Tuesday, January 31, 2012

မီဒီယာ ခေတ်ပြောင်းချိန်

မီဒီယာ ခေတ်ပြောင်းချိန်
ထက်အာင်ကျော်  (၃၁-၀၁-၂၀၁၂)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထားဝယ်ဒေသ စည်းရုံးရေးခရီးစဉ်အပေါ် သတင်းဌာနအသီးသီးရဲ့ သတင်းတင်ပြပုံတွေကိုကြည့်ရင်း နားထောင်ရင်းနဲ့ လွန်ခဲ့တဲ့ ၁၀-နှစ်နီးပါးခန့်က ကျနော်တို့ တင်ပြခဲ့ဖူး တဲ့ ဒီပဲယင်းခရီးစဉ်တင်ပြပုံနဲ့ အတော်ကွာခြားသွားပီဆိုတာကို သတိထားလိုက် မိပါတယ်။

 
၂၀၀၃ မေလ ဒီပဲယင်းခရီးစဉ်တုန်းကဆိုရင် ဒေါ်အောင်ဆန်းစုကြည်နဲ့အဖွဲ့ ဘယ်နေ့ ဘယ်ကို သွားမယ်။ ဘယ်နေရာမှ ဟောပြောပွဲလုပ်မယ်။ ဒေသခံလူထုအခြေနေက ဘယ်လိုရှိတယ် စသဖြင့် ကြို သိနိုင်ဖို့ တယ်လီဖုန်းကိုဘဲ့အားကိုးပီး တချိန်လုံးဆက်နေရပါတယ်။ နော်ဝေး ကနေ မြန်မာနိုင်ငံဆီဖုန်းခေါ်ရ တာကလဲ ခက်သလားမမေးနဲ့။ ဆယ်ခါခေါ် တခါလောက်ဘဲ့ ၀င်ပီး ဈေးကလဲ အင်မတန်ကြီးပါတယ်။

အဲဒီလိုခဲရာခဲဆစ်မေးထားရတဲ့သတင်းတွေကို ည ၈-နာရီ ၉-နာရီဝန်းကျင်မှာ ကျနော်တို့ ပြည် ပအခြေစိုက် ရေဒီယိုတွေက ပြန်လွင့်တော့မှ တပြည်လုံးက လူထုက သိခွင့်ရတဲ့အခြေနေ မျီုးပါ။ တယ် လီဖုန်းဆက်လို့မရတဲ့နေ့ဆိုရင် ကျနော်တို့လဲ ဘာမှကိုလွင့်စရာမရှိတော့ သလိုဖြစ်နေတတ်ပါတယ်။

Monday, January 30, 2012

ကုလသမဂ-လူ့အခွင့်ရေးအထူးကိုယ်စားလှယ် မနက်ဖြန် ရန်ကုန်ရောက်မည်။

ကုလသမဂ-လူ့အခွင့်ရေးအထူးကိုယ်စားလှယ် မနက်ဖြန် ရန်ကုန်ရောက်မည်။
၃၀-၀၁-၂၀၁၂


“An important time in Myanmar’s history” – UN human rights expert visits

GENEVA – The United Nations Special Rapporteur on the situation of human rights in Myanmar, Tomás Ojea Quintana, will undertake a mission to Myanmar, from 31 January to 5 February, at the invitation of the Government. 



“We are all witnessing significant developments in Myanmar and this mission will take place at an important moment in the country’s history,” he said. “My main objective is to assess the country’s human rights situation in light of these developments and as a follow-up to my last mission in August 2011.” 


During his six-day visit, the independent expert, designated by the UN Human Rights Council to monitor and report on the situation in Myanmar, will meet with Government ministers, members of Parliament, the recently-established National Human Rights Commission and various other relevant stakeholders. 

ပြည်ပ သတင်းသမားတချို့ ရန်ကုန်က မီဒီယာ-ဆွေးနွေးပွဲဆီရောက်နေ

ပြည်ပ သတင်းသမားတချို့ ရန်ကုန်က မီဒီယာ-ဆွေးနွေးပွဲဆီရောက်နေ
၃၀-၀၁-၂၀၁၂ 

"ဒီမိုကရေစီလူ့အဖွဲ့အစည်းတစ်ခုအတွင်း မီဒီယာ ဖွံ့ဖြိုးတိုးတက်မှု" လို့ အမည်ပေးထားတဲ့ အလုပ်ရုံဆွေးနွေးပွဲတခုကို ဇန်န၀ါရီ ၃၀-ရက် ဒီနေ့မနက် ၉-နာရီက ရန်ကုန် အင်းလျားကန် ဟိုတယ်မှာ ကျင်းခဲ့ကြောင်းသိရပါတယ်။

ဒီဆွေးနွေးပွဲဆီ ပြည်ပအခြေစိုက် သတင်းဌာနတွေဖြစ်တဲ့ BBC မြန်မာပိုင်းမှ ဌာနမှုး ဒေါ်တင်ထားဆွေ။ VOA မြန်မာပိုင်းဌာနမှုး ဦးသန်းလွင်ထွန်း။ မဇျိမသတင်းဌာနမှ အယ်ဒီတာချုပ် ဦးစိုးမြင့်အပါဝင် သတင်း သမားတချို့တက်ရောက်ခဲ့တယ်လို့ အဲဒီပွဲကိုရောက်နေတဲ့ သတင်းသမားတဦးကပြောပါတယ်။

Saturday, January 28, 2012

ဒေါ်အောင်ဆန်းစုကြည် ထားဝယ်ခရီးစဉ် နောက်ဆုံးရသတင်းနဲ့ ဓါတ်ပုံများ

ဒေါ်အောင်ဆန်းစုကြည်အား ထားဝယ်လူထု သိန်းနဲ့ချီကြိုဆို
၂၉-၀၁-၂၀၁၂


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီမနက် ၈-နာရီ ၀န်းကျင်းမှာ ထားဝယ်မြိုဆီ လေယဉ်နဲ့ရောက်ရှိလာပီး  ထားဝယ်နဲ့ လောင်းလုံးမှာ ပါတီအစည်းတွေ။ လူထုဟောပြောပွဲေ တွ ဆက်လုပ်နေ တယ်လို့သိရပါတယ်။



တနသာင်္ရီတိုင်း ဥက္ကဌ ဦးလှမင်းအပါဝင် ထားဝယ်။ လောင်းလုံး။ ရေဖြူ။ သရက်ချောင်းနဲ့ ပုလောမြို နယ် တွေကပါတီဝင်တွေ။ ဒေသခံလူထုတွေက လေယဉ်ကွင်းအထိ လာကြိုကြတယ်လို့ ပါတီဝင်လူငယ် တွေကပြောပါတယ်။


လေယဉ်ကွင်းကနေ ထားဝယ်မြိုနယ်ရုံးဆီဝင်ပီး အဲဒီမှာ ပါတီဝင်တွေနဲ့ဆွေးနွေးတာ။ လူထုကို နှုတ်ဆက် တာတွေလုပ်ခဲ့တယ်လို့သိရပါတယ်။ ၉-နာရီကျော်ကျော်မှာတော့ ထားဝယ်ကနေ ကမြောကင်းတံတား ကိုဖြတ်ပီး လောင်းလုံးမြိုနယ်ဆီခရီးထွက်ခဲ့ကြောင်း။ လောင်းလုံးမြိုနယ် ပါတီရုံးခန်းရှေ့ကနေ လူထုကို စကားပြောခဲ့ကြောင်း။ အဲဒီနောက် အောက်ရေဖြူရွာကို ဆက်ဆင်းပီး အဲဒီမှာလဲ လူထုဟောပြောပွဲတခု ထပ်လုပ်သေးတယ်လို့သိရပါတယ်။

Friday, January 27, 2012

ဒေါ်အောင်ဆန်းစုကြည် မနက်ဖြန် ထားဝယ်မှာ ဘာတွေလုပ်မလဲ

ဒေါ်အောင်ဆန်းစုကြည် မနက်ဖြန် ထားဝယ်မှာ ဘာတွေလုပ်မလဲ
၂၈-၀၁-၂၀၁၂

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ မနက်ဖြန် -တနင်္ဂနွေနေ့ မနက်ပိုင်းမှာ အစောဆုံးလေယဉ်နဲ့ ထားဝယ်မြိုဆီ ရောက်လာမယ်လို့မျော်လင့် ထားကြောင်း ထားဝယ်နဲ့ လောင်းလုံးရှိ NLD ပါတီဝင်တွေကပြောပါတယ်။

 ဒေါ်အောင်ဆန်းစုကြည် ပါတီဝင်တွေနဲ့တွေ့ဆုံမဲ့ ထားဝယ်မြိုက ပါတီရုံး

ထားဝယ်ကိုရောက်ရောက်ချင်း ထားဝယ်မြိုရှိ ပါတီ-တိုင်းရုံးဆီ အယင်ဆုံးဝင်ပီး အဲဒီမှာ တိုင်းဥက္ကဌ ဦးလှမင်း အပါဝင် တိုင်းကော်မီတီဝင်တွေ။ ထားဝယ်။ လောင်းလုံး။ သရက်ချောင်းနဲ့ ရေဖြူမြိုနယ်က ပါတီဝင်တွေနဲ ပထမ-ဆုံးတွေ့ဆုံဆွေးနွေးမယ်လို့သိရပါတယ်။


ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုဖို့ပြင်ထားတဲ့ ရုံးတွင်းက  မြင်ကွင်း

ပါတီဝင်တွေနဲ့ဆွေးနွေးပီးတဲ့အခါမှာတော့ ပြည်လူထုစည်းရုံးရေးခရီးစဉ်အဖြစ် ကြားဖြတ်ရွေးကောက်ပွဲ မှာ NLD ပါတီက ၀င်ပြိုင်ဖို့စာရင်းပေးထားတဲ့ ထားဝယ်နဲ့ တနာရီခန့် ကားမောင်းရ တဲ့ လောင်းလုံးမြိုဆီ သွားပီး လောင်းလုံးမြိုနယ် ပါတီရုံးရှေ့မှာ လူထုဟောပြောပွဲလုပ်မယ်လို့ သိရပါတယ်။

Thursday, January 26, 2012

လာဒ်စားမှုဖြစ်ပွါးနေသည်ဟုဆိုသော DVB သတင်းဌာနရဲ့ ကြေငြာချက်များ





လာဒ်စားမှုဖြစ်ပွါးနေသည်ဟုဆိုသော DVB သတင်းဌာနရဲ့ ကြေငြာချက်များ
၂၆-၀၁-၂၀၁၂
............................................................................................................
နောက်ဆုံးသတင်း...၁၆-၀၈-၂၀၁၂.


..................................................................................................
ကြေငြာချက် အမှတ် -၁- (DVB)
၃၀-၀၉-၂၀၁၁

စက်တင်ဘာ ၃၀-ရက်နေ့ DVB အရေးပေါ် သတင်းထုတ်ပြန်ချက်...


DVB ပြည်တွင်းသတင်းလုပ်ငန်းကွန်ယက်မှာ ငွေအလွဲသုံးစားရှိနေနိုင်တယ်ဆိုပြီး တာဝန်ရှိသူတွေက စက်တင်ဘာလ ၃၀ မှာ သတင်းထုတ်ပြန်ပါတယ်.. အလွဲသုံးစားလုပ်တာ ၂၀၁၀ နှစ်အတွင်းမှာ ဖြစ်နိုင်ပြီး ဒေါ်လာ ၃သိန်းလောက်- မြန်မာငွေ သိန်း ၃၀၀၀ လောက်လို့  ခန့် မှန်းပါတယ်..

အလွဲသုံးစားမှုမှာ ပါဝင်ပါတ်သက်မှု မရှိပေမယ့် အဖွဲ့ အစည်းတခုလုံး စီမံခန့် ခွဲရေးနဲ့  အုပ်ချုပ်ရေး တာဝန်ယူထားတဲ့ ဦးဆောင်ညွှန်ကြားရေးမှုး ဦးအေးချမ်းနိုင်နဲ့ လက်ထောက် ညွှန်ကြားရေးမှုး ဦးခင်မောင်ဝင်းတို့ က စီမံခန့် ခွဲရေးတာဝန်ကနေ နှုတ်ထွက်ပေးပါတယ်..

ဒီကိစတွေနဲ့ ပါတ်သက်ပြီး အဖြေမှန် အမှုမှန် အခြေအနေမှန် သိရအောင် နော်ဝေရဲဌာနမှာ အမှုဖွင့်ပြီး စံစမ်းစစ်ဆေးနေစဉ်ကာလမှာ ဘုတ်အဖွဲ့ ဝင် စပ်ဟန်ညောင်ရွှေက DVB ဦးဆောင်ညွှန်ကြားရေးမှုးတာဝန် ယာယီ ထမ်းဆောင်ပါမယ်..
Length: ‎8:24

တတိယ-နိုင်ငံရောက် ကလေးငယ်တွေ မြန်မာစာ တတ်ဖို့လိုသလား?

နော်ဝေးနိုင်ငံရောက် မြန်မာကလေးငယ်တွေ မြန်မာစာ တတ်ဖို့လိုသလား?
(23-01-2012)


(နော်ဝေးနိုင်ငံရောက် မြန်မာကလေးငယ်တွေ မြန်မာစာသင်နေပုံအကြောင်း နော်ဝေး TV NRK Surper က ရိုက်ထားတဲ့ မှတ်တန်းလေးကို ကြိုက်တဲ့အတွက် ထပ်ဆင့်ဖြန့်ဝေလိုက်ခြင်းဖြစ်ပါတယ်)

Lærer burmesisk

   

En gang i uken møtes disse barna for å lære seg morsmålet sitt.

Skrevet av maia, 23. januar, 2012

  1. Burma er et land i Asia.
  2. Det bor over 50 millioner mennesker i Burma.
  3. I 1990 ble Aung San Suu Kyi valgt til statsminister, men militæret nektet henne å begynne i jobben.
  4. Aung San Suu Kyi fikk Nobels fredspris i 1991 .
- Jeg vil treffe bestemoren min og tanta mi, sier Yin (11)

Hun har aldri vært i Burma tidligere, men vil gjerne reise for å besøke familien sin.
Mange mener nå at landet er i ferd med å bli mer demokratisk.
Dermed kan det bli enklere for burmesere som bor i andre land og besøke hjemlandet sitt:



ဒီသင်တန်းအကြောင်း ရုပ်သံအတွက် အောက်ပါ Link ကို နှိပ်ပါ။

Share

Twitter Delicious Facebook Digg Stumbleupon Favorites More