Friday, June 24, 2022

Interview with Rebecca Saimawii on Burma Revolution Song.



နွေဦးတော်လှန်ရေးသီချင်းဆိုသူ အိန္ဒိယတေးသံရှင် Rebecca Saimawii နှင့် တွေ့ဆုံမေးမြန်းချက်
------------------------------------------------------------
(၂၄/၆/၂၀၂၂) 

မြန်မာ့နွေဦးတော်လှန်ရေးအတွက် ငွေအားနဲ့ ရုပ်ဝတ္တုပိုင်းအကူအညီလိုအပ်နေသလို စိတ်ဓာတ်ရေးရာအရ ခွန်အားဖြစ်စေမယ့် အကူအညီတွေလည်းလိုအပ်နေတယ်လို့ နွေဦးတော်လှန်ရေး သီချင်းသီဆိုသူ အိန္ဒိယတေးသံရှင် Rebecca Saimawii ကပြောပါတယ်။

နော်ဝေနိုင်ငံ၊ ဖရိုလန်းမြို့ရှိ ဒေါ်အောင်ဆန်းစုကြည်ပန်းခြံမှာ ဇွန်လ ၁၈ ရက်နေ့က ကျင်းပတဲ့ ဒေါ်အောင်ဆန်းစုကြည် ၇၇ နှစ်ပြည့်မွေးနေ့ပွဲအပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်နဲ့ တွေ့ဆုံစဉ် သူမက အဲဒီလိုပြောခဲ့တာပါ။

တော်လှန်ရေးသမားတွေအတွက် စိတ်ခွန်အားဖြစ်စေမယ့် သီချင်းတွေထဲက... ကမ္ဘာမကျေဘူး၊ အလိုမရှိ၊ အရေးကြီးပြီ၊ ခွန်အားဖြည့် မိငယ်၊ Everything will be Ok အပါဝင် တေးသီချင်းများစွာကို အဲဒီပွဲမှာ သူမက သီဆိုဖျော်ဖြေခဲ့ပါတယ်။ ဒီသီချင်းတွေထဲက Everything will be Ok ကို ဦးစားပေးထားပါတယ်။ နွေဦးတော်လှန်ရေးတိုက်ပွဲဝင်နေသူတွေအတွက် စိတ်ဓာတ်ခွန်အား တစုံတရာ ရရှိမယ်လို့ မျှော်လင့်ပါတယ်။

(ဒီအစီစဉ်အတွက် ဝိုင်းဝန်းကူညီပေးခဲ့သော... အင်တာဗျုး- ဗီဒီယို ရိုက်ပေးတဲ့ ကိုဘိုဘို၊ သီချင်း ဗီဒီယို ရိုက်ပေးတဲ့ ကိုဂျာစတင်၊ ရုပ်-သံ ဖွိုင်တွေ အသုံးပြုခွင့်ပေးတဲ့ ပန်းခြံကော်မီတီနဲ့ အားလုံးကို အထူးကျေးဇူးတင်ပါတယ်)။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချန်နယ် ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။)

Monday, June 20, 2022

ASSK's First Speech in Aug 1988.



ဒေါ်အောင်ဆန်းစုကြည်၏ ပထမ ဆုံး လူထုသို့ပြောကြားခဲ့သော မိန့်ခွန်း...
-------------------------------
(၂၀/၆/၂၀၂၂)

လက်ရှိ စစ်ကောင်စီရဲ့ဖမ်းဆီးခြင်းခံနေရသူ မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှူခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၁၉၈၈ ခုနှစ် သြဂုတ်လ ၂၆ ရက်နေ့က ရွှေတိဂုံရင်ပြင်မှာ လူထုသို့ ပထမဆုံးပြောကြားတဲ့မိန့်ခွန်းအကြောင်း မှတ်တမ်း ရုပ်-သံ တခုကို ၂၀၁၉ ခုနှစ် သြဂုတ်လတုန်းက ရိုက်ကူးပြီး One News ကနေ ထုတ်လွှင့်ခဲ့ပါတယ်။

မူရင်း ဖွိုင်မရှိတော့တဲ့အတွက် FB မီမိုရီမှာ ပြန်ပေါ်လာတဲ့ ဖွိုင်ကို ကော်ပီပြန်ကူးပြီး youtube မှာ မှတ်တမ်းအဖြစ် ထပ်မံတင်ပြအပ်ပါတယ်။ 

အခုလို အချိန်မှာ လွန်ခဲ့တဲ့ ၈၈-၉၀ နေအိမ်အကျယ်ချုပ်ကာလတွေကို ပြန်လည် သတိရပြီး အနာဂတ်အတွက် ဝေဖန်ဆန်းစစ်ချက်တွေ၊ သုံးသပ်ချက်တွေ လုပ်ဆောင်တဲ့နေရာမှာ ဒီ မှတ်တမ်းက တစုံတရာ အထောက်အကူပြုလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

လေးစားစွာဖြင့်...
ထက်အောင်ကျော်-

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချန်နယ် ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။)

Interview with Saw Taw Ni of KNU on armed struggle.



“အကူအညီကို ထိုင်စောင့်လို့ မဖြစ်ဘူး၊ ရှိတဲ့ဟာနဲ့ တီထွင်ကြံဆပြီး ဆက်လုပ်ဖို့လိုပါတယ်”

(ပဒိုစောတောနီး- KNU ပြောခွင့်ရပုဂ္ဂိုလ်)
--------------------------------------------------------------------
(၂၀/၆/၂၀၂၂)

နိုင်ငံတကာရဲ့ စစ်ရေးအကူအညီဆိုတာ မသေချာတဲ့အတွက် အဲဒါကို ထိုင်စောင့်မနေပဲ ရှိတဲ့အရင်းအမြစ်တွေကို စစ်မြေပြင်သုံးလက်နက်ဖြစ်လာအောင် တီထွင်ကြံဆကာ တော်လှန်ရေးကို အရှိန်မြင့်သွားဖို့လိုတယ်လို့ ကရင့်အမျိုးသားအစည်းအရုံး KNU ပြောခွင့်ရပုဂ္ဂိုလ် ပဒိုစောတောနီးကပြောပါတယ်။

အမေရိကန်အစိုးရ တာဝန်ရှိသူတွေဖက်က စစ်ရေးအကူအညီပေးဖို့ အခက်ခဲရှိတယ်လို့ ထုတ်ပြောလာတဲ့အပေါ် BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာ...
- NUG ဝန်ကြီးတွေရဲ့ နိုင်ငံတကာခရီးစဉ်တွေက ထင်သလောက် အကူအညီရပါရဲ့လား...
- အမေရိကန်ဖက်က စစ်ရေးအကူအညီပေးဖို့အစီစဉ်မရှိသေးဘူးဆိုတဲ့အပေါ် KNU က ဘယ်လို မြင်သလဲ...
- နယ်စပ်ဖြတ် ဒုက္ခသည်ကူညီရေးအစီစဉ်တွေ မကြာခင် ဖြစ်လာနိုင်သလား...
- ၁၆ လတာကာလအတွင်း NUCC တပ်ပေါင်းစုရဲ့ ဆောင်ရွက်နိုင်မှုက အားရစရာရှိပါရဲ့လား...
- ၁၆ လတာ နွေဦးတော်လှန်ရေး- ဘယ်လောက်အထိ ခရီးရောက်နေပြီလဲ...
စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချန်နယ် ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။)

Friday, June 17, 2022

Interview with Saw Taw Ni of KNU on SAC. Part-1.



“အာဏာသိမ်းထားသူတွေကို တရားဝင်အသိအမှတ်ပြုရမယ့်ဆွေးနွေးပွဲမျိုး ကျနော်တို့ လက်မခံနိုင်ပါဘူး”

(ပဒိုစောတောနီး- KNU ပြောခွင့်ရပုဂ္ဂိုလ်)
------------------------------------------------------------
(၁၇/၆/၂၀၂၂)

အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီကို တရားဝင်အသိအမှတ်ပြုသလို ဖြစ်စေမယ့် ဘယ်ဆွေးနွေးပွဲမျိုးကိုမဆို လက်ခံမှာမဟုတ်ဘူးလို့ ကရင့်အမျိုးသားအစည်းအရုံး KNU ပြောခွင့်ရပုဂ္ဂိုလ် ပဒိုစောတောနီးကပြောပါတယ်။

စစ်ကောင်စီဥက္ကဌ ပထမ အကြိမ်ဖိတ်ခေါ်စဉ်က မတက်ရောက်ဘူးလို့ ငြင်းဆိုထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ EAO တွေကို အခု ရက်ပိုင်းမှာ ဒုတိယ အကြိမ် ထပ်မံဖိတ်ခေါ် တာနဲ့ပတ်သက်ပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ပထမ ပိုင်းမှာ...
- စစ်ကောင်စီ ဖိတ်ခေါ်ချက်ကို KNU က ဘာကြောင့် လက်မခံတာလဲ...
- တဖက်မှာ ဆွေးနွေးပွဲ ဖိတ်ခေါ်ပြီး အခြားတဖက်မှာ ထိုးစစ်ဆင်နေတာ ဘာသဘောလဲ...
- စကစ တပ်သားတွေ မဆုတ်တန်းခံစစ်စခန်းတွေကို စွန့်ခွာထွက်ပြေးနေတာ ဘာကြောင့်လဲ...
- မိုးတွင်းကာလမှာ လေကြောင်းပစ်ကူ အလုပ်ဖြစ်ပါတော့မလား...
စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(နွေဦးတော်လှန်ရေး ၁၆ လတာ ကာလအတွင်း ပြည်ပက လက်နက်အကူအညီမရသေးလို့ ကိုယ်တိုင်တီထွင်နေရမှုအပေါ် သုံးသပ်ချက်ပါဝင်တဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန်ညမှာ ဆက်လက် ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်)။

အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချန်နယ် ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။

Monday, June 13, 2022

Interview with Dr Zaw Wai Soe of NUG on EU trip.



“လက်နက်အပါဝင် တော်လှန်ရေးအတွက် လိုအပ်ချက်အားလုံးကို ကျနော်တို့ တင်ပြနေပါတယ်”

(ဒေါက်တာဇော်ဝေစိုး- ပြည်ထောင်စုဝန်ကြီး- NUG)
-------------------------------------------------------------------------
(၁၃/၆ /၂၀၂၂)

လက်နက်လိုအပ်ချက်အပါဝင် နွေဦးတော်လှန်ရေးအတွက် မရှိမဖြစ်လိုအပ်ချက်တွအားလုံးကို နိုင်ငံတကာအစိုးရတွေဆီ ပွင့်ပွင့်လင်းလင်း တင်ပြဆွေးနွေးနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကျန်းမာရေးနှင့် ပညာရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။

ဥရောပခရီးစဉ်အဖြစ် နော်ဝေနိုင်ငံကိုရောက်နေတဲ့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ်ဇော်ဝေစိုးနဲ့ ဦးထင်လင်းအောင်တို့အဖွဲ့ကို BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် ဒေါက်တာဇော်ဝေစိုးက အဲဒီလို ဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်ပေးမယ့် မေးမြန်းချက်ထဲမှာ...
- နော်ဝေနဲ့ ဥရောပခရီးစဉ်အတွင်း ဘာတွေ အကူအညီရခဲ့သလဲ...
- အမေရိကန်နဲ့ ဥရောပက NUG ကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုနေပြီလား...
- PDF တွေအတွက် အရေးပေါ်လိုအပ်နေတဲ့ လက်နက်အကူအညီ အလားအလာ ဘယ်လိုရှိသလဲ...
- CDM ဝန်ထမ်းတွေအတွက် NUG က ဘယ်လို ထောက်ပံ့ကူညီနေသလဲ...
- လွတ်မြောက်ဒေသနဲ့ အွန်လိုင်းပေါ်က NUG ရဲ့ ပညာရေး၊ ကျန်းမာရေး ဝန်ဆောင်မှု လုပ်ငန်းအခြေအနေ ဘယ်လောက်အထိ တိုးတက်နေပြီလဲ...
- ၁၆ လတာ နွေဦးတော်လှန်ရေး ဘယ်အနေအထားအထိ ခရီးပေါက်နေပြီလဲ...
- စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(ဇွန်လ ၁၀ ရက်နေ့ ညနေပိုင်းက နော်ဝေရှိ မြန်မာမိသားစုနဲ့တွေ့ဆုံပွဲအပြီး  အဲဒီခန်းမထဲမှာ ဒီအင်တာဗျုးကို ပြုလုပ်တာဖြစ်တဲ့အတွက် နောက်ခံဆူညံအသံတွေ ပါနေတာကို တောင်းပန်အပ်ပါတယ်)။

အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချန်နယ် ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။

Wednesday, June 8, 2022

Interview with Banya Khung Aung of KHRG on WFP.



“ဒုက္ခသည်တွေအတွက် နိုင်ငံတကာရဲ့အကူအညီ အရေးပေါ် လိုအပ်နေပါတယ်”

(ဗညားခွန်အောင်- ကရင်နီလူ့အခွင့်အရေးအဖွဲ့- KHRG)
--------------------------------------------------------------------
(၈/၆/၂၀၂၂)

မြန်မာနိုင်ငံရှိ ဒုက္ခသည်တသန်းကျော်ကို အကူအညီပေးတဲ့အခါ စစ်ကောင်စီထိန်းချုပ်နယ်မြေအတွင်းရှိ ဒုက္ခသည်တွေအပြင် ထိန်းချုပ်မှုပြင်ပနယ်မြေက ဒုက္ခသည်တွေကိုပါ ကူညီပေးဖို့လိုအပ်တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ ညွန်ကြားရေးမှူး ဗညားခွန်အောင် ကပြောပါတယ်။

မြန်မာနိုင်ငံမှာ ဒုက္ခသည်တသန်းအထိရှိလာနေပြီလို့ UN က ကြေညာတာ၊ ကရင်နီဒေသရှိ လူ ၈ သောင်းကို အကူအညီတွေစတင်ပေးအပ်နေပြီလို့  WFP က ကြေညာတာအပါဝင် လတ်တလောရင်ဆိုင်နေရတဲ့ ဒုက္ခသည်ပြသာနာ၊ လူသားချင်းစာနာမှုအခက်အခဲတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်ပေးမယ့် မေးမြန်းချက်ထဲမှာ...
- နေရပ်စွန့်ခွာထွက်ပြေးနေရသူ တကယ့်အရေအတွက်ဟာ တသန်းထက် ပိုများနိုင်သလား...
- ကရင်နီဒေသရှိ လူဦးရေ ၄ သိန်းကျော်မှာ ဒုက္ခသည်က ၂ သိန်းအထိရှိနေတာ ဘာကြောင့်လဲ...
- ကုလသမဂ္ဂ အဖွဲ့အစည်းတွေရဲ့ကူညီမှုဟာ စစ်ကောင်စီ ထိန်းချုပ်နယ်မြေအတွင်းမှာပဲ ဘောင်ခတ်ခံထားရဆဲလား...
- စစ်ကောင်စီက ခွင့်မပြုရင် ထိုင်းဖက်ကနေ နယ်စပ်ဖြတ်ကူညီရေးကော ဖြစ်ပေါ်လာနိုင်သလား...
- အခု မိုးရာသီအစမှာ အရေးပေါ်အကူအညီ ဘာတွေလိုအပ်နေသလဲ...
စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချန်နယ် ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။)

Sunday, June 5, 2022

Interview with U Thein Oo of NUG on Justice.



“ပထမ အချက်က ဥပဒေနဲ့မညီဘူး၊ ဒုတိယ အချက်က နိုင်ငံရေး အာဃာတနဲ့ လုပ်တာဖြစ်တယ်” 

(ဦးသိန်းဦး- ပြည်ထောင်စုဝန်ကြီး၊ တရားရေးဝန်ကြီးဌာန- NUG)
-------------------------------------------------------------------------------
(၅/၆/၂၀၂၂)

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီနဲ့ NLD လွှတ်တော်အမတ် ကိုဇေယျာသော်တို့ကို စစ်ကောင်စီဖက်ကနေ သေဒဏ်စီရင်မယ်လို့ ခြိမ်းခြောက်ပြောဆိုလာတာဟာ ဥပဒေနဲ့မညီတဲ့အပြင် နိုင်ငံရေးအာဃာတနဲ့ ဆောင်ရွက်တဲ့သဘောဖြစ်နေတယ်လို့ NUG တရားရေးဝန်ကြီး ဦးသိန်းဦးကပြောပါတယ်။

ကိုဂျင်မီ၊ ကိုဇေယျာသော်နဲ့ အခြား ၂ ဦးကို မကြာခင် သေဒဏ်စီရင်တော့မယ်ဆိုပြီး စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ်က ခြိမ်းခြောက်ပြောဆိုပြီးနောက် လူထုအကြား စိတ်ဆိုးဒေါသထွက်နေတဲ့အခြေအနေနဲ့ပတ်သက်ပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်ပေးမယ့် မေးမြန်းချက်ထဲမှာ...
- စစ်ကောင်စီရဲ့ပြောဆိုမှုအပေါ် NUG ရဲ့ ကန့်ကွက်ချက်...
- ဒါဟာ စစ်ကောင်စီက လူထုကို အာရုံလွှဲတာလား...
- ပြည်တွင်း-ပြည်ပ ဝေဖန်မှုတွေနဲ့ နိုင်ငံတကာရဲ့ဖိအားတွေက ဒီသေဒဏ်ကို တားဆီးနိုင်မလား...
စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချန်နယ် ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။)

Thursday, June 2, 2022

Interview with Bo Nagar. Part-2.



“မြေပြင်အနေအထားအရ စစ်ရေးကို ဦးစားပေး အားဖြည့်စေချင်ပါတယ်”

(ဗိုလ်နဂါး- PDF ခေါင်းဆောင်- စစ်ကိုင်းတိုင်း)
--------------------------------------------------------------------
(၂-၆-၂၀၂၂)

စစ်ကိုင်းနဲ့မကွေးတိုင်းက မြို့နယ် ၃၀ ကျော်ကို NUG အစိုးရက လွတ်မြောက်ဒေသအဖြစ်ကြေညာပြီးတဲ့နောက် ဒေသခံ PDF တွေကို စစ်ရေးအကူအညီ ဦးစားပေးဖြည့်ပေးဖို့ လိုအပ်နေတယ်လို့ စစ်ကိုင်းတိုင်းက ဒေသခံ PDF ခေါင်းဆောင်တဦးဖြစ်သူ ဗိုလ်နဂါးကပြောပါတယ်။

ကြားကာလ အုပ်ချုပ်ရေးချထားတဲ့ မြို့နယ် ၃၀ ကျော်ရဲ့ မြေပြင်အခြေအနေ၊ ဒေသခံ PDF တပ်တွေက နယ်မြေထိန်းချုပ်နိုင်မှုအနေအထားနဲ့ပတ်သက်ပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။

အခုထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာ...
- စစ်တပ်က လေကြောင်းပစ်ကူကို လိုအပ်တာတွေ ပိုသုံးနေဆဲလား...
- ကြားကာလ အုပ်ချုပ်ရေးချထားတဲ့ မြို့နယ် ၃၀ ကျော်ကို ဒေသခံ PDF တွေက ဘယ်လို ကာကွယ်ပေးနေသလဲ...
- စစ်ကောင်စီတပ်ကို တန်ပြန်ထိုးစစ်ဆင်နိုင်ဖို့ PDF တွေမှာ လက်နက်အခက်အခဲ ရှိနေဆဲလား...
- လွတ်မြောက်နယ်မြေ ပိုများလာအောင်၊ တော်လှန်စစ် အရှိန်မြင့်လာအောင် ဘယ်လို ဝိုင်းကူညီနိုင်ကြမလဲ...
- စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချန်နယ် ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။)

Wednesday, June 1, 2022

Interview with Bo Nagar. Part-1.



“ဒီစစ်တပ်ဟာ အရင် ကိုလိုနီနယ်ချဲ့၊ ဖက်ဆစ်နယ်ချဲ့တပ်တို့ထက် ပိုဆိုးနေတယ်”

(ဗိုလ်နဂါး- PDF ခေါင်းဆောင်- စစ်ကိုင်းတိုင်း)
--------------------------------------------------------------------
(၁-၆-၂၀၂၂)

စစ်ကောင်စီတပ်တွေရဲ့ ရွာမီးရှို့၊ လူသတ်လုပ်နေပုံတွေဟာ အရင် ကိုလိုနီခေတ်၊ ဖက်ဆစ်နယ်ချဲ့ခေတ်က တိုင်းတပါးတပ်တွေရဲ့ ရက်စက်မှုထက်တောင် ပိုဆိုးနေတယ်လို့ စစ်ကိုင်းတိုင်းက ဒေသခံ PDF ခေါင်းဆောင်တဦးဖြစ်သူ ဗိုလ်နဂါးကပြောပါတယ်။

စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီက နေစဉ်ပြုလုပ်နေတဲ့ ရွာမီးရှို့၊ လူသတ်မှု အခြေအနေနဲ့ပတ်သက်ပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။

အခုထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ပထမ ပိုင်းမှာ...
- စစ်ကိုင်း-မကွေးဒေသက တိုက်ပွဲများရဲ့ နောက်ဆုံးအခြေအနေ...
- စစ်ကောင်စီဖက်က ထိခိုက်ကျဆုံးမှုများလေ-ရွာမီးရှို့ခံရမှုများလေ ဖြစ်နေသလား...
- အညာဒေသ မြို့နယ်အသီးသီးရှိ ပကဖ-PDF တွေ ဘယ်လို တိုက်ပွဲဝင်နေသလဲ...
- စစ်ပြေးရှောင်တွေအတွက် ဘယ်လိုအကူအညီတွေ လိုအပ်နေသလဲ...
- တိုင်းတပါးကျုးကျော်သူတပ်တွေထက် ပြည်တွင်းစစ်ကောင်စီတပ်က ဘာကြောင့် ပိုဆိုးနေတယ်လို့ စွပ်စွဲနေကြတာလဲ...
- စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(လွတ်မြောက်ဒေသအဖြစ်ကြေညာပြီးရင် အဲဒီဒေသကို ကာကွယ်ဖို့ အားလုံးမှာတာဝန်ရှိတယ်ဆိုတဲ့အကြောင်း ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန်ညမှာ ဆက်လက် ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်)

အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချန်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။

Share

Twitter Delicious Facebook Digg Stumbleupon Favorites More