Wednesday, March 27, 2013

တပ်မတော်များ အသွင်ပြောင်းချိန်

ထက်အောင်ကျော် (၂၆-၀၃-၂၀၁၃)
(အကြောင်းအမျိုးမျိုးကြောင့် မနေ့က မတင်ဖြစ်လို့ ဒီနေ့မှတင်လိုက်ရပါတယ်)

မနက်ဖြန် ကျရောက်မဲ့ မတ်လ ၂၇ ရက်နေ့ဟာ ၆၈ ကြိမ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ သို့မဟုတ် အစိုးရအခေါ် တပ်မတော်နေ့ဖြစ်ပါတယ်။ ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့က ရန်ကုန် တော်လှန်ရေး ပန်းခြံမှာပြုလုပ်တဲ့ တပ်ထွက်မိန့်ခွန်းအတွင်း ''အနီးဆုံးရန်သူကိုရှာတိုက်ကြ'' လို့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် အောင်ဆန်းကပြောကြားခဲ့ပါတယ်။ အဲဒီနေ့ကိုအစွဲပြုပြီး ဖက်ဆစ်တော်လှန်ရေးနေ့အဖြစ် သတ်မှတ် ထားရာကနေ မဆလ အစိုးရခေတ်မှာ တော်လှန်ရေးနေ့ သို့မဟုတ် တပ်မတော်နေ့ဆိုပြီး ပြက္ခဒိန်မှာ တရားဝင်ပြောင်းလဲထည့်သွင်းခဲ့တယ်လို့ သမိုင်းလေ့လာသူတွေကပြောပါတယ်။



တကယ်တန်းမြန်မာ့တပ်မတော်ကိုစတင်ဖွဲ့စည်းခဲ့တဲ့နေ့ကတော့ ၁၉၄၁ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်နေ့ဖြစ် ပါတယ်။ ဟိုင်နန်းကျွန်းမှာစစ်ပညာသင်ပြီးပြန်လာတဲ့ ရဲဘော်သုံးကျိပ်အဖွဲ့ဝင်တွေက ထိုင်းနိုင်ငံ ဘန် ကောက်မှာ စတင်ဖွဲ့စည်းခဲ့တာလို့ သမိုင်းမှတ်တန်းတွေကဖေါ်ပြပါတယ်။ ထားပါ။ ကျနော်အဓိကတင်ပြ ချင်တာက တပ်မတော်သမိုင်းမဟုတ်ပါဘူး။ တပ်မတော်ရဲ့အနာဂတ် ဖြစ်ပါတယ်။

မနက်ဖြန် နေပြည်တော်မှာကျင်းပမဲ့ တပ်မတော်နေ့အခန်းနားအတွင်း စစ်ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှုး ကြီးမင်းအောင်လှိုင် ဘယ်လိုမိန့်ခွန်းပြောမယ်ဆိုတာမသိရသေးပေမဲ့ ဒီနှစ်တပ်မတော်ဟာ အယင်နှစ် ကတပ်မတော်နဲ့တောင် မတူတော့ဘူးလို့ကျနော်ထင်ပါတယ်။ ဒါကြောင့် ''ပြည်တွင်း ပြည်ပအဖျက် သ မားများအား အမြစ်ပြတ်ချေမှုန်းကြ'' ဆိုတဲ့ နှစ်စဉ်ပြောနေကြ စစ်သွေးစစ်သံလွှမ်းတဲ့ မိန့်ခွန်းအစား ''ပြည်တွင်း ပြည်ပက အများပြည်သူနဲ့ ချစ်ကြည်ရေးထူထောင်ကြ'' လို့ ပြောမလားဆိုပြီး မျှော်လင့် စရာ ရှိနေပါတယ်။

ဘာကြောင့်လဲဆိုရင် လွန်ခဲ့တဲ့ တနှစ်တာအတွင်း၊ အတိအကျပြောရမယ်ဆိုရင် ၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့ကကျင်းပတဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာအနိုင်ရတဲ့ နိုဗယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစု ကြည်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါလီမန်ထဲရောက်လာပြီးကတည်းက အစိုးရနဲ့ တပ်မတော်ရဲ့ လုပ်ပုံကိုင်ပုံ၊ ပြောပုံဆိုပုံတွေဟာ အယင်လိုမဟုတ်ပဲ အတော်ကြီးကိုပြောင်းလဲလာနေလို့ ဖြစ်ပါတယ်။

နောက်တခါ အယင်အစိုးရခေတ်က နိုင်ငံတကာရဲ့ ခရီးသွားခွင့် ဗွီဇာ ပိတ်ပင်ခံထားရတဲ့ စစ်ဗိုလ်ချုပ် တွေဟာ သမ္မတဦးသိန်းစိန်ရဲ့ ဥရောပနဲ့ သြစတေလျခရီးစဉ်တွေအတွင်း လိုက်ပါ လေ့လာခွင့်ရတာက လဲ လတ်တလောထူးခြားမှုအဖြစ်မြင်မိပါတယ်။ ဥရောပ ၅ နိုင်ငံခရီးစဉ်အတွင်း ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီးစိုးဝင်းလိုက်ခဲ့သလို သြစတေလျ ခရီးစဉ်အတွင်းမှာလဲ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်း လိုက်ပါခဲ့တာ ကိုတွေ့ရပါတယ်။

တချိန်တည်းမှာပဲ သြစတေလျအစိုးရကနေ တိုက်ခိုက်ရေးမဟုတ်တဲ့ စစ်ဖက်ဆိုင်ရာအကူညီတွေပေး မယ်၊ စစ်သံမှုးဆက်သွယ်ရေးပြန်လုပ်မယ်လို့ပြောလိုက်ပါတယ်။ တခါ အမေရိကန်အစိုးရဖက်ကလဲ မြန်မာ့တပ်မတော်နဲ့ပူးပေါင်းဆောင်ရွက်ဖို့ကမ်းလှမ်းထားပါတယ်။ ဒါတွေဟာ အယင်နှစ်ကနဲ့မတူတဲ့ အ ချက်များစွာထဲက မြင်သာတဲ့ ထူးခြားချက်တွေဖြစ်ပါတယ်။

ပြည်တွင်းအခြေနေကိုကြည့်မယ်ဆိုရင်လဲ ဒီတနှစ်အတွင်း လုပ်လိုက်တဲ့ အပစ်ခတ်ရပ်စဲရေးလုပ်ငန်းစဉ် က နဲနဲနောနောမဟုတ်ပါဘူး။ နောက်ဆုံးတိုက်နေဆဲ KIA ကချင်လွတ်လပ်ရေးတပ်မတော်နဲ့တောင် ညှိနှိုင်းနေပြီဖြစ်တဲ့အတွက် မနက်ဖြန်ကျင်းပမဲ့ တပ်မတော်နေ့ကနေ ရှေ့လာမဲ့နှစ်တွေမှာ တိုက်ပွဲဆင် စရာမလို သလောက်ဖြစ်သွားနိုင်ပါတယ်။ ဒါဟာ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးကတည်းက အချင်း ချင်းတိုက်နေတဲ့ ပြည်တွင်းစစ် သမိုင်းတခု နိဂုံးချုပ်ခါနီးအချိန်လို့လဲ ဆိုနိုင်မယ်ထင်ပါတယ်။

ဒီလိုအခြေနေမှာ မြန်မာ့တပ်မတော် ဘာဆက်လုပ်မလဲ။ တကယ်ကတော့ မြန်မာ့တပ်မတော်တခု တည်းတင်မကပါဘူး။ သူရဲ့တိုက်ဖေါ်တိုက်ဖက် ရန်သူတော်တွေဘ၀ကနေ လက်တွဲဖေါ်လက်တွဲဖက် မိတ်ဆွေတွေဖြစ်သွားတဲ့ အပစ်ရပ် တိုင်းရင်းသားတပ်မတော်အားလုံး ဘာဆက်လုပ်မလဲဆိုတာဟာ ဒီ နှစ် တပ်မတော်နေ့မှာ စဉ်းစားသင့်တဲ့ကိစ္စဖြစ်ပါတယ်။

အယင်နှစ်တွေတုန်းက စစ်ပွဲတွေအတွက် ကုန်ကျခဲ့တဲ့စစ်စရိတ်တွေကို ဒီနှစ်မှာတော့ တပ်မတော်အား စနစ်တကျ ပြန်လည်စုဖွဲ့တည်ဆောက်ရေး၊ တပ်မတော်သားတွေရဲ့သက်သာချောင်ချီရေး၊ အထူးသဖြင့် ပြည်တွင်းစစ် နှစ် ၆၀ ကျော်အတွင်း ကျဆုံး ထိခိုက်ဒဏ်ရာရသူတွေအတွက် အလေးပေးစဉ်းစား သုံးစွဲသင့်တဲ့ အချိန်ရောက်နေပြီလို့ထင်ပါတယ်။ ရှေ့မှာတင်ပြခဲ့တဲ့အတိုင်း ကျနော်ပြောနေတဲ့ တပ်မ တော်ဆိုတာဟာ နေပြည်တော်က မြန်မာ့တပ်မတော်တခုတည်းမဟုတ်ပါဘူး။ တနိုင်ငံလုံးရှိ လက်နက် ကိုင်တပ် အသီးသီးကို ဆိုလိုတာဖြစ်ပါတယ်။

ကျနော်ကိုယ်တိုင်တချိန်ကပါဝင်ခဲ့ဖူး ABSDF ခေါ် ကျောင်းသားတပ်မတော်မှာတောင် နှစ် ၂၀  ကာလ အတွင်း ကျဆုံး ၃၅၃-ဦး၊ သေဆုံး ၂၇၃-ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၃၉၉-ဦး၊ စုစုပေါင်း ၁၀၂၄-ဦးရှိတယ် လို့သိရပါတယ်။ နှစ် ၂၀ သက်တန်းသာရှိတဲ့ ABSDF မှာတောင် ထိခိုက်ကျဆုံးမှုက ဒီလောက်ရှိနေပြီ ဆိုရင် ပြည်တွင်းစစ် နှစ် ၆၀ ကျော်ကာလတလျောက်လုံး တိုက်ခိုက်နေကြတဲ့၊ ABSDF ထက် အင်အား ပိုများတဲ့ တိုင်းရင်းသားတပ်မတော်တွေမှာ ထိခိုက်ကျဆုံးမှုစာရင်း ဒီထက်မက များမယ်ဆိုတာ ခန့်မှန်း လို့ရနိုင်ပါတယ်။

မြန်မာငြိမ်းချမ်းရေးစင်တာက ထုတ်ပြန်ထားတဲ့စာရင်းအရဆိုရင် ၂၀၁၁ နှစ်လယ်ကနေ ၂၀၁၂ နှောင်း ပိုင်းအထိ တိုင်းရင်းသားတပ်မတော် ၁၃ ဖွဲ့နဲ့ အပစ်ရပ်လက်မှတ်ရေးထိုးနိုင်ခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမဲ့ KIA နဲ့ ABSDF အပါဝင် အခြား ၈ ဖွဲ့ကတော့ အခုထိ အပစ်ခတ်ရပ်စဲရေးမလုပ်နိုင်သေးဘူးလို့ ဆိုပါ တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလက်နက်ကိုင်တပ်မတော် ၂၁ ဖွဲ့ရဲ့ ထိခိုက်ကျဆုံး ဒဏ်ရာရမှုစာရင်းဟာ မနဲ လှပါဘူး။ တခါ ဒီအဖွဲ့အားလုံးကို ရင်ဆိုင်တိုက်ခိုက်နေရတဲ့ မြန်မာ့တပ်မတော်ရဲ့ အကျအဆုံး ထိခိုက် ဒဏ်ရာရမှုက ၂၁ ဖွဲ့ရဲ့စာရင်းထက် ပိုများမယ်ဆိုတာ သံသယရှိစရာမလိုပါဘူး။

အခု စစ်ပွဲတွေရပ်လို့ တပ်မတော်တွေ အသွင်သစ်တမျိုးပြောင်းရတော့မဲ့ အခြေနေမှာ နှစ်ဖက် တိုက်ပွဲ တွေအတွင်း ကျဆုံး သေဆုံး ထိခိုက်ဒဏ်ရာရသူတွေကို နှစ်ဖက်တပ်မတော်တွေက ဘယ်လိုမှတ်တန်း တင်ကြမလဲ။ ဘယ်လိုထောက်ပံ့မှုလုပ်ပေးကြမလဲ။ သူတို့ရဲ့မိသားစုအတွက် ဘာလုပ်ပေးကြမလဲ။ ဒါ ဟာ ဒီနှစ်တပ်မတော်နေ့မှာ မေးသင့်တဲ့မေးခွန်းတွေဖြစ်ပါတယ်။

ပထမ အဆင့်အရေးတကြီးလုပ်သင့်တာကတော့ နှစ် ၆၀ ကျော်ပြည်တွင်းစစ်အတွင်း ကျဆုံးသွားတဲ့ နှစ်ဖက်တပ်မတော်သားတွေအားလုံးကို သက်ဆိုင်ရာအဖွဲ့စည်းအတွက် အသက်ပေးကာကွယ်သွာသူ တွေအဖြစ် နှစ်ဖက်စလုံးက အသိမှတ်ပြုဖို့လိုမယ်ထင်ပါတယ်။ မြန်မာ့တပ်မတော်ဖက်က ကျဆုံးတဲ့ တပ်သားတွေလောက်ကိုပဲ သူရဲကောင်းဗိမာန်မှာ မှတ်တန်းတင်ဂုဏ်ပြုထားပြီး အခြားပြိုင်ဖက်တပ်တွေ က ကျဆုံးသူတွေကို မေ့ထားတာမျိုးမဖြစ်သင့်ပါဘူး။ တချိန်က ရန်သူတွေဖြစ်ခဲ့ကြလို့ သူသေ ကိုယ် သေ တိုက်ခိုက်ခဲ့ကြပေမဲ့ အခုချိန်မှာတော့ ဒီတပ်မတော်တွေဟာ အချင်းချင်းလက်တွဲပြီး ရှေ့ကိုချီ တက်ရမဲ့အချိန်ရောက်နေပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်အတွင်းတော့ ငြိမ်းအဖွဲ့တခုဖြစ်တဲ့ ကယန်းပြည်သစ်ပါတီက အာဇာနည်ဗိမာန်တခုကို ကယားပြည်နယ် ဖားဆောင်းမြို့နယ်အတွင်းတည်ဆောက်ပြီး ပြည်တွင်းစစ်အတွင်းကျဆုံးသွားတဲ့ သူ တို့ရဲ့တပ်ဖွဲဝင်တွေကို ဂုဏ်ပြုမှတ်တန်းတင် အခန်းနားလုပ်တာကိုတွေ့လိုက်ရပါတယ်။ ထောက်ကြံ့နဲ့ သံဖြူဇရပ်ဖက်မှာတွေ့ရတဲ့ မဟာမိတ်စစ်သချိုင်းနီးပါး အုတ်ဂူတွေကို စနစ်တကျလုပ်ပေးထားတာ ဗွီဒီယို မှတ်တန်းထဲ တွေ့ရပါတယ်။ အခြားအပစ်ခတ်ရပ်စဲရေးအဖွဲ့တချို့လဲ အလားတူ အာဇာနည်ဗိမာန် တွေဆောက်လုပ်နေတယ်လို့သိရပါတယ်။

ပေးဆပ်ခဲ့သူတွေအတွက် ဒီလိုဂုဏ်ပြုမှတ်တန်းတင်သင့်သလို ကျန်ခဲ့တဲ့ သူတိုရဲ့မိသားစုတွေ၊ နောက် တခါ ကိုယ်လက်အင်္ဂါထိခိုက်သွားသူတွေကိုလဲ တတ်နိုင်သလောက် ကူညီပြုစုစောက်ရှောက်ပေးသင့်ပါ တယ်။ ၈ လေးလုံးအရေးတော်ပုံနဲ့ ဒီမိုကရေစီအရေးရုန်းကန်တိုက်ပွဲတွေအတွင်း ကိုယ်တိုင်ပါဝင်ခဲ့ဖူးတဲ့ ကျနော့်အတွက် မြန်မာနိုင်ငံပြန်ခွင့်ရရင် ပထမ ဆုံးလုပ်ချင်တဲ့ကိစ္စဟာ ၈ လေးလုံးအတွင်းကျဆုံး သွားတဲ့၊ လက်နက်ကိုင်တော်လှန်ရေးအတွင်းကျဆုံးသွားတဲ့ ''ရဲဘော်သူငယ်ချင်းတွေ'' အတွက် အ မှတ်တရ အုတ်ဂူတွေ စိုက်ထူရေးပဲဖြစ်ပါတယ်။

အခုလို စနစ်ဟောင်းကနေ စနစ်အသစ်ကိုပြောင်းချိန်မှာ၊ တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့ လက် နက်သုံးတိုက်ခိုက်ဖြေရှင်းရေးကနေ စားပွဲဝိုင်းမှာဆွေးနွေးညှိနှိုင်းအဖြေရှာရေးခေတ်သစ်ဆီ ချီတက် တော့မှာမို့ တပ်မတော်တွေအသွင်ပြောင်းရတော့မဲ့အချိန်မှာ တချိန်က လက်နက်တိုက်ပွဲတွေအတွင်း ယုံကြည်ချက်အတွက်ပေးဆပ်သွားသူတွေကို ကျနော်တို့ စနစ်တကျ မှတ်တမ်းတင် ဂုဏ်ပြုပေးဖို့ လို အပ်ပါတယ်။ ကျဆုံး ထိခိုက်သူတွေကို ဒီလိုဂုဏ်ပြုခြင်းဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးရဲ့ လုပ် ငန်းစဉ်တခု၊ အတိတ်ကဒဏ်ရာတွေကို ကုစားနည်းတခုဖြစ်တဲ့အတွက် တပ်မတော်များအသွင်ပြောင်း ချိန်မှာ လုပ်သင့်တဲ့ လုပ်ငန်းစဉ်တခုလို့လဲ မြင်မိပါတယ်။          ။

Tuesday, March 26, 2013

A Turning Point for Burma’s Fighting Forces


Tomorrow is the 68th anniversary of Burma’s “Anti-Fascist Revolution Day,” which marks the beginning of the uprising against Japan’s WWII occupation of the country on March 27, 1945. Since the 1970s, however, it has been commemorated as Tatmadaw Day, in honor of Burma’s armed forces.



Although the role of the armed forces in Burma’s colonial and post-independence history has been controversial, this year’s Tatmadaw Day may be an occasion for change. When Armed Forces Commander-in-Chief Vice Snr-Gen Min Aung Hlaing delivers his speech tomorrow, he may have a different message.

Traditionally, Tatmadaw Day has been an occasion for the commander-in-chief to call on his troops to defend the country against rebel armies and Western neocolonialism. This year, however, there is not much fighting on the ethnic rebel front (with the very notable exception of the conflict with the Kachin Independence Army), and the countries of the West (especially the US and Australia) have begun to renew ties with Burma’s long-shunned military.

During his recent trips to Europe and Australia, President Thein Sein was accompanied by Deputy Commander-in-Chief Gen Soe Win and Joint Chief of Command Gen Hla Htay Win. This fact alone speaks volumes for the dramatic change in the West’s image of Burma’s armed forces since Thein Sein’s quasi-civilian government came to power two years ago, ending nearly five decades of direct military rule. Not so long ago, all three men would have been banned from entering most Western countries.

Especially since opposition leader Aung San Suu Kyi’s National League for Democracy joined the army-backed Parliament after winning in by-elections last April 1, perceptions of Burma’s military have fundamentally changed. Even Suu Kyi—who spent much of the preceding two decades a prisoner of the former junta—has recently spoken of her “fondness” for the Burmese armed forces, which were founded by her father during Burma’s struggle for independence.

What is even more remarkable, however, if the way that many of Burma’s ethnic armed groups have responded to the government’s calls for ceasefires, even as the situation on the ground in many ethnic areas remains far from stable. While there are still many who doubt that a lasting peace will take hold anytime soon, just two years ago it would have been almost unthinkable that the Karen National Union—which has been engaged in an uninterrupted war with the government for as long as Burma has been a modern nation—would ever agree to a truce.

In other words, this Tatmadaw Day could conceivably be the last that Burma’s armed forces—and all the other militias in the country—are forced to fight each other in a seemingly endless civil war. If that is the case, then all of the fighting forces in Burma need to rethink their roles and plan for a future in which war in no longer the norm.

On the occasion of this year’s Armed Forces Day, then, I offer the following suggestions:

1.    All armed groups, including the Tatmadaw, should undergo sweeping reforms that include training their troops to be professional soldiers whose orders ultimately come from the country’s elected civilian government.

2.    All armed forces should devote a significant portion of their budgets to caring for comrades wounded in action and the families of those who fell while fighting.

3.    All armed forces should build monuments to honor those who fought honorably.

4.    The government, Parliament and people of Burma should recognize the sacrifices of all those who died in action, regardless of which side they were on.

It is impossible to calculate how many soldiers have died in Burma over the past 65 years, but we can get some sense of the incredible waste of human life if we consider the fact that the All Burma Students’ Democratic Front, one of the smallest armed groups in the country, has lost 1,024 troops since it was formed in the aftermath of the 1988 pro-democracy uprising. Imagine, then, how many others must have died as casualties of all the armed groups that have fought in Burma since it became an independent nation.

National reconciliation will only be possible when all sides in Burma’s myriad conflicts can begin to recognize that they are not the only victims of the senseless cycle of violence that has dragged the country down for more than half a century.

Htet Aung Kyaw is a former student activist who fled to Burma’s ethnic rebel-controlled areas in 1988. He is now a freelance journalist and writer in exile.

Friday, March 22, 2013

Thaksin leave Dawei


By Dawei Watch | Dawei, March 22 |
Former Thai Prime Minister Thaksin Shinawatra left Dawei this early morning to Hang Kong by his private jet, an airport authority told Dawei Watch.

A group of businessmen believed to be from Malaysia led by Thaksin unexpectedly arrived Dawei yesterday morning and toured the islands along Maungmagun beach, one of the famous beaches in the region for at least 8 hours, a police officer said.  

According to a police officer who take care of the Dawei deep sea port area, the group then got back to Dawei Deep seaport area around 9 PM and stay over night there.

 Thaksin and the groups left the airport today in the morning. One of the three flights flied back to Hang Kong, one to Malaysia and the last to Bangkok, the airport authority added.

Local businessmen said that they think Thaksin is seeking to develop the tourism site around the Maungmagun beach especially on the islands the along the coastal area.

"We encourage to develop ecotourism site there rather than some sort of dirty industries", Htein Win of Dawei Regional Tourism company based in Dawei said.  

Thaksin had visited Dawei at least three times in last two years.

Thursday, March 21, 2013

ဆိုရှယ်မီဒီယာမှာ ကျင့်ဝတ်ရှိစရာ လို မလို

ဧရာဝတီ။
 
 
မြန်မာတွေ Facebook တခုကိုပဲ ကျယ်ကျယ် ပြန့်ပြန့်သုံးနေကြပြီး တာဝန်ခံမှု၊ တာဝန်ယူမှု ပိုရှိတဲ့ Twitter နဲ့ Google + ကိုသုံးတာ နည်းနေဆဲပါ။
စစ်အစိုးရကနေ အရပ်သားအစိုးရဆီ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအဖြစ် ချီတက်နေပါတယ်လို့ ကြွေးကြော်ထားတဲ့ သမ္မတဦးသိန်းစိန်အစိုးရသစ်လက်ထက်မှာ အသိသာဆုံးမြင်ရတဲ့ တိုးတက်မှုက မီဒီယာလို့ဆိုချင်ပါတယ်။ အဲဒီမီဒီယာအမျိုးမျိုးထဲမှာမှ အွန်လိုင်းပေါ်က ဆိုရှယ်မီဒီယာ။ အဲဒီ ဆိုရှယ်မီဒီယာများစွာထဲမှာမှ Facebook လို့ပြောရင် ပိုမှန်မယ်ထင်ပါတယ်။
 
 
 
 
 
 
အထူးသဖြင့် ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ဖြစ်ပွားခဲ့တဲ့ လက်ပံတောင်းကိစ္စမှာ Facebook ရဲ့သြဇာ ဘယ်လောက်အထိ သက်ရောက်မှုရှိခဲ့တယ်ဆိုတာကို ဆိုရှယ်မီဒီယာ သုံးသူတိုင်း သတိထားမိမှာပါ။ စုံစမ်းရေးကော်မရှင် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့အဖွဲ့ လက်ပံတောင်းဒေသဆီ ၀င်လာပုံ၊ ဒေသခံတွေနဲ့ တွေ့ ဆုံရှင်းလင်းပုံ၊ တချို့ရွာတွေမှာဆိုရင် လုံခြုံရေးမပါပဲနဲ့ ရွာသားတွေကြားထဲ ဒေါ်အောင်ဆန်းစု ကြည် ဒီတိုင်းတိုးဝင်သွားပုံ၊ ရွာသားတချို့က ကော်မရှင်ကို အယုံအကြည်မရှိဘူးလို့ ကြွေးကြော်သံတွေ အော်ပြီးဆန္ဒပြကြတဲ့ ဓာတ်ပုံတွေ၊ ဗွီဒီယို ကလစ်တွေဟာ မိနစ်ပိုင်းအလိုက် Facebook ပေါ်မှာ တက်လာခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၁၀ နှစ် အရင် စစ်အစိုးရခေတ်ကဆိုရင် ဒီလိုမျိုး ဘယ်တွေ့ခွင့်ရပါ့မလဲ။ ၈ လေးလုံးအရေးတော်ပုံကို ခဏထားဦး။ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးခေတ်၊ ဆိုရှယ်မီဒီယာတွေ စတင်ထွန်းကားနေစဉ်မှာတောင် မြန်မာနိင်ငံတွင်းက လှုပ်ရှားမှုပုံတွေကို ဒီလို ချက်ချင်းမြင်ရဖို့ဆိုတာ မဖြစ်နိုင်ခဲ့ပါဘူး။ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး၊ ၂၀၀၈ နာဂစ်မုန်တိုင်းနဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ဆန္ဒခံယူပွဲကာလ တွေမှာ အင်တာနက်ကို လုံးဝ ထိန်းချုပ်ထားပြီး ”အီလက်ထရောနစ်ပုဒ်မ” နဲ့ ဖမ်းဆီး ထောင်ချလိုက်တာ ၈၈ ကျောင်းသားတွေ၊ ဘလော့ဂါတွေ၊ စီတီဇင်ဂျာနယ်လစ်တွေ၊ သတင်းထောက်တွေ ရာနဲ့ချီ အဖမ်းခံရဖူးပါတယ်။

အခုတော့ အခြေအနေက အတော့်ကို ပြောင်းလဲသွားခဲ့ပါပြီ။ နိုင်ငံရေးအရ နည်းနည်း ပွင့်လင်းလာလို့ ဖမ်းဆီးခံ မီဒီယာသမား အားလုံးပြန်လွတ်လာသလို နည်းပညာ အရလည်း အများကြီး တိုးတက်လာတဲ့အတွက် အခင်းဖြစ်တဲ့နေရာအထိ စီတီဇင်ဂျာနယ်လစ်ခေါ် မီဒီယာ စိတ်ဝင်စားသူတွေ ကိုယ်တိုင်ဖြစ်စေ၊ နိုင်ငံရေး တက်ကြွသူ၊ လှုမှုရေး တက်ကြွသူတွေ ကိုယ်တိုင်ဖြစ်စေ၊ နိုင်ငံရေးသမားတွေ ကိုယ်တိုင်ဖြစ်စေ ဗွီဒီယို ကင်မရာ၊ ဓာတ်ပုံ ကင်မရာ၊ လက်ကိုင်ဖုန်း ကင်မရာတွေနဲ့ လွတ်လပ်စွာ ရိုက်ယူခွင့်ရနေပြီဖြစ်ပါတယ်။ ဒီတော့ အခင်းဖြစ်တဲ့နေရာကနေ မိနစ်ပိုင်းအလိုက် သတင်းတွေ၊ ဓာတ်ပုံတွေ၊ ဗွီဒီယို ကလစ်တွေ Facebook ပေါ် တက်လာနေတာပေါ့။

တချိန်တည်းမှာပဲ စိတ်ဝင်စားတဲ့ ပြည်တွင်း ပြည်ပရှိ မြန်မာတွေကလည်း Facebook ပေါ်မှာ ထင်မြင်ချက် အမျိုးမျိုး၊ မှတ်ချက် အမျိုးမျိုးပေးပြီး ရေးလိုက်ကြတာ မြန်မာနိုင်ငံမှာ မီဒီယာလွတ်လပ်ခွင့် အပြည့်အ၀ ရနေသယောင်တောင် ထင်ရပါတယ်။

Social Media အကြောင်း သုတေသနလုပ်သူတွေက Mainstream မီဒီယာတွေဖြစ်တဲ့ TV, Radio, Newspaper, Journal, Magazine တွေမဟုတ်တဲ့ တဦးချင်း လွတ်လပ်စွာ ရေးနိုင်၊ ပြောနိုင်တဲ့ အွန်လိုင်းပေါ်က နေရာတွေကို Social Media လို့ ခေါ်ဆိုကြပါတယ်။ ဆိုလိုတာကတော့ အစိုးရ၊ အဖွဲ့အစည်း၊ ကုမ္ပဏီ၊ လူပုဂ္ဂိုလ်တစုစု၊ တဦးဦးကနေ တာဝန်ခံ ထုတ်လုပ်တာမျိုးမဟုတ်တဲ့ တဦးချင်းတာ ၀န်ခံမှုနဲ့ (ဘယ်သူမှ တာဝန်မခံတာလည်း ဖြစ်နိုင်ပါတယ်) လုပ်တဲ့ မီဒီယာလို့ ပြောနိုင်ပါတယ်။

အဲဒီထဲမှာ အခု မြန်မာနိုင်ငံ အွန်လိုင်းယဉ်ကျေးမှုမှာ အထွန်းကားဆုံးဖြစ်နေတဲ့ Facebook ပါ ပါတယ်။ ပြီးရင် LinkedIn, Twitter, Google+ ။ နောက်တခါ blogs, YouTube, wikis အများကြီးပါပဲ။ စာရိုက်တာ၊ ဓာတ်ပုံပို့ တာ၊ ဗွီဒီယို ပို့တာ၊ ရှယ်တာ စသဖြင့် ကိုယ်လုပ်ချင်တဲ့ အကြောင်းအရာပေါ်လိုက်ပြီး အခမဲ့ဝန်ဆောင်မှု ပေးတဲ့ ဆိုရှယ်မီဒီယာတွေ အများကြီး ရှိပါသေးတယ်။ ဒါက လောလောဆယ် ရှိသမျှကို ပြောနေခြင်းပါ။ နည်းပညာက နေ့စဉ်နဲ့အမျှ တိုးတက်နေတဲ့အတွက် မနက်ဖြန်မှာ ဒီထက်ပို ခေတ်မီပြီး လူကြိုက်များတဲ့ Social Media တွေ ပေါ်လာနိုင်ပါသေးတယ်။

Social Media တွေ ဘယ်လောက်အထိ သြဇာကောင်းလာသလဲဆိုရင် ကမ္ဘာကြီးရဲ့ တနေရာရာမှာ အရေးကြီး သတင်းတခုခု စဖြစ်ပြီဆိုရင် AP, AFP, Reuter အပါဝင် Mainstream သတင်းဌာနတွေထက် Facebook, Twitter အပါအ၀င် Social Media တွေမှာ အရင်စောပြီး မြင်ရလေ့ရှိတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ ဒါကြောင့် Twitter ကို Social Media Wire သတင်းဌာနအဖြစ် သတင်းထောက် အတော်များများက ပုံမှန်ဝင်ကြည့်နေကြပြီလို့လည်း သိရပါတယ်။ အလားတူ ထူးခြား ဗွီဒီယိုတွေရနိုင် ဖို့အတွက် YouTube ကို ရုပ်-သံ သတင်းထောက်တွေက ပုံမှန်ဝင်ကြည့်နေကြပြီလို့လည်း ဆိုပါတယ်။

မြန်မာ သတင်းသမားတွေအတွက်တော့ Facebook က Social Media Wire ဖြစ်နေမယ်လို့ ထင်ပါ တယ်။ အခုချိန်ထိ Facebook တခုကိုပဲ ကျယ်ကျယ် ပြန့်ပြန့်သုံးနေကြပြီး တာဝန်ခံမှု၊ တာဝန်ယူမှုပိုရှိတဲ့ Twitter နဲ့ Google + ကိုသုံးတာ အတော်နည်း နေဆဲပါ။

ရှေ့မှာပြောခဲ့တဲ့အတိုင်း ဆိုရှယ်မီဒီယာဟာ တဦးချင်းတာဝန်ခံမှု သို့မဟုတ် (account အတု၊ လူအတု တွေအပါဝင်) ဘယ်သူ တာဝန်ခံမှန်းမသိတဲ့ သတင်းတွေကို တင်လေ့ရှိတာကြောင့် သတင်းတွေက ဦးပေမယ့် အတည်ပြုချက် ယူဖို့၊ ကိုးကားဖို့အတွက်တော့ ခက်နေဆဲဖြစ်ပါတယ်။ တနည်းအားဖြင့်ပြောမယ် ဆိုရင်တော့ အတည်ပြုချက် ယူစရာမလို၊ အကိုးအကား ထည့်စရာမလို၊ တာဝန်ခံစရာ မလိုတဲ့အတွက် ဆိုရှယ်မီဒီယာက ပင်မရေစီးမီဒီယာထက် သတင်းတွေ ပိုမြန်နေတဲ့သဘောဖြစ်ပါတယ်။

ဆိုရှယ်မီဒီယာဟာ အခမဲ့ဝန်ဆောင်မှုပေးတဲ့အတွက် ဘာအဖိုးအခမှ ပေးစရာမလို လူတိုင်းအလွယ်တကူ ၀င်ရေးနိုင်တဲ့နေရာဖြစ်ပါတယ်။ အဲဒီလို လူတိုင်း ၀င်ရေးနိင်တာကြောင့် ဟုတ်တာရော မဟုတ်တာရော သင့်တာရော မသင့်တာရော ဆဲတာရော ခြောက်တာရော ရိုင်းတာရော ပုဂ္ဂိုလ်ရေး အပုပ်ချတာရော အသရေဖျက်တာပါ စသဖြင့် ရေးကြတာကို တွေ့နိုင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ပံတောင်းဒေသ ခရီးစဉ်နဲ့ ပတ်သက် ပြီး ထောက်ခံသူတွေနဲ့ ကန့်ကွက်သူတွေကြား အပြင်းအထန် သဘောထားကွဲကြပြီး အပြန်အလှန် စွပ်စွဲပုတ်ခတ်ကြတာကို Facebook ပေါ်မှာ ကောင်းကောင်းတွေ့လိုက်ရပါတယ်။ ဒါကြောင့် မြန်မာတချို့က Facebook ကို ”ဖွဘုတ်” လို့တောင် ခေါ်ဝေါ်တဲ့အထိ ပြောချင်ရာပြော၊ ဖွချင်ရာဖွနိုင်တဲ့ တာဝန်မဲ့တဲ့နေရာတခုအဖြစ် မြင်လာနေကြပါတယ်။ တချို့ဆိုရင် Facebook မှာ ရေးထားတဲ့ Comment တွေကို မခံစားနိုင်လို့ account တွေတောင် ပိတ်ပစ်လိုက်တယ်လို့ ဆိုပါတယ်။ 
အတော်များများကတော့ မိတ်ပျက်သွားကြပြီး အချင်းချင်း Block လုပ်လိုက်ကြတယ်လို့ ပြောကြပါတယ်။

ဒါဟာ မြန်မာအွန်လိုင်း ကွန်မြူနတီ တခုတည်း ကွက်ပြီးဖြစ်နေတာမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် မြန်မာက တခြားနိုင်ငံတွေထက် ဆိုရှယ်မီဒီယာနဲ့ နည်းပညာ လွတ်လပ်ခွင့်ရတာ နောက်ကျတာ၊ နောက်တခါ စစ်အာဏာရှင်လက်အောက်ကနေ အရပ်သားအစိုးရပြောင်းစဉ်မှာ စရတာဆိုတော့ နှစ် ၅၀ စာ အောင့်အီးထားခဲ့ရသမျှကို Facebook ပေါ်မှာ လာပေါက်ကွဲနေကြတာ ဖြစ်နိုင်တယ်လို့ မီဒီယာလေ့လာသူတွေက ထောက်ပြပါတယ်။ ဒါကြောင့် အချိန်ကြာလာတာနဲ့အမျှ တဖြေးဖြေး တည်ငြိမ်ရင့်ကျက်လာနိုင်ပါတယ်လို့လည်း သူတို့က ဆိုပါတယ်။

တကယ်ဆိုရင် ဆိုရှယ်မီဒီယာပေါ်မှာရေးတဲ့ စီတီဇင်ဂျာနယ်လစ်တွေဟာ ပင်မရေစီး မီဒီယာမှာရေးနေတဲ့ လခစား သတင်းထောက်တွေလို မီဒီယာကျင့်ဝတ်ကို တာဝန်ခံစရာ မလိုဘူးဆိုပေမယ့် လူတဦးချင်း ကျင့်ဝတ်နဲ့ ဒီမိုကရေစီ ကျင့်ဝတ်တွေကိုတော့ တာဝန်ခံဖို့လိုမယ်လို့ ထင်ပါတယ်။ Facebook member အချင်းချင်း အပြန်အလှန်လေးစားဖို့ လိုပါတယ်။ ကိုယ့်အမြင် ကိုယ်ရေးတယ်ဆိုပေမယ့် ကိုယ်ရေးလိုက်တာကို ကိုယ်ဖတ်စေချင်တဲ့ လူတဦးတည်း၊ အုပ်စုတခုတည်းက မြင်ရ ဖတ်ရတာမျိုးမဟုတ်ပဲ ကမ္ဘာတလွှားရှိ အွန်လိုင်းကွန်မြူနတီပေါ်က ထောင်သောင်းချီတဲ့လူတွေလည်း မြင်နေ ဖတ်နေနိုင်တယ်ဆိုတာ ကို သတိပြုဖို့ လိုပါလိမ့်မယ်။ ငါနဲ့မတူ င့ါရန်သူဆိုတဲ့ ခေတ်ဟောင်းက ဓာတ်ပြားဟောင်းကို ခေတ်သစ် Facebook ပေါ်မှာ လာတင်နေရင် ဆိုရှယ်မီဒီယာရဲ့ လွတ်လပ်ခွင့်ကို တလွဲသုံးသလို ဖြစ်ပါတယ်။

လတ်တလောအခြေအနေမှာ မြန်မာနိုင်ငံရဲ့ လွတ်လပ်ခွင့်အရှိဆုံး ဆိုရှယ်မီဒီယာ Facebook ကို စာဖတ်သူတွေ မငြိုငြင်အောင် တာဝန်မဲ့ ရေးချင်ရာရေးလို့ ရတဲ့နေရာ ဖွဘုတ် အဖြစ် မမြင်မိအောင် စီတီဇင် ဂျာနယ်လစ်တွေ၊ မီဒီယာလွတ်လပ်ခွင့်ကို ချစ်မြတ်နိုးသူတွေ အားလုံး ချင့်ချိန်ဆွေးနွေးသင့်နေပြီလို့ တိုက်တွန်းတင်ပြအပ်ပါတယ်။

Wednesday, March 20, 2013

ထားဝယ်သတင်းစဉ် 12/ 2013

လက်ပံတောင်းအစီရင်ခံစာအပေါ် ဝေဖန်ချက်တချို့

အဖြေပေးထားသော သင်္ချာတပုဒ်

ဧရာဝတီ။
 
S
တုံရွာ ဒေသခံ အမျိုးသမီးတဦးကို ဒေါ်အောင်ဆန်းစုကြည်က အစီရင်ခံစာနှင့် ပတ်သက်ပြီး ရှင်းလင်းနေစဉ် (ဓာတ်ပုံ – တေဇလှိုင် / ဧရာဝတီ)

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ စုံစမ်းစစ်ဆေးရေး ကော်မရှင် ၊ သတင်း ထုတ်ပြန်ချက် အမှတ် (၄/၂၀၁၃)၊ (၂၀၁၃ ခုနှစ်၊ မတ်လ ၁၁ ရက်)
အထက်ပါ သတင်းထုတ်ပြန်ချက် အပြည့်အစုံကို ၁၂- ၃- ၂၀၁၃ နေ့ထုတ် သတင်းစာတွင် ဖော်ပြခဲ့ခြင်းကို ဖတ်ရှုရသည်။ “အပြည့်အစုံ” သည် ရှည်လျားလှ၏။ အချို့နေရာများတွင် အကြောင်းအရာများ “ပွရောင်း”ပြီး ထပ်နေသည်။ လိုလည်း တွေ့ရ၏။ ခြုံ၍ကြည့်သောအခါ “အဖြေပေးထားသော သင်္ချာတပုဒ်ကို အဖြေမှန် မရ ရအောင် တွက်ထားသောနည်း” ဟု မြင်ပါသည်။

မဏ္ဍိုင် ၃ ရပ်အား တည့်မတ်ပေးရမည် ဆိုသော စတုတ္ထမဏ္ဍိုင်၏ တာဝန်အရ အထက်ပါ အစီရင်ခံစာကို ထောက်ပြရပါမည်။
(၁) ဒေသခံ လူထုသည် မြေယာသိမ်းမှုနှင့် ပတ်သက်၍ ထိုက်သင့်သည့် လျော်ကြေးငွေ မရရှိသဖြင့် လည်းကောင်း၊ ထိုက်သင့်သော အလုပ်အကိုင် အခွင့်အလမ်း မရရှိခြင်းကြေင့် လည်းကောင်း မကျေ မနပ်ဖြစ်ကာ ဆန္ဒပြမှုများ စတင် ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်ပါသည်။

မြေယာသိမ်းဆည်းရာတွင် သက်ဆိုင်ရာ ၀န်ထမ်းများက ပွင့်လင်းမြင်သာစွာ ရှင်းလင်းပြခြင်း မရှိခဲ့ပါ။ ထို့ကြောင့် ဒေသခံများက သီးနှံအတွက် လျော်ကြေးသာ ပေးသည် ထင်မြင်ယူဆခဲ့ ပါသည်။ ထိုသို့ လျော်ကြေးပေးရာတွင်လည်း ၀န်ထမ်းအချို့က ပြေပြေလည်လည် ပြောဆိုဆက်ဆံမှု မရှိခြင်းကြောင့် ပြဿနာ ပိုမိုကြီးထွားလာပါသည်။ ထိုအခြေအနေ တွင် ဒေသပြင်ပက အဖွဲ့အစည်းများကလည်း ရောက်ရှိလာကာ ဆန္ဒပြမှုများ အရှိန်မြင့်ခဲ့ပါသည်။ EIA, SIA, Transparency…။

(အပိုဒ် ၉၅ မှ ၉၈ )
အထက်ပါ သုံးသပ်ချက်က ထမင်းရေပူလာ လျှာလွှဲခြင်း ဖြစ်သည်။ အစိုးရအဖွဲ့နှင့် မသက်ဆိုင်။ ကုမ္ပဏီ၌ အပြစ်မရှိ။ ၀န်ထမ်းများ ညံ့ဖျင်းခဲ့ခြင်းကြောင့် ဟု အပြစ်ပုံချ၏။ ထို့နောက် ပြင်ပ အဖွဲ့အစည်းများ ရောက်ရှိလာကာ ဟု မိမိတို့ သက်ဆိုင်ရာ ဘာသာရပ်အလိုက် သွားရောက်ထိန်းသိမ်းရသော လူမှုရေး အဖွဲ့အစည်းများကို အပြစ်ရှာပြန်သည်။ သဘောက ဒေသခံလူများက ဘာမျှ သိပ်နားမလည်ကြ၊ အပြင်မှ လာရောက် သူများ လှုံ့ဆော်၍သာ ဤ ကိစ္စ ကြီးထွားရခြင်းဟု ဆိုလိုပေသည်။

မြန်မာ ကျေးလက်သားများသည် မိမိအိမ်၊ မိမိရွာ၊ မိမိလယ်ကို ချစ်၏။ အခြားဘယ်မျှ မသွားလို။ မိမိရွာနှင့် မိမိသာသနာကို ဖက်တွယ်ရင်း သေသည်အထိ အေးချမ်းစွာ နေထိုင်လိုကြသူများချည့် ဖြစ်၏။ ဤ လူများအား အဓမ္မ ရွှေ့ပြောင်းစေပြီး၊ သူတို့ ကိုးကွယ်သော ဘုန်းတော်ကြီးများနှင့် ကျောင်းများကိုပါ ချိတ်ပိတ်ကြခြင်းကို မည်သည့်ရွာသားက ပြုံးပြုံးကြီး ကြည့်နေနိုင်ပါမည် လဲ။ သည်အတွက် မကျေမနပ် ဖြစ်ရခြင်းကို ပြင်ပမှ လာရောက် နှိုးဆော်၍ ဖြစ်ရဟန် မှတ်ချက်ချထား ပုံမှာ “အဖြေ” မရ ရအောင် ဆွဲယူထားမှန်း ထင်ရှားသည်။

(၂) သံဃနာယက အဖွဲ့ဝင် ဆရာတော်ကြီးများအား ဖူးမျှော်လျှောက်ထား မေးမြန်းချက် အရ …ရဟန်းပျိုများအား ဆန္ဒပြပွဲ/ဖော်ထုတ်ပွဲများတွင် မပါဝင်ကြရန် သြ၀ါဒ ပေးခဲ့ပြီး အများစုမှာ လိုက်နာကြသော်လည်း အနည်းစုမှာ ထိန်းသိမ်းရ ခက်ခဲနိုင်ကြောင်း… (အပိုဒ် ၃၅)
သေလုမျောပါး အစတေးခံခဲ့ကြရသော ရဟန်းတော်များ၏ ရုပ်ပုံများကို နည်းပညာကျေးဇူးဖြင့် အားလုံး မြင်တွေ့ခဲ့ကြရပြီး ပြီ။ ငြင်း၍ မရ။ ဤတွင် ကိုယ်လွတ်ရုံးခြင်းလော၊ ဖြေသိမ့်ပေးခြင်းလော၊ မပြောတတ်။ ဆန္ဒပြပွဲမှာ မပါဝင်ဖို့ သြ၀ါဒ ပေးထားကြောင်း၊ အနည်းစုက မလိုက်နာ၍ ယခုကဲ့သို့ ဖြစ်ရကြောင်း အဖြေ ထုတ်ထားသည်။

ဤကိစ္စနှင့် ပတ်သက်၍ မေးခွန်း တခုပဲ မေးချင်ပါ၏။ ထိုစကားကို ပြောသော ပုဂ္ဂိုလ်များသည် မြတ်စွာဘုရား ကိုယ်တိုင်ပင် ဂင်္ဂါမြစ်ရေ ခွဲဝေသုံးစွဲမှုဖြင့် စစ်ဖြစ်ကြသော တိုင်းပြည် နှစ်ပြည် ရှိရာသို့ ကိုယ်တိုင်ကြွရောက်ကာ ဖြေရှင်း ပေးခဲ့သည်ကို မဖတ်ဖူးကြဘူးလား။ (သို့မဟုတ်) မြန်မာ့သမိုင်းတွင် အင်းဝနှင့် ဟံသာဝတီ စစ်ဖြစ်ရာ၌ လူသူ အသက်ပေါင်း များစွာ မသေကြေကြစေရန် “ပင်းယ စကြိုသူမြတ်” ဆရာတော်က ကြားဝင် ဖြန်ဖြေပေးခဲ့သော အဖြစ်ကို မသင်ခဲ့ကြရဘူးလား။

ရဟန်းသံဃာတော်များသည် ဒကာလူသားများ၏ ရပ်ရေး ရွာရေးတွင် ကောင်းရာကောင်းကြောင်း ၀င်ရောက် ညွှန်ကြားပေး ကြရသောထုံးစံရှိရာ ယခု ကိစ္စတွင်လည်း မနေသာ၍ ၀င်ပါကြရခြင်းဟု မမြင်ကြဘူးလား။ ယခုအတိုင်း ဆိုလျှင်  မီးလောင်ဒဏ်ရာရကြရှာသော ရဟန်းအားလုံးကို “အနေမတတ် အထိုင်မတတ်နဲ့ ဖြစ်တာ မဆန်းဘူး” ဟုပင် အပြစ်ပုံချ ချင်ကြတာလား။

(၃) မြန်မာ့စီးပွားရေး ဦးပိုင် လီမိတက်၏ ဆာလဖျူရစ် အက်စစ် စက်ရုံသည် စက်မှုဝန်ကြီးဌာန၏ ခွင့်ပြုချက် ရယူထားခြင်း မရှိသည့် အပြင်… (အပိုဒ် ၉၄ ၊ ခ …. ၂ )
ဝန်ကြီးဌာနခွင့်ပြုချက် မရဘဲ စက်ရုံတည်ခြင်းကို ယခုမှပင် အများပြည်သူများ သိကြရလေပြီ။ ဤကဲ့သို့ စက်ရုံမျိုး ဘယ်နှစ်ခု ရှိနေမည်လဲ။ ယခုမှ ခွင့်ပြုချက်ရယူပြီး ISO လက်မှတ် ယူသင့်သည်ဟု အကြံပြုလေသည်။ ပယ်ဖျက်ရန် မပြောချေ။ လက်မှတ်လေးယူလိုက်လျှင် ပြီးတာပဲ ဟု လွယ်လွယ်ပင် အကြံပြုလေ၏။ ဘက်လိုက်မှန်း မသိသာလွန်း ဘူးလား။

(၄) မြန်မာ့စီးပွားရေး ဦးပိုင် လီမိတက်နှင့် ၀မ်ပေါင်ကုမ္ပဏီတို့ ချုပ်ဆိုထားသော စာချုပ်ကို ညှိနှိုင်းပြီး ပြန်လည် ပြင်ဆင်ရန် လိုအပ်ပါသည်။ (အပိုဒ် ၉၄၊ (ခ) (၄) )
စာချုပ်ကို ပြန်လည် ပြင်ဆင်နိုင်သည်ဟု ဆိုလျှင် ယခုပင်လျှင် တမျိုးပြင်ကာ ဤစီမံကိန်းကြီးကို ရပ်ပြီး အခြားတခုခုနှင့် အစားထိုးဖို့ ဘာကြောင့် အကြံမပြုနိုင်သလဲ။

(၅) မှတ်တမ်း များအရ  ဆရာတော်ဘုရားကြီးအနေနှင့် တမိုး တ၀ါစံ ၀ါးကျောင်းမျိုးသာ လက်ခံခဲ့ကြောင်း၊ အဆိုပါ သိမ်နှင့် စေတီသည် ပထမ လယ်တီ ဆရာတော်ဘုရားကြီး တည်ထားသည့် သာဿနိက အဆောက်အအုံ ဖြစ် ကြောင်း အထောက် အထားမတွေ့ရပါ။ (အပိုဒ် ၊  ၉၄ ၊ (ဂ) )
ပထမ ဆရာတော်ကြီး လက်ရာ မဟုတ်တာနှင့်ပဲ ဖျက်ချင်သလို ဖျက်နိုင်သည်လား။ သည်လို ဆိုရင်ဖြင့် သိဂုတ္တရ ကုန်းတော်ရှိ ရွှေတိဂုံစေတီကြီးကို အတူယူပြီး မြို့နယ်အများအပြားမှာ တည်ထားကြသော စေတီတော်တွေကို မူလ လက်ရာ မဟုတ်ဆိုပြီး ဖြိုပစ်လို့ ရသလား။

(၆) လက်ပံတောင်း တောင်ကြား တောရစင်္ကြန်ကျောင်း ဟုခေါ်သော မြေနေရာနှင့် ၎င်းအပေါ်ရှိ စေတီ၊ သိမ်၊ ကျောင်း စသော ဗုဒ္ဓ သာဿနိက အဆောက်အအုံ များသည် လက်ပတောင်းတောင် ကြေးနီစီမံကိန်းတွင် အလယ်ဗဟို၌ တည်ရှိပြီး သတ္တုသိုက် တည်ရှိရာ အဓိကနေရာ ဖြစ်ကြောင်း …. လက်ရှိ အနေအထားအတိုင်း အခြားသင့်တော်မည့် နေရာတခုခု သို့ ပြောင်းရွှေ့ပေးသင့်ကြောင်း။ (အပိုဒ် ၊ ၈၃ (ဂ) )
သည်လိုဆိုလျှင် အကယ်၍ ရွှေတိဂုံစေတီကြီး တည်ရှိရာ သိဂုတ္တရတောင်အောက်၌ စိန်တွင်းကြီးရှိသည်ဟု နိုင်ငံခြား ကုမ္ပဏီများက လာရောက် တူးဖေါ်ချင်လျှင် ရွှေတိဂုံစေတီကြီးကို  ရွှေ့ပစ်ကြမှာလား။

(၇) လူစုလူဝေး ခွဲရာတွင် သုံးစွဲရန် မည်သည့် ပစ္စည်းကို မဆို ရဲတပ်ဖွဲ့ဝင်များက ကြိုတင် စမ်းသပ်သင့်သည်။ လိုအပ်လျှင် နိုင်ငံတကာ အကူအညီများ ရယူပြီး ပြည်ပသို့ စေလွှတ်၍ လေ့ကျင့် သင်ကြားစေသင့် ကြောင်း အကြံပြု တင်ပြအပ်ပါ သည်။ (အပိုဒ် ၊ ၉၂ (က) )
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ အဓိကရုဏ်း နှိမ်နင်းမှု လေ့ကျင့်ခြင်းကို မိမိ အစီအစဉ်ဖြင့် လည်းကောင်း၊ နိုင်ငံတကာ အကူအညီ ရယူ၍ လည်းကောင်း၊ အမြန် စတင်သင်ကြားသင့် ပါကြောင်း၊ အဆင့်မြင့် နိုင်ငံခြား သင်တန်းများသို့လည်း စေလွှတ် သင်ကြား စေသင့်ပါကြောင်း။ (အပိုဒ် ၉၂ (ခ))
ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီး တည်ဆောက်ရေး အတွက် ယခု ထက်ကောင်း မြတ်သော အကြံများ မပြုနိုင်ကြတော့ဘူးလား။ ငြိမ်းချမ်းစွာ ဆန္ဒပြသူများအား သေလုမျောပါး လုပ်ခြင်းကို အပြစ်မတင်ဘဲ နည်းစနစ် ထပ်မံသင်ကြား သင့်ကြောင်း အကြံပြုချက်ကို အံ့ဩရုံမှ တပါး….
အရေးအကြီးဆုံး တခုသာ ပြောချင်ပါ၏။

ယနေ့ နိုင်ငံတကာ ကျင့်ထုံးအရ တိုင်းပြည် တပြည်၏ တိုးတက်မှုကို GDP ခေါ် အသားတင် ကုန်ထုတ်လုပ်မှုဖြင့် တိုင်း တာကြကြရုံဖြင့် မလုံလောက်တော့ပါ။ ပြည်သူလူထု မည်မျှ စိတ်ပျော်ရွှင် ကျေနပ်သနည်း ဟူသော Happiness ဖြင့်လည်း တိုင်းတာနေကြပါပြီ။
ကြေးနီသည် လည်းကောင်း၊ ဒေါ်လာသည် လည်းကောင်း အရေးကြီးသလို ပြည်သူလူထု၏ စိတ်နှလုံးသာယာ ချမ်းမြေ့မှုဆိုသော “တန်ဖိုး”သည်ကား အရေးအကြီးဆုံးဟု ဆိုလိုခြင်း ဖြစ်သည်။
သို့ပါ၍ တောင်ကို ဖြိုရန်သာ မျက်စောင်းထိုးသော အိမ်နီးချင်း၏ စီးပွားရေး၊ မိမိနှင့် နိုင်ငံစီးပွား ဆိုသော အကျိုးများကို “ငွေကြေး”ဖြင့် မတိုင်းတာ ကြတော့ဘဲ တိုင်းသူပြည်သား များ၏ Happiness ကိုသာ ဦးစားပေး စဉ်းစားဆင်ခြင် ဆုံးဖြတ်ကြရန် ထောက်ပြရေးသားလိုက်ရပါသည်။
......................................................................


စာမျက်နှာ ၇၇ မျက်နှာရှိတဲ့ လက်ပန်တောင်းတောင်အစီရင်ခံစာ အပေါ် ပညာရှင်တစ်ဦးအမြင်ဖြစ်ပါတယ်။ ပြည်တွင်းအခြေစိုက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ပညာပေးရေး အဖွဲ့တခုဖြစ်သော Ecodev ကို ပူးတွဲတည်ထောင်သူတဦး တဦးဖြစ်တဲ့ ပညာရှင် ဦးဝင်းမျိုးသူရဲ့ အမြင် ဖြစ်ပါတယ်။

----------------------------------------------------------

(ပထမပိုင်း)

မျက်ကြည်လွှာထွက်သွားလို့ အရေးပေါ်မျက်စိခွဲစိတ်ထားရတာ ၂၁
ရက်ရှိသွားပါပြီ။ မျက်စိအခြေအနေတိုးတက်လာပေမဲ့ ဆရာဝန်က
အပြည့်အဝအနားယူဖို့၊ မျက်စိကို အလွန်အကျွံအသုံးမချဘို့
ညွှန်ကြားထားပါတယ်။ ဒီနေ့တော့ ဒါတွေကို မလိုက်နာနိုင်ပါဘူး။
လက်ပံတောင်းတောင် အစီရင်ခံစာထွက်လာတယ်ဆိုလို့ ကျန်တဲ့မျက်စိ တစ်ဖက်နဲ့
ကြိုးစားပမ်းစား ဖတ်ကြည့်မိပါတယ်။ ဖတ်ပြီးတဲ့ အခါမှာလည်း ရင်ထဲမှာ
တစ်ဆို့ဆို့ကြီးခံစားရလို့ ကိုယ့်ရဲ့ဝေဖန်သုံးသပ်ချက်ကို
ချရေးမိပါတယ်။

ပထမဆုံးပြောရရင်တော့ ကိုယ့်ရဲ့ခံစားချက်တွေဟာ တစ်ခုခုကို
ထိန်ချန်ထားသလို ခံစားရပါတယ်။ ပြောသင့်ပြောထိုက်တာတွေကိုမပြောဘဲ၊
ထိန်ချန်ပြီး မရုတ်မလွန် မြွေမသေ၊ ဒုတ်မကျိုးပြောနေသလိုမျိုးဘဲ
ခံစားရတယ်။ စီမံကိန်းရဲ့အားနဲချက်တွေကို ပြုပြင်ပြီး စီမံကိန်းကို
ဆက်လုပ်သင့်တယ်လို့ အကြံပြုတာကို ဘယ်လိုမှ ဝေဖန်အပြစ်မပြောလိုပါဘူး။
ဒါပေမယ့် အောက်ဖော်ပြပါအချက်အလက်တွေနဲ့ ပတ်သတ်ပြီး ပိုပြီးတိတိကျကျ
သုံးသပ်ဆွေးနွေး၊ အကြံပြုရင်ကောင်းမှာဘဲလို့ ထင်မိပါတယ်။



(၁) ပတ်ဝန်းကျင်ရေးရာ ဆန်းစစ်သုံးသပ်ချက်တွေက
သိပ်ပြီးထူးထူးခြားခြားမပါရှိပါဘူး။ ကျားကိုက်ပါတယ်ဆိုမှ
အပေါက်လေးလားဆိုသလိုပါဘဲ၊ ဒေသခံပြည်သူတွေနဲ့ ပတ်ဝန်းကျင်
ထိန်းသိမ်းရေးသမားတွေပြောတဲ့အချက်တွေကို ပြန်ပြီး
တရားဝင်ဖြစ်အောင်ပြောတဲ့သဘော ဖြစ်နေတယ်။ ကော်မရှင်ပါ ပညာရှင်တွေအနေနဲ့
အကန့်အသတ်၊ အခက်အခဲတွေ အများကြီး ရှိမယ်ဆိုတာကို နားလည်တယ်။ ဒါပေမယ့်
ကျားကိုက်တဲ့အပေါက်လေးက ဘယ်လောက်နက်လဲ၊ လူသေမှာလားဆိုတဲ့
အချက်လေးတွေပါအောင် ဆန်းစစ်သုံးသပ် ပေးနိုင်ရင်
ကောင်းမယ်လို့ထင်ပါတယ်။ အထူးသဖြင့် စီမံကိန်းကို ဆက်မလုပ်စေလိုတဲ့
ဒေသခံတွေအနေနဲ့ ဒီစီမံကိန်းကြောင့်၊ မြေပေါ် မြေအောက်ရေညစ်ညမ်းမှုကြောင့်
ချင်းတွင်းမြစ်ထိခိုက်ပြီး၊ မုံရွာမြို့ ကြီးပါ
ဆိုးကျိုးကြုံတွေ့ရမယ့်ကိစ္စတွေကို စိုးရိမ်ပူပန်နေကြပါတယ်။
တနည်းအားဖြင့် ရေညစ်ညမ်းမှု ဖြစ်မယ်ဆိုက ငြင်းစရာမရှိတဲ့ အချက်ပါ။


ဒါပေမယ့် ဒီညစ်ညမ်းမှုဟာ ဘယ်အတိုင်းအတာအထိဖြစ်မလဲ၊
ဖြစ်နိုင်လဲဆိုတာကို ရှင်းလင်းသုံးသပ်ဖို့ကောင်းပါတယ်။
အခြေခံကိန်းဂဏန်းအချက်အလက် (Baseline Data) တွေ မရသေးလို့ ကံသေကံမ
မပြောနိုင်သေးရင်တောင်မှ၊ ဖြစ်နိုင်ချေတွေ ပညာရပ်ပိုင်းဆိုင်ရာ
ရှုဒေါင့်ကနေ ရှင်းရှင်းလင်းလင်းပြောပြသင့်ပါတယ်။ ဒီရှင်းလင်းချက်မပါရင်
ဒီအချက်ကို စိုးရိမ်နေသူတွေဘယ်လိုမှ ကြောင့်ကြကင်းမှာ မဟုတ်ပါဘူး။

ပတ်ဝန်းကျင်ရေးရာဆန်းစစ်ရာမှာ
ဆိုးကျိုးဖြစ်မဖြစ်လေ့လာရုံတင်မကပါဘူး။ ထိခိုက်နိုင်မှု (Magnitude)
နဲ့ ဆုံးရှုံးနစ်နာနိုင်မှု (Intensity) နှစ်ခုလုံးကိုပါခြုံပြီး
သုံးသပ်ဖို့လိုပါတယ်။ စာရေးသူအနေနဲ့ စီမံကိန်းစနစ်တကျမဆောင်ရွက်ရင်
ရေညစ်ညမ်းမှုရှိနိုင်တယ်။
အတိတ်ကာလအိုင်ဗင်ဟိုးကုမ္ဗဏီလုပ်ခဲ့စဉ်ကတည်းကကို
ရေညစ်ညမ်းမှုတွေရှိခဲ့ဘူးတယ်။ ဒါကြောင့် တရုတ်ကုမ္ဗဏီတွေအနေနဲ့
ပတ်ဝန်းကျင်ကို အလေးမထားခဲ့ရင် ရေညစ်ညမ်းမှုတွေ
ဖြစ်နိုင်တယ်လို့ခန့်မှန်းခဲ့ပါတယ်။ ဒါပေမယ့် ဒေသခံတွေပြောနေတဲ့အချက်က
စိုးရိမ်ပူပန်မှုလွန်ကဲနေတယ်လို့ ထင်မြင်မိတယ်။
တရုတ်ကုမ္ဗဏီတွေရဲ့လုပ်ဆောင်မှုမှတ်တမ်းနဲ့လက်ရှိဆောင်ရွက်ပုံတွေကို
လေ့လာသုံးသပ် ကြည့်ရင်၊ ပတ်ဝန်းကျင်ကို
အလေးထားမှုအားနဲတယ်လို့သုံးသပ်နိုင်ပါတယ်။ ဒါကြောင့်မို့
ဒေသခံတွေစိုးရိမ်ပူပန်မှု လွန်ကဲနေတာကို အပြစ်ပြောလို့မရနိုင်ဘူး။


ပညာရပ်ပိုင်းဆိုင်ရာ ပိုမိုလေ့လာတိကျတဲ့အချက်တွေနဲ
ဒေသခံတွေကိုရှင်းလင်းသင့်တယ်လို့ ထင်မြင်မိပါတယ်။ လက်ရှိအခြေအနေမှာ
လေ့လာရေးကန့်သတ်ချက်တွေ၊ အခက်အခဲတွေကြောင့် ဒေသခံတွေ စိုးရိမ်မှုကို
တိကျတဲ့အဖြေမပေးနိုင်သေးရင်လည်း၊ မပေးနိုင်သေးကြောင်း
အတိအလင်းဖော်ပြပြီး၊ ဘယ်လိုဆန်းစစ်လေ့လာမှုတွေလုပ်ဘို့လိုတယ်၊ ဒါမှသာ
ပိုပြီးတိတိ ကျကျပြောနိုင်မယ်ဆိုတဲ့ ရှင်းလင်းချက်တွေပေးသင့်ပါတယ်။

ပတ်ဝန်းကျင်ရေးရာ ဆန်းစစ်တဲ့အခါမှာ
တစ်ရာရာခိုင်နှုန်းပြီးပြည့်စုံ Perfect ဖြစ်နိုင်ဘို့ မလွယ်ပါဘူး။
လေ့လာဆန်းစစ်တဲ့အခါမှာ အသုံးပြုတဲ့ ယူဆချက်တွေနည်းစနစ်တွေ
တွက်ချက်မှုတွေရဲ့ အားနည်းချက်၊ အားသာချက်တွေကို
ကြိုတင်ဖော်ပြထားဘို့လိုပါတယ်။ ဒါမှသာ ကိုယ့်ရဲ့သုံးသပ်ချက်ဟာ
ဘယ်အတိုင်းအတာ အကန့်အသတ်ဘောင်အတွင်းမှာဘဲ မှန်နိုင်တဲ့ ရာခိုင်နှုန်း
ဘယ်လောက်ရှိတယ်။ အများလက်ခံနိုင်တဲ့ အနေအထား ဘယ်လောက် ရှိတယ်
ကြိုတင်ပြောထားမှ သုံးသပ်ချက်၊ အကြံပြုချက်တွေဟာ ပိုပြီး ထင်သာ၊
မြင်သာရှိပါတယ်။ ကော်မရှင်ရဲ့ အစီရင်ခံစာမှာ လေထုညစ်ညမ်းမှုကို
စစ်ဆေးတိုင်းတာတဲ့ အခါမှာ လေထုထဲဖုန်မှုန့် (TSPM)
များနေတာကိုသာထောက်ပြပြီး၊ SO2 ပမာဏကတော့ ညစ်ညမ်းမှုအဆင့်မရှိဘူးလို့
သုံးသပ်ထားပါတယ်။ စာရေးသူနားလည်ထားသလောက် ပြောရရင် လေထုညစ်ညမ်းမှုကို
ပုံမှန် ရေရှည်တိုင်းတာမှုပြုလုပ်မှသာ လေထုထဲ အက်စစ် ပမာဏ
သတ်မှတ်ချက်ထက် များမများသိနိုင်ပါတယ်။ လေထုထဲမှာရှိမယ့်
အက်စစ်ပြင်းအားဟာ စိုစွတ်တဲ့ရာသီဥတု၊ အချိန်ကာလမှာ နည်းပါးလျက်ရှိပြီး၊
ခြောက်သွေ့တဲ့ရာသီ နေ့အချိန်တွေမှာ ပိုများပြားတတ်ပါတယ်။


အစီရင်ခံစာထဲမှာ အက်စစ်ပမာဏတွေဟာ လေထုထဲမှာ မများဘူးလို့ဆိုတဲ့အခါ
ခေါင်းထဲကိုအတွေးဝင်လာတာက၊ ကော်မရှင်ရဲ့ လေ့လာဆန်းစစ်တဲ့နည်းစနစ်နဲ့
အချိန်ကာလတွေပါပဲ။ လေထုအရည်အသွေးစစ်ဆေးဘို့ နမူနာကောက်ယူတဲ့အခါမှာ
ဘယ်အချိန်ကာလတွေမှာ ကောက်တာလဲ၊ ဘယ်နေရာတွေမှာ ဘယ်နှစ်ကြိမ်ကောက်လဲ၊
ကောက်ယူတဲ့နမူတွေကကော ဒေသတစ်ခုလုံးမှာ အက်စစ်ညစ်ညမ်းမှုမရှိဘူးလို့
ပြောလောက်အောင် ကိုယ်စားပြုနိုင်ရဲ့လား အစရှိသဖြင့် သိချင်လာပါတယ်။
ပတ်ဝန်းကျင်ရေးရာ အသေးစိတ်အစီရင်ခံစာမှာတော့ ဒီအချက်တွေပါမယ်လို့
မျှော်လင့်ပါတယ်။ ဒါပေမယ့် ပြည်သူလူထုကို အစီရင်ခံတဲ့ အစီရင်ခံစာမှာ
ဒီဆန်းစစ်တဲ့နည်းစနစ်တွေရဲ့ Degree of subjectivity တဖတ်သတ်
ကိုယ်သန်ရာတွေးကောက်ချက်ချယူနိုင်မှုကို ဘယ်လိုလျော့ပါးအောင်
လေ့လာသုံးသပ်ထားတယ်ဆိုတဲ့အချက်တွေ ယေဘူယျထည့်သွင်း ဖော်ပြသင့်တယ်လို့
ထင်ပါတယ်။


 နို့မို့လိုဆိုရင် စီမံကိန်းကြောင့် အက်စစ်ဓာတ်များကြောင့်
လေထုညစ်ညမ်းမှုမရှိဘူးဆိုတဲ့ တရားသေကောက်ချက်တွေ ဖြစ်သွားနိုင်ပြီး၊
အရေးကြီးတဲ့ အချက်တစ်ချက် ကျန်သွားနိုင်ပါတယ်။ SO2 ဟာပေါ့ပါးပြီး
လေတိုက်အားပေါ်မှာ မူတည်ပြီး မိုင်ထောင်ချီပြေးနိုင်ပါတယ်။ ရာသီအလိုက်
လေတိုက်ရာအရပ်ကိုလိုက်ပြီး အနောက်တောင်ဘက်နဲ့ အရှေ့မြောက်တွေဘက်မှာ
SO2 ရဲ့ ဆိုးကျိုးဒဏ်ကို ခံရနိုင်ပါတယ်။ လေနဲ့ရေမှာ ပါလာတဲ့
အက်စစ်ဓာတ်ကြောင့် မြေအဆိပ်သင့်မှု (Soil contamination)
နဲ့ပတ်သက်ပြီးတော့ အစီရင်ခံစာမှာ ဖော်ပြထားတာ သိပ်မတွေ့မိသလိုပါပဲ။
မြေအဆိပ်သင့်မှုဟာ စားနပ်ရိက္ခာထုတ်လပ်ရေးနဲ့ လူအများအဟာရ ဖွံ့
ဖြိုးရေးနဲ့ကျန်းမာရေးကိစ္စတွေမှာ အကျိုးသက်ရောက်မှုရှိတဲ့အတွက်
အရေးကြီးတဲ့ အချက်တချက်ပါ။



(၂) ပတ်ဝန်းကျင်ဆိုးကျိုးတွေနဲ့ပတ်သတ်ပြီး
ပိုမိုသိရှိနားလည်နိုင်ဘို့ EIA ၊ SIA လေ့လာမှုတွေ
ပိုမိုလုပ်ကိုင်ဘို့ အကြံပြုထားပါတယ်။ တဘက်တည်းမှာဘဲ
ပတ်ဝန်းကျင်ပြုပြင်ထိန်းသိမ်းရေး စီမံချက် (EMP) တွေ ရေးဆွဲဘို့လည်း ပါ
ပါတယ်။ ဒါပေမယ့် ဒီရေးဆွဲချမှတ်တဲ့ စည်းကမ်းတွေ၊ စီမံချက်တွေကို
ဘယ်လိုလက်တွေ့မှာ အမှန်တကယ် အကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်ဘို့
ဘယ်လိုအစီအမံတွေနဲ့ ကြီးကြပ်ကွပ်ကဲ စောင့်ကြည့်မဲ့ ယန္တယား
(Environmental Monitoring Mechanism) ကိုထားရှိဘို့လိုတယ် ဆိုတဲ့
အချက်ကို ဆွေးနွေးထားတာမတွေ့ရပါဘူး။ ဥပဒေစိုးမိုးရေးပြောသလိုပါဘဲ


လွှတ်တော်တွေက ဘယ်လောက်ကောင်းတဲ့ ဥပဒေတွေ ထုတ်ပြန်ပြဌာန်းပေမယ့်၊
လက်တွေ့တွန်းအားပေးဆောင်ရွက်မယ့် Enforcement Mechanism စီမံခန့်ခွဲမှု
ယန္တယားတွေမရှိရင် အရာမရောက်နိုင်ပါဘူး။ အထူးသဖြင့် ပြည်သူလူထုကို
ဒီလိုစောင့်ကြပ် ကြည့်ရှု စီမံခန့်ခွဲပိုင်ခွင့် အခွင့်အာဏာ
တနည်းအားဖြင့် Community Empowerment မလုပ်ဘူးဆိုရင် ရေရှည်မှာ
လက်တွေ့အကောင်အထည်ပေါ်လာမှာ မဟုတ်ပါဘူး။ ဒါကြောင့် လူထုကို
ပတ်ဝန်းကျင်ရေးရာ ကိစ္စရပ်တွေမှာ အပြုသဘောမျိုးဆောင်
ပိုမိုပူးပေါင်းဆောင်ရွက်လာနိုင်အောင် အမြင်ဖွင့်
ပြုစုပျိုးထောင်ပေးရင်း၊ သူတို့ကိုယ်တိုင် ဘယ်လို တိုက်ရိုက်
စီမံခန့်ခွဲနိုင်ခွင့် လွတ်လပ်စွာပြုမလဲဆိုတာ အစီရင်ခံစာမှာ
အလေးပေးဆွေးနွေးသင့်ပါတယ်။ (ဒုတိယပိုင်း ဆက်ရန်....)4


အမိမဲ့သားရေနဲငါးပမာဖြစ်ရသော လက်ပံတောင်းတောင်အစီရင်ခံစာ (ဒုတိယပိုင်း)
(၃) လူမှုဆန်းစစ်ချက်မှာ မြေသိမ်းယူမှုလျော်ကြေးပေးတာတွေ
ထင်သာမြင်သာမရှိမှုနှင့် ကာလပေါက်ဈေးအတိုင်း မပေးတာတွေကို
ဒေသခံပြည်သူတွေပြောတဲ့အတိုင်းပဲ ထောက်ပြ သုံးသပ်ထားပါတယ်။
အကြံပြုချက်အနေနဲ့ မြေသိမ်းလျော်ကြေးပေးဘို့ရယ်၊
အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုမိုရရှိအောင် ဆောင်ရွက်ဘို့ရယ်၊
အသေးစားနဲ့ အလတ်စားလုပ်ငန်း SME တွေဖွံ့ ဖြိုးအောင်
ဆောင်ရွက်ပေးဘို့ရယ်ဆိုပြီး အဓိက အကြံပြုထားပါတယ်။ မစားရဝခမန်း
ဒေါ်လာသန်းထောင်ချီမြတ်မယ့် စီးပွားရေးစီမံကိန်းတွေဆိုရင်
ဘယ်လိုအကျိုးစီးပွားကို ခွဲဝေဖြန့်ဖြူးအောင်လုပ်မယ် (Benefit Sharing
and Wealth Distribution) ဆိုတာ တိတိကျကျ ဖော်ပြသင့်ပါတယ်။


တနည်းအားဖြင့် စီမံကိန်းကြောင့်ရလာမယ့် Economic Growth ကို equity
အလို့ငှာ ဘယ်လိုဒေသခံပြည်သူလူထုကို distribute ဖြန့်ဝေမယ်ဆိုတာ
အရေးကြီးပါတယ်။ ဒီကနေ့အပြောများတဲ့ Corporate Social Responsibility –
CSR ဟာ အဖြေမဟုတ်ပါဘူး။ အားနည်းချက်တွေရှိပါတယ်။ CSR ဟာအဓိကအားဖြင့်
လူ့အခွင့်အရေး အရသော်လည်းကောင်း၊ ဥပဒေအရသော်လည်းကောင်း၊ ပြဌာန်းထားတဲ့
ပတ်ဝန်းကျင်ရေးရာ စည်းကမ်း၊ လူမှုရေး ကျင့်ဝတ်တွေကို
ကုမ္ဗဏီတွေကလိုက်နာတဲ့ အဆင့်ဘဲ ရှိပါသေးတယ်။ ကော်ပိုရေးရှင်းတွေ
သဒ္ဒါရင် သဒ္ဒါသလိုပေးကမ်းစွန့်ကြဲတဲ့ လူမှုရေး ဒါနပြုမှုတွေရှိကောင်း
ရှိနိုင်ပါတယ်။ ဒါပေမယ့် တိုးပွားလာတဲ့ အကျိုးစီးပွားကို
ကနဦးအစကတည်းက ဘယ်လိုလူထုထဲကို ဖြန့်ဖြူးပေးမယ်ဆိုတဲ့
ကတိကဝတ်ပြုချည်နှောင်ထားမှုတွေမရှိပါဘူး။


 မျက်စိထဲမြင်အောင်ပြောရရင်
အိမ်ရှင်ချမ်းသာလာလို့ အိမ်ဖော်ကို သဒ္ဒါတရားအရ ရွှေဆွဲကြိုးဆင်ပေးတဲ့
အဆင့်ပဲ ရှိပါတယ်။ တကယ့်ကို တာဝန်သိတဲ့ စီးပွားရေး Responsibility
Business ဆိုတာ လူ့အခွင့်အရေးနဲ့ ပတ်ဝန်းကျင်ရေးရာ
စောင့်စည်းရမှာတွေကို လိုက်နာရုံတင်မကဘူး၊ စီပွားရေးလုပ်ကတည်းကကို
ရလာမယ့် Growth ကိုဘယ်လိုပြည်သူထူထုကို တိုက်ရိုက်ရရှိအောင်
ဖြန့်ဖြူးမလဲဆိုတာ စဉ်းစားပြီး စီမံကိန်းကို Design လုပ်ပြီး
ရေးဆွဲအကောင်အထည်ဖော်ရပါတယ်။ အစိုးရကို အခွန်ပေးနေရတာပဲ၊
ဒေသခံတွေအလုပ်ရနေတာပဲ၊ ငွေတွေလှူနေတာပဲဆိုတာတွေနဲ့ မလုံလောက်ပါဘူး။
ငွေတွေအမြတ်ထဲကမှ ဘယ်လောက်ရာခိုင်နှုန်းနဲ့ ဒေသဖွံ့ ဖြိုးရေးကို
နှစ်စဉ်ပုံမှန်ထောက်ပံ့မယ်။ အစရှိသဖြင့် တိတိကျကျ
တာဝန်ယူသတ်မှတ်ဖော်ပြသင့်ပါတယ်။


နိုင်ငံတကာငွေရေးကြေးရေးအဖွဲ့အစည်းတွေဖြစ်တဲ့ IFC နဲ့ နိုင်ငံတကာဖွံ့
ဖြိုးရေး အဖွဲ့အစည်းတွေ လက်ခံထားတဲ့ လုပ်ငန်းလမ်းညွှန်ကတော့
မြေသိမ်းယူရတဲ့ ကိစ္စတွေမှာ သိမ်းခံရသူတွေ ဘဝရပ်တည်ရှင်သန်ရေးအတွက်
အစီအမံတွေ အတိအကျပါဝင်သင့်တယ်လို့ မူဘောင်ချမှတ်ထားပါတယ်။
ဒါကြောင့်မို့လို့ ကြေးနီစီမံကိန်းဟာ အကျိုးအမြတ်တွေတွက်ချက်တဲ့
အတိုင်း ရှိနေမယ်ဆိုရင် အမြတ်ရာခိုင်နှုန်းတစ်ခုကို သတ်မှတ်ပြီး
ဒေသဖွံ့ ဖြိုးရေး ရံပုံငွေတစ်ရပ်တည်ထောင်သင့်တယ်ဆိုတဲ့ အချက်ကို
အလေးအနက်ထား အကြံပြုသင့်တယ်လို့ ထင်မြင်မိပါတယ်။


 လူမှုရေး ဆန်းစစ်မှုထဲမှာ
အငြင်းပွားစရာတစ်ခုက ရှေးဟောင်းယဉ်ကျေးမှုဆိုင်ရာ၊ သာသနိကအဆောက်အဦး
ကိစ္စ သုံးသပ်အကြံပြုချက်ပါပဲ။ လယ်တီဆရာတော်ကြီးဟာ ဝါးတဲကျောင်းမှာ
သီတင်းသုံးစကြာံင်္လျှောက် ယာယီနေထိုင်ခဲ့တာပဲဖြစ်တယ်၊ လက်ရှိသာသနိက
အဆောက်အဦးတွေဟာ ဆရာတော်ကြီးသတင်းသုံးခဲ့တဲ့ဟာတွေမဟုတ်လို့
ပြောင်းရွှေ့ဆောက်လုပ်သင့်တယ်လို့ သုံးသပ်အကြံပြုချက်ဟာ
များစွာအံ့အားသင့်စေပါတယ်။ လယ်တီဆရာတော်ကြီးဟာ မြန်မာပြည်မှာ
ဝိပ္ဗသနာတရားပြန်လည်ပြန့်ပွား၊ ထွန်းကားလာအောင်
အဓိကဆောင်ရွက်ခဲ့တဲ့သူဆိုတာ အငြင်းပွားစရာမလိုတဲ့ သမိုင်းအချက်အလက်ပါ။


မုံရွာက သံဃာတော်တွေဆိုသလို လက်ပန်းတောင်းတောင်ဟာ လယ်တီဆရာတော်ကြီးရဲ့
ပရိယတ္တိနဲ့ ပဋိပတ္တိအလုပ်တွေနဲ့ အောင်မြေစိုက်ခဲ့တဲ့နေရာဆိုရင
စာရေးသူကတော့ရှေးဟောင်းသမိုင်းဝင်နေရာလို့ဆိုချင်ပါတယ်။
ဝါးတဲနဲ့ပဲနေနေ၊ တိုက်ကျောင်းနဲ့ပဲနေနေ အရေးမကြီးပါဘူး။
ဗုဒ္ဓဘာသာဝင်တွေရဲ့ အထွတ်အမြတ်ထား အလေးထားရမယ့် နေရာတစ်ခုပါ။
ထိန်းသိမ်းစောင့်ရှောက်သင့်ပါတယ်။ အလွယ်ဆုံးမြင်သာတဲ့ ဥပမာပေးရရင် ဂေါတမ
ဗုဒ္ဓမွေးဖွားခဲ့တဲ့ လုမ္ဗဏီအင်ကြင်းတောကို ဘာမှ
မူလလက်ရာအဆောက်အဦးတွေမရှိလို့၊ အင်ကြင်းပင်တွေမဟုတ်တော့လို့
ရွှေကြောကြီးရှိတယ်ဆိုပြီး ရွှေတူးပစ်မှာလားလို့ မေးရမလိုဖြစ်နေပါတယ်။
ကော်မရှင်အနေနဲ့ဒီအချက်ကို အလေးထားပြီး ပိုပြီးပြည့်စုံတဲ့
ရှေးဟောင်းသမိုင်းယဉ်ကျေးမှုဆိုင်ရာ လေ့လာဆန်းစစ်မှုတွေပြုလုပ်ပြီးမ
လက်ရှိအကြံပြုချက်ကို ပေးသင့်တယ်လို့ ထင်ပါတယ်။


လူမှုရေးဆိုင်ရာဆန်းစစ်ချက်ထဲမှာ သိပ်ပြီးမရှင်းလှတဲ့အချက်က
စီမံကိန်းကြောင့် ဒေသခံပြည်သူတွေရဲ့ ကျန်းမာရေးထိခိုက်မှုနဲ့ပတ်သတ်တဲ့
လေ့လာသုံးသပ်ချက်တွေပါပဲ။ ဒေသခံတွေရဲ့ရောဂါဟာ အက်စစ်ဓာတ်ကြောင့်ဖြစ်တာ
မဟုတ်ဘူးလို့ကျန်းမာရေးကျွမ်းကျင်သူများက ဆိုတယ်လို့
အစီရင်ခံထားပါတယ်။ ဒီနေရာမှာ ဒီခလေးတွေရဲ့ ရောဂါဟာ အက်စစ်ဓာတ်ကြောင့်
မဟုတ်ဘူးဆိုရင် အခြား Heavy Metal လို့ခေါ်တဲ့
သတ္တုလေးတွေကြောင့်ဖြစ်နိုင်တဲ့ အခြေအနေနဲ့ ကော သက်ဆိုင်မှုရှိလား၊
ရှိတယ်ဆိုရင်ကော ဒါက စီမံကိန်းသတ္တုတူးဖော်တာနဲ့ဆိုင်နိုင်လား၊
ဒါမှမဟုတ် ဒေသလူတွေ အရပ်နည်းနဲ့ ဒုထ္တာချက်တဲ့အတွက် ဆက်စပ်နေတဲ့
ကျန်းမာရေးဆိုးကျိုးဖြစ်နိုင်လားဆိုတာ ဆန်းစစ်ဘို့လိုပါမယ်။
ဒီလိုပိုပြီး အသေးစိတ်လေ့လာမှုရှိမရှိ အစီရင်ခံစာထဲမှာ ဖော်ပြမထားပါဘူး။


သတ္တုတွင်းတူးလို့ သတ္တုသန့်စင်ထုတ်လုပ်သယ်ယူ ပို့ဆောင်
ထိတွေ့မှုများလို့ ပါဝင်တဲ့၊ ပါဝင်နိုင်တဲ့ အက်စစ်ဓာတ်တွေရယ်နဲ့
သတ္တုလေးတွေရဲ့ ကျန်းမာရေးဆိုင်ရာ အန္တရာယ်တွေကို သေချာဆန်းစစ်ဘို့
လိုပါတယ်။ ကော်မရှင်က တာဝန်ရှိသူတွေဟာ ပေးထားတဲ့ အချိန်ကာလထဲမှာ Rapid
Health Assessment ကျန်းမာရေးရှောင်တခင်ဆန်းစစ်ခြင်းပြုလုပ်နိုင်ပါတယ်။
စီမံကိန်းဒေသတွင်းနှင့် စီမံကိန်း ပြင်ပဒေသမှာ ရှိတဲ့လူတွေရဲ့
ကျန်းမာရေးကို ကျပန်းနမူနာ ကောက်ယူစစ်ဆေးလို့ ရနိုင်ပါတယ်။


ကျေးလက်ကျန်းမာရေးဌာနတွေရဲ့ မှတ်တမ်းတွေကို ကောက်ယူပြီး၊
နှိုင်းယှဉ်လေ့လာပြီး ဖြစ်နိုင်ခြေ အကျိုးအကြောင်းတွေ
သုံးသပ်နိုင်ပါတယ်။ အထူးသဖြင့် အက်စစ်အသုံးပြုတဲ့လုပ်ငန်းတွေဟာ
အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများ (Acute Respiratory Infectin - ARI)
များဖြစ်ပွားနိုင်ပါတယ်။ ARI ဟာ ၅ နှစ်အောက်ကလေးတွေမှာ
အသေအပျောက်အများဆုံး ဖြစ်စေတဲ့ ရောဂါတွေထဲက အရေးကြီးတဲ့
ရောဂါမျိုးဖြစ်ပါတယ်။ ဆေးမှတ်တမ်းများအရရော၊ လျှောင်တခင်စစ်ဆေးမှုအရရော
နှိုင်းယှဉ်လေ့လာနိုင်မယ်လို့ ထင်ပါတယ်။ စီမံကိန်းဒေသနဲ့
စီမံကိန်းပြင်ပကလူတွေကို နှိုင်းယှဉ်တဲ့အခါ ဒီလိုရောဂါမျိုးတွေ
များမများ၊ များနေရင်လည်း စီမံကိန်းနဲ့ ဆက်စပ်မှုရှိမရှိဆိုတာ
အစီရင်ခံစာထဲမှာပါတဲ့ ရေတွင်းတွေမှာ မာကျူရီဓာတ်များ မများနဲ့
စီမံကိန်းကြောင့်ဖြစ်နိုင်ချေရှိမရှိကို သုံးသပ်သလိုမျိုး
လေ့လာဆန်းစစ် ဘို့လိုပါတယ်။ အခိုင်အမာဆက်စပ်မှုတွေ
သက်သေမပြနိုင်သေးရင်လည်း ဘယ်လိုဆက်လက်လေ့လာသင့်တယ်ဆိုတ
ဆွေးနွေးသင့်ပါတယ်။ ဒီကိစ္စရပ်တွေ ကော်မရှင်အနေနဲ့ လေ့လာမလာဆိုတာ
မသိရပါဘူး။ လေ့လာထားရင်လည်း လူထုသိအောင် အစီရင်ခံစာထဲမှာ
ဖော်ပြသင့်ပါတယ်။



(၄) အစီရင်ခံစာထဲမှာ စီးပွားရေးဆန်းစစ်ချက်ပါပါတယ်။
ဒါဟာစီမံကိန်းကို ဆက်လုပ်သင့်မသင့်ဆိုတာ စဉ်းစားတဲ့နေရာမှာ
အရေးပါပါတယ်။ အထက်ပါဖော်ပြခဲ့တဲ့ အချက်တွေကို စီးပွားရေး
အကျိုးအမြတ်အသာရမှုနဲ့ ချိန်ထိုးလေ့လာဘို့လိုပါတယ်။ အစီရင်ခံစာထဲမှာ
အကျိုးအမြတ်များနိုင်တယ်။ အကျိုးအမြတ်ခွဲတဲ့နေရာမှာ မြန်မာဘက်က
အသာစီးရပါတယ်ဆိုပြီး ကောက်ချက်ချထားပါတယ်။ ဒီလိုဖော်ပြရာမှာ
စာရေးသူမရှင်းတဲ့အချက်က တကယ်အကျိုးအမြတ်ရနိုင် မနိုင်ကိုပါပဲ။


အကျိုးအမြတ်ခွဲဝေမှုကို ရှင်းပြတဲ့နေရာမှာ ရတဲ့ဝင်ငွေထဲက
တိုက်ရိုက်ကုန်ကျစားရိတ် ၅၄% ကို နှုတ်ပြီး၊ ကျန်တဲ့ ၄၆ % မှာ အစိုးရက
ဘယ်လောက်၊ ဦးပိုင်ကဘယ်လောက်၊ တရုတ်ကုမ္ဗဏီက ဘယ်လောက်ဆိုပြီး
ယေဘူယျနိုင်ငံတော်မှာ အကျိုးအမြတ်ပိုရှိုတယ်ဆိုတဲ့ အချက်ပေါ်အောင်
အလေးပေးရေးထားပါတယ်။ ဒီနေရာမှာ သတိချပ်ရမှာက၊
ရရှိတဲ့အကျိုးအမြတ်ရာခိုင်နှုန်း ၁ ရာခိုင်နှုန်းဟာ
တစ်ဒေါ်လာဖြစ်နိုင်သလို၊ ဒေါ်လာ သန်းတစ်ရာလည်း ဖြစ်နိုင်ပါတယ်။
ရာခိုင်နှုန်း ဖော်ပြလိုက်ရုံနဲ့ ပတ်ဝန်းကျင်ဆုံးရှုံးမှုနဲ့
လူမှုရေးနစ်နာမှုတွေ ကြောင့်ပေးဆပ်လိုက်ရတဲ့ စီးပွားရေးကုန်ကျစရိတ်
(economic cost) တွေနဲ့ နှိုင်းယှဉ်ပြီး အကျိုးအမြတ်ရှိမရှိကို
လေ့လာချင့်ချိန်လို့ မရဘူးဖြစ်သွားပါတယ်။ ဈေးထဲမှာ
ကုန်စိမ်းရောင်းတဲ့သူဟာ စီးပွားရေးပညာရှင်တွေသုံးတဲ့ Net Present Value
တို့ Cost Benefit Ratio တို့ Internal Rate of Return တို့
မသိပါဘူး။ ဒါပေမယ့် တစ်နေ့ငွေသား ဘယ်လောက်ကျန်မလဲ၊
နေ့ပြန်တိုးဘယ်လောက်ကိုက်မလဲ၊ ဘဏ်မှာ ငွေစုထားတာထက် ဒါမှမဟုတ်
သုံးကျပ်တိုးနဲ့ ငွေချေးရတာထက် သူ့စီးပွားရေး ကိုက်မကိုက်ကို
ချင့်ချိန်စဉ်းစားတတ်ပါတယ်။ ဒီလိုရိုးရိုးလေး အခြေခံစဉ်းစားဘို့ကို
လေ့လာသုံးသပ်ချက်မပါတော့ များစွာပဲ အံသြမှင်သတ်ရပါတယ်။ ဦးပိုင်ကရတဲ့
အကျိုးအမြတ်ရာခိုင်နှုန်းဟာ ပြည်သူတွေနဲ့မသက်ဆိုင်လို့ နိုင်ငံတော်က
ရမယ့် အကျိုးအမြတ်ကိုပဲ၊ ပြည်သူတွေသွယ်ဝိုက်အကျိုးရှိစေမှာလို့
မှတ်ယူပါတယ်။ နိုင်ငံတော်က ရမယ့် အကျိုးအမြတ်ရာခိုင်နှုန်းထဲမှာ
ဝင်ငွေခွန်အတွက် ရရှိမယ့် ရာခိုင်နှုန်းကို အဓိကအကျိုးအမြတ်အဖြစ်
ဖော်ပြထားပါတယ်။ ဝင်ငွေခွန်ဆိုတာ မြတ်မှရမှာပါ။ မမြတ်ရင် မရဘူးလို့
မှတ်ယူနိုင်ပါတယ်။ ကျွန်တော်သိတာမမှားဘူးဆိုရင်
ဝင်ငွေခွန်တွက်ချက်ဘို့ အတွက် ကြေးနီရောင်းရငွေထဲက
တိုက်ရိုက်ကုန်ကျစရိတ်နှုတ်ရုံတင်မကဘဲ၊
သွယ်ဝိုက်ကုန်ကျစရိတ်သို့မဟုတ် ပြန့်နှံ့ကုန်ကျစရိတ်တွေ
နှုတ်ရပါဦးမယ်။ 


တနည်းအားဖြင့် ကြေးနီထွက်ထွက် မထွက်ထွက်၊
ဈေးကောင်းနဲ့ရောင်းလို့ ရရ မရရ၊ ကုန်ကျမယ့် စီမံခန့်ခွဲစရိတ်တွေနဲ့
ရင်းနှီးမြှုပ်နှံထားတဲ့ မရွှေ့မပြောင်းနိုင်တဲ့ ပစ္စည်းတွေရဲ့
နှစ်စဉ်တန်ဘိုးလျော့-အလျော့တွက် (Depreciation)
စရိတ်တွေနှုတ်ရဦးမှာဖြစ်တယ်။ ဒီတော့ ကြေးနီစီမံကိန်းကုန်ကျစရိတ် ၅၄%မှာ
ဒီစရိတ်တွေ တွက်ချက်ပြီး ပါမပါဆိုတာ အစီရင်ခံစာမှာ မကွဲပြားပါဘူး။
တကယ်လို့ မပါသေးရင် ထပ်ပြီး နှုတ်ဘို့လိုပါတယ်။ ဒီအခါမှာ
ဝင်ငွေခွန်ဆောင်ရမယ့် ပမာဏဟာ ပိုပြီးနည်းသွားဦးမှာဖြစ်ပါတယ်။
ဒီမှာထပ်ဆင့်စဉ်းစားရမှာက တရုတ်ကုမ္ဗဏီအနေနဲ့ စီမံကိန်းကိုဆက်လုပ်ရင်
လူမှုရေး၊ ပတ်ဝန်းကျင်ရေးရာ အတွက် ပိုမိုကုန်ကျစရိတ်တွေရှိလာမှာပါ။
ဒီထပ်ဆောင်းစရိတ်တွေနှုတ်လိုက်လို့
ဝင်ငွေခွန်ရဘို့ထပ်ပြီးနည်းသွားမလားဆိုတာ စဉ်းစားရမှာပါ။
တရုတ်ကုမ္ဗဏီအနေနဲ့လည်း ကုန်ကျတဲ့အတွက် သူရဲ့ ရရှိမယ့်
အမြတ်ရာခိုင်နှုန်းဟာ ရင်းနှီးထားတဲ့ သန်း ၉၀၀
ကျော်နဲ့ယှဉ်ရင်တွက်ခြေကိုက်ပါ့မလား၊ ဘယ်လိုမှ တွက်ခြေမကိုက်ဘဲ
ဆက်လုပ်မယ်ဆိုရင်တော့ တစ်ခုခု မှားနေပြီဆိုတာ အထင်းကြီး
သိနိုင်ပါတယ်။ အလှည့်အပတ်မျိုးစုံနဲ့ ဘယ်လိုအကျိုးအမြတ်ထုတ်
ဦးမှာလဲဆိုတဲ့ သံသယတွေကြီးထွားလာမှာပါ။ ကြေးနီစီမံကိန်းရဲ့
စီးပွားရေးတွက်ချေကိုက်မှုနဲ့ ပက်သတ်ပြီး ပြင်းပြင်းထန်ထန်ဝေဖန်ထားတဲ့
ဆောင်းပါးတစ်ခုကို အင်တာနက်ထဲမှာ ဖတ်ရပါတယ်။ ဒီအချက်အလက်တွေမှန်မမှန်
စာရေးသူ မစစ်ဆေးနိုင်ပေမယ့်၊ တင်ပြထားချက်တွေဟာ ယုတ္တိဗေဒကျတယ်ဆိုတာ
တွေ့ရပါတယ်။ ဒီတော့ ကော်မရှင်အနေနဲ့ ဒီဆောင်းပါးပါ ဝေဖန်ချက်တွေကို
ရှင်းလင်းတင်ပြနိုင်မယ့် လေ့လာသုံးသပ်အကြံပြုချက်မျိုးဖြစ်သင့်ပါတယ်။



စီးပွားရေးအကျိုးအမြတ်ဆန်းစစ်တဲ့နေရာမှာ မထင်မှတ်နိုင်တဲ့
အကြောင်းရာများကြောင့် ထုတ်လုပ်မှုလျော့ပါးသွားတာ၊
ဈေးနှုန်းမှန်းထားသလောက်မရတာ အစရှိတဲ့ ဆုံးရှုံးနိုင်မှုအန္တရာယ် (RISK)
တွေကို ထည့်သွင်းစဉ်းစားမှု ဘယ်လောက်အတိုင်းအတာအတွင်း
စီးပွားရေးအကျိုးအမြတ်ရရှိနိုင်မှုဟာ အပြောင်းအလဲရှိနိုင်တယ်ဆိုတာ
ထည့်သွင်းတွက်ချက်စဉ်းစားသင့်ပါတယ်။ ဆုံးရှုံးနိုင်ခြေထည့်မတွက်ထားရင်
တွက်ရေးတော့ စက်သူဌေးပဲ ဆိုသလို အဖြစ်မျိုး ရောက်နေမှာပါ။ ကော်မရှင်မှာ
တာဝန်ရှိသူတွေဟာ ဒီလိုလေ့လာတာကို နောက်တဆင့် Feasibility Study
ဖြစ်နိုင်ခြေဆန်းစစ်မှုတွေလုပ်မှ သုံးသပ်မယ်လို့ စဉ်းစားထားလား
မသိပါဘူး။ ဒါဆိုရင်တော့ အားနည်းချက်တွေကိုပြင်ပြီး စီမံကိန်းကို
ဆက်လုပ်သင့်တယ်လို့ အကြံပြုတာဟာ စောနေမလားလို့ တွေးစရာတွေပေါ်လာပါတယ်။



(၅) အစီရင်ခံစာမှာ
စီမံကိန်းခွင့်ပြုအကောင်အထည်ဖော်ဆောင်ရွက်တဲ့အခါမှာ
ထင်သာမြင်သာမှုမရှိတာတွေ၊ တာဝန်ယူမှုအားနည်းနေတာတွေ၊
လုပ်ထုံးလုပ်နည်းမကျတာတွေ ထောက်ပြဝေဖန်ထားပါတယ်။ ဒါတွေက မဆန်းပါဘူး။
အားလုံးသိပြီးသားအချက်တွေပါပဲ၊ ဒီထက်မက
ဝှက်ထားတဲ့အချက်တွေရှိဦးမယ်လို့ ယုံကြည်မိပါတယ်။
ဘယ်လိုပြောပြောဒီအားနည်းချက်တွေကို တရားဝင်ထုတ်ဖော်ပြောဆိုတဲ့အတွက်
ကော်မရှင်ကို ကျေးဇူးတင်ရပါမယ်။ ဒါပေမယ့် အခြားဘဝင်မကျတဲ့အချက်က
စီမံကိန်းအကောင်အထည်ဖော်တာကို ခေတ္တဆိုင်းငံ့ထားဘို့ အကြံပြုတင်ပြထားတာ
မပါလို့ပါပဲ။ အစီရင်ခံစာမှာ ဖော်ပြထားသလို လူမှုရေး၊
ပတ်ဝန်းကျင်ရေးပြုပြင်စရာတွေလိုသေးတယ်။


ဆက်လက်လေ့လာစရာတွေလိုသေးတယ်ဆိုရင်၊ ဒီလိုလိုအပ်ချက်တွေပြည့်မှီပြီးမှ
သဘောတူညီချက်အသစ်နဲ့ စာချုပ်ထပ်ချုပ်ဆိုပြီး
စီမံကိန်းအကောင်အထည်ဖော်သင့်ပါတယ်။ မသေချာမှုတွေ Uncertainty
တွေများနေသေးတဲ့ကာလမှာ စီမံကိန်းကို ဇွတ်တိုးဆက်မလုပ်ဆောင်သင့်ပါဘူး။
ကော်မရှင်ပဲ မျက်စိမှောက်လေသလား၊ မျက်လုံးတစ်ဘက်နဲ့ အစီရင်ခံစာဖတ်ရတဲ့
စာရေးသူမှာပဲ မျက်စိလျှန်းလေသလား မသိဘူး။ ဒီအချက်တွေပါတာ မတွေ့ရပါဘူး။
ဒါမှမဟုတ်လက်ရှိမှာ စီမံကိန်းရပ်ဆိုင်းထားဘို့ သက်ဆိုင်ရာက
ညွှန်ကြားချက်ထုတ်ပြီးသားလား စာရေးသူမသိပါ။

အထက်က တင်ပြခဲ့တဲ့အချက် ငါးချက်ဟာ၊ သာမန်အတွေး၊ သာမန်အသိနဲ့ပဲ
နှိုင်းယှဉ်သုံးသပ်နိုင်မယ်ထင်ပါတယ်။ အဆင့်မြင့်ပညာတွေ
သင်စရာမလိုပါဘူး။ ဘွဲ့လွန်ပါရဂူဘွဲ့တွေယူစရာမလိုပါဘူး။
ပတ်ဝန်းကျင်ရေးရာ၊ အခြေခံအသိပညာ အထိအတွေ့ရှိယုံမျှနဲ့
အလွယ်တကူစဉ်းစားနိုင်မဲ့အချက်တွေ ဖြစ်မယ်လို့ ထင်ပါတယ်။

ဝက်မှေးရွာသူ တစ်ယောက်က ပြောပါတယ်။ စီမံကိန်းကြောင့် သူ့တို့ဘဝတွေ
နစ်နာသွားပါစေ။ နိုင်ငံတော်တကယ် အကျိုးရမယ်ဆိုရင် ဒေသခံတွေ
ပေးဆပ်ရကျိုးနပ်ပါတယ်လို့ ပြောပါတယ်။ ဒီတင်ပြချက်အတွက် အစီရင်ခံစာ
တိတိကျကျရေရေရာရာ အဖြေပါမနေပါဘူး။ စာရေးသူဟာ လက်ပံတောင်းအရေးနဲ့
ပတ်သက်လို့မေးလာတဲ့ မီဒီယာမှန်သမျှ၊ အကြံဥာဏ်ကောင်းတဲ့ ဒေသခံမည်သူမဆို၊
ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး အချိန်ကာလမှာ လက်ပံတောင်းတောင် ပြဿနာကို
ဒီမိုကရေစီနည်းကျကျ ဥပဒေဘောင်အတွင်းက ရှင်းလင်းဘို့ အစဉ်အမြဲ
တိုက်တွန်းခဲ့သူပါ။ စုံစမ်းလေ့လာသူတွေရဲ့ သိက္ခာသမာဓိ၊ ပညာဥာဏ်
အတွေ့အကြုံနဲ့ ပြည်သူ့အကျိုးဆောင်ရွက်လိုတဲ့စိတ်တွေ အပေါ်မှာ
သံသယမရှိဘို့ အချိန်တိုင်းမှာ နေရာတိုင်းမှာ ၊
ကိုယ့်အမြင်ကိုတင်ပြခဲ့သူပါ။ အပြည့်စုံ Perfect မဟုတ်ရင်တောင်မှ
အကောင်းဆုံးတော့ဖြစ်မှာ ပါလို့ မျှော်လင့်မိပါတယ်။ 


သို့သော်လည်း
အထက်မှာ တင်ပြခဲ့သလို သာမန်အတွေး၊ သာမန်အသိနဲ့ လေ့လာသုံးသပ်တင်ပြရမယ့်
အချက်တွေ အစီရင်ခံစာမှာ မတွေ့ရတော့ များစွာအားငယ်မိပါတယ်။ ကော်မရှင်မှာ
တာဝန်ရှိသူတွေအနေနဲ့ မသိလို့ မရေးတာမဟုတ်ဘဲ၊ ကြိုတင်ဆုံးဖြတ်ပြီးသား
အချက် (Pre-defined Judgement) ကို အထောက်အကူပြုရုံလောက်
ပံ့ပိုးပေးရုံအတွက် မရုတ်မလွန်ရေးနေတာလားလို့
ထင်ယောင်ထင်မှားဖြစ်လာပါတယ်။ ဆရာဝန်တွေ လူနာကို စမ်းသပ်တဲ့နေရာမှာ
ဖြစ်နိုင်ချေရှိတာတွေ အားလုံးကို Diagnosis
ဆန်းစစ်လေ့လာသုံးသပ်ကြပါတယ်။ ဒီတွေ့ရှိချက်ပေါ်မှာ မူတည်ပြီးမှသာ
ကုသမယ့်နည်းလမ်းမျိုးစုံကို စဉ်းစားပြီးမှ လူနာနဲ့
အသင့်တော်ဆုံးနည်းလမ်းကို လူနာနဲ့ ညှိနှိုင်းပြီး
ဆုံးဖြတ်ရွေးချယ်တတ်ကြပါတယ်။ လက်ပံတောင်းတောင်ပြသနာမှာ
ပေးလိုတဲ့ဆေးအတွက် လူနာကို လိုသလောက်လေးစစ်ဆေးသလို ဖြစ်နေလားလို့
စဉ်းစားမိပါတယ်။ လက်ကုန်ထုတ်လေ့လာသုံးသပ်ထားတယ်လို့ မမြင်မိပါဘူး။



ဒီလိုကြီးမားတဲ့စုံစမ်းစစ်ဆေးမှုတွေမှာ အစီရင်ခံစာအကြမ်းကို Peer
Review လိုခေါ်တဲ့ အခြားပြင်ပသင့်တော်တဲ့သူတွေ ဝေဖန်သုံးသပ်ချက်တွေကို
ရယူပြီးမှ အပြီးသတ်ကောက်ချက်ချ အစီရင်ခံစာပြုစုလေ့ရှိကြပါတယ်။
ဒါမှမဟုတ်လည်း Public Hearing ပြည်သူ့ကြားနာတာကို ဆောင်ရွက်ပြီးမှ
အပြီးသတ်ဆောင်ရွက်လေ့ရှိပါတယ်။ ကော်မရှင်အနေနဲ့ ဒီလိုလုပ်ဘို့
လုပ်ငန်းစဉ်ပါမပါ မသိရပါဘူး။ ဒီလိုမသေမချာရှိနေတဲ့ စီမံကိန်းမှာ
မပြီးမပြည့်စုံတဲ့လေ့လာသုံးသပ်မှုတွေနဲ့ အဖြေထုတ်မယ်ဆိုရင်
စာရေးသူတို့ ပြည်သူတွေအနေနဲ့ အမိမဲ့သား၊ ရေနဲငါးလိုပဲ တကယ့်ကို
ခိုကိုးရာမဲ့ ဖြစ်ရပါတယ်။ စာရေးသူတို့ အယုံကြည်ဆုံး၊
အမျှော်လင့်ဆုံးလူတွေကမှ တွေ့ကြုံနေရတဲ့ ပြသနာတွေကို အတတ်နိုင်ဆုံး
ကာကွယ်မဆောင်ရွက်ပေးဘူးဆိုရင် ဘယ်သူတွေက အနာဂတ်မှာ ဆောင်ရွက်ပေးကြမှာလဲ
။ အကောင်းမြင်ဝါဒရှိဘို့အမြဲ ကြိုးစားသူတွေအနေနဲ့ပြောနိုင်တာက တော့
ကော်မရှင်ရဲ့ ကြိုးပမ်းမှုဟာ၊ လိုအပ်ချက်တွေရှိနေပေမယ့် ဖြစ်နိုင်တာကို
အကောင်းဆုံးလုပ်ထားတာပါဆိုပြီး ဖြေသိမ့်ရမှာပါ။


ဒီလိုတင်ပြနိုင်တာကကို အရှုံးထဲက ၊ အမြတ်ဖြစ်ပြီး၊ အနာဂါတ်မှာ
လိုအပ်ချက်တွေကို ပြုပြင်ဖြည့်စွက်ပြီး ဆောင်ရွက်မယ်ဆိုရင်
ဒီလိုရှုပ်ထွေးနက်နဲတဲ့ ပတ်ဝန်းကျင်ရေးရာကိစ္စရပ်တွေအတွက် အဖြေတစ်ခု
နည်းပေးလမ်းပြ ရနိုင်တယ်ဆိုပြီး အားတင်းပြုံးပြရမှာဖြစ်ပါတယ်။
ဒီအစီရင်ခံစာနဲ့ပတ်သတ်ပြီး၊ ဒေသခံတွေကတော့ လုံးလုံးကျေနပ်နိုင်မှာ
မဟုတ်ဘူးဆိုတာ ကတော့ သေချာပါတယ်။ ပတ်ဝန်းကျင်ရေးရာ
ပြသနာကစတဲ့နိုင်ငံရေးအရှုပ်အထွေးတင်းမာမှုတွေကို ဘယ်လို
ဖြေရှင်းမလဲဆိုတာတော့ ငွေရောင်ပိတ်ကားပေါ်မှာ ဆက်ကြည့်ရမှာဖြစ်ပါတယ်။


အားလုံးကျန်းမာချမ်းသာဘေးဘယာ ကင်းဝေးနိုင်ကြပါစေ။

Sunday, March 17, 2013

၈၈ မျိုးဆက်ကို ကိုယ်စားပြုတဲ့ ပါတီပေါ်ထွက်လာမယ်

BBC-မြန်မာ
နာက်ဆုံး ရေးသားချိန် 18 မတ်လ 2013 - 01:23 GMT၊

၈၈ မျိုးဆက်ကို ကိုယ်စားပြုပြီး နိုင်ငံရေးပါတီတခု ဒီနှစ်ထဲ ထွက်ပေါ်လာဖို့ ရှိတယ်လို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တဦးက ပထမဆုံးအကြိမ် ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။





ပြည်ပရောက် မြန်မာတွေအတွက် မြန်မာ့နိုင်ငံရေး အပြောင်းအလဲမှာ ပါဝင်ဖို့နဲ့ မြန်မာ့အပြောင်းအလဲတွေအတွက် အရေးပါတဲ့ နိုင်ငံတခုဖြစ်တဲ့ အမေရိကန်နိုင်ငံ၊ နိုင်ငံခြားရေးဌာနက မူဝါဒရေးရာ အကြံပေးတွေနဲ့ တွေ့ဖို့ အမေရိကန်ပြည်ထောင်စုမှာ ရောက်နေတဲ့ ကိုဌေးကြွယ်က ဘီဘီစီနဲ့ အင်တာဗျူးမှာ ပြောလိုက်တာလည်း ဖြစ်ပါတယ်။

ဆက်စပ်အကြောင်းအရာများဒေါ်အောင်ဆန်းစုကြည်ရွေးကောက်ပွဲနဲ့ လွှတ်တော်ရှိရုံနဲ့ ဒီမိုကရေစီ ရပြီလို့ မပြောနိုင်သေးဘူး၊ စစ်မှန်တဲ့ ဒီမိုကရေစီ အခြေကျအောင် အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဖြစ်ထွန်းရေးအတွက် ၈၈ မျိုးဆက် တခုလုံးရဲ့ ရုန်းကန်အား တခုအနေနဲ့ စုစည်းဖို့ လိုနေလို့ နိုင်ငံရေးပါတီတခု အနေနနဲ့ ပေါ်ထွက်လာဖို့ ရှိတယ်လို့ ကိုဌေးကြွယ်က ရှင်းပြပါတယ်။

နိုင်ငံရေးကြောင့် ပြည်ပရောက်၊ လက်နက်ကိုင်၊ ဒုက0x081ခသည်ဖြစ် စသဖြင့် တကွဲတပြား ဖြစ်ကုန်တဲ့ ပြည်ပရောက် မြန်မာတွေအားလုံး မျက်မှောက် မြန်မာ့နိုင်ငံရေးထဲ ပါစေချင်တာဟာ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင်တွေရဲ့ ဆန0x081ဒပါလို့လည်း သူက ပြောပါတယ်။ဒီလို ပြည်ပရောက် မြန်မာတွေ လာနိုင်အောင်၊ ပါနိုင်အောင် အစိုးရကလည်း လုပ်ဆောင်ပေးဖို့ လိုတယ်လို့လည်း ဖြည့်စွက် ပြောပါတယ်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ခေါင်းဆောင်တဦးလည်း ဖြစ်တဲ့ ကိုဌေးကြွယ်က အမေရိကန်ပြည်ထောင်စု၊ မြို့တော် ဝါရှင်တန်မှာ ရောက်နေတဲ့ မြန်မာတွေနဲ့ မျက်မှောက်နိုင်ငံရေးတွေကို ဆွေးနွေးတဲ့အခါ လက်ပံတောင်းတောင်အရေးကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

မြန်မာဟာ ဘယ်နိုင်ငံရောက်ရောက် မြန်မာပဲ ဖြစ်တယ်၊ မျက်မှောက် မြန်မာ့နိုင်ငံရေး အပြောင်းအလဲတွေနဲ့စပ်လို့ ပြည်ပနေ မြန်မာတွေ အနေနဲ့ နည်းပညာ၊ ငွေကြေးနဲ့ တတ်ကျွမ်းထားမှုတွေ မြန်မာပြည်တွင်းမှာ ပြန်လည် မျှဝေနိုင်ဖို့ လုပ်ပိုင်ခွင့်တွေ ရဖို့ လိုတယ်လို့လည်း ကိုဌေးကြွယ်က ဘီဘီစီကို ပြောပါတယ်။

...........................................................................................................................

၈၈ မျိုးဆက်ကျောင်းသားများ နိုင်ငံရေးပါတီဖွဲ့မည်

ဧရာဝတီ။
 
၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များဖြစ်သော ကိုမြအေး၊ ကိုပြုံးချို၊ ကိုဂျင်မီ၊ ကိုကိုကြီး၊ ကိုမင်းကိုနိုင်၊ ကိုဌေးကြွယ်နှင့် ကိုအံ့ဘွယ်ကျော် (ဓာတ်ပုံ – ဧရာဝတီ)

၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့အနေဖြင့်  ဒီမိုကရေစီစနစ် အခြေကျရန်၊ အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေး ဖြစ်ထွန်းစေရန် အတွက် နိုင်ငံရေး ပါတီတခု ထူထောင်ရန် မူဝါဒရှိနေပြီး ယခုနှစ်တွင် ပါတီဖွဲ့စည်းရန် မရှိသေးကြောင်း သိရသည်။
၈၈မျိုးဆက်ကျောင်းသားများသည် ယခုနှစ်အတွင်းတွင် အရပ်ဘက် လူ့အဖွဲ့အစည်းများ အားကောင်းစေရေးအတွက်သာ ရည်ရွယ် လုပ်ဆောင်နေပြီး လာမည့်နှစ်အနည်းငယ်အတွင်းတွင် နိုင်ငံရေးပါတီတခုအဖြစ် ဖွဲ့စည်းရန်ရှိသကဲ့သို့ အခြားတဘက်တွင်လည်း အရပ်ဘက် အဖွဲ့အစည်းကို ဆက်လက် ထားရှိပြီး ဆက်လက် ရပ်တည်သွားမည်ဖြစ်ကြောင်း ၈၈ မျိုးဆက်ကျောင်းသား ခေါင်ဆောင်တစ်ဦးဖြစ်သည့် ကိုမင်းဇေယျက ပြောသည်။

“သေချာတာ ကတော့  ၂ လမ်းသွား မယ့် အခြေခံမူ ရှိတယ်။ လောလောဆယ်မှာက လျာထားချက်ပဲရှိသေးတယ်။ နိုင်ငံရေး ပါတီပုံစံ နဲ့ တစ်ဖက်၊ အရပ်ဘက်အဖွဲ့အစည်း NGO ပုံစံနဲ့ တဖက်လုပ်သွားမှာပါ။ အားလုံးက သဘောတူထား ပြီးသားပါ” ဟု ၎င်းက ဆိုသည်။
၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့တွင် နိုင်ငံရေးပါတီထူထောင်ပြီး နိုင်ငံရေးလုပ်ဆောင်လိုသူများ ရှိနေပြီး ၂၀၁၃ ခုနှစ် ကျော်လွန်မှ သာ ပါတီထူထောင်ရေးအတွက် အစည်းအဝေးများ ပြုလုပ်ပြီး အနာဂတ်လုပ်ငန်းစဉ်များဆုံးဖြတ်မည် ဖြစ်ကြောင်း ကိုမင်းဇေယျ က ဆက်ပြောသည်။

၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ကို ကိုယ်စားပြုပြီး နိုင်ငံရေးပါတီတစ်ခု ယခုနှစ် အတွင်း ပေါ်ထွက်ရန်ရှိကြောင်း၊ အမေရိကန်ပြည်ထောင်စုသို့ ခေတ္တအလည်အပတ်ရောက်ရှိနေသော ၈၈ ကျောင်းသားခေါင်းဆောင်တဦးဖြစ်သူ ကိုဌေးကြွယ်က လန်ဒန် အခြေစိုက် ဘီဘီစီအသံလွှင့်ဌာန နှင့် တွေ့ဆုံမေးမြန်းခန်းတွင်  ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံရေးတွင် ရွေးကောက်ပွဲ၊ လွှတ်တော်ရှိရုံမျှဖြင့် ဒီမိုကရေစီရရှိပြီဟု မပြောနိုင်ကြောင်း၊ နှစ်ပေါင်းများစွာအခြေတည်လာသော ပြည်တွင်းနိုင်ငံရေးအကျပ်အတည်းများ ကြောင့်  လက်နက်ကိုင်နေကြသော တိုင်းရင်းသားများနှင့် မြန်မာနိုင်ငံသားများ၊ ဒုက္ခသည်များ အဖြစ် ပြည်ပတွင် ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားများ အားလုံး နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ တွင်  ပါဝင်စေလိုသော ဆန္ဒ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များ အားလုံးတွင် ရှိနေကြောင်း၊ ပြည်ပရောက် မြန်မာ့အင်အားစုများ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုဖြစ်စဉ်တွင် ပါဝင်လာစေရန် အစိုးရအနေဖြင့် လုပ်ဆောင် ပေးရန် လိုအပ်ကြောင်း  ကိုဌေးကြွယ်က ဆိုသည်။

၈၈ မျိုးဆက်ကျောင်းသားအဖွဲ့က နိုင်ငံရေးပါတီ ထူထောင်ရန် ဆန္ဒရှိနေသည့်အပေါ် နိုင်ငံရေး အင်အားစုများက ကြိုဆိုလိုက် ကြပြီး  ကျောင်းသားခေါင်းဆောင်များ နိုင်ငံရေးသမားများအဖြစ် ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုဖြစ်စဉ်တွင် ပါဝင် လာမှုက မြန်မာ့နိုင်ငံရေးအတွက် ပိုမိုတိုးတက်ကောင်းမွန်စေသော အလားအလာများဖြစ်ပေါ်စေမည်ဟု သုံးသပ်မှု များ ရှိနေသည်။
“ကျနော် ၂၀၁၁ ခုနှစ် နှစ်ကုန်ပိုင်းလောက် ကတည်းက  ပြောဖူးပါတယ်။

သူတို့ကို နိုင်ငံရေးလောကထဲဝင်လာဖို့။ လူငယ်တွေ နိုင်ငံရေးပါဝင်လာဖို့။  NLD ပါတီ ထဲကို ၀င်ချင်ဝင်၊ မ၀င်ချင်လည်း တလှေထဲမစီးနိုင်တာ တောင် တစ်ခရီး ထဲသွားဖို့ ပြောဖူးတယ်။ အခုလို နိုင်ငံရေးလောကထဲကို ထဲထဲဝင် လာကြဖို့ရှိတာ  ကြိုဆိုတယ်။ ကောင်းတယ်လို့ ယူဆတယ် ” ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယက ဟံသာဝတီဦးဝင်းတင်က ပြောသည်။

၈၈ မျိုးဆက် ကျောင်းသားအဖွဲ့အနေဖြင့် အရပ်ဘက်အဖွဲ့အစည်းအနေဖြင့် မဟုတ်ဘဲ နိုင်ငံရေးပါတီအဖြစ် ရှင်းရှင်း လင်းလင်း ရပ်တည်မည်ဆိုပါက ပိုမို ကောင်းမွန်မည်ဖြစ်ကြောင်း ပြည်တွင်းတွင် လူ့ဘောင်သစ်ပါတီ ထူထောင်ရန် ကြိုးစားနေသူ ကိုဇေယျက ဆိုသည်။

“ကျနော် ထောင်က ထွက်လာတုန်း သူတို့နဲ့ အစည်းအဝေးတွေ လုပ်ခဲ့ဖူးတယ်။ ဒီနိုင်ငံရေးပါတီထူထောင်မယ့် မူဝါဒတော့ ရှိတယ်လို့ မသိခဲ့ရဘူး။ အခုလို ရှင်းရှင်းလင်းလင်း လုပ်တာ ပိုကောင်းတယ်။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို တန်ဖိုးထား လေးစား လိုက်နာရင် ပြီးတာပဲ ” ဟု ၎င်းက ဆိုသည်။

၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့တွင်  ပါတီနိုင်ငံရေးဘက်သို့ ကူးပြောင်းမည့် သူများရှိသကဲ့သို့  နိုင်ငံရေးမလုပ်ဘဲ အနုပညာ၊စာပေနှင့် လူမှုရေးလုပ်ငန်းများတွင် ဆက်လက် လုပ်ကိုင်ဆောင်ရွက်လိုသူများ လည်းရှိနေကြောင်း၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦး ဖြစ်သည့် ကိုမင်းကိုနိုင် အနေဖြင့် နိုင်ငံရေးထက် စာပေအနုပညာနှင့် အရပ်ဘက် အဖွဲ့ အစည်းများ အား ကောင်းရေး အတွက် လူမှုရေး လုပ်ငန်းများကို လုပ်လိုသည်ဟု မကြာခဏ ပြောဆိုလေ့ရှိကြောင်း ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် တစ်ဦး ဖြစ်သည့် ကိုစိုးထွန်းက ပြောသည်။

“တဦးချင်း သဘောထားကိုတော့ မပြောချင်ပါဘူး။ ကျနော် အနေနဲ့တော့ နိုင်ငံရေးဘက်ကို လုံးဝ မကူးချင်သေးဘူး။ ခေတ်က  တောင်းဆိုလာရင်တော့ တမျိုးပေါ့။ ကျနော်တို့က ကျောင်းသားဘက်ကနေ တက်လာတဲ့သူတွေဆိုတော့ သင်ယူစရာ၊ လေ့လာစရာတွေ ရှိနေသေးတယ် ” ဟု ကိုစိုးထွန်းက ဆိုသည်။

Thursday, March 14, 2013

မြန်မာတွေ မြန်မာပြည် ဘာကြောင့် မပြန်လဲ

ဧရာဝတီ။

“သမ္မတကိုယ်တိုင် ဖိတ်ခေါ်နေတာတောင် ခင်ဗျားတို့က ဘာကြောင့် ပြန်မလာသေးတာလဲ” ဆိုပြီး သမ္မတဦးသိန်းစိန်အဖွဲ့နဲ့ နော်ဝေခရီးစဉ်အတွင်း လိုက်ပါလာတဲ့ မီဒီယာသမားတဦးက တောခိုကျောင်းသားဟောင်းတွေ၊ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ၊ စစ်ပြေးဒုက္ခသည်တွေကို မေးပါတယ်။


အမေရိကန် နိုင်ငံရောက် ကျောင်းသား ခေါင်းဆောင်ဟောင်း မိုးသီးဇွန် မနှစ်က မြန်မာပြည် အလည်ခဏပြန်လာစဉ် (ဓာတ်ပုံ – ဧရာဝတီ)

အချက်နှစ်ချက် တွေ့ပါတယ်။

ပထမတချက်က သမ္မတက နှုတ်နဲ့သာ ဖိတ်ခေါ်နေပြီး ဥပဒေအရ၊ လုပ်ထုံးလုပ်နည်းအရ ဘာမှ အဆင်သင့်ပြင်ထားတာ မရှိသေးဘူး။ ဆိုလိုတာကတော့ အော်စလိုမှာ လုပ်တဲ့ သမ္မတ နဲ့ တွေ့ဆုံပွဲအတွင်း တောခိုကျောင်းသားဟောင်းတဦးမေးခဲ့သလို လက်နက်ကိုင်အဖွဲ့မှာ ပါဝင်ခဲ့သူတွေ၊ မတရားအသင်းအဖြစ် ကြေညာခံထားရတဲ့အဖွဲ့ဝင်တွေ၊ နာမည်ပျက် စာရင်းသွင်း ခံထားရသူတွေကိစ္စကို အစိုးရက အခုထိ ရှင်းရှင်းလင်းလင်း မလုပ်ပေးသေးဘူးလို့ သူတို့က ထောက်ပြပါတယ်။

”ဒါပေမယ့် (သမ္မတရုံးဝန်ကြီး) ဦးစိုးသိန်းက အပြောသက်သက်တော့ မဟုတ်လောက်ဘူးဗျ။ သူပြောပြီး နှစ်ပတ်လောက်အတွင်း ကျနော် ဗီဇာသွားလျှောက်တော့ ၇ ရက်အတွင်း ဗီဇာ ရတယ်ဗျ။ သံရုံးတွေကို သူတို့ ညွှန်ကြားထားပုံ ရပါတယ်” ဆိုပြီး သမ္မတရဲ့ ဥရောပခရီးစဉ်ပြီးမှ ဗီဇာ သွားလျောက်သူတဦးက ပြောပါတယ်။

ဒါပေမယ့် နော်ဝေးအပါအ၀င် စကင်ဒီနေဗီးယန်းနိုင်ငံတွေမှာ သံရုံးမရှိသေးတဲ့အတွက် လန်ဒန်၊ ပဲရစ်၊ ဘာလင် သို့မဟုတ် ဘရာဆဲလ်ဖြစ်ဖြစ် အချိန်ကုန်ခံ သွားလျှောက်ရတယ်လို့ သူကဆိုပါတယ်။ ဒါ့အပြင် အရင်ကလို ဆွေ ၇ ဆက်၊ မျိုး ၇ ဆက်အကြောင်း ဖောင်ဖြည့်ခိုင်းတာကိုလည်း သံရုံးက လုပ်နေတုန်း၊ ပြည်ထဲရေးဌာနက ခွင့်ပြုချက်ကိုစောင့်ရမယ်၊ ဘယ်ဌာနကို တင်ပြရဦးမယ်ဆို တာမျိုးတွေလည်း လုပ်နေဆဲပဲလို့ သူကပြောပါတယ်။

ဒီအခက်အခဲက အချိန်ယူပြီး စောင့်နိုင်ရင် အဆင်ပြေသွားနိုင်ပါတယ်။ ဒုတိယ အခက်ခဲကမှ တကယ့် အခက်အခဲလို့ ထင်ပါတယ်။ ဘာကြောင့်လဲဆိုရင် တတိယနိုင်ငံရောက် မြန်မာတွေ မြန်မာနိုင်ငံပြန်လည်ဖို့အတွက် မြန်မာနိုင်ငံသားမဟုတ်တော့ဘဲ နိုင်ငံခြားသားအဖြစ်ခံယူထားပြီးဖြစ်တယ်ဆိုတဲ့ သက်သေအထောက်ထားပြနိုင်ဖို့ မရှိမဖြစ် လိုအပ်လာနေလို့ဖြစ်ပါတယ်။

ဒီလုပ်ထုံးလုပ်နည်းကို မသိတဲ့လူ အတော်များများကတော့ နိုင်ငံခြားသားအဖြစ် ခံယူတာဟာ မျိုးချစ်စိတ်မရှိသူတွေရဲ့ လုပ်ရပ်ဖြစ်တယ်လို့ ဆိုရှယ်မီဒီယာ Facebook တွေပေါ်မှာ ဝေဖန်ရေးသားနေတာကို တွေ့နေရပါတယ်။ တဆက်တည်းမှာဘဲ ဒုက္ခသည်အဖြစ် တတိယနိုင်ငံတွေဆီ ရောက်လာသူတွေဟာ တသက်လုံး ဒုက္ခသည်အဖြစ် ဆက်နေပြီး ဘာအလုပ်မှမလုပ်ပဲ သက်ဆိုင်ရာအစိုးရဆီက လက်ဖြန့် တောင်းစားနေသလို ဝေဖန်ရေးသားနေကြတာကိုလဲ တွေ့နေရပါတယ်။

”အဲဒါတော့ အသေအချာ ရှင်းပြဖို့ လိုမယ်ဗျ။ နော်ဝေရောက်မြန်မာတွေကို သူတို့ အိမ်မပြန်နိုင်မချင်း နော်ဝေအစိုးရက ဆက်လက်စောင့်ရှောက်ပေးထားပါဆိုပြီး ၀န်ကြီးဦးစိုးသိန်း ကိုယ်တိုင် ပြောသွားတာကို ထောက်ရင် ဦးသိန်းစိန်အစိုးရကိုယ်တိုင်က ကျနော်တို့ အခြေအနေကို အသေအချာ နားလည်ထားပုံမရသေးဘူး” လို့ အော်စလို ဆွေးနွေးပွဲကိုတက်ခဲ့တဲ့ တောခိုကျောင်းသားဟောင်းတဦးက ပြောပါတယ်။

ဆိုလိုတာကတော့ တတိယနိင်ငံတွေဆီ ဒုက္ခသည်အဖြစ်ရောက်လာကြတဲ့ သောင်းနဲ့ချီရှိတဲ့ (အမေရိ ကန်၊ ကနေဒါ၊ ဥရောပ၊ နယူးဇီလန်နဲ့ သြစတြေးလျရှိ မြန်မာဒုက္ခသည် အားလုံးပေါင်းရင် တသိန်းဝန်းကျင်လောက်ရှိမယ်) ဒီပုဂ္ဂိုလ်တွေဟာ တတိယ နိုင်ငံမထွက်ခင် ထိုင်းနယ်စပ် က ဒုက္ခသည်စခန်းတွေမှာနေပြီး ကုလသမဂ္ဂအထောက်အပံ့နဲ့ နေခဲ့ကြတာမှန်ပေမမယ့် တတိယ နိုင်ငံရောက် ပြီးချိန်မှာတော့ အဲဒီလိုမဟုတ်တော့ပါဘူး။

သက်ဆိုင်ရာနိုင်ငံအလိုက် ဒုက္ခသည်လက်ခံရေး အစီအစဉ်တွေ အနည်းအကျဉ်း ကွဲပြားပေမယ့် အကြမ်းအားဖြင့်က ပထမ တနှစ် နှစ်နှစ်လောက်ကိုပဲ အစိုးရက ထောက်ပံ့ကြေးပေးပါတယ်။ အဲဒီ တနှစ် နှစ်နှစ်အတွင်း သက်ဆိုင်ရာနိုင်ငံရဲ့ ဘာသာစကားကို တတ်အောင်သင်၊ နှစ်နှစ်ပြည့်တာနဲ့ အလုပ်ထဲ ၀င်နိုင်အောင် မောင်းသွင်းပြီး နောက်ထပ် ဘာမှမပေးတော့ပါဘူး။ ဒါကြောင့် တတိယနိုင်ငံရောက်ပြီးသူတိုင်း နှစ်နှစ်လောက်ပဲ ဒုက္ခသည်ဆက်ဖြစ်ပြီး အဲဒီနှစ်နှစ်ကျော်တာနဲ့ သာမန်နိုင်ငံသားတဦးလို ကိုယ်အလုပ် ကိုယ်လုပ် ကိုယ့်ထမင်း ကိုယ်ရှာစားရတဲ့ သဘောပါ။

သူတို့လုပ်ရတဲ့အလုပ်ဆိုတာကလည်း ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေ လုပ်ရတဲ့အလုပ်နဲ့ သိပ်မကွာပါဘူး။ သန့်ရှင်းရေး၊ ဘိုးဘွားရိပ်သာကူညီရေး၊ မူကြိုကလေးထိန်းရေးအပါအ၀င် တကယ့်အောက်ခြေသိမ်း အလုပ်တွေလုပ်ပြီး ပင်ပင်ပန်းပန်းနဲ့ ဘ၀ကို ရုန်းကန်နေတာ တွေ့နေရပါတယ်။ ဒါတွေကို အများ ပြည်သူသိအောင် ဒီပုဂ္ဂိုလ်တွေက သိပ်ထုတ်မပြောချင်တဲ့အတွက် အခုလို အထင်လွဲမှုတွေ၊ တတိယ နိုင်ငံမှာနေပြီး လက်ဖြန့်တောင်းစားနေသူတွေအဖြစ် ဆိုရှယ်မီဒီယာပေါ် ဝေဖန်ခံနေရတာပါ။

အဲ…ရှေ့မှာပြောခဲ့တဲ့အတိုင်း ဒီလူတွေဟာ ထိုင်းနယ်စပ်ရှိ ဒုက္ခသည်စခန်းတွေကနေ ထွက်လာသူတွေ ဆိုမှတော့ သူတို့မှာ မြန်မာနိုင်ငံက နိုင်ငံကူးလက်မှတ် ဘယ်ပါပါ့မလဲ။ ဒုက္ခသည်ဆိုတဲ့ စာတန်းကပ်ပြီး ထွက်လာရတဲ့ဘ၀ဆိုတော့ တတိယနိုင်ငံတွေဆီရောက်တဲ့အခါမှာ သက်ဆိုင်ရာနိုင်ငံရဲ့ ခရီးသွားခွင့်လက်မှတ်၊ နေထိုင်ခွင့်လက်မှတ်တွေ လုပ်ရပါတယ်။

အဲဒီ ခရီးသွားလက်မှတ်မှာ ဘာရေးထားသလဲဆိုတော့ Except Myanmar လို့ အထင်အရှား ရေးထားပါတယ်။ မြန်မာနိုင်ငံမှအပ တကမ္ဘာလုံးကြိုက်တဲ့နေရာသွားလို့ရတယ်၊ ဒါပေမယ့် မြန်မာပြည် မပါပါ။ ဒီလက်မှတ်နဲ့ ကမ္ဘာပတ် နေကြတဲ့ ပုဂ္ဂိုလ်တွေဟာ အခု မြန်မာနိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီ၊ ပြန်လာနိုင်ပြီလို့ ဖိတ်ခေါ်လိုက်တဲ့အခါ Except Myanmar စာအုပ်ကြီးနဲ့ နေရအခက်၊ ပြန်ရအခက် ဖြစ်နေပါတော့တယ်။

ဒီတော့ Except Myanmar စာအုပ်အစား သက်ဆိုင်ရာနိုင်ငံရဲ့ နိုင်ငံသားအဖြစ် လျှောက်ထားကြရပါတယ်။ နိုင်ငံခြားသားဖြစ်မှ မြန်မာသံရုံးက ဗီဇာထုတ်ပေးသလို သက်ဆိုင်ရာနိုင်ငံကလည်း သူ့နိုင်ငံသား ဖြစ်ပြီးမှ မြန်မာနိုင်ငံဆီ ခရီးသွားခွင့်ပြုပါတယ်။ ဒီလို နိုင်ငံသားဖြစ်ဖို့ လျှောက်ထားတဲ့နေရာမှာလည်း တနိုင်ငံနဲ့ တနိုင်ငံ ဥပဒေတွေ၊ အချိန်ကာလတွေ မတူပြန်ဘူး။ တချို့နိုင်ငံတွေက သူ့နိုင်ငံမှာ နှစ်နှစ်ဆက် တိုက်နေပြီးရင်၊ သူတို့နိုင်ငံရဲ့ ဘာသာစကားကိုလည်း သတ်မှတ်ချက် စံချိန်နဲ့အညီပြောတတ်ရင်  လျှောက်ခွင့်ရပေမယ့် တချို့နိုင်ငံတွေက ၇ နှစ်နေပြီးမှ လျှောက်ခွင့်ရှိပါတယ်။ အဲဒီလို လျှောက်ထားတဲ့ကာလ၊ စိစစ်တဲ့ကာလကလည်း တနှစ်လောက်ထပ် ကြာပြန်ပါတယ်။

ဒီလိုနဲ့ သမ္မတ ကိုယ်တိုင် ဖိတ်ခေါ်ချိန်မှာတောင် ဒီပုဂ္ဂိုလ်တွေက မောင်ကြီးမပြန်နိုင်ဖြစ်နေကြတယ် ဆိုပါတော့။

ဒီနေရာမှာ မေးစရာရှိတာကတော့ ”နိုင်ငံခြားသားအဖြစ် မခံယူပဲ၊ အဲဒီနိုင်ငံတွေဆီက ဘာမှမယူပဲနဲ့ လွန်ခဲ့တဲ့ ၂၅ နှစ်က ကျောင်းသားဘ၀တုန်းက အိမ်ကနေ စထွက်သွားစဉ်ကလို လက်ချည်းဗလာနဲ့ အပြီး ပြန်လာလို့မရဘူးလား”ဆိုတဲ့ မေးခွန်းပါ။

တကယ်တော့ ပြန်လာဖို့ ဖိတ်ခေါ်နေတာဟာ သမ္မတနဲ့ ၀န်ကြီးအဖွဲ့တင်မကပါဘူး။ မင်းကိုနိုင်တို့ ၈၈ အဖွဲ့ကလည်း အပြင်က ရဲဘော်တွေပြန်လာပြီး တတ်နိုင်တဲ့ဖက်က ၀ိုင်းကူကြပါလို့ ဖိတ်ခေါ်ခဲ့ပါတယ်။ အဲဒီလို ဖိတ်ခေါ်တဲ့အခါ ”ကလေးတွေရဲ့ ပညာရေးကိစ္စ ရှိသေးတယ်လေ” လို့ သူ့ရဲ့ ရဲဘော်ဟောင်းတွေက ဖြေကြတယ်လို့ မင်းကိုနိုင်က အော်စလိုတွေ့ဆုံပွဲ အ တွင်းပြောပြခဲ့ပါတယ်။

ဆိုလိုတာကတော့ အချိန်ကာလ ၂၅ နှစ်ကြာပြီးတဲ့အခါ ရာစုနှစ်ရဲ့ ၄ ပုံ ၁ ပုံကို နယ်စပ်နဲ့ တတိယနိုင်ငံ တွေမှာ နေထိုင်ဖြတ်သန်းပြီးတဲ့အခါ အသက်တွေကလည်း ၄၀ ကျော် ၅၀ နီးပါးဖြစ်သွားတဲ့အခါ သူတိုရဲ့ စဉ်းစားပုံတွေဟာ လွန်ခဲ့တဲ့ ၂၅ နှစ် ကျောင်းသားအရွယ်က စဉ်းစားပုံနဲ့ မတူတော့တဲ့ သဘောပါ။ တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့ အသက်ကြီးသွားတဲ့လူတွေဟာ လူငယ်ဘ၀ကလို သိပ်မစွန့် စားရဲတော့ဘူးလို့ အဓိပ္ပါယ်ယူနိုင်ပါတယ်။

”ကျနော်ကတော့ အဲဒီလို အပြီးစွန့်ပြီး မပြန်ရဲသေးဘူးဗျ။ ဥပဒေအရလည်း ဘာမှ အာမခံချက်မရှိသေး၊ အပြောင်းအလဲဆိုတာကလည်း ဘာမှ မသေချာသေးဆိုတော့ အချိန်မရွေး အဖမ်းခံရနိုင်တယ်။ ဒီတော့ လောလောဆယ်မှာ သွားလိုက် လာလိုက်ပဲ ကောင်းပါတယ်ဗျာ” လို့ နိုင်ငံခြားသားခံယူပြီးမှ ဗီဇာသွားလျှောက်တဲ့ပုဂ္ဂိုလ်က ပြောပါတယ်။

အဝေးရောက် မြန်မာ အများစုက ဒီပုဂ္ဂိုလ်လိုပဲ စဉ်းစားနေကြသလား။ ဒါမှမဟုတ် အပြီး စွန့်ပြီး ပြန်မယ့်လူတွေကော ရှိမလား။ နောက်တခါ ဒီဒုက္ခသည်တသိန်းဝန်းကျင်ပြန်ရေး မပြန်ရေးကိစ္စက ဦးသိန်းစိန်အစိုးရက ပြသချင်နေတဲ့ အပြောင်းအလဲဆိုတာအတွက် အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်ဆိုတာအတွက် ဘယ်လောက် အရေးပါနေလို့လဲ။

ဘာပဲဖြစ်ဖြစ် အမေရိကန်နိုင်ငံပြီးရင် မြန်မာဒုက္ခသည် အများဆုံးလက်ခံထားတဲ့ နယူးဇ်ီလန်နဲ့ သြစတြေးလျက မြန်မာမိသားစုတွေနဲ့ တွေ့ရင် အထက်ပါ အခက်အခဲ အတားအဆီးတွေ၊ မယုံသင်္ကာမှုတွေအတွက် သမ္မတနဲ့ဝန်ကြီးအဖွဲ့က တစုံတရာ ထည့်သွင်း စဉ်းစားပေးနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

Tuesday, March 12, 2013

ကိုဖုန်းမော်အတွက် ဘာလုပ်ပေးကြမလဲ

ဧရာဝတီ။

မတ်လ ၁၃ ရက်နေ့ဟာ စက်မှုတက္ကသိုလ် ကျောင်းသား ကိုဖုန်းမော် ကျဆုံးခြင်း ၂၅ နှစ်ပြည့်နေ့၊ တနည်းအားဖြင့် ပြောမယ်ဆိုရင်တော့ ဒီနေ့လူပြောများနေတဲ့ အပြောင်းအလဲဆိုတာ တွေကို ဖြစ်ပေါ်စေဖို့ ကျောင်းသားလူငယ်တွေ စတင်ကြိုးပမ်းခဲ့တဲ့နေ့၊ ၈ လေးလုံး အရေးတော်ပုံကို စတင် မွေးဖွားပေးခဲ့တဲ့နေ့ ဖြစ်ပါတယ်။

 ၁၉၈၈ ဒီမိုကရေစီရေး လူထုအုံကြွမှု အစ ဖုန်းမော်က

ဒီနေ့ကို မြန်မာနိုင်ငံ လူ့အခွင့်ရေးနေ့အဖြစ် ဒီမိုကရေစီ အင်အားစုတွေက သတ်မှတ်ထားကြပြီး ကိုဖုန်းမော်ကိုလည်း ၈ လေးလုံး အရေးတော်ပုံအတွင်း ကျဆုံးသွားတဲ့ လူပေါင်း ၃၀၀၀ ကျော်ထဲက ပထမဆုံး သူရဲကောင်းတဦးအဖြစ် အသိအမှတ်ပြုထားကြပါတယ်။

ဒါပေမယ့် ကိုဖုန်းမော် ဘာကြောင့် ကျဆုံးခဲ့ရတာလဲ။ ဒီကျဆုံးမှုအတွက် ဘယ်သူ့မှာ တာဝန်ရှိသလဲ။ ဒီကိစ္စကို အမှန်တိုင်းသိရအောင် စုံစမ်းဖော်ထုတ်ပေးဖို့ စက်မှုတက္ကသိုလ် ကျောင်းသားတွေရဲ့ လွန်ခဲ့တဲ့ ၂၅ နှစ်က တောင်းဆိုချက်ဟာ အခု ဘယ်လောက်အထိ ခရီးရောက်နေပြီလဲ။

”အခုထိ ဘာမှမရသေးဘူးလို့ ပြောရမှာပဲ။ ဖုန်းမော်အပါအ၀င် ကျောင်းသား လှုပ်ရှားမှုတွေအတွင်း ထိခိုက် နစ်နာခဲ့ရသူတွေအတွက် တရားမျှတမှုဖြစ်စေဖို့၊ အမှန်တရား ပေါ်ပေါက်စေဖို့ စစ်မှန်တဲ့ အရေးယူ ဆောင်ရွက်မှုတွေ ဘာမှမရှိခဲ့သေးဘူး” လို့ လွန်ခဲ့တဲ့ ၂၅ နှစ်က ကိုဖုန်းမော်နဲ့အတူ စက်မှုတက္ကသိုလ်ကျောင်း တက်ခဲ့သူ ABSDF (မြန်မာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး) ဒု ဥက္ကဌ ကိုမျိုးဝင်းက ပြောပါတယ်။

၁၉၈၈ ခုနှစ် မတ်လ ၁၃ ရက်နေ့မှာ စက်မှုတက္ကသိုလ်ကနေ စတင်ခဲ့တဲ့ မဆလ (မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ) အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေဟာ တခြားကျောင်းတွေဆီကိုပါ ကူးစက်ပြန့်နှံ့သွားခဲ့ပြီး ၁၆ ရက်နေ့မှာတော့ ကျောင်းသားတွေ ဒါဇင်နဲ့ချီ ကျဆုံးခဲ့ရတဲ့ တံတားနီအရေးခင်း ဖြစ်ပေါ်ခဲ့ပါတယ်။ ကိုဖုန်းမော်ကျဆုံးတာဟာ လုံခြုံရေးတပ်ဖွဲ့ရဲ့ သေနတ်ကျည်ဆံကြောင့် မဟုတ်ဘဲ အရပ်သားနဲ့ကျောင်းသား ရန်ဖြစ်ရာကနေရတဲ့ ဒဏ်ရာကြောင့်ဖြစ်တယ်လို့ အစိုးရက ကြေညာလိုက်ရာကနေ ကျောင်းသားထု တရပ်လုံး မခံမရပ်နိုင်ဖြစ်ပြီး အခုလို အုံကြွမှုဖြစ်ပေါ်လာတာပါ။

တံတားနီ အရေးအခင်းဟာ တနိုင်ငံလုံးက တက္ကသိုလ်ကျောင်းတွေဆီ ပြန့်နှံ့သွားတဲ့အတွက် ကျောင်းသားတွေကို လူစုခွဲနိုင်ဖို့ တက္ကသိုလ်တွေ အားလုံးကို အစိုးရက ပိတ်ပစ်လိုက်ပါတယ်။ အဲဒီအချိန်မှာ ကိုမျိုးဝင်း အပါအ၀င် ကျောင်းသားအားလုံး ကိုယ့်ဒေသ အသီးသီးဆီ ပြန်လာခဲ့ရပါတယ်။ တခါ ဇွန်လမှာ ကျောင်း ပြန်ဖွင့်တော့ ကျောင်းသားတွေရဲ့ ဆန္ဒပြပွဲက တက္ကသိုလ် ကျောင်းဝင်းကို ကျော်ပြီး ရန်ကုန်မြို့လယ်အထိ ရောက်လာခဲ့ပါတယ်။ တက္ကသိုလ်တွေကို တခါ ထပ်ပိတ်လိုက်ပြန်ပါတယ်။

ဒီလိုနဲ့ ကျောင်းသားတွေ စတင်လိုက်တဲ့ ဆန္ဒပြပွဲတွေဟာ တနိုင်ငံလုံးက ကျေးလက်ဒေသအထိ ပြန့်နှံ့ သွားပြီး ၈ လေးလုံးအဖြစ် သမိုင်းတွင်ခဲ့တဲ့ လူထုအုံကြွမှုကြီး ဖြစ်ပေါ်လာခဲ့ပါတယ်။ အဲဒီ အုံကြွမှုကို စစ်တပ်က ပစ်ခတ် ဖြိုခွင်းတဲ့အတွက် ထောင်နဲ့ချီရှိတဲ့ ကျောင်းသားလူငယ်တွေ လက်နက်ကိုင် တော်လှန်ရေးအတွက် တောခိုခဲ့ကြတာ အခုဆိုရင် ရာစုနှစ်တခုရဲ့ ၄ ပုံ ၁ ပုံ ရှိလာခဲ့ပါပြီ။ သူတို့ရဲ့ လုပ်ဖော်ကိုင်ဖက် တခြားကျောင်းသား အတော်များများကတော့ ၁၉၈၉ ကတည်းက စစ်ထောက်လှမ်းရေးရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရပြီး နှစ်ရှည်ထောင်ဒဏ် ချခံလိုက်ရတာ မနှစ် ဒီအချိန်ကမှ ထောင်ကနေ ပြန်လွတ်လာကြပါတယ်။

အမှန်တရားဖော်ထုတ်ရင် နောက်ပြန်ဆုတ်သွားမလား

ABSDF အဖွဲ့ကိုယ်တိုင် ရန်ကုန်အထိသွားပြီး လက်ရှိအစိုးရ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးနေချိန် မင်းကိုနိုင် အပါအ၀င် အကျဉ်းထောင် အသီးသီးကနေ လွတ်လာတဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေက လက်ရှိအစိုးရနဲ့ တိုင်တိုင်ပင်ပင် ဆောင်ရွက်နေချိန်၊ နောက်တခါ ၈ လေးလုံး အရေးတော်ပုံ အပြီးမှာ ပေါ်ပေါက်လာတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့က ပါလီမန်ထဲအထိဝင်ပြီး အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်နေချိန်မှာ ဖုန်းမော်ကိစ္စ စုံစမ်းဖော်ထုတ်ရေး၊ အရင် အစိုးရခေတ်က တာဝန်ရှိသူတွေကို ဖော်ထုတ် အရေးယူပေးရေး တောင်းဆိုတာဟာ လက်တွေ့ကျပါရဲ့လား။ လက်ရှိ ရထားတဲ့ နားလည်မှုတွေပျက်စီးပြီး အစိုးရက နောက်ပြန်ဆုတ်သွားနိုင်သလား။

”ကျနော်တို့က ဒီမိုကရေစီကိုပဲ သွားချင်ပါတယ်။ အရေးယူတဲ့ အပိုင်းကို ပထမ ဦးစားပေးနေရာမှာ မထားချင်ပါဘူး။ ဒါကို ပထမနေရာ ထားရင် ရှေ့မတိုးနိုင်ဘဲ ဖြစ်နေလိမ့်မယ်။ အရေးယူတာက နောက်တပိုင်းဖြစ်ပါလိမ့်မယ်” လို့ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက ပြောပါတယ်။

ဒါ့အပြင် ၂၀၀၈ ခုနှစ်က အတည်ပြုထားတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ စာမျက်နှာ ၁၇၈၊ အခန်း ၁၄၊ ပုဒ်မ ၄၄၅ ”အသွင်ကူးပြောင်းရေး ကာလ ပြဌာန်းချက်များ” အခန်းမှာလည်း အစိုးရဟောင်းခေတ်က တာဝန်ရှိသူတွေကို “ပြန်လည်အရေးယူခွင့်မရှိစေရ” လို့ အတိအလင်း ပြဌာန်းထားပါတယ်။

ဒါဆိုရင် အရင်အစိုးရခေတ်က ကျုးလွန်ခဲ့သမျှ ပြစ်မှုတွေအားလုံးကို ဘာမှ အရေးယူခွင့် မရှိတော့ဘူးလား။ ၈ လေးလုံး အရေးတော်ပုံမှာ ရှေ့နေတဦးအဖြစ် ပါဝင်ခဲ့ဖူးပြီး အခု ဟောင်ကောင် အခြေစိုက် အာရှ လူ့အခွင့်ရေးအဖွဲ့မှာ တာဝန်ထမ်းနေတဲ့ ဦးမင်းလွင်ဦးကတော့ ကျုးလွန်ခဲ့တဲ့ ရာဇ၀တ်မှုတွေကို ဖော်ထုတ်ရမှာဖြစ်ပေမယ့် အခု လောလောဆယ်ကတော့ မလွယ်သေးဘူးလို့ ပြောပါတယ်။

”ဒီလို အရေးယူဖို့အတွက် အာဏာပိုင်တွေက အားတက်သရော မရှိသလို လက်ရှိနိုင်ငံရေးပါတီ၊ အဖွဲ့ အစည်းတွေကလည်း နှုတ်ဆိတ်နေတယ်” လို့ ဦးမင်းလွင်ဦးက ထောက်ပြပါတယ်။ ” ၈၈ က ဖုန်းမော်ကိစ္စကို ခဏ ထားပါဦး။ မနေ့တနေ့ကမှ ဖြစ်ခဲ့တဲ့ သံဃာ့အရေးအခင်းတို့၊ ဒီပဲယင်း အရေးအခင်းတို့တောင် ကျနော်တို့ မလုပ်နိုင်သေးဘူးလေ။ Report တွေထုတ်ပြီး ဒီအတိုင်း တန်းလန်းကြီး” လို့ သူက အားမလို အားမရနဲ့ ဆက်ပြောပါတယ်။

နစ်နာဆုံးရှုံးခဲ့သူတွေကို ဘယ်လိုကုစားပေးမလဲ

၈ လေးလုံး အရေးတော်ပုံမှာပါဝင်ခဲ့တဲ့ ကျောင်းသားလူငယ်တွေ၊ လူ့အခွင့်အရေးရှေ့နေတွေက အမှန်တရားဖော်ထုတ်ရေး၊ အစိုးရဟောင်းရဲ့ လုပ်ရပ် အမှားတွေကို လက်ရှိအစိုးရက တာဝန်ခံဖြေရှင်းရေး အတွက် တောင်းဆိုနေပေမယ့် နိုင်ငံရေး အင်အားစုတွေ ပါမလာသေးတာကြောင့် လောလောဆယ်မှာတော့ သူတိုရဲ့တောင်းဆိုချက် အကောင်အထည် ပေါ်လာမယ့် အရိပ်လက္ခဏာ မမြင်ရသေးပါဘူး။

ဒါဆိုရင် တောင်အာဖရိကနိုင်ငံမှာ လုပ်သလိုမျိုး တချိန်က အမှားတွေအတွက် တာဝန်ရှိသူတွေက ၀န်ချ တောင်းပန်ပြီး ကြေအေးရေးလုပ်ကြမလား။ တောင်အာဖရိကက ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် ဘုန်းတော်ကြီး ဒက်စမွန်တူးတူးကိုယ်တိုင် အခုလ အစောပိုင်းက ရန်ကုန်အထိလာပြီး သူတို့နိုင်ငံရဲ့ အတွေ့အကြုံ တွေကို ဆွေးနွေးရှင်းပြပြီး ဖြစ်ပေမယ့် အစိုးရနဲ့ နိုင်ငံရေးအဖွဲ့စည်း အသီးသီးဆီက အခုချိန်ထိ သူတို့ရဲ့ သဘောထားတွေကို တရားဝင်ထုတ်ပြန်တာ ဘာမှမကြားရသေးပါဘူး။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ကင်တားနားကလည်း ဆယ်စုနှစ်နဲ့ချီပြီး ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေအတွက် တာဝန်ခံ ဖြေရှင်းပေးရေးဟာ လက်ရှိသွားနေတဲ့ ပြုပြင်ပြောင်းလဲရေး လမ်းပေါ်က အဖုအထစ်တွေကို ကျော်လွှားနိုင်ဖို့ အရေးကြီးတဲ့ ခြေလှမ်းဖြစ်တယ်လို့ ပြောဆိုကြောင်း ဂျနီဗာကလာတဲ့ ရိုက်တာသတင်းတပုဒ်မှာ တွေ့လိုက်ရပါတယ်။ ဒါပေမယ့် အစိုးရကရော၊ နိုင်ငံရေးပါတီတွေနဲ့ တိုင်းရင်းသားအဖွဲ့တွေကပါ ဒီကိစ္စကို အရေးတကြီး ဆွေးနွေးရမယ့် ကိစ္စတခုအဖြစ် ထည့်သွင်းထားတာ မတွေ့ရသေးဘူးလို့ ကင်တားနားက ထောက်ပြခဲ့ပါတယ်။

အမှန်တရား ဖော်ထုတ်ရေး မလုပ်နိုင်သေးဘူး ဆိုရင် ကိုဖုန်းမော် ၂၅ နှစ်ပြည့်မှာ ဒီမိုကရေစီအင်အားစုတွေ ဘာလုပ်ကြမှာလဲ။ ဘုန်းကြီးကျောင်းသွားပြီး ဆွမ်းကပ် အမျှဝေရုံ သက်သက်နဲ့ပဲ ကျေနပ်လိုက်ရမလား။ နှစ်ပတ်လည် ဟောပြောပွဲ အခမ်းအနားတွေလုပ်ပြီး လွန်ခဲ့တဲ့ ၂၅ နှစ်ကဖြစ်စဉ်ကို အမှတ်တရ စားမြှုပ်ပြန်ရင်း ပွဲပြီးသွားကြမလား။

အနိမ့်ဆုံးအားဖြင့်တော့ ၁၉၈၈ မတ်လက စက်မှုတက္ကသိုလ်ဝင်းအတွင်း စိုက်ထူခဲ့ပေမယ့် အစိုးရက ချက်ချင်း ဖျက်ဆီးလိုက်တဲ့ ကိုဖုန်းမော် အမှတ်တရ ကျောက်တိုင်ကို အခုချိန်မှာ တရားဝင် ပြန်စိုက်ထူသင့်ပါတယ်။ အဲဒီလိုစိုက်ထူခြင်းက ကျဆုံးခဲ့ရသူတွေ၊ နစ်နာခဲ့ရသူ တွေရဲ့ စိတ်ခံစားမှုကို အသိအမှတ်ပြု ကုစားပေးနိုင်ဖို့ နည်းလမ်းကောင်း တခုဖြစ်တယ်ဆိုတာကို လက်ရှိအစိုးရနဲ့ လွှတ်တော်က နားလည် လက်ခံလာအောင် ဆွေးနွေးတင်ပြသင့်တယ်လို့ ထင်ပါတယ်။

ရှေ့ရက်တွေမှာ ဆက်တိုက် တံတားနီအရေးအခင်းအတွင်း ကျဆုံးသူတွေ၊ ဇွန်လ အရေးအခင်း၊ သြဂုတ်လအရေးအခင်း၊ စက်တင်ဘာအရေး အခင်းတွေအတွင်း သက်ဆိုင်ရာ ပြည်နယ်၊ တိုင်းအသီးသီးမှာ ကျဆုံးသွားသူတွေအတွက် အမှတ်တရ ကျောက်တိုင်တွေ တည်ဆောက်ရေးကို ဆွေးနွေးသင့်တယ်လို့ ထင်ပါတယ်။

ကျဆုံးခဲ့ရသူတွေ၊ နစ်နာခံစားခဲ့ရသူတွေရဲ့ မိသားစုဝင်တွေဆီ သွားရောက်တွေ့ဆုံ အားပေးစကားပြောသင့်ပါတယ်။

ဒီလိုနည်းနဲ့ ကုစာပေးခြင်းဟာ ကျဆုံးခဲ့ရသူတွေ၊ နစ်နာခဲ့ရသူတွေအတွက် တစုံတရာ အသိမှတ်ပြုရာ ရောက်သလို လက်ရှိသွားနေတဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေး လမ်းကြောင်းကို အထောက်အကူ ဖြစ်စေလိမ့်မယ်လို့ ထင်မြင်မိပါတယ်။




How Can Burma Begin to Heal the Scars of ‘88?


Tomorrow it will be exactly 25 years ago that Phone Maw was gunned down by government security forces in a compound of Rangoon Institute of Technology (RIT). The 21-year-old engineering student became the first martyr among an estimated 3,000 people killed when the so-called 8888 pro-democracy uprising was brutally crushed by the military regime.


The incident in Burma’s history is commemorated by opposition politicians and rights activists as the county’s national Human Rights Day, also known as Phone Maw Day. There will be religious and political ceremonies held to mark the slaying of the student. But the question remains: who were really responsible for ordering the killing of Phone Maw and thousands of others in 1988?

“Until now, there is no proper investigation in Phone Maw’s case. We still want the government to take action,” says Myo Win, a friend of Phone Maw in the RIT, who is now Vice Chairman of All Burma Students’ Democratic Front, a dissident political group founded on Thai-Burma border after the ‘88 uprising.
Such demands for an official investigation into the former junta’s wrongdoing come not only from political activists but also from human rights lawyers.

“They must respond to the crimes committed by the former junta,” said Min Lwin Oo, a Burmese lawyer at Hong Kong-based Asia Human Rights Commission. “But it is not easy at the moment. There are no signs of interest [in an investigation] from the government and neither from the opposition, activists and any other stakeholders,” the lawyer said.

The UN Special Rapporteur on Human Rights in Burma Tomas Ojea Quintana said accountability for decades of rights violations is crucial for healing the wounds in Burmese society and to solidify the country’s reforms, according to a Reuters’ report on a UN human rights meeting in Geneva.

But he said, “This is not on the agenda of any of the stakeholders. It’s not on the government agenda, it’s not on the other political parties’ agenda and it’s not on the ethnic minority groups’ agenda.”

Soe Thein, a Minister of the President’s Office, addressed the issue in Oslo, Norway, during President Thein Sein trip to Europe in late February. “We don’t want to put this agenda in the priority lists while we are heading for democracy,” he said. “If you make it a priority the speed of our journey may be delayed. So let’s think about it later,” he warned.

When the military drafted the controversial Constitution in 2008 it included article 445, which provides immunity for all acts taken by members of the previous military government councils. “No proceeding shall be instituted against the said Councils or any member there of or any member of the Government, in respect of any act done in the execution of their respective duties,” it states.

And so, is there then no way to hold former junta officials responsible for the crimes they committed? Perhaps Burma needs to follow a South Africa-style Truth and Reconciliation Commission?

This commission invited victims of rights abuses under the former apartheid-regime to give statements about their experiences. Perpetrators of violence could also testify and request amnesty from prosecution.

South African Nobel Peace Prize winner Desmond Tutu, who played an important role in the successful truth and reconciliation process, visited Rangoon recently. He met with opposition leader Aung San Suu Kyi, 88- Generation Students activist Min Ko Naing and former political prisoners to explain his experience.

But so far, neither the government nor opposition politicians have reacted to his suggestion.

In this situation, what can activists do to hold a meaningful commemoration of Phone Maw and the 3,000 ‘88 martyrs at tomorrow’s ceremony? Can they just pray for them to rest in peace? Can they just recall the memory of ‘88 uprising?

This activity is not new. Burma’s exile community has marked Phone Maw Day for many years and last year, for the first time in decades, activists commemorated this event in Burma.

However, this year would be the first time that it will be held in Burma in open view of the government, which is led reformist President Thein Sein who has welcomed Suu Kyi into Burma’s military-dominated Parliament.

At this year’s ceremony the activists should discuss whether they want to push for prosecution of crimes committed against the ‘88 martyrs, or whether they want Burma to organize a truth and reconciliation commission to address the abuses.

Secondly, the activists should rebuild the monument for Phone Maw, which the students built the day after he was killed in the RIT compound. It was later destroyed by the army. If the authority will not allow it to be rebuild the activists should explain that the monument is needed to help heal the emotional wounds of the surviving ’88 victims and their families.

Thirdly, they should urge the government to allow for the construction of monuments for the victims of the ’88 uprising who were killed in Burma’s other states and divisions in March, June, August and September 1988.

The government and Parliament should at least allow these monuments to be erected in order to provide an initial source of solace for the uprising’s victims, before it is decided how to officially address the gross rights violations of 1988.

It would also be a good sign if the government could send some officials to tomorrow’s commemoration event in order to pay their respects to Phone Maw and other 88 martyrs, and to meet with their families.

These initial steps should not delay Burma’s important journey to democracy, but should be part of a larger effort to implement speedy democratic reforms and reconcile the country. Providing treatment and support for the victims of the Burmese government’s past abuses is an important part of any reconciliation plan.

Htet Aung Kyaw is a former student activist who fled to Burma’s ethnic rebel-controlled areas in 1988. He is now a freelance journalist and writer in exile.

Share

Twitter Delicious Facebook Digg Stumbleupon Favorites More