Saturday, December 15, 2012

သူပုန္ေက်ာင္းသားတဦးရဲ႕ မာရသြန္ခရီး ၂၇

တတိယအႀကိမ္ ညီလာခံနဲ႔ ABSDF အကဲြအၿပဲကာလ

၂ နွစ္တခါ ညီလာခံလုပ္ရမယ္ဆုိတဲ့ ABSDF ဖြဲစည္းအုပ္ခ်ဳပ္ပုံ အေျခခံဥပေဒပါ စည္းကမ္းေတြအရ ၁၉၉၁ ၾသဂုတ္လအေစာပုိင္းမွာ တတိယအႀကိမ္ညီလာခံ ေခၚမယ္လို႔ ဗဟုိက ဖိတ္စာေရာက္လာပါတယ္။ က်ေနာ္တို႔ စခန္းဟာ လူဦးေရ ၃၀၀ ေက်ာ္ရွိတဲ့အတြက္ ညီလာခံကုိယ္စားလွယ္ ခြဲတန္း ၁၀ ဦးရပါတယ္။ ဒီအတြက္ ဖြဲ႔စည္းပုံပါ ေရြးေကာက္ပဲြေကာ္မရွင္ လုပ္ထုံးလုပ္နည္းေတြအတုိင္း ကုိယ္စားလွယ္ ေရြးခ်ယ္ေရးေကာ္မရွင္ကို ဖြဲ႔ပါတယ္။


ABSDF ၂ ျခမ္းမကဲြမွီက်င္းပတဲ့ ဗဟုိေကာ္မီတီအစည္းေ၀းအတြင္း စခန္းဥကၠဌ ကုိေအာင္သန္း၀င္း ေဆြးေႏြးေနစဥ္။

တပ္ရင္းဌာနခ်ဳပ္ေကာ္မရွင္၊ ေရွ႕တန္း တပ္ခဲြအသီးသီးက ေကာ္မရွင္ခြဲေတြကေန လ်ဳိ႕၀ွက္မဲစနစ္နဲ႔ ေရြးခ်ယ္မႈအရ ၁၀ ဦးစာရင္းထဲ ပါသြားသူေတြကေတာ့ ဗဟုိမွာေရာက္ေနတဲ့ ကုိေက်ာ္ေက်ာ္၊ ကုိခင္ေမာင္၀င္းနဲ႔ ကုိေဌးေအာင္၊ ေနာက္တခါ စခန္းေကာ္မတီေတြထဲက ကုိေအာင္သန္း၀င္း၊ ကုိမ်ဳိး၀င္း၊ ကုိသိန္းေဆာင္၊ ကုိ၀င္းမင္းနဲ႔ တပ္မႉးေတြထဲကေတာ့ ကိုေဇာ္သန္းနဲ႔ ကုိဘုန္းေက်ာ္။ ၿပီးေတာ့ စခန္းဥကၠ႒ေဟာင္း ကိုမင္းေအာင္တို႔ ျဖစ္ပါတယ္။ က်ေနာ္ကေတာ့ ကံဆုိးတာလား၊ ကံေကာင္းတာလား မေျပာတတ္။ ၁၀ ဦး ေရြးတဲ့အထဲ ၁၁ ေနရာကေန ကပ္ၿပီး က်န္ေနခဲ့ပါတယ္။

ဥကၠ႒နဲ႔တပ္ရင္းမႈးအပါ၀င္ စခန္းတာ၀န္ရွိသူ အေတာ္မ်ားမ်ား သံလြင္စခန္းမွာ က်င္းပတဲ့ တတိယအႀကိမ္ ညီလာခံဆီ သြားေနစဥ္ ဒုတပ္ရင္းမႉး ဆရာေအာင္ျမင့္၊ ေကာ္မတီ၀င္ေတြျဖစ္တဲ့ က်ေနာ္၊ ဦး ဟန္လင္း၊ ကိုဂြမ္ရွိီနဲ႔ ကုိဉာဏ္စုိးတို႔က စခန္းအုပ္ခ်ဳပ္ေရးကို ဆက္လက္ တာ၀န္ယူထားရပါတယ္။ ဒီလုိနဲ႔ ၁၉၉၁ ၾသဂုတ္လ ၁၄ ရက္ေန႔ကေန စတင္လုိက္တဲ့ သံလြင္စခန္းက ဗဟုိညီလာခံဟာ တလလည္းမၿပီး၊ ၂ လလည္းမၿပီးနဲ႔ ဘာေတြျဖစ္ေနမွန္း မသိပါ။ သံလြင္စခန္းမွာ လုံၿခံဳေရး အေျခေနမေကာင္းလို႔ KNU ဌာနခ်ဳပ္ မာနယ္ပေလာစခန္းဆီ ေျပာင္းၿပီးေဆြးေႏြးရတယ္။ ေနာက္တခါ မာနယ္ပေလာ ညီလာခံမွာ သေဘာထား ကဲြမႈေတြေၾကာင့္ KNU က လက္မခံေတာ့ဘဲ သံလြင္စခန္းဆီ ျပန္ပုိ႔လုိက္တယ္ စသည္ျဖင့္ သတင္းမ်ိဳးစုံ ၾကားေနရပါတယ္။ ဒီလုိ သတင္းအမ်ဳိးမ်ိဳးျဖစ္ေနရာကေန ေနာက္ဆုံးမွာေတာ့ ေတာ္လွန္ေကာ္မတီကိစၥ၊ ေျမာက္ပုိင္း ကခ်င္နယ္မွာ ျဖစ္ပြားခဲ့တဲ့ သူလ်ဳိမႈကိစၥေတြအေပၚ သေဘာထားကဲြၿပီး ဗဟုိ ၂ ျခမ္း ကဲြသြားၿပီလို႔ က်ေနာ္တို႔စခန္းဆီ သတင္းေရာက္လာပါတယ္။

 ဗဟုိမကဲြခင္ေတြ႔ရတဲ့ ABSDF နဲ႔ မဟာမိတ္ေခါင္းေဆာင္မ်ား

သတင္းေရာက္လာတယ္ ဆုိေပမယ့္ အစအဆုံး ျပည့္ျပည့္စုံစုံ သိရတာမ်ဳိးေတာ့ မဟုတ္ပါ။ ညီလာခံအတြင္း သေဘာထားကဲြမႈေတြ ရွိေနတဲ့အတြက္ ျပင္ပကုိ သတင္းေပါက္မွာစုိးလို႔ဆုိၿပီး ဗဟုိနဲ႔ စခန္းေတြအၾကား ဆက္သြယ္ေရးစက္ေတြကိုလည္း အေရးေပၚမွအပ ဆက္သြယ္မႈအားလုံး ပိတ္ထားတဲ့ အတြက္ ဘာမွကို အတိအက် မသိနုိင္တဲ့အေျခေနမ်ဳိးပါ။ အၾကမ္းအားျဖင့္ကေတာ့ အထက္ေဖာ္ျပပါ ကိစၥ ႏွစ္ခုအေပၚ အဓိက သေဘာထားကြဲၿပီး ေဒါက္တာနုိင္ေအာင္ ဦးေဆာင္တဲ့ဗဟုိနဲ႔ ကုိမုိးသီးဇြန္ ဦးေဆာင္တဲ့ဗဟုိ ဆုိၿပီး ဗဟုိ၂ ခု ျဖစ္သြားၿပီ။ ဗဟုိဘက္က တပ္ရင္းေတြ၊ စခန္းေတြလည္း ဟုိဘက္ဗဟုိ ဒိီဘက္ဗဟုိေတြကုိ အသီးသီး ေထာက္ခံ ရပ္တည္လုိက္ၿပီလို႔ သိလုိက္ရပါတယ္။

အဲဒီလုိ အ႐ႈပ္အေထြးမ်ားစြာ ျဖစ္ေနစဥ္မွာ စခန္းတာ၀န္တခုနဲ႔ ထီးခီးကို ေရာက္ေနတဲ့က်ေနာ္ဟာ ဒုရင္းမႉး ဆရာေအာင္ျမင့္နဲ႔ စခန္းေကာ္မတီဆီက ခြင့္ျပဳခ်က္မယူဘဲ ကုိယ့္သေဘာနဲ႔ကုိယ္ ဘန္ေကာက္ကုိ ခရီးထြက္လာပါတယ္။ က်ေနာ္ဟာ ေကာ္မတီေထာက္ပံ့ေရးတာ၀န္နဲ႔ ကန္ခ်နပူရီ၊ ဘန္ေကာက္ကို သြားေနၾကမုိ႔ ထုံးစံအတုိင္း KNU ၿမိတ္-ထား၀ယ္ခ႐ုိင္ ဘ႑ာေရးတာ၀န္ခံ ပဒုိကမာၻေအးဆီကေန ဘတ္ေငြ ၅၀၀ ေခ်းၿပီး ဒီတုိင္း ထထြက္လာတာ ျဖစ္ပါတယ္။

ဘန္ေကာက္မွာ ပထမဆုံး ေတြ႔သူေတြက က်ေနာ္တို႔စခန္းဥကၠ႒ တာ၀န္ကေန ကုိမုိးသီးဇြန္အဖြဲ႔ရဲ႕ ဗဟုိေကာ္မီတီ အတြင္းေရးမႉး ၁ ျဖစ္လာသူ ကိုေအာင္သန္း၀င္းနဲ႔ ကုိ၀င္းမင္းတို႔ ျဖစ္ပါတယ္။ သူတို႔ ၂ ဦးကို ဦးေမာင္ေမာင္ေဆြရဲ႕ အိမ္အနီးက ကိုမုိးသီးဇြန္ရဲ႕ ႐ံုးခန္းသစ္မွာ ေတြ႔တာျဖစ္ၿပီး အဲဒီအခ်ိန္အထိ ကို၀င္းမင္းက ဘယ္ဘက္မွာ ရပ္တယ္လို႔ အတိအက် ဆုံးျဖတ္ခ်က္ မရွိေသးပါဘူး။ ေနာက္တရက္မွာေတာ့ စခန္းေကာ္မတီ အတြင္းေရးမႉးကေန ကုိနုိင္ေအာင္တို႔ ဗဟုိေကာ္မီတီရဲ႕ အေထြေထြအတြင္းေရးမႉး ျဖစ္လာသူ ကုိမ်ဳိး၀င္းကို ရမ္ဂဟမ္က မူလ နုိင္ငံျခားေရး႐ံုး ၀န္းက်င္မွာ က်ေနာ္သြားေတြ႔ပါတယ္။

ကဲြၿပဲကာစ ႏွစ္ဖက္ဗဟုိေကာ္မတီ စာရင္းကေတာ့ ကုိမုိးသီးဇြန္တို႔ဘက္မွာ ဥကၠ႒အျဖစ္ ကုိမုိးသီးဇြန္၊ ဒုဥကၠ႒အျဖစ္ ကိုေအာင္သူၿငိမ္း၊ အေထြေထြအတြင္းေရးမႉးအျဖစ္ ဆလုိင္းကုိကုိဦး၊ အတြင္းေရးမႉး ၁ အျဖစ္ ကုိေအာင္သန္း၀င္း၊ အတြင္းေရးမႉး ၂ အျဖစ္ ကိုမ်ဳိးသန္႔တို႔ ျဖစ္ပါတယ္။ ေဒါက္တာနုိင္ေအာင္တို႔ဘက္မွာေတာ့ ဥကၠ႒အျဖစ္ ေဒါက္တာနုိင္ေအာင္၊ ဒုဥကၠ႒အျဖစ္ ကိုေက်ာ္ေက်ာ္၊ အေထြေထြအတြင္းေရးမႈးအျဖစ္ ကုိမ်ဳိး၀င္း၊ အတြင္းေရးမႉး ၁ အျဖစ္ ကိုေအာင္ထူး၊ အတြင္းေရးမႉး ၂ အျဖစ္ ကိုလွေဌးတို႔ ျဖစ္ပါတယ္။

ႏွစ္ဖက္တာ၀န္ရွိသူေတြျဖစ္တဲ့ စခန္းဥကၠ႒ ကုိေအာင္သန္း၀င္းနဲ႔ စခန္းအတြင္းေရးမႉး ကုိမ်ဳိး၀င္းတို႔ရဲ႕ ေျပာဆုိခ်က္ေတြဟာ သူ႔ဆင္ေျခနဲ႔သူ ႏွစ္ဖက္စလုံး မွန္သလုိျဖစ္ေနတဲ့အတြက္ သတင္းသြားေမးမိတဲ့ က်ေနာ္ကပဲ “ေမးမိတာ မွားပါတယ္” ဆုိသလုိမ်ဳိးျဖစ္သြားလို႔ က်ေနာ္လည္း ဘာဆက္လုပ္ ရမွန္းမသိပါ။ ေနာက္ဆုံးမွာေတာ့ အားလုံးဆုံၿပီး စခန္းေရာက္မွ စုံညီရွင္းလင္းပဲြလုပ္မယ္၊ ၿပီးေတာ့မွ ရဲေဘာ္ေတြရဲ႕ ဆုံးျဖတ္ခ်က္အတုိင္း ခံယူမယ္လို႔ အၾကမ္း သေဘာတူညိီမႈရကာ က်ေနာ္တို႔အားလုံး သီးျခားစီ မင္းသမီးစခန္းဆီ ျပန္၀င္လာၾကပါတယ္။


အေပၚ ႏွစ္ျခမ္း၊ ေအာက္ ငါးျခမ္းနဲ႔ မင္းသမီးေဒသ

စခန္းေရာက္မွ ရွင္းလင္းပဲြလုပ္ၿပီး ဆုံးျဖတ္ၾကမယ္ဆုိေပမယ့္ တကယ္ကေတာ့ ဗဟုိမွာကဲြတယ္ ဆုိကတည္းက ကုိမုိးသီးဇြန္တို႔ဘက္က တာ၀န္ရွိသူတဦးဟာ ရေနာင္းကုိဆင္းၿပီး ကိုေက်ာ္ရတို႔ ပင္လယ္ျပင္တပ္စုကုိ သူတို႔ဘက္ကပါဖုိ႔ အျပတ္စည္း႐ံုးထားၿပီးသား။ ကုိေက်ာ္ရနဲ႔ တပ္ဖြဲ႔၀င္ ၄၀ ေက်ာ္ ၅၀ နီးပါးဟာ သူတို႔ဘက္မွာ ရွိေနၿပီျဖစ္တယ္လို႔ ေၾကညာထားၿပီးျဖစ္ပါတယ္။ ဒါေၾကာင့္ က်ေနာ္တို႔ မိခင္တပ္ရင္းရွိရာ မင္းသမီးစခန္း ကုကၠိဳပင္ႀကီးေအာက္က ညီလာခံအေတြ႔အႀကံဳ ရွင္းလင္းပြဲနဲ႔ ရဲေဘာ္ေတြရဲ႕ ဆႏၵခံယူပဲြဟာ ကုိနုိင္ေအာင္တို႔ ဘက္က ကုိယ္စားလွယ္ေတြနဲ႔ ဘယ္ဘက္မွာမွ မပါဘဲ ဒီ ႏွစ္ဖြဲ႔ေပါင္းတဲ့အထိ ဘက္မလုိက္ရပ္မယ္။ ကဲြၿပဲတာကို လက္မခံနုိင္ဘူးဆုိတဲ့ က်ေနာ္တို႔လုိ ပုဂၢိဳလ္ေတြအၾကား ရွင္းလင္းပဲြ သေဘာမ်ဳိးသာ ပုိမ်ားေနပါတယ္။

၁၉၉၁ ဒီဇင္ဘာလ ၃ရက္ေန႔က ၁၁ ရက္ေန႔အထိ ၉ ရက္ၾကာက်င္းပတဲ့ အဲဒီမ်က္နွာစုံညီ ရွင္းလင္းပဲြကုိ ကုိေအာင္သန္း၀င္းနဲ႔ ကိုမ်ဳိး၀င္းအပါ၀င္ ႏွစ္ဘက္စလုံးက ကိုယ္စားလွယ္ ၇ ဦးေလာက္ လာေရာက္ရွင္းလင္း တင္ျပၾကပါတယ္။ က်ေနာ္တို႔ လက္က်န္ ေကာ္မီတီ ငါးဦးက သဘာပတိ ဒုိင္လူႀကီးအျဖစ္ တာ၀န္ယူရၿပီး ပဲြမၾကမ္းေအာင္ ထိမ္းခဲ့ရပါတယ္။

က်ေနာ္ မွတ္မိသေလာက္ဆုိရင္ ကုိေအာင္သန္း၀င္းဘက္က အဓိကထား တင္ျပတာဟာ ကိုမုိးသီးဇြန္ရဲ႕ ၈ ေလးလုံးကာလ ထင္ေပၚေက်ာ္ၾကားမႈ၊ ဗကသနဲ႔ လူေဘာင္သစ္ ဒီမုိကရက္တစ္ပါတီမွာ ေခါင္းေဆာင္မႈ အစဥ္လာေတြ ျဖစ္ပါတယ္။ ဒီလိုအစဥ္အလာရွိတဲ့ ေခါင္းေဆာင္ျဖစ္ေပမယ့္ ညီလာခံအတြင္းမွာေတာ့ သူတို႔ဟာ လူနည္းစုျဖစ္ေနတဲ့အတြက္ သူတို႔ရဲ႕ တင္ျပခ်က္ေတြကို ေဒါက္တာနုိင္ေအာင္တို႔ အုပ္စုက လက္မခံဘဲ လူမ်ားစုနဲ႔ အနုိင္က်င့္ခဲ့တယ္ဆုိတဲ့ သေဘာမ်ဳိး ကုိေအာင္သန္း၀င္းက ေျပာတယ္လို႔ က်ေနာ္ အမွတ္ရေနပါတယ္။

ကိုမ်ဳိး၀င္းတို႔ဘက္က ေျပာတဲ့အထဲမွာေတာ့ အဖြဲ႔အစည္းေတြရဲ႕ လုပ္ထုံးလုပ္နည္းနဲ႔ ဒီမုိကေရစီ က်င့္စဥ္ရဲ႕ သေဘာအရ အမ်ားစုဆႏၵကို အနည္းစုက လုိက္နာရမယ္ဆုိတဲ့ သေဘာမ်ဳိးပါတယ္လို႔ က်ေနာ္ မွတ္မိေနပါတယ္။
က်ေနာ္အပါ၀င္ ကဲြၿပဲတာကို လက္မခံဘူးဆုိတဲ့ အုပ္စုကေတာ့ “အမ်ားစုဆႏၵကုိ အနည္းစုက လိုက္နာရမွာျဖစ္သလုိ အနည္းစုဆႏၵကုိ အမ်ားစုက ေလးစားဖုိ႔လုိတယ္။ ဒါေၾကာင့္ ကဲြၿပဲမႈကုိ ခ်က္ခ်င္းရပ္တန္႔ၿပီး အျမန္ဆုံး ျပန္လည္ေပါင္းစည္းဖုိ႔လုိတယ္” ဆုိၿပီး ေျပာခဲ့တယ္လို႔ မွတ္မိေနပါတယ္။


အေရးႀကီးတဲ့ ရဲေဘာ္ထု ရွင္းလင္းပဲြလုပ္ေလ့ရွိရာ မင္းသမီး စခန္းမွ အရိပ္ေကာင္းတဲ့ ကုကၠိဳပင္ႀကီး

ဒီလိုနဲ႔ မနက္ ၈ နာရီကေန ညေန ၄ နာရီအထိ ၉ ရက္လုံးလုံး ျငင္းခုံေဆြးေႏြးလုိက္တာ လူေတြလည္း အေတာ္ေျခကုန္လက္ပန္း က်ကုန္ၾကပါတယ္။ တေန႔ ၈ နာရီနႈန္းနဲ႔ ကုကၠိဳပင္ႀကီးေအာက္မွာ ေန႔ခင္းဘက္ ဒီလို တရား၀င္ရွင္းလင္းပဲြေတြနဲ႔ ရႈပ္ေနသလုိ ညေနခင္းေတြမွာလည္း ဘားတုိက္ အသီးသီးမွာ တီးတုိးစကား၀ုိင္းေတြနဲ႔ ေဆြးေႏြးေနၾကတာဟာ တကယ့္ကို အႀကိတ္အနယ္ပါပဲ။ ေနာက္ဆုံးမွာေတာ့ ဘက္တခုခုကို ေထာက္ခံတဲ့ တပ္ရင္းတခုတည္းအျဖစ္ ဘယ္လုိမွ ရပ္တည္လို႔ မျဖစ္နုိင္ေတာ့တဲ့အတြက္ “ၿငိမ္းခ်မ္းစြာ ကဲြၿပဲေရးမူ၀ါဒ” ကုိ ေခါင္းေဆာင္ပုိင္းအသီးသီးက လက္ခံသေဘာတူ လုိက္ရပါတယ္။ ဒီအတြက္ ရဲေဘာ္တဦးခ်င္း ဆႏၵရွိတဲ့အတုိင္း ႀကိဳက္တဲ့ဘက္မွာ လြတ္လပ္စြာ ရပ္နုိင္တယ္လို႔ ဆုံးျဖတ္လုိက္ရပါတယ္္။

ဒီဆုံးျဖတ္ခ်က္အရ ပထမဆုံး ကြဲၿပဲသြားတာကေတာ့ ဒုိင္လူႀကီးအျဖစ္ သဘာပတိတာ၀န္ ယူေနၾကတဲ့ က်ေနာ္တို႔ လက္က်န္ စခန္းေကာ္မီတီ ငါးဦးပဲျဖစ္ပါတယ္။ ဒုရင္းမႉး ဆရာေအာင္ျမင့္က ကုိနုိင္ေအာင္တို႔ဘက္ ပါသြားပါတယ္။ က်ေနာ္၊ ဦးဟန္လင္း၊ ကုိဉာဏ္စုိး (ရက္ပုိင္းအတြင္း ကိုနုိင္ေအာင္တို႔ဘက္ကုိ ေျပာင္းသြားသူ)၊ ကိုဂြမ္ရွီ (လပုိင္းအတြင္း ကိုမုိးသီးဇြန္တို႔ဘက္ကုိ ေျပာင္းသြားသူ) တို႔ကေတာ့ ဘယ္ဘက္မွမပါဘဲ ဘက္မလုိက္ ညီညြတ္ေရးအဖြဲ႔ဆုိၿပီးရပ္ဖုိ႔ သေဘာတူလုိက္ပါတယ္။ အဲဒီေနာက္မွာေတာ့ ငါတို႔ကြဲသြားၿပီျဖစ္တဲ့အတြက္ စခန္းတခုတည္း အတူေနလို႔ မျဖစ္ေတာ့ဘူး၊ တေနရာစီေနမွ သင့္ေတာ္မယ္လို႔ ထပ္မံသေဘာတူၿပီးတဲ့ေနာက္ ဆရာေအာင္ျမင့္ ဦးေဆာင္တဲ့ ေဒါက္တာ နုိင္ေအာင္ကုိ ေထာက္ခံတဲ့အဖြဲဟာ သူတို႔ လူအင္အား ၈၀ ခန္႔နဲ႔အတူ က်ေနာ္တို႔ မူလစခန္းနဲ႔ တမုိင္ခန္႔ေ၀းတဲ့ တပ္ရင္း စစ္သင္တန္းေက်ာင္းရွိရာ အရပ္ဆီ ေျပာင္းသြားပါတယ္။

ဆန္အိတ္ေတြ၊ ရိကၡာေတြ၊ အုိးေတြခြက္ေတြ၊ ေစာင္ေတြ၊ ေခြးေတြေၾကာင္ေတြကိုပါ သယ္ၿပီး ထြက္သြားၾကတဲ့ ဒီျမင္ကြင္းဟာ တကယ့္ကုိ ရင္နင့္စရာပါ။ တၿမိဳ႕တည္းကေန ေတာခုိဖုိ႔ အတူထြက္လာသူေတြ၊ အထကေတြ တကၠသိုလ္ေတြမွာ နွစ္ေပါင္းမ်ားစြာ အတူေက်ာင္းတက္လာသူေတြ၊ ယုံၾကည္ခ်က္တူလို႔ အသက္ပါပုံအပ္ၿပီး သံုးနွစ္ သံုးမုိးလုံးလုံး ေတာတြင္းမွာ အတူေန၊ အတူစား၊ အတူသြား၊ အတူတုိက္ပဲြ၀င္လာခဲ့တဲ့ “ရဲေဘာ္သူငယ္ခ်င္း” ေတြအခ်င္းခ်င္း အခုလုိ ကဲြသြားတဲ့ျမင္ကြင္းကုိ ဘာနဲ႔နႈိင္းျပရမွန္း က်ေနာ္ စကားလုံး ရွာမေတြ႔ေသးပါ။ နွစ္ေပါင္းမ်ားစြာ ေပါင္းသင္းလာတဲ့ မိဘနွစ္ပါး သေဘာထား မတုိက္ဆုိင္လို႔ ကဲြၿပဲခ်ိန္မွာ သားသမီးတခ်ဳိ႕က အေဖနဲ႔လုိက္သြားၿပီး တခ်ဳိ႕က အေမနဲ႔က်န္ခဲ့တဲ့ ျမင္ကြင္းမ်ဳိးမ်ား ျဖစ္ေနေလမလားလို႔ေတာ့ စဥ္းစားမိပါတယ္။ ဒါေပမယ့္ဘာမွ မတတ္နုိင္။ လက္နက္ကုိင္ေတာ္လွန္ေရး လုပ္ေနတဲ့ ေက်ာင္းသားေတြဆုိေတာ့ စာသင္ခန္းထဲက ေက်ာင္းသားေတြလုိ “အေဖကယ္ပါ၊ အေမကယ္ပါ” ဆုိၿပီး ေအာ္ငုိေနလို႔ဖုိ႔လည္း မျဖစ္နုိင္ေတာ့ပါ။

ဒီလုိနဲ႔ က်န္တဲ့လူ ၂၀၀ ၀န္းက်င္ခန္႔ကေတာ့ က်ေနာ္တို႔နဲ႔အတူ ဘက္မလုိက္အျဖစ္ မူလစခန္းမွာ ေနၿမဲအတုိင္း ဆက္ေနၾကပါတယ္။ ကိုမုိးသီးဇြန္ကို ေထာက္ခံတဲ့ ကိုေက်ာ္ရတို႔အဖြဲ႔ကေတာ့ အဲဒီအခ်ိန္ စခန္းမွာမရွိဘဲ ပင္လယ္ျပင္ထဲ ေရာက္ေနတာေၾကာင့္ စခန္းေနရာအတြက္ ျပႆနာမရွိခဲ့ပါ။ (ေနာက္ပုိင္းမွာေတာ့ က်ေနာ္တို႔ ဘက္မလုိက္တပ္ရင္းရဲ႕ အေရွ႕ဘက္ တမုိင္နီးပါးအကြာက တနသၤာရီျမစ္ေဘးမွာ ၂၀၂ တပ္ရင္းဆုိၿပီး သူတို႔ရဲ႕ စခန္းကုိ လာေဆာက္ပါတယ္။)

က်ေနာ္တို႔ ၂၀၁ တပ္ရင္းအတြင္း ၁၀ ရက္နီးပါး ေအာ္ႀကီးဟစ္က်ယ္ အျငင္းပြား၊ ခုိက္ရန္ျဖစ္ပြားမႈမရွိဘဲ ၿခိမ္းခ်မ္းစြာနဲ႔ “ကုကၠိဳပင္လမ္းခြဲ” လုပ္လုိက္နုိင္္ၾကေပမယ့္ က်ေနာ္တို႔ေဘးနားရွိ ၂၀၃ တပ္ရင္းမွာေတာ့ ဒီလုိ ၿငိမ္းခ်မ္းစြာ လမ္းခဲြနုိင္ပုံမရ။ (ၿမိတ္ေဒသ ေမာေတာင္စခန္းအေျခစုိက္ ၂၀၃ တပ္ရင္းဟာ ၁၉၉၀ အေစာပုိင္းမွာ န၀တက ထုိးစစ္ဆင္တဲ့အတြက္ ေမာေတာင္စခန္း က်ၿပီးေနာက္ မင္းသမီးေဒသဆီ ေျပာင္းလာၿပီး က်ေနာ္တို႔ တပ္ရင္းနဲ႔ မနီးမေ၀းမွာ အေျခခ်ထားပါတယ္။) ရွင္းလင္းပဲြကိုလည္း အေသအခ်ာ လုပ္နုိင္ပုံမရဘဲ ကုိမုိးသီးဇြန္ကို ေထာက္ခံတဲ့ အင္အားနည္းတဲ့အဖြဲ႔ေတြကုိ ကုိနုိင္ေအာင္ကို ေထာက္ခံတဲ့ အင္အားမ်ားတဲ့အုပ္စုက စခန္းကေန ေမာင္းထုတ္လုိက္ပါတယ္။ ဒါေၾကာင့္ ကုိထိန္လင္း ဦးေဆာင္တဲ့ ကုိမုိးသီးဇြန္တို႔ဘက္က ၂၀၃ အဖြဲ႔ဟာ က်ေနာ္တို႔စခန္း၀န္းက်င္ တနသၤာရီျမစ္ေဘးကေန ထီးခီးဆီ သြားရာလမ္းၾကားရွိ အလယ္စတုိအထိ ေရာက္သြားပါတယ္။

ဒီအကြဲအၿပဲကုိ စာရင္းျပန္ခ်ဳပ္ရမယ္ဆုိရင္ေတာ့ ဗဟိုမွာ ႏွစ္ျခမ္းသာကဲြေပမယ့္ က်ေနာ္တို႔ မင္းသမီးေဒသမွာေတာ့ တပ္ရင္း ႏွစ္ရင္းကေန တပ္ရင္း ငါးရင္းအထိ ကြဲသြားပါတယ္။ က်ေနာ္တို႔ ၂၀၁ မွာဆုိရင္ ၂၀၁ ေဒါက္တာနုိင္ေအာင္၊ ၂၀၁ မုိးသီးဇြန္၊ ၂၀၁ ဘက္မလုိက္ဆုိၿပီး တပ္ရင္း သံုးခုျဖစ္လာပါတယ္။ ေနာက္တခါ ၂၀၃ မွာဆုိရင္လည္း ၂၀၃ ေဒါက္တာနုိင္ေအာင္၊ ၂၀၃ မုိးသီးဇြန္ဆုိၿပီး တပ္ရင္း ႏွစ္ခု ျဖစ္လာပါတယ္။

က်ေနာ္တို႔ ေက်ာင္းသားေတြအၾကား ဒီလုိအကဲြအၿပဲေတြ ျဖစ္ေနတာကို KNU ကလည္း အထူးစိတ္၀င္တစား ေစာင့္ျကည့္ေနၿပီး ေက်ာင္းသားေတြအခ်င္းခ်င္း ပစ္ၾကခတ္ၾကေတာ့မလားလို႔ စုိးရိမ္ေနခဲ့ၾကတယ္လို႔လည္း ေနာက္ပုိင္းက်မွ ျပန္သိရပါတယ္။ ဘာေၾကာင့္လဲဆိုရင္ သူတို႔ KNU အပါ၀င္ ကဲြဖူးသမွ် လက္နက္ကိုင္ အဖြဲ႔အားလုံး အခ်င္းခ်င္း ပစ္ၾကခတ္ၾကၿပီး အတူတူေနလို႔မရေအာင္ ျဖစ္ခဲ့တာခ်ည္းနဲ႔ပဲ ႀကံဳဖူးလို႔လို႔ ဆုိပါတယ္။ ဒါေၾကာင့္ က်ေနာ္တို႔ ေက်ာင္းသားေတြ ကဲြတာဟာ တကယ္ ကြဲတာမဟုတ္ဘဲ ဟန္ျပကြဲျပျခင္းသာ ျဖစ္ဖုိ႔မ်ားတယ္ဆုိၿပီး KNU ေခါင္းေဆာင္ပုိင္းက ေနာက္ေျပာင္ေျပာဆုိေလ့ရွိွတာကုိ က်ေနာ္ မွတ္မိေနပါတယ္။


ေဒါက္တာနုိင္ေအာင္ကုိ ေထာက္ခံတဲ့ ၂၀၁ အဖြဲ႔မွ တပ္ရင္း႐ံုးသစ္နဲ႔ စခန္းသစ္ေနရာ ရွင္းလင္းေဆာက္လုပ္ေနစဥ္

က်ေနာ္တို႔ မင္းသမီးေဒသအျပင္ ABSDF တခုလုံးရဲ႕ အဲဒီကာလ အကြဲအၿပဲအေျခေနကုိ ၾကားမိသမွ် ျပန္ေျပာရမယ္ဆုိရင္ တပ္ရင္းတခုတည္း သံုးျခမ္းကြဲတာကေတာ့ က်ေနာ္တို႔ တပ္ရင္းတခုတည္းပဲ  ရွိတယ္လို႔ထင္ပါတယ္။ က်န္တဲ့တပ္ရင္းေတြ အမ်ားစုကေတာ့ တပ္ရင္းအလုိက္ ဟုိဘက္ ဒီဘက္ ေထာက္ခံလုိက္ၾကၿပီး အလြန္ဆုံးကဲြတဲ့တပ္ရင္းက ႏွစ္ျခမ္းပဲ ကြဲၾကပါတယ္။ ဥပမာ – ဘုရားသုံးဆူ ေဒသမွာဆုိရင္ ၁၀၁ တပ္ရင္းက ကုိနုိင္ေအာင္တို႔ဘက္ကို ေထာက္ခံၿပီး ၁၀၂ က ကုိမုိးသီးတို႔ကုိ ေထာက္ခံလုိက္ပါတယ္။ သီေဘာဘုိးေဒသရွိ ၂၀၄၊ ၂၀၅၊ ၂၀၆ တပ္ရင္းေတြ ဘယ္ဘက္ဘယ္လုိ ေထာက္ခံသလဲဆုိတာကိုေတာ့ ရွင္းရွင္းလင္း မသိပါ။ သီေဘာဘုိးအနီးရွိ စခန္းသစ္ေဒသအေျခစုိက္ တပ္ရင္းတခုမွာေတာ့ က်ေနာ္တို႔လုိပဲ ဘက္မလုိက္ရပ္တဲ့ အဖြဲ႔တခုေပၚလာတယ္လို႔ သိရပါတယ္။ ဒါေပမယ့္ က်ေနာ္တို႔နဲ႔ သူတို႔အဖြဲ႔ၾကား ဘာမွအဆက္သြယ္ မရွိခဲ့ပါ။

တျခားစခန္းေတြထဲမွာေတာ့ ေကာ့မူးရာစခန္းမွ ၂၁၁၊ ေရေက်ာ္စခန္းမွ ၂၀၇၊ သံလြင္မွ ၂၀၉ တို႔က ကုိနုိင္ေအာင္တို႔ဘက္ကုိ ေထာက္ခံတယ္လို႔ ၾကားရပါတယ္။ တခါ သံလြင္မွပဲ ၂၀၈ နဲ႔ ေစာထမွ ၂၁၀ တို႔က ကုိမုိးသီးဇြန္တို႔ဘက္ကုိ ေထာက္ခံတယ္လို႔ သိရပါတယ္။ အလားတူ ကရင္နီနယ္မွ ၃၀၃၊ ပအုိ႔နယ္မွ ၆၀၁၊ ေျမာက္ပုိင္း ကခ်င္ေဒသနဲ႔ အိႏၵိယနယ္စပ္ရွိ တပ္ေတြဟာလည္း ကုိနုိင္ေအာင္တို႔ဘက္ကုိ ေထာက္ခံတယ္ဆုိၿပီး ၾကားရပါတယ္။ ဒါေပမယ့္ ရွမ္းနယ္ေျမရွိ တပ္ရင္းတခုနဲ႔ ဘဂၤလားေဒ့ရွ္နယ္စပ္ရွိ ၉၀၁ တပ္ရင္းေတြကေတာ့ ကုိမုိးသီးဇြန္တို႔ကုိ ေထာက္ခံတယ္လို႔ ၾကားရျပန္ပါတယ္။

ဗဟုိဘက္ကလာတဲ့ ဒီသတင္းေတြကို တဆင့္ခံ ၾကားရျခင္းသာျဖစ္ၿပီး က်ေနာ္ အေသခ်ာမသိပါ။ က်ေနာ္ အတိအက် သိတာကေတာ့ မင္းသမီးေဒသရွိ ၂၀၁ နဲ႔ ၂၀၃ တပ္ရင္းေတြရဲ႕အေျခေနမွ်သာ ျဖစ္ပါတယ္။

======================================================

(အပိုင်း ၂၇)

ထက်အောင်ကျော် on April 26, 2012 4:57 pm
အောက်မေ့ဖွယ် / ဧရာဝတီ။
တတိယအကြိမ် ညီလာခံနဲ့ ABSDF အကွဲအပြဲကာလ

၂ နှစ်တခါ ညီလာခံလုပ်ရမယ်ဆိုတဲ့ ABSDF ဖွဲစည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပါ စည်းကမ်းတွေအရ ၁၉၉၁ သြဂုတ်လအစောပိုင်းမှာ တတိယအကြိမ်ညီလာခံ ခေါ်မယ်လို့ ဗဟိုက ဖိတ်စာရောက်လာပါတယ်။ ကျနော်တို့ စခန်းဟာ လူဦးရေ ၃၀၀ ကျော်ရှိတဲ့အတွက် ညီလာခံကိုယ်စားလှယ် ခွဲတန်း ၁၀ ဦးရပါတယ်။ ဒီအတွက် ဖွဲ့စည်းပုံပါ ရွေးကောက်ပွဲကော်မရှင် လုပ်ထုံးလုပ်နည်းတွေအတိုင်း ကိုယ်စားလှယ် ရွေးချယ်ရေးကော်မရှင်ကို ဖွဲ့ပါတယ်။



ABSDF ၂ ခြမ်းမကွဲမှီကျင်းပတဲ့ ဗဟိုကော်မီတီအစည်းဝေးအတွင်း စခန်းဥက္ကဌ ကိုအောင်သန်းဝင်း ဆွေးနွေးနေစဉ်။

တပ်ရင်းဌာနချုပ်ကော်မရှင်၊ ရှေ့တန်း တပ်ခွဲအသီးသီးက ကော်မရှင်ခွဲတွေကနေ လျို့ဝှက်မဲစနစ်နဲ့ ရွေးချယ်မှုအရ ၁၀ ဦးစာရင်းထဲ ပါသွားသူတွေကတော့ ဗဟိုမှာရောက်နေတဲ့ ကိုကျော်ကျော်၊ ကိုခင်မောင်ဝင်းနဲ့ ကိုဌေးအောင်၊ နောက်တခါ စခန်းကော်မတီတွေထဲက ကိုအောင်သန်းဝင်း၊ ကိုမျိုးဝင်း၊ ကိုသိန်းဆောင်၊ ကိုဝင်းမင်းနဲ့ တပ်မှူးတွေထဲကတော့ ကိုဇော်သန်းနဲ့ ကိုဘုန်းကျော်။ ပြီးတော့ စခန်းဥက္ကဋ္ဌဟောင်း ကိုမင်းအောင်တို့ ဖြစ်ပါတယ်။  ကျနော်ကတော့ ကံဆိုးတာလား၊ ကံကောင်းတာလား မပြောတတ်။ ၁၀ ဦး ရွေးတဲ့အထဲ ၁၁ နေရာကနေ ကပ်ပြီး ကျန်နေခဲ့ပါတယ်။

ဥက္ကဋ္ဌနဲ့တပ်ရင်းမှုးအပါဝင် စခန်းတာဝန်ရှိသူ အတော်များများ သံလွင်စခန်းမှာ ကျင်းပတဲ့ တတိယအကြိမ် ညီလာခံဆီ သွားနေစဉ် ဒုတပ်ရင်းမှူး ဆရာအောင်မြင့်၊ ကော်မတီဝင်တွေဖြစ်တဲ့ ကျနော်၊ ဦး ဟန်လင်း၊ ကိုဂွမ်ရှီနဲ့ ကိုဉာဏ်စိုးတို့က စခန်းအုပ်ချုပ်ရေးကို ဆက်လက် တာဝန်ယူထားရပါတယ်။ ဒီလိုနဲ့ ၁၉၉၁ သြဂုတ်လ ၁၄ ရက်နေ့ကနေ စတင်လိုက်တဲ့ သံလွင်စခန်းက ဗဟိုညီလာခံဟာ တလလည်းမပြီး၊ ၂ လလည်းမပြီးနဲ့ ဘာတွေဖြစ်နေမှန်း မသိပါ။ သံလွင်စခန်းမှာ လုံခြုံရေး အခြေနေမကောင်းလို့ KNU ဌာနချုပ် မာနယ်ပလောစခန်းဆီ ပြောင်းပြီးဆွေးနွေးရတယ်။ နောက်တခါ မာနယ်ပလော ညီလာခံမှာ သဘောထား ကွဲမှုတွေကြောင့် KNU က လက်မခံတော့ဘဲ သံလွင်စခန်းဆီ ပြန်ပို့လိုက်တယ် စသည်ဖြင့် သတင်းမျိုးစုံ ကြားနေရပါတယ်။ ဒီလို သတင်းအမျိုးမျိုးဖြစ်နေရာကနေ နောက်ဆုံးမှာတော့ တော်လှန်ကော်မတီကိစ္စ၊ မြောက်ပိုင်း ကချင်နယ်မှာ ဖြစ်ပွားခဲ့တဲ့ သူလျိုမှုကိစ္စတွေအပေါ် သဘောထားကွဲပြီး ဗဟို ၂ ခြမ်း ကွဲသွားပြီလို့ ကျနော်တို့စခန်းဆီ သတင်းရောက်လာပါတယ်။


 ဗဟိုမကွဲခင်တွေ့ရတဲ့ ABSDF နဲ့ မဟာမိတ်ခေါင်းဆောင်များ

သတင်းရောက်လာတယ် ဆိုပေမယ့် အစအဆုံး ပြည့်ပြည့်စုံစုံ သိရတာမျိုးတော့ မဟုတ်ပါ။ ညီလာခံအတွင်း သဘောထားကွဲမှုတွေ ရှိနေတဲ့အတွက် ပြင်ပကို သတင်းပေါက်မှာစိုးလို့ဆိုပြီး ဗဟိုနဲ့ စခန်းတွေအကြား ဆက်သွယ်ရေးစက်တွေကိုလည်း အရေးပေါ်မှအပ ဆက်သွယ်မှုအားလုံး ပိတ်ထားတဲ့ အတွက် ဘာမှကို အတိအကျ မသိနိုင်တဲ့အခြေနေမျိုးပါ။ အကြမ်းအားဖြင့်ကတော့ အထက်ဖော်ပြပါ ကိစ္စ နှစ်ခုအပေါ် အဓိက သဘောထားကွဲပြီး ဒေါက်တာနိုင်အောင် ဦးဆောင်တဲ့ဗဟိုနဲ့ ကိုမိုးသီးဇွန် ဦးဆောင်တဲ့ဗဟို ဆိုပြီး ဗဟို၂ ခု ဖြစ်သွားပြီ။ ဗဟိုဘက်က တပ်ရင်းတွေ၊ စခန်းတွေလည်း ဟိုဘက်ဗဟို ဒီဘက်ဗဟိုတွေကို အသီးသီး ထောက်ခံ ရပ်တည်လိုက်ပြီလို့ သိလိုက်ရပါတယ်။

အဲဒီလို အရှုပ်အထွေးများစွာ ဖြစ်နေစဉ်မှာ စခန်းတာဝန်တခုနဲ့ ထီးခီးကို ရောက်နေတဲ့ကျနော်ဟာ ဒုရင်းမှူး ဆရာအောင်မြင့်နဲ့ စခန်းကော်မတီဆီက ခွင့်ပြုချက်မယူဘဲ ကိုယ့်သဘောနဲ့ကိုယ် ဘန်ကောက်ကို ခရီးထွက်လာပါတယ်။ ကျနော်ဟာ ကော်မတီထောက်ပံ့ရေးတာဝန်နဲ့ ကန်ချနပူရီ၊ ဘန်ကောက်ကို သွားနေကြမို့ ထုံးစံအတိုင်း KNU မြိတ်-ထားဝယ်ခရိုင် ဘဏ္ဍာရေးတာဝန်ခံ ပဒိုကမ္ဘာအေးဆီကနေ ဘတ်ငွေ ၅၀၀ ချေးပြီး ဒီတိုင်း ထထွက်လာတာ ဖြစ်ပါတယ်။

ဘန်ကောက်မှာ ပထမဆုံး တွေ့သူတွေက ကျနော်တို့စခန်းဥက္ကဋ္ဌ တာဝန်ကနေ ကိုမိုးသီးဇွန်အဖွဲ့ရဲ့ ဗဟိုကော်မီတီ အတွင်းရေးမှူး ၁ ဖြစ်လာသူ ကိုအောင်သန်းဝင်းနဲ့ ကိုဝင်းမင်းတို့ ဖြစ်ပါတယ်။ သူတို့ ၂ ဦးကို ဦးမောင်မောင်ဆွေရဲ့ အိမ်အနီးက ကိုမိုးသီးဇွန်ရဲ့ ရုံးခန်းသစ်မှာ တွေ့တာဖြစ်ပြီး အဲဒီအချိန်အထိ ကိုဝင်းမင်းက ဘယ်ဘက်မှာ ရပ်တယ်လို့ အတိအကျ ဆုံးဖြတ်ချက် မရှိသေးပါဘူး။ နောက်တရက်မှာတော့ စခန်းကော်မတီ အတွင်းရေးမှူးကနေ ကိုနိုင်အောင်တို့ ဗဟိုကော်မီတီရဲ့ အထွေထွေအတွင်းရေးမှူး ဖြစ်လာသူ ကိုမျိုးဝင်းကို ရမ်ဂဟမ်က မူလ နိုင်ငံခြားရေးရုံး ဝန်းကျင်မှာ ကျနော်သွားတွေ့ပါတယ်။

ကွဲပြဲကာစ နှစ်ဖက်ဗဟိုကော်မတီ စာရင်းကတော့ ကိုမိုးသီးဇွန်တို့ဘက်မှာ ဥက္ကဋ္ဌအဖြစ် ကိုမိုးသီးဇွန်၊ ဒုဥက္ကဋ္ဌအဖြစ် ကိုအောင်သူငြိမ်း၊ အထွေထွေအတွင်းရေးမှူးအဖြစ် ဆလိုင်းကိုကိုဦး၊ အတွင်းရေးမှူး ၁ အဖြစ် ကိုအောင်သန်းဝင်း၊ အတွင်းရေးမှူး ၂ အဖြစ် ကိုမျိုးသန့်တို့ ဖြစ်ပါတယ်။ ဒေါက်တာနိုင်အောင်တို့ဘက်မှာတော့ ဥက္ကဋ္ဌအဖြစ် ဒေါက်တာနိုင်အောင်၊ ဒုဥက္ကဋ္ဌအဖြစ် ကိုကျော်ကျော်၊ အထွေထွေအတွင်းရေးမှုးအဖြစ် ကိုမျိုးဝင်း၊ အတွင်းရေးမှူး ၁ အဖြစ် ကိုအောင်ထူး၊ အတွင်းရေးမှူး ၂ အဖြစ် ကိုလှဌေးတို့ ဖြစ်ပါတယ်။

နှစ်ဖက်တာဝန်ရှိသူတွေဖြစ်တဲ့ စခန်းဥက္ကဋ္ဌ ကိုအောင်သန်းဝင်းနဲ့ စခန်းအတွင်းရေးမှူး ကိုမျိုးဝင်းတို့ရဲ့ ပြောဆိုချက်တွေဟာ သူ့ဆင်ခြေနဲ့သူ နှစ်ဖက်စလုံး မှန်သလိုဖြစ်နေတဲ့အတွက် သတင်းသွားမေးမိတဲ့ ကျနော်ကပဲ “မေးမိတာ မှားပါတယ်” ဆိုသလိုမျိုးဖြစ်သွားလို့ ကျနော်လည်း ဘာဆက်လုပ် ရမှန်းမသိပါ။ နောက်ဆုံးမှာတော့ အားလုံးဆုံပြီး စခန်းရောက်မှ စုံညီရှင်းလင်းပွဲလုပ်မယ်၊ ပြီးတော့မှ ရဲဘော်တွေရဲ့ ဆုံးဖြတ်ချက်အတိုင်း ခံယူမယ်လို့ အကြမ်း သဘောတူညီမှုရကာ ကျနော်တို့အားလုံး သီးခြားစီ မင်းသမီးစခန်းဆီ ပြန်ဝင်လာကြပါတယ်။


အပေါ် နှစ်ခြမ်း၊ အောက် ငါးခြမ်းနဲ့ မင်းသမီးဒေသ

စခန်းရောက်မှ ရှင်းလင်းပွဲလုပ်ပြီး ဆုံးဖြတ်ကြမယ်ဆိုပေမယ့် တကယ်ကတော့ ဗဟိုမှာကွဲတယ် ဆိုကတည်းက ကိုမိုးသီးဇွန်တို့ဘက်က တာဝန်ရှိသူတဦးဟာ ရနောင်းကိုဆင်းပြီး ကိုကျော်ရတို့ ပင်လယ်ပြင်တပ်စုကို သူတို့ဘက်ကပါဖို့ အပြတ်စည်းရုံးထားပြီးသား။ ကိုကျော်ရနဲ့ တပ်ဖွဲ့ဝင် ၄၀ ကျော် ၅၀ နီးပါးဟာ သူတို့ဘက်မှာ ရှိနေပြီဖြစ်တယ်လို့ ကြေညာထားပြီးဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့ မိခင်တပ်ရင်းရှိရာ မင်းသမီးစခန်း ကုက္ကိုပင်ကြီးအောက်က ညီလာခံအတွေ့အကြုံ ရှင်းလင်းပွဲနဲ့ ရဲဘော်တွေရဲ့ ဆန္ဒခံယူပွဲဟာ ကိုနိုင်အောင်တို့ ဘက်က ကိုယ်စားလှယ်တွေနဲ့ ဘယ်ဘက်မှာမှ မပါဘဲ ဒီ နှစ်ဖွဲ့ပေါင်းတဲ့အထိ ဘက်မလိုက်ရပ်မယ်။ ကွဲပြဲတာကို လက်မခံနိုင်ဘူးဆိုတဲ့ ကျနော်တို့လို ပုဂ္ဂိုလ်တွေအကြား ရှင်းလင်းပွဲ သဘောမျိုးသာ ပိုများနေပါတယ်။

၁၉၉၁ ဒီဇင်ဘာလ ၃ရက်နေ့က ၁၁ ရက်နေ့အထိ ၉ ရက်ကြာကျင်းပတဲ့ အဲဒီမျက်နှာစုံညီ ရှင်းလင်းပွဲကို ကိုအောင်သန်းဝင်းနဲ့ ကိုမျိုးဝင်းအပါဝင် နှစ်ဘက်စလုံးက ကိုယ်စားလှယ် ၇ ဦးလောက် လာရောက်ရှင်းလင်း တင်ပြကြပါတယ်။ ကျနော်တို့ လက်ကျန် ကော်မီတီ ငါးဦးက သဘာပတိ ဒိုင်လူကြီးအဖြစ် တာဝန်ယူရပြီး ပွဲမကြမ်းအောင် ထိမ်းခဲ့ရပါတယ်။

ကျနော် မှတ်မိသလောက်ဆိုရင် ကိုအောင်သန်းဝင်းဘက်က အဓိကထား တင်ပြတာဟာ ကိုမိုးသီးဇွန်ရဲ့ ၈ လေးလုံးကာလ ထင်ပေါ်ကျော်ကြားမှု၊ ဗကသနဲ့ လူဘောင်သစ် ဒီမိုကရက်တစ်ပါတီမှာ ခေါင်းဆောင်မှု အစဉ်လာတွေ ဖြစ်ပါတယ်။ ဒီလိုအစဉ်အလာရှိတဲ့ ခေါင်းဆောင်ဖြစ်ပေမယ့် ညီလာခံအတွင်းမှာတော့ သူတို့ဟာ လူနည်းစုဖြစ်နေတဲ့အတွက် သူတို့ရဲ့ တင်ပြချက်တွေကို ဒေါက်တာနိုင်အောင်တို့ အုပ်စုက လက်မခံဘဲ လူများစုနဲ့ အနိုင်ကျင့်ခဲ့တယ်ဆိုတဲ့ သဘောမျိုး ကိုအောင်သန်းဝင်းက ပြောတယ်လို့ ကျနော် အမှတ်ရနေပါတယ်။

ကိုမျိုးဝင်းတို့ဘက်က ပြောတဲ့အထဲမှာတော့ အဖွဲ့အစည်းတွေရဲ့ လုပ်ထုံးလုပ်နည်းနဲ့ ဒီမိုကရေစီ ကျင့်စဉ်ရဲ့ သဘောအရ အများစုဆန္ဒကို အနည်းစုက လိုက်နာရမယ်ဆိုတဲ့ သဘောမျိုးပါတယ်လို့ ကျနော် မှတ်မိနေပါတယ်။
ကျနော်အပါဝင် ကွဲပြဲတာကို လက်မခံဘူးဆိုတဲ့ အုပ်စုကတော့ “အများစုဆန္ဒကို အနည်းစုက လိုက်နာရမှာဖြစ်သလို အနည်းစုဆန္ဒကို အများစုက လေးစားဖို့လိုတယ်။ ဒါကြောင့် ကွဲပြဲမှုကို ချက်ချင်းရပ်တန့်ပြီး အမြန်ဆုံး ပြန်လည်ပေါင်းစည်းဖို့လိုတယ်” ဆိုပြီး ပြောခဲ့တယ်လို့ မှတ်မိနေပါတယ်။


အရေးကြီးတဲ့ ရဲဘော်ထု ရှင်းလင်းပွဲလုပ်လေ့ရှိရာ မင်းသမီး စခန်းမှ အရိပ်ကောင်းတဲ့ ကုက္ကိုပင်ကြီး

ဒီလိုနဲ့ မနက် ၈ နာရီကနေ ညနေ ၄ နာရီအထိ ၉ ရက်လုံးလုံး ငြင်းခုံဆွေးနွေးလိုက်တာ လူတွေလည်း အတော်ခြေကုန်လက်ပန်း ကျကုန်ကြပါတယ်။ တနေ့ ၈ နာရီနှုန်းနဲ့ ကုက္ကိုပင်ကြီးအောက်မှာ နေ့ခင်းဘက် ဒီလို တရားဝင်ရှင်းလင်းပွဲတွေနဲ့ ရှုပ်နေသလို ညနေခင်းတွေမှာလည်း ဘားတိုက် အသီးသီးမှာ တီးတိုးစကားဝိုင်းတွေနဲ့ ဆွေးနွေးနေကြတာဟာ တကယ့်ကို အကြိတ်အနယ်ပါပဲ။ နောက်ဆုံးမှာတော့ ဘက်တခုခုကို ထောက်ခံတဲ့ တပ်ရင်းတခုတည်းအဖြစ် ဘယ်လိုမှ ရပ်တည်လို့ မဖြစ်နိုင်တော့တဲ့အတွက် “ငြိမ်းချမ်းစွာ ကွဲပြဲရေးမူဝါဒ” ကို ခေါင်းဆောင်ပိုင်းအသီးသီးက လက်ခံသဘောတူ လိုက်ရပါတယ်။ ဒီအတွက် ရဲဘော်တဦးချင်း ဆန္ဒရှိတဲ့အတိုင်း ကြိုက်တဲ့ဘက်မှာ လွတ်လပ်စွာ ရပ်နိုင်တယ်လို့ ဆုံးဖြတ်လိုက်ရပါတယ်။

ဒီဆုံးဖြတ်ချက်အရ ပထမဆုံး ကွဲပြဲသွားတာကတော့ ဒိုင်လူကြီးအဖြစ် သဘာပတိတာဝန် ယူနေကြတဲ့ ကျနော်တို့ လက်ကျန် စခန်းကော်မီတီ ငါးဦးပဲဖြစ်ပါတယ်။ ဒုရင်းမှူး ဆရာအောင်မြင့်က ကိုနိုင်အောင်တို့ဘက် ပါသွားပါတယ်။ ကျနော်၊ ဦးဟန်လင်း၊ ကိုဉာဏ်စိုး (ရက်ပိုင်းအတွင်း ကိုနိုင်အောင်တို့ဘက်ကို ပြောင်းသွားသူ)၊ ကိုဂွမ်ရှီ (လပိုင်းအတွင်း ကိုမိုးသီးဇွန်တို့ဘက်ကို ပြောင်းသွားသူ) တို့ကတော့ ဘယ်ဘက်မှမပါဘဲ ဘက်မလိုက် ညီညွတ်ရေးအဖွဲ့ဆိုပြီးရပ်ဖို့ သဘောတူလိုက်ပါတယ်။ အဲဒီနောက်မှာတော့ ငါတို့ကွဲသွားပြီဖြစ်တဲ့အတွက် စခန်းတခုတည်း အတူနေလို့ မဖြစ်တော့ဘူး၊ တနေရာစီနေမှ သင့်တော်မယ်လို့ ထပ်မံသဘောတူပြီးတဲ့နောက် ဆရာအောင်မြင့် ဦးဆောင်တဲ့ ဒေါက်တာ နိုင်အောင်ကို ထောက်ခံတဲ့အဖွဲဟာ သူတို့ လူအင်အား ၈၀ ခန့်နဲ့အတူ ကျနော်တို့ မူလစခန်းနဲ့ တမိုင်ခန့်ဝေးတဲ့ တပ်ရင်း စစ်သင်တန်းကျောင်းရှိရာ အရပ်ဆီ ပြောင်းသွားပါတယ်။

ဆန်အိတ်တွေ၊ ရိက္ခာတွေ၊ အိုးတွေခွက်တွေ၊ စောင်တွေ၊ ခွေးတွေကြောင်တွေကိုပါ သယ်ပြီး ထွက်သွားကြတဲ့ ဒီမြင်ကွင်းဟာ တကယ့်ကို ရင်နင့်စရာပါ။ တမြို့တည်းကနေ တောခိုဖို့ အတူထွက်လာသူတွေ၊ အထကတွေ တက္ကသိုလ်တွေမှာ နှစ်ပေါင်းများစွာ အတူကျောင်းတက်လာသူတွေ၊ ယုံကြည်ချက်တူလို့ အသက်ပါပုံအပ်ပြီး သုံးနှစ် သုံးမိုးလုံးလုံး တောတွင်းမှာ အတူနေ၊ အတူစား၊ အတူသွား၊ အတူတိုက်ပွဲဝင်လာခဲ့တဲ့ “ရဲဘော်သူငယ်ချင်း” တွေအချင်းချင်း အခုလို ကွဲသွားတဲ့မြင်ကွင်းကို ဘာနဲ့နှိုင်းပြရမှန်း ကျနော် စကားလုံး ရှာမတွေ့သေးပါ။ နှစ်ပေါင်းများစွာ ပေါင်းသင်းလာတဲ့ မိဘနှစ်ပါး သဘောထား မတိုက်ဆိုင်လို့ ကွဲပြဲချိန်မှာ သားသမီးတချို့က အဖေနဲ့လိုက်သွားပြီး တချို့က အမေနဲ့ကျန်ခဲ့တဲ့ မြင်ကွင်းမျိုးများ ဖြစ်နေလေမလားလို့တော့ စဉ်းစားမိပါတယ်။ ဒါပေမယ့်ဘာမှ မတတ်နိုင်။ လက်နက်ကိုင်တော်လှန်ရေး လုပ်နေတဲ့ ကျောင်းသားတွေဆိုတော့ စာသင်ခန်းထဲက ကျောင်းသားတွေလို “အဖေကယ်ပါ၊ အမေကယ်ပါ” ဆိုပြီး အော်ငိုနေလို့ဖို့လည်း မဖြစ်နိုင်တော့ပါ။

ဒီလိုနဲ့ ကျန်တဲ့လူ ၂၀၀ ဝန်းကျင်ခန့်ကတော့ ကျနော်တို့နဲ့အတူ ဘက်မလိုက်အဖြစ် မူလစခန်းမှာ နေမြဲအတိုင်း ဆက်နေကြပါတယ်။ ကိုမိုးသီးဇွန်ကို ထောက်ခံတဲ့ ကိုကျော်ရတို့အဖွဲ့ကတော့ အဲဒီအချိန် စခန်းမှာမရှိဘဲ ပင်လယ်ပြင်ထဲ ရောက်နေတာကြောင့် စခန်းနေရာအတွက် ပြဿနာမရှိခဲ့ပါ။ (နောက်ပိုင်းမှာတော့ ကျနော်တို့ ဘက်မလိုက်တပ်ရင်းရဲ့ အရှေ့ဘက် တမိုင်နီးပါးအကွာက တနင်္သာရီမြစ်ဘေးမှာ ၂၀၂ တပ်ရင်းဆိုပြီး သူတို့ရဲ့ စခန်းကို လာဆောက်ပါတယ်။)

ကျနော်တို့ ၂၀၁ တပ်ရင်းအတွင်း ၁၀ ရက်နီးပါး အော်ကြီးဟစ်ကျယ် အငြင်းပွား၊ ခိုက်ရန်ဖြစ်ပွားမှုမရှိဘဲ ခြိမ်းချမ်းစွာနဲ့ “ကုက္ကိုပင်လမ်းခွဲ” လုပ်လိုက်နိုင်ကြပေမယ့် ကျနော်တို့ဘေးနားရှိ ၂၀၃ တပ်ရင်းမှာတော့ ဒီလို ငြိမ်းချမ်းစွာ လမ်းခွဲနိုင်ပုံမရ။ (မြိတ်ဒေသ မောတောင်စခန်းအခြေစိုက် ၂၀၃ တပ်ရင်းဟာ ၁၉၉၀ အစောပိုင်းမှာ နဝတက ထိုးစစ်ဆင်တဲ့အတွက် မောတောင်စခန်း ကျပြီးနောက် မင်းသမီးဒေသဆီ ပြောင်းလာပြီး ကျနော်တို့ တပ်ရင်းနဲ့ မနီးမဝေးမှာ အခြေချထားပါတယ်။) ရှင်းလင်းပွဲကိုလည်း အသေအချာ လုပ်နိုင်ပုံမရဘဲ ကိုမိုးသီးဇွန်ကို ထောက်ခံတဲ့ အင်အားနည်းတဲ့အဖွဲ့တွေကို ကိုနိုင်အောင်ကို ထောက်ခံတဲ့ အင်အားများတဲ့အုပ်စုက စခန်းကနေ မောင်းထုတ်လိုက်ပါတယ်။ ဒါကြောင့် ကိုထိန်လင်း ဦးဆောင်တဲ့ ကိုမိုးသီးဇွန်တို့ဘက်က ၂၀၃ အဖွဲ့ဟာ ကျနော်တို့စခန်းဝန်းကျင် တနင်္သာရီမြစ်ဘေးကနေ ထီးခီးဆီ သွားရာလမ်းကြားရှိ အလယ်စတိုအထိ ရောက်သွားပါတယ်။

ဒီအကွဲအပြဲကို စာရင်းပြန်ချုပ်ရမယ်ဆိုရင်တော့ ဗဟိုမှာ နှစ်ခြမ်းသာကွဲပေမယ့် ကျနော်တို့ မင်းသမီးဒေသမှာတော့ တပ်ရင်း နှစ်ရင်းကနေ တပ်ရင်း ငါးရင်းအထိ ကွဲသွားပါတယ်။ ကျနော်တို့ ၂၀၁ မှာဆိုရင် ၂၀၁ ဒေါက်တာနိုင်အောင်၊ ၂၀၁ မိုးသီးဇွန်၊ ၂၀၁ ဘက်မလိုက်ဆိုပြီး တပ်ရင်း သုံးခုဖြစ်လာပါတယ်။ နောက်တခါ ၂၀၃ မှာဆိုရင်လည်း ၂၀၃ ဒေါက်တာနိုင်အောင်၊ ၂၀၃ မိုးသီးဇွန်ဆိုပြီး တပ်ရင်း နှစ်ခု ဖြစ်လာပါတယ်။

ကျနော်တို့ ကျောင်းသားတွေအကြား ဒီလိုအကွဲအပြဲတွေ ဖြစ်နေတာကို KNU ကလည်း အထူးစိတ်ဝင်တစား စောင့်ကြည့်နေပြီး ကျောင်းသားတွေအချင်းချင်း ပစ်ကြခတ်ကြတော့မလားလို့ စိုးရိမ်နေခဲ့ကြတယ်လို့လည်း နောက်ပိုင်းကျမှ ပြန်သိရပါတယ်။ ဘာကြောင့်လဲဆိုရင် သူတို့ KNU အပါဝင် ကွဲဖူးသမျှ လက်နက်ကိုင် အဖွဲ့အားလုံး အချင်းချင်း ပစ်ကြခတ်ကြပြီး အတူတူနေလို့မရအောင် ဖြစ်ခဲ့တာချည်းနဲ့ပဲ ကြုံဖူးလို့လို့ ဆိုပါတယ်။ ဒါကြောင့် ကျနော်တို့ ကျောင်းသားတွေ ကွဲတာဟာ တကယ် ကွဲတာမဟုတ်ဘဲ ဟန်ပြကွဲပြခြင်းသာ ဖြစ်ဖို့များတယ်ဆိုပြီး KNU ခေါင်းဆောင်ပိုင်းက နောက်ပြောင်ပြောဆိုလေ့ရှှိတာကို ကျနော် မှတ်မိနေပါတယ်။


ဒေါက်တာနိုင်အောင်ကို ထောက်ခံတဲ့ ၂၀၁ အဖွဲ့မှ တပ်ရင်းရုံးသစ်နဲ့ စခန်းသစ်နေရာ ရှင်းလင်းဆောက်လုပ်နေစဉ်

ကျနော်တို့ မင်းသမီးဒေသအပြင် ABSDF တခုလုံးရဲ့ အဲဒီကာလ အကွဲအပြဲအခြေနေကို ကြားမိသမျှ ပြန်ပြောရမယ်ဆိုရင် တပ်ရင်းတခုတည်း သုံးခြမ်းကွဲတာကတော့ ကျနော်တို့ တပ်ရင်းတခုတည်းပဲ  ရှိတယ်လို့ထင်ပါတယ်။ ကျန်တဲ့တပ်ရင်းတွေ အများစုကတော့ တပ်ရင်းအလိုက် ဟိုဘက် ဒီဘက် ထောက်ခံလိုက်ကြပြီး အလွန်ဆုံးကွဲတဲ့တပ်ရင်းက နှစ်ခြမ်းပဲ ကွဲကြပါတယ်။ ဥပမာ – ဘုရားသုံးဆူ ဒေသမှာဆိုရင် ၁၀၁ တပ်ရင်းက ကိုနိုင်အောင်တို့ဘက်ကို ထောက်ခံပြီး ၁၀၂ က ကိုမိုးသီးတို့ကို ထောက်ခံလိုက်ပါတယ်။ သီဘောဘိုးဒေသရှိ ၂၀၄၊ ၂၀၅၊ ၂၀၆ တပ်ရင်းတွေ ဘယ်ဘက်ဘယ်လို ထောက်ခံသလဲဆိုတာကိုတော့ ရှင်းရှင်းလင်း မသိပါ။ သီဘောဘိုးအနီးရှိ စခန်းသစ်ဒေသအခြေစိုက် တပ်ရင်းတခုမှာတော့ ကျနော်တို့လိုပဲ ဘက်မလိုက်ရပ်တဲ့ အဖွဲ့တခုပေါ်လာတယ်လို့ သိရပါတယ်။ ဒါပေမယ့် ကျနော်တို့နဲ့ သူတို့အဖွဲ့ကြား ဘာမှအဆက်သွယ် မရှိခဲ့ပါ။

တခြားစခန်းတွေထဲမှာတော့ ကော့မူးရာစခန်းမှ ၂၁၁၊ ရေကျော်စခန်းမှ ၂၀၇၊ သံလွင်မှ ၂၀၉ တို့က ကိုနိုင်အောင်တို့ဘက်ကို ထောက်ခံတယ်လို့ ကြားရပါတယ်။ တခါ သံလွင်မှပဲ ၂၀၈ နဲ့ စောထမှ ၂၁၀ တို့က ကိုမိုးသီးဇွန်တို့ဘက်ကို ထောက်ခံတယ်လို့ သိရပါတယ်။ အလားတူ ကရင်နီနယ်မှ ၃၀၃၊ ပအို့နယ်မှ ၆၀၁၊ မြောက်ပိုင်း ကချင်ဒေသနဲ့ အိန္ဒိယနယ်စပ်ရှိ တပ်တွေဟာလည်း ကိုနိုင်အောင်တို့ဘက်ကို ထောက်ခံတယ်ဆိုပြီး ကြားရပါတယ်။ ဒါပေမယ့် ရှမ်းနယ်မြေရှိ တပ်ရင်းတခုနဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ ၉၀၁ တပ်ရင်းတွေကတော့ ကိုမိုးသီးဇွန်တို့ကို ထောက်ခံတယ်လို့ ကြားရပြန်ပါတယ်။

ဗဟိုဘက်ကလာတဲ့ ဒီသတင်းတွေကို တဆင့်ခံ ကြားရခြင်းသာဖြစ်ပြီး ကျနော် အသေချာမသိပါ။ ကျနော် အတိအကျ သိတာကတော့ မင်းသမီးဒေသရှိ ၂၀၁ နဲ့ ၂၀၃ တပ်ရင်းတွေရဲ့အခြေနေမျှသာ ဖြစ်ပါတယ်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More