တတိယ နိုင်ငံရဲ့ ဒုတိယ ဝေဒနာ
၁၇၀၉၁၁ (ထက်အောင်ကျော်)မနက်ဖြန် တနင်္ဂနွေ။ စက်တင်ဘာ ၁၈ ဆိုရင် မြန်မာနိုင်ငံမှာ စစ်တပ်ကအာနာသိမ်းခဲ့တာ။ ဒါမှ မဟုတ် အဲဒီ အာဏာသိမ်းစစ်တပ်ကို လက်နက်ကိုင်ပီး တော်လှန်မှရမယ်ဆိုပီး ကျနော်တို့တတွေ အိမ် ကနေထွက်ခွါ တောခိုလာခဲ့တာ ၂၃-နှစ်ပြည့်တော့မှာပါ။ အခု ၂၃-နှစ်ကြာပြီးတဲ့အခါမှာ ကျနော် အပါဝင် တောခိုကျောင်းသားတွေ ဘယ်ဆီရောက်ပီး ဘာတွေဆက်လုပ်နေကြသလဲ။
တော်လှန်ရေး ဆက်လုပ်နေသလား။ တိုင်းပြည်ပြန်လည်တည်ဆောက်ရေးအတွက် နိုင်ငံရပ် ခြားမှာ အဆင့်မြင့်ပညာတွေသင်ယူနေကြသလား။ ဒါမှမဟုတ် တိုင်းပြည်စီးပွါးတိုးတက်ရေးအတွက် ကူညီနိုင်အောင် စီးပွါးရေးလုပ်ငန်းပိုင်ရှင်တွေဖြစ်ဖို့ကျိုးစားနေသလား။ ဒါမှမဟုတ် အခြေခံ လူမှုအဖွဲ့ စည်းတွေကိုပြောင်းလဲနိုင်ဖို့အတွက် လူမှုကယ်ဆယ်ရေးလုပ်ငန်းနဲ့ အန်ဂျီအို-လုပ်ငန်းခွင်ကို လေ့လာ နေကြသလား။ ဒါမှမဟုတ် စားဝတ်နေရေးကိစ္စ။ မိသားစုကိစ္စနဲ့ဘဲ့ လုံးချာလိုက်ပီး ၂၃-နှစ်ခရီးက ပန်း တိုင် နဲ့ပိုနီးလာသလား။ ပိုဝေးသွားသလား ဆိုတာကိုတောင် စဉ်းစားဖို့အချိန်မရဖြစ်နေတာလား..။
သေချာတာတခုကတော့ လွန်ခဲ့တဲ့ ၂၃-နှစ်က တောခိုလာတဲ့ကျောင်းသားအင်အားအများစု ကြီးဟာ အခုချိန်မှာတော့ မူလရည်ရွယ်ချက်ဖြစ်တဲ့ လက်နက်ကိုင်တော် လှန်ရေးနဲ့ အလှမ်းဝေးရာ။ သူတို့အိမ်ကထွက်ခွါလာစဉ်က နေထိုင်ခဲ့ဖူးတဲ့ နယ်စပ်ကတောတောင်တွေနဲ့ ဝေးကွာရာ။ ရေခဲပြင် တွေ။ ဆီးနှင်းတွေဖုံးလွှမ်းနေတဲ့ မြောက်အမေရိကတိုက်။ ဥရောပတိုက်နဲ့ သြစတေလျတိုက်တွေဆီ ရောက်ရှိနေတာ ဆယ်စုနှစ်တခုကျော်စပြုလာခဲ့ပါပြီ။
ကုလသမဂ-ကထုတ်ပြန်ထားတဲ့စာရင်းဇယားတွေ။ နယ်စပ်ရှိ တော်လှန်ရေးအဖွဲ့တွေကပြော တဲ့ စာရင်းဇယားတွေအရဆိုရင် မနီလွိုင်အပါဝင် နယ်စပ်တကျောရှိ ဒုက္ခသည်စခန်းအသီးသီးကနေ တတိယနိုင်ငံတွေဆီထွက်သွားတဲ့ဦးရေဟာ လွန်ခဲ့တဲ့နှစ် ၂၀-ကျော်ကာလအတွင်း ၅-သောင်းကျော် နေပီဖြစ်ပါတယ်။ မြောက်အမေရိကားတိုက်က အမေရိကန်နဲ့ ကနေဒါက အများဆုံးလက်ခံထားတယ် လို့ယူဆရပီး သြစတေလျနဲ့ ဥရောပက ဒုတိယနဲ့ တတိယ-နေရာတွေမှာရှိနေတယ်လို့ ခန့်မှန်းရပါ တယ်။