Friday, May 31, 2024

ဒေါနတောင်မှာ တိုက်ပွဲပြင်းထန်... မုံရွာမြို့ပတ်လမ်းပေါ် PDF တိုက်ခိုက်...


ဒေါနတောင်မှာ တိုက်ပွဲပြင်းထန်... မုံရွာမြို့ပတ်လမ်းပေါ် PDF တိုက်ခိုက်... နောက်ဆုံးရ တိုက်ပွဲသတင်းများ

(၁- ၆- ၂၀၂၄)

ကရင်ပြည်နယ်၊ ကော့ကရိတ်-ကျုံဒိုးဖက်ရှိ မြပတိုင်၊ ရင်ခွဲတောင်၊ နဘူး စတဲ့ကျေးရွာတွေဆီစစ်ကောင်စီ တပ်တွေဝင်ရောက်လာနေတယ်လို့ KIC- Karen Information Center က ဖေါ်ပြပါတယ်။

ကော့ကရိတ်၊ ကျုံဒိုးလမ်းပိုင်းမှာ စစ်ကောင်စီတပ်၊ BGF- ကရင်နယ်ခြားစောင့်တပ် ၊ KNLA /PC (ကရင်ငြိမ်းချမ်းရေးကောင်စီ)တပ်တွေရှိနေပြီး လုံခြုံရေးဂိတ်တွေတိုးချဲ့ချထားနေတယ်လို့လည်း ဆိုပါတယ်။

မြဝတီ-ကော့ကရိတ် အာရှလမ်းသစ် ဘက်မှာတော့ အောင်ဇေယျစစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေကြား တိုက်ပွဲပြင်းထန်နေပါတယ်။

ဒီတောအတွင်း ဒေါနတောင်ခြေက အောင်ဇေယျစစ်ကြောင်းကို အပြီးသတ် ရှင်းလင်းနိုင်ရေးအတွက် Campaign Taw Naw ၊ တနည်းအားဖြင့် ကမ်ပိန်းဒေါ်န လို့အမည်ပေးထားတဲ့ ရန်ပုံငွေရှာဖွေရေးအစီစဉ်တခု ဒီနေ့ ဇွန် ၁ ရက် ညနေပိုင်းမှာ ကျင်းပဖို့ရှိနေပါတယ်။ KNU ဗဟိုအလုပ်မှုဆောင်ကော်မီတီဝင် ပဒိုစောတောနီ တက်ရောက် ဆွေးနွေးမယ်လို့ အသိပေးနှိုးဆော်ထားတာ တွေ့ရပါတယ်။

ဒါ့အပြင်...

- ထားဝယ်မြို့နယ်၊ အရှေ့တောဒေသရှိ ဝကုန်းရွာဖက်ရောက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်...

- ကျောက်တံခါးမြို့နယ်၊ မြိုချောင်း - စိန်ကန့်လန့် ရိုးမဖြတ်လမ်းပိုင်းမှာ ၄ ရက်ဆက် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဖက်က အကျအဆုံးများ...

- ပခုက္ကူမြို့နယ်၊ အရှေ့ဘုန်းကံကျေးရွာအနီးရောက်လာတဲ့ စစ်တပ်အရာရှိ ၂ ဦးပါဝင်တဲ့ အိမ်စီးကားကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်...

- မုံရွာမြို့ပတ်လမ်းမှာ အိမ်စီးကားနဲ့ ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ပြီး လက်နက်ငယ် ၄ လက်ရရှိ...

- အမှတ် (၂) စစ်ဒေသခွဲ၊ ဒရုန်း လက်ရုံးတပ်ဖွဲ့ သင်တန်းဆင်းပွဲ ကျင်းပ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

“လက်ရှိ စစ်တပ်အခြေအနေက တပ်တွင်း သူပုန်ထဖို့အဆင့်ကို ရောက်ခါနီးနေပြီ”


“လက်ရှိ စစ်တပ်အခြေအနေက တပ်တွင်း သူပုန်ထဖို့အဆင့်ကို ရောက်ခါနီးနေပြီ”

- ဗိုလ်ကြီးဟောင်း နေမျိုးဇင် (ဘက်ပြောင်းရေးအစီအမံကော်မီတီ - IEC )

(၃၁- ၅- ၂၀၂၄)

“စစ်တိုင်းမှူး အပြောင်းလဲတွေ ထပ်လုပ်တာ၊ တန်းပြည့်စစ်မှုထမ်းချိန် သတ်မှတ်တာတွေကိုကြည့်ရင် လက်ရှိ စစ်တပ်အခြေအနေဟာ တပ်တွင်း သူပုန်ထဖို့အဆင့်ကို ရောက်ခါနီးနေပြီ” ဖြစ်တယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ ဘက်ပြောင်းရေးအစီအမံကော်မီတီ ညွှန်ကြားရေးမှူး ဗိုလ်ကြီးဟောင်းနေမျိုးဇင်က ပြောပါတယ်။

စစ်တိုင်းမှူးတွေအပါဝင် ထိပ်တန်းစစ်ဗိုလ် ၃၀ ကျော် ဖြုတ်-ထုတ်-ပြောင်း လုပ်လိုက်တာဟာ တိုက်ပွဲတိုင်းရှုံးနေတာနဲ့ ဆက်စပ်မှုရှိသလား၊ လက်ရှိစစ်တပ်အခြေအနေ ဘယ်လောက်အထိ ဆိုးနေပြီလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ...

- စစ်တိုင်းမှူးတွေအပါဝင် ထိပ်တန်းစစ်ဗိုလ် ၃၀ ခန့်ကို ဖြုတ်-ထုတ်-ပြောင်း လုပ်လိုက်တာ ဘာကြောင့်လဲ...

- တန်းပြည့်စစ်မှုထမ်းချိန် ကြေညာလိုက်လို့ စစ်တပ်ထဲက လူတွေကို ပိုစိတ်ပျက်စေသလား ...

- ဒကစ- တခု၊ စကခ- ၃ ခု၊ တပ်ရင်း ၆၀ နီးပါး လုံး၀ ပြုတ်ထွက်သွားတာ ဘာကြောင့်လဲ...

- အောင်ဇေယျစစ်ကြောင်း မိုးရာသီမှာ ဘာတွေဆက်ဖြစ်လာနိုင်သလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(ရှေ့တန်းစစ်မြေပြင်မှာ ဘက်ပြောင်းသူ၊ လက်နက်ချသူတွေကို တော်လှန်ရေးတပ်တွေက ဘယ်လိုကြိုဆိုနေသလဲ... ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

Thursday, May 30, 2024

မတူပီ ခရိုင်ရုံးကို CDF သိမ်းပိုက်... ဖာပွန်မှာ KNLA က စစ်ရှိန်မြှင့်...


မတူပီ ခရိုင်ရုံးကို CDF သိမ်းပိုက်... ဖာပွန်မှာ KNLA က စစ်ရှိန်မြှင့်... နောက်ဆုံးရ တိုက်ပွဲသတင်းများ

(၃၁- ၅ - ၂၀၂၄)

ချင်းပြည်နယ်၊ မတူပီမြို့ပေါ်က စစ်ကောင်စီတပ်စွဲထားတဲ့ ခရိုင်ရုံးကို CDF မတူပီ တပ်မဟာ ၂ - က သိမ်းပိုက်တယ်လို့ CDF.Matupi. Brigade 2 က သတင်းထုတ်ပြန်ပါတယ်။ 

မေ ၃၀၊ မနက်ပိုင်းမှာ အခုလို သိမ်းလိုက်တာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဖနိုင်ကျေးရွာဘက် ထွက်ပြေးသွားတဲ့အတွက် လိုက်လံရှင်းလင်းနေတယ်လို့ ဆိုပါတယ်။

မတူပီမြို့ တိုက်ပွဲမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု မသိရသေးပေမယ့်
ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင်တဦး မြေမြှုပ်မိုင်းနင်းမိပြီး ဒဏ်ရာရတယ်လို့ ဖေါ်ပြပါတယ်။ မတူပီမြို့မှာ ခလရ ၁၄၀၊ ခမရ  ၃၀၄ နဲ့ စစ်ဗျုဟာတခု အခြေစိုက်ရှိနေဆဲဖြစ်ပါတယ်။

ချင်းတော်လှန်ရေးတပ်တွေဟာ ပြီးခဲ့ရက်ပိုင်းကလည်း တီးတိန်မြို့ကို
ဝင်ရောက်တိုက်ခိုက်ခဲ့ပါသေးတယ်။ အဲဒီမတိုင်ခင် ပြီးခဲ့တဲ့သတင်းပတ်ကတော့
တွန်းဇံနဲ့ ကျီခါးမြို့အပါဝင် မြိုငယ် ၁၀ ခုခန့် သိမ်းထားခဲ့ပြီးဖြစ်ပါတယ်။

ဒါ့အပြင်...

- ရွှေဘိုမြို့နယ်၊ ညောင်ကိုင်းရွာရှိ ပျူစောထီး စခန်းကို တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်တဲ့အတွက် ပျုနဲ့ စစ်သားတွေ ထိခိုက် သေဆုံးမှုရှိ...

- ကချင်နဲ့ ရှမ်းအစပ်မှာရှိတဲ့ ရွှေလီမြစ်ဝှမ်းအခြေစိုက် တပ်မဟာအသစ်တခုကို KIA ကချင်လွတ်လပ်ရေးတပ်မတော်က ဖွဲ့စည်း...

- ဖာပွန်မြို့မှာ ကျန်ရှိနေဆဲဖြစ်တဲ့ စစ်ကောင်စီ တပ်ရင်းဌာနချုပ်တွေ၊ စစ်စခန်းတွေကို သိမ်းပိုက်နိုင်ရေးအတွက် KNLA -ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နဲ့ မဟာမိတ်တွေက ပိတ်ဆို့မှုတွေ အရှိန်မြင့်လုပ်ဆောင်နေ...

- စစ်မြေပြင်မှာရှုံးနိမ့်ပြီး အင်အားနည်းလာတဲ့ စစ်ကောင်စီတပ်က စစ်သားသစ်လည်းစုမရဖြစ်နေတဲ့အတွက် “တန်းပြည့်စစ်မှုထမ်းများအဖြစ်သတ်မှတ်ခြင်း” ဆိုတဲ့ အမိန့်တခုကို ထုတ်ပြန်...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

“လက်နက်ဖိုး အကြွေးမဆပ်နိုင်လို့ ရုရှားနဲ့ တရုတ်လက်ထဲ ထိုးအပ်လိုက်တဲ့သဘော...


“လက်နက်ဖိုး အကြွေးမဆပ်နိုင်လို့ ရုရှားနဲ့ တရုတ်လက်ထဲ ထိုးအပ်လိုက်တဲ့သဘောပါပဲ”

- ဦးစိန်ဌေး (စီးပွားရေး ဆန်းစစ်ဝေဖန်သူ)

(၃၀- ၅- ၂၀၂၄)

“ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်း ရုရှားကို လုပ်ခွင့်ပေးမယ်၊ ဧရာဝတီမြစ်ဆုံစီမံကိန်း တရုတ်ကိုလုပ်ခွင့်ပေးမယ်ဆိုတာတွေဟာ ဗဟာဗျုဟာအရ ရေရှည်အတွက်စဉ်းစားတာမျိုးမဟုတ်ပဲ လတ်တလောလိုအပ်နေတဲ့ နိုင်ငံခြားငွေရရှိရေး၊ အဲဒီနိုင်ငံတွေဆီက ဝယ်ထားတဲ့ လက်နက်အကြွေးဆပ်ရေးကိုသာ စဉ်းစားတဲ့သဘောဖြစ်တယ်” လို့ စီးပွားရေးပညာရှင် ဦးစိန်ဌေးက ပြောပါတယ်။

ရပ်နားထားတဲ့ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းကို ရုရှားအားလုပ်ပိုင်ခွင့်ပေးလိုက်ပြီ၊ အများပြည်သူကန့်ကွက်လို့ရပ်နားထားတဲ့ မြစ်ဆုံစီမံကိန်းကိုလည်း တရုတ်လက်ထဲ ထိုးအပ်လိုက်ပြီဆိုတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး ... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ...

- ထားဝယ်ရေနက်ဆိပ်ကမ်း နောက်ဆုံးအခြေအနေ ဘယ်လိုရှိသလဲ...

- တနိုင်ငံလုံးက ကန့်ကွက်ဆန္ဒပြလို့ အရင်အစိုးရ ၂ ဆက်က ရပ်တန့်ထားတဲ့ မြစ်ဆုံစီမံကိန်းကို စစ်ကောင်စီက တကယ်ပဲ တရုတ်လက်ထဲ ပြန်အပ်တော့မှာလား...

- စစ်ကောင်စီဟာ လက်နက်ဖိုးအကြွေးမဆပ်နိုင်လို့ တိုင်းပြည်ကို ရောင်းစားလိုက်တာမျိုး ဖြစ်နေပြီလား...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(စစ်ကောင်စီက ဒါတွေကို ဆက်မလုပ်နိုင်အောင် ဘယ်လိုတားဆီးကန့်ကွက်ကြမလဲ... ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

Wednesday, May 29, 2024

မံစီနဲ့ မိုးမောက်က တပ်ရင်း ၃ ခုကို KIA ထိုးစစ်ဆင်... ဆားလင်းကြီး မြို့မရ...


မံစီနဲ့ မိုးမောက်က တပ်ရင်း ၃ ခုကို KIA ထိုးစစ်ဆင်... ဆားလင်းကြီး မြို့မရဲစခန်းက တပ်သားတဦး CDM လုပ်... နောက်ဆုံးရ တိုက်ပွဲသတင်းများ

(၃၀- ၅-၂၀၂၄)

ကချင်ပြည်နယ်၊ မံစီနဲ့ မိုးမောက်မှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီရဲ့ တပ်ရင်း ၃ ခုကို KIA ကချင်လွတ်လပ်ရေးတပ်နဲ့မဟာမိတ်တွေက သိမ်းပိုက်ဖို့ကြိုးစားနေတယ်လို့ ဒေသတွင်း မီဒီယာတွေက ဖေါ်ပြပါတယ်။ 

အချို့မီဒီယာတွေကဆိုရင် မံစီနဲ့ မိုးမောက်ကတဆင့် ဗန်းမော်ကို KIA က ပိတ်ဆို့ထားလိုက်ပြီဖြစ်တယ်လို့ ဖေါ်ပြကြပါတယ်။ KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူကတော့ မံစီနဲ့မိုးမောက်မှာ စစ်ရေးတင်မာနေတယ်၊ KIA နဲ့မဟာမိတ်တွေက စစ်ရှိန်မြှင့်နေတယ်လို့ BNN ကို ပြောပါတယ်။

သိမ်းပိုက်ဖို့ကျန်နေတဲ့ တပ်ရင်းတွေကတော့ မိုးမောက်က ခမရ(၄၃၇)၊ မံစီက ခမရ(၃၁၉)နဲ့  ခမရ(၆၀၁)၊ ဝိုင်းမော်က ခ.လ.ရ (၅၈) တို့ဖြစ်ပါတယ်။ စစ်ကောင်စီဖက်ကတော့ တပ်ရင်း ဌာနချုပ်တွေ မကျစေရေးအတွက် လေကြောင်းပစ်ကူနဲ့ ခုခံနေတယ်လို့ သိရပါတယ်။

ဒါ့အပြင်...

- စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံရွာရှိ ပျူ စခန်းကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ တိုက်ခိုက်တဲ့အတွက် ပျု ဖက်က ထိခိုက်သေဆုံးမှုရှိနိုင်...

- ဆားလင်းကြီး မြို့မရဲစခန်းက တပ်သားတဦး လက်နက်အပြည့်အစုံနဲ့အတူ CDM
လုပ်ပြီး တော်လှန်ရေးတပ်တွေထံ ဘက်ပြောင်းလာ...

- တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် (၃)၊ Special Operation Group-SOG တပ်ရင်းရဲ့ အခြေခံစစ်သင်တန်းဆင်းပွဲ ကျင်းပ...

- KIA - ကချင်လွတ်လပ်ရေးတပ်ရဲ့ စစ်ဦးချုပ်အသစ်အဖြစ် ဒုတိယဗိုလ်ချုပ်ကြီးအောင်ဆိုင်းလာကို ခန့်အပ်...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

Tuesday, May 28, 2024

လွိုင်ကော်မှာ တိုက်ပွဲပြန်ဖြစ်... တီးတိန်မှာ စစ်တပ်က အိမ်တွေကို မီးရှို့...


လွိုင်ကော်မှာ တိုက်ပွဲပြန်ဖြစ်... တီးတိန်မှာ စစ်တပ်က အိမ်တွေကို မီးရှို့... နောက်ဆုံးရ တိုက်ပွဲသတင်းများ

(၂၉- ၅- ၂၀၂၄)

ရှမ်းပြည်နယ်ဖက်ကနေ ကရင်နီပြည်နယ်- လွိုင်ကော်မြို့ဖက်ကို စစ်ကောင်စီတပ်တွေဝင်လာတဲ့အတွက် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုနဲ့ ထိတွေ့ တိုက်ပွဲဖြစ်နေတယ်လို့ ဒေသတွင်းမီဒီယာ ကန္တာရဝတီတိုင်း(မ်)က ဖေါ်ပြပါတယ်။

လွိုင်ကော်မြို့နယ်၊ ရေကန်ရွာ၊ စက်မှုဇုန်၊ ပဒါးညေး၊ လွိုင်လင်လေး  စတဲ့နေရာတွေမှာ တိုက်ပွဲဖြစ်ခဲ့ပြီး လွိုင်လင်လေး အနီးတဝိုက်မှာ စစ်ကောင်စီတပ်တွေ ရှိနေဆဲဖြစ်တယ်လို့ KNDF -
ကရင်နီအမျိုးသားများကာကွယ်ရေးတပ် အရာရှိတဦးပြောတာကို ကိုးကားဖေါ်ပြပါတယ်။

စစ်ကောင်စီတပ်တွေဟာ ဖယ်ခုံ - မိုးဗြဲ - ပင်လောင်းဖက်နဲ့ ဆီဆိုင် - ထီးစဲခါး ဖက်ကနေ ကရင်နီပြည်ထဲ စစ်ကြောင်းထိုး ဝင်ရောက်လာတာလို့ဆိုပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်အတွင်း လွိုင်ကော်မှာ ပိတ်မိနေတဲ့ စစ်ကောင်စီတပ်တွေထဲက ခလရ ၂၆၁ က စစ်သားတွေ နည်းနည်းလှုပ်ရှားလာတာတွေ့ရတယ်။ စစ်ကူလာတဲ့အဖွဲ့ကို ထွက်ကြိုတဲ့သဘောဖြစ်နိုင်တယ်လို့ သတင်းတွေထွက်ပြီးနောက်မှာ အခုလို စစ်ကြောင်းတွေရောက်လာပြီး တိုက်ပွဲတွေပြင်းထန်လာတာဖြစ်ပါတယ်။

ဒါ့အပြင်...

- တီးတိန်မြို့မှာ မေ ၂၇ က ချင်းညီနောင်အဖွဲ့နဲ့ စစ်ကောင်စီအကြား တိုက်ပွဲပြင်းထန်ပြီးနောက် စစ်ကောင်စီက မီးရှို့တဲ့အတွက် အိမ် ၃၀ ကျော် မီးထဲပါသွား...

- ရွာငံမြိုနယ်၊ တောင်ဦးကျေးရွာဖက်ရောက်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်တဲ့အတွက် စစ်သားတွေ ထိခိုက် သေဆုံးမှုရှိတယ်လို့ DSNDA - ဓနုပြည်နယ် အမျိုးသားကာကွယ်ရေးတပ်တော်က သတင်းထုတ်ပြန်...

- ဆွမ်ပရာဘွမ်မြို့နယ်က ခလရ( ၄၆ )ကို KIA နဲ့ မဟာမိတ်တွေက တိုက်ခိုက်စဉ် စစ်ကူအဖြစ်ရောက်လာတဲ့ ခလရ (၁၃၇)က တပ်ရင်းမှူးအပါအဝင် တပ်ရင်းတစ်ရင်းလုံးပြုတ်သွားပြီဖြစ်တယ်လို့ ပူတာအိုတော်လှန်ရေးအင်အားစုတွေကပြော...

- ရွှေဘိုမြို့ အမှတ် (၅) ရန်မျိုးအောင်ကွက်သစ်မှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဗုံးကြဲတဲ့အတွက် စစ်သားတွေ ထိခိုက် သေဆုံးမှုရှိနိုင်...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

Monday, May 27, 2024

ဝိုင်းမော်မှာ အရပ်သားယာဉ်တန်း လက်နက်ကြီးထိ... ဒေါနတောင်မှာ တိုက်ပွဲပြင်း...


ဝိုင်းမော်မှာ အရပ်သားယာဉ်တန်း လက်နက်ကြီးထိ... ဒေါနတောင်မှာ တိုက်ပွဲပြင်းထန်... နောက်ဆုံးရ တိုက်ပွဲသတင်းများ

(၂၈- ၅- ၂၀၂၄)

ကချင်ပြည်နယ်၊ မံစီမြို့ရှိ  ခမရ ၃၁၉ နဲ့ ခမရ ၆၀၁ စခန်းတွေကို KIA -ကချင်လွတ်လပ်ရေးတပ်နဲ့မဟာမိတ်တွေက ထိုးစစ်ဆင်တဲ့အတွက် တိုက်ပွဲတွေပြင်းထန်နေတယ်လို့ KNG - Kachin News Group -က ဖေါ်ပြပါတယ်။

ပြီးခဲ့ဲ့တဲ့သီတင်းပတ်အတွင်း ဝိုင်းမော်ဖက်က စခန်းသိမ်းတိုက်ပွဲတွေကို ဦးစားပေးခဲ့တာကြောင့် မိုးမောက်နဲ့ မံစီမှာ နည်းနည်းငြိမ်နေရာကနေ မေ ၂၆ မှာ စစ်ရှိန်ပြန်တက်လာတာလို့ဆိုပါတယ်။

ခမရ ၃၁၉ စခန်းထဲဝင်ရောက်နိုင်ဖို့အတွက် ရှေ့တန်းကာကင်းစခန်းအချို့ကို သိမ်းထားပြီးဖြစ်ပြီး  တပ်ရင်းဌာနချုပ်သိမ်းနိုင်ရေး ဆက်လုပ်နေတယ်လို့ KIA ရှေ့တန်းအရာရှိတဦးပြောတာကို  ကိုးကားဖေါ်ပြထားပါတယ်။

ဒါ့အပြင်...

- ဝိုင်းမော်အဝင် ခတ်ချိုကျေးရွာအနီးမှာ အရပ်သားယာဉ်တန်းတခု စစ်ကောင်စီရဲ့ လက်နက်ကြီးထိမှန်ပြီး တဦးသေ၊ ၂၀ ကျော်ဒဏ်ရာရ...

- ပခုက္ကူမြို့နယ်၊ ဖလံအိုကျေးရွာမှာ အခြေစိုက်ထားတဲ့ စစ်တပ်နဲ့ ပျု စခန်းကို တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်တဲ့အတွက် စစ်သားနဲ့ ပျု တွေ ထိခိုက်မှုရှိနိုင်...

- တိန်မြု့ိမှာ မေ ၂၆ ညက စတင်တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီက လေယာဉ်နဲ့ဗုံးကြဲတဲ့အပြင် မြေပြင်တပ်ကပါ အိမ်တွေကို မီးရှိ့နေတဲ့အတွက် အိမ်အတော်များများ မီးလောင်နေ...

- ကော့ကရိတ်ကနေ မြဝတီသို့ စစ်ကူတက်ရန်ကြိုးစားနေဆဲဖြစ်တဲ့ အောင်ဇေယျစစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေကြား မေ ၂၆ ညပိုင်းက ဒေါနတောင်ပေါ်မှာ တိုက်ပွဲပြင်းထန်...

- ‘Project Mindat 2024’ ကမ်ပိန်းကတဆင့် လက်နက် ၂၅ လက်နဲ့  ခဲယမ်းတွလက်ခံရှိတယ်လို့ ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်)က သတင်း ထုတ်ပြန်...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

Sunday, May 26, 2024

Y-12 လေယာဉ်တစီး ပစ်ချခံရဟု သတင်းထွက်... တီးတိန်မြို့နယ်ကို စစ်တပ်က ဗုံးက...


Y-12 လေယာဉ်တစီး ပစ်ချခံရဟု သတင်းထွက်... တီးတိန်မြို့နယ်ကို စစ်တပ်က ဗုံးကြဲ... နောက်ဆုံးရ တိုက်ပွဲသတင်းများ

(၂၇ -၅ -၂၀၂၄)

တိုက်ပွဲပြင်းထန်နေတဲ့ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ခတ်ချိုရွာ ငှက်ပျောခြံတွေဖက်မှာ စစ်ကောင်စီရဲ့ Y-12 လေယာဉ်တစီး ပျက်ကျတယ်ဆိုပြီး သတင်းထွက်နေတယ်လို့ KNG - Kachin News Group က ဖေါ်ပြပါတယ်။

မေ ၂၅ ညနေပိုင်းမှာ အဲလိုပျက်ကျတာ သို့မဟုတ် ပစ်ချခံရတာလို့ ကြားရပေမယ့် အသေးစိပ် မသိရသေးဘူးလို့ဆိုပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီ KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူကို BNN က ဆက်သွယ်မေးမြန်းတဲ့အခါ အဲဒီသတင်းကို အတည်ပြုချက်မပေးနိုင်သေးဘူးလို့သာ အကြောင်းပြန်ခဲ့ပါတယ်။

အရင်နေ့ မေးမြန်းစဉ်ကတော့ ဝိုင်းမော်၊ မံစီ၊ မိုးမောက် မြိုနယ် ၃ ခုစလုံးမှာ တိုက်ပွဲတွေပြင်းထန်နေပြီး ဒေသခံတွေအနေနဲ့ တိုက်ပွဲသတင်းကိုနားစွင့်ကာ လုံခြုံတဲ့နေရာမှာ နေကြဖို့ ပြောကြားထာပါတယ်။

ဒါ့အပြင်...

- ကော့ကရိတ်မြို့နယ်ရှိ  ဖိုးချီမူ တပ်စခန်းမှာ အလောင်း ၂၀ ခန့်တွေ့ရပြီး ဒုရင်းမှူးအပါဝင် စစ်သား ၄၈ ဦး တော်လှန်ရေးတပ်တွေထံ လက်နက်ချခဲ့တယ်လို့ Special Operation Group (SOG) က သတင်းထုတ်ပြန်...

- မြင်းခြံမြို့နယ်၊ ကျောက်ကန်ရွာရှိ ပျု စခန်းကို တော်လှန်ရေးတေပ်တွေက ဒရုန်းနဲ့ ဗုံးကြဲတဲ့အတွက် ပျုဖက်က သေဆုံးဒဏ်ရာရမှုရှိ...

- တီးတိန်မြို့နယ်ရှိ Mualbem ရွာကို စစ်ကောင်စီက လေယာဉ်နဲ့ဗုံးကြဲတဲ့အတွက် ဒေသခံ ၂ ဦးသေဆုံး၊ တဦးဒဏ်ရာရ၊ ဘုရားကျောင်းအပါဝင် အဆောက်ဦအချို့ မီးလောင်ပျက်စီးခဲ့...

- မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)နဲ့  စစ်ကြောင်း(၂) သို့ လက်နက်တပ်ဆင်ခြင်း အခမ်းအနား ကျင်းပ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

“ပြည်နယ်တခုချင်း လွတ်မြောက်ရေးတိုက်ပွဲနဲ့ နေပြည်တော်သိမ်းပိုက်ရေး တိုက်ပ...


“ပြည်နယ်တခုချင်း လွတ်မြောက်ရေးတိုက်ပွဲနဲ့ နေပြည်တော်သိမ်းပိုက်ရေး တိုက်ပွဲကို တဆက်တစပ်တည်း ဆောင်ရွက်ဖို့လိုတယ်”

- ဦးသန်းစိုးနိုင် (စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ)

(၂၆-၅-၂၀၂၄)

“ERO တွေအနေနဲ့ ကိုယ့်ဒေသလွတ်မြောက်ရေးတိုက်ပွဲဝင်နေစဉ်မှာပဲ နေပြည်တော်သိမ်းပိုက်ရေးကိုလည်း စဉ်းစားထားဖို့လိုတယ်။ စစ်ကြောင်းအားလုံး နေပြည်တော်သို့ဆိုတဲ့အယူအဆအောက်မှာ ERO တွေပါလာအောင် NUG က ဆောင်ရွက်ဖို့လိုအပ်နေတယ်” လို့ စစ်ရေး- နိုင်ငံရေး ဆန်းစစ်ဝေဖန်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

မြစ်ကြီးနားမြို့နားအထိရောက်လာနေတဲ့ ကချင်စစ်ပွဲအခြေအနေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...

- KIA က မြစ်ကြီးနားကို သိမ်းပိုက်ဖို့ အတော်နီးကပ်နေပြီလား...

- ပြည်နယ်တခုချင်းလွတ်မြောက်ရေးနဲ့ တပြည်လုံးလွတ်မြောက်ရေးတိုက်ပွဲကို ဘယ်လို ဟန်ချက်ညီပေါင်းစပ် ဆောင်ရွက်သင့်သလဲ...

- ဒေါနတောင်ကို စစ်ကောင်စီက ၂ ဖက်ညှပ်ထိုးမယ့်အစီစဉ်နဲ့ BGF အနာဂတ် ဘာတွေဖြစ်လာနိုင်သလဲ...

- စစ်ကိုင်း၊ မန္တလေး၊ မကွေးတိုင်းတွေက စစ်ပွဲကို အဆုံးအဖြတ်ပေးမယ့်နေရာတွေလို့ ဘာကြောင့်ပြောတာလဲ...

... စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

Saturday, May 25, 2024

အောင်ဇေယျစစ်ကြောင်းကိုအပြင်းအထန်တိုက်ခိုက်နေတဲ့ တော်လှန်ရေးတပ်များရဲ့လူသ...


မိုးမောက်မှာ တိုက်ပွဲပြင်းထန်...  အောင်ဇေယျစစ်ကြောင်းကို
အပြင်းအထန်တိုက်ခိုက်နေတဲ့ တော်လှန်ရေးတပ်များရဲ့
လူသစ်သင်တန်းဆင်းပွဲကျင်းပ... နောက်ဆုံးရ တိုက်ပွဲသတင်းများ

(၂၆- ၅- ၂၀၂၄)

ကချင်ပြည်နယ်၊ မိုးမောက်မှာ တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီဖက်က
လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူတွေ သုံးနေတယ်လို့ ဒေသတွင်းမီဒီယာ The 74
Media က ဖေါ်ပြပါတယ်။

မိုးမောက်မြို့ပြင် မံပုံကျေးရွာရှိ ခ.မ.ရ (၄၃၇) စခန်းကို KIA
-ကချင်လွတ်လပ်ရေးတပ်နဲ့ မဟာမိတ်တွေက ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး
စစ်ကောင်စီဖက်ကတော့ ဗန်းမော်ကနေ လက်နက်ကြီးတွေနဲ့ လှမ်းပစ်တာ၊  Y 12 နဲ့
ဗုံးကြဲတာတွေ ဆက်တိုက်လုပ်နေတယ်လို့ ဒေသခံတွေပြောတာကို
ကိုးကားဖေါ်ပြပါတယ်။

မိုးမောက်မြို့အတွင်းရှိ စစ်ကောင်စီရဲစခန်းနဲ့ တပ်စခန်းငယ်အချ မေ ၇
ရက်မှာ KIA က သိမ်းပြီးတဲ့နောက် အခု ခ.မ.ရ (၄၃၇) ကို
ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။ မံစီနဲ့ ဝိုင်းမော်ရှိ စစ်တပ်စခန်းတွေကိုလည်း
KIA က တပြိုင်တည်း တိုက်ခိုက်နေတာဖြစ်ပါတယ်။

ဒါ့အပြင်...

- တပ်မဟာ(၆)ဒေသ၊ ဖိုးချီမူ စခန်းကနေ ထိုင်းဖက် ထွက်ပြေးသွားတဲ့
စစ်ကောင်စီတပ်သား ၃၁ ဦးကို မြန်မာဖက် ပြန်ပို့ဖို့ ထိုင်းက စီစဉ်နေ...

- သရက်ချောင်းမြို့၊ သံတံတားထိပ်ရှိ စစ်တပ်နဲ့ ပျု ပူးပေါင်း
စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်...

- ချောင်းဦးမြို့နယ်၊ နတ်ရေကန်နဲ့ ရေးပိုးစားကန်ရွာတွေဖက် ရောက်လာတဲ့
စစ်ကောင်စီယာဉ်တန်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်...

- အောင်ဇေယျစစ်ကြောင်းကို အပြင်းအထန်တိုက်ခိုက်နေတဲ့
တော်လှန်ရေးစစ်ကြောင်းတွေရဲ့ လူသစ်သင်တန်းဆင်းပွဲနဲ့ လက်နက်တပ်ဆင်ပွဲ
အခမ်းနားတခုကို မေလ ၂၅ က ကျင်းပ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

Friday, May 24, 2024

တွန်းဇံမြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ခန့် လက်နက်ချ... ထို့ကော်ကိုးဖက်...


တွန်းဇံမြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ခန့် လက်နက်ချ... ထို့ကော်ကိုးဖက်ကနေ မြဝတီကို စစ်ကူပို့နေဟုဆို... နောက်ဆုံးရ တိုက်ပွဲသတင်းများ

(၂၅- ၅ -၂၀၂၄)

ချင်းပြည်နယ်၊ တွန်းဇံမြို့ကို မေ ၂၃ မှာ ချင်းတော်လှန်ရေးတပ်တွေက လုံး၀ ထိန်းချုပ်လိုက်ပြီဖြစ်ပြီး နောက်ဆုံးကျန်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ခန့်ကို အရှင်ဖမ်းမိထားတယ်လို့ The Chin Journal က ဖေါ်ပြပါတယ်။

မေ ၂၁ မှာ စစ်တပ်စခန်းကို သိမ်းပြီးနောက် စစ်ကောင်စီက ရဟတ်ယာဉ်နဲ့ စစ်ကူတွေထပ်ပို့ပေးခဲ့ပြီး ထပ်မံတိုက်ခိုက်ပါသေးတယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ စစ်သားအတော်များများ တီးတိန်ဖက် ထွက်ပြေးသွားပြီး ဒဏ်ရာရသူတွေပါဝင်တဲ့ အင်အား ၄၀ ခန့်ကို အခုလို အရှင်ဖမ်းမိတာဖြစ်တယ်လို့ CNA တာဝန်ရှိသူတဦးပြောတာကို ကိုးကားဖေါ်ပြပါတယ်။

ဒါ့အပြင် လက်နက်မျိုးစုံ ၁၀၀ ကျော်နဲ့ ငွေသား သိန်း ၃ ထောင်ကျော်သိမ်းမိတယ်လို့လည်း ဖေါ်ပြထားပါတယ်။

ဒါ့အပြင်...

- ရေစကြိုနယ်မြို့နယ် ကျောက်ထပ်ရွာ၊ ဇီးတောရွာတွေဖက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်တဲ့အတွက် စစ်ကောင်စီဖက်က အကျအဆုံးများပြီး လက်နက်ငယ် ၅ လက် သိမ်းမိ...

- KIA နဲ့ မဟာမိတ်တွေက ဝိုင်းဝန်းပိတ်ဆို့ထားတဲ့ ဝိုင်းမော်မြို့ကို စစ်ကောင်စီလေတပ်က ဗုံးကြဲတဲ့အတွက် အရပ်သား ထိခိုက်မှုရှိ...

- ကော့ကရိတ်ကနေ မြဝတီသို့ စစ်ကူတက်ရန် ကြိုးစားနေဆဲဖြစ်တဲ့ အောင်ဇေယျစစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်တဲ့အတွက် စစ်ကောင်စီဖက်က အကျအဆုံးများပြီး လက်နက်ကြီးတွေပါ ထိခိုက်ပျက်စီး...

- ဒေါနတောင်ခြေနေက ရှေ့မတိုးနိုင်ဖြစ်တဲ့ စစ်ကောင်စီတပ်ဟာ အပစ်ရပ် ကရင်အဖွဲ့အချို့ရဲ့ အကူအညီနဲ့ ထို့ကော်ကိုးလမ်းကနေ မြဝတီကို စစ်ကူတွေပို့ထားတာ အင်အား ၅၀၀ ခန့်အထိရှိနေပြီး ဒေါနတောင်ကို ၂ ဖက်ညှပ် ထိုးစစ်ဆင်နိုင်ဟုဆို...

- AA အာရက္ခတပ်တော် ထိန်းချုပ်နယ်မြေအတွင်း စစ်ဘေးရှောင် ၅ သိန်းကျော်အထိရှိနေပြီး အခု နောက်ဆုံးသိမ်းတဲ့ ဘူးသီးတောင်- မောင်တောမှာတင် ၂ သိန်းခန့်ရှိတယ်၊ ဒီလူတွေအတွက် ရိက္ခာနဲ့အခြားလိုအပ်ချက်တွေကို နိုင်ငံတကာ အဖွဲ့အစည်းတွေက လှူဒန်းပေးဖို့ AA က နှိုးဆော်...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

Thursday, May 23, 2024

မြစ်ကြီးနားနဲ့ ဗန်းမော်အနီးက မြို့တွေမှာ တိုက်ပွဲပြင်းထန်... CDF က အဝေးပ...


မြစ်ကြီးနားနဲ့ ဗန်းမော်အနီးက မြို့တွေမှာ တိုက်ပွဲပြင်းထန်... CDF က အဝေးပစ် ရော့ကက်တမျိုးတီထွင်... နောက်ဆုံးရ တိုက်ပွဲသတင်းများ

(၂၄ -၅ -၂၀၂၄)

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့ရှိ ခမရ ၃၂၁ ကိုသိမ်းပြီးတဲ့နောက် မံစီနဲ့ မိုးမောက်ရှိ စစ်ကောင်စီတပ်ရင်း ၃ ခုကို သိမ်းနိုင်ဖို့ဆောင်ရွက်နေတယ်လို့ KIA ကချင်းလွတ်လပ်ရေးတပ် ပြောခွင့်ရက BNN ကိုပြောပါတယ်။ ဒီမြို့နယ် ၃ ခုစလုံးမှာ တိုက်ပွဲတွေပြင်းထန်နေတဲ့တွက် ဒေသခံတွေအာလုံး တိုက်ပွဲသတင်းကို မပြတ်နားထောင်ပြီး လုံခြုံတဲ့နေရာမှာ နေနိုင်အောင် ဆောင်ရွက်ထားဖို့လိုတယ်လို့ KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ဒေသတွင်းမီဒီယာဖြစ်တဲ့ The 74 Media ကတော့ ဝိုင်းမော်မြို့ ဒီဖက်မှာ ကျန်နေသေးတဲ့ ခ.လ.ရ (၅၈) ပတ်ဝန်းကျင်ကို မနေ့က မနက်ပိုင်းမှာ Y 8 လေယာဉ်နဲ့ ဗုံးကြဲတဲ့အတွက် ဒေသခံနေအိမ်အချို့ ပျက်စီးခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။

ဒါ့အပြင်...

- ဖာပွန်မြို့နဲ့ ဖာပွန်အခြေစိုက် ခလရ(၁၉)၊ ခမရ(၄၃၄) အပါဝင် စခန်းကြီးငယ် (၂၀)ကျော်ကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်ထားပြီးဖြစ်တယ်လို့  တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂) စစ်ဒေသခွဲမှူးက ပြောကြား...

- မောင်တောမြို့နယ် ၄ မိုင်ရှိ စစ်ကောင်စီ တပ်စခန်းကို AA  အာရက္ခတပ်တော်က သိမ်းပိုက်...

- တွန်းဇံမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်တွေ သိုဝှက်ထားတဲ့ ငွေကျပ် သိန်း ၃၀၀၀ ကျော်ကို ချင်းပူးပေါင်းတပ် သိမ်းဆည်းမိ...

- ၁၀ မိုင်အကွာအဝေးအထိ လှမ်းပစ်နိုင်တဲ့ ရော့ကက်တမျိုးကို တီထွင်နိုင်ပြီဖြစ်တယ်လို့ Chinland Defense Force - Matupi (Brigade 1) က ထုတ်ပြန်...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

“စစ်တပ်အားနည်းသွားရင် တိုင်းပြည်မငြိမ်မသက်ဖြစ်နိုင်တယ်ဆိုတဲ့ အယူအဆက စစ်တ...


“စစ်တပ်အားနည်းသွားရင် တိုင်းပြည်မငြိမ်မသက်ဖြစ်နိုင်တယ်ဆိုတဲ့ အယူအဆက စစ်တပ်ကို မသိမသာအားပေးတဲ့ အယူအဆအမှားကြီးပဲ”

- ဦးအောင်မိုးဇော် (ဥက္ကဌ - လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ - DPNS)

(၂၃ - ၅ - ၂၀၂၄)

“မြန်မာစစ်တပ်အားနည်းသွားရင် တိုင်းပြည်မငြိမ်မသက်ဖြစ်နိုင်တယ်။ ERO တွေက သူ့ဒေသ သူသိမ်းပိုက်ပြီး တိုင်းပြည်တကွဲတပြားဖြစ်သွားနိုင်တယ်ဆိုတဲ့ စိုးရိမ်ချက်တွေ၊ ယူဆချက်တွေဟာ ဖက်ဆစ်စစ်တပ်ကို မသိမသာအားပေးနေတဲ့ အယူအဆအမှားကြီးဖြစ်တယ်။ အဲဒီအယူအဆနဲ့ တိုင်းသစ် ပြည်သစ် ထူထောင်လို့မရဘူး။ စစ်အာဏာရှင်ကို အရင်ဖြုတ်ချပြီးမှ ကျန်တာတွေ ဆက်လုပ်လို့ရမယ်” လို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ - DPNS
ဥက္ကဌ ဦးအောင်မိုးဇော်က ပြောပါတယ်။

နွေဦးတော်လှန်ရေးအင်အားစုတွေကို နိုင်ငံတကာအသိုင်းအဝိုင်းက တရားဝင်အကူအညီမပေးသေးတာဟာ စစ်တပ်ပြိုကျပြီးတဲ့နောက်ပိုင်း ဒီအင်အားစုတွေက တိုင်းပြည်ကို တည်ငြိမ်အောင် ထိန်းနိုင်ပါ့မလား၊ စစ်တပ်ပြိုသွားရင် တိုင်းပြည်မငြိမ်မသက်ဖြစ်မှာကို နိုင်ငံတကာအသိုင်းအဝိုင်းက စိုးရိနေလို့ဖြစ်တယ်ဆိုတဲ့ ပြောဆိုချက်တွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာ...

- အမေရိကန်နဲ့အနောက်နိုင်ငံတွေရဲ့ အားပေးထောက်ခံမှုက တရုတ်-ထိုင်း အိမ်နီးချင်းနိုင်ငံတွေရဲ့ လှုပ်ရှားမှုနဲ့စာရင် သိပ်နှေးကွေးလွန်းနေသလား...

- “ငါတို့မှာ ငါတို့ပဲရှိတယ်”ရှိတယ်ဆိုတဲ့ အယူအဆက နိုင်ငံတကာဆက်ဆံရေးမှာ အလုပ်ဖြစ်ရဲ့လား...

- စစ်တပ်အားနည်းသွားရင် တိုင်းပြည်မငြိမ်မသက်ဖြစ်နိုင်တယ်ဆိုတဲ့ အယူအဆ အမှားကြီးကို နိုင်ငံတကာအသိုင်းအဝိုင်းက ဘာကြောင့် လက်ခံစဉ်းစားနေတာလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

Wednesday, May 22, 2024

“ထိုင်းနဲ့အာဆီယံပြောနေတဲ့ ဆွေးနွေးအဖြေရှာရေးဆိုတာက စစ်ကောင်စီ လိုချင်တဲ့...


“ထိုင်းနဲ့အာဆီယံပြောနေတဲ့ ဆွေးနွေးအဖြေရှာရေးဆိုတာက စစ်ကောင်စီ လိုချင်တဲ့ လမ်းကြောင်းနဲ့အတော်တူနေတယ်” - ဦးအောင်မိုးဇော် (ဥက္ကဌ - လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ - DPNS) “ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်တို့၊ ကမ္ဘောဒီယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်တို့ပြောနေတဲ့ မြန်မာ့အရေးဆွေးနွေးအဖြေရှာရေးဆိုတာက အရင် ၂၀၀၈ ဥပဒေအောက်ကို ပြန်သွားပြီး စစ်ကောင်စီနဲ့ ဆွေးနွေးရေးလမ်းကြောင်းဖြစ်တဲ့အတွက် ဒီနေ့ လူထုကတောင်းဆိုနေတဲ့ လမ်းကြောင်းနဲ့လွဲချော်နေတယ်” လို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ - DPNS ဥက္ကဌ ဦးအောင်မိုးဇော်က ပြောပါတယ်။ မြဝတီမြို့ကို တော်လှန်ရေးတပ်တွက ယာယီထိန်းချုပ်မှုလုပ်ပြီးနောက်ပိုင်းဖြစ်ပေါ်လာနေတဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ မြန်မာ့အရေး ချည်းကပ်မှုနည်းနာတွေအပေါ် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားတာပါ။ အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ... - မြန်မာ့အရေးဆွေးနွေးဖို့ ထိုင်းဝန်ကြီးချုပ်ဟောင်းနဲ့ ကမ္ဘောဒီယားဝန်ကြီးချုပ်ဟောင်းတွေရဲ့ ပြောဆိုမှုတွေက အပြောသက်သက်လား- လက်တွေ့ လုပ်ငန်းစဉ်ရှိသလား... - KNU, KNPP ဥက္ကဌတွေကို ဂျပန်အစိုးရက ဖိတ်ခေါ်ဆွေးနွေးခြင်းက ဘယ်လောက်အရေးကြိးသလဲ... - တရုတ် - အိန္ဒိယ- ရုရှား အင်အားကြီး ၃ နိုင်ငံက မြန်မာ့အရေးမှာ ဘယ်လိုပါဝင်နေသလဲ... ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။ (စစ်တပ်အားနည်းသွားရင် မြန်မာပြည်မငြိမ်မသက်ဖြစ်နိုင်တယ်ဆိုတဲ့ နိုင်ငံတကာနားလည်မှုက ဂျင်း- ထည့်ခံထားရတာလား...ဆွေးနွေးမှုပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်) (သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

ခမရ ၃၂၁ ကို KIA က သိမ်းပြီးနောက် ဝိုင်းမော်မှာတိုက်ပွဲပြင်းထန်... TNLA က...


ခမရ ၃၂၁ ကို KIA က သိမ်းပြီးနောက် ဝိုင်းမော်မှာတိုက်ပွဲပြင်းထန်... TNLA က တပ်သားသစ် ၁၀၀၀ ခန့်ပါဝင်တဲ့ စစ်ရေးပြအခမ်းနားကျင်းပ ... နောက်ဆုံးရ တိုက်ပွဲသတင်းများ

(၂၃- ၅- ၂၀၂၄)

(၁) ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့ပြင်ရှိ မြို့စောင့်တပ် ခမရ ၃၂၁ ကို KIA ကချင်လွတ်လပ်ရေးတပ်နဲ့ မဟာမိတ်တွက သိမ်းပိုက်လိုက်ပြီးတဲ့နောက် ဝိုင်းမော်ဝန်းကျင်မှာ တိုက်ပွဲတွေပြင်းထန်နေတယ်လို့ KNG -Kachin News Group က ဖေါ်ပြပါတယ်။

မေလ ၁၈ ရက်မှာ KIA ဖက်က ထိုးစစ်စတင်ခဲ့ပြီး မြို့စောင့်တပ် ခမရ ၃၂၁၊ ပြည်သူ့စစ်စခန်းတွေအပါဝင် စစ်တပ်စခန်း ၁၀ ကျော်ကို သိမ်းပိုက်ထားပါတယ်။ အခုချိန်မှာ ဝိုင်းမော်မြို့ထဲအထိ တိုက်ပွဲတွဖြစ်နေတဲ့အတွက် စစ်ရေးသတင်းကို နားစွင့်ပြီး လိုအပ်တာတွေ ပြင်ဆင်ကြဖို့ KIA က ဒေသခံတွေကို သတိပေးထားတယ်လို့လည်းဆိုပါတယ်။

ဒေသခံအတော်များများကတော့ အရင် ၂ ရက်ခန့်ကတည်းကစတင်ပြီး ဧရာဝတီမြစ်တဖက်ကမ်းရှိ မြစ်ကြီးနားမြို့ဆီပြောင်းနေကြတယ်။ မြစ်ကြီးနားမှာ စစ်ကောင်စီက လုံခြုံရေးတင်းကျပ်ထားတယ်လို့ ဖေါ်ပြပါတယ်။

တချိန်တည်းမှာပဲ ခမရ ၃၂၁ ကျတာကို တုန့်ပြန်တဲ့အနေနဲ့ မြစ်ကြီးနားရှိ စစ်ကောင်စီတပ်ကနေ အတွဲလိုက်ဒရုန်းတွေနဲ့ ဝိုင်းမော်ဖက်ကို ပစ်ခတ်တဲ့အပြင် လိုင်ဇာဌာနချုပ်ကိုလည်း လေယာဉ်နဲ့ ဗုံးကြဲခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။

ဒါ့အပြင်...

- အောင်ဇေယျ စစ်ကြောင်းမှာ အသက်မပြည့်သေးတဲ့ ကလေးစစ်သားတွေရှိနေတယ်လို့ ထွက်ပြေးလာတဲ့ အသက် ၁၇ နှစ်အရွယ် တပ်သားတဦးကပြော...

- ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာအနီးရှိ ဘုရားမဲ စစ်ဆေးရေးဂိတ်ကို
တော်လှန်ရေးတပ်တွေက ဝင်ရောက် ပစ်ခတ်...

- ချောင်းဦးမြို့နယ်မှာ ကြေးနီသယ်ကားတွေကို လုံခြုံရေးယူပေးနေတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ပြီး လက်နက်ငယ် ၂
လက်ရရှိ...

- သံတွဲမြို့နယ်မှာ AA- အာရက္ခတပ်တော်နဲ့ စစ်ကောင်စီတပ်ကြားတိုက်ပွဲဖြစ်ပြီး  စစ်ကောင်စီဖက်က ၃၀ ကျော်သေဆုံးကာ- လက်နက်မျိုးစုံ ၄၅ လက်သိမ်းမိ...

- အပစ်ရပ်ထားတဲ့ TNLA- က အင်အား ၁၀၀၀ ကျော်ပါဝင်တဲ့ အခြေခံစစ်သင်တန်းဆင်းပွဲတခု မြို့လယ်လမ်းမပေါ် ကျင်းပ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

Tuesday, May 21, 2024

“တွန်းဇံမြို့ကို CNA သိမ်းပိုက်... ဝိုင်းမော်က ခမရ -၃၂၁ ကို KIA သိမ်းပို...


“တွန်းဇံမြို့ကို CNA သိမ်းပိုက်... ဝိုင်းမော်က ခမရ -၃၂၁ ကို KIA သိမ်းပိုက်... ဒု-ရင်းမှူးအပါအဝင် စစ်သား ၄၈ ဦး KNLA ထံလက်နက်ချ... နောက်ဆုံးရ တိုက်ပွဲသတင်းများ”

(၂၂- ၅- ၂၀၂၄)

ချင်းပြည်နယ်၊ တွန်းဇံမြို့ကို ချင်းတော်လှန်ရေးတပ်တွေက မနေ့က
အလုံးစုံသိမ်းလိုက်နိုင်ပြီဖြစ်တယ်လို့ The Chin Journal က ဖေါ်ပြပါတယ်။
မေလ ၂၁ ရက် မနက်ပိုင်းမှာ စစ်သားတွေပုန်းအောင်းနေတဲ့ နေရာတွေကို
ချင်းတော်လှန်ရေးတပ်တွေက ဝင်ရောက်စီးနင်းပြီး စစ်သားအလောင်း ၁၀
ခန့်တွေ့တယ်၊ လက်နက်ငယ် ၅၀ ရတယ်လို့ CNF ချင်းအမျိုးသားတပ်ဦး
ပြောခွင့်ရပုဂ္ဂိုလ်ပြောတာကို ကိုးကားဖေါ်ပြထားပါတယ်။

BNN ကနေ CNF ပြောခွင့်ရပုဂ္ဂိုလ်ကို အကြိမ်ကြိမ်ဆက်သွယ်နေပေမယ့်
အခုချိန်အထိ ဆက်လို့မရဖြစ်နေပါတယ်။ မနေကပြောထားချက်အရတော့ တွန်းဇံကို
ထိန်းထားတဲ့ စစ်ကောင်စီတပ် ခမရ ၂၆၉ စခန်းနဲ့ ရဲစခန်းအပါဝင် အားလုံးကို
သိမ်းထားပြီးပြီ။ မြို့ထဲမှာ ပုန်းအောင်းနေတဲ့ စစ်သားတွေကို
လိုက်ရှင်းနေတယ်လို့ သိထားရပါတယ်။

မေလ ၁၉  ရက်မှာ ကျီခါးကို သိမ်းပြီးတဲ့နောက် အခု ၂၁ ရက်မှာ တွန်းဇံကိုပါ
ချင်းတော်လှန်ရေးတပ်ပေါင်းစုက သိမ်းပိုက်လိုက်တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့သီတင်းတွေအတွင်းကတော့ တောင်ပိုင်းဒေသရှိ ကျင်းဒွေးကို
သိမ်းခဲ့ပါတယ်။ အခုဆိုရင် ချင်းတော်လှန်ရေးတပ်တွေက သိမ်းတဲ့မြို့ ၁၀
မြို့ရှိနေပြီလို့သိရပါတယ်။

ဒါ့အပြင်...

- ဝိုင်းမော်မြို့ပြင်ရှိ ခ.မ.ရ (၃၂၁) စခန်းကို  KIA နဲ့ မဟာမိတ်တွေက သိမ်းပိုက်...

- ကော့ကရိတ်မြို့နယ်ရှိ ဖိုးချီမူ (ကင်ပွန်းချဉ်) စခန်းက
ဒု-တပ်ရင်းမှူးအပါအဝင် ၄၈ ဦး KNLA ၊ PDF ပူးပေါင်းတပ်ထံ လက်နက်ချ...

- ရေစကြိုမြိုနယ်က ကျေးရွာတွေဖက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို
ဒေသခံတော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်တဲ့အတွက် စစ်ကောင်စီဖက်က
အကျအဆုံးများပြီး လက်နက်ငယ် ၉  လက်သိမ်းမိ...

- ရခိုင်ပြည်နယ် မြောက်ပိုင်းနဲ့ အလယ်ပိုင်းမှာ စစ်ရှုံးနေတဲ့
စစ်ကောင်စီဟာ တောင်ပိုင်းဒေသရှိ မာန်အောင်ကျွန်းကို နောက်ဆုံးခံတပ်အဖြစ်
ပြင်ဆင်တည်ဆောက်နေဟုဆို...

- စစ်တောင်းမြစ်ဝှမ်းနဲ့ ပဲခူးရိုးမဒေသမှာ နယ်မြေစိုးမိုးရေး၊
စစ်ဆင်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ တော်ဝင်ဒေါင်းစစ်ကြောင်းထံ
ဒါရိုက်တာကိုပေါက်နဲ့အဖွဲ့ရောက်လာပြီး ကျည်ကာတွေ၊ ကျည်ကာဦးထုပ်တွေ
ပေးအပ်...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

Monday, May 20, 2024

“ဝိုင်းမော်မြို့နယ်က စစ်ကောင်စီတပ်စခန်း ၁၀ ခု KIA သိမ်းပိုက်... တွန်းဇံက...


“ဝိုင်းမော်မြို့နယ်က စစ်ကောင်စီတပ်စခန်း ၁၀ ခု KIA သိမ်းပိုက်... တွန်းဇံကို ချင်းတော်လှန်ရေးတပ်တွေက သိမ်းဖို့ပြင်နေ... နောက်ဆုံးရ တိုက်ပွဲသတင်းများ”

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း ၁၀ ခုခန့်ကို KIA နဲ့ မဟာမိတ်တွေက တနေ့က သိမ်းပိုက်လိုက်တယ်လို့ KIA ပြောခွင့်ရက BNN ကိုပြောပါတယ်။ မနေ့ကတော့ ရွှေညောင်ပင်ရှိ ခမရ ၃၂၁ တပ်ရင်ဝန်းကျင်မှာ တိုက်ပွဲဖြစ်နေတယ်လို့ KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ဒေသတွင်းမီဒီယာဖြစ်တဲ့ KNG- Kachin News Group ကတော့ ခမရ ၃၂၁ တခုသာကျန်တော့တဲ့အတွက် တိုက်ပွဲဟာ ဝိုင်းမော်မြို့ထဲဖက်ကို ဦးတည်လာနေပြီ၊ မနေ့ကဆိုရင် ဝိုင်းမော်မြို့ပြင်က ခပ်ချိုကျေးရွာလမ်းခွဲအထိ တိုက်ပွဲဖြစ်နေတယ်လို့ ဖေါ်ပြပါတယ်။

စစ်ကောင်စီဖက်ကတော့ ဝိုင်းမော်မကျစေရေးအတွက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မြစ်ကြီးနားကနေ လက်နက်ကြီးနဲ့ပစ်တာ၊ လေယာဉ်နဲ့ဗုံးကြဲတာ ဆက်တိုက်လုပ်နေတယ်လို့ ဖေါ်ပြထားပါတယ်။

ဒါ့အပြင်...

- တွန်းဇံမြို့ကို လက်မလွတ်ချင်တဲ့ စစ်ကောင်စီက ရဟတ်ယာဉ် ၃ စင်းနဲ့ စစ်ကူထပ်ပို့၊ ချင်းတော်လှန်ရေးတပ်တွေက ထိုးစစ်ဆင်နေ...

- ဘူးသီးတောင်မြို့နယ်မှာ AA - အာရက္ခတပ်တော်က  အရပ်သားတွေထိခိုက်အောင် တိုက်ခိုက်တယ်၊ နအိမ်မီးရှို့မှုတွေလုပ်နေတယ်ဆိုတဲ့စွပ်စွဲချက်တွေဟာ သတင်းအမှားတွေသာဖြစ်ပြီး အဲဒီလိုစွပ်စွဲချက်တွေကို ကန့်ကွက်တယ်လို့ ရခိုင်အမျိုးသားအဖွဲ့ချုပ် ULA က သတင်း ထုတ်ပြန်...

- တောင်ငူမြိုနယ်၊ ဝက်ခေါက်စိန်ရွာ စာသင်ကျောင်းမှာ တပ်စွဲထားတဲ့ စစ်တပ်စခန်းကို တော်လှန်ရေးတပ်တွေက ဝင်တိုက်တဲ့အတွက် စစ်သားတွေထွက်ပြေးသွားပြီး ခဲယမ်းအချို့ိ သိမ်းမိ...

- စလင်းမြိုနယ်၊ လင်းဇင်းတိုက်နယ် ရဲစခန်းကို တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်စဉ် စစ်ကောင်စီဖက် ၁၀ ခန့်အထိ ထိခိုက်-သေဆုံးနိုင်တယ်လို့ဆို...

- ဂန့်ဂေါ မြို့နယ်၊ ခရိုင် ရဲစခန်းက ရဲတပ်သားတဦး လက်နက်ငယ် ကျည်တွေနဲ့အတူ တော်လှန်ရေးတပ်တွေထံ အလင်းဝင်လာတယ်လို့ (FRF-Gangaw) က သတင်းထုတ်ပြန်...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

Sunday, May 19, 2024

“ကျီခါးမြို့မှာ စစ်ကောင်စီ ကင်းစင်ပြီ - တွန်းဇံမြို့ကိုဆက်သိမ်းဖို့ဆောင်...


“ကျီခါးမြို့မှာ စစ်ကောင်စီ ကင်းစင်ပြီ - တွန်းဇံမြို့ကို
ဆက်သိမ်းဖို့ဆောင်ရွက်နေပါတယ်”

- ဆလိုင်းထက်နီ (ပြောခွင့်ရပုဂ္ဂိုလ် - ချင်းအမျိုးသားတပ်ဦး - CNF/ CNA)

“ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်ရှိ ကျီခါးမြို့ကို
ချင်းတော်လှန်ရေးတပ်တွေက ဒီမနက် ဝင်ရောက်သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီ
ကင်းစင်နယ်မြေဖြစ်သွားပြီ၊ တွန်းဇံမြိုရှိ စစ်တပ်စခန်းနဲ့
ရဲစခန်းတွေကိုလည်းသိမ်းပြီးဖြစ်တယ်၊ ဒါပေမယ့် လုံးဝင် ကင်းစင်အောင်
လုပ်စရာနည်းနည်း ကျန်နေသေးတယ်” လို့ ချင်းအမျိုးသားတပ်ဦး (CNF/ CNA)
ပြောခွင့်ရ ဆလိုင်းထက်နီ ကပြောပါတယ်။

ကျီခါးမြို့ကို ဒီနေ့သိမ်းလိုက်တဲ့အခြေအနေ၊ ချင်းပြည်နယ်မှာ
စစ်ကောင်စီကင်းစင်ဖို့ နီးလာပြီလား... စသဖြင့် BNN သတင်းဌာနက
ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်မယ့်မေးမြန်းချက်ထဲမှာ...

- ကျီခါးနဲ့ တွန်းဇံရဲ့ နောက်ဆုံးအခြေအနေ...

- ချင်းပြည်နယ်မှာ စစ်ကောင်စီ ကင်းစင်ဖို့ နီးလာပြီလား...

- မြို့သိမ်းတိုက်ပွဲတွ ဆက်တိုက်လာဖို့ရှိသလား...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

Saturday, May 18, 2024

“ဘူးသီးတောင်မြို့ရှိ စစ်တပ်စခန်းအားလုံး AA သိမ်းပိုက်... NUG ဒု-ကာ-ဝန် ...


“ဘူးသီးတောင်မြို့ရှိ စစ်တပ်စခန်းအားလုံး AA သိမ်းပိုက်...  NUG ဒု-ကာ-ဝန် တောင်ပိုင်းဒေသသို့ ကွင်းဆင်းစစ်ဆေး... နောက်ဆုံးရ တိုက်ပွဲသတင်းများ”

(၁၉ - ၅ -၂၀၂၄)

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ရှိ ဘူးသီးတောင်ဗျူဟာ (စကခ ၁၅ ဌာနချုပ်) အပါအဝင် ဗျူဟာလက်အောက်ခံတပ်ရင်းတွေ၊ အမြောက်တပ်နဲ့ ထောက်ပို့တပ်ရင်းအားလုံးကို AA- အာရက္ခတပ်တော်က မေလ (၁၈) ရက်၊ မွန်းတည့် (၁၂) နာရီအချိန်မှာ တစ်ခုမကျန်သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ AA က သတင်းထုတ်ပြန်ပါတယ်။

ဘူးသီးတောင်မှာ နောက်ဆုံးကျန်နေတဲ့ အမတ (အမြောက်တပ်) (၃၇၈)၊ ခမရ (၂၃၄)၊ ခမရ (၃၄၅)၊ ခမရ (၃၅၂) တပ်ရင်း ၄ ခုအပါဝင် လက်နက်ကြီးတပ်၊ ထောက်ပို့တပ်ရင်းနဲ့ GE စစ်မြေပြင် အင်ဂျင်နီယာတပ်တွေကိုပါ တခုမကျန် သိမ်းလိုက်တာလို့ ဆိုပါတယ်။

အခြားတပ်ရင်းတွေဖြစ်တဲ့ ခမရ (၃၅၃) ၊ ခမရ (၅၃၅) ၊ ခလရ (၂၆၃) နှင့် ခလရ (၂၃၃) တပ်ရင်း (၄) ရင်းကို မေလ ၁၄ ရက်၊ နခခ (၃) နဲ့ နခခ (၈)တို့ကို မေလ ၁၃ ရက်မှာ သိမ်းပိုက်ထားပြီးဖြစ်ပါတယ်။

ထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်သားတွေကို လိုက်လံရှင်းလင်း ပိတ်ဆို့တိုက်ခိုက်နေတဲ့အတွက် ဘူးသီးတောင်မြို့ပတ်ဝန်းကျင်မှာ တိုက်ပွဲ ဆက်လက်ဖြစ်နေတယ်လို့ဆိုပါတယ်။ ဘူသီးတောင်ဟာ AA က သိမ်းပိုက်တဲ့ ၁၀ ခုမြောက်မြို့ဖြစ်တယ်လို့ သတင်းမှတ်တမ်းတွေမှာ ဖေါ်ပြထားပါတယ်။

ဒါ့အပြင်...

- TNLA၊ တပ်မဟာ(၂) စစ်ဒေသ၊ နောင်ချိုမြို့နယ်ရှိ သုံးဆယ်ကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ထပ်မံပစ်ခတ်တဲ့အတွက် အရပ်သား ၇ ဦး ဒဏ်ရာရ...

- ဝိုင်းမော်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း ၅ ခုကို KIA ကချင်လွတ်လပ်ရေးတပ်နဲ့ မဟာမိတ်တွေက သိမ်းပိုက်...

- မြိုင်မြို့ပေါ်ရှိ မီးသတ်ရုံးနီး တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းကို တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်တယ်လို့ Black Leopard Army က သတင်းထုတ်ပြန်...

- ရေဦးမြို့နယ်၊ အမှတ်(၇)ဆေးတပ်က စစ်ကောင်စီ တပ်သားတဦး လက်နက်ငယ်တလက်နဲ့အတူ အလင်းဝင်လာတဲ့အတွက် ငွေကျပ် သိန်း (၅၀) ချီးမြှင့်...

- ဘုတ်ပြင်မြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်ရဲစခန်းနဲ့ လေညာတံတားစစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်...

- NUG - ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး နိုင်ကောင်းရွတ် တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ (၃) ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ စစ်ကြောင်းတွေကို သွားရောက်စစ်ဆေး...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

Friday, May 17, 2024

“ထားဝယ် စကခ (၈) ဌာနချုပ်ကို PDF တွေ တိုက်ခိုက်... မံစီက စစ်တပ်စခန်းတွေကိ...


“ထားဝယ်က စကခ (၈) ဌာနချုပ်ကို PDF တွေ တိုက်ခိုက်... မံစီက စစ်တပ်စခန်းတွေကို KIA တိုက်ခိုက်...နောက်ဆုံးရ တိုက်ပွဲသတင်းများ”

(၁၈- ၅ -၂၀၂၄)

ထားဝယ်မြို့အရှေ့ဖက် သပြေချောင်းရွာမှာ အခြေစိုက်တဲ့ စကခ- စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် အမှတ်(၈) ကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့တိုက်ခိုက်တဲ့အတွက် စစ်ရဟတ်ယာဉ်နဲ့ စစ်အရာရှိတွေ ထိခိုက်မှုရှိနိုင်တယ်လို့ PDF စစ်ရုံးချုပ်က သတင်းထုတ်ပြန်ပါတယ်။

မေလ (၁၆) ရက်၊ မနက် ၁၁ နာရီခန့်မှာ ဗုံးသီး ၈ လုံးကို ဒရုန်းနဲ့ကြဲချခဲ့တာဖြစ်ပြီး စစ်အရာရှိတွေ စုဝေးတဲ့နေရာနဲ့ MI-2 ရဟတ်ယာဉ် (၂)စီး ရပ်ထားတဲ့နေရာကို တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

အဲလို ပစ်ခံရပြီးနောက်မှာ စစ်တပ်ဖက်က (၁၂၀)မမ နဲ့ အနီးအနားရှိ ကျေးရွာတွေကို ရမ်းသမ်းပစ်ခတ်တဲ့အပြင် စစ်ရဟတ်ယာဉ်တစီးကလည်း စက်သေနတ်နဲ့ တုန့်ပြန် ပစ်ခတ်ခဲ့တယ်လို့ ဖေါ်ပြပါတယ်။

ဒီစစ်ဆင်ရေးမှာ ပါဝင်တဲ့တော်လှန်ရေးတပ်တွေကတော့ ဒေါနစစ်ကြောင်း တပ်ခွဲ(၄) KBDF Drone တပ်ဖွဲ့၊ ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်းက Sky Ghost Drone Force၊ ထားဝယ်ခရိုင်အမှတ်(၂)တပ်ရင်းက T5 Wing၊ ထားဝယ် ပြည်သူ့လွတ်မြောက်ရေးတပ် TPLF Drone တပ်ဖွဲ့၊ YAF Drone တပ်ဖွဲ့တို့ဖြစ်တယ်လို့ ထုတ်ပြန်ချက်မျာ ဖေါ်ပြထားပါတယ်။

ဒါ့အပြင်...

- မံစီမြို့ရှိ ခ.မ.ရ (၃၁၉) နဲ့ (၆၀၁) တပ်စခန်းတွေကို KIA ကချင်လွတ်လပ်ရေးတပ်နဲ့ မဟာမိတ်တွေက ထိုးစစ်ဆင် တိုက်ခိုက်...

- ပခုက္ကူမြို့နယ်နဲ့ ရေစကြိုမြို့နယ်အစပ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်တဲ့အတွက် စစ်ကောင်စီဖက်က အကျအဆုံးများပြီး လက်နက် ၉  လက်ရရှိ...

- PDF အမှတ် (၁) စစ်ဒေသ၊ မကွေးတိုင်းကွပ်ကဲရေးရုံးက ဦးစီးကျင်းပတဲ့ NCO အကြပ်သင်တန်း အပတ်စဉ် (၂) သင်တန်းဆင်းပွဲကို မေလ (၁၄) ရက်နေ့က ကျင်းပ...

- အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ (ကရင်နီစစ်ဒေသ) အမှတ် (၁၁၀၈) တပ်ရင်း၊ ဖားဆောင်း PDF  ရဲ့ အပတ်စဉ် (၁၀) အခြေခံ စစ်သင်တန်းဆင်းပွဲတခု မေလ ၁၆ ရက်က ဖားဆောင်းမှာ ကျင်းပ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

Thursday, May 16, 2024

“တနိုင်းမြို့နယ်က စစ်တပ်စခန်း KIA သိမ်းပိုက်... အောင်ဇေယျစစ်ကြောင်း ဆက်လ...


“တနိုင်းမြို့နယ်က စစ်တပ်စခန်း KIA သိမ်းပိုက်... အောင်ဇေယျစစ်ကြောင်း ဆက်လက်တိုက်ခိုက်ခံနေရ... နောက်ဆုံးရ တိုက်ပွဲသတင်းများ”

(၁၇- ၅- ၂၀၂၄)

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း နမ်ခမ်-နမ်ဗျို ကို မနေ့က အပြီး သိမ်းလိုက်ပြီဖြစ်တယ်လို့ KIA ပြောခွင့်ရက BNN ကိုပြောပါတယ်။ မေ ၁၃ မှာ စတင်ထိုးစစ်ဆင်ပြီး မေ ၁၆ ရက်၊ မနက် ၇ နာရီလောက်မှာ သိမ်းနိုင်ခဲ့တာဖြစ်တယ်လို့ KIA ပြောခွင့်ရဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

စစ်ကောင်စီဖက်က လက်နက်ကြီးတွေ၊ လေကြောင်းပစ်ကူတွေနဲ့ ခုခံနေတဲ့ကြားက အခုလို သိမ်းလိုက်နင်တာဖြစ်ပါတယ်။

ဒေသတွင်းမီဒီယာ The 74 Media ရဲ့ဖေါ်ပြချက်အရ အဲဒီစခန်းမှာ ခ.လ.ရ (၂၉၇) နဲ့ (၂၆၀) က ထုတ်နုတ်အင်အား ၆၀ ခန့် စခန်းထိုင်နေတယ်လို့ သိရပါတယ်။ KIA နဲ့ မဟာမိတ်တွေက စခန်းရှင်းလင်းရေးလုပ်နေပြီး လက်နက်တွေသိမ်းမိတယ်လို့ ဖေါ်ပြပါတယ်။
 
တနိုင်းမြို့နဲ့ မိုင် ၂၀ ခန့်အကွာမှာရှိတဲ့ နမ်ခမ်-နမ်ဗျိူ စခန်းကို  ၂၀၁၇ မှာ စစ်ကောင်စီက သိမ်းပြီး အခု KIA က ပြန်သိမ်းနိုင်တာလည်းဖြစ်ပါတယ်။ တချိန်တည်းမှာပဲ မိုးမောက်-မံစီနဲ့ ဗန်းဗော်ဖက်မှာလည်း တိုက်ပွဲတွေ ပြင်းထန်နေဆဲလို့ ဒေသတွင်းမီဒီယတွေမှာ ဖေါ်ပြထားပါတယ်။

ဒါ့အပြင်...

- ကော့ကရိတ်ဖက်ကနေ မြဝတီသို့စစ်ကူသွားရန် ကြိုးစားနေဆဲဖြစ်တဲ့ အောင်ဇေယျ စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့တိုက်ခိုက်တဲ့အတွက် စစ်သား ၆ ဦးသေဆုံးပြီး Faw ကား ၂ စီး ပျက်စီးတယ်လို့ ကျားဖြူစစ်ကြောင်းက သတင်းထုတ်ပြန်...

- မေ ၁ ရက်ကနေ ၁၅ ရက်အတွင်း KNLA ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် အမှတ် ၅ တပ်မဟာဒေသမှာ တိုက်ပွဲပေါင်း (၄၆) ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီဖက်က (၁၇) ဦးသေ၊ (၇)ဦး ထိခိုက်ဒဏ်ရာရတယ်လို့ မူတြော် သတင်းစဉ်က ဖေါ်ပြ...

- ပြီးခဲ့တဲ့ ဧပြီလအတွင်း စစ်ကောင်စီနဲ့ ရင်ဆိုင်တိုက်ပွဲ အကြိမ် ၇၀ ကျော်ဖြစ်ပွားပြီး စစ်ကောင်စီဖက်က (၄၃၀) ဦးသေဆုံး၊ (၂၄၁) ဦးဒဏ်ရာရ၊ လက်နက်ချအညံ့ခံသူ (၅၇) ဦးကို သုံ့ပန်းအဖြင့် အရှင်ဖမ်းမိတယ်လို့ PDF တောင်ပိုင်းတိုင်းစစ်ဒေသက သတင်းထုတ်ပြန်...

- သရက်ချောင်းမြိုနယ်က ကနက်သီရိရွာကို စစ်ကောင်စီရေတပ်နဲ့ လေတပ်က ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေ...

- KIA- ကချင်လွတ်လပ်ရေးတပ်မတော် စစ်ဦးစီးချုပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ PDF အမှတ်(၁) စစ်ဒေသမှူး၊ ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်းရဲ့ ဈာပနာ့အခမ်းအနား လိုင်ဇာဌာနချုပ်မှာပြုလုပ်...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

“ပြည်ထောင်စုလမ်းမကြီးပေါ်က ဗျုဟာမြောက်စခန်းတွေကို သိမ်းနိုင်တဲ့အဆင့်ထိ ရ...


“ပြည်ထောင်စုလမ်းမကြီးပေါ်က ဗျုဟာမြောက်စခန်းတွေကို သိမ်းနိုင်တဲ့အဆင့်ထိ ရောက်လာပြီ”

- ရဲဘော်ဂျူပီတာ (ဒုစစ်ဒေသခွဲမှူး - အမှတ် ၃ စစ်ဒေသခွဲ)

(၁၆- ၅- ၂၀၂၄)

“လွန်ခဲ့တဲ့ ၃ နှစ်ကလို တောထဲမှာ စစ်သင်တန်းတက်၊ နယ်စပ်က ကင်းစခန်းကို ပြောက်ကြားပစ်တဲ့အဆင့်မဟုတ်တော့ဘူး။ ပြည်ထောင်စုလမ်းမကြီးပေါ်က ဗျုဟာမြောက်စခန်းတွေကို သိမ်းနိုင်တဲ့အဆင့်အထိရောက်လာပြီ၊ ပြည်ထောင်စုလမ်းမကြီးပေါ်မှာ တော်လှန်ရေးတပ်တွေ သွားလာနိုင်နေပြီဖြစ်တယ်” လို့ PDF တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၃ စစ်ဒေသခွဲရဲ့ ဒုတိယ စစ်ဒေသခွဲမှူး ရဲဘော်ဂျူပီတာက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ထားဝယ်-မြိတ် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ပဲဒက်စခန်းကို PDF နဲ့ ERO ပူးပေါင်းတပ်တွေက သိမ်းပိုက်လိုက်တဲ့အခြေအနေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့်မေးမြန်းချက်ထဲမှာ...

- ပဲဒက်စခန်းက ဗျုဟာအရ ဘယ်လိုအရေးပါသလဲ...

- နယ်စပ်ဒေသက စခန်းတွေ၊ ပြည်ထောင်စုလမ်းမကြီးပေါ်က စခန်းတွေကို ဘယ်လို ဟန်ချက်ညီ သိမ်းပိုက်နေသလဲ...

- တနသာင်္ရီတိုင်းအတွင်း PDF နဲ့ ERO တွေကြား ပူးပေါင်းဆောင်ရွက်နိုင်မှု ဘယ်လောက်အထိ အားကောင်းနေပြီလဲ...

- တနသာင်္ရီတိုင်းက ပြည်သူတွေအတွက် PDF တောင်ပိုင်းစစ်ဒေသရဲ့ သတင်းစကားက ဘာလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

Wednesday, May 15, 2024

“ကျောက်တော်က ဆေးရုံကို စစ်တပ်က ဗုံးကြဲ... မြင်းခြံက စစ်တပ်ကို PDF တိုက်ခ...


“ကျောက်တော်က ဆေးရုံကို စစ်တပ်က ဗုံးကြဲ... မြင်းခြံက စစ်တပ်ကို PDF တိုက်ခိုက်...နောက်ဆုံးရ တိုက်ပွဲသတင်းများ”

(၁၆- ၅- ၂၀၂၄)

AA -အာရက္ခတပ်တော်က ထိန်းချုပ်ထားတဲ့  ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ဝဲကြီးထောင့်ဆေးရုံကို စစ်ကောင်စီက လေယာဉ်နဲ့ဗုံးကြဲတဲ့အတွက် လူနာနဲ့ဆေးဝန်ထမ်း ၂၀ ကျော် အပြင်းထန် ဒဏ်ရခဲ့တယ်လို့  AA က သတင်းထုတ်ပြန်ပါတယ်။

မေလ (၁၅) ရက် မနက်စောစော သန်းခေါင်းကျော်ပြီး ၁၅ မီနစ်လောက်မှာ အခုလို ဗုံးလာကြဲတာဖြစ်ပြီး ဆေးဝန်ထမ်း၊ လူနာနဲ့ လူနာစောင့် (၂၀) ဦးထက်မနည်း ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရတယ် လို့ဆိုပါတယ်။

ရက္ခိုင်ဒေသမှာ စစ်ပွဲတိုင်း ရှုံးနေတဲ့ စစ်ကောင်စီက အရှက်ရပြီး တိုက်ပွဲနဲ့မဆိုင်တဲ့ အရပ်ဘက်ပစ်မှတ် ဆေးရုံတွေ၊ ဈေးတွေကို  ဦးတည်ပစ်ခတ်တိုက်ခိုက်လာနေတာဟာ စစ်ရာဇဝတ်မှုဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

ဒါ့အပြင်...

- အပစ်ရပ်ထားတဲ့ TNLA၊ တပ်မဟာ (၂)စစ်ဒေသ၊ နောင်ချိုမြို့နယ်၊ သုံးဆယ်ကျေးရွာကို စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်တဲ့အတွက် အရပ်သား ၂ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရ...

- မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို အားလုံးပါဝင်နိုင်တဲ့ ဆွေးနွေးရေးနည်းနဲ့အဖြေရှာနိုင်ဖို့  ကြိုးစားနေကြောင်း ဂျပန် နိုင်ငံခြားရေးဌာန အရာရှိက ပြောကြား...

- လွိုင်ကော်မြို့၊ နွားလဝိုးကျေးရွာအနီးမှာ တပ်စွဲထားတဲ့ ခလရ (၂၆၁) တပ်ရင်းက စစ်သားတွေ ရေကန်ကျေးရွာဖက်ကို စစ်ကြောင်းထိုးလှုပ်ရှားလာ...

- မြင်းခြံမြို့နယ်၊ ရွာရှည်ရွာမှာ ၂ ရက်ဆက် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဖက်က ဒါဇင်နဲ့ချီသေဆုံးမှုရှိ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

Tuesday, May 14, 2024

“မံစီနဲ့ မိုးမောက်မြို့မှာ တိုက်ပွဲဆက်ပြင်းထန်... ဖောင်းပြင်က စစ်တပ်စခန်...


“မံစီနဲ့ မိုးမောက်မြို့မှာ တိုက်ပွဲဆက်ပြင်းထန်... ဖောင်းပြင်က စစ်တပ်စခန်း PDF သိမ်းပိုက်... နောက်ဆုံးရ တိုက်ပွဲသတင်းများ”

(၁၅- ၅- ၂၀၂၄)

ကချင်ပြည်နယ်၊ မံစီနဲ့ မိုးမောက်မြို့မှာ ရဲစခန်းနဲ့ မြို့တဝက်လောက်ကို သိမ်းနိုင်ပြီဖြစ်ပေမယ့် တပ်စခန်းတွေကိုသိမ်းဖို့ကြိုးစားနေဆဲဖြစ်တယ်လို့ KIA ကချင်လွတ်လပ်ရေးတပ် ပြောခွင့်ရက BNN ကိုပြောပါတယ်။ 

စစ်ကောင်စီဖက်က လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူတွေနဲ့ ခုခံနေတဲ့အတွက် တိုက်ပွဲပြင်းထန်နေဆဲလို့ KIA ပြောခွင့်ရ ဗိုလ်မှူးူကြီးနော်ဘူက ပြောပါတယ်။

ဒေသတွင်းမီဒီယာ KNG - Kachin News Group ကတော့ မိုးမောက်မြို့နယ် မြို့သစ်ကျေးရွာကို ၁၃ ရက်နေ့ညမှာ စစ်တပ်က ဗုံးကြဲတဲ့အတွက် အရပ်သားတဦးသေ ၂ ဦးဒဏ်ရရတယ်လို့ ဖေါ်ပြပါတယ်။

ည ၈ နာရီကျော်ကျော်မှာ မြို့သစ်ဆေးရုံအနီး ဗုံးကျလာပြီး ဆေးရုံဘေးက အအေးဆိုင်ဖွင့်ထားတဲ့ ဆိုင်ပိုင်ရှင် ဗုံးထိသေဆုံးသွားတယ်လို့ဆိုပါတယ်။ နေအိမ်အချို့လည်း မီလောင်ပျက်စီးတယ်လို့ ဖေါ်ပြထားပါတယ်။

ဒါ့အပြင်...

- တလကြာတဲ့အထိ ဒေါနတောင်ခြေကနေ ရှေ့မတိုးနိုင်ဖြစ်နေတဲ့ အောင်ဇေယျ စစ်ကြောင်းဟာ အခုရက်ပိုင်း လေကြောင်းပစ်ကူနဲ့ ဒရုန်းတွေကို ပိုမိုးသုံးစွဲပြီး ရှေ့တိုးဖို့ ထပ်ကြိုးစားနေ...

- KNLA တပ်မဟာ(၃)နယ်မြေ၊ ကျောက်ကြီးမြို့နယ်အတွင်းရှိ ဘောကထ-စစ်ကောင်စီတပ်စခန်းက စစ်သား ၃၀ ခန့် စခန်းစွန်ခွာထွက်ပြေး...

- ဖောင်းပြင်မြို့နယ်၊ ပုဂံတောင်ရွာရှိ စစ်ကောင်စီနဲ့ ပျုစောထီးစခန်းကို တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်တဲ့အတွက် စစ်ကောင်စီဖက်က အကျအဆုံးများပြီး လက်နက်ငယ် ၅ လက် ရရှိ...

- ဆောမြို့နယ်၊ တောမကျေးရွာကို စစ်ကောင်စီက လေယာဉ်နဲ့ဗုံးကြဲတဲ့အတွက် အရပ်သား ၇ ဦးသေဆုံးပြီး ၉ ဦး အပြင်းအထန်ဒဏ်ရာရ...

- ဘောလခဲမြို့နယ်ရဲစခန်းက တပ်သားတဦး ကရင်နီပြည်တပ်မတော် KA ထံ လက်နက်နဲ့အတူ CDM အဖြစ် ခိုလှုံလာ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

Monday, May 13, 2024

“မံစီနဲ့ မိုးမောက်မှာ တိုက်ပွဲပြင်းထန်... ဖားဆောင်းက စခန်းတခု ကရင်နီတပ်တ...


“မံစီနဲ့ မိုးမောက်မှာ တိုက်ပွဲပြင်းထန်... ဖားဆောင်းက စခန်းတခု ကရင်နီတပ်တွေ သိမ်းပိုက်... နောက်ဆုံးရ တိုက်ပွဲသတင်းများ”

ကချင်ပြည်နယ်၊ မံစီမြို့ ရဲစခန်းကို KIA ကချင်လွတ်လပ်ရေးတပ်နဲ့ မဟာမိတ်တွေက မနေ့က သိမ်းပိုက်လိုက်ပြီဖြစ်ပေမယ့် စစ်ကောင်စီက လေကြောင်းပစ်ကူပေးနေတဲ့အတွက် တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ ဒေသတွင်းမီးဒီယာ The 74 Media က ဖေါ်ပြပါတယ်။

မနေ့က မနက် ၄ နာရီမှာ ထိုးစစ်စတင်ပြီး ညနေ ၄ နာရီမှာ ရဲစခန်းကို သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။ ဒါဟာ ဒုတိယအကြိမ် သိမ်းပိုက်မှုဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက ရဲစခန်းကို သိမ်းနေစဉ် စစ်ကောင်စီလေတပ်က အလွန်အကျွံဗုံးကြဲတဲ့အတွက် ပြန်ခွာခဲ့ရပြီး အခုမှ အပြီးသတ် သိမ်နိုင်တာလို့ ရှေ့တန်းအရာရှိတွေပြောတာကို ကိုးကားဖေါ်ပြပါတယ်။

တချိန်တည်းမှာပဲ မိုးမောက်မြို့ပြင် မံပုံကျေးရွာရှိ ခ.လ.ရ (၄၃၇) တပ်ရင်းကိုလည်း KIA နဲ့ ပူးပေါင်းတပ်တွေက ဆက်လက်ထိုးစစ်ဆင်နေပြီး စစ်ကောင်စီက လေကြောင်းပစ်ကူနဲ့ခုခံနေတဲ့အတွက် တိုက်ပွဲပြင်းထန်နေတယ်လို့ The 74 Media က ဆက်လက်ဖေါ်ပြပါတယ်။

တခါ ဗန်းမော်မြို့ရှိ စစ်ကောင်စီတပ်စခန်းတွေကနေလည်း မိုးမောက်ဖက်ကို လက်နက်ကြီး ပစ်ကူပေးနေတယ်လို့ဆိုပါတယ်။ မိုးမောက်က ရဲစခန်းနဲ့ မြို့တွင်းနေရာအများစုကို KIA က ထိန်းချုပ်ထားပြီးဖြစ်ပေမယ့် မြု့ိ့ကနေ ဆုတ်ခွာသွားတဲ့ စစ်သားနဲ့ရဲတွေအားလုံး ခမရ ၄၃၇ မှာ ပြန်စုပြီး ခုခံတိုက်ခိုက်နေတာဖြစ်ပါတယ်။

ဒါ့အပြင်...

- ဖားဆောင်းမြို့ အခြေစိုက် ခလရ ၁၃၅ ရဲ့ အရေးကြီး ကာကင်းစခန်းကုန်းတစ်ခုကို ကရင်နီတော်လှန်ရေးတပ်တွေက သိမ်းပိုက်...

- ထားဝယ်မြို့အဝင် အိမ်ရှေ့ပြင်ရှိ စစ်တပ် စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်တွေက ဝင်ရောက်ပစ်ခတ်...

- အရာတော်မြို့ နယ်၊ စခတ (၁၀) အတွင်း သေနတ်ပစ်လေ့ကျင့်နေတဲ့ စစ်သားတွေကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဗုံးကြဲတဲ့အတွက် ၁၂ ဦး အပြင်းအထန် ဒဏ်ရာရ...

- (၁၀၂၇)  စစ်ဆင်ရေးအတွင်း ဖမ်းဆီးမိတဲ့ စစ်သုံ့ပန်း ၄၁ ဦးကို ပြန်လွှတ်ပေးခဲ့တယ်လို့ MNDAA က သတင်းထုတ်ပြန်...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

“ငါတို့ကို တမင်အသေခံခိုင်းနေတယ်ဆိုတဲ့ စိတ်ခံစားချက်မျိုး သူတို့မျက်နှာမှ...


“ငါတို့ကို တမင်အသေခံခိုင်းနေတယ်ဆိုတဲ့ စိတ်ခံစားချက်မျိုး သူတို့မျက်နှာမှာ မြင်ရတယ်”

- လင်းထက်အောင် (CDM - တပ်မတော်အရာရှိ)

(၁၃- ၅- ၂၀၂၄)

“ဘူးသီးတောင်မှာ လက်နက်ချတဲ့ စကခ ၁၅ က ဒု စကခမှူးအပါဝင် တပ်မှူး-တပ်သားတွေရဲ့ မျက်နှာကို အသေချာကြည့်ရင် ငါတို့ကို တမင်အသေခံခိုင်းနေတယ်ဆိုတဲ့ စိတ်ခံစားချက်မျိုး အထင်းသားတွေ့ရတယ်။ မြေပြင်မှာရှိတဲ့ တပ်မှူး-တပ်သားတွေက လုံး၀ စစ်တိုက်ချင်စိတ်မရှိတော့ဘူးဆိုတာကို မင်းအောင်လှိုင်နဲ့ ဗိုလ်ချုပ်တစုက နားမလည်သဘောမပေါက်တဲ့အတွက် အခုလို စစ်သားတွေ သေနေရတာဖြစ်တယ်” လို့ CDM - တပ်မတော်အရာရှိ ဗိုလ်ကြီးလင်းထက်အောင်က ပြောပါတယ်။

အခုလပိုင်းတွေအတွင်း တော်လှန်ရေးအင်အားစုတွေဖက်က စစ်ရှိန်မြင့်လာပြီး နေရာအတော်များများမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလက်နက်ချမှု၊ စခန်းစွန့်ခွာထွက်ပြေးမှူ တိုးလာနေတာတွေနဲ့ ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာ...

- KIA ရဲ့ စစ်ရေးအစီအမံတွေနဲ့ ရှမ်းမြောက်မှာ တိုက်ပွဲပြန်ဖြစ်လာနိုင်တဲ့ အလားအလာ...

- ဘူးသီးတောင် စကခ ၁၅ က လက်နက်ချတဲ့ စစ်သားတွေရဲ့ မျက်နှာမှာ ဘာတွေမြင်ရသလဲ...

- ရှေ့တန်းစစ်မြေပြင်က တပ်မှုး-တပ်သားတွေရဲ့ ခံစားချက်နဲ့ နေပြည်တော်စစ်ရုံးချုပ်က ဗိုလ်ချုပ်တွေရဲ့ခံစားချက် သိပ်ကွာဟ လာနေပြီလား...

... စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

Sunday, May 12, 2024

“အောင်ဇေယျ စစ်ကြောင်းက တပ်သား ၃ ဦး KNLA ထံ အလင်းဝင်... မုံရွာက စစ်ကောင်စ...


“အောင်ဇေယျ စစ်ကြောင်းက တပ်သား ၃ ဦး KNLA ထံ အလင်းဝင်... မုံရွာက စစ်ကောင်စီစခန်းကို PDF တိုက်ခိုက်... နောက်ဆုံးရ တိုက်ပွဲသတင်းများ”

(၁၃- ၅- ၂၀၂၄)

ကရင်ပြည်နယ်၊ ကော့ကရိတ်ကနေ မြဝတီသို့ စစ်ကူသွားရန်ကြိုးစားနေဆဲဖြစ်တဲ့ အောင်ဇေယျ စစ်ကြောင်းက တပ်သား ၃ ဦး တော်လှန်ရေးတပ်တွေထံ အလင်းဝင်လာတယ်လို့ ကျားဖြူစစ်ကြောင်းက သတင်းထုတ်ပြန်ပါတယ်။

တပ်မ ၅၅ လက်အောက်ခံတပ်က စစ်သား ၃ ဦး၊ မေလ ၁၂ ရက်မှာ လက်နက်ငယ်တွေနဲ့အတူ အခုလို အလင်းဝင်လာတာဖြစ်ပြီး ဆုငွေတွေပေးအပ်ခဲ့တယ်လို့ ဓာတ်ပုံမှတ်တမ်းနဲ့တကွ ဖေါ်ပြထားပါတယ်။

လွန်ခဲ့တဲ့ ရက်ပိုင်းကလည်း အောင်ဇေယျ စစ်ကြောင်းက စစ်သား ၂ ဦး ကျားဖြူစစ်ကြောင်းထံ အလင်းဝင်ခဲ့တဲ့အတွက် သီတင်းတပတ်အတွင်း အောင်ဇေယျ ၅ ဦး အလင်းဝင်တာဖြစ်ပါတယ်။

တချိန်တည်းမှာပဲ အဲဒီ အောင်ဇေယျစစ်ကြောင်းကို အမှတ် ၃၁ ‌ဗျူဟာလက်အောက်ခံ နဂါးဖြူစစ်ကြောင်းနှင့် ကျားဖြူစစ်ကြောင်းတို့က ဒေါနတောင်ခြေမှာ ဆက်လက်တိုက်ခိုက်နေပြီး နေစဉ် ထိခိုက် သေဆုံးမှုရှိနေတယ်လို့ ဗီဒီယို မှတ်တမ်းနဲ့တကွ ထုတ်ပြန်ထားတာတွေ့ရပါတယ်။

ဒါ့အပြင်...

- တနသာင်္ရီတိုင်း၊ တနင်္သာရီနဲ့ ဘုတ်ပြင်း မြို့နယ်အစပ်ရှိ ၁၀၂၀ တောင်ကုန်း စစ်တပ်စခန်းကို မေလ ၁၁ ရက်မှာ အလုံးစုံသိမ်းနိုင်ခဲ့ပြီဖြစ်တယ်လို့ Black Cobra  စစ်ကြောင်းက သတင်းထုတ်ပြန်...

- ကရင်နီပြည်၊ ဖားဆောင်းမြို့မှာ စခန်းတွင်းပိတ်မိနေတဲ့ စစ်သားတွေအတွက် စစ်ကောင်စီလေတပ်က ချပေးတဲ့ ခဲယမ်းနဲ့ ရိက္ခာထုပ်တွေကို တော်လှန်ရေးတပ်တွေက သိမ်းမိ...

- မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်အစပ်ရှိ နောင်ချိုမြိုနယ်ထဲက သရက်ကုန်းကျေးရွာမှာ မေလ ၁၂ ရက် နေ့လယ် ၂ နာရီမှာတိုက်ပွဲဖြစ်တယ်လို့ PDF- MDY က သတင်းထုတ်ပြန်...

- စစ်ကိုင်းတိုင်း၊ မုံရွာမြို့ှနယ် ကျော်ဆစ်ပုံ အမြောက်တပ်ကို တော်လှန်ရေးတပ်တွေက လက်နက်ကြီးတွေနဲ့ပစ်ခတ်တဲ့အတွက် စစ်သား ၈ ဦးသေဆုံး...

- “ကျင်ဒွေးမြို့သိမ်းတိုက်ပွဲ” မှာပါဝင်ခဲ့တဲ့ အောင်ပွဲရ ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ မတူပီ (တပ်မဟာ-၁) ကို ဒေသခံလူထုက ဂုဏ်ပြုကြိုဆိုတဲ့ အခမ်းနား မတူပီမြို့မှာ ကျင်းပ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

Saturday, May 11, 2024

“မြို့သစ်မြို့ ခလရ ၂၂၈ ကို PDF သိမ်းပိုက်... ဘုတ်ပြင်းက ၁၀၂၀ ဗျုဟာကုန်းက...


“မြို့သစ်မြို့ ခလရ ၂၂၈ ကို PDF သိမ်းပိုက်... ဘုတ်ပြင်းက ၁၀၂၀ ဗျုဟာကုန်းကို KNLA သိမ်းပိုက် ... နောက်ဆုံးရ တိုက်ပွဲသတင်းများ”

(၁၂- ၅- ၂၀၂၄)

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ မြို့သစ်မြို့ရှိ ခလရ (၂၂၈) နဲ့ ပြည်သူ့စစ်၊ ပျု ပူးတွဲစခန်းတွေကို တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ချေမှုန်းခဲ့ပြီး ရဲ (၂၀) ကျော်လက်နက်၊ လက်နက်မျိုးစုံ (၂၉)  လက်သိမ်းမိတယ်လို့ PDF အမှတ် (၁) စစ်ဒေသက သတင်းထုတ်ပြန်ပါတယ်။

မြို့သစ်မြို့ရှိ ခလရ (၂၂၈)၊ SNA  ရှမ်းနီပြည်သူ့စစ် (တပ်ရင်း-၃)၊ ကသည်းတပ်ဖွဲ့၊ ရဲ၊ ပျူစောထီး ပူးပေါင်းအင်အား (၂၅၀) ခန့်ရှိတဲ့နေရာကို မေလ (၇) ရက် မနက် (၅) နာရီမှာ စတင်တိုက်ခိုက်ပြီး မေလ (၁၁) ရက် မနက် (၁၀) နာရီမှာ စခန်းအားလုံးကို သိမ်းနိုင်တာခဲ့တာဖြစ်ပါတယ်။

တိုက်ပွဲအတွင်း ရဲ စခန်းမှူး ရဲအုပ် ကျော်ကျော်နိုင် အပါဝင် ရဲ (၂၁)ဦး အလံဖြူထောင်လက်နက်ချ၊ လက်နက်မျိုးစုံ (၂၉) လက်သိမ်းမိ၊ စစ်သားအသေအပျောက် စီစစ်နေဆြဲဖစ်တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

ဒီစစ်ဆင်ရေးမှာပါဝင်တဲ့ တော်လှန်ရေးတပ်တွေကတော့ အမှတ် (၁) စစ်ဒေသ၊ တမူးခရိုင် ကွပ်ကဲမှုနဲ့ တမူးခရိုင် တပ်ရင်း-၂၊ အထူးလှုပ်ရှား တပ်ရင်း-၉၊ ကူကီးအမျိုးသားတပ်မတော် KNA(B)၊ အမျိုးသားလွတ်မြောက်ရေး တပ်တော် (NLA) တို့ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

ဒါ့အပြင်...

- ကန့်ဘလူမြို့နယ်၊ မလည်ရွာမှာ အခြေချထားတဲ့ စစ်တပ်စခန်းကို တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ပြီး စစ်သား (၆) ဦးသေ၊ လက်နက်မျိုးစုံ (၁၄) လက် သိမ်းမိ...

- ကော့ကရိတ်ကနေ မြဝတီသို့ စစ်ကူတက်ရန်ကြိုးစားနေတဲ့ အောင်ဇေယျ စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်တဲ့အတွက် စစ်ကား ၂ စီးပျက်စီး၊ အများအပြားဒဏ်ရာရတယ်လို့ ကျားဖြူစစ်ကြောင်းက သတင်းထုတ်ပြန်...

- မြိတ် - ကော့သောင်း-  ကားလမ်းပေါ်ရှိ တနင်္သာရီနဲ့ ဘုတ်ပြင်းမြို့နယ်အစပ်က  ၁၀၂၀ ဗျုဟာ တောင်ကုန်းကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်...

- PDF  အမှတ် (၁၀၀၉) တပ်ရင်း (သို့မဟုတ်) အင်းလေးပြည်သူ့ကာကွယ်ရေးတပ်(IPDF)ရဲ့ အခြေခံစစ်သင်တန်း ဆင်းပွဲကျင်းပ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

“တနသာင်္ရီတိုင်းမှာ စခန်းသိမ်းတိုက်ပွဲဆင်နိုင်တာဟာ ထူးခြားတဲ့တိုးတက်မှုဖ...


“တနသာင်္ရီတိုင်းမှာ စခန်းသိမ်းတိုက်ပွဲဆင်နိုင်တာဟာ ထူးခြားတဲ့တိုးတက်မှုဖြစ်ပါတယ်”

- လင်းထက်အောင် (CDM - တပ်မတော်အရာရှိ)

(၁၁ -၅ -၂၀၂၄)

“ERO တွေ သိပ်အားမကောင်းတဲ့ ကမ်းရိုးတန်းဒေသ တနသာင်္ရီတိုင်းမှာ အရေးပါတဲ့ စခန်းသိမ်းတိုက်ပွဲတွေဆင်လာနိုင်တာဟာ ထူးခြားတဲ့ တိုးတက်မှုဖြစ်တယ်။ ကြည်းတပ်အပြင် ရေတပ်ရဲ့ လှုပ်ရှားမှုကိုပါ ဟန့်တားနိုင်အောင် ဆောင်ရွက်ဖို့လိုနေတယ်” လို့ CDM- တပ်မတော်အရာရှိ ဗိုလ်ကြီးလင်းထက်အောင်က ပြောပါတယ်။

ထားဝယ်ခရိုင်က ပဲဒက်စခန်းသိမ်းပွဲအပါဝင် ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ထူးခြားတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ...

- ပဲဒက်စခန်းသိမ်းတိုက်ပွဲမှာ ဘယ်လိုထူးခြားချက်တွေ တွေ့ရသလဲ...

- ဒေါနတောင်ခြေက အောင်ဇေယျ- နောက်ပြန်လှန်ကျသွားပြီလား...

- ကရင်နီ စစ်ရေးအခြေအနေက နောက်တဆင့်တက်ဖို့ အဆင်သင့်ဖြစ်နေပြီလား...

... စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(ကချင်၊ ရခိုင်နဲ့ စစ်ကောင်စီအတွင်းရေး ပြိုကျမှုတွေအကြောင်းပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

Friday, May 10, 2024

“မတ္တရာမြို့နယ်က စစ်တပ်စခန်း MDY-PDF သိမ်းပိုက်... တောင်ငူလေတပ်စခန်းကို ...


“မတ္တရာမြို့နယ်က စစ်တပ်စခန်း MDY-PDF သိမ်းပိုက်... တောင်ငူလေတပ်စခန်းကို MKCDF က ရှော့တိုက်ဒုံးနဲ့ပစ်... နောက်ဆုံးရ တိုက်ပွဲသတင်းများ”

(၁၁- ၅- ၂၀၂၄)

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ တောင်တံငါကျေးရွာ ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းတခုကို မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MDY-PDF) က ဝင်ရောက်တိုခိုက်ပြီး ၁၂ ဦးသေ၊ လက်နက်မျိုးစုံ ၁၀ ကျော်သိမ်းမိတယ်လို့ ရွှေဖီမြေက ဖေါ်ပြပါတယ်။

မေလ ၁၀ ရက် မနက် ၅ နာရီမှာ စတင်တိုက်ခိုက်ခဲ့ပြီး ၅ နာရီ ၄၅ မိနစ်မှာ စခန်းတခုံးကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ဗိုလ်ကြီးတစ်ဦးအပါအဝင် ၁၂ ဦးသေဆုံးပြီး၊ လက်နက်မျိုုးစုံ ၁၀ ကျော်သိမ်းမိတာကို ဓာတ်ပုံမှတ်တမ်းထဲ တွေ့ရပါတယ်။

နောင်ချိုမြို့နယ် သရက်ကုန်းကျေးရွာအနီးမှာ တိုက်ပွဲပြင်းထန်နေတယ်လို့ ထုတ်ပြန်ချက်နဲ့ တပြိုင်တည်းမှာ မတ္တရာက စခန်းကို မန္တလေး PDF က ဝင်ရောက် သိမ်းပိုက်လိုက်တာဖြစ်ပါတယ်။

ဒါ့အပြင်...

- စလင်းမြို့နယ်၊ ခင်ပလူရွာဘက်သို့ စစ်ကြောင်းထိုးလာတဲ့ အင်အား(၁၅၀)ဝန်းကျင်ရှိ စစ်တပ်၊ ရဲနဲ့ ပျူစောထီး ပူးပေါင်းစစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်တဲ့အတွက် စစ်သား ၂၀ ခန့် သေဆုံး...

- တောင်ငူမြု့ိရှိ စစ်ကောင်စီလေတပ်ခစန်းကို တော်လှန်ရေးတပ်တွေက ရှော့တိုက် ဒုံးတွေနဲ့ တိုက်ခိုက်တဲ့အတွက် တိုက်လေယာဉ် ၂- စီး ပျက်စီးပြီး စစ်သားတွေ သေဆုံးမှုရှိတယ်လို့ Mountain Knights Civilian Defense Force (MKCDF) က သတင်းထုတ်ပြန်...

- ကြာအင်းဆိပ်ကြီးမြို့နယ်၊ အနန်းကွင်းဗျူဟာစခန်းကနေ ပြန်လည် ဆုတ်ခွာလာတဲ့ ခမရ (၄၀၃) စစ်ကြောင်းကို တောင်ညို တောင်တန်းပေါ်မှာ တော်လှန်ရေးတပ်တွေက ကြားဖြတ် တိုက်ခိုက်တဲ့အတွက် စစ်ကောင်စီဖက်က ၅ ဦး အပြင်းထန်ဒဏ်ရာရပြီး လက်နက်ငယ် ၂ လက် သိမ်းမိ...

- ထားဝယ်ခရိုင်၊ သရက်ချောင်းဖက်မှာတော့ မေလ ၈ ရက်နေ့မှာ တော်လှန်ရေးတပ်တွေက သိမ်းပိုက်လိုက်တဲ့ ပဲဒက်စခန်း ပြန်သိမ်းနိုင်ရေးအတွက် စစ်ကောင်စီတပ်က ထိုးစစ်ပြန်ဆင်နေပြီး ရွာထဲက နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

Thursday, May 9, 2024

“မိုးမောက်နဲ့ မံစီမြို့က အရေးကြီးနေရာတွေကို KIA သိမ်းပိုက်...ပဲဒက်စခန်းမ...


“မိုးမောက်နဲ့ မံစီမြို့က အရေးကြီးနေရာတွေကို KIA သိမ်းပိုက်...
ပဲဒက်စခန်းမှာ အရှင်ဖမ်းမိသူ၂၆ ဦးရှိ... နောက်ဆုံးရ တိုက်ပွဲသတင်းများ”

(၁၀ -၅ - ၂၀၂၄)

ကချင်ပြည်နယ်၊ မိုးမောက်နဲ့ မံစီမြို့တွေမှာ ရဲစခန်းအပါဝင်
အရေးကြီးနေရာအတော်များများကို သိမ်းပိုက်ပြီးဖြစ်ပေမယ့် တမြို့လုံးကို
ထိန်းချုပ်နိုင်တဲ့အနေအထားမျိုးတော့ မဟုတ်သေးဘူးလို့ KIA
ကချင်လွတ်လပ်ရေးတပ် ပြောခွင့်ရက BNN ကိုပြောပါတယ်။

မံစီရှိ စစ်တပ်စခန်း ၂ ခုရဲ့ ကာကင်းတွေကို သိမ်းပြီးဖြစ်တဲ့တိုင်
စစ်တပ်ဖက်က လက်နက်ကြီးတွေ၊ လေကြောင်းပစ်ကူတွေနဲ့ ခုခံနေဆဲဖြစ်တယ်လို့ KIA
ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ဒေသတွင်း မီဒီယာဖြစ်တဲ့ KNG- Kachin News Group ကတော့ တိုက်ပွဲဟာ
ဗန်းမော်နဲ့ ၄ မိုင်လောက်အကွာအထိရောက်နေပြီဖြစ်တဲ့အတွက်
ဗန်မော်ဒေသခံတွေဟာ မေလ ၉ ရက်နေ့ ကစပြီး ထွက်ပြေးတိမ်းရှောင်နေကြပြီလို့
ဖေါ်ပြပါတယ်။

တချိန်တည်းမှာပဲ မြစ်ကြီးနား-မြို့အနီးက ဗလမင်းထင်တံတား စစ်တပ်ဂိတ်ကို
မနေ့က နေ့လယ် ၂ နာရီခန့်မှာ တော်လှန်ရေးတပ်တွေက ဝင်ရောက်ပစ်ခတ်ခဲ့တယ်။

တခါ ဝိုင်မော်မြို့နယ်ရှိ ဒဘတ်ချောင်းကူးတံတားကို မေလ ၈ ရက်နေ့ညမှာ
စစ်ကောင်စီက မိုင်းခွဲ ဖျက်ဆီးလိုက်တယ်လို့လည်း ဒေသတွင်း မီဒီယာတွေမှာ
ဖေါ်ပြထားပါတယ်။

ဒါ့အပြင်...

- ထားဝယ်ခရိုင်၊ သရက်ချောင်းမြိုနယ်၊ ပဲဒက် စခန်းသိမ်းတိုက်ပွဲအတွင်း
စစ်ကောင်စီဖက်က ၈ ဦးသေ၊ ၂၆ ဦးအရှင်ဖမ်းမိပြီး လက်နက်မျိုးစုံ ၃၀
သိမ်းမိတယ်လို့ တနသာင်္ရီတိုင်း စစ်ဌာန က သတင်းထုတ်ပြန်...

- မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ သိန္ဒောရွာရှိ စစ်ကောင်စီတပ်စခန်းကို
တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်တဲ့အတွက် စစ်သား ၂၀ ခန့်အထိ
သေဆုံး...

- ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်ရှိ ဝါးပိုးတော-စစ်ကောင်စီတပ်စခန်းကို
တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်တဲ့အတွက် စစ်သား ၆
ဦးသေပြီး ၄ ဦးဒဏ်ရာရတယ်လို့ KNLA Nighthawks အဖွဲ့က သတင်းထုတ်ပြန်...

- စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ဗောဓီတထောင်မှာ ဘုရားဝင်းမှာ
တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က စစ်သားတွေ ရေခပ်ဆင်းချိန်မှာ
တော်လှန်ရေးတပ်တွေက စောင့်ကြိုတိုက်ခိုက်တဲ့အတွက် ၂ ဦးသေ၊ လက်နက်ငယ်တလက်
သိမ်းမိ...

- မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျောက်ထုတိုက်နယ်ရှိ အကြည်ပန်းမလွန်း
ကျေးရွာက ဘုန်းကြီးကျောင်းကို စစ်ကောင်စီလေယာဉ်က
ဗုံးကြဲတိုက်ခိုက်တဲ့အတွက် လူ‌ဦးရေ ၂၀ ခန့်သေဆုံးနိုင်ပြီး ၃၀ ကျော်
ဒဏ်ရာရ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

Wednesday, May 8, 2024

“ထားဝယ်ဒေသက ပဲဒက် တပ်စခန်းကို KNLA, PDF ပူးပေါင်းတပ်က သိမ်းပိုက်...နောင်...


“ထားဝယ်ဒေသက ပဲဒက် တပ်စခန်းကို KNLA, PDF ပူးပေါင်းတပ်က သိမ်းပိုက်...
နောင်ချိုမှာ တိုက်ပွဲပြင်းထန်... နောက်ဆုံးရ တိုက်ပွဲသတင်းများ”

(၉ -၅- ၂၀၂၄)

ထားဝယ်ခရိုင်၊ သရက်ချောင်မြို့နယ်၊ ပဲဒက် စစ်ကောင်စီတပ်စခန်းကို
တော်လှန်ရေးတပ်တွေက မနေ့က မနက်ပိုင်းမှာ အပြီးသိမ်းလိုက်ပြီး စစ်သား ၂၀
ခန့်လက်နက်ချတယ်လို့ ဒေသတွင်းမီဒီယာ Dawei Watch က ဖေါ်ပြပါတယ်။

KNLA ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နဲ့  PDF
ပြည်သူ့ကာကွယ်ရေးတပ်တွေက ပဲဒက်စခန်းကို မေလ ၅ ရက်မှာ ထိုးစစ်ဆင်ပြီး ၄
ရက်အကြာ မေ ၈ ရက် မနက် ၈ နာရီခန့်မှာ
အလုံးစုံသိမ်းလိုက်နိုင်ပြီဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဖက်က K8W ဂျက်ဖိုက်တ၊ Mi-2 ရဟတ်ယာဉ်တို့နဲ့ ဗုံးအလုံးရေ ၁၀၀
ကျော် ကြဲတဲ့အပြင် ပဲဝရွာ ပင်လယ်ပြင်ကိုရောက်နေတဲ့ ရေတပ်စစ်သင်္ဘောကလည်း
လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်ခတ်နေတဲ့ကြားက အခုလို
သိမ်းလိုက်တာဖြစ်ပါတယ်။

ဆိုရှယ်မီဒီယာမှာပြန့်နေတဲ့ ဗီဒီယို ဖွိုင်ထဲမှာတော့ စစ်ကောင်စီဖက်က
အကျအဆုံးများတဲ့အပြင် ၂၀ ခန့်ကို အရှင်ဖမ်းမိတဲ့ပုံတွေ၊ PDF လူငယ်တွေ
အောင်ပွဲခံနေတဲ့ပုံတွေ မြင်ရပါတယ်။ ဒါဟာ နွေဦးတော်လှန်ရေး ၃ နှစ်တာအတွင်း
ထားဝယ်-မြိတ် ကားလမ်းပေါ်က အရေးပါတဲ့ ဗျုဟာကုန်းတခုကို
တော်လှန်ရေးတပ်တွေက သိမ်းပိုက်နိုင်ခြင်းလည်းဖြစ်ပါတယ်။

ညနေပိုင်းဝင်လာတဲ့သတင်းတွေထဲမှာတော့ ပဲဒက်ရွာမှာ စခန်းအသိမ်းခံလိုက်ရ၊
အရှင်ဖမ်းခံလိုက်ရတဲ့ စစ်ကောင်စီဟာ ပဲဒက်ရွာအနီးရှိ ကနက်သီရိကျေးရွာ
စာသင်ကျောင်းကို ညနေ ၄ နာရီလောက်မှာ လေယာဉ်နဲ့ ဗုံးလာကြဲတဲ့အတွက် ကလေးငယ်
၂ ဦးသေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

စာသင်ကျောင်းက ဘောလုံးကွင်းမှာ ဘော်လုံးကန်ဖို့ပြင်နေတဲ့ အသက် ၁၃
နစ်အရွယ် ကလေး ၂ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရတယ်လို့ဆိုပါတယ်။ ဒ့ါအပြင်
အနီးဝန်းကျင် ကျေးရွာတွေဖြစ်တဲ့ ရငဲရွာနဲ့ ကမြိုင်ရွာကြားကိုလည်း
ဗုံးကြဲတဲ့အတွက် ဆေးရုံအဆောင် ပျက်စီးခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။

တခါ ပဲဝရွာ ပင်လယ်ဝကို နောက်ထပ် စစ်သင်္ဘော ၄ စီးထပ်ရောက်နေပြီး
ကုန်းပေါ်က စစ်ကူလာတဲ့အဖွဲ့နဲ့ပူးပေါင်းနေတယ်။ တော်လှန်ရေးတပ်ပေါင်းစုနဲ့
တိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ Dawei Watch က ဖေါ်ပြထားပါတယ်။

ဒါ့အပြင်...

- ကချင်ပြည်နယ်၊ မိုးမောက်မြို့ထဲရှိ စစ်သားတွေ ထွက်ပြေးသွားပေမယ့်
မြို့ပြင်က ခမရ (၄၃၇) မှာတော့ရှိနေဆဲဖြစ်ပြီး  KIA နဲ့ မဟာမိတ်တွေက
မြို့ကို ဝိုင်းထားဆဲဖြစ်...

- နောင်ချိုမြို့နယ် သရက်ကုန်းကျေးရွာမှာဖြစ်ပွားနေတဲ့တိုက်ပွဲအတွင်း
စစ်ကောင်စီဖက်က ဓာတုအဆိပ်သင့်ဗုံးနဲ့ တိုက်ခိုက်တယ်လို့ PDF- MDY က
သတင်းထုတ်ပြန်...

- တရုတ်နိုင်ငံရဲ့ ကြားဝင်မှုအရ အပစ်ရပ်ထားတဲ့ ရှမ်းမြောက်ဒေသ TNLA -
တအာင်းတပ်မတော်အခြေစိုက်တဲ့ မိုးကုတ်မြို့နယ် ညောင်ကုန်းကျေးရွာကို
စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်...

- ချင်းပြည်နယ်၊ မင်းတပ်မြို့အခြေစိုက် ခလရ (၂၇၄)မှာ တွဲဘက်
တာဝန်‌ထမ်း‌ဆောင်နေတဲ့ ကျောက်ထုမြို့အခြေစိုက် အမတ(၃၆၈) အမြောက်တပ်က
တပ်ကြပ်တဦး လက်နက်ငယ်တလက်နဲ့အတူ တောလှန်ရေးတပ်တွေထံ အလင်းဝင်...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

Tuesday, May 7, 2024

“ဗန်းမော်နဲ့ မံစီကို KIA ဝင်ရောက်... ဖားဆောင်းမှာ တိုက်ပွဲပြင်းထန်...နော...


“ဗန်းမော်နဲ့ မံစီကို KIA ဝင်ရောက်... ဖားဆောင်းမှာ တိုက်ပွဲပြင်းထန်...နောက်ဆုံးရ တိုက်ပွဲသတင်းများ”

(၈- ၅- ၂၀၂၄)

ကချင်ပြည်နယ်၊ ဗန်းမော်နဲ့ မံစီမှာ တိုက်ပွဲဖြစ်နေပြီး ဧရာဝတီမြစ်ကူးတံတားဂိတ် အပါဝင် အရေးကြီးနေရာအတော်များများကို တော်လှန်ရေးတပ်ပေါင်းစုက သိမ်းထားနိုင်ပြီဖြစ်တယ်လို့ KIA ကချင်လွတ်လပ်ရေးတပ် ပြောခွင့်ရက BNN ကိုပြောပါတယ်။

စစ်ကောင်စီဖက်က လေကြောင်းပစ်ကူသုံးတဲ့အပြင် မြေပြင်  စစ်ကူပါ ထပ်ပို့နေတဲ့အတွက် တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ KIA ပြန်ကြားရေးအရာရှိ ဗိုလ်မှူးကြီးနော်ဘူက ပြောပြပါတယ်။

ပြီးခဲ့တဲ့ ၂ ရက်အတွင်း စစ်ကောင်စီစခန်း ၁၀ ခုခန့်ကိုသိမ်းပြီးတဲ့နောက် အခု ဗန်းမော်နဲ့ မံစီကို KIA က ဆက်တိုက် ထိုးစစ်ဆင်လာတာဖြစ်ပါတယ်။ မတ်လ ၇ ရက် (၀၃၀၇) စစ်ဆင်ရေးနောက်ပိုင်း KIA က သိမ်းတဲ့ စခန်းပေါင်း ၈၀ ကျော်ရှိနေပြီလို့ သိရပါတယ်။

ဒေသတွင်းမီဒီယာဖြစ်တဲ့ The 74 Media ကတော့ KIA ပူးပေါင်းတပ်တွေဟာ ဗန်းမော်၊ မိုးမောက်၊ မံစီအပြင် ချီဖွေမြို့နယ်၊ ဖရဲကျေးရွာသွားလမ်းရှိ စစ်ကောင်စီစခန်းတခုကိုလည်း မနေ့ မွန်းလွဲပိုင်းက သိမ်းပိုက်လိုက်တယ်လို့ ဖေါ်ပြထားပါတယ်။ 

ဒါ့အပြင်...

- ကရင်ပြည်နယ်၊ ကော့ကရိတ်မြိုနယ်၊ ဒေါနတောင်ခြေမှာ စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်းနဲ့ KNLA ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-ဦးဆောင်တဲ့ မဟာမိတ်တပ်တွေကြား တိုက်ပွဲပြင်းထန်နေ...

- မေလ ၆ ရက်နေ့မှာ ပစ်ချခဲ့တဲ့ Mi-2 Light attack helicopter ရဟတ်ယာဉ်ပေါ်ပါ လေယာဉ်မှုးအပါဝင် ၇ ဦးသေဆုံးပြီး ၂ ယောက် ဒဏ်ရာရတယ်လို့သိရကြောင်း ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (KPLA)က သတင်းထုတ်ပြန်...

- တနသာင်္ရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ပဲဒက်ရွာမှာ (၃) ရက်မြောက်နေ့အဖြစ် တိုက်ပွဲဆက်ဖြစ်နေပြီး စစ်ကောင်စီဖက်က လေကြောင်းပစ်ကူအပြင် ရေတပ်ကပါ လက်နက်ကြီးတွေနဲ့ လှမ်းပစ်နေ...

- စစ်ကိုင်းမြို့နယ်၊ အုန်းတောရွာအခြေစိုက် အမှတ် (၆၀၀၅)တင့်ကားတပ်ရင်းကို ဒေသခံ တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

Monday, May 6, 2024

“စစ်ကောင်စီ ရဟတ်ယာဉ်ကို ကရင်နီတပ်တွေ ပစ်ချ... စကခ ၁၅ က ရာနဲ့ချီ လက်နက်ချ...


“စစ်ကောင်စီ ရဟတ်ယာဉ်ကို ကရင်နီတပ်တွေ ပစ်ချ... စကခ ၁၅ က ရာနဲ့ချီ လက်နက်ချတဲ့ ဗီဒီယိုမှတ်တမ်း AA ထုတ်ပြန်... နောက်ဆုံးရ တိုက်ပွဲသတင်းများ”

(၇- ၅ -၂၀၂၄)

ကရင်နီပြည်နယ်၊ ဖားဆောင်းဖက်ရောက်လာတဲ့ စစ်ကောင်စီ ရဟတ်ယာဉ်ကို တော်လှန်ရေးတပ်တွေက ပစ်ချတဲ့ ရုပ်-သံဖွိုင်တခုကို ကရင်နီပြည် လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး-ကလလတ- KNPLF က ထုတ်ပြန်ပါတယ်။

ဖားဆောင်းမြို့အခြေစိုက် ခလရ (၁၃၄) နဲ့ (၁၃၅)ကို စစ်ကူလာပို့တဲ့ ရဟတ်ယာဉ်ကို မေလ ၆  မနက် ၁၁ နာရီ ၄၅ မိနစ်မှာမှာ ပစ်ချလိုက်တာဖြစ်တယ်လို့ဆိုပါတယ်။ ကရင်နီတပ်ပေါင်းစုတပ်ဖွဲ့ဝင်တွေက ပွိုင့် (၈ )မောင်းပြန် ၂-လက်နဲ့ ပစ်ချခဲ့တာဖြစ်ပြီး ဘော်လခဲမြို့နယ်အတွင်း ပျက်ကျခဲ့တယ်လို့ ဖေါ်ပြပါတယ်။

ဖားဆောင်းမှာတိုက်ပွဲပြင်းထန်နေပြီး လေကြောင်းပစ်ကူ နေ့စဉ် သုံးနေစဉ်မှာ အခုလို ပစ်ချခံရတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် ဇွန်လ ၃၀ -ကလည်း စစ်ကော င်စီရဲ့ K-8W တိုက်လေယာဉ်တစီးကို ကရင်နီတော်လှန်ရေးတပ်တွေက ဘောလခဲမြိုနယ်မှာ ပစ်ချခဲ့ဖူးပါတယ်။

ဒ့ါအပြင်...

- ကရင်ပြည်နယ်၊ တပ်မဟာ ၅ နယ်မြေ၊ သံလွင်မြစ်ဘေးရှိ သူးမွဲထာ၊ ကောကော်ထာ အပါဝင် စခန်း ၅ ခုကနေ စစ်ကောင်စီတပ်တွေ စခန်းစွန့်ထွက်ပြေးသွား...

- ဝိုင်းမော်မြို့နယ်ရှိ ဂိဒေါန် စခန်းကို ၂၀၁၆ ခုနှစ်မှာ စစ်တပ်ဘက်က ကုန်းကြောင်း-လေကြောင်းက ပူးတွဲစစ်ဆင်ရေးအဖြစ် ၄- လကြာထိုးစစ်ဆင်သိမ်းပိုက်ခဲ့ရပေမယ့် KIA က ၃ ရက်အတွင်း သိမ်းနိုင်ဟုဆို...

- တန့်ဆည်မြို့နယ်၊ ကျွန်းလည်ရွာရှိ စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းစခန်းကို ဒေသခံတော်လှန်ရေးတပ်တွေက ဝင်တိုက်တဲ့အတွက် စစ်ကောင်စီဖက်က သေဆုံးမှုများပြီး လက်နက် ၇ လက်သိမ်းမိ...

- တနသာ်ရီတိုင်း၊ သရက်ချောင်းမြိုနယ် မြိတ်-ထားဝယ်ကားလမ်းပေါ်ရှိ  ကျောက်ဆည်ရွာ ပျူစောထီးစခန်းကို ဒေသခံ တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး လက်နက်တချို့သိမ်းမိ...

- ဘူးသီးတောင်အခြေစိုက် စကခ (၁၅) တပ်မဌာနချုပ်ကို သိမ်းပိုက်စဉ် ဒု-တပ်မမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ တပ်မိသားစုဝင်တွေ ရာနဲ့ချီ လက်နက်ချတဲ့ ဗီဒီယိုမှတ်တမ်းတခုကို AA က ထုတ်ပြန်...

...စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

Sunday, May 5, 2024

“ဆွမ်ပရာဘွမ်မြို့ကို KIA သိမ်းပိုက်... အောင်ဇေယျစစ်ကြောင်း ထိခိုက်ကျဆုံး...


“ဆွမ်ပရာဘွမ်မြို့ကို KIA သိမ်းပိုက်... အောင်ဇေယျစစ်ကြောင်း ထိခိုက်ကျဆုံးမှုများနေ... နောက်ဆုံးရ တိုက်ပွဲသတင်းများ”

(၆- ၅- ၂၀၂၄)

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့အခြေစိုက် ခလရ (၄၆) ရဲ့ ဗျုဟာကုန်းကို မနေ့က အလုံးစုံသိမ်းပိုက်နိုင်လိုက်ပြီဖြစ်တယ်လို့ KIA  ကချင်လွတ်လပ်ရေးတပ်မတော် ပြောခွင့်ရက BNN ကိုပြောပါတယ်။ 

စစ်ကောင်စီဖက်က လေကြောင်းပစ်ကူအပါဝင် လက်နက်ကြီးတွေသုံးပြီး ခုခံနေတဲ့အတွက် ဒီစခန်းသိန်းနိုင်ဖို့ ၂ လနီးပါးကြိုးစားခဲ့ရတယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ 

ဒေသတွင်းမီဒီယာဖြစ်တဲ့ The 74 Media ရဲ့ဖေါ်ပြချက်အရ မတ်လ ၁၆ ရက်နေ့ကတည်းက ဆွမ်ပရာဘွမ်မြို့ ထိုးစစ်ကိုစတင်ခဲ့ပြီး ရဲခစန်းနဲ့ မြို့ကို ပထမ နေ့မှာတင်သိမ်းနိုင်ပေမယ့် စစ်တပ်စခန်းကိုတော့ မနေ့ကမှ သိမ်းနိုင်ခဲ့တာဖြစ်ပါတယ်။

နေ့စဉ် လေကြောင်းတိုက်ခိုက်မှုအပြင်းအထန်လုပ်နေတဲ့ကြားက KIA နဲ့ မဟာမိတ်တွေက အခုလို သိမ်းလိုက်နိုင်တာဖြစ်ပါတယ်။ စစ်တပ်စခန်းကျသွားပြီဖြစ်တဲ့အတွက် ဆွမ်ပရာဘွမ်မြို့သိမ်း တိုက်ပွဲလို့လည်း ဆိုနိုင်ပါတယ်။

ဒီတိုက်ပွဲအတွင်း စစ်ကောင်စီဖက်ကအကျအဆုံးများပြီး လက်နက်ကြီးတွေအပါဝင် လက်နက်များစွာသိမ်းမိတယ်လို့ ဒေသတွင်းမီဒီယာတွေက ဖေါ်ပြပေမယ့် ဗိုလ်မှူးကြီးနော်ဘူကတော့  အသေးစိပ်ထုတ်ပြောခြင်းမရှိပါဘူး။

တချိန်တည်းမှာပဲ ဝိုင်းမော်မြို့နယ်ရှိ နာမည်ကြီး ဂီဒွန်စခန်းအပါဝင် စစ်ကောင်စီ စခန်း ၅ ခုကို မနေ့က တရက်တည်းမှာတင် KIA နဲ့ မဟာမိတ်တပ်တွေက သိမ်းပိုက်လိုက်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ဆက်ပြောပါတယ်။

ဒီစခန်းသိမ်းပွဲမှာလည်း ၁၀၅ မမ အမြောက်ကြီးအပါဝင် လက်နက်ကြီး-ငယ် များစွာသိမ်းမိတယ်လို့ ဒေသတွင်းမီဒီယာတွေမှာ ဖေါ်ပြထားပါတယ်။ 

ဒါ့အပြင်...

- ကော့ကရိတ်ကနေ မြဝတီသို့ စစ်ကူတက်ဖို့ကြိုးစားနေဆဲဖြစ်တဲ့ အောင်ဇေယျ စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်တဲ့အတွက် ဗိုလ်ကြီးတဦးအပါဝင် ၁၂ ဦးသေ၊ ၁၈ဦးထက်မနည်း ဒဏ်ရာရတယ်လို့ ကျားဖြူစစ်ကြောင်း -Albino Tiger Column- က သတင်းထုတ်ပြန်...

- အောင်ဇေယျစစ်ကြောင်းက တပ်မ ၅၅ လက်အောက်ခံ စစ်သား ၃ ဦး လက်နက်တွေနဲ့အတူ အမှတ်(၃၁)ဗျူဟာ ကျားဖြူစစ်ကြောင်းထံ အလင်းဝင်လာ...

- ငါန်းဇွန်မြို့နယ်၊ မြေတိုင်းရွာဖက် ရောက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဒေသခံတော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်တဲ့အတွက် စစ်သား (၁၁) ဦးသေဆုံး...

- မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်၊ ရောင်းဟီးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ဒေသခံ တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်တဲ့အတွက် ၇ ဦးသေ၊ လက်နက် ၅ လက်ရရှိ...

...စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

Saturday, May 4, 2024

“ဘူးသီးတောင် စကခ ၁၅ ဌာနချုပ်ကို AA သိမ်းပိုက်... ကျားဖြန့်သမားတွေ ထွက်ခွ...


“ဘူးသီးတောင် စကခ ၁၅ ဌာနချုပ်ကို AA သိမ်းပိုက်... ကျားဖြန့်သမားတွေ ထွက်ခွာဖို့ BGF သတိပေး... နောက်ဆုံးရ တိုက်ပွဲသတင်းများ”

(၅- ၅- ၂၀၂၄)

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်ရှိ စကခ- စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် အမှတ် (၁၅) ဌာနချုပ်နဲ့ လက်အောက်ခံ တပ်ရင်းဌာနချုပ် ၄ ခုကို အလုံးစုံ သိမ်းပိုက်လိုက်ပြီလို့ AA  အာရက္ခတပ်တော် က သတင်းထုတ်ပြန်ပါတယ်။

စကခ (၁၅) တပ်မဌာနချုပ်ကို မေလ (၂) ရက်၊ ခမရ (၅၅၁) ကို မေလ ၃ ရက်၊ ခမရ ၅၅၂၊ ၅၆၄ နဲ့ ၅၆၅ တို့ကိုတော့ မတ်လ ၂၅ ကနေ ဧပြီ ၂၄ အတွင်း သိမ်းပိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

စကခ (၁၅) တပ်မဌာနချုပ်ကို သိမ်းနိုင်ရေးအတွက်  ကာလအတန်ကြာ ဝိုင်းရံပိတ်ဆို့ထားခဲ့ပြီး  ဧပြီလ နောက်ဆုံးအပတ်မှာ ထိုးစစ်ဆင်ကာ ၁၂ ရက်အတွင်း အပြီးသိမ်းနိုင်တာဖြစ်ပါတယ်။ ဒီစစ်ဆင်ရေးအတွက်း လက်နက်၊ ခဲယမ်းများစွာသိမ်းမိတဲ့အပြင် လက်နက်ချသူတွေ၊ သုံ့ပန်းတွေလည်း ဖမ်းဆီးထားတယ်လို့ AA က ပြောပါတယ်။

ဒါ့အပြင် ဘူးသီးတောင်-မောင်တော ကားလမ်းပေါ်ရှိ တာဝါတိုင် စခန်းကုန်း၊ (၆) မိုင်စခန်းကုန်း၊ နခခ-၁ (ကျီးကန်းပြင်) စခန်း၊ နခခ-၁၀ (လှဖိုးခေါင်) စခန်းတို့ကိုလည်း ပြီးခဲ့တဲ့ ရက်တွေအတွင်း သိမ်းပိုက်ရရှိခဲ့ပြီးဖြစ်တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

တချိန်တည်းမှာပဲ မောင်တော၊ အမ်း၊ ကျောက်ဖြူ၊ သံတွဲ မြို့တွေမှာလည်း စစ်ကောင်စီနဲ့ AA ကြားမှာ တိုက်ပွဲပြင်းထန်နေတယ်လို့ AA ရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

ဒါ့အပြင်...

- ကြာအင်းဆိပ်ကြီး မြို့နယ်၊ တောင်စွန်းစခန်းနဲ့ အနန်းကွင်းဗျူဟာစခန်းသို့ စစ်ကူတက်လာတဲ့  စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်...

- မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်ဒေသအတွင်း ကျားဖြန့်လုပ်ငန်း လုပ်ကိုင်နေတဲ့ နိုင်ငံခြားသားအားလုံး လာရာလမ်းအတိုင်း အမြန်ဆုံး ထွက်ခွာကြဖို့ BGF သတိပေး...

- တနင်္သါရီ မြို့နယ်၊ အောက်ကင်းရွာအခြေစိုက် ခလရ (၅၅၇) က တပ်ကြပ်ကြီးစာရေး ၂ ဦး လက်နက် ၂ လက်နဲ့အတူ တော်လှန်ရေးတပ်တွေထံ အလင်းဝင်...

...စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

Friday, May 3, 2024

“ကြာအင်းဆိတ်ကြီးမြို့နယ်ရှိ တောင်စွန်းတပ်စခန်းကို KNLA သိမ်းပိုက်... လက်...


“ကြာအင်းဆိတ်ကြီးမြို့နယ်ရှိ တောင်စွန်းတပ်စခန်းကို KNLA သိမ်းပိုက်... လက်နက်ကိုင် တိုက်မှ ရတော့မယ်လို့ SSPP ဒုဥက္ကဌ ပြောကြား...နောက်ဆုံးရ တိုက်ပွဲသတင်းများ”

(၄- ၅- ၂၀၂၄)

ကရင်ပြည်နယ်၊ ကြာအင်းဆိတ်ကြီးမြို့နယ်ရှိ ခလရ (၂၈၄) အခြေစိုက် တောင်စွန်းတပ်စခန်းကို မေလ ၃ ရက်မှာ သိမ်းပိုက်လိုက်ပြီလို့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF က သတင်းထုတ်ပြန်ပါတယ်။

ဒီစခန်းကို သိမ်းနိုင်ရေးအတွက် ဧပြီ (၇) ရက်မှာ ဒရုန်းစစ်ဆင်ရေးစတင်ခဲ့ပြီး ဧပြီလ (၁၇) မှာ မြေပြင်ထိုးစစ် စလုပ်တယ်။ မေလ ၃ ရက် မနက်အစောပိုင်းမှာ စခန်းတခုလုံးကိုသိမ်းပြီး ရှင်းလင်းရေးလုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

လက်နက်ကြီး-လက်နက်ငယ် ၄၀ ကျော်သိမ်းမိပြီး စစ်ကောင်စီဖက်က ၂၆ ဦးသေ၊ တပ်ရင်းမှူးအပါဝင် ၁၃ ဦး ထွက်ပြေးသွားတယ်လို့ ကြေညာချက်မှာ ဖေါ်ပြပါတယ်။ စစ်ကောင်စီက ဂျက်ဖိုက်တာ၊ MI35 ၊ Y12 တွေနဲ့ လေကြောင်းတိုက်ခိုက်မှု (၃၆) ကြိမ်ပြုလုပ်ခဲ့တဲ့အတွက် လူနေအိမ် ၅၀ ခန့်ပျက်စီးခဲ့ရသလို တော်လှန်ရေးရဲဘော်တွေလည်း ထိခိုက်ကျဆုံးမှူရှိတယ်လို့ ဖေါ်ပြပါတယ်။

ဒီစစ်ဆင်ရေးမှာ ပါဝင်တဲ့ တော်လှန်ရေးတပ်တွေကတော့ KNLA ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF ၊ lion battalion commando စစ်ကြောင်း၊ Federal Wings၊ Cloud Wings ဒရုန်းပူးပေါင်းတပ်ဖွဲ့တွေဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

ဒါ့အပြင်...

-  ရခိုင်ပြည်နယ်၊ မောင်တောမြို့မှာ နောက်ဆုံးကျန်နေတဲ့ အမှတ် (၁) နယ်ခြားစောင့်စခန်း ကျီးကန်းပြင်ဌာနချုပ်ကို AA အာရက္ခတပ်တော်က မေလ ၂ ရက် မနက်ပိုင်းမှာ သိမ်းပိုက်ပြီဖြစ်တယ်လို့ သတင်းထွက်ပေါ်...

- တပ်မ ၈၈ လက်အောက်ခံ စစ်သားနဲ့ ပျု အဖွဲ့ဝင်တွေပါတဲ့ စစ်ကြောင်းကို အထက် မင်းလှမြို့နယ်နဲ့ မင်းတုန်းမြို့နယ်အစပ် ကျောက်စည်ရွာအနီးမှာ တော်လှန်ရေးတပ်တွေက မိုင်းဆွဲ တိုက်ခိုက်...

- နိုင်ငံရေးစားပွဲဝိုင်းမှာ အဖြေရှာတဲ့နည်းကို စစ်ကောင်စီက လက်မခံတဲ့အတွက် လက်နက်ကိုင်တော်လှန်တဲ့နည်းကို ကျင့်သုံးရတော့မှာဖြစ်တယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် SSPP/SSA  ဒုတိယ ဥက္ကဋ္ဌ  ဒုဗိုလ်ချုပ်ကြီး စဝ်ခွန်ဆိုင်က ပြောကြား...

...စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

Wednesday, May 1, 2024

“ကျင်ဒွေးမြို့ကို ‘ချင်းညီနောင်’ က သိမ်းပိုက်... ဆိပ်ဖြူက စစ်ကောင်စီယာဉ်...


“ကျင်ဒွေးမြို့ကို ‘ချင်းညီနောင်’ က သိမ်းပိုက်... ဆိပ်ဖြူက စစ်ကောင်စီယာဉ်တန်းကို PDF တိုက်ခိုက်... နောက်ဆုံးရ တိုက်ပွဲသတင်းများ”

(၂-၅-၂၀၂၄)

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်က ကျင်ဒွေးမြို့ကို ဧပြီ ၂၉ မှာ ‘ချင်းညီနောင်’ အဖွဲ့က သိမ်းပိုက်လိုက်ပြီဖြစ်ပြီး စစ်ကောင်စီဖက်က အကျအဆုံးများတဲ့အပြင် လက်နက်များစွာသိမ်းမိတယ်လို့ -ချင်းညီနောင်-အဖွဲ့ဝင် မင်းတပ်မြိုနယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့
ပြောခွင့်ရသူက BNN ကိုပြောပါတယ်။

CDF နဲ့ PDF ပူးပေါင်းတပ်တွေက ကျင်ဒွေးမြို့ကို ဒီဇင်ဘာမှာ စတင်တိုက်ခိုက်ခဲ့ပြီး မတ်လ ၇ ရက်မှာတော့ -ချင်းညီနောင်- စစ်ဆင်ရေးအဖြစ် အမည်ပြောင်းခဲ့တယ်။ ဧပြီ ၂၉ ရောက်မှ အခုလိုသိမ်းနိုင်တာဖြစ်တယ်လို့ မင်းတပ် ပအဖ ပြောခွင့်ရ ဆလိုင်းယောမာန်က ပြောပါတယ်။

ချင်းညီနောင် တပ်တွေအပြင် အာရက္ခတပ်တော် (AA)၊ PDF၊ YDF၊ LPDF တို့ကလည်း
ဒီစစ်ဆင်ရေးမှာ ပူးပေါင်းပါဝင်ခဲ့ပါတယ်။ ဒါဟာ ချင်းညီနောင်ရဲ့ ပထမ ဆုံး ဒိုမီနို ဖြစ်ပြီး ချင်းပြည်နယ်မှာ စစ်ကောင်စီကင်းစင်တဲ့အထိ စခန်းသိမ်းတိုက်ပွဲတွေ ဆက်လုပ်သွားမယ်လို့ ဆလိုင်းယောမာန်က ပြောကြားခဲ့ပါတယ်။

ဒါ့အပြင်...

-  ကရင်ပြည်နယ် စစ်ကာင်စီ ဝန်ကြီးချုပ် စောမြင့်ဦးရဲ့ ယာဉ်တန်းကို ကော့ကရိတ်မြို့က ပြန်အထွက်မှာ တော်လှန်ရေးတပ်တွေက တိုက်ခိုက်...

- ဆိပ်ဖြူမြို့ကနေ ပေါက်ဖက်ကိုထွက်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို တော်လှန်ရေးတပ်တွေက မိုင်းခွဲတိုက်ခိုက်...

- သင်တန်းသား ၅၀၀ အထိ တက်ရောက်တဲ့ KNDF- ကရင်နီအမျိုးသားများကာကွယ်ရေးတပ်- ဗျုဟာ (၇) ရဲ့ အပတ်စဉ် (၁) အခြေခံစစ်သင်တန်းဆင်းပွဲတခု ဒီးမော့ဆိုမြို့နယ်မှာ ကျင်းပ...

...စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

“ကျင်ဒွေးက ချင်းညီနောင်ရဲ့ ပထမ ဆုံး ဒိုမီနိုပါ”


“ကျင်ဒွေးက ချင်းညီနောင်ရဲ့ ပထမ ဆုံး ဒိုမီနိုပါ”

- ဆလိုင်းယောမာန် (ပြောခွင့်ရပုဂ္ဂိုလ် - မင်းတင်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့)

(၁- ၅- ၂၀၂၄)

“ကျင်ဒွေးဟာ မြိုငယ်လေးဆိုပေမယ့် ချင်းညီနောင်ရဲ့ ပထမ ဆုံး ဒိုမီနိုဖြစ်တယ်။ ချင်းပြည်နယ်မှာ စစ်ကောင်စီကင်းစင်တဲ့အထိ၊ မကွေးတိုင်းက ဆက်စပ်နယ်မြေတွေအထိ ဆက်လက်တိုက်ပွဲဖေါ်သွားမှာဖြစ်တယ်။ လူထုထောက်ခံမှုကြောင့် အခုလိုအောင်မြင်တာဖြစ်တယ်” လို့ ချင်းပြည်နယ် မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဆလိုင်းယောမာန်က ပြောပါတယ်။

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်အတွင်းရှိ ကျင်ဒွေးမြို့ကို ချင်းညီနောင်အဖွဲ့က ဧပြီ ၂၉ မှာ အပြီးသိမ်းလိုက်နိုင်တဲ့အခြေအနေ၊ ဗျုဟာအရ အရေးပါမှု အခြေအနေတွေနဲ့ ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...

- ကျင်ဒွေးမြို့သိမ်းတိုက်ပွဲ နောက်ဆုံးအခြေအနေ...

- ဒီမြို့က ဗျုဟာအရ ဘယ်လိုအရေးပါမှုရှိသလဲ...

- ကျင်ဒွေးဟာ ပထမ ဆုံး ဒိုမီနို လို့ ဘာကြောင့်ပြောနိုင်တာလဲ...

... စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

Share

Twitter Delicious Facebook Digg Stumbleupon Favorites More