Tuesday, January 31, 2023

“မိုလိုတော့ဗ် အဆင့်နဲ့မရတော့လို့ လက်နက်ကိုင်တော်လှန်ရေးထဲ ရောက်လာတာပါ”



“မိုလိုတော့ဗ် အဆင့်နဲ့မရတော့လို့ လက်နက်ကိုင်တော်လှန်ရေးထဲ ရောက်လာတာပါ”

(မျိုးသူရကိုကို - အမှတ် (၃) စစ်ဒေသ၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်)

(၁-၂-၂၀၂၃)

“ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ လူငယ်တွေကို အာဏာသိမ်းစစ်ကောင်စီက အကြမ်းဖက်ဖြိုခွင်းတဲ့အတွက် မိုလိုတော့ဗ် အပါဝင် ရာရလက်နက် စွဲကိုင်ပြီး ပြန်လည်ခုခံရတာဖြစ်တယ်။ မိုလိုတော့ဗ် အဆင့်နဲ့မရတော့လို့ လက်နက်ကိုင်တပ်ဖွဲ့ပြီး ပြန်လည်တိုက်ခိုက်နေရတာဖြစ်တယ်” လို့ ဆန္ဒပြလူငယ်ဘဝကနေ PDF စစ်သားဖြစ်လာသူ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် အမှတ် ၃- စစ်ဒေသက မျိုးသူရကိုကို ကပြောပါတယ်။

ဒီနေ့ ဖေဖေါ်ဝါရီ ၁- ရက်မှာကျရောက်တဲ့ စစ်တပ်အာဏာသိမ်းမှု ၂ -နှစ်ပြည့်အခြေအနေ၊ သို့မဟုတ် နွေဦးတော်လှန်ရေး ၂ -နှစ်ပြည့်အခြေအနေကို ပြန်ပြောင်းသုံးသပ်ချက်အဖြစ် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ ...
- လွန်ခဲ့တဲ့ ၂ နှစ် အာဏာသိမ်းတဲ့ ဒီနေ့မနက်မှာကြားရတဲ့သတင်းဆိုးကို လူငယ်တွေ ဘယ်လိုရင်ဆိုင်ခဲ့သလဲ...

- သံပုံးတီးတာ၊ လမ်းမပေါ် လူထုဆန္ဒြုပတာတွေ ဘယ်လိုဖြစ်လာသလဲ...

- အာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းမှုကို လူငယ်တွေ ဘယ်လို ရင်ဆိုင်ခုခံခဲ့သလဲ...

- မိုလိုတော့ဗ် အဆင့်နဲ့မရရင် ဘယ်လိုအဆင့်ထိ တက်ဖို့လိုအပ်နေပြီလဲ...
စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(ဒီနေ့ညနေပိုင်းမှာတော့ လက်နက်ကိုင်တော်လှန်ရေးထဲရောက်လာတဲ့ PDF လူငယ်တွေနဲ့ ERO တွေ ဘယ်လိုပူးပေါင်းဆောင်ရွက်သင့်သလဲ...မေးမြန်းထားတဲ့ PNFC ဥက္ကဌ ခွန်မြင့်ထွန်းနှင့် မေးမြန်းချက် ဒုတိယ ပိုင်းကို ထုတ်လွှင့်ပေးပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

“တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင်အဖွဲ့အားလုံး နွေဦးတော်လှန်ရေးထဲ တို...



“တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင်အဖွဲ့အားလုံး နွေဦးတော်လှန်ရေးထဲ တိုက်ရိုက်ပါဝင် ဆောင်ရွက်သင့်ပြီ”

(ခွန်မြင့်ထွန်း - ဥက္ကဌ ပအိုဝ်းအမျိုးသားဖယ်ဒရယ်ကောင်စီ (PNFC)

(၃၁-၁-၂၀၂၃)

“စစ်အာဏာရှင်လက်အောက်မှာ ဖက်ဒရယ်အခွင့်အရေး၊ တိုင်းရင်းသားအခွင့်အရေးဆိုတာ ဘယ်လိုမှမရနိုင်တဲ့အတွက် အာဏာရှင်ပြုတ်ကျရေးတိုက်ပွဲမှာ တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင်အဖွဲ့အားလုံး ထဲထဲဝင်ဝင် လက်တွဲပါဝင်ဖို့လိုအပ်တယ်” လို့ ပအိုဝ်းအမျိုးသားဖယ်ဒရယ်ကောင်စီ (PNFC) ဥက္ကဌ ခွန်မြင့်ထွန်း က ပြောပါတယ်။

နွေဦးတော်လှန်ရေး ၂- နှစ်ကြာတဲ့အထိ အချို့ ERO အဖွဲ့တွေက နေပြည်တော်ကိုသွားနေဆဲ၊ အချို့က မဆိုင်သလို နေနေဆဲ အခြေအနေတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ ...
- ပအိုဝ်းအမျိုးသားတွေ နွေဦးတော်လှန်ရေးထဲ ဘာကြောင့်- ဘယ်လိုပါဝင်လာသလဲ...

- NCA လမ်းကြောင်းကို စစ်ကောင်စီကိုယ်တိုင် သစ္စာဖောက်တာလား...
စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(မနက်ဖန် မနက်ပိုင်းမှာတော့ PDF လူငယ်တဦးရဲ့ ဖေဖေါ်ဝါရီ ၁ ရက်နေ့အတွေအကြုံကို ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်။ ခွန်မြင့်ထွန်း ဒုတိယ ပိုင်းကိုတော့ မနက်ဖန်ညပိုင်းမှာ စောင့်မျှော်ကြည့်ရှိုနိုင်ပါတယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Monday, January 30, 2023

“နိုင်ငံတကာအကူအညီက ရောင်နီပါ၊ တောက်ပတဲ့ အလင်းတန်းဖြစ်လာအောင် ကျနော်တို့ ...



“နိုင်ငံတကာအကူအညီက ရောင်နီပါ၊ တောက်ပတဲ့ အလင်းတန်းဖြစ်လာအောင် ကျနော်တို့ ဆက်လုပ်ရပါမယ်” (ဗိုလ်နဂါး - ဒေသခံ PDF ခေါင်းဆောင် - စစ်ကိုင်းတိုင်း) (၁၁-၁-၂၀၂၃) “အမေရိကန်ရဲ့ NDAA ဥပဒေပါ နိုင်ငံတကာရဲ့ အကူညီတွေဟာ နွေဦးတော်လှန်ရေးအတွက် ရောင်နီဖြစ်ပြီး တောက်ပတဲ့အလင်းတန်းဖြစ်လာအောင်၊ တော်လှန်ရေးပန်းတိုင်ကို မြန်မြန်ရောက်အောင် အင်အားစုအားလုံး လက်တွဲဆောင်ရွက်မှု အရှိန်မြှင့်ဖို့လိုတယ်” လို့ စစ်ကိုင်းတိုင်း ပုလဲမြို့နယ် အခြေစိုက် ဒေသခံ PDF ခေါင်းဆောင် ဗိုလ်နဂါးကပြောပါတယ်။ နိုင်ငံတကာရဲ့ အကူအညီတွေက မြေပြင်ကိုရောက်သလား၊ ကွင်းထဲမှာ တိုက်ပွဲဝင်နေသူတွေကို ဘယ်လောက်အထိ အားရှိစေသလဲ၊ ၂၀၂၃ အပေါ် ဘယ်လိုမျှော်လင့်ထားသလဲ...ဆိုပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။ အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ ... - နိုင်ငံတကာရဲ့ အကူအညီက မြေပြင်ရှိရဲဘော်တွေကို ဘယ်လောက်အထိ အားတက်စေသလဲ... - ၂၀၂၃ မှာ ဘယ်လောက်အထိ တိုက်ပွဲအရှိန်မြှင့်နိုင်ခြေရှိသလဲ... - ကိုလိုနီလက်အောက်က လွတ်လပ်ရေးရတဲ့အချိန်နဲ့ အခုအနေအထားကို ဘာကြောင့် နှိုင်းယှဉ်ပြောနေတာလဲ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။ (အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။

“စစ်ကိုင်းတိုင်းမှာ ဒါမျိုးတွေ လာလုပ်လို့မရဘူးဆိုတာ သူတို့ သိပါတယ်”



“စစ်ကိုင်းတိုင်းမှာ ဒါမျိုးတွေ လာလုပ်လို့မရဘူးဆိုတာ သူတို့ သိပါတယ်” (ဗိုလ်နဂါး - ဒေသခံ PDF ခေါင်းဆောင် - စစ်ကိုင်းတိုင်း) (၁၀-၁-၂၀၂၃) “အာဏာသိမ်း စစ်ကောင်စီက ရွေးကောက်ပွဲအတုအတွက် မဲစာရင်း၊ လူဦးရေစာရင်းကောက်တာတွေကို အခြားဒေသတွေမှာ လုပ်လို့ရကောင်းရနိုင်ပေမယ့် စစ်ကိုင်းတိုင်းမှာတော့ ဒါတွေလာလုပ်လို့မရဘူးဆိုတာ စကစ သိပါတယ်” လို့ စစ်ကိုင်းတိုင်း ပုလဲမြို့နယ် အခြေစိုက် ဒေသခံ PDF ခေါင်းဆောင် ဗိုလ်နဂါးကပြောပါတယ်။ မနေ့က စတင်တဲ့ မဲစာရင်း၊ လူစာရင်းကောက်မှုအတွင်း လုံခြုံရေးလိုက်ပေးတဲ့ ရဲတပ်ဖွဲ့ကို ဒေသခံ PDF တွေက တိုက်ခိုက်မှု၊ ၂၀၂၂ နှစ်ကုန်ပိုင်းမှာ တိုက်ပွဲတွေအရှိန်မြင့်လာမှု၊ ၂၀၂၃ အပေါ် မျှော်လင့်ချက်တွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။ အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ပထမပိုင်းမှာ ... - စစ်ကိုင်းတိုင်းအတွင်းက တိုက်ပွဲတွေရဲ့ နောက်ဆုံးအခြေအနေ... - စစ်ကိုင်းတိုင်းမှာ ရွေးကောက်ပွဲအတွက် လူစာရင်း လာမကောက်ရဲတာ ဘာကြောင့်လဲ... - စကစ ရဲ့ ရွာမီးရှို့မှုကို PDF တွေဖက်က မတားဆီးနိုင်တာ ဘာကြောင့်လဲ... - စစ်ရေး၊ နိုင်ငံရေး ဘက်ပေါင်းစုံက ရှုံးနိမ့်နေတဲ့ စကစ က ရွာမီးရှို့မှုထက် ပိုဆိုးတဲ့ ဗျုဟာတွေကို ထုတ်သုံးလာနိုင်သလား... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။ (၂၀၂၃ အပေါ် ဗိုလ်နဂါးရဲ့ မျှော်လင့်ချက်ပါဝင်တဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပေးပါမယ်) (အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ )။

“လေယာဉ်ရှိတယ်၊ ဘတ်ဂျက်ရှိတယ်ဆိုပေမယ့် အရင်လိုမဟုတ်ဘူး။ ဒီပွဲမှာ စစ်ကောင်...


“လေယာဉ်ရှိတယ်၊ လက်နက်ရှိတယ်၊ ဘတ်ဂျက်ရှိတယ်ဆိုပေမယ့် အရင်လိုမဟုတ်ဘူး။ ဒီပွဲမှာ စစ်ကောင်စီရှုံးမှာ သေချာတယ်” (ဗိုလ်ကြီး ဇေသူအောင် - CDM - တပ်မတော် လေယာဉ်မှုး) (၁၅-၁-၂၀၂၃) “စစ်ကောင်စီတပ်မှာ တိုက်လေယာဉ်ရှိတယ်၊ လက်နက်ကြီးတွေရှိတယ်၊ အစိုးရဘတ်ဂျက်လည်းရှိတဲ့အတွက် အရင် အာဏာသိမ်းစဉ်ကလို စစ်တပ်က နိုင်မယ်ဆိုပြီး စစ်ခေါင်းဆောင်တွေက ယူဆနေပါတယ်။ ဒါပေမယ့် ဒီပွဲက အရင်နဲ့မတူဘူး။ သေချာတာက ဒီပွဲမှာ စစ်ကောင်စီ ရှုံးမှာဖြစ်တယ်” လို့ တပ်မတော်လေ CDM တိုက်လေယာဉ်မှူး ဗိုလ်ကြီးဇေသူအောင်က ပြောပါတယ်။ အခုလပိုင်းအတွင်း လေတပ်ကို အလွန်အကျွံသုံးလာတာ၊ စစ်စခန်းဌာနချုပ်တွေကို တော်လှန်ရေးတပ်တွေက ဝင်တိုက်တာ၊ စကစ ဥက္ကဌ သား-သမီးတွေ မူးယစ်မှောင်ခိုနဲ့ ဆက်စပ် စွဲချက်တွေ ထွက်လာနေတဲ့ အခြေအနေ အရပ်ရပ်နဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။ အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာ ... - နောက်တန်းဌာနချုပ်မှာ အမျိုးသမီးတွေ ကင်းစောင့်နေရတာ ဘာကြောင့်လဲ... - စစ်ကောင်စီအတွက် တပ်သားသစ် စုဆောင်းရေး ဘယ်လောက်အထိ ခက်ခဲနေသလဲ... - အရပ်သားတွေကို ဗုံးကျဲတဲ့ လေတပ်အရာရှိတွေ ဘာဆက်ဖြစ်နိုင်သလဲ... - ထိုင်းမှာ ဖမ်းမိထားတဲ့ မူးယစ်မှောင်ခိုအမှုမှာ စကစ ဥက္ကဌရဲ့ သား-သမီးတွေ ပါဝင်နေတဲ့အတွက် တပ်မတော်သားတဦးရဲ့ အမြင်က ဘယ်လိုရှိသလဲ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။ (စီးပွားရေးဝေဖန်သုံးသပ်သူ ဦးစိန်ဌေးနှင့် မေးမြန်းချက် ဒုတိယ ပိုင်းကိုတော့ မနက်ဖန် မနက်မှာ ထုတ်လွှင့်ပေးပါမယ်) (အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ )။

“တိုက်လေယာဉ်တွေကို မြေပြင်က မတက်ခင်မှာ တားဆီးနိုင်အောင် လုပ်ဖို့လိုအပ်ပါ...


“တိုက်လေယာဉ်တွေကို ပျံနေတဲ့အချိန်မှာ ပစ်ဖို့မလွယ်တဲ့အတွက် မြေပြင်က မတက်ခင်မှာ တားဆီးနိုင်အောင် လုပ်ဖို့လိုအပ်ပါတယ်” (ဗိုလ်ကြီးဇေသူအောင် - CDM - တပ်မတော် လေယာဉ်မှုး) (၁၄-၁-၂၀၂၃) “စစ်ကောင်စီတပ်ရဲ့ စစ်လေယာဉ်တွေကို လေထဲပျံနေစဉ် ပစ်ချဖို့ဆိုတာ မလွယ်ကူတဲ့အတွက် အဲဒီလေယာဉ်တွေကို မြေပြင်က မတက်ခင်မှာ တိုက်ခိုက်နိုင်အောင် ကြိုးစားဖို့လိုတယ်” လို့ တပ်မတော်လေ CDM တိုက်လေယာဉ်မှူး ဗိုလ်ကြီးဇေသူအောင်က ပြောပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ချင်းအမျိုးသားတပ်ဦး (CNF) ဌာနချုပ်စခန်း တိုက်ခိုက်ခံရမှုအပါဝင် အခုနောက်ပိုင်း စစ်ကောင်စီတပ်က လေကြာင်းနဲ့အနိုင်ကျင့်နေမှုအပေါ် တော်လှန်ရေးတပ်တွေဖက်က မခုခံ-မကာကွယ်နိုင်တဲ့ အခြေအနေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။ အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ ... - လေတပ်ကို အဓိကသုံးလာခြင်းဟာ စစ်ကောင်စီရဲ့ အားသာချက်လား၊ အားနည်းချက်လား... - ရုရှားလုပ်တိုက်လေယာဉ်တွေက ပစ်မှတ်ရွေးလို့ရရဲ့သားနဲ့ အရပ်သားတွေကို တမင်ပစ်နေတာလား.... - စကစ ရဲ့ လေကြောင်းကနေ အနိုင်ကျင့်နေမှုကို တော်လှန်ရေးတပ်တွေဖက်က ဘယ်လို ခုခံကာကွယ်သင့်သလဲ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။ (ရှေ့တန်းက ရဲဘော်တွေဆင်းရဲငတ်ပြတ်နေပြီး စကစ ဥက္ကဌရဲ့ သား-သမီးတွေ ကြီးပွားချမ်းသာနေတဲ့အပေါ် တပ်မတော်သားတဦးရဲ့ မေတ္တာပို့မှုအကြောင်း ပါဝင်တဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန်မှာ ထုတ်လွှင့်ပေးပါမယ်) (အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။)။

“တော်လှန်မျိုးဆက်လူငယ်တွေရဲ့ မြေပြင်ကလှုပ်ရှားမှု အားကောင်းချက်ပေါ်မူတည်...



“တော်လှန်မျိုးဆက်လူငယ်တွေရဲ့ မြေပြင်ကလှုပ်ရှားမှု အားကောင်းချက်ပေါ်မူတည်ပြီး နိုင်ငံတကာ အကူအညီဆိုတာ ဖြစ်လာတာပါ” (ဒေါ်ခင်ဥမ္မာ - Progressive Voice) (၁၇-၁-၂၀၂၃) “စစ်အာဏာသိမ်းမှု (၂) နှစ်ကြာတဲ့အထိ စစ်တပ်ကို လုံး၀ အုပ်ချုပ်ခွင့်မရစေရဆိုပြီး တော်လှန်မျိုးဆက် လူငယ်တွေက ကြံ့ကြံ့ခံ တော်လှန်နေတဲ့ မြေပြင်က လှုပ်ရှားမှုတွေကို နိုင်ငံတကာက အသိအမှတ်ပြုလာတာဖြစ်တယ်။ ဒီလှုပ်ရှားမှုတွေကို စစ်ရေး၊ နိုင်ငံရေး၊ သံတမန်ရေး ဟန်ချက်ညီ ဆက်လုပ်သွားဖို့လိုအပ်တယ်” လို့ ရှေ့ပြေးအသံအဖွဲ့ (Progressive Voice) က ဒေါ်ခင်ဥမ္မာက ပြောပါတယ်။ အမေရိကန်ရဲ့ NDAA ဥပဒေ၊ ကုလ လုံခြုံရေးကောင်စီဆုံးဖြတ်ချက်၊ အာဆီယံရဲ့ အင်အားစုအားလုံးနဲ့ဆွေးနွေးရေးတောင်းဆိုချက်တွေ အားကောင်းလာတာနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် ဒီလို ဖြေကြားတာပါ။ အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာ ... - NDAA ဥပဒေအရ အကူအညီတွေ ဘယ်အချိန်မှာ စရနိုင်သလဲ... - နိုင်ငံတကာဖက်ကပြောသမျှကို စစ်ကောင်စီက ဘာကြောင့် ကန့်ကွက်နေတာလဲ... - တိုက်လေယာဉ်သုံး လောင်စာဆီတင်သွင်းမှုကို တကယ်ရပ်တန့်အောင် လုပ်လာနိုင်ခြေရှိသလား... - နိုင်ငံတကာအကူအညီက စစ်မြေပြင်ရှိ တော်လှန်မျိုးဆက်လူငယ်တွေအတွက် ဘယ်လောက်ခွန်အားဖြစ်စေနိုင်သလဲ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။ (အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

“အာဆီယံက အရင်အာဆီယံ မဟုတ်တော့ဘူးဆိုတာကို စစ်ကောင်စီ သဘောပေါက်ဖို့ လိုပါတယ်”


“အာဆီယံက အရင်အာဆီယံ မဟုတ်တော့ဘူးဆိုတာကို စစ်ကောင်စီ သဘောပေါက်ဖို့ လိုပါတယ်” (ဒေါ်ခင်ဥမ္မာ - Progressive Voice) (၁၆-၁-၂၀၂၃) “အာဆီယံအဖွဲ့ဟာ အရင်ကလိုမျိုး စစ်ကောင်စီလုပ်သမျှ ကာကွယ်ပေးမယ့်အဖွဲ့မဟုတ်တော့ဘူးဆိုတာကို သဘောပေါက်ဖို့လိုပါတယ်။ NUG, NUCC, ERO တွေနဲ့ မတွေ့ပါနဲ့ဆိုပြီး စစ်ကောင်စီကတောင်းဆိုပေမယ့် အာဆီယံက သူလုပ်စရာရှိတာ ဆက်လုပ်သွားမှာသာဖြစ်တယ်” လို့ ရှေ့ပြေးအသံအဖွဲ့ (Progressive Voice) က ဒေါ်ခင်ဥမ္မာက ပြောပါတယ်။ အာဆီယံ အလှည့်ကျဥက္ကဌသစ် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi က စစ်ကောင်စီအပြင် အခြားအင်အားစုတွေနဲ့ပါတွေ့ဆုံဆွေးနွေးမယ်ဆိုပြီးပြောတဲ့အပေါ် စစ်ကောင်စီက ကန့်ကွက်နေတဲ့အခြေအနေနဲပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် ဒီလို ဖြေကြားတာပါ။ အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ ... - အလှည့်ကျဥက္ကဌသစ် အင်ဒိုနီးရှားနိုင်ငံက မြန်မာ့အရေး ဘယ်လိုကိုင်တွယ်ဖို့ ပြင်ဆင်နေသလဲ... - စစ်ကောင်စီရဲ့ကန့်ကွက်မှုကို အာဆီယံက ဘယ်လိုတုန့်ပြန်မလဲ... - အာဆီယံ၊ ထိုင်းနိုင်ငံနဲ့ စစ်ကောင်စီတို့ ဆက်ဆံရေး ဘယ်လိုဖြစ်လာနိုင်သလဲ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။ ( NDAA ဥပဒေနှင့် နိုင်ငံတကာကူညီမှုက PDF လူငယ်တွေအတွက် ဘယ်လိုခွန်အားဖြစ်စေနိုင်သလဲ...ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပေးပါမယ်) (အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Sunday, January 29, 2023

“နည်းပညာသာတဲ့လူက အောင်မြင်မှုပိုရနိုင်တယ်ဆိုတာ ကဏ္ဍအသီးသီးမှာ မြင်နေရပါတယ်”



“နည်းပညာသာတဲ့လူက အောင်မြင်မှုပိုရနိုင်တယ်ဆိုတာ ကဏ္ဍအသီးသီးမှာ မြင်နေရပါတယ်”

(မာဝီ - ဒု စစ်ဦးစီး - ကရင်နီအမျိုးသားများကာကွယ်ရေးတပ် -KNDF)

(၂၉-၁-၂၀၂၃)

“ဒီနေ့ ခေတ်သစ်စစ်ပွဲအပါဝင် ကဏ္ဍအသီးသီးမှာ နည်းပညာသာတဲ့လူက အောင်မြင်မှုပိုရနိုင်တယ်ဆိုတာ အားလုံးမြင်တွေ့နေပြီးသားဖြစ်ပါတယ်။ ဒါကြောင့် အမေရိကန်ပြည်ထောင်စုကပေးမယ့် NDAA ဥပဒေပါ နည်းပညာအကူအညီဟာ နွေဦးတော်လှန်ရေးအတွက် အရေးကြီးတယ်” လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် -(KNDF)  ဒု စစ်ဦးစီး မာဝီ ကပြောပါတယ်။

နွေဦးတော်လှန်ရေး ၂- နှစ်တာကာလအတွင်း တိုက်တိုက်ပွဲအနေအထား၊ တော်လှန်ရေးတပ်တွေဖက်က စုဖွဲ့မှုနဲ့ လက်နက်တပ်ဆင်နိုင်မှုအခြေအနေ၊ နိုင်ငံတကာရဲ့ အားပေးထောက်ခံမှုနဲ့ လူထုထောက်ခံမှုအနေအထားတွေကို BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာ ...
-  တော်လှန်ရေးတပ်တွေဖက်က စစ်ကောင်စီကို အပြန်အလှန် ထိုးစစ်ဆင်နိုင်တဲ့အဆင့်အထိ ရောက်လာပြီလား...

- တပ် စုဖွဲ့မှု၊ အမိန့် စီးဆင်းမှုနဲ့ လက်နက် တပ်ဆင်နိုင်မှု ဘယ်လောက်ခရီးရောက်နေပြီလဲ...

- NDAA ဥပဒေအရ နည်းပညာအကူအညီပေးမှုက နွေဦးတော်လှန်ရေးကို ဘယ်လောက်ခွန်အားဖြစ်စေနိုင်သလဲ...

- ၂၀၂၃ အတွင်း နွေဦးတော်လှန်ရေး ဘယ်အဆင့်အထိ ခရီးရောက်နိုင်သလဲ...
စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Saturday, January 28, 2023

“တိုက်လေယာဉ်လာတယ်ဆိုတာဟာ သူတို့ဖက်က ဖွဲ့စည်းပုံပျက်နေပြီဆိုတာကို ပြသတဲ့သ...



“တိုက်လေယာဉ်လာတယ်ဆိုတာဟာ သူတို့ဖက်က အခြေအနေ ဆိုးနေပြီ၊ ဖွဲ့စည်းပုံပျက်နေပြီဆိုတာကို ပြသတဲ့သင်္ကေတဖြစ်ပါတယ်”

(မာဝီ - ဒု စစ်ဦးစီး - ကရင်နီအမျိုးသားများကာကွယ်ရေးတပ် -KNDF)

(၂၈-၁-၂၀၂၃)

“စစ်ကောင်စီဖက်က တိုက်လေယာဉ်တွေ အသုံးများလာတဲ့အပေါ် အစောပိုင်းက စိုးရိမ်မှုရှိခဲ့ပေမယ့် အခုတော့ ဒါဟာ စစ်ကောင်စီရဲ့အားသာချက်မဟုတ်ပဲ အားနည်းချက်ကို ထုတ်ပြတာဖြစ်တယ်။ လေယာဉ်လာပြီဆိုရင် သူတိုရဲ့မြေပြင်တပ် အခြေအနေအတော်ဆိုးနေပြီ၊ ဖွဲ့စည်းပုံပျက်နေပြီ၊ စခန်းကနေ ဆုတ်ဖို့ပြင်နေပြီဆိုတဲ့ သင်္ကေတဖြစ်တယ်” လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် -(KNDF)  ဒု စစ်ဦးစီး မာဝီ ကပြောပါတယ်။

ကရင်နီဒေသက တိုက်ပွဲနောက်ဆုံးအခြေအနေ၊ နွေဦးတော်လှန်ရေး ၂ နှစ်တာကာလအတွင်း ၂- ဖက်တိုက်ပွဲအနေအထား၊ စစ်ကောင်စီဖက်က တိုက်လေယာဉ်တွေ ပိုသုံးလာတဲ့အပေါ် စိုးရိမ်သလား... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ ...
-  လွိုင်ကော်နဲ့ ဒီမော်ဆိုကြားက တိုက်ပွဲများရဲ့ နောက်ဆုံးအခြေအနေ...

- စစ်ကောင်စီတပ်က ရွာမီးရှိ့နည်းကို အထူးလေ့ကျင့်ထားသလား...

- တော်လှန်ရေးတပ်တွေဖက်က စုဖွဲ့မှုနှင့် လက်နက်အင်အား ဘယ်လောက်အထိ တိုးတက်လာသလဲ...

- တိုက်လေယာဉ်လာခြင်းက တော်လှန်ရေးတပ်တွေကို စိုးရိမ်စေသလား... ဒါမှမဟုတ် စစ်ကောင်စီဖက်က အကျအဆုံးများနေပြီဆိုတာကို တိုက်လေယာဉ်နဲ့ သက်သေပြသလို ဖြစ်နေသလား...
စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(၂၀၂၃ အတွင်း တော်လှန်ရေးတပ်တွေဖက်က ဘယ်လောက်အထိ ရှေ့တိုး တိုက်နိုင်မလဲ...ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန်မှာ ထုတ်လွှင့်ပေးပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Friday, January 27, 2023

''ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကို လိုလားသူတိုင်းက ရွေးကောက်ပွဲအတုကို ဆန့်ကျင်ကန...


ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကို လိုလားသူတိုင်းက စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအတုကို ဆန့်ကျင်ကန့်ကွက်ရမှာဖြစ်တယ်” (ပဒိုစောတောနီး - KNU - ပြောခွင့်ရပုဂ္ဂိုလ် (၁၇-၁-၂၀၂၃) “အာဏာသိမ်းစစ်ကောင်စီကိုယ်တိုင် တရားဝင်မှုမရှိတဲ့အပြင် ၂၀၀၈ ဖွဲ့စည်းပုံဟာလည်း ပျက်ပျယ်သွားပြီဖြစ်တဲ့အတွက် အဲဒီအဖွဲ့က အဲဒီဥပဒေအရ ကျင်းပတဲ့ ရွေးကောက်ပွဲအတုကို လူထုတရပ်လုံးက ဆန့်ကျင်ကန့်ကွက်ဖို့လိုတယ်၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကို လိုလားသူတိုင်းက ဒီရွေးကောက်ပွဲအတုက ကန့်ကွက်ရမှာဖြစ်တယ်” လို့ ကရင့်အမျိုးသားအစည်းအရုံး (KNU) ပြောခွင့်ရပုဂ္ဂိုလ် ပဒိုစောတောနီးက ပြောပါတယ်။ အခုလ (၉) ရက်နေ့ကစပြီး ရွေးကောက်ပွဲအတွက် လူဦးရေစာရင်းကောက်တာ၊ မဲစာရင်းလုပ်တာတွေကို စစ်ကောင်စိက စတင်ဆောင်ရွက်လာတဲ့အပေါ် ဘယ်လိုသဘောထားသလဲ...ဆိုပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။ အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ ... - စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအတုကို KNU က ဘာကြောင့် ပြင်းပြင်းထန်ထန် ကန့်ကွက်နေတာလဲ... - ERO နဲ့ PDF တွေက ကြေညာချက်ထုတ် ကန့်ကွက်တဲ့အပြင် လုံခြုံရေးအရ လက်တွေ့ တိုက်ခိုက်မှုတွေကိုပါ ဆောင်ရွက်လာနေတဲ့အတွက် ဒီရွေးကောက်ပွဲ တကယ်ဖြစ်လာပါ့မလား... - ရွေးကောက်ပွဲနဲ့ဆက်စပ်ပြီး ကရင်ပြည်နယ်အတွင်း တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်သ လား... - ဆာဆာကာဝါနဲ့ ထိုင်းဝန်ကြီးချုပ်တို့ဆွေးနွေးမှုအပေါ် KNU က ဘယ်လိုရှုမြင်သလဲ... - စကစ ဥက္ကဌရဲ့ သား-သမီးတွေ မူးယစ်ဆေးဝါးအမှုမှာ ပါဝင်နေတဲ့ဆိုတဲ့ သတင်းတွေအပေါ် တော်လှန်ရေးအဖွဲ့တွေက ဘယ်လိုသဘောထားသလဲ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။ (နွေဦးတော်လှန်ရေး ၂-နှစ်တာအခြေအနေပေါ် KNU ရဲ့သုံးသပ်ချက် ပါဝင်တဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန်မှာ ထုတ်လွှင့်ပေးပါမယ်) (အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ )။

“တော်လှန်ရေးတပ်တွေဖက်က စစ်ရေးလှုပ်ရှားမှု ပိုပြီးစနစ်ကျလာတယ်၊ ပိုပြိး ပြ...


“တော်လှန်ရေးတပ်တွေဖက်က စစ်ရေးလှုပ်ရှားမှု ပိုပြီးစနစ်ကျလာတယ်၊ ပိုပြိး ပြင်းထန်လာနေတယ်ဆိုတာကို အားလုံးက သဘောပေါက်လာနေပြီဖြစ်တယ်” (ပဒိုစောတောနီး - KNU - ပြောခွင့်ရပုဂ္ဂိုလ်) (၁၉-၁-၂၀၂၃) “နွေဦးတော်လှန်ရေးကာလ (၂)နှစ်နီးပါးဖြတ်သန်းပြီးတဲ့အခါမှာ တော်လှန်ရေးတပ်တွေရဲ့ စစ်ရေးလှုပ်ရှားမှု ပိုပြီးစနစ်ကျလာတာ၊ ပိုပြီးပြင်းထန်လာနေတာကို နိုင်ငံတကာဖက်က အသိအမှတ်ပြုလာနေပြီဖြစ်တယ်။ အခုချိန်အထိ ထဲထဲဝင်ဝင် မပါသေးတဲ့ အဖွဲ့တွေကလည်း ဝင်ပါဖို့အချိန်တန်နေပြီဖြစ်တယ်” လို့ ကရင့်အမျိုးသားအစည်းအရုံး (KNU) ပြောခွင့်ရပုဂ္ဂိုလ် ပဒိုစောတောနီးက ပြောပါတယ်။ အမေရိကန်ရဲ့ NDAA ဥပဒေအရ အကူအညီပေးမှု၊ ကုလ လုံခြုံရေးကောင်စီရဲ့ဆုံးဖြတ်ချက်ချမှုတွေက နွေဦးတော်လှန်ရေးကို ဘယ်လောက်အထိ ခွန်အားဖြစ်စေသလဲ...လို့ BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။ အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာ ... - သံတမန်ရေး စစ်ပွဲမှာ မရှုမလှရှုံးနေတဲ့ စစ်ကောင်စီက ရွေးကောက်ပွဲလုပ်ရင်ကော ဘယ်သူက လက်ခံမှာလဲ... - နယ်စပ်ဖြတ်အကူအညီပေးရေးတွေ ဘယ်အချိန်မှာ စတင်နိုင်ဖွယ်ရှိသလဲ... - နွေဦးတော်လှန်ရေး ၂-နှစ်တာ ဖြတ်သန်းမှုအတွင်း ERO နဲ့ PDF တွေ ဘယ်လောက်အထိ အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့သလဲ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။ (အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ )။

“သတိပေးနေတဲ့ကြားက ရွေးကောက်ပွဲကို စွတ်လုပ်လာရင်တော့ ပြင်းထန်တဲ့ အရေးယူမှ...


“သတိပေးနေတဲ့ကြားက ရွေးကောက်ပွဲကို စွတ်လုပ်လာရင်တော့ ပြင်းထန်တဲ့ အရေးယူမှုတွေကို ရင်ဆိုင်ရပါလိမ့်မယ်” (ရဲဘော်ဝေကြီး - ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) - ရေစကြိုမြို့နယ်) (၂၀-၁-၂၀၂၃) “ရွေး-ကော်ရုံး၊ လဝက ရုံးတွေကို မီးရှို့သတိပေးထားတဲ့ကြားက၊ လူထုဆန္ဒပြနေပွဲတွေ နေ့စဉ်ရှိနေတဲ့ကြားက ရွေးကောက်ပွဲကို စွတ်လုပ်လာမယ်ဆိုရင်တော့ ပြင်းထန်တဲ့အရေးယူမှုတွေကို ရင်ဆိုင်ရလိမ့်မယ်” လို့ မကွေးတိုင်း ရေစကြိုမြို့နယ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) တာဝန်ခံ ရဲဘော်ဝေကြီးကပြောပါတယ်။ ဒါ့အပြင် နွေဦးတော်လှန်ရေး ၂-နှစ်တာကာလအတွင်း တော်လှန်ရေးတပ်တွေက နယ်မြေအများအပြားကို စိုးမိုးထားနိုင်ပြီဖြစ်ပြီး ရွေးကောက်ပွဲအတုကို ကန့်ကွက်ကြောင်း ဆန္ဒပြပွဲတွေ အဲဒီနယ်မြေတွေမှာ နေစဉ်ပြုလုပ်နေတာ အများအမြင်ပဲဖြစ်တယ်လို့လည်း သူကပြောပါတယ်။ စစ်ကောင်စီက ကျင်းပဖို့ပြင်နေတဲ့ ရွေးကောက်ပွဲအတုအပေါ် ဘယ်လိုသဘောထားသ လဲ၊ နွေဦးတော်လှန်ရေး ၂-နှစ်တာကာလအတွင်း တော်လှန်ရေးတပ်တွေဖက်က ဘယ်လောက်အထိ တိုးတက်အောင်ဆောင်ရွက်နိုင်ခဲ့သလဲဆိုပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။ အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ ... - မကွေးတိုင်း ရေစကြိုမြိုနယ်ဝန်းကျင်မှာ တိုက်ပွဲအခြေအနေ ဘယ်လိုရှိသလဲ... - အညာဒေသမှာ လွတ်မြောက်နယ်မြေတွေရှိလာနေပြီလား... - ရွေးကောက်ပွဲအတု ဆန့်ကျင်ရေးအတွက် အညာဒေသမှာ ဘယ်လိုဆောင်ရွက်နေကြသလဲ... - နိုင်ငံတကာရဲ့ ကူညီအားပေးမှုက မြေပြင်က တော်လှန်ရေးရဲဘော်တွေကို ဘယ်လို ခွန်အားဖြစ်စေသလဲ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။ (နွေဦးတော်လှန်ရေး ၂-နှစ်တာဖြတ်သန်းမှုအပေါ် သုံးသပ်ချက်ပါဝင်တဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန်မှာ ထုတ်လွှင့်ပေးပါမယ်) (အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ )။

“ရွေးကောက်ပွဲကို အကြောင်းပြပြီး စစ်ကောင်စီက နောက်ထပ် (၂)နှစ်လောက် အချိန်...



“ရွေးကောက်ပွဲကို အကြောင်းပြပြီး စစ်ကောင်စီက နောက်ထပ် (၂)နှစ်လောက် အချိန်ထပ်ဆွဲလိမ့်မယ်” (ရှေ့နေကြီး ဦးကြီးမြင့် - ဥပဒေရေးရာ ဝေဖန်သုံးသပ်သူ) (၂၁-၁-၂၀၂၃) “ဥပဒေနဲ့မညီတဲ့ လိမ်ဆင်ရွေးကောက်ပွဲကို အကြောင်းပြပြီး စစ်ကောင်စီက နောက်ထပ် (၂)နှစ်လောက်အချိန်ထပ်ဆွဲလိမ့်မယ်။ ဒီလို လိမ်ဆင်ရွေးကောက်ပွဲကိုစောင့်နေမယ့်အစား၊ စစ်ကောင်စီက ကြိုးဆွဲတဲ့အကွက်အတိုင်း လိုက်ကနေမယ့်အစား စစ်အာဏာရှင်ပြုတ်ကျရေး တိုက်ပွဲကိုသာ အာရုံစိုက်သင့်တယ်” လို့ ဥပဒေရေးရာ ဝေဖန်သုံးသပ်သူ ရှေ့နေကြီး ဦးကြီးမြင့်ကပြောပါတယ်။ စစ်တပ်ကအာဏာသိမ်းတာဟာ ၂၀၀၈ ဖွဲ့စည်းပုံနဲ့အညီလုပ်တာဖြစ်တယ်၊ အဲဒီဖွဲ့စည်းပုံအရ မကြာခင် (ကာ-လုံ) ခေါ်ပြီး ရွေးကောက်ပွဲ အသစ်လုပ်ရေးကြေညာမယ်လို့ စစ်ကောင်စီက ကြေညာလိုက်တဲ့အပေါ် ဥပေဒကြောင်းအရ ဆန်းစစ်ဝေဖန်ချက်ပေးဖို့ BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။ အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ ... - ၂၀၀၈ ဖွဲ့စည်းပုံဥပဒေနဲ့အညီ စစ်တပ်က အာဏာသိမ်းတာဆိုတာကို လက်ခံသူ ရှိနေသေးလား... - ကာ-လုံ ခေါ်ပြီး ရွေးကောက်ပွဲလုပ်ရင် နောက်ထပ် ဘယ်လောက် စစ်တပ်အောက်မှာ ဆက်ကြာနေဦးမှာလဲ... - ဥပဒေနဲ့မညီတဲ့ လိမ်ဆင်ရွေးကောက်ပွဲကိုမှ လက်ခံချင်နေသူအချိုု့ရှိနေတာ ဘာကြောင့်လဲ... - အာဏာသိမ်းပြီး လုပ်ချင်သလိုလုပ်နေတဲ့ စစ်ကောင်စီကို စစ်ရေးအရဖြုတ်ချရုံမှ တပါး အခြားနည်းမရှိတော့ဘူးလား... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။ (ရေစကြို ပကဖ-တာဝန်ခံ ရဲဘော်ဝေကြီးနှင့်မေးမြန်းချက် ဒုတိယပိုင်းကိုတော့ မနက်ပိုင်းမှာ ထုတ်လွှင့်ပေးပါမယ်) (အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ k)။

“ဒီမိုကရေစီအင်အာစုနဲ့ တိုင်းရင်းသားအင်အားစုတွေပေါင်းပြီး ရွေးကောက်ပွဲလုပ...


“ဒီမိုကရေစီအင်အာစုနဲ့ တိုင်းရင်းသားအင်အားစုတွေပေါင်းပြီး ရွေးကောက်ပွဲလုပ်နိုင်ရင် စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအတု မျောဆင်းသွားလိမ့်မယ်” (ဦးအောင်ထူး - ဥပဒေအထောက်အကူပြုကွန်ရက် တည်ထောင်သူ) (၂၃-၁-၂၀၂၃) “စစ်ကောင်စီက ကျင်းပမယ်ပြောနေတဲ့ ရွေးကောက်ပွဲကို လက်မခံနိုင်ဘူးပြောနေမယ့်အစား ဒီမိုကရေစီအင်အာစုနဲ့ တိုင်းရင်းသားအင်အားစုတွေပေါင်းပြီး လွတ်မြောက်နယ်မြေမှာ ရွေးကောက်ပွဲလုပ်လိုက်ရင် စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအတုက အလိုလို မျောဆင်းသသွားမှာဖြစ်တယ်” လို့ ဥပဒေအထောက်အကူပြုကွန်ရက်တည်ထောင်သူ- လူ့အခွင့်အရေးရှေ့နေ ဦးအောင်ထူးကပြောပါတယ်။ အာဏာသိမ်းစစ်ကောင်စီဖက်က ကာ-လုံ အစည်းအဝေးခေါ်ပြီး ရွေးကောက်ပွဲကျင်းပမယ့်ရက် ကြေညာမယ်၊ စစ်တပ်က အာဏာသိမ်းထားတယ်ဆိုပေမယ့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သွားနေဆဲဖြစ်တယ်ဆိုတဲ့ ပြောဆိုချက်တွေနဲ့ပတ်သက်ပြီး နွေဦးတော်လှန်ရေးအင်အားစုတွေဖက်က ဘယ်လိုတုန့်ပြန်သင့်သလဲ...ဆိုပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။ အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ ... - သမ္မတမရှိပဲ ကာ-လုံ အစည်းအဝေး ခေါ်ခွင့်ရှိသလား... - လက်တွေမြေပြင်အနေအထားအရကော ရွေးကောက်ပွဲ လုပ်နိုင်ပါ့မလား... - နွေဦးတော်လှန်ရေးအင်အားစုတွေရဲ့ ထိန်းချုပ်နယ်မြေမှာ ရွေးကောက်ပွဲလုပ်သင့်တယ်ဆိုတာ ဘာကိုဆိုလိုတာလဲ... - လွတ်မြောက်ဒေသက ရွေးကောက်ပွဲရလာဒ်ကို NDAA ဥပဒေအရ နိုင်ငံတကာက အသိအမှတ်ပြုနိုင်သလား... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။ (လွတ်မြောက်ဒေသမှာ ရွေးကောက်ပွဲလုပ်ရေး ဘယ်လောက်လက်တွေ့ကျသလဲ...ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန်မှာ ထုတ်လွှင့်ပေးပါမယ်) (အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။)။

“ဖက်ဒရယ်ကိုဦးတည်ပြီး အားလုံးပူးပေါင်းဆောင်ရွက်နိုင်ရင် စစ်ကောင်စီကို ရာခ...


“ဖက်ဒရယ်ကိုဦးတည်ပြီး အားလုံးပူးပေါင်းဆောင်ရွက်နိုင်ရင် စစ်ကောင်စီကို ရာခိုင်နှုန်းအပြည့် နိုင်မှာသေချာတယ်” (ဦးအောင်ထူး - ဥပဒေအထောက်အကူပြုကွန်ရက် တည်ထောင်သူ) (၂၄-၁-၂၀၂၃) “တိုင်းရင်းသားပြည်နယ်တွေမှာ အချုပ်အခြာအာဏာရှိတဲ့ ဖက်ဒရယ်စနစ်ကို ဦးတည်ပြီး တိုင်းရင်းသားအင်အားစုနဲ့ ဒီမိုကရေစီရေစီအင်အားစုအကြား စနစ်တကျပူးပေါင်းဆောင်ရွက်နိုင်ရင် စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအတုကိုရော၊ စစ်ကောင်စီကိုရော ရာနှုန်းပြည့် အနိုင်ယူနိုင်မှာသေချာတယ်” လို့ ဥပဒေအထောက်အကူပြုကွန်ရက်တည်ထောင်သူ- လူ့အခွင့်အရေးရှေ့နေ ဦးအောင်ထူးကပြောပါတယ်။ ဒါ့အပြင် စစ်ကောင်စီဟာ ပြည်တွင်းဥပဒေ၊ နိုင်ငံတကာဥပဒေအရ ပြစ်မှုမျိုးစုံကို အကြိမ်ကြိမ်ကျုးလွန်ထားတဲ့အတွက် စစ်ကောင်စီနဲ့ဆွေးနွေးရေးဆိုတာ မဖြစ်နိုင်တော့ဘူးလို့လည်း သူကပြောပါတယ်။ စစ်တပ်က အာဏာသိမ်းပြီး ၂ နှစ်တာအခြေအနေမှာ စစ်ကောင်စီကကျင်းပမယ့် ရွေးကောက်ပွဲကိုလက်မခံရင် နွေဦးတော်လှန်ရေးအင်အားစုတွေက ဘာလုပ်သင့်သလဲ...ဆိုပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။ အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာ ... - လွတ်မြောက်နယ်မြေနဲ့ အွန်လိုင်းပေါ်ကနေ ရွေးကောက်ပွဲလုပ်ရေးဆိုတာ လက်တွေ့မှာ ဘယ်လောက်ဖြစ်နိုင်ခြေရှိသလဲ... - အာဏာသိမ်း၊ ရွေးကောက်ပွဲလုပ်၊ အာဏာပြန်သိမ်းဆိုတဲ့ သံသရာကနေ လွတ်မြောက်အောင် ဘယ်လိုနည်းလမ်းသစ်တွေရှာဖွေကြမလဲ... - စစ်တပ်နဲ့ ဆွေးနွေးဖို့မဖြစ်နိုင်တော့ဘူးလို့ ဘာကြောင့်ပြောတာလဲ... - သမိုင်းမှာ တခါမှမရဖူးသေးတဲ့ အခွင့်အခါကောင်းကို မြန်မာပြည်သူတွေရနေပြီဆိုတာ ဘာကိုဆိုလိုတာလဲ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။ (အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

“စစ်ကောင်စီတပ်က ဘုန်းကြီးကျောင်းကို ဗုံးကျဲပြီး ဆေးရုံကို လက်နက်ကြီးနဲ့ ...


“စစ်ကောင်စီတပ်က ဘုန်းကြီးကျောင်းကို ဗုံးကျဲပြီး ဆေးရုံကို လက်နက်ကြီးနဲ့ လှမ်းထုနေပါတယ်” (ဆလိုင်းယောမာန် - မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့) (၂၄-၁-၂၀၂၃) “စစ်ဘေးရှောင် ကူညီရေးဆောင်ရွက်နေသူတွေ တည်းခိုနေတဲ့ ဘုန်းကြီးကျောင်းကို စစ်ကောင်စီလေတပ်က ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး လူနာတွေရှိနေတဲ့ ဆေးရုံကိုတော့ စစ်ကောင်စီ ကြည်းတပ်က လက်နက်ကြီးတွေနဲ့ လှမ်းထုနေတယ်” လို့ ချင်းပြည်နယ် မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဆလိုင်းယောမာန်ကပြောပါတယ်။ မင်းတပ်မြို့နယ်တွင်းက ကျေးရွာတွေကို စစ်ကောင်စီတပ်က (၂) ရက်ဆက်တိုက် ဗုံးကျဲတိုက်ခိုက်ခံရမှုအခြေအနေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။ အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ ... - စစ်ကောင်စီလေတပ်ရဲ့ ဗုံးကျဲတိုက်ခိုက်မှုကြောင့် ထိခိုက် ပျက်စီးမှု ဘယ်လိုရှိသလဲ... - ကူညီကယ်ဆယ်ရေး ဘယ်လိုဆောင်ရွက်နေသလဲ... - စာသင်ကျောင်းတွေ၊ ဆေးခန်းတွေ ပိတ်ထားရသလား... - ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဘယ်လိုဝန်ဆောင်မှုတွေ ဆောင်ရွက်ပေးနေသလဲ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။ (နွေဦးတော်လှန်ရေး ၂ နှစ်တာအတွင်း တိုးတက်ဖြစ်ထွန်းမှုအကြောင်း ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန်မှာ ဆက်လက်ထုတ်လွှင့်ပေးပါမယ်) (အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။)။

“၂၀၂၃ အတွင်း နွေဦးတော်လှန်ရေးအင်အားစုတွေဖက်က မြို့ဘယ်နှစ်မြို့ သိမ်းနိုင...



“၂၀၂၃ အတွင်း နွေဦးတော်လှန်ရေးအင်အားစုတွေဖက်က မြို့ဘယ်နှစ်မြို့ သိမ်းနိုင်မလဲဆိုတာ အရေးကြီးပါတယ်” (ဆလိုင်းယောမာန် - မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့) (၂၅-၁-၂၀၂၃) “စစ်ကောင်စီဟာ မကြာခင်လဲပြိုတော့မယ့် လက္ခဏာပြသနေပြီဖြစ်တဲ့အတွက် ဒါကို အင်အားစုအားလုံး တပြိုင်တည်း တိုက်ဖို့လိုတယ်၊ ERO ဒေသမှာ အားကောင်းရုံတင်မက တနိုင်ငံလုံး ဟန်ချက်ညီ အားကောင်းဖို့လိုတယ်၊ နွေဦးတော်လှန်ရေးအင်အားစုတွေဖက်က၂၀၂၃ အတွင်း မြိုံဘယ်နှစ်မြို့ သိမ်းနိုင်မလဲဆိုတာဟာ အရေးကြီးတဲ့ အချက်ဖြစ်တယ်” လို့ ချင်းပြည်နယ် မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဆလိုင်းယောမာန်ကပြောပါတယ်။ နွေဦးတော်လှန်ရေး ၂ နှစ်တာအတွင်း တိုးတက်မှု ဘယ်လောက်ရှိသလဲ၊ ၂၀၂၃ ကို ဘယ်လိုမျှော်လင့်ထားသလဲ...ဆိုပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။ အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာ ... - စစ်တပ်က လေယာဉ်နဲ့ဗုံးကျဲတာဟာ ရွေးကောက်ပွဲ လုံခြုံရေးအတွက်လား... - မင်းတပ်ဒေသမှာ တိုက်ပွဲတွေနည်းသွားတာ ဘာကြောင့်လဲ... - ERO ဒေသအပြင် မြေပြန့်ဒေသမှာပါ ဟန်ချက်ညီအောင် ဘယ်လိုပူးပေါင်းဆောင်ရွက်သင့်သလဲ... - NDAA ဥပဒေက မြေပြင်က တိုက်ပွဲဝင်ရဲဘော်တွေကို ဘယ်လောက် ခွန်အားဖြစ်စေသလဲ... - ၂၀၂၃ အတွင်း နွေဦးတော်လှန်ရေးအင်အားစုတွေဖက်က မြို့ဘယ်နှစ်မြို့ သိမ်းနိုင်မလဲဆိုတာ အရေးကြီးတယ်လို့ ဘာကြောင့်ပြောသလဲ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။ (မနက်ဖန်မှာတော့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ DPNS ဥက္ကဌ ဦးအောင်မိုးဇော်နှင့် မေးမြန်းချက်ကို ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်) (အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။)။

“ဒီလိုအခြေအနေမှာ ရွေးကောက်ပွဲဝင်ရင် ဝင်တဲ့ပါတီဟာ ပြည်သူကို သစ္စာဖောက်တဲ့...


“ဒီလိုအခြေအနေမှာ ရွေးကောက်ပွဲဝင်ရင် ဝင်တဲ့ပါတီဟာ ပြည်သူကို သစ္စာဖောက်တဲ့သူတွေ ဖြစ်မှာပဲ” (ဦးအောင်မိုးဇော် - လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ - DPNS) (၂၆-၁-၂၀၂၃) “အာဏာသိမ်းစစ်ကောင်စီက တဖက်သတ်ကျင်းပဖို့ပြင်နေတဲ့ ရွေးကောက်ပွဲအတုကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ပြင်ဆင်နေတဲ့ နိုင်ငံရေးပါတီတွေဟာ ပြည်သူ့သဘောထားကို မကြည့်တဲ့ပါတီ၊ ပြည်သူလူထုကို သစ္စာဖောက်တဲ့ပါတီဖြစ်သွားနိုင်တယ်” လို့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ (DPNS) ဥက္ကဌ ဦးအောင်မိုးဇော်ကပြောပါတယ်။ စစ်ကောင်စီက ကျင်းပဖို့ပြင်နေတဲ့ ရွေးကောက်ပွဲအတုကို နိုင်ငံရေးပါတီတွေ၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်လိုလားသူတွေက ဘယ်လိုတုန့်ပြန်သင့်သလဲ...ဆိုပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။ အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ ... - အာဏာသိမ်းစစ်ကောင်စီက ရွေးကောက်ပွဲ ကျင်းပခွင့်ရှိသလား... - ရွေးကောက်ပွဲဝင်ဖို့ပြင်နေတဲ့ နိုင်ငံရေးပါတီတွေဟာ ပြည်သူကို သစ္စာဖောက်တာလား... - နွေဦးတော်လှန်ရေးအင်အားစုတွေက ဒီရွေးကောက်ပွဲကို ဘယ်လိုနည်းတွေနဲ့ တိုက်ဖျက်သင့်သလဲ... - ဒီနှစ်ထဲမှာ ရွေးကောက်ပွဲလုပ်ဖြစ်ချင်မှဖြစ်မယ်လို့ စစ်ကောင်စီက ဘာကြောင့်ပြောတာလဲ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။ (နွေဦးတော်လှန်ရေး ၂ နှစ်တာကာလအတွင်း ERO နဲ့ PDF တွေကြား ပူးပေါင်းဆောင်ရွက်နိုင်မှု ဘယ်လောက်အထိတိုးတက်လာသလဲ...ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပေးပါမယ်) (အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။)။

“အခြေအနေကို စောင့်ကြည့်နေတဲ့ ERO တွေ နွေဦးတော်လှန်ရေးထဲ အမြန်ပါလာစေချင်ပ...


“အခြေအနေကို စောင့်ကြည့်နေတဲ့ ERO တွေ နွေဦးတော်လှန်ရေးထဲ အမြန်ပါလာစေချင်ပါတယ်”

(ဦးအောင်မိုးဇော် -  လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ - DPNS)

(၂၇-၁-၂၀၂၃)

“အာဏာသိမ်းစစ်ကောင်စီကို မကြိုက်ပေမယ့် အခြေအနေအမျိုးမျိုးကြောင့် နွေဦးတော်လှန်ရေးနဲ့မပူးပေါင်းပဲ အခြေအနေကိုစောင့်ကြည့်နေဆဲဖြစ်တဲ့ ERO အဖွဲ့တွေ တော်လှန်ရေးထဲ ပူးပေါင်းဖို့အချိန်ရောက်နေပြီ။ KNU, KNPP, KIO, CNF တို့လို ပြတ်ပြတ်သားသား ရပ်တည်ဖို့အချိန်ရောက်နေပြီဖြစ်တယ်” လို့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ (DPNS) ဥက္ကဌ ဦးအောင်မိုးဇော်ကပြောပါတယ်။

နွေဦးတော်လှန်ရေး ၂ နှစ်တာကာလအတွင်း PDF တွေနဲ့ ERO တွေကြား ပူးပေါင်းဆောင်ရွက်နိုင်မှု ဘယ်လောက်အထိတိုးတက်လာသလဲ၊ နေပြည်တော်သို့ သွားနေဆဲဖြစ်တဲ့ ERO အချို့ကိုဘာပြောချင်သလဲ...စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာ ...
-  အမေရိကန်ပြည်ထောင်စုအပြင် နိုင်ငံအသီးသီးကပါ စစ်ကောင်စီရဲ့ရွေးကောက်ပွဲကိုလက်မခံကြောင်း ပြောလာအောင် ဘယ်လိုဆက်လုပ်သင့်သလဲ...

- PDF နဲ့ ERO တွေကြား၊ NUG နဲ့ ERO တွေကြား ပူးပေါင်းဆောင်ရွက်မှု ဘယ်လောက်အထိ တိုးတက်လာသလဲ...

- နေပြည်တော်သို့သွားရောက်နေဆဲ ERO အချို့ကို လူထုက ဘယ်လိုမြင်လာနိုင်သလဲ...

- ၂၀၂၃ အတွင်း နွေဦးတော်လှန်ရေး ဘယ်လောက်အထိ အရှိန်ကောင်းလာနိုင်သလဲ...
စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Tuesday, January 10, 2023

“စစ်ကိုင်းတိုင်းမှာ ဒါမျိုးတွေ လာလုပ်လို့မရဘူးဆိုတာ သူတို့ သိပါတယ်”

 https://youtu.be/F2FoIgTxj8o


“စစ်ကိုင်းတိုင်းမှာ ဒါမျိုးတွေ လာလုပ်လို့မရဘူးဆိုတာ သူတို့ သိပါတယ်” (ဗိုလ်နဂါး - ဒေသခံ PDF ခေါင်းဆောင် - စစ်ကိုင်းတိုင်း) (၁၀-၁-၂၀၂၃) “အာဏာသိမ်း စစ်ကောင်စီက ရွေးကောက်ပွဲအတုအတွက် မဲစာရင်း၊ လူဦးရေစာရင်းကောက်တာတွေကို အခြားဒေသတွေမှာ လုပ်လို့ရကောင်းရနိုင်ပေမယ့် စစ်ကိုင်းတိုင်းမှာတော့ ဒါတွေလာလုပ်လို့မရဘူးဆိုတာ စကစ သိပါတယ်” လို့ စစ်ကိုင်းတိုင်း ပုလဲမြို့နယ် အခြေစိုက် ဒေသခံ PDF ခေါင်းဆောင် ဗိုလ်နဂါးကပြောပါတယ်။ မနေ့က စတင်တဲ့ မဲစာရင်း၊ လူစာရင်းကောက်မှုအတွင်း လုံခြုံရေးလိုက်ပေးတဲ့ ရဲတပ်ဖွဲ့ကို ဒေသခံ PDF တွေက တိုက်ခိုက်မှု၊ ၂၀၂၂ နှစ်ကုန်ပိုင်းမှာ တိုက်ပွဲတွေအရှိန်မြင့်လာမှု၊ ၂၀၂၃ အပေါ် မျှော်လင့်ချက်တွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။ အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ပထမပိုင်းမှာ ... - စစ်ကိုင်းတိုင်းအတွင်းက တိုက်ပွဲတွေရဲ့ နောက်ဆုံးအခြေအနေ... - စစ်ကိုင်းတိုင်းမှာ ရွေးကောက်ပွဲအတွက် လူစာရင်း လာမကောက်ရဲတာ ဘာကြောင့်လဲ... - စကစ ရဲ့ ရွာမီးရှို့မှုကို PDF တွေဖက်က မတားဆီးနိုင်တာ ဘာကြောင့်လဲ... - စစ်ရေး၊ နိုင်ငံရေး ဘက်ပေါင်းစုံက ရှုံးနိမ့်နေတဲ့ စကစ က ရွာမီးရှို့မှုထက် ပိုဆိုးတဲ့ ဗျုဟာတွေကို ထုတ်သုံးလာနိုင်သလား... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။ (၂၀၂၃ အပေါ် ဗိုလ်နဂါးရဲ့ မျှော်လင့်ချက်ပါဝင်တဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပေးပါမယ်) (အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ )။

“၂၀၂၃ မှာ စစ်ကိုင်း၊ မကွေးဒေသအတွင်း လွတ်မြောက်နယ်မြေ ပိုကျယ်ပြန့်လာဖို့ ...


“၂၀၂၃ မှာ စစ်ကိုင်း၊ မကွေးဒေသအတွင်း လွတ်မြောက်နယ်မြေ ပိုကျယ်ပြန့်လာဖို့ မျှော်လင့်ပါတယ်”

(ဦးသန်းစိုးနိုင်၊ စစ်ရေး-နိုင်ငံရေး ဆန်းစစ်ဝေဖန်သူ)

(၃၀ -၁၂-၂၀၂၂)

“၂၀၂၃ နှစ်သစ်မှာ နွေဦးတော်လှန်ရေးတပ်တွေဖက်က အပြန်အလှန်ထိုးစစ်လုပ်လာနိုင်ပြီး ERO ဆပ်စပ်ဒေသအပြင် အညာစစ်ဒေသဖြစ်တဲ့ စစ်ကိုင်း၊ မကွေးဒေသမှာပါ လွတ်မြောက်နယ်မြေ ပိုကျယ်ပြန့်လာအောင် လုပ်နိုင်ဖို့မျှော်လင့်ပါတယ်” လို့  စစ်ရေး-နိုင်ငံရေး ဆန်းစစ်ဝေဖန်သူ ဦးသန်းစိုးနိုင်ကပြောပါတယ်။

မနက်ဖန် ကုန်ဆုံးတော့မယ့် ၂၀၂၂ ခုနှစ်အတွင်း နွေဦးတော်လှန်ရေးတပ်တွေဖက်က စစ်ဆင်ရေးလှုပ်နိုင်မှုအခြေအနေ၊ လာမယ့် ၂၀၂၃ အတွင်း တန်ပြန်ထိုးစစ်လုပ်နိုင်မယ့် အလားအလာတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာ ...
- စိတ်ဓာတ်ကျနေတဲ့ စစ်ကောင်စီတပ်ကို လေတပ်ရဲ့ ဗုံးကျဲအားတခုတညးနဲ့ ပြန်လည်ကယ်တင်နိုင်ပါ့မလား...

- NDAA ဥပဒေပါ အကူအညီတွေရလာရင် စစ်ကောင်စီရဲ့ လေကြောင်းရန်ကို ပြန်လည်တုန့်ပြန်လာနိုင်မလား...

- ၂၀၂၃ မှာ တော်လှန်ရေးတပ်တွေဖက်က အမိန့်ပေးစနစ်နဲ့ လက်နက်အင်အားပိုကောင်းလာပြီး စစ်ကောင်စီတပ်ကို တန်ပြန်ထိုးစစ်ဆင်လာနိုင်ခြေရှိလာနိုင်သလား...

- စစ်ကိုင်း-မကွေး အညာဒေသမှာ လွတ်မြောက်နယ်မြေ ပိုကျယ်ပြန်လာနိုင်တယ်လို့ ဘာကြောင့် ခန့်မှန်းနိုင်သလဲ...
စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

“တပ်အချင်းချင်း ရင်ဆိုင်မတိုက်ပဲ လေယာဉ်နဲ့ ဗုံးကျဲတာဟာ စစ်သားမဆန်တဲ့ လုပ်ရဖြစ်ပါတယ်”

 https://youtu.be/lAXxDj5Q8YQ


“တပ်အချင်းချင်း ရင်ဆိုင်မတိုက်ပဲ လေယာဉ်နဲ့ ဗုံးကျဲတာဟာ စစ်သားမဆန်တဲ့ လုပ်ရဖြစ်ပါတယ်” (ဆလိုင်းထက်နီ - ချင်းအမျိုးသားတပ်ဦး ပြောခွင့်ရပုဂ္ဂိုလ်) (၁၁-၁-၂၀၂၃) “လက်နက်ကိုင်တပ်အချင်းချင်း ရှေ့တန်းမှာ ရင်ဆိုင်မတိုက်ပဲ လေယာဉ်နဲ့လာပြီး ဗုံးကျဲတိုက်ခိုက်တာဟာ စစ်သားကောင်းမပီသတဲ့လုပ်ရပ်၊ သူရဲဘောကြောင်တဲ့လုပ်ရပ်၊ စစ်ရာဇဝတ်မှုကျုးလွန်တဲ့ လုပ်ရပ်ဖြစ်တယ်” လို့ ချင်းအမျိုးသားတပ်ဦး (CNF) ပြောခွင့်ရပုဂ္ဂိုလ် ဆလိုင်းထက်နီက ပြောပါတယ်။ ဒါ့အပြင် ဒါဟာ စစ်ကောင်စီက ကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲအတု လုံခြုံရေးအတွက် CNF ကို တမင်လာတိုက်တာဖြစ်တယ်လို့လည်း သူကပြောပါတယ်။ မနေ့ညနေ (ဇန်နဝါရီ ၁၀ ရက်) ပိုင်းက ဖြစ်ပွားခဲ့တဲ့ CNF ဌာနချုပ် ဗစ်တိုးရီးယားစခန်းကို စကစ က လေယာဉ်နဲ့ ဗုံးကျဲမှုအတွင်း CNF တပ်ဖွဲ့ဝင် (၅)ဦး ကျဆုံးခဲ့ရတာနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။ အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ ... - စကစ ဗုံကျဲမှုကြောင့် ထိခိုက်ကျဆုံးမှု ဘယ်လိုရှိသလဲ... - CNF ဌာနချုပ်ဝန်းကျင်မှာ တိုက်ပွဲမရှိပဲနဲ့ ဘာကြောင့် တမင်တကာ ဗုံးလာကျဲတာလဲ... - ရွေးကောက်ပွဲအတွက် မဲစာရင်း၊ လူစာရင်းကောက်တဲ့နေ့မှာ ဒီလိုတိုက်တာဟာ တိုက်ဆိုင်မှုသက်သက်လား... - ရွေးကောက်ပွဲအတုကို CNF နဲ့ ချင်းကာကွယ်ရေးတပ်တွေက ဘယ်လိုတုန့်ပြန်မလဲ... - ၂၀၂၃ အပေါ် CNF က ဘယ်လိုမျှော်လင့်ထားသလဲ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။ (ဒီနေ့ ညနေပိုင်းမှာတော့ စစ်ကိုင်းတိုင်းက ဒေသခံ PDF ခေါင်းဆောင် ဗိုလ်နဂါးနဲ့ မေးမြန်းချက် ဒုတိယ ပိုင်းကို ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်) (အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။)။

Share

Twitter Delicious Facebook Digg Stumbleupon Favorites More