Saturday, December 15, 2012

သူပုန္ေက်ာင္းသားတဦးရဲ့ မာရသြန္ခရီး ၆

ထက္ေအာင္ေက်ာ္ on October 21, 2011 3:04 pm
ေအာက္ေမ့ဖြယ္ / ဧရာ၀တီမဂဇင္း။


အင္အားသစ္မ်ား ထပ္ေရာက္လာျခင္းနဲ႔ ကို္ယ္စားလွယ္ေရြးခ်ယ္ျခင္း

က်ေနာ္တုိ႔အဖြဲ႕ ေမာင္ေတာ္မွာ စခန္းေဆာက္ေနခ်ိန္ ပထမဆုံး ေရာက္လာတဲ့ အုပ္စုကေတာ့ကုိေက်ာ္ေက်ာ္ (ေနာက္ပုိင္း ABSDF ရဲ႕ အေထြေထြအတြင္းေရးမႉး ျဖစ္လာသူ။ NDD နဲ႔ PDC မွာ လက္ရွိ ေခါင္းေဆာင္ တာ၀န္ယူေနသူ) နဲ႔ ရန္ကုန္က လာတဲ့ ေက်ာင္းသား ၄၊ ၅ ဦးပဲျဖစ္ပါတယ္။

သီေဘာဘုိး စခန္းမွာ က်င္းပေသာ ပထမအႀကိမ္ ABSDF အစည္းအေ၀း တက္ေရာက္ခဲ့သည့္ ကုိတင္ေလး၊ ဦးဟန္လင္း၊ ဦးစံေရႊေအာင္နဲ႔ ဦးေအာင္ခင္ အပါ၀င္ မင္းသမီးစခန္းဆီ အေစာဆုံး ေရာက္သြားသည့္ တနသၤာရီတုိင္း ေက်ာင္းသား ကုိယ္စားလွယ္မ်ား

ဒုတိယေရာက္လာတာကေတာ့ နတ္အိမ္ေတာင္ စခန္းကေန (က်ေနာ္တုိ႔ ခဲြ ၁ မွာေသာင္တင္ေနသလုိ သူတုိ႔အုပ္စုလည္း နတ္ အိမ္ေတာင္မွာ ေသာင္တင္ေနတာပါ) ေရာက္လာတဲ့ အင္အား ၁၀၀ ေက်ာ္ရွိတဲ့ ထား၀ယ္နဲ႔ ကံေပါက္အုပ္စု ျဖစ္ပါတယ္။

တတိယ ေရာက္လာတာကေတာ့ ၿမိတ္နဲ႔ ပုေလာေဒသက လာတဲ့ အင္အား ၇၀၊ ၈၀ ေလာက္ရွိတဲ့ အုပ္စုျဖစ္ပါတယ္။ ဒီအုပ္စုကေတာ့ က်ေနာ္တုိ႔ ဘန္းေခ်ာင္းေဒသခဲြဲ ၁ ေရာက္ကတည္းက ထီးခီး ေရကန္ႀကီးနားက KNUစစ္သင္တန္း ေက်ာင္းဆီ တခါတည္း တန္းေရာက္သြားသူေတြျဖစ္ၿပီး အဲဒီမွာ တလတာ အေျခခံ စစ္သင္တန္းၿပီးလုိ႔ က်ေနာ္တုိ႔ စခန္းဆီ ေရာက္လာတာပါ။

က်ေနာ္တုိ႔ ရဲေဘာ္ ၄ က်ိပ္ဟာ တလေက်ာ္ ဆုိးတူေကာင္းဖက္ ျဖတ္ေက်ာ္လာခဲ့ၿပီး ျဖစ္္တဲ့အတြက္ အခ်င္းခ်င္းၾကားမွာ သိပ္ျပႆနာ မရွိေတာ့ပါဘူး။ ဒါေပမယ့္ အင္အားသစ္ေတြ ေရာက္္လာၿပီး လူအင္အား ၂၀၀ ေက်ာ္ ၃၀၀ နီးပါး ရွိလာတဲ့ အခါမွာေတာ့ ထား၀ယ္အုပ္စု၊ ကံေပါက္အုပ္စု၊ ပုေလာအုပ္စု၊ ၿမိတ္အုပ္စု၊ ရန္ကုန္အုပ္စု စသျဖင့္ အုပ္စုစဲြေလးေတြနဲ႔ ဟုိေျပာဒီေျပာ ေ၀ဖန္တုိက္ခုိက္ တာေလးေတြ နည္းနည္း ရွိလာခဲ့ပါတယ္။ အဲဒီမွာ က်ေနာ္ကိုယ္တုိင္ ႀကံဳလုိက္ရတဲ့ ပထမဆုံး အုပ္စု ျပႆနာကေတာ့ ၀က္သားဟင္း ေ၀တာကို ထား၀ယ္သားဆုိရင္ ၂ တုံး ထည့္ေပးၿပီး ၿမိတ္သားဆုိရင္ တတုံးပဲ
ေပးတယ္ဆုိၿပီး စြပ္စြဲ ခံလုိက္ရတာပါ။

က်ေနာ္မွတ္မိသေလာက္ ဆုိရင္ အဲဒီေန႔က စားရတဲ့ ၀က္သားဟင္းဟာ က်ေနာ္တုိ႔ ေမာင္ေတာ္ စခန္းေရာက္ၿပီး ပထမဆုံး စားရတဲ့ ၀က္သားဟင္းပါ။ နတ္အိမ္ေတာင္ဘက္ကေန ေရာက္လာသူေတြနဲ႔အတူ အဲဒီ၀က္သား ပါလာတာလုိ႔ က်ေနာ္ မွတ္မိ ေနပါတယ္္။ နတ္အိမ္ေတာင္စခန္းဟာ (၁၉၉၁ မွာေတာ့ စစ္အစိုးရက သိမ္းပုိက္လုိက္ၿပီး ၁၉၉၆ မွာ ရတနာ ဓါတ္ေငြ႕ပုိက္လုိင္း ျဖတ္သြားတဲ့ အဓိကနယ္စပ္ ေနရာ ျဖစ္လာပါတယ္) က်ေနာ္တုိ႔ ေတာမခုိခင္ကတည္းက ထင္ရွားတဲ့ နယ္စပ္ေမွာင္ခုိ ကုန္သြယ္ေရး လမ္းေၾကာင္းႀကီး တခုျဖစ္တဲ့အတြက္ အဲဒီမွာ တာ၀န္က်တဲ့ KNU အုပ္ခ်ဳပ္ေရး အဖြဲ႕ဟာ က်ေနာ္တုိ႔ ဘန္ေခ်ာင္းက အဖြဲ႕ထက္ ပုိ ၀င္ေငြေကာင္းပါတယ္။

ဆုုိိလုိတာကေတာ့ နတ္အိမ္ေတာင္ဘက္ ေရာက္သြားတဲ့ ေက်ာင္းသားေတြဟာ က်ေနာ္တုိ႔ ဘန္းေခ်ာင္း ေဒသ ေရာက္လာ သူေတြလုိ အစားအေသာက္ဆင္းရဲမႈ သိပ္မႀကံဳရဘဲ ငါးေသတၱာဟင္းကိုေတာင္ မုန္းေအာင္ စားခဲ့ရတယ္လုိ႔ ဆုိပါတယ္။ ေနာက္တခါ အဲဒီကာလက နတ္အိမ္ေတာင္ေဒသမွာရွိတဲ့ ကြမ္းေခ်ာင္းၿမိဳ႕နယ္ရဲ႕ KNU အုပ္ခ်ဳပ္ေရးမႉးကလည္း ၁၉၆၂ ဆဲဗင္းဇူလုိင္ ေက်ာင္းသားလႈပ္ရွားမႈအတြင္း ပါ၀င္ခဲ့တဲ့ ဖဒုိသမိန္ထြန္း (အခု KNU ဗဟုိေကာ္မတီ၀င္) ျဖစ္တဲ့အတြက္ ေက်ာင္းသားေတြကို အထူးအေလးေပး ဆက္ဆံခဲ့တယ္လုိ႔ သိရပါတယ္။

ေနာက္တခ်က္ကေတာ့ နတ္အိမ္ေတာင္ ကုန္သြယ္ေရး လမ္းေၾကာင္းမွာ ေန႔စဥ္လူေတြ ရာနဲ႔ခ်ီ သြားေနတဲ့အတြက္ ခရီးသြား ျပည္သူေတြကလည္း ေက်ာင္းသားေတြကို ႏုိင္သေလာက္ ကူညီေထာက္ပံ့ ေပးခဲ့ၾကတယ္လုိ႔ သိရပါတယ္။

ဒီလုိနဲ႔ က်ေနာ္တုိ႔အုပ္စု မင္းသမီးေဒသဆီ ေရာက္ၿပီး ေမာင္ေတာ္မွာ ေက်ာင္းသားခစန္း အသစ္ စေဆာက္ေနၿပီဆုိတဲ့ သတင္းရၿပီးတာနဲ႔ သူတုိ႔အုပ္စုလည္း က်ေနာ္တုိ႔ရွိရာ အရပ္ဆီ ကုန္းေၾကာင္းခရီး နွင္လာတာ ျဖစ္ပါတယ္။

ထုိင္းနယ္ေျမထဲကေန ကားနဲ႔လာမယ္ဆုိရင္ နတ္အိမ္ေတာင္နဲ႔ မင္းသမီးစခန္းဟာ ၁၀ နာရီေလာက္နဲ႔ ေရာက္ႏုိင္ေပမယ့္ ဒီေလာက္ လူအမ်ားႀကီးကုိ ကားနဲ႔သယ္ဖုိ႔ကမလြယ္၊ ထုိင္းနယ္ေျမထဲ ျဖတ္ဖုိ႔မလြယ္တဲ့အတြက္ ၁၀ ရက္ၾကာ ကုန္းေၾကာင္း ခရီးႏွင္ ခ်ီတက္လာရတာ ျဖစ္ပါတယ္။ နတ္အိမ္ေတာင္စခန္းဟာ ေရွ႕မွာ တင္ျပခဲ့တဲ့ တနသၤာရီျမစ္လက္တက္ ကြမ္းေခ်ာင္း ဖ်ားမွာ ရွိၿပီး အဲဒီေခ်ာင္းရုိးနဲ႔ တနသၤာရီ ျမစ္ကမ္းတေလွ်ာက္ နားလုိက္သြားလုိက္နဲ႔ ၁၀ ရက္ေက်ာ္ၾကာေအာင္ လမ္းေလွ်ာက္ ခ်ီတက္လာၾကတာ ျဖစ္ပါတယ္ (သူတုိ႔ေလွ်ာက္ခဲ့တဲ့ ကလက္ကီး၊ အုိင္၀ုိင္း၊ ဆင္ျဖဴတုိင္၊ အမိုရြာေတြ ရွိတဲ့ တနသၤာရီ ျမစ္ရုိး တေလွ်ာက္ လမ္းၾကမ္းဟာ အခုေတာ့ ထား၀ယ္ – ကန္ခ်နပူရီ အေ၀းေျပးကားလမ္း ျဖစ္သြားခဲ့ပါၿပီ)

ဆိုခဲ့သလို နတ္အိမ္ေတာင္က လာခဲ့တဲ့ သူတုိ႔နဲ႔အတူ အဲဒီ ၀က္သားပါလာတာပါ။

မွတ္မွတ္ရရ အဲဒီေန႔က က်ေနာ္ စားဖုိမႉးတာ၀န္ က်တဲ့ေန႔ပါ။ စားဖုိးမႉးဆုိေပမယ့္ ဘန္းေခ်ာင္းကေန တတ္လာတဲ့ မုိးၿပဲဒယ္နဲ႔
ထမင္းခ်က္နည္း ေလာက္သာ ကၽြမ္းက်င္ၿပီး ဟင္းခ်က္နည္းကိုေတာ့ ေမာင္ေတာ္ေရာက္တဲ့အထိ မတတ္ေသးပါဘူး။

ဒီေနရာမွာ ဘန္းေခ်ာင္းဘက္က ထမင္းဟင္းနဲ႔ နယ္စပ္ ေမာင္ေတာ္စခန္းက ထမင္းဟင္း ဘယ္လုိကြာသလဲ ဆုိတာကို
နည္းနည္း တင္ျပလုိပါတယ္။ ဘန္းေခ်ာင္းမွာ ေနတုန္းက က်ေနာ္တုိ႔စားရတဲ့ ထမင္းဟာ ကရင္ ေတာင္ယာေတြက ထြက္တဲ့ ၀ါက်င္က်င္ အေရာင္ရွိတဲ့ ေမာင္းေထာင္း ဆန္ၾကမ္းျဖစ္ၿပီး အခု ေမာင္ေတာ္ေရာက္တဲ့ အခါမွာေတာ့ ထုိင္းကလာတဲ့ ၃ ပုိင္းက်ဳိး ဆန္ေပ်ာ့ကုိစားရပါတယ္။ ပုိဆုိးတာက အဲဒီ ၃ ပုိင္းက်ဳိး ဆန္ထဲမွာ ႂကြက္ေခ်းလုိလုိ အနက္ေရာင္ ျမက္ပင္ ထိပ္ဖူးေလးေတြ ေရာၿပီး ပါလာတဲ့အျဖစ္ပါ (ေနာက္ပုိင္း ထုိင္းႏိုင္ငံထဲေရာက္မွ သိရတာက ေတာထဲမွာ က်ေနာ္တုိ႔ စားခဲ့တဲ့ ဆန္ေတြဟာ ထုိင္းမွာ ၀က္ေမြးျမဴေရး သမားေတြ သုံးတဲ့ ဆန္ကြဲေတြ ျဖစ္ေနပါတယ္)

ေနာက္ထပ္ က်ေနာ္သတိျပဳမိတဲ့ ဆန္အရည္အေသြး ကြာျခားခ်က္ တခုကေတာ့ ဘန္ေခ်ာင္းဆန္ၾကမ္းဟာ အေရာင္မလွ ေပမယ့္ အဆာပိုခံႏုိင္ေပမယ့္ ထုိင္းဆန္ေပ်ာ့ကေတာ့ အဆာမခံဘဲ ခဏခဏ ျပန္ဆာေနေလ့ ရွိပါတယ္။ ဆန္အမ်ဳိးစား ကြာသြားတဲ့အတြက္ ထည့္ရတဲ့ ေရအခ်ဳိးအစားကလည္း ကြာသြားပါတယ္။ အုိးသူႀကီး အေတြ႕အႀကံဳ ရိွလာတာနဲ႔အမွ် ဒယ္အုိးဖင္မွာ ကပ္ပီးက်န္ေနတဲ့ ထမင္းခ်ဳိးကုိခြာ ဆီးေလးဆမ္း၊ ဆားေလး ပါးပါးျဖဴးၿပီး စားတဲ့အရသာဟာလဲ အုိးသူ
ႀကီးနဲ႔ အဖြဲ႕အတြက္ မဟာအခြင့္ထူးပါပဲ။

ေမာင္ေတာ္စခန္းေရာက္ က်ေနာ္တုိ႔ ေက်ာင္းသားေတြအတြက္ ႏုိင္ငံတကာအလွဴရွင္ေတြက ဆန္နဲ႔ဆားကုိ ေဖာေဖာသီသီ လာလွဴထားၿပီး ဆီပုံး၊ ငါးပိပုံး၊ ငရုတ္သီးေျခာက္၊ ၾကက္သြန္နီေတြကိုေတာ့ အကန္႔အသတ္နဲ႔ လာလွဴထားပါတယ္။

ဘန္ေခ်ာင္းမွာတုန္းက က်ေနာ္တုိ႔စားရတဲ့ ညာအုိးထီး (ငါးပိရည္) ထက္ ထုိင္းကလာတဲ့ ငါးပိပုံးေတြက နည္းနည္း သာတယ္ ဆုိေပမယ့္ က်ေနာ္တုိ႔စားေနက် အစိမ္းစား ထား၀ယ္ငါးပိကိုေတာ့ မမီပါဘူး။ ဒါေပမယ့္ ေတာတြင္းအစားအစာနဲ႔ နည္းနည္း ယဥ္ပါးလာၿပီျဖစ္တဲ့ က်ေနာ္တုိ႔ဟာ အရင္လုိ စားမ၀င္ အိပ္မေပ်ာ္ ကာလလုိမ်ဳိး မဟုတ္ေတာ့ဘဲ တေယာက္ကို အနည္းဆုံး ၂ ပန္းကန္ေလာက္ ဆြဲနုိင္လာၿပီျဖစ္ပါတယ္။ ဒီေန႔လုိမ်ဳိး ၀က္သားဟင္းနဲ႔ ဆုိရင္ေတာ့ ၃ ပန္းကန္ေလာက္ ဆြဲဖုိ႔ျပင္ထားတဲ့ သေဘာရွိပါတယ္။

ဒါေပမဲ့ ၀က္သားက ၅ ကီလုိေလာက္ပဲ ပါလာတဲ့အတြက္ လူ ၂၀၀ ေက်ာ္ကုိ ေလာက္ငွေအာင္ ေ၀ေပးႏုိင္ဖုိ႔ သိပ္မလြယ္ပါဘူး။ အတုံးေသးေသးေလး တေယာက္တတုံးစီ ေပးႏုိင္ဖုိ႔ မွန္ဘီလူးနဲ႔ၾကည့္ၿပီး အသဲအသန္ ခြဲျခမ္းစိတ္ျဖာ ေနရတဲ့အတြက္
၃ ပန္းကန္အတြက္ ၃ တုံး ရဖုိ႔ဆိုတာ မျဖစ္ႏုိင္ပါဘူး။

ဒါေၾကာင့္ ဟင္းအုိးေရွ႕ တန္းလာစီသူေတြကို ပထမတႀကိမ္ လာစိီတဲ့လူသစ္ စစ္စစ္ေတြ ဟုတ္ရဲ႕လား။ တခါစားၿပီးသား ပန္းကန္ေဟာင္းကို ေခ်ာင္းထဲမွာ အျမန္ေဆးၿပီး ထမင္းအသစ္ထည့္၊ ဒုတိယအႀကိမ္ ပုံမွားရုိက္ တန္းလာစီသူလား ဆုိၿပီး စားဖုိးမႉးက အေသအခ်ာ စိစစ္ေနရတဲ့ သေဘာပါ။ ဒါကို သေဘာမေပါက္တဲ့ ၿမိတ္အုပ္စုက ကုိဂြမ္ရွီ (တနသာၤရီတုိင္း လက္ေရြးစင္ ေဘာလုံးသမား၊ ေနာက္ပုိင္းမွာ စခန္းေကာ္မတီ၀င္၊ ေနာက္ ဗကပ ဆီ ေျပာင္းသြားၿပီး ေပ်ာက္ဆုံးသြားသူ) က အခုလို စြပ္စြဲလုိက္တာ ျဖစ္ပါတယ္။

“ဒယ္ စားဖုိမႉး အား ဆုိးမား ေဟး။ တုိ႔ မ်က္ႏွာကို အေသခ်ာၾကည့္ၿပီး ဘိတ္သားမွန္းလည္းသိေရာ ဟင္းတတုံးပဲ ေပးတယ္။ သူတုိ႔ ထား၀ယ္သားအခ်င္းခ်င္း က်ေတာ့ ၂ ခါတန္းစိရင္ ၂ တုံးေပးတယ္။ ဘယ္နယ္မ်ဳိး စားဖုိမႉးလဲ” ဆုိၿပီး ကုိဂြမ္ရွီက ၿမိတ္ေလသံနဲ႔ လူပုံအလယ္မွာေအာ္ၿပီး က်ေနာ့္ကုိ စြပ္စြဲပါ ေတာ့တယ္။

က်ေနာ္လည္း အေတာ္ေဒါကန္သြားၿပီး “ဘာအသားမွ မစားရဘဲ ငါတုိ႔ တလေက်ာ္ေနလာတာ ဘာမွျပႆနာမွ မရွိဘူး။
အခု အသားစားရေတာ့မွ၊ ပုိင္ဆုိင္မႈေလး နည္းနည္း ရွိလာေတာ့မွပဲ ျပႆနာတက္ ေတာ့တယ္” လုိ႔ ညည္းညဴ လုိက္မိ ပါတယ္။

ဒီေနရာမွာ ၿမိတ္ေလသံနဲ႔ ထား၀ယ္ေလသံ ဘယ္လုိကြာသလဲ၊ တနသၤာရီ တုိင္းမွာ ဘာသာစကား ဘယ္ႏွမ်ဳိး ေျပာသလဲ ဆုိတာကိုလည္း အက်ဥ္းရံုး တင္ျပလုိပါတယ္။

တနသၤာရီ တုိင္းဘက္ မေရာက္ဘူးသူေတြက ဘိတ္နဲ႔ထား၀ယ္ကုိ အတူတူလုိ႔ ထင္ၾကေပမယ့္ တကယ္က မတူတာေတြ အမ်ားႀကီးပါ။ ထား၀ယ္စကားကုိ ေရျဖဴ၊ ေလာင္းလုံ၊ သရက္ေခ်ာင္းနဲ႔ ထား၀ယ္ ၄ ၿမိဳ႕နယ္မွာပဲ သုံးၿပီး ပုေလာၿမိဳ႕က သီျခား ေလသံနဲ႔ စကားတမ်ိဳး သုံးပါတယ္။ ၿမိတ္၊ ကၽြန္းစု၊ တနသၤာရီနဲ႔ ဘုတ္ျပင္း ၄ ၿမိဳ႕နယ္က ၿမိတ္စကားကုိ သုံးၿပီး ေကာ့ေသာင္ ၿမိဳ႕နယ္္ကေတာ့ ဗမာအသံနဲ႔ ပုိတူတယ္လုိ႔ က်ေနာ့္နားထဲ သတိထားမိပါတယ္။

ဒီေလသံ ၃၊ ၄ မ်ဳိးအျပင္ ကိုေဌးေအာင္တုိ႔၊ ကိုစံေရႊေအာင္တုိ႔၊ ကိုသိန္းေဆာင္တုိ႔လုိ ထား၀ယ္မွာ အေနၾကာသူ ဗမာေတြ ေျပာတဲ့ ေလသံကလည္း တမ်ဳိးရွိပါေသးတယ္။ ဗမာအသံလည္းမဟုတ္ ထား၀ယ္လည္း မပီတဲ့အတြက္ သူတုိ႔ကို ဂံပ်က္ (ဗမာစကားကို ဂံစကားလုိ႔ ထား၀ယ္ဘက္မွာ ေခၚပါတယ္) ေတြလုိ႔ ေခၚၾကပါတယ္။ ဗမာ စကားစစ္စစ္ ေျပာသူကေတာ့ ကိုေက်ာ္ေက်ာ္နဲ႔ ရန္ကုန္သားအနည္းငယ္ပဲ ရွိပါတယ္။ အနွစ္ခ်ဳပ္လုိက္ရင္ေတာ့ အရင္တုန္းက တခါမွမေတြ႕ဖူးတဲ့ လူမ်ဳိးစုံ၊ ဘာသာစကားမ်ဳိးစုံ၊ စရုိက္မ်ဳိးစုံ လူငယ္ ၂၀၀ ေက်ာ္ကုိ ေတာတြင္းစခန္းတခုမွာ စုထားတဲ့အခ်ိန္မွာ ျပႆနာေတြ ႀကံဳရတယ္ပဲ ဆိုပါေတာ့။

အစားအေသာက္နဲ႔ ဘာသာစကား ျပႆနာအျပင္ ေနာက္ထပ္ႀကံဳရတဲ့ ျပႆနာ တခုကေတာ့ စစ္သားနဲ႔ အရပ္သား ျပႆနာပါ။ ထီးခီးရွိ KNU စစ္သင္တန္းကေန သင္တန္းဆင္းၿပီး ျပန္လာတဲ့ ပုေလာနဲ႔ ၿမိတ္အုပ္စုဟာ က်ေနာ္တုိ႔လုိ အရပ္သား မဟုတ္ေတာ့ဘူး။ သူတုိ႔က စစ္သားျဖစ္ သြားၿပီဆုိေတာ့ က်ေနာ္တုိ႔နဲ႔အတူ ဘားတုိက္မွာ မေနေတာ့ဘဲ ခုနက ေခ်ာင္း ေသးေသးေလးရဲ႕ တျခားတဘက္မွာ သူတုိ႔ဘာသာသူတုိ႔ ျဖစ္သလုိ တဲထုိးၿပီး ေနလုိက္ပါတယ္။ ၿပီးေတာ့ သူတုိ႔ ေနတဲ့ဘက္ကမ္းကုိ စစ္တပ္ကမ္းလုိ႔ သတ္မွတ္လိုက္ပါတယ္။

တကယ္ကေတာ့ သူတုိ႔ကုိယ္သူတုိ႔ စစ္သားလုိ႔ဆုိေနေပမယ့္ KNU က ေပးလုိက္တဲ့ G3 ခပ္အုိအုိတလက္က လဲြၿပီး သူတုိ႔မွာ ေသနတ္မရွိေသးပါဘူး။ ယူနီးေဖါင္းလည္း မရိွေသးပါဘူး။ ဒါေပမယ့္ က်ေနာ္တုိ႔ အခ်င္းခ်င္းၾကားမွာေတာ့ သူတုိ႔က
ေျခတလွမ္း ေရွ႕ေျပးေနတဲ့ စစ္သင္တန္း ဆင္းၿပီးသား၊ ေသနတ္မရွိေသးတဲ့၏ သူပုန္ စစ္သားႀကီးေတြ ဆုိပါေတာ့။

အဲဒီအခ်ိန္မွာပဲ ေဆးသင္တန္းေပးမယ္၊ အဂၤလိပ္စာ အေျခခံရွိသူေတြ ေလွ်ာက္ႏိုင္တယ္ဆုိၿပီး KNU ဘက္က ကမ္းလွမ္း လာပါတယ္။ ဆက္သြယ္ေရး သင္တန္းကိုေတာ့ က်ေနာ္တုိ႔ဆီက ပုိ႔လုိက္တဲ့ အုိဃီးနဲ႔ ဆန္းေဇာ္ထြန္း အပါအ၀င္ မင္းသမီး ေဒသဆီ အေစာဆုံး ေရာက္လာသူေတြထဲက အဂၤလိပ္စာ အေျခခံရွိတဲ့ အမ်ဳိးသား၊ အမ်ဳိးသမီး ၁၀ ေယာက္ေလာက္ကို ေရြးၿပီး ေထာက္လွမ္းေရးမႉး ဗုိလ္ႀကီးဗုိလ္နီက ထီးခီးမွာ ေပးေနတာ တလေက်ာ္ၾကာေနၿပီျဖစ္ပါတယ္။

ေဆးသင္တန္းကုိ ထီးထားေဆးရံုမွာ ေပးမွာျဖစ္ၿပီး ေဆးမႉးနဲ႔ အေနာက္တုိင္းက ေဗာ္လန္တီယာေတြက သင္ေပးမွာ ျဖစ္ပါတယ္။ ေနာက္တခါ ထီးထားဟာ က်ေနာ္တုိ႔စခန္းထက္ ေနသာထုိင္သာရွိတဲ့ ေနရာျဖစ္တာေၾကာင့္ အေတာ္မ်ားမ်ား အဲဒီ သင္တန္းကို၀င္ေလွ်ာက္ၾကၿပီး က်ေနာ္တုိ႔ ရဲေဘာ္ ၄ က်ိပ္ထဲက ကိုညီညီလြင္ေခၚ ကိုဖုိးခ်ဳိ အပါ၀င္ ၁၀ ဦးနီးပါး ပါသြားပါတယ္။

က်ေနာ္နဲ႔ က်န္တဲ့လူတခ်ိဳ႕ကေတာ့ ႏိုင္ငံေရးနဲ႔ စစ္ေရးကိုသာ အားသန္ေနတဲ့အတြက္ အဲဒီသင္တန္းေတြကို မေလွ်ာက္ျဖစ္ လုိက္ပါဘူး။

ေနာက္ဆုံး KNU ဘက္က ကမ္းလွမ္းလာတဲ့ သင္တန္းကေတာ့ က်ေနာ္တုိ႔ေမွ်ာ္ေနတဲ့ စစ္သင္တန္းပါပဲ။ ဒါေပမယ့္ သင္တန္းေပးမယ့္လူက ဗိုလ္စုိးသိန္းနဲ႔ ဦးခ်စ္လြင္တုိ႔ ျဖစ္ေနတဲ့အတြက္ ဒါကုိ လက္မခံႏုိင္ဘူးဆုိၿပီး ေက်ာင္းသားေတြက ျငင္းဆုိခဲ့ပါတယ္။ ဗုိလ္စုိးသိန္း ဆုိတာကေတာ့ KNU လက္ေအာက္ခံ ထား၀ယ္သားတပ္ဖြဲ႕ (ေနာက္ပုိင္းမွာ နအဖဆီ လက္နက္ခ်သြားသူ) က တပ္မႉးျဖစ္ၿပီး ဦးခ်စ္လြင္ ဆုိတာကေတာ့ ထား၀ယ္ဆႏၵျပပြဲေတြ အတြင္း ေက်ာင္းသားေတြနဲ႔ ဆက္ဆံေရး အဆင္မေျပျဖစ္ခဲ့သူလုိ႔ သိရပါတယ္။

ဒီလုိ ျငင္းလုိ႔ခုန္လုိ႔ ေကာင္းတုန္းမွာပဲ ေရွ႕မွာေျပာခဲ့တဲ့ မကဲ-ေက်ာက္အုိင္ ကေန ရေနာင္းကို ဆင္းၿပီး မဲေဆာက္နဲ႔
သီေဘာဘုိး စခန္းဆီ ေရာက္သြားတဲ့ ကုိတင္ေလးနဲ႔အဖြဲ႕ ေမာင္ေတာ္စခန္းဆီ ျပန္ ေရာက္လာၿပီး အေတြ႕အႀကံဳ ရွင္းလင္းပဲြ လုပ္ပါတယ္။ အဓိက ရွင္းျပသူေတြကေတာ့ ကိုတင္ေလး၊ ဦးဟန္လင္း (ေနာက္ပိုင္း စခန္းေကာ္မတီ၀င္ ျဖစ္လာသူ၊ နယူးေယာက္ ကုလသမဂၢရံုးအထိ လမ္းေလွ်ာက္ပဲြ လုပ္သူအျဖစ္ ထင္ရွားၿပီး ၂၀၀၈ မွာ ကြယ္လြန္) နဲ႔ ဦးစံေရႊေအာင္ (ေနာက္ပိုင္းမွာ က်ေနာ္တုိ႔နဲ႔အတူ နယ္ေျမေကာ္မတီဖဲြ႕ဖို႔ မဲေဆာက္ဘက္ အသြားမွာ ျမဝတီဘက္ ျပန္ဝင္သြားတယ္ဆိုၿပီး သတင္းေပ်ာက္သြားသူ) တို႔ ျဖစ္ပါတယ္။ ေနာက္ကိုယ္စားလွယ္ တဦးျဖစ္တဲ့ ၿမိတ္ၿမိဳ႕က အဂၤလိပ္စာ ကၽြမ္းက်င္သူ ဦးေအာင္ခင္ကေတာ့ စခန္းကို ျပန္မလာဘဲ ဗဟုိမွာ စကားျပန္တာ၀န္နဲ႔ က်န္ေနခဲ့ပါတယ္။



သီေဘာဘုိးစခန္းေရာက္ မင္းသမီးစခန္းမွ ကုိယ္စားလွယ္မ်ား
 
သူတို႔ရွင္းျပတဲ့ အခ်က္အေပၚ က်ေနာ္နားလည္ သေလာက္ေတာ့ “ဗဟိုေကာ္မတီေတာ့ ဖဲြ႕လိုက္ၿပီ။ ငါတို႔စခန္းက တေယာက္မွမပါဘူး။ ေအာက္ေျခမရိွတဲ့ လူအမ်ားစု ဗဟိုမွာ အေရြးခံရတဲ့အတြက္ အလုပ္ျဖစ္မယ့္ ဗဟိုေကာ္မတီ မျဖစ္နိုင္ဘူး။ ဒါေၾကာင့္ တကယ္အလုပ္ျဖစ္ႏုိင္တဲ့ KNU နယ္ေျမေရာက္ ေက်ာင္းသားေတြပါတဲ့ နယ္ေျမ ေကာ္မတီဖဲြ႕မယ္။
အဲဒီအတြက္ ကိုယ္စားလွယ္ ေရြးမယ္” ဆိုတာကုိ က်ေနာ္ မွတ္မိေနပါတယ္။

သူတို႔ ၃ ဦးကို ၾကည့္ရတာ ဗဟိုေကာ္မတီ အစည္းေဝးဆီ ထပ္သြားဖို႔ အေတာ္စိတ္ပ်က္ေနပံု ရၿပီး ကိုတင္ေလးနဲ႔ ဦးဟန္လင္းကေတာ့ ဗဟိုဘက္ကို လံုးဝ ျပန္မသြားေတာ့ဘူး၊ သူတို႔ကို ကုိယ္စားလွယ္အျဖစ္ ထပ္မေရြးပါနဲ႔လို႔
ေျပာင္ေျပာပါတယ္။ ပထမ အႀကိမ္ညီလာခံဆီ မင္းသမီးစခန္း ကိုယ္စားလွယ္ေတြအျဖစ္ တက္ခဲ့သူေတြကေတာ့ ထား၀ယ္က ကိုတင္ေလး၊ ပုေလာက ဦးဟန္လင္း၊ ၿမိတ္က ဦးေအာင္ခင္နဲ႔ ကံေဘာက္ဘက္က ဦးစံေရႊေအာင္တုိ႔ပဲ ျဖစ္ပါတယ္။

ဒီလုိနဲ႔ နယ္ေျမေကာ္မတီအတြက္ ကုိယ္စားလွယ္သစ္ ၆ ဦးေရြးတဲ့အထဲ ပါ၀င္လာသူေတြကေတာ့ ထား၀ယ္အုပ္စုက ကုိေအာင္သန္း၀င္း (ေနာက္ပုိင္း မင္းသမီးစခန္း ဥကၠ႒၊ ကုိမုိးသီးဇြန္ဗဟုိရဲ႕ တြဲဘက္ အတြင္းေရးမႉး၊ အခု အေမရိကန္ ေရာက္ေန) နဲ႔ ကိုေက်ာ္ထင္ (ေနာက္ပုိင္း ဗဟုိစစ္ဦးစီးခ်ဳပ္ တာ၀န္ယူသူ။ အခုေနာ္ေ၀းမွာ ေရာက္ေန) ရန္ကုန္အုပ္စုက ကုိေက်ာ္ေက်ာ္ (ေနာက္ပုိင္း ဗဟုိအတြင္းေရးမႉး၊ အခု NDD၊ PDC အဖြဲ႕ေတြမွာ တာ၀န္ယူေနသူ) ေရျဖဴ – ကံေပါက္အုပ္စုက ဦးစံေရႊေအာင္ (က်ေနာ္တို႔နဲ႔ အတူ မဲေဆာက္က ဗုိလ္စုိးစုိး အိမ္မွာ တည္းေနစဥ္ ျမ၀တီဘက္ ျပန္၀င္သလုိလုိနဲ႔ ေပ်ာက္ဆုံး သြားသူ) ပုေလာ – ၿမိတ္အုပ္စုက ဦးေအာင္ခင္ (ေနာက္ပုိင္း ဗဟုိႏုိင္ငံျခားေရးဌာန အရာရွိျဖစ္လာသူ။ အဂၤလိပ္စာ
ကၽြမ္းလြန္းလို႔ Mr. Dictionary လုိ႔ က်ေနာ္တုိ႔က ေခၚေ၀ၚသူ။ အခု ၾသစေတးလ်မွာလုိ႔ ယူဆရ) နဲ႔ ေလာင္းလုံအုပ္စုက ၀င္းထိန္ေခၚ က်ေနာ္ ထက္ေအာင္ေက်ာ္တုိ႔ ျဖစ္ပါတယ္။ တကယ္ကေတာ့ တျခားလူ ၅ ဦးစလုံးဟာ က်ေနာ့္ထက္ ပုိအရည္အခ်င္းရွိသူေတြ ျဖစ္သလုိ အေရြးမခံရသူေတြထဲမွာလည္း က်ေနာ့္ထက္ အရည္အခ်င္း ပုိရွိသူေတြ အမ်ားႀကီး က်န္ေနႏုိင္ ေသးတယ္ ဆုိတာကို က်ေနာ္စဥ္းစားမိပါတယ္။

ဘာေၾကာင့္လဲ ဆုိေတာ့ ကုိယ္စားလွယ္ကုိ လူဦးေရနဲ႔အခ်ဳိးက် ခဲြတာမ်ဳိးမဟုတ္ဘဲ ထား၀ယ္က ၂ ဦး၊ ေရျဖဴက ၁ ဦး၊ ပုေလာနဲ႔ ၿမိတ္က ၁ ဦး။ ေလာင္းလုံက ၁ ဦး၊ ရန္ကုန္က ၁ ဦး ဆုိၿပီး ခဲြတန္းခ်ရာကေန ၁၀ ေယာက္ေတာင္မျပည့္တဲ့ ေလာင္းလုံ ၿမိဳ႕နယ္အတြက္ က်ေနာ္က ကိုယ္စားလွယ္ပါသြားၿပီး လူဦးေရ ၁၀၀ ေက်ာ္စီရွိတဲ့ ထား၀ယ္နဲ႔ေရျဖဴ အုပ္စုထဲက က်ေနာ့္ထက္
အရည္အခ်င္း ပုိရွိသူေတြ က်န္ေနခဲ့ ႏိုင္လို႔ ျဖစ္ပါတယ္။ ေနာက္တခါ အဲဒီကာလ အေျခအေနအရ ဗဟုိထက္ စခန္းကုိ ပုိအေလးထားသူေတြ ဟာလည္း အေတာ္မ်ားေနဆဲ ျဖစ္တဲ့အတြက္ ဗဟုိအတြက္ တမင္အေရြးမခံဘဲ စခန္းမွာပဲ တမင္ခ်န္ေနခဲ့ သူေတြလည္း ရွိႏုိင္တာေၾကာင့္ ၾကားေခ်ာင္ၿပီး က်ေနာ္က ဗဟုိကုိ ပါသြားတာ ျဖစ္ႏုိင္တယ္လုိ႔ ျပန္စဥ္းစားေနမိိ ပါတယ္။
=================================================

ထက်အောင်ကျော် on October 21, 2011 3:04 pm 
အောက်မေ့ဖွယ် / ဧရာဝတီမဂဇင်း။


အင်အားသစ်များ ထပ်ရောက်လာခြင်းနဲ့ ကိုယ်စားလှယ်ရွေးချယ်ခြင်း

ကျနော်တို့အဖွဲ့ မောင်တော်မှာ စခန်းဆောက်နေချိန် ပထမဆုံး ရောက်လာတဲ့ အုပ်စုကတော့ကိုကျော်ကျော် (နောက်ပိုင်း ABSDF ရဲ့ အထွေထွေအတွင်းရေးမှူး ဖြစ်လာသူ။ NDD နဲ့ PDC မှာ လက်ရှိ ခေါင်းဆောင် တာဝန်ယူနေသူ) နဲ့ ရန်ကုန်က လာတဲ့ ကျောင်းသား ၄၊ ၅ ဦးပဲဖြစ်ပါတယ်။ 


သီဘောဘိုး စခန်းမှာ ကျင်းပသော ပထမအကြိမ် ABSDF အစည်းအဝေး တက်ရောက်ခဲ့သည့် ကိုတင်လေး၊ ဦးဟန်လင်း၊ ဦးစံရွှေအောင်နဲ့ ဦးအောင်ခင် အပါဝင် မင်းသမီးစခန်းဆီ အစောဆုံး ရောက်သွားသည့် တနင်္သာရီတိုင်း ကျောင်းသား ကိုယ်စားလှယ်များ

ဒုတိယရောက်လာတာကတော့ နတ်အိမ်တောင် စခန်းကနေ (ကျနော်တို့ ခွဲ ၁ မှာသောင်တင်နေသလို သူတို့အုပ်စုလည်း နတ် အိမ်တောင်မှာ သောင်တင်နေတာပါ) ရောက်လာတဲ့ အင်အား ၁၀၀ ကျော်ရှိတဲ့ ထားဝယ်နဲ့ ကံပေါက်အုပ်စု ဖြစ်ပါတယ်။

တတိယ ရောက်လာတာကတော့ မြိတ်နဲ့ ပုလောဒေသက လာတဲ့ အင်အား ၇၀၊ ၈၀ လောက်ရှိတဲ့ အုပ်စုဖြစ်ပါတယ်။ ဒီအုပ်စုကတော့ ကျနော်တို့ ဘန်းချောင်းဒေသခွဲ ၁ ရောက်ကတည်းက ထီးခီး ရေကန်ကြီးနားက KNUစစ်သင်တန်း ကျောင်းဆီ တခါတည်း တန်းရောက်သွားသူတွေဖြစ်ပြီး အဲဒီမှာ တလတာ အခြေခံ စစ်သင်တန်းပြီးလို့ ကျနော်တို့ စခန်းဆီ ရောက်လာတာပါ။

ကျနော်တို့ ရဲဘော် ၄ ကျိပ်ဟာ တလကျော် ဆိုးတူကောင်းဖက် ဖြတ်ကျော်လာခဲ့ပြီး ဖြစ်တဲ့အတွက် အချင်းချင်းကြားမှာ သိပ်ပြဿနာ မရှိတော့ပါဘူး။ ဒါပေမယ့် အင်အားသစ်တွေ ရောက်လာပြီး လူအင်အား ၂၀၀ ကျော် ၃၀၀ နီးပါး ရှိလာတဲ့ အခါမှာတော့ ထားဝယ်အုပ်စု၊ ကံပေါက်အုပ်စု၊ ပုလောအုပ်စု၊ မြိတ်အုပ်စု၊ ရန်ကုန်အုပ်စု စသဖြင့် အုပ်စုစွဲလေးတွေနဲ့ ဟိုပြောဒီပြော ဝေဖန်တိုက်ခိုက် တာလေးတွေ နည်းနည်း ရှိလာခဲ့ပါတယ်။ အဲဒီမှာ ကျနော်ကိုယ်တိုင် ကြုံလိုက်ရတဲ့ ပထမဆုံး အုပ်စု ပြဿနာကတော့ ဝက်သားဟင်း ဝေတာကို ထားဝယ်သားဆိုရင် ၂ တုံး ထည့်ပေးပြီး မြိတ်သားဆိုရင် တတုံးပဲ
ပေးတယ်ဆိုပြီး စွပ်စွဲ ခံလိုက်ရတာပါ။

ကျနော်မှတ်မိသလောက် ဆိုရင် အဲဒီနေ့က စားရတဲ့ ဝက်သားဟင်းဟာ ကျနော်တို့ မောင်တော် စခန်းရောက်ပြီး ပထမဆုံး စားရတဲ့ ဝက်သားဟင်းပါ။ နတ်အိမ်တောင်ဘက်ကနေ ရောက်လာသူတွေနဲ့အတူ အဲဒီဝက်သား ပါလာတာလို့ ကျနော် မှတ်မိ နေပါတယ်။ နတ်အိမ်တောင်စခန်းဟာ (၁၉၉၁ မှာတော့ စစ်အစိုးရက သိမ်းပိုက်လိုက်ပြီး ၁၉၉၆ မှာ ရတနာ ဓါတ်ငွေ့ပိုက်လိုင်း ဖြတ်သွားတဲ့ အဓိကနယ်စပ် နေရာ ဖြစ်လာပါတယ်) ကျနော်တို့ တောမခိုခင်ကတည်းက ထင်ရှားတဲ့ နယ်စပ်မှောင်ခို ကုန်သွယ်ရေး လမ်းကြောင်းကြီး တခုဖြစ်တဲ့အတွက် အဲဒီမှာ တာဝန်ကျတဲ့ KNU အုပ်ချုပ်ရေး အဖွဲ့ဟာ ကျနော်တို့ ဘန်ချောင်းက အဖွဲ့ထက် ပို ဝင်ငွေကောင်းပါတယ်။

ဆိုလိုတာကတော့ နတ်အိမ်တောင်ဘက် ရောက်သွားတဲ့ ကျောင်းသားတွေဟာ ကျနော်တို့ ဘန်းချောင်း ဒေသ ရောက်လာ သူတွေလို အစားအသောက်ဆင်းရဲမှု သိပ်မကြုံရဘဲ ငါးသေတ္တာဟင်းကိုတောင် မုန်းအောင် စားခဲ့ရတယ်လို့ ဆိုပါတယ်။ နောက်တခါ အဲဒီကာလက နတ်အိမ်တောင်ဒေသမှာရှိတဲ့ ကွမ်းချောင်းမြို့နယ်ရဲ့ KNU အုပ်ချုပ်ရေးမှူးကလည်း ၁၉၆၂ ဆဲဗင်းဇူလိုင် ကျောင်းသားလှုပ်ရှားမှုအတွင်း ပါဝင်ခဲ့တဲ့ ဖဒိုသမိန်ထွန်း (အခု KNU ဗဟိုကော်မတီဝင်) ဖြစ်တဲ့အတွက် ကျောင်းသားတွေကို အထူးအလေးပေး ဆက်ဆံခဲ့တယ်လို့ သိရပါတယ်။

နောက်တချက်ကတော့ နတ်အိမ်တောင် ကုန်သွယ်ရေး လမ်းကြောင်းမှာ နေ့စဉ်လူတွေ ရာနဲ့ချီ သွားနေတဲ့အတွက် ခရီးသွား ပြည်သူတွေကလည်း ကျောင်းသားတွေကို နိုင်သလောက် ကူညီထောက်ပံ့ ပေးခဲ့ကြတယ်လို့ သိရပါတယ်။

ဒီလိုနဲ့ ကျနော်တို့အုပ်စု မင်းသမီးဒေသဆီ ရောက်ပြီး မောင်တော်မှာ ကျောင်းသားခစန်း အသစ် စဆောက်နေပြီဆိုတဲ့ သတင်းရပြီးတာနဲ့ သူတို့အုပ်စုလည်း ကျနော်တို့ရှိရာ အရပ်ဆီ ကုန်းကြောင်းခရီး နှင်လာတာ ဖြစ်ပါတယ်။

ထိုင်းနယ်မြေထဲကနေ ကားနဲ့လာမယ်ဆိုရင် နတ်အိမ်တောင်နဲ့ မင်းသမီးစခန်းဟာ ၁၀ နာရီလောက်နဲ့ ရောက်နိုင်ပေမယ့် ဒီလောက် လူအများကြီးကို ကားနဲ့သယ်ဖို့ကမလွယ်၊ ထိုင်းနယ်မြေထဲ ဖြတ်ဖို့မလွယ်တဲ့အတွက် ၁၀ ရက်ကြာ ကုန်းကြောင်း ခရီးနှင် ချီတက်လာရတာ ဖြစ်ပါတယ်။ နတ်အိမ်တောင်စခန်းဟာ ရှေ့မှာ တင်ပြခဲ့တဲ့ တနင်္သာရီမြစ်လက်တက် ကွမ်းချောင်း ဖျားမှာ ရှိပြီး အဲဒီချောင်းရိုးနဲ့ တနင်္သာရီ မြစ်ကမ်းတလျှောက် နားလိုက်သွားလိုက်နဲ့ ၁၀ ရက်ကျော်ကြာအောင် လမ်းလျှောက် ချီတက်လာကြတာ ဖြစ်ပါတယ် (သူတို့လျှောက်ခဲ့တဲ့ ကလက်ကီး၊ အိုင်ဝိုင်း၊ ဆင်ဖြူတိုင်၊ အမိုရွာတွေ ရှိတဲ့ တနင်္သာရီ မြစ်ရိုး တလျှောက် လမ်းကြမ်းဟာ အခုတော့ ထားဝယ် – ကန်ချနပူရီ အဝေးပြေးကားလမ်း ဖြစ်သွားခဲ့ပါပြီ)

ဆိုခဲ့သလို နတ်အိမ်တောင်က လာခဲ့တဲ့ သူတို့နဲ့အတူ အဲဒီ ဝက်သားပါလာတာပါ။

မှတ်မှတ်ရရ အဲဒီနေ့က ကျနော် စားဖိုမှူးတာဝန် ကျတဲ့နေ့ပါ။ စားဖိုးမှူးဆိုပေမယ့် ဘန်းချောင်းကနေ တတ်လာတဲ့ မိုးပြဲဒယ်နဲ့
ထမင်းချက်နည်း လောက်သာ ကျွမ်းကျင်ပြီး ဟင်းချက်နည်းကိုတော့ မောင်တော်ရောက်တဲ့အထိ မတတ်သေးပါဘူး။

ဒီနေရာမှာ ဘန်းချောင်းဘက်က ထမင်းဟင်းနဲ့ နယ်စပ် မောင်တော်စခန်းက ထမင်းဟင်း ဘယ်လိုကွာသလဲ ဆိုတာကို
နည်းနည်း တင်ပြလိုပါတယ်။ ဘန်းချောင်းမှာ နေတုန်းက ကျနော်တို့စားရတဲ့ ထမင်းဟာ ကရင် တောင်ယာတွေက ထွက်တဲ့ ဝါကျင်ကျင် အရောင်ရှိတဲ့ မောင်းထောင်း ဆန်ကြမ်းဖြစ်ပြီး အခု မောင်တော်ရောက်တဲ့ အခါမှာတော့ ထိုင်းကလာတဲ့ ၃ ပိုင်းကျိုး ဆန်ပျော့ကိုစားရပါတယ်။ ပိုဆိုးတာက အဲဒီ ၃ ပိုင်းကျိုး ဆန်ထဲမှာ ကြွက်ချေးလိုလို အနက်ရောင် မြက်ပင် ထိပ်ဖူးလေးတွေ ရောပြီး ပါလာတဲ့အဖြစ်ပါ (နောက်ပိုင်း ထိုင်းနိုင်ငံထဲရောက်မှ သိရတာက တောထဲမှာ ကျနော်တို့ စားခဲ့တဲ့ ဆန်တွေဟာ ထိုင်းမှာ ဝက်မွေးမြူရေး သမားတွေ သုံးတဲ့ ဆန်ကွဲတွေ ဖြစ်နေပါတယ်)

နောက်ထပ် ကျနော်သတိပြုမိတဲ့ ဆန်အရည်အသွေး ကွာခြားချက် တခုကတော့ ဘန်ချောင်းဆန်ကြမ်းဟာ အရောင်မလှ ပေမယ့် အဆာပိုခံနိုင်ပေမယ့် ထိုင်းဆန်ပျော့ကတော့ အဆာမခံဘဲ ခဏခဏ ပြန်ဆာနေလေ့ ရှိပါတယ်။ ဆန်အမျိုးစား ကွာသွားတဲ့အတွက် ထည့်ရတဲ့ ရေအချိုးအစားကလည်း ကွာသွားပါတယ်။ အိုးသူကြီး အတွေ့အကြုံ ရှိလာတာနဲ့အမျှ ဒယ်အိုးဖင်မှာ ကပ်ပီးကျန်နေတဲ့ ထမင်းချိုးကိုခွာ ဆီးလေးဆမ်း၊ ဆားလေး ပါးပါးဖြူးပြီး စားတဲ့အရသာဟာလဲ အိုးသူ
ကြီးနဲ့ အဖွဲ့အတွက် မဟာအခွင့်ထူးပါပဲ။

မောင်တော်စခန်းရောက် ကျနော်တို့ ကျောင်းသားတွေအတွက် နိုင်ငံတကာအလှူရှင်တွေက ဆန်နဲ့ဆားကို ဖောဖောသီသီ လာလှူထားပြီး ဆီပုံး၊ ငါးပိပုံး၊ ငရုတ်သီးခြောက်၊ ကြက်သွန်နီတွေကိုတော့ အကန့်အသတ်နဲ့ လာလှူထားပါတယ်။

ဘန်ချောင်းမှာတုန်းက ကျနော်တို့စားရတဲ့ ညာအိုးထီး (ငါးပိရည်) ထက် ထိုင်းကလာတဲ့ ငါးပိပုံးတွေက နည်းနည်း သာတယ် ဆိုပေမယ့် ကျနော်တို့စားနေကျ အစိမ်းစား ထားဝယ်ငါးပိကိုတော့ မမီပါဘူး။ ဒါပေမယ့် တောတွင်းအစားအစာနဲ့ နည်းနည်း ယဉ်ပါးလာပြီဖြစ်တဲ့ ကျနော်တို့ဟာ အရင်လို စားမဝင် အိပ်မပျော် ကာလလိုမျိုး မဟုတ်တော့ဘဲ တယောက်ကို အနည်းဆုံး ၂ ပန်းကန်လောက် ဆွဲနိုင်လာပြီဖြစ်ပါတယ်။ ဒီနေ့လိုမျိုး ဝက်သားဟင်းနဲ့ ဆိုရင်တော့ ၃ ပန်းကန်လောက် ဆွဲဖို့ပြင်ထားတဲ့ သဘောရှိပါတယ်။

ဒါပေမဲ့ ဝက်သားက ၅ ကီလိုလောက်ပဲ ပါလာတဲ့အတွက် လူ ၂၀၀ ကျော်ကို လောက်ငှအောင် ဝေပေးနိုင်ဖို့ သိပ်မလွယ်ပါဘူး။ အတုံးသေးသေးလေး တယောက်တတုံးစီ ပေးနိုင်ဖို့ မှန်ဘီလူးနဲ့ကြည့်ပြီး အသဲအသန် ခွဲခြမ်းစိတ်ဖြာ နေရတဲ့အတွက်
၃ ပန်းကန်အတွက် ၃ တုံး ရဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

ဒါကြောင့် ဟင်းအိုးရှေ့ တန်းလာစီသူတွေကို ပထမတကြိမ် လာစီတဲ့လူသစ် စစ်စစ်တွေ ဟုတ်ရဲ့လား။ တခါစားပြီးသား ပန်းကန်ဟောင်းကို ချောင်းထဲမှာ အမြန်ဆေးပြီး ထမင်းအသစ်ထည့်၊ ဒုတိယအကြိမ် ပုံမှားရိုက် တန်းလာစီသူလား ဆိုပြီး စားဖိုးမှူးက အသေအချာ စိစစ်နေရတဲ့ သဘောပါ။ ဒါကို သဘောမပေါက်တဲ့ မြိတ်အုပ်စုက ကိုဂွမ်ရှီ (တနသာၤရီတိုင်း လက်ရွေးစင် ဘောလုံးသမား၊ နောက်ပိုင်းမှာ စခန်းကော်မတီဝင်၊ နောက် ဗကပ ဆီ ပြောင်းသွားပြီး ပျောက်ဆုံးသွားသူ) က အခုလို စွပ်စွဲလိုက်တာ ဖြစ်ပါတယ်။

“ဒယ် စားဖိုမှူး အား ဆိုးမား ဟေး။ တို့ မျက်နှာကို အသေချာကြည့်ပြီး ဘိတ်သားမှန်းလည်းသိရော ဟင်းတတုံးပဲ ပေးတယ်။ သူတို့ ထားဝယ်သားအချင်းချင်း ကျတော့ ၂ ခါတန်းစိရင် ၂ တုံးပေးတယ်။ ဘယ်နယ်မျိုး စားဖိုမှူးလဲ” ဆိုပြီး ကိုဂွမ်ရှီက မြိတ်လေသံနဲ့ လူပုံအလယ်မှာအော်ပြီး ကျနော့်ကို စွပ်စွဲပါ တော့တယ်။

ကျနော်လည်း အတော်ဒေါကန်သွားပြီး “ဘာအသားမှ မစားရဘဲ ငါတို့ တလကျော်နေလာတာ ဘာမှပြဿနာမှ မရှိဘူး။
အခု အသားစားရတော့မှ၊ ပိုင်ဆိုင်မှုလေး နည်းနည်း ရှိလာတော့မှပဲ ပြဿနာတက် တော့တယ်” လို့ ညည်းညူ လိုက်မိ ပါတယ်။

ဒီနေရာမှာ မြိတ်လေသံနဲ့ ထားဝယ်လေသံ ဘယ်လိုကွာသလဲ၊ တနင်္သာရီ တိုင်းမှာ ဘာသာစကား ဘယ်နှမျိုး ပြောသလဲ ဆိုတာကိုလည်း အကျဉ်းရုံး တင်ပြလိုပါတယ်။

တနင်္သာရီ တိုင်းဘက် မရောက်ဘူးသူတွေက ဘိတ်နဲ့ထားဝယ်ကို အတူတူလို့ ထင်ကြပေမယ့် တကယ်က မတူတာတွေ အများကြီးပါ။ ထားဝယ်စကားကို ရေဖြူ၊ လောင်းလုံ၊ သရက်ချောင်းနဲ့ ထားဝယ် ၄ မြို့နယ်မှာပဲ သုံးပြီး ပုလောမြို့က သီခြား လေသံနဲ့ စကားတမျိုး သုံးပါတယ်။ မြိတ်၊ ကျွန်းစု၊ တနင်္သာရီနဲ့ ဘုတ်ပြင်း ၄ မြို့နယ်က မြိတ်စကားကို သုံးပြီး ကော့သောင် မြို့နယ်ကတော့ ဗမာအသံနဲ့ ပိုတူတယ်လို့ ကျနော့်နားထဲ သတိထားမိပါတယ်။

ဒီလေသံ ၃၊ ၄ မျိုးအပြင် ကိုဌေးအောင်တို့၊ ကိုစံရွှေအောင်တို့၊ ကိုသိန်းဆောင်တို့လို ထားဝယ်မှာ အနေကြာသူ ဗမာတွေ ပြောတဲ့ လေသံကလည်း တမျိုးရှိပါသေးတယ်။ ဗမာအသံလည်းမဟုတ် ထားဝယ်လည်း မပီတဲ့အတွက် သူတို့ကို ဂံပျက် (ဗမာစကားကို ဂံစကားလို့ ထားဝယ်ဘက်မှာ ခေါ်ပါတယ်) တွေလို့ ခေါ်ကြပါတယ်။ ဗမာ စကားစစ်စစ် ပြောသူကတော့ ကိုကျော်ကျော်နဲ့ ရန်ကုန်သားအနည်းငယ်ပဲ ရှိပါတယ်။ အနှစ်ချုပ်လိုက်ရင်တော့ အရင်တုန်းက တခါမှမတွေ့ဖူးတဲ့ လူမျိုးစုံ၊ ဘာသာစကားမျိုးစုံ၊ စရိုက်မျိုးစုံ လူငယ် ၂၀၀ ကျော်ကို တောတွင်းစခန်းတခုမှာ စုထားတဲ့အချိန်မှာ ပြဿနာတွေ ကြုံရတယ်ပဲ ဆိုပါတော့။

အစားအသောက်နဲ့ ဘာသာစကား ပြဿနာအပြင် နောက်ထပ်ကြုံရတဲ့ ပြဿနာ တခုကတော့ စစ်သားနဲ့ အရပ်သား ပြဿနာပါ။ ထီးခီးရှိ KNU စစ်သင်တန်းကနေ သင်တန်းဆင်းပြီး ပြန်လာတဲ့ ပုလောနဲ့ မြိတ်အုပ်စုဟာ ကျနော်တို့လို အရပ်သား မဟုတ်တော့ဘူး။ သူတို့က စစ်သားဖြစ် သွားပြီဆိုတော့ ကျနော်တို့နဲ့အတူ ဘားတိုက်မှာ မနေတော့ဘဲ ခုနက ချောင်း သေးသေးလေးရဲ့ တခြားတဘက်မှာ သူတို့ဘာသာသူတို့ ဖြစ်သလို တဲထိုးပြီး နေလိုက်ပါတယ်။ ပြီးတော့ သူတို့ နေတဲ့ဘက်ကမ်းကို စစ်တပ်ကမ်းလို့ သတ်မှတ်လိုက်ပါတယ်။

တကယ်ကတော့ သူတို့ကိုယ်သူတို့ စစ်သားလို့ဆိုနေပေမယ့် KNU က ပေးလိုက်တဲ့ G3 ခပ်အိုအိုတလက်က လွဲပြီး သူတို့မှာ သေနတ်မရှိသေးပါဘူး။ ယူနီးဖေါင်းလည်း မရှိသေးပါဘူး။ ဒါပေမယ့် ကျနော်တို့ အချင်းချင်းကြားမှာတော့ သူတို့က
ခြေတလှမ်း ရှေ့ပြေးနေတဲ့ စစ်သင်တန်း ဆင်းပြီးသား၊ သေနတ်မရှိသေးတဲ့၏ သူပုန် စစ်သားကြီးတွေ ဆိုပါတော့။

အဲဒီအချိန်မှာပဲ ဆေးသင်တန်းပေးမယ်၊ အင်္ဂလိပ်စာ အခြေခံရှိသူတွေ လျှောက်နိုင်တယ်ဆိုပြီး KNU ဘက်က ကမ်းလှမ်း လာပါတယ်။ ဆက်သွယ်ရေး သင်တန်းကိုတော့ ကျနော်တို့ဆီက ပို့လိုက်တဲ့ အိုဃီးနဲ့ ဆန်းဇော်ထွန်း အပါအဝင် မင်းသမီး ဒေသဆီ အစောဆုံး ရောက်လာသူတွေထဲက အင်္ဂလိပ်စာ အခြေခံရှိတဲ့ အမျိုးသား၊ အမျိုးသမီး ၁၀ ယောက်လောက်ကို ရွေးပြီး ထောက်လှမ်းရေးမှူး ဗိုလ်ကြီးဗိုလ်နီက ထီးခီးမှာ ပေးနေတာ တလကျော်ကြာနေပြီဖြစ်ပါတယ်။

ဆေးသင်တန်းကို ထီးထားဆေးရုံမှာ ပေးမှာဖြစ်ပြီး ဆေးမှူးနဲ့ အနောက်တိုင်းက ဗော်လန်တီယာတွေက သင်ပေးမှာ ဖြစ်ပါတယ်။ နောက်တခါ ထီးထားဟာ ကျနော်တို့စခန်းထက် နေသာထိုင်သာရှိတဲ့ နေရာဖြစ်တာကြောင့် အတော်များများ အဲဒီ သင်တန်းကိုဝင်လျှောက်ကြပြီး ကျနော်တို့ ရဲဘော် ၄ ကျိပ်ထဲက ကိုညီညီလွင်ခေါ် ကိုဖိုးချို အပါဝင် ၁၀ ဦးနီးပါး ပါသွားပါတယ်။

ကျနော်နဲ့ ကျန်တဲ့လူတချို့ကတော့ နိုင်ငံရေးနဲ့ စစ်ရေးကိုသာ အားသန်နေတဲ့အတွက် အဲဒီသင်တန်းတွေကို မလျှောက်ဖြစ် လိုက်ပါဘူး။

နောက်ဆုံး KNU ဘက်က ကမ်းလှမ်းလာတဲ့ သင်တန်းကတော့ ကျနော်တို့မျှော်နေတဲ့ စစ်သင်တန်းပါပဲ။ ဒါပေမယ့် သင်တန်းပေးမယ့်လူက ဗိုလ်စိုးသိန်းနဲ့ ဦးချစ်လွင်တို့ ဖြစ်နေတဲ့အတွက် ဒါကို လက်မခံနိုင်ဘူးဆိုပြီး ကျောင်းသားတွေက ငြင်းဆိုခဲ့ပါတယ်။ ဗိုလ်စိုးသိန်း ဆိုတာကတော့ KNU လက်အောက်ခံ ထားဝယ်သားတပ်ဖွဲ့ (နောက်ပိုင်းမှာ နအဖဆီ လက်နက်ချသွားသူ) က တပ်မှူးဖြစ်ပြီး ဦးချစ်လွင် ဆိုတာကတော့ ထားဝယ်ဆန္ဒပြပွဲတွေ အတွင်း ကျောင်းသားတွေနဲ့ ဆက်ဆံရေး အဆင်မပြေဖြစ်ခဲ့သူလို့ သိရပါတယ်။

ဒီလို ငြင်းလို့ခုန်လို့ ကောင်းတုန်းမှာပဲ ရှေ့မှာပြောခဲ့တဲ့ မကဲ-ကျောက်အိုင် ကနေ ရနောင်းကို ဆင်းပြီး မဲဆောက်နဲ့
သီဘောဘိုး စခန်းဆီ ရောက်သွားတဲ့ ကိုတင်လေးနဲ့အဖွဲ့ မောင်တော်စခန်းဆီ ပြန် ရောက်လာပြီး အတွေ့အကြုံ ရှင်းလင်းပွဲ လုပ်ပါတယ်။ အဓိက ရှင်းပြသူတွေကတော့ ကိုတင်လေး၊ ဦးဟန်လင်း (နောက်ပိုင်း စခန်းကော်မတီဝင် ဖြစ်လာသူ၊ နယူးယောက် ကုလသမဂ္ဂရုံးအထိ လမ်းလျှောက်ပွဲ လုပ်သူအဖြစ် ထင်ရှားပြီး ၂၀၀၈ မှာ ကွယ်လွန်) နဲ့ ဦးစံရွှေအောင် (နောက်ပိုင်းမှာ ကျနော်တို့နဲ့အတူ နယ်မြေကော်မတီဖွဲ့ဖို့ မဲဆောက်ဘက် အသွားမှာ မြဝတီဘက် ပြန်ဝင်သွားတယ်ဆိုပြီး သတင်းပျောက်သွားသူ) တို့ ဖြစ်ပါတယ်။ နောက်ကိုယ်စားလှယ် တဦးဖြစ်တဲ့ မြိတ်မြို့က အင်္ဂလိပ်စာ ကျွမ်းကျင်သူ ဦးအောင်ခင်ကတော့ စခန်းကို ပြန်မလာဘဲ ဗဟိုမှာ စကားပြန်တာဝန်နဲ့ ကျန်နေခဲ့ပါတယ်။




သီဘောဘိုးစခန်းရောက် မင်းသမီးစခန်းမှ ကိုယ်စားလှယ်များ
 
သူတို့ရှင်းပြတဲ့ အချက်အပေါ် ကျနော်နားလည် သလောက်တော့ “ဗဟိုကော်မတီတော့ ဖွဲ့လိုက်ပြီ။ ငါတို့စခန်းက တယောက်မှမပါဘူး။ အောက်ခြေမရှိတဲ့ လူအများစု ဗဟိုမှာ အရွေးခံရတဲ့အတွက် အလုပ်ဖြစ်မယ့် ဗဟိုကော်မတီ မဖြစ်နိုင်ဘူး။ ဒါကြောင့် တကယ်အလုပ်ဖြစ်နိုင်တဲ့ KNU နယ်မြေရောက် ကျောင်းသားတွေပါတဲ့ နယ်မြေ ကော်မတီဖွဲ့မယ်။
အဲဒီအတွက် ကိုယ်စားလှယ် ရွေးမယ်” ဆိုတာကို ကျနော် မှတ်မိနေပါတယ်။

သူတို့ ၃ ဦးကို ကြည့်ရတာ ဗဟိုကော်မတီ အစည်းဝေးဆီ ထပ်သွားဖို့ အတော်စိတ်ပျက်နေပုံ ရပြီး ကိုတင်လေးနဲ့ ဦးဟန်လင်းကတော့ ဗဟိုဘက်ကို လုံးဝ ပြန်မသွားတော့ဘူး၊ သူတို့ကို ကိုယ်စားလှယ်အဖြစ် ထပ်မရွေးပါနဲ့လို့
ပြောင်ပြောပါတယ်။ ပထမ အကြိမ်ညီလာခံဆီ မင်းသမီးစခန်း ကိုယ်စားလှယ်တွေအဖြစ် တက်ခဲ့သူတွေကတော့ ထားဝယ်က ကိုတင်လေး၊ ပုလောက ဦးဟန်လင်း၊ မြိတ်က ဦးအောင်ခင်နဲ့ ကံဘောက်ဘက်က ဦးစံရွှေအောင်တို့ပဲ ဖြစ်ပါတယ်။

ဒီလိုနဲ့ နယ်မြေကော်မတီအတွက် ကိုယ်စားလှယ်သစ် ၆ ဦးရွေးတဲ့အထဲ ပါဝင်လာသူတွေကတော့ ထားဝယ်အုပ်စုက ကိုအောင်သန်းဝင်း (နောက်ပိုင်း မင်းသမီးစခန်း ဥက္ကဋ္ဌ၊ ကိုမိုးသီးဇွန်ဗဟိုရဲ့ တွဲဘက် အတွင်းရေးမှူး၊ အခု အမေရိကန် ရောက်နေ) နဲ့ ကိုကျော်ထင် (နောက်ပိုင်း ဗဟိုစစ်ဦးစီးချုပ် တာဝန်ယူသူ။ အခုနော်ဝေးမှာ ရောက်နေ) ရန်ကုန်အုပ်စုက ကိုကျော်ကျော် (နောက်ပိုင်း ဗဟိုအတွင်းရေးမှူး၊ အခု NDD၊ PDC အဖွဲ့တွေမှာ တာဝန်ယူနေသူ) ရေဖြူ – ကံပေါက်အုပ်စုက ဦးစံရွှေအောင် (ကျနော်တို့နဲ့ အတူ မဲဆောက်က ဗိုလ်စိုးစိုး အိမ်မှာ တည်းနေစဉ် မြဝတီဘက် ပြန်ဝင်သလိုလိုနဲ့ ပျောက်ဆုံး သွားသူ) ပုလော – မြိတ်အုပ်စုက ဦးအောင်ခင် (နောက်ပိုင်း ဗဟိုနိုင်ငံခြားရေးဌာန အရာရှိဖြစ်လာသူ။ အင်္ဂလိပ်စာ
ကျွမ်းလွန်းလို့ Mr. Dictionary လို့ ကျနော်တို့က ခေါ်ဝေါ်သူ။ အခု သြစတေးလျမှာလို့ ယူဆရ) နဲ့ လောင်းလုံအုပ်စုက ဝင်းထိန်ခေါ် ကျနော် ထက်အောင်ကျော်တို့ ဖြစ်ပါတယ်။ တကယ်ကတော့ တခြားလူ ၅ ဦးစလုံးဟာ ကျနော့်ထက် ပိုအရည်အချင်းရှိသူတွေ ဖြစ်သလို အရွေးမခံရသူတွေထဲမှာလည်း ကျနော့်ထက် အရည်အချင်း ပိုရှိသူတွေ အများကြီး ကျန်နေနိုင် သေးတယ် ဆိုတာကို ကျနော်စဉ်းစားမိပါတယ်။

ဘာကြောင့်လဲ ဆိုတော့ ကိုယ်စားလှယ်ကို လူဦးရေနဲ့အချိုးကျ ခွဲတာမျိုးမဟုတ်ဘဲ ထားဝယ်က ၂ ဦး၊ ရေဖြူက ၁ ဦး၊ ပုလောနဲ့ မြိတ်က ၁ ဦး။ လောင်းလုံက ၁ ဦး၊ ရန်ကုန်က ၁ ဦး ဆိုပြီး ခွဲတန်းချရာကနေ ၁၀ ယောက်တောင်မပြည့်တဲ့ လောင်းလုံ မြို့နယ်အတွက် ကျနော်က ကိုယ်စားလှယ်ပါသွားပြီး လူဦးရေ ၁၀၀ ကျော်စီရှိတဲ့ ထားဝယ်နဲ့ရေဖြူ အုပ်စုထဲက ကျနော့်ထက်
အရည်အချင်း ပိုရှိသူတွေ ကျန်နေခဲ့ နိုင်လို့ ဖြစ်ပါတယ်။ နောက်တခါ အဲဒီကာလ အခြေအနေအရ ဗဟိုထက် စခန်းကို ပိုအလေးထားသူတွေ ဟာလည်း အတော်များနေဆဲ ဖြစ်တဲ့အတွက် ဗဟိုအတွက် တမင်အရွေးမခံဘဲ စခန်းမှာပဲ တမင်ချန်နေခဲ့ သူတွေလည်း ရှိနိုင်တာကြောင့် ကြားချောင်ပြီး ကျနော်က ဗဟိုကို ပါသွားတာ ဖြစ်နိုင်တယ်လို့ ပြန်စဉ်းစားနေမိ ပါတယ်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More