https://youtu.be/dDdVsAeb5sc?si=QUjCgcJVxiA4PSTk
သတင္းသမားတဦးရဲ့ အေတြးအျမင္မ်ား
https://youtu.be/dDdVsAeb5sc?si=QUjCgcJVxiA4PSTk
https://youtu.be/a7IqYqpRDiA?si=yWz3VNDKR1L1-e1e
“ရက် ၁၀၀ ပြည့်သွားပေမယ့် ရဲဝင်းဦးက မကျေပွဲ ဆက်နွဲချင်နေပုံ ရတယ်” - ဆလိုင်းယောအောင် (စစ်ရေး - နိုင်ငံရေး လေ့လာသုံးသပ်သူ)
(၃၁ ဇူလိုင် ၂၀၂၆) “မင်းအောင်လှိုင်နဲ့ ရဲဝင်းဦးတို့ရဲ့ ရက် ၁၀၀ စီမံကိန်းက မအောင်မြင်ပါဘူး။ ဒါပေမယ့် ရဲဝင်းဦးက အရှုံးကို လက်မခံနိုင်လို့ မကျေပွဲ ဆက်နွဲချင်နေပုံ ရတယ်” လို့ စစ်ရေး - နိုင်ငံရေး လေ့လာသုံးသပ်သူ ဆလိုင်းယောအောင်က ပြောပါတယ်။ ဒီနေ့ ဇူလိုင် ၃၁ မှာ ရက် ၁၀၀ ပြည့်သွားတဲ့ မင်းအောင်လှိုင်နဲ့ ရဲဝင်ဦးတို့ရဲ့ နိုင်ငံရေး- စစ်ရေးထိုးစစ်တွေ မှန်းချက်နဲ့ နှမ်းထွက်ကိုက်ရဲ့လား... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။ အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ... - ရက် ၁၀၀ စီမံကိန်း ဘာတွေအောင်မြင်ပြီး ဘာတွေ ဆုံးရှုံးခဲ့သလဲ... - ချင်းပြည်နယ်တောင်ပိုင်း၊ ရခိုင်ပြည်နယ်ထိုးစစ်မှာ စစ်ကောင်စီရဲ့ ရက် ၁၀၀ စီမံကန်း နောက်ပြန်လှန်ကျခဲ့လေသလား... - ထိုင်းနယ်စပ်နဲ့ ကချင်ဖက်က ရက် ၁၀၀ စီမံကိန်းကော ဘယ်လောက်အထိ ရလာာဒ်ထွက်ခဲ့သလဲ... - ရက် ၁၀၀ နောက်ပိုင်း စစ်တပ်က ဘာဆက်လုပ်မှာလဲ... ဗုံးကြဲတာပဲ ဆက်လုပ်ဦးမှာလား... - ရက် ၁၀၀ အလွန် စစ်တပ်ရဲ့ စစ်ရေး-နိုင်ငံရေး ထိုးစစ်သစ်အတွက် တော်လှန်ရေး အင်အားစုတွေ ဘာတွေ ပြင်ဆင်ထားသင့်သလဲ... ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
https://youtu.be/3UBtJZvmBdc?si=lnYrhOE1oYDK9kMs
“ဝရမ်းထုတ်တာ အမှန်ဖြစ်တယ်၊ ဗိုလ်မုတ်သုန်ကို တကယ်ဖမ်းမှာဖြစ်တယ်” - စတီဗင် စန်းယု (ထိုင်းနိုင်ငံအရေး ကျွမ်းကျင်သူ)
(၃၀ ဇူလိုင် ၂၀၂၆) “BGF ခေါင်းဆောင်တဦးဖြစ်သူ ဗိုလ်မုတ်သုန်ကို ထိုင်းတရားရုံးက ဖမ်းဝရမ်းထုတ်တာ အမှန်ဖြစ်တယ်၊ တကယ်ဖမ်းမယ်လို့ သိထားရပါတယ်” လို့ ထိုင်းနိုင်ငံအရေး ကျွမ်းကျင်သူ စတီဗင် စန်းယုက ပြောပါတယ်။ စစ်ကောင်စီရဲ့ မဟာမိတ် ကရင်နယ်ခြားစောင့်တပ် BGF တပ်မှူးတဦးဖြစ်သူ ဗိုလ်မုတ်သုန်ကို ထိုင်းတရားရုံးက ဖမ်းဝရမ်းထုတ်တာ တကယ်လား၊ ကရင်နယ်မြေထဲအထိ ဝင်ဖမ်းမှာလား... စသဖြင့် BNN သတင်းဌာနာက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။ အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ... - ဗိုလ်မုတ်သုန်ကို ဖမ်းဝရမ်းထုတ်တာ အတည်ပြုနိုင်ပြီလား... - ထိုင်းထဲလာရင် ဖမ်းမှာလား... ကရင်နယ်မြေထဲအထိ ဝင်ဖမ်းမှာလား... - ဒီလိုဖမ်းဝရမ်းထုတ်ရေးမှာ FBI ရဲ့ အခန်း ဘယ်လောက်အရေးကြီးသလဲ... - နယ်စပ်တလျောက်က ကျားဖြန့်စခန်းတွေကို စစ်တပ်က ဝင်စီးပြီး မီးရှိုပြနေတဲ့ လုပ်ရပ်တွေကို ထိုင်းနဲ့ FBI က အယုံအကြည်မရှိဘူးလား.... - ဒီလို ပြသာနာမျိုးစုံကြားမှာ မင်းအောင်လှိုင် ဘန်ကောက်လာခြင်းက ကောင်းသောလာခြင်းဖြစ်နိုင်ပါ့မလား... ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
https://youtu.be/1Lzfq7PKiSk?si=4K7p69tMogroi8wY
ဆော တိုက်ပွဲ စစ်သား ၉ ဦး ဖမ်းမိ... လက်နက် ၁၀ ကျော်သိမ်းမိ...အပါဝင် နောက်ဆုံးရ တိုက်ပွဲသတင်းများ...
(၂၉ ဇူလိုင် ၂၀၂၆) - မကွေးတိုင်း၊ လောင်းရှည်မြို့နယ်ဖက်ကနေ ချင်းပြည်နယ်အစပ် ဆောမြို့နယ်ဖက် တက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ရာမှာ စစ်တပ်ဖက်က သေဆုံးသူများ၊ ၉ ဦးကို လက်ရဖမ်းမိ၊ လက်နက်မျိုးစုံ ၁၀ ကျော် သိမ်းမိ... - နတ်မောက်-မြို့သစ်လမ်းပိုင်းပေါ် တော်လှန်ရေးတပ်တွေ စစ်ဆေးရေးလုပ်နေစဉ် ရဲကားတစီးရောက်လာပြီး ရပ်မပေးပဲ မောင်းပြေးတဲ့အတွက် ပစ်ခတ်ရာကနေ ရဲတဦးသေဆုံး၊ တဦးဒဏ်ရာရ၊ ခဲယမ်းအချို့ သိမ်းမိ... - မြဝတီမြို့နယ်က DKBA ပိုင် ကျောက်ခတ်စခန်းမှာ ကျားဖြန့်ဆောင်ရွက်နေသူ ၇၇၇ ဦးကို ဝင်ရောက်စီးနင်း ဖမ်းဆီးနိုင်ခဲ့တယ်လို့ စစ်ကောင်စီ ဝါဒဖြန့်ချာနယ်တွေက ဖေါ်ပြ... ... ဒီသတင်းတွေအပါဝင် နောက်ဆုံးရ တိုက်ပွဲသတင်းတွေကို စုစည်းတင်ပြထားပါတယ်။
https://youtu.be/M2IPxo-1MOo?si=aZy-evxmWEBGXG7u
မြဝတီမြို့နယ်တိုက်ပွဲ စစ်သား ၆ ဦး လက်နက်ချ... စလင်းမြို့နယ် တိုက်ပွဲ စစ်သား ၅ ဦးသေ... နောက်ဆုံးရ တိုက်ပွဲသတင်းများ... (၂၈ ဇူလိုင် ၂၀၂၆)
https://youtu.be/ILMpSExca30?si=AhywYR7bslKi3yoF
“စစ်ကောင်စီလွှတ်တော်ရဲ့ ခြိမ်းခြောက်မှုက အာဆီယံခေါင်းဆောင်တွေကို စိတ်ဆိုးစေပါတယ်” - ဦးဝင်းမင်း (အာဆီယံအရေး လေ့လာသုံးသပ်သူ)
(၂၇ ဇူလိုင် ၂၀၂၆) “အာဆီယံ မူ ၅ ချက်ကို ပယ်ချမယ်ဆိုတဲ့ စစ်ကောင်စီလွှတ်တော်ရဲ့ ခြိမ်းခြောက်မှုက အာဆီယံခေါင်းဆောင်တွေကို စိတ်ဆိုးစေပါတယ်၊ ဒါကြောင့် ဒီမူ ၅ ချက်ကို တချက်ခြင်း အကောင်ထည်ဖေါ်ဖို့ လက်တွေ့ ပြင်ဆင်လာနေတာဖြစ်တယ်” လို့ အာဆီယံအရေး လေ့လာသုံးသပ်သူ ဦးဝင်းမင်းက ပြောပါတယ်။ မနီလာမှာကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းဝေးအပြီး မြန်မာနိုင်ငံအပေါ် ဘယ်လိုဖိအားပေး အရေးမှူတွေရှိလာနိုင်သလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။ အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာ... - မြန်မာ့အရေးကိုင်တွယ်မယ့် အာဆီယံ အထူးကိုယ်စားလှယ်ခန့်အပ်ရေး မကြာခင် ဖြစ်လာနိုင်သလား... - အမေရိကန်နဲ့ နိုင်ငံကြီးတွေက အာဆီယံအစည်းဝေးအတွင်း မြန်မာ့အရေးအပေါ် ဝေဖန်ချက်မပြောတာ ဘာကြောင့်လဲ... - ထိုင်းနိုင်ငံက တဖက်မှာ မင်းအောင်လှိုင်ကို ဖိတ်ခေါ်ပြီး... တဖက်မှာ အာဆီယံမူ ၅ ချက် အကောင်ထည်ဖေါ်ရေးကို ဘယ်လို ဆောင်ရွက်မှာလဲ... - ထိုင်းနိုင်ငံ ရင်ဆိုင်နေရတဲ့ မြန်မာနယ်စပ်ပြသာနာကို SCEF က ဘယ်လိုကူညီဖြေရှင်းပေးနိုင်မလဲ... ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
https://youtu.be/TCuema0pOPY?si=QP49_y5DtXfsg4xy
https://youtu.be/2hCtZa4Mjbk?si=8EHolCTkMMYcCR4l
https://youtu.be/HkNTF1AP5Ys?si=hEvxpIwenqz2KNYN
https://youtu.be/aXlqfQwrgjE?si=czBdbOulZD_cY7dO
“စစ်ကောင်စီဝန်ကြီး အာဆီယံတက်ခွင့်ရရေးက ပြန်ဝေးသွားပြီလို့ ပြောရမယ်” - ဦးဝင်းမင်း (အာဆီယံအရေး လေ့လာသုံးသပ်သူ)
(၂၄ ဇူလိုင် ၂၀၂၆) “ဘန်ကောက်အစည်းဝေးကျင်းပစဉ်က စစ်ကောင်စီဖက်မှာ အခြေနေတိုးတက်မှုရှိပေမယ့် အာဆီယံမူ ၅ ချက်ကို လက်မခံနိုင်ဘူးဆိုပြီး စစ်ကောင်စီလွှတ်တော်က ပယ်ချလိုက်ပြီးနောက် အာဆီယံအစည်းဝေးတက်ခွင့်ရရေးဆိုတာ ပြန်ဝေးသွားပြီလို့ ပြောရမယ်” လို့ အာဆီယံအရေး လေ့လာသုံးသပ်သူ ဦးဝင်းမင်းက ပြောပါတယ်။ မနီလာမှာကျင်းပနေတဲ့ အာဆီယံ အစည်းဝေးဆီ စစ်ကောင်စီဝန်ကြီး ဘာကြောင့် တက်ခွင့်မရသလဲ၊ အာဆီယံက ဘာတွေ ဆက်လုပ်ဖို့ရှိသလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။ အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ... - စစ်ကောင်စီ လွှတ်တော်ရဲ့ ခြိမ်းခြောက်မှုအပေါ် အာဆီယံက အတော်တင်းသွာသလား... - ဘရူနိုင်းကတင်သွင်းတဲ့ မူ ၅ ချက်ကို ဘယ်လို အကောင်ထည်ဖေါ်မှာလဲ... - မြန်မာ့အရေးကိုင်တွယ်မယ့် အာဆီယံ အထူးကိုယ်စားလှယ်ခန့်အပ်ရေး ဒီနှစ်ထဲ တကယ်ဖြစ်လာနိုင်သလား... ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။ (အာဆီယံက မူ ၅ ချက်အတိုင်း ဆက်သွားနေချိန်မှာ ထိုင်းအစိုးရက မင်းအောင်လှိုင်ကို ဘာကြောင့်ဖိတ်တာလဲ၊ လူသားစာနာအကူအညီ ပေးနိုင်မယ့်အလားအလာ ဘယ်လိုရှိသလဲ... အကြောင်းအရာတွေပါဝင်တဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ဖို့ စီးစဉ်ထားပါတယ်)
https://youtu.be/w7XVS5FnFBQ?si=XimpX78Iwcaq3qlz
ဖားပွန်ခရိုင်တိုက်ပွဲ စစ်ကောင်စီ တပ်ရင်းမှူး ဒဏ်ရာရ... ရွှေကူတိုက်ပွဲ စစ်တပ် ဒရုံးအဖွဲ့ လက်နက်ချ... နောက်ဆုံးရ တိုက်ပွဲသတင်းများ... (၂၃ ဇူလိုင် ၂၀၂၆)
https://youtu.be/L1FJp5SQ0Xo?si=cejXJ8_3yaVOf6_A
ကန့်ဘလူ တိုက်ခိုက်မှု စစ်သား ၂ ဦးသေ... ဗုံးကြဲတာရပ်ရေး ဖိအားပေးဖို့ SCEF က အာဆီယံဆီတောင်းဆို... နောက်ဆုံးရ တိုက်ပွဲသတင်းများ...
(၂၂ ဇူလိုင် ၂၀၂၆) - ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့ထဲ ဆိုင်ကယ်နဲ့ ဝင်လာတဲ့ ရဲနဲ့ ပျူစောထီး ၂ ဦးကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ရာမှာ ၂ ဦးစလုံးသေဆုံးပြီး သေနတ် ၂ လက် သိမ်းမိ... - အင်းတော်မြို့နယ်ရှိ မဲဇာနဲ့ နန့်သဲရွာတွေအထိ စစ်ကြောင်းထိုးခဲ့တဲ့ စစ်ကောင်စီတပ်ဟာ ဇူလိုင် ၁၈ ရက်မှာ တန်ပြန်ဆုတ်ပြီး အင်းတော်ဗျူဟာဖက် ပြန်သွား... - တမူးခရိုင်အတွင်း တိုက်ပွဲပြင်းထန်လာတဲ့အတွက် ဒေသခံပြည်သူတွေ ဘေးကင်းရာဆီ ယာယီပြောင်းရွေ့နေထိုင်ကြဖို့ သတိပေး... - ဘုံသဘောတူညီချက် ၅ ချက်ကို မလိုက်နာတဲ့ အာဏာသိမ်းအစိုးကို ပိတ်ဆို့အရေးယူမှုတွေ ဆက်လုပ်ဖို့ SCEF က အာဆီယံထံ တောင်းဆို... ... စတဲ့ သတင်းတွေအပါဝင် နောက်ဆုံးရ တိုက်ပွဲသတင်းတွေကို စုစည်းတင်ပြထားပါတယ်။
https://youtu.be/DYRQjr5QAb4?si=bUGNfZemYF3Qk8E4
ငြိမ်းချမ်းရေးဆွေးနွေးမယ်ပြောပြီး ဗုံးကြဲနေတဲ့ စစ်တပ်ကို AA မေးခွန်းထုတ်... အပါဝင် နေက်ဆုံးရ တိုက်ပွဲသတင်းများ...
(၂၁ ဇူလိုင် ၂၀၂၆) - ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေး ပျူ-စခန်းကနေ ထွက်လာတဲ့ စစ်တပ်နဲ့ ပျုစောထီးအဖွဲ့ကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ရာမှာ စစ်သား ၄ ဦးသေပြီး သေနတ်တလက်သိမ်းမိ... - ရခိုင်ပြည်နယ်အတွင်း ရေကြီးလို့ ဒေသခံတွေ ဒုက္ခရောက်နေစဉ်မှာ စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတဲ့အတွက် မအီ၊ သံတွဲနဲ့ ပုဏ္ဏားကျွန်းမြို့က ရွာသား (၅) ဦးသေဆုံးပြီး ၂၆ ဦးဒဏ်ရာရ... - ၁၀၂၇ စစ်ဆင်ရေးအတွင်း AA နဲ့အတူ လက်တွဲပါဝင်ခဲ့တဲ့ မြောက်ပိုင်းညီနောင် မဟာမိတ်အဖွဲ့ဝင် တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က အာဏာသိမ်းအစိုးရရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နဲ့ နေပြည်တော်မှာ ဆွေးနွေး... - “အရေးကြီးရင် သွေးနီးမယ့် ညီအကိုများ” လို့ ခေါင်းစဉ်တပ်ထားတဲ့ KNLA ဗျုဟာမှူး ဗိုလ်ဒါးဘောနဲ့ KNDF ဒု စစ်ဦးစီးချုပ် မာဝီတို့ရဲ့ပုံ ဆိုရှယ်မီဒီယာမှာ ရှယ်သူများနေ... ... စတဲ့ သတင်းတွေအပါဝင် နောက်ဆုံးရ တိုက်ပွဲသတင်းတွေကို စုစည်းတင်ပြထားပါတယ်။
https://youtu.be/LJpoU5cgod8?si=OQEM2O8qnefTIgPK
“စစ်တပ်နဲ့ တွေ့ဆုံဆွေးနွေးရေး မလုပ်ချင်ဘူးဆိုရင် အနိုင်တိုက်မှ ရမယ်” - ဆလိုင်းယောအောင် (စစ်ရေး - နိုင်ငံရေး လေ့လာသုံးသပ်သူ)
https://youtu.be/lX0Hq0y1GaI?si=V6-J9kh5pHgqmcQS
စောဘောကျော်ဟဲ KNLA စစ်ဦးစီးချုပ်ဖြစ်လာ...အပါဝင် နောက်ဆုံးရ တိုက်ပွဲသတင်းများ...
(၁၉ ဇူလိုင် ၂၀၂၆) - အင်းတော်ကြီးဒေသရှိ SNA နဲ့ စစ်တပ်စခန်းကို KIA သိမ်းပိုက်၊ လက်နက်အချို့ သိမ်းမိ... - ကန့်ဘလူမြို့နယ်တိုက်ပွဲ စစ်သား ၅ ဦးသေ၊ သေနတ် ၂ လက်သိမ်းမိ... - ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်- KNLA ရဲ့ စစ်ဦးစီးချုပ်အဖြစ် ဒုတိယ ဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲကို KNU ဗဟိုက အတည်ပြု ခန့်အပ်... ... စတဲ့ သတင်းတွေအပါဝင် နောက်ဆုံးရ တိုက်ပွဲသတင်းတွေကို စုစည်းတင်ပြထားပါတယ်။
https://youtu.be/Z1KdbJnwUyw?si=I7HZYEKy3PfsYCiY
“ရုရှားနဲ့တရုတ် ကူတာအပြင် တော်လှန်ရေးအဖွဲ့တွေ ရည်မှန်းချက် မပြတ်သားတာလည်း ပါတယ်” - ဦးဇော်မိုးကျော် (နိုင်ငံရေး လေ့လာသုံးသပ်သူ)
(၁၈ ဇူလိုင် ၂၀၂၆) “၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်းမှာ ရုရှားနဲ့ တရုတ်က ကူလို့ မြန်မာစစ်တပ် ခေါင်းပြန်မော့သွားတယ်ဆိုပေမယ့် တော်လှန်ရေးအဖွဲ့ ရည်မှန်းချက် မပြတ်သားတာလည်းပါတယ်” လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးဇော်မိုးကျော်က ပြောပါတယ်။ ရုရှားစစ်တပ်နဲ့ မြန်မာစစ်တပ် နေပြည်တော်မှာ ပူးတွဲစစ်ရေးလေ့ကျင့်မှုက ဘာတွေထူးသလဲ၊ ရုရှားနဲ့ တရုတ်ကူလို့ မြန်မာစစ်တပ် ခေါင်းပြန်ထောင်လာတယ်ဆိုတာ ဟုတ်သလား... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။ အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ... - ရုရှားနဲ့ မင်းအောင်လှိုင်စစ်တပ် ပူးတွဲစစ်ရေးလေ့ကျင့်မှုက ဘာသဘောလဲ... - ရုရှားနဲ့ တရုတ်က ကူညီလိုက်လို့ မင်းအောင်လုှိုင် စစ်တပ် ခေါင်းပြန်ထောင်သွားတယ်ဆိုတာ ဟုတ်ပါသလား... - တော်လှန်ရေးအဖွဲ့တွေ ရည်မှန်းချက် မပြတ်သားဘူးဆိုတာ ဘာကို ပြောတာလဲ... - နည်းပညာခေတ်ကို အမီလိုက်နိုင်ဖို့ တော်လှန်ရေးခေါင်းဆောင်တွေ ဘာတွေ ဆောင်ရွက်သင့်သလဲ... ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
https://youtu.be/eG2yiO-mVQ0?si=X7ZrIm2Kqw3cmFUi
မင်းလက်ပံတိုက်ပွဲ စစ်ကောင်စီ စစ်ကြောင်းတခုလုံးပြုတ်... ဆိပ်ဖြူတိုက်ပွဲ ရဲကွန်မန်ဒိုတွေ သေဆုံးမှုများ... နောက်ဆုံးရ တိုက်ပွဲသတင်းများ...
(၁၇ ဇူလိုင် ၂၀၂၆) - မြဝတီမြို့တောင်ဖက်ရှိ မင်းလက်ပံ- ဖလူးဒေသဆီ ထပ်မံထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ကို KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ပေါင်းစုက တိုက်ခိုက်ချေမှုန်းရာမှာ စစ်ကြောင်း တခုလုံးနီးပါး သေဆုံးပြီး သုံ့ပန်း ၄ ဦး ဖမ်းမိ... - ချောက်မြို့ကနေ ဆိပ်ဖြူ-ဆောလမ်းအတိုင်း ဝင်လာတဲ့ ရဲကွန်မန်ဒိုစစ်ကြောင်းရဲ့ စစ်ကား ၂ စီးကို တော်လှန်ရေးတပ်တွေက မိုင်းဆွဲတိုက်ခိုက်ရာမှာ စစ်သား ၅ ဦးသေ၊ ၇ ဦးဒဏ်ရာရ... - ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အာဆီယံအထူးသံတမန်နဲ့ တွေ့ဆုံခွင့်ပေးဖို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်က အာဏသိမ်းစစ်အစိုးရထံ တရားဝင် စာရေး တောင်းဆို... ... စတဲ့ သတင်းတွေအပါဝင် နောက်ဆုံးရ တိုက်ပွဲသတင်းတွေကို စုစည်းတင်ပြထားပါတယ်။
https://youtu.be/emLPkGXWgnE?si=nWiHTTKKdcONa75n
လောင်းလုံး ရဲခစန်းကို PDF ဒရုန်းနဲ့တိုက်... NUG ဝန်ကြီးနဲ့ အာဆီယံကိုယ်စားလှယ် အွန်လိုင်းကနေ ဆွေးနွေး... နောက်ဆုံးရ တိုက်ပွဲသတင်းများ... (၁၆ ဇူလိုင် ၂၀၂၆)
- ဖလူးနဲ့ မင်းလက်ပံ ထိုးစစ်အတွင်း မြေပြင်စစ်ကြောင်း ပြန်လန်ကျသွားတဲ့ စစ်ကောင်စီတပ်ဟာ လေကြောင်းနဲ့ လက်နက်ကြီးပစ်တာကို အပြင်းအထန် ဆက်တိုက် ဆောင်ရွက်နေ... - လောင်းလုံးမြို့ မြို့မရဲခစန်း၊ လဝက ရုံးနဲ့ ထွေအုပ် ရုံးတွေကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့တိုက်ခိုက်ရာမှာ စစ်တပ်ဖက်က ထိခိုက် သေဆုံးမှုရှိနိုင်... - မြန်မာ- ရုရှား ၂ နိုင်ငံစစ်တပ်တွေ ပူးပေါင်းပါဝင်တဲ့ စစ်ရေးလေ့ကျင့်မှုတခု နေပြည်တော်နယ်မြေမှာ ဆောင်ရွက်နေ... - အာဆီယံ အလှည့်ကျဥက္ကဌ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး လာဇရို နှင့် NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တို့ အွန်လိုင်းကနေ Video Conference နဲ့ တွေ့ဆုံ... ... စတဲ့ သတင်းတွေအပါဝင် နောက်ဆုံးရ တိုက်ပွဲသတင်းတွေကို စုစည်းတင်ပြထားပါတယ်။
https://youtu.be/FsIxBIwegs0?si=hopAJMw-0ZM1mUy-
တရုတ်နယ်စပ်က စစ်တပ်စခန်း ၃ ခု KIA သိမ်းပိုက်... တော်မော်ဦး ရေတပ်အနီး တိုက်ပွဲပြင်းထန်... နောက်ဆုံးရ တိုက်ပွဲသတင်းများ...
(၁၅ ဇူလိုင် ၂၀၂၆) - ခေါင်လံဖူးဒေသ၊ တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် အမှတ် (၃၀) အနီးရှိ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ် စခန်း ၃ ခုကို KIA ကချင်လွတ်လပ်ရေးတပ်မတော်နဲ့ KPDF ပူးပေါင်းတပ်တွေက သိမ်းပိုက်... - ပေါက်ခေါင်းမြို့နယ်ရှိ စစ်ကောင်စီအထိုင်စခန်း ချင်းလည်စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်တွေက ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ရာမှာ စစ်တပ်ဖက်က ၂ ဦးသေဆုံး... - ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦးရေတပ်စခန်းရဲ့ အဓိက ကာကင်း အဝတောင်စခန်းအနီးမှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ကြား တိုက်ပွဲပြင်းထန်နေပြီး စစ်သဘောၤတွေကနေ ဒရုန်းတွေ၊ လက်နက်ကြီးတွေနဲ့ ပစ်ကူပေးနေ... ... စတဲ့ သတင်းတွေအပါဝင် နောက်ဆုံးရ တိုက်ပွဲသတင်းတွေကို စုစည်းတင်ပြထားပါတယ်။
https://youtu.be/rhE2JOc9gXA?si=HkamOOvk1-DZju8d
မင်းတပ်ဖက် စစ်ကူသွားတဲ့ စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရ... EAOs တွေနဲ့ အာဆီယံ ဆွေးနွေး... နောက်ဆုံးရ တိုက်ပွဲသတင်းများ... (၁၄ ဇူလိုင် ၂၀၂၆)
- စစ်ကိုင်းတိုင်း အထက်ပိုင်း မင်းကင်း-ကလေးဝ လမ်းပိုင်းဖက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်သဘောင်္တွေကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာမှာ စစ်တပ်ဖက်က ၂၀ ကျော်သေဆုံး၊ သေနတ်တလက်နဲ့ ခဲယမ်းများစွာ သိမ်းမိ... - ပေါက်မြို့နယ် ကပစ ၂၄ ကနေ ချင်းတောင်ပိုင်း မင်းတပ်ဒေသဆီ စစ်ကူပေးဖို့တက်လာတဲ့ စစ်ကား ၅ စီးနဲ့ အင်အား ၄၀၀ ခန့်ပါ စစ်ကြောင်းကို တပြင်းကျေးရွာနဲ့ ပုံတောင်နတ်ထိပ်ကြား အရောက်မှာ တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်တဲ့အတွက် စစ်တပ်ဖက် အနည်းဆုံး ၁၀ ဦးသေဆုံး... - မြန်မာနိုင်ငံ တောင်ပိုင်းဒေသအခြေစိုက် (EAOs) တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံခဲ့ပြီး ငြိမ်းချမ်းရေးကို ဦးတည်တဲ့ အရေးကြီးတဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နိုင်ခဲ့တယ်လို့ အာဆီယံ ပြော... ... စတဲ့ သတင်းတွေအပါဝင် နောက်ဆုံးရ တိုက်ပွဲသတင်းတွေကို စုစည်းတင်ပြထားပါတယ်။