၃/ ၈၉ မဲေဆာက္
ႏွစ္သစ္ကူးပဲြ ၿပီးတဲ့ေနာက္မွာေတာ့ ေဒသအေျခအေန ေလ့လာေရးခရီးစဥ္အျဖစ္
ကလက္ေဒးကေန ၃ နာရီနီးပါး လမ္းေလွ်ာက္ရတဲ့ ကလက္ေဒး – ေရြဂြန္း
ကားလမ္းၾကမ္းေပၚက ကုန္သည္စခန္းေထာက္ ရွမ္းရြာသစ္ ဆုိတဲ့ ရြာေလးတခုကို
က်ေနာ္ ေရာက္ခဲ့ပါတယ္။
အဲဒီမွာ အိမ္ေျခ ၅၀ ေလာက္နဲ႔ KNU အေကာက္စခန္းတခုရွိပါတယ္။ အထူးသျဖင့္
ႏြားေမွာင္ခုိသယ္တဲ့ လမ္းေၾကာင္း ျဖစ္တာကို သတိထားမိပါတယ္။ ကလက္ေဒးစခန္းက
ေက်ာင္းသားေတြကေတာ့ ဒီရြာကို စခန္းေထာက္အျဖစ္ အသုံးျပဳၿပီး ကုန္သည္ေတြ၊
ခရီးသြားေတြကို စည္းရံုးေဟာေျပာတာ၊ လက္ကမ္းစာေစာင္ျဖန္႔ေ၀တာ၊
ေရွ႕တန္းသတင္းယူတာေတြကုိ လုပ္ေနတာ က်ေနာ္ေတြ႕ရပါတယ္။
မဲေဆာက္မွာ ျငိမ္းခ်မ္းေရးတုိက္ပဲြ သီခ်င္းဆုိေနတဲ့ ကုိမြန္းေအာင္
အဲဒီရြာကအျပန္
သီတင္းတပတ္ေလာက္ ၾကာၿပီးတဲ့အခ်ိန္မွာေတာ့ က်ေနာ္တုိ႔အဖြဲ႕ ကလက္ေဒး ကေန
မဲေဆာက္နဲ႔ ေကာ့မူးရာ ဘက္ဆီေျပာင္းဖုိ႔ ျပင္ပါတယ္။
အေၾကာင္းျပခ်က္ကေတာ့ KNU နယ္ေျမထဲက ေစာထ၊ သံလြင္၊ ကလက္ေဒး၊ ေကာ့မူးရာ။
သီေဘာဘုိး၊ မင္းသမီးနဲ႔ ေမာေတာင္ ဆိုတဲ့ စခန္း ၇ ခုစလံုးအတြက္
အခိ်တ္အဆက္လုပ္ဖို႔ ဆိုရင္ ကလက္ေဒးေနရာက အဆင္မေျပ၊ တယ္လီဖုန္းမရွိ၊
ဖက္စ္မရွိ ျဖစ္ေနတယ္လို႔ ဆိုပါတယ္။ အဲဒီကာလကေတာ့ အီးေမးလ္တို႔၊
အင္တာနက္တို႔ မေပၚေသးပါဘူး။ ပထမအႀကိမ္ ညီလာခံမွတ္တမ္းနဲ႔
ဖြဲ႕စည္းပုံေတြကိုေတာင္ လက္ေရးမူနဲ႔ေရး၊ ေရာင္းစကၠဴနဲ႔ ျပန္ကူး
ထားတာေတြ႕ရပါတယ္။ ေနာက္တခါ အဲဒီအခ်ိန္မွာ မယ္သေ၀ါ တုိက္ပဲြကလည္း
အေတာ္ျပင္းထန္ေနၿပီး ကလက္ေဒစစခန္းပါ က်ေတာ့ မလုိလုိ ျဖစ္ေနတာလည္း ပါမယ္လုိ႔
ထင္ပါတယ္။
အဲဒီတုိက္ပဲြမွာ ကလက္ေဒးစခန္းက ေက်ာင္းသားတဒါဇင္ေလာက္ KNU နဲ႔
လက္တဲြၿပီး ပါ၀င္တုိက္ခုိက္ ေနတယ္လုိ႔ သိရေပမယ့္ အေသးစိပ္ကိုေတာ့ က်ေနာ္
ေမးျမန္းခြင့္မရလုိက္ပါဘူး။ ဒီလို အေၾကာင္း ၂ ခ်က္ကို အေျခခံၿပီး
က်ေနာ္တုိ႔ အုပ္စုဟာ ကလက္ေဒးကေန မဲေဆာက္နဲ႔ ေကာ့မူးရာဘက္ဆီ
ရံုးခန္းေျပာင္းလာခဲ့ပါတယ္။
ထံုးစံအတိုင္း ဗိုလ္မႉးစိုးစိုးအိမ္မွာ တပတ္၊ ၁ဝ ရက္ ေလာက္
ေသာင္တင္ျပန္ပါတယ္။ အဲဒီ ေနာက္မွာေတာ့ မဲေဆာက္ – မယ္ပ ကားလမ္းခြဲနဲ႔
သိပ္မေ၀းတဲ့ အာရွအေဝးေျပး လမ္းေဘး ရပ္ကြက္သစ္တခုထဲက သစ္သားအိမ္ေလး တလံုးကို
ငွားၿပီး ရံုးခန္းဖြင့္လိုက္ပါတယ္။ ရံုးခန္းဆိုေပမယ့္ တယ္လီဖုန္း တလံုး၊
စားပဲြတလံုး၊ ဖိုင္တဲြတခုကလဲြၿပီး တျခားရံုး ပစၥည္းဘာမွ မရိွပါဘူး။
ေက်ာင္းသားေတြရဲ႕ အဲဒီကာလရံုးခန္းေတြကေတာ့ ထံုးစံအတိုင္း လူအားလံုး
အဲဒီမွာပဲ အိပ္၊ အဲဒီမွာပဲစား၊ အဲဒီမွာပဲပြားၾကတဲ့ ေနရာမိ်ဳးပါ။
တေထာင္ေက်ာ္တန္ လုံးခ်င္းအိမ္ တလုံးကုိငွားထားႏုိင္ၿပီဆုိေပမယ့္
စားဖုိ႔ရိကၡာက အဆင္မေျပေသးပါဘူး။ ဒီလုိနဲ႔ တေန႔မွာေတာ့ က်ေနာ္ရယ္၊
ဦးေအာင္ခင္ရယ္၊ ကုိေဇာ္ခင္ရယ္၊ ကုိသိန္းလြင္ရယ္လုိ႔ ထင္ပါတယ္၊ တာ့ခ္ –
မဲေဆာက္ – ျမ၀တီ အာရွအေ၀းေျပး ကားလမ္းေဘးက လမ္းေဘးေျမာင္းထဲက
သန္မာထြားႀကိဳင္းလွတဲ့ ကန္စြန္းပင္ေတြကို သြားခူးၾကတာ မွတ္မိ ေနပါေသးတယ္။
မႀကီးမငယ္နဲ႔ လမ္းေဘးေျမာင္းထဲမွာ ေဆာ့ကစားသလုိ လုပ္ေနၾကတဲ့ က်ေနာ္တုိ႔ကုိ
လမ္းသြား လမ္းလာေတြက ထူးဆန္းတဲ့ သတၱ၀ါေတြ ေတြ႕သလုိ ၾကည့္သြားၾကပါတယ္။
အဲဒီ ကန္စြန္းရြက္ အထုပ္ႀကီးကုိသယ္ၿပီး ရံုးေရွ႕ ျပန္ေရာက္ေတာ့ ကာစတန္
၀တ္စုံလုိ ယူနီေဖာင္းအျပည့္အစုံ ၀တ္ထားတဲ့ အမ်ဳိးသမီးတဦးက က်ေနာ္တုိ႔ကုိ
ထုိင္းဘာသာနဲ႔ နႈတ္ဆက္ပါတယ္။ “ဆ၀ါဒီခရပ္” ထက္ ပုိၿပီး ထုိင္းစကားကို
နားမလည္ ေသးတဲ့ က်ေနာ္တုိ႔ခမ်ာ အဲဒီအမ်ဳိးသမီး ဘာေတြေျပာေနမွန္းမသိပါဘူး။
“ေဟ့ေကာင္၊ ရဲေမလား မသိဘူး။ ငါတုိ႔ရံုးေတာ့ အဖမ္းခံရၿပီထင္တယ္” လုိ႔ ကုိသိန္းလြင္က ေျပာပါတယ္။
တကယ့္အေျခေနက က်ေနာ္တုိ႔ စုိးရိမ္ေနသလုိ မဟုတ္ပါဘူး။ ဒီအမ်ဳိးသမီးက
က်ေနာ္တုိ႔ ငွားထားတဲ့ အိမ္နဲ႔ မ်က္နွာခ်င္းဆုိင္ ၂ ထပ္တုိက္အိမ္က
ေက်ာင္းဆရာမျဖစ္ၿပီး အိမ္နီးခ်င္းအိမ္မွာ လူ သစ္ေတြေရာက္လာလုိ႔
က်ေနာ္တုိ႔ကုိ လာနႈတ္ဆက္ျခင္း မွ်သာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း
ယူနီေဖာင္းျမင္ရင္ လန္႔ေနတဲ့ က်ေနာ္တုိ႔ “နန္းစူစန္ ဖမာ့” (ျမန္မာတကၠသိုလ္
ေက်ာင္းသားကုိ ထုိင္းလုိအေခၚ) ေတြခမ်ာေတာ့ ယူနီေဖာင္းဝတ္ကို ေတြ႕တာနဲ႔
ေျပးဖုိ႔ျပင္တာက အရင္ ျဖစ္ေနေလ့ရွိပါတယ္။
ေနာက္ပုိင္းက်မွ သိရတာကေတာ့ ထုိင္းမွာ ေက်ာင္းဆရာအပါအ၀င္
၀န္ထမ္းတုိင္းလုိလုိ သက္ဆုိင္ရာ ယူနီေဖာင္းေတြကို ၀တ္ထားၾကၿပီး
ဌာနတခုနဲ႔တခု အေရာင္မတူၾကပါဘူး။ ဒါေတြကို မသိတဲ့ က်ေနာ္တုိ႔
ေက်ာင္းသားေတြကေတာ့ ေက်ာင္းဆရာ ကိုေတြ႕လည္း ရဲလုိ႔ ထင္၊ သန္႔ရွင္းေရး
လုပ္သားေတြ႕လည္း ရဲလုိ႔ထင္၊ လမ္းထိပ္က ဒရ၀မ္ကိုေတြ႕လည္း ရဲ လုိ႔ထင္ေနၿပီး
ယူနီေဖာင္း၀တ္ထားသူကုိေတြ႕တာနဲ႔ ေျပးဖုိ႔ျပင္၊ ေၾကာက္ေနၾကတဲ့ ကာလျဖစ္ပါတယ္။
က်ေနာ္တို႔ နယ္ေျမေကာ္မတီက ကန္စြန္းရြက္ ေျမာင္းေဘးနားမွာ
အဲဒီလိုရံုးခန္း ဖြင့္ထားခိ်န္မွာ ဗဟိုေကာ္မတီကလည္း မဲေဆာက္ေစ်း ေဘးနားက ၃
ထပ္တိုက္ႀကီး တလုံးကိုငွားၿပီး ရံုးခန္းဖြင့္ထားတာ ရိွပါတယ္။ ဘာေၾကာင့္
တရံုးတည္း အတူမလုပ္ႏုိင္ဘဲ တဖဲြ႔ တရံုးစီ ဖြင့္ထားသလဲ ဆိုတာကိုေတာ့
အဲဒီကာလက က်ေနာ္ အေသအခ်ာ မစဥ္းစားမိပါဘူး။ လူေတြဟာ ျဖစ္စဥ္တခုအတြင္း
ကုိယ္တုိင္ ထဲထဲ၀င္၀င္ ပါေနရင္ အဲဒီျဖစ္စဥ္ တခုလုံးကုိ အျပင္က အကဲခတ္တဦး၊
သတင္းေထာက္တဦးလုိ တခါမွ ၿခံဳငုုံ မစဥ္းစားျဖစ္ခဲ့ဘူးလားလုိ႔
ဒီေဆာင္းပါးေရးေတာ့မွ က်ေနာ္ ျပန္စဥ္းစားမိပါတယ္။ ေဘာလုံးကန္ေနသူနဲ႔
ပဲြၾကည့္ ပရိသတ္အျမင္ကြာသလုိမ်ဳိး၊ ေဘာလုံးကန္ေနသူနဲ႔ ေဘာ္လုံး
ေဆာင္းပါးရွင္ အျမင္ ကြာသလုိမ်ဳိး ကြာေနခဲ့တာ ျဖစ္ဖုိ႔ မ်ားတယ္လုိ႔
ထင္ပါတယ္။
ဘာဘဲ့ျဖစ္ျဖစ္ က်ေနာ္ တဦးတည္း အတြက္ကေတာ့ မဲေဆာက္ၿမိဳ႕ အခင္းအက်င္း၊
အနီးဝန္းက်င္က ေက်ာင္းသားစခန္း ေတြရဲ႕ အခင္းအက်င္းေတြကို ေလ့လာခြင့္
ရခဲ့ပါတယ္။
က်ေနာ္တို႔ ရံုးကေတာ့ ၿမိဳ႕နဲ႔ေဝးတဲ့အတြက္ မဲေဆာက္ေစ်းကေန ၄၅ မိနစ္ေလာက္
လမ္းေလွ်ာက္ရၿပီး ကံမေကာင္းရင္ လမ္းမွာ ရဲ ဆဲြတာ ခံရနိုင္ပါတယ္။ ဒါေၾကာင့္
စခန္းက တက္လာတဲ့လူေတြထဲက တာဝန္ရိွသူမွအပ သိပ္မလာၾကပါဘူး။ ဒါေပမယ့္
ဗဟိုရံုးကေတာ့ မဲေဆာက္ေစ်းေဘးမွာ၊ စခန္း အသီးသီးကေန လာလုိ႔ရတဲ့
လုိင္းကားဂိတ္ေတြ ေဘးမွာ ကပ္ၿပီးရိွေနတာဆိုေတာ့ စခန္းကေန မဲေဆာက္ကုိ
တက္လာသမွ်လူတိုင္း အလြယ္တကူ ဝင္ႏုိင္တဲ့ ေနရာမ်ိဳးပါ။
ဒါေမပဲ့ အဲဒီကာလက က်ေနာ္တို႔ အခ်င္းခ်င္းၾကား ဘာေတြလဲြေနသလဲေတာ့
မသိပါဘူး။ စခန္းက ရဲေဘာ္ေတြ သူတုိ႔ ရံုးဆီလာတာကို ဗဟိုက လူႀကီးေတြက
မႀကိဳက္ၾကသလုိ၊ က်ေနာ္တုိ႔ ကုိယ္တုိင္လည္း ရဲေဘာ္ေတြရံုးလာတာကို
သိပ္မႀကိဳက္ၾကပါဘူး။
ဗဟိုရံုးနဲ႔ နယ္ေျမရံုးဟာ လွ်ိဳ႕ဝွက္ေနရာျဖစ္သလိုလို၊ လူတိုင္းပဲ
လာလို႔မရတဲ့ ေနရာလိုလိုနဲ႔ အေပၚထပ္ အေဆာက္အအံုက လူေတြနဲ႔ ရဲေဘာ္ထုအၾကား
အဆင္မေျပၾကပါဘူး။ မဲေဆာက္ကိုလာတဲ့ ရဲေဘာ္ အမ်ားစုကလည္း အနီးဆံုး
စခန္းေတြျဖစ္တဲ့ သီေဘာဘိုး၊ ဝမ္ခ၊ ကလက္ေဒးက်ၿပီး ထပ္ေျပာင္းတဲ့ေနရာသစ္
ေရေက်ာ္၊ သံလြင္၊ ေစာထတို႔က မ်ားၿပီး ဗဟုိ ေကာ္မတီကုိ တခါမွ အေကာင္းေျပာတာ
က်ေနာ္ မၾကားမိပါဘူး။
ဗဟုိနဲ႔ နယ္ေျမအၾကား၊ ရဲေဘာ္ထုအၾကား ဒီလုိ အျမင္မၾကည္တာေတြ
ရွိေပမယ့္လည္း က်ေနာ္ကေတာ့ မဲေဆာက္ေစ်း အနီးက ဗဟုိရံုးကို မၾကာခန
ေရာက္ျဖစ္ပါတယ္။
တေန႔မွာေတာ့ အဆုိေတာ္ ကုိမြန္းေအာင္နဲ႔ ေတြ႕ခြင့္ရၿပီး မုိးလုံးမႈိင္း
သီခ်င္းကုိ စာသားေျပာင္း ဆုိထားတဲ့ မႈိင္းလုံးမုိးသီခ်င္းကို နားေထာင္ခြင့္
ရခဲ့ပါတယ္။ ေဟာ္လုိဂစ္တာ တလုံးတည္းနဲ႔ သီဆုိေပမယ့္ ရင္ကိုတန္းၿပီးထိတဲ့
အထိ က်ေနာ္ခံစားရ တဲ့့သီခ်င္းတပုဒ္ပါ။
ေတးေရး ကုိရဲနီနဲ႔အတူ ၈-ေလးလုံး ၁၀ နွစ္ျပည့္မွာ သီခ်င္းဆုိေနတဲ့ ကိုမြန္းေအာင္။
ေတးေရး ကုိရဲနီနဲ႔အတူ ၈-ေလးလုံး ၁၀ နွစ္ျပည့္မွာ သီခ်င္းဆုိေနတဲ့ ကိုမြန္းေအာင္။
“… ဆုံးရ႔ံႈးခဲ့တဲ့ လူ႔အခြင့္ေရးအတြက္ ေတာ္လွန္ေန ….၊ ေက်ာင္းေတာ္ေျမနဲ႔
တမ္းတခ်စ္သူ ခ်န္ကာေလ …။ တုိင္တည္ပါတယ္ အသက္ေသြး စေတးခဲ့
ရဲေဘာ္သူငယ္ခ်င္းေရ …”
“… ရဲရင့္သစၥာ သားျပဳခဲ့ၿပီ ေမေမေရ …၊ အမွ်ေ၀ႏုိင္ဖုိ႔ သားတုိ႔အတြက္ဆုိ
ဂုဏ္ယူေလ …။ ဒီမုိကေရစီ အခြင့္ေရးအတြက္ဆုိ အသက္ကိုစြန္႔ထားေပ …”
ကုိမြန္းေအာင္ပဲ အဆုိေကာင္းလုိ႔လား၊ က်ေနာ္ကပဲ က်ဆုံးသြားတဲ့
ရဲေဘာ္သူငယ္ခ်င္းေတြကုိ ျမင္ေနမိလုိ႔၊ အေမ့ကို သိပ္လြမ္းေနလုိ႔
လားေတာ့မသိပါဘူး၊ သူ႔သီခ်င္းကုိ နားေထာင္ရင္း က်ေနာ္ မ်က္ရည္
စုိ႔ခဲ့ရပါတယ္။
ကုိမြန္းေအာင္ရဲ့ ေနာက္ထပ္ နာမည္ႀကီးသီခ်င္းတပုဒ္ကေတာ့ ကိုရဲနည္ ေရးစပ္ေပးခဲ့တဲ့ ၃/ ၈၈ အင္လ်ား ျဖစ္ပါတယ္။
“… စိ္မ္းလဲ့ကန္သာ အင္းလ်ားေျမမွာ … ေလေျပတုိ႔ ေဆာ့ကစားစဥ္။
ၾကင္နာသူတုိ႔ရဲ႕ အနမ္းေတြ၊ တီးတိုး ခ်စ္စကားသံတုိ႔ လြမ္းရာေျမ။ တံတားျဖဴေပၚ
ႏွစ္ဦးသားေျခရာ သဇင္ရနံ႔တုိ႔ ညညဆုိေမႊးလုိ႔ …၊
"...၈၈ ရဲ႕ မတ္လမွာ အင္းလ်ား
ရာဇ၀င္ ေျပာင္းခဲ့ၿပီ … စိမ္းျမတဲ့ ေရလႈိင္းေတြ အေရာင္းေျပာင္းလဲ …။
ျဖဴစင္တဲ့ တံတားငယ္လည္း အနီစြန္းခဲ့ၿပီ …၊ ရာသီ အလီလီ ေျပာင္းေပမယ့္
မေဟာင္းခဲ့ႏုိင္ဘူး … ရာသီ အလီလီေျပာင္းေပမယ့္ မေဟာင္းခဲ့ႏုိင္ဘူး …
အင္လ်ားေရ …”
ဒီသီခ်င္းကုိ အဲဒီေန႔က ကိုမြန္းေအာင္ ဆုိမဆုိ က်ေနာ္အေသအခ်ာ
မမွတ္မိေတာ့ေပမယ့္ သူ႔ရဲ႕သီခ်င္း ေတြကို ႀကိဳက္လြန္း တာရယ္၊ ေနာက္တခါ
အဲဒီသီခ်င္းထဲက ဇာတ္ေကာင္ေတြျဖစ္တဲ့ အင္လ်ားကန္ေဘးမွာ လမ္းသလား ေနသူေတြ၊
အင္လ်ားေဆာင္ ေရွ႕မွာ ဂစ္တာတီးေနသူေတြ အေတာ္မ်ားမ်ားဟာ အခု တႏွစ္တာ
ၾကာပီးတဲ့ အခ်ိန္မွာေတာ့ မဲေဆာက္၀န္းက်င္ဆီ ေရာက္ေနတာကို ေတြ႕မိတဲ့အတြက္
ဒီေဆာင္းပါးရဲ႕ ေခါင္းစဥ္ခြဲကုိ ၃/ ၈၉ မဲေဆာက္ ဆုိၿပီး က်ေနာ္ ေပးလုိက္မိတာ
ျဖစ္ပါတယ္။
ကုိမြန္းေအာင္အပါ၀င္ ဗဟုိရံုးမွာ ေရာက္ေနတဲ့ ဧည့္သည္ေတြနဲ႔ စကားေျပာၿပီး ညေနေစာင္းခ်ိန္မွာ နယ္ေျမရံုးဆီ က်ေနာ္ ကုန္းေၾကာင္း ခ်ီတက္လာပါတယ္။
ကုိမြန္းေအာင္အပါ၀င္ ဗဟုိရံုးမွာ ေရာက္ေနတဲ့ ဧည့္သည္ေတြနဲ႔ စကားေျပာၿပီး ညေနေစာင္းခ်ိန္မွာ နယ္ေျမရံုးဆီ က်ေနာ္ ကုန္းေၾကာင္း ခ်ီတက္လာပါတယ္။
အဲဒီကာလက က်ေနာ္တုိ႔ ေက်ာင္းသားေတြဟာ အခုေခတ္လုိ ကားေတြ၊ ဆုိင္ကယ္ေတြကို
ကုိယ္ပုိင္ စီးႏုိင္ဖုိ႔ ေနေနသာသာ ဆန္လြန္႔ ဆိုတဲ့ ထုိင္းဆုိကၠားကိုေတာင္
ငွားစီးႏုိင္တဲ့ အေျခအေန မရွိေသးပါဘူး။
ပုိဆုိးတာက လမ္းေလွ်ာက္ဖိနပ္လို႔
ေခၚတဲ့ ေဝ့ါကင္းရွဴးကုိေတာင္ မ၀ယ္ႏိုင္တဲ့အတြက္ ဆင္ၾကယ္ဖိနပ္၊
ျမင္းၾကယ္ဖိနပ္ေတြနဲ႔ ျဖစ္သလုိသြားေနရတဲ့ ဘ၀ပါ။ ဒါ့အျပင္ က်ေနာ္တုိ႔
၀တ္စားဆင္ရင္ ထားမႈကလည္း ထုိင္းေတြနဲ႔ မတူပါဘူး။ ႏုိင္ငံတကာ အလွဴရွင္ေတြ
ပုိ႔ေပးထားတဲ့ ေဘထုတ္ထဲက ကုိယ့္ခြဲတမ္း အတြက္ မဲေပါက္တဲ့ အ၀တ္အစားေတြနဲ႔
လမ္းသလား ေနၾကတာဆုိေတာ့ လာဘ္ေငြရွာေနတဲ့ ထုိင္းရဲေတြ အတြက္ က်ေနာ္တုိ႔ဟာ
ဖမ္းခ်င္စရာႀကီး ျဖစ္ေနပုံရပါတယ္။
ကံေကာင္းတာကေတာ့ အဲဒီအခ်ိန္ထိ က်ေနာ္ ရဲဖမ္းတာ တခါမွ မခံရေသးပါဘူး။
ဒါေပမယ့္ တျခား ေက်ာင္းသား အေတာ္ မ်ားမ်ားကေတာ့ မဲေဆာက္ေစ်း၀န္းက်င္မွာ
လမ္းေလွ်ာက္ရင္း၊ မဲေဆာက္ေစ်းကေန ေဒါက္တာ စင္သီယာေမာင္ရဲ႕ ေဆးခန္းဆီ
လမ္းေလွ်ာက္သြားရင္းနဲ႔ ခဏခဏအဖမ္းခံရလုိ႔ ထိုင္းရဲရဲ႕ ဖမ္းခ်င္စရာေကာင္းတဲ့
“ကိုရဲခ်စ္” ေတြ ျဖစ္ေနၾကတဲ့ အခ်ိန္မ်ိဳးပါ။
ဒီလုိအေျခေနမွာ ေရွ႕မွာ က်ေနာ္ေျပာခဲ့တဲ့ ဗိုလ္မႉးစိုးစိုး အိမ္မွာ
ပထမဆုံး ေတြ႕ခဲ့သူ ကို၀ဏၰ၊ ကုိစိန္ဟန္၊ ေနာ္ထူးနဲ႔ ေဒါက္တာ
စင္သီယာေမာင္တုိ႔ ေပါင္းၿပီး အခု လက္ရွိ ေဆးခန္းေနရာမွာပဲ မဲေဆာက္ –
မယ္ေတာ္ ကားလမ္းေဘး ဗြက္အုိင္ထဲက
သစ္သား အိမ္အုိႀကီးတလုံးကိုငွားလို႔ ေဆးခန္းဖြင့္ လုိက္ပါတယ္။
က်ေနာ္နဲ႔ နယ္ေျမေကာ္မတီက ရဲေဘာ္တခ်ဳိ႕ သြားၿပီး သန္႔ရွင္းေရး
လုပ္အားေပးခဲ့ပါေသးတယ္။ ဖြင့္ကာစမွာ ပစၥည္းကလည္း မစုံ။ ရံပုံေငြကလည္း
မရွိလုိ႔ အခက္ခဲေတြ ရွိခဲ့ေပမယ့္ စခန္းအသီးသီးကေန မဲေဆာက္ကုိ ေရာက္လာတဲ့
ငွက္ဖ်ားေက်ာင္းသား ေတြ၊ တုိက္ပဲြမွာ ဒဏ္ရာရတဲ့ ေက်ာင္း သားေတြကုိ
ျပဳစုရင္းနဲ႔ ေက်ာင္းသားေဆးခန္း ဆုိၿပီး လပိုင္းအတြင္းမွာတင္ လူသိမ်ား
ထင္ရွားလာပါတယ္။ ထုံးစံအတုိင္း အဲဒီေဆးခန္းဟာ လူနာေတြ အတြက္တင္မကဘဲ
မဲေဆာက္ေရာက္ က်ဳိးဖုိး အားလုံးရဲ႕
စုရပ္တခုလည္း ျဖစ္လာခဲ့ပါတယ္
(၂၀၁၁ ဧၿပီလက က်ေနာ္ မဲေဆာက္ေရာက္ခဲ့လို႔
ေဒါက္တာ စင္သီယာေမာင္ ေဆးခန္းဆီ ၀င္ၾကည့္တဲ့အခါ အဲဒီမူလ အေဆာက္အအံုဟာ
အုိမင္းလြန္းတဲ့အတြက္ ၿဖိဳဖ်က္ထားတာကုိ ေတြ႕ရပါတယ္။ ဒါေပမယ့္
အဲဒီ မူလအေဆာင္အအံုထက္ ပုိေကာင္းတဲ့ ေဆးခန္း၊ လူနာေဆာင္၊ စားဖုိေဆာင္၊
စာသင္ေဆာင္ အပါအ၀င္ အုတ္နဲ႔ အခုိင္အမာ ေဆာက္ထားတဲ့ အေဆာက္အအံုသစ္ေပါင္း
တဒါဇင္ေက်ာ္ကုိ ခန္႔ခန္႔ျငားျငား ေတြ႕ခဲ့ရၿပိီး အတြင္း – အျပင္ လူနာ
တရာေက်ာ္နဲ႔ ေဆးသင္တန္းသားအသစ္ေတြ၊ ေဆးမႉးအသစ္ေတြ၊ ႏုိင္ငံတကာက
ေစတနာ့၀န္ထမ္း ေတြကိုပါ စည္ကား သုိက္ၿမိဳက္စြာ ေတြ႕ခဲ့ရပါတယ္)
ျဖစ္မ်ဳိးစုံလင္ မဲေဆာက္တခြင္
အဲဒီကာလက မဲေဆာက္ျမင္ကြင္းေလးကို နည္းနည္း ေျပာရမယ္ဆိုရင္ ဗဟိုရံုးကေန
ထြက္လိုက္တာနဲ႔ အခု နာမည္ႀကီးေနတဲ့ “မဲေဆာက္လင္း” တိတ္ေခြ၊ ဗီဒီယုိေခြ
ေရာင္းတဲ့ဆိုင္ကို ေရာက္မယ္၊ အဲဒီဆိုင္ေဘး မွာနာမည္ႀကီး ကုလား လက္ဖက္ရည္
ဆိုင္၊ ကားလမ္းကို ေက်ာ္လိုက္ရင္ မဲေဆာက္ ဘုန္းႀကီးေက်ာင္း၊
ဘုန္းႀကီးေက်ာင္းကေန ဒီဘက္ထြက္လုိက္ရင္ မဲေဆာက္ ရုပ္ရွင္ရံု (အခုေတာ့
အဲဒီရံုကုိဖ်က္ၿပီး ညေစ်း ဖြင့္ထားပါတယ္) ရုပ္ရွင္ရံုရဲ႕ ေဘးမွာေတာ့
က်ေနာ္တို႔ ေက်ာင္းသားေတြရဲ႕ စားအိမ္ေသာက္အိမ္ ျဖစ္ေနတဲ့
ဗိုလ္ႀကီးစိုးမင္းရဲ႕အိမ္ေပါ။ ဒါကေတာ့
ရံုးကေနညာဖက္ကိုလွည့္သြားတဲ့အပိုင္းပါ၊
ရံုးကေန ဘယ္ဘက္ကို
လွည့္လိုက္မယ္ဆိုရင္ မဲေဆာက္ေစ်းထဲကို တည့္တည့္ေရာက္ပါတယ္၊ အဲဒီမွာ
က်ေနာ္တို႔ ေက်ာင္းသားေတြ
ထိုင္ေလ့ရိွတဲ့ဆိုင္က အန္တီခ်စ္လက္ဖက္ရည္ဆိုင္၊ အန္တီခ်စ္ဆုိလုိ႔ အန္တီမမႀကီးလုိ႔မထင္လုိက္ပါနဲ႔၊ အန္တီ ဦးဦးႀကီးသာ ျဖစ္ပါတယ္။
မဲေဆာက္ေစ်းတြင္း အခင္းအက်င္းကေတာ့ အခုနဲ႔ သိပ္မကြာလွပါဘူး။
လူရႈပ္တာကလည္း အခုလိုပါပဲ။ အဲဒီ အန္တီခ်စ္ ဆိုင္မွာေတာင္ ဟိုဖက္က
ေထာက္လွမ္းေရးေတြရိွသလိုလို သတင္းထြက္လာတဲ့တြက္ ေနာက္ပိုင္းမွာ က်ေနာ္လည္း
သြားမထိုင္ရဲေတာ့ပါဘူး။ ေနာက္ ခုနကေျပာတဲ့ ရုပ္ရွင္ရံုကိုေက်ာ္ၿပီး
သြားလိုက္ရင္ ပတၲျမားဆိုတဲ့ ဇိမ္ခန္း ရိွပါတယ္။ အဲဒီအခန္း ကိုေက်ာ္ၿပီး
ဆက္ေလွ်ာက္ရင္ ရဲစခန္းကို ေရာက္မယ္၊ ရဲစခန္းေဘးက First ဟိုတယ္မွာေတာ့ ဒညတ
(ဒီမုိကရက္တစ္ ညီညြတ္ေရးတပ္ေပါင္းစု) ရံုးခန္းရိွပါတယ္။
အဲဒီကာလက ဒညတ ရံုး တာ၀န္ခံကေတာ့ က်ေနာ္တုိ႔ ထား၀ယ္သားတဦးျဖစ္တဲ့ ကုိသန္းလြင္ (အခု FTUB) ျဖစ္ပါတယ္။
သူ႔ရံုးခန္းဆီ က်ေနာ္ ေရာက္သြားတဲ့ အခ်ိန္မွာ ABSDF ဗဟုိေကာ္မတီ၀င္
တဦးျဖစ္တဲ့ ကိုတင္စုိး (ေစာထစခန္းမွာ ဗဟုိေကာ္မတီ၀င္။ အခု ၾသစေတလ်မွာလို႔
ယူဆရ) ကုိေတြ႕ရပါတယ္။
ဒါေပမယ့္ ေရွ႕မွာေျပာခဲ့တဲ့အတုိင္း အဲဒီကာလမွာ ေက်ာင္းသားေတြဟာ ဗဟုိနဲ႔
ေအာက္ေျခၾကား အျမင္မၾကည္ၾကတဲ့အျပင္ မဟာမိတ္ အဖြဲ႕ေတြေပၚမွာလည္း
အေကာင္းေျပာသူ သိပ္မရွိလွပါဘူး။ ဒညတကုိ ေဒၚညြန္႔တင္၊ ဓညင္းသီး စသျဖင့္
အမ်ဳိးမ်ဳိး အပုတ္ခ် ေခၚဆုိေနၾကတဲ့အျပင္၊ ဒီအဖြဲ႔ဟာ ေငြအင္အား
သိပ္ေတာင့္ၿပီး ေက်ာင္းသားေတြကို ဆဲြစားေလ့ရွိတဲ့အဖြြဲ႕၊ ေဖာက္ခဲြေရး
သင္တန္းေတြေပးၿပီး ေက်ာင္းသားေတြကုိ အသုံးခ်ေနတဲ့အဖြဲ႕ စသျဖင့္
ေ၀ဖန္သံေတြနဲ႔ ဆူညံေနခဲ့တဲ့ ကာလလည္း ျဖစ္ပါတယ္။
တုိက္ပဲြမစခင္ ျပည္ေတာ္ျပန္၀င္သြားသူမ်ား
က်ေနာ္တုိ႔ မဲေဆာက္ကုိမေရာက္ခင္ ျဖစ္ပ်က္သြားတဲ့
ထူးျခားျဖစ္စဥ္တခုကိုလည္း ဒီေနရာမွာ တင္ျပလုိပါတယ္။ စက္တင္ဘာ ၁၈ မွာ
ဗိုလ္ခ်ဳပ္ႀကီးေစာေမာင္ အာဏာသိမ္းၿပီး ႏုိင္ငံတကာအသိုင္းအဝန္း တခုလုံးက
ရႈပ္ေနခ်ိန္မွာ ထုိင္းကာကြယ္ေရး ဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္ႀကီး ခ်ာဗလစ္
ေယာင္ခ်ာယုက ရန္ကုန္ကို သြားေရာက္လည္ပတ္ ခဲ့ပါတယ္။ အဲဒီခရီးစဥ္အတြင္း
ငါးဖမ္းခြင့္၊ သစ္ထုတ္ခြင့္ေတြ ရခဲ့သလုိ နယ္စပ္ေရာက္ ေက်ာင္းသားေတြကို
မဲေဆာက္ေလယာဥ္ကြင္းကေန ျပန္လည္ ပုိ႔ေဆာင္ေရး အစီစဥ္ တခုလည္း ပါရွိခဲ့ပါတယ္။
ထိုင္း-ျမန္မာနယ္စပ္ ခ်စ္ၾကည္ေရးတံတား။
ထိုင္း-ျမန္မာနယ္စပ္ ခ်စ္ၾကည္ေရးတံတား။
ျမန္မာႏိုင္ငံ ဘက္ကလည္း ကာကြယ္ေရးဦးစီးခ်ဳပ္ (ၾကည္း) နဲ႔ ပညာေရးဝန္ႀကီး
တို႔က ၂၆ – ၉ – ၈၈ ေန႔စြဲနဲ႔ နယ္စပ္ေရာက္ ေက်ာင္းသားမ်ား ျပန္လာဖုိ႔
ေမတၲာရပ္ခံခ်က္ တေစာင္ ထုတ္ျပန္ခဲ့ပါတယ္။
တခ်ိန္တည္းမွာပဲ နယ္စပ္ျပန္ ေက်ာင္းသားေတြျဖစ္တဲ့ လွေအာင္၊ သိန္းေဌး၊
မင္းသိန္းတို႔ကလည္း “ေက်ာင္းသား လူငယ္မ်ားသို႔ အသိေပးေၾကညာခ်က္”
ေခါင္းစဥ္ပါ စာေတြကို နယ္စပ္တေလွ်ာက္ ေလယာဥ္နဲ႔ ႀကဲခ်ခ့ဲ့ပါတယ္။
ဒါ့အျပင္
ေက်ာင္းသားတဦး ျပန္လာေအာင္ ေဆာင္ရြက္ေပးနုိင္ရင္ အဲဒီလုိ လုပ္ေပးတဲ့လူကုိ
ဘတ္ေငြ ၅ဝဝဝ စီ ေပးမယ္လို႔ ဘန္ေကာက္ ျမန္မာသံရံုးက ေၾကညာခ်က္
ထုတ္ျပန္ခဲ့ပါတယ္။
အဲဒီအခ်ိန္ဟာ ေက်ာင္းသားေခါင္းေဆာင္ေတြ သီေဘာဘုိးနဲ႔ ၀မ္ခမွာ ပထမအႀကိမ္
ညီလာခံအတြက္ ေဆြးေႏြးလုိ႔ ေကာင္းတုန္း၊ မယ္သေ၀ါကို န၀တ က အႀကီးအက်ယ္
ထုိးစစ္ဆင္လုိ႔ ေကာင္းတုန္း အခ်ိန္ေတြနဲ႔ တုိက္ဆုိင္ေနပါတယ္။
န၀တ နဲ႔ ခ်ာဗလစ္ရဲ႕ အဲဒီစီမံကိန္းေၾကာင့္ ေက်ာင္းသားေတြ ရာနဲ႔ခ်ီၿပီး
မဲေဆာက္ကေန ရန္ကုန္ၿမိဳ႕ဆီ ေလယာဥ္စီးၿပီး ျပန္သြားတာကို အဲဒီကာလက ထုတ္ေ၀တဲ့
သတင္းစာေတြ၊ ရုပ္ျမင္သံၾကားေတြမွာ ပရိသတ္ေတြ ျမင္ခဲ့ဖူးမွာ ျဖစ္္ပါတယ္။
ဒီျဖစ္စဥ္ေတြဟာ က်ေနာ္တုိ႔အုပ္စုက လက္ေဒးမွာ အစည္းေ၀းလုပ္ေနတုန္း
ျဖစ္သြားတယ္ဆုိေပမယ့္ မဲေဆာက္အေျခေနဟာ အခုခ်ိန္အထိ ဘယ္လိုမွ စိတ္ခ်လုိ႔ရတဲ့
အေျခေနမဟုတ္ေသးပါဘူး။ ဘယ္သူ႔ကို ဘာေကာင္မွန္း အတိအက်မသိရေသးတဲ့ အခ်ိန္ပါ။
ဒီလုိနဲ႔ သူကုိ ကုိယ္မယုံ၊ ကိုယ့္ကုိ သူမယုံျဖစ္ေနၾကၿပီး ဘယ္သူ ဘယ္ေန႔
ျမ၀တီဘက္ ျပန္ေျပးမလဲဆုိၿပီး ေစာင့္ ၾကည့္ေနတဲ့ သေဘာမ်ဳိး ျဖစ္ေနပါတယ္။
ဒီၾကားထဲ က်ေနာ္တုိ႔စခန္းက ကို္ယ္စားလွယ္တဦးျဖစ္သူ ဦးစံေရႊေအာင္တေယာက္
ျမ၀တီဘက္ ျပန္၀င္သလုိလုိနဲ႔ ေပ်ာက္သြားတဲ့ အခါမွာေတာ့ မယုံသကၤာ
ေစာင့္ၾကည့္ မႈေတြဟာ ပုိမ်ားလာၿပီး အေနအထုိင္၊ အသြားအလာအားလုံး
သတိထားေနရတဲ့ အေျခေနျဖစ္လာခဲ့ပါတယ္။
=====================================================
ထက်အောင်ကျော် November 24, 2011 6:11 pm
အောက်မေ့ဖွယ်။ ဧရာဝတီမဂဇင်း။
၃/ ၈၉ မဲဆောက်
နှစ်သစ်ကူးပွဲ ပြီးတဲ့နောက်မှာတော့ ဒေသအခြေအနေ လေ့လာရေးခရီးစဉ်အဖြစ် ကလက်ဒေးကနေ ၃ နာရီနီးပါး လမ်းလျှောက်ရတဲ့ ကလက်ဒေး – ရွေဂွန်း ကားလမ်းကြမ်းပေါ်က ကုန်သည်စခန်းထောက် ရှမ်းရွာသစ် ဆိုတဲ့ ရွာလေးတခုကို ကျနော် ရောက်ခဲ့ပါတယ်။
အဲဒီမှာ အိမ်ခြေ ၅၀ လောက်နဲ့ KNU အကောက်စခန်းတခုရှိပါတယ်။ အထူးသဖြင့် နွားမှောင်ခိုသယ်တဲ့ လမ်းကြောင်း ဖြစ်တာကို သတိထားမိပါတယ်။ ကလက်ဒေးစခန်းက ကျောင်းသားတွေကတော့ ဒီရွာကို စခန်းထောက်အဖြစ် အသုံးပြုပြီး ကုန်သည်တွေ၊ ခရီးသွားတွေကို စည်းရုံးဟောပြောတာ၊ လက်ကမ်းစာစောင်ဖြန့်ဝေတာ၊ ရှေ့တန်းသတင်းယူတာတွေကို လုပ်နေတာ ကျနော်တွေ့ရပါတယ်။
မဲဆောက်မှာ ငြိမ်းချမ်းရေးတိုက်ပွဲ သီချင်းဆိုနေတဲ့ ကိုမွန်းအောင်
အဲဒီရွာကအပြန် သီတင်းတပတ်လောက် ကြာပြီးတဲ့အချိန်မှာတော့ ကျနော်တို့အဖွဲ့ ကလက်ဒေး ကနေ မဲဆောက်နဲ့ ကော့မူးရာ ဘက်ဆီပြောင်းဖို့ ပြင်ပါတယ်။
အကြောင်းပြချက်ကတော့ KNU နယ်မြေထဲက စောထ၊ သံလွင်၊ ကလက်ဒေး၊ ကော့မူးရာ။ သီဘောဘိုး၊ မင်းသမီးနဲ့ မောတောင် ဆိုတဲ့ စခန်း ၇ ခုစလုံးအတွက် အချိတ်အဆက်လုပ်ဖို့ ဆိုရင် ကလက်ဒေးနေရာက အဆင်မပြေ၊ တယ်လီဖုန်းမရှိ၊ ဖက်စ်မရှိ ဖြစ်နေတယ်လို့ ဆိုပါတယ်။ အဲဒီကာလကတော့ အီးမေးလ်တို့၊ အင်တာနက်တို့ မပေါ်သေးပါဘူး။ ပထမအကြိမ် ညီလာခံမှတ်တမ်းနဲ့ ဖွဲ့စည်းပုံတွေကိုတောင် လက်ရေးမူနဲ့ရေး၊ ရောင်းစက္ကူနဲ့ ပြန်ကူး ထားတာတွေ့ရပါတယ်။ နောက်တခါ အဲဒီအချိန်မှာ မယ်သဝေါ တိုက်ပွဲကလည်း အတော်ပြင်းထန်နေပြီး ကလက်ဒေစစခန်းပါ ကျတော့ မလိုလို ဖြစ်နေတာလည်း ပါမယ်လို့ ထင်ပါတယ်။
အဲဒီတိုက်ပွဲမှာ ကလက်ဒေးစခန်းက ကျောင်းသားတဒါဇင်လောက် KNU နဲ့ လက်တွဲပြီး ပါဝင်တိုက်ခိုက် နေတယ်လို့ သိရပေမယ့် အသေးစိပ်ကိုတော့ ကျနော် မေးမြန်းခွင့်မရလိုက်ပါဘူး။ ဒီလို အကြောင်း ၂ ချက်ကို အခြေခံပြီး ကျနော်တို့ အုပ်စုဟာ ကလက်ဒေးကနေ မဲဆောက်နဲ့ ကော့မူးရာဘက်ဆီ ရုံးခန်းပြောင်းလာခဲ့ပါတယ်။
ထုံးစံအတိုင်း ဗိုလ်မှူးစိုးစိုးအိမ်မှာ တပတ်၊ ၁ဝ ရက် လောက် သောင်တင်ပြန်ပါတယ်။ အဲဒီ နောက်မှာတော့ မဲဆောက် – မယ်ပ ကားလမ်းခွဲနဲ့ သိပ်မဝေးတဲ့ အာရှအဝေးပြေး လမ်းဘေး ရပ်ကွက်သစ်တခုထဲက သစ်သားအိမ်လေး တလုံးကို ငှားပြီး ရုံးခန်းဖွင့်လိုက်ပါတယ်။ ရုံးခန်းဆိုပေမယ့် တယ်လီဖုန်း တလုံး၊ စားပွဲတလုံး၊ ဖိုင်တွဲတခုကလွဲပြီး တခြားရုံး ပစ္စည်းဘာမှ မရှိပါဘူး။ ကျောင်းသားတွေရဲ့ အဲဒီကာလရုံးခန်းတွေကတော့ ထုံးစံအတိုင်း လူအားလုံး အဲဒီမှာပဲ အိပ်၊ အဲဒီမှာပဲစား၊ အဲဒီမှာပဲပွားကြတဲ့ နေရာမျိုးပါ။
တထောင်ကျော်တန် လုံးချင်းအိမ် တလုံးကိုငှားထားနိုင်ပြီဆိုပေမယ့် စားဖို့ရိက္ခာက အဆင်မပြေသေးပါဘူး။ ဒီလိုနဲ့ တနေ့မှာတော့ ကျနော်ရယ်၊ ဦးအောင်ခင်ရယ်၊ ကိုဇော်ခင်ရယ်၊ ကိုသိန်းလွင်ရယ်လို့ ထင်ပါတယ်၊ တာ့ခ် – မဲဆောက် – မြဝတီ အာရှအဝေးပြေး ကားလမ်းဘေးက လမ်းဘေးမြောင်းထဲက သန်မာထွားကြိုင်းလှတဲ့ ကန်စွန်းပင်တွေကို သွားခူးကြတာ မှတ်မိ နေပါသေးတယ်။ မကြီးမငယ်နဲ့ လမ်းဘေးမြောင်းထဲမှာ ဆော့ကစားသလို လုပ်နေကြတဲ့ ကျနော်တို့ကို လမ်းသွား လမ်းလာတွေက ထူးဆန်းတဲ့ သတ္တဝါတွေ တွေ့သလို ကြည့်သွားကြပါတယ်။
အဲဒီ ကန်စွန်းရွက် အထုပ်ကြီးကိုသယ်ပြီး ရုံးရှေ့ ပြန်ရောက်တော့ ကာစတန် ဝတ်စုံလို ယူနီဖောင်းအပြည့်အစုံ ဝတ်ထားတဲ့ အမျိုးသမီးတဦးက ကျနော်တို့ကို ထိုင်းဘာသာနဲ့ နှုတ်ဆက်ပါတယ်။ “ဆဝါဒီခရပ်” ထက် ပိုပြီး ထိုင်းစကားကို နားမလည် သေးတဲ့ ကျနော်တို့ခမျာ အဲဒီအမျိုးသမီး ဘာတွေပြောနေမှန်းမသိပါဘူး။
“ဟေ့ကောင်၊ ရဲမေလား မသိဘူး။ ငါတို့ရုံးတော့ အဖမ်းခံရပြီထင်တယ်” လို့ ကိုသိန်းလွင်က ပြောပါတယ်။
တကယ့်အခြေနေက ကျနော်တို့ စိုးရိမ်နေသလို မဟုတ်ပါဘူး။ ဒီအမျိုးသမီးက ကျနော်တို့ ငှားထားတဲ့ အိမ်နဲ့ မျက်နှာချင်းဆိုင် ၂ ထပ်တိုက်အိမ်က ကျောင်းဆရာမဖြစ်ပြီး အိမ်နီးချင်းအိမ်မှာ လူ သစ်တွေရောက်လာလို့ ကျနော်တို့ကို လာနှုတ်ဆက်ခြင်း မျှသာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ယူနီဖောင်းမြင်ရင် လန့်နေတဲ့ ကျနော်တို့ “နန်းစူစန် ဖမာ့” (မြန်မာတက္ကသိုလ် ကျောင်းသားကို ထိုင်းလိုအခေါ်) တွေခမျာတော့ ယူနီဖောင်းဝတ်ကို တွေ့တာနဲ့ ပြေးဖို့ပြင်တာက အရင် ဖြစ်နေလေ့ရှိပါတယ်။
နောက်ပိုင်းကျမှ သိရတာကတော့ ထိုင်းမှာ ကျောင်းဆရာအပါအဝင် ဝန်ထမ်းတိုင်းလိုလို သက်ဆိုင်ရာ ယူနီဖောင်းတွေကို ဝတ်ထားကြပြီး ဌာနတခုနဲ့တခု အရောင်မတူကြပါဘူး။ ဒါတွေကို မသိတဲ့ ကျနော်တို့ ကျောင်းသားတွေကတော့ ကျောင်းဆရာ ကိုတွေ့လည်း ရဲလို့ ထင်၊ သန့်ရှင်းရေး လုပ်သားတွေ့လည်း ရဲလို့ထင်၊ လမ်းထိပ်က ဒရဝမ်ကိုတွေ့လည်း ရဲ လို့ထင်နေပြီး ယူနီဖောင်းဝတ်ထားသူကိုတွေ့တာနဲ့ ပြေးဖို့ပြင်၊ ကြောက်နေကြတဲ့ ကာလဖြစ်ပါတယ်။
ကျနော်တို့ နယ်မြေကော်မတီက ကန်စွန်းရွက် မြောင်းဘေးနားမှာ အဲဒီလိုရုံးခန်း ဖွင့်ထားချိန်မှာ ဗဟိုကော်မတီကလည်း မဲဆောက်ဈေး ဘေးနားက ၃ ထပ်တိုက်ကြီး တလုံးကိုငှားပြီး ရုံးခန်းဖွင့်ထားတာ ရှိပါတယ်။ ဘာကြောင့် တရုံးတည်း အတူမလုပ်နိုင်ဘဲ တဖွဲ့ တရုံးစီ ဖွင့်ထားသလဲ ဆိုတာကိုတော့ အဲဒီကာလက ကျနော် အသေအချာ မစဉ်းစားမိပါဘူး။ လူတွေဟာ ဖြစ်စဉ်တခုအတွင်း ကိုယ်တိုင် ထဲထဲဝင်ဝင် ပါနေရင် အဲဒီဖြစ်စဉ် တခုလုံးကို အပြင်က အကဲခတ်တဦး၊
သတင်းထောက်တဦးလို တခါမှ ခြုံငုံ မစဉ်းစားဖြစ်ခဲ့ဘူးလားလို့ ဒီဆောင်းပါးရေးတော့မှ ကျနော် ပြန်စဉ်းစားမိပါတယ်။ ဘောလုံးကန်နေသူနဲ့ ပွဲကြည့် ပရိသတ်အမြင်ကွာသလိုမျိုး၊ ဘောလုံးကန်နေသူနဲ့ ဘော်လုံး ဆောင်းပါးရှင် အမြင် ကွာသလိုမျိုး ကွာနေခဲ့တာ ဖြစ်ဖို့ များတယ်လို့ ထင်ပါတယ်။
ဘာဘဲ့ဖြစ်ဖြစ် ကျနော် တဦးတည်း အတွက်ကတော့ မဲဆောက်မြို့ အခင်းအကျင်း၊ အနီးဝန်းကျင်က ကျောင်းသားစခန်း တွေရဲ့ အခင်းအကျင်းတွေကို လေ့လာခွင့် ရခဲ့ပါတယ်။
ကျနော်တို့ ရုံးကတော့ မြို့နဲ့ဝေးတဲ့အတွက် မဲဆောက်ဈေးကနေ ၄၅ မိနစ်လောက် လမ်းလျှောက်ရပြီး ကံမကောင်းရင် လမ်းမှာ ရဲ ဆွဲတာ ခံရနိုင်ပါတယ်။ ဒါကြောင့် စခန်းက တက်လာတဲ့လူတွေထဲက တာဝန်ရှိသူမှအပ သိပ်မလာကြပါဘူး။ ဒါပေမယ့် ဗဟိုရုံးကတော့ မဲဆောက်ဈေးဘေးမှာ၊ စခန်း အသီးသီးကနေ လာလို့ရတဲ့ လိုင်းကားဂိတ်တွေ ဘေးမှာ ကပ်ပြီးရှိနေတာဆိုတော့ စခန်းကနေ မဲဆောက်ကို တက်လာသမျှလူတိုင်း အလွယ်တကူ ဝင်နိုင်တဲ့ နေရာမျိုးပါ။
ဒါမေပဲ့ အဲဒီကာလက ကျနော်တို့ အချင်းချင်းကြား ဘာတွေလွဲနေသလဲတော့ မသိပါဘူး။ စခန်းက ရဲဘော်တွေ သူတို့ ရုံးဆီလာတာကို ဗဟိုက လူကြီးတွေက မကြိုက်ကြသလို၊ ကျနော်တို့ ကိုယ်တိုင်လည်း ရဲဘော်တွေရုံးလာတာကို သိပ်မကြိုက်ကြပါဘူး။
ဗဟိုရုံးနဲ့ နယ်မြေရုံးဟာ လျှို့ဝှက်နေရာဖြစ်သလိုလို၊ လူတိုင်းပဲ လာလို့မရတဲ့ နေရာလိုလိုနဲ့ အပေါ်ထပ် အဆောက်အအုံက လူတွေနဲ့ ရဲဘော်ထုအကြား အဆင်မပြေကြပါဘူး။ မဲဆောက်ကိုလာတဲ့ ရဲဘော် အများစုကလည်း အနီးဆုံး စခန်းတွေဖြစ်တဲ့ သီဘောဘိုး၊ ဝမ်ခ၊ ကလက်ဒေးကျပြီး ထပ်ပြောင်းတဲ့နေရာသစ် ရေကျော်၊ သံလွင်၊ စောထတို့က များပြီး ဗဟို ကော်မတီကို တခါမှ အကောင်းပြောတာ ကျနော် မကြားမိပါဘူး။
ဗဟိုနဲ့ နယ်မြေအကြား၊ ရဲဘော်ထုအကြား ဒီလို အမြင်မကြည်တာတွေ ရှိပေမယ့်လည်း ကျနော်ကတော့ မဲဆောက်ဈေး အနီးက ဗဟိုရုံးကို မကြာခန ရောက်ဖြစ်ပါတယ်။
တနေ့မှာတော့ အဆိုတော် ကိုမွန်းအောင်နဲ့ တွေ့ခွင့်ရပြီး မိုးလုံးမှိုင်း သီချင်းကို စာသားပြောင်း ဆိုထားတဲ့ မှိုင်းလုံးမိုးသီချင်းကို နားထောင်ခွင့် ရခဲ့ပါတယ်။ ဟော်လိုဂစ်တာ တလုံးတည်းနဲ့ သီဆိုပေမယ့် ရင်ကိုတန်းပြီးထိတဲ့ အထိ ကျနော်ခံစားရ တဲ့သီချင်းတပုဒ်ပါ။
တေးရေး ကိုရဲနီနဲ့အတူ ၈-လေးလုံး ၁၀ နှစ်ပြည့်မှာ သီချင်းဆိုနေတဲ့ ကိုမွန်းအောင်။
“… ဆုံးရ့ှုံးခဲ့တဲ့ လူ့အခွင့်ရေးအတွက် တော်လှန်နေ ….၊ ကျောင်းတော်မြေနဲ့ တမ်းတချစ်သူ ချန်ကာလေ …။ တိုင်တည်ပါတယ် အသက်သွေး စတေးခဲ့ ရဲဘော်သူငယ်ချင်းရေ …”
“… ရဲရင့်သစ္စာ သားပြုခဲ့ပြီ မေမေရေ …၊ အမျှဝေနိုင်ဖို့ သားတို့အတွက်ဆို ဂုဏ်ယူလေ …။ ဒီမိုကရေစီ အခွင့်ရေးအတွက်ဆို အသက်ကိုစွန့်ထားပေ …”
ကိုမွန်းအောင်ပဲ အဆိုကောင်းလို့လား၊ ကျနော်ကပဲ ကျဆုံးသွားတဲ့ ရဲဘော်သူငယ်ချင်းတွေကို မြင်နေမိလို့၊ အမေ့ကို သိပ်လွမ်းနေလို့ လားတော့မသိပါဘူး၊ သူ့သီချင်းကို နားထောင်ရင်း ကျနော် မျက်ရည် စို့ခဲ့ရပါတယ်။
ကိုမွန်းအောင်ရဲ့ နောက်ထပ် နာမည်ကြီးသီချင်းတပုဒ်ကတော့ ကိုရဲနည် ရေးစပ်ပေးခဲ့တဲ့ ၃/ ၈၈ အင်လျား ဖြစ်ပါတယ်။
“… စိမ်းလဲ့ကန်သာ အင်းလျားမြေမှာ … လေပြေတို့ ဆော့ကစားစဉ်။ ကြင်နာသူတို့ရဲ့ အနမ်းတွေ၊ တီးတိုး ချစ်စကားသံတို့ လွမ်းရာမြေ။ တံတားဖြူပေါ် နှစ်ဦးသားခြေရာ သဇင်ရနံ့တို့ ညညဆိုမွှေးလို့ …၊
"...၈၈ ရဲ့ မတ်လမှာ အင်းလျား ရာဇဝင် ပြောင်းခဲ့ပြီ … စိမ်းမြတဲ့ ရေလှိုင်းတွေ အရောင်းပြောင်းလဲ …။ ဖြူစင်တဲ့ တံတားငယ်လည်း အနီစွန်းခဲ့ပြီ …၊ ရာသီ အလီလီ ပြောင်းပေမယ့် မဟောင်းခဲ့နိုင်ဘူး … ရာသီ အလီလီပြောင်းပေမယ့် မဟောင်းခဲ့နိုင်ဘူး … အင်လျားရေ …”
ဒီသီချင်းကို အဲဒီနေ့က ကိုမွန်းအောင် ဆိုမဆို ကျနော်အသေအချာ မမှတ်မိတော့ပေမယ့် သူ့ရဲ့သီချင်း တွေကို ကြိုက်လွန်း တာရယ်၊ နောက်တခါ အဲဒီသီချင်းထဲက ဇာတ်ကောင်တွေဖြစ်တဲ့ အင်လျားကန်ဘေးမှာ လမ်းသလား နေသူတွေ၊
အင်လျားဆောင် ရှေ့မှာ ဂစ်တာတီးနေသူတွေ အတော်များများဟာ အခု တနှစ်တာ ကြာပီးတဲ့ အချိန်မှာတော့ မဲဆောက်ဝန်းကျင်ဆီ ရောက်နေတာကို တွေ့မိတဲ့အတွက် ဒီဆောင်းပါးရဲ့ ခေါင်းစဉ်ခွဲကို ၃/ ၈၉ မဲဆောက် ဆိုပြီး ကျနော် ပေးလိုက်မိတာ ဖြစ်ပါတယ်။
ကိုမွန်းအောင်အပါဝင် ဗဟိုရုံးမှာ ရောက်နေတဲ့ ဧည့်သည်တွေနဲ့ စကားပြောပြီး ညနေစောင်းချိန်မှာ နယ်မြေရုံးဆီ ကျနော် ကုန်းကြောင်း ချီတက်လာပါတယ်။
အဲဒီကာလက ကျနော်တို့ ကျောင်းသားတွေဟာ အခုခေတ်လို ကားတွေ၊ ဆိုင်ကယ်တွေကို ကိုယ်ပိုင် စီးနိုင်ဖို့ နေနေသာသာ ဆန်လွန့် ဆိုတဲ့ ထိုင်းဆိုက္ကားကိုတောင် ငှားစီးနိုင်တဲ့ အခြေအနေ မရှိသေးပါဘူး။
ပိုဆိုးတာက လမ်းလျှောက်ဖိနပ်လို့ ခေါ်တဲ့ ဝေ့ါကင်းရှူးကိုတောင် မဝယ်နိုင်တဲ့အတွက် ဆင်ကြယ်ဖိနပ်၊ မြင်းကြယ်ဖိနပ်တွေနဲ့ ဖြစ်သလိုသွားနေရတဲ့ ဘဝပါ။ ဒါ့အပြင် ကျနော်တို့ ဝတ်စားဆင်ရင် ထားမှုကလည်း ထိုင်းတွေနဲ့ မတူပါဘူး။ နိုင်ငံတကာ အလှူရှင်တွေ ပို့ပေးထားတဲ့ ဘေထုတ်ထဲက ကိုယ့်ခွဲတမ်း အတွက် မဲပေါက်တဲ့ အဝတ်အစားတွေနဲ့ လမ်းသလား နေကြတာဆိုတော့ လာဘ်ငွေရှာနေတဲ့ ထိုင်းရဲတွေ အတွက် ကျနော်တို့ဟာ ဖမ်းချင်စရာကြီး ဖြစ်နေပုံရပါတယ်။
ကံကောင်းတာကတော့ အဲဒီအချိန်ထိ ကျနော် ရဲဖမ်းတာ တခါမှ မခံရသေးပါဘူး။ ဒါပေမယ့် တခြား ကျောင်းသား အတော် များများကတော့ မဲဆောက်ဈေးဝန်းကျင်မှာ လမ်းလျှောက်ရင်း၊ မဲဆောက်ဈေးကနေ ဒေါက်တာ စင်သီယာမောင်ရဲ့ ဆေးခန်းဆီ လမ်းလျှောက်သွားရင်းနဲ့ ခဏခဏအဖမ်းခံရလို့ ထိုင်းရဲရဲ့ ဖမ်းချင်စရာကောင်းတဲ့ “ကိုရဲချစ်” တွေ ဖြစ်နေကြတဲ့ အချိန်မျိုးပါ။
ဒီလိုအခြေနေမှာ ရှေ့မှာ ကျနော်ပြောခဲ့တဲ့ ဗိုလ်မှူးစိုးစိုး အိမ်မှာ ပထမဆုံး တွေ့ခဲ့သူ ကိုဝဏ္ဏ၊ ကိုစိန်ဟန်၊ နော်ထူးနဲ့ ဒေါက်တာ စင်သီယာမောင်တို့ ပေါင်းပြီး အခု လက်ရှိ ဆေးခန်းနေရာမှာပဲ မဲဆောက် – မယ်တော် ကားလမ်းဘေး ဗွက်အိုင်ထဲက
သစ်သား အိမ်အိုကြီးတလုံးကိုငှားလို့ ဆေးခန်းဖွင့် လိုက်ပါတယ်။
ကျနော်နဲ့ နယ်မြေကော်မတီက ရဲဘော်တချို့ သွားပြီး သန့်ရှင်းရေး လုပ်အားပေးခဲ့ပါသေးတယ်။ ဖွင့်ကာစမှာ ပစ္စည်းကလည်း မစုံ။ ရံပုံငွေကလည်း မရှိလို့ အခက်ခဲတွေ ရှိခဲ့ပေမယ့် စခန်းအသီးသီးကနေ မဲဆောက်ကို ရောက်လာတဲ့ ငှက်ဖျားကျောင်းသား တွေ၊ တိုက်ပွဲမှာ ဒဏ်ရာရတဲ့ ကျောင်း သားတွေကို ပြုစုရင်းနဲ့ ကျောင်းသားဆေးခန်း ဆိုပြီး လပိုင်းအတွင်းမှာတင် လူသိများ ထင်ရှားလာပါတယ်။ ထုံးစံအတိုင်း အဲဒီဆေးခန်းဟာ လူနာတွေ အတွက်တင်မကဘဲ မဲဆောက်ရောက် ကျိုးဖိုး အားလုံးရဲ့
စုရပ်တခုလည်း ဖြစ်လာခဲ့ပါတယ်
(၂၀၁၁ ဧပြီလက ကျနော် မဲဆောက်ရောက်ခဲ့လို့ ဒေါက်တာ စင်သီယာမောင် ဆေးခန်းဆီ ဝင်ကြည့်တဲ့အခါ အဲဒီမူလ အဆောက်အအုံဟာ အိုမင်းလွန်းတဲ့အတွက် ဖြိုဖျက်ထားတာကို တွေ့ရပါတယ်။ ဒါပေမယ့်
အဲဒီ မူလအဆောင်အအုံထက် ပိုကောင်းတဲ့ ဆေးခန်း၊ လူနာဆောင်၊ စားဖိုဆောင်၊ စာသင်ဆောင် အပါအဝင် အုတ်နဲ့ အခိုင်အမာ ဆောက်ထားတဲ့ အဆောက်အအုံသစ်ပေါင်း တဒါဇင်ကျော်ကို ခန့်ခန့်ငြားငြား တွေ့ခဲ့ရပြီး အတွင်း – အပြင် လူနာ တရာကျော်နဲ့ ဆေးသင်တန်းသားအသစ်တွေ၊ ဆေးမှူးအသစ်တွေ၊ နိုင်ငံတကာက စေတနာ့ဝန်ထမ်း တွေကိုပါ စည်ကား သိုက်မြိုက်စွာ တွေ့ခဲ့ရပါတယ်)
ဖြစ်မျိုးစုံလင် မဲဆောက်တခွင်
အဲဒီကာလက မဲဆောက်မြင်ကွင်းလေးကို နည်းနည်း ပြောရမယ်ဆိုရင် ဗဟိုရုံးကနေ ထွက်လိုက်တာနဲ့ အခု နာမည်ကြီးနေတဲ့ “မဲဆောက်လင်း” တိတ်ခွေ၊ ဗီဒီယိုခွေ ရောင်းတဲ့ဆိုင်ကို ရောက်မယ်၊ အဲဒီဆိုင်ဘေး မှာနာမည်ကြီး ကုလား လက်ဖက်ရည် ဆိုင်၊ ကားလမ်းကို ကျော်လိုက်ရင် မဲဆောက် ဘုန်းကြီးကျောင်း၊ ဘုန်းကြီးကျောင်းကနေ ဒီဘက်ထွက်လိုက်ရင် မဲဆောက် ရုပ်ရှင်ရုံ (အခုတော့ အဲဒီရုံကိုဖျက်ပြီး ညဈေး ဖွင့်ထားပါတယ်) ရုပ်ရှင်ရုံရဲ့ ဘေးမှာတော့ ကျနော်တို့ ကျောင်းသားတွေရဲ့ စားအိမ်သောက်အိမ် ဖြစ်နေတဲ့ ဗိုလ်ကြီးစိုးမင်းရဲ့အိမ်ပေါ။ ဒါကတော့ ရုံးကနေညာဖက်ကိုလှည့်သွားတဲ့အပိုင်းပါ၊
ရုံးကနေ ဘယ်ဘက်ကို လှည့်လိုက်မယ်ဆိုရင် မဲဆောက်ဈေးထဲကို တည့်တည့်ရောက်ပါတယ်၊ အဲဒီမှာ ကျနော်တို့ ကျောင်းသားတွေ
ထိုင်လေ့ရှိတဲ့ဆိုင်က အန်တီချစ်လက်ဖက်ရည်ဆိုင်၊ အန်တီချစ်ဆိုလို့ အန်တီမမကြီးလို့မထင်လိုက်ပါနဲ့၊ အန်တီ ဦးဦးကြီးသာ ဖြစ်ပါတယ်။
မဲဆောက်ဈေးတွင်း အခင်းအကျင်းကတော့ အခုနဲ့ သိပ်မကွာလှပါဘူး။ လူရှုပ်တာကလည်း အခုလိုပါပဲ။ အဲဒီ အန်တီချစ် ဆိုင်မှာတောင် ဟိုဖက်က ထောက်လှမ်းရေးတွေရှိသလိုလို သတင်းထွက်လာတဲ့တွက် နောက်ပိုင်းမှာ ကျနော်လည်း သွားမထိုင်ရဲတော့ပါဘူး။ နောက် ခုနကပြောတဲ့ ရုပ်ရှင်ရုံကိုကျော်ပြီး သွားလိုက်ရင် ပတ္တမြားဆိုတဲ့ ဇိမ်ခန်း ရှိပါတယ်။ အဲဒီအခန်း ကိုကျော်ပြီး ဆက်လျှောက်ရင် ရဲစခန်းကို ရောက်မယ်၊ ရဲစခန်းဘေးက First ဟိုတယ်မှာတော့ ဒညတ (ဒီမိုကရက်တစ် ညီညွတ်ရေးတပ်ပေါင်းစု) ရုံးခန်းရှိပါတယ်။
အဲဒီကာလက ဒညတ ရုံး တာဝန်ခံကတော့ ကျနော်တို့ ထားဝယ်သားတဦးဖြစ်တဲ့ ကိုသန်းလွင် (အခု FTUB) ဖြစ်ပါတယ်။
သူ့ရုံးခန်းဆီ ကျနော် ရောက်သွားတဲ့ အချိန်မှာ ABSDF ဗဟိုကော်မတီဝင် တဦးဖြစ်တဲ့ ကိုတင်စိုး (စောထစခန်းမှာ ဗဟိုကော်မတီဝင်။ အခု သြစတေလျမှာလို့ ယူဆရ) ကိုတွေ့ရပါတယ်။
ဒါပေမယ့် ရှေ့မှာပြောခဲ့တဲ့အတိုင်း အဲဒီကာလမှာ ကျောင်းသားတွေဟာ ဗဟိုနဲ့ အောက်ခြေကြား အမြင်မကြည်ကြတဲ့အပြင် မဟာမိတ် အဖွဲ့တွေပေါ်မှာလည်း အကောင်းပြောသူ သိပ်မရှိလှပါဘူး။ ဒညတကို ဒေါ်ညွန့်တင်၊ ဓညင်းသီး စသဖြင့်
အမျိုးမျိုး အပုတ်ချ ခေါ်ဆိုနေကြတဲ့အပြင်၊ ဒီအဖွဲ့ဟာ ငွေအင်အား သိပ်တောင့်ပြီး ကျောင်းသားတွေကို ဆွဲစားလေ့ရှိတဲ့အဖွဲ့၊ ဖောက်ခွဲရေး သင်တန်းတွေပေးပြီး ကျောင်းသားတွေကို အသုံးချနေတဲ့အဖွဲ့ စသဖြင့် ဝေဖန်သံတွေနဲ့ ဆူညံနေခဲ့တဲ့ ကာလလည်း ဖြစ်ပါတယ်။
တိုက်ပွဲမစခင် ပြည်တော်ပြန်ဝင်သွားသူများ
ကျနော်တို့ မဲဆောက်ကိုမရောက်ခင် ဖြစ်ပျက်သွားတဲ့ ထူးခြားဖြစ်စဉ်တခုကိုလည်း ဒီနေရာမှာ တင်ပြလိုပါတယ်။ စက်တင်ဘာ ၁၈ မှာ ဗိုလ်ချုပ်ကြီးစောမောင် အာဏာသိမ်းပြီး နိုင်ငံတကာအသိုင်းအဝန်း တခုလုံးက ရှုပ်နေချိန်မှာ ထိုင်းကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ချာဗလစ် ယောင်ချာယုက ရန်ကုန်ကို သွားရောက်လည်ပတ် ခဲ့ပါတယ်။ အဲဒီခရီးစဉ်အတွင်း ငါးဖမ်းခွင့်၊ သစ်ထုတ်ခွင့်တွေ ရခဲ့သလို နယ်စပ်ရောက် ကျောင်းသားတွေကို မဲဆောက်လေယာဉ်ကွင်းကနေ ပြန်လည် ပို့ဆောင်ရေး အစီစဉ် တခုလည်း ပါရှိခဲ့ပါတယ်။
ထိုင်း-မြန်မာနယ်စပ် ချစ်ကြည်ရေးတံတား။
မြန်မာနိုင်ငံ ဘက်ကလည်း ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နဲ့ ပညာရေးဝန်ကြီး တို့က ၂၆ – ၉ – ၈၈ နေ့စွဲနဲ့ နယ်စပ်ရောက် ကျောင်းသားများ ပြန်လာဖို့ မေတ္တာရပ်ခံချက် တစောင် ထုတ်ပြန်ခဲ့ပါတယ်။
တချိန်တည်းမှာပဲ နယ်စပ်ပြန် ကျောင်းသားတွေဖြစ်တဲ့ လှအောင်၊ သိန်းဌေး၊ မင်းသိန်းတို့ကလည်း “ကျောင်းသား လူငယ်များသို့ အသိပေးကြေညာချက်” ခေါင်းစဉ်ပါ စာတွေကို နယ်စပ်တလျှောက် လေယာဉ်နဲ့ ကြဲချခဲ့ပါတယ်။
ဒါ့အပြင် ကျောင်းသားတဦး ပြန်လာအောင် ဆောင်ရွက်ပေးနိုင်ရင် အဲဒီလို လုပ်ပေးတဲ့လူကို ဘတ်ငွေ ၅ဝဝဝ စီ ပေးမယ်လို့ ဘန်ကောက် မြန်မာသံရုံးက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီအချိန်ဟာ ကျောင်းသားခေါင်းဆောင်တွေ သီဘောဘိုးနဲ့ ဝမ်ခမှာ ပထမအကြိမ် ညီလာခံအတွက် ဆွေးနွေးလို့ ကောင်းတုန်း၊ မယ်သဝေါကို နဝတ က အကြီးအကျယ် ထိုးစစ်ဆင်လို့ ကောင်းတုန်း အချိန်တွေနဲ့ တိုက်ဆိုင်နေပါတယ်။
နဝတ နဲ့ ချာဗလစ်ရဲ့ အဲဒီစီမံကိန်းကြောင့် ကျောင်းသားတွေ ရာနဲ့ချီပြီး မဲဆောက်ကနေ ရန်ကုန်မြို့ဆီ လေယာဉ်စီးပြီး ပြန်သွားတာကို အဲဒီကာလက ထုတ်ဝေတဲ့ သတင်းစာတွေ၊ ရုပ်မြင်သံကြားတွေမှာ ပရိသတ်တွေ မြင်ခဲ့ဖူးမှာ ဖြစ်ပါတယ်။
ဒီဖြစ်စဉ်တွေဟာ ကျနော်တို့အုပ်စုက လက်ဒေးမှာ အစည်းဝေးလုပ်နေတုန်း ဖြစ်သွားတယ်ဆိုပေမယ့် မဲဆောက်အခြေနေဟာ အခုချိန်အထိ ဘယ်လိုမှ စိတ်ချလို့ရတဲ့ အခြေနေမဟုတ်သေးပါဘူး။ ဘယ်သူ့ကို ဘာကောင်မှန်း အတိအကျမသိရသေးတဲ့ အချိန်ပါ။
ဒီလိုနဲ့ သူကို ကိုယ်မယုံ၊ ကိုယ့်ကို သူမယုံဖြစ်နေကြပြီး ဘယ်သူ ဘယ်နေ့ မြဝတီဘက် ပြန်ပြေးမလဲဆိုပြီး စောင့် ကြည့်နေတဲ့ သဘောမျိုး ဖြစ်နေပါတယ်။
ဒီကြားထဲ ကျနော်တို့စခန်းက ကိုယ်စားလှယ်တဦးဖြစ်သူ ဦးစံရွှေအောင်တယောက် မြဝတီဘက် ပြန်ဝင်သလိုလိုနဲ့ ပျောက်သွားတဲ့ အခါမှာတော့ မယုံသင်္ကာ စောင့်ကြည့် မှုတွေဟာ ပိုများလာပြီး အနေအထိုင်၊ အသွားအလာအားလုံး
သတိထားနေရတဲ့ အခြေနေဖြစ်လာခဲ့ပါတယ်။
0 comments:
Post a Comment