းက ဒီ ၆၀၆ ဒုံးတပ်ရင်းကို တိုက်ခိုက်နေတာဖြစ်ပြီး စစ်ကောင်စီဖက်ကလည်း အပြင်းအထန် ခုခံနေတဲ့အတွက် ဒီနေ့အထိ မသိမ်းနိုင်သေးပဲ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပါတယ်။

တချိန်တည်းမှာပဲ တော်လှန်ရေးတပ်တွေက သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့အနောက်ပိုင်းအခြေအနေ ဓာတ်ပုံ-ဗီဒီယို မှတ်တမ်းကို TNLA က ထုတ်ပြန်ထားတာ တွေ့ရပါတယ်။ 

အဲဒီ မိုးကုတ်အနောက်ပိုင်း သိမ်းပိုက်နယ်မြေ စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်တွေဟာ ဘဏ်ငွေရှိတဲ့နေရာမှာ ခိုလှုံခဲ့ပြီးနောက် KBZ ဘဏ်နဲ့ CB ဘဏ်က ငွေသားနဲ့ ကျောက်မျက်ရတနာ ခန့်မှန်း တန်ဖို့း ကျပ်သိန်းပေါင်း ၂ သောင်းခန့် ဖောက်ထွင်းခိုးယူသွားတဲ့ အထောက်အထား တွေ့ရတယ်လို့လည်း လွေးယေဦးက ဆက်ပြောပြပါတယ်။

ဒါ့အပြင်...

- လားရှိုးမြို့မှာ တိုက်ပွဲ ဆက်ဖြစ်နေပြီး မြို့ခံ အတော်များများ မြို့ကို စွန့်ခွာ ထွက်ပြေးနေ...

- မတ္တရာမြို့နယ်နဲ့ စဉ့်ကူးမြို့နယ်ရှိ ပျူစောထီးတွေ အားလုံး အမြန်ဆုံး လက်နက်ချ အလင်းဝင်ပြီး ပြည်သူ့ရင်ခွင် ခိုလှုံကြဖို့ PDF-MDY ပြည်သူ့ကာကွယ်ရေးတပ်မတော်- မန္တလေးက သတိပေး...

-  ရွာငံမြို့နယ်၊ ရေချမ်းရွာဖက် ရောက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ဒေသခံ တော်လှန်ရေးတပ်တွေက ကြားဖြတ် တိုက်ခိုက်တဲ့အတွက် စစ်ကောင်စီဖက်က ၁၀ ဦးကျော် သေဆုံးပြီး လက်နက်ငယ် ၆ လက် သိမ်းမိ...

- ကော့ကရိတ်ကနေ မြဝတီကို  စစ်ကူတက်ဖို့ ကြိုးစားနေဆဲဖြစ်တဲ့ အောင်ဇေယျစစ်ကြောင်းရဲ့ နောက်တန်းနေရာကို ဇွန် ၅ ရက် မနက်ပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ KNLA -ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် စစ်ရုံးချုပ်က သတင်းထုတ်ပြန်...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

Thursday, July 4, 2024

မိုးမိတ် ရွှေသာယာစခန်းကို TNLA သိမ်းပိုက်... လွိုင်ကော်မှာ တိုက်ပွဲပြင်း...


မိုးမိတ် ရွှေသာယာစခန်းကို TNLA သိမ်းပိုက်... လွိုင်ကော်မှာ တိုက်ပွဲပြင်းထန်... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(5-7-2024)

၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) (၁၀)ရက် မြောက်နေ့မှာ မိုးမိတ်မြို့က ရွှေသာယာ တပ်စခန်းကို TNLA/ PSLF တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်က သိမ်းပိုက်ပြီး နောင်ချိုမြို့က ဒုံးတပ် (၆၀၆) မှာ တိုက်ပွဲပြင်းထန်နေတယ်လို့ သတင်းထုတ်ပြန်ပါတယ်။

မိုးမိတ်မြို့က ရွှေသာယာ တပ်စခန်းသိမ်းပွဲမှာ TNLA၊ နဲ့အတူ PDF (မိုးကုတ်ဗျုဟာ) ပါဝင်တယ်လို့ ဖေါ်ပြပါတယ်။ နောင်ချိုက ဒုံးတပ် (၆၀၆)ကိုတော့ TNLA နဲ့အတူ DPLA၊ (ဓနုအမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ MDY-PDF မန္တလေးတိုင်း PDF တပ်တွေက ပူးတွဲ တိုက်ခိုက်နေတာဖြစ်ပါတယ်။

စစ်ကောင်စီဖက်ကလည်း လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူတွေနဲ့ အသေအလဲ ခုခံနေပြီး တရက်တည်းမှာတင် လေယာဉ်က ၁၅ ကြိမ် ဗုံးကြဲတယ်လို့ဆိုပါတယ်။ 

တချိန်တည်းမှာပဲ သီပေါမြို့နယ် ဒုဌဝတီ တံတားအနီးရှိ စစ်ကောင်စီတပ်စခန်းကို ညနေပိုင်းမှာ TNLA က ဝင်ရောက်တိုက်ခိုက်ပြီး မိုင်းရယ်နဲ့ တန့်ယန်းမြို့နယ်မှာလည်း တိုက်ပွဲဖြစ်နေတယ်လို့ ဖေါ်ပြပါတယ်။

လားရှိုးမြို့မှာလည်း တိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီရဲ့ လက်နက်ကြီး ဒဏ်ကြောင့် နောက်ထပ် အရပ်သား (၆) ဦး ထပ်မံသေဆုံးပြီး (၁၀) ဦး ထိခိုက်ဒဏ်ရာရတယ်လို့လည်း ဖေါ်ပြထားပါတယ်။

ဒါ့အပြင်...

- လားရှိုးက စစ်ကောင်စီ တပ်စခန်းတွေကို MNDAA ဦးဆောင်တဲ့ မဟာမိတ်တပ်တွေက ဆက်ပြီး ထိုးစစ်ဆင်နေ...

- မန္တလေး-မိုးကုတ် လမ်းပေါ်က လက်ပန်လှ ရွာကို စစ်ကောင်စီလေယာဉ်က ဗုံးကြဲလို့ အရပ်သား ထိခိုက်မှုရှိ...

- လွိုင်ကော်မြို့ မှာ ဇူလိုင် ၄ ရက် မနက်ပိုင်းကစပြီး တိုက်ပွဲပြန်ဖြစ်နေ...

- ဇွန်လအတွင်း တိုက်ပွဲပေါင်း (၁၂၀) ကျော် ဖြစ်ပွားပြီး စစ်ကောင်စီဖက်က (၆၀) ကျော်သေဆုံး၊ ၁၉ ဦး ဒဏ်ရာရတယ်လို့ KNLA - တပ်မဟာ (၅) က ထုတ်ပြန်...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

Wednesday, July 3, 2024

လားရှိုးက စစ်ကောင်စီစခန်း MNDAA တိုက်ခိုက်... စဉ့်ကူးမြို့နယ်က စစ်တပ်စခန...


လားရှိုးမြို့က စစ်ကောင်စီစခန်းကို MNDAA တိုက်ခိုက်... စဉ့်ကူးမြို့နယ်က စစ်တပ်စခန်းတွေကို PDF သိမ်းပိုက် ...နောက်ဆုံးရ တိုက်ပွဲသတင်းများ

(၄- ၇ - ၂၀၂၄)

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်အတွင်းရှိ စစ်ကောင်စီစခန်း ၆ ခုကိုသိမ်းပိုက်ပြီး လက်နက်မျိုးစုံ (၄၀)ကျော်နဲ့ စစ်သုံ့ပန်း ၁၀ ကျော် ဖမ်းမိထားတယ်လို့ PDF-MDY ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က သတင်းထုတ်ပြန်ပါတယ်။

“၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂)” မှာ PDF-MDY က ဟန်ချက်ညီပါဝင်နေပြီး သိမ်းမိစခန်း ၆ ခုကတော့ ဒိုးနွယ်ရွာ တပ်စခန်း၊ နမ့်ဟပ်ရွာ တပ်စခန်း၊ မာလဲဆည် ရှင်းလင်းဆောင် တပ်စခန်း၊ ရွှေမာလဲစေတီ တပ်ခစန်း၊ ရွာတော်လေး တပ်စခန်းနဲ့  နွယ်ရုံ ရဲစခန်းတို့ဖြစ်ပါတယ်။

သိမ်းမိလက်နက်တွေထဲမှာတော့ ၆၀ မမ အပါဝင် လက်မျီုးစုံ ၄၀ ခန့်ကို ဓာတ်ပုံမှတ်တမ်းထဲ တွေ့ရပါတယ်။ စစ်သုံ့ပန်း ၁၃ ဦး ဖမ်းမိထားတယ်လို့လည်း ဆိုပါတယ်။ ဒီစစ်ဆင်ရေးမှာ PDF-MDY ကို စဉ့်ကူးမြို့နယ် ပကဖ က ထောက်ပို့ဆိုင်ရာကိစ္စရပ်တွေမှာ ကူညီနေတယ်လို့ ဖေါ်ပြပါတယ်။

မတ္တရာမြို့နယ်တွင်းက စစ်ကောင်စီစခန်းတွေ၊ လက်နက်တွေကို ရာနဲ့ချီသိမ်းမိကြောင်း တနေ့ ကြေညာပြီးနောက် အခု ဆက်တိုက် စဉ့်ကူးမြို့နယ်က စခန်းသိမ်းပွဲတွေအကြောင်း PDF-MDY က ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

ဒါ့အပြင်...

- စစ်ပွဲမှာ အထိနာနေတဲ့ စစ်ကောင်စီဖက်က လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူတွေ
အသုံးများလာတဲ့အတွက် စစ်ဆင်ရေး ၈ ရက်တာအတွင်း စစ်ကောင်းစီရဲ့ ဗုံးထိလို့ သေဆုံးတဲ့အရပ်သား ၂၅ ဦးကျော်လာ...

- လားရှိုးမြို့မှာ ဇူလိုင် ၃ ရက် မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ် MNDAA တို့ကြား တိုက်ပွဲဖြစ်နေတာကြောင့် မြို့အဝင်-အထွက်လမ်းတွေ၊ လေယာဉ်နဲ့ ဘတ်စ်ကား လိုင်းတွေကိုပါ ပိတ်ထား...

- ထားဝယ် -သရက်ချောင်း လမ်းပိုင်းမှာ ပျူစောထီးတွေ လိုက်ပါလာတဲ့ယဉ်တန်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်...

- စစ်ကောင်စီဖက်က ဗိုလ်မှူး (၁) ဦးအပါအဝင် တပ်သားနဲ့ ရဲသား (၄၃) ဦး ဇွန်လ အတွင်း ပြည်သူ့ရင်ခွင် ခိုလှုံလာတယ်လို့ NUG က ထုတ်ပြန်...

... စတဲ့သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

“ကိုယ့်ဒေသ လွတ်မြောက်ရေးအဆင့်ကနေ စစ်ကောင်စီပြုတ်ကျမှဖြစ်မယ်ဆိုတဲ့အဆင့်ထိ...


“ကိုယ့်ဒေသ လွတ်မြောက်ရေးအဆင့်ကနေ စစ်ကောင်စီပြုတ်ကျမှဖြစ်မယ်ဆိုတဲ့အဆင့်ထိ ERO တွေဘက်က မျှော်လင့်ရဲလာတဲ့သဘောဖြစ်တယ်”

- ဆလိုင်းယောမာန် - (ပြောခွင့်ရပုဂ္ဂိုလ် - မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့)

(၃- ၇- ၂၀၂၄)

“၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ ကို ပြန်လည်စတင်နိုင်ခြင်းဟာ ERO (တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များ) တွေဘက်က ကိုယ့်ဒေသတခုတည်း လွတ်မြောက်ရေး စဉ်းစားချက်အဆင့်ကနေ စစ်ကောင်စီပြုတ်ကျမှ မြန်မာပြည်အနာဂတ်အဆင်ပြေမယ်ဆိုတဲ့ အဆင့်အထိ မျှော်လင့်ရဲလာတဲ့သဘောဖြစ်တယ်” လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဆလိုင်းယောမာန်က ပြောပါတယ်။

ချင်းညီနောင်အဖွဲ့ရဲ့ မတူပီမြို့သိမ်းတိုက်ပွဲအခြေအနေ၊ အရှေ့မြောက်ဒေသမှာ ပြန်အားကောင်းလာတဲ့ ၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ အခြေအနေ၊ အလယ်ပိုင်းဒေသက PDF တွေရဲ့ စွမ်းရည်မြင့်မားလာမှု အခြေအနေတွေနဲ့ပတ်သက်ပြီး... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်မယ့် မေးမန်းချက် ဒုတိယ ပိုင်းမှာ...

- ၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ ပြန်လည် စတင်ခြင်းက စစ်ရေး- နိုင်ငံရေးအရ ဘယ်လိုအရေးပါသလဲ...

- ERO တွေနဲ့  PDF တွေရဲ့ ပူးပေါင်းဆောင်ရွက်မှု ဘယ်လောက်အထိ အားကောင်းလာနေပြီလဲ...

- အခုချိန်ဟာ စစ်ကောင်စီအလွန်ခေတ်ကို ရဲရဲကြီး မျှော်လင့်လို့ရနေတဲ့ အနေအထား ရောက်လာပြီလား...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

Tuesday, July 2, 2024

လေကြောင်းရန်ကာကွယ်ရေးတပ် အပါဝင် တပ်စခန်း ၈ ခု PDF-MDY သိမ်းပိုက်... ရေး-...


လေကြောင်းရန်ကာကွယ်ရေးတပ် အပါဝင် တပ်စခန်း ၈ ခု PDF-MDY သိမ်းပိုက်... ရေး-ထားဝယ်ကားလမ်းတိုက်ပွဲ စစ်ကောင်စီ အကျအဆုံးများ ... နောက်ဆုံးရ တိုက်ပွဲသတင်းများ

(၃- ၇- ၂၀၂၄)

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်းရှိ (၁၀၁၄) လေကြောင်းရန်ကာကွယ်ရေး အင်ကြင်းမြိုင်တပ်စခန်းအပါဝင် စစ်ကောင်စီ တပ်စခန်း ၈ ခု၊ လက်နက်မျိုးစုံ ၁၀၀ ကျော်၊ စစ်သုံ့ပန်း ၆၀ ကျော် သိမ်းပိုက်မိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) PDF- MDY က သတင်းထုတ်ပြန်ပါတယ်။

“၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂)”မှာ   PDF-MDY က ဟန်ချက်ညီညီ တိုက်ပွဲဝင်နေပြီး နောင်ချို ၊ မိုးကုတ် ၊ ကျောက်မဲနဲ့ မတ္တရာ စစ်မျက်နှာတွေမှာ စစ်ဆင်ရေးဖေါ်ဆောင်နေပါတယ်။ အခု စစ်ဆင်ရေး ပထမ သီတင်းပတ်ရဲ့ ထူးခြားချက်တွေကို လူထုထံ အသိပေးတာလို့ ဖေါ်ပြပါတယ်။

သိမ်းမိစခန်းတွေကတော့ မတ္တရာမြို့နယ်အတွင်းရှိ (၁၀၁၄)လေကြောင်းရန်ကာကွယ်ရေး အင်ကြင်းမြိုင်တပ်စခန်း ၊ ဆည်တော် တပ်စခန်း၊ ပန်းသလဲတောင် တပ်စခန်း ၊ ရေစိုတောင် တပ်စခန်း ၊ နေကျော်တောင် တပ်စခန်း၊ ရွှေပုထိုး တပ်စခန်း ၊ ကျောက်ခလုတ် တပ်စခန်းနဲ့  Alpha ဘိလပ်မြေစက်ရုံ စိုးမိုးကုန်းဖြစ်တဲ့ မြေနီတောင် တပ်စခန်းတို့ဖြစ်ပါတယ်။

စစ်ပွဲအတွင်း ဖမ်းဆီးရမိစစ်သုံ့ပန်းနဲ့ လက်နက်ချအညံ့ခံသူ (၆၄)ဦးကို အရှင်ဖမ်းဆီးရမိခဲ့ပြီး တပ်မိသာစုဝင် အမျိုးသမီး ၊ သက်ကြီးရွယ်အိုနဲ့ ကလေးသူငယ် စုစုပေါင်းက (၁၁၇)ဦးရှိတယ်လို့ ဆိုပါတယ်။

မတ္တရာမြို့နယ် စစ်ဆင်ရေးအတွင်း သိမ်းမိလက်နက်ကတော့ ၈၁ မမ၊ ၆၀ မမ၊ RPG
ပါဝင် လက်နက်မျိုးစုံ ၁၂၅ လက်ဖြစ်တယ်လို့ ဓာတ်ပုံမှတ်တမ်းနဲ့တကွ ဖါ်ပြထားပါတယ်။ ဒီစစ်ဆင်ရေးမှာ PDF- MDY နဲ့အတူ ဒေသခံအဖွဲ့အစည်းဖြစ်တဲ့ မတ္တရာမျိုးမှန်တပ်ဖွဲ့၊ SSTF တပ်ဖွဲ့တို့လည်း ပူးပေါင်းပါဝင် တိုက်ခိုက်နေတယ်လို့ ဖေါ်ပြထားပါတယ်။

ဒါ့အပြင်...

- ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂)၊ (၈)ရက်မြောက်နေ့မှာ နောင်ချိုမြို့နယ်မှာ တိုက်ပွဲပြင်းထန်နေပြီး ဒုံးတပ်ရင်း (၆၀၆) တပ်စခန်းကို ထိုးစစ်ဆင်နေတယ်လို့ PSLF/ TNLA က သတင်းထုတ်ပြန်...

- ပင်လောင်းနဲ့ ဖယ်ခုံမြို့နယ်စပ်ရှိ ဆောင်းပြောင်းကျေးရွာမှာ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဖက်က အကျအဆုံးများကာ တော်လှန်ရေးတပ်တွေက လက်နက်ငယ်အချို့ သိမ်းမိ...

- ရေး-ထားဝယ် ကားလမ်းပေါ်မှာဖြစ်ပွားတဲ့ ဇွန်လ တိုက်ပွဲအတွင်း စစ်ကောင်စီဖက်က တပ်ရင်းမှူးအပါဝင် ၅၀ ခန့်သေဆုံးတယ်လို့ ဒေါန စစ်ကြောင်းက သတင်းထုတန်ပြန်...

- သံတွဲနဲ့ ငပလီမှာ တိုက်ပွဲပြင်းထန်နေတာတာကို အခွင့်ကောင်းယူပြီး မသမာသူ အုပ်စုတစ်စုက ULA/AA နာမည်ကိုအသုံးပြုကာ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းရှင်တွေထံကနေ အတင်းအဓမ္မ ငွေလိမ်လည် တောင်းခံနေဟု AA သတိပေး...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

Monday, July 1, 2024

စစ်ကောင်စီစခန်း ၃၂ ခု၊ လက်နက်မျိးစုံ ၅၀၀ ကျော်ကို TNLA သိမ်းပိုက်... မတူ...


စစ်ကောင်စီစခန်း ၃၂ ခု၊ လက်နက်မျိးစုံ ၅၀၀ ကျော်ကို TNLA သိမ်းပိုက်... မတူပီမြို့သိမ်းတိုက်ပွဲမှာ သိမ်းမိတဲ့ ရာနဲ့ချီတဲ့ လက်နက်တွေ ချင်းညီနောင် ထုတ်ပြန်... နောက်ဆုံးရ တိုက်ပွဲသတင်းများ

(၂- ၇- ၂၀၂၄)

၁၀/၂၇ စစ်ဆင်ရေး အပိုင်း ၂၊ ၇ ရက်မြောက်နေ့မှာ မိုးကုတ်မြို့ အနောက်ပိုင်းမှာ လက်နက် ၄၀ ကျော်နဲ့အတူ စစ်သုံ့ပန်း ၁၅ ဦး ဖမ်းဆီးရမိတယ်လို့ PSLF/ TNLA (တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်) ပြောခွင့်ရက BNN ကို ပြောပါတယ်။

နောင်ချိုက ၆၀၆ တပ်ရင်း၊ ကျောက်မဲက ၅၀၁၊ ၅၀၂ တပ်ရင်းနဲ့ မိုးမိတ်က စခန်းတွေကို သိမ်းနိုင်ဖို့ ဆက်လုပ်နေပြီး တိုက်ပွဲကာလ ၇ ရက်အတွင်း စစ်ကောင်စီစခန်း ၃၂ ခု၊ လက်နက်မျိးစုံ ၅၀၀ ကျော်ကို သိမ်းထားနိုင်ပြီလို့ TNLA ပြောခွင့်ရ လွေးယေဦးက ပြောပါတယ်။

၁၀၂၇ အပိုင်း ၂ မှာ မဟာမိတ် တပ်တွဖြစ်တဲ့ PDF (မိုးကုတ်ဗျူဟာ)၊ PDF(513)၊ MDY-PDF, DPLA (ဓနုအမျိုးသားလွတ်မြောက်ရေးတပ်မတော်)၊  PLA (ပြည်သူ့လွတ်မြောက်ရေးတပ်မတော်) တို့ ပါဝင်တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဘက်ကတော့ လေကြောင်းပစ်ကူ သုံးနေပြီး အရပ်သား ပစ်မှတ်တွေကို ဦးတည် တိုက်ခိုက်နေတယ်။ ကျောက်မဲမြို့မှာဆိုရင် ပေါင် ၅၀၀ ဗုံး ကြဲချတဲ့အတွက် ဟိုတယ် အပါအဝင် လူနေအိမ် ၂၀ ခန့် ပျက်စီးပြီး အရပ်သား ၅ ဦးထက်မနည်း ဒဏ်ရာရတယ်လို့ လွေးယေဦးက  ဆက်ပြောပါတယ်။

ဒါ့အပြင် ကျောက်မဲမြို့၊ ရပ်ကွက် ၉ ရှိ ဆီဆိုင်ပေါ်  ဗုံးကျတဲ့အတွက် ဓတ်ဆီဆိုင် မီးလောင်နေတဲ့ ဓာတ်ပုံတွေကိုလည်း တွေ့ရပါတယ်။ နောင်ချိုမြို့ မီးသတ်ရုံး အနီးမှာလည်း ပေါင် ၅၀၀ ဗုံး ထိတဲ့အတွက် အိမ် ၈ လုံးထက် မနည်း ပျက်စီးတယ်လို့ TNLA ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒ့ါအပြင်...

- အောင်လံမြို့အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ကြားဖြတ် တိုက်ခိုက်တဲ့အတွက် စစ်သား ၁၀ ဦးခန့် သေဆုံး...

- ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) တပ်ရင်း ၃ ရဲ့  ၆ လတာ စစ်ဆင်ရေးအတွင်း စစ်ကောင်စီဘက်က ၂၇၃ ဦး သေဆုံးပြီး ၁၅၁ ဦး ထိခိုက် ဒဏ်ရာရတယ်လို့ KNU (ကရင်အမျိုးသားအစည်းအရုံး - ဗဟို) က သတင်းထုတ်ပြန်...

- တရုတ် စီးပွားရေးလုပ်ငန်းတွေရှိတဲ့ ကျောက်ဖြူမြို့ကို စစ်ကောင်စီက စစ်အင်အား ဖြည့်တင်းနေ...

- မတူပီ မြို့သိမ်းတိုက်ပွဲက ရှရိတဲ့ လေယာဉ်ပစ် လက်နက်အပါဝင် ရာနဲ့ချီတဲ့ သိမ်းမိလက်နက် မှတ်တမ်းဓာတ်ပုံကို ချင်းညီနောင် စစ်ဆင်ရေး (Operation CB) က ထုတ်ပြန်...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

“မတူပီမြို့သိမ်းတိုက်ပွဲဟာ တပ်ရင်းအဆင့်၊ ဗျုဟာအဆင့်ကို သိမ်းနိုင်တာဖြစ်လ...


“မတူပီမြို့သိမ်းတိုက်ပွဲဟာ တပ်ရင်းအဆင့်၊ ဗျုဟာအဆင့်ကို သိမ်းနိုင်တာဖြစ်လို့ အရေးကြီးတဲ့ တိုးတက်မှုဖြစ်ပါတယ်”

- ဆလိုင်းယောမာန် (ပြောခွင့်ရပုဂ္ဂိုလ် - ချင်းညီနောင်)

(၁- ၇ -၂၀၂၄)

“မတူပီမြို့ရှိ စစ်ကောင်စီတပ်ရင်း ၂ ခုနဲ့ စစ်ဗျုဟာတခုကို သိမ်းပိုက်နိုင်ခြင်းဟာ ချင်းပြည်နယ်အတွင်း ပထမ ဆုံးအကြိမ် တပ်ရင်းအဆင့်၊ ဗျုဟာအဆင့်ကို သိမ်းနိုင်တာဖြစ်တဲ့အတွက် အရေးပါတဲ့ တိုးတက်မှုဖြစ်တယ်။ ချင်းပြည်နယ်မှာ စစ်ကောင်စီကင်းစင်ရေးအတွက် အရှိန်မြှင့်ဆောင်ရွက်သွားမှာဖြစ်တယ်” လို့ ချင်းညီနောင်အဖွဲ့ ပြောခွင့်ရနဲ့ မင်းတပ်မြို့နယ် ပအဖ ပြောခွင့်ရ ဆလိုင်းယောမာန်က ပြောပါတယ်။

ဇွန် ၂၉ မှာ သိမ်းပိုက်လိုက်တဲ့ မတူပီမြို့သိမ်းတိုက်ပွဲအကြောင်း BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ...

- မတူပီမြို့သိမ်းတိုက်ပွဲမှာ ဘယ်လိုထူးခြားချက်တွေ တွေ့မြင်ရသလဲ...

- စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်ရေးအခြေအနေ လုံး၀ ကျဆင်းသွားပြီလား...

- မတူပီ ဗျုဟာအောက်မှာ တခုတည်းကျန်နေတဲ့ မင်းတပ်က ခလရ ၂၇၄ ဘာဆက်ဖြစ်နိုင်သလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂- ပြန်လည်စတင်နိုင်ခြင်းက တနိုင်ငံလုံးရှိ တော်လှန်ရေးအင်အားစုတွေကို ဘယ်လိုခွန်အားဖြစ်စေသလဲ... ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

Share

Twitter Delicious Facebook Digg Stumbleupon Favorites More