Saturday, December 15, 2012

သူပုန္ေက်ာင္းသားတဦးရဲ႕ မာရသြန္ခရီး ၂၀


ကန္ခ်နဘူရီ (သုိ႔) ျမန္မာ့ေတာ္လွန္ေရးသမုိင္းထဲကၿမိဳ႕

ကန္ခ်နဘူရီမွာ က်ေနာ္တို႔ တည္းခုိေလ့ရွိတဲ့ေနရာက River Kwai ဟိုတယ္ရဲ႕ မ်က္နွာခ်င္းဆုိင္မွာရွိတဲ့ V-Guest House ျဖစ္ပါတယ္။ ဘုရားသုံးဆူဘက္ကလာတဲ့ ေက်ာင္းသားေတြလည္း ဒီမွာတည္း ေလ့ရွိ တယ္လို႔ ၾကားရေပမယ့္ က်ေနာ္နဲ႔ေတာ့ တခါမွမဆုံျဖစ္ပါဘူး။ ကန္ခ်နဘူရီၿမိဳ႕ဟာ က်ေနာ္တို႔ မင္းသမီးခစန္းရွိတဲ့ ထုိင္းနယ္စပ္က ဖုနန္းလြန္ သုိ႔မဟုတ္ ေရပူရြာ (အခု ကန္ခ်နပူရီ-ထား၀ယ္ အေ၀းေျပးကားလမ္းေပၚက ထုိင္းနယ္စပ္ရြာ) နဲ႔ တနာရီခဲြ ခရီးေလာက္သာရွိေပမယ့္ အဲဒီေခတ္က လမ္းသိပ္မေကာင္းေသးဘဲ ေျမနီလမ္းအဆင့္ပဲ ရွိပါေသးတယ္။

ေနာက္တခါ ဖုနန္းလြန္ နယ္စပ္ကေန ထီးခီးကုိ၀င္တဲ့လမ္း၊ အထူးသျဖင့္ ထီးခီးကေန ထီးထာ ဆင္းတဲ့လမ္းဟာ အေတာ္ဆုိးေနပါတယ္။ နယ္စပ္ရွိ KNU တပ္မဟာ (၄) ဌာနခ်ဳပ္ ထီးခီးကေန က်ေနာ္တို႔ စခန္းရွိတဲ့ အမာရာဆီ ေနာက္ထပ္ တနာရီေက်ာ္ေက်ာ္ ထပ္ေမာင္းရပါေသးတယ္။ ဒါက ေႏြရာသီ ကို ေျပာတာပါ။ မုိးရာသီဆုိရင္ေတာ့ ထီးခီးအထိပဲ ကားသြားနုိင္ၿပီး ထီးခီးကေန က်ေနာ္တို႔ စခန္းရွိရာ အမာရာရြာဆီ ၃ နာရီေက်ာ္ခရီးကုိ ဆန္အိတ္ေတြ၊ ရိကၡာေတြထမ္းၿပီး လမ္းေလွ်ာက္သြားရပါတယ္။ ေနာက္တခါ ကန္ခ်နဘူရီကေန နယ္စပ္ ဖုနန္းလြန္ရြာဆီ အဲဒီကာလက လုိင္းကား မေျပးေသးပါဘူး။


အမ်ားေတာင္ၾကားလမ္းထိပ္အနီးမွာ စုိက္ထူထားတဲ့ ABSDF (၂၀၁) တပ္ရင္း ဆုိင္းဘုတ္

ဆုိလုိတာကေတာ့ မင္းသမီးခစန္းဟာ ကန္ခ်နဘူရီနဲ႔အနီးဆုံး၊ ဘန္ေကာက္နဲ႔အနီးဆုံး စခန္းလုိ႔ ပထ၀ီအေနအထားအရ ေျပာနုိင္ေပမယ့္ တကယ့္လက္ေတြ႔ ကားလမ္းအေျခေနအရေတာ့ ဘုရားသုံးဆူစခန္းနဲ႔ နတ္အိမ္ေတာင္စခန္းတို႔က ပုိၿပီးအ၀င္အထြက္လုပ္လို႔ ေကာင္းတဲ့ေန ရာေတြျဖစ္ေနပါတယ္။

ကန္ခ်နဘူရီကေန ဘတ္စကားနဲ႔ တနာရီခဲြေလာက္ ဆက္သြားရင္ ထုံပါဖုံ သုိ႔မဟုတ္ ထား၀ယ္သားေတြ အေခၚ ထပ္ခေနာင္ၿမိဳ႕ (ေရအုိင္ႀကီးေဘးက ေလွဆိပ္) ကုိ ေရာက္ပါတယ္။ အဲဒီၿမိဳ႕မွာ ထား၀ယ္နဲ႔ ကံေပါက္သားေတြ အမ်ားအျပားေနထိုင္ၿပီး နတ္အိမ္ေတာင္ နယ္စပ္ဂိတ္ဆီသြားတဲ့ လမ္းဆုံၿမိဳ႕ျဖစ္ပါတယ္။ ထပ္ခေနာင္-နတ္အိမ္ေတာင္ လုိင္းကားေတြ တနာရီတစီးနႈန္းရွိေနၿပီး ကားသမားေရာ၊ ကားေနာက္လုိက္ေရာ၊ ခရီးသည္ေတြေရာ အားလုံးနီးပါးဟာ ထား၀ယ္သားေတြျဖစ္ၿပီး ထား၀ယ္သံ ေအာ္က်ယ္ ေအာ္က်ယ္နဲ႔ ေျပာေနၾကတာကုိ ၾကားရနုိင္ပါတယ္။

အဲဒီ ထပ္ခေနာင္ကေန လုိင္းကားနဲ႔ တနာရီ၀န္းက်င္ ေတာင္ေပၚတက္သြားလုိက္ရင္ နတ္အိမ္ေတာင္စခန္းကို ေရာက္ပါတယ္။ အဲဒီမွာ KNU တပ္မဟာ ၄ ရဲ႕ လက္ေအာက္ခံ တပ္ရင္း (၁၀) ကတပ္ ေတြရွိသလုိ က်ေနာ္တို႔ ABSDF (၂၀၁) တပ္ရင္းရဲ႕ တပ္ခဲြ (၂) အေျခစုိက္တဲ့ေနရာလည္းျဖစ္ပါတယ္။ ၁၉၉၁ ခုႏွစ္မွာ နတ္အိမ္ေတာင္ကုိ န၀တအစိုးရတပ္ေတြ မသိမ္းမီအထိ၊ တနည္းအားျဖင့္ ရတနာဓာတ္ေငြ႔ပုိက္လုိင္း စီမံကိန္း မစမီအထိ နတ္အိမ္ေတာင္စခန္းဟာ ဒီေဒသအတြင္း အစည္ကားဆုံး နယ္စပ္ကုန္သြယ္ေရး စခန္းတခုျဖစ္ခဲ့ပါတယ္။

ေနာက္တခါ ဘုရားသုံးဆူဘက္ကို သြားမယ္ဆုိရင္လည္း ခုနက ထပ္ခေနာင္ကေန ေနာက္ထပ္ တနာရီ ဘတ္စကားဆက္စီးရင္ စံခရဘူရီၿမိဳ႕ကုိေရာက္ပါတယ္။ စံခရဘူရီကေန ၁၅ မိနစ္ေလာက္ လုိင္းကား ထပ္စီးလုိက္႐ံုနဲ႔ ေက်ာင္းသားစခန္းေတြနဲ႔ မြန္ျပည္သစ္ပါတီဌာနခ်ဳပ္ရွိရာ နန္းမကိတ္ရြာကို တန္းၿပီး ေရာက္နုိင္ပါတယ္။ ဒါေၾကာင့္လည္း ဘုရားသုံးဆူစခန္းဟာ ဘန္ေကာက္နဲ႔ ဆက္သြယ္မႈ အလြယ္ကူဆုံး၊ ျပင္ပကမာၻက လူေတြနဲ႔ဆက္သြယ္မႈလုပ္လို႔ အေကာင္းဆုံးေနရာျဖစ္ခဲ့တဲ့အတြက္ မင္းသမိးစခန္းထက္ ဘုရားသုံးဆူကုိ နုိင္ငံတကာသတင္းေထာက္ေတြ ပုိအသိမ်ားခဲ့ဲ့တယ္လို႔ က်ေနာ္တြက္ဆမိပါတယ္။

တဆက္တည္း စဥ္းစားမိတာကေတာ့ နတ္အိမ္ေတာင္နဲ႔ စံခရဘူရီဟာ ဒီလုိလမ္းပန္း ဆက္သြယ္ေရး လြယ္ကူတာေၾကာင့္ က်ေနာ္တုိ႔အရင္ နွစ္ ၂၀ ေလာက္ေစာၿပီး လက္နက္ကုိင္ေတာ္လွန္ေရး လုပ္ဖူးတဲ့ ျပည္ခ်စ္တပ္မေတာ္က နတ္အိမ္ေတာင္မွာ ေတာင္ပုိင္းတုိင္း စစ္ဌာနခ်ဳပ္အေျခစုိက္စခန္း ဖြင့္ခဲ့တာလို႔ ထင္ပါတယ္။ ျပည္ခ်စ္လက္က်န္ ေတာ္လွန္ေရးသမားတခ်ဳိ႕ကုိ KNU နယ္ေျမနဲ႔ ထုိင္းနယ္စပ္တေလွ်ာက္မွာ ေတြ႔ခဲ့ဖူးေပမယ့္ သူတို႔ရဲ႕လႈပ္ရွားမႈအေၾကာင္း အေသခ်ာတခါမွ မေမးျဖစ္ခဲ့ပါ။

ေသမင္းတမန္ရထားလမ္းနဲ႔ စစ္သခ်ဳႋင္း

ဒီလုိ အစဥ္လာရွိခဲ့တဲ့ ေတာင္ပုိင္းေဒသ သူပုန္စခန္းေတြအားလုံးအတြက္ လမ္းဆုံျဖစ္တဲ့ ကန္ခ်နဘူရီၿမိဳ႕အေၾကာင္းကို ျပန္ေကာက္ရမယ္ဆုိရင္ ဒီၿမိဳ႕ဟာ စုိက္ပ်ဳိးေရး အလြန္ျဖစ္ထြန္းတဲ့ၿမိဳ႕ျဖစ္သလုိ သမုိင္း၀င္ေနရာ အမ်ားအျပားရွိတဲ့ၿမိဳ႕လည္းျဖစ္ပါတယ္။ အထူးသျဖင့္ ဒုတိယကမာၻစစ္အတြင္းက ေဖာက္လုပ္ခဲ့တဲ့ ကန္ခ်နဘူရီ-သံျဖဴဇရပ္ ေသမင္းတမန္ရထားလမ္းရဲ႕ လက္က်န္ျပယုဂ္ေတြကို ဒီၿမိဳ႕မွာ အေသခ်ာျပသထားတာ ေတြ႔နုိင္ပါတယ္။ ဒါေၾကာင့္ ေရွ႕မွာေျပာခဲ့တဲ့ V-Guest House မွာတည္းၿပီး က်ေနာ္တို႔ ပထမဆုံးသြားလည္ျဖစ္တဲ့ ေနရာဟာလည္း အဲဒီ ရထားလမ္းမွာ လုပ္အားေပးရင္းနဲ႔ ေသဆုံးသြားတဲ့ ေထာင္နဲ႔ခ်ီရွိတဲ့ မဟာမိတ္တပ္သားေတြရဲ႕ စစ္သခ်ဳႋင္း ျဖစ္ပါတယ္။

ျမန္မာနုိင္ငံမွာတုန္းကလည္း ၿပိဳင္ဘီးစီးေလ့က်င့္ရင္းနဲ႔ ေထာက္ႀကံ့နဲ႔သံျဖဴဇရပ္ဘက္က အလားတူ စစ္သခ်ဳႋင္း ၂ ခုကို က်ေနာ္မၾကာခဏ ၀င္ၾကည့္ခဲ့ဖူးပါတယ္။ ဒါေပမယ့္ သမုိင္းေၾကာင္းကုိ စိတ္၀င္စားရေကာင္းမွန္းမသိဘဲ ေလ့က်င့္ခန္းလုပ္ဖုိ႔ တခုတည္းကိုပဲ စိတ္၀င္စားခဲ့လို႔ အုတ္ဂူေတြမွာ ဘာေတြေရးထားမွန္း က်ေနာ္မသိခဲဲ့့ပါ။ ဒီသခ်ဳႋင္း ၃ ခုစလုံးဟာ ေသမင္းတမန္ ရထားလမ္းစီမံကိန္းအတြင္း က်ဆုံးသြားတဲ့ မဟာမိတ္တပ္သားေတြရဲ႕ အုတ္ဂူေတြျဖစ္ၿပီး နွင္းဆီပန္းေတြ၊ ျမက္ခင္းစိမ္းစိမ္းေတြနဲ႔ အေသခ်ာ ျပင္ထားလို႔ သခ်ဳႋင္းနဲ႔မတူဘဲ ပန္းၿခံနဲ႔ ပုိတူေနတာေတြ႔ရပါတယ္။

ေနာက္တခါ ေထာက္ႀကံ့နဲ႔သံျဖဴဇရပ္ရွိ စစ္သခ်ဳႋင္းဆီ က်ေနာ္ေရာက္ခဲ့စဥ္က နုိင္ငံျခားသားဧည့္သည္ေတြကို တဦးစနွစ္ဦးစသာ ေတြ႔ရေပမယ့္ ဒီ ကန္ခ်နဘူရီ စစ္သခ်ဳႋင္းမွာေတာ့ ေထာင္နဲ႔ခ်ီၿပီးရွိမလားပဲ။ နုိင္ငံျခားဧည့္သည္ေတြ အေတာ္စိတ္၀င္စားတဲ့ ေနရာတခုအျဖစ္ က်ေနာ္ သတိထားမိပါတယ္။
စစ္သခ်ဳႋင္းရဲ႕ေဘးမွာေတာ့ ေသမင္းတမန္ရထားလမ္း သမုိင္းျပတုိက္၊ ရထမ္းလမ္းေဖာက္စဥ္က မဟာမိတ္စစ္သုံ႔ပန္းေတြကို ဂ်ပန္တပ္က ခုိင္းေစေနပုံ၊ ေနာက္တခါ ျမန္မာနုိင္ငံက ေခြ်းတပ္ဆဲြခံရတဲ့ အရပ္သားေတြကို ခုိင္းေစေနပုံ၊ အာဟာရျပတ္၊ ေဆး၀ါးျပတ္ၿပီး ေသဆုံးသြားပုံေတြကို ဓာတ္ပုံ၊ ဗီဒီယုိမွတ္တမ္းေတြနဲ႔ အေသခ်ာ ျပသားထားတာ ေတြ႔ခဲ့ရပါတယ္။

ဒါေပမယ့္ ၀မ္းနည္းဖုိ႔ေကာင္းတာကေတာ့ က်ဆုံးသြားတဲ့ မဟာမိတ္စစ္သည္ေတြကိုပဲ ဒီသခ်ဳႋင္းေတြမွာ အုတ္ဂူေတြနဲ႔ မွတ္တမ္းတင္ထား တာေတြ႔ရၿပီး က်ေနာ္တို႔ျမန္မာနုိင္ငံက ေထာင္နဲ႔ခ်ီတဲ့ ေခြ်းတပ္သားေတြရဲ႕ အုတ္ဂူေတြ ဘယ္နားရွိမွန္းေတာ့ သိခြင့္မရခဲ့ပါဘူး။ က်ေနာ္ ျမန္မာနုိင္ငံမွာတုန္းက ဖတ္ဖူးတဲ့ လင္းယုန္သစ္လြင္ရဲ႕ “ထိုင္း-ျမန္မာ မီးရထားလမ္း ကိုယ္ေတြ႔ေခြ်းမွတ္လမ္း” စာအုပ္ကုိ အမွတ္ရမိပါတယ္။
အဲဒီျပတုိက္ကေန ၁၀ မိနစ္ေလာက္ စန္လြန္႔ (ဆုိက္ကား) စီးၿပီး ဆက္သြားေတာ့ ဒီရထားလမ္းရဲ႕ သမုိင္း၀င္ ေကြးျမစ္တံတားႀကီး (River Kwai Bridge) ကုိ ေရာက္ပါတယ္။

ဒီတံတားနဲ႔ ေသမင္းတမန္ ရထားလမ္းအေၾကာင္း ႐ုိက္ကူးထားတဲ့ ေကြးျမစ္ေပၚက တံတား (The Bridge on the River Kwai) ႐ုပ္ရွင္ဟာ အေတာ္ နာမည္ႀကီးတယ္လို႔ သိရပါတယ္။ ေသမင္းတမန္ရထားလမ္းနဲ႔ ဒီတံတားႀကီးကုိ ၁၉၄၂ ခုႏွစ္မွာ ဂ်ပန္က ေဆာက္လုပ္ခဲ့ျပီး ၁၉၄၄ ခုႏွစ္ နုိ၀င္ဘာလ ၂၈ ရက္ေန႔မွာ မဟာမိတ္တပ္ေတြက ဗုံးႀကဲေဖာက္ခဲြခဲ့တာ ျဖစ္ပါတယ္။ ဒါေၾကာင့္ နုိ၀င္ဘာေနွာင္းပုိင္းနဲ႔ ဒီဇင္ဘာမွာ နွစ္ပတ္လည္ပဲြေတြ တခမ္းတနားက်င္းပေလ့ရွိၿပီး နုိင္ငံတကာဧည့္သည္ေတြနဲ႔ အေတာ္စည္ကားေနပါတယ္။

ဒီရထားလမ္းဟာ ျမန္မာနုိင္ငံ သံျဖဴဇရပ္ၿမိဳ႕ကေန ထုိင္းနုိင္ငံ ဘန္းေပါင္ၿမိဳ႕ (ကန္ခ်နဘူရီနဲ႔ ဘန္ေကာက္ၾကားကၿမိဳ႕တၿမိဳ႕) အထိ မုိင္ေပါင္း ၂၅၀ အရွည္ရွိတယ္လို႔ မွတ္တမ္းေတြမွာ ေဖာ္ျပထားပါတယ္။ အခုခ်ိန္မွာေတာ့ ေသမင္းတမန္ရထားလမ္း အမွတ္တရအျဖစ္ ကန္ခ်နဘူရီရွိ ဒီတံတားႀကီးကေန ဘုရားသုံးဆူဘက္သြားတဲ့ လမ္းေပၚက စုိင္ယြတ္ (Sai Youk) ၿမိဳ႕အထိ ကမာၻလွည့္ခရီးသည္ရထား ေျပးဆဲြေနဆဲ ျဖစ္ပါတယ္။


အမာရာ သို႔မဟုတ္ အမ်ားေတာင္ၾကားလမ္းနဲ႔ ရာဇ၀င္ထဲက စစ္သည္ေတာ္မ်ား

ဒီတံတားဆီ ပထမဆုံးအေခါက္ေရာက္ခဲ့တဲ့ ၁၉၈၉ ခုႏွစ္ ဒီဇင္ဘာ၀န္းက်င္တုန္းက စစ္သခ်ဳႋင္း၊ ေသမင္းတမန္ ရထားလမ္းနဲ႔ ျမန္မာနုိင္ငံက ေခြ်းတပ္စခန္းေတြေလာက္ကုိသာ က်ေနာ္ဆက္စပ္စဥ္းစားျဖစ္ခဲ့ေပမယ့္ အခု နွစ္  ၂၀ ေက်ာ္ၾကာၿပိီး ေဆာင္းပါး တကယ္ေရးတဲ့အခါမွာေတာ့ အဲဒီ ၃ ခ်က္အျပင္ ဒီရထားလမ္း၊ ကန္ခ်နပူရီၿမိဳ႕နဲ႔ က်ေနာ္တို႔ မင္းသမီးခစန္း ဆက္စပ္ေနပုံကိုပါ စဥ္းစားေနမိပါတယ္။


(၂၀၁) တပ္ရင္း အမရာ (မင္းသမီး) စခန္း စစ္ေရးျပကြင္းမွာ တန္းစီေနတဲ့ ရဲေဘာ္မ်ား

သမုိင္းမွတ္တမ္းေတြအရ ေဖာ္မိုဆာကြ်န္းမွာ စစ္ပညာသင္ၿပီး ျပန္လာတဲ့ ဗုိလ္ခ်ဳပ္ေအာင္ဆန္းနဲ႔ ရဲေဘာ္သုံးက်ိပ္ဟာ ဒုတိယကမာၻစစ္ အေစာပုိင္းကာလ ၁၉၄၁ ခုႏွစ္ ဒီဇင္ဘာလ ၂၆ ရက္ေန႔မွာ ဘန္ေကာက္မွာ ဗမာ့လြတ္လပ္ေရးတပ္မေတာ္ (BIA) ကုိ စတင္ဖြဲ႔စည္းခဲ့ပါတယ္။ အဲဒီ BIA ထဲက စစ္ေၾကာင္းတခုဟာ ဘန္ေကာက္ေန ကန္ခ်နဘူရီၿမိဳ႕၊ ကန္ခ်နဘူရီကေနတဆင့္ နယ္စပ္ကိုျဖတ္ၿပီး အမ်ားေတာင္ၾကားလမ္းကေန က်ေနာ္တို႔ မင္းသမီးခစန္းရွိရာ တနသၤာရီျမစ္၀ဆီ ဆင္းလာတာ။ အဲဒီက တဆင့္ (အခု ကန္ခ်နဘူရီ-ထား၀ယ္ အေ၀းေျပးကားလမ္း ေဖာက္ေနတဲ့) ထီးထာ၊ အမုိ၊ ဆင္ျဖဴတုိင္၊ အုိင္၀ုိင္း၊ ေမတၱာ၊ ေတာင္သုံးလုံးကေန ထား၀ယ္ၿမိဳ႕ကို ၀င္သိမ္းခဲ့တာေတြကို က်ေနာ္ ဆက္စပ္စဥ္းစား ေနမိပါတယ္။

ဒီလုိစဥ္းစားဖုိ႔ ျဖစ္လာေစတဲ့အခ်က္တခုကေတာ့ ကန္ခ်နဘူရီကေန က်ေနာ္တို႔ မင္းသမီးစခန္းဆီ အ၀င္လမ္းမွာရွိတဲ့ ဖုနန္းလြန္ရြာကို မေရာက္ခင္ ေဟြးနန္းေခါင္ သုိ႔မဟုတ္ ေရျဖဴဆုိတဲ့ရြာကေန က်ေနာ္တို႔ ေက်ာင္းသားစခန္း ဂိတ္၀အနီးက အမ်ားသြားလမ္းၾကားထိပ္အထိ ကားလမ္းၾကမ္းရွိေနလို႔ ျဖစ္ပါတယ္။ ထုိင္းနုိင္ငံထဲကေန မင္းသမီးစခန္းဆီ ၀င္နုိင္တဲ့ လမ္းေၾကာင္း ၄ ခုေလာက္ရွိၿပီး အေပၚဆုံး လမ္းေၾကာင္းက စုိင္ယြတ္-ေဘာတီ-အမုိ-လမ္းေၾကာင္းျဖစ္ပါတယ္။ ဒုတိယလမ္းေၾကာင္းကေတာ့ ကန္ခ်နဘူရီ-ဖုနန္းလြန္-ထီးခီးလမ္းေၾကာင္း ျဖစ္ပါတယ္။ တတိယလမ္းေၾကာင္းကေတာ့ ကန္ခ်နဘူရီ-ေဟြးနန္းေခါင္-အမာရာ-လမ္းေၾကာင္းျဖစ္ပါတယ္။ စတုတၱလမ္းေၾကာင္းကေတာ့ ရတ္ခ်ပူရီ-တဂုိလမ္း (အခု ထန္းဟင္ ဒုကၡသည္စခန္းအနီးကရြာ) ေမာထာလမ္းေၾကာင္း ျဖစ္ပါတယ္။

ဒီလမ္းေၾကာင္း ၄ ခုထဲက ဖုနန္းလြန္-ထီးခီး-လမ္းေၾကာင္းတခုကိုပဲ က်ေနာ္တို႔ ေက်ာင္းသား ေတြကို KNU က သုံးခြင့္ေပးထားတဲ့အတြက္ တျခားလမ္းေၾကာင္းေတြဆီ က်ေနာ္တခါမွ မေရာက္ဖူူးခဲ့ပါ။ ဒါေပမယ့္ ၁၉၉၀ ျပည့္လြန္နွစ္ေတြထဲက တေန႔မွာေတာ့ ေဟြးနန္းေခါင္ရွိ ေက်ာင္းဆရာလည္းျဖစ္၊ သစ္ေမွာင္ခုိ ကုန္သည္လည္းျဖစ္တဲ့ ထုိင္းအရာရွိတဦးရဲ႕ ကားႀကံဳနဲ႔ လုိက္သြားရင္း မေမ်ာ္လင့္ဘဲ ေဟြးနန္းေခါင္-အမာရာ၊ သုိ႔မဟုတ္ ေဟြးနန္းေခါင္-အမ်ားေတာင္ၾကားလမ္းအတုိင္း က်ေနာ္ေရာက္ဖူးသြားတာ ျဖစ္ပါတယ္။

အဲဒီကာလ က်ေနာ္တို႔ခစန္း တပ္တည္ေနရာဟာ တနသၤာရီျမစ္ တဖက္ကမ္းက ေမာင္ေတာ္စခန္းမွာ မဟုတ္ေတာ့ဘဲ တနသၤာရီျမစ္ ဒီဘက္ကမ္းက အမာရာရြာအနီး ေရာက္ေနၿပီျဖစ္ပါတယ္။ တနည္းအားျဖင့္ ေျပာမယ္ဆုိရင္ေတာ့ က်ေနာ္တို႔မင္းသမီးခစန္း အေျခစုိက္တဲ့ အမာရာ သို႔မဟုတ္ အမ်ားေတာင္ၾကားလမ္း ေဒသဆုိတာဟာ ရဲေဘာ္သုံးက်ိပ္ရဲ႕ သမုိင္း၀င္ စစ္ခ်ီလမ္းေၾကာင္းေပၚကေနရာ တခုျဖစ္တယ္။

ဒုတိယကမာၻစစ္၊ ဖက္ဆစ္ေတာ္လွန္ေရး၊ နယ္ခ်ဲ႕ေတာ္လွန္ေရးေတြနဲ႔ ငါတို႔စခန္းေနရာ ဆက္စပ္ေနတယ္။ ငါတို႔ရဲ႕ စစ္အာဏာရွင္ေတာ္လွန္ေရးနဲ႔ ရဲေဘာ္သုံးက်ိပ္ရဲ႕ ကုိလုိနီနယ္ခ်ဲ႕ ေတာ္လွန္ေရး ဆက္စပ္ေနတယ္။ ဗုိလ္မႉးဗထူးလုိ ပုဂၢိဳလ္ေတြ ငါတို႔စခန္းကေန ေပၚေပါက္လာေစရမယ္၊ ရဲေဘာ္သုံးက်ိပ္နဲ႔ ဗုိလ္မႉးဗထူးတို႔အဖြဲ႔ ထား၀ယ္ကုိ သိမ္းသလုိမ်ဳိး ငါတို႔တပ္ေတြလည္း ထီးထာ၊ အမုိ၊ ဆင္ျဖဴတုိင္၊ အုိင္၀ုိင္း၊ ေမတၱာ၊ ေတာင္သုံးလုံးလမ္းအတုိင္း ခ်ီတက္ၿပီး ထား၀ယ္ကုိ ၀င္သိမ္းနုိင္ရမယ္၊ အဲဒီကတဆင့္ တနုိ္င္ငံလုံးကို သိမ္းနုိင္ရမယ္ဆုိိၿပီး တခ်ိန္က စိတ္ကူးယဥ္ခဲ့ဖူးတာေတြကို အမွတ္ရေနပါတယ္။

===================================================

(အပိုင်း ၂၀)

ထက်အောင်ကျော် on March 1, 2012 3:16 pm
အောက်မေ့ဖွယ် / ဧရာဝတီ။

ကန်ချနဘူရီ (သို့) မြန်မာ့တော်လှန်ရေးသမိုင်းထဲကမြို့

ကန်ချနဘူရီမှာ ကျနော်တို့ တည်းခိုလေ့ရှိတဲ့နေရာက River Kwai ဟိုတယ်ရဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ V-Guest House ဖြစ်ပါတယ်။ ဘုရားသုံးဆူဘက်ကလာတဲ့ ကျောင်းသားတွေလည်း ဒီမှာတည်း လေ့ရှိ တယ်လို့ ကြားရပေမယ့် ကျနော်နဲ့တော့ တခါမှမဆုံဖြစ်ပါဘူး။ ကန်ချနဘူရီမြို့ဟာ ကျနော်တို့ မင်းသမီးခစန်းရှိတဲ့ ထိုင်းနယ်စပ်က ဖုနန်းလွန် သို့မဟုတ် ရေပူရွာ (အခု ကန်ချနပူရီ-ထားဝယ် အဝေးပြေးကားလမ်းပေါ်က ထိုင်းနယ်စပ်ရွာ) နဲ့ တနာရီခွဲ ခရီးလောက်သာရှိပေမယ့် အဲဒီခေတ်က လမ်းသိပ်မကောင်းသေးဘဲ မြေနီလမ်းအဆင့်ပဲ ရှိပါသေးတယ်။

နောက်တခါ ဖုနန်းလွန် နယ်စပ်ကနေ ထီးခီးကိုဝင်တဲ့လမ်း၊ အထူးသဖြင့် ထီးခီးကနေ ထီးထာ ဆင်းတဲ့လမ်းဟာ အတော်ဆိုးနေပါတယ်။ နယ်စပ်ရှိ KNU တပ်မဟာ (၄) ဌာနချုပ် ထီးခီးကနေ ကျနော်တို့ စခန်းရှိတဲ့ အမာရာဆီ နောက်ထပ် တနာရီကျော်ကျော် ထပ်မောင်းရပါသေးတယ်။ ဒါက နွေရာသီ ကို ပြောတာပါ။ မိုးရာသီဆိုရင်တော့ ထီးခီးအထိပဲ ကားသွားနိုင်ပြီး ထီးခီးကနေ ကျနော်တို့ စခန်းရှိရာ အမာရာရွာဆီ ၃ နာရီကျော်ခရီးကို ဆန်အိတ်တွေ၊ ရိက္ခာတွေထမ်းပြီး လမ်းလျှောက်သွားရပါတယ်။ နောက်တခါ ကန်ချနဘူရီကနေ နယ်စပ် ဖုနန်းလွန်ရွာဆီ အဲဒီကာလက လိုင်းကား မပြေးသေးပါဘူး။ 


အများတောင်ကြားလမ်းထိပ်အနီးမှာ စိုက်ထူထားတဲ့ ABSDF (၂၀၁) တပ်ရင်း ဆိုင်းဘုတ်

ဆိုလိုတာကတော့ မင်းသမီးခစန်းဟာ ကန်ချနဘူရီနဲ့အနီးဆုံး၊ ဘန်ကောက်နဲ့အနီးဆုံး စခန်းလို့ ပထဝီအနေအထားအရ ပြောနိုင်ပေမယ့် တကယ့်လက်တွေ့ ကားလမ်းအခြေနေအရတော့ ဘုရားသုံးဆူစခန်းနဲ့ နတ်အိမ်တောင်စခန်းတို့က ပိုပြီးအဝင်အထွက်လုပ်လို့ ကောင်းတဲ့နေ ရာတွေဖြစ်နေပါတယ်။

ကန်ချနဘူရီကနေ ဘတ်စကားနဲ့ တနာရီခွဲလောက် ဆက်သွားရင် ထုံပါဖုံ သို့မဟုတ် ထားဝယ်သားတွေ အခေါ်  ထပ်ခနောင်မြို့ (ရေအိုင်ကြီးဘေးက လှေဆိပ်) ကို ရောက်ပါတယ်။ အဲဒီမြို့မှာ ထားဝယ်နဲ့ ကံပေါက်သားတွေ အများအပြားနေထိုင်ပြီး နတ်အိမ်တောင် နယ်စပ်ဂိတ်ဆီသွားတဲ့ လမ်းဆုံမြို့ဖြစ်ပါတယ်။ ထပ်ခနောင်-နတ်အိမ်တောင် လိုင်းကားတွေ တနာရီတစီးနှုန်းရှိနေပြီး ကားသမားရော၊ ကားနောက်လိုက်ရော၊ ခရီးသည်တွေရော အားလုံးနီးပါးဟာ ထားဝယ်သားတွေဖြစ်ပြီး ထားဝယ်သံ အော်ကျယ် အော်ကျယ်နဲ့ ပြောနေကြတာကို ကြားရနိုင်ပါတယ်။

အဲဒီ ထပ်ခနောင်ကနေ လိုင်းကားနဲ့ တနာရီဝန်းကျင် တောင်ပေါ်တက်သွားလိုက်ရင် နတ်အိမ်တောင်စခန်းကို ရောက်ပါတယ်။ အဲဒီမှာ KNU တပ်မဟာ ၄ ရဲ့ လက်အောက်ခံ တပ်ရင်း (၁၀) ကတပ် တွေရှိသလို ကျနော်တို့ ABSDF (၂၀၁) တပ်ရင်းရဲ့ တပ်ခွဲ (၂) အခြေစိုက်တဲ့နေရာလည်းဖြစ်ပါတယ်။ ၁၉၉၁ ခုနှစ်မှာ နတ်အိမ်တောင်ကို နဝတအစိုးရတပ်တွေ မသိမ်းမီအထိ၊ တနည်းအားဖြင့် ရတနာဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်း မစမီအထိ နတ်အိမ်တောင်စခန်းဟာ ဒီဒေသအတွင်း အစည်ကားဆုံး နယ်စပ်ကုန်သွယ်ရေး စခန်းတခုဖြစ်ခဲ့ပါတယ်။

နောက်တခါ ဘုရားသုံးဆူဘက်ကို သွားမယ်ဆိုရင်လည်း ခုနက ထပ်ခနောင်ကနေ နောက်ထပ် တနာရီ ဘတ်စကားဆက်စီးရင် စံခရဘူရီမြို့ကိုရောက်ပါတယ်။ စံခရဘူရီကနေ ၁၅ မိနစ်လောက် လိုင်းကား ထပ်စီးလိုက်ရုံနဲ့ ကျောင်းသားစခန်းတွေနဲ့ မွန်ပြည်သစ်ပါတီဌာနချုပ်ရှိရာ နန်းမကိတ်ရွာကို တန်းပြီး ရောက်နိုင်ပါတယ်။ ဒါကြောင့်လည်း ဘုရားသုံးဆူစခန်းဟာ ဘန်ကောက်နဲ့ ဆက်သွယ်မှု အလွယ်ကူဆုံး၊ ပြင်ပကမ္ဘာက လူတွေနဲ့ဆက်သွယ်မှုလုပ်လို့ အကောင်းဆုံးနေရာဖြစ်ခဲ့တဲ့အတွက် မင်းသမိးစခန်းထက် ဘုရားသုံးဆူကို နိုင်ငံတကာသတင်းထောက်တွေ ပိုအသိများခဲ့ဲ့တယ်လို့ ကျနော်တွက်ဆမိပါတယ်။

တဆက်တည်း စဉ်းစားမိတာကတော့ နတ်အိမ်တောင်နဲ့ စံခရဘူရီဟာ ဒီလိုလမ်းပန်း ဆက်သွယ်ရေး လွယ်ကူတာကြောင့် ကျနော်တို့အရင် နှစ် ၂၀ လောက်စောပြီး လက်နက်ကိုင်တော်လှန်ရေး လုပ်ဖူးတဲ့ ပြည်ချစ်တပ်မတော်က နတ်အိမ်တောင်မှာ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်အခြေစိုက်စခန်း ဖွင့်ခဲ့တာလို့ ထင်ပါတယ်။ ပြည်ချစ်လက်ကျန် တော်လှန်ရေးသမားတချို့ကို KNU နယ်မြေနဲ့ ထိုင်းနယ်စပ်တလျှောက်မှာ တွေ့ခဲ့ဖူးပေမယ့် သူတို့ရဲ့လှုပ်ရှားမှုအကြောင်း အသေချာတခါမှ မမေးဖြစ်ခဲ့ပါ။

သေမင်းတမန်ရထားလမ်းနဲ့ စစ်သချုႋင်း

ဒီလို အစဉ်လာရှိခဲ့တဲ့ တောင်ပိုင်းဒေသ သူပုန်စခန်းတွေအားလုံးအတွက် လမ်းဆုံဖြစ်တဲ့ ကန်ချနဘူရီမြို့အကြောင်းကို ပြန်ကောက်ရမယ်ဆိုရင် ဒီမြို့ဟာ စိုက်ပျိုးရေး အလွန်ဖြစ်ထွန်းတဲ့မြို့ဖြစ်သလို သမိုင်းဝင်နေရာ အများအပြားရှိတဲ့မြို့လည်းဖြစ်ပါတယ်။ အထူးသဖြင့် ဒုတိယကမ္ဘာစစ်အတွင်းက ဖောက်လုပ်ခဲ့တဲ့ ကန်ချနဘူရီ-သံဖြူဇရပ် သေမင်းတမန်ရထားလမ်းရဲ့ လက်ကျန်ပြယုဂ်တွေကို ဒီမြို့မှာ အသေချာပြသထားတာ တွေ့နိုင်ပါတယ်။ ဒါကြောင့် ရှေ့မှာပြောခဲ့တဲ့ V-Guest House မှာတည်းပြီး ကျနော်တို့ ပထမဆုံးသွားလည်ဖြစ်တဲ့ နေရာဟာလည်း အဲဒီ ရထားလမ်းမှာ လုပ်အားပေးရင်းနဲ့ သေဆုံးသွားတဲ့ ထောင်နဲ့ချီရှိတဲ့ မဟာမိတ်တပ်သားတွေရဲ့ စစ်သချုႋင်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတုန်းကလည်း ပြိုင်ဘီးစီးလေ့ကျင့်ရင်းနဲ့ ထောက်ကြံ့နဲ့သံဖြူဇရပ်ဘက်က အလားတူ စစ်သချုႋင်း ၂ ခုကို ကျနော်မကြာခဏ ဝင်ကြည့်ခဲ့ဖူးပါတယ်။ ဒါပေမယ့် သမိုင်းကြောင်းကို စိတ်ဝင်စားရကောင်းမှန်းမသိဘဲ လေ့ကျင့်ခန်းလုပ်ဖို့ တခုတည်းကိုပဲ စိတ်ဝင်စားခဲ့လို့ အုတ်ဂူတွေမှာ ဘာတွေရေးထားမှန်း ကျနော်မသိခဲ့ပါ။ ဒီသချုႋင်း ၃ ခုစလုံးဟာ သေမင်းတမန် ရထားလမ်းစီမံကိန်းအတွင်း ကျဆုံးသွားတဲ့ မဟာမိတ်တပ်သားတွေရဲ့ အုတ်ဂူတွေဖြစ်ပြီး နှင်းဆီပန်းတွေ၊ မြက်ခင်းစိမ်းစိမ်းတွေနဲ့ အသေချာ ပြင်ထားလို့ သချုႋင်းနဲ့မတူဘဲ ပန်းခြံနဲ့ ပိုတူနေတာတွေ့ရပါတယ်။

နောက်တခါ ထောက်ကြံ့နဲ့သံဖြူဇရပ်ရှိ စစ်သချုႋင်းဆီ ကျနော်ရောက်ခဲ့စဉ်က နိုင်ငံခြားသားဧည့်သည်တွေကို တဦးစနှစ်ဦးစသာ တွေ့ရပေမယ့် ဒီ ကန်ချနဘူရီ စစ်သချုႋင်းမှာတော့ ထောင်နဲ့ချီပြီးရှိမလားပဲ။ နိုင်ငံခြားဧည့်သည်တွေ အတော်စိတ်ဝင်စားတဲ့ နေရာတခုအဖြစ် ကျနော် သတိထားမိပါတယ်။
စစ်သချုႋင်းရဲ့ဘေးမှာတော့ သေမင်းတမန်ရထားလမ်း သမိုင်းပြတိုက်၊ ရထမ်းလမ်းဖောက်စဉ်က မဟာမိတ်စစ်သုံ့ပန်းတွေကို ဂျပန်တပ်က ခိုင်းစေနေပုံ၊ နောက်တခါ မြန်မာနိုင်ငံက ချွေးတပ်ဆွဲခံရတဲ့ အရပ်သားတွေကို ခိုင်းစေနေပုံ၊ အာဟာရပြတ်၊ ဆေးဝါးပြတ်ပြီး သေဆုံးသွားပုံတွေကို ဓာတ်ပုံ၊ ဗီဒီယိုမှတ်တမ်းတွေနဲ့ အသေချာ ပြသားထားတာ တွေ့ခဲ့ရပါတယ်။

ဒါပေမယ့် ဝမ်းနည်းဖို့ကောင်းတာကတော့ ကျဆုံးသွားတဲ့ မဟာမိတ်စစ်သည်တွေကိုပဲ ဒီသချုႋင်းတွေမှာ အုတ်ဂူတွေနဲ့ မှတ်တမ်းတင်ထား တာတွေ့ရပြီး ကျနော်တို့မြန်မာနိုင်ငံက ထောင်နဲ့ချီတဲ့ ချွေးတပ်သားတွေရဲ့ အုတ်ဂူတွေ ဘယ်နားရှိမှန်းတော့ သိခွင့်မရခဲ့ပါဘူး။ ကျနော် မြန်မာနိုင်ငံမှာတုန်းက ဖတ်ဖူးတဲ့ လင်းယုန်သစ်လွင်ရဲ့ “ထိုင်း-မြန်မာ မီးရထားလမ်း ကိုယ်တွေ့ချွေးမှတ်လမ်း” စာအုပ်ကို အမှတ်ရမိပါတယ်။
အဲဒီပြတိုက်ကနေ ၁၀ မိနစ်လောက် စန်လွန့် (ဆိုက်ကား) စီးပြီး ဆက်သွားတော့ ဒီရထားလမ်းရဲ့ သမိုင်းဝင် ကွေးမြစ်တံတားကြီး (River Kwai Bridge) ကို ရောက်ပါတယ်။

ဒီတံတားနဲ့ သေမင်းတမန် ရထားလမ်းအကြောင်း ရိုက်ကူးထားတဲ့ ကွေးမြစ်ပေါ်က တံတား (The Bridge on the River Kwai) ရုပ်ရှင်ဟာ အတော် နာမည်ကြီးတယ်လို့ သိရပါတယ်။ သေမင်းတမန်ရထားလမ်းနဲ့ ဒီတံတားကြီးကို ၁၉၄၂ ခုနှစ်မှာ ဂျပန်က ဆောက်လုပ်ခဲ့ပြီး ၁၉၄၄ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့မှာ မဟာမိတ်တပ်တွေက ဗုံးကြဲဖောက်ခွဲခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် နိုဝင်ဘာနှောင်းပိုင်းနဲ့ ဒီဇင်ဘာမှာ နှစ်ပတ်လည်ပွဲတွေ တခမ်းတနားကျင်းပလေ့ရှိပြီး နိုင်ငံတကာဧည့်သည်တွေနဲ့ အတော်စည်ကားနေပါတယ်။

ဒီရထားလမ်းဟာ မြန်မာနိုင်ငံ သံဖြူဇရပ်မြို့ကနေ ထိုင်းနိုင်ငံ ဘန်းပေါင်မြို့ (ကန်ချနဘူရီနဲ့ ဘန်ကောက်ကြားကမြို့တမြို့) အထိ မိုင်ပေါင်း ၂၅၀ အရှည်ရှိတယ်လို့ မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။ အခုချိန်မှာတော့ သေမင်းတမန်ရထားလမ်း အမှတ်တရအဖြစ် ကန်ချနဘူရီရှိ ဒီတံတားကြီးကနေ ဘုရားသုံးဆူဘက်သွားတဲ့ လမ်းပေါ်က စိုင်ယွတ် (Sai Youk) မြို့အထိ ကမ္ဘာလှည့်ခရီးသည်ရထား ပြေးဆွဲနေဆဲ ဖြစ်ပါတယ်။


အမာရာ သို့မဟုတ် အများတောင်ကြားလမ်းနဲ့ ရာဇဝင်ထဲက စစ်သည်တော်များ

ဒီတံတားဆီ ပထမဆုံးအခေါက်ရောက်ခဲ့တဲ့ ၁၉၈၉ ခုနှစ် ဒီဇင်ဘာဝန်းကျင်တုန်းက စစ်သချုႋင်း၊ သေမင်းတမန် ရထားလမ်းနဲ့ မြန်မာနိုင်ငံက ချွေးတပ်စခန်းတွေလောက်ကိုသာ ကျနော်ဆက်စပ်စဉ်းစားဖြစ်ခဲ့ပေမယ့် အခု နှစ်  ၂၀ ကျော်ကြာပြီး ဆောင်းပါး တကယ်ရေးတဲ့အခါမှာတော့ အဲဒီ ၃ ချက်အပြင် ဒီရထားလမ်း၊ ကန်ချနပူရီမြို့နဲ့ ကျနော်တို့ မင်းသမီးခစန်း ဆက်စပ်နေပုံကိုပါ စဉ်းစားနေမိပါတယ်။



(၂၀၁) တပ်ရင်း အမရာ (မင်းသမီး) စခန်း စစ်ရေးပြကွင်းမှာ တန်းစီနေတဲ့ ရဲဘော်များ

သမိုင်းမှတ်တမ်းတွေအရ ဖော်မိုဆာကျွန်းမှာ စစ်ပညာသင်ပြီး ပြန်လာတဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ရဲဘော်သုံးကျိပ်ဟာ ဒုတိယကမ္ဘာစစ် အစောပိုင်းကာလ ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့မှာ ဘန်ကောက်မှာ ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA) ကို စတင်ဖွဲ့စည်းခဲ့ပါတယ်။ အဲဒီ BIA ထဲက စစ်ကြောင်းတခုဟာ ဘန်ကောက်နေ ကန်ချနဘူရီမြို့၊ ကန်ချနဘူရီကနေတဆင့် နယ်စပ်ကိုဖြတ်ပြီး အများတောင်ကြားလမ်းကနေ ကျနော်တို့ မင်းသမီးခစန်းရှိရာ တနင်္သာရီမြစ်ဝဆီ ဆင်းလာတာ။ အဲဒီက တဆင့် (အခု ကန်ချနဘူရီ-ထားဝယ် အဝေးပြေးကားလမ်း ဖောက်နေတဲ့) ထီးထာ၊ အမို၊ ဆင်ဖြူတိုင်၊ အိုင်ဝိုင်း၊ မေတ္တာ၊ တောင်သုံးလုံးကနေ ထားဝယ်မြို့ကို ဝင်သိမ်းခဲ့တာတွေကို ကျနော် ဆက်စပ်စဉ်းစား နေမိပါတယ်။

ဒီလိုစဉ်းစားဖို့ ဖြစ်လာစေတဲ့အချက်တခုကတော့ ကန်ချနဘူရီကနေ ကျနော်တို့ မင်းသမီးစခန်းဆီ အဝင်လမ်းမှာရှိတဲ့ ဖုနန်းလွန်ရွာကို မရောက်ခင် ဟွေးနန်းခေါင် သို့မဟုတ် ရေဖြူဆိုတဲ့ရွာကနေ ကျနော်တို့ ကျောင်းသားစခန်း ဂိတ်ဝအနီးက အများသွားလမ်းကြားထိပ်အထိ ကားလမ်းကြမ်းရှိနေလို့ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံထဲကနေ မင်းသမီးစခန်းဆီ ဝင်နိုင်တဲ့ လမ်းကြောင်း ၄ ခုလောက်ရှိပြီး အပေါ်ဆုံး လမ်းကြောင်းက စိုင်ယွတ်-ဘောတီ-အမို-လမ်းကြောင်းဖြစ်ပါတယ်။ ဒုတိယလမ်းကြောင်းကတော့ ကန်ချနဘူရီ-ဖုနန်းလွန်-ထီးခီးလမ်းကြောင်း ဖြစ်ပါတယ်။ တတိယလမ်းကြောင်းကတော့ ကန်ချနဘူရီ-ဟွေးနန်းခေါင်-အမာရာ-လမ်းကြောင်းဖြစ်ပါတယ်။ စတုတ္တလမ်းကြောင်းကတော့ ရတ်ချပူရီ-တဂိုလမ်း (အခု ထန်းဟင် ဒုက္ခသည်စခန်းအနီးကရွာ) မောထာလမ်းကြောင်း ဖြစ်ပါတယ်။

ဒီလမ်းကြောင်း ၄ ခုထဲက ဖုနန်းလွန်-ထီးခီး-လမ်းကြောင်းတခုကိုပဲ ကျနော်တို့ ကျောင်းသား တွေကို KNU က သုံးခွင့်ပေးထားတဲ့အတွက် တခြားလမ်းကြောင်းတွေဆီ ကျနော်တခါမှ မရောက်ဖူူးခဲ့ပါ။ ဒါပေမယ့် ၁၉၉၀ ပြည့်လွန်နှစ်တွေထဲက တနေ့မှာတော့ ဟွေးနန်းခေါင်ရှိ ကျောင်းဆရာလည်းဖြစ်၊ သစ်မှောင်ခို ကုန်သည်လည်းဖြစ်တဲ့ ထိုင်းအရာရှိတဦးရဲ့ ကားကြုံနဲ့ လိုက်သွားရင်း မမျော်လင့်ဘဲ ဟွေးနန်းခေါင်-အမာရာ၊ သို့မဟုတ် ဟွေးနန်းခေါင်-အများတောင်ကြားလမ်းအတိုင်း ကျနော်ရောက်ဖူးသွားတာ ဖြစ်ပါတယ်။

အဲဒီကာလ ကျနော်တို့ခစန်း တပ်တည်နေရာဟာ တနင်္သာရီမြစ် တဖက်ကမ်းက မောင်တော်စခန်းမှာ မဟုတ်တော့ဘဲ တနင်္သာရီမြစ် ဒီဘက်ကမ်းက အမာရာရွာအနီး ရောက်နေပြီဖြစ်ပါတယ်။ တနည်းအားဖြင့် ပြောမယ်ဆိုရင်တော့ ကျနော်တို့မင်းသမီးခစန်း အခြေစိုက်တဲ့ အမာရာ သို့မဟုတ် အများတောင်ကြားလမ်း ဒေသဆိုတာဟာ ရဲဘော်သုံးကျိပ်ရဲ့ သမိုင်းဝင် စစ်ချီလမ်းကြောင်းပေါ်ကနေရာ တခုဖြစ်တယ်။

ဒုတိယကမ္ဘာစစ်၊ ဖက်ဆစ်တော်လှန်ရေး၊ နယ်ချဲ့တော်လှန်ရေးတွေနဲ့ ငါတို့စခန်းနေရာ ဆက်စပ်နေတယ်။ ငါတို့ရဲ့ စစ်အာဏာရှင်တော်လှန်ရေးနဲ့ ရဲဘော်သုံးကျိပ်ရဲ့ ကိုလိုနီနယ်ချဲ့ တော်လှန်ရေး ဆက်စပ်နေတယ်။ ဗိုလ်မှူးဗထူးလို ပုဂ္ဂိုလ်တွေ ငါတို့စခန်းကနေ ပေါ်ပေါက်လာစေရမယ်၊ ရဲဘော်သုံးကျိပ်နဲ့ ဗိုလ်မှူးဗထူးတို့အဖွဲ့ ထားဝယ်ကို သိမ်းသလိုမျိုး ငါတို့တပ်တွေလည်း ထီးထာ၊ အမို၊ ဆင်ဖြူတိုင်၊ အိုင်ဝိုင်း၊ မေတ္တာ၊ တောင်သုံးလုံးလမ်းအတိုင်း ချီတက်ပြီး ထားဝယ်ကို ဝင်သိမ်းနိုင်ရမယ်၊ အဲဒီကတဆင့် တနိုင်ငံလုံးကို သိမ်းနိုင်ရမယ်ဆိုပြီး တချိန်က စိတ်ကူးယဉ်ခဲ့ဖူးတာတွေကို အမှတ်ရနေပါတယ်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More