Showing posts with label VIDEO. Show all posts
Showing posts with label VIDEO. Show all posts

Friday, September 12, 2025

ကနီမြို့နယ်တိုက်ပွဲ လက်နက် ၁၀ ကျော်သိမ်းမိ... ကျောက်တော်မြို့နယ် ဗုံးကြဲ...


ကနီမြို့နယ်တိုက်ပွဲ လက်နက် ၁၀ ကျော်သိမ်းမိ... ကျောက်တော်မြို့နယ် ဗုံးကြဲမှု ကျောင်းသား ၂၀ နီးပါးသေဆုံး... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၁၃ - စက်တင်ဘာ - ၂၀၂၅)

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချောင်းမရွာ ဖက်ရောက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်တွေကတိုက်ခိုက်ရာမှာ စစ်သား ၃ ဦးသေ၊ ၄ ဦးကိုလက်ရဖမ်းမိ၊ သေနတ် ၈ လက်သိမ်းမိတယ်လို့ PDF စစ်ရုံးချုပ်က သတင်းထုတ်ပြန်ပါတယ်။

စက်တင်ဘာ (၁၁) ရက်၊ မနက် (၁၁) နာရီခန့်မှာ ခမရ (၁၆) က ဗိုလ်မှူးသူရိန် ဦးဆောင်တဲ့ အင်အား (၁၀၀) ခန့်ပါ စစ်ကြောင်းကို တိုက်ခိုက်တာဖြစ်ပြီး နယ်မြေရှင်းတဲ့အခါ စစ်သား ၃ ဦးသေ၊ ၄ ဦးကို လက်ရဖမ်းမိ၊ ၆၀ မမ မော်တာ တလက်၊ MA-1 (၄) လက်အပါဝင် လက်နက်ငယ် ၇ လက်နဲ့ခဲယမ်းတွေ သိမ်းမိတာကို ဓာတ်ပုံမှတ်တမ်းထဲ တွေ့ရပါတယ်။

ဒါ့အပြင်...

- ဗန်းမော်စစ်မြေပြင်မှာ တင့်ကားတပ် (၅၀၁၄) နဲ့ ခလရ ၂၃၆ နေရာတွေကို စစ်တပ်ဖက်က ပြန်သိမ်း...

- ဖားအံကနေ ထပ်တက်လာနေတဲ့ စစ်ကောင်စီစစ်ကြောင်းတွေကို ကျုံဒိုး-ကော့ကရိတ်-ကားလမ်းမှာ တော်လှန်ရေးတပ်တွေက ပိတ်ဆို့တိုက်ခိုက်...

- သရက်ချောင်းမြို့နယ်၊ ရန်တောင်ရွာဖက်ရောက်လာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာမှာ အရာရှိတဦးအပါဝင် ၅ ဦးသေပြီး ၂ ဦး ဒဏ်ရာရ...

- ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာ စာသင်ကျောင်းကို စစ်လေယာဉ်က ဗုံးကြဲတဲ့အတွက် ကျောင်းသား ၁၉ ဦးသေဆုံးပြီး ၂၂ ဦး ပြင်းထန်စွာဒဏ်ရာရ...

- ကျောက်တံခါးမြို့နယ်၊ နတ်သံကွင်း ကာကင်းစခန်းက စစ်သားတဦး MA1 (၁) လက်နဲ့အတူ စက်တင်ဘာ (၇ )ရက်က ပဲခူးခရိုင် အမှတ် တပ်ရင်း (၂) P2-3702 ထံ ခိုလှုံလာ..

- ဒီမောဆိုအခြေစိုက် ခမရ ၄၂၈ က စစ်သားတဦးဟာ MA1 နဲ့ MA3 သေနတ် ၂ လက်ယူဆောင်လာပြီး KNDF ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ထံ ခိုလှုံလာ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Thursday, September 11, 2025

ကလေးနဲ့ ဖားကန့်တိုက်ပွဲ စစ်တပ် အထိနာ... ရခိုင်ပင်လယ်ပြင်မှာ ဘင်္ဂလားဒေ့ရ...


ကလေးနဲ့ ဖားကန့်တိုက်ပွဲ စစ်တပ် အထိနာ... ရခိုင်ပင်လယ်ပြင်မှာ ဘင်္ဂလားဒေ့ရှ် ငါးခိုးလှေတွေ ဖမ်းမိ...နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၁၂ - စက်တင်ဘာ - ၂၀၂၅)

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ နန်းစောင်းပုရွာသစ်ဖက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာမှာ အလောင်း ၄ လောင်းနဲ့ လက်နက် ၅ လက်ရရှိ၊ ၇ ဦးကို လက်ရဖမ်းမိတယ်လို့ အမှတ် (၁) စစ်ဒေသက သတင်း ထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၂ ရက်မှာ ဒကစ (ကလေး) က ဗိုလ်မှူး ရဲမျိုးမင်း ဦးစီးတဲ့ ခမရ တပ်ရင်း ၃ ခုက စစ်သားတွေ၊ SNA ရှမ်းနီပြည်သူ့စစ်တွေ၊ အိန္ဒိယနိုင်ငံသားတွေဖြစ်တဲ့ ကသည်းနဲ့ နာဂ သူပုန်တွေပါဝင်တဲ့ အင်အား ၁၃၀ ခန့်က စစ်ကြောင်းထိုးလာတာလို့ ဆိုပါတယ်။

ဒါ့အပြင်...

- ကျောက်ပန်းတောင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက မိုင်းဆွဲတိုက်ခိုက်ရာမှာ အရာရှိ တဦး အပါအဝင် စစ်သား ၅ ဦးပြင်းထန်စွာ ဒဏ်ရာရ...

- ဖားကန့်မြို့နယ်၊ ရှရော်ခကျေးရွာအနီး ရောက်လာတဲ့ စစ်ကောင်စီတပ်ကို KIA နဲ့ ပူးပေါင်းတပ်တွေက ဝင်တိုက်ရာမှာ စစ်တပ်ဖက်က အလောင်း ၂၀ ခန့် ကျန်ခဲ့...

- ကျောက်မဲမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ TNLA တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်တို့အကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်တွေဟာ ကျောက်မဲနဲ့ ၁၀ မိုင်ကွာအထိ ရောက်လာ...

- ကော့ကရိတ်-အာရှလမ်းကနေ စစ်ကောင်စီတပ်တွေ မြဝတီကိုရောက်လာပြီးနောက် ထိုင်း-မြန်မာနယ်စပ် ချစ်ကြည်ရေး အမှတ် (၁)တံတားအပါဝင် အရေးကြီးနေရာတွေကနေ BGF -ကရင်နယ်ခြားစောင့်တပ်ကို နောက်ပြန်ဆုတ်ခိုင်းနေ...

- ပုလောမြိုနယ်၊ ထမင်းမစားရွာရှိ စစ်ကောင်စီစခန်းကို စက်တင်ဘာ ၈ ရက်မှာ တော်လှန်ရေးတပ်တွက သိမ်းပိုက်ပြီးနောက် စစ်တပ်ဖက်က တန်ပြန်ထိုးစစ် ဆင်လာတယ်၊ တော်လှန်ရေးတပ်တွေက ပြန်တိုက်ရာမှာ စစ်သား ၁၅ ဦးခန့်သေပြီး ပြန်ဆုတ်သွား...

- ရသေ့တောင်မြို့နယ် ပင်လယ်ပြင်အတွင်း တရားမဝင် ငါးခိုးဖမ်းတဲ့ ဘင်္ဂလားဒေ့ရှ် ငါးခိုးဖမ်းလှေ အစီး (၈၀) ခန့်ကို ဖမ်းဆီးရာမှာ ၅ စီးဖမ်းမိတယ်၊ အဲဒီထဲမှာ အကြမ်းဖက် သမားတွေပါလာတယ်၊ AA ကမ်းခြေစောင့်တပ် အရာရှိတဦးနဲ့ တပ်သားတဦးကို သတ်ဖြတ်ပြီး သေနတ်လုယူကာ ဘင်္ဂလားဒေ့ရှ်ဖက် ထွက်ပြေးသွား...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Wednesday, September 10, 2025

ငဖဲမြို့နယ်တိုက်ပွဲ... စစ်သား ၇၀ ကျော်သေ- လက်နက်များစွာရရှိဟု AA ထုတ်ပြန...


ငဖဲမြို့နယ်တိုက်ပွဲ... စစ်သား ၇၀ ကျော်သေ- လက်နက်များစွာရရှိဟု AA ထုတ်ပြန်... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၁၁- စက်တင်ဘာ - ၂၀၂၅)

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ စွန်တက်ကျေးရွာအနီး သို့မဟုတ် နတ်ရေကန်တောင်ကုန်း အနီးဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီဖက်က အလောင်း ၆၀ ကျော်ကျန်ခဲ့ပြီး လက်နက်ခဲယမ်းများစွာသိမ်းမိတယ်လို့ AA အာရက္ခတပ်တော်က သတင်းထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၇ ရက်၊ မနက် ၁၁ နာရီခန့်မှာ စတင်တိုက်ပွဲဖြစ်ပြီး တိုက်ပွဲအချိန် ၈ နာရီကြာတယ်၊ တခါ စွန်တက်ကျေးရွာရဲ့ အရှေ့မြောက်ဘက် (တစ်နည်းအားဖြင့်) နတ်ရေကန်ကုန်းရဲ့ တောင်ဘက် ဝေဠုဝန်ကျောင်းအနီးမှာ ညနေ ၅ နာရီခန့်မှာ ၃ နာရီကြာ တိုက်ပွဲထပ်ဖြစ်ပြီး စစ်သား ၁၀ ကျော်သေ၊ လက်နက်များစွာ ထပ်မံသိမ်းမိတယ်လို့ဖေါ်ပြပါတယ်။

ဒါ့အပြင်...

- ပွင့်ဖြူမြို့နယ်မှာ စင်တင်ဘာ ၆ ရက်က တိုက်ပွဲ ၂ ကြိမ်ဖြစ်ပြီး စစ်ကောင်စီဖက်က ၁၈ ဦးသေဆုံးတယ်လို့ Generation Z Army က သတင်းထုတ်ပြန်...

- ရေး-ထားဝယ် လမ်းပိုင်းကို တော်လှန်ရေးတပ်တွေက ပြန်ဖွင့်ပေးပြီးနောက် ခရီးသည်ကားတွေကို ကာဗာယူပြီး စစ်တပ်က စစ်ကြောင်းထိုးလာတဲ့အတွက် တိုက်ပွဲတွေ ပြန်ဖြစ်နေ...

- ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ကို ကရင်နယ်ခြားစောင့်တပ် (BGF)က အကူအညီပေးခဲ့တယ်ဆိုတာ မဟုတ်ဘူးလို့ BGF အမှတ် (၂) စစ်ဒေသ၊ စစ်ဆင်ရေးမှူး ဗိုလ်မှူးချုပ် စောတင်ဝင်း က ငြင်းဆို...

- ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ရဲ့ NCO (အကြပ်)သင်တန်း၊ အပတ်စဉ်(၂) သင်တန်းဆင်းပွဲကို စက်တင်ဘာ ၂ ရက်က ကျင်းပ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Tuesday, September 9, 2025

ဗန်းမော်၊ ဝိုင်းမော်နဲ့ ဖားကန့်မှာ တိုက်ပွဲပြင်းထန်... BGF စောချစ်သူကို ...


ဗန်းမော်၊ ဝိုင်းမော်နဲ့ ဖားကန့်မှာ တိုက်ပွဲပြင်းထန်... BGF စောချစ်သူကို အမေရိကန်က ဒဏ်ခတ်အရေးယူ... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၁၀ - စက်တင်ဘာ - ၂၀၂၅)

ကချင်ပြည်နယ်မှာ ဗန်းမော်၊ ဝိုင်းမော်နဲ့ ဖားကန့် ၃ နေရာစလုံးမှာ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီဖက်က အကျအဆုံးရှိတယ်၊ ဒါပေမယ့် မြေပြင်အနေအထားကတော့ တဖက်နဲ့တဖက် စခန်းသိမ်းနိုင်တာမျိုး မရှိသေးဘူးလို့ KIA ကချင်လွတ်လပ်ရေးတပ်မတော် ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက BNN ကိုပြောပါတယ်။

ဒါ့အပြင်...

- ကျောက်ဖြူမြို့နယ်ထဲ AA အာရက္ခတပ်တော်နဲ့ စစ်ကောင်စီတပ် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဖက်က ဒါဇင်နဲ့ချီ သေဆုံး...

- ဘုတလင်မြို့နယ်အတွင်းဖြစ်ပွားခဲ့တဲ့ ရက် ၂၀ နီးပါးကြာ တိုက်ပွဲအတွင်း စစ်ကောင်စီဖက်က ၃၀ ကျော်သေဆုံး၊ ၂၀ ကျော်ဒဏ်ရာရပြီး သေနတ် ၂ လက် သိမ်းမိ...

- ရွှေကုက္ကူအခြေစိုက် ကရင်နယ်ခြားစောင့်တပ်-BGF/KNA ခေါင်းဆောင် ဗိုလ်မှူးကြီး‌ စောချစ်သူ၊ စောမင်းမင်းဦး၊ ဗိုလ်မှူး စောတင်ဝင်းနဲ့ သူတို့ပိုင်ဆိုင်တဲ့ လုပ်ငန်းအချို့ကို အမေရိကန် ဘဏ္ဍာရေးဌာနက ဒဏ်ခတ်ပိတ်ဆို့အရေးယူ...

- ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ဗျုဟာ အမှတ် (၇)ရဲ့ အပတ်စဉ်  (၂၈) မွမ်းမံ သင်တန်းဆင်းပွဲကို စက်တင်ဘာ (၇)ရက်နေ့က ကျင်းပ...

--- စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

“ကော့ကရိတ်-မြဝတီ နယ်မြေက အခြားနယ်မြေတွေထက် ရှုပ်ထွေးမှု ပိုများပါတယ်”


“ကော့ကရိတ်-မြဝတီ နယ်မြေက အခြားနယ်မြေတွေထက် ရှုပ်ထွေးမှု ပိုများပါတယ်”

- ဆလိုင်းယောအောင် (နိုင်ငံရေး ဝေဖန်သုံးသပ်သူ)

(၉ - စက်တင်ဘာ - ၂၀၂၅)

“ကော့ကရိတ်-မြဝတီ-အာရှလမ်းမှာ ကရင်လက်နက်ကိုင်အဖွဲ့ ၄ ဖွဲ့စလုံးရှိနေတဲ့အတွက် ရှုပ်ထွေးမှုရှိတယ်၊ BGF အဖွဲ့ကို စစ်တပ်က ပြန်အသုံးချသွားလို့ အခုလိုဖြစ်လာရတာ” လို့ စစ်ရေး - နိုင်ငံရေ လေ့လာဆန်းစစ်သူ ဆလိုင်းယောအောင်က ပြောပါတယ်။

အောင်ဇေယျစစ်ကြောင်းကို တနှစ်ကျော် ရင်ဆိုင်ထားပြီးမှ ဘာကြောင့် ရုတ်တရက် အာရှလမ်းမကြီးတခုလုံးကို ပေးလိုက်ရတာလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော်မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့်မေးမြန်းချက်ထဲမှာ...

- ကော့ကရိတ်-မြဝတီ-အာရှလမ်းတိုက်ပွဲမှာ KNLA နဲ့ PDF တွေ ဘာတွေအားနည်းခဲ့သလဲ...

- BGF ရဲ့ သစ္စာဖောက်မှုကို ဘာကြောင့် တကြိမ်မက ခံနေရတာလဲ...

- ကော့ကရိတ်-မြဝတီအပြင် သောင်ရင်းမြစ်ဘေးရှိ တပ်မဟာ ၆၊ တပ်မဟာ ၇ ဖက်ကိုပါ  စစ်တပ်က ထိုးစစ်ဆင်လာနိုင်သလား...

- လက်ရှိစစ်ရေးအခြေအနေမှာ တော်လှန်ရေးက ခုခံစစ်ဖြစ်သွားပြီလား...

- နေရာတခုချင်း ကိုယ့်အစီစဉ်နဲ့ကိုယ် တိုက်တာကိုရှောင်ပြီး အင်အားစုအားလုံး ဟန်ချက်ညီတိုက်နိုင်အောင် ဘယ်လိုဆောင်ရွက်သင့်သလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Monday, September 8, 2025

ကပစ ၆ အနီးထိ AA တပ်တွေ ရောက်ရှိလာ... ဗန်းမော်တိုက်ပွဲ KIA က လက်နက်ကြီးတွ...


ကပစ ၆ အနီးထိ AA တပ်တွေ ရောက်ရှိလာ... ဗန်းမော်တိုက်ပွဲ KIA က လက်နက်ကြီးတွေ သိမ်းမိ... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၉ - စက်တင်ဘာ - ၂၀၂၅)

ညောင်ကျိုးဖက်ကနေ ထိုးဝင်လာတဲ့ အာရက္ခတပ်တော်(AA)နဲ့ ပူးပေါင်းတပ်တွေရဲ့ထိုးစစ်ဟာ ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ - ၆)နဲ့ ကပစ(၁၆)အနီးထိရောက်ရှိလာပြီလို့ နိရဉ္စရာက ဖေါ်ပြပါတယ်။

ပြီးခဲ့တဲ့သတင်းပတ်မှာ ညောင်ကျိုးကိုလာတိုက်တဲ့ စစ်ကောင်စီတပ်တွေကို ပြန်တိုက်ရင်းကနေ ညောင်ခြေတောက်ဖက်ရှိ ဆင်လမ်းကျေးရွာနားအထိ တော်လှန်ရေးတပ်တွေ ရောက်နေပြီလို့ AA က ကြေညာပြီး ရက်ပိုင်းအတွင်းမှာ အခု ညောင်ခြေတောက်နဲ့ ၂ မိုင်သာဝေးတဲ့ ကပစ(၆)အနိးထိ AA တပ်တွေ ရောက်လာတာဖြစ်ပါတယ်။

ဒါ့အပြင်...

- နတ်ရေကန် လေကြောင်းရန် ကာကွယ်ရေးဗျူဟာဆီ စစ်ကူတက်ဖို့ပြင်နေတဲ့ စစ်ကောင်စီ စစ်ကြောင်းကို (AA)က လက်ဦးမှုယူ ထိုးစစ်ဆင်တိုက်ခိုက်တာကြောင့် စစ်တပ်ဖက်က သေဆုံးမှုများပြီး ၂၀ ခန့်ကို သုံ့ပန်းအဖြစ် ဖမ်းဆီး...

- ပုလောမြိုန့ယ်၊ ထမင်းမစားရွာရှိ စစ်တပ်အခြေစိုက်စခန်းကို KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက သိမ်းပိုက်...

- လေးကေ့ကော်မြို့သစ်ရှိ ရသေ့ဂူရွာကို စစ်လေယာဉ်က ပေါင် ၅၀၀ ဗုံး ၂ လုံးကြဲပြီးနောက် မြေပြင်တပ်တွေကလည်း မယ်ထော်သလေးရွာနဲ့ မဲကနယ်ရွာဖက် ထိုးဝင်လာနေ...

- ကန့်ဘလူမြို့နယ်၊ ဝက်တိုးကျေးရွာကနေ ကာဘိုးကျေးရွာဖက် ကင်းလှည့်လာတဲ့ စစ်ကောင်စီနဲ့ ပျုစောထီးစစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ရာမှာ စစ်သား ၇ ဦးသေ၊ သေနက် ၅ လက်သိမ်းမိ...

- ဗန်းမော်မြို့မှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေကြား တိုက်ပွဲပြန် ပြင်းထန်နေပြီး ပွိုင့်ဖိုက်- စက်သေ နတ်ကြီးများအပါအဝင် လက်နက်နဲ့ ခဲယမ်းအချို့ KIA က သိမ်းမိ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Sunday, September 7, 2025

BGF က ကူပေးတဲ့အတွက် အာရှလမ်းကို စစ်တပ်က သိမ်းနိုင်တာဟုဆို... ရေး-ထားဝယ် ...


BGF က ကူပေးတဲ့အတွက် အာရှလမ်းကို စစ်တပ်က သိမ်းနိုင်တာဟုဆို...ရေး-ထားဝယ် ကားလမ်းပစ်ခတ်မှု အရပ်သား ၂ ဦးသေဆုံး... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၈- စက်တင်ဘာ - ၂၀၂၅)

ကရင်ပြည်နယ်က ကော့ကရိတ်-သင်္ဃန်းညီနောင်-မြဝတီ အာရှလမ်းမကြီးကို စက်တင်ဘာ ၆ ရက်မှာ စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်ပြီလို့ စစ်ကောင်စီ ဝါဒဖြန့်ချာနယ်တွေက ဖေါ်ပြပါတယ်။ တိုက်ပွဲကြီး- တိုက်ပွဲငယ် (၃၈၂)ကြိမ်ဖြစ်ပွားပြီးနောက် အခုလို သိမ်းပိုက်လိုက်တာလို့ ဆိုပါတယ်။

ဒါ့အပြင်...

- ၂၀၂၄ ဧပြီလမှာ စတင်ထိုးစစ်ဆင်လာတဲ့ အောင်ဇေယျစစ်ကြောင်းကို ၂၀၂၅ စက်တင်ဘာလ (၅) ရက်နေ့အထိ ရက်ပေါင်းမှာ (၅၀၃) ရက်ကြာ ဟန့်တားနိုင်ခဲ့တယ်လို့ KNLA ပြောဆို...

- ကရင်နယ်ခြားစောင့်တပ်(BGF)တပ်ဖွဲ့က စစ်ကောင်စီကို ကူညီလိုက်တဲ့တွက် ကော့ကရိတ်-သင်္ဃန်းညီနောင်-မြဝတီ အာရှလမ်းမကြီးကို စစ်တပ်က အခုလို အလွယ်တကူသိမ်းနိုင်လိုက်တာလို့ လွတ်လပ်သောမွန်သတင်းအေဂျင်စီက ဖေါ်ပြ...

- မြဝတီနဲ့ သင်္ကန်းညီနောင်ကို စစ်တပ်က ထိန်းချုပ်လိုက်ပြီးတဲ့နောက် လေးကေ့ကော်ဒေသကိုပါ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုလုပ်လာနိုင်တဲ့အတွက် ဒေသခံတွေ ယာယီရွှေ့ ပြောင်းဖု့ိပြင်ဆင်...

- ရေး – ထားဝယ်ကားလမ်းပေါ်ရှိ မရမ်းချောင်းရွာအထွက်နားမှာ ခရီးသည်ယာဉ်တန်း ပစ်ခတ်ခံရပြီး ကုန်တင်ယာဉ်မောင်းနဲ့ ယာဉ်အကူ သေဆုံး...

- သရက်ချောင်းမြို့နယ်အတွင်းဖြစ်ပွားတဲ့ ၁၄ ရက်ကြာ တိုက်ပွဲအတွင်း စစ်တပ်ဖက်က ထိခိုက်သေဆုံးမှုများပြီး အလောင်း ၂ လောင်းနဲ့ သေနတ် ၂ လက်ရရှိ၊ ၆ ဦးကို လက်ရဖမ်းမိ...

- ပေါက်မြို့နယ်၊ ပေါက် - ဆိပ်ဖြူလမ်းအနီးထွက်လာတဲ့ ကစပ ယာဉ်တန်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ရာမှာ စစ်သား ၁၀ ဦးသေဆုံးပြီး ခဲယမ်းအချို့ သိမ်းမိ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Saturday, September 6, 2025

“တရုတ်နဲ့ အိန္ဒိယ သဘောထားပြောင်းစေချင်ရင် ကျောက်ဖြူနဲ့ စစ်တွေကို သိမ်းပြ...


“တရုတ်နဲ့ အိန္ဒိယ သဘောထားပြောင်းစေချင်ရင် ကျောက်ဖြူနဲ့ စစ်တွေကို သိမ်းပြနိုင်ဖို့လိုတယ်”

- ဦးသန်းစိုးနိုင် (စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ)

(၆- စက်တင်ဘာ - ၂၀၂၅)

“စစ်ကောင်စီဖက်ကို ထောက်ခံမှုပေးနေတဲ့ တရုတ်နဲ့ အိန္ဒိယနိုင်ငံတို့ရဲ့ သဘောထားကို ပြောင်းစေချင်ရင် တရုတ်စီမံကိန်းတွေရှိတဲ့ ကျောက်ဖြူနဲ့ ကုလားတန်စီမံကိန်းရှိတဲ့ စစ်တွေမြို့တွေကို တော်လှန်ရေးတပ်တွေက သိမ်းပြနိုင်ဖို့လိုတယ်” လို့ စစ်ရေး-နိုင်ငံရေး ဝေဖန်သုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

စစ်ကော်မရှင် ဥက္ကဌ မင်းအောင်လှိုင်ရဲ့ တရုတ်နိုင်ငံခရီးစဉ်၊ လက်ရှိ စစ်ရေး-နိုင်ငံရေး အခြေအနေတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်မယ့်မေးမြန်းချက်ထဲမှာ ...

- တရုတ်နိုင်ငံမှာ အာဏာရှင်တွေ စုဆုံခြင်းကို နိုင်ငံရေးအရ ဘယ်လိုနားလည်ကြသလဲ...

- တရုတ်က စကမ ကိုဘာတွေပေးပြီး - စကမ က တရုတ်ကို ဘာတွေပြန်ပေးရမှာလဲ...

- UWSAက ခေါ်ပြောတဲ့ တော်လှန်ရေးအဖွဲ့တွေထဲမျာ KIA နဲ့ AA မပါတာ ဘာကြောင့်လဲ...

- ပြည်နယ်အလိုက် စစ်ကောင်စီကင်းစင်ရေးအစား ပြည်နယ်ပေါင်းစုံပူးပေါင်းပြီး မဟာဗျုဟာမြောက် စဉ်းစားရေးဆိုတာ ဘာကို ဆိုလိုတာလဲ...

- ကျောက်ဖြူနဲ့ စစ်တွေ သိမ်းပိုက်ရေးက ဗန်းမော်သိမ်းရေးထက် ဘာကြောင့် ပိုအရေးကြီးသလဲ...

- တော်လှန်ရေးအင်အားစုတွေ ခံစစ်အခြေအနေကနေ ထိုးစစ်အခြေအနေကို ပြန်ရောက်အောင် ဘယ်လို ဗျုဟာတွေ လိုအပ်နေသလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Friday, September 5, 2025

ညောင်ကျိုးကနေ ညောင်ခြေတောက်ဖက် AA တပ်တွေ ရှေ့တိုးလာ... အာရှလမ်းပေါ်ကနေ K...


ညောင်ကျိုးကနေ ညောင်ခြေတောက်ဖက် AA တပ်တွေ ရှေ့တိုးလာ... အာရှလမ်းပေါ်ကနေ KNLA တပ်တွေ ခွာစစ်ဆင်ဟု သတင်းထွက်...နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၆ - စက်တင်ဘာ - ၂၀၂၅)

ရခိုင်-မကွေး၊ ရခိုင်-ပဲခူး၊ ရခိုင်-ဧရာဝတီ အစပ်ဒေသတွေမှာ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီဖက်က ထိခိုက်သေဆုံးမှုများနေတယ်လို့ AA - အာရက္ခတပ်တော်က သတင်းထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၄ ရက်နေ့က မကွေးတိုင်း ငဖဲမြို့နယ်၊ စွန်တက်ကျေးရွာဖက်မှာ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဖက် စစ်ကြောင်းအလိုက်ပြုတ်၊... ပန်းတောင်းမြို့နယ်၊ ဆင်လမ်ကျေးရွာတိုက်ပွဲမှာလည်း စစ်တပ်ဖက်က သေဆုံးမှုများ၊ လက်နက်တွေ သိမ်းမိ...

ဒါ့အပြင်

- ဗန်းမော် အခြေစိုက် စကခ (၂၁)သို့ စစ်လက်နက်ပစ္စည်းတွေ ပို့ပေးပြီး ဧရာဝတီမြစ်အတိုင်း ပြန်ဆင်းလာတဲ့ စစ်ကောင်စီသဘောင်္တွေကို KIA နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်ရာမှာ သဘောင်္တစီး မီးလောင်...

- ညောင်လေးပင်-မဒေါက်-ရွှေကျင်လမ်းပိုင်းမှာ ဆက်ကြေးကောက်နေတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ဝင်တိုက်ရာမှာ စစ်သား ၂ ဦးသေပြီး သေနတ် ၂ လက်သိမ်းမိ...

- ထားဝယ်မြို့ နယ် ပကာရီကျေးရွာကနေ မေတ္တာမြို့နယ် ကျောက်မဲတောင်ရွာဖက်ကို ထွက်လာတဲ့ စစ်ကောင်စီယာဉ်တန်းဟာ ရက် ၂၀ ခန့်ကြာတဲ့အထိ သတ်မှတ်နေရာကို မရောက်နိုင်ပဲ တော်လှန်ရေးတပ်တွေရဲ့ ပိတ်ဆို့တိုက်ခိုက်မှုကို ခံနေရ...

- သီတင်းပတ်နဲ့ချီ တိုက်ပွဲကြီးတွေဖြစ်နေတဲ့ ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ်လမ်းပိုင်းရှိ အာရှလမ်းသစ်အပါဝင် အရေးကြီးနေရာတွေကနေ KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေ ခွာစစ်ဆင်နေရဟု သတင်းထွက်ပေါ်...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Thursday, September 4, 2025

မြင်းခြံတိုက်ပွဲ လက်နက် ၇ လက်သိမ်းမိ... ကပစ ၆ အနီးထိ AA တပ်တွေ ရောက်လာ...


မြင်းခြံတိုက်ပွဲ လက်နက် ၇ လက်သိမ်းမိ... ကပစ ၆ အနီးထိ AA တပ်တွေ ရောက်လာ... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၅- စက်တင်ဘာ - ၂၀၂၅)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကုက္ကဲ အထက်တန်းကျောင်းမှာ စခန်းချထားတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ဝင်တိုက်ရာမှာ စစ်သား ၇ ဦးသေ၊ ၆၀ မမ အပါဝင် လက်နက် ၇ လက်သိမ်းမိတယ်လို့ ရွှေခြံသားပြောက်ကြားတပ်ဖွဲ့ က သတင်းထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၂ ရက် မနက်ပိုင်းမှာ ဝင်တိုက်တာဖြစ်ပြီး နယ်မြေရှင်းတဲ့အခါ ဗိုလ်ကြီးတဦးအပါဝင် စစ်သား ၇ ဦးသေ၊ ၆၀ မမ မော်တာ တလက်၊ MA လက်နက်ငယ် ၆ လက်နဲ့ ခဲယမ်းတွေ သိမ်းမိတာကို ဓာတ်ပုံမှတ်တမ်းထဲတွေ့ရပါတယ်။

ဒါ့အပြင်...

- နတ်မောက်မြို့နယ်၊ တက်ဝန်ရွာအခြေစိုက် ပျုစောထီးစခန်းကို တော်လှန်ရေးတပ်တွေက ဝင်တိုက်ရာမှာ ပျုခေါင်းဆောင်အပါဝင် ၅ ဦးသေဆုံး၊ လက်နက်ငယ် ၈ လက်သိမ်းမိ...

- မြဝတီမြို့နယ်၊ သင်္ဃန်ညီနောင်အနီးရှိ ထီးမူးထ၊ နို့ဖိုး ကျေးရွာတွေမှာ တိုက်ပွဲ ၃ ရက်ဆက်တိုက်ဖြစ်ပြီးတဲ့နောက် ဒေသခံ ၂၀၀ ခန့် စစ်ဘေးရှောင်နေရ...

- စစ်တပ်နဲ့ အပစ်ရပ်ထားတဲ့ ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော်-DKBA ထိန်းချုပ်ဒေသ၊ မြဝတီမြို့အနီး၊ သောင်ရင်းမြစ်ကမ်းရှိ ကျောက်ခက်စခန်းကို စစ်ကောင်စီက ကာမီကာဇီ ဒရုန်း ၂ စင်းနဲ့တိုက်ခိုက်...

- ညောင်ကျိုးစခန်းဆီ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ကို AA အာရက္ခတပ်တော်က ပြန်လည် ထိုးစစ်ဆင်ရာမှာ သိမ်းမိတဲ့ ကာကင်းစခန်းဟာ တခုမကပဲ ၅ ခုအထိရှိလာပြီး ကပစ ၆ ဖက်ကို ပိုနီးလာ...

- မော်လိုက်မြို့နယ်အခြေစိုက် စစ်တပ်နဲ့ SNA ရှမ်းနီ ပြည်သူ့စစ် ၁၂ ဦးဟာ လက်နက်ခဲယမ်းတွေနဲ့အတူ မော်လိုက်ခရိုင် အမှတ်-၃ တပ်ရင်းထံ ခိုလှုံ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Wednesday, September 3, 2025

အာရှလမ်းသစ်တိုက်ပွဲ စစ်တပ်ဖက်က စစ်ကြောင်းအလိုက်ပြုတ်... ပဲခူးဖက်က တိုက်ပ...


အာရှလမ်းသစ်တိုက်ပွဲ စစ်တပ်ဖက်က စစ်ကြောင်းအလိုက်ပြုတ်... ပဲခူးဖက်က တိုက်ပွဲ လက်နက် ၈ လက် သိမ်းမိ... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၄ - စက်တင်ဘာ - ၂၀၂၅)

ပဲခူတိုင်းအတွင်းရှိ တော်လှန်ရေးတပ်တွေ စိုးမိုးနယ်‌‌မြေကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ကြားဖြတ် တိုက်ခိုက်ရာမှာ စစ်သား ၈ ဦးသေပြီး သေနတ် ၈ လက်သိမ်းမိတယ်လို့ PDF  အမှတ်(၂) စစ်ဆင်ရေးနယ်‌မြေက သတင်းထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၂ ရက်မှာ တိုက်ခိုက်တာဖြစ်ပြီး နယ်မြေရှင်းတဲ့အခါ စစ်တပ်ဖက်က ဗိုလ်ကြီးတဦးအပါဝင် ၈ ဦးထက်မနည်းသေဆုံး၊ RPG (၁)လက်၊ လက်နက်ငယ် (၇)လက်နဲ့ ခဲယမ်းတွေ သိမ်းမိတာကို ဓာတ်ပုံမှတ်တမ်းထဲတွေ့ရပါတယ်။

ဒါ့အပြင်...

- ကော့ကရိတ်-မြဝတီ ဒေါနတောင် လမ်းဟောင်းပေါ်က ရန်ကုတ်ရွာအနီးရောက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို KNLA, PDF ပူးပေါင်းတပ်တွေက ချေမှုန်းတိုက်ခိုက်ရာမှာ စစ်တပ်ဖက်က သေဆုံးမှုများပြီး စစ်ကြောင်းပါ ပျက်သွား...

- စစ်တပ်နဲ့အပစ်ရပ်ထားတဲ့ DKBA - ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်ရဲ့ ကျိုက်မရော စစ်ဆေးရေးဂိတ်ကို စစ်ကောင်စီက ဒရုန်းနဲ့တိုက်တဲ့အတွက် ခရီးသည်တဦး သေဆုံး၊ ၆ ဦးဒဏ်ရာရ...

- ထိုင်း-မြန်မာနယ်စပ် မောတောင်ကုန်သွယ်ရေးလမ်းပေါ်ရှိ သိန်ခွန်းရွာဝန်းကျင်မှာ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်ကြား ၄ ရက်ဆက် တိုက်ပွဲဖြစ်ပြီးနောက် စစ်တပ်က လေယာဉ်နဲ့ပါ ဗုံးကြဲတိုက်ခိုက်လာ...

- မတ္တရာမြို့နယ်ရှိ ဆည်တော်ကြီး ဓာတ်အားပေးစက်ရုံကို စစ်ကောင်စီက Y-12 လေယာဉ်တွေ၊ ဆူဆိုက်ဒရုန်းတွေနဲ့ တိုက်ခိုက်တဲ့တွက် ဓာတ်အားပေးစက်ရုံ ပျက်စီးသွား...

- မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး)/ ရာမညမွန်တပ်တော် (NMSP-AD/RMA) ရဲ့ အပတ်စဉ် (၁) (CQB) သင်တန်းဆင်းပွဲကို ဩဂုတ် ၃၁ ကကျင်းပ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

“ခံစစ်ဖြစ်သွားတယ်ဆိုတာ မမှန်ဘူး၊ တော်လှန်ရေးက ရှေ့ကို ဆက်တိုး နေတာဖြစ်တယ်”


“ခံစစ်ဖြစ်သွားတယ်ဆိုတာ မမှန်ဘူး၊ တော်လှန်ရေးက ရှေ့ကို ဆက်တိုး နေတာဖြစ်တယ်”

- ကိုစိုးဝင်းဆွေ (ဥက္ကဌ - စစ်ကိုင်းဖိုရမ်ဖက်ဒရေးရှင်း)

(၃ - စက်တက်ဘာ - ၂၀၂၅)

“တော်လှန်ရေးက ခံစစ်ဖြစ်သွားပြီလို့ပြောနေကြတာတွေဟာ မမှန်ဘူး။ နေရာတခုချင်း ကွက်ကွက်လေးကိုမကြည့်ပဲ တစုံလုံးကိုကြည့်နိုင်မယ်ဆိုရင် တော်လှန်ရေးက ပိုခိုင်မာလာတယ်၊ ရှေ့ကို ဆက်တိုးတက်နေတာဖြစ်တယ်” လို့ စစ်ကိုင်းဖိုရမ်ဖက်ဒရေးရှင်း ဥက္ကဌ ကိုစိုးဝင်းဆွေက ပြောပါတယ်။

ဒီဇင်ဘာမှာ ရွေးကောက်ပွဲကျင်းပမယ်လို့ စစ်တပ်က ကြေညာလိုက်ပြီးနောက်ပိုင်း စစ်ရေး- နိုင်ငံရေးအရ စစ်တပ်ဖက်က ထိုးစစ်ဖြစ်သွားပြီ၊ တော်လှန်ရေးဖက်က ခံစစ်ဖြစ်သွားပြီ... စသဖြင့် ဝေဖန်သံတွေ ထွက်ပေါ်နေတာနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...

-  ရွေးကောက်ပွဲဟာ စစ်တပ်ရဲ့ နောက်ဆုံးတိုက်ပွဲလား...

- ဒီရွေးကောက်ပွဲကို တော်လှန်ရေးအင်အားစုတွေက ဘယ်လို တားဆီးဟန့်တားနိုင်မလဲ...

- မင်းအောင်လှိုင်ရဲ့ တရုတ်ခရီးစဉ်က မြန်မာ့နိုင်ငံရေးအတွက် ဘယ်လောက်အထိ အရေးပါလာနိုင်သလဲ...

- အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်ဆံရေးကောင်းဖို့ တော်လှန်ရေးအင်အားစုတွေ ဘာလုပ်သင့်သလဲ...

- တော်လှန်ရေးက ခံစစ်ဖြစ်သွားတာမဟုတ်ဘူး။ ပိုမိုခိုင်မာလာပြီး ရှေ့ကို ဆက်တိုးနေတယ်လို့ ဘာကြောင့်ပြောနိုင်တာလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Tuesday, September 2, 2025

အာရှလမ်းသစ်မှာ တိုက်ပွဲပြင်းထန်... ထားဝယ်-ထီးခီးလမ်းမှာ စစ်သား ၄ ဦးကို K...


ကော့ကရိတ်-မြဝတီ အာရှလမ်းသစ်မှာ တိုက်ပွဲပြင်းထန်... ထားဝယ်-ထီးခီးလမ်းမှာ စစ်သား ၄ ဦးကို KNLA က ဖမ်းဆီး... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၃ - စက်တက်ဘာ - ၂၀၂၅)

တနသာင်္ရီတိုင်း ထားဝယ်မြို့ကနေ မေတ္တာမြို့ဖက်ကို ထားဝယ်-ထီးခီးလမ်းအတိုင်းတက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းထဲက စစ်သား ၄ ဦး လက်နက်တွေနဲ့အတူ လက်ရဖမ်းမိတယ်လို့ KNU မြိတ်-ထားဝယ် ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

စက်တင်ဘာ (၂)၊ မနက် ရ နာရီခွဲခန့်မှာ ခလရ (၂၈၂) ဦးဆောင်တဲ့ စစ်ကြောင်းထဲက စစ်သား ၄ ဦးကို မေတ္တာမရောက်ခင် ကျောက်မဲတောင်နဲ့ ဝကုန်းကျေးရွာအနီးမှာ K.N.L.A တပ်ရင်း(၁၂), တပ်ခွဲ(၄)တပ်တွေက ဖမ်းမိတာလို့ဆိုပါတယ်။

ဒါ့အပြင်...

- တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ကော့ကရိတ်-မြဝတီ အာရှလမ်းသစ်ဖက်ကို စစ်ကောင်စီက စစ်ကြောင်းထိုးလာတဲ့အတွက် စက်တင်ဘာ ၁ ရက်နေ့ ညပိုင်းကစပြီး တိုက်ပွဲ ပြင်းထန်နေ...

- သြဂုတ်လအတွင်း KNU မူတြော်ခရိုင်- တပ်မဟာ ၅ နယ်မြေမှာ တိုက်ပွဲ ၉၃ ကြိမ်ဖြစ်ပြီး စစ်သား ၉ ဦးသေ၊ ၄ ဦးဒဏ်ရာရ...

- အာရက္ခတပ်တော် (AA)က သိမ်းပိုက်ထားတဲ့ ညောင်ကျိုးစခန်းကို ပြန်သိမ်းနိုင်ဖို့အတွက် စစ်ကောင်စီတပ်က အင်အား အလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတယ်၊ ဒါပေမယ့် AA က လျှပ်တပြက် တန်ပြန်ထိုးစစ်ဆင်တဲ့အတွက် စစ်သားတွေ နောက်ပြန်ဆုတ်ပြီး စစ်တပ်ရဲ့ ကာကင်းစခန်းကိုတောင် AA ပြန်သိမ်းနိုင်...

- ဧရာဝတီတိုင်းကနေ ရခိုင်ပြည်နယ် ဂွ- မြို့အထိ တက်သိမ်းပြမယ်လို့ ကြုံးဝါးထားတဲ့ စစ်ကောင်စီရဲ့ ဒုတပ်ရင်းမှူးတဦး ကိုယ့်မိုင်းကို ပြန်နင်းမိပြီး သေဆုံး...

- နတ်မောက်မြို့နယ်၊ ပိတောက်ငုပ်- ပျုစောထီးရွာကနေ ထွက်လာတဲ့ ပျုစောထီး ယာဉ်တန်းကို တော်လှန်ရေးတပ်တွက မိုင်းဆွဲ တိုက်ခိုက်ရာမှာ ပျု ၃ ဦးသေ၊ ၅ ဦးဒဏ်ရာရ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Monday, September 1, 2025

ကျောက်ဖြူက နေရာအချို့ AA သိမ်းပိုက်... ရေဖြူတိုက်ပွဲ စစ်တပ် အထိနာ...


ကျောက်ဖြူက နေရာအချို့ AA သိမ်းပိုက်... ရေဖြူတိုက်ပွဲ စစ်တပ် အထိနာ... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၂ - စက်တင်ဘာ - ၂၀၂၅)

တရုတ်စီမံကိန်းတွေရှိတဲ့ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်ထိန်းချုပ်နယ်မြေအချို့ကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်ရရှိလိုက်တယ်လို့ နိရဉ္စရာက ဖေါ်ပြပါတယ်။

AA က ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို ပြန်သိမ်းလိုဇောနဲ့ စက်တင်ဘာ ၁ ရက်နေ့မှာ အတင်းဖိပြီးထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ကို  AA က လျှပ်တပျက် တန်ပြန်ထိုးစစ်ဆင်ရာမှာ စစ်သားတွေထွက်ပြေးသွားလို့ အခုလို နယ်မြေတွေ သိမ်းလိုက်နိုင်တာလို့ ရှေ့တန်းသတင်းရပ်ကွက်တွေက ပြောပါတယ်။

ဒါ့အပြင်...

- ရေဖြူမြို့နယ်၊ ဆယ်အိမ်စုကျေးရွာဖက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာမှာ စစ်သား ၃၀ ခန့်အထိ သေဆုံး...

- သြဂုတ် ၂၆ က ပစ်ခတ်ခဲ့တဲ့ သံတောင်ကြီးမြို့ရှိ ဘုရင့်နောင် စစ်သင်တန်းကျောင်း တိုက်ခိုက်မှုအတွင်း စစ်တပ်ဖက်က ၂၀ ခန့် အထိ သေဆုံး...

- ရေတာရှည်မြို့နယ်၊ ပဒဲကျေးရွာ မြောက်ပိုင်းဖက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာမှာ စစ်သား ၁၀ ခန့်သေဆုံး...

- ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသကို စစ်လေယာဉ်က ဗုံးကြဲတဲ့အတွက် အရပ်သား ၅ ဦးသေ၊ ၇ ဦးဒဏ်ရာရ...

- စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်တိုက်ဖျက်ရန်အတွက် မွန်ပြည်ဖက်ဒရယ်ကောင်စီရဲ့ နိုင်ငံရေးဦးဆောင်မှုအတိုင်း အရှိန်မြှင့်ဆောင်ရွက်နေတယ်လို့ -မွန်ပြည်တော်လှန်ရေးတပ် (MSRF)က သတင်းထုတ်ပြန်...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Sunday, August 31, 2025

ဒီးမော့ဆိုတိုက်ပွဲ စစ်တပ် အထိနာ... ညောင်ကျိုးမှာ တိုက်ပွဲပြင်းထန်...


ဒီးမော့ဆိုတိုက်ပွဲ စစ်တပ် အထိနာ... ညောင်ကျိုးမှာ တိုက်ပွဲပြင်းထန်...နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၁- စက်တင်ဘာ- ၂၀၂၅)

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ငွေတောင်ရွာသစ်မှာ စခန်းချထားတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ဝင်တိုက်ရာမှာ စစ်သား ၁၅ ဦးသေပြီး သေနတ် ၆ လက် သိမ်းမိတယ်လို့ Karenni People's Voice က ဖေါ်ပြပါတယ်။

သြဂုတ် (၂၉)၊ မနက် (၁၀) နာရီခန့်မှာ အင်အား ၁၀၀ ကျော်နဲ့ စခန်းထိုင်းထားတဲ့ နေရာကို ဝင်တိုက်တာဖြစ်ပြီး ညနေ ၃ နာရီအထိ ၅ နာရီကြာ တိုက်ပွဲဖြစ်တယ်လို့ ရှမ်းတောင်၊ ကရင်နီ စစ်တိုင်းဗျူဟာ(၁၁) က ပြောပါတယ်။

ဒါ့အပြင်...

- မြောင်မြို့နယ်က ထွက်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ရာမှာ စစ်သား ၁၃ ဦးသေပြီး သေနတ် ၂ လက် သိမ်းမိ...

- အနောက်မြာက်တိုင်း စစ်ဌာနချုပ် (နမခ) ကို ရော့ကတ် ၁၀ လုံးနဲ့ပစ်ခတ်ရာမှာ စစ်သား ၈ ဦးသေပြီး ယမ်းခိုဒေါင် မီးလောင်...

- ကျောက်မဲမြို့နယ် နောင်ပိန်ရွာမှာ စစ်ကောင်စီတပ်နဲ့ TNLA တို့ တိုက်ပွဲဆက်ပြင်းထန်နေပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု များနေ...

- အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ပဲခူးတိုင်း၊ ဥသျှစ်ပင်မြို့နယ်က ညောင်ကျိုးစခန်းဝန်းကျင်ကို စစ်ကောင်စီတပ်က ဒရုန်းတွေသုံးပြီး ထိုးစစ်ဆင်လာနေ...

- ထားဝယ်ခရိုင်၊ မေတ္တာမြို့နယ် ရဲစခန်းက ဒုရဲအုပ်တဦးဟာ G3 တလက်နဲ့အတူ ဒူရက စစ်ကြောင်းထံ ပူးပေါင်းလာ...

- ချောက်မြို့နယ်၊ ကုန်းကြီးပျူရွာက ပျူစောထီးတဦးဟာလည်း MA2 (စက်ကလေး) ၁ လက်နဲ့အတူ ချောက်တော်လှန်ရေးတပ်(CRA) ထံ ပူးပေါင်းလာ...

- မန္တလေးတိုင်း အခြေစိုက် ပြည်သူ့ ကာကွယ်ရေးတပ်မတော် "TRI"  ဗျူဟာရဲ့ 
အခြေခံ စစ်ပညာသင်တန်း အပတ်စဉ် (၂) သင်တန်းဆင်းပွဲ ကျင်းပ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Saturday, August 30, 2025

“ဒီရွေးကောက်ပွဲဟာ အဖြေမဟုတ်ဘူး၊ ပြသာနာတွေကို ဖိတ်ခေါ်တဲ့ပွဲသာဖြစ်တယ်”


“ဒီရွေးကောက်ပွဲဟာ အဖြေမဟုတ်ဘူး၊ ပြသာနာတွေကို ဖိတ်ခေါ်တဲ့ပွဲသာဖြစ်တယ်”

- ဦးအောင်မိုးဇော် (ဥက္ကဌ - လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ)

(၃၀ - သြဂုတ် - ၂၀၂၅)

“စစ်ကောင်စီကကျင်းပမယ့်ရွေးကောက်ပွဲဟာ ပြသာနာတွေကို ပြေလည်စေမှာမဟုတ်ဘူး၊ ပြသာနာတွေကို ထပ်တိုးလာအောင် ဖိတ်ခေါ်တဲ့ပွဲသာဖြစ်တယ်။ ဒါကြောင့် နည်းမျိုးစုံနဲ့ ဆန့်ကျင်ရမှာဖြစ်တယ်” လို့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ (DPNS)- ဥက္ကဌ ဦးအောင်မိုးဇော်က ပြောပါတယ်။

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအပေါ် ဆန့်ကျင်မှု တိုးပွားနေတဲ့အခြေအနေ၊ စစ်ကောင်စီဥက္ကဌရဲ့ တရုတ်နိုင်ငံခရီးစဉ်အခြေအနေတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးကထ်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...

- စစ်တပ်ကျင်းပမယ့် ရွေးကောက်ပွဲကို တော်လှန်ရေးအင်အားစုတွေက ဘယ်လို ဟန့်တားကြမှာလဲ...

- စစ်ကောင်စီဥက္ကဌရဲ့ တရုတ်ခရီးစဉ်က ဘာတွေ ထူးခြားလာနိုင်သလဲ...

- တော်လှန်ရေးအင်အားစုတွေဖက်က လုပ်နိုင်စွမ်းပြနိုင်ရင် တရုတ်သဘောထား ပြောင်းလာနိုင်သလား...

- တော်လှန်ရေးအင်အားစုတွေ တပ်ပေါင်းစုဖွဲ့နိုင်ရေး အလာအလာက ဘယ်လိုရှိသလဲ...

- တော်လှန်စစ်ရဲ့ အရှိန်အဟုန်ကို ဘယ်လိုနည်းနာတွေနဲ့ ပြန်လည်မြှင့်တင်ကြမလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Friday, August 29, 2025

စစ်ကောင်စီ သဘောၤကို AA ပစ်မြှုပ်... ဝိုင်းမော်ကစခန်းတခု KIA သိမ်းပိုက်...


စစ်ကောင်စီ သဘောၤကို AA ပစ်မြှုပ်... ဝိုင်းမော်ကစခန်းတခု KIA သိမ်းပိုက်...
နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၃၀- သြဂုတ် - ၂၀၂၅)

တရုတ်စီမံကိန်းတွေရှိတဲ့ ရခိုင်ပြည်နယ် ကျောက်ဖြူမှာ တိုက်ပွဲတွေ ဆက်ပြင်းထန်နေပြီး စစ်ကောင်စီရဲ့ သဘောင်္တစီးကို AA အာရက္ခတပ်တော်က ပစ်ခတ်ဖျက်ဆီးနိုင်ခဲ့တယ်လို့ နိရဉ္စရာက ဖေါ်ပြပါတယ်။

သြဂုတ် ၂၉ ညနေပိုင်းမှာ အဲဒီ စစ်သဘောင်္ကို AA က လက်နက်ကြီးတွေနဲ့ပစ်ခတ်တာဖြစ်ပြီး ကျောက်ဖြူပင်လယ်မှာ မီးလောင်နေတာကို ကမ်းပေါ်ကနေ မြင်နေရတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒါ့အပြင်...

- ရုရှားစီမံကိန်းတွေရှိတဲ့ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ နဘုလယ်ဒေသကို စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာတဲ့အတွက် ဒေသခံတွေ ထွက်ပြေးနေရ...

- ပေါင်းတည်မြို့နယ် ပဲခူးရိုးမအတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာမှာ စစ်သား ၁ ဦးသေ၊ ထိခိုက်သူများ၊ ခဲယမ်းအချို့သိမ်းမိ...

- TNLA- တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်နဲ့ MDY - PDF မန္တလေး တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ အယ်လ်ဖာ ဘိလပ်မြေစက်ရုံနဲ့ ဖယောင်းတောင်သတ္တုတွင်းဒေသတို့ကို စစ်တပ်ဖက်က ပြန်သိမ်းဟုဆို...

- နောင်ချိုနဲ့ ကျောက်မဲမြို့နယ်ကို ဆက်သွယ်ထားတဲ့ ဂုတ်ထိပ်တံတားနဲ့ ဂုတ်တွင်းလမ်းပိုင်းတွေကိုလည်း စစ်ကောင်စီဖက်က ထိန်းချုပ်လိုက်ပြီလို့ ဝါဒဖြန့်ချာနယ်တွေကဖေါ်ပြ... 

- အပစ်ရပ်ထားတဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ- RCSS/SSA နဲ့ စစ်ကောင်စီတပ်တွေ ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းယောင်းမြို့နယ်မှာ တိုက်ပွဲဖြစ်...

- ဝိုင်းမော်က လမြန်ရွာ ဘုရားကျောင်းတပ်စခန်းကို KIA ကချင်လွတ်လပ်ရေးတပ်မတော်နဲ့ KPDF ပူးပေါင်းတပ်တွေက ပြန်သိမ်းပိုက်...

- စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲကို လက်မခံနိုင်ဘူး၊ ဆန့်ကျင်ကန့်ကွက်သွားမယ်လို့ ကြေညာချက်ထုတ်တဲ့ KNU ကရင့်အမျိုးသားအစည်းအရုံးကို အကြမ်းဖက်အဖွဲ့- မတရားအသင်းအဖြစ် စစ်ကောင်စီက ကြေညာ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Thursday, August 28, 2025

ရေဖြူတိုက်ပွဲ စစ်သား ၃၀ ကျော်သေ... အာရှလမ်းသစ်မှာ တိုက်ပွဲပြင်းထန်...


ရေဖြူတိုက်ပွဲ စစ်သား ၃၀ ကျော်သေ...  အာရှလမ်းသစ်မှာ တိုက်ပွဲပြင်းထန်...နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၂၉ - သြဂုတ် - ၂၀၂၅)

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကော့လှိုင်ကျေးရွာအနီးဖြစ်ပွားတဲ့ သီတင်းတပတ်ကြာ တိုက်ပွဲအတွင်း စစ်သား (၃၆)ဦးထက်မနည်း သေဆုံးပြီး ဗိုလ်မှူးတဦးအပါ ဝင် ဒဏ်ရာရသူလည်း များတယ်လို့ မွန်ပြည်တော်လှန်ရေးတပ် MSRF က သတင်းထုတ်ပြန်ပါတယ်။

ဩဂုတ် ၁၉ မနက် ၆ နာရီခန့်မှာ တိုက်ပွဲစတင်ပြီး ၂၅ ရက်နေ့အထိ ဆိုက်တိုက်ဖြစ်တယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင်...

- ကော့ကရိတ်-မြဝတီ အာရှလမ်းပိုင်းကို ထိုးစစ်ဆင်ဖို့အတွက် စစ်ကောင်စီက ကော့ကရိတ်အခြေစိုက် တပ်ရင်းတွေဆီ စစ်ကား အစီး ၅၀ နဲ့ လူအင်အား၊ လက်နက်အင်အားတွေ စစ်ကူပို့လာ...

- ကျောက်မဲမြို့နယ် နောင်ပိန်ရွာမှာ တိုက်ပွဲဆက်ပြင်းထန်နေပြီး စစ်ကောင်စီဘက်က လေကြောင်းနဲ့ ဗုံးကြဲနေ...

- ဗန်းမော်တိုက်ပွဲအတွင်း စစ်ကြောင်းအလိုက် ချေမှုူန်းခံရလို့ သေဆုံးသွားသူတွေထဲမှာ ဗိုလ်ကြီး ခန့်ထက်နောင်လည်း ပါဝင်...

- ပုဂံမြို့သစ်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပြီး စစ်တပ်ဖက်က ၂ ဦးသေဆုံးပြီးတဲ့နောက် ပုဂံမှာ လုံခြုံရေးတင်းကြပ်...

- PDF-  ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ တပ်မှူးကြီးများအစည်းအဝေး (၁/၂၀၂၅) ကို ၃ ရက်တာကျင်းပ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Wednesday, August 27, 2025

ဗန်းမော်တိုက်ပွဲ စစ်ကောင်စီ စစ်ကြောင်းအလိုက်ပြုတ်... ကော့ကရိတ်တိုက်ပွဲ အ...


ဗန်းမော်တိုက်ပွဲ စစ်ကောင်စီ စစ်ကြောင်းအလိုက်ပြုတ်... ကော့ကရိတ်တိုက်ပွဲ အောင်ဇေယျ နောက်ပြန်လန်... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၂၈ - သြဂုတ် - ၂၀၂၅)

ကချင်ပြည်နယ်၊ ဗန်းမော်တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ စစ်ကြောင်းတခုလုံံးကို KIA ကချင်လွတ်လပ်ရေးတပ်မတော်နဲ့ ပူးပေါင်းတပ်တွေက ချေမှုန်းနိုင်ခဲ့ပြီး လက်နက်များစွာရရှိတယ်လို့ Kachin News Group က ဖေါ်ပြပါတယ်။

ဩဂုတ် ၂၃ က အမှတ် ၅၀၁၄ သံချပ်ကာတပ်ရှိတဲ့ဘက်ကနေ ခလရ ၂၃၆ တပ်ရင်ဘက်ကို စစ်အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတဲ့ စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာမှာ အဲဒီစစ်ကြောင်း ၂ အုပ်ကွဲသွားပြီး တအုပ်ကို လုံး၀ ချေမှုန်းလိုက်တယ်၊ တအုပ်က စကခ ၂၁ ထဲ ပြန်ဝင်ပြေးသွားတယ်လို့ ရှေ့တန်း သတင်းရပ်ကွက်ကပြောပါတယ်။

ဒါ့အပြင်...

- ဘုတလင်မြို့ကနေ ထွက်လာတဲ့ စစ်တပ်နဲ့ ပျုစောထီး ပူးပေါင်းစစ်ကြောင်းကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာမှာ စစ်သား ၇ ဦးသေပြီး သေနတ် ၂ လက်သိမ်းမိ...

- ကော့ကရိတ်-မြဝတီ အာရှလမ်းပိုင်းမှာ စစ်ကောင်စီတပ်နဲ့ ကရင်တော်လှန်ရေးတပ်တွေကြား တိုက်ပွဲဆက်ပြင်းထန်နေပြီး အောင်ဇေယျ စစ်ကြောင်းဖက်က သေဆုံးမှုများနေ...

- ရေး-ထားဝယ် လမ်းပိုင်းမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေကြား ၃ ရက်ဆက် တိုက်ပွဲဖြစ်ပြီးနောက် အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးကို ပိတ်ထားလိုက်တဲ့အတွက် ခရီးသည်ကားတွေ ရာနဲ့ချီ ပိတ်မိနေ...

-  ဘုတ်ပြင်းအခြေစိုက်  အမှတ် ၁၃ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်က ဒုတိယ စကခမှူး  ဗိုလ်မှူးကြီး မျိုးသန့် တိုက်ပွဲအတွင်း သေဆုံး...

- ပြည်သူ့ကာကွယ်ရေးတပ်မတော် နည်းဗျူဟာ (၃၃) နဲ့ မွန်ပြည်တော်လှန်ရေးတပ်(MSRF) တို့ဟာ ညီနောင်တပ်ဖွဲ့အဖြစ် ပူးပေါင်းဖွဲ့စည်း...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

“ဒီလောက်ကန့်ကွက်နေတဲ့ကြားက ဆက်လုပ်မယ်ဆိုရင်တော့ ...


“ဒီလောက်ကန့်ကွက်နေတဲ့ကြားက ဆက်လုပ်မယ်ဆိုရင်တော့ ပြသာနာအကြီးကြီးရှိနိုင်တယ်”

- ပဒိုစောတောနီး (ပြောခွင့်ရပုဂ္ဂိုလ် - KNU)

(၂၇- သြဂုတ် - ၂၀၂၅)

“လူထုတရပ်လုံးက အပြင်းအထန် ကန့်ကွက်နေတဲ့ကြားက ဒီ အတုအယောင်ရွေးကောက်ပွဲကို ဆက်လုပ်မယ်ဆိုရင်တော့ နောက်ဆက်တွဲပြသာနာအတွက် စစ်တပ်မှာပဲ တာဝန်ရှိတယ်၊ အဆိပ်ပင်ရေလောင်းတဲ့ နိုင်ငံရေးပါတီတွေမှာပဲ တာဝန်ရှိတယ်” လို့ KNU - ကရင့်အမျိုးသားအစည်းအရုံး ပြောခွင့်ရပုဂ္ဂိုလ် ပဒိုစောတောနီးက ပြောပါတယ်။

ဒီဇင်ဘာမှာ ကျင်းပမယ်ဆိုတဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအပေါ် KNU က ဘယ်လိုသဘောထားသလဲ၊ ဘယ်လိုအရေးယူဆောင်ရွက်မှာလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...

- စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို KNU က ဘယ်လိုအရေးယူ ဆောင်ရွက်သွားမှာလဲ...

- မြဝတီ-ကော့ကရိတ်- အာရှလမ်းပေါ်က တိုက်ပွဲအခြေအနေ...

- ရုရှား-တရုတ် အကူအညီနဲ့ အောင်မြင်သွားတဲ့ တော်လှန်ရေး၊ အောင်မြင်သွားတဲ့ နိုင်ငံတခုခု ရှိခဲ့ဖူးသလား...

- တနိုင်ငံလုံး စစ်ရေးအနေအထားအရ တော်လှန်ရေးတပ်တွေ စုပေါင်းဆောင်ရွက်ဖို့ အချိန်တန်ပြီလား...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Share

Twitter Delicious Facebook Digg Stumbleupon Favorites More