Saturday, December 15, 2012

သူပုန္ေက်ာင္းသားတဦးရဲ့ မာရသြန္ခရီး ၃၄

ABSDF ျပန္လည္ ေပါင္းစည္းေရးအတြက္ ေဆြးေႏြးပဲြမ်ား


ABSDF ဌာနခ်ဳပ္႐ံုးေဟာင္းရွိရာ ေလာကြားလူကုန္းမွာ တရက္၊ နွစ္ရက္ ၾကာျပီးေနာက္မွာေတာ့ ပထမဆုံးအႀကိမ္ ABSDF ျပန္လည္ေပါင္းစည္းေရး ေဆြးေႏြးပဲြကုိ မာနယ္ပေလာဌာနခ်ဳပ္ ကုကၠိဴပင္တန္းေအာက္က တပ္ေပါင္းစု အစည္းေ၀းခန္းမႀကီးထဲမွာ စတင္ခဲ့ပါတယ္။
က်ေနာ္တို႔ ဘက္မလိုက္အဖြဲ႔က ၾကား၀င္အဆုိျပဳသူဆုိေတာ့ သဘာပတိအျဖစ္ေရာ၊ အခန္းနားမႉး အျဖစ္ပါ တာ၀န္ယူရပါတယ္။ ထုိင္ခုံနဲ႔ စားပြဲတြဲထားတဲ့ ခုံေတြကုိ ဂငယ္ပုံစံစီ၊ က်ေနာ္တို႔က အလယ္မွာ ဗဟုိကုိယ္စားလွယ္ ႏွစ္ဖက္ ကေဘးမွာထုိင္ျပီး စားပြဲ၀ုိင္းပုံစံနဲ႔ ေဆြးေႏြးမႈလုပ္ခဲ့တာပါ။

ေပါင္းစည္းေရးေဆြးေႏြးပဲြအတြက္ ညွိနႈိင္းရာေနရာ မာနယ္ပေလာက ဗဟုိရံုးေဟာင္း


ဒီေဆြးေႏြးပဲြေတြအားလုံးကို ကုိနုိင္ေအာင္တို႔ ဗဟုိဘက္ကေန ဓာတ္ပုံ၊ ဗီဒီယုိ မွတ္တမ္းနဲ႔ အေသခ်ာလုပ္ထားၿပီး က်ေနာ္တို႔ ဘက္မလိုက္အဖြဲ႔ဆီ မိတ္တၱဴတခုေပးထားေပမယ့္ မင္းသမီးစခန္းကေန အဆုတ္မွာ အဲဒီဗီဒီယုိ မွတ္တန္း ၆ ေခြစလုံး ေပ်ာက္ဆုံးသြားခဲ့ပါတယ္။ ကုိနုိင္ေအာင္တို႔ ဗဟုိမွာရွိတဲ့ အေခြေတြအားလုံးကိုေတာ့ ဥေရာပနုိင္ငံတခုက Archive သိမ္းတဲ့ဌာနတခုဆီမွာ အပ္နွံထားတဲ့အတြက္ ေလာေလာဆယ္ ျပန္ယူၾကည့္ရႈလုိ႔ မရနုိင္ေသးဘဲျဖစ္ေနပါတယ္။ ေဆြးေႏြးပဲြမွာ ပါခဲ့သူေတြကို ေမးျမန္းတဲ့ အခါမွာလည္း ေကာင္းေကာင္းမွတ္မိသူ မရွိသေလာက္ ျဖစ္ေနတဲ့အတြက္ က်ေနာ္ မွတ္မိသမွ်ကုိသာ အားကိုးျပီး ဒီေဆာင္းပါးကုိ ေရးသားတင္ျပနုိင္မွာ ျဖစ္ပါတယ္။

က်ေနာ္မွတ္မိသေလာက္ အဲဒီလုိ ေပါင္းစည္းေရးေဆြးေႏြးပဲြ လုပ္တဲ့အခ်ိန္ဟာ ၁၉၉၃ ေမလ ေလာက္ျဖစ္မယ္လုိ႔ ထင္ပါတယ္။ ပထမအႀကိမ္ေဆြးေႏြးပဲြ တက္ေရာက္သူ စာရင္းထဲမွာ ေဒါက္တာ နုိင္ေအာင္တို႔ဘက္က ဥကၠ႒ ကုိနုိင္ေအာင္၊ ဒုဥကၠ႒ ကိုေက်ာ္ေက်ာ္၊ အေထြေထြအတြင္းေရးမႉး ကုိမ်ဳိး၀င္း၊ အတြင္းေရးမႉး ၂ ကုိေဌးေအာင္၊ စုိင္းျမင့္သူနဲ႔ ထိပ္တန္းေခါင္း ေဆာင္ ၅ ဦးခန္႔ တက္ေရာက္ပါတယ္။ ကုိမုိးသီးဇြန္တို႔ဘက္က ဒု ဥကၠ႒ ကုိေအာင္သူျငိမ္း၊ အတြင္းေရးမႈး ၂ ကုိေဌးနုိင္၊ ကိုေက်ာ္ကုိ၊ ကုိမင္းမင္းနဲ႔ ထိပ္တန္း ေခါင္းေဆာင္ ၅ ဦးခန္႔ တက္ေရာက္ခဲ့ပါတယ္။ က်ေနာ္တို႔ ဘက္မလုိက္အဖြဲ႔မွ ပါ၀င္သူ ၃ ဦးကေတာ့ က်ေနာ္၊ ကုိေအာင္ေမာ္နဲ႔ ကုိေအာင္သန္႔တို႔ ျဖစ္ပါတယ္။

စာမ်က္နွာ ၂ မ်က္နွာပါ က်ေနာ္တို႔တင္ျပတဲ့ ျပန္လည္ေပါင္းစည္းေရး အဆုိျပဳခ်က္ေတြကို ၂ ဖက္စလုံးက မူအရ လက္ခံတယ္လုိ႔ ေျပာတာကို က်ေနာ္အမွတ္ရေနေပမယ့္ အဲဒီ ၂ မ်က္နွာမွာ ပါ၀င္တဲ့ အခ်က္လက္နဲ႔ စာသားေတြကို မမွတ္မိဘဲျဖစ္ေနပါတယ္။ ညေနပုိင္းေရာက္တဲ့အထိ တိက်တဲ့ဆုံးျဖတ္ခ်က္ မရတဲ့အတြက္ အလားတူ ေဆြးေႏြးပဲြေတြကို ေရွ႕သီတင္းပတ္က်ရင္ ၂ ဖက္ ဗဟုိဌာနခ်ဳပ္ေတြဆီမွာ ဆက္လုပ္မယ္လုိ႔ သေဘာတူျပီး မာနယ္ပေလာ ေဆြးေႏြးပဲြကို ရပ္နားလုိက္ပါတယ္။

ဒီေဆြးေႏြးပဲြ ျပီးတဲ့အခါမွာေတာ့ သဘာပတိအျဖစ္ တာ၀န္ယူရတဲ့ က်ေနာ္တို႔ ဘက္မလုိက္အဖြဲ႔ဟာ ကုိနုိင္ေအာင္တို႔ ဗဟုိရံုးခဲြမွာ ဆက္တည္းဖုိ႔ မသင့္ေတာ္တဲ့အတြက္ ၾကားေနရာျဖစ္တဲ့ ေစာလဲထာရြာ ဆီျပန္လာျပီး ကုိျမင့္ေအာင္တို႔အိမ္မွာ တည္းလုိက္၊ မဲစရိယန္းၿမိဳ႕ေပၚကို တက္ျပီး River Side Guest House မွာတည္းရင္း တပ္ရင္းနဲ႔ ရေနာင္းၿမိဳ႕ဘက္ဆီ ဆက္သြယ္လုိက္နဲ႔ ေနခဲ့ပါတယ္။ ၄ ရက္ေလာက္ၾကာတဲ့အခါမွာေတာ့ ေစာလဲထာ ေအာက္ဖက္နားက သံလြင္ျမစ္ေဘးရွိ ကုိမုိးသီးဇြန္တို႔ ဗဟုိ ဌာနခ်ဳပ္ရွိရာ ေသေလာထာစခန္းဆီ က်ေနာ္တို႔ဆင္းလာခဲ့ပါတယ္။

၁၉၈၉ ခုႏွစ္ မာနယ္ပေလာနဲ႔ ဥသုထာခရီးစဥ္တုန္းက ေသေလာထာ၀န္းက်င္မွာ ေက်ာင္းသားစခန္းေတြကို မေတြ႔ရေသးေပမယ့္ အခု ၁၉၉၃ မွာေတာ့ ေသာင္ရင္းနဲ႔ သံလြင္ျမစ္တို႔ဆုံတဲ့ ျမစ္ဆုံကေန ေသေလာထရြာ အေပၚနားအထိ သံလြင္ျမစ္ကမ္းတေလွ်ာက္ ခြပ္ေဒါင္းအလံတလူလူနဲ႔ ေက်ာင္းသားစခန္းေတြ တန္းစီေနရာယူ ထားတာကိုေတြ႔ရပါတယ္။


 ဒုတိယအၾကိမ္ေဆြးေနြးတဲ့ ကုိမုိးသီးဇြန္တုိ႔ဗဟုိစခန္း ေသေလာထာမွာ

ျမစ္ဆုံရဲ့အထက္နားကေန ေသေလာထာရြာ အနီးထိ ကိုမုိးသီးဇြန္ ဗဟုိကို ေထာက္ခံတဲ့ တပ္ရင္းေတြျဖစ္တဲ့ ၂၀၈၊ ၂၁၄၊ ၂၁၂ နဲ႔ ၂၀၄ တပ္ရင္း စခန္းေတြကို ေတြ႔ရပါတယ္။ ကိုမုိးသီးဇြန္တို႔ဗဟုိ အေပၚဖက္ ေသေလာထာရြာ အနီးမွာေတာ့ ေဒါက္တာ နုိင္ေအာင္ကုိ ေထာက္ခံတဲ့ ၂၁၀ တပ္ရင္းနဲ႔ ေသေလာ့ထာရြာ အေပၚဖက္နားမွာေတာ့ ၂၀၉ တပ္ရင္း ေနရာယူထားပါတယ္။ ေနာက္ပုိင္းမွာေတာ့ ၂၀၉ နဲ႔ ၂၁၀ တို႔ ေဒါင္းဂြင္ဖက္ေျပာင္းသြားတယ္လုိ႔ သိရပါတယ္။

ဒီစခန္းေတြ အားလုံးနီးပါးကို သံလြင္ျမစ္ထဲက ျဖတ္သြားရင္း ျမင္ဖူး႐ံုသာရွိျပီး တပ္ရင္းမႈး ကုိေနမ်ဳိးရဲ့ ၂၁၂ တပ္ရင္းတခုကိုသာ က်ေနာ္ေရာက္ခဲ့ဖူးပါတယ္။ ေစာလဲထာကေန ကိုုမုိးသီးဇြန္တို႔ ဗဟုိ ဌာနခ်ဳပ္စခန္းကို မိနစ္ ၄၀ ခန္႔ ေလွစီးရပါတယ္။ ေသေလာထာ ဗဟုိဌာနခ်ဳပ္စခန္းဟာ အယင္ မာနယ္ပေလာေတာင္ကုန္းေပၚက စခန္းနဲ႔စာရင္ေတာ့ ပထ၀ီအေနထား မေကာင္းလွဘူးလုိ႔ ထင္ပါတယ္။ ေဆြးေႏြးပဲြအတြက္ တညအိပ္ တရက္ခရီးစဥ္ အျဖစ္သာ ေရာက္ဖူးတဲ့အတြက္ အခင္းအက်င္းကို ေကာင္းေကာင္း မမွတ္မိေတာ့ပါ။

ေနာက္တေန႔မနက္ ကိုနုိင္ေအာင္တို႔ ဗဟုိဘက္က ကုိယ္စားလွယ္ေတြ ေရာက္လာတဲ့အခါမွာေတာ့ ေပါင္းစည္းေရးေဆြးေႏြးပဲြ ဒုတိယအႀကိမ္အျဖစ္ ေသေလာထာစခန္းမွာ စတင္ခဲ့ပါတယ္။ ဒီအစည္းေ၀းကိုေတာ့ ဥကၠ႒ ကိုမုိးသီးဇြန္ကိုယ္တုိင္ တက္ေရာက္ခဲ့ျပီး က်န္တဲ့ ကုိယ္စားလွယ္ေတြကေတာ့ အရင္ မာနယ္ပေလာ အစည္းေ၀းအတုိင္း အေျပာင္းလဲမရွိဘူးလုိ႔ က်ေနာ္ ထင္ပါတယ္။ ေဆြးေႏြးတဲ့ အေၾကာင္းရာေတြကေတာ့ မာနယ္ပေလာ အစည္းေ၀းခန္းမမွာ တင္ျပတဲ့အခ်က္ေတြကိုပဲ ဆက္လက္ ေဆြးေႏြးတာျဖစ္ပါတယ္။ အားလုံး အျပန္အလွန္ ျငင္းခုံေဆြးေႏြးၿပီး ေနာက္မွာေတာ့ ေနာက္ဆုံး အႀကိမ္ေဆြးေႏြးပဲြကို ကုိနုိင္ေအာင္တို႔ ဌာနခ်ဳပ္ရွိရာ ဒါးကြင္း (ေဒါင္းဂြင္လုိ႔ ေက်ာင္းသားေတြက အမည္ေျပာင္း) မွာ လုပ္ဖုိ႔ သေဘာတူျပီး ညေနပုိင္းမွာ ေဆြးေႏြးပဲြကို ရပ္နားလုိက္ ျပန္ပါတယ္။


ေခါက္ဆြဲေႂကြးမိတဲ့ ဒုိင္လူႀကီး

ေသေလာထာ ေဆြးေႏြးပဲြအျပီးမွာေတာ့ ထုံးစံအတုိင္း ေစာလဲထာကို ျပန္လာျပီး ကုိျမင့္ေအာင္ တို႔အိမ္မွာပဲ ခဏတာ စခန္းခ်ျပန္ပါတယ္။ ေနာက္ ၂ ရက္ေလာက္ ၾကာတဲ့အခါမွာေတာ့ ေစာလဲထာ အေပၚဘက္ကုိ တနာရီေလာက္ စက္ေလွေမာင္းရတဲ့ ကုိနုိင္ေအာင္တို႔ ဗဟုိရွိရာ ေဒါင္းဂြင္စခန္းဆီ က်ေနာ္တို႔သြားပါတယ္။

 ကုိနုိင္ေအာင္တုိ႔ဗဟုိ ေဒါင္းဂြင္စခန္းမွာက်င္းပတဲ့ ေဆြးေႏြးပဲြ

၁၉၈၉ တုန္းက က်ေနာ္ေရာက္ခဲ့ဖူးတဲ့ ေစာထာစခန္း၊ သံလြင္စခန္းတို႔ရွိရာ ဥသုထာအရပ္ဆီ မေရာက္ခင္ သံလြင္ျမစ္ေဘးတေနရာမွာ ကြ်န္းသစ္ေတြ၊ သစ္မာေတြနဲ႔ အခုိင္မာ ေဆာက္ထားတဲ့ စခန္းတခုကို က်ေနာ္တုိ႔ေတြ႔ရပါတယ္။ ေလွစဆုိက္ဆုိက္ခ်င္း ပထမဆုံးေတြ႔ရတဲ့ေနရာက ေဒါက္တာျမင့္ခ်ဳိ တာ၀န္ယူထားတဲ့ ဗဟုိေဆးခန္းနဲ႔ ေဆးတပ္ဆြယ္၊ ျပီးေတာ့ မိသားစု အိမ္တန္းတစု၊ အဲဒီတဲတန္း အလြန္မွာေတာ့ ကရင္မလင္မယားလုိ႔ လူသိမ်ားတဲ့ ကုိေအာင္သန္းတို႔ မိသားစုေနထုိင္တဲ့ သစ္စက္တလုံး၊ သစ္စက္ေဘးရွိ ေခ်ာင္းလက္တက္ ေသးေသးေလးကို ေက်ာ္လုိက္တဲ့အခါမွာေတာ့ ျပန္ၾကားေရးဌာနပုိင္ တဲတလုံးနဲ႔ အဲဒီတဲရဲ့ ေနာက္ေက်ာမွာေတာ့ သားနားလွတဲ့ ေတာတြင္း စတူဒီယုိတခု။

သားနားတယ္ဆုိတာဟာ ေတာထဲမွာျမင္ေနရတဲ့ အေဆာက္ဦေတြၾကားမွာ နႈိင္းယွဥ္ေျပာဆုိ ျခင္းသာျဖစ္ျပီး ျမိဳ႕ေပၚကစတူဒီယုိေတြနဲ႔ေတာ့ မနႈိင္းယွဥ္ေစလုိပါ။ ၁၈ ေပ၊ ၁၀ ေပ ပတ္လည္ေလာက္ရွိတဲ့ တဲတလုံးသာျဖစ္ျပီး ထူးျခားတာကေတာ့ ကြ်န္းသစ္ခင္း၊ ကြ်န္းသစ္ကာထားတဲ့အျပင္ ၃ ေပ ေလာက္ရွိတဲ့ မွန္ခ်ပ္ႀကီးကုိပါ တပ္ဆင္ထားတဲ့ စတူဒီယုိအေသးစားတခု ပါ၀င္ေနျခင္းပါ။
၈ ေပေလာက္ရွိတဲ့ အဲဒီစတူဒီယုိေဘးက ၁၀ ေပေလာက္ပုိေနတဲ့ ေနရာကေတာ့ ဧည့္ရိပ္သာျဖစ္ပါတယ္။

ဆုုိလုိတာကေတာ့ ဧည္သည္ေတြျဖစ္တဲ့ က်ေနာ္တုိ႔အဖြဲ႔ အဲဒီစတူဒီယုိေရွ႕မွာ ၂ ရက္ ၃ ရက္ခန္႔ စခန္းခ်ခဲ့တယ္ဆုိပါေတာ့။ ထပ္ျဖည့္ေျပာရမယ္ဆုိရင္ ဒီစတူဒိီယုိဟာ DVB ေရဒီယုိကရတဲ့ ဘတ္ဂ်က္ေငြနဲ႔ ေဆာက္ထား တယ္လုိ႔သိရျပီး DVB အတြက္ ဇာတ္လမ္းေတြ၊ သီးခ်င္းေတြ၊ သတင္းေဆာင္းပါးေတြ ထုတ္လုပ္ေပးေနတဲ့ေနရာ ျဖစ္ပါတယ္။ က်ေနာ္တို႔ အဲဒီမွာ တည္းခုိေနစဥ္မွာေတာင္ ေရဒိီယုိဇာတ္လမ္း အသံသြင္းေနၾကတဲ့ ေဒါင္းဂြင္စတူဒီယုိ ၀ုိင္းေတာ္သားေတြနဲ႔ ေတြ႔ခြင့္ရလိုိက္ပါေသးတယ္။

အကဲြအၿပဲကာလအတြင္း DVB ေရဒီယုိအတြက္ ပေရာဂ်က္အားလုံးနီးပါးကို ကုိနုိင္ေအာင္တို႔ ဗဟုိဖက္က ရရွိထားျပီး ဗဟုိ ျပန္ၾကားေရးတာ၀န္ခံ  ကုိခင္ေမာင္၀င္း (အခု DVB ဒုညြန္မႉး) က တာ၀န္ယူ ေဆာင္ရြက္ေနတာလုိ႔ သိရပါတယ္။

အဲဒီ စတူဒီယုိကုိ ေက်ာ္ျပီး ေတာအုပ္ေတြရွိရာ ေတာင္ကုန္းဘက္ နည္းနည္းဆက္၀င္လာေတာ့ ေပ ၅၀၊ ေပ ၂၀ ပတ္လည္ေလာက္ရွိတဲ့ သားနားလွတဲ့ ေျမစုိက္ဗဟိုရံုးခန္းကို ေတြ႔ရပါတယ္။ ဒီရံုးခန္းထဲမွာ စားပဲြတင္ တင္းနစ္ကစားတဲ့ ခုံတန္းကို ေတြ႔ရၿပီး ရံုးခ်ိန္လြန္ရင္ေတာ့ ဒီအေဆာင္ဟာ ရံုးခန္းအျဖစ္ကေန မုိးလုံေလလုံ အားကစားရံုအျဖစ္ အသြင္ေျပာင္းသြားေလ့ ရွိပါတယ္။ အဲဒီရံုးခန္းရဲ့ေနာက္ေက်ာမွာေတာ့ ဗဟုိေကာ္မီတီ၀င္ေတြေနတဲ့ တန္းလ်ားတခုကုိေတြ႔ရၿပီး ကြ်န္းသစ္ အတိုအစေတြနဲ႔ အေသခ်ာေဆာက္၊ အေသခ်ာ အခန္းဖြဲ႔ထားတာကို ေတြ႔ရပါတယ္။ အဲဒီအေဆာင္ရဲ့ေဘးမွာေတာ့ စားဖုိေဆာင္၊ တခါ ဗဟုိရံုးကိုေက်ာ္ျပီး သစ္ေတာထဲ ထပ္၀င္သြားမယ္ဆုိရင္ စစ္ရံုးခ်ဳပ္နဲ႔ ရဲေဘာ္ေတြရဲ့ ဘားတုိက္ေတြ ရွိတယ္လို႔ ဆုိပါတယ္။ အဲဒီဘက္ကုိေတာ့ က်ေနာ္မသြားျဖစ္လုိက္ပါ။

ေဒါင္းဂြင္မွာ တရက္တာ ေလ့လာေရးအျပီး ေနာက္တရက္မွာေတာ့ ကုုိမုိးသီးဇြန္တို႔ဗဟုိမွ ကိုေအာင္သူျငိမ္းတို႔အဖြဲ႔ ေရာက္လာျပီး ေပါင္းစည္းေရး ေဆြးေႏြးပဲြ တတိယအႀကိမ္ကို က်ေနာ္တို႔စတင္ခဲ့ပါတယ္။ ထုံးစံအတုိင္း ေဆြးေႏြးတဲ့အေၾကာင္းအရာေတြကို က်ေနာ္မမွတ္မိေတာ့ပါ။ ဒါေပမယ့္ အဲဒီေန႔နဲ႔ပတ္သက္ျပီး အခုခ်ိန္ထိ ထူးထူးျခားျခား မွတ္မိေနတာကေတာ့ ႏွစ္ဖက္ကုိယ္စားလွယ္ေတြကို သဘာပတိ တာ၀န္ယူတဲ့ က်ေနာ္တို႔ဘက္မလုိက္အဖဲြ႔က ေခါက္ဆဲြေႂကြးမိတဲ့အျဖစ္ပါ။ “ႏွစ္ဖက္ ေဘာလုံးသမားေတြကို ဒုိင္လူႀကီးက ေခါက္ဆဲြေႂကြးတယ္ေနေဟ့” ဆုိျပီး အစခံရတဲ့ အဲဒီေန႔က ေန႔လည္စာ ထမင္း၀ုိင္းပါ။

မာနယ္ပေလာမွာက်င္းပတဲ့ အစည္းေ၀းအတြက္ ေန႔လည္စာကို ကုိနုိင္ေအာင္္တို႔က တာ၀န္ယူျပီး ေသေလာထာက အစည္းေ၀းေန႔လည္စာကုိ ကုိမုိးသီးဇြန္တို႔က တာ၀န္ယူခဲ့တဲ့အတြက္ ဒီတႀကိမ္ အစည္းေ၀း ေန႔လည္စာကို က်ေနာ္တို႔ ဘက္မလုိက္အဖြဲ႔က တာ၀န္ယူမယ္ဆုိျပီး ကတိေပးထားပါတယ္။ ဒီလုိနဲ႔အစည္းေ၀းမလုပ္ခင္ တရက္မွာ စားဖုိမႉး ကိုကင္းရွင္ကုိ ဘာေႂကြးရင္ေကာင္းမလဲဆုိျပီး ညွိေတာ့ “ထမင္းက ေန႔စဥ္စားေနရတာ ရုိးေနျပီ။
ထူးထူးျခားျခား ေခါက္ဆြဲေႂကြးပါလား။ က်ေနာ္စီစဥ္ေပးမယ္” လုိ႔ ေျပာပါတယ္။ ကုိကင္းရွင္ဆုိတာ အရင္က်ေနာ္တို႔ မင္းသမီးခစန္းမွာကတည္းက အခ်က္အျပဳတ္ နာမည္ႀကီးခဲ့သူျဖစ္တဲ့အတြက္ သူရဲ့အႀကံေပးခ်က္အတုိင္း လုပ္ဖုိ႔သေဘာတူလုိက္ရာကေန ဒီ နာမည္ႀကီး ေခါက္ဆဲြေၾကာ္္ ေန႔လည္စာျဖစ္လာတာပါ။

ေန႔လည္ပုိင္းမွာေတာ့ ေဆြးေႏြးပဲြေတြကို ရပ္နားလုိက္ျပီး ဒီေဆြးေႏြးခ်က္ေတြကို သက္ဆုိင္ရာ ဗဟုိေတြအလုိက္ ျပန္လည္ေဆြးေႏြးတင္ျပၾကဖုိ႔၊ ျပီးေတာ့မွ ေနာက္တခါ ျပန္လည္ေတြဆုံ ထပ္မံေဆြးေႏြးၾကဖုိ႔ သေဘာတူျပီး ကုိမုိးသီးဇြန္တို႔အဖြဲ႔နဲ႔ က်ေနာ္တို႔အဖြဲ႔ေတြ ကုိနုိင္ေအာင္တို႔ရဲ့ ေဒါင္းဂြင္ဌာနခ်ဳပ္ကေန ထြက္ခြာလာခဲ့ပါတယ္။


ဘက္မလုိက္ ၂၀၁ တပ္ရင္းမွာ က်င္းပတဲ့ ၈ ေလးလုံး နွစ္ပတ္လည္ေန႔ အခမ္းနားတခုကုိ ေတြ႔ရစဥ္
ၾကား၀င္ညွိနႈိင္းမႈအေတြ႔အႀကံဳနဲ႔ ဘက္မလုိက္အဖြဲ႔ ဘက္လုိက္သြားျခင္း

တကယ္တမ္း ေျပာမယ္ဆုိရင္ေတာ့ က်ေနာ္တို႔ဘက္မလုိက္အဖြဲ႔ဟာ ႏွစ္ဖက္ဗဟုိ ျပန္လည္ ေပါင္းစည္းေရးအတြက္ ၾကား၀င္ညွိနိင္းေပးတယ္ဆုိေပမယ့္ နုိင္ငံေရးညွိနႈိင္းမႈ အတတ္ပညာနဲ႔ပတ္သက္ျပီး က်ေနာ္တို႔ ဘာမွမတတ္၊ ဘာမွ မသိပါ။ ၾကား၀င္ညွိနႈိင္းေရးအေၾကာင္းလည္း တခါမွ အေသခ်ာ မေလ့လာဖူးခဲ့ပါ။ “ABSDF မကြဲဘဲ တစုတစည္းတည္း ျဖစ္ေနေစခ်င္တယ္” ဆုိတဲ့ ေစတနာထက္ပုိၿပီး က်ေနာ္တို႔ ဘာမွမသိသလုိ က်ေနာ္တို႔ရဲ့တင္ျပခ်က္ကို ႏွစ္ဖက္ဗဟုိက လက္ခံလိမ့္မယ္၊ ေပါင္းစည္းေရးညိီလာခံ မၾကာခင္လုပ္ျဖစ္ၿပီး ABSDF တခုတည္း ျပန္ျဖစ္သြားလိမ့္မယ္၊ အဲဒီအခ်ိန္ေရာက္ရင္ က်ေနာ္တို႔ ဘက္မလိုက္အဖြဲ႔ တာ၀န္ေၾကျပီလို႔ စိတ္ကူးယဥ္ဆန္ဆန္ မ်က္စိမွိတ္ယုံၾကည္ထားသလုိ ျဖစ္ေနခဲ့ပါတယ္။

တနည္းအားျဖင့္ေျပာမယ္ဆုိရင္ က်ေနာ္တို႔ရဲ့တင္ျပခ်က္ကုိ ႏွစ္ဖက္ဗဟုိက လက္မခံဘူးဆုိရင္၊ ဒါမွမဟုတ္ ႏွစ္ဖက္မွာ တဖက္ကပဲ လက္ခံတယ္ဆိုရင္ က်ေနာ္တို႔ ဘာဆက္လုပ္မလဲဆုိတဲ့ Plan B အဆင့္ စဥ္းစားထားခ်က္မ်ဳိး က်ေနာ္တို႔မွာ မရွိပါ။ ဒီလုိနဲ႔ က်ေနာ္တို႔အဖြဲ႔ မင္းသမီးစခန္းဆီ ျပန္ေရာက္ေတာ့ ဒီကိစၥေတြကို ေဆြးေႏြးဖုိ႔ စုံညီအစည္းေ၀း ေခၚရပါတယ္။ ဒီအခ်ိန္မွာ ရန္ပုံေငြရတဲ့ ပင္လယ္ျပင္ စစ္ေၾကာင္းကုိ ဦးစားေပး ေဆာင္ရြက္ေနတာေၾကာင့္ တပ္ရင္းမႉး၊ ဒုရင္းမႉး၊ ပင္လယ္ျပင္ စစ္ေၾကာင္းမႉးေတြအားလုံး ရေနာင္းနဲ႔ ပင္လယ္ျပင္ထဲ ခရီးလြန္ေနၾကပါတယ္။

က်ေနာ္တို႔ မင္းသမီးစခန္းဆီ ျပန္ေရာက္ျပီး သတင္း ၃ ပတ္ေလာက္ၾကာမွ လူစုံတဲ့အတြက္ တပ္ရင္းညီလာခံကုိ စတင္ပါတယ္။ ဒီတခါ ညီလာခံက အရင္က ညီလာခံေတြလုိ ေနာက္လုိက္ေျပာင္လုိက္ စလုိက္ပုံစံမ်ဳိး မဟုတ္ေတာ့ဘဲ အားလုံးက တခုခုကုိ စုိးရိမ္သလုိ ျဖစ္ေနၾကပါတယ္။ ဆုိလုိတာကေတာ့ ဘက္မလိုက္အဖဲြ႔ရဲ့ တင္ျပခ်က္ေတြကို ႏွစ္ဖက္ဗဟုိက မူအရလက္ခံတယ္ဆုိေပမယ့္ တိက်တဲ့ လုပ္ငန္းစဥ္ ဘာမွရမလာဘူး။ ေနာက္ထပ္ ဘယ္ေလာက္ၾကာမွ ဗဟုိ ႏွစ္ခုျပန္ေပါင္းမလဲဆုိတာကို ခန္႔မွန္းလုိ႔ မရနုိင္တဲ့အေျခေနမ်ဳိးပါ။ ဒီလုိအေျခေနမွာ က်ေနာ္္တို႔တပ္ရင္း ဘယ္မလိုက္အျဖစ္ ဘယ္ေလာက္ၾကာၾကာ ဆက္ရပ္နုိင္မလဲ၊ ဗဟုိ ႏွစ္ခုမေပါင္းမခ်င္း ဘက္မလုိက္အျဖစ္ ဆက္ရပ္နုိင္ပါ့မလား၊ ေန႔စဥ္ႀကံဳေနရတဲ့ အခက္ခဲေတြကို ရက္အကန္႔အသတ္မရွိ က်ေနာ္တုိ႔ေတာင့္ခံနုိင္ပါ့မလား။ ဘက္မလုိက္အဖဲြ႔ ဗဟုိတခုခုနဲ႔ ေပါင္းျပီး ဘက္လုိက္တဲ့ဘ၀ ေရာက္ေတာ့မလားလုိ႔ အားလုံးက စုိးရိမ္ထိတ္လန္႔ေနၾကပါတယ္။

အနွစ္ျပန္ခ်ဳပ္ရရင္ေတာ့ ဗဟုိ ႏွစ္ခုျပန္ေပါင္းေအာင္ဆုိျပီး ကိုယ္စရိတ္ကိုယ္စုိက္၊ ဌာနခ်ဳပ္ေတြဆီအထိသြားျပီး ၾကား၀င္ညွိနႈိင္းခဲ့တဲ့ က်ေနာ္တို႔ဟာ တကယ္လက္ေတြ႔မွာေတာ့ ဗဟုိ ႏွစ္ခုကို ျပန္ေပါင္းေအာင္ မလုပ္နုိင္တဲ့အျပင္ ဘက္မလုိက္အဖြဲ႔ေတာင္ ႏွစ္ျခမ္းျပန္ကြဲသြားနုိင္တဲ့ ႀကိဳတင္မွန္းဆမထားတဲ့ ေျပာင္းျပန္အေျခေနနဲ႔ ရင္ဆုိင္လုိက္ရတယ္ဆုိပါေတာ့။

နုိင္ငံတကာသတင္းေတြ၊ စာအုပ္စာတမ္းေတြထဲမွာ ဖတ္ဖူးသေလာက္ ၾကား၀င္ညွိနႈိင္းမႈဆုိတာဟာ ျပႆနာျဖစ္ေနတဲ့ ႏွစ္ဖက္အုပ္စုနဲ႔ မဆုိင္တဲ့ သီးျခားလြတ္လပ္တဲ့ ေစ့စပ္ေရးပညာရွင္အဖြဲ႔၊ ဘာသာေရးအဖြဲ႔ သုိ႔မဟုတ္ နုိင္ငံျခားအစိုးရ တခုခုကေန ၾကား၀င္ ေစ့စပ္ေပးၾကတာကိုသာ ေတြ႔ရျပီး က်ေနာ္တို႔လုိ႔ ကဲြေနတဲ့ ႏွစ္ဖြဲ႔ (တခ်ဳိ႕ကေတာ့ က်ေနာ္တို႔ကုိပါ စာရင္းထည့္ျပီး သံုးဖြဲ႔လုိ႔ ဆုိၾကပါတယ္) ၾကားမွာ အင္အားအနည္းဆုံး ဘက္မလုိက္အဖဲြ႔က ၀င္ေစ့စပ္ေပးတယ္ဆုိတာမ်ဳိး မေတြ႔ဖူးေသးပါဘူး။

တကယ္တမ္း ျပန္စဥ္းစားၾကည့္မယ္ဆုိရင္ေတာ့ အင္အား ၁၀၀၀ ေက်ာ္စီရွိေနတဲ့ ဗဟုိ ႏွစ္ခုဟာ သူဟာနဲ႔ သူရပ္တည္ျပီး အဆင္ေျပေနခ်ိန္မွာ အင္အား ၁၀၀ ေက်ာ္သာရွိတဲ့ က်ေနာ္တို႔ ဘက္မလုိက္အဖြဲ႔ရဲ့ တင္ျပခ်က္ကုိ ဘာေၾကာင့္မ်ား သူတို႔က နားေထာင္ဖုိ႔ လုိလိမ့္မလဲဆုိတာကုိ အဲဒီအခ်ိန္က က်ေနာ္တို႔ အေသအခ်ာ မစဥ္းစားျဖစ္လုိက္ပါဘူး။ အမွန္တရားအေပၚ အေျခခံထားတဲ့ သေဘာတရားနဲ႔ အင္အားအေပၚ အေျခခံထားတဲ့ လက္ေတြ႔နုိင္ငံေရးအေျခေန ႏွစ္ခုကြာဟခ်က္ကုိ အေသအခ်ာ ခဲြျခားစိပ္ျဖာနုိင္စြမ္း အဲဒီကာလက က်ေနာ္တို႔မွာ တကယ္မရွိခဲ့ပါ။

ဒီလုိနဲ႔ ဘက္မလုိက္အျဖစ္ ဆက္ရပ္မလား၊ ဘယ္အခ်ိန္အထိ ရပ္မလဲ၊ ဗဟုိ ႏွစ္ခု ဘယ္အခ်ိန္ ျပန္ေပါင္းမယ္လုိ႔ ဘယ္သူသိမလဲ၊ ေပါင္းေကာေပါင္းၾကဦးမွာလား၊ ေန႔စဥ္ႀကံဳေတြေနရတဲ့ ရပ္တည္ေရး အခက္ခဲေတြကို ဘယ္လုိေက်ာ္ျဖတ္မလဲ စသည္ျဖင့္ သတင္းတပတ္ၾကာ ေဆြးေႏြးျငင္းခုံခဲ့ၾကပါတယ္။ ေနာက္ဆုံးမွာေတာ့ ဘက္မလုိက္အျဖစ္ ဆက္ရပ္မလား၊ က်ေနာ္တို႔ရဲ့ တင္ျပခ်က္ေတြကုိ လက္ခံတဲ့သေဘာရွိသူ၊ ဒါမွမဟုတ္ နည္းနည္းနီးစပ္သူ ေဒါက္တာနုိင္ေအာင္တို႔ ဗဟုိနဲ႔ ေပါင္းမလားဆုိျပီး မဲခဲြဆုံးျဖတ္မယ္ဆုိတဲ့ အဆင့္အထိ ေရာက္လာပါတယ္။

ကုိယ္စားလွယ္အမ်ားစုက ေဒါက္တာနုိင္ေအာင္တို႔ ဗဟုိနဲ႔ေပါင္းဖုိ႔ မဲေပးလုိက္တဲ့အတြက္ ၁၉၉၃ ၾသဂုတ္လ ၈ ရက္ေန႔ ၈ ေလးလုံး နွစ္ပတ္လည္ ၅ နွစ္ျပည့္ေန႔မွာ အဲဒီ ဆုံးျဖတ္ခ်က္ကုိ တရား၀င္ေၾကညာျပီး ဘက္မလုိက္အဖြဲ႔ဟာ ေဒါက္တာနုိင္ေအာင္ ဗဟုိနဲ႔ ေပါင္းစည္း လုိက္ျပီျဖစ္ေၾကာင္း ေၾကညာခ်က္ ထုတ္ျပန္လုိက္ပါေတာ့တယ္။

================================================

(အပိုင်း ၃၄)

ထက်အောင်ကျော်| June 14, 2012 | 
ဧရာဝတီ။
ABSDF ပြန်လည် ပေါင်းစည်းရေးအတွက် ဆွေးနွေးပွဲများ


ABSDF ဌာနချုပ်ရုံးဟောင်းရှိရာ လောကွားလူကုန်းမှာ တရက်၊ နှစ်ရက် ကြာပြီးနောက်မှာတော့ ပထမဆုံးအကြိမ် ABSDF ပြန်လည်ပေါင်းစည်းရေး ဆွေးနွေးပွဲကို မာနယ်ပလောဌာနချုပ် ကုက္ကိူပင်တန်းအောက်က တပ်ပေါင်းစု အစည်းဝေးခန်းမကြီးထဲမှာ စတင်ခဲ့ပါတယ်။
ကျနော်တို့ ဘက်မလိုက်အဖွဲ့က ကြားဝင်အဆိုပြုသူဆိုတော့ သဘာပတိအဖြစ်ရော၊ အခန်းနားမှူး အဖြစ်ပါ တာဝန်ယူရပါတယ်။ ထိုင်ခုံနဲ့ စားပွဲတွဲထားတဲ့ ခုံတွေကို ဂငယ်ပုံစံစီ၊ ကျနော်တို့က အလယ်မှာ ဗဟိုကိုယ်စားလှယ် နှစ်ဖက် ကဘေးမှာထိုင်ပြီး စားပွဲဝိုင်းပုံစံနဲ့ ဆွေးနွေးမှုလုပ်ခဲ့တာပါ။


ပေါင်းစည်းရေးဆွေးနွေးပွဲအတွက် ညှိနှိုင်းရာနေရာ မာနယ်ပလောက ဗဟိုရုံးဟောင်း 


ဒီဆွေးနွေးပွဲတွေအားလုံးကို ကိုနိုင်အောင်တို့ ဗဟိုဘက်ကနေ ဓာတ်ပုံ၊ ဗီဒီယို မှတ်တမ်းနဲ့ အသေချာလုပ်ထားပြီး ကျနော်တို့ ဘက်မလိုက်အဖွဲ့ဆီ မိတ်တ္တူတခုပေးထားပေမယ့် မင်းသမီးစခန်းကနေ အဆုတ်မှာ အဲဒီဗီဒီယို မှတ်တန်း ၆ ခွေစလုံး ပျောက်ဆုံးသွားခဲ့ပါတယ်။ ကိုနိုင်အောင်တို့ ဗဟိုမှာရှိတဲ့ အခွေတွေအားလုံးကိုတော့ ဥရောပနိုင်ငံတခုက Archive သိမ်းတဲ့ဌာနတခုဆီမှာ အပ်နှံထားတဲ့အတွက် လောလောဆယ် ပြန်ယူကြည့်ရှုလို့ မရနိုင်သေးဘဲဖြစ်နေပါတယ်။ ဆွေးနွေးပွဲမှာ ပါခဲ့သူတွေကို မေးမြန်းတဲ့ အခါမှာလည်း ကောင်းကောင်းမှတ်မိသူ မရှိသလောက် ဖြစ်နေတဲ့အတွက် ကျနော် မှတ်မိသမျှကိုသာ အားကိုးပြီး ဒီဆောင်းပါးကို ရေးသားတင်ပြနိုင်မှာ ဖြစ်ပါတယ်။

ကျနော်မှတ်မိသလောက် အဲဒီလို ပေါင်းစည်းရေးဆွေးနွေးပွဲ လုပ်တဲ့အချိန်ဟာ ၁၉၉၃ မေလ လောက်ဖြစ်မယ်လို့ ထင်ပါတယ်။ ပထမအကြိမ်ဆွေးနွေးပွဲ တက်ရောက်သူ စာရင်းထဲမှာ ဒေါက်တာ နိုင်အောင်တို့ဘက်က ဥက္ကဋ္ဌ ကိုနိုင်အောင်၊ ဒုဥက္ကဋ္ဌ ကိုကျော်ကျော်၊ အထွေထွေအတွင်းရေးမှူး ကိုမျိုးဝင်း၊ အတွင်းရေးမှူး ၂ ကိုဌေးအောင်၊ စိုင်းမြင့်သူနဲ့ ထိပ်တန်းခေါင်း ဆောင် ၅ ဦးခန့် တက်ရောက်ပါတယ်။ ကိုမိုးသီးဇွန်တို့ဘက်က ဒု ဥက္ကဋ္ဌ ကိုအောင်သူငြိမ်း၊ အတွင်းရေးမှုး ၂ ကိုဌေးနိုင်၊ ကိုကျော်ကို၊ ကိုမင်းမင်းနဲ့ ထိပ်တန်း ခေါင်းဆောင် ၅ ဦးခန့် တက်ရောက်ခဲ့ပါတယ်။ ကျနော်တို့ ဘက်မလိုက်အဖွဲ့မှ ပါဝင်သူ ၃ ဦးကတော့ ကျနော်၊ ကိုအောင်မော်နဲ့ ကိုအောင်သန့်တို့ ဖြစ်ပါတယ်။

စာမျက်နှာ ၂ မျက်နှာပါ ကျနော်တို့တင်ပြတဲ့ ပြန်လည်ပေါင်းစည်းရေး အဆိုပြုချက်တွေကို ၂ ဖက်စလုံးက မူအရ လက်ခံတယ်လို့ ပြောတာကို ကျနော်အမှတ်ရနေပေမယ့် အဲဒီ ၂ မျက်နှာမှာ ပါဝင်တဲ့ အချက်လက်နဲ့ စာသားတွေကို မမှတ်မိဘဲဖြစ်နေပါတယ်။ ညနေပိုင်းရောက်တဲ့အထိ တိကျတဲ့ဆုံးဖြတ်ချက် မရတဲ့အတွက် အလားတူ ဆွေးနွေးပွဲတွေကို ရှေ့သီတင်းပတ်ကျရင် ၂ ဖက် ဗဟိုဌာနချုပ်တွေဆီမှာ ဆက်လုပ်မယ်လို့ သဘောတူပြီး မာနယ်ပလော ဆွေးနွေးပွဲကို ရပ်နားလိုက်ပါတယ်။

ဒီဆွေးနွေးပွဲ ပြီးတဲ့အခါမှာတော့ သဘာပတိအဖြစ် တာဝန်ယူရတဲ့ ကျနော်တို့ ဘက်မလိုက်အဖွဲ့ဟာ ကိုနိုင်အောင်တို့ ဗဟိုရုံးခွဲမှာ ဆက်တည်းဖို့ မသင့်တော်တဲ့အတွက် ကြားနေရာဖြစ်တဲ့ စောလဲထာရွာ ဆီပြန်လာပြီး ကိုမြင့်အောင်တို့အိမ်မှာ တည်းလိုက်၊ မဲစရိယန်းမြို့ပေါ်ကို တက်ပြီး River Side Guest House မှာတည်းရင်း တပ်ရင်းနဲ့ ရနောင်းမြို့ဘက်ဆီ ဆက်သွယ်လိုက်နဲ့ နေခဲ့ပါတယ်။ ၄ ရက်လောက်ကြာတဲ့အခါမှာတော့ စောလဲထာ အောက်ဖက်နားက သံလွင်မြစ်ဘေးရှိ ကိုမိုးသီးဇွန်တို့ ဗဟို ဌာနချုပ်ရှိရာ သေလောထာစခန်းဆီ ကျနော်တို့ဆင်းလာခဲ့ပါတယ်။

၁၉၈၉ ခုနှစ် မာနယ်ပလောနဲ့ ဥသုထာခရီးစဉ်တုန်းက သေလောထာဝန်းကျင်မှာ ကျောင်းသားစခန်းတွေကို မတွေ့ရသေးပေမယ့် အခု ၁၉၉၃ မှာတော့ သောင်ရင်းနဲ့ သံလွင်မြစ်တို့ဆုံတဲ့ မြစ်ဆုံကနေ သေလောထရွာ အပေါ်နားအထိ သံလွင်မြစ်ကမ်းတလျှောက် ခွပ်ဒေါင်းအလံတလူလူနဲ့ ကျောင်းသားစခန်းတွေ တန်းစီနေရာယူ ထားတာကိုတွေ့ရပါတယ်။




 ဒုတိယအကြိမ်ဆွေးနွေးတဲ့ ကိုမိုးသီးဇွန်တို့ဗဟိုစခန်း သေလောထာမှာ

မြစ်ဆုံရဲ့အထက်နားကနေ သေလောထာရွာ အနီးထိ ကိုမိုးသီးဇွန် ဗဟိုကို ထောက်ခံတဲ့ တပ်ရင်းတွေဖြစ်တဲ့ ၂၀၈၊ ၂၁၄၊ ၂၁၂ နဲ့ ၂၀၄ တပ်ရင်း စခန်းတွေကို တွေ့ရပါတယ်။ ကိုမိုးသီးဇွန်တို့ဗဟို အပေါ်ဖက် သေလောထာရွာ အနီးမှာတော့ ဒေါက်တာ နိုင်အောင်ကို ထောက်ခံတဲ့ ၂၁၀ တပ်ရင်းနဲ့ သေလော့ထာရွာ အပေါ်ဖက်နားမှာတော့ ၂၀၉ တပ်ရင်း နေရာယူထားပါတယ်။ နောက်ပိုင်းမှာတော့ ၂၀၉ နဲ့ ၂၁၀ တို့ ဒေါင်းဂွင်ဖက်ပြောင်းသွားတယ်လို့ သိရပါတယ်။

ဒီစခန်းတွေ အားလုံးနီးပါးကို သံလွင်မြစ်ထဲက ဖြတ်သွားရင်း မြင်ဖူးရုံသာရှိပြီး တပ်ရင်းမှုး ကိုနေမျိုးရဲ့ ၂၁၂ တပ်ရင်းတခုကိုသာ ကျနော်ရောက်ခဲ့ဖူးပါတယ်။ စောလဲထာကနေ ကိုမိုးသီးဇွန်တို့ ဗဟို ဌာနချုပ်စခန်းကို မိနစ် ၄၀ ခန့် လှေစီးရပါတယ်။ သေလောထာ ဗဟိုဌာနချုပ်စခန်းဟာ အယင် မာနယ်ပလောတောင်ကုန်းပေါ်က စခန်းနဲ့စာရင်တော့ ပထဝီအနေထား မကောင်းလှဘူးလို့ ထင်ပါတယ်။ ဆွေးနွေးပွဲအတွက် တညအိပ် တရက်ခရီးစဉ် အဖြစ်သာ ရောက်ဖူးတဲ့အတွက် အခင်းအကျင်းကို ကောင်းကောင်း မမှတ်မိတော့ပါ။

နောက်တနေ့မနက် ကိုနိုင်အောင်တို့ ဗဟိုဘက်က ကိုယ်စားလှယ်တွေ ရောက်လာတဲ့အခါမှာတော့ ပေါင်းစည်းရေးဆွေးနွေးပွဲ ဒုတိယအကြိမ်အဖြစ် သေလောထာစခန်းမှာ စတင်ခဲ့ပါတယ်။ ဒီအစည်းဝေးကိုတော့ ဥက္ကဋ္ဌ ကိုမိုးသီးဇွန်ကိုယ်တိုင် တက်ရောက်ခဲ့ပြီး ကျန်တဲ့ ကိုယ်စားလှယ်တွေကတော့ အရင် မာနယ်ပလော အစည်းဝေးအတိုင်း အပြောင်းလဲမရှိဘူးလို့ ကျနော် ထင်ပါတယ်။ ဆွေးနွေးတဲ့ အကြောင်းရာတွေကတော့ မာနယ်ပလော အစည်းဝေးခန်းမမှာ တင်ပြတဲ့အချက်တွေကိုပဲ ဆက်လက် ဆွေးနွေးတာဖြစ်ပါတယ်။ အားလုံး အပြန်အလှန် ငြင်းခုံဆွေးနွေးပြီး နောက်မှာတော့ နောက်ဆုံး အကြိမ်ဆွေးနွေးပွဲကို ကိုနိုင်အောင်တို့ ဌာနချုပ်ရှိရာ ဒါးကွင်း (ဒေါင်းဂွင်လို့ ကျောင်းသားတွေက အမည်ပြောင်း) မှာ လုပ်ဖို့ သဘောတူပြီး ညနေပိုင်းမှာ ဆွေးနွေးပွဲကို ရပ်နားလိုက် ပြန်ပါတယ်။


ခေါက်ဆွဲကြွေးမိတဲ့ ဒိုင်လူကြီး

သေလောထာ ဆွေးနွေးပွဲအပြီးမှာတော့ ထုံးစံအတိုင်း စောလဲထာကို ပြန်လာပြီး ကိုမြင့်အောင် တို့အိမ်မှာပဲ ခဏတာ စခန်းချပြန်ပါတယ်။ နောက် ၂ ရက်လောက် ကြာတဲ့အခါမှာတော့ စောလဲထာ အပေါ်ဘက်ကို တနာရီလောက် စက်လှေမောင်းရတဲ့ ကိုနိုင်အောင်တို့ ဗဟိုရှိရာ ဒေါင်းဂွင်စခန်းဆီ ကျနော်တို့သွားပါတယ်။


 ကိုနိုင်အောင်တို့ဗဟို ဒေါင်းဂွင်စခန်းမှာကျင်းပတဲ့ ဆွေးနွေးပွဲ

၁၉၈၉ တုန်းက ကျနော်ရောက်ခဲ့ဖူးတဲ့ စောထာစခန်း၊ သံလွင်စခန်းတို့ရှိရာ ဥသုထာအရပ်ဆီ မရောက်ခင် သံလွင်မြစ်ဘေးတနေရာမှာ ကျွန်းသစ်တွေ၊ သစ်မာတွေနဲ့ အခိုင်မာ ဆောက်ထားတဲ့ စခန်းတခုကို ကျနော်တို့တွေ့ရပါတယ်။ လှေစဆိုက်ဆိုက်ချင်း ပထမဆုံးတွေ့ရတဲ့နေရာက ဒေါက်တာမြင့်ချို တာဝန်ယူထားတဲ့ ဗဟိုဆေးခန်းနဲ့ ဆေးတပ်ဆွယ်၊ ပြီးတော့ မိသားစု အိမ်တန်းတစု၊ အဲဒီတဲတန်း အလွန်မှာတော့ ကရင်မလင်မယားလို့ လူသိများတဲ့ ကိုအောင်သန်းတို့ မိသားစုနေထိုင်တဲ့ သစ်စက်တလုံး၊ သစ်စက်ဘေးရှိ ချောင်းလက်တက် သေးသေးလေးကို ကျော်လိုက်တဲ့အခါမှာတော့ ပြန်ကြားရေးဌာနပိုင် တဲတလုံးနဲ့ အဲဒီတဲရဲ့ နောက်ကျောမှာတော့ သားနားလှတဲ့ တောတွင်း စတူဒီယိုတခု။

သားနားတယ်ဆိုတာဟာ တောထဲမှာမြင်နေရတဲ့ အဆောက်ဦတွေကြားမှာ နှိုင်းယှဉ်ပြောဆို ခြင်းသာဖြစ်ပြီး မြို့ပေါ်ကစတူဒီယိုတွေနဲ့တော့ မနှိုင်းယှဉ်စေလိုပါ။ ၁၈ ပေ၊ ၁၀ ပေ ပတ်လည်လောက်ရှိတဲ့ တဲတလုံးသာဖြစ်ပြီး ထူးခြားတာကတော့ ကျွန်းသစ်ခင်း၊ ကျွန်းသစ်ကာထားတဲ့အပြင် ၃ ပေ လောက်ရှိတဲ့ မှန်ချပ်ကြီးကိုပါ တပ်ဆင်ထားတဲ့ စတူဒီယိုအသေးစားတခု ပါဝင်နေခြင်းပါ။
၈ ပေလောက်ရှိတဲ့ အဲဒီစတူဒီယိုဘေးက ၁၀ ပေလောက်ပိုနေတဲ့ နေရာကတော့ ဧည့်ရိပ်သာဖြစ်ပါတယ်။

ဆိုလိုတာကတော့ ဧည်သည်တွေဖြစ်တဲ့ ကျနော်တို့အဖွဲ့ အဲဒီစတူဒီယိုရှေ့မှာ ၂ ရက် ၃ ရက်ခန့် စခန်းချခဲ့တယ်ဆိုပါတော့။ ထပ်ဖြည့်ပြောရမယ်ဆိုရင် ဒီစတူဒီယိုဟာ DVB ရေဒီယိုကရတဲ့ ဘတ်ဂျက်ငွေနဲ့ ဆောက်ထား တယ်လို့သိရပြီး DVB အတွက် ဇာတ်လမ်းတွေ၊ သီးချင်းတွေ၊ သတင်းဆောင်းပါးတွေ ထုတ်လုပ်ပေးနေတဲ့နေရာ ဖြစ်ပါတယ်။ ကျနော်တို့ အဲဒီမှာ တည်းခိုနေစဉ်မှာတောင် ရေဒီယိုဇာတ်လမ်း အသံသွင်းနေကြတဲ့ ဒေါင်းဂွင်စတူဒီယို ဝိုင်းတော်သားတွေနဲ့ တွေ့ခွင့်ရလိုက်ပါသေးတယ်။

အကွဲအပြဲကာလအတွင်း DVB ရေဒီယိုအတွက် ပရောဂျက်အားလုံးနီးပါးကို ကိုနိုင်အောင်တို့ ဗဟိုဖက်က ရရှိထားပြီး ဗဟို ပြန်ကြားရေးတာဝန်ခံ  ကိုခင်မောင်ဝင်း (အခု DVB ဒုညွန်မှူး) က တာဝန်ယူ ဆောင်ရွက်နေတာလို့ သိရပါတယ်။

အဲဒီ စတူဒီယိုကို ကျော်ပြီး တောအုပ်တွေရှိရာ တောင်ကုန်းဘက် နည်းနည်းဆက်ဝင်လာတော့ ပေ ၅၀၊ ပေ ၂၀ ပတ်လည်လောက်ရှိတဲ့ သားနားလှတဲ့ မြေစိုက်ဗဟိုရုံးခန်းကို တွေ့ရပါတယ်။ ဒီရုံးခန်းထဲမှာ စားပွဲတင် တင်းနစ်ကစားတဲ့ ခုံတန်းကို တွေ့ရပြီး ရုံးချိန်လွန်ရင်တော့ ဒီအဆောင်ဟာ ရုံးခန်းအဖြစ်ကနေ မိုးလုံလေလုံ အားကစားရုံအဖြစ် အသွင်ပြောင်းသွားလေ့ ရှိပါတယ်။ အဲဒီရုံးခန်းရဲ့နောက်ကျောမှာတော့ ဗဟိုကော်မီတီဝင်တွေနေတဲ့ တန်းလျားတခုကိုတွေ့ရပြီး ကျွန်းသစ် အတိုအစတွေနဲ့ အသေချာဆောက်၊ အသေချာ အခန်းဖွဲ့ထားတာကို တွေ့ရပါတယ်။ အဲဒီအဆောင်ရဲ့ဘေးမှာတော့ စားဖိုဆောင်၊ တခါ ဗဟိုရုံးကိုကျော်ပြီး သစ်တောထဲ ထပ်ဝင်သွားမယ်ဆိုရင် စစ်ရုံးချုပ်နဲ့ ရဲဘော်တွေရဲ့ ဘားတိုက်တွေ ရှိတယ်လို့ ဆိုပါတယ်။ အဲဒီဘက်ကိုတော့ ကျနော်မသွားဖြစ်လိုက်ပါ။

ဒေါင်းဂွင်မှာ တရက်တာ လေ့လာရေးအပြီး နောက်တရက်မှာတော့ ကိုမိုးသီးဇွန်တို့ဗဟိုမှ ကိုအောင်သူငြိမ်းတို့အဖွဲ့ ရောက်လာပြီး ပေါင်းစည်းရေး ဆွေးနွေးပွဲ တတိယအကြိမ်ကို ကျနော်တို့စတင်ခဲ့ပါတယ်။ ထုံးစံအတိုင်း ဆွေးနွေးတဲ့အကြောင်းအရာတွေကို ကျနော်မမှတ်မိတော့ပါ။ ဒါပေမယ့် အဲဒီနေ့နဲ့ပတ်သက်ပြီး အခုချိန်ထိ ထူးထူးခြားခြား မှတ်မိနေတာကတော့ နှစ်ဖက်ကိုယ်စားလှယ်တွေကို သဘာပတိ တာဝန်ယူတဲ့ ကျနော်တို့ဘက်မလိုက်အဖွဲ့က ခေါက်ဆွဲကြွေးမိတဲ့အဖြစ်ပါ။ “နှစ်ဖက် ဘောလုံးသမားတွေကို ဒိုင်လူကြီးက ခေါက်ဆွဲကြွေးတယ်နေဟေ့” ဆိုပြီး အစခံရတဲ့ အဲဒီနေ့က နေ့လည်စာ ထမင်းဝိုင်းပါ။

မာနယ်ပလောမှာကျင်းပတဲ့ အစည်းဝေးအတွက် နေ့လည်စာကို ကိုနိုင်အောင်တို့က တာဝန်ယူပြီး သေလောထာက အစည်းဝေးနေ့လည်စာကို ကိုမိုးသီးဇွန်တို့က တာဝန်ယူခဲ့တဲ့အတွက် ဒီတကြိမ် အစည်းဝေး နေ့လည်စာကို ကျနော်တို့ ဘက်မလိုက်အဖွဲ့က တာဝန်ယူမယ်ဆိုပြီး ကတိပေးထားပါတယ်။ ဒီလိုနဲ့အစည်းဝေးမလုပ်ခင် တရက်မှာ စားဖိုမှူး ကိုကင်းရှင်ကို ဘာကြွေးရင်ကောင်းမလဲဆိုပြီး ညှိတော့ “ထမင်းက နေ့စဉ်စားနေရတာ ရိုးနေပြီ။
ထူးထူးခြားခြား ခေါက်ဆွဲကြွေးပါလား။ ကျနော်စီစဉ်ပေးမယ်” လို့ ပြောပါတယ်။ ကိုကင်းရှင်ဆိုတာ အရင်ကျနော်တို့ မင်းသမီးခစန်းမှာကတည်းက အချက်အပြုတ် နာမည်ကြီးခဲ့သူဖြစ်တဲ့အတွက် သူရဲ့အကြံပေးချက်အတိုင်း လုပ်ဖို့သဘောတူလိုက်ရာကနေ ဒီ နာမည်ကြီး ခေါက်ဆွဲကြော် နေ့လည်စာဖြစ်လာတာပါ။

နေ့လည်ပိုင်းမှာတော့ ဆွေးနွေးပွဲတွေကို ရပ်နားလိုက်ပြီး ဒီဆွေးနွေးချက်တွေကို သက်ဆိုင်ရာ ဗဟိုတွေအလိုက် ပြန်လည်ဆွေးနွေးတင်ပြကြဖို့၊ ပြီးတော့မှ နောက်တခါ ပြန်လည်တွေဆုံ ထပ်မံဆွေးနွေးကြဖို့ သဘောတူပြီး ကိုမိုးသီးဇွန်တို့အဖွဲ့နဲ့ ကျနော်တို့အဖွဲ့တွေ ကိုနိုင်အောင်တို့ရဲ့ ဒေါင်းဂွင်ဌာနချုပ်ကနေ ထွက်ခွာလာခဲ့ပါတယ်။


ဘက်မလိုက် ၂၀၁ တပ်ရင်းမှာ ကျင်းပတဲ့ ၈ လေးလုံး နှစ်ပတ်လည်နေ့ အခမ်းနားတခုကို တွေ့ရစဉ်
ကြားဝင်ညှိနှိုင်းမှုအတွေ့အကြုံနဲ့ ဘက်မလိုက်အဖွဲ့ ဘက်လိုက်သွားခြင်း

တကယ်တမ်း ပြောမယ်ဆိုရင်တော့ ကျနော်တို့ဘက်မလိုက်အဖွဲ့ဟာ နှစ်ဖက်ဗဟို ပြန်လည် ပေါင်းစည်းရေးအတွက် ကြားဝင်ညှိနိင်းပေးတယ်ဆိုပေမယ့် နိုင်ငံရေးညှိနှိုင်းမှု အတတ်ပညာနဲ့ပတ်သက်ပြီး ကျနော်တို့ ဘာမှမတတ်၊ ဘာမှ မသိပါ။ ကြားဝင်ညှိနှိုင်းရေးအကြောင်းလည်း တခါမှ အသေချာ မလေ့လာဖူးခဲ့ပါ။ “ABSDF မကွဲဘဲ တစုတစည်းတည်း ဖြစ်နေစေချင်တယ်” ဆိုတဲ့ စေတနာထက်ပိုပြီး ကျနော်တို့ ဘာမှမသိသလို ကျနော်တို့ရဲ့တင်ပြချက်ကို နှစ်ဖက်ဗဟိုက လက်ခံလိမ့်မယ်၊ ပေါင်းစည်းရေးညီလာခံ မကြာခင်လုပ်ဖြစ်ပြီး ABSDF တခုတည်း ပြန်ဖြစ်သွားလိမ့်မယ်၊ အဲဒီအချိန်ရောက်ရင် ကျနော်တို့ ဘက်မလိုက်အဖွဲ့ တာဝန်ကြေပြီလို့ စိတ်ကူးယဉ်ဆန်ဆန် မျက်စိမှိတ်ယုံကြည်ထားသလို ဖြစ်နေခဲ့ပါတယ်။

တနည်းအားဖြင့်ပြောမယ်ဆိုရင် ကျနော်တို့ရဲ့တင်ပြချက်ကို နှစ်ဖက်ဗဟိုက လက်မခံဘူးဆိုရင်၊ ဒါမှမဟုတ် နှစ်ဖက်မှာ တဖက်ကပဲ လက်ခံတယ်ဆိုရင် ကျနော်တို့ ဘာဆက်လုပ်မလဲဆိုတဲ့ Plan B အဆင့် စဉ်းစားထားချက်မျိုး ကျနော်တို့မှာ မရှိပါ။ ဒီလိုနဲ့ ကျနော်တို့အဖွဲ့ မင်းသမီးစခန်းဆီ ပြန်ရောက်တော့ ဒီကိစ္စတွေကို ဆွေးနွေးဖို့ စုံညီအစည်းဝေး ခေါ်ရပါတယ်။ ဒီအချိန်မှာ ရန်ပုံငွေရတဲ့ ပင်လယ်ပြင် စစ်ကြောင်းကို ဦးစားပေး ဆောင်ရွက်နေတာကြောင့် တပ်ရင်းမှူး၊ ဒုရင်းမှူး၊ ပင်လယ်ပြင် စစ်ကြောင်းမှူးတွေအားလုံး ရနောင်းနဲ့ ပင်လယ်ပြင်ထဲ ခရီးလွန်နေကြပါတယ်။

ကျနော်တို့ မင်းသမီးစခန်းဆီ ပြန်ရောက်ပြီး သတင်း ၃ ပတ်လောက်ကြာမှ လူစုံတဲ့အတွက် တပ်ရင်းညီလာခံကို စတင်ပါတယ်။ ဒီတခါ ညီလာခံက အရင်က ညီလာခံတွေလို နောက်လိုက်ပြောင်လိုက် စလိုက်ပုံစံမျိုး မဟုတ်တော့ဘဲ အားလုံးက တခုခုကို စိုးရိမ်သလို ဖြစ်နေကြပါတယ်။ ဆိုလိုတာကတော့ ဘက်မလိုက်အဖွဲ့ရဲ့ တင်ပြချက်တွေကို နှစ်ဖက်ဗဟိုက မူအရလက်ခံတယ်ဆိုပေမယ့် တိကျတဲ့ လုပ်ငန်းစဉ် ဘာမှရမလာဘူး။ နောက်ထပ် ဘယ်လောက်ကြာမှ ဗဟို နှစ်ခုပြန်ပေါင်းမလဲဆိုတာကို ခန့်မှန်းလို့ မရနိုင်တဲ့အခြေနေမျိုးပါ။ ဒီလိုအခြေနေမှာ ကျနော်တို့တပ်ရင်း ဘယ်မလိုက်အဖြစ် ဘယ်လောက်ကြာကြာ ဆက်ရပ်နိုင်မလဲ၊ ဗဟို နှစ်ခုမပေါင်းမချင်း ဘက်မလိုက်အဖြစ် ဆက်ရပ်နိုင်ပါ့မလား၊ နေ့စဉ်ကြုံနေရတဲ့ အခက်ခဲတွေကို ရက်အကန့်အသတ်မရှိ ကျနော်တို့တောင့်ခံနိုင်ပါ့မလား။ ဘက်မလိုက်အဖွဲ့ ဗဟိုတခုခုနဲ့ ပေါင်းပြီး ဘက်လိုက်တဲ့ဘ၀ ရောက်တော့မလားလို့ အားလုံးက စိုးရိမ်ထိတ်လန့်နေကြပါတယ်။

အနှစ်ပြန်ချုပ်ရရင်တော့ ဗဟို နှစ်ခုပြန်ပေါင်းအောင်ဆိုပြီး ကိုယ်စရိတ်ကိုယ်စိုက်၊ ဌာနချုပ်တွေဆီအထိသွားပြီး ကြားဝင်ညှိနှိုင်းခဲ့တဲ့ ကျနော်တို့ဟာ တကယ်လက်တွေ့မှာတော့ ဗဟို နှစ်ခုကို ပြန်ပေါင်းအောင် မလုပ်နိုင်တဲ့အပြင် ဘက်မလိုက်အဖွဲ့တောင် နှစ်ခြမ်းပြန်ကွဲသွားနိုင်တဲ့ ကြိုတင်မှန်းဆမထားတဲ့ ပြောင်းပြန်အခြေနေနဲ့ ရင်ဆိုင်လိုက်ရတယ်ဆိုပါတော့။

နိုင်ငံတကာသတင်းတွေ၊ စာအုပ်စာတမ်းတွေထဲမှာ ဖတ်ဖူးသလောက် ကြားဝင်ညှိနှိုင်းမှုဆိုတာဟာ ပြဿနာဖြစ်နေတဲ့ နှစ်ဖက်အုပ်စုနဲ့ မဆိုင်တဲ့ သီးခြားလွတ်လပ်တဲ့ စေ့စပ်ရေးပညာရှင်အဖွဲ့၊ ဘာသာရေးအဖွဲ့ သို့မဟုတ် နိုင်ငံခြားအစိုးရ တခုခုကနေ ကြားဝင် စေ့စပ်ပေးကြတာကိုသာ တွေ့ရပြီး ကျနော်တို့လို့ ကွဲနေတဲ့ နှစ်ဖွဲ့ (တချို့ကတော့ ကျနော်တို့ကိုပါ စာရင်းထည့်ပြီး သုံးဖွဲ့လို့ ဆိုကြပါတယ်) ကြားမှာ အင်အားအနည်းဆုံး ဘက်မလိုက်အဖွဲ့က ဝင်စေ့စပ်ပေးတယ်ဆိုတာမျိုး မတွေ့ဖူးသေးပါဘူး။

တကယ်တမ်း ပြန်စဉ်းစားကြည့်မယ်ဆိုရင်တော့ အင်အား ၁၀၀၀ ကျော်စီရှိနေတဲ့ ဗဟို နှစ်ခုဟာ သူဟာနဲ့ သူရပ်တည်ပြီး အဆင်ပြေနေချိန်မှာ အင်အား ၁၀၀ ကျော်သာရှိတဲ့ ကျနော်တို့ ဘက်မလိုက်အဖွဲ့ရဲ့ တင်ပြချက်ကို ဘာကြောင့်များ သူတို့က နားထောင်ဖို့ လိုလိမ့်မလဲဆိုတာကို အဲဒီအချိန်က ကျနော်တို့ အသေအချာ မစဉ်းစားဖြစ်လိုက်ပါဘူး။ အမှန်တရားအပေါ် အခြေခံထားတဲ့ သဘောတရားနဲ့ အင်အားအပေါ် အခြေခံထားတဲ့ လက်တွေ့နိုင်ငံရေးအခြေနေ နှစ်ခုကွာဟချက်ကို အသေအချာ ခွဲခြားစိပ်ဖြာနိုင်စွမ်း အဲဒီကာလက ကျနော်တို့မှာ တကယ်မရှိခဲ့ပါ။

ဒီလိုနဲ့ ဘက်မလိုက်အဖြစ် ဆက်ရပ်မလား၊ ဘယ်အချိန်အထိ ရပ်မလဲ၊ ဗဟို နှစ်ခု ဘယ်အချိန် ပြန်ပေါင်းမယ်လို့ ဘယ်သူသိမလဲ၊ ပေါင်းကောပေါင်းကြဦးမှာလား၊ နေ့စဉ်ကြုံတွေနေရတဲ့ ရပ်တည်ရေး အခက်ခဲတွေကို ဘယ်လိုကျော်ဖြတ်မလဲ စသည်ဖြင့် သတင်းတပတ်ကြာ ဆွေးနွေးငြင်းခုံခဲ့ကြပါတယ်။ နောက်ဆုံးမှာတော့ ဘက်မလိုက်အဖြစ် ဆက်ရပ်မလား၊ ကျနော်တို့ရဲ့ တင်ပြချက်တွေကို လက်ခံတဲ့သဘောရှိသူ၊ ဒါမှမဟုတ် နည်းနည်းနီးစပ်သူ ဒေါက်တာနိုင်အောင်တို့ ဗဟိုနဲ့ ပေါင်းမလားဆိုပြီး မဲခွဲဆုံးဖြတ်မယ်ဆိုတဲ့ အဆင့်အထိ ရောက်လာပါတယ်။

ကိုယ်စားလှယ်အများစုက ဒေါက်တာနိုင်အောင်တို့ ဗဟိုနဲ့ပေါင်းဖို့ မဲပေးလိုက်တဲ့အတွက် ၁၉၉၃ သြဂုတ်လ ၈ ရက်နေ့ ၈ လေးလုံး နှစ်ပတ်လည် ၅ နှစ်ပြည့်နေ့မှာ အဲဒီ ဆုံးဖြတ်ချက်ကို တရားဝင်ကြေညာပြီး ဘက်မလိုက်အဖွဲ့ဟာ ဒေါက်တာနိုင်အောင် ဗဟိုနဲ့ ပေါင်းစည်း လိုက်ပြီဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်လိုက်ပါတော့တယ်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More