Sunday, April 30, 2023

“ဘယ်သူပဲလာဆွေးနွေးသည်ဖြစ်စေ အဓိကအချက်က လူထုဆန္ဒအတိုင်း ဆောင်ရွက်ပေးဖို့ပ...



“ဘယ်သူပဲလာဆွေးနွေးသည်ဖြစ်စေ အဓိကအချက်က လူထုဆန္ဒအတိုင်း ဆောင်ရွက်ပေးဖို့ပါပဲ”

- ဦးကျော်ဇော (သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ် - အမျိုးသားညီညွတ်ရေးအစိုးရ)

(၁- ၅- ၂၀၂၃)

“မြန်မာ့အရေးကို ဘယ်သူပဲကြားဝင်ဆွေးနွေးသည်ဖြစ်စေ အဓိကအချက်က လူထုဆန္ဒအတိုင်းဆောင်ရွက်ပေးရေးဖြစ်တယ်၊ စစ်ကောင်စီရဲ့ အသုံးချခံမဖြစ်အောင် ကြားဝင်ဆောင်ရွက်သူတွေဖက်က အထူးသတိထားဖို့လိုတယ်” လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံးပြောခွင့်ရသူ ဦးကျော်ဇော ကပြောပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်းနှင့် NUG ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦး တွေ့ဆုံမှု၊ ဘန်ကီမွန်းရဲ့နေပြည်တော်ခရီးစဉ်နောက်ပိုင်း အားလုံးပါဝင်ခွင့်ရတဲ့ ဆွေးနွေးရေးလမ်းစတွေများ ပေါ်လာနိုင်သလား၊ ဒါမှမဟုတ် စစ်ကောင်စီရဲ့ အချိန်ဆွဲနည်းဗျုဟာတခုလား...စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုပြောကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...

- ဘန်ကီမွန်းနှင့် ဦးမိုးဇော်ဦး ဆွေးနွေးမှု ဘာတွေထူးသလဲ...

- ဘန်ကီမွန်းရဲ့ နေပြည်တော်ခရီးစဉ်အပေါ် NUG က ဘယ်လိုသဘောထားသလဲ...

- တဖက်မှာဆွေးနွေးရေးပြောနေပြီး အခြားတဖက်မှာ အကြမ်းဖက်မှုတွေ တိုးလုပ်လာနေတဲ့ စစ်ကောင်စီကို ဘယ်လိုတုန့်ပြန်တိုက်ခိုက်ကြမလဲ...

- မန္တလေး- ရှမ်း နယ်စပ်က တိုက်ပွဲမှာ စစ်ကောင်စီ ဘယ်လောက် အထိနာခဲ့သလဲ...

- နိုင်ငံတကာရဲ့ ကြားဝင်ဆောင်ရွက်မှုနဲ့ပတ်သက်ပြီး NUG ရဲ့ မူဝါဒက ဘယ်လိုရှိသလဲ...

စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Saturday, April 29, 2023

“စစ်တပ်နဲ့ညှိပြီး အချောင်နေမယ်ဆိုတဲ့ စိတ်ဓာတ်တွေကိုစွန့်ပါ၊ လူထုတော်လှန်...


“စစ်တပ်နဲ့ညှိပြီး အချောင်နေမယ်ဆိုတဲ့ စိတ်ဓာတ်တွေကိုစွန့်ပါ၊ လူထုတော်လှန်ရေးထဲ ပါဝင်ပါ”

- မာဝီ (ဒု-စစ်ဦးစီးချုပ်၊ ကရင်နီ အမျိုးသားများကာကွယ်ရေးတပ်)

(၂၉ - ၄-၂၀၂၃)

“၂၀၂၁ မှာစတင်ခဲ့တဲ့ နွေဦးတော်လှန်ရေးဟာ လူမျိုးစုတော်လှန်ရေးမဟုတ်ဘူး၊ လူတစု တော်လှန်ရေးလည်းမဟုတ်ဘူး၊ ဒါဟာ လူထုတော်လှန်ရေးဖြစ်တဲ့အတွက် လူထုလွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေသူအားလုံး လက်တွဲပါဝင်ဖို့လိုတယ်။ လက်နက်အင်အား၊ လူအင်အားကောင်းတဲ့ အဖွဲ့အချို့က စစ်တပ်နဲ့ညှိပြီး အချောင်နေမယ်ဆိုတဲ့ စိတ်ဓာတ်တွေကို စွန့်လွှတ်ပြီး တော်လှန်ရေးထဲပါဝင်ဖို့လိုတယ်” လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ဒု-စစ်ဦးစီးချုပ် မာဝီ က ပြောပါတယ်။

ကချင်၊ ချင်း၊ ကရင်နီ၊ ကရင်နဲ့ အချို့နေရာတွေမှာ တော်လှန်ရေးတပ်တွေဖက်က စခန်းသိမ်းတိုက်ပွဲတွေ၊ စစ်ကောင်စီတပ်ကို တပ်ရင်းအလိုက်ပြုတ်တဲ့အထိ တိုက်နိုင်စွမ်းရှိလာနေပြီဖြစ်ပမယ့် စစ်တပွဲလုံး၊ တနိုင်ငံလုံးမှာ အနိုင်ရအောင် ဘာတွေဆောင်ရွက်ဖို့ လိုအပ်နေသလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုပြောကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ ...

- မြို့နယ်တခုအတွင်း၊ ပြည်နယ်-တိုင်း တခုအတွင်းရှိတဲ့ တော်လှန်ရေးတပ်တွေ အမိန့်တခုတည်းနဲ့ တိုက်နိုင်အောင် ဘယ်လိုဆေင်ရွက်သင့်သလဲ....

- ပွိုင့် ၅ လက်နက်တွေက စစ်ကောင်စီ ရဟတ်ယာဉ်တွေကို တကယ်ပစ်ချနိုင်မလား...

- လူထုလွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေတဲ့ သက်တန်းရင့်အဖွဲ့အချို့ အခုချိန်အထိ လူထုတော်လှန်ရေးထဲ ပါမလာသေးတာ ဘာကြောင့်လဲ...

စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Friday, April 28, 2023

“လူတယောက် အာဏာရရေးအတွက် သူတို့အသေခံတိုက်ပေးနေရတယ်ဆိုတာကို ရှေ့တန်းက စစ်သ...


“လူတယောက် အာဏာရရေးအတွက် သူတို့အသေခံတိုက်ပေးနေရတယ်ဆိုတာကို ရှေ့တန်းက စစ်သားတွေ သဘောပေါက်လာတယ်ထင်ပါတယ်”

- မာဝီ (ဒု စစ်ဦးစီးချုပ် - ကရင်နီအမျိုးသားများကာကွယ်ရေးတပ်)

(၂၈- ၄-၂၀၂၃)

“တိုင်းပြည်ကာကွယ်ရေးအတွက်မဟုတ်ပဲ လူတယောက် အာဏာရရေးအတွက် သူတို့အသေခံတိုက်ပေးနေရတယ်ဆိုတာကို ရှေ့တန်းက စစ်သားတွေ သဘောပေါက်လာပြီး စိတ်ဓာတ်ကျလာတယ်၊ ဒါကြောင့် တပ်ရင်းအလိုက်ပြုတ်တာ၊ အုပ်စုလိုက်ဖမ်းမိတာ၊ အုပ်စုလိုက် ထွက်ပြေးတာတွေဖြစ်လာနေတယ်” လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဒု စစ်ဦးစီးချုပ် မာဝီ ကပြောပါတယ်။

လက်ရှိ ရှမ်း-ကယားနယ်စပ်မှာဖြစ်နေတဲ့ တိုက်ပွဲတွေ၊ ပြီးခဲ့တဲ့ သီတင်းပတ်တွေက ဒေါတမကြီးဖက်က တိုက်ပွဲမှာ စစ်ကောင်စီဖက်က တပ်ရင်းလိုက်ပြုတ်တဲ့အခြေအနေတွေနဲ့ပတ်သက်ပြီး  BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုပြောကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ပထမပိုင်းမှာ ...

- ရှမ်း-ကယယားနယ်စပ်က နောက်ဆုံးတိုက်ပွဲမှာ စကစ ဖက်က ဘယ်လောက် အထိနာနေသလဲ...

-  ဒေါတမကြီး တိုက်ပွဲမှာ စကစ ဖက်က တရင်းအလိုက်ပြုတ်သွားတာ ဘာကြောင့်လဲ...

- အခုနှစ် ပထမ ၄-အတွင်း စစ်ရှိန်ဘယ်လောက်မြင့်လာသလဲ... တော်လှန်ရေးတပ်တွေ ဘယ်လောက် ဟန်ချက်ညီ လှုပ်ရှားနိုင်လာသလဲ...

စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(လူထုတရပ်လုံးပါဝင်နေတဲ့တိုက်ပွဲမှာ လူထုအတွက်လုပ်နေပါတယ်ဆိုတဲ့ အဖွဲ့အချို့ မပါသေးပဲ ဟိုလိုလို ဒီလိုလိုလုပ်နေတာ ဘာကြောင့်လဲ... ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Thursday, April 27, 2023

“တာဝန်ထမ်းဆောင်ရင်း ကျဆုံးသွားရင်တောင် နာရေးထည့်ခွင့်မရတဲ့ဘဝကို သူတို့ကျ...



“တာဝန်ထမ်းဆောင်ရင်း ကျဆုံးသွားရင်တောင် နာရေးထည့်ခွင့်မရတဲ့ဘဝကို သူတို့ကျေနပ်နေမယ်လို့ ကျနော်မထင်ဘူး”

- ဗိုလ်ကြီးနေမျိုးဇင် (တော်လှန်သော တပ်မတော်အရာရှိဟောင်း)

(၂၇- ၄- ၂၀၂၃)

“စစ်ကောင်စီလက်အောက် တပ်မတော်သားတွေအခြေအနေဟာ ကိုယ်ရွာ့ကိုယ်ပြန်လည်ရင်တောင် ယူနီးဖောင်းမဝတ်ရဲ၊ စစ်ဗိုလ်ဖြစ်ကြောင်း ရင်ကော့မကြွားရဲ၊ နောက်ဆုံး ရှေ့တန်းမှာကျဆုံးသွားရင်တောင် နာရေးမှာထည့်ရေးခွင့်မရတဲ့ ဘဝမျိုးဖြစ်နေတယ်။ သမိုင်းမှာ ဒီလောက်ဆိုးတဲ့အခြေအနေမျိုုးနဲ့ရင်ဆိုင်နေရတာကို တပ်မတော်သားအများစုက ကျေနပ်နေလိမ့်မယ်လို့ မထင်ဘူး” လို့ တော်လှန်သောတပ်မတော် အရာရှိဟောင်း ဗိုလ်ကြီးနေမျိုးဇင်ကပြောပါတယ်။

နွေဦးတော်လှန်ရေး ၂ နှစ်တာကာလအတွင်း စစ်ကောင်စီအပေါ် တပ်မတော်သားတွေရဲ့အမြင်၊ လူထုထောက်ခံမှုအခြေအနေ၊ မြို့တွင်းတိုက်ပွဲအလားအလာတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုပြောကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ ...

- အာဏာရူး စကစ ဥက္ကဌက တပ်မတော်ကို ဘယ်လိုအသုံးချနေသလဲ...

- ရွာပြန်ရင် ယူနီးဖောင်းမဝတ်ရဲ၊ ကျဆုံးရင် သတင်းစာမှာနာရေးမထည့်ရဲ ဖြစ်နေတာ ဘာကြောင့်လဲ...

- စကစ တပ်မတော်ကနေ ဖက်ဒရယ်တပ်မတော်ဖြစ်လာအောင် ဘယ်လိုပြုပြင်ပြောင်းလဲမလဲ...

- သေခါနီးလို့ အစွမ်းကုန်ဆိုးနေတယ်ဆိုတာ ဘယ်အချက်တွေပေါ် အခြေခံပြောနိုင်တာလဲ...

စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Wednesday, April 26, 2023

“သမိုင်းဆိုးနဲ့ နိဂုံးချုပ်တော့မယ့် စစ်ကောင်စီကို စွန့်ခွာပြီး ပြည်သူဖက်...


“သမိုင်းဆိုးနဲ့ နိဂုံးချုပ်တော့မယ့် စစ်ကောင်စီကို စွန့်ခွာပြီး ပြည်သူဖက်သို့ အမြန်ကူးပြောင်းကြပါ”

- ဗိုလ်ကြီးနေမျိုးဇင် (တော်လှန်သော တပ်မတော်အရာရှိဟောင်း)

(၂၆- ၄- ၂၀၂၃)

“စစ်ကောင်စီလက်အောက်က လက်ရှိ မြန်မာ့တပ်မတော်ဟာ သမိုင်းမှာအဆိုးဆုံးအနေအထားကိုရောက်နေပြီး နွေဦးတော်လှန်ရေးဟာ သမိုင်းမှာအကောင်းဆုံးအနေအထားကိုရောက်နေတယ်။ မကြာခင်မှာ တော်လှန်ရေးတပ်တွေရဲ့ ထိုးစစ်အရှိန်မြင့်လာပြီး စစ်ကောင်စီဟာ သမိုင်းဆိုးနဲ့နိဂုံးချုပ်ရဖို့နီးလာနေပြီဖြစ်တဲ့အတွက် စိတ်ဓာတ်မှန်ကန်တဲ့ တပ်မတော်သားတွေအနေနဲ့ ပြည်သူနဲ့ပူးပေါင်းဖို့အချိန်ရောက်နေပြီဖြစ်တယ်” လို့ တော်လှန်သောတပ်မတော်အရာရှိဟောင်း ဗိုလ်ကြီးနေမျိုးဇင် ကပြောပါတယ်။

စစ်တပ်ကိုအကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က)နဲ့ ဖမ်းဆီးခံရပြီး ၂၀၂၂ ခု သြဂုတ်လကမှ ပြန်လွတ်လာသူ၊ လက်ရှိ စစ်အုပ်ချုပ်ရေးအောက်မှာ ဘယ်လိုမှမနေလို့ G-Z တွေနဲ့အတူ ပူးတွဲတိုက်ပွဲဝင်ဖို့ မကြာခင်ရက်ပိုင်းကမှ လွတ်မြောက်နယ်မြေဆီရောက်လာတဲ့ ဗိုလ်ကြီးနေမျိုးဇင်ကို BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် ဒီလိုပြောကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ပထမပိုင်းမှာ ...

- စစ်ကောင်စီအုပ်ချုပ်မှုအောက်မှာ လူထုအခြေအနေ ဘယ်လောက်အထိ ဆိုးနေသလဲ...

- အရင် ၈၈ နဲ့ ၂၀၂၁ အာဏာသိမ်းမှုအပေါ် တပ်မတော်သားတွေရဲ့ တုန့်ပြန်မှု ဘယ်လိုကွာခြားသလဲ...

- NUG, PDF, ERO တွေနဲ့ ပူးတွဲပြီး ဘယ်လိုတိုက်ပွဲဝင်မလဲ...

- လက်ရှိတပ်မတော် သမိုင်းဆိုးနဲ့ နိဂုံးချုပ်တော့မယ်လို့ ဘယ်အချက်တွေပေါ် အခြေခံပြောနိုင်တာလဲ...

စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(စစ်သည်တော်ကျင့်ဝတ်ကို လိုက်နာနေဆဲဖြစ်တဲ့ တပ်မတော်သားတွေအပေါ် ပြောကြားချက်ပါတဲ့ ဒုတိယပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Tuesday, April 25, 2023

“G-Z တွေရဲ့ ဆန်းသစ်တီထွင်နိုင်မှုက စစ်မြေပြင်အင်ဂျင်နီယာအပိုင်းကို အပြော...



“G-Z တွေရဲ့ ဆန်းသစ်တီထွင်နိုင်မှုက စစ်မြေပြင်အင်ဂျင်နီယာအပိုင်းကို အပြောင်းအလဲဖြစ်လာစေနိုင်တယ်”

- ဆလိုင်းအိုင်းဇက်ခင် (ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ - ICNCC)

(၂၆- ၄- ၂၀၂၃)

“နွေဦးတော်လှန်ရေးရဲ့ အဓိကအင်အားစု G-Z တွေရဲ့ ဆန်းသစ်တီထွင်နိုင်မှုဟာ အတော့်ကို တိုးတက်အားကောင်းလာနေပြီး ဒရုန်းတွေကို စစ်မြေပြင်မှာ အသုံးပြုနိုင်နေပြီ၊ နောက်မကြာခင်မှာ လေကြောင်းရန် တုန့်ပြန်ရေးအတွက်ပါ တီထွင်နိုင်ဖို့မျှော်လင့်တယ်၊ G-Z တွေရဲ့ ဆန်းသစ်တဲ့တီထွင်မှုက စစ်မြေပြင်အင်ဂျင်နီယာအပိုင်းကို အပြောင်းအလဲဖြစ်လာစေနိုင်တယ်” လို့ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) သဘာပတိ အဖွဲ့ဝင် ဆလိုင်းအိုင်းဇက်ခင်က ပြောပါတယ်။

၂ နှစ်တာကာလအတွင်း တော်လှန်ရေးတပ်တွေရဲ့ ခုခံတိုက်ပွဲဝင်နိုင်မှုအခြေအနေ၊ စစ်ကောင်စီရဲ့ လေကြောင်းအသာစီးရနေမှုကို ဘယ်လိုတုန့်ပြန်မလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုပြောကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ ...

- စစ်ကောင်စီရဲ့ လေကြောင်း အနိုင်ကျင့်နေမှုကို ဘယ်လိုတုန့်ပြန်နိုင်မလဲ...

- အိန္ဒိယအပါဝင် အိမ်နီးချင်းနိုင်ငံတွေ နှာစေးနေတဲ့အပေါ် ဘယ်လိုတွန်းအားပေးမလဲ...

- တော်လှန်ရေးတပ်တွေဟာ ပြောက်ကျားစစ်ကနေ ရင်ဆိုင်တိုက်နိုင်တဲ့အနေအထားအထိ တိုးတက်လာပြီလား...

စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Monday, April 24, 2023

“လေယာဉ်တွေ၊ လက်နက်ကြီးတွေ ဆက်တိုက်ထုတ်သုံးလာခြင်းဟာ သူုတို့ဖက်က ရှုံးနိမ...


“လေယာဉ်တွေ၊ လက်နက်ကြီးတွေ ဆက်တိုက်ထုတ်သုံးလာခြင်းဟာ သူုတို့ဖက်က ရှုံးနိမ့်လာနေပြီဆိုတာကို ပြသတဲ့သင်္ကေတဖြစ်တယ်”

- ဆလိုင်းအိုင်းဇက်ခင် (ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ - ICNCC)

(၂၅- ၄- ၂၀၂၃)

“နွေဦးတော်လှန်ရေး ၂ နှစ်တာအတွင်း တော်လှန်ရေးတပ်တွေဟာ ခံစစ်ကနေ ထိုးစစ်ဖက်ရောက်လာတယ်၊  ပြောက်ကျားစစ်ကနေ စနစ်ကျတဲ့ စစ်ပွဲတွေဆင်နိုင်လာတယ်၊ လက်အင်အား၊ စုဖွဲ့မှုပုံစံတွေပိုကောင်းလာတဲ့အတွက် စကစ ဖက်က အထိနာလာတယ်၊ လေယာဉ်တွေ လက်နက်ကြီးတွေ ဆက်တိုက်ထုတ်သုံးလာတာဟာ သူတို့ဖက်က ရှုံးနိမ့်နေပြီဆိုတာကို ပြသလာတဲ့ သင်္ကေတတွေဖြစ်တယ်” လို့ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) သဘာပတိအဖွဲ့ဝင် ဆလိုင်းအိုင်းဇက်ခင်က ပြောပါတယ်။

ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ ၂ နှစ်ပြည့်ကာလအတွင်း ဆောင်ရွက်နိုင်မှုတွေ၊ ချင်းတောင်တန်းနဲ့ ကရင်နီဒေသမှာ စကစ တပ်တွေကို တပ်ရင်းလိုက်ပြုတ်တဲ့အထိ ချေမှုန်းရေးလုပ်လာနိုင်တာတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုပြောကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ပထမပိုင်းမှာ...

- တော်လှန်ရေး ၂ နှစ်တာကာလအတွင်း ICNCC ရဲ့ အဓိကအောင်မြင်မှုက ဘာလဲ...

- ချင်းပြည်နယ်ကို စစ်အုပ်ချုပ်ရေးကြေညာခြင်းဟာ ပြည်နယ်တခုလုံးကို ချင်းတော်လှန်ရေးတပ်တွေက လွှမ်းထားပြီဆိုတာကို သက်သေပြခြင်းလား...

- ကရင်နီနဲ့ ချင်းတောင်ပေါ်မှာ စကစ တပ်တွေကို ပြန်လမ်းမရှိ အပြတ်တိုက်နိုင်လာတာ ဘာကြောင့်လဲ...

- ၂ နှစ်တာအတွင်း စစ်ရေးချိန်ခွင်လျှာ ပြောင်းတော့မယ့်အလားအလာ မြင်နေရပြီလား...

စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(စကစ ရဲ့ လေကြောင်းရန်ကို လက်တုန့်ပြန်နိုင်တဲ့အခြေအနေ ၂၀၂၃ အတွင်း ဖြစ်လာနိုင်သလား... ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

“ဘန်ကီမွန်းမှမဟုတ်ဘူး၊ ဘယ်သူလာလာ စကစ ရဲ့ အကြမ်းဖက်မှုတွေကို ရပ်အောင်ပြော...


“ဘန်ကီမွန်းမှမဟုတ်ဘူး၊ ဘယ်သူလာလာ စကစ ရဲ့ အကြမ်းဖက်မှုတွေကို ရပ်အောင်ပြောဖို့လိုပါတယ်”

- ဆလိုင်းအိုင်းဇက်ခင် - (ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ-  ICNCC)

(၂၄- ၄- ၂၀၂၃)

“ကုလ အတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်းပဲဖြစ်ဖြစ်၊ ဘယ်သူပဲဖြစ်ဖြစ် စစ်ကောင်စီနဲ့တွေ့တဲ့အခါ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတဲ့ စစ်ကောင်စီရဲ့ အကြမ်းဖက် လူသတ်မှုတွေကို ရပ်တန့်အောင် အရင်ဆုံးတောင်းဆိုဖို့လိုတယ်” လို့ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) သဘာပတိအဖွဲ့ဝင် ဆလိုင်းအိုင်းဇက်ခင်ကပြောပါတယ်။

နေပြည်တော်ကိုရောက်နေတဲ့ ကုလ အတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်းရဲ့ခရီးစဉ်အပေါ် ဘာတွေမျှော်လင့်နိုင်မလဲ...ဆိုပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက အဲဒီလိုပြောတာပါ။

ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ ၂ နှစ်ပြည့်ကာလအတွင်း ဆောင်ရွက်နိုင်မှုတွေ၊ ပြည်တွင်း-ပြည်ပအခြေအနေတွေနဲ့ပတ်သက်ပြီး ဆွေးနွေးချက်ထဲက ဘန်ကီမွန်းရဲ့ ခရီးစဉ်အကြောင်းပြောကြားချက်ကို ကောက်နှတ်တင်ပြလိုက်ပါတယ်။

(ချင်းတောင်ပေါ်က တူမီးနဲ့စခဲ့တဲ့ တော်လှန်ရေးခရီး ၂ နှစ်တာအကြောင်း ဆွေးနွေးချက်တွေကိုတော့ မနက်ဖြန် မနက်ပိုင်းမှာ ထုတ်လွှင့်ပေးပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Saturday, April 22, 2023

“ပထမ ကြောက်တယ်၊ ပြီးတော့ စိတ်နာတယ်၊ နောက်ဆုံးတော့ ဒီစစ်ကောင်စီကို အမြစ်ပ...



“ပထမ ကြောက်တယ်၊ ပြီးတော့ စိတ်နာတယ်၊ နောက်ဆုံးတော့ ဒီစစ်ကောင်စီကို အမြစ်ပြုတ်တဲ့အထိ တိုက်မှရမယ်ဆိုတာ သဘောပေါက်လာတယ်”

- ဆရာဇော် (ပဇီကြီးရွာ စစ်ဘေးရှောင်များကိုကူညီပေးနေသူ)

(၂၂ - ၄- ၂၀၂၃)

“လူ ၂၀၀ နီးပါးသေဆုံးတဲ့အထိ လေကြောင်းကနေ တိုက်ခိုက်တဲ့အပြင် ရွာကိုပါ မီးတင်ရှို့တဲ့အတွက် ရွာသားတွေ အတော်ကြောက်ရွံ့သွားတယ်။ လူ ၇၀၀၀ ခန့် စစ်ဘေးရှောင်ဖြစ်နေတယ်။ ဒါပေမယ့် တဖြေးဖြေးနဲ့ ကြောက်ရွံ့မှုကနေ နာကြည်းမှုဆီကူးပြောင်းသွားပြီး နောက်ဆုံးမှာတော့ စစ်ကောင်စီကို အမြစ်ပြုတ်တဲ့အထိ ပြန်တိုက်မှရမယ်ဆိုတဲ့ စိတ်ဖြစ်ပေါ်လာတယ်” လို့ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပဇီကြီးရွာက စစ်ဘေးရှောင်တွေကို ကူညီပေးနေသူ ဆရာဇော် ကပြောပါတယ်။

ဧပြီလ ၁၁ ရက်နေ့က လေကြောင်းကနေ ဗုံးကျဲတိုက်ခိုက်မှု၊ သီတင်းတပတ်ခန့်ကြာချိန်မှာ မြေပြင်တပ်တွေရောက်လာပြီး ရွာကိုမီးရှို့မှု၊ တခါ ဒီနေ့မှာလည်း ပဇီကြီးအနီးက အခြားရွာတွေကို ဆက်လက်မီးရှို့နေမှုတွေကြောင့် ဒေသခံလူထုတွေ ကြောက်ရွံ့ထွက်ပြေးကုန်ပြီလား၊ ဒေသခံ တော်လှန်ရေးတပ်တွေကော ဘယ်လိုအခြေအနေရှိသလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ထဲမှာ ...

- ပဇီကြီးရွာ တိုက်ခိုက်ခံရမှု၊ မီးရှို့ခံရမှုနဲ့ အနီးဝန်းကျင်ကရွာတွေ ထပ်မံမီးရှို့ခံရမှု နောက်ဆုံးအခြေနေ...

- စစ်ဘေးရှောင် ဘယ်လောက်များနေပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ ဘယ်လိုဆောင်ရွက်ပေးနေသလဲ...

- ဒီလို တိုက်ခိုက်မှု၊ မီးရှို့မှုနောက်ပိုင်း ဒေသတွင်း တော်လှန်ရေးတပ်တွေရဲ့ ထိန်းချုပ်နိုင်မှု အခြေအနေ အပြောင်းအလဲ ဖြစ်သွားသလား...

- စစ်ပွဲတခါမှ မဖြစ်ဘူးသေးတဲ့ အညာဒေသမှာ အခုလို လူ ၂၀၀ ခန့်အထိ သေဆုံးတဲ့ရက်စက်မှုကြောင့် လူထုတွေ ကြောက်သွားသလား... ဒေသတွင်း လူထုတော်လှန်ရေး အလားအလာ ဘယ်လိုဖြစ်လာနိုင်သလဲ..

စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Friday, April 21, 2023

“စာသင်ကျောင်း၊ ဆေးရုံ၊ ဘုရားကျောင်းပါမရှောင် ဗုံးကျဲနေတဲ့ စစ်ကောင်စီကို ...



“စာသင်ကျောင်း၊ ဆေးရုံ၊ ဘုရားကျောင်းပါမရှောင် ဗုံးကျဲနေတဲ့ စစ်ကောင်စီကို ကျနော်တို့တော်လှန်ရေးတပ်တွေက တွန်းလှန်တိုက်ခိုက်သွားမှာဖြစ်တယ်”

- ဦးကျော်ဇော (သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်၊ အမျိုးသားညီညွတ်ရေးအစိုးရ)

(၂၂- ၄- ၂၀၂၃)

“စစ်သားချင်း တည့်မတိုက်ပဲ အရပ်သားတွေကို တမင်တိုက်တာ၊ အိမ်မီးရှိ့တာ၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဘုရားကျောင်းပါမချန် ဗုံးကျဲတိုက်ခိုက်နေတဲ့ လူမဆန်တဲ့ စစ်ကောင်စီကို တော်လှန်ရေအင်အားစုတွေဖက်က ညီညွတ်စွာနဲ့ တွန်းလှန်တိုက်ခိုက်သွားမှာဖြစ်တယ်” လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံး ပြောခွင့်ရသူ ဦးကျော်ဇောက ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ၂ နှစ်တာအတွင်း အောင်မြင်မှုတွေ၊ စိန်ခေါ်မှုတွေအကြောင်း၊ စစ်ကောင်စီတပ်က အရပ်သားတွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်လာမှုအပေါ်ဘယ်လိုတုန့်ပြန်မလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်း စဉ် သူက အဲဒီလို ပြောကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ ...

- ၂ နှစ်တာကာလအတွင်း NUG နဲ့ ERO တွေကြား ပူးပေါင်းဆောင်ရွက်နိုင်မှု ဘယ်အဆင့်ကိုရောက်နေပြီလဲ...

- နယ်မြေစိုးမိုးမှု ၆၀% ရှိတယ်ဆိုတာ ဘယ်အချက်တွေပေါ် အခြေခံပြောတာလဲ...

- နိုင်ငံတကာဖက်က စကားလုံးအရအားပေးတာအပြင် ရုပ်ဝတ္တုအရ အားပေးတာမျိုး ဒီနှစ်ထဲ မြင်လာရဖို့ရှိလား...

- စစ်ကောင်စီတပ်ရဲ့ လူမဆန်တဲ့ရက်စက်မှုတွေကို ဘယ်လိုတုန့်ပြန်တိုက်ခိုက်နိုင်မလဲ....

စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Thursday, April 20, 2023

“ယူကရိန်းကို ရုရှားက လေကြောင်းဗုံးကျဲမှုထက် စစ်ကောင်စီက ပြည်သူအပေါ် ဗုံး...



“ယူကရိန်းကို ရုရှားက လေကြောင်းဗုံးကျဲမှုထက် စစ်ကောင်စီက ပြည်သူအပေါ် ဗုံးကျဲမှုက ပိုများနေတယ်”

- ဦးကျော်ဇော (သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ် - အမျိုးသားညီညွတ်ရေးအစိုးရ)

(၂၁- ၄- ၂၀၂၃)

“အစိုးရသက်တန်း ၂ နှစ်တာအတွင်း ထူးခြားတဲ့တိုးတက်မှုကတော့ ပြည်သူတရပ်လုံးက အာဏာသိမ်းစစ်ကောင်စီကို အခုချိန်အထိ အင်နဲ့အားနဲ့ ခုခံတိုက်ပွဲဝင်နေဆဲ၊ နိုင်ငံတကာအစိုးရတွေကလည်း စစ်ကောင်စီကို တရားဝင်အသိအမှတ်မပြုပဲ အမျိုးသားညီညွတ်ရေးအစိုးရကို တရားဝင်တွေ့ဆုံဆွေးနွေးမှု ပိုတိုးလာတာဖြစ်တယ်” လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံးပြောခွင့်ရသူ ဦးကျော်ဇောကပြောပါတယ်။

ဧပြီလ ၁၆ ရက်နေ့၊ မြန်မာနှစ်ဆန်း တရက်နေ့မှာ ၂ ပြည်ခဲ့တဲ့ NUG အစိုးရရဲ့ ၂ နှစ်တာအတွင်း အောင်မြင်မှုတွေ၊ စိန်ခေါ်မှုတွေအကြောင်း BNN သတင်းဌာနက ဦးထက်အောင်ကျော်နဲ့ မေးမြန်းခန်းအတွင်း သူက အဲဒီလိုပြောခဲ့တာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ပထမပိုင်းမှာ...

- ၂ နှစ်တာ သက်တန်းအတွင်း NUG ရဲ့ အဓိက အောင်မြင်မှုက ဘာလဲ...

- အဓိက စိန်ခေါ်ချက်က PDF တွေကို လက်နက်အပြည့်အစုံ မတပ်ဆင်နိုင်သေးတာလား...

- ယူကရိန်းကို ရုရှားက လေကြောင်းဗုံးကျဲမှုအရေအတွက်ထက် စကစ က ပြည်သူအပေါ်တိုက်တဲ့ ဗုံးကျဲမှုက ပိုများနေတာ ဘာကြောင့်လဲ...

- လေကြောင်းရန်ကာကွယ်ရေးအတွက် နိုင်ငံတကာဆီ အကူအညီတောင်းထားတာ ဘယ်လောက်ရနိုင်ခြေရှိသလဲ...

- ၂ နှစ်တာအတွင်း လက်နက်တပ်ဆင်နိုင်မှုနဲ့ တိုက်ပွဲဖေါ်နိုင်မှုအခြေအနေ ဘယ်လောက်အထိ တိုးတက်လာသလဲ...

စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(နိုင်ငံတကာဖက်က သဘောတရားအရထောက်ခံမှုအပြင် လက်တွေ့ ရုပ်ဝတ္တုထောက်ပံ့မှု တကယ်ရလာနိုင်သလား...ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Sunday, April 16, 2023

“နှစ်သစ်မှာ ရလာဒ်ကောင်းတခု အသေချာမြင်ရတဲ့အထိ လုပ်သွားမယ်”



“နှစ်သစ်မှာ ရလာဒ်ကောင်းတခု အသေချာမြင်ရတဲ့အထိ လုပ်သွားမယ်”

- ဗိုလ်နဂါး (ပြည်သူ့ကွယ်ရေးအဖွဲ့ခေါင်းဆောင် - စစ်ကိုင်းတိုင်း)

(၁၇- ၄- ၂၀၂၃)

“ဒီနေ့စတင်တဲ့ မြန်မာ့နှစ်သစ်မှာ ရလာဒ်ကောင်းတခု အသေချာမြင်ရတဲ့အထိ လုပ်ဆောင်ပေးသွားမယ်။ စစ်ကိုင်း၊ မကွေး၊ မန္တလေးတိုင်းက အင်အားစုတွေအားလုံးပေါင်းပြီး စစ်ကောင်စီကို အရှိန်မြင့်တိုက်ခိုက်သွားမယ်” လို့ စစ်ကိုင်းတိုင်းက ပြည်သူ့ကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်တဦးဖြစ်သူ ဗိုလ်နဂါးကပြောပါတယ်။

ဒီနေ့ကျရောက်တဲ့ မြန်မာ့နှစ်ဆန်းတရက်နေ့ နှစ်သစ်ကူးမျှော်လင့်ချက်အဖြစ် သူက အခုလိုပြောလိုက်တာပါ။ ဒါ့အပြင် တော်ဝင်နဂါးတပ်ဟာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လက်ရုံးတပ်တခုသာဖြစ်တယ်၊ NUG နဲ့ နဂါးတပ်တော်အကြား သွေးခွဲနေမှုတွေကို အဆုံးသတ်ကြဖို့လည်း သူက တိုက်တွန်းပါတယ်။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာ ဗုံးကျဲခံရမှုအကြောင်း မေးတဲ့အခါမှာတော့ ဒီရွာဟာ စစ်ကိုင်းတိုင်းထဲမှာရှိနေတယ်ဆိုပေမယ့် ဒီဖြစ်စဉ်ဟာ စစ်ကိုင်းတိုင်းရဲ့ ပြသာနာသက်သက် မဟုတ်ဘူး။ မြန်မာနိုင်ငံရဲ့ ပြသာနာသက်သက်လည်း မဟုတ်ဘူူး။ ဒါဟာ ကမ္ဘာ့ကြီးရဲ့ လူ့အခွင့်အရေး၊ လူသားလုံခြုံရေးပြသာနာဖြစ်တယ်။ ကမ္ဘာကြီးအမည်နဲ့ဖွဲ့စည်းထားတဲ့ အဖွဲ့တွေက ဒါကို ဖြေရှင်းပေးဖို့ တာဝန်ရှိတယ်လို့ သူကပြောပါတယ်။

အခု ဗိုလ်နဂါးရဲ့ မြန်မာနှစ်သစ်ကူူး မျှော်လင့်ချက် စကားလက်ဆောင်တွေကို ထုတ်လွှင့်ပေးလိုက်ပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

ပဇီကြီးရွာ တိုက်ခိုက်ခံရမှုအကြောင်း NUG သတင်းစာရှင်းပွဲ



ပဇီကြီးရွာ တိုက်ခိုက်ခံရမှုအကြောင်း NUG သတင်းစာရှင်းပွဲ

(၁၆- ၄-၂၀၂၃)

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပဇီကြီးရွာက ရုံးခန်းဟာ ရပ်ရွာအုပ်ချုပ်ရေးရုံးခန်းသာဖြစ်တဲ့အတွက် ဒါဟာ အရပ်သားပစ်မှတ်ကို စစ်ကောင်စီတပ်က တမင်ပတ်ခတ်တာဖြစ်တယ်။ ဒီလို အစုအပြုံလိုက်သတ်ဖြတ်မှုအတွက် တာဝန်ရှိသူတွေကို အရေးယူရေး၊ တရားမျှတမှုရရှိရေးအတွက် တစိုက်မတ်မတ်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ NUG ကပြောပါတယ်။

ဒီနေ့မနက် ၁၀ နာရီက အွန်လိုင်းကတဆင့်ကျင်းပတဲ့ သတင်းစာရှင်းပွဲအတွင်း အဲဒီလိုပြောသွားတာဖြစ်ပါတယ်။ ဒါ့အပြင် ဗုံးကျဲတိုက်ခိုက်ခံရမှုဖြစ်စဉ်၊ သေဆုံးသူစာရင်း၊ ဒဏ်ရာရသူစာရင်းနဲ့ စစ်ပြေးရှောင်တွေရဲ့အခြေအနေတွေကိုလည်း မြေပြင်ရှိ တာဝန်ရှိသူတွေက ရှင်းလင်းတင်ပြခဲ့ပါတယ်။

နောက်ဆုံးစာရင်းတွေအရ ကလေးငယ်နဲ့အမျိုးသမီးတွေအပါဝင် သေဆုံးသူဦးရေ (၁၆၈) ဦးအထိရှိနေပြီဖြစ်ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ၊ ဒဏ်ရာရသူကုသရေးနဲ့ စစ်ဘေးရှောင်ကူညီရေးကိုအရေးပေါ်ဆောင်ရွက်နေတယ်လို့ပြောပါတယ်။

သတင်းရှင်းပွဲမှာတင်ပြတဲ့ ဓာတ်ပုံအထောက်အထားအတော်များများဟာ FB မှာ တင်ဖို့ အဆင်မပြေတဲ့အတွက် ချန်လှန့်ထားခဲ့ရပါတယ်။ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းတို့လည်း သတင်းစာရှင်းပွဲကိုတက်ရောက်ခဲ့ပြီး နိုင်ငံတကာနဲ့ဆက်စပ်အရေးယူနိုင်အောင် ဆောက်ရွက်နေမှုတွေကိုရှင်းပြခဲ့ပါတယ်။

အခု သတင်းစာရှင်းပွဲရဲ့အနှစ်ချုပ် ၁၂ မိနစ်စာကို ကောက်နှုတ်ဖေါ်ပြလိုက်ပါတယ်...။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Saturday, April 15, 2023

“ပဇီကြီးရွာတိုက်ခိုက်ခံရမှုအကြောင်း ကယ်ဆယ်ရေးလုပ်နေသူများရဲ့ပြောပြချက်”



“ပဇီကြီးရွာတိုက်ခိုက်ခံရမှုအကြောင်း ကယ်ဆယ်ရေးလုပ်နေသူများရဲ့ပြောပြချက်”

(၁၅- ၄-၂၀၂၃)

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပဇီကြီးရွာတိုက်ခိုက်ခံရမှုကြောင့် သေဆုံးသူ (၁၇၄) ဦးအထိ စာရင်းရထားပြီဖြစ်ပြီး၊ အဲဒီထဲမှာ ၁၇ နှစ်ကနေ ၆ လသားအထိ ကလေးငယ် (၃၈) ဦး၊ အမျီုးသား (၁၁၂) ဦး၊ အမျိုးသမီး (၂၄) ဦးပါဝင်တယ်လို့ ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နေသူတွေကပြောပါတယ်။

ဧပြီလ ၁၅ ရက်နေ့ကပြုလုပ်တဲ့ အွန်လိုင်းသတင်းစာရှင်းပွဲအတွင်း ကယ်ဆယ်ရေးဝန်ထမ်းတွေက အဲဒီလိုပြောခဲ့တာပါ။ ရုံးခန်းဖွင့်ပွဲအတွက် ဒေသခံလူထု စုရုံးရောက်ရှိနေစဉ်၊ အကျွေးအမွေးနဲ့ဧည့်ခံနေစဉ်မှာ ကလေးတွေ ထမင်းစားနေတဲ့ စားပွဲပေါ်တည့်တည့် ဗုံးကျလာတာဖြစ်တယ်လို့ သူတို့ဆိုပါတယ်။

လေယာဉ်နဲ့ဗုံးကျဲတာအပြင် ရဟတ်ယာဉ်နဲ့ပါ ထပ်မံပစ်ခတ်တဲ့အတွက် အခုလို အများအပြားသေဆုံးရတာဖြစ်ပြီး လူ့ခန္တာကိုယ်တွေဟာ အစိပ်စိပ်ဖြစ်သွားပြီး ဘယ်သူ ဘယ်ဝါဖြစ်တယ်ဆိုတာကို မှတ်မိဖို့မလွယ်ဘူးပြောပါတယ်။

မြေပြင်မှာ ကယ်ဆယ်ရေးဆောင်ရွက်နေသူ လူငယ် ၃ ဦးရဲ့ပြောကြားချက်ကို ၁၀ မီနစ်စာ ကောက်နှုတ်တင်ပြပေးလိုက်ပါတယ်။ 

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

l“အချိန်ကိုအဓိကမထားပဲ အရှိန်အဟုန်ကိုပဲအဓိကထားပြီး ဆက်မြှင့်တင်သွားဖို့လိ...



“အချိန်ကိုအဓိကမထားပဲ အရှိန်အဟုန်ကိုပဲအဓိကထားပြီး ဆက်မြှင့်တင်သွားဖို့လိုပါတယ်”

- ဗိုလ်ကြီးညီသုတ (CDM - တပ်မတော်အရာရှိ)

(၁၅- ၄- ၂၀၂၃)

“တော်လှန်ရေး ဘယ်နေ့ပြီးမလဲဆိုတဲ့ အချိန်သတ်မှတ်ချက်တွေပေါ် အဓိကမထားပဲ တော်လှန်ရေးအရှိန်အဟုန် ဘယ်လောက်ကောင်းနေပြီလဲဆိုတဲ့ အချက်ကိုသာ အလေးထားစေချင်တယ်” လို့ (CDM) တပ်မတော်အရာရှိ ဗိုလ်ကြီးညီသုတကပြောပါတယ်။

ကန့်ဘလူမြိုနယ်၊ ပဇီကြီးရွာ တိုက်ခိုက်မှုမျိုး နောက်ထပ်မကြုံရအောင် ဘယ်လိုကာကွယ်ကြမလဲ၊ နွေဦးတော်လှန်ရေး ဒီနှစ်အတွင်း ဘယ်လောက်အထိ အရှိန်အဟုန်ကောင်းလာနိုင်သလဲ... စသဖြင့်  BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ ...

- လွတ်မြောက်နယ်မြေမဖြစ်သေးခင်မှာ အရာရာကို လုံခြုံရေးသတိကြီးကြီးထားပြီး ဆောင်ရွက်ဖို့ ဘယ်လိုပြင်ဆင်ကြမလဲ...

- စစ်သားတွေက မြဝတီ TV နဲ့ ဗိုလ်ချုပ်တွေရဲ့စကားကိုပဲအမှန်ထင်ပြီး လူထုအသံ လုံး၀ မကြားနိုင်တော့ဘူးလား...

- လာမယ့် ၈ လတာအတွင်း တော်လှန်ရေးအင်အားစုတွေဖက်က စစ်ရေးအရှိန် ဘယ်လောက်အထိ မြှင့်တင်နိုင်ခြေရှိသလဲ...

- တော်လှန်ရေးသမိုင်းတလျောက်မှာ အခုချိန်ဟာ အရှိန်အဟုန်အကောင်းဆုံးလို့ ဘာကြောင့်ပြောနိုင်တာလဲ...

စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Friday, April 14, 2023

l“နောက်ဆုံးကျန်နေတဲ့ တင့်ကားနဲ့ ကုန်ကား ၁၀ လောက်ကို ဟားခါးမဝင်ခင်မှာ အပြ...



“နောက်ဆုံးကျန်နေတဲ့ တင့်ကားနဲ့ ကုန်ကား ၁၀ လောက်ကို ဟားခါးမဝင်ခင်မှာ အပြတ်ရှင်းနိုင်လိုက်ပါတယ်”

- ဆလိုင်းထက်နီ (ပြောခွင့်ရပုဂ္ဂိုလ် - ချင်းအမျိုးသားတပ်ဦး - CNF)

(၁၄- ၄- ၂၀၂၃)

“စစ်ကိုင်းတိုင်း ကလေးမြို့ဖက်ကနေ ချင်းပြည်နယ်မြို့တော် ဟားခါးဆီ စစ်ကြောင်းချီလာတဲ့ အစီး ၃၀ ကျော်ပါ စစ်ကောင်စီယာဉ်တန်းကို ချင်းတော်လှန်ရေးတပ်တွေက လမ်းတလျောက် တလကျော်ကြာ တိုက်ခိုက်ခဲ့ပြီး မနေ့ကတော့ နောက်ဆုံးကျန်နေတဲ့ တင့်ကား ၂ စိးနဲ့ ကုန်တင်ယာဉ် ၁၀ ခန့်ကို တိုက်ခိုက်ဖျက်ဆီးလိုက်တယ်။ ဟားခါးအထိ အဝင်မခံတော့ဘူး” လို့ ချင်းအမျိုးသားတပ်ဦး (CNF) ပြောခွင့်ရပုဂ္ဂိုလ် ဆလိုင်းထက်နီ ကပြောပါတယ်။

ပြီးခဲ့တဲ့မတ်လ အစောပိုင်းမှာ ကလေးမြို့ကနေ ဟားခါးမြို့ဆီချီတက်လာတဲ့ စစ်ကောင်စီယာဉ်တန်း နောက်ဆုံးလက်ကျန် ၁၀ စီးခန့်ကို မနေ့က ဟားခါးနဲ့ ၉  မိုင်အကွာ ချွန်ကျုံးရွာအနီးတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ ...

- စစ်ယာဉ်တန်း ၃၀ ကျော်ကို တစီးမကျန်ပြောင်တဲ့အထိ ချင်းတော်လှန်ရေးတပ်တွေက ဘယ်လို တိုက်ခိုက်ခဲ့သလဲ...

- စစ်သားအင်အား ၂၀၀ ကျော်မှာ ၄၀ လောက်သာကျန်တော့တာ ဘာကြောင့်လဲ...

- စကစ တပ်တွေဟာ မြေပြင်မှာ အထိနာရင် လေကြောင်းကနေ အရပ်သားတွေကို ပစ်ခတ်တာဟာ ဗျုဟာတခုလား...

- ပဇီကြီးကျေးရွာအပါဝင် ဗုံးကျဲခံရတဲ့ဒေသရှိလူက စစ်တပ်ကိုကြောက်သွားသလား... ပိုစိတ်နာလာသလား...

စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(CDM ဗိုလ်ကြီးညီသုတနဲ့မေးမြန်းချက် ဒုတိယ ပိုင်းကိုတော့ မနက်ဖန် မနက်ပိုင်းမှာ ထုတ်လွှင့်ပေးပါမယ်) 

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Thursday, April 13, 2023

“ဒီလုပ်ရပ်မျိုးက စစ်ကောင်စီကို ခုခံဆန့်ကျင်သူ ပိုတိုးလာစေဖို့ပဲရှိတယ်”




“ဒီလုပ်ရပ်မျိုးက စစ်ကောင်စီကို ခုခံဆန့်ကျင်သူ ပိုတိုးလာစေဖို့ပဲရှိတယ်”

- ဗိုလ်ကြီးညီသုတ (CDM - တပ်မတော်အရာရှိ)

(၁၄- ၄- ၂၀၂၃)

“ကလေးတွေကိုပါမချန် အရပ်သားတွေကို ဗုံးကျဲတိုက်ခိုက်တဲ့အတွက် ဒေသခံလူထုက စစ်တပ်ကို ကြောက်သွားမှာမဟုတ်ပဲ ပိုစိတ်နာ၊ ပိုဒေါသထွက်ပြီး စစ်ကောင်စီကို ခုခံဆန့်ကျင်သူသာ ပိုတိုးလာဖို့ရှိတယ်” လို့ CDM - တပ်မတော်အရာရှိ ဗိုလ်ကြီးညီသုတ ကပြောပါတယ်။

ဧပြီလ ၁၁ ရက်နေ့က စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြိုနယ်၊ ပဇီကြီးကျေးရွာကို စစ်ကောင်စီတပ်က ဗုံးကျဲတိုက်ခိုက်တဲ့အတွက် လူ ၁၀၀ ကျော် သေဆုံးခဲ့ရတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်တပ်ဖက်က ဘာကြောင့်အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတယ်ထင်လဲ... လို့  BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ပထမပိုင်းမှာ ...

- အရပ်သားတွေကို ပစ်မှတ်ထားတိုက်တဲ့အတွက် လူထုက ကြောက်သွားနိုင်သလား...

- လက်နက်ကိုင်တိုက်သူအပြင် လက်နက်မရှိတဲ့စစ်ကောင်စီဆန့်ကျင်ရေးသမားတွေကိုပါ စစ်တပ်က ရန်သူအဖြစ် သတ်မှတ်တိုက်ခိုက်နေတာလား...

- အရပ်သားကာကွယ်ရေး၊ စစ်မြေပြင် စည်းမျဉ်းစည်းကမ်းတွေနဲ့ပတ်သက်ပြီး စစ်တက္ကသိုလ်တွေမှာ ဘယ်လိုသင်ကြားပို့ချနေသလဲ....

- တော်လှန်ရေးအင်အားစုတွေဖက်ကကော လေကြောင်းရန်ကို ဘယ်လိုကာကွယ်ကြမလဲ...

စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(စစ်ကောင်စီတပ်ကို တန်ပြန်ထိုးစစ်ဆင်နိုင်အောင် တော်လှန်ရေးတပ်တွေဖက်က ဘယ်လိုဆောင်ရွက်သင့်သလဲ...ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပေးပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Tuesday, April 11, 2023

“Lion စစ်ကြောင်းဖြစ်စဉ်နဲ့ပတ်သက်ပြီး KNU ပြောခွင့်ရ ပဒိုစောတောနီးရဲ့ ပြေ...



“Lion စစ်ကြောင်းဖြစ်စဉ်နဲ့ပတ်သက်ပြီး KNU ပြောခွင့်ရ ပဒိုစောတောနီးရဲ့ ပြောကြားချက်”

(၁၂- ၄- ၂၀၂၃)

“စစ်ဆင်ရေးလုပ်တဲ့အခါ ဒေသခံတပ်မှုးတွေနဲ့ ညှိနိုင်းဖို့လိုတယ်။ တိုက်ပွဲတိုင်းဟာ ဗျုဟာမြောက်ဖို့လိုတယ်၊ CoC အမိန့်စီးဆင်းမှုတခုတည်းရှိဖို့လိုတဲ့အပြင် နောက်ထပ် CoC ဖြစ်တဲ့ စစ်သည်တော်ကျင့်ဝတ်ကိုလည်း လိုက်နာဖို့လိုတယ်” လို့ KNU (ကရင့်အမျိုးသားအစည်းအရုံး) ပြောခွင့်ရပုဂ္ဂိုလ် ပဒိုစောတောနီးက ပြောပါတယ်။

ဗိုလ်အယ်ဆေးဝါးဦးဆောင်တဲ့ Lion စစ်ကြောင်းဖြစ်စဉ်နဲ့ပတ်သက်ပြီး ဆိုရှယ်မီဒီယာတွေမှာရေးသားနေတဲ့အချက်တွေ မှန်ကန်မှုရှိမရှိ...စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ ...

- ဗိုလ်အယ်ဆေးဝါးဦးဆောင်တဲ့ Lion စစ်ကြောင်းဖြစ်စဉ်အပေါ် KNU က ဘယ်လို ရှုမြင်သလဲ...

- စစ်ကောင်စီကို တိုက်နေတဲ့ တော်လှန်ရေးတပ်တွေအချင်းချင်းကြားမှာ နားလည်မှုမလွဲအောင် ဘယ်လိုဆက်စပ်ဆောင်ရွက်သင့်သလဲ...

- KNLA တပ်မဟာ ၇ ခုစလုံးမှာရှိနေတဲ့ PDF တွေနဲ့ ကရင်တော်လှန်ရေးတပ်တွေ  ပူးပေါင်းဆောင်ရွက်မှု ဘယ်လိုအရှိန်မြှင့်နိုင်မလဲ...

- ကရင်ပြည်နယ်ကိုကျော်ပြီး စစ်ကောင်စီရဲ့ အတွင်းစည်းအထိ ထိုးဖောက်တိုက်ခိုက်နိုင်ဖို့ ဘာကြောင့်အရေးကြီးသလဲ...

စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

l“တိုက်ပွဲတွေ ဘယ်လောက်များများ ချေမှုန်းရေးမလုပ်နိုင်သေးရင်တော့ ထိရောက်မ...



“တိုက်ပွဲတွေ ဘယ်လောက်များများ ချေမှုန်းရေးမလုပ်နိုင်သေးရင်တော့ ထိရောက်မှုအားနည်းမယ်”

- ဦးသန်းစိုးနိုင် (နိုင်ငံရေး စစ်ရေး - ဆန်းစစ်ဝေဖန်သူ)

“နွေဦးတော်လှန်ရေးအင်အားစုတွေဖက်က ၂၀၂၃ ခုနှစ်ထဲဝင်တာနဲ့ စခန်းသိမ်းတိုက်ပွဲတွေအပါဝင် တိုက်ပွဲအတော်များများဖော်ဆောင်လာပေမယ့် ချေမှုန်းရေးဖက်မှာ အားနည်းနေဆဲဖြစ်တယ်။ တပ်စုအလိုက်ချေမှုန်းရေးအဆင့်ကနေ တပ်ရင်းအလိုက်ချေမှုန်းရေးအဆင့်ကို တက်နိုင်မှ ထိရောက်တဲ့ စစ်ရေးချိန်ခွင်လျှာ အပြောင်းအလဲတွေဖြစ်လာမယ်” လို့ စစ်ရေး နိုင်ငံရေး ဆန်းစစ်ဝေဖန်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

ERO ဆက်စပ်ဒေသက တပ်ရင်းအလိုက် ချေမှန်းရေးတိုက်ပွဲတွေနဲ့ အညာဒေသက စခန်းသိမ်းတိုက်ပွဲတွေကို ဗျုဟာမြောက် ဘယ်လိုဆက်စပ်ဖော်ဆောင်သင့်သလဲ...စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့်မေးမြန်းချက် ဒုတိယပိုင်းမှာ...

- PDF လူငယ်တွေမျှော်လင့်နေသလို ERO တပ်တွေအားလုံး တပြိုင်တည်း ထတိုက်ရေး တကယ်ဖြစ်လာနိုင်သလား...

- NUCC နဲ့ FPNCC (မြောက်ပိုင်းအဖွဲ့များ) ကြား ပူးပေါင်းဆောင်ရွက်မှု ဘယ်လောက်ရှိသလဲ...

- KNDF ကတိုက်သလို တပ်ရင်းအဆင့်ချေမှုန်းရေးလုပ်ဖို့ အညာစစ်မျက်နှာမှာ ဘာတွေ လိုအပ်နေသလဲ...

- ၂၀၂၃ ရဲ့ လက်ကျန် ၈ လအတွင်း စစ်ရေးတိုက်ပွဲတွေ ဘယ်လောက်အထိ အရှိန်ကောင်းလာနိုင်သလဲ...

စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Monday, April 10, 2023

“စစ်ကောင်စီဥက္ကဌက မိုးလားကဲလားပြောနေပေမယ့် စစ်မြေပြင်ရှိ သူလူတွေကတော့ အလ...


“စစ်ကောင်စီဥက္ကဌက မိုးလားကဲလားပြောနေပေမယ့် စစ်မြေပြင်ရှိ သူလူတွေကတော့ အလဲလဲ အကွဲကွဲပဲ” - ပဒိုစောတောနီး (ပြောခွင့်ရပုဂ္ဂိုလ် - ကရင့်အမျိုးသားအစည်းအရုံး - KNU) (၉ - ၄-၂၀၂၃) “စစ်ကောင်စီဥက္ကဌက PDF တွေ၊ NUG တွေကို ကူညီနေတဲ့ EAO တွေကို ပြတ်ပြတ်သားသားအရေးယူမယ်ဆိုပြီး မိုးလားကဲလားပြောနေပေမယ့် တကယ့်စစ်မြေပြင်မှာတော့ စစ်ကောင်စီတပ်သားတွေ အလဲလဲ အကွဲကွဲ ခံနေရတယ်။ အရှင်ဖမ်းမိသူတွေ၊ ထွက်ပြေးသူတွေ ပိုများလာနေတာကိုသာတွေ့နေရတယ်” လို့ ကရင့်အမျိုးသားအစည်းအရုံး KNU ပြောခွင့်ရပုဂ္ဂိုလ် ပဒိုစောတောနီးကပြောပါတယ်။ ကရင်ပြည်နယ်အတွင်း လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲအခြေအနေ၊ စစ်ကောင်စီဥက္ကဌရဲ့ သတိပေးချက်တွေအပေါ် တုန့်ပြန်ချက်ပေးဖို့ BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။ အခုထုတ်လွှင့်မယ့်မေးမြန်းချက် ပထမပိုင်းမှာ... - ရွှေကုက္ကိုလ်ဒေသ တိုက်ပွဲ နောက်ဆုံးအခြေအနေ... - KNLA တပ်မဟာအားလုံး PDF တွေနဲ့ ပူးပေါင်းတိုက်ပွဲဝင်နေမှု အနေအထား... - စကစ ဥက္ကဌ မိန့်ခွန်းနှင့် တကယ့်စစ်မြေပြင်အခြေအနေ ဘာတွေကွာနေသလဲ... - စစ်ကောင်စီဟာ နိုင်ငံရေးအပြင် စစ်ရေးမှာပါမှာ ရှုံးနိမ့်လာနေပြီလား... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။ (ERO ဒေသနဲ့ အညာစစ်မျက်နှာရှိ PDF တွေ ဗျုဟာမြောက် ဘယ်လိုပူူးပေါင်း တိုက်ပွဲဝင်သင့်သလဲ... ဆွေးနွေးချက်ပါတဲ့ ဒုတိယပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပေးပါမယ်။ ဦးသန်းစိုးနိုင် ဒုတိယ ပိုင်းကိုတော့ KNU အင်တာဗျုးအပြီးမှာ ဆက်လက် ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်) (အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ )။

“နွေဦးတော်လှန်ရေး ဒီလောက်အထိ တိုးတက်လာတာဟာ လူမျိုးစုလက်နက်ကိုင်တော်လှန်ရ...



“၂ နှစ်အတွင်း နွေဦးတော်လှန်ရေး ဒီလောက်အထိ တိုးတက်လာတာဟာ လူမျိုးစုလက်နက်ကိုင်တော်လှန်ရေး ရေခံမြေခံရှိထားလို့ဖြစ်တယ်”

- ပဒိုစောတောနီး (ပြောခွင့်ရပုဂ္ဂိုလ်၊ ကရင့်အမျိုးသားအစည်းအရုံး - KNU)

(၁၀ - ၄-၂၀၂၃)

“တူမီးတွေ၊ လက်လုပ်သေနတ်တွေနဲ့စတင်ခဲ့တဲ့ နွေဦးတော်လှန်ရေး ၂ နှစ်တာကာလအတွင်း အခုလိုအရှိန်အဟုန်နဲ့တိုးတက်လာတာဟာ လူမျိုးစုလက်နက်ကိုင်တော်လှန်ရေး ရေခံမြေခံရှိထားလို့ဖြစ်ပါတယ်။ စစ်ရေးကိုအရှိန်မြှင့်တဲ့အခါ တိုက်ပွဲတိုင်း ဗျုဟာမြောက်ဖို့လိုတယ်” လို့ KNU (ကရင့်အမျိုးသားအစည်းအရုံး) ပြောခွင့်ရပုဂ္ဂိုလ် ပဒိုစောတောနီးကပြောပါတယ်။

နွေဦးတော်လှန်ရေး ၂ နှစ်တာကာလအတွင်း စခန်းသိမ်းတိုက်ပွဲတွေ၊ ချေမှုန်းရေးတိုက်ပွဲတွေ ဒေသအချို့မှာရှိလာနေပြီဖြစ်ပေမယ့် တနိုင်ငံလုံးအတိုင်းအတာနဲ့ဟန်ချက်ညီ စစ်ရှိန်မြှင့်နိုင်အောင် ဘာတွေလိုအပ်နေသလဲ...စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့်မေးမြန်းချက် ဒုတိယပိုင်းမှာ ...

- ERO ဒေသနဲ့ အညာဒေသ ဟန်ချက်ညီ တိုက်ပွဲဖေါ်နိုင်အောင် ဘာတွေလိုအပ်နေသလဲ...

- CoC တွေကို လေးစားလိုက်နာဖို့ ဘယ်လောက်အရေးတကြီးလိုအပ်နေသလဲ...

- ERO တွေနဲ့ PDF တွေကြား ပူးပေါင်းဆောင်ရွက်မှုကို ဘယ်လိုအရှိန်မြှင့်နိုင်မလဲ...

- စစ်ဘေးရှောင် ၂ သန်းနီးပါးအတွက် သင်ဘာတွေ ကူညီပေးနိုင်မလဲ...

စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(ERO နဲ့ PDF တွေကြား ဗျူဟာမြောက် ဘယ်လိုပူးပေါင်း တိုက်ပွဲဝင်သင့်သလဲ ... စစ်ရေးဆန်းစစ်ဝေဖန်သူ ဦးသန်းစိုးနိုင်ရဲ့ ဒုတိယပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပေးပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Saturday, April 8, 2023

l“စစ်ကောင်စီတပ်ရဲ့ တိုက်ရည်ခိုက်ရည်၊ ဗျုဟာ၊ စိတ်ဓာတ် ကျဆင်းမှုအခြေနေဟာ ခ...



“စစ်ကောင်စီတပ်ရဲ့ တိုက်ရည်ခိုက်ရည်၊ ဗျုဟာ၊ စိတ်ဓာတ် ကျဆင်းမှုအခြေနေဟာ 
ခြေချင်းဝတ်အထိ ရောက်နေပြီ”

- ဦးသန်းစိုးနိုင် (နိုင်ငံရေး စစ်ရေး - ဆန်းစစ်ဝေဖန်သူ)

(၈- ၄- ၂၀၂၃)

“အာဏာသိမ်း စစ်ကောင်စီတပ်ရဲ့ လက်ရှိ တိုက်ရည်ခိုက်ရည်၊ ဗျုဟာနဲ့ စိတ်ဓာတ်အခြေအနေဟာ အနိမ့်ဆုံးအခြေအနေကိုရောက်နေပြီဖြစ်တဲ့အတွက် တော်လှန်ရေးတပ်တွေဖက်သာ စုစည်းမှုရှိရှိနဲ့ အင်ပြည့်အားပြည့် တိုက်စစ်ကိုအရှိန်မြှင့်နိုင်ရင် စစ်ရေးချိန်ခွင်လျှာအပြောင်းအလဲဖြစ်လာနိုင်တယ်” လို့ စစ်ရေး-နိုင်ငံရေး ဆန်းစစ်ဝေဖန်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

မတ်လ ၂၇ ရက်နေ့ကပြောကြားခဲ့တဲ့ စစ်ကောင်စီဥက္ကဌရဲ့ မိန့်ခွန်းထူးခြားချက်၊ လက်ရှိ စစ်ကောင်စီတပ်ရဲ့ စွမ်းဆောင်နိုင်မှုအနေအထား၊ တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်ရေးစွမ်းရည်...စတဲ့အခြေအနေတွေကို BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့်မေးမြန်းချက် ပထမပိုင်းမှာ...

- စကစ ဥက္ကဌရဲ့ မိန့်ခွန်းက ERO တွေကို စစ်ကြေညာလိုက်တဲ့သဘောလား...

- KNDF နဲ့တိုက်တာတောင် တပ်ရင်းလိုက်ပြုတ်နေတဲ့ စကစ က အခြား ERO တွေကို တပြိုင်တည်း စစ်ကြေညာပြီးတိုက်ရင် ဘာတွေဆက်ဖြစ်လာနိုင်သလဲ...

- တပ်မတော်နေ့ အခမ်းအနားမှာ အမျိုးသမီးစစ်ကြောင်းတွေ ပိုများလာတာ ဘာကြောင့်လဲ...

- အညာစစ်မျက်နှာက PDF တပ်တွေ ERO ဒေသက ပူူူးတွဲတပ်တွေလို ထိုးစစ်အရှိန်မြှင့်နိုင်အောက် ဘာတွေလိုအပ်နေသလဲ

စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(၂၀၂၃ ရဲ့ လာမယ့် ၈ လတာအတွင်း စစ်ရေးချိန်ခွင်လျှာအပြောင်းအလဲဖြစ်လာနိုင်သ လား...ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပေးပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Friday, April 7, 2023

“တော်လှန်ရေး ဘယ်နေ့ပြီးမလဲ မေးနေတဲ့လူတွေ တော်လှန်ရေးထဲ တကယ်ပါဝင်ဖို့ လို...



“တော်လှန်ရေး ဘယ်နေ့ပြီးမလဲ မေးနေတဲ့လူတွေ တော်လှန်ရေးထဲ တကယ်ပါဝင်ဖို့ လိုပါတယ် ”

- ဗိုလ်နဂါး (ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ခေါင်းဆောင် - စစ်ကိုင်းတိုင်း)

(၇ -၄ -၂၀၂၃)

“လက်ရှိ PDF လူငယ်တွေရဲ့ကြိုးစားမှုနဲ့တင် အောင်မြင်မှုဒီလောက်ရနေပြီဆိုရင် တော်လှန်ရေး ဘယ်နေ့ပြီးမလဲ မေးနေတဲ့လူတွေ၊ အခုချိန်အထိ တော်လှန်ရေးထဲ မပါသေးသူတွေ အားလုံး နိုင်တဲ့နေရာကကနေ ပါဝင်ကူညီရင် တော်လှန်ရေးအမြန်ပြီးလိမ့်မယ်” လို့ စစ်ကိုင်းတိုင်း ပုလဲနယ်က ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) ခေါင်းဆောင်တဦးဖြစ်သူ ဗိုလ်နဂါးက ပြောပါတယ်။

နွေဦးတော်လှန်ရေး ၂ နှစ်ကျော်ကြာလာတဲ့အထိ ပွဲမပြတ်သေးဘူးလား၊ တော်လှန်ရေးဘယ်နေ့ပြီးမလဲ...ဆိုပြီး မေးခွန်းထုတ်နေသူတွေရှိလာနေတဲ့အပေါ် တုန့်ပြန်ချက်ပေးဖို့ BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့်မေးမြန်းချက် ဒုတိယပိုင်းမှာ ...

- စကစ ကို တပ်ရင်းအလိုက်ပြုတ်အောင် ERO ဒေသမှာ တိုက်သလိုမျိုး အညာဒေသမှာ တိုက်နိုင်ဖို့ ဘာတွေအခက်အခဲရှိနေသလဲ...

- ၂ နှစ်တာကာလအတွင်း အညာစစ်မျက်နှာမှာ ဗျုဟာမြောက်တိုက်ပွဲတွေ ဘယ်လောက်ဖေါ်နိုင်ခဲ့သလဲ...

- စစ်တပ်ထောက်ခံတဲ့ရွာကို မီးရှို့တဲ့ စကစ ကို ခွေးရူးနဲ့တူတယ်လို့ ဘာကြောင့်ပြောတာလဲ...

- တော်လှန်ရေး ဘယ်နေ့ပြီးမလဲမေးနေသူတွေကို ဗိုလ်နဂါးက ဘယ်လိုသတင်းစကား ပါးလိုက်သလဲ...

စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(PDF တွေကို ကူညီနေတဲ့ EAO တွေကို ပြတ်ပြတ်သားသားအရေးယူမယ်ဆိုတဲ့ စကစ ဥက္ကဌရဲ့ မိန့်ခွန်းအပေါ် စစ်ရေးဆန်းစစ်ဝေဖန်သူ ဦးသန်းစိုးနိုင်ရဲ့ သုံးသပ်ချက်ကိုတော့ မနက်ဖန် ထုတ်လွှင့်ပေးပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Thursday, April 6, 2023

“စစ်ကြောင်းတွေ၊ စခန်းတွေကို တော်လှန်ရေးတပ်တွေက ဝင်ရောက်စီးနင်းတိုက်ခိုက်...


“စစ်ကောင်စီရဲ့ စစ်ကြောင်းတွေ၊ စခန်းတွေကို တော်လှန်ရေးတပ်တွေက ဝင်ရောက်စီးနင်းတိုက်ခိုက်မှု ခပ်စိပ်စိပ်ဖြစ်လာနေပါတယ်”

- ဗိုလ်နဂါး (ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ခေါင်းဆောင် - စစ်ကိုင်းတိုင်း)

(၆ -၄ -၂၀၂၃)

“အညာစစ်မျက်နှာရှိ ဒေသခံတော်လှန်ရေးတပ်တွေစုပေါင်းပြီး စစ်ကောင်စီရဲ့ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်တာ၊ စခန်းတွေကို ဝင်ရောက်စီးနင်းတာတွေ ခပ်စိပ်စိပ်လုပ်လာပြီး တော်လှန်ရေးကို အရှိန်မြင့်ဖို့ပြင်နေတယ်။ ဒါဟာ ၂၀၂၃ မှာ တော်လှန်စစ်ကို အရှိန်မြှင့်မယ်လို့ ကြေညာထားတဲ့အတိုင်း လက်တွေ့ဆောင်ရွက်နေတာဖြစ်တယ်” လို့ စစ်ကိုင်းတိုင်း ပုလဲနယ်က ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) ခေါင်းဆောင်တဦးဖြစ်သူ ဗိုလ်နဂါးက ပြောပါတယ်။

စစ်ကိုင်းနဲ့မကွေးတိုင်းအတွင်း တိုက်ပွဲတွေများလာတာ၊ ဒေသခံတော်လှန်ရေးတပ်တွေကြား အချင်းချင်းပူးပေါင်းဆောင်ရွက်လာနိုင်တာတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့်မေးမြန်းချက် ပထမပိုင်းမှာ ...

- စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်း ခပ်စိပ်စိပ်ဖြစ်လာနေတဲ့ စခန်းသိမ်းတိုက်ပွဲတွေရဲ့ အခြေအနေ...

- ဒေသခံ တော်လှန်ရေးတပ်တွေအချင်းချင်းကြား ပူးပေါင်းဆောင်ရွက်နိုင်မှု တိုးလာနေတဲ့ အနေအထား...

- စစ်ကောင်စီက လေကြောင်းအသာရနေဆဲဖြစ်ပေမယ့် မြေပြင်မှာ တိုးမပေါက်အောင် ဖြစ်လာနေပြီလား...

- စစ်တပ်ကို ထောက်ခံတဲ့ရွာကိုလည်း စစ်တပ်က မီးရှို့တာပဲလား...

- တော်လှန်ရေး ၂ နှစ်တာအတွင်း စစ်ကောင်စီဖက်က တပ်အင်အား ဘယ်လောက်အထိ လျော့ကျသွားသလဲ...

စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(EAO ဒေသလို အညာစစ်မျက်နှာမှာ တိုက်ပွဲကြီးတွေဖေါ်နိုင်အောင် ဘာတွေလိုအပ်နေသလဲ၊ တော်လှန်ရေး ၂ နှစ်တာအတွင်း ဘယ်လောအထိခရီးပေါက်နေပြီလဲ... သုံးသပ်ချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပေးပါမယ်။)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Wednesday, April 5, 2023

“သူတို့ဖက်က အထိနာတဲ့အတွက် စစ်ဘေးရှောင်စခန်းကို မီးရှို့သွားတာဖြစ်တယ်”



“သူတို့ဖက်က အထိနာတဲ့အတွက် စစ်ဘေးရှောင်စခန်းကို မီးရှို့သွားတာဖြစ်တယ်”

- ဒေါက်တာကြည်စိုးထွန်း (ဥက္ကဌ - ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့)

(၅- ၄- ၂၀၂၃)

“မကွေးတိုင်းယောနယ်ရှိ ဒေသခံတော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်အကြား မတ်လ ၃၀ ရက်နေ့ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီဖက်က ၃၀ ကျော်အထိ ထိခိုက်သေဆုံးအတွက် ဆောမြို့နယ်၊ ကျောက်ထုမြို့အနီးရှိ စံကျေးရွာက စစ်ဘေးရှောင်စခန်းကို စကစ က တမင်သက်သက် မီးရှို့သွားတာဖြစ်တယ်” လို့ မကွေးတိုင်း ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဒေါက်တာကြည်စိုးထွန်းကပြောပါတယ်။

ဆောမြို့နယ်တွင်းက တိုက်ပွဲအခြေအနေ၊ တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်ရေးစွမ်းရည် တိုးတက်လာမှု၊ ၂ နှစ်တာဖြတ်သန်းမှုခရီးစဉ်တွေအကြောင်း BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့်မေးမြန်းချက် ထဲမှာ ...

- တိုက်ပွဲနဲ့မဆိုင်တဲ့ စစ်ရှောင်စခန်းကို စကစ က ဘာကြောင့် မီးရှို့တာလဲ...

- ဆောဒေသက စစ်ဘေးရှောင်တွေကို ဘယ်လိုကူညီပေးနေကြသလဲ...

- ကျောက်ထု၊ ဆောနဲ့ လောင်းရှည်မြို့နယ်တွင်းက ကျေးရွာတွေမှာ တိုက်ပွဲတွေ ပိုများလာနေသလား...

- ၂ နှစ်ကျော်ကာလအတွင်း တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်ရေးစွမ်းရည် အားရစရာရှိလာပြီလား...

- ရောင်နီမလာခင် အမှောင်ကာလကို ဖြတ်သန်းနေရချိန်မှာ သင် ဘာတွေ ကူညီပေးနိုင်မလဲ...

စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(စစ်ကိုင်းတိုင်း ပုလဲနယ်က ဒေသခံတော်လှန်ရေးခေါင်းဆောင် ဗိုလ်နဂါးနဲ့ မေးမြန်းချက်ကိုတော့ မနက်ဖန် ထုတ်လွှင့်ပေးပါမယ်။)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Tuesday, April 4, 2023

“စခန်းသိမ်းတိုက်ပွဲတွေနဲ့အတူ လက်နက်တွေလည်း သိမ်းနိုင်တာမျိုး ရှိလာနေပါတယ်”


“စခန်းသိမ်းတိုက်ပွဲတွေနဲ့အတူ လက်နက်တွေလည်း သိမ်းနိုင်တာမျိုး ရှိလာနေပါတယ်”

- ရဲဘော်ဝေကြီး (ပကဖ - ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ရေစကြိုမြို့နယ်)

(၄ - ၄-၂၀၂၃)

“အညာဒေသရှိ တော်လှန်ရေးတပ်တွေဖက်က စစ်ကောင်စီတပ်စခန်းတွေ၊ ရဲစခန်းတွေကို ဝင်သိမ်းပြီး လက်နက်တွေပါ ရအောင်ယူလာနိုင်နေပြီဖြစ်တယ်၊ လက်နက်ပိုပြည့်စုံရင် တော်လှန်ရေး ဒီထက်ပိုအရှိန်ကောင်းလာမှာဖြစ်တယ်” လို့ မကွေးတိုင်း ရေစကြိုမြို့နယ် ပကဖ ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံ ရဲဘော်ဝေကြီးကပြောပါတယ်။

မနေ့က သိမ်းယူခဲ့တဲ့ မအူရဲစခန်းအခြေအနေအပါဝင် ၂၀၂၃ ပထမ သုံးလအတွင်း တိုက်ပွဲတွေအခြေအနေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့်မေးမြန်းချက် ထဲမှာ...

- မအူရဲစခန်း သိမ်းပိုက်မှုတိုက်ပွဲ နောက်ဆုံး အခြေအနေ...

- ဒေသတွင်းရှိ PDF တွေ၊ ပကဖ တွေ မြို့နယ်အလိုက်၊ နယ်မြေအလိုက် ပူးပေါင်းတိုက်ပွဲဝင်လာနိုင်ပြီလား...

- စစ်ကောင်စီဖက်က တပ်အင်အားတွေ ထပ်တိုးချလာနေသလား...

- ၂ နှစ်ကျော်ကာလအတွင်း အညာဒေသ တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်ရေးစွမ်းရည် ဘယ်လောက်တိုးတက်လာသလဲ...

စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(မနက်ဖန်မှာတော့ စစ်ကိုင်းတိုင်း ပုလဲနယ်က ဒေသခံတော်လှန်ရေးခေါင်းဆောင် ဗိုလ်နဂါးနဲ့ မေးမြန်းချက်ကို ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Saturday, April 1, 2023

“နော်ဝေနိုင်ငံ ဖရိုလန်းမြို့ က မြန်မာ့နိုင်ငံရေးအခြေအနေ ဆွေးနွေးပွဲ ကောက...



“နော်ဝေနိုင်ငံ ဖရိုလန်းမြို့ က မြန်မာ့နိုင်ငံရေးအခြေအနေ ဆွေးနွေးပွဲ ကောက်နှုတ်ချက်- ၂”

( ၁- ၄- ၂၀၂၃)

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းတို့ဟာ မတ်လ ၂၅ ရက်နေ့က နော်ဝေနိုင်ငံ ဖရိုးလန်းမြို့ (ဒေါ်အောင်ဆန်းစုကြည့် ပန်းခြံရှိတဲ့မြို့) မှာ နော်ဝေရောက် မြန်မာမိသားစုအသိုက်အဝန်းနဲ့ တွေ့ဆုံပြီး လက်ရှိနိုင်ငံရေးအခြေအနေတွေကို ရှင်းလင်းတင်ပြခဲ့ပါတယ်။

- အဲဒီဆွေးနွေးပွဲထဲက...

- ၂၀၂၃ ဟာ အဆုံးသတ်တိုက်ပွဲရဲ့ အဆုံးအဖြတ်နှစ်ဆိုတာ ဘာကိုပြောတာလဲ...

- ERO တွေနဲ့ NUG ကြား ဆက်ဆံရေးအခြေအနေ ဘယ်လိုရှိသလဲ...

- အချို့ ERO တွေ၊ နိုင်ငံရေးပါတီတွေ NUCC မှာ မပါသေးတာ ဘာကြောင့်လဲ...

- နွေဦးတော်လှန်ရေး ဘယ်လောက်အထိ ခရီးပေါက်နေပြီလဲ...

- ပြည်ပရှိ ထောက်ပို့တပ်သားတွေရဲ့ အားထုတ်မှုက စစ်မြေပြင်က PDF တွေကို ဘယ်လိုခွန်အားဖြစ်စေသလဲ...

...စတဲ့ မေးခွန်းတွေအပေါ် နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် ဖြေကြားချက်ကို ကောက်နှုတ်တင်ပြပေးလိုက်ပါတယ်။

(CRPH Support Group, Norway facebook page ကနေ ၂၅ ရက်က live တင်ထားတဲ့ ဆွေးနွေချက်ထဲက မိနစ် ၂၀ နီးပါးစာကို ပြန်လည်ကောက်နှုတ်တင်ပြတာဖြစ်ပါတယ်။)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Share

Twitter Delicious Facebook Digg Stumbleupon Favorites More