Tuesday, April 11, 2017

FTA လုပ်ကိုင်ခွင့်ရ ရုပ်သံလိုင်း ၅ခု

FTA လုပ်ကိုင်ခွင့်ရ ရုပ်သံလိုင်း ၅ခု


ရုပ်သံလုပ်ငန်းအတွက် ရင်းနှီးမြှုပ်နှံရာတွင် Kaung Myanmar Aung ကုမ္ပဏီလီမိတက်မှ ကျပ်သန်း ၁၇၀၀၀ ဖြင့်အများဆုံးမြှုပ်နှံရန် စီစဉ်ထားကာ Life Channel အမည်ဖြင့် ရုပ်သံထုတ်လွှင့်မည်ဖြစ်သည်။ အဆိုပါ ဦးခင်မောင်အေးပိုင် Kaung Myanmar Aung ကုမ္ပဏီလီမိတက်၏ တွဲဖက်ပါတနာအဖြစ် ဒါရိုက်တာ မောင်မျိုးမင်းနှင့် သရုပ်ဆောင် ရဲအောင်တို့ ပါဝင်နေကြောင်း သိရသည်။
Mizzima Media ကုမ္ပဏီလီမိတက်မှ ဦးစိုးမြင့်ဦးဆောင်ကာ ဒေါ်လာ ၅ ဒသမ ၃ သန်းမြှုပ်နှံ၍ နောက်ကွယ်မှ တွဲဖက်ပါတနာအဖြစ် ဦးသိမ်းဝေ၏ SPA Myanmar နှင့် 21 st Century Fox တို့ပါဝင်ကြောင်း သိရသည်။
ဦးမြဟန်၏ Fortune International လီမိတက်မှ Fortune Channel ထူထောင်ကာ တွဲဖက်ပါတနာအဖြစ် MCN News မှပါဝင်မည်ဖြစ်ပြီး ကျပ်သန်း ၅၁၀၀ မြှုပ်နှံမည်ဖြစ်သည်။
ဦးသီဟအောင်နှင့် သရုပ်ဆောင်ဇာဂနာ ဦးဆောင်မည့် Young Investment Group ကုမ္ပဏီလီမိတက်မှ My Channel ထူထောင်ကာ အမေရိကန်ဒေါ်လာ ၃ ဒသမ ၇ သန်း မြှုပ်နှံမည်ဖြစ်သည်။
DVB Muti Media Group ကုမ္ပဏီလီမိတက် အနေဖြင့် DVB Channel ထူထောင်ကာ ဒေါ်လာ ၂ ဒသမ ၁ သန်းဖြင့် အနည်းဆုံး မြှုပ်နှံထားကြောင်း သိရသည်။

Crd - 11
...
(မဏာမရွေးချယ်စဉ်က သတင်းဟောင်း)
ဒေါက်တာရန်မျိုးသိန်းဆီကယူထားတာ။ မူရင်းဆိုစ်ရရင် ထပ်တင်ပေးပါမ့ယ်။

ရုပ်သံလွှင့်လုပ်ငန်း Content Provider ငါးခုအတွက် ပဏာမ ၁၀ ဦးတွင် KMA Group က ကျပ်သန်း ၁၇၀၀၀ ဖြင့် အများဆုံး ရင်းနှီးမြှုပ်နှံမည်ဖြစ်ပြီး Eleven Media Group ကဒေါ်လာ ခြောက်သန်းဖြင့် ဒုတိယအများဆုံး ရင်းနှီးမြှုပ်နှံရန် အဆိုပြုထား
**********************************
MRTV ၏ Digital Free-to-Air Channel ငါးခုအတွက် ပဏာမ အရွေးချယ်ခံရသည့် ကုမ္ပဏီ ၁၀ ခုတွင် Kaung Myanmar Aung ကုမ္ပဏီလီမိတက်က ကျပ်သန်း ၁၇၀၀၀ ဖြင့် အများဆုံး မြှုပ်နှံသွားရန် တင်ပြထားပြီး Eleven Media Group ကုမ္ပဏီလီမိတက်က အမေရိကန်ဒေါ်လာ ခြောက်သန်းဖြင့် ဒုတိယအများဆုံး မြှုပ်နှံသွားရန် စီစဉ်ထားကြောင်း ရုပ်သံလိုင်း ငါးခုအတွက် ရွေးချယ်မှုဆိုင်ရာ အဆင့်များကို အဆင့်ဆင့် စိစစ်ခဲ့သည့် Tun Group Asia လီမိတက်မှ သိရသည်။

အဆိုပါ MRTV ၏ Digital Free-to-Air Channel ငါးခုအတွက် Content Provider အဖြစ်လုပ်ကိုင်လိုသူများအား Request For Proposal (RFP) အဆင့်လျှောက်ထားရန် Expression Of Interest (EOI) အဆင့်အောင်မြင်သူ ၄၂ ဦးကို ဖိတ်ကြားခဲ့ပြီး EOI အဆင့်အောင်မြင်သူ ကုမ္ပဏီ/အဖွဲ့အစည်း ၄၂ ဦးတွင် ၂၉ ဦးက RFP တင်သွင်းလျှောက်ထားရာ ရွေးချယ်မှုဆိုင်ရာ အဆင့်များကို Tun Group Asia Limited မှအဆင့်ဆင့် စိစစ်ရွေးချယ်ခဲ့ပြီး ကုမ္ပဏီနှင့် အဖွဲ့အစည်း ၁၀ ခုကို ပဏာမ စိစစ်ရွေးချယ်ထားသူများအဖြစ် ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိ ပဏာမ အရွေးချယ်ခံရသည့် ကုမ္ပဏီ ၁၀ ခုမှာ Eleven Media Group ကုမ္ပဏီလီမိတက်၊ Mizzima Media ကုမ္ပဏီလီမိတက်၊ DVB Muti Media Group ကုမ္ပဏီလီမိတက်၊ Bo Bo Entertainment Myanmar Group ကုမ္ပဏီလီမိတက်၊ Tikhina ကုမ္ပဏီလီမိတက်၊ VOIP Myanmar Group (VMG) ကုမ္ပဏီလီမိတက်၊ Global Technology ကုမ္ပဏီလီမိတက်၊ Fortune International လီမိတက်၊ Kaung Myanmar Aung ကုမ္ပဏီလီမိတက်နှင့် Young Investment Group ကုမ္ပဏီလီမိတက်တို့ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

လက်ရှိ ပဏာမ အရွေးချယ်ခံရသည့် ကုမ္ပဏီ ၁၀ ခုအနေဖြင့် ရုပ်သံလိုင်းငါးခုတွင် အရွေးချယ်ခံရရန် ကုမ္ပဏီမှ အဓိကတွဲဖက် အဖြစ်ပါဝင်သူ၊ နောက်ကွယ်မှ ပံ့ပိုးပေးမည့် အဖွဲ့အစည်း၊ မြှုပ်နှံမည့်ပမာဏ စသည်ဖြင့် တင်ပြခဲ့ခြင်းဖြစ်သည်။

ရုပ်သံလုပ်ငန်းအတွက် ရင်းနှီးမြှုပ်နှံရာတွင် Kaung Myanmar Aung ကုမ္ပဏီလီမိတက်မှ ကျပ်သန်း ၁၇၀၀၀ ဖြင့်အများဆုံးမြှုပ်နှံရန် စီစဉ်ထားကာ Life Channel အမည်ဖြင့် ရုပ်သံထုတ်လွှင့်မည်ဖြစ်သည်။ အဆိုပါ ဦးခင်မောင်အေးပိုင် Kaung Myanmar Aung ကုမ္ပဏီလီမိတက်၏ တွဲဖက်ပါတနာအဖြစ် ဒါရိုက်တာ မောင်မျိုးမင်းနှင့် သရုပ်ဆောင် ရဲအောင်တို့ ပါဝင်နေကြောင်း သိရသည်။

ဒုတိယအများဆုံး မြှုပ်နှံမည့် Eleven Media Group ကုမ္ပဏီလီမိတက်သည် Eleven Channel အမည်ဖြင့် ရုပ်သံလိုင်း ထုတ်လွှင့်မည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ခြောက်သန်း မြှုပ်နှံမည်ဖြစ်ကာ တွဲဖက်ပါတနာ ပါဝင်မှုမရှိဘဲ ဒေါက်တာသန်းထွဋ်အောင်နှင့် ဒေါက်တာသိန်းမြင့်တို့ ဦးဆောင်မည်ဖြစ်သည်။

တတိယအများဆုံး မြှုပ်နှံမည့် Bo Bo Entertainment Myanmar Group ကုမ္ပဏီလီမိတက် အနေဖြင့် ကျပ်သန်း ၈၀၀၀ မြှုပ်နှံမည်ဖြစ်ကာ ဦးဘိုဆန်းက ဦးဆောင်ပြီး BTV အမည်ဖြင့် ရုပ်သံလိုင်း ထူထောင်မည်ဖြစ်သည်။
Mizzima Media ကုမ္ပဏီလီမိတက်မှ ဦးစိုးမြင့်ဦးဆောင်ကာ ဒေါ်လာ ၅ ဒသမ ၃ သန်းမြှုပ်နှံ၍ နောက်ကွယ်မှ တွဲဖက်ပါတနာအဖြစ် ဦးသိမ်းဝေ၏ SPA Myanmar နှင့် 21 st Century Fox တို့ပါဝင်ကြောင်း သိရသည်။

VOIP Myanmar Group (VMG) ကုမ္ပဏီလီမိတက်မှ Smile TV အဖြစ် ကျပ်သန်း ၆၀၀၀ ဖြင့်ရုပ်သံ ထူထောင်မည်ဖြစ်ကာ ဦးဆောင်သူများအဖြစ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဟောင်း ဦးတင်အေး၏ သားဖြစ်သူ ဦးဇော်မင်းအေး (မိုးဆမ်းပန်း မီဒီယာဂရုပ်) နှင့် သရုပ်ဆောင် စမိုင်းလ်၊ စာရေးဆရာ မင်းခိုက်စိုးစန် စသူတို့ပါဝင်ကြောင်း သိရသည်။

ဦးမြဟန်၏ Fortune International လီမိတက်မှ Fortune Channel ထူထောင်ကာ တွဲဖက်ပါတနာအဖြစ် MCN News မှပါဝင်မည်ဖြစ်ပြီး ကျပ်သန်း ၅၁၀၀ မြှုပ်နှံမည်ဖြစ်သည်။
ဦးသီဟအောင်နှင့် သရုပ်ဆောင်ဇာဂနာ ဦးဆောင်မည့် Young Investment Group ကုမ္ပဏီလီမိတက်မှ My Channel ထူထောင်ကာ အမေရိကန်ဒေါ်လာ ၃ ဒသမ ၇ သန်း မြှုပ်နှံမည်ဖြစ်သည်။
ကျပ်သန်းလေးထောင် မြှုပ်နှံမည်ဆိုသည့် Tikhina ကုမ္ပဏီလီမိတက်သည် IBTV (Industrial Business) Channel ထူထောင်ကာ ဦးကျော်ညွန့်ဦးနှင့် သခင်သန်းတင်တို့က ဦးဆောင်၍ တွဲဖက်ပါတနာအဖြစ် Tikhina နှင့် Aung Naing Thu Cooperative စသူများပါဝင်ကြောင်း သိရသည်။

ဦးရှိန်းသူအောင်နှင့် ထောက်လှမ်းရေး ဗိုလ်မှူးချုပ်ဟောင်း ဦးသိန်းဆွေ၏ သားဖြစ်သူ ဦးဆန်နီဆွေ ဦးဆောင်မည့် Global Technology ကုမ္ပဏီလီမိတက်သည် Channel A အမည်ဖြင့် ရုပ်သံထူထောင်ကာ ဒေါ်လာ ၂ ဒသမ ၃ သန်းမြှုပ်နှံ၍ တွဲဖက်ပါတနာများအဖြစ် Frontier Myanmar နှင့် Nam Ei Ki စသူတို့ပါဝင်သည်။
ဦးခင်မောင်စိုး ဦးဆောင်မည့် DVB Muti Media Group ကုမ္ပဏီလီမိတက် အနေဖြင့် DVB Channel ထူထောင်ကာ ဒေါ်လာ ၂ ဒသမ ၁ သန်းဖြင့် အနည်းဆုံး မြှုပ်နှံထားကြောင်း သိရသည်။

MRTV ၏ Digital Free-to-Air Channel ငါးခုအတွက် အထက်ဖော်ပြပါ ၁၀ ဦးကို ထပ်ဆင့်တွေ့ဆုံကာ နောက်ဆုံးငါးဦးကို အပြီးသတ် ရွေးချယ်သွားမည်ဖြစ်ကြောင်း Tun Group Asia လီမိတက်မှသိရသည်။

“ကျွန်တော် နားလည်သလောက်ပေါ့။ ဒီ ၁၀ ဦးထဲမှာ ငွေကြေးပိုင်းနဲ့ ပတ်သက်တာ ပြန်စိစစ်မယ်။ စာထဲမှာတော့ ရေးထားတာပေါ့။ တကယ် လုပ်နိုင်မလုပ်နိုင် အဲဒါတွေကိုလည်းစစ်မယ်။ ကုမ္ပဏီဖွဲ့စည်းပုံ ဘာညာ အဲဒါတွေကြည့်မယ်။ တစ်ခါ MRTV ရဲ့မူဝါဒတွေနဲ့ ဒါတွေကို လိုက်နိုင်မလိုက်နိုင် ကြည့်မယ်။ ကျွန်တော်နားလည်တာက အဲဒီမှာ ၀န်ကြီးဌာနရဲ့ Board အဖွဲ့ကလည်း ထိုင်တယ်။ ကျွန်တော်တို့ကလည်းမေးမယ်။ အသေးစိတ်စစ်ပြီးရင်တော့ နောက်ဆုံးငါးဦး ထွက်လာမှာပဲ။ အခုနောက်တစ်ဆင့် ထပ်ထည့်လိုက်တာက အဲဒါအဓိကပေါ့။ စနစ်က ပြောင်းသွားပြီဆိုတော့ ကျွန်တော်တို့က ကုမ္ပဏီတိုင်းဆိုတာထက် ကိုယ့်ငွေနဲ့ တကယ်လုပ်မယ့်သူ။ အခွန်တွေဘာတွေ ဆောင်ထားတဲ့သူ။ ဥပဒေလမ်းကြောင်းက လိုင်စင်တွေ ဘာတွေ အဲဒါတွေကို ပြန်စိစစ်တဲ့သဘော ဖြစ်သွားတယ်။ ငွေဖြူငွေမည်း ပြဿနာတွေလည်း ထိုက်သင့်သလောက်ပါလိမ့်မယ်။ 
အခွန်ဆောင်ထားသလား။ အခုမှစလုပ်မယ့်သူဆိုရင် အဲဒီငွေဘယ်ကရသလဲ။ သူ့ပိုင်ဆိုင်မှုတွေ ပြနိုင်လားစသည်ဖြင့် စိစစ်တဲ့ အပိုင်းတွေပါလာမယ်။ အဲဒါကြောင့် ဒီအဆင့်က ပိုလာတာ။ ပုံမှန်အားဖြင့်ဆို ကျွန်တော်တို့က ငွေဘယ်လောက်ထည့်နိုင်လဲ၊ သူရဲ့ စီးပွားရေး စီမံကိန်းလောက် ကြည့်လိုက်တာပေါ့။ ဒါပေမဲ့ ၀န်ကြီးဌာနက ကျတော့လည်း အဲဒီလောက်တင် မဟုတ်ဘဲ အဲဒီငွေ ဘယ်ကရသလဲ။ နိုင်ငံခြားက ငွေတွေပါလာခဲ့ရင် လက်ရှိမြန်မာနိုင်ငံ ဥပဒေတွေနဲ့ ငြိစွန်းမှုတွေ ရှိသလား။ ရှိတယ်ဆိုရင် သူတို့အခက်အခဲ။ အဲဒီလိုသဘောတွေအတွက် ကျွန်တော်တို့ နောက်တစ်ဆင့် ထည့်ခဲ့တာပေါ့။ လက်ရှိရှိနေတဲ့ ရင်းနှီးမြှုပ်နှံမှု ဥပဒေတွေနဲ့ ကိုက်ညီသလား။ ဒါတွေကို ထည့်သွင်း စဉ်းစားခဲ့တာပေါ့။ အဲဒါတွေ ပြန်စိစစ်ဖို့ဆိုတဲ့ အဆင့်လောက်ပါပဲ” ဟု Tun Group Asia လီမိတက်မှ အကြံပေးအရာရှိချုပ် ဦးချစ်ထွန်းဖေက ပြောကြားသည်။

လက်ရှိ ပဏာမ အရွေးချယ်ခံရသည့် ကုမ္ပဏီ ၁၀ ခု၏ အခွန်ထမ်းဆောင်မှုကို လတ်တလော ထုတ်ပြန်ပေးထားသည့် ၂၀၁၅ - ၂၀၁၆ စည်းကြပ်နှစ်၏ ထိပ်တန်းအခွန်ထမ်း ၁၀၀၀ စာရင်း၌ Mizzima Media ကုမ္ပဏီလီမိတက်၊ DVB Muti Media Group ကုမ္ပဏီလီမိတက်၊ Young Investment Group ကုမ္ပဏီလီမိတက်၊ Kaung Myanmar Aung ကုမ္ပဏီလီမိတက်နှင့် ကုမ္ပဏီအသစ်ဖြစ်သည့် Tikhina ကုမ္ပဏီလီမိတက်နှင့် VOIP Myanmar Group (VMG) ကုမ္ပဏီလီမိတက်၊ Bo Bo Entertainment Myanmar Group ကုမ္ပဏီလီမိတက်တို့ ပါဝင်နေမှု မရှိသော်လည်း Global Technology ကုမ္ပဏီမှ ကုန်သွယ် လုပ်ငန်းခွန်တွင် အဆင့် ၇၁၆ နှင့် ကျပ် ၆၁၈၄၃၆၉၁ ပေးဆောင်ထားပြီး Fortune International လီမိတက်မှလည်း ကုန်သွယ်လုပ်ငန်းခွန်တွင် ကျပ် ၈၅၅၂၂၂၃၂ ပေးဆောင်ထားကာ အဆင့် ၆၅၆ မှာရပ်တည်နေသည့်အပြင် ၀င်ငွေခွန်တွင်လည်း ကျပ် ၁၆၃၃၂၆၉၇၂ ပေးဆောင်၍ အဆင့် ၃၅၆ တွင်ရပ်တည်နေကာ Eleven Media Group သည် ကျပ်သန်း ၃၀၀ အောက် အခွန်ထမ်းဆောင်သူများ စာရင်းတွင် အဆင့် ၂၂၇ နေရာမှ ပါဝင်ပြီး အခွန်ထမ်းဆောင်မှု ကျပ် ၂၇၁၆၆၇၂၃၄ နှင့်ကုန်သွယ် လုပ်ငန်းခွန်တွင် ကျပ် ၂၈၀၆၅၇၄၄၅ နှင့်အဆင့် ၂၈၉ တွင်ရပ်တည်နေကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ သိရသည်။
MRTV ၏ Digiral Free-to-Air Channel ငါးခုအတွက် အထက်ဖော်ပြပါ ၁၀ ဦးကို ထပ်ဆင့်တွေ့ဆုံထားပြီး ယခုလအတွင်းပင် ငါးဦးရွေးချယ်ရန် တင်ပြမည့် အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ဦးချစ်ထွန်းဖေက ပြောကြားသည်။

လက်ရှိ ပြန်လည်ပြင်ဆင်ရန် ကြိုးပမ်းနေသည့် ရုပ်သံလွှင့် ဥပဒေမပေါ်ပေါက်မီ ရုပ်သံဖွံ့ဖြိုးရေးအတွက် ပုဂ္ဂလိကလုပ်ငန်းရှင်များကို MRTV ၏လိုင်း ၁၆ ခုအနက်မှ ငါးခုကို New Content Provider များကို လုပ်ကိုင်ခွင့်ပြုရန် ပြန်ကြားရေး ၀န်ကြီးဌာနမှ ခွင့်ပြုခဲ့ခြင်းဖြစ်သည်။ ထုတ်လွှင့်ခအဖြစ် ရုပ်သံလိုင်းတစ်ခုလျှင် လစဉ်ကြေး တစ်လကျပ်သိန်း ၂၀၀ ကို ရုပ်သံလိုင်း ထုတ်လွှင့်ခွင့် ရရှိသူငါးဦးက ပေးသွင်းရမည်ဖြစ်ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေးက ပြောကြားထားသည်။ 

Writer:
ဖြိုးဝေ
....
Nay Htun NaingFollow
14 hrs
■ မှန်တယ်ထင်ရင် ဆက်လုပ်ကြပေါ့ 
ကျနော် Eleven မှာ လုပ်စဉ်အခါက အခု ပြောနေကြတဲ့ ရုပ်သံလိုင်းသစ် ခွင့်ပြုမှုနဲ့ ဆက်စပ်ပြီး နေပြည်တော်မှာ လုပ်တဲ့ အလုပ်ရုံ ဆွေးနွေးပွဲ နှစ်ကြိမ် တက်ခဲ့ဖူးတယ်။ ပထမ တကြိမ်မှာ ပြန်ဝန် ဒေါက်တာ ဖေမြင့် တက်တယ်။ အခု မရှိတော့တဲ့ အတွင်းဝန် ဦးတင့်ဆွေက ဦးဆောင်ရှင်းတယ်။ ဒုတိယ တကြိမ်မှာ ဦးတင့်ဆွေ မရှိတော့ဘူး။ ဦးမြင့်ထွေး ဦးဆောင်ပြီး ရှင်းတယ်။ အခု အောက်မှာ ပြောမယ့် စကားတွေဟာ အဲဒီ အလုပ်ရုံဆွေးနွေးပွဲ နှစ်ကြိမ်လုံးအပြင် မီဒီယာတချို့မှာလည်း
တရားဝင် ပြောခဲ့ပြီး ဖြစ်တယ်။ အခု ထပ်ပြောပါမယ်။
၁) အစောပိုင်းမှာ ကတည်းက လက်ရှိ ရေးဆွဲထားတဲ့ ရုပ်သံ ဥပဒေဟာ လွတ်လပ်ပြီး အမှီအခိုကင်းတဲ့ ပုဂ္ဂလိက ရုပ်သံ မီဒီယာတွေ ပေါ်ထွက်မှာကို အားပေးခြင်း မရှိဘူး။ ခရိုနီ၊ အစိုးရနဲ့ တပ်ပိုင် မီဒီယာတွေ ပိုပြီး ရှင်သန် ကြီးထွားစေဖို့၊ သူတို့ကပဲ ဦးဆောင်ထားတဲ့ ဈေးကွက် လက်ဝါးကြီး အုပ်မှုကို ဆက်ပြီး ဖြစ်စေမယ်။ ဒါကြောင့် ဥပဒေကို ပြင်ရမယ်။ 
၂) ရုပ်သံဥပဒေကို ပြင်ဖို့ အများကြီး မလိုဘူး။ အဓိက အချက်လေးချက်ပဲ ရှိတယ်။ ပထမ တစ်ချက်က အုပ်ချုပ်မှုပိုင်းနဲ့ စီမံခန့်ခွဲမှု လုပ်ပိုင်ခွင့်ဆိုင်ရာ Body နှစ်ခု ဖြစ်နေတာကို (ကောင်စီတစ်ခုတည်းက ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့) Body တစ်ခုတည်း ဖြစ်အောင် ပြင်ရမယ်။ ဒုတိယ တစ်ချက်က လေလှိုင်း ကန့်သတ်ချက်ကို ပြင်ရမယ်။ လက်ရှိ အခြေအနေအရ လေလှိုင်း ၇၅ ရာခိုင်နှုန်းလောက်ကို လုပ်ပိုင်ခွင့် ရထားပြီးသား လူတွေက ယူထားတယ်။ အသစ် ၀င်လာမယ့် သူတွေအတွက် နေရာမရှိဘူး။ ဒီကြားထဲမှာပဲ ၀န်ကြီးဌာန တစ်ခုချင်းစီကလည်း စိတ်ပါရင် ရုပ်သံလိုင်း ထောင်လို့ ရနေသေးတယ်။ တစ်ဖက်မှာကလည်း ပြန်ကြားရေး ၀န်ကြီးဌာနက ပြည်သူ့ ဘဏ္ဍာသုံးပြီး သတင်းစာနဲ့ ရုပ်သံအင်ပါယာကို ချုပ်ကိုင်ထားတယ်။ တတိယအချက်က လိုင်စင်ချထားပေးမှုမှာ categories ခွဲရမယ်။ တစ်ဦးတယောက်ထဲကို အကုန် လုပ်ပိုင်ခွင့် ပေးထားတာမျိုး ရှောင်ရှားရမယ်။ နောက်ဆုံးအချက်က သတင်းကို ကျွမ်းကျင်တဲ့ ပုဂ္ဂလိက သတင်းစာတွေ ရုပ်သံနယ်ထဲ ၀င်မလာနိုင်အောင် တားဆီးထားတဲ့ Cross Ownership ကို သင့်တင့်ပြီး အများ လက်ခံနိုင်တဲ့ ပုံစံ ဖြစ်အောင် လုပ်ပေးရမယ်။ ဒါလုပ်မှ လွတ်လပ်ပြီး အမှီအခိုကင်းတဲ့ ပုဂ္ဂလိက မီဒီယာတွေ အားကောင်စေဖို့ ဖန်တီးပေးရာ ရောက်မယ်။ 
၃) အလုပ်ရုံ ဆွေးနွေးပွဲ နှစ်ရပ်မှာ ဥပဒေပြင်ဖို့ ဆွေးနွေးတဲ့အခါ ဖော်ပြပါ လေးချက်အပြင် နောက်ထပ် နှစ်ချက်၊ သုံးချက်။ ပေါင်းလိုက်ရင် ပြင်ဖို့အတွက် ဘုံသဘောတူတဲ့ အချက် ခြောက်ချက်၊ ခုနစ်ချက် ထွက်လာတယ်။ ဒါကို ပြင်မယ် ဆိုရင် အချိန် သိပ်ယူစရာမလိုဘူး။ သုံးလေးလအတွင်း ပြီးတယ်။ ဒါပေမဲ့ ၂၀၁၆ ခုနှစ် မေက စပြီး အခုချိန်ထိ ဥပဒေပြင်ဆင်ရေး ဘယ် အဆင့်ရောက်နေပြီလဲ ဆိုတာ မသိရသေးဘူး။ နောက်ဆုံးတကြိမ် တွေ့ချိန်မှာ မေးတော့ ရှေ့နေချုပ်ရုံး ရောက်နေပြီ ပြောတယ်။ လွှတ်တော်ကို ဘယ်အချိန် ရောက်မလဲ၊ ဘယ်တော့ ပြင်ပြီးမလဲ၊ နည်းဥပဒေ ရေးဆွဲပြီးမလဲ ဆိုတာလည်း ဘယ်သူကမှ တာဝန်ခံပြီး သေသေချာချာ ရေရေရာရာ အတိအကျ ရှင်းပြတာမျိုး မတွေ့ရသေးဘူး။ 
၎) အဲဒီကြားကာလမှာပဲ ပုဂ္ဂလိက ရုပ်သံလိုင်းငါးလိုင်း ကိစ္စ ဖြစ်လာတယ်။ (ဘာကြောင့် ဒါကို လုပ်သလဲ စဉ်းစား မရခဲ့ဘူး။ အငြင်းပွားမှုကင်းပြီး တန်းတူယှဉ်ပြိုင်ခွင့် အရ ဥပဒေနဲ့ အညီ လုပ်နိုင်ဖို့ ရုပ်သံ ဥပဒေကို ပြင်ဆင်၊ နည်းဥပ​ဒေကို တချိန်​တည်း​ရေး၊ ​တပြိုင်​တည်း လုပ်​ရင်​ အချိန်ခြောက်လ လောက်ပဲ ကြာနိုင်ချိန်မှာ အချိန် ဆယ်လကျော် တစ်နှစ်နီးပါး ကြာနိုင်တဲ့ ကြားကာလ ရုပ်သံလိုင်း ငါးလိုင်း စိစစ်ခွင့်ပြုမယ့် အစီအစဉ် လုပ်တာကို နားမလည် နိုင်ခဲ့ဘူး။ ကြားကာလ အစီအစဉ်အတိုင်း လုပ်ရင် အငြင်းပွားမှု ဖြစ်မယ် ဆိုတာလည်း ကြို သိတယ်) ကြားကာလ အစီအစဉ်အတွက် စည်းမျဉ်းတွေ ကလည်း အငြင်းပွားစရာတွေ ချည်းပဲ။ ဒီထဲကမှ ဒါကို စီစဉ်တဲ့ အခါ ဘာကြောင့် သတင်းမီဒီယာ လုပ်ကိုင်နေသူတွေကို ဦးစားမပေးသလဲ ဆိုတဲ့ မေးခွန်း မေးဖူးတယ်။ အားလုံးကို တန်းတူ ယှဉ်ပြိုင်ခွင့် ပြုတာပါတဲ့။ တကျပ် ရှိသူလည်း ၀င်လျှောက်၊ တသိန်းရှိသူလည်း ၀င်လျှောက် စည်းမျဉ်းနဲ့ ကိုက်ညီရင် ပေးမယ်ဆိုတဲ့ ပုံစံ ဖြစ်တယ်။ (ဒီနေရာမှာ ဆိုက္ကားနင်းသူလည်း ဖုန်းဘီလ် အခွန် ငါးရာခိုင်နှုန်းဆောင်၊ ဒေါ်လာသန်းချီ ၀င်ငွေရှိတဲ့ သူဌေးကြီးလည်း ဖုန်းဘီလ် အခွန် ငါးရာခိုင်နှုန်းဆောင်ဆိုတဲ့ သာတူညီမျှ ပုံစံမျိုးကို တန်းတူရေးလို့ ကျနော် လက်မခံဘူး) ဘာကြောင့် ဒါကို မေးရသလဲဆိုရင် နဂိုကမှ ခရိုနီ၊ အစိုးရနဲ့ တပ်ပိုင် မီဒီယာတွေ လက်ဝါးကြီး အုပ်ထားတဲ့ ရုပ်သံဈေးကွက်ထဲကို နောက်ထပ် ခရိုနီတွေ ထပ် မ၀င်စေဖို့ရာ ပြင်ဆင်သင့်တယ် ထင်လို့ ပြောခဲ့တာ ဖြစ်တယ်။ အဲဒီအချိန်ထဲက ငွေကြေး တတ်နိုင်သူတွေ၊ သတင်း မီဒီယာနဲ့ စိမ်းတဲ့ သူတွေ ရုပ်သံလောကထဲ ၀င်လာတော့မယ် ဆိုတာ ကြိုသိနှင့်ခဲ့တယ်။ ဒါကြောင့် ဒါကို ဆင်ခြင်ဖို့ရာ ပြောပေတဲ့ မပြင်ဘဲ ဆက်သွားတဲ့အခါ ကနေ့ထွက်လာတဲ့ ဆုံးဖြတ်ချက်လို ငါးဦးမှာ နှစ်ဦးကပဲ သတင်းကျွမ်းကျင်တဲ့ မီဒီယာ ဖြစ်တယ်ဆိုတဲ့ အငြင်းပွားမှု ထွက်လာခဲ့တာပဲ။ 
၅) မျှတတဲ့ဈေးကွက် ဖြစ်ဖို့ဆိုရင် ရုပ်သံဥပဒေကို အမြန်ပြင်၊ အခွင့်ထူးခံလို ဖြစ်နေသူတွေကို လုပ်ပိုင်ခွင့် လျော့ချပေးဖို့ပဲ ဖြစ်တယ်။ မဟုတ်ဘဲ ဒီအတိုင်း ဆက်သွားနေသရွေ့ တန်းတူညီမျှမှု ရှိပြီး မျှတတဲ့ ယှဉ်ပြိုင်မှု ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး။ ဒီကိစ္စမှ မဟုတ်ဘူး။ ဘယ်ကိစ္စမဆို ဒေဝေါကြီးနဲ့ ခြိမ်းခြောက်၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို မပြင်နိုင်သမျှ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး ဆိုသလို အကြောသေ အရိုးကျနေတဲ့ အကျင့်ဟောင်းတွေကို မပြင်နိုင်ရင်လည်း ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး။ တကယ်တော့ မပြင်နိုင်တာတွေ အသာထားပြီး ပြင်စရာ ရှိတာ ပြင်ရမယ်။ ဒီလို ပြင်တဲ့အထဲ ရုပ်သံဥပဒေ ထိပ်တန်းမှာ ရှိနေရမယ်။ ပေါ့စေလိုလို့ ကြောင်ရုပ်ထိုးခါမှ ဆေးကြောင့် ပိုလေးရတယ်ဆိုတဲ့ ပုံစံ မဖြစ်သင့်ဘူး။ ပြင်ကိုပြင်ရမယ့်၊ ပြင်ဖို့လည်း သဘောတူထားတဲ့ ရုပ်သံဥပဒေကို အမြန်ဆုံး မပြင်ဘဲ အခု ကြားခံ အစီအစဉ် ထပ်ရသူ ငါးဦး အပါအ၀င် အရင် လူတွေနဲ့ပဲ နောက်နှစ်တွေမှာ ဆက်လုပ်နေမယ် ဆိုရင် သံသယ အကျိုးခံစားခွင့်ဟာ စွပ်စွဲသူတွေဘက်မှာပဲ ရှိနေပါလိမ့်မယ်။ 
၆) အရေးကြီးဆုံးနဲ့ နောက်ဆုံးအချက်က အခုဖြစ်စဉ်ဟာ အများ မျှော်လင့် ထားသလို မဖြစ်ခဲ့ဘူးဆိုရင် အစိုးရက ချုပ်ကိုင်တဲ့ လုပ်ငန်းတွေမှာ Third Party သုံးပြီး မျှမျှတတ ဥပဒေ စည်းမျဉ်း စည်းကမ်းတွေနဲ့ လုပ်ပါတယ်ဆိုတဲ့ ပြယုဂ် ပျက်စီးသွားမှာပဲ ဖြစ်တယ်။ Third Party သုံးပြီး လုပ်လည်း ဘာ ထူးမှာလဲ၊ ထူးမခြားနားပဲ ဖြစ်နေတယ်ဆိုတဲ့ အများအမြင်က အုပ်စိုးသူတွေရဲ့ ပုံရိပ်ကို ထိခိုက်စေမှာပဲ ဖြစ်တယ်။ 
ဘာပဲ ဖြစ်ဖြစ်၊ မှန်တယ် ထင်ရင် ဆက်လုပ်ကြပေါ့။ လူထုက ဆုံးဖြတ်ပါလိမ့်မယ်။ အုပ်စိုးသူများအတွက် စေတနာစကား ပြောစရာ အကြောင်းလည်း မရှိပါ။
(အောက်က ဇယားက စနစ်တကျ မဟုတ်ဘဲ မြင်သာထင်သာ ရှိအောင် ဖော်ပြ ထားတဲ့ မြန်မာမီဒီယာ အင်ပါယာ အကြောင်း ဖော်ညွှန်းချက် ဖြစ်တယ်။ အဲဒါကို ၂၀၁၅ ခုနှစ် မေလတုန်းက Weekly Eleven မှာ ရေးခဲ့တဲ့ " စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ အထိမ်းအမှတ် ပေးတဲ့ မေတ္တာစာ" ဆောင်းပါးမှာ ဖော်ပြခဲ့တယ်။ အဲဒီဆောင်းပါးကို ဒီမှာ https://web.facebook.com/ElevenMediaGroup/posts/1029178487119774 ဖတ်နိုင်တယ်)




Share

Twitter Delicious Facebook Digg Stumbleupon Favorites More