Monday, August 31, 2026

ရွှေကူမြို့အနီးရှိ ဇင်းဘုန်တပ်စခန်းကို KIA သိမ်းပိုက်... နတ်မောက်တိုက်ပွဲ စစ်တပ်အထိနာ...

 https://youtu.be/wzLooQt_DMQ?si=EIZFevkzhH-taAt8

ရွှေကူမြို့အနီးရှိ ဇင်းဘုန်တပ်စခန်းကို KIA သိမ်းပိုက်... နတ်မောက်တိုက်ပွဲ စစ်တပ်အထိနာ... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၁ စက်တင်ဘာ၂၀၂၆) - ကချင်ပြည်နယ်၊ ရွှေကူမြို့အထက်နားရှိ ဇင်းဘုန်နဲ့ စင်ခန်းကြားက စစ်ကောင်စီ တပ်စခန်းကုန်းတခုကို KIA ဦးဆောင်တဲ့ မဟာမိတ်တွေက သိမ်းပိုက်လိုက်ပြီး လက်နက်ခဲယမ်းများစွာရရှိ... - နတ်မောက်မြို့နယ်၊ လျှော်ချောင်းရွာဖက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ရာမှာ ၁၀ ဦးထက် မနည်းသေဆုံးပြီး စစ်အသုံးဆောင်ပစ္စည်းအချို့ သိမ်းမိ... - အာရှဒေသရဲ့ နိုဘယ်ဆုလို့ တင်စားခေါ်ဝေါ်ကြတဲ့ ရေမွန်မက်ဆေးဆေးဆု (Ramon Magsaysay Awardees) ရှင်အဖြစ် ရွေးချယ်ခံရသူ ၃ ဦးထဲမှာ မြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ တွဲဖက် အတွင်းရေးမှူး ဦးဘိုကြည်လည်းပါဝင်... ... စတဲ့ သတင်းတွေအပါဝင် နောက်ဆုံးရ တိုက်ပွဲသတင်းတွေကို စုစည်းတင်ပြထားပါတယ်။

Sunday, August 30, 2026

မင်းတုန်းတိုက်ပွဲ သုံ့ပန်း ၅ ဦးဖမ်းမိ... ရွှေကူဖက်တက်လာတဲ့ စစ်သဘောၤ KIA သိမ်းပိုက်...

 https://youtu.be/h61WPkOYyvU?si=u-T9xZ_19S_nTYBX

မင်းတုန်းတိုက်ပွဲ သုံ့ပန်း ၅ ဦးဖမ်းမိ... ရွှေကူဖက်တက်လာတဲ့ စစ်သဘောၤ KIA သိမ်းပိုက်... နောက်ဆုံးရ တိုက်ပွဲသတင်းများ... (၃၁ သြဂုတ် ၂၀၂၆)

- မင်းတုန်းမြို့နယ်အနောက်ခြမ်းမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပြီး စစ်တပ်ဖက်က သေဆုံးသူများ၊ ၅ ဦးကို လက်ရဖမ်းမိ၊ သေနတ်တလက်နဲ့ ခဲယမ်းတွေ သိမ်းမိ... - ရွှေကူမြို့ဘက် ဧရာဝတီမြစ်အတိုင်း ဆန်တက်လာတဲ့ စစ်သဘောင်္အုပ်စုထဲက သဘောင်္တစီးကို KIA - ဦးဆောင်တဲ့ မဟာမိတ်တပ်တွေက သိမ်းပိုက်... - ရုရှားအစိုးရက တာဝန်ယူဆောင်ရွက်နေတဲ့ ထားဝယ်ရေနက်ဆိပ်ကမ်းဖက် စစ်ကြောင်းထိုးဖို့ ထားဝယ်မြို့ စကခ ၈ ကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ရာမှာ စစ်သား ၁၅ ဦးခန့်သေဆုံးပြီး သေနတ် ၈ လက် သိမ်းမိ... ... စတဲ့ သတင်းတွေအပါဝင် နောက်ဆုံးရ တိုက်ပွဲသတင်းတွေကို စုစည်းတင်ပြထားပါတယ်။

Friday, August 28, 2026

မိုးဗြဲတိုက်ပွဲ စစ်တပ်ဖက်က သေဆုံးသူများ... ထိုင်း -ပြည်နှင်ဒဏ်ပေးတဲ့ စည်းမျဉ်းအသစ် မြန်မာအလုပ်သမားတွေ စိုးရိမ်...

 https://youtu.be/g2w76dQV9Gg?si=3V7hEbYbFbjdVGk-

မိုးဗြဲတိုက်ပွဲ စစ်တပ်ဖက်က သေဆုံးသူများ... ထိုင်း -ပြည်နှင်ဒဏ်ပေးတဲ့ စည်းမျဉ်းအသစ် မြန်မာအလုပ်သမားတွေ စိုးရိမ်... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၂၉ သြဂုတ် ၂၀၂၆) - မိုးဗြဲမြိုန့ယ် လွယ်ယင်းတောင်ခြေဖက်မှာ စစ်ကောင်စီတပ်နဲ့ ကရင်နီတော်လှန်ရေးတပ်တွေကြား တိုက်ပွဲဖြစ်ပြီး စစ်တပ်ဖက်က ၁၀ ဦးထက် မနည်းထိခိုက်သေဆုံး... - အညာဒူဘိုင်းလို့ လူသိများတဲ့ မကွေးတိုင်း၊ မြိုင်နဲ့ ပေါက်မြို့နယ်အစပ်ဒေသရှိ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ လက်ပံတိုရေနံမြေကို စစ်ကောင်စီဖက်က အင်အား အလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေပြီး ကျေးရွာတွေကို မီးရှို့နေ... - နိုင်ငံခြားသားတွေကို ပြည်နှင်ဒဏ်ပေးတဲ့ လုပ်ငန်းစဉ် စည်းမျဉ်းအသစ် ၆ ချက် ထုတ်ပြန်မှုအပေါ် မြန်မာအလုပ်သမားတွေ စိုးရိမ်... ... စတဲ့သတင်းတွေအပါဝင် နောက်ဆုံးရ တိုက်ပွဲသတင်းတွေကို စုစည်းတင်ပြထားပါတယ်။

Thursday, August 27, 2026

မိုးဗြဲမှာ တိုက်ပွဲပြန်ဖြစ်... ထားဝယ်ရေနက်ဆိပ်ကမ်းဒေသဆီ စစ်ကြောင်းပြန်ထိုး..

 https://youtu.be/VQVgfTxWGLc?si=9MhwX65e72Nix_2X

မိုးဗြဲမှာ တိုက်ပွဲပြန်ဖြစ်... ထားဝယ်ရေနက်ဆိပ်ကမ်းဒေသဆီ စစ်ကြောင်းပြန်ထိုး... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၂၈ သြဂုတ် ၂၀၂၆) - ရှမ်း - ကရင်နီအစပ်ဒေသ၊ မိုးဗြဲမြို့အနောက်ဖက်ခြမ်းမှာ စစ်ကောင်စီတပ်နဲ့ ကရင်နီတော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပြီးနောက် လမ်းပိုင်းအချို့ကို မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မိုးဗြဲ PDF) က ပိတ်ထား... - ထိုင်းနိုင်ငံအတွင်းရှိ ဒုက္ခသည်စခန်း (၅) ခုအတွက် အမေရိကန်ဒေါ်လာ (၁) သိန်းကျော် တောင်ကိုးရီးယားအစိုးရက ထောက်ပံ့ပေး... - ရုရှားကုပဏီတွေက တာဝန်ယူဆောင်ရွက်မယ်ပြောထားတဲ့ ထားဝယ်ရေနက်ဆိပ်ကမ်းဒေသဆီ စစ်ကောင်စီတပ်တွေက နောက်တကြိမ် စစ်ကြောင်းထပ်ထိုးလာတဲ့အတွက် ဒေသခံတွေ နောက်တကြိမ် ထပ်ထွက်ပြေးနေရပြန်... ... စတဲ့သတင်းတွေအပါဝင် နောက်ဆုံးရတိုက်ပွဲသတင်းတွေကို စုစည်းတင်ပြထားပါတယ်။

Wednesday, August 26, 2026

မြင်းခြံက စစ်တပ်စခန်း PDF သိမ်းပိုက်... နူကလီယားစက်ရုံ မကြာခင်ဆောက်မယ်လို့ ရုရှားပြော...

 https://youtu.be/SLGNOWhLhcU?si=6xfZ7sqdRYMw7Pt_

မြင်းခြံက စစ်တပ်စခန်း PDF သိမ်းပိုက်... နူကလီယားစက်ရုံ မကြာခင်ဆောက်မယ်လို့ ရုရှားပြော... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၂၇ သြဂုတ် ၂၀၂၆) - မြင်းခြံမြို့နယ်၊ စံပြကျေးရွာက စစ်တပ်အထိုင်စခန်းကို တော်လှန်ရေး တပ်တွေက ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်... - KIA နဲ့ မဟာမိတ်တပ်တွေ ထိန်းချုပ်ထားတဲ့ စင်းခန်းတံတားဖက်ကို စစ်တပ်က စစ်ကြောင်း ၃ ကြောင်းနဲ့ ဦးတည်ထိုးလာနေ... - ၁၁၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မယ့် နျူးကလီး ယားဓာတ်အားပေး စက်ရုံကို ၂၀၂၇ ခုနှစ် အစောပိုင်းမှာ စတင်နိုင်ဖွယ်ရှိတယ်လို့ Strana Rosatom နျူကလီးယား သတင်းစဉ်က ဖေါ်ပြ... ... စတဲ့သတင်းတွေအပါဝင် နောက်ဆုံးရ တိုက်ပွဲသတင်းတွေကို စုစည်းတင်ပြထားပါတယ်။

Tuesday, August 25, 2026

 https://youtu.be/kcf5OrfqGl0?si=0wcnFeKMTI_V16RE

မြစ်ကြီးနားက ထွက်လာတဲ့ စစ်ယာဉ်တန်း KIA တိုက်ခိုက်... DKBA စခန်းအနီး တိုက်ပွဲပြင်းထန်... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၂၆ သြဂုတ် ၂၀၂၆) - မြစ်ကြီးနားမြို့ကနေ ထွက်လာတဲ့ စစ်ကား (၆)စီးပါ ယာဉ်တန်းကို KIA - ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွက ကြားဖြတ်တိုက်ရာမျာ စစ်သား ၁၀ ဦးသေဆုံး... တနိုင်း ဒကစ ဖက်မှာလည်း တိုက်ပွဲဖြစ်နေ... - မတ္တရာမြို့နယ်၊ အနောက်တောင်ခြမ်း ကြိမ်တောရွာနဲ့ ကုန်းတန်းကြီးကျေးရွာမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ရာမှာ စစ်တပ်ဖက်က အနည်းဆုံး ၆ ဦးသေဆုံးပြီး သေနတ် ၂ လက်နဲ့ ခဲယမ်းတွေ သိမ်းမိ... - မြဝတီတောင်ဘက်ရှိ ဖလူး-မင်းလက်ပံ-ဝေါလေ လမ်းပိုင်းကို စစ်တပ်က ၃ ရက်ဆက် လက်နက်ကြီးတွေ၊ လေကြောင်းပစ်ကူတွေနဲ့ ထိုးစစ်ဆင်နေပြီး (DKBA) ထိန်းချုပ်နယ်မြေ ကျောက်ခက်အနီးက သဲဖြူချောင်းမှာ တိုက်ပွဲပြင်းထန်နေ... ... စတဲ့ သတင်းတွေအပါဝင် နောက်ဆုံးရ တိုက်ပွဲသတင်းတွေကို စုစည်းတင်ပြထားပါတယ်။


“ထားဝယ်ရေနက်ဆိပ်ကမ်းဆီ ရုရှားဝင်ရေးက ချက်ခြင်းကြီးတော့ ဖြစ်မလာနိုင်ဘူး”

 https://youtu.be/s_kLzSDIdmw?si=XjOsuqlT2o4AXXWb

“ထားဝယ်ရေနက်ဆိပ်ကမ်းဆီ ရုရှားဝင်ရေးက ချက်ခြင်းကြီးတော့ ဖြစ်မလာနိုင်ဘူး”

  • စတီဗင်စန်းယု (ထိုင်းနိုင်ငံအရေး ကျွမ်းကျင်သူ)

(၂၅ သြဂုတ် ၂၀၂၆) “ထားဝယ်ရေနက်ဆိပ်ကမ်းဆီ ရုရှားဝင်ရေးက ချက်ခြင်းကြီးတော့ ဖြစ်မလာနိုင်ဘူး၊ ဖြစ်လာရင်လည်း စီးပွားရေးအကျိုးအမြတ်ထက် လုံခြုံရေးအရ နေရာဝင်ယူတဲ့သဘော ဖြစ်ဖို့များတယ်” လို့ ထိုင်းနိုင်ငံအရေး ကျွမ်းကျင်သူ စတီဗင်စန်းယုက ပြောပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ် ရုရှားခရီးစဉ်အတွင်း အာဏာသိမ်းသမ္မတ မင်းအောင်လှိုင်နဲ့ တနသာၤရီတိုင်း စစ်ဝန်ကြီးချုပ် ဇော်နိုင်ဦးတို့က မနက်ဖန်- သဖက်ခါပဲ ရုရှားကုပဏီတွေ ဝင်လာတော့မယ့်ပုံစံမျိုးပြောဆိုသွားတာနဲ့ပတ်သက်ပြီး BNN သတင်းဌာက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။ အခု ထုတ်လွှင့်မယ့်မေးမြန်းချက်ထဲမှာ...

  • ရုရှားဝင်ရေးအကြောင်းမပြောခင် အရင် တာဝန်ယူထားတဲ့ အီတလီ-ထိုင်း ကုပီဏက ဘာကြောင့်ထွက်သွားတာလဲဆိုတာ ဘာလို့မပြောကြတာလဲ...

  • ဒီစီမံကိန်း ပြန်မစခင်... အီတလီ-ထိုင်း ကုပဏီကို စစ်ကောင်စီက လျော်ကြေးပေးရမှာလား...

  • အခု စီမံကိန်းပြန်စရင်လည်း ထိုင်းဖက်ကိုပဲ ကုန်စည်တွေတင်ပို့ရမှာဆိုတော့ ထိုင်းရဲ့ သဘောထားက ဘယ်လိုရှိလဲ...

  • ထားဝယ်မှာ. ညူကရီးယားဓာတ်ပေါင်းဖိုဆောက်မယ်ဆိုရင် ကီလို မီတာ ၂၀၀ သာဝေးတဲ့ ထိုင်းတွေအတွက် ဘယ်လို စိုးရိမ်စရာရှိသလဲ...

  • ဒီစီမံကိန်းအပေါ် ထားဝယ်လူထုက ဘယ်လိုသဘောထားသလဲ... ကန့်ကွက်ကြမှာလား... ငြိမ်ခံနေကြမှာလား...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

Monday, August 24, 2026

စစ်ရေယာဉ်အုပ် KIA ရဲ့ ဒရုန်းစာမိ... ရေကြည် အမတ ၃၄၄ ကို AA ဝင်တိုက်...

 https://youtu.be/qxX6EeJfFNk?si=fycxlpvW_WZuBW0M

စစ်ရေယာဉ်အုပ် KIA ရဲ့ ဒရုန်းစာမိ... ရေကြည် အမတ ၃၄၄ ကို AA ဝင်တိုက်... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၂၅ သြဂုတ် ၂၀၂၆၀) - မန္တလေးကနေ ‎ဗန်းမော်မြီု့ကိုဦးတည်ပြီး ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်ရေယာဉ် ၁၅ စီးအုပ်ကို သပိတ်ကျင်းမြို့နယ်အတွင်း KIA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့တိုက်ခိုက်ရာမှာ သဘောင်္တစီး ထိမှန် မီးလောင်... - ကော့ကရိတ်မြို့နယ်အတွင်း KNLA တပ်မဟာ (၇) နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက ထိန်းချုပ်ထားတဲ့ ကွီမောင်တိုင်ကျေးရွာဖက်ကို စစ်တပ်က စစ်ဆင်လာတဲ့အတွက် တိုက်ပွဲပြင်းထန်... - ရေကြည်မြို့နယ်၊ အမြောက်တပ် အမတ(၃၄၄)အနီးမှာ စစ်ကောင်စီတပ်နဲ့ AA အာရက္ခတပ်တော် ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေကြား တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲနေ... ... စတဲ့ သတင်းတွေအပါဝင် နောက်ဆုံးရ တိုက်ပွဲသတင်းတွေကို စုစည်းတင်ပြထားပါတယ်။

Friday, August 21, 2026

ရုရှားဝင်မယ့် ထားဝယ်ရေနက်ဆိပ်ကမ်းမှာ စစ်တပ်က ရွာမီးရှို့-မြေသိမ်းမှုတွေဖြစ်နေ... အပါဝင်

 https://youtu.be/kLJoQywt93c?si=c19YSST3FtHqlJKm

ရုရှားဝင်မယ့် ထားဝယ်ရေနက်ဆိပ်ကမ်းမှာ စစ်တပ်က ရွာမီးရှို့-မြေသိမ်းမှုတွေဖြစ်နေ... အပါဝင် နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၂၂ သြဂုတ် ၂၀၂၆) - ရုရှားကုပဏီတွေနဲ့ မြန်မာစစ်တပ် ပူးတွဲ တာဝန်ယူဆောင်ရွက်မယ်လို့ MOU လက်မှတ်ရေးထိုးလိုက်တဲ့ ထားဝယ်အထူးစီးပွားရေးဇုန်ဒေသမှာ စစ်တပ်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေပြီး ရွာတွေကို မီးရှို့- မြေတွေကို သိမ်းယူနေ... - မြောင်မြို့နယ်၊ ဆွဲလွဲအိုကျေးရွာ ဘုန်းကြီးကျောင်း တရားစခန်းမှာ ရွာသားတွေ ဥပုသ်နေ့အတွက် သီလယူနေစဉ် စစ်လေယာဉ်က ဗုံးကြဲတဲ့အတွက် သေဆုံးသူ ၁၄ ဦးအထိရှိပြီး ဒဏ်ရာရသူလည်းများ... - လွတ်လပ်သော လူ့အခွင့်ရေး ကော်မရှင်တစ်ရပ်အဖြစ်ဖွဲ့စည်းတည်ထောင်ဖို့ ရည်ရွယ်ပြီး လက်ရှိ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကို ဖျက်သိမ်းလိုက်တယ်လို့ CRPH က ကြေညာ... ... စတဲ့ သတင်းတွေအပါဝင် နောက်ဆုံးရ တိုက်ပွဲသတင်းတွေကို စုစည်းတင်ပြထားပါတယ်။

Thursday, August 20, 2026

မြင်းခြံတိုက်ပွဲ စစ်သား ၁၀ ကျော်သေဆုံး... တောင်မော်ဦးရေတပ်အနီး AA ထိုးစစ်ဆင်...

 https://youtu.be/0dBRZdFolJQ?si=OO2PjyG13swQjyD_

မြင်းခြံတိုက်ပွဲ စစ်သား ၁၀ ကျော်သေဆုံး... တောင်မော်ဦးရေတပ်အနီး AA ထိုးစစ်ဆင်... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၂၁ သြဂုတ် ၂၀၂၆) - မြင်းခြံမြို့ကနေ ဆီမီးခုံမြို့ဖက်ထွက်လာတဲ့ စစ်ကား ၃ စီးကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ရာမှာ စစ်တပ်ဖက်က ၁၄ ဦးသေပြီး တော်လှန်ရေးဖက်က ၂ ဦး ဒဏ်ရာရ... - တောင်မော်ဦးရေတပ်အနီးရှိ အဝတောင် ကင်းစခန်းတွေကို AA အာရက္ခတပ်တော်က လျှပ်တပျက် ထိုးစစ်ဆင်... - တော်လှန်ရေးတပ်တွေထံ ဘက်ပြောင်းခိုလှုံခဲ့တဲ့ ရှမ်းနီပြည်သူ့စစ် SNA စစ်သား ၃ ဥိးကို ဂုဏ်ပြုငွေ သိန်း ၁၅၀ ချီးမြျင့်... ... စတဲ့ သတင်းတွေအပါဝင် နောက်ဆုံးရ တိုက်ပွဲသတင်းတွေကို စုစည်းတင်ပြထားပါတယ်။

“မင်းအောင်လှိုင်ရဲ့ ရုရှားခရီးစဉ် ဘာတွေထူးသလဲ...”

 https://youtu.be/vlVZ-Pe9yNQ?si=xzM6keDT5GSpFlo9

“မင်းအောင်လှိုင်ရဲ့ ရုရှားခရီးစဉ် ဘာတွေထူးသလဲ...”

(၂၀ သြဂုတ် ၂၀၂၆) “တရုတ်နဲ့စာရင် ရုရှားဆီက နည်းပညာအကူအညီပိုရနိုင်တယ်လို့ မင်းအောင်လှိုင်တို့ဖက်က တွက်ဆထားပုံရတယ်၊ ဒါပေမယ့် ပြည်သူတွေအတွက်ကတော့ ဘာမှများများစားစား ရစရာမရှိဘူး၊ လူ့အခွင့်အရေးတွေ ဆက်ဆုံးရှုံးဖို့ပဲရှိတယ်” လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးဇော်မိုးကျော်က ပြောပါတယ်။ ရုရှားအပါဝင် အာဏာရှင်နိုင်ငံတွေဆီ ခရီးထွက်နေတဲ့ အာဏာသိမ်းသမ္မတ မင်းအောင်လှိုင်ရဲ့ ခရီးစဉ်ကနေ အများပြည်သူအတွက် ဘာတွေအကျိုးရှိနိုင်သလဲ...စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။ အခု ထုတ်လွှင့်မယ့်မေးမြန်းချက်ထဲမှာ... - မင်းအောင်လှိုင်ကို ပုတင်က ဘယ်လိုကြိုသလဲ... - MOU ၁၂ ချက်ထဲမှာ ဘယ်လိုရင်နှီးမြှုပ်နှံမှုတွေ ပါဝင်သလဲ... - ရုရှားတိုက်လေယာဉ်တွေက တရုတ်တိုက်လေယာဉ်တွေထွက် ပိုအစွမ်းထက်နေသလား... - မင်းအောင်လှိုင်က တရုတ်ထက် ရုရှားကို ပိုအထင်ကြီးနေတာ ဘာကြောင့်လဲ... - မင်းအောင်လှိုင်ရဲ့ သံတမန်ရေးလှုပ်ရှားမှုနဲ့အပြိုင် တော်လှန်ရေးအင်အားစုတွေဖက်က သံတမန်ရေးလှုပ်ရှားမှု ဘယ်လိုမြှင့်တင်ကြမလဲ... ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

Tuesday, August 18, 2026

ခန္တီးမြို့နယ်တိုက်ပွဲ စစ်တပ်သေဆုံးသူများ... DKBA စခန်းကို စစ်တပ်က လက်နက်ကြီးနဲ့ပစ်...

 https://youtu.be/-vilej28oo0?si=ewAbm8qZ6_2DkSpf

ခန္တီးမြို့နယ်တိုက်ပွဲ စစ်တပ်သေဆုံးသူများ... DKBA စခန်းကို စစ်တပ်က လက်နက်ကြီးနဲ့ပစ်... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၁၉ သြဂုတ် ၂၀၂၆) - စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ်၊ ချောင်းသုံးခွကျေးရွာဖက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ရှမ်းနီပြည်သူ့စစ် (SNA) ပူးပေါင်းစစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ရာမှာ စစ်တပ်ဖက်က ၆ ဦးသေ၊ သေနတ် ၄ လက်နဲ့ ခဲယမ်းတွေ သိမ်းမိ... - မြဝတီမြို့ တောင်ဘက်ရှိ -DKBA အမှတ် (၉၁၅)တပ်ရင်း၊ ကျွန်းတောစခန်းပေါ် စစ်ကောင်စီက ပစ်လိုက်တဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲတဲ့အတွက် DKBA တပ်ဖွဲ့ဝင် ၂ ဦးကျဆုံးပြီး မိသားစုဝင် ၂၀ ခန့် ဒဏ်ရာရ... - တော်လှန်ရေးတပ်ဖွဲ့ရဲ့ ဖမ်းဆီးစစ်ဆေးခြင်းခံနေရသူ အာဏာသိမ်းအစိုးရ ပို့ဆောင်ရေးဒုဝန်ကြီး ဦးအောင်မြိုင်ရဲ့သား၊ ထားဝယ်မြို့နယ် အကောက်ခွန်ဦးစီးဌာန ဒုအကောက်ခွန်မှူး ဦးဖြိုးစံဟာ လက်နက်လုပြီး ခုခံထွက်ပြေးဖို့ ကြိုးစားတဲ့အတွက် ပစ်ခတ်ရှင်းလင်းလိုက်ရတယ်လို့ နည်းဗျူဟာ ၃၃ ကပြော... ... စတဲ့ သတင်းတွေအပါဝင် နောက်ဆုံးရ တိုက်ပွဲသတင်းတွေကို စုစည်းတင်ပြထားပါတယ်။

“အညာတမာ စစ်ဆင်ရေးနှင့် အညာဒေသ စစ်ရေးအခြေနေ”

 https://youtu.be/8hPI8tcyL64?si=A-l39Jd69coO6SB5

“အညာတမာ စစ်ဆင်ရေးနှင့် အညာဒေသ စစ်ရေးအခြေနေ”


(၁၈ သြဂုတ် ၂၀၂၆) “တူမီးနဲ့ စခဲ့ရတဲ့ အညာဒေသတော်လှန်ရေးဟာ တဆင့်ခြင်းတိုးတက်လာနေတာဖြစ်တယ်၊ ရန်သူ့စစ်ကြောင်းကို ခုခံတာအပြင် ရန်သူ့နယ်မြေကိုပါ ထိုးဖောက်ပြီး စခန်းသိမ်းတိုက်ပွဲတွေ ဆင်နွဲနေတာဖြစ်တယ်” လို့ အညာဒေသအခြေစိုက် ABSDF စစ်ကြောင်း (၃) က ရဲဘော် ပြည့်ဖြိုးကျော်က ပြောပါတယ်။ စစ်ကောင်စီတပ်ဖက်က ၅၀ ကျော်သေဆုံးပြီး လက်နက်များစွာသိမ်းနိုင်ခဲ့တဲ့ -အညာတမာ- စစ်ဆင်ရေးအခြေနေ၊ အညာဒေသ စစ်ရေးအခြေနေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။ အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ.... - အညာတမာ စစ်ဆင်ရေး ဘယ်လိုပေါ်လာသလဲ... ဘယ်လောက်အထိ စုဖွဲ့မှု အားကောင်းနေပြီလဲ... - စစ်ကောင်စီရဲ့ တိုက်ခိုက်ရေး ရဟတ်ယာဉ်ကို ဘယ်လိုပစ်ချလိုက်တာလဲ... - အညာဒေသမှာ စစ်တပ်က အသာရနေသလား... တော်လှန်ရေးတပ်တွေဖက်က တန်ပြန်ထိုးစစ်ပြန်လုပ်နိုင်နေပြီလား... - ABSDF အပါဝင် ဒေသတွင်းရှိ တော်လှန်ရေးတပ်တွေအားလုံး တပ်ပေါင်းစုပုံစံနဲ့ တိုက်ပွဲဝင်နိုင်အောင် ဘယ်လိုကြိုးစားနေသလဲ... ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

Monday, August 17, 2026

ဖာပွန်မြို့နယ်တိုက်ပွဲ စစ်တပ်သေဆုံးသူများ... မြောင်မြို့က စစ်ဗိုလ်တဦးကို PDF က ပစ်ခတ်...

 https://youtu.be/dDAO3E67bEU?si=y4CfcAaikitgyyfX

ဖာပွန်မြို့နယ်တိုက်ပွဲ စစ်တပ်သေဆုံးသူများ... မြောင်မြို့က စစ်ဗိုလ်တဦးကို PDF က ပစ်ခတ်... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၁၈ သြဂုတ် ၂၀၂၆) - ကရင်ပြည်နယ်၊ ဖာပွန်ဗျုဟာဖက် စစ်ကူတက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို -KNLA တပ်မဟာ ၅ ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ရာမှာ စစ်တပ်ဖက်က သေဆုံးသူများ၊ လက်နက်ငယ် ၈ လက်သိမ်းမိ... - မြောင်မြို့ Beauty Salon တခုမှာ ဆံပင်ညှပ်ခေါင်းလျှော်နေတဲ့ စစ်တပ်အရာရှိတစ်ဦးကို တော်လှန်ရေးတပ်တွက ပစ်ခတ်ရှင်းလင်း... - အာဏာသိမ်းသမ္မတ မင်းအောင်လှိုင်နဲ့အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ထွက်ခွာ... ... စတဲ့ သတင်းတွေအပါဝင် နောက်ဆုံးရ တိုက်ပွဲသတင်းတွေကို စုစည်းတင်ပြထားပါတယ်။

Sunday, August 16, 2026

ကပစ (၁၂) စစ်ကြောင်းကို PDF တိုက်ခိုက်... CRPH က ထိုင်းလွှတ်တော်အမတ်တွေနဲ့တွေ့ဆုံ...

 https://youtu.be/gHVZbK71F7s?si=4BlPgWPTD0DB1gme

ကပစ (၁၂) စစ်ကြောင်းကို PDF တိုက်ခိုက်... CRPH က ထိုင်းလွှတ်တော်အမတ်တွေနဲ့တွေ့ဆုံ... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၁၇ သြဂုတ် ၂၀၂၆) - မကွေးတိုင်း၊ သရက်မြို့နယ်အခြေစိုက် ကပစ (၁၂) ကနေ မင်းတုန်းမြို့ဖက် ထွက်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ရာမှာ စစ်သား ၇ ဦးသေဆုံး... - မြဝတီမြို့တောင်ဘက် ဖလူး-ဝေါလေလမ်းပိုင်း သုံးထပ်ကွေ့အနီးရှိ ကျော်ဝါးဘိုးတောင်ကြောမှာ စစ်ကောင်စီတပ်နဲ့ (KNLA) ဦးဆောင်တဲ့ မဟာမိတ်တပ်တွေကြား တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဖက်က သေဆုံးမှုများနေ... - ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင် ဒေါ်ဖြူဖြူသင်း ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့က ထိုင်းလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဘန်ကောက်မြို့ လွှတ်တော်ရုံးမှာ တွေ့ဆုံပြီး မြန်မာ့နိုင်ငံရေးအခြေနေ ဆွေးနွေး... ... စတဲ့ သတင်းတွေအပါဝင် နောက်ဆုံးရ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

Saturday, August 15, 2026

မြိုင်မြို့နယ်တိုက်ပွဲ စစ်သား ၅၀ ကျော်သေဆုံး... မကွေးတိုင်းအတွင်း PDF စစ်ကြောင်း ၃ ကြောင်း ထပ်ဖွဲ့...

 https://youtu.be/7wpYMZ9JbSY?si=FzYvdj5utF-fwGyy

မြိုင်မြို့နယ်တိုက်ပွဲ စစ်သား ၅၀ ကျော်သေဆုံး... မကွေးတိုင်းအတွင်း PDF စစ်ကြောင်း ၃ ကြောင်း ထပ်ဖွဲ့... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၁၅ သြဂုတ် ၂၀၂၆) - မကွေးတိုင်း၊ ပခုက္ကူခရိုင် မြိုင်နဲ့ ပေါက်မြို့နယ်က ကျေးရွာတွေဖက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ၂ လနီးပါးကြာ ခုခံတိုက်ခိုက်မှုအတွင်း စစ်တပ်ဖက်က ၅၀ ကျော်သေဆုံး၊ ၄ ဦး လက်နက်ချ၊ လက်နက်မျိုးစုံ ၂၀ ခန့် သိမ်းမိ... - ဆောမြို့နယ်ကနေ လောင်းရှည်ဘက် စစ်ကူတက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ရာမှာ စစ်တပ်ဖက်က သေဆုံးမှုများ၊ တဦးကို လက်ရဖမ်းမိ၊ သေနတ် ၂ လက်နဲ့ ခဲယမ်းများစွာ သိမ်းမိ... - စစ်ကောင်စီထိုးစစ်ကို ထိရောက်စွာ ခုခံတွန်းလှန်နိုင်ရေး၊ တော်လှန်ရေးတပ်တွေရဲ့ စစ်ဆင်ရေးစွမ်းရည်မြှင့်တင်ရေးအတွက် စစ်ကြောင်း ၃ ကြောင်း ထပ်မံဖွဲ့စည်း တယ်လို့ မကွေးဖက်ဒရယ်ယူနစ်အစိုးရကပြော... --- စတဲ့ သတင်းတွေအပါဝင် နောက်ဆုံးရ တိုက်ပွဲသတင်းတွေကို စုစည်းတင်ပြထားပါတယ်။

Friday, August 14, 2026

PDF တပ်ရင်းတွေကို ဒေါ်လာ ၃၈ သန်းခန့် ထောက်ပံ့... အညာမြေရေဘေး NUG ကူညီ...

 https://youtu.be/bpTGXud5kN8?si=hwFjrVSnUG4I6bEj

PDF တပ်ရင်းတွေကို ဒေါ်လာ ၃၈ သန်းခန့် ထောက်ပံ့... အညာမြေရေဘေး NUG ကူညီ... နောက်ဆုံးရ တိုက်ပွဲသတင်းများ... (၁၅ သြဂုတ် ၂၀၂၆)

- ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) တပ်ရင်း၊ တပ်ဖွဲ့၊ စစ်ကြောင်း (၃၆၀) ကျော်ကို တကြိမ်မှာ ဒေါ်လာ တသန်းနီးပါးနှုန်းနဲ့ ၃၈ ကြိမ် ထောက်ပံ့မှုပေးခဲ့ဟု NUG ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်... - စစ်ကိုင်း၊ မန္တလေး၊ မကွေးနဲ့ ဧရာဝတီတိုင်းရှိ မြို့နယ်ပေါင်း ၂၁ ခုမှာ ဒေသခံလူထု ၄ သိန်းခွဲခန့် ရေဘေးနဲ့ကြုံနေရပြီး NUG ကယ်ဆယ်ရေးအဖွဲ့က တမြို့နယ်ကို သိန်း ၁၀၀ စီထောက်ပံ့... - ပဋိပက္ခတွေကြောင့် ထိခိုက်နစ်နာနေရသူတွေအတွက် လူသား-စာနာ အကူအညီ ယူရို ၁၀ ဒသမ ၅ သန်း ပေးအပ်သွားမယ်လို့ ဥရောပသမဂ္ဂ (EU) က ကြေညာ... ... စတဲ့ သတင်းတွေအပါဝင် နောက်ဆုံးရ စစ်ပွဲနောက်ဆက်တွဲသတင်းတွေကို စုစည်းတင်ပြထားပါတယ်။

“SCEF ဖက်ဒရယ်တပ်ပေါင်းစု တကယ်အလုပ်ဖြစ်နိုင်သလား”

 https://youtu.be/7LRqqrBP8Ws?si=NMq2ahCiIzXiWrrN

“SCEF ဖက်ဒရယ်တပ်ပေါင်းစု တကယ်အလုပ်ဖြစ်နိုင်သလား” (၁၅ သြဂုတ် ၂၀၂၆)

“SCEF ဖက်ဒရယ်တပ်ပေါင်းစုဖက်က လှုပ်ရှားမှုတွေတိုးလာတာကို ကြိုဆိုတယ်၊ ဒါပေမယ့် ချန်ထားအင်အားစုတွေကိုလည်း ပါဝင်ခွင့်ရအောင် ဆက်လုပ်သင့်တယ်” လို့ စစ်ရေး - နိုင်ငံရေးလေ့လာသုံးသပ်သူ ဆလိုင်းယောအာင်က ပြောပါတယ်။ SCEF က စစ်ဦးစီးအဖွဲ့ ဖွဲ့ပြီး KIA, KNLA စစ်ဦးစီးချုပ်တွေကို ပူးတွဲဥက္ကဌ တာဝန်တွေပေးလိုက်တယ်ဆိုတဲ့ ထူးခြားတဲ့ တိုးတက်မှုတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။ အခု ထုတ်လွှင့်မယ့်မေးမြန်းချက်ထဲမှာ... - SCEF က စစ်ဦးစီးအဖွဲ့ ဖွဲ့ပြီး KIA, KNLA စစ်ဦးစီးချုပ်တွေကို တာဝန်ပေးလိုက်တာကို ဘာကြောင့် တရားဝင်မထုတ်ပြန်သေးတာလဲ... - SCEF ကို ဘယ်ပေါ်မှာ အခြေခံဖွဲ့ထားသလဲ... ဒီမိုကရေစီနဲ့ ဖက်ဒရယ်အင်အားစုအားလုံးကို ကိုယ်စားပြုနိုင်တဲ့ တပ်ပေါင်းစုဖြစ်လာနိုင်သလား... - KNLA စစ်ဦးစီးချုပ်အပြောင်းအလဲနဲ့ SCEF စစ်ဦးစီးအဖွဲ့ပေါ်လာတာ ဘယ်လိုဆက်စပ်နေသလဲ... - စစ်ကောင်စီရဲ့ ရက် ၁၀၀ အလွန်မှာ SCEF ရဲ့ ရက် ၁၀၀ စီမံကိန်းတွေ ထွက်ပေါ်လာနိုင်သလား... ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

Thursday, August 13, 2026

သာပေါင်း - ရေကြည်တိုက်ပွဲ စစ်တပ်ဖက်က သေဆုံးသူများ...လက်နက်များစွာသိမ်းမိ..

 https://youtu.be/FcOJDFEDEoU?si=rc63aw794cGjhG1G

သာပေါင်း - ရေကြည်တိုက်ပွဲ စစ်တပ်ဖက်က သေဆုံးသူများ...လက်နက်များစွာသိမ်းမိ... အပါဝင် နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၁၄ သြဂုတ် ၂၀၂၆) - ဧရာဝတီတိုင်း၊ ရေကြည်နဲ့ သာပေါင်းမြို့နယ်အတွင်း တိုက်ပွဲ ၅ နေရာဖြစ်ပွားခဲ့ပြီး စစ်တပ်ဖက်က သေဆုံးသူများ၊ အလောင်းတွေ၊ လက်နက်ခဲယမ်းတွေ များစွာ သိမ်းမိ... - ကျောက်ဖြူမြို့နယ် ‎တောင်မော်ဦး ရေတပ်အနီးရှိ အဝတောင်ကျေးရွာနဲ့ မင်းပြင်- သိုင်းချောင်းဖက်မှာလည်း တိုက်ပွဲပြင်းထန်... - တောင်သာမြို့နယ်၊ အေးရွာ ဂတ်စ်ပိုက်လိုင်းအထိုင်ဂိတ်ကနေ ဝဲလောင်စခန်းဖက် ထွက်လာတဲ့ စစ်ကောင်စီအရာရှိတဦးကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်... ... စတဲ့ သတင်းတွေအပါဝင် နောက်ဆုံးရ တိုက်ပွဲသတင်းတွေကို စုစည်းတင်ပြထားပါတယ်။

Wednesday, August 12, 2026

မိုးမိတ်မှာ တိုက်ပွဲပြန်ဖြစ်နေ...အပါဝင်... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

 https://youtu.be/8f2PKX5-eoE?si=lEw4ZcPkTzwwqvqN

မိုးမိတ်မှာ တိုက်ပွဲပြန်ဖြစ်နေ...အပါဝင်... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၁၃ သြဂုတ် ၂၀၂၆) - တရုတ်ဖိအားကြောင့် စစ်တပ်ကို ပြန်ပေးလိုက်ရတဲ့ ရှမ်းမြောက်ဒေသ မိုးမိတ်မြို့အနီးမှာ စစ်ကောင်စီတပ်နဲ့ KIA ကြား တိုက်ပွဲပြန်ဖြစ်နေ... - သရက် - မင်းတုန်း လမ်းပိုင်းအတိုင်းထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ရာမျာ စစ်တပ်ဖက်က ၉ ဦးသေဆုံး... - စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံထူထောင်နိုင်ရေးအတွက် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) မှာ ပါဝင်လက်တွဲဆောင်ရွက်နေတယ်လို့ KNU ဥက္ကဋ္ဌ ပဒိုကွယ်ထူးဝင်းက ပြောကြား... ... စတဲ့ သတင်းတွေအပါဝင် နောက်ဆုံးရ တိုက်ပွဲသတင်းတွေကို စုစည်းတင်ပြထားပါတယ်။

Tuesday, August 11, 2026

“ယာယီနေထိုင်ခွင့် (TPS) ရုတ်သိမ်းခံရတဲ့ မြန်မာ ၄၀၀၀ ခန့် ဖမ်းဆီးပြန်ပို့ခံရနိုင်သလား”

 https://youtu.be/NVliQsHuMGc?si=yovGPUBEAEZbvEO-

“ယာယီနေထိုင်ခွင့် (TPS) ရုတ်သိမ်းခံရတဲ့ မြန်မာ ၄၀၀၀ ခန့် ဖမ်းဆီးပြန်ပို့ခံရနိုင်သလား”

(၁၂ သြဂုတ် ၂၀၂၆) “ဖက်ဒရယ်တရားရုံးက ယာယီနေထိုင်ခွင့် (TPS) ရုတ်သိမ်းခံရတဲ့ လူ တသန်းလောက်ထဲမှာ မြန်မာနိုင်ငံသား ၄၀၀၀ ခန့်လည်း ပါနေတယ်။ ဒီလူတွေမြန်မာနိုင်ငံ ပြန်ပို့မခံရအောင် ကာကွယ်နိုင်တဲ့နည်း ၄ ခုရှိတယ်” လို့ ဝါရှင်တန်အခြေစိုက် နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးဇော်မိုးကျော်က ပြောပါတယ်။ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးချိန်မှာ အရေးပေါ်အခြေနေအရ အမေရိကန်ပြည်ထောင်စုဆီထွက်ပြေးလာပြီး ယာယီနေထိုင်ခွင့် (TPS) နဲ့ နေထိုင်နေသူ မြန်မာနိုင်ငံသား ၄၀၀၀ ခန့်ဟာ မကြာခင်ဖမ်းဆီးပြန်ပို့ခံရနိုင်တယ်ဆိုတဲ့သတင်းတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။ အခု ထုတ်လွှင့်မယ့်မေးမြန်းချက် ပထမ ပိုင်းမှာ... - ယာယီနေထိုင်ခွင့် (TPS) ရုတ်သိမ်းခံရတဲ့ မြန်မာနိုင်ငံသား ၄၀၀၀ ခန့်က ဘယ်သူတွေလဲ၊ ဘာကြောင့် ရုတ်သိမ်းခံရတာလဲ... - မြန်မာနိုင်ငံမှာ နိုင်ငံရေးအခြေနေတိုးတက်လာလို့ ပြန်ပို့ဖို့ပြောတာလား... အမေရိကန်အစိုးရကိုယ်တိုင်က ပြန်ပို့ဖို့ စီစဉ်တာလား... - ဒီလူတွေ ပြန်ပို့မခံရအောင် ကာကွယ်နိုင်တဲ့ နည်းလမ်း ၄ သွယ်ဆိုတာက ဘာတွေလဲ... ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။ (ယာယီနေထိုင်ခွင့် (TPS) ရုတ်သိမ်းခြင်းက သက်ဆိုင်ရာနိုင်ငံရဲ့ အခြေနေပေါ်မူတည်သလား... အမေရိကန်အစိုးရကိုယ်တိုင်ရဲ့ ဒီမိုကရေစီစံချိန်စံညွှန်းတွေ၊ စံတန်ဖို့သတ်မှတ်မှုတွေ ပြောင်းလဲလာတာကြောင့် ပြန်ပို့တာလား... ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်မှာဖြစ်ပါတယ်)

Monday, August 10, 2026

တပ်ကုန်းမြို့နယ်တိုက်ပွဲ စစ်သား ၆ ဦးသေ... စစ်တပ်နဲ့ပေါင်းစားနေသူတွေ သတိထားဖို့ KIA သတိပေး...

 https://youtu.be/EgEti1-wjAI?si=88WYCUGISKL6nDok

တပ်ကုန်းမြို့နယ်တိုက်ပွဲ စစ်သား ၆ ဦးသေ... စစ်တပ်နဲ့ပေါင်းစားနေသူတွေ သတိထားဖို့ KIA သတိပေး... နောက်ဆုံးရ တိုက်ပွဲသတင်းများ... (၁၁ သြဂုတ် ၂၀၂၆)

- နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက မိုင်းဆွဲတိုက်ခိုက်ရာမှာ ၆ ဦးသေပြီး ၈ ဦးဒဏ်ရာရ... - သရက်မြို့နယ်၊ ရေမျက်ရဲစခန်းက ထွက်လာတဲ့ စစ်တပ်၊ ရဲ၊ ပျူ ပူးပေါင်းအင်အား ၇ ဦးကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ရာမှာ ၃ ဦးသေ၊ သေနတ်တလက်သိမ်းမိ... - တနိုင်းမြို့နယ်အတွင်းရှိ ဝါရာဇွပ်ပြည်သူ့စစ်တပ်ဖွဲ့အခြေစိုက်ရာ ရှဒူးဇွပ်တပ်စခန်းကို KIA နဲ့ ပူးပေါင်းတပ်တွေက သိမ်းပိုက်... - စစ်အာဏာရှင်စနစ် ခိုင်မြဲကြာရှည်စေရေန် ဒေါက်တိုင်အဖြစ် ပူးပေါင်းကူညီနေကြသူများအားလုံး ယနေ့အချိန်မှစ၍ ရပ်တန့်ပြီး အမှန်တရားဖက်မှာ ရပ်တည်ကြရန် KIA ဥက္ကဌ သတိပေး... ... စတဲ့ သတင်းတွေအပါဝင် နောက်ဆုံးရ တိုက်ပွဲသတင်းတွေကို စုစည်းတင်ပြထားပါတယ်။

Sunday, August 9, 2026

''ရဲဝင်းဦးက တပ်ချုပ်ဆိုပေမယ့် အခုချိန်အထိ သူ့ဓာတ်ပုံကိုတောင် တင်ခွင့်ရသေးတာမဟုတ်ဘူး”

 https://youtu.be/ynJ-QFA2k6I?si=xmEJ6S1jffwQPi_p

''ရဲဝင်းဦးက တပ်ချုပ်ဆိုပေမယ့် အခုချိန်အထိ သူ့ဓာတ်ပုံကိုတောင် တင်ခွင့်ရသေးတာမဟုတ်ဘူး” - CDM ဗိုလ်ကြီးလင်းထက်အောင် (စစ်ရေးသတင်း ဝေဖန်သုံးသပ်သူ)

(၁၀ သြဂုတ် ၂၀၂၆) “ရဲဝင်းဦးက တပ်ချုပ်ဆိုပေမယ့် အခုချိန်အထိ သူ့ဓာတ်ပုံကိုတောင် တင်ခွင့်ရသေးတာမဟုတ်ဘူး၊ အရာအားလုံးဟာ မင်းအောင်လှိုင်ရဲ့ အစီအမံအတိုင်း ဆက်သွားနေတာဖြစ်တယ်” လို့ စစ်ရေးသတင်း ဝေဖန်သုံးသပ်သူ CDM ဗိုလ်ကြီးလင်းထက်အောင်က ပြောပါတယ်။ မင်အောင်လှိုင်ကနေ ရဲဝင်းဦးထံ တပ်ချုပ် တာဝန်လွှဲပေးပြီးနောက် လေယာဉ်နဲ့ဗုံးကြဲတာပိုများလာတယ်၊ အရပ်သားတွေကိုပစ်မှတ်ထား ဗုံးကြဲတာပိုများလာတယ်၊ ရက် ၁၀၀ ကာလ စစ်ဆင်ရေးအတွင်း ရဲဝင်းဦးက မင်းအောင်လှိုင်ထက် ပိုဆိုးတယ်ဆိုတဲ့ ပြောဆိုမှုတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။ အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ... - ရဲဝင်းဦးက မင်းအောင်လှိုင်ထက် အရပ်သားတွေကို ပိုတိုက်ခိုက်နေသလား... - လေယာဉ်နဲ့ဗုံးကြဲတာ ဒီလောက်လုပ်နေတဲ့ကြားက AA အပါဝင် တော်လှန်ရေးတပ်အချို့ ရှေ့တိုးပြီးတက်လာနေတာ ဘာကြောင့်လဲ... - စစ်မတိုက်တဲ့အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးတာ အလုပ်ဖြစ်နိုင်သလား... - ရက် ၁၀၀ လွန်တဲ့အထိ ရဲဝင်းဦးရဲ့ ဓာတ်ပုံ စစ်တပ်ခန်းမဆောင်တွေမှာ ချိတ်ခွင့်မရသေးတာ ဘာကြောင့်လဲ... - ရက် ၁၀၀ အလွန် မင်းအောင်လှိုင်-ရဲဝင်းဦး ထိုးစစ်သစ်အတွက် တော်လှန်ရေးအင်အားစုတွေဖက်က ဘာတွေ ပြင်ထားသင့်သလဲ... ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

Friday, August 7, 2026

“ဒေါ်အောင်ဆန်းစုကြည်အပေါ် လူထုမျှော်လင့်ချက်က အရမ်းကြီးမားနေဆဲဖြစ်တယ်”

 https://youtu.be/S_gWIQ2U0RQ?si=XtyU60FqJC5CuOgj

“ဒေါ်အောင်ဆန်းစုကြည်အပေါ် လူထုမျှော်လင့်ချက်က အရမ်းကြီးမားနေဆဲဖြစ်တယ်” - ဦးမြအေး (၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တဦး)


(၈ သြဂုတ် ၂၀၂၆) “ဒေါ်အောင်ဆန်းစုကြည်အပေါ် လူထုမျှော်လင့်ချက်က အရမ်းကြီးမားနေဆဲဖြစ်တယ်၊ ဒီနေ့ လူထုက ဘာကိုမျှော်လင့်နေသလဲ၊ ဘာတွေဖြစ်ချင်နေသလဲဆိုတာ အခုဖြစ်စဉ်မှာ မြင်နိုင်ပါတယ်” လို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တဦးဖြစ်သူ ဦးမြအေးက ပြောပါတယ်။ ဖမ်းဆီးခံနေရဆဲဖြစ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ICRC တွေ့ခွင့်ရခြင်းက ဘယ်လိုထူးခြားသလဲ၊ ရန်ကုန်လူထုကြားမှာ ဘယ်လို ပြောဆိုနေကြသလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။ အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ... - ၈ လေးလုံးအရေးတော်ပုံ ၃၈ နှစ်ကြာချိန်မှာ ရည်မှန်းချက်တွေ ဘယ်လောက်ရနေပြီလဲ... - ဒေါ်အောင်ဆန်းစုကြည်နဲ့ ICRC တွေ့ခွင့်ရခြင်းက မြန်မာလူထုရဲ့ မျှော်လင့်ချက်ကို တဖန်ပြန်လည်ရှင်သန်လာစေသလား... - မင်းအောင်လှိုင်သမ္မတဖြစ်ပြီး ... တနည်းအားဖြင့် ယူနီးဖောင်းချွတ် တိုက်ပုံဝတ်ပြီး... ရက် ၁၀၀ အတွင်း ရန်ကုန်လူထုကြားမှာ လွတ်လပ်စွာပြောဆိုခွင့် ဘယ်လောက် ရလာနေပြီလဲ... - ICRC နဲ့ တွေ့ခွင့်ရခြင်းကနေတဆင့် အာဆီယံ အထူကိုယ်စားလှယ်နဲ့တွေ့ခွင့်ရတာ၊ အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေဖြစ်လာတာအထိ မျှော်လင့်နိုင်ဖို့ သိပ်စောနေသေးသလား... ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

Thursday, August 6, 2026

“မင်းအောင်လှိုင်နဲ့ထိတွေ့ဆက်ဆံသလို တော်လှန်ရေးအင်အားစုတွေနဲ့လည်း ထိတွေ့ဆက်ဆံဖို့လိုပါတယ်”

 https://youtu.be/ebpvA8E8qwU?si=-s_5ok6Zz43JD4JE

“မင်းအောင်လှိုင်နဲ့ထိတွေ့ဆက်ဆံသလို တော်လှန်ရေးအင်အားစုတွေနဲ့လည်း ထိတွေ့ဆက်ဆံဖို့လိုပါတယ်” - စတီဗင် စန်းယု (ထိုင်းနိုင်ငံအရေး ကျွမ်းကျင်သူ)

(၇ သြဂုတ် ၂၀၂၆) “လက်ရှိ အာဏာကိုင်ထားတဲ့ မင်းအောင်လှိုင်နဲ့ ဆက်ဆံဖို့လိုအပ်သလို နယ်စပ်ဒေသတွေကို ထိန်းချုပ်ထားတဲ့ တော်လှန်ရေးအင်အားစုတွေ၊ လူထုထောက်ခံမှုရထားတဲ့ ဒီမိုကရေစီအင်အားစုတွေနဲ့လည်း ထိုင်းဖက်က ဆက်ဆံဖို့လိုတယ်လို့ မူဝါဒချမှတ်သူတွေက အကြံပေးထားတာ ရှိပါတယ်” လို့ ထိုင်းနိုင်ငံအရေး ကျွမ်းကျင်သူ စတီဗင် စန်းယုက ပြောပါတယ်။ အာဏာသိမ်းသမ္မတ မင်းအောင်လှိုင်ရဲ့ ဘန်ကောက်ခရီးစဉ်၊ ထိုင်း-မြန်မာဆက်ဆံရေးအခြေနေ၊ တော်လှန်ရေးအင်အားစုတွေအပေါ် ထိုင်းရဲ့သဘောထားတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနာက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။ အခု ထုတ်လွှင့်မယ့်မေးမြန်းချက် ဒုတိယ ပိုင်းမှာ... - အာဆီယံ မူ ၅ ချက်ကို မလိုက်နာသေးတဲ့ မင်းအောင်လှိုင် ထိုင်းဖက်က ဆုပေး-ဒဏ်ပေးစနစ်နဲ့ ပြုပြင်ပြောင်းလဲယူလို့ ရနိုင်သေးလား... - အာဏာသိမ်းစစ်တပ်နဲ့ လူထုကိုယ်စားပြု တော်လှန်ရေးအင်အားစု ၂ ဖက်စလုံးကို မျှတစွာဆက်ဆံရေးလုပ်ဖို့ ထိုင်းအစိုးရမှာ မူဝါဒရှိသလား... - ဒီခရီးစဉ်က မင်းအောင်လှိုင်ကိုပဲ အကျိုးရှိစေမှာလား... လူထုအတွက်ကော တစုံတရာ အကျိုးရှိစေနိုင်သလား... ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

Wednesday, August 5, 2026

“မင်းအောင်လှိုင်ရဲ့ ဘန်ကောက်ခရီးစဉ် ဘာတွေ ထူးနိုင်သလဲ... စတီဗင်စန်းယုနှင့် မေးမြန်းချက်”

 https://youtu.be/v26ghnncm1U?si=rR321LlCQskdqRiV

“မင်းအောင်လှိုင်ရဲ့ ဘန်ကောက်ခရီးစဉ် ဘာတွေ ထူးနိုင်သလဲ... စတီဗင်စန်းယုနှင့် မေးမြန်းချက်” (၆ သြဂုတ် ၂၀၂၆)

အာဏာသိမ်းသမ္မတ မင်းအောင်လှိုင်ဟာ မကြာခင်နာရီပိုင်းအတွင်းမှာ ထိုင်းနိုင်ငံ မြို့တော် ဘန်ကောက်ဆီ ရောက်လာဖို့ှရှိနေပါတယ်။ ဒီခရီးစဉ်အတွင်း ဘာတွေ ဆောင်ရွက်မလဲ၊ မြန်မာလူထုအတွက်လား- သူ အာဏာတည်မြဲရေးအတွက်လား... ဒီအကြောင်းတွေနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံအရေး ကျွမ်းကျင်သူ စတီဗင်စန်းယုကို BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းထားပါတယ်...

Tuesday, August 4, 2026

ရွှေကူမှာ KIA က စခန်းသိမ်း... စစ်လေယာဉ်တစီး ညောင်နှစ်ပင်မှာ ပျက်ကျ...

 https://youtu.be/sHBMn6IQkCs?si=EsRbH9aM3GiJsh2y

ရွှေကူမှာ KIA က စခန်းသိမ်း... စစ်လေယာဉ်တစီး ညောင်နှစ်ပင်မှာ ပျက်ကျ... နောက်ဆုံးရ တိုက်ပွဲသတင်းများ... (၅ သြဂုတ် ၂၀၂၆)


- ဒေါနအရှေ့ခြမ်းဖက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ပေါင်းစုက တိုက်ခိုက်ရာမှာ စစ်တပ်ဖက်က စစ်ကြောင်းမှူးသေဆုံး၊ လက်နက်များစွာသိမ်းမိ... - ရွှေကူမြို့အနီး တိုက်ပွဲပြင်းထန်နေပြီး စစ်တပ် စခန်းချထားတဲ့ ဆွတ်အောင်ရွာက ရွှေဘုန်းမြင့် ဘုန်းကြီးကျောင်းကုန်းကို KIA ဦးဆာင်တဲ့ မဟာမိတ်တပ်တွေက သိမ်းပိုက်လိုက်... - တိုက်ခိုက်ရေးလေယာဉ်တစ်စီး ညောင်နှစ်ပင်မှာ ပျက်ကျ... ... စတဲ့ သတင်းတွေအပါဝင် နောက်ဆုံးရ တိုက်ပွဲသတင်းတွေကို စုစည်းတင်ပြထားပါတယ်။

Monday, August 3, 2026

“အာဆီယံနဲ့ ပေးမတွေ့ပဲ ICRC နဲ့သာ ပေးတွေ့တယ်ဆိုတာဟာ... အကျဉ်းသားအဖြစ်သာ သဘောထားတာပါ”

 https://youtu.be/LqhGADsz4vU?si=NPTY0kQAk6D1Tgra

“အာဆီယံနဲ့ ပေးမတွေ့ပဲ ICRC နဲ့သာ ပေးတွေ့တယ်ဆိုတာဟာ... အကျဉ်းသားအဖြစ်သာ သဘောထားတာပါ” - ဦးတိတ်နိုင် (အတွင်းရေးမှူး - AAPP)

(၄ သြဂုတ် ၂၀၂၆) “အာဆီယံနဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးတွေ တောင်းဆိုစဉ်က ပေးမတွေ့ပဲ ICRC နဲ့သာ ပေးတွေ့တယ်ဆိုတာဟာ ဒေါ်အောင်ဆန်းစုကြည်ကို လူထုကရွေးချယ်ထားတဲ့ နိုင်ငံ့ခေါင်းဆောင်တဦးအဖြစ် သဘောမထားပဲ၊ သာမန် အကျဉ်းသားအဖြစ်သာ သဘောထားတယ်ဆိုတာကို စစ်အုပ်စုက ပြသလိုက်တာဖြစ်တယ်” လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း -AAPP- အတွင်းရေးမှူး ဦးတိတ်နိုင်က ပြောပါတယ်။ စစ်တပ်က အာဏာသိမ်းပြီးချိန်ကတည်း ဘယ်သူနဲ့မှ တွေ့ခွင့်မရတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို သြဂုတ်လ ၃ ရက်နေ့မှာ ICRC - နိုင်ငံတကာ ကြက်ခြေနီအဖွဲ့နဲ့ တွေ့ခွင့်ပေးတာ ဘယ်လိုထူးခြားသလဲ၊ အရင် ခေတ်တွေကလို ပြန်လွတ်ပေးပြီး နိုင်ငံရေးဆွေးနွေးတာတွေအထိဖြစ်လာနိုင်သလား... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော်မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။ အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ... - အာဏာသိမ်းပြီး ၅ နှစ်ကျော်ကြာမှ ဒေါ်အောင်ဆန်းစုကြည်ကို ICRC နဲ့ တွေ့ခွင့်ပေးတာ ဘာကြောင့်လဲ... - အခု ICRC နဲ့ တွေ့ခွင့်ပေးတဲ့ နေရာဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားတဲ့ နေရာလား... မွေးနေ့ကိတ်က ဘယ်လိုပါလာသလဲ... - အခု တွေ့ခွင့်ပေးမှုဟာ မင်းအောင်လှိုင်ရဲ့ ဘန်ကောက်ခရီးစဉ်မတိုင်မီ အချိန်ကိုက် ထုတ်ပြန်တာလား... နိုင်ငံတကာဖက်က မျက်စိလည်သွားနိုင်သလား... - မင်းအောင်လှိုင်ဖက်က ဒီလို တကွက်ပြလိုက်တာကို တော်လှန်ရေးအင်အားစုတွေက ဘယ်လိုတုန့်ပြန်ကြမလဲ... ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

Sunday, August 2, 2026

“ရနောင်းကနေ ကော့သောင်း ပြန်မယ့် အလုပ်သမားက ဘန်ကောက်သံရုံးဆီသွားပြီး ထောက်ခံစာယူရမယ်ဆိုတာကတော့...”

 https://youtu.be/L1DrouQf5QU?si=lr5I3YGWASZBEKFo

“ရနောင်းကနေ ကော့သောင်း ပြန်မယ့် အလုပ်သမားက ဘန်ကောက်သံရုံးဆီသွားပြီး ထောက်ခံစာယူရမယ်ဆိုတာကတော့...” - ဦးထူးချစ် (Foundation for Education and Development - FED)

(၃ သြဂုတ် ၂၀၂၆) “ရနောင်းကနေ ကော့သောင်း ပြန်မယ့် အလုပ်သမားက ဘန်ကောက်သံရုံးဆီသွားပြီး ထောက်ခံစာယူရမယ်ဆိုတာကတော့ နည်းနည်းများသွားပြီ။ မြန်မာသံရုံးက အလုပ်သမားတွေကို အကူညီပေးချင်တာလား၊ အလုပ်သမားတွေကို ဒုက္ခပေးချင်တာလားဆိုတာ မေးခွန်းထုတ်စရာဖြစ်လာနေတယ်” လို့ ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ ပညာရေးနှင့် ဖွံဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED) ညွှန်ကြားရေးမှူး ဦထူးချစ်က ပြောပါတယ်။ အာဏာသိမ်းသမ္မတ မင်းအောင်လှိုင်ပြောတဲ့ အသက် ၁၅ နှစ်ကနေ ၃၄ နှစ်ကြား လူငယ် ၇၁ % ပြည်ပနိုင်ငံတွေကို ထွက်သွားတယ်၊ အများစုဟာ ထိုင်းနိုင်ငံကို ထွက်ကြတယ်၊ အဲဒီလူငယ်တွေဆီက အခွန်ကောက်နေတဲ့ မြန်မာသံရုံးက အလုပ်သမားတွေကို ဘယ်လိုဝန်ဆောင်မှုတွေပေးနေသလဲ၊ မင်းအောင်လှိုင် ဘန်ကောက်လာရင်ကော ဒီကိစ္စတွေ ဆွေးနွေးဖို့ရှိနိုင်သလား... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။ အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ... - မင်းအောင်လှိုင်ပြောတဲ့... အသက် ၁၅ နှစ်ကနေ ၃၄ နှစ်ကြား လူငယ် ၇၁ % ပြည်ပထွက်သွားတဲ့အထဲက အများစုရှိနေရာ ထိုင်းနိုင်ငံမှာ အဲဒီလူငယ်တွေကို မြန်မာသံရုံးက ဘယ်လိုအကူညီတွေပေးအပ်နေသလဲ... - ထိုင်းကို အလုပ်သမားတွေစေလွှတ်နေပြီး ထိုင်းကုန်စည်တွေကျ မြန်မာဖက်အဝင်မခံဘဲ ဖမ်းဆီးနေတာ ဘာကြောင့်လဲ... - ရှေ့အပတ် မင်းအောင်လှိုင် ဘန်ကောက်လာရင် အလုပ်သမားအခွင့်အရေး တိုးရနိုင်ရေးအတွက် ထိုင်းအစိုးရနဲ့ ဆွေးနွေးနိုင်သလား... - ပြည်ပထွက်ခွာ လူငယ် ၇၁% ရာနှုန်းထဲက အများစု အလုပ်လုပ်နေရာ ထိုင်းရောက် အလုပ်သမားတွေ အဆင်ပြေစေရေးအတွက် တာဝန်ရှိသူအသီးသီးက ဘယ်လိုများ ကူညီဆောင်ရွက်ပေးနိုင်မလဲ... ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

Saturday, August 1, 2026

ချင်းပြည်နယ်တိုက်ပွဲ... စစ်တပ်ဖက်က တပ်ရင်းမှူးပါ သေဆုံး... တောင်သာက စစ်တပ်ဂိတ် PDF သိမ်းပိုက်...

 https://youtu.be/mbzaP3V5024?si=2ToWdkhIS_ZCqomL

ချင်းပြည်နယ်တိုက်ပွဲ... စစ်တပ်ဖက်က တပ်ရင်းမှူးပါ သေဆုံး... တောင်သာက စစ်တပ်ဂိတ် PDF သိမ်းပိုက်... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၂ သြဂုတ် ၂၀၂၆) - ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တွေဖက် ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ကို ချင်း တော်လှန်ရေးတပ်တွေက ခုခံတိုက်ခိုက်နေရာမှာ စစ်တပ်ဖက် တပ်ရင်းမှူးအပါဝင် သေဆုံးသူများ၊ အချို့ကို လက်ရဖမ်းမိ၊ လက်နက်များစွာ သိမ်းမိ... - တောင်သာမြို့အဝင် မန်ကျည်းရိုးရှိ စစ်ကောင်စီ အထိုင်ဂိတ်စခန်း ၂ ခုကို တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ရာမှာ သေနတ် ၂ လက်ရရှိ... - ရုရှားအစိုးရက တာဝန်ယူဆောင်ရွက်နေတဲ့ ထားဝယ်ရေနက်ဆိပ်ကမ်းအတွက် ဆောင်ရွက်နေသူ ထားဝယ်မြို့က အကောက်ခွန်အရာရှိ ဦးဖြိုးစံကို PDF က ဖမ်းဆီး... ... စတဲ့သတင်းတွေအပါဝင် နောက်ဆုံးရ တိုက်ပွဲသတင်းတွေကို စုစည်းတင်ပြထားပါတယ်။

Share

Twitter Delicious Facebook Digg Stumbleupon Favorites More