Saturday, December 15, 2012

သူပုန္ေက်ာင္းသားတဦးရဲ႕ မာရသြန္ခရီး ၂၁

on March 8, 2012 6:06 pm
ေအာက္ေမ့ဖြယ္ /ဧရာ၀တီ။

စခန္းေကာ္မတီသစ္နဲ႔ မင္းသမီး-အမာရာ

ကန္ခ်နပူရီကေန မင္းသမီးစခန္းဆီ က်ေနာ္ ေရာက္တဲ့အခ်ိန္မွာ စခန္းေကာ္မတီက အသစ္ ျဖစ္ေန ပါၿပီ။ ေရွ႕ပုိင္းမွာေျပာခဲတဲ့ကုိမင္းေအာင္၊ ကိုေဌးေအာင္တုိ႔ေခတ္ မဟုတ္ေတာ့။ ေမာ္လၿမိဳင္တကၠ သုိလ္ ေနာက္ဆုံးနွစ္ သမုိင္းေက်ာင္းသားတဦးျဖစ္သူ ကံေပါက္ေဒသမွ ကုိေအာင္သန္း၀င္းက ဥကၠ႒ (ေနာက္ပုိင္း ဗဟုိတြဲဖက္ အတြင္းေရးမႉး၊ အခု အေမရိကန္တြင္ ေနထိုင္)၊ ဒု ဥကၠ႒ကေတာ့ ဖြဲ႔စည္းပုံအရ တပ္ရင္းမႉး ျဖစ္လာမယ့္သူ ကုိ ေပးမွာျဖစ္တဲ့အတြက္ တပ္ရင္းမႉးေရြးပြဲကို ေစာင့္ေနဆဲကာလ ျဖစ္ပါတယ္။

(စခန္းေကာ္မတီ၀င္ ၈ ဦးကို ရဲေဘာ္ထုရဲ႕ဆႏၵမဲနဲ႔ တုိက္႐ုိက္ေရြးခ်ယ္ၿပီး တပ္ရင္းမႉးကိုေတာ့ ေကာ္မတီ ရဲ႕တင္ျပခ်က္အေပၚ အေျခခံကာ ဗဟုိစစ္ေကာ္မရွင္က အတည္ျပဳခန္႔အပ္ပါတယ္)။

ဥကၠဌကုိေအာင္သန္း၀င္းနဲ႔ အတြင္းေရးမႈးကိုမ်ဳိး၀င္း (ေနာက္တန္း အလယ္ ၂-ဦး) တုိ႔ကုိ သင္တန္းဆင္းပဲြတခုမွာေတြ႔ရစဥ္

အတြင္းေရးမႉးအျဖစ္ စက္မႈတကၠသုိလ္ေနာက္ဆုံးနွစ္ ေက်ာင္းသားျဖစ္သူ ထား၀ယ္မွ ကိုမ်ဳိး၀င္း (အခု လက္ရွိ ABSDF ဗဟုိ ဒုဥကၠ႒၊ DAB အတြင္းေရးမႉးအျဖစ္ တာ၀န္ ထမ္းေနဆဲ)၊ တြဲဖက္အတြင္းေရးမႉး ကေတာ့ ဖြဲ႔စည္းပုံအရ ဒု တပ္ရင္းမႉး ျဖစ္လာသူကို ေပးရ မွာျဖစ္ပါတယ္။ ေကာ္မတီ၀င္ေတြထဲမွာေတာ့ ပုေလာမွ ေက်ာင္းဆရာ ဦးဟန္လင္း က  ျပန္ၾကားေရးတာ၀န္ခံ၊ ကံေပါက္မုိင္းမွ ၀န္ထမ္း ကုိဉာဏ္္စိုး က ေထာက္ပံ့ေရးတာ၀န္ခံ၊ ကံေပါက္မုိင္းကပဲ အင္ဂ်င္နီယာ ကုိသိန္းေဆာင္က ဘ႑ာေရးတာ၀န္ခံ၊ ၿမိတ္ၿမိဳ႕မွ ေက်ာင္း ဆရာ ကိုဂြမ္ရွီက စည္းကမ္းထိ္မ္းသိမ္းေရးတာ၀န္ခံ၊ ေဆး တကၠသိုလ္ ေက်ာင္းသား ကုိ၀င္းမင္းက က်န္းမာေရးတာ၀န္ခံ၊ အရန္ဗဟုိေကာ္မတီ ၀င္ျဖစ္သြားတဲ့ ကုိေဌးေအာင္က ဗဟိုကုိ မသြားရေသးတဲ့အတြက္ စခန္းစည္း႐ံုးေရး တာ၀န္ခံအျဖစ္ ဆက္လက္တာ၀န္ယူ ထားဆဲလုိ႔ မွတ္မိေန ပါတယ္။

က်ေနာ္ ျပန္ေရာက္တဲ့အခ်ိန္ဟာ တပ္ရင္းမႉးေနရာအတြက္ အၿပိဳင္အဆုိင္ မဲဆြယ္ေနတဲ့ကာလျဖစ္ၿပီး တခ်ဳိ႕ရဲေဘာ္ေတြကေတာ့ ေရွ႕တန္းထြက္ေနၾကၿပီျဖစ္ပါတယ္။ က်ေနာ္ျပန္မေရာက္ခင္ စခန္းေကာ္မတီက လုပ္ထားတဲ့ ေရြးခ်ယ္မႈေတြအရ က်ေနာ့္ကုိ တပ္စုမႉးအျဖစ္ တာ၀န္ေပးထားၿပီး က်ေနာ္တုိ႔ စတင္ေတာခုိရာ ဘန္းေခ်ာင္းေဒသမွာ တာ၀န္ယူဖုိ႔ ေနရာခ်ေပးထားပါတယ္။ အဲဒီကာလ က်ေနာ့္တပ္ခြဲမႉးက ကုိျမင့္ေအာင္ (ေနာက္ပုိ္င္း ဗဟုိ႐ံုးအဖြဲ႔မႉး၊ အခု နယူးဇီလန္)၊ ဒုခဲြမႉးက ကိုဘုန္းေက်ာ္ (ေနာက္ပုိင္း ၂၀၁ ရဲ႕ နာမည္ အႀကီးဆုံး တပ္မႉးျဖစ္လာသူ၊ အခု အေမရိကန္)၊ တပ္စုမႉးေတြအျဖစ္ကေတာ့ က်ေနာ္၊ ကုိမင္းေဇာ္သူ (ေနာက္ပုိင္းမွာ ဒုရင္းမႉးျဖစ္လာၿပီး ၁၉၉၃ ေနွာင္းပုိင္းမွာ ကုိေဇာ္မင္းနဲ႔အတူ ရေနာင္းမွာ လုပ္ႀကံခံရ သလုိလုိနဲ႔ ေပ်ာက္ဆုံးသြားသူ) နဲ႔ ကိုခင္ေမာင္သိန္း (ျပန္၀င္) တုိ႔ျဖစ္ၿပီး က်ေနာ္တို႔ တပ္ခြဲနံပါတ္က အမွတ္ ၃ ျဖစ္ပါတယ္။

အလားတူ နတ္အိမ္ေတာင္ဘက္ တာ၀န္က်တဲ့ တပ္ခြဲ ၂ မႉးက ကုိသိန္းျမင့္ေက်ာ္ ေခၚ ဘုိင္သိန္းျမင့္ (၁၉၉၇ ပင္လယ္ျပင္တုိက္ပဲြအတြင္း က်ဆုံး)၊ ဒုခဲြမႉးက ကုိတင္ထြန္း (ျပန္၀င္) တို႔ ျဖစ္ပါတယ္။ ၿမိတ္္-ပုေလာဘက္ တာ၀န္က်တဲ့ တပ္ခြဲ ၁ မႉးကေတာ့ ကိုေဖသင္ (၁၉၉၁ မွာ က်ဆုံး)၊ ဒု ခြဲမႉးက ကုိျပည္ေဆာင္ဦး (ျပန္၀င္) တို႔္ ျဖစ္ပါတယ္။ တပ္ခဲြမႉးနဲ႔ တပ္ေရး၊ တပ္ေထာက္အဆင့္အထိ စစ္ဖက္တာ၀န္ေတြကုိ စခန္းေကာ္မတီက တာ၀န္ယူခန္႔အပ္ၿပီး တပ္ရင္းမႉးနဲ႔ ဒုရင္းမႉးကိုေတာ့ စခန္းေကာ္မတီရဲ႕တင္ျပခ်က္နဲ႔ ဗဟုိစစ္ေကာ္မရွင္က အတည္ျပဳ ခန္႔အပ္မွာျဖစ္တဲ့အတြက္ အခုလုိ ေစာင့္ဆုိင္းေနရတာျဖစ္ပါတယ္။

အဲဒီကာလ တပ္ေရးဗုိလ္ႀကီးကေတာ့ ရန္ကုန္တကၠသိုလ္မွာ တက္ေနတဲ့ ပုေလာၿမိဳ႕မွ ကုိေအးေသာ္ (အခု အေမရိကန္)၊ တပ္ေထာက္ဗုိလ္ႀကီးကေတာ့ စက္မႈတကၠသိုလ္ စတုတၱနွစ္ေက်ာင္းသား၊ ထား၀ယ္ၿမိဳ႕မွ ကိုမ်ဳိးသိန္း (အခု ကေနဒါ)၊ ေထာက္လွမ္းေရး ဗုိလ္ႀကီးက ေမာ္လၿမိဳင္တကၠသုိလ္ တတိယနွစ္ ဓာတုေဗ ဒ ေက်ာင္းသား၊ ထား၀ယ္မွ ကုိေသာင္းညြန္႔ (အခုထိ နယ္စပ္မွာရွိေနဆဲ) တို႔ ျဖစ္ပါတယ္။

အမရာစခန္းရဲ႕ အခင္းအက်င္းက ေမာင္ေတာ္ထက္ေတာ့ အမ်ားႀကီး သာပါတယ္။ ေရွ႕ပုိင္းမွာ တင္ျပခဲ့တဲ့ ထီးထာ KNDO ကုန္းကေန တနသၤာရီ ျမစ္႐ုိးတေလွ်ာက္ ေဖာက္ထားတဲ့ သစ္ေမွာင္ခုိလမ္း အတုိင္း ေလွ်ာက္လုိက္တာနဲ႔ သမုိင္း၀င္ အမ်ားေတာင္ၾကားလမ္းထိပ္မွာ က်ေနာ္တို႔ ေက်ာင္းသားစခန္း ကို ေတြ႔ရမွာျဖစ္ပါတယ္။ အရင္ကေတာ့ ဒီေနရာဟာ အမရာရြာက ဘုန္ေတာ္ႀကီးေက်ာင္းေဟာင္း ရွိတဲ့ေနရာျဖစ္ၿပီး KNU ကေန ေက်ာင္းသားေတြကို ဒီမွာေနရာခ်ေပးတဲ့အတြက္ “အမာရာ ေက်ာင္း သားစခန္း” ဆုိၿပီး ျဖစ္လာတာလုိ႔ သိရပါတယ္။

စခန္းေနရာဟာ တနသၤာရီျမစ္ေဘး ေတာင္ကုန္းေလးေပၚမွာ ရွိေနတဲ့အတြက္ ေမာင္ေတာ္စခန္း လုိ ေႏြရာသီမွာ ေရျပတ္တဲ့ျပႆနာအတြက္ ဘာမွပူစရာမလိုေတာ့။ ေနာက္တခါ အေပၚဘက္ ဘန္းေခ်ာင္း၊ ကြမ္းေခ်ာင္းရွိရာ ထား၀ယ္-ေရျဖဴ ေဒသကေန တနသၤာရီျမစ္ ပင္လယ္ထဲေရာက္တဲ့ ၿမိတ္-တနသၤာရီေဒသအထိ တနသၤာရီ ၿမိဳ႕႐ုိးတေလွ်ာက္ကုိ အသုံးျပဳၿပီး ျပည္တြင္းေရေၾကာင္း ခရီးသြားနုိင္ ပါတယ္။ KNU နဲ႔ သစ္ေမွာင္ခုိ ကုမၸဏီေတြ ေဖာက္ထားတဲ့ ကားလမ္းၾကမ္းကို အသုံးျပဳၿပီး နယ္စပ္နဲ႔ ထုိင္းနုိ္င္ငံထဲ ကုန္ေၾကာင္းဆက္သြယ္ေရးေတြကို အလြယ္တကူ ေဆာင္ရြက္နုိင္တဲ့ေနရာ တခုျဖစ္ပါတယ္။

ရွိၿပီးသား ဘုန္ႀကီးေက်ာင္းေဟာင္းကို ျပန္လည္ျပဳျပင္ၿပီး တပ္ရင္း ခန္းမအျဖစ္ အသုုံးျပဳေနတာေတြ႔ရပါ တယ္။ အဲဒီေဘးက ဘုန္ႀကီးေက်ာင္း စတုိခန္းကိုေတာ့ စာၾကည့္တုိက္အျဖစ္ ျပန္လည္စုဖြဲ႔ထားတာ ေတြ႔ရပါ တယ္။ အဲဒီမွာ သခင္သန္းထြန္းရဲ႕ ေနာက္ဆုံးေန႔မ်ား၊ အေရွ႕ကေန၀န္း ထြက္သည့္ပမာ၊ ဘုံဘ၀မွာျဖင့္ အပါအ၀င္ ျမန္မာ့ေတာ္လွန္ေရးအေၾကာင္း စာအုပ္ေတြ၊ ရဲေဘာ္ ေခ် (Ernesto “Che” Guevara)၊ ကက္ စထ႐ုိတို႔ ဦးေဆာင္တဲ့ လူ ၁၂ ဦးသူပုန္တပ္ဖြဲ႔ကေန နုိင္ငံတခုလုံးကို သိမ္းပုိက္နုိင္ခဲ့တဲ့ က်ဳးဘားေတာ္ လွန္ေရးအပါ၀င္ နုိင္ငံတကာ လက္နက္ကုိင္ ေတာ္လွန္ေရးအေၾကာင္း စာအုပ္ေတြကို ေလ့လာဖတ္႐ႈခြင့္ ရခဲ့ပါတယ္။


 ဒုတပ္ရင္းမႈး ဆရာေအာင္ျမင့္ကုိ သင္တန္းဆင္းပဲြတခုမွာ ေတြရစဥ္

စာၾကည့္တုိက္ေဘးမွာေတာ့ ေဆးဘားတုိက္၊ စခန္းအ၀င္ဂိတ္ဟုိဘက္မွာေတာ့ ေဆးခန္း၊ ဘုန္းႀကီးေက်ာင္း ရဲ႕ ဒီဘက္မွာေတာ့ တပ္ရင္းစတုိႀကီး၊ အဲဒီေဘးမွာ တပ္ခဲြ ၁၊ ၂၊ ၃ အတြက္ ဘားတုိက္တလုံးစီ။ ဘား တုိက္ေတြ အၿပီး မွာေတာ့ စခန္းေကာ္မတီ႐ံုး (တပ္ရင္း႐ံုးလုိ႔လည္း ေခၚပါတယ္)။ ေကာ္မတီ႐ံုး ရဲ႕ ေနာက္ေက်ာ ဘက္မွာေတာ့ ဆက္သြယ္ေရး႐ံုးခန္း။ ေကာ္မတီ႐ံုးရဲ႕ မ်က္ေစာင္းထုိးမွာေတာ့ အမ်ဳိး သမီးေဆာင္။ စခန္းအ၀င္၀ ေဆးဘားတုိက္ကေန အမ်ဳိးသမီးေဆာင္အထိ ဘားတုိက္ေတြ အားလုံးဟာ သစ္သားတုိင္၊ ၀ါးၾကမ္းခင္း၊ ေတာထန္းရြက္မုိး အေဆာင္ေတြျဖစ္ၿပီး တပ္ရင္း႐ံုးနဲ႔ ေဆးခန္း ကေတာ့ ေျမစုိက္အေဆာင္ေတြ ျဖစ္ပါတယ္။

အ၀င္၀ကေန ၾကည့္လုိက္မယ္ဆုိရင္ ဒီဘား တုိက္ ၁၀ လုံးနီးပါးဟာ ေလးကုိင္းပုံ ေနရာယူ ေဆာက္ ထားသလုိ ျမင္ရၿပီး အဲဒီဘားတုိက္ေတြေရွ႕က ကြင္းျပင္ထဲမွာေတာ့ တပ္ရင္း စုိက္ခင္းႀကီးရွိပါတယ္။ ပဲသီးပင္၊ ခရမ္းသီးပင္၊ ခ်ဥ္ေပါင္ပင္ေတြနဲ႔အတူ ပီေလာပီနန္ဥပင္ေတြပါ စုိက္ထားတာ ေတြ႔ရပါတယ္။

တပ္ရင္းမႉးေရြးပြဲနဲ႔ မထင္မွတ္ဘဲ တပ္ေထာက္ျဖစ္သြားသူ

က်ေနာ္ေနရတဲ့ အေဆာင္ကေတာ့ တပ္ရင္း႐ံုးနဲ႔ ကပ္လ်က္မွာရွိတဲ့ တပ္ခဲြ ၃ ဘားတုိက္၊ အမရာစခန္းက ဘားတုိက္ေတြဟာ ေမာင္ေတာ္မွာ က်ေနာ္ေဆာက္ခဲ့ဖူးတဲ့ ဘားတုိက္လုိ ရင္ကဲြဘားတုိက္ ေတြမဟုတ္ဘဲ သာမန္တဲအိမ္လုိ သဲဖုတ္ၾကမ္းခင္းကို တေျပးတည္း လုပ္ထားတာေတြ႔ရပါတယ္။ ညဘက္ အိပ္လုိ႔ေကာင္း တုန္း တေယာက္ေယာက္ထသြားရင္ တကြ်ိကြ်ိျမည္ၿပီး က်န္တဲ့လူေတြအကုန္ ဆက္မအိမ္နုိင္တဲ့အထိ ဆူညံတဲ့ ဘားတုိက္ေတြျဖစ္ပါတယ္။

ဘာေၾကာင့္မွန္းေတာ့မသိ။ စခန္းမွာသတင္း ႏွစ္ပတ္ေက်ာ္ ၾကာတဲ့အထိ တာ၀န္က်တဲ့ ဘန္းေခ်ာင္းခြင္ကုိ က်ေနာ္ မသြားျဖစ္ေသးပါ။ အဲဒီအခ်ိန္မွာ “တပ္ရင္းမႉးေနရာအတြက္ မင္း၀င္ၿပိဳင္ပါလား” ဆုိၿပီး ေဘာ္ဒါ တခ်ဳိ႕ က က်ေနာ္ကို ေျမွာက္ေပးပါတယ္။ က်ေနာ္ဟာ ၁၀ တန္းေအာင္စဥ္က DSA ေလွ်ာက္ဖို႔ အသက္မီ တဲ့အတြက္ ၀င္ေလွ်ာက္ခဲ့ဖူးပါတယ္။ ဒါေပမယ့္ ေရွ႕မွာေျပာခဲ့တဲ့ အမ်ားေတာင္ၾကားလမ္းကေန ထား၀ယ္ ၿမိဳ႕ဆီ ၀င္လာတဲ့ ရဲေဘာ္သုံးက်ိပ္ စစ္ေၾကာင္း၊ ဗုိလ္ဗထူးတို႔နဲ႔အတူ ပါသြားၿပီး ဖက္ဆစ္ေတာ္လွန္ေရးမွာ ပါ၀င္ရင္းနဲ႔ ဗမာ့တပ္မေတာ္မွာ ဗုိလ္ႀကီးျဖစ္သြားသူ က်ေနာ့္ဦးေလးက “စစ္ဗိုလ္ေတာ့ မလုပ္ခ်င္စမ္းပါနဲဲ ကြာ” ဆုိတဲ့ ကန္႔ကြက္မႈေၾကာင့္ စာေမးပဲြရက္မွာ သြားမေျဖျဖစ္ခဲ့ပါ။

ဒီလိုနဲ႔ စစ္ဗုိလ္ဘ၀နဲ႔ေ၀းခဲ့တဲ့ က်ေနာ္ဟာ အခုတႀကိမ္ သူပုန္ဗုိလ္ျဖစ္ဖုိ႔ အေရြးခံေရး အေျခေန က ေပးလာျပန္ပါတယ္။ ဒါေပမယ့္ အေသအခ်ာ ျပန္စဥ္းစားၾကည့္ေတာ့ က်ေနာ္ဟာ စစ္တုိက္ခ်င္လုိ႔ စစ္ဗုိလ္ျဖစ္ခ်င္တာ မဟုတ္ဘဲ  ေခတ္ေပၚ ဘန္းစကားနဲ႔ ေျပာရရင္ “ေဆာ္ၾကည္ဘဲ” ျဖစ္ခ်င္လုိ႔၊ လစာနဲ႔ အခြင့္ေရးေကာင္းေကာင္း ရခ်င္လုိ႔ စစ္ဗုိလ္ဘ၀ကို လုိလားေနတာသာျဖစ္ၿပီး တုိက္ေရးခုိက္ေရးကို သိပ္စိတ္၀င္စားပုံမရခဲ့ပါ။

ေနာက္တခါ သူပုန္ဗုိလ္အျဖစ္ အေရြးခံဖုိ႔အေရးမွာလည္း က်ေနာ္ဟာ အခုခ်ိန္အထိ ၀ါးရင္းတုတ္ သင္တန္းမွအပ စစ္သင္တန္းကုိ ျဖစ္ျဖစ္ေျမာက္ေျမာက္ တခါမွမတက္ဖူးေသးပါ။ သင္တန္းဆင္း လက္မွတ္ေတြ၊ ထူးခြ်န္ဆုေတြဆုိတာ ေ၀လာေ၀း။ ေကာ့မူးရာမွာ တုိက္ပဲြအေတြ႔အႀကံဳ ရွိခဲ့ဖူးတယ္ဆုိေပ မယ့္ ေသနတ္ပစ္တတ္တာနဲ႔ စစ္တုိက္တတ္တာ မတူေလာက္ဘူးဆုိတာကို က်ေနာ္ သေဘာေပါက္လာ ပါတယ္။ ေနာက္တခ်က္ကေတာ့ စည္း႐ံုးေရး စကားကလည္း ေကာင္းေကာင္း မေျပာတတ္ေသး။ စခန္းနဲ႔ ေ၀းေနတာကလည္း တႏွစ္နီးပါးရွိၿပီဆုိေတာ့ ကုိယ့္အေျခေနကို္ယ္ သေဘာေပါက္ၿပီး ၀င္ၿပိဳင္ဖုိ႔ စိတ္ကူးကုိ လက္ေလွ်ာ့လုိက္ပါတယ္။

ေနာက္ဆုံးမွာေတာ့ က်ေနာ္တို႔ ဖိုင္နယ္ရီးယား ေနာက္ဆံုးႏွစ္ ေက်ာင္းသားေတြထက္ အသက္ငယ္တဲ့ ထား၀ယ္ ေကာလိပ္ ဒုတိယနွစ္ ဓာတုေဗဒေက်ာင္းသား၊ စစ္သင္တန္းအဆင့္ဆင့္မွာ ထူးခြ်န္ၿပီး စံျပဆုရခဲ့ သူ ကုိေဇာ္သန္း (၁၉၉၇ ေအာက္တုိဘာမွာ ပင္လယ္ျပင္စစ္ေၾကာင္းအတြင္း က်ဆုံး) ကုိ တပ္ရင္းမႉးအျဖစ္ ဗဟုိစစ္ေကာ္မရွင္နဲ႔ စစ္ေရးဌာန အတြင္းေရးမႉး ကုိထြန္းဦးက အတည္ျပဳခန္႔အပ္ လုိက္ပါတယ္။ ဒု ရင္းမႉး အျဖစ္ကေတာ့ အမ်ားက ေလးစားတဲ့ ထား၀ယ္ အထက ၁ က ေက်ာင္းဆရာ ဦးေအာင္ျမင့္ (ေနာက္ပုိ္င္း ဗဟုိတရားသူႀကီး၊ အခုခ်ိန္အထိ နယ္စပ္က ျမန္မာနုိင္ငံေရွ႕ေနမ်ားေကာင္စီမွာ တာ၀န္ထမ္းေနဆဲ) ျဖစ္ လာ ပါတယ္။

တပ္ရင္းမႉးခန္႔ပဲြေတြၿပီးလုိ႔ သတင္း ႏွစ္ပတ္ေလာက္ ၾကာတဲ့အခ်ိန္မွာ မေမွ်ာ္လင့္တဲ့ ျပႆနာတခု ျဖစ္ ပြားၿပီး က်ေနာ့္ကုိ ယာယီ တပ္ေထာက္ဗုိလ္ႀကီးအျဖစ္ စခန္းေကာ္မတီက ခန္႔အပ္လုိက္ပါတယ္။ ျဖစ္ပုံ ကေတာ့ တပ္ေထာက္ဗုိလ္ႀကီးက သူ႔ဌာနေအာက္ရွိ စက္ေလွသမား ဓာတ္ဆီခုိးသုံးတာကို ေဖာ္ထုတ္ တဲ့အမႈမွာ ေလွသမားက ၀န္မခံဘဲ ေျဗာင္လိမ္ေနတာကုိ သည္းမခံနုိင္လုိ႔ဆုိၿပီး တရားသူႀကီးေရွ႕မွာ တင္ ေလွသမားကို နဘန္က်င္းမိရာကေန တာ၀န္ကေန ရပ္စဲခံလုိက္ရပါတယ္။

အဲဒီအခ်ိန္မွာ ေယာင္လည္လည္နဲ႔ ေမ်ာက္သစ္ကုိင္းလြတ္ျဖစ္ေနတဲ့ ဗဟုိျပန္ရဲေဘာ္ႀကီး က်ေနာ့္ကို စခန္းေကာ္မတီက တပ္ေထာက္ဗုိလ္ႀကီး တာ၀န္ေပးလုိက္တာပါ။ က်ေနာ့္အထင္ တပ္ေထာက္ဘ၀ နဲ႔ ၆ လနီးပါး တာ၀န္ထမ္းလုိက္ရပါတယ္။ အဲဒီကာလေတြအတြင္း BCG ကေပးတဲ့ ရိကၡာေငြကို လက္ခံတာ၊ ကုိဉာဏ္စုိးနဲ႔အတူ ကန္ခ်နဘူရီၿမိဳ႕ဆီ ေစ်းသြား၀ယ္တာ၊ ေရွ႕တန္းအတြက္ လုိအပ္တဲ့မုိးကာစေတြ၊ ေက်ာပုိး အိတ္ေတြ၊ ယူနီေဖာင္းေတြ ကန္ခ်နဘူရီမွာ သြား၀ယ္ဖူးတာေတြကို မွတ္မိေနပါတယ္။

ဒါ့အျပင္ စစ္လက္နက္နဲ႔ ပတ္သက္ၿပီး ထူးထူးျခားျခား မွတ္မိေနတဲ့ ျဖစ္စဥ္ ႏွစ္ခုရွိပါတယ္။ ပထမတခ်က္ ကေတာ့ အဲဒီကာလဟာ က်ေနာ္တို႔ ေက်ာင္းသားေတြ လက္နက္႐ူး ႐ူးေနတဲ့ အခ်ိန္ဆုိေတာ့ ေသနတ္ကုိင္ ရတာကုိ အေတာ္ဂုဏ္ယူေနတဲ့အခ်ိန္ ျဖစ္ပါတယ္။ ေသနတ္ထဲမွာမွ ဗုိလ္ေတြသာ ကုိင္ခြင့္ရတဲ့ ပစၥတုိကုိင္ ရရင္ ပိုေပ်ာ္တာေပါ့ဗ်ာ။ အဲဒီအခ်ိန္မွာ ဥကၠ႒ ကုိေအာင္သန္း၀င္း ဘယ္ကေန ဘယ္လုိရလာသလဲေတာ့ မသိဘူး။ ဘေရာင္နီ ပစၥတုိ အသစ္စက္စက္တလက္ကုိ က်ေနာ့္ဆီ လာအပ္ပါတယ္။

“မင္းက တပ္ေထာက္ဆုိေတာ့ ဒါႀကီးကုိ မင္းပဲကို္င္ထားပါ” တဲ့။ က်ေနာ္လည္း ကိုင္ခ်င္ေနတာနဲ႔ အေတာ္ ပဲေပါ့။ ဒါေပမယ့္ “ဒါႀကီးေပ်ာက္သြားရင္ အမႈပုိႀကီးမယ္” ဆုိၿပီး တဖက္ကလည္း စုိးရိမ္ေနျပန္ပါတယ္။ ဒီလုိနဲ႔ ေန႔ဘက္ လူၾကားသြားရင္ “ေဗ်ာက္တုိ” ကို ခါးၾကားထုိးၿပီး ဟန္ေရးျပ၊ ညဘက္ အိပ္ရာ၀င္ရင္ အဲဒါႀကီးကုိ က်ေနာ့္ေခါင္းရင္းက သြပ္ျပားေသတၱာထဲ ေသာ့ခတ္ၿပီး သိမ္းေပါ့။

ဒုတိယတခ်က္ကေတာ့ က်ေနာ္ တပ္ေထာက္ျဖစ္ေနစဥ္မွာ ပထမဆုံးအႀကိမ္အျဖစ္ တပ္စုတစုစာ ဖြဲ႔စည္းပုံအျပည့္ လက္နက္တပ္ဆင္ေရးအတြက္ AK 47 အလက္ ၃၀၊ AK စက္လတ္ တလက္၊ M16 စက္လက္ တလက္။ M 79 နွစ္လက္နဲ႔ က်ည္ေတြကုိ KNU ဆီကေန ၀ယ္ယူခဲ့ဖူးတာ ျဖစ္ပါတယ္။


၂၀၁ တပ္ရင္းမႉး ကိုေဇာ္သန္းကို ဗုိလ္မႉးေအးျမင့္ ပုိ႔ခ်တဲ့ ဗုိလ္သင္တန္း အမွတ္စဥ္ ၂ ဆင္းပဲြမွာ စံျပဆုရေက်ာင္းသားအျဖစ္ ေတြ႔ရစဥ္

“တပ္ေထာက္၊ ခင္ဗ်ား၀ယ္လာတဲ့ AK ေတြကလည္း ေျပာင္း၀က်ယ္လုိက္တာဗ်ာ။ က်ည္ဆံ ကန္႔လန္႔ထြက္ လာမလား မသိဘူး” လုိ႔ ရဲေဘာ္တခ်ဳိ႕က ေနာက္ေျပာတာကုိ မွတ္မိေနဆဲ ျဖစ္ပါတယ္။ သူတို႔ေျပာမယ္ ဆုိလည္း ေျပာခ်င္စရာပါပဲ။ ရွိစုမဲ့စု ပိုက္ဆံေတြစုၿပီး ၀ယ္လာတဲ့လက္နက္ေတြက ကေမာၻဒီးယား စစ္က်န္ ႏိုင္တီးဂြမ္တီးက လက္နက္ေတြ။ က်ေနာ္မွတ္မိသေလာက္ကေတာ့ က်ေနာ္ တို႔ ေတာစခုိတဲ့ အခ်ိန္ကေန ဒီေန႔အထိ အဲဒီလုိ လက္နက္ေဟာင္းေတြနဲ႔ပဲ စခန္းသြားခဲ့ရၿပီး ျပည္ခ်စ္ေခတ္ ကလုိ လက္နက္သစ္ေတြ တပ္ဆင္နုိင္ခဲ့ဖူးတာမ်ဳိး တခါမွမၾကားဖူးေသးပါ။

ဒါေပမယ့္ အဲဒီလုိ က်ည္ဆံကန္႔လန္႔ထြက္နုိင္တဲ့ လက္နက္ေဟာင္းေတြ တပ္ဆင္ထားတဲ့ တပ္စုကုိ အထူးတပ္စုလုိ႔ က်ေနာ္တို႔က ေခၚပါတယ္။ ဘာေၾကာင့္လဲဆုိရင္ ဒီတပ္စုအရင္ ေရွ႕တန္းထြက္သြားတဲ့ တပ္အားလုံး လက္နက္အျပည့္အစုံ မတပ္ဆင္နုိင္ဘဲ လက္လုပ္ေသနတ္ေတြ၊ ယမ္းေထာင္းေတြ၊ မီးက်ဳိး ေမာင္းပ်က္ေတြကုိ ၂ ေယာက္တလက္၊ ၃ ေယာက္ တလက္ ခြဲတမ္းနဲ႔ ထြက္သြားၾကလုိ႔ ျဖစ္ပါတယ္။

ဒီအထူးတပ္စုကိုေတာ့ တပ္ေရးဗုိလ္ႀကီး ကုိေအးေသာ္ကုိယ္တုိင္ ဦးစီးၿပီး အထူးစစ္ေၾကာင္း ဆုိတဲ့အမည္နဲ႔ ျပည္ျခား-ပုေလာ ေဒသဘက္ဆီ ဆင္းသြားတာကို က်ေနာ္ အမွတ္ရေနပါတယ္။

=====================================================

(အပိုင်း ၂၁)

ထက်အောင်ကျော် on March 8, 2012 6:06 pm
အောက်မေ့ဖွယ် /ဧရာဝတီ။ 

စခန်းကော်မတီသစ်နဲ့ မင်းသမီး-အမာရာ

ကန်ချနပူရီကနေ မင်းသမီးစခန်းဆီ ကျနော် ရောက်တဲ့အချိန်မှာ စခန်းကော်မတီက အသစ် ဖြစ်နေ ပါပြီ။ ရှေ့ပိုင်းမှာပြောခဲတဲ့ကိုမင်းအောင်၊ ကိုဌေးအောင်တို့ခေတ် မဟုတ်တော့။ မော်လမြိုင်တက္က သိုလ် နောက်ဆုံးနှစ် သမိုင်းကျောင်းသားတဦးဖြစ်သူ ကံပေါက်ဒေသမှ ကိုအောင်သန်းဝင်းက ဥက္ကဋ္ဌ (နောက်ပိုင်း ဗဟိုတွဲဖက် အတွင်းရေးမှူး၊ အခု အမေရိကန်တွင် နေထိုင်)၊ ဒု ဥက္ကဋ္ဌကတော့ ဖွဲ့စည်းပုံအရ တပ်ရင်းမှူး ဖြစ်လာမယ့်သူ ကို ပေးမှာဖြစ်တဲ့အတွက် တပ်ရင်းမှူးရွေးပွဲကို စောင့်နေဆဲကာလ ဖြစ်ပါတယ်။

(စခန်းကော်မတီဝင် ၈ ဦးကို ရဲဘော်ထုရဲ့ဆန္ဒမဲနဲ့ တိုက်ရိုက်ရွေးချယ်ပြီး တပ်ရင်းမှူးကိုတော့ ကော်မတီ ရဲ့တင်ပြချက်အပေါ် အခြေခံကာ ဗဟိုစစ်ကော်မရှင်က အတည်ပြုခန့်အပ်ပါတယ်)။


ဥက္ကဌကိုအောင်သန်းဝင်းနဲ့ အတွင်းရေးမှုးကိုမျိုးဝင်း (နောက်တန်း အလယ် ၂-ဦး) တို့ကို သင်တန်းဆင်းပွဲတခုမှာတွေ့ရစဉ်

အတွင်းရေးမှူးအဖြစ် စက်မှုတက္ကသိုလ်နောက်ဆုံးနှစ် ကျောင်းသားဖြစ်သူ ထားဝယ်မှ ကိုမျိုးဝင်း (အခု လက်ရှိ ABSDF ဗဟို ဒုဥက္ကဋ္ဌ၊ DAB အတွင်းရေးမှူးအဖြစ် တာဝန် ထမ်းနေဆဲ)၊ တွဲဖက်အတွင်းရေးမှူး ကတော့ ဖွဲ့စည်းပုံအရ ဒု တပ်ရင်းမှူး ဖြစ်လာသူကို ပေးရ မှာဖြစ်ပါတယ်။ ကော်မတီဝင်တွေထဲမှာတော့ ပုလောမှ ကျောင်းဆရာ ဦးဟန်လင်း က  ပြန်ကြားရေးတာဝန်ခံ၊ ကံပေါက်မိုင်းမှ ဝန်ထမ်း ကိုဉာဏ်စိုး က ထောက်ပံ့ရေးတာဝန်ခံ၊ ကံပေါက်မိုင်းကပဲ အင်ဂျင်နီယာ ကိုသိန်းဆောင်က ဘဏ္ဍာရေးတာဝန်ခံ၊ မြိတ်မြို့မှ ကျောင်း ဆရာ ကိုဂွမ်ရှီက စည်းကမ်းထိမ်းသိမ်းရေးတာဝန်ခံ၊ ဆေး တက္ကသိုလ် ကျောင်းသား ကိုဝင်းမင်းက ကျန်းမာရေးတာဝန်ခံ၊ အရန်ဗဟိုကော်မတီ ဝင်ဖြစ်သွားတဲ့ ကိုဌေးအောင်က ဗဟိုကို မသွားရသေးတဲ့အတွက် စခန်းစည်းရုံးရေး တာဝန်ခံအဖြစ် ဆက်လက်တာဝန်ယူ ထားဆဲလို့ မှတ်မိနေ ပါတယ်။

ကျနော် ပြန်ရောက်တဲ့အချိန်ဟာ တပ်ရင်းမှူးနေရာအတွက် အပြိုင်အဆိုင် မဲဆွယ်နေတဲ့ကာလဖြစ်ပြီး တချို့ရဲဘော်တွေကတော့ ရှေ့တန်းထွက်နေကြပြီဖြစ်ပါတယ်။ ကျနော်ပြန်မရောက်ခင် စခန်းကော်မတီက လုပ်ထားတဲ့ ရွေးချယ်မှုတွေအရ ကျနော့်ကို တပ်စုမှူးအဖြစ် တာဝန်ပေးထားပြီး ကျနော်တို့ စတင်တောခိုရာ ဘန်းချောင်းဒေသမှာ တာဝန်ယူဖို့ နေရာချပေးထားပါတယ်။ အဲဒီကာလ ကျနော့်တပ်ခွဲမှူးက ကိုမြင့်အောင် (နောက်ပိုင်း ဗဟိုရုံးအဖွဲ့မှူး၊ အခု နယူးဇီလန်)၊ ဒုခွဲမှူးက ကိုဘုန်းကျော် (နောက်ပိုင်း ၂၀၁ ရဲ့ နာမည် အကြီးဆုံး တပ်မှူးဖြစ်လာသူ၊ အခု အမေရိကန်)၊ တပ်စုမှူးတွေအဖြစ်ကတော့ ကျနော်၊ ကိုမင်းဇော်သူ (နောက်ပိုင်းမှာ ဒုရင်းမှူးဖြစ်လာပြီး ၁၉၉၃ နှောင်းပိုင်းမှာ ကိုဇော်မင်းနဲ့အတူ ရနောင်းမှာ လုပ်ကြံခံရ သလိုလိုနဲ့ ပျောက်ဆုံးသွားသူ) နဲ့ ကိုခင်မောင်သိန်း (ပြန်ဝင်) တို့ဖြစ်ပြီး ကျနော်တို့ တပ်ခွဲနံပါတ်က အမှတ် ၃ ဖြစ်ပါတယ်။

အလားတူ နတ်အိမ်တောင်ဘက် တာဝန်ကျတဲ့ တပ်ခွဲ ၂ မှူးက ကိုသိန်းမြင့်ကျော် ခေါ် ဘိုင်သိန်းမြင့် (၁၉၉၇ ပင်လယ်ပြင်တိုက်ပွဲအတွင်း ကျဆုံး)၊ ဒုခွဲမှူးက ကိုတင်ထွန်း (ပြန်ဝင်) တို့ ဖြစ်ပါတယ်။ မြိတ်-ပုလောဘက် တာဝန်ကျတဲ့ တပ်ခွဲ ၁ မှူးကတော့ ကိုဖေသင် (၁၉၉၁ မှာ ကျဆုံး)၊ ဒု ခွဲမှူးက ကိုပြည်ဆောင်ဦး (ပြန်ဝင်) တို့် ဖြစ်ပါတယ်။ တပ်ခွဲမှူးနဲ့ တပ်ရေး၊ တပ်ထောက်အဆင့်အထိ စစ်ဖက်တာဝန်တွေကို စခန်းကော်မတီက တာဝန်ယူခန့်အပ်ပြီး တပ်ရင်းမှူးနဲ့ ဒုရင်းမှူးကိုတော့ စခန်းကော်မတီရဲ့တင်ပြချက်နဲ့ ဗဟိုစစ်ကော်မရှင်က အတည်ပြု ခန့်အပ်မှာဖြစ်တဲ့အတွက် အခုလို စောင့်ဆိုင်းနေရတာဖြစ်ပါတယ်။

အဲဒီကာလ တပ်ရေးဗိုလ်ကြီးကတော့ ရန်ကုန်တက္ကသိုလ်မှာ တက်နေတဲ့ ပုလောမြို့မှ ကိုအေးသော် (အခု အမေရိကန်)၊ တပ်ထောက်ဗိုလ်ကြီးကတော့ စက်မှုတက္ကသိုလ် စတုတ္တနှစ်ကျောင်းသား၊ ထားဝယ်မြို့မှ ကိုမျိုးသိန်း (အခု ကနေဒါ)၊ ထောက်လှမ်းရေး ဗိုလ်ကြီးက မော်လမြိုင်တက္ကသိုလ် တတိယနှစ် ဓာတုဗေ ဒ ကျောင်းသား၊ ထားဝယ်မှ ကိုသောင်းညွန့် (အခုထိ နယ်စပ်မှာရှိနေဆဲ) တို့ ဖြစ်ပါတယ်။

အမရာစခန်းရဲ့ အခင်းအကျင်းက မောင်တော်ထက်တော့ အများကြီး သာပါတယ်။ ရှေ့ပိုင်းမှာ တင်ပြခဲ့တဲ့ ထီးထာ KNDO ကုန်းကနေ တနင်္သာရီ မြစ်ရိုးတလျှောက် ဖောက်ထားတဲ့ သစ်မှောင်ခိုလမ်း အတိုင်း လျှောက်လိုက်တာနဲ့ သမိုင်းဝင် အများတောင်ကြားလမ်းထိပ်မှာ ကျနော်တို့ ကျောင်းသားစခန်း ကို တွေ့ရမှာဖြစ်ပါတယ်။ အရင်ကတော့ ဒီနေရာဟာ အမရာရွာက ဘုန်တော်ကြီးကျောင်းဟောင်း ရှိတဲ့နေရာဖြစ်ပြီး KNU ကနေ ကျောင်းသားတွေကို ဒီမှာနေရာချပေးတဲ့အတွက် “အမာရာ ကျောင်း သားစခန်း” ဆိုပြီး ဖြစ်လာတာလို့ သိရပါတယ်။

စခန်းနေရာဟာ တနင်္သာရီမြစ်ဘေး တောင်ကုန်းလေးပေါ်မှာ ရှိနေတဲ့အတွက် မောင်တော်စခန်း လို နွေရာသီမှာ ရေပြတ်တဲ့ပြဿနာအတွက် ဘာမှပူစရာမလိုတော့။ နောက်တခါ အပေါ်ဘက် ဘန်းချောင်း၊ ကွမ်းချောင်းရှိရာ ထားဝယ်-ရေဖြူ ဒေသကနေ တနင်္သာရီမြစ် ပင်လယ်ထဲရောက်တဲ့ မြိတ်-တနင်္သာရီဒေသအထိ တနင်္သာရီ မြို့ရိုးတလျှောက်ကို အသုံးပြုပြီး ပြည်တွင်းရေကြောင်း ခရီးသွားနိုင် ပါတယ်။ KNU နဲ့ သစ်မှောင်ခို ကုမ္ပဏီတွေ ဖောက်ထားတဲ့ ကားလမ်းကြမ်းကို အသုံးပြုပြီး နယ်စပ်နဲ့ ထိုင်းနိုင်ငံထဲ ကုန်ကြောင်းဆက်သွယ်ရေးတွေကို အလွယ်တကူ ဆောင်ရွက်နိုင်တဲ့နေရာ တခုဖြစ်ပါတယ်။

ရှိပြီးသား ဘုန်ကြီးကျောင်းဟောင်းကို ပြန်လည်ပြုပြင်ပြီး တပ်ရင်း ခန်းမအဖြစ် အသုံးပြုနေတာတွေ့ရပါ တယ်။ အဲဒီဘေးက ဘုန်ကြီးကျောင်း စတိုခန်းကိုတော့ စာကြည့်တိုက်အဖြစ် ပြန်လည်စုဖွဲ့ထားတာ တွေ့ရပါ တယ်။ အဲဒီမှာ သခင်သန်းထွန်းရဲ့ နောက်ဆုံးနေ့များ၊ အရှေ့ကနေဝန်း ထွက်သည့်ပမာ၊ ဘုံဘဝမှာဖြင့် အပါအဝင် မြန်မာ့တော်လှန်ရေးအကြောင်း စာအုပ်တွေ၊ ရဲဘော် ချေ (Ernesto “Che” Guevara)၊ ကက် စထရိုတို့ ဦးဆောင်တဲ့ လူ ၁၂ ဦးသူပုန်တပ်ဖွဲ့ကနေ နိုင်ငံတခုလုံးကို သိမ်းပိုက်နိုင်ခဲ့တဲ့ ကျုးဘားတော် လှန်ရေးအပါဝင် နိုင်ငံတကာ လက်နက်ကိုင် တော်လှန်ရေးအကြောင်း စာအုပ်တွေကို လေ့လာဖတ်ရှုခွင့် ရခဲ့ပါတယ်။



 ဒုတပ်ရင်းမှုး ဆရာအောင်မြင့်ကို သင်တန်းဆင်းပွဲတခုမှာ တွေရစဉ်

စာကြည့်တိုက်ဘေးမှာတော့ ဆေးဘားတိုက်၊ စခန်းအဝင်ဂိတ်ဟိုဘက်မှာတော့ ဆေးခန်း၊ ဘုန်းကြီးကျောင်း ရဲ့ ဒီဘက်မှာတော့ တပ်ရင်းစတိုကြီး၊ အဲဒီဘေးမှာ တပ်ခွဲ ၁၊ ၂၊ ၃ အတွက် ဘားတိုက်တလုံးစီ။ ဘား တိုက်တွေ အပြီး မှာတော့ စခန်းကော်မတီရုံး (တပ်ရင်းရုံးလို့လည်း ခေါ်ပါတယ်)။ ကော်မတီရုံး ရဲ့ နောက်ကျော ဘက်မှာတော့ ဆက်သွယ်ရေးရုံးခန်း။ ကော်မတီရုံးရဲ့ မျက်စောင်းထိုးမှာတော့ အမျိုး သမီးဆောင်။ စခန်းအဝင်၀ ဆေးဘားတိုက်ကနေ အမျိုးသမီးဆောင်အထိ ဘားတိုက်တွေ အားလုံးဟာ သစ်သားတိုင်၊ ဝါးကြမ်းခင်း၊ တောထန်းရွက်မိုး အဆောင်တွေဖြစ်ပြီး တပ်ရင်းရုံးနဲ့ ဆေးခန်း ကတော့ မြေစိုက်အဆောင်တွေ ဖြစ်ပါတယ်။

အဝင်ဝကနေ ကြည့်လိုက်မယ်ဆိုရင် ဒီဘား တိုက် ၁၀ လုံးနီးပါးဟာ လေးကိုင်းပုံ နေရာယူ ဆောက် ထားသလို မြင်ရပြီး အဲဒီဘားတိုက်တွေရှေ့က ကွင်းပြင်ထဲမှာတော့ တပ်ရင်း စိုက်ခင်းကြီးရှိပါတယ်။ ပဲသီးပင်၊ ခရမ်းသီးပင်၊ ချဉ်ပေါင်ပင်တွေနဲ့အတူ ပီလောပီနန်ဥပင်တွေပါ စိုက်ထားတာ တွေ့ရပါတယ်။

တပ်ရင်းမှူးရွေးပွဲနဲ့ မထင်မှတ်ဘဲ တပ်ထောက်ဖြစ်သွားသူ

ကျနော်နေရတဲ့ အဆောင်ကတော့ တပ်ရင်းရုံးနဲ့ ကပ်လျက်မှာရှိတဲ့ တပ်ခွဲ ၃ ဘားတိုက်၊ အမရာစခန်းက ဘားတိုက်တွေဟာ မောင်တော်မှာ ကျနော်ဆောက်ခဲ့ဖူးတဲ့ ဘားတိုက်လို ရင်ကွဲဘားတိုက် တွေမဟုတ်ဘဲ သာမန်တဲအိမ်လို သဲဖုတ်ကြမ်းခင်းကို တပြေးတည်း လုပ်ထားတာတွေ့ရပါတယ်။ ညဘက် အိပ်လို့ကောင်း တုန်း တယောက်ယောက်ထသွားရင် တကျွိကျွိမြည်ပြီး ကျန်တဲ့လူတွေအကုန် ဆက်မအိမ်နိုင်တဲ့အထိ ဆူညံတဲ့ ဘားတိုက်တွေဖြစ်ပါတယ်။

ဘာကြောင့်မှန်းတော့မသိ။ စခန်းမှာသတင်း နှစ်ပတ်ကျော် ကြာတဲ့အထိ တာဝန်ကျတဲ့ ဘန်းချောင်းခွင်ကို ကျနော် မသွားဖြစ်သေးပါ။ အဲဒီအချိန်မှာ “တပ်ရင်းမှူးနေရာအတွက် မင်းဝင်ပြိုင်ပါလား” ဆိုပြီး ဘော်ဒါ တချို့ က ကျနော်ကို မြှောက်ပေးပါတယ်။ ကျနော်ဟာ ၁၀ တန်းအောင်စဉ်က DSA လျှောက်ဖို့ အသက်မီ တဲ့အတွက် ဝင်လျှောက်ခဲ့ဖူးပါတယ်။ ဒါပေမယ့် ရှေ့မှာပြောခဲ့တဲ့ အများတောင်ကြားလမ်းကနေ ထားဝယ် မြို့ဆီ ဝင်လာတဲ့ ရဲဘော်သုံးကျိပ် စစ်ကြောင်း၊ ဗိုလ်ဗထူးတို့နဲ့အတူ ပါသွားပြီး ဖက်ဆစ်တော်လှန်ရေးမှာ ပါဝင်ရင်းနဲ့ ဗမာ့တပ်မတော်မှာ ဗိုလ်ကြီးဖြစ်သွားသူ ကျနော့်ဦးလေးက “စစ်ဗိုလ်တော့ မလုပ်ချင်စမ်းပါနဲ ကွာ” ဆိုတဲ့ ကန့်ကွက်မှုကြောင့် စာမေးပွဲရက်မှာ သွားမဖြေဖြစ်ခဲ့ပါ။

ဒီလိုနဲ့ စစ်ဗိုလ်ဘဝနဲ့ဝေးခဲ့တဲ့ ကျနော်ဟာ အခုတကြိမ် သူပုန်ဗိုလ်ဖြစ်ဖို့ အရွေးခံရေး အခြေနေ က ပေးလာပြန်ပါတယ်။ ဒါပေမယ့် အသေအချာ ပြန်စဉ်းစားကြည့်တော့ ကျနော်ဟာ စစ်တိုက်ချင်လို့ စစ်ဗိုလ်ဖြစ်ချင်တာ မဟုတ်ဘဲ  ခေတ်ပေါ် ဘန်းစကားနဲ့ ပြောရရင် “ဆော်ကြည်ဘဲ” ဖြစ်ချင်လို့၊ လစာနဲ့ အခွင့်ရေးကောင်းကောင်း ရချင်လို့ စစ်ဗိုလ်ဘဝကို လိုလားနေတာသာဖြစ်ပြီး တိုက်ရေးခိုက်ရေးကို သိပ်စိတ်ဝင်စားပုံမရခဲ့ပါ။

နောက်တခါ သူပုန်ဗိုလ်အဖြစ် အရွေးခံဖို့အရေးမှာလည်း ကျနော်ဟာ အခုချိန်အထိ ဝါးရင်းတုတ် သင်တန်းမှအပ စစ်သင်တန်းကို ဖြစ်ဖြစ်မြောက်မြောက် တခါမှမတက်ဖူးသေးပါ။ သင်တန်းဆင်း လက်မှတ်တွေ၊ ထူးချွန်ဆုတွေဆိုတာ ဝေလာဝေး။ ကော့မူးရာမှာ တိုက်ပွဲအတွေ့အကြုံ ရှိခဲ့ဖူးတယ်ဆိုပေ မယ့် သေနတ်ပစ်တတ်တာနဲ့ စစ်တိုက်တတ်တာ မတူလောက်ဘူးဆိုတာကို ကျနော် သဘောပေါက်လာ ပါတယ်။ နောက်တချက်ကတော့ စည်းရုံးရေး စကားကလည်း ကောင်းကောင်း မပြောတတ်သေး။ စခန်းနဲ့ ဝေးနေတာကလည်း တနှစ်နီးပါးရှိပြီဆိုတော့ ကိုယ့်အခြေနေကိုယ် သဘောပေါက်ပြီး ဝင်ပြိုင်ဖို့ စိတ်ကူးကို လက်လျှော့လိုက်ပါတယ်။

နောက်ဆုံးမှာတော့ ကျနော်တို့ ဖိုင်နယ်ရီးယား နောက်ဆုံးနှစ် ကျောင်းသားတွေထက် အသက်ငယ်တဲ့ ထားဝယ် ကောလိပ် ဒုတိယနှစ် ဓာတုဗေဒကျောင်းသား၊ စစ်သင်တန်းအဆင့်ဆင့်မှာ ထူးချွန်ပြီး စံပြဆုရခဲ့ သူ ကိုဇော်သန်း (၁၉၉၇ အောက်တိုဘာမှာ ပင်လယ်ပြင်စစ်ကြောင်းအတွင်း ကျဆုံး) ကို တပ်ရင်းမှူးအဖြစ် ဗဟိုစစ်ကော်မရှင်နဲ့ စစ်ရေးဌာန အတွင်းရေးမှူး ကိုထွန်းဦးက အတည်ပြုခန့်အပ် လိုက်ပါတယ်။ ဒု ရင်းမှူး အဖြစ်ကတော့ အများက လေးစားတဲ့ ထားဝယ် အထက ၁ က ကျောင်းဆရာ ဦးအောင်မြင့် (နောက်ပိုင်း ဗဟိုတရားသူကြီး၊ အခုချိန်အထိ နယ်စပ်က မြန်မာနိုင်ငံရှေ့နေများကောင်စီမှာ တာဝန်ထမ်းနေဆဲ) ဖြစ် လာ ပါတယ်။

တပ်ရင်းမှူးခန့်ပွဲတွေပြီးလို့ သတင်း နှစ်ပတ်လောက် ကြာတဲ့အချိန်မှာ မမျှော်လင့်တဲ့ ပြဿနာတခု ဖြစ် ပွားပြီး ကျနော့်ကို ယာယီ တပ်ထောက်ဗိုလ်ကြီးအဖြစ် စခန်းကော်မတီက ခန့်အပ်လိုက်ပါတယ်။ ဖြစ်ပုံ ကတော့ တပ်ထောက်ဗိုလ်ကြီးက သူ့ဌာနအောက်ရှိ စက်လှေသမား ဓာတ်ဆီခိုးသုံးတာကို ဖော်ထုတ် တဲ့အမှုမှာ လှေသမားက ဝန်မခံဘဲ ဗြောင်လိမ်နေတာကို သည်းမခံနိုင်လို့ဆိုပြီး တရားသူကြီးရှေ့မှာ တင် လှေသမားကို နဘန်ကျင်းမိရာကနေ တာဝန်ကနေ ရပ်စဲခံလိုက်ရပါတယ်။

အဲဒီအချိန်မှာ ယောင်လည်လည်နဲ့ မျောက်သစ်ကိုင်းလွတ်ဖြစ်နေတဲ့ ဗဟိုပြန်ရဲဘော်ကြီး ကျနော့်ကို စခန်းကော်မတီက တပ်ထောက်ဗိုလ်ကြီး တာဝန်ပေးလိုက်တာပါ။ ကျနော့်အထင် တပ်ထောက်ဘ၀ နဲ့ ၆ လနီးပါး တာဝန်ထမ်းလိုက်ရပါတယ်။ အဲဒီကာလတွေအတွင်း BCG ကပေးတဲ့ ရိက္ခာငွေကို လက်ခံတာ၊ ကိုဉာဏ်စိုးနဲ့အတူ ကန်ချနဘူရီမြို့ဆီ ဈေးသွားဝယ်တာ၊ ရှေ့တန်းအတွက် လိုအပ်တဲ့မိုးကာစတွေ၊ ကျောပိုး အိတ်တွေ၊ ယူနီဖောင်းတွေ ကန်ချနဘူရီမှာ သွားဝယ်ဖူးတာတွေကို မှတ်မိနေပါတယ်။

ဒါ့အပြင် စစ်လက်နက်နဲ့ ပတ်သက်ပြီး ထူးထူးခြားခြား မှတ်မိနေတဲ့ ဖြစ်စဉ် နှစ်ခုရှိပါတယ်။ ပထမတချက် ကတော့ အဲဒီကာလဟာ ကျနော်တို့ ကျောင်းသားတွေ လက်နက်ရူး ရူးနေတဲ့ အချိန်ဆိုတော့ သေနတ်ကိုင် ရတာကို အတော်ဂုဏ်ယူနေတဲ့အချိန် ဖြစ်ပါတယ်။ သေနတ်ထဲမှာမှ ဗိုလ်တွေသာ ကိုင်ခွင့်ရတဲ့ ပစ္စတိုကိုင် ရရင် ပိုပျော်တာပေါ့ဗျာ။ အဲဒီအချိန်မှာ ဥက္ကဋ္ဌ ကိုအောင်သန်းဝင်း ဘယ်ကနေ ဘယ်လိုရလာသလဲတော့ မသိဘူး။ ဘရောင်နီ ပစ္စတို အသစ်စက်စက်တလက်ကို ကျနော့်ဆီ လာအပ်ပါတယ်။

“မင်းက တပ်ထောက်ဆိုတော့ ဒါကြီးကို မင်းပဲကိုင်ထားပါ” တဲ့။ ကျနော်လည်း ကိုင်ချင်နေတာနဲ့ အတော် ပဲပေါ့။ ဒါပေမယ့် “ဒါကြီးပျောက်သွားရင် အမှုပိုကြီးမယ်” ဆိုပြီး တဖက်ကလည်း စိုးရိမ်နေပြန်ပါတယ်။ ဒီလိုနဲ့ နေ့ဘက် လူကြားသွားရင် “ဗျောက်တို” ကို ခါးကြားထိုးပြီး ဟန်ရေးပြ၊ ညဘက် အိပ်ရာဝင်ရင် အဲဒါကြီးကို ကျနော့်ခေါင်းရင်းက သွပ်ပြားသေတ္တာထဲ သော့ခတ်ပြီး သိမ်းပေါ့။

ဒုတိယတချက်ကတော့ ကျနော် တပ်ထောက်ဖြစ်နေစဉ်မှာ ပထမဆုံးအကြိမ်အဖြစ် တပ်စုတစုစာ ဖွဲ့စည်းပုံအပြည့် လက်နက်တပ်ဆင်ရေးအတွက် AK 47 အလက် ၃၀၊ AK စက်လတ် တလက်၊ M16 စက်လက် တလက်။ M 79 နှစ်လက်နဲ့ ကျည်တွေကို KNU ဆီကနေ ဝယ်ယူခဲ့ဖူးတာ ဖြစ်ပါတယ်။


၂၀၁ တပ်ရင်းမှူး ကိုဇော်သန်းကို ဗိုလ်မှူးအေးမြင့် ပို့ချတဲ့ ဗိုလ်သင်တန်း အမှတ်စဉ် ၂ ဆင်းပွဲမှာ စံပြဆုရကျောင်းသားအဖြစ် တွေ့ရစဉ်

“တပ်ထောက်၊ ခင်ဗျားဝယ်လာတဲ့ AK တွေကလည်း ပြောင်းဝကျယ်လိုက်တာဗျာ။ ကျည်ဆံ ကန့်လန့်ထွက် လာမလား မသိဘူး” လို့ ရဲဘော်တချို့က နောက်ပြောတာကို မှတ်မိနေဆဲ ဖြစ်ပါတယ်။ သူတို့ပြောမယ် ဆိုလည်း ပြောချင်စရာပါပဲ။ ရှိစုမဲ့စု ပိုက်ဆံတွေစုပြီး ဝယ်လာတဲ့လက်နက်တွေက ကမ္ဘောဒီးယား စစ်ကျန် နိုင်တီးဂွမ်တီးက လက်နက်တွေ။ ကျနော်မှတ်မိသလောက်ကတော့ ကျနော် တို့ တောစခိုတဲ့ အချိန်ကနေ ဒီနေ့အထိ အဲဒီလို လက်နက်ဟောင်းတွေနဲ့ပဲ စခန်းသွားခဲ့ရပြီး ပြည်ချစ်ခေတ် ကလို လက်နက်သစ်တွေ တပ်ဆင်နိုင်ခဲ့ဖူးတာမျိုး တခါမှမကြားဖူးသေးပါ။

ဒါပေမယ့် အဲဒီလို ကျည်ဆံကန့်လန့်ထွက်နိုင်တဲ့ လက်နက်ဟောင်းတွေ တပ်ဆင်ထားတဲ့ တပ်စုကို အထူးတပ်စုလို့ ကျနော်တို့က ခေါ်ပါတယ်။ ဘာကြောင့်လဲဆိုရင် ဒီတပ်စုအရင် ရှေ့တန်းထွက်သွားတဲ့ တပ်အားလုံး လက်နက်အပြည့်အစုံ မတပ်ဆင်နိုင်ဘဲ လက်လုပ်သေနတ်တွေ၊ ယမ်းထောင်းတွေ၊ မီးကျိုး မောင်းပျက်တွေကို ၂ ယောက်တလက်၊ ၃ ယောက် တလက် ခွဲတမ်းနဲ့ ထွက်သွားကြလို့ ဖြစ်ပါတယ်။

ဒီအထူးတပ်စုကိုတော့ တပ်ရေးဗိုလ်ကြီး ကိုအေးသော်ကိုယ်တိုင် ဦးစီးပြီး အထူးစစ်ကြောင်း ဆိုတဲ့အမည်နဲ့ ပြည်ခြား-ပုလော ဒေသဘက်ဆီ ဆင်းသွားတာကို ကျနော် အမှတ်ရနေပါတယ်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More