Wednesday, November 30, 2022

“နိုင်ငံတကာ အစိုးရတွေအပြင် နိုင်ငံတကာရောက် မြန်မာမိသားစုတွေရဲ့ အကူအညီကလည...


“နိုင်ငံတကာ အစိုးရတွေရဲ့ အသိအမှတ်ပြုမှုအပြင် နိုင်ငံတကာရောက် မြန်မာမိသားစုတွေရဲ့ အကူအညီကလည်း အရမ်းအရေးကြီးပါတယ်”

(ဦးမောင်မောင်မြင့် - နော်ဝေနိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ်)

(၁-၁၂-၂၀၂၂)

“နွေဦးတော်လှန်ရေး နှစ် နှစ်နီးပါးကာလအတွင်း နိုင်ငံတကာအစိုးရတွေ၊ ပါလီမန်တွေကနေ NUG အမျိုးသားညီညွတ်ရေးအစိုးရအပေါ် အသိအမှတ်ပြုမှုတွေ တိုးလာနေသလို နိုင်ငံတကာရောက် မြန်မာမိသားစုတွေရဲ့ ကူညီထောက်ပံ့မှုကလည်း အရမ်းအရေးကြီးတယ်” လို့ နော်ဝေနိုင်ငံဆိုင်ရာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုယ်စားလှယ် ဦးမောင်မောင်မြင့်ကပြောပါတယ်။

နွေဦးတော်လှန်ရေး နှစ်နှစ်နီးပါးကာလအတွင်း NUG ကို နိုင်ငံတကာက အသိအမှတ်ပြုမှု ဘယ်လိုရှိသလဲ၊ နိုင်ငံတကာရောက် မြန်မာတွေက ဘယ်လိုကူညီပေးနေသလဲ... ဆိုပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ ...
- နော်ဝေရှိ မြန်မာမိသားစုတွေက နွေဦးတော်လှန်ရေးကို ဘယ်လိုကူညီပေးနေသလဲ...

- နော်ဝေအစိုးရရဲ့ ရပ်တည်ချက်က ဘယ်လိုရှိသလဲ...

- NUG ရဲ့ ဗျုဟာ ၆ ခုဆိုတာကို ဘယ်လိုအကောင်အထည်ဖေါ်နေသလဲ...

- ဒီတကြိမ်တော်လှန်ရေး အောင်ကိုအောင်ရမယ်လို့ ဘာကြောင့် ပြောနိုင်တာလဲ...
စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။)။

Tuesday, November 29, 2022

“စစ်ဘေးရှောင်တွေကို ကူညီတဲ့အခါ NUG/ ERO ထိန်းချုပ်နယ်မြေဆီ တိုက်ရိုက်သွာ...



“စစ်ဘေးရှောင်တွေကို ကူညီတဲ့အခါ စစ်ကောင်စီ-ထိန်းချုပ်နယ်မြေကမသွားပဲ NUG/ ERO ထိန်းချုပ်နယ်မြေဆီ တိုက်ရိုက်သွားဖို့ ကျနော်တို့ တိုက်တွန်းနေပါတယ်”

(ဦးမောင်မောင်မြင့် - နော်ဝေနိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ်)

(၃၀-၁၁-၂၀၂၂)

သန်းနဲ့ချီရှိလာနေပြီဖြစ်တဲ့ စစ်ဘေးရှောင်တွေကို နိုင်ငံတကာက အရေးပေါ်အကူအညီပေးဖို့၊ အဲဒီလိုပေးတဲ့အခါ စစ်ကောင်စီထိန်းချုပ်နယ်မြေကနေမသွားပဲ အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်ခံ PDF တပ်တွေနဲ့ ERO တိုင်းရင်းသားတပ်တွေ ထိန်းချုပ်ထားတဲ့နယ်မြေဆီ တိုက်ရိုက်ပေးဖို့ နော်ဝေအပါဝင် နိုင်ငံတကာအစိုးရတွေဆီ တင်ပြတောင်းဆိုထားတယ်” လို့ နော်ဝေနိုင်ငံဆိုင်ရာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုယ်စားလှယ် ဦးမောင်မောင်မြင့်ကပြောပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်ကပြုလုပ်ခဲ့တဲ့ နော်ဝေပါလီမန်အမတ်တွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG, ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မီတီ CRPH, အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ NUCC ကိုယ်စားလှယ်တွေ တွေ့ဆုံမှုအတွင်း ဘာတွေဆွေးနွေးခဲ့သလဲ၊ NUG အပေါ် နိုင်ငံတကာသံတမန်တွေရဲ့ အသိအမှတ်ပြုမှု ဘယ်လောက်အထိ တိုးတက်လာနေပြီလဲဆိုပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ပထမပိုင်းမှာ ...
- နော်ဝေပါလီမန်အမတ်တွေနဲ့ NUCC ဆွေးနွေးပွဲ ဘာတွေထူးသလဲ...

- နော်ဝေအစိုးရက NUG ကို အသိအမှတ်ပြုနေပြီလား...

- နိုင်ငံတကာအလှူရှင်တွေက စစ်ဘေးရှောင်တွေအတွက် အကူအညီ ဘယ်လိုပေးနေသလဲ...
စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(နော်ဝေရောက် မြန်မာတွေရဲ့အကူအညီ၊ နွေဦးတော်လှန်ရေး ၂ နှစ်တာဖြတ်သန်းမှုအပေါ် သုံးသပ်ချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ဆက်လက် ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ ))။

Sunday, November 27, 2022

“စစ်ကောင်စီရှိနေခြင်းက တရုတ်ရော၊ အမေရိကန်အတွက်ပါ အကျိုးမရှိပါဘူး”



“စစ်ကောင်စီရှိနေခြင်းက တရုတ်ရော၊ အမေရိကန်အတွက်ပါ အကျိုးမရှိပါဘူး”

(ဒေါက်တာတင့်ဆွေ - နိုင်ငံရေး ဆန်းစစ်ဝေဖန်သူ)

(၂၈-၁၁-၂၀၂၂)

“မြန်မာနိုင်ငံမှာ စစ်ကောင်စီဆက်ရှိနေခြင်းက တရုတ်ရဲ့ ခါးပတ်တကွင်းလမ်းမကြီးစီမံကိန်းအတွက် အလုပ်မဖြစ်သလို အမေရိကန်ရဲ့ အင်ဒို-ပစဖိတ် စီမံကိန်းအတွက်လည်း အဆင်မပြေနိုင်ဘူး၊ ဒါကြောင့် ဒီ နှစ်နိုင်ငံပူးပေါင်းပြီး ထွက်ပေါက်ရှာသင့်တယ်” လို့ နိုင်ငံရေးဆန်းစစ်ဝေဖန်သူ ဒေါက်တာတင့်ဆွေ ကပြောပါတယ်။

လက်ရှိမြန်မာ့နိုင်ငံရေးအကျပ်အတည်းအပေါ် အင်အားကြိးနိုင်ငံတွေဖြစ်တဲ့ အိန္ဒိယ၊ တရုတ်၊ ရုရှားနဲ့ အမေရိကန်တို့ရဲ့ ချည်းကပ်ဆောင်ရွက်နေပုံတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ ...
- ဒီမိုကရေစီလို့ပြောနေတဲ့ အိန္ဒိယက ဘာကြောင့် စစ်ကောင်စီကို နီးနီးကပ်ကပ် ဆက်ဆံချင်နေတာလဲ...

- အမေရိကန်ရဲ့ အင်ဒို-ပဖိတ်ဒေသလုံခြုံရေးစီမံကိန်းမှာ မြန်မာနိုင်ငံ အရေးပါသလား...

- NUG အနေနဲ့ နိုင်ငံတကာဆက်ဆံရေးအပြင် တော်လှန်ရေးအင်အားစု အချင်းချင်းကြား ညီညွတ်ရေးတည်ဆောက်ဖို့ ဘာကြောင့် အရေးတကြီးလိုအပ်နေသလဲ...
စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ ))။

Saturday, November 26, 2022

“အာဆီယံမှာ အင်ဒိုနီးရှားနဲ့မလေးရှားတို့ရဲ့ ရပ်တည်ချက်က မြန်မာအတွက် အရေးက...



“အာဆီယံမှာ အင်ဒိုနီးရှားနဲ့မလေးရှားတို့ရဲ့ ရပ်တည်ချက်က မြန်မာအတွက် အရေးကြီးပါတယ်”

(ဒေါက်တာတင့်ဆွေ - နိုင်ငံရေး ဆန်းစစ်ဝေဖန်သူ)

(၂၇-၁၁-၂၀၂၂)

“မလေးရှားမှာ အစိုးရအသစ်တက်လာခြင်း၊ အာဆီယံမှာ အင်ဒိုနီးရှားက အလှည့်ကျ ဥက္ကဌဖြစ်လာခြင်းတွေဟာ မြန်မာ့နွေဦးတော်လှန်ရေးအတွက် အရေးပါတဲ့ အပြောင်းအလဲတွေဖြစ်လာနိုင်တယ်” လို့ နိုင်ငံရေးဆန်းစစ်ဝေဖန်သူ ဒေါက်တာတင့်ဆွေ ကပြောပါတယ်။

ကမ္ဘာဒီးယားမှာကျင်းပခဲ့တဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးအပြီးမှာ ရှေ့နှစ်အတွက် ဥက္ကဌ တာဝန်ကို ကမ္ဘောဒီးယားကနေ အင်ဒိုနီးရှားဆီ လွဲအပ်ခဲ့ခြင်း၊ မလေးရှားနိုင်ငံမှာ Anwar Ibrahim ဝန်ကြီးချုပ်ဖြစ်လာခြင်းတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ပထမပိုင်းမှာ ...
- မလေးရှားမှာ Anwar Ibrahim ဝန်ကြီးချုပ်ဖြစ်လာခြင်းက မြန်မာ့အရေးအတွက် ဘာတွေထူးလာနိုင်သလဲ...

- အင်ဒိုနီးရှား အာဆီယံအလှည့်ကျ ဥက္ကဌဖြစ်လာချိန်မှာ စကစ ကို ပိုဖိအားပေးနိုင်သလား...

- အာဆီယံ မူ ၅ ချက်အတိုင်း ဆက်သွားနေလို့ အလုပ်ဖြစ်ပါ့မလား...
စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အာဆီယံက စကစကို ဖိအားပေးနေစဉ်မှာ အိန္ဒိယက နေပြည်တော် သွားပြီးဆက်ဆံနေတာက ဘာတွေဖြစ်လာနိုင်သလဲ... ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန်မှာ ဆက်လက် ထုတ်လွှင့်ပေးပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ h)။

ပူရိယက္ခ ညီနောင်စစ်ကြောင်းက တပ်စုမှူးတဦး၏ ပြောကြားချက်


ပူရိယက္ခ ညီနောင်စစ်ကြောင်းက တပ်စုမှူးတဦး၏ ပြောကြားချက်

(၂၆-၁၁-၂၀၂၂)

တနသာၤတိုင်း၊ ပုလောဒေသမှာ အခြေစိုက်လှုပ်ရှားနေတဲ့ ပူရိယက္ခ ညီနောင်စစ်ကြောင်းဟာ အခုလပိုင်းတွေအတွင်း တိုက်ပွဲတွေဆက်တိုက်ဖော်ဆောင်နေပြီး ထားဝယ်-မြိတ် ကားလမ်း အချို့နေရာတွေကို စိုးမိုးထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့လအတွင်း တနသာၤရီတိုင်းမှာ တိုက်ပွဲပေါင်း ၄၀ ကျော်ဖြစ်ပြီး စကစ ဖက်က ၁၂၀ ကျော်သေဆုံးတယ်လို့ သိရပါတယ်။ အဲဒီထဲက တိုက်ပွဲအများစုဟာ ပုလောမြို့နယ်အတွင်း ဖြစ်ပွားတာလို့ အစီရင်ခံစာတခုမှာ ဖေါ်ပြထားပါတယ်။

အခု ပုလောဒေသ တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး ပူရိယက္ခ ညီနောင်စစ်ကြောင်းက တပ်စုမှူး ကိုသားကြီးရဲ့ ပြောကြားချက်ကို ထုတ်လွှင့်ပေးလိုက်ပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ )။

Wednesday, November 23, 2022

“NUG ကို တိုက်ရိုက်ဖြစ်စေ၊ ဒေသခံ PDF တွေကိုဖြစ်စေ ဒေါ်လာသိန်းချီ ကူညီပေး...



“NUG ကို တိုက်ရိုက်ဖြစ်စေ၊ ဒေသခံ PDF တွေကိုဖြစ်စေ ဒေါ်လာသိန်းချီ ကူညီပေးနေပါတယ်”

(ဦးရန်နိုင်ထွန်း - တောင်ကိုရီးယားနိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ်)

(၂၃-၁၁-၂၀၂၂)

နွေဦးတော်လှန်ရေးအတွက် တောင်ကိုရီးယားနိုင်ငံရောက် မြန်မာ့ဒီမိုကရေစီအင်အားစုတွေက လစဉ် အမေရိကန်ဒေါ်လာသိန်းနဲ့ချီကူညီပေးနေတယ်လို့ ကိုရီးယားနိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ် ဦးရန်နိုင်ထွန်းကပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ်နဲ့တွေ့ဆုံမှု အပါဝင် လက်ရှိ ကိုရီးယားရောက် မြန်မာတွေရဲ့ လှုပ်ရှားမှူအခြေအနေ၊ ကိုရီးယားအစိုးရရဲ့ မြန်မာနိုင်ငံအပေါ် သဘောထားတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ပထမပိုင်းမှာ ...
- ကုလ-လူ့အခွင့်အရေးစုံစမ်းသူနဲ့ ဘာတွေဆွေးနွေးခဲ့သလဲ...

- ကိုရီးယားရဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအခြေအနေ ဘယ်လိုရှိသလဲ...

- ကိုရီးယားရောက် မြန်မာတွေရဲ့ လှုပ်ရှားမှု ဘယ်လောက်အရှိန်အဟုန်ကောင်းနေသလဲ...
စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(နွေဦးတော်လှန်ရေး ၂ နှစ်နီးပါး ဖြတ်သန်းမှုအပေါ် သုံးသပ်ချက်ပါတဲ့ ဒုတိယပိုင်းကိုတော့ မနက်ဖန်မှာ ဆက်လက် ထုတ်လွှင့်ပေးပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ )။

Tuesday, November 22, 2022

“နွေဦးတော်လှန်ရေး အရှိန်မြှင့်ဖို့အတွက် ပြည်သူတွေကို ဖိတ်ခေါ်ပါတယ်”



“နွေဦးတော်လှန်ရေး အရှိန်မြှင့်ဖို့အတွက် ပြည်သူတွေကို ဖိတ်ခေါ်ပါတယ်”

(အမရာ - အမျိုးသမီးစစ်သည်တော်တပ်ရင်း -မြောင်-)

(၂၂-၁၁-၂၀၂၂)

“နွေဦးတော်လှန်ရေး အရှိန်မြင့်နိုင်ဖို့အတွက် နိုင်ငံရေး၊ စစ်ရေးဦးဆောင်သူတွေဖက်က ဒီထက်မကကြိုးစားဖို့လိုနေသလို ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှုလည်း ဒီထက်မက အရှိန်မြှင့်ဖို့ လိုနေတယ်” လို့ အမျိုးသမီးစစ်သည်တော်များတပ်ရင်း (မြောင်) အဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံ အမရာက တိုက်တွန်းလိုက်ပါတယ်။

နွေဦးတော်လှန်ရေး ၂ နှစ်နီးပါးကာလ ဖြတ်သန်းမှု၊၊ ရှေ့ မျှော်လင့်ချက်တွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ ...
- မြောင်ဒေသအတွင်း ပညာရေး၊ ကျန်းမာရေး ဝန်ဆောင်မှုလုပ်ငန်းတွေ ဘယ်လို ဆောင်ရွက်ပေးနေသလဲ...

- မဟာမိတ်အဖွဲ့အစည်းတွေ၊ ပြည်တွင်း-ပြည်ပ ထောက်ပို့တပ်တွေက အကူအညီပေးသလား...

- တော်လှန်စစ် အရှိန်မြှင့်နိုင်အောင် ဘာတွေ ဆောင်ရွက်ဖို့ လိုနေသလဲ...
စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ ။

Saturday, November 19, 2022

“ဒီအချိန်မှာ စစ်နိုင်မှ နိုင်ငံရေးအချိုးအကွေ့ ပြောင်းလဲနိုင်မယ်လို့ မြင်...



“ဒီအချိန်မှာ စစ်နိုင်မှ နိုင်ငံရေးအချိုးအကွေ့ ပြောင်းလဲနိုင်မယ်လို့ မြင်ကြပါတယ်”

(ဒေါက်တာကြည်စိုးထွန်း - ဥက္ကဌ - ဆောမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့)

(၁၉ -၁၁-၂၀၂၂)

“လက်ရှိအနေအထားမှာ စစ်ရေးကိုအရှိန်မြှင့်ပြီး NUG ဖက်က အသာစီးရအောင်လုပ်နိုင်မှ နိုင်ငံရေးအပြောင်းအလဲတွေ ဖြစ်လာမယ်လို့ ဒေသခံလူငယ်တွေက မြင်နေကြတယ်” လို့ မကွေးတိုင်း ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဒေါက်တာကြည်စိုးထွန်းကပြောပါတယ်။

နွေဦးတော်လှန်ရေး ၂ နှစ်ပါး ဖြတ်သန်းမှုအခြေအနေ၊ ရှေ့မျှော်လင့်ချက်တွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ ...
- ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေ အဓိကရင်ဆိုင်နေရတဲ့ စိန်ခေါ်ချက်က ဘာလဲ...

- အုပ်ချုပ်ရေးနဲ့ ကာကွယ်ရေး ဟန်ချက်ညီအောင် ဘယ်လိုပူးပေါင်းဆောင်ရွက်သင့်သလဲ...

- ၂ နှစ်နီးပါးကာလအတွင်း နွေဦးတော်လှန်ရေးအင်အားစုတွေဖက်က ဘယ်လောက်အထိ ရှေ့ကို တိုးတက်လာနေသလဲ...

- ငွေတိုက်စာချုပ်ဝယ်သူတွေထဲ စီးပွားရေးလုပ်ငန်းရှင်တွေ ပါလာတာ ထူးခြားချက်လား...
စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။)

Thursday, November 17, 2022

“စစ်ကောင်စီကို အသိအမှတ်မပြုတဲ့အဆင့်ကနေ နွေဦးတော်လှန်ရေးကို အားပေးတဲ့အဆင့...



“စစ်ကောင်စီကို အသိအမှတ်မပြုတဲ့အဆင့်ကနေ နွေဦးတော်လှန်ရေးကို အားပေးတဲ့အဆင့်အထိ ရောက်လာအောင် ကြိုးစားဖို့လိုနေပါတယ်”

(ဒေါ်ခင်ဥမ္မာ - Progressive Voice)

(၁၈-၁၁-၂၀၂၂)

“အာဆီယံအပါဝင် နိုင်ငံတကာအသိုင်းအဝိုင်းက အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီကို နိုင်ငံရေးအရ အသိအမှတ်မပြုတဲ့ လက်ရှိအဆင့်ကနေ နွေဦးတော်လှန်ရေးဖက်ကို အားပေးတဲ့အဆင့်အထိရောက်လာအောင် ဒီမိုကရေစီအရေးလှုပ်ရှားသူတွေက ဆက်လက် ကြိုးစားဖို့လိုနေတယ်” လို့ အာဆီယံဒေသ လူ့အခွင့်အရေးလှုပ်ရှားသူ၊ ရှေ့ပြေးအသံ (Progressive Voice) အဖွဲ့က ဒေါ်ခင်ဥမ္မာကပြောပါတယ်။

ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပပြီးစီးသွား အာဆီယံ ထိပ်သီးအစည်းအဝေးအပြီး စစ်ကောင်စီက ကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲအပေါ်  လက်မခံနိုင်ကြောင်း နိုင်ငံအချို့က ကြေညာပေမယ့် အချို့ကငြိမ်နေတဲ့အနေအထားနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ ...
- စစ်ကောင်စီက ကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲကို လက်ခံတဲ့နိုင်ငံမျိုး ရှိလာနိုင်သလား...

- အာဆီယံ မူ ၅ ချက်ထဲက အားလုံးပါတဲ့ ဆွေးနွေးပွဲဆိုတာ ဖြစ်နိုင်ခြေ ဘယ်လောက်ရှိသလဲ...

- နိုင်ငံတကာရဲ့အကူအညီကို နွေဦးတော်လှန်ရေးသမားတွေ မျှော်လင့်သင့်သလား...
စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(ဒီကနေ့ညပိုင်းမှာတော့ မကွေးတိုင်း ဆောမြို့နယ် အုပ်ချုပ်ရေးနဲ့မေးမြန်းချက်ကို ထုတ်လွှင့်ပေးဖို့ စီစဉ်ထားပါတယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။)

Wednesday, November 16, 2022

“အာဆီယံက စစ်ကောင်စီအကြိုက် လိုက်လုပ်ပေးစရာ အကြောင်းမရှိဘူး”



“အာဆီယံက စစ်ကောင်စီအကြိုက် လိုက်လုပ်ပေးစရာ အကြောင်းမရှိဘူး”

(ဒေါ်ခင်ဥမ္မာ - Progressive Voice)

(၁၇-၁၁-၂၀၂၂)

“အာဆီယံဟာ အရင်ခေတ်ကလို စစ်ကောင်စီအကြိုက် လိုက်လုပ်ပေးစရာအကြောင်းမရှိဘူး။ အားလုံးသဘောတူချမှတ်ထားတဲ့ မူ ၅ ချက်ကနေ နောက်ပြန်လှည့်စရာ အကြောင်းမရှိဘူး” လို့ အာဆီယံဒေသ လူ့အခွင့်အရေးလှုပ်ရှားသူ၊ ရှေ့ပြေးအသံ (Progressive Voice) အဖွဲ့က ဒေါ်ခင်ဥမ္မာကပြောပါတယ်။

ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပပြီးစီးသွား အာဆီယံ ထိပ်သီးအစည်းအဝေးအပြီးမှာ အာဆီယံက စစ်ကောင်စီကို ဘယ်လိုဆက်အရေးယူနိုင်သလဲ၊ နိုင်ငံတကာအသိုင်းအဝိုင်းက ဘယ်လိုဖိအားပေးနိုင်သလဲဆိုပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ပထမပိုင်းမှာ ...
- အာဆီယံ ထိပ်သီးအစည်းအဝေးဆုံးဖြတ်ချက်က အရင်မူ ၅ ချက်ထက် ဘာများ ပိုထူးလာသလဲ...

- NUG နဲ့ ပိုမိုဆက်ဆံရေး တိုက်တွန်းချက်က အလုပ်ဖြစ်နိုင်သလား...

- အရှေ့တီမောနိုင်ငံ အာဆီယံအဖွဲ့ဝင်သစ်ဖြစ်လာခြင်းက မြန်မာ့ဒီမိုကရေစီအရေးအတွက် အားတက်စရာလား...

- အာဆီယံမူ ၅ ချက်ကို မလိုက်နာပဲ စစ်ကောင်စီက ဆက်ခေါင်းမာနေမယ်ဆိုရင် ဘာတွေဆက်ဖြစ်လာနိုင်သလဲ....
စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(နွေဦးတော်လှန်ရေးအင်အားစုတွေအပေါ် နိုင်ငံတကာဖက်က အသိအမှတ်ပြုမှု ပိုတိုးလာနေသလား... ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန်မှာ ဆက်လက်ထုတ်လွှင့်ပေးပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်)။

Tuesday, November 15, 2022

“သင်တန်းတွေ၊ လေ့ကျင့်မှုတွေပြီးပြီ၊ တိုက်ပွဲဝင်ဖို့ အဆင်သင့်ဖြစ်နေပါပြီ”


“သင်တန်းတွေ၊ လေ့ကျင့်မှုတွေပြီးပြီ၊ တိုက်ပွဲဝင်ဖို့ အဆင်သင့်ဖြစ်နေပါပြီ”

(မျိုးသူရကိုကို - Cobra စစ်ကြောင်း ပြောခွင့်ရပုဂ္ဂိုလ်)

(၁-၁၁-၂၀၂၂)

”နွေဦးတော်လှန်ရေး ပထမနှစ်မှာ စစ်သင်တန်းတွေ၊ လေ့ကျင့်သင်ယူမှုတွေကို အလေးထားဆောင်ရွက်ခဲ့ရပြီး အခု ဒုတိယ နှစ်မှာတော့ တပ်စုဖွဲ့မှု၊ အမိန့်ပေးစနစ်၊ လက်နက်အင်အား ရှိလာပြီဖြစ်တဲ့အတွက် အရေးကြီးတဲ့တိုက်ပွဲတွေဖေါ်ဖို့ အဆင်သင့်ဖြစ်နေပြီ” လို့ Cobra စစ်ကြောင်းပြောခွင့်ရ မျိုးသူရကိုကိုက ပြောပါတယ်။

နွေဦးတော်လှန်ရေး တနှစ်ခွဲကာလအတွင်း လက်နက်ကိုင်တော်လှန်ရေးထဲရောက်လာတဲ့ လူငယ်တွေ ဘယ်လိုတိုက်ပွဲနေသလဲ၊ ရှေ့မျှော်မှန်းချက် ဘယ်လိုရှိသလဲ...စတဲ့အချက်တွေအပေါ် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ ...
- ဆန္ဒပြလူငယ်တွေ ဘာကြောင့် လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ကြသလဲ...

- နွေဦးတော်လှန်ရေးတပ်ဖွဲ့တွေ တနှစ်အတွင်း ဘယ်လောက်အထိ တိုးတက်လာသလဲ...

- မြို့ပြဆန္ဒပြပွဲနဲ့ လက်နက်ကိုင်တိုက်ပွဲ ဘယ်လိုပေါင်းစပ်နိုင်မလဲ...
စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်)။

Sunday, November 13, 2022

“KNLA, PDF ပူးပေါင်းစစ်ကြောင်းအနေနဲ့ လှုပ်ရှားတိုက်ပွဲဝင်မှု ပိုအားကောင်...



“KNLA, PDF ပူးပေါင်းစစ်ကြောင်းအနေနဲ့ လှုပ်ရှားတိုက်ပွဲဝင်မှု ပိုအားကောင်းလာနေပါတယ်”

(မျိုးသူရကိုကို - Cobra စစ်ကြောင်း ပြောခွင့်ရပုဂ္ဂိုလ်)

(၁၄-၁၁-၂၀၂၂)

”နွေဦးတော်လှန်ရေးအင်အားစုဖြစ်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF နဲ့ တိုင်းရင်းသားတော်လှန်ရေးတပ်ဖြစ်တဲ့ ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တို့အကြား ပူးပေါင်းစစ်ကြောင်းအဖြစ်ဖွဲ့စည်း လှုပ်ရှားနိုင်မှုကြောင့် အောင်မြင်မှုတွေ ပိုရလာနေတယ်” လို့ Cobra စစ်ကြောင်းပြောခွင့်ရ မျိုးသူရကိုကိုက ပြောပါတယ်။

နွေဦးတော်လှန်ရေး တနှစ်ခွဲကာလအတွင်း လက်နက်ကိုင်တော်လှန်ရေးထဲရောက်လာတဲ့ လူငယ်တွေ ဘယ်လိုတိုက်ပွဲနေသလဲ၊ PDF နဲ့ KNLA ကြား ပူးပေါင်းဆောင်ရွက်နိုင်မှု ဘယ်လိုရှိသလဲ...စတဲ့အချက်တွေအပေါ် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ပထမပိုင်းမှာ ...
- Cobra စစ်ကြောင်းရဲ့ စုဖွဲ့မှုနဲ့ တိုက်ပွဲဝင်နိုင်မှု အနေအထား...

- စကစ ဖက်က ထိခိုက်ကျဆုံးမှု၊ လက်နက်ချမှု တိုးလာနေတာ ဘာကြောင့်လဲ...

- KNLA, PDF ပူးပေါင်းစစ်ကြောင်းတွေ ဒေသတခုလုံးမှာ လှုပ်ရှားနိုင်ပြီလား...
စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(ဆန္ဒပြပွဲကနေ လက်နက်ကိုင်တော်လှန်ရေးထဲ ရောက်လာတဲ့ လူငယ်တဦးရဲ့ တနှစ်ခွဲကာလ သုံးသပ်ချက်- ပါတဲ့- ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွင့်ပေးပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်)။

“စစ်အာဏာရှင်မရှိမှ လူငယ်တွေရဲ့ အနာဂတ်ရှိမယ်ဆိုတဲ့ခံယူချက်နဲ့ တိုက်ပွဲဝင်...


“စစ်အာဏာရှင်မရှိမှ လူငယ်တွေရဲ့ အနာဂတ်ရှိမယ်ဆိုတဲ့ခံယူချက်နဲ့ တိုက်ပွဲဝင်နေတာဖြစ်တယ်”

(ရဲဘော်ကျောက်ခဲ -  ဒေါင်းမင်းစစ်ဆင်ရေး - TYC-PDF)

(၁၃-၁၁-၂၀၂၂)

“စစ်အာဏာရှင်စနစ်မရှိတော့မှ လူငယ်တွေရဲ့အနာဂတ်မျှော်လင့်ချက်တွေ ရှင်သန်လာမှာ ဖြစ်တယ်၊ ဓမ္မနဲ့ အဓမ္မကြားတိုက်ပွဲမှာ ဓမ္မဖက်က နိုင်မှဖြစ်မယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ တိုက်ပွဲဝင်နေတာဖြစ်တယ်လို့ ထားဝယ်ခရိုင်၊ တောင်ပျောက်ဒေသအခြေစိုက် ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့က PDF ခေါင်းဆောင် ရဲဘော်ကျောက်ခဲက ပြောပါတယ်။

နွေဦးတော်လှန်ရေး တနှစ်ခွဲကျော်ကာလအတွင်း တိုက်ပွဲအနေအထား ဘယ်လောက်အထိ တိုးတက်လာနေပြီလဲ၊ ရှေ့အလားအလာအပေါ် ဘယ်လိုမျှော်လင့်ထားသလဲ...ဆိုပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ ...
- ကျေးလက်ဒေသအုပ်ချုပ်ရေး ဘယ်လိုဆောင်ရွက်နေသလဲ....

- စကစနဲ့ ပျု-တွေရဲ့ လှုပ်ရှားနိုင်မှုကို ဘယ်လိုထိန်းချုပ်ထားသလဲ...

- လူထုလှုပ်ရှားမှုနဲ့ လက်နက်ကိုင်တော်လှန်ရေး ဘယ်လိုပေါင်းစပ် ဆောင်ရွက်နေသလဲ...

- စစ်အာဏာရှင်မရှိမှ လူငယ်တွေရဲ့အနာဂတ်ရှိမယ်လို့ ဘာကြောင့်ပြောသလဲ...
စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

( မနက်ဖန်မှာတော့ Cobra စစ်ကြောင်း ပြောခွင့်ရပုဂ္ဂိုလ်နဲ့ မေးမြန်းချက်ကို ထုတ်လွင့်ပေးဖို့ စီစဉ်ထားပါတယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ )

Saturday, November 12, 2022

“PDF နဲ့ ERO တို့ကြား ပူးပေါင်းဆောင်ရွက်နိုင်မှု အများကြီး တိုးတက်လာနေပါ...



“PDF နဲ့ ERO တို့ကြား ပူးပေါင်းဆောင်ရွက်နိုင်မှု အများကြီး တိုးတက်လာနေပါတယ်”

(ရဲဘော်ကျောက်ခဲ -  ဒေါင်းမင်းစစ်ဆင်ရေး - TYC-PDF)

(၁၂-၁၁-၂၀၂၂)

“ဒေသခံ PDF၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိ PDF နဲ့ ERO ခေါ် တိုင်ရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေကြား ပူးပေါင်းဆောင်ရွက်နိုင်မှု အားကောင်းလာတာနဲ့အမျှ တိုက်ပွဲတွေကို အရှိန်မြှင့်လာနိုင်မှာဖြစ်တယ်” လို့ ထားဝယ်ခရိုင်၊ တောင်ပျောက်ဒေသအခြေစိုက် ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့က PDF ခေါင်းဆောင် ရဲဘော်ကျောက်ခဲက ပြောပါတယ်။

နွေဦးတော်လှန်ရေးတနှစ်ခွဲကျော်ကာလအတွင်း ထားဝယ်ဒေသက တိုက်ပွဲအခြေအနေ၊ PDF နဲ့ EAO တွေကြား ပူူးပေါင်းဆောင်ရွက်နိုင်မှုအခြေအနေတွေအကြောင်း BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ပထမပိုင်းမှာ ...
- တနသာၤရီတိုင်းအတွင်း တိုက်ပွဲဖြစ်ပွားမှု ပိုများလာနေတာ ဘာကြောင်လဲ...

- PDF နဲ့ EAO တွေကြား ပူးပေါင်းဆောင်ရွက်နိုင်မှု ဘယ်လောက်အထိ အားကောင်းနေပြီလဲ...

- ဒေသခံ PDF ရဲဘော်တွေအတွက် အဓိက စိန်ခေါ်ချက်က ဘာလဲ...

- ဒေသခံလူထုအတွက် တော်လှန်ရေးတပ်တွေက ဘာတွေ ဝန်ဆောင်မှုပေးနေသလဲ...
စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(စစ်ကောင်စီတပ်တွေက ကားလမ်းမကြီးတွေအစား ရေလမ်းကို ပိုအသုံးများလာတာ ဘာကြောင့်လဲ...ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန်မှာ ထုတ်လွှင့်ပေးပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်)။)

Thursday, November 10, 2022

“အတုအယောင်ရွေးကောက်ပွဲကို လက်မခံဘူး။ NUG ကို အားပေးကူညီသွားမယ်လို့ ပြောထ...



“အတုအယောင်ရွေးကောက်ပွဲကို လက်မခံဘူး။ NUG ကို အားပေးကူညီသွားမယ်လို့ ပြောထားတာ ရှိပါတယ်”

(ဦးကျော်ဇော - NUG သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ်)

(၁၁-၁၁-၂၀၂၂)

“အာဏာသိမ်းစစ်ကောင်စီက ကျင်းပဖို့ပြင်နေတဲ့ အတုအယောင်ရွေးကောက်ပွဲကို လက်မခံဘူး။ ပြည်သူကရွေးချယ်ထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို အားပေးကူညီသွားမယ်လို့ အမေရိကန်အပါဝင် နိုင်ငံအချို့ကပြောထားတာ ရှိပါတယ်” လို့ NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ် ဦးကျော်ဇော ဖြစ်ပါတယ်။

နွေဦးတော်လှန်ရေးတနှစ်ခွဲကျော်ကာလအတွင်း နိုင်ငံတကာရဲ့ ထောက်ခံအားပေးမှူ ဘယ်လောက်အထိရနေပြီလဲဆိုပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ ...
- ဦးကျော်မိုးထွန်းနှင့် ကုလသမဂ္ဂဖက်က အခြေအနေ...

- NUG အပေါ် နိုင်ငံတကာရဲ့ အားပေးထောက်ခံမှုအနေအထား...

- သံတမန်စကားလုံးအပြင် ရုပ်ပိုင်းဆိုင်ရာကူညီမှု ရနိုင်ခြေရှိသလား...

- NUG မှာ ရယာဉ်ပစ်လက်နက် တကယ်ရှိနေပြီလား...

- ပြည်သူတွေရဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး စိတ်ဓာတ် ဘယ်လောက်အထိ ပြင်းပြနေသလဲ...
စတဲ့အကြောင်းအရာတွေကိုတွေ ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။)

“စစ်ကိုင်းဟာ တော်လှန်ရေးရဲ့ အသဲနှလုံးဖြစ်တဲ့အတွက် တိုက်ပွဲတွေ ပြင်းထန်နေ...



“စစ်ကိုင်းဟာ တော်လှန်ရေးရဲ့ အသဲနှလုံးဖြစ်တဲ့အတွက် တိုက်ပွဲတွေ ပြင်းထန်နေတာပါ”

(ဗိုလ်နဂါး - PDF ခေါင်းဆောင် - စစ်ကိုင်းတိုင်း)

(၁၀ -၁၁-၂၀၂၂)

“စစ်ကိုင်းတိုင်းဟာ နွေဦးတော်လှန်ရေးရဲ့ အသဲနှလုံးနေရာလို ဖြစ်လာနေတဲ့အတွက် နှစ်ဖက်တပ်တွေကြား တိုက်ပွဲတွေပြင်းထန်နေတာဖြစ်တယ်။ တော်လှန်ရေးတပ်တွေဖက်က အောင်မြင်မှုတွေ တဆင့်ချင်းရလာနေပြီဖြစ်တယ်” လို့  စစ်ကိုင်းတိုင်း ပုလဲနယ်က PDF ခေါင်းဆောင် ဗိုလ်နဂါးက ပြောပါတယ်။

နွေဦးတော်လှန်ရေး တနှစ်ခွဲကျော်ကာလအတွင်း အချို့ဒေသတွေမှာ တိုက်ပွဲလျော့ကျသွားပေမယ့် စစ်ကိုင်းတိုင်းမှာ တချိန်လုံး တိုက်ပွဲတွေပြင်းထန်နေတာ ဘာကြောင့်လဲ... ဆိုပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ ...
- စစ်ကောင်စီတပ်တွေက ရွာထဲဝင်ပြီး ပစ္စည်းတွေ ဘယ်လို လုယူနေသလဲ...

- အချို့ဒေသတွေမှာ တိုက်ပွဲလျော့ကျသွားပေမယ့် စစ်ကိုင်းမှာ အလျော့မရှိပဲ တချိန်လုံးတိုက်နေတာ ဘာကြောင့်လဲ...

- စစ်ကိုင်းတိုင်းမှာလည်း EAO ဒေသတွေလို နယ်မြေအများစုကို တော်လှန်ရေးတပ်တွေက ထိန်းထားနိုင်ပြီလား...

- လက်ရှိဒုက္ခကို သီးခံပြီး တော်လှန်ရေးမှာအားလုံးပါဝင်ဖို့ ဘာကြောင့် တိုက်တွန်းတာလဲ...
စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။ 

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။)။

Wednesday, November 9, 2022

“လူယုတ်မာ အကြမ်းဖက်အုပ်စုနဲ့ ရင်ဆိုင်နေရတယ်ဆိုတာ သတိလက်လွတ် ဖြစ်မသွားဖို...



“လူယုတ်မာ အကြမ်းဖက်အုပ်စုနဲ့ ရင်ဆိုင်နေရတယ်ဆိုတာ သတိလက်လွတ် ဖြစ်မသွားဖို့ လိုပါတယ်”

(ဗိုလ်နဂါး- PDF ခေါင်းဆောင် - စစ်ကိုင်းတိုင်း)

(၉ -၁၁-၂၀၂၂)

ကိုယ်ရင်ဆိုင်တိုက်ခိုက်နေရတဲ့ရန်သူဟာ အကြမ်းဖက်အုပ်စုဖြစ်တယ်ဆိုတာကို PDF တွေဖက်က သတိထားဖို့လိုတယ်။ ဖမ်းမိထားတဲ့ ရန်သူကို ပေါ့ဆစွာ ဆက်ဆံလို့မရဘူး။ လုံခြုံရေးသတိ အမြဲရှိနေရမယ်လို့ စစ်ကိုင်းတိုင်း ပုလဲနယ်က PDF ခေါင်းဆောင် ဗိုလ်နဂါးက ပြောပါတယ်။

အောက်တိုဘာလ ၂၅ ရက်နေ့ကဖြစ်ပွားခဲ့တဲ့ ပုလဲမြိုနယ်က တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စခန်းကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ဝင်စိးတဲ့ဖြစ်စဉ်အပေါ် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ပထမပိုင်းမှာ ...
- ပုလဲမြိုနယ်က တော်လှန်ရေးတပ်တွေရဲ့စခန်း ဘာကြောင့် ဝင်စီးခံရတာလဲ...

- ဖမ်းမိထားတဲ့ စစ်သုံ့ပန်းတွေနဲ့ပတ်သက်ပြီး PDF တွေဖက်က ဘယ်လိုကိုင်တွယ်သင့်သလဲ...

- စကစ က လေကြောင်းနဲ့ အနိုင်ကျင့်နေမှူအပေါ် ဘယ်လိုကာကွယ်ကြမလဲ...

- စစ်ကိုင်းတိုင်းကို စကစက ဘာကြောင့် ဆက်တိုက် ထိုးစစ်ဆင်နေတာလဲ...
စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။ 

(စစ်ကိုင်းတိုင်းဟာ နွေဦးတော်လှန်ရေးအတွက် အဆုံးအဖြတ်နေရာဖြစ်လာနိုင်သလား ... ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန်ညမှာ ထုတ်လွှင့်ပေးပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။)။

Saturday, November 5, 2022

“စစ်ကောင်စီတပ်က ထိုးစစ်ဆင်ဖို့ထက် အထိုင်စခန်းတွေ လက်မလွှတ်ရရေးကို ဦးစားပ...


“စစ်ကောင်စီတပ်က ထိုးစစ်ဆင်ဖို့ထက် အထိုင်စခန်းတွေ လက်မလွှတ်ရရေးကို ဦးစားပေးနေပုံရတယ်”

(ခူဒယ်နီယာ - အတွင်းရေးမှူး ၁- KNPP)

(၅-၁၁-၂၀၂၂)

“နွေဦးတော်လှန်ရေး ပထမ နှစ်မှာ စစ်ကောင်စီဖက်က ထိုးစစ်ဆင်ပြီး တိုက်ပွဲကြီးတွေဖေါ်ခဲ့ပေမယ့် အခု ဒုတိယနှစ်ထဲမှာတော့ ကျဆုံး-ထွက်ပြေးများလာလို့ ထိုးစစ်အစား တပ်ထိုင် စခန်းတွေ လက်မလွှတ်ရရေးအတွက် စခန်းအသေထိုင်တဲ့ဖက်ကို ဦးစားပေးလာတာတွေ့ရတယ်” လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP အတွင်းရေမှူး-၁- ခူဒယ်နီယာက ပြောပါတယ်။

ခုခံစစ် တနှစ်ကျော်၊ နွေဦးတော်လှန်ရေး ၂ နှစ်နီးပါးကာလအတွင်း ကရင်နီဒေသတွင်းက စစ်ရေး၊ နိုင်ငံရေးတိုးတက်ဖြစ်ထွန်းမှုအခြေအနေတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ ...
- EAO တပ်တွေနဲ့ PDF တပ်တွေကြားမှာ ပူူးပေါင်းဆောင်ရွက်နိုင်မှု ဘယ်လောက်အထိ အားကောင်းနေပြီလဲ....

- C3C နဲ့ အမိန့်စီးဆင်းမှုစနစ် အားရစရာရှိလာပြီလား...

- ချင်းနဲ့ ကရင်နီဖက်မှာ စစ်ကောင်စီတပ် လှုပ်ရှားနိုင်မှုစွမ်းရည်ကျသွားတာ ဘာကြောင့်လဲ...

- ဒီတကြိမ်တော်လှန်ရေးမှာ လူတိုင်းပါဝင်ဖို့လိုတယ်လို့ ဘာကြောင့်ပြောသလဲ...
စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။ 

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။)။

Friday, November 4, 2022

“မြို့လယ်နေရာကလွဲရင် ကျန်ဒေသမှာ ကျနော်တို့တပ်တွေ လွတ်လွတ်လပ်လပ် လှုပ်ရှာ...



“မြို့လယ်နေရာ၊ လမ်းမကြီး အချို့နေရာကလွဲရင် ကျန်ဒေသမှာ ကျနော်တို့တပ်တွေ လွတ်လွတ်လပ်လပ် လှုပ်ရှားနေပါတယ်”
(ခူဒယ်နီယာ - အတွင်းရေးမှူး ၁- KNPP)

(၄-၁၁-၂၀၂၂)

“ပြည်နယ်မြို့တော် လွိုင်ကော်မြို့လယ်အပါဝင် ပြည်နယ်တွင်းရှိ မြို့လယ်နေရာအချို့နဲ့ ပြည်ထောင်စုလမ်းမကြီး အစိပ်အပိုင်းအချို့ကလွဲရင် ကျန်ဒေသအားလုံးကို တော်လှန်ရေးတပ်တွေက ထိန်းချုပ်စိုးမိုးထားတယ်” လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP အတွင်းရေမှူး-၁- ခူဒယ်နီယာက ပြောပါတယ်။

ခုခံစစစ် တနှစ်ကျော်၊ နွေဦးတော်လှန်ရေး ၂ နှစ်နီးပါးကာလအတွင်း တော်လှန်ရေးတပ်တွေဖက်က နယ်မြေဘယ်လောက်ထိန်းချုပ်ထားနိုင်ပြီလဲ၊ စစ်ကောင်စီရဲ့ ထိုးစစ်အခြေအနေ ဘယ်လိုရှိသလဲဆိုပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ပထမပိုင်းမှာ ...
- ကချင်ပြည်နယ် အနန့်ပါရွာ ဗုံးကျဲတိုက်ခိုက်ခံရမှုအပေါ် KNPP ရဲ့ တုန့်ပြန်ချက်...

- ကရင်နီဒေသ တိုက်ပွဲတွေရဲ့ နောက်ဆုံးအခြေအနေ...

- စစ်ကောင်စီတပ်က ရွာတွေထဲ လက်နက်ကြီးနဲ့ တမင်ပစ်နေတာ ဘာကြောင့်လဲ...

- တော်လှန်ရေးတပ်တွေဖက်က နယ်မြေဘယ်လောက်များများ ထိန်းချုပ်ထားနိုင်ပြီလဲ...

- ကရင်နီဒေသတွင်းရှိ KA, KNDF, PDF တွေ ဘယ်လို ပူးပေါင်းဆောင်ရွက်နေကြသလဲ...
စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။ 

(စစ်ကောင်စီက ခံစစ်၊ တော်လှန်ရေးတပ်တွေက ထိုးစစ်အဆင့်ကိုရောက်လာပြီလား- ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန်ညပိုင်းမှာ ထုတ်လွှင့်ပေးပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။)။

Tuesday, November 1, 2022

“လေယာဉ်ဆီသွင်းခွင့်ပိတ်ပင်တာအပါဝင် ဘဏ္ဍာရေးအရ ပိတ်ဆို့အရေးယူနိုင်အောင် က...



“လေယာဉ်ဆီသွင်းခွင့်ပိတ်ပင်တာအပါဝင် ဘဏ္ဍာရေးအရ ပိတ်ဆို့အရေးယူနိုင်အောင် ကြိုးစားနေပါတယ်”

(ဒေါ်ခင်ဥမ္မာ- ရှေ့ပြေးအသံအဖွဲ့ - Progressive Voice)

(၂-၁၁-၂၀၂၂)

“အာဆီယံ-အမေရိကန်ထိပ်သီးအစည်းဝေးအပါဝင် ဒီလအတွင်း အိမ်နီးချင်းနိုင်ငံတွေမှာကျင်းပမယ့် နိုင်ငံတကာအစည်းအဝေးကြီးတွေမှာ မြန်မာ့အရေးကိုအလေးအနက်ထား ဆွေးနွေးကြမယ်လို့မျှော်လင့်ထားပြီး အနိမ့်ဆုံးအားဖြင့် လေယာဉ်ဆီတင်သွင်းခွင့်ပိတ်ပင်တာ၊ လက်နက်ပိတ်ပင်တာ၊ စင်ကာပူကဘဏ်တွေကို စကစ အတွက် အသုံးပြုခွင့်ပိတ် ပင်တာတွေဖြစ်လာအောင် အရပ်ဖက်အဖွဲ့အစည်းတွေက ကြိုးစားနေတယ်” လို့ (Progressive Voice) ရှေ့ပြေးအသံအဖွဲ့က ဒေါ်ခင်ဥမ္မာက ပြောပါတယ်။

မကြာခင် ကျင်းပတော့မယ့် အာဆီယံ ထိပ်သီးအစည်းအဝေး၊ အာဆီယံ-အမေရိကန်အစည်းအဝေး၊ (APEC) အာရှ-ပစဖိတ်ဒေသ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအစည်းအဝေး တွေက မြန်မာ့အရေးအတွက် ဘာများထူးခြားမှုရှိသလာနိုင်သလဲ...ဆိုပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ ...
- အင်ဒိုနီးရှားက အာဆီယံဥက္ကဌဖြစ်လာရင် လူသားချင်းစာနာမှုအကူအညီ တကယ်ရလာနိုင်သလား...

- အာဆီယ-အမေရိကန်ထိပ်သီးအစည်းအဝေး၊ APEC အစည်းအဝေးတွေက မြန်မာနိုင်ငံအတွက် ဘာများထူးလာနိုင်သလဲ...

- တိုက်လေယာဉ်ဆီတင်သွင်းခွင့်ပိတ်ပင်ရေး၊ လက်နက်တင်သွင်းခွင့်ပိတ်ပင်ရေး၊ စင်ကာပူဘဏ်တွေက စကစ အား အသုံးပြုခွင့်ပေးထားတာတွေ ရပ်ဆိုင်းရေးတောင်းဆိုချက်တွေ တကယ်ဖြစ်လာနိုင်သလား..

- စကစ က ကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲအတုကို နိုင်ငံတကာဖက်က နားယောင်ပြီး လက်မခံမိအောင် ဘယ်လိုဆောင်ရွက်ကြမလဲ...
စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။ 

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ )

“အာဏာသိမ်းအကြမ်းဖက်အုပ်စုကို အစိုးရလိုသဘောထားပြီး သွားဆက်ဆံတာကိုက အာဆီယံ...



“အာဏာသိမ်းအကြမ်းဖက်အုပ်စုကို အစိုးရလိုသဘောထားပြီး သွားဆက်ဆံတာကိုက အာဆီယံ အမှားပါပဲ”

(ဒေါ်ခင်ဥမ္မာ- ရှေ့ပြေးအသံအဖွဲ့ - Progressive Voice)

(၁-၁၁-၂၀၂၂)

အာဆီယံမူ ၅ ချက်အလုပ်မဖြစ်ရခြင်းဟာ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီကို အစိုးရတရပ်လို သွားဆက်ဆံမိရာကနေ စမှားတာဖြစ်တယ်။ တကယ်ဆို ပြည်သူက ရွေးချယ်ထားတဲ့ NUG အစိုးရနဲ့ EAO ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးဆောင်ရွက်သင့်တယ်လို့ အာဆီယံအရေးပါဝင်ဆောင်ရွက်နေသူ (Progressive Voice) ရှေ့ပြေးအသံအဖွဲ့က ဒေါ်ခင်ဥမ္မာကပြောပါတယ်။

မကြာခင်ကျင်းပတော့မယ့် အာဆီယံ ထိပ်သီးအစည်းအဝေးမတိုင်ခင်မှာ အာဆီယံမူ ၅ ချက်အပါဝင် အာဆီယံ ဆုံးဖြတ်ချက်တွေကို လိုက်နာမှာမဟုတ်ဘူးလို့ စစ်ကောင်စီဖက်က ထုတ်ပြောလာတာနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူမက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ပထမပိုင်းမှာ ...
- ဂျာကာမှာ ကျင်းပမယ့် အာဆီယံ အရပ်ဖက်အဖွဲ့များအစည်းအဝေးက ဘာတွေဆွေးနွေးမှာလဲ...

- နိုဝင်ဘာ ၁၀ ရက်ကျင်းပမယ့် အာဆီယံ ထိပ်သီးအစည်းအဝေးမှာ အရင် မူ ၅ ချက်အတိုင်းပဲ ဆက်သွားမှာလား...

- မူ ၅ ချက်ကို လက်မခံနိုင်ဘူးလို့ စကစ ဖက်က ပြောလာတဲ့အတွက် ဘာတွေ ဆက်ဖြစ်လာနိုင်သလဲ...

- အလုပ်မဖြစ်တဲ့ မူ ၅ ချက်ကို အာဆီယံအပြင် ကုလသမဂ္ဂ၊ အမေရိကန်နဲ့ အနောက်နိုင်ငံတွေကပါ ထောက်ခံနေတာက ဘာသဘောလဲ...
စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။ 

(အာဆီယံထိပ်သီးနောက်ပိုင်း အမေရိကန်သမ္မတပါဝင်တဲ့ ဆွေးနွေးပွဲတွေမှာ မြန်မာ့အရေး ထူးခြားချက်ရှိလာနိုင်သလား- ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန်ညမှာ ဆက်လက်ထုတ်လွှင့်ပေးပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။)

Share

Twitter Delicious Facebook Digg Stumbleupon Favorites More