Saturday, December 15, 2012

သူပုန္ေက်ာင္းသားတဦးရဲ့ မာရသြန္ခရီး ၅

ထက္ေအာင္ေက်ာ္ on October 13, 2011 5:01 pm
ေအာက္ေမ့ဖြယ္။ ဧရာ၀တီိမဂဇင္း

ေမာင္ေတာ္ က်ဳိးဖုိးနဲ႔ မင္းသမီး အမရာတုိ႔ေတြ႕ၿပီ။

ဒီစာကို ဖတ္ၿပီး ထက္ေအာင္ေက်ာ္ တေယာက္ ေတာထဲမွာ ႏွစ္ပါးသြား ကဖို႔ ျပင္ေနသလားလို႔ေတာ့မထင္လိုက္ပါနဲ႔။ ကရင္စကား ႏွစ္လံုးကို ဗမာမႈျပဳထားတဲ့ က်ေနာ္တို႔ ေက်ာင္းသားစခန္း တပ္တည္ေနရာ ႏွစ္ခုကိုတြဲၿပီး ေျပာလုိက္တာပါ။ ေမာင္ေတာ္ ဆိုတာက က်ေနာ္တုိ႔ ေက်ာင္းသားေတြရဲ႕ ပထမဆုံးစခန္းေနရာ ျဖစ္ၿပီး အမရာကေတာ့ ဒုတိယနဲ႔ ေနာက္ဆုံးေနရာပါ။ မင္းသမီးဆုိတာကေတာ့ မင္းသမီးေခ်ာင္းဖ်ားနဲ႔ ေခ်ာင္း၀မွာရွိတဲ့ KNU စခန္းနဲ႔ ကရင္ရြာေတြကို ဆုိလုိတာပါ။

ေတာခုိေက်ာင္းသားေတြရဲ့ မထမ-ဆုံး တပ္တည္ေနရာ ေမာင္ေတာ္စခန္း

မင္းသမီးစခန္း (မူလ ကရင္စကားကေတာ့ မင္တမိီ ပါ) ဆိုတာက ခုနက က်ေနာ္ေရွ႕မွာ ေျပာခဲ့တဲ့ ထားဝယ္ဘက္မွာ ျမစ္ဖ်ားခံတဲ့ ဘန္းေခ်ာင္းနဲ႔ ေရျဖဴဘက္မွာျမစ္ဖ်ားခံတဲ့ ကြမ္းေခ်ာင္းတို႔ ေမတၱာရြာမွာဆံုၿပီးျဖစ္ေပၚလာတဲ့ တနသၤာရီျမစ္နဲ႔ ထိုင္းနယ္စပ္ အနီးက မင္းသမီးေခ်ာင္းဖ်ား (မူလ ကရင္စကားကေတာ့ မင္တမီေခ်ာင္းဖ်ား- ဒါမွမဟုတ္ ထီးခီး) ကေန ဆင္းလာတဲ့ ေရေတြ ျမစ္ထဲစီးဝင္တဲ့ေနရာ (ေခ်ာင္းဝ သို႔မဟုတ္ ထီးထာ) ကိုေခၚတာပါ။

ေရွ႕မွာေျပာခဲ့တဲ့ ဘန္းေခ်ာင္းေဘးက ခဲြ ၁ – ကေန အခု ထီးထာ ေခ်ာင္း၀ဆီအထိ ႏွစ္ညအိပ္ ခရီး နွင္ခဲ့ရၿပီး ေနာက္တေန႔ ၁၂ နာရီ ၀န္းက်င္ေလာက္မွာေတာ့ ထီးထာ ေခ်ာင္း၀နဲ႔ တနသၤာရီျမစ္ေဘးမွာ ထုိးထုိးေထာင္ေထာင္ အျဖဴေရာင္ ႏွစ္ထပ္ တုိက္တလုံးကို ျမစ္ရဲ႕ ဒီဘက္ကမ္းကေန က်ေနာ္တုိ႔ ျမင္လုိက္ရပါတယ္။ ဒါဟာ ေတာတြင္းကာလ တလေက်ာ္ အခ်ိန္အတြင္း ပထမဆုံး ျမင္ရတဲ့ အသားနားဆုံး အေဆာက္အအံု ျဖစ္တဲ့အတြက္ “ကရင္သူပုန္စခန္းက တယ္ဟုတ္ပါလား” ဆုိၿပီး က်ေနာ့္စိတ္ထဲ ႀကိတ္ေလးစား မိလုိက္ပါတယ္။ ေနာက္ပုိင္းမွ ျပန္သိရတာက အဲဒါဟာ KNDO (ကရင္အမ်ိဳးသား ကာကြယ္ ေရးအဖဲြ႕) ရံုးခန္းျဖစ္ၿပီး လက္ရွိ KNDO တပ္ရင္း ၇ ရင္းမႉး ဗိုလ္မႉး ေဘာ္ဒြင္ဇန္ (ဥကၠ႒ႀကီး မန္းဘဇံရဲ႕ သားငယ္) ရံုးထုိင္တဲ့ေနရာ ျဖစ္ပါတယ္။ သူက က်ေနာ္တုိ႔ ေတာထဲရွိစဥ္မွာ ကြယ္လြန္သြားပါတယ္။ သားႀကီးကေတာ့ ဗုိလ္မႉး ေရာဘဇန္ ျဖစ္ၿပီး အခုအေမရိ ကားမွာပါ။

တနသၤာရီျမစ္ကို လက္ေလွာ္ေလွ တစီးနဲ႔ ေခါက္တုန္႔ေခါက္ျပန္ ကူးအၿပီးမွာေတာ့ က်ေနာ္တုိ႔ ရဲေဘာ္ ၄ က်ိပ္ တပ္ဖြဲ႕ႀကီးဟာ ခုနက KNDO ရံုးေဘးက ဗိုလ္မႉးေဘာ္ဒြင္ဇန္ရဲ႕ ေနအိမ္ကိုေရာက္လာပါတယ္။ ဥကၠ႒ႀကီးရဲ႕သား ကရင္စစ္ဗိုလ္ရဲ႕ ေနအိမ္ ဆုိေပမယ့္ ခုနက ရံုးခန္းနဲ႔ေတာ့ ဘာမွမဆုိင္ပါဘူး။ သစ္တုိင္၊ သစ္ကာ၊ သြပ္ျပားမုိး အိမ္ေလးသာျဖစ္ၿပီး အဲဒီအိမ္ေရွ႕မွာ က်ေနာ္တုိ႔တေတြ ေျခကုန္လက္ပန္း က်စြာနဲ႔ ေနရာယူလုိက္ပါတယ္။ အဲဒီမွာ က်ေနာ္တို႔ ပထမဆံုး ေတြ႕ရတဲ့ ပုဂိၢဳလ္ေတြ ကေတာ့ နတ္အိမ္ေတာင္ဘက္ကေန ေရာက္ေနတဲ့ အခု စစ္ေရး အကဲခတ္အျဖစ္ လူသိမ်ားေနသူ ကိုေဌးေအာင္၊ ေနာက္ က်ေနာ္တို႔စခန္းရဲ႕ ဥကၠ႒နဲ႔ ဗဟုိေကာ္မတီ၀င္ ျဖစ္လာသူ ကိုေအာင္သန္းဝင္း၊ ေနာက္တခါ က်ေနာ္တို႔ ဆီကေန မင္းသမီးကို ႀကိဳထြက္သြားတဲ့ ကိုေသာင္းညြန္႔နဲ႔ ကိုေက်ာ္ေအာင္အပါဝင္ အားလံုး ၁ဝ ဦး ေလာက္ကုိ ကယ္ဆယ္ေရးပစၥည္း တခ်ိဳ႕နဲ႔ ေတြ႕ရပါတယ္။

က်ေနာ္တုိ႔ ရဲေဘာ္ ၄ က်ိပ္ရဲ႕ အမည္ေတြ အားလုံးကို ဒီေနရာမွာ ေဖၚျပဖုိ႔ စာမ်က္ႏွာ အကန္႔အသတ္ ရွိႏိုင္တဲ့အတြက္ အက်ဥ္းရံုး တင္ျပရမယ္ဆုိရင္ အခုလက္ရွိ ABSDF ဒု ဥကၠ႒နဲ႔ DAB အေထြေထြ အတြင္းေရးမႉးအျဖစ္ တာ၀န္ယူေနသူ ကုိမ်ဳိး၀င္း၊ ေနာက္ အဲဒီအခ်ိန္က အသက္ ၄၀ ေက်ာ္ အရြယ္ရွိေနၿပီျဖစ္တဲ့ ဦးမ်ဳိးျမင့္ (ေခါင္းျဖဴႀကီးမ်ဳိးျမင့္လုိ႔ က်ေနာ္တို႔က ေခၚၾကပါတယ္) နဲ႔ အသက္ ၁၅ ႏွစ္ ၀န္းက်င္သာ ရွိေသးေပမယ့္ တကုိယ္လုံး တေခါင္းလုံး ဥေရာပ တုိက္သားတဦးလုိ ျဖဴေဖြးေနသူ ေမာင္ဘုိ (ဘုိေခါင္းနီလုိ႔ က်ေနာ္တုိ႔ ေခၚၾကပါတယ္) တုိ႔ကုိ က်ေနာ္ ထူးထူးျခားျခား သတိထား မိပါတယ္။

ဗုိလ္မႉး ေဘာ္ဒြင္ဇန္အိမ္နဲ႔ မ်က္ႏွာခ်င္းဆုိင္မွာေတာ့ ၿမိတ္ – ထား၀ယ္ ခရုိင္ တြဲဘက္အတြင္းေရးမႉး ပဒုိနီနီရဲ႕အိမ္နဲ႔ တျခားအိမ္ ၄၊ ၅ လုံးေလာက္ ရွိပါတယ္။ အဲဒီအိမ္ေတြမွာ က်ေနာ္တုိ႔ အုပ္စု သင့္သလုိ ေနရာယူလုိက္ၿပီး ငါးေသတၱာဟင္းေလးနဲ႔ အဲဒီညက ညစာ သုံးေဆာင္ခြင့္ ရခဲ့ပါတယ္။

ေနာက္တေန႔ မနက္မွာေတာ့ KNDO ရံုးရဲ႕ ဟုိမွာဘက္က ထီးထားရြာကို သြားေရာက္ လည္ပတ္ခြင့္ရၿပီး ကြိတီယုိ (က်ေနာ္တုိ႔ ထား၀ယ္ ေက်ာင္းသားေတြကေတာ့ ေခြးတရုတ္လုိ႔ ေနာက္ေျပာင္ ေခၚေ၀ၚၾကပါတယ္) ဆုိတာကုိ ပထမဆုံးအႀကိမ္ စားဖူးခဲ့ပါတယ္။ စားဖူးတယ္ဆုိေပမယ္ တေယာက္တခြက္ မွာစားႏိုင္တာမ်ဳိးေတာ့ မဟုတ္ပါဘူး။ ၂ ခြက္ေလာက္မွာၿပီး လူ ၁၀ ေယာက္ေက်ာ္ေလာက္ တေယာက္တဇြန္းစီ စားၾကသလား က်ေနာ္ အေသခ်ာ မမွတ္မိေတာ့ပါဘူး။

က်ေနာ္တုိ႔အုပ္စုဟာ ေတာသားၿမိဳေရာက္တဲ့ပုံစံနဲ႔ ထီးထားရြာကို ဟုိေငးဒီၾကည့္ လုပ္ေနခဲ့ပါတယ္။ ဒီရြာက က်ေနာ္တုိ႔ ဘန္းေခ်ာင္း ေဘးမွာ တလတာနီးပါးအတြင္း ေတြ႕ခဲ့ရတဲ့ ရြာေတြနဲ႔မတူပါဘူး။ အိမ္ေတြဟာ ထုိင္းပုံစံ (အဲဒီတုန္းကေတာ့ ထုိင္းလည္း မေရာက္ဘူးေသးေတာ့ ထုိင္းပုံစံမွန္းလည္း မသိေသးပါ) ႏွစ္ထပ္အိမ္ေလးေတြ ျဖစ္ၿပီး သစ္တုိင္၊ ပ်ဥ္ကာ၊ သြပ္မုိးနဲ႔ အေသခ်ာ အခုိင္အမာ ေဆာက္ထားတာကို ေတြ႕ရပါတယ္။ ဒါ့အျပင္ အထက ေက်ာင္းတခုနဲ႔ ခရစ္ယာန္ ဘုရားေက်ာင္း တခုကိုလည္း အခုိင္အမာ ေတြ႕ရပါတယ္။ ရြာရဲ႕ ဟုိဘက္ထိပ္မွာ ေဆးရံုနဲ႔ သစ္စက္ႀကီးတခု ရွိတယ္လုိ႔ သိရေပမယ့္ အဲဒီ ပထမ အေခါက္မွာေတာ့ စာသင္ေက်ာင္း၀န္းက်င္ေလာက္ပဲ က်ေနာ္တုိ႔ ေရာက္ၿပီး ျပန္လွည့္လာခဲ့ပါတယ္။

ကံေကာင္းခ်င္ေတာ့ ခုနက ကြိတီယုိဆုိင္နား ျပန္အေရာက္မွာ ခဲမျဖဴေတြ အလယ္စတုိအထိ သယ္ေပးႏိုင္မလား ဆုိတဲ့ ကမ္းလွမ္းခ်က္တခုကို က်ေနာ္တုိ႔ ရလုိက္ပါတယ္။ ကရင္ ဖဒုိအိမ္တခုမွာ (ဟိႏၵားနဲ႔ ေက်ာက္မဲေတာင္ မုိင္းကေန ခုိးထုတ္ၿပီး လာေရာင္းထားတယ္လုိ႔ ယူဆရတဲ့) စုထားတဲ့ ခဲမျဖဴအိတ္ေတြကို အလယ္စတုိအထိ သယ္ေပးနုိင္ရင္ တကီလုိအတြက္ ဘတ္ရမယ္လုိ႔ ဆုိပါတယ္။

ဒီ သတင္းကိုလည္းသိေရာ က်ေနာ္တုိ႔ က်ဳိးဖုိးေတြ အလုအယက္ ၀ုိင္းသယ္လုိက္တာ က်ေနာ္ဆုိရင္ ကီလုိ ၃၀ ထမ္းၿပီး ဘတ္ေငြ ၆၀ ေလာက္ ရလုိက္ပါတယ္။ အဲဒါဟာ က်ေနာ့္ဘ၀မွာ ပထမဆုံး ျမင္ရတဲ့ နုိင္ငံျခားေငြေၾကးျဖစ္ပီး ကြိတီယို တခြက္ကုိ ကုိယ္ပုိင္ ၀ယ္စားႏုိင္လုိက္ပါတယ္။

အဲ … ဘတ္ ၆၀ ရဖုိ႔အတြက္ ဘယ္ေလာက္ ရုန္းကန္လုိက္ရသလဲ ဆုိတာကုိလဲၾကည့္ပါဦး။ ထီးထားရြာကေန အလယ္စတုိ စခန္းဆီအထိ ခရီးက ၆ မုိင္ေက်ာ္ေလာက္ ရွိမယ္လုိ႔ယူဆရၿပီး ၂ နာရီေက်ာ္ သြားရပါတယ္။ တကယ္ကေတာ့ ဒီလမ္းေၾကာင္းဟာ ေႏြရာသီမွာ ကားလမ္းၾကမ္းရွိေပမယ္ အခုလို ေအာက္တုိဘာမွာေတာ့ မုိးရြာၿပီး ေတာင္က်ေရစီးထားလုိ႔ မင္းသမီးေခ်ာင္း တေလ်ာက္ ေဖာက္ထားတဲ့ အဲဒီကားလမ္းပ်က္ေနလုိ႔ က်ေနာ္တုိ႔က သယ္ခြင့္ရလုိက္တာမ်ဳိးပါ။ ခဲမျဖဴ ကီလုိ ၃၀ ကိုထမ္း၊ ေခ်ာင္းငယ္ ၂၀ ေက်ာ္ကိုျဖတ္၊ ေက်ာက္တုံး ေက်ာက္ခဲေတြၾကား ၂ နာရီေက်ာ္ လမ္းေလွ်ာက္ရတဲ့ အေရးဟာ တကၠသုိလ္ေက်ာင္းသား တဦးအဖုိ႔ သိပ္မလြယ္ေပမယ့္ အဲဒီလုိ သယ္ခြင့္ရလုိက္တာကို က်ေနာ္တုိ႔ ေမာင္ေက်ာင္းသားေတြ အားလုံးက ၀မ္းသာ ေပ်ာ္ရႊင္ေနၾကပါတယ္။

အလယ္စတုိကေန ထုိင္းဘက္ကုိထြက္တဲ့ သီးျခားကားလမ္းတခု ရွိသလုိ ထီးခီးလုိ႔ေခၚတဲ့ KNU – ၿမိတ္ – ထား၀ယ္ခရုိင္နဲ႔ တပ္ရင္း ၁၀ ဌာနခ်ဳပ္ (က်ေနာ္တုိ႔ ေတာခုိကာစက တပ္ရင္း ၁၀ အျဖစ္သာ ရွိေသးၿပီး ေနာက္ပုိင္းမွာမွ တပ္မဟာ ၄ ျဖစ္လာပါတယ္) ရံုးစို္က္ရာ အရပ္ဆီသြားတဲ့ ကားလမ္း တခုလည္းရွိပါတယ္။ ဒါေပမယ့္ အဲဒီေဒသ ႏွစ္ခုစလုံးဆီ ခြင့္ျပဳခ်က္ မရဘဲ သြားလုိ႔မရပါဘူး။

က်ေနာ္ကေတာ့ အရင္ေရာက္ေနတဲ့ ေက်ာင္းသားတဦးနဲ႔အတူ ထီးခီးကို လုိက္ပါခြင့္ရတဲ့အတြက္ အလယ္စတုိကေန ေနာက္ထပ္ တနာရီေက်ာ္ လမ္းဆက္ေလွ်ာက္လုိက္ရပါတယ္။

“၀ုိး … ရံုးခန္းႀကီးက တယ္သားနားပါလား” လုိ႔ KNU ခရိုင္္ရံုးကိုၾကည့္ၿပီး က်ေနာ့္ႏႈတ္က ထြက္သြားပါတယ္။

ပ်ဥ္းကတုိးလုိ သစ္ေတြနဲ႔ ေဆာက္ထားတဲ့ အဂၤလိပ္အကၡရာ Lပုံစံ ႏွစ္ထပ္ရံုးႀကီးဟာ ေပ ၅၀၊ ေပ ၂၀ ေလာက္ ရွိမယ္လုိ႔ ခန္႔မွန္းရပါတယ္။ အဲဒီေရွ႕က ဂိတ္တဲေလးမွာေတာ့ က်ေနာ္တုိ႔ေက်ာင္းသားေတြအတြက္ စခန္းေထာက္အျဖစ္ ေနရာေပး ထားပါတယ္။ ခရုိင္ေတာင္ကုန္းရဲ႕ ဟုိမွာဘက္ တျခားေတာင္ကုန္းတခုမွာေတာ့ တပ္ရင္း ၁၀ ရံုးခန္းနဲ႔ ဘားတုိက္ေတြကို ခပ္၀ါး၀ါး ျမင္ေနရပါတယ္။ ဒီေတာင္ကုန္း ႏွစ္ခုရဲ႕ၾကားမွာေတာ့ မင္းသမီးေခ်ာင္းဖ်ား ေသးေသးေလးကို ေတြ႕ရၿပီး အဲဒီေဘးမွာ ေထာက္လွမ္းေရးမႉး ဗုိလ္ႀကီးဘုိနီ (ေနာက္ပုိင္းမွာ စစ္အစိုးရရဲ႕ ဖမ္းဆီးျခင္းကုိ ခံလုိက္ရသူ) ရဲ႕ လက္ဖက္ရည္ဆုိင္ အပါ၀င္ လက္ဖက္ရည္ဆုိင္တခ်ိဳ႕၊ အခ်ိဳရည္ဆုိင္ တခ်ိဳ႕နဲ႔ ေနအိမ္တခ်ဳိ႕ကုိ ေတြ႕ရပါတယ္။ ထီးခီးဟာ ထီးထားလုိ ရြာတခုမဟုတ္ဘဲ ရံုးခန္းေတြနဲ႔ ၀န္ထမ္းေတြေနတဲ့ ေနရာတခု အျဖစ္ က်ေနာ္ သတိျပဳမိပါတယ္။

ေနာက္ထပ္ ထူးထူးျခားျခား မွတ္မိေနတာ တခုကေတာ့ ေထာက္လွမ္းေရးမႉး ဗုိလ္ႀကီးဗုိလ္နီဟာ နက္စ္ေကာ္ဖီထဲ ႏုိ႔ဆီမ်ားမ်ား ထည့္ၿပီး လင္မနစ္ ဖန္ခြက္ႀကီးနဲ႔အျပည့္ ေဖ်ာ္ေသာက္ေလ့ရွိၿပီး က်ေနာ္တုိ႔ကုိလည္း အဲဒီလုိခြက္ႀကီးနဲ႔ ခြက္အျပည့္ တုိက္လုိက္တဲ့ အတြက္ ဒါဟာ ပထမဆုံး က်ေနာ္ေသာက္ဖူးတဲ့ KNU စတုိင္ ေကာ္ဖီခ်ဳိဆိမ့္အျဖစ္ အခုခ်ိန္အထိ အမွတ္ရေနပါ တယ္။

ထီးခီးကေန ထီးထာျပန္ဆင္းၿပီး ေနာက္တရက္မွာေတာ့ က်ေနာ္တုိ႔ က်ဳိးဖုိးေတြအတြက္ သီးျခားစခန္းေနရာတခု ေပးမယ္လုိ႔ KNU က ေျပာၿပီး ေရွ႕မွာေျပာခဲ့တဲ့ KNDO ရံုးကေန တနသၤာရီျမစ္ကို ျပန္ေက်ာ္၊ က်ေနာ္တုိ႔ လာရာလမ္းေၾကာင္းဘက္ကုိ ေလွနဲ႔တင္ၿပီး က်ေနာ္တုိ႔ကို ေခၚသြားပါတယ္။ ျမစ္ကမ္းေဘးကေန ေတာထဲကုိ နာရီ၀က္ေလာက္ လမ္းေလွ်ာက္ ၿပီးတဲ့ အခါမွာေတာ့ ကရင္တဲ တလုံးကို ေတြ႕ရပါတယ္။ အဲဒီတဲနဲ႔ မလွမ္းမကမ္းက ေခ်ာင္းေသးေသးေလး တခုရဲ႕ နေဘးမွာ က်ေနာ္တုိ႔ကုိ ေနရာယူေစပါတယ္။


အလယ္စတုိကေန ေမာင္ေတာ္ဆီ ဖ်ာနဲ႔ ရိကၡာသည္ေနတဲ့ ရဲေဘာတခ်ဳိ့

က်ေနာ္ မွတ္မိသေလာက္ဆိုရင္ ေမာင္ေတာ္ စခန္း စတည္တဲ့ေန႔ဟာ ၁၉၈၈ ႏုိ၀င္ဘာလ ၄ ရက္ေန႔၊ တနည္းအားျဖင့္ က်ေနာ္တုိ႔ ေတာထဲထြက္လာၿပီး ၄၅ ရက္ၾကာမွ စခန္း စေဆာက္ရတဲ့ သေဘာျဖစ္ပါတယ္။

“ငါ့ညီတုိ႔ … ေတာ္လွန္ေရး ဆုိတာ ဒီလုိပဲ။ ခက္ခဲမယ္၊ ပင္ပန္းမယ္” ဆိုၿပီး ခရိုင္အတြင္းေရးမႉး ဖဒုိနီနီ (အခု နယူးဇီလန္ ေရာက္ေနသ) က အဲဒီေခ်ာင္းေဘးမွာ က်ေနာ္တုိ႔ကို အမွာစကား ေျပာပါတယ္။ မႏၱေလးဇာတိ ဖဒုိနီနီဟာ စကားေျပာ အလြန္ေကာင္းသူျဖစ္ပါတယ္။ လက္တဘက္ကုိ ပတ္တီး အၿမဲတန္း စည္းထားၿပီး လက္ဟန္၊ ကုိယ္ဟန္ အျပည့္နဲ႔ စကား ေျပာတတ္သူ ျဖစ္ပါတယ္။ သူစကားေျပာတဲ့ အခါတုိင္း “င့ါညီတုိ႔ … ငါ့ညီတုိ႔” လုိ႔ က်ေနာ္တုိ႔ကို ေခၚေလ့ရွိတဲ့အတြက္ သူ႔ကုိ “ငါ့ညီတုိ႔” ဆုိၿပီး က်ေနာ္တုိ႔ၾကားမွာ နာမည္ ေပးထားပါတယ္။ ဒါ့အျပင္ က်ေနာ္တုိ႔ အခ်င္းခ်င္း စကားေျပာရင္ေတာင္ သူပုံစံကုိယူၿပီး လက္ဟန္ကိုယ္ဟန္နဲ႔ “င့ါညီတုိ႔ နားေထာင္စမ္း” လို႔ နိဒါန္းခ်ီ ေနာက္ေျပာင္ေျပာဆုိေလ့ ရွိတဲ့အထိ
သူ႔စတုိင္က လႊမ္းမုိးခဲ့ပါတယ္။

က်ေနာ့္စိတ္ထဲ မွတ္မွတ္ရရ ရွိေနတာကေတာ့ ဖဒိုနီနီက အဲဒီလုိ ေနရာေပးၿပီးၿပီးခ်င္း က်ေနာ္ ပထမဆုံး လုပ္လုိက္ တာကေတာ့ “တပ္ေျမ – မက်ဳးေက်ာ္ရ” ဆုိတဲ့ စာတန္းကုိ A4 – စာရြက္ေပၚမွာေရးၿပီး ကရင္တဲနဲ႔ က်ေနာ္တုိ႔ စခန္းေဆာက္မယ့္ ေခ်ာင္းရုိးေလးအၾကားက သစ္ပင္မွာ ကပ္လုိက္တာပဲ ျဖစ္ပါတယ္။

အဲဒိီမွာ ဖဒိုနီနီက တရားေဟာေတာ့ တာပါပဲ။

“ငါ့ညီတို႔ရဲ႕ စိတ္ကူးေတြက မဆလ နဲ႔ တူေနၿပီ။ ျပည္သူေတြရဲ႕ ေျမေတြကိုသိမ္းၿပီး စစ္တပ္ပိုင္ လုပ္ေနတဲ့ သေဘာ ျဖစ္ေနတယ္” စသျဖင့္ အေတာ္မ်ားမ်ား သူ႔ ေျပာကြက္ထဲ က်ေနာ္ခံလုိက္ ရပါတယ္။ တကယ္က က်ေနာ္လည္း စိတ္ထဲမွာ ဘာမွရွိတာမဟုတ္ပါဘူး။ စက္ဘီးစီးရင္းနဲ႔ အၿမဲတမ္း ျမင္ျမင္ေနရတဲ့ ရန္ကုန္ ေထာက္ႀကံ့ ဗိုလ္ေရြးေတာင္နားက “တပ္ေျမ မက်ဴးေက်ာ္ရ” ဆိုတဲ့ လမ္းေဘး ဆိုင္းဘုတ္ငယ္ေလးေတြနဲ႔ က်ေနာ္တို႔ ထားဝယ္-ေမာင္းမကန္ ကားလမ္းေပၚရွိ ခလရ -၁၀၄ အနီးတဝိုက္ ေရးထားတဲ့ စာတန္းေတြကို အမွတ္ရပီး တပ္ေျမဆိုရင္ေတာ့ ဒီလိုေရးမွ တျခားလူ ေတြမလာမွာ ဆိုၿပီး ေကာက္ေရးလိုက္ မိတာ ျဖစ္ဖုိ႔မ်ားပါတယ္။

ဒီလိုနဲ႔ အနီးနားက ၀ါးရံုေတြကိုခုတ္လဲွ၊ ဘားတုိက္ေဆာက္၊ စားဖုိးေဆာင္ ေဆာက္၊ ေတာငွက္ေပ်ာ ရြက္ေတြကို အမိုးလုပ္၊ ေခ်ာင္းေသးေသးေလးက ေရကုိ ခပ္လုိ႔ရေအာင္ ျပဳျပင္ၿပီးေတာ့ “ေမာင္ေတာ္စခန္း” ဆုိတာကို က်ေနာ္တို႔ စတင္ တည္ေဆာက္ခဲ့ ပါတယ္။ စခန္းအသစ္တခု ေဆာက္ရတဲ့အလုပ္ ဘယ္ေလာက္ပင္ပန္းသလဲ ဆုိတာကုိ စာမဖြဲ႕ ခ်င္ေတာ့ ေပမယ့္ က်ေနာ္ဦးစီးၿပီး ေဆာက္လုိက္တဲ့ ပထမ ဘားတုိက္ ပႏၷက္ခ်ရာမွာ ၉၀ ဒီဂရီ မက်တဲ့အတြက္ တခ်မ္းေစာင္း ဘားတုိက္ႀကီး ျဖစ္သြားတာကုိ အခုထိ အမွတ္ရေနဆဲ ျဖစ္ပါတယ္။

ေနာက္တခါ က်ေနာ္ေရာက္ဖူးတဲ့ တျခားေက်ာင္းသား စခန္းေတြနဲ႔စာရင္ က်ေနာ္တုိ႔စခန္းဟာ တကယ္ အသစ္ကေန စလုပ္ရတာမ်ဳိပါ။ တျခားစခန္း အေတာ္မ်ားမ်ားကေတာ့ KNU စခန္းေတြနဲ႔ ဆက္စပ္ေနတာ၊ တခိ်ဳ႕ဆိုရင္ KNU က ေပးထားတဲ့ ဘားတိုက္ေတြ ေပၚမွာ၊ ဒါမွမဟုတ္လည္း KNU သစ္စက္ေတြက ထြက္တဲ့ သစ္သားေတြနဲ႔ ခိုင္ခိုင္မာမာ ေဆာက္ထား တာကို ေတြ႕ရပါတယ္။

ဒါေပမယ့္ က်ေနာ္တို႔ ဘားတိုက္ကေတာ့ သစ္တေခ်ာင္းမွ မပါပဲ တကယ့္ကို ဝါးတိုင္၊ ဝါးခင္း၊ ဝါးနဲ႔ ငွက္ေပ်ာရြက္အမိုးနဲ႔ လုပ္ထားတဲ့ ထူးထူးျခားျခား ဘားတိုက္ေတြ ျဖစ္ေနပါတယ္။ ။
=================================================

ထက်အောင်ကျော် on October 13, 2011 5:01 pm 
အောက်မေ့ဖွယ်။ ဧရာဝတီမဂဇင်း

မောင်တော် ကျိုးဖိုးနဲ့ မင်းသမီး အမရာတို့တွေ့ပြီ။

ဒီစာကို ဖတ်ပြီး ထက်အောင်ကျော် တယောက် တောထဲမှာ နှစ်ပါးသွား ကဖို့ ပြင်နေသလားလို့တော့မထင်လိုက်ပါနဲ့။ ကရင်စကား နှစ်လုံးကို ဗမာမှုပြုထားတဲ့ ကျနော်တို့ ကျောင်းသားစခန်း တပ်တည်နေရာ နှစ်ခုကိုတွဲပြီး ပြောလိုက်တာပါ။ မောင်တော် ဆိုတာက ကျနော်တို့ ကျောင်းသားတွေရဲ့ ပထမဆုံးစခန်းနေရာ ဖြစ်ပြီး အမရာကတော့ ဒုတိယနဲ့ နောက်ဆုံးနေရာပါ။ မင်းသမီးဆိုတာကတော့ မင်းသမီးချောင်းဖျားနဲ့ ချောင်းဝမှာရှိတဲ့ KNU စခန်းနဲ့ ကရင်ရွာတွေကို ဆိုလိုတာပါ။


တောခိုကျောင်းသားတွေရဲ့ မထမ-ဆုံး တပ်တည်နေရာ မောင်တော်စခန်း

မင်းသမီးစခန်း (မူလ ကရင်စကားကတော့ မင်တမီ ပါ) ဆိုတာက ခုနက ကျနော်ရှေ့မှာ ပြောခဲ့တဲ့ ထားဝယ်ဘက်မှာ မြစ်ဖျားခံတဲ့ ဘန်းချောင်းနဲ့ ရေဖြူဘက်မှာမြစ်ဖျားခံတဲ့ ကွမ်းချောင်းတို့ မေတ္တာရွာမှာဆုံပြီးဖြစ်ပေါ်လာတဲ့  တနင်္သာရီမြစ်နဲ့ ထိုင်းနယ်စပ် အနီးက မင်းသမီးချောင်းဖျား (မူလ ကရင်စကားကတော့ မင်တမီချောင်းဖျား- ဒါမှမဟုတ် ထီးခီး) ကနေ ဆင်းလာတဲ့ ရေတွေ မြစ်ထဲစီးဝင်တဲ့နေရာ (ချောင်းဝ သို့မဟုတ် ထီးထာ) ကိုခေါ်တာပါ။

ရှေ့မှာပြောခဲ့တဲ့ ဘန်းချောင်းဘေးက ခွဲ ၁ – ကနေ အခု ထီးထာ ချောင်းဝဆီအထိ နှစ်ညအိပ် ခရီး နှင်ခဲ့ရပြီး နောက်တနေ့ ၁၂ နာရီ ဝန်းကျင်လောက်မှာတော့ ထီးထာ ချောင်းဝနဲ့ တနင်္သာရီမြစ်ဘေးမှာ ထိုးထိုးထောင်ထောင် အဖြူရောင် နှစ်ထပ် တိုက်တလုံးကို မြစ်ရဲ့ ဒီဘက်ကမ်းကနေ ကျနော်တို့ မြင်လိုက်ရပါတယ်။ ဒါဟာ တောတွင်းကာလ တလကျော် အချိန်အတွင်း ပထမဆုံး မြင်ရတဲ့ အသားနားဆုံး အဆောက်အအုံ ဖြစ်တဲ့အတွက် “ကရင်သူပုန်စခန်းက တယ်ဟုတ်ပါလား” ဆိုပြီး ကျနော့်စိတ်ထဲ ကြိတ်လေးစား မိလိုက်ပါတယ်။ နောက်ပိုင်းမှ ပြန်သိရတာက အဲဒါဟာ KNDO (ကရင်အမျိုးသား ကာကွယ် ရေးအဖွဲ့) ရုံးခန်းဖြစ်ပြီး လက်ရှိ KNDO တပ်ရင်း ၇ ရင်းမှူး ဗိုလ်မှူး ဘော်ဒွင်ဇန် (ဥက္ကဋ္ဌကြီး မန်းဘဇံရဲ့ သားငယ်) ရုံးထိုင်တဲ့နေရာ ဖြစ်ပါတယ်။ သူက ကျနော်တို့ တောထဲရှိစဉ်မှာ ကွယ်လွန်သွားပါတယ်။ သားကြီးကတော့ ဗိုလ်မှူး ရောဘဇန် ဖြစ်ပြီး အခုအမေရိ ကားမှာပါ။

တနင်္သာရီမြစ်ကို လက်လှော်လှေ တစီးနဲ့ ခေါက်တုန့်ခေါက်ပြန် ကူးအပြီးမှာတော့ ကျနော်တို့ ရဲဘော် ၄ ကျိပ် တပ်ဖွဲ့ကြီးဟာ ခုနက KNDO ရုံးဘေးက ဗိုလ်မှူးဘော်ဒွင်ဇန်ရဲ့ နေအိမ်ကိုရောက်လာပါတယ်။ ဥက္ကဋ္ဌကြီးရဲ့သား ကရင်စစ်ဗိုလ်ရဲ့ နေအိမ် ဆိုပေမယ့် ခုနက ရုံးခန်းနဲ့တော့ ဘာမှမဆိုင်ပါဘူး။ သစ်တိုင်၊ သစ်ကာ၊ သွပ်ပြားမိုး အိမ်လေးသာဖြစ်ပြီး အဲဒီအိမ်ရှေ့မှာ ကျနော်တို့တတွေ ခြေကုန်လက်ပန်း ကျစွာနဲ့ နေရာယူလိုက်ပါတယ်။ အဲဒီမှာ  ကျနော်တို့ ပထမဆုံး တွေ့ရတဲ့ ပုဂ္ဂိုလ်တွေ ကတော့ နတ်အိမ်တောင်ဘက်ကနေ ရောက်နေတဲ့ အခု စစ်ရေး အကဲခတ်အဖြစ် လူသိများနေသူ ကိုဌေးအောင်၊ နောက် ကျနော်တို့စခန်းရဲ့ ဥက္ကဋ္ဌနဲ့ ဗဟိုကော်မတီဝင် ဖြစ်လာသူ ကိုအောင်သန်းဝင်း၊ နောက်တခါ ကျနော်တို့ ဆီကနေ မင်းသမီးကို ကြိုထွက်သွားတဲ့ ကိုသောင်းညွန့်နဲ့ ကိုကျော်အောင်အပါဝင် အားလုံး ၁ဝ ဦး လောက်ကို ကယ်ဆယ်ရေးပစ္စည်း တချို့နဲ့ တွေ့ရပါတယ်။

ကျနော်တို့ ရဲဘော် ၄ ကျိပ်ရဲ့ အမည်တွေ အားလုံးကို ဒီနေရာမှာ ဖေါ်ပြဖို့ စာမျက်နှာ အကန့်အသတ် ရှိနိုင်တဲ့အတွက် အကျဉ်းရုံး တင်ပြရမယ်ဆိုရင် အခုလက်ရှိ ABSDF ဒု ဥက္ကဋ္ဌနဲ့ DAB အထွေထွေ အတွင်းရေးမှူးအဖြစ် တာဝန်ယူနေသူ ကိုမျိုးဝင်း၊ နောက် အဲဒီအချိန်က အသက် ၄၀ ကျော် အရွယ်ရှိနေပြီဖြစ်တဲ့ ဦးမျိုးမြင့် (ခေါင်းဖြူကြီးမျိုးမြင့်လို့ ကျနော်တို့က ခေါ်ကြပါတယ်) နဲ့ အသက် ၁၅ နှစ် ဝန်းကျင်သာ ရှိသေးပေမယ့် တကိုယ်လုံး တခေါင်းလုံး ဥရောပ တိုက်သားတဦးလို ဖြူဖွေးနေသူ မောင်ဘို (ဘိုခေါင်းနီလို့ ကျနော်တို့ ခေါ်ကြပါတယ်) တို့ကို ကျနော် ထူးထူးခြားခြား သတိထား မိပါတယ်။

ဗိုလ်မှူး ဘော်ဒွင်ဇန်အိမ်နဲ့ မျက်နှာချင်းဆိုင်မှာတော့ မြိတ် – ထားဝယ် ခရိုင် တွဲဘက်အတွင်းရေးမှူး ပဒိုနီနီရဲ့အိမ်နဲ့ တခြားအိမ် ၄၊ ၅ လုံးလောက် ရှိပါတယ်။ အဲဒီအိမ်တွေမှာ ကျနော်တို့ အုပ်စု သင့်သလို နေရာယူလိုက်ပြီး ငါးသေတ္တာဟင်းလေးနဲ့ အဲဒီညက ညစာ သုံးဆောင်ခွင့် ရခဲ့ပါတယ်။

နောက်တနေ့ မနက်မှာတော့ KNDO ရုံးရဲ့ ဟိုမှာဘက်က ထီးထားရွာကို သွားရောက် လည်ပတ်ခွင့်ရပြီး ကွိတီယို (ကျနော်တို့ ထားဝယ် ကျောင်းသားတွေကတော့ ခွေးတရုတ်လို့ နောက်ပြောင် ခေါ်ဝေါ်ကြပါတယ်) ဆိုတာကို ပထမဆုံးအကြိမ် စားဖူးခဲ့ပါတယ်။ စားဖူးတယ်ဆိုပေမယ် တယောက်တခွက် မှာစားနိုင်တာမျိုးတော့ မဟုတ်ပါဘူး။ ၂ ခွက်လောက်မှာပြီး လူ ၁၀ ယောက်ကျော်လောက် တယောက်တဇွန်းစီ စားကြသလား ကျနော် အသေချာ မမှတ်မိတော့ပါဘူး။

ကျနော်တို့အုပ်စုဟာ တောသားမြိုရောက်တဲ့ပုံစံနဲ့ ထီးထားရွာကို ဟိုငေးဒီကြည့် လုပ်နေခဲ့ပါတယ်။ ဒီရွာက ကျနော်တို့ ဘန်းချောင်း ဘေးမှာ တလတာနီးပါးအတွင်း တွေ့ခဲ့ရတဲ့ ရွာတွေနဲ့မတူပါဘူး။ အိမ်တွေဟာ ထိုင်းပုံစံ (အဲဒီတုန်းကတော့ ထိုင်းလည်း မရောက်ဘူးသေးတော့ ထိုင်းပုံစံမှန်းလည်း မသိသေးပါ) နှစ်ထပ်အိမ်လေးတွေ ဖြစ်ပြီး သစ်တိုင်၊ ပျဉ်ကာ၊ သွပ်မိုးနဲ့ အသေချာ အခိုင်အမာ ဆောက်ထားတာကို တွေ့ရပါတယ်။ ဒါ့အပြင် အထက ကျောင်းတခုနဲ့ ခရစ်ယာန် ဘုရားကျောင်း တခုကိုလည်း အခိုင်အမာ တွေ့ရပါတယ်။ ရွာရဲ့ ဟိုဘက်ထိပ်မှာ ဆေးရုံနဲ့ သစ်စက်ကြီးတခု ရှိတယ်လို့ သိရပေမယ့် အဲဒီ ပထမ အခေါက်မှာတော့ စာသင်ကျောင်းဝန်းကျင်လောက်ပဲ ကျနော်တို့ ရောက်ပြီး ပြန်လှည့်လာခဲ့ပါတယ်။

ကံကောင်းချင်တော့ ခုနက ကွိတီယိုဆိုင်နား ပြန်အရောက်မှာ ခဲမဖြူတွေ အလယ်စတိုအထိ သယ်ပေးနိုင်မလား ဆိုတဲ့ ကမ်းလှမ်းချက်တခုကို ကျနော်တို့ ရလိုက်ပါတယ်။ ကရင် ဖဒိုအိမ်တခုမှာ (ဟိန္ဒားနဲ့ ကျောက်မဲတောင် မိုင်းကနေ ခိုးထုတ်ပြီး လာရောင်းထားတယ်လို့ ယူဆရတဲ့) စုထားတဲ့ ခဲမဖြူအိတ်တွေကို အလယ်စတိုအထိ သယ်ပေးနိုင်ရင် တကီလိုအတွက် ဘတ်ရမယ်လို့ ဆိုပါတယ်။

ဒီ သတင်းကိုလည်းသိရော ကျနော်တို့ ကျိုးဖိုးတွေ အလုအယက် ဝိုင်းသယ်လိုက်တာ ကျနော်ဆိုရင် ကီလို ၃၀ ထမ်းပြီး ဘတ်ငွေ ၆၀ လောက် ရလိုက်ပါတယ်။ အဲဒါဟာ ကျနော့်ဘဝမှာ ပထမဆုံး မြင်ရတဲ့ နိုင်ငံခြားငွေကြေးဖြစ်ပီး ကွိတီယို တခွက်ကို ကိုယ်ပိုင် ဝယ်စားနိုင်လိုက်ပါတယ်။

အဲ … ဘတ် ၆၀ ရဖို့အတွက် ဘယ်လောက် ရုန်းကန်လိုက်ရသလဲ ဆိုတာကိုလဲကြည့်ပါဦး။ ထီးထားရွာကနေ အလယ်စတို စခန်းဆီအထိ ခရီးက ၆ မိုင်ကျော်လောက် ရှိမယ်လို့ယူဆရပြီး ၂ နာရီကျော် သွားရပါတယ်။ တကယ်ကတော့ ဒီလမ်းကြောင်းဟာ နွေရာသီမှာ ကားလမ်းကြမ်းရှိပေမယ် အခုလို အောက်တိုဘာမှာတော့ မိုးရွာပြီး တောင်ကျရေစီးထားလို့ မင်းသမီးချောင်း တလျောက် ဖောက်ထားတဲ့ အဲဒီကားလမ်းပျက်နေလို့ ကျနော်တို့က သယ်ခွင့်ရလိုက်တာမျိုးပါ။ ခဲမဖြူ ကီလို ၃၀ ကိုထမ်း၊ ချောင်းငယ် ၂၀ ကျော်ကိုဖြတ်၊ ကျောက်တုံး ကျောက်ခဲတွေကြား ၂ နာရီကျော် လမ်းလျှောက်ရတဲ့ အရေးဟာ တက္ကသိုလ်ကျောင်းသား တဦးအဖို့ သိပ်မလွယ်ပေမယ့် အဲဒီလို သယ်ခွင့်ရလိုက်တာကို ကျနော်တို့ မောင်ကျောင်းသားတွေ အားလုံးက ဝမ်းသာ ပျော်ရွှင်နေကြပါတယ်။

အလယ်စတိုကနေ ထိုင်းဘက်ကိုထွက်တဲ့ သီးခြားကားလမ်းတခု ရှိသလို ထီးခီးလို့ခေါ်တဲ့ KNU – မြိတ် – ထားဝယ်ခရိုင်နဲ့ တပ်ရင်း ၁၀ ဌာနချုပ် (ကျနော်တို့ တောခိုကာစက တပ်ရင်း ၁၀ အဖြစ်သာ ရှိသေးပြီး နောက်ပိုင်းမှာမှ တပ်မဟာ ၄ ဖြစ်လာပါတယ်) ရုံးစိုက်ရာ အရပ်ဆီသွားတဲ့ ကားလမ်း တခုလည်းရှိပါတယ်။ ဒါပေမယ့် အဲဒီဒေသ နှစ်ခုစလုံးဆီ ခွင့်ပြုချက် မရဘဲ သွားလို့မရပါဘူး။

ကျနော်ကတော့ အရင်ရောက်နေတဲ့ ကျောင်းသားတဦးနဲ့အတူ ထီးခီးကို လိုက်ပါခွင့်ရတဲ့အတွက် အလယ်စတိုကနေ နောက်ထပ် တနာရီကျော် လမ်းဆက်လျှောက်လိုက်ရပါတယ်။

“ဝိုး … ရုံးခန်းကြီးက တယ်သားနားပါလား” လို့ KNU ခရိုင်ရုံးကိုကြည့်ပြီး ကျနော့်နှုတ်က ထွက်သွားပါတယ်။

ပျဉ်းကတိုးလို သစ်တွေနဲ့ ဆောက်ထားတဲ့ အင်္ဂလိပ်အက္ခရာ Lပုံစံ နှစ်ထပ်ရုံးကြီးဟာ ပေ ၅၀၊ ပေ ၂၀ လောက် ရှိမယ်လို့ ခန့်မှန်းရပါတယ်။ အဲဒီရှေ့က ဂိတ်တဲလေးမှာတော့ ကျနော်တို့ကျောင်းသားတွေအတွက် စခန်းထောက်အဖြစ် နေရာပေး ထားပါတယ်။ ခရိုင်တောင်ကုန်းရဲ့ ဟိုမှာဘက် တခြားတောင်ကုန်းတခုမှာတော့ တပ်ရင်း ၁၀ ရုံးခန်းနဲ့ ဘားတိုက်တွေကို ခပ်ဝါးဝါး မြင်နေရပါတယ်။ ဒီတောင်ကုန်း နှစ်ခုရဲ့ကြားမှာတော့ မင်းသမီးချောင်းဖျား သေးသေးလေးကို တွေ့ရပြီး အဲဒီဘေးမှာ ထောက်လှမ်းရေးမှူး ဗိုလ်ကြီးဘိုနီ (နောက်ပိုင်းမှာ စစ်အစိုးရရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရသူ) ရဲ့ လက်ဖက်ရည်ဆိုင် အပါဝင် လက်ဖက်ရည်ဆိုင်တချို့၊ အချိုရည်ဆိုင် တချို့နဲ့ နေအိမ်တချို့ကို တွေ့ရပါတယ်။ ထီးခီးဟာ ထီးထားလို ရွာတခုမဟုတ်ဘဲ ရုံးခန်းတွေနဲ့ ဝန်ထမ်းတွေနေတဲ့ နေရာတခု အဖြစ် ကျနော် သတိပြုမိပါတယ်။

နောက်ထပ် ထူးထူးခြားခြား မှတ်မိနေတာ တခုကတော့ ထောက်လှမ်းရေးမှူး ဗိုလ်ကြီးဗိုလ်နီဟာ နက်စ်ကော်ဖီထဲ နို့ဆီများများ ထည့်ပြီး လင်မနစ် ဖန်ခွက်ကြီးနဲ့အပြည့် ဖျော်သောက်လေ့ရှိပြီး ကျနော်တို့ကိုလည်း အဲဒီလိုခွက်ကြီးနဲ့ ခွက်အပြည့် တိုက်လိုက်တဲ့ အတွက် ဒါဟာ ပထမဆုံး ကျနော်သောက်ဖူးတဲ့ KNU စတိုင် ကော်ဖီချိုဆိမ့်အဖြစ် အခုချိန်အထိ အမှတ်ရနေပါ တယ်။

ထီးခီးကနေ ထီးထာပြန်ဆင်းပြီး နောက်တရက်မှာတော့ ကျနော်တို့ ကျိုးဖိုးတွေအတွက် သီးခြားစခန်းနေရာတခု ပေးမယ်လို့ KNU က ပြောပြီး ရှေ့မှာပြောခဲ့တဲ့ KNDO ရုံးကနေ တနင်္သာရီမြစ်ကို ပြန်ကျော်၊ ကျနော်တို့ လာရာလမ်းကြောင်းဘက်ကို လှေနဲ့တင်ပြီး ကျနော်တို့ကို ခေါ်သွားပါတယ်။ မြစ်ကမ်းဘေးကနေ တောထဲကို နာရီဝက်လောက် လမ်းလျှောက် ပြီးတဲ့ အခါမှာတော့ ကရင်တဲ တလုံးကို တွေ့ရပါတယ်။ အဲဒီတဲနဲ့ မလှမ်းမကမ်းက ချောင်းသေးသေးလေး တခုရဲ့ နဘေးမှာ ကျနော်တို့ကို နေရာယူစေပါတယ်။



အလယ်စတိုကနေ မောင်တော်ဆီ ဖျာနဲ့ ရိက္ခာသည်နေတဲ့ ရဲဘောတချို့

ကျနော် မှတ်မိသလောက်ဆိုရင် မောင်တော် စခန်း စတည်တဲ့နေ့ဟာ ၁၉၈၈ နိုဝင်ဘာလ ၄ ရက်နေ့၊ တနည်းအားဖြင့် ကျနော်တို့ တောထဲထွက်လာပြီး ၄၅ ရက်ကြာမှ စခန်း စဆောက်ရတဲ့ သဘောဖြစ်ပါတယ်။

“ငါ့ညီတို့ … တော်လှန်ရေး ဆိုတာ ဒီလိုပဲ။ ခက်ခဲမယ်၊ ပင်ပန်းမယ်” ဆိုပြီး ခရိုင်အတွင်းရေးမှူး ဖဒိုနီနီ (အခု နယူးဇီလန် ရောက်နေသ) က အဲဒီချောင်းဘေးမှာ ကျနော်တို့ကို အမှာစကား ပြောပါတယ်။ မန္တလေးဇာတိ ဖဒိုနီနီဟာ စကားပြော အလွန်ကောင်းသူဖြစ်ပါတယ်။ လက်တဘက်ကို ပတ်တီး အမြဲတန်း စည်းထားပြီး လက်ဟန်၊  ကိုယ်ဟန် အပြည့်နဲ့ စကား ပြောတတ်သူ ဖြစ်ပါတယ်။ သူစကားပြောတဲ့ အခါတိုင်း “င့ါညီတို့ … ငါ့ညီတို့” လို့ ကျနော်တို့ကို ခေါ်လေ့ရှိတဲ့အတွက် သူ့ကို “ငါ့ညီတို့” ဆိုပြီး ကျနော်တို့ကြားမှာ နာမည် ပေးထားပါတယ်။ ဒါ့အပြင် ကျနော်တို့ အချင်းချင်း စကားပြောရင်တောင် သူပုံစံကိုယူပြီး လက်ဟန်ကိုယ်ဟန်နဲ့ “င့ါညီတို့ နားထောင်စမ်း” လို့ နိဒါန်းချီ နောက်ပြောင်ပြောဆိုလေ့ ရှိတဲ့အထိ
သူ့စတိုင်က လွှမ်းမိုးခဲ့ပါတယ်။

ကျနော့်စိတ်ထဲ မှတ်မှတ်ရရ ရှိနေတာကတော့ ဖဒိုနီနီက အဲဒီလို နေရာပေးပြီးပြီးချင်း ကျနော် ပထမဆုံး လုပ်လိုက် တာကတော့ “တပ်မြေ – မကျုးကျော်ရ” ဆိုတဲ့ စာတန်းကို A4 – စာရွက်ပေါ်မှာရေးပြီး ကရင်တဲနဲ့ ကျနော်တို့ စခန်းဆောက်မယ့် ချောင်းရိုးလေးအကြားက သစ်ပင်မှာ ကပ်လိုက်တာပဲ ဖြစ်ပါတယ်။

အဲဒီမှာ ဖဒိုနီနီက တရားဟောတော့ တာပါပဲ။

“ငါ့ညီတို့ရဲ့ စိတ်ကူးတွေက မဆလ နဲ့ တူနေပြီ။ ပြည်သူတွေရဲ့ မြေတွေကိုသိမ်းပြီး စစ်တပ်ပိုင် လုပ်နေတဲ့ သဘော ဖြစ်နေတယ်” စသဖြင့် အတော်များများ သူ့ ပြောကွက်ထဲ ကျနော်ခံလိုက် ရပါတယ်။ တကယ်က ကျနော်လည်း စိတ်ထဲမှာ ဘာမှရှိတာမဟုတ်ပါဘူး။ စက်ဘီးစီးရင်းနဲ့ အမြဲတမ်း မြင်မြင်နေရတဲ့ ရန်ကုန် ထောက်ကြံ့ ဗိုလ်ရွေးတောင်နားက “တပ်မြေ မကျူးကျော်ရ” ဆိုတဲ့ လမ်းဘေး ဆိုင်းဘုတ်ငယ်လေးတွေနဲ့ ကျနော်တို့ ထားဝယ်-မောင်းမကန် ကားလမ်းပေါ်ရှိ ခလရ -၁၀၄ အနီးတဝိုက် ရေးထားတဲ့ စာတန်းတွေကို အမှတ်ရပီး တပ်မြေဆိုရင်တော့ ဒီလိုရေးမှ တခြားလူ တွေမလာမှာ ဆိုပြီး ကောက်ရေးလိုက် မိတာ ဖြစ်ဖို့များပါတယ်။

ဒီလိုနဲ့ အနီးနားက ဝါးရုံတွေကိုခုတ်လဲှ၊ ဘားတိုက်ဆောက်၊ စားဖိုးဆောင် ဆောက်၊ တောငှက်ပျော ရွက်တွေကို အမိုးလုပ်၊ ချောင်းသေးသေးလေးက ရေကို ခပ်လို့ရအောင် ပြုပြင်ပြီးတော့ “မောင်တော်စခန်း” ဆိုတာကို ကျနော်တို့ စတင် တည်ဆောက်ခဲ့ ပါတယ်။ စခန်းအသစ်တခု ဆောက်ရတဲ့အလုပ် ဘယ်လောက်ပင်ပန်းသလဲ  ဆိုတာကို စာမဖွဲ့ ချင်တော့ ပေမယ့် ကျနော်ဦးစီးပြီး ဆောက်လိုက်တဲ့ ပထမ ဘားတိုက် ပန္နက်ချရာမှာ ၉၀ ဒီဂရီ မကျတဲ့အတွက် တချမ်းစောင်း ဘားတိုက်ကြီး ဖြစ်သွားတာကို အခုထိ အမှတ်ရနေဆဲ ဖြစ်ပါတယ်။

နောက်တခါ ကျနော်ရောက်ဖူးတဲ့ တခြားကျောင်းသား စခန်းတွေနဲ့စာရင် ကျနော်တို့စခန်းဟာ တကယ် အသစ်ကနေ စလုပ်ရတာမျိုပါ။ တခြားစခန်း အတော်များများကတော့ KNU စခန်းတွေနဲ့ ဆက်စပ်နေတာ၊ တချို့ဆိုရင် KNU က ပေးထားတဲ့ ဘားတိုက်တွေ ပေါ်မှာ၊ ဒါမှမဟုတ်လည်း KNU သစ်စက်တွေက ထွက်တဲ့ သစ်သားတွေနဲ့ ခိုင်ခိုင်မာမာ ဆောက်ထား တာကို တွေ့ရပါတယ်။

ဒါပေမယ့် ကျနော်တို့ ဘားတိုက်ကတော့ သစ်တချောင်းမှ မပါပဲ တကယ့်ကို ဝါးတိုင်၊ ဝါးခင်း၊ ဝါးနဲ့ ငှက်ပျောရွက်အမိုးနဲ့ လုပ်ထားတဲ့ ထူးထူးခြားခြား ဘားတိုက်တွေ ဖြစ်နေပါတယ်။ ။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More