Thursday, July 26, 2012

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၄၀)


နိုင်ငံခြားသားပါရင် အရှင်ဖမ်းမယ်ဆိုပါလား


အမှတ် ၁ တပ်ရင်းမှ တပ်ခွဲမှူး ကိုလှဦး ဦးဆောင်တဲ့ စစ်ကြောင်းကို ပုလောမြို့နယ် တနေရာမှာ တွေ့ရစဉ်

ပြည်ခြား-ပုလောဒေသ ရှေ့တန်းခရီးစဉ်နဲ့ ပတ်သက်ပြီး နှစ် ၂၀ လောက်ကြာပြီးချိန်မှာ  မောင်ဒေးဗစ်ကို အခုလို ကျနော် ချီမွမ်းခန်း ဖွင့်နေပေမယ့် ၁၉၉၅ တုန်းက အမြင်ကတော့ တကယ့်ပြောင်းပြန်ပါ။
နိုင်ငံခြားသား သတင်းထောက် တဦးကို ရှေ့တန်းခေါ်သွားရတဲ့ တာဝန်က အတော်ကြီးတဲ့အတွက် ခေါ်လာမိတာ မှားပြီလား လို့တောင် စဉ်းစားခဲ့ဖူးပါတယ်။ ကျနော်တို့တပ်တွေနဲ့အတူ နိုင်ငံခြားသတင်းထောက်တွေ၊ အထူးသဖြင့် လူဖြူတွေ ပါလာတယ်လို့ န၀တဘက်က သိသွားရင် အင်အား အလုံးအရင်း သုံးပြီး မရ၊ ရတဲ့နည်းနဲ့ လိုက်လံပိတ်ဆို့ တားဆီးလေ့ ရှိတယ်လို့ ရှေ့တန်းအတွေ့ အကြုံရှိသူ တပ်ခွဲမှူး ကိုလှဦးကပြောပါတယ်။

Tuesday, July 24, 2012

အိမ်ပြန်ချိန် နွေ ရောက်ပြီလား?(ပြန်လည်တင်ပြချက်)

ထက်အောင်ကျော် (၃၁-၁၂-၁၁)

BBC မြန်မာပိုင်းအစီစဉ်မှာ ဒီမနက်ကြားလိုက်ရတဲ့ အောက်ပါသတင်းကြောင့် လွန်ခဲ့တဲ့ ၇-လက ရေးဖြစ်ခဲ့တဲ့ ဆောင်းပါး တပုဒ်ကို ပြန်လည်ဖေါ်ပြလိုက်ပါတယ်။ 

( မိုးသီးဇွန် မြန်မာပြည် ပြန်ခွင့်ရ
နောက်ဆုံး ရေးသားချိန် 24 ဇူလိုင်လ 2012 - 03:00

အဝေးရောက် မြန်မာ နိုင်ငံရေး သမားတွေ မြန်မာပြည် ပြန်လာဖို့ အစိုးရသစ်က ခေါ်ယူ နေတဲ့ အထဲမှာ ABSDF ကျောင်းသား တပ်ဦး ဥက0x081ကဋ0x081ဌ ဟောင်း မိုးသီးဇွန်နဲ့ အမေရိကန် ရောက် ကျောင်းသား ခေါင်းဆောင်ဟောင်းတွေ ပါဝင်တယ်လို့ သိရပါတယ်။ကိုမိုးသီးဇွန်၊ ဦးထွန်းအောင်ကျော်၊ ဦးကိုကိုလေး စတဲ့ ကျောင်းသားဟောင်း တွေက မြန်မာပြည် ပြုပြင်ရေးမှာ အတွင်းက ဦးဆောင် လှုပ်ရှား နေသူ တွေနဲ့ တွေ့ချင်တာရယ်၊ တတပ်တအား ပါဝင် ဆောင်ရွက် ချင်တာရယ်ကြောင့် သွားပြီး လေ့လာမယ်လို့ ဆိုပါတယ်။သူတို့ မြန်မာပြည် ပြန်ဝင်ရေးမှာ အစိုးရနဲ့ နီးစပ်သူက အမေရိကထိ သွားပြီး ကူညီပေးမယ်လို့ သိရပါတယ်။မြန်မာ စစ်အစိုးရ ခေတ်က မျက်ကွယ် ပြစ်ဒဏ် ချမှတ် ထားခံရတဲ့ သူတွေလဲ ပြန်မယ့် အထဲမှာ ပါပါတယ်။)
......................................................................................................

၂၀၁၁ ကုန်ဆုံးပြီး ၂၀၁၂ ကိုရောက်တော့မဲ့အချိန်မှာ ပြီးခဲ့တဲ့နှစ်ဟောင်း
အတွင်း ရေးဖြစ်ခဲ့သမျှထဲက အကြိုက်ဆုံး ဆောင်းပါး ဘာဖြစ်မလဲလို့ ကိုယ်ဘာသာ
မေးခွန်းထုတ်မိပါတယ်။ ကိုယ်ဘာသာရေး။ ကိုယ်ဘာသာရွေးတဲ့ တယောက်တည်းပြိုင်
ပွဲမှာ ပထမ-ဆုရသွားတဲ့ဆောင်းပါးကတော့ "တတိယ နိုင်ငံရဲ့ ဒုတိယ  ဝေဒနာ"
ဆောင်းပါးဘဲ့ဖြစ်ပါတယ်။


ဒါပေမဲ့ ထုံးစံအတိုင်း အယ်ဒီတာအကြိုက်နဲ့ ပရိသတ်အကြိုက် တထပ်တည်းမကျပါဘူး။
ဘာကြောင့်လဲဆိုရင် ကျနော် အကြိုက်ဆုံးအဖြစ်ရွေးလိုက်တဲ့ ဆောင်းပါးကို
လူဖတ်သိပ်မများဘဲ "Facebook ပေါ်မှာတောင် လွတ်လပ်ခွင့်မရသေးတဲ့
ဘ၀ခါးခါးပိုင်ရှင်များ" က လူဖတ်အများဆုံး ဆောင်းပါး ဖြစ်နေတာကို စီစစ်တွေ့ရှိ
ရလို့ဖြစ်ပါတယ်။

Thursday, July 19, 2012

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၃၉)

ဧရာဝတီ။
 အသစ်ဝင်လာတဲ့ ရဲဘော်၊ ရဲမေတချို့ အမှတ် (၁) တပ်ရင်းရှိ စစ်သင်တန်းကျောင်းမှာ လေ့ကျင့်ရေးဝင်နေစဉ်

နိုင်ငံခြား သတင်းထောက်တဦးနဲ့အတူ အချုပ်ခန်းထဲမှာ တညတာ

ကျနော်တို့အုပ်စု ရဟန်းဝတ်တဲ့အချိန်ဟာ ၇ ရက်ထက် မပိုပါဘူး။ ရှေ့တန်းထွက်ရေးကိစ္စ၊ တခြားကိစ္စတွေအတွက် အစည်းအဝေး လုပ်စရာရှိလို့ဆိုပြီး တောင်ပိုင်း စစ်ဒေသတာဝန်ခံ ကိုမျိုးဝင်းနဲ့ ကျနော်အပါဝင် တာဝန်ရှိသူ ၄၊ ၅ ဦး အရင် လူထွက်လိုက်ရပါတယ်။ ကျန်တဲ့ ရဲဘော်တချို့ကတော့ ၁၀ ရက်ကနေ သတင်း ၂ ပတ်အထိ ဆက်ဝတ်ကြပါတယ်။
ကျနော်တို့ တောင်ပိုင်းစစ်ဒေသ အစည်းဝေးရဲ့ ဆုံးဖြစ်ချက်ကတော့ ပြည်ခြား-ပုလောဒေသဆီ ခရီးထွက်ပြီး ရှေ့တန်းတပ်တွေကို ပြန်လည်စုဖွဲ့ရေး။ လူထုစည်းရုံးဟောပြောရေး၊ အထူးသဖြင့် အဲဒီအချိန်ဟာ န၀တကနေ အမျိုးသားညီလာခံ ပြန်လည် ကျင်းပမယ်လို့ ကြေညာထားချိန်ဖြစ်တဲ့အတွက် အဲဒီညီလာခံကို (အဲဒီကာလ စကားလုံးအတိုင်းဆိုရင်) ဘက်ပေါင်းစုံကနေ အဆင့်တိုင်း၊ အဆင့်တိုင်းမှာ ဆန့်ကျင်တိုက်ဖျက်ရေးအတွက် ဖြစ်ပါတယ်။

Wednesday, July 18, 2012

DVB နှစ် ၂၀- အမှတ်တရ စုစည်းမိသမျှပုံရိပ်များ (19-07-2012)

DVB ကိုစတင်ပေါ်ပေါက်စေခဲ့သူ နိုဗယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်။
...................................................................................................
နောက်ဆုံးရသတင်းတပုဒ်... ၂၆-၀၈-၂၀၁၂။

ဒီဗွီဘီရုပ်သံ ပြည်တွင်းသတငေ်းထာက်တဦး တရားစွဲခံရ

Published on August 26, 2012 by ပီတောအာင်   ·

မကွးမြို့က ဒီမိုကရက်တစ်မြန်မာ့အသံ ဒီဗွီဘီ ရုပ်သံသတငေ်းထာက် ကိုသူရ သက်တင် ခေါ် ကေိုဇော်ဖနဲ့ သူ့ရဲ့မိတ်ေဆွ ကိုဝင်းမြင့်လှိုင် ခေါ် ကိုလှိုင်လှိုင်တို့ကို  မေကွးတိုင်း လက်ေထာက်ပညောရးမှူးက တရားစွဲထားတယ်ဆိုပြီး ရဲစခန်းက ခေါ်ယူ စစ်ေဆးမှေုတွ ပြုလုပ်ခဲ့ပါတယ်။

Thursday, July 12, 2012

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၃၈)


ဧရာဝတီ။

ပျိုးပန်းဝေ စာသင်ကျောင်းနဲ့ တောတွင်းပညာရေး


မင်းသမီးခစန်းမှာ ဖွင့်လှစ်တဲ့ ပျိုးပန်းဝေ မူလတန်းကျောင်းမှ ဆရာနဲ့ ကျောင်းသူကျောင်းသားများ

ပညာတပိုင်းတစနဲ့ တော်လှန်ရေးထဲပါလာတဲ့ ကျနော်တို့ အချင်းချင်းကြား နိုင်ငံခြားထွက်ပြီး ပညာဆက်သင်သင့်၊ မသင့် အငြင်းပွားမှု ကြီးကြီးမားမား ရှိခဲ့တဲ့အကြောင်း ရှေ့ပိုင်းအခန်းတွေမှာ ကျနော် တင်ပြခဲ့ဖူးပါတယ်။ ဒါပေမယ့် ကျနော်တို့အကြား အငြင်းမပွားဘဲ အားလုံးသဘောတူတဲ့ အချက်ကတော့ တပ်ဖွဲ့ဝင်မိသားစုတွေက မွေးဖွားလာတဲ့ မျိုးဆက်သစ် ကလေးငယ်တွေ၊ နောက်တခါ ရှေ့တန်းမှာ စစ်ကြောင်းသွားရင်းနဲ့ တွေ့ရတဲ့ မိဘမဲ့ကလေးငယ်တွေ၊ ပြည်တွင်းစစ်ရဲ့သားကောင်တွေ၊ မိဘက ကျောင်းမထားပေးနိုင်တဲ့ ကလေးငယ်တွေအတွက် မူလတန်းကျောင်းတခု ဖွင့်ပေးမှဖြစ်မယ်ဆိုတဲ့အချက် ဖြစ်ပါတယ်။ ဒီစဉ်းစားချက်ကို စတင်အဆိုပြုလာသူကတော့ စခန်းကော်မတီ အဆက်ဆက်ရဲ့ ပြန်ကြားရေး တာဝန်ခံဖြစ်ပြီး အခု ဗလဖခေတ်မှာ စာကြည့်တိုက်မှူးအဖြစ် တာဝန်ယူနေသူ ကျောင်းဆရာ ဦးဟန်လင်း ဖြစ်ပါတယ်။

Saturday, July 7, 2012

ဒါးဒါးချင်း- လှံလှံချင်း။ Knife to knife, Lance to lance.

‎7-July ရဲ့နောက်ဆက်တွဲ။ ဒါးဒါးချင်း- လှံလှံချင်း။ Knife to knife, Lance to lance. သို့မဟုတ် ABSDF အမှတ် ၁- တပ်ရင်းရဲ့ လှုပ်ရှားမှုအကြောင်း ရုပ်သံ- မှတ်တန်းဖြစ်ပါတယ်။




နယူးဇီလန် နိုင်ငံသားတဦးဖြစ်တဲ့ David ... ဟာ ၁၉၉၃-တုန်းက ABSDF စခန်းတခုမှာ အင်္ဂလိပ်စာပြ စေတနာ့ဝန်ထမ်းအဖြစ်ဆောင်ရွက်ခဲ့ဖူပြီး ၁၉၉၅-မှာတော့ ကင်မရာကိုင်ပြိး သတင်းထောက် အဖြစ်ပြန်ရောက်လာပါတယ်။ သူဟာ ကရင်နီဒေသ ABSDF စခန်းကိုအယင်ဆုံးမှတ်တန်းတင်ပြီး အဲဒီ ကာမှတဆင့် ကျနော်တို့ တပ်ရင်း ၁-ရှိရာ မင်းသမိးဒေသဆီ ဒီဇင်ဘာလမှာရောက်ရှိလာပါတယ်။ 

ကျနော်တို့တပ်တွေနဲ့အတူ ပြည်ခြား-ပုလော ဒေသ ရှေ့တန်းခရီးစဉ်အတွင်းလိုက်ပါပြီး ဒီမှတ်တန်းကို ရိုက်ကူး ခဲ့တာဖြစ်ပါတယ်။

Thursday, July 5, 2012

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၃၇)

စတုတ္ထအကြိမ်ညီလာခံနဲ့ သူပုန်သတင်းထောက်ဘ၀ အစ


အမှတ် ၁ တပ်ရင်းမှူး ချစ်ကိုကို (စစ်ရောင်ယူနီဖောင်း ၀တ်ထားတဲ့ ယာဖက်မှ ဒုတိယ ပုဂ္ဂိုလ်) နဲ့ ဗဟိုဖက်မှ တပ်မှူးတချို့ကို စတုတ္ထအကြိမ်ညီလာခံမှာ တွေ့ရစဉ်

ထပ်စကဲ၊ ပရာကျွတ်နဲ့ ဟွာဟင်ဖက်မှာ တနှစ်နီးပါးကြာပြီးတဲ့အခါမှာတော့ ပူးတွဲပင်လယ်ပြင် ကိစ္စတာဝန် ပြီးသွားတဲ့အတွက် မင်းသမီးဒေသဆီ ကျနော်တို့ ပြန်လာခဲ့ပါတယ်။ ကျနော် ပြန်ရောက်တဲ့အချိန်မှာ ဗလဖ တာဝန်ခံဟာ အကြောင်းအမျိုးမျိုးကြောင့် မင်းသမီးစခန်းမှာ ရုံးမထိုင်ဘဲ ကန်ချနပူရီမြို့ပေါ်ရှိ ပဒိုဆန်နီရဲ့အိမ်မှာ အခန်းတခုငှားပြီး ရုံးထိုင်နေတာ တွေ့ရပါတယ်။ ဒီအတွက် ဗလဖ အစည်းဝေး လုပ်တဲ့အခါတိုင်း မင်းသမီးဒေသရှိ ဗလဖ အဖွဲ့ဝင်တွေ။ တပ်ရင်း ၃ ခုက ကိုယ်စားလှယ်တွေအားလုံး ကန်ချနပူရီမြို့ပေါ် တက်ကြရပါတယ်။ အဲဒီအချိန်မှာ နယ်စပ် ဖုနန်းလွန်ရွာ (အခု ကန်ချနပူရီ-ထားဝယ် ကားလမ်းပေါ်က နောက်ဆုံးထိုင်းရွာ) ကနေ ကန်ချပူရီအထိ လိုင်းကားပြေးနေပြီ ဖြစ်တဲ့အတွက် သွားလာရေးကိစ္စ သိပ်အခက်ခဲ မရှိတော့ပါ။

အဲဒီကာလဟာ ၁၉၉၄ နှောင်ပိုင်းလို့ ယူဆရပါတယ်။ ဗလဖ အစည်းဝေးအတွင်း ဆွေးနွေးတဲ့ အကြောင်းရာတွေထဲမှာ စခန်းသစ်ကိစ္စ၊ ပင်လယ်ပြင်ကိစ္စ၊ မဟာမိတ်ဆက်ဆံရေး ကိစ္စတွေအပြင် ဒေသတခုတည်းရှိ ABSDF တပ်ရင်းတွေကို တရင်းတည်းအဖြစ်ပေါင်းပြီး စနစ်တကျပြန်လည် စုဖွဲ့ရေးကိစ္စ ပါဝင်တယ်လို့ ကျနော်အမှတ်ရနေပါတယ်။

Share

Twitter Delicious Facebook Digg Stumbleupon Favorites More