Saturday, December 15, 2012

သူပုန္ေက်ာင္းသားတဦးရဲ့ မာရသြန္ခရီး ၄၀


နုိင္ငံျခားသားပါရင္ အရွင္ဖမ္းမယ္ဆုိပါလား


အမွတ္ ၁ တပ္ရင္းမွ တပ္ခြဲမႉး ကုိလွဦး ဦးေဆာင္တဲ့ စစ္ေၾကာင္းကုိ ပုေလာၿမိဳ႕နယ္ တေနရာမွာ ေတြ႔ရစဥ္
ျပည္ျခား-ပုေလာေဒသ ေရွ႕တန္းခရီးစဥ္နဲ႔ ပတ္သက္ၿပီး နွစ္ ၂၀ ေလာက္ၾကာၿပီးခ်ိန္မွာ  ေမာင္ေဒးဗစ္ကုိ အခုလုိ က်ေနာ္ ခ်ီမြမ္းခန္း ဖြင့္ေနေပမယ့္ ၁၉၉၅ တုန္းက အျမင္ကေတာ့ တကယ့္ေျပာင္းျပန္ပါ။
နုိင္ငံျခားသား သတင္းေထာက္ တဦးကို ေရွ႕တန္းေခၚသြားရတဲ့ တာ၀န္က အေတာ္ႀကီးတဲ့အတြက္ ေခၚလာမိတာ မွားၿပီလား လုိ႔ေတာင္ စဥ္းစားခဲ့ဖူးပါတယ္။ က်ေနာ္တို႔တပ္ေတြနဲ႔အတူ နုိင္ငံျခားသတင္းေထာက္ေတြ၊ အထူးသျဖင့္ လူျဖဴေတြ ပါလာတယ္လို႔ န၀တဘက္က သိသြားရင္ အင္အား အလုံးအရင္း သုံးၿပီး မရ၊ ရတဲ့နည္းနဲ႔ လုိက္လံပိတ္ဆုိ႔ တားဆီးေလ့ ရွိတယ္လို႔ ေရွ႕တန္းအေတြ႔ အႀကံဳရွိသူ တပ္ခဲြမႉး ကိုလွဦးကေျပာပါတယ္။


တကယ္ ကေတာ့ DAB စစ္ေၾကာင္းေတြ ေခတ္ေကာင္းစဥ္က ျပည္ျခား-ပုေလာေဒသဆီ ေရာက္လာတဲ့ နုိင္ငံျခား သတင္းေထာက္ အေတာ္မ်ားမ်ား ရွိခဲ့ၿပီး အခု ေမာင္ေဒးဗစ္ဟာ ABSDF ရဲ့ အေတာက္ပဆုံး ကာလေတြ ကုန္ခါနီးမွ ေနာက္ဆုံးေရာက္လာသူလုိ႔ေတာင္ ေျပာနုိင္မယ္ထင္ပါတယ္။ အရင္နဲ႔ကြာတာက အရင္ကဆုိရင္ အင္အား ၁၀၀ ေက်ာ္ ၂၀၀ ေလာက္နဲ႔သြားေနတဲ့ DAB စစ္ေၾကာင္းဆုိေတာ့ န၀တဘက္က အင္အား ၄၀၊ ၅၀ ေလာက္နဲ႔ လာတုိက္မယ့္ စစ္ေၾကာင္းကို ဂ႐ုစုိက္စရာမလုိခဲ့ပါ။
ဆုိလုိတာကေတာ့ အခု က်ေနာ္တို႔စစ္ေၾကာင္းက DAB လည္းမဟုတ္၊ KNU နဲ႔ ပူးတဲြစစ္ေၾကာင္းလည္းမဟုတ္။ က်ေနာ္တို႔ တပ္ေတြခ်ည္း အင္အား ၃၀ ေက်ာ္ ၄၀ ေလာက္နဲ႔ သြားရတဲ့ စည္း႐ံုးေရးစစ္ေၾကာင္းဆုိေတာ့ က်ေနာ္တို႔နဲ႔အတူ နုိင္ငံျခားသတင္းေထာက္ ပါလာတယ္ဆုိတာကုိ လုံး၀ သတင္းမေပါက္ေအာင္ ထိမ္းထားရပါတယ္။

ေနာက္ထပ္ေတြ႔ရတဲ့ ထူးျခားခ်က္တခုကေတာ့ ေရွ႕တန္းခရီးစဥ္အတြင္း “ဘာေတြကုိ အဓိက မွတ္တမ္းတင္ခ်င္တာလဲ” ဆုိၿပီး ေမာင္ေဒးဗစ္ကို ေမးတဲ့အခါ “မွတ္တမ္းတင္ဖို႔ဆုိၿပီး ဘာမွ တကူးတက လုပ္မျပပါနဲ႔။ ခင္ဗ်ားတုိ႔ ေန႔စဥ္လုပ္ေနက်အတုိင္း လုပ္ေနတာကိုပဲ သဘာ၀အတုိင္း ျမင္ခ်င္ပါတယ္” လို႔ သူက ေျဖပါတယ္။ “က်ေနာ္တုိ႔ ေန႔စဥ္ဘ၀ပုံက ဘာထူးမွာလဲဗ်ာ။ ဒီေကာင္ စိတ္၀င္စားသြားေအာင္ န၀တစခန္းတခုကို ဝင္သိမ္းျပလုိက္ရင္ ေကာင္းမယ္ထင္တယ္” ဆုိၿပီး တပ္မႉးငယ္တဦးက ၀င္ေျပာတာကို က်ေနာ္အမွတ္ရေနပါတယ္။

အမွန္အတုိင္း၀န္ခံရရင္ သတင္းေထာက္ေပါက္စ က်ေနာ္ကိုယ္တုိင္လည္း အဲဒိီကာလက အဲဒီ တပ္မႉးငယ္လုိပဲ အျမင္ရွိေနပါတယ္။ လူစိတ္၀င္စားမယ့္ လုပ္ကြက္ေတြကို ထြင္ျပခ်င္ေနၿပီး က်ေနာ္တုိ႔ေန႔စဥ္ဘ၀က ပရိသတ္အတြက္ ဘာမွ စိတ္၀င္စားဘြယ္ မရွိဘူးလို႔ ထင္ေနခဲ့တာပါ။ ဒါေပမယ့္ ေမာင္ေဒးဗစ္က ဒီလုိ လုပ္ကြက္ေဖာ္မယ္ဆုိတဲ့ကိစၥကုိ လုံး၀ကန္႔ကြက္ၿပီး ပုံမွန္သြားေနက်၊ ပုံမွန္လုပ္ေနက်အတုိင္းသာ လုပ္ပါ။ “အရုိးဆုံးက အေကာင္းဆုံးပါပဲ” လုိ႔ ေျပာပါတယ္။ ဒါေပမယ့္ ေမာ္ကြန္း႐ုပ္ရွင္နဲ႔သာ ရင္းနွီးခဲ့ဖူးတဲ့ က်ေနာ္တို႔၊ ဗီဒီယိုဆုိတာ ဇာတ္လမ္းဆင္ၿပီး ႐ုိက္ထားတယ္လို႔သာ နားလည္ေနခဲ့တဲ့ က်ေနာ္တို႔ စိတ္ထဲမွာေတာ့ သူေျပာေနတဲ့ ေန႔စဥ္လုပ္ေနက် ရုိးရုိးဘ၀ကုိ မွတ္တမ္းတင္မယ္ဆုိတာကုိ သိပ္ နားမလည္ခဲ့ပါ။

ဒီလုိနဲ႔ ငါးတက္ေက်းရြာ ေတာအုပ္ထဲရွိ ကုိလွဦးတို႔ အိမ္မွာ ေရွ႕တန္းခရီးစဥ္အတြက္ အေသးစိပ္ ညွိနႈိင္းျပီးတဲ့ေနာက္ ညေန ၄ နာရီခန္႔မွာ က်ေနာ္တို႔စစ္ေၾကာင္း ငါးတတ္ကေန ျပည္ျခားရြာဆီ စတင္ ခ်ီတက္လာပါတယ္။ ေမာင္ေဒးဗစ္ပုံကို လူျဖဴမွန္းမသိေအာင္ မ်က္နွာကုိ အုိးမဲသုတ္ၿပီး အာရပ္တဦးလုိ စစ္ေရာင္အ၀တ္စနဲ႔ ေခါင္းၿမီးၿခံဳထားေပမယ့္ “အေ၀းက ျမင္နုိင္သည္” ဆုိတဲ့ ပုံစံကေတာ့ ေပၚေနဆဲျဖစ္ပါတယ္။ ဒါေၾကာင့္ ျပည္ျခားရြာ မ၀င္ခင္ ေရပူရြာ ေတာစပ္ထဲမွာ အေမွာင္ပ်ဳိးတဲ့အထိ စစ္ေၾကာင္းတခုလုံး “အုိေခါ့” (ခနရပ္တာကို ကရင္စကားနဲ႔ ေခၚတာျဖစ္ျပီး ေရွ႕တန္းမွာ ဒီစကားက အေတာ္ေခတ္စားပါတယ္) လုပ္ရင္းနဲ႔ ထုိင္ေစာင့္ေနရျပီး ည ၆ နာရီေက်ာ္မွ ရြာထဲ၀င္ရပါတယ္။

ျပည္ျခားရြာအစြန္ ေခ်ာင္းေဘးက ကြမ္းသီးျခံတခုထဲမွာ အဲဒီညက စခန္းခ်ခဲ့ပါတယ္။ ကြမ္းသီး ပင္ ၂ ပင္ၾကား စစ္ပုခက္ခ်ည္ၿပီး အိပ္ရတဲ့အရသာ အေတာ္ေကာင္းေပမယ့္ ေခြးေတြအရမ္းေဟာင္ေနလို႔ ေတာ္႐ုံနဲ႔ အိပ္မေပ်ာ္နုိင္ခဲ့ပါ။ မနက္ ၄ နာရီေလာက္မွာေတာ့ ျပည္ျခားရြာကေန ထား၀ယ္-ၿမိတ္ ကားလမ္းမကို ျဖတ္ပါတယ္။ ကားလမ္းဆုိေပမယ့္ ျမိဳ႕ျပေဒသက ကားလမ္းေတြလုိ ကတၱရာခင္း ထားတာမ်ဳိးမဟုတ္ပါ။ ေျမနီလမ္းအဆင့္ပဲ ရွိေသးတဲ့အတြက္ အဲဒီေျမနီလမ္းေပၚမွာ လူ ၅၀ ခန္႔ရဲ့ေျခရာေတြ မက်န္ေအာင္ဆုိျပီး တပ္ခဲြမႉး ကိုလွဦးကို္ယ္တုိင္ သစ္ခက္တခက္နဲ႔ လုိက္ဖ်က္ေနတာကုိ ျမင္ေယာင္ေန ပါတယ္။ ကားလမ္းမကေန ေတာင္ေလးတလုံးကိုေက်ာ္၊ ကြင္းျပင္တခုထဲ ေရာက္ေတာ့ အေရွ႕ဘက္ မုိးေကာင္းကင္မွာ အာ႐ုဏ္တက္ၿပီး ေနေရာင္ေလး စထြက္လာေနပါၿပီ။ ကင္မရာအျမင္ရွိတဲ့ ေမာင္ေဒးဗစ္က အဲဒီေနေရာင္ေအာင္မွာ က်ေနာ္တို႔အဖြဲ႔ သြားေနတာကုိ အပီအျပင ္မွတ္တမ္းတင္ပါတယ္။

တနသၤာရီေခ်ာင္းဖ်ားမွ အက္ဒမန္ပင္လယ္သုိ႔


ပင္လယ္ကမ္းစပ္ေက်းရြာမွာ စစ္ေၾကာင္းခဏနားစဥ္ ေရဒီယုိ နားေထာင္ေနၾကတဲ့ ရဲေဘာ္တခ်ဳိ႕
ကြင္းျပင္အလြန္မွာေတာ့ မူလတန္းေက်ာင္းတခုရွိတဲ့ ကမာအုိင္ဆိုတဲ့ ကရင္ရြာေလးတခုကို ေရာက္ပါတယ္။ အဲဒီရြာက ကရင္အဖြားအုိတဦးရဲ့ အိမ္ေဘးမွာ ေခတၱစခန္းခ်ၿပီး မနက္စာအတြက္ ျပင္ပါတယ္။ ရဲေဘာ္တခ်ဳိ႕ ဆန္ႀကိဳး (ေရွ႕တန္းသြားတဲ့အခါ ဆန္ကုိ အထုပ္အပုိးနဲ႔ သယ္ရခက္လို႔ အခ်င္း ၃ လက္မ။ အရွည္ ၃ ေပေလာက္ရွိတဲ့ ပိတ္စနဲ႔ခ်ဳပ္ထားတဲ့ သုိင္းႀကိဳးထဲ ဆန္ထည့္ျပီး ရဲေဘာ္တဦးစီက တႀကိဳးစီ သယ္သြားရပါတယ္) ထဲက ဆန္ေတြကို အုိးထဲေလာင္းခ်ေနတဲ့ပုံ၊ ေတြ႔သမွ် သစ္ကိုင္းသစ္ခက္ေတြ ေကာက္ယူမီးေမႊးေနတဲ့ပုံ၊ ငရုတ္သီးေထာင္း၊ ၾကက္သြန္ႏႊာလုပ္ေနတဲ့ပုံုံ၊ အဲဒီအခ်ိန္မွာ က်ေနာ္တို႔ တာ၀န္ရွိသူေတြက ေျမပုံၾကည့္၊ ေရဒိီယုိ နားေထာင္ေနပုံ၊ ဘီဘီစီ ျမန္မာပုိင္းကေန ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္ ဘုထ႐ို႕ ဘုထ႐ို႕ ဂါလီက ဘာေျပာတဲ့ဆုိတဲ့ အသံေတြကို ေမာင္ေဒးဗစ္က မွတ္တမ္းတင္ထားပါတယ္။

မနက္စာစားျပီး ခရီးဆက္ထြက္လာေတာ့ လယ္ထဲကုန္းဆုိတဲ့ ရြာငယ္ေလးတခု၊ လယ္ကြင္းျပင္ႀကီးတခုကို ျဖတ္ရျပီး စပါးကို သဘာ၀ေလနဲ႔ သန္႔စင္ေအာင္လုပ္ေနျကတဲ့ လယ္သူမတစုကုို ေတြ႔ရပါတယ္။ ေနာက္ထပ္ လယ္ကြင္ျပင္တခုနဲ႔ ပင္လယ္ေရတက္ခ်ိန္မို႔ ဗြက္အုိင္ႀကီးျဖစ္ေနတဲ့ လမုေတာလုိ ေနရာတခုကို ျဖတ္ျပီးတဲ့အခါမွာေတာ့ က်ေနာ္တို႔ခရီးစဥ္ရဲ့ ဒီေန႔အတြက္ ဦးတည္ခ်က္ အက္ဒမန္ပင္လယ္ေဘးက လိပ္ဥေသာင္ေက်းရြာကို ေရာက္လာပါတယ္။
ဒီေနရာေတြဟာ တပ္ခြဲမႉး ကိုလွဦးအပါ၀င္ ရဲေဘာ္အေတာ္မ်ားမ်ား မၾကာခန ေရာက္ဖူးျပီးသား ျဖစ္ေပမယ့္ စစ္ေၾကာင္းမႉးႀကီး က်ေနာ္အတြက္ေတာ့ ေမာင္ေဒးဗစ္နဲ႔ သိပ္မထူးျခား၊ အားလုံးဟာ အသစ္အဆန္း ျဖစ္ေနပါတယ္။ သဲေသာင္ျပင္နဲ႔ အုန္းပင္တန္းေတြေအာက္မွာ အခုိင္အမာေဆာက္ထားတဲ့ အိမ္အေကာင္းစားေတြကို ေတြ႔ရၿပီး ပင္လယ္ကမ္းစပ္မွာလည္း အခုိင္အမာေဆာက္ထားတဲ့ ေလွဆိပ္နဲ႔ ေခတ္မီ စက္ေလွႀကီးေတြကို ေတြ႔ရပါတယ္။

အဲဒီေလွဆိပ္ေဘးက လက္ဖက္ရည္ဆုိင္မွာ စစ္ေၾကာင္းတခုလုံး ၀င္အားေပးခဲ့ပါတယ္။ ျပီးေတာ့ ရြာသူႀကီးကို ဆင့္ေခၚျပီး အဲဒီဆုိင္ထဲမွာပဲ တုိင္းေရးျပည္ေရး အေျခအေန စကားေျပာေဆြးေႏြးပါတယ္။ ဒီရြာသူႀကီးနဲ႔ ရြာသူရြာသားေတြဟာ သူတို႔ရြာက ဗီဒီယုိရံုမွာ ညစဥ္ျပေနတဲ့ နုိင္ငံျခားဇာတ္ကားေတြကို ၾကည့္ေနၾကျဖစ္ေပမယ့္ နုိင္ငံျခားသားတဦးကိုယ္တုိင္ သူတို႔ရြာဆီ ေရာက္လာတာကိုေတာ့ အခုမွ ပထမဆုံး ျမင္ဖူးတာျဖစ္ပုံရပါတယ္။ အထူးအဆန္းအျဖစ္ လာ၀ုိင္းၾကည့္ေနၾကတဲ့အျပင္ ေမာင္ေဒးဗစ္ကေန သူတို႔ကို ဗီဒီယုိရုိ္က္တာအခါ ပုံမွန္အတုိင္း မဟုတ္ေတာ့ဘဲ မလႈပ္မရွက္ သတိဆြဲျပီး ရပ္ေနသလုိျဖစ္သြားၾကတာကိုလည္း က်ေနာ္သတိျပဳမိပါတယ္။

ရြာထဲကုိ ဒီလုိေပၚတင္၀င္ျပီးရင္ေတာ့ သတင္းက ဘယ္လုိမွထိမ္းမရနုိင္၊ ဒီေတာ့ တနာရီေလာက္ လိပ္ဥေသာင္မွာ ေနျပီးတာနဲ႔ KNU တပ္ေတြရွိရာ ေတာအုပ္ထဲက အုန္းေတာရြာဖက္ က်ေနာ္တို႔ စစ္ေၾကာင္း ျပန္လွည့္ခဲ့ပါတယ္။ အဲဒီမွာ တညတာစခန္းခ်ျပီး ေနာက္တရက္မွာေတာ့ ျပည္ျခားရြာထဲ ျပန္၀င္ျပီး ခရစ္စၥမတ္ပြဲ ႏဲြခဲ့ၾကပါတယ္။
ႏြားလွည္းေတြစီးၿပီး ပဲြလာၾကတဲ့ ရြာနီးခ်ဳပ္စပ္ကလူေတြ၊ ေရခဲတုံးကုိ ေရြေဖာ္ထုိးတဲ့ခုံေပၚတင္ျပီး တဂ်စ္ဂ်စ္ျခစ္၊ နုိ႔ဆီျဖန္းျပီး ေရခဲျခစ္အျဖစ္ စားေနၾကတဲ့ ကေလးငယ္ေတြရဲ့ ပုံေတြဟာ က်ေနာ္တို႔အတြက္ အထူးအဆန္း မဟုတ္ေပမယ့္ နုိင္ငံျခားသားတဦး အျမင္မွာေတာ့ ၁၈ ရာစု မွာက်န္ေနခဲ့တဲ့ အေမဇုန္ေတာထဲက လူရုိင္းရြာတခုဆီ ေရာက္ေနသလားလို႔ ထင္ခ်င္ထင္ေနနုိင္ပါတယ္။

 ေနာက္တရက္မွာေတာ့ ျပည္ျခားကေန ကားလမ္းမကို တခါျပန္ျဖတ္ျပီး ၀ါးကုန္းဆုိတဲ့ မြန္ရြာေလးကို က်ေနာ္တို႔ ခရီးဆက္ခဲ့ပါတယ္။ အဲဒီက ရပ္မိရပ္ဖ အိမ္တလုံးမွာ ရပ္ရြာအေျခေနကို ေမးျမန္းခဲ့ျပီး အထူးသျဖင့္ ေရး-ထား၀ယ္ ရထားလမ္း လုပ္အားေပးဒုကၡကုိ ရြာသူမႀကီးတဦးက အားရပါးရ ေျပာျပတာကို အမွတ္ရေနပါတယ္။

က်ေနာ္တို႔က အိမ္ေပၚမွာ ရပ္မိရပ္ဖနဲ႔ ဒီလုိစကားေျပာေနခ်ိန္မွာ စစ္ေၾကာင္းျပန္ျကားေရးအဖြဲ႔ကေတာ့ ရြာဗီဒီယုိရံုထဲ၀င္ကာ Beyond Rangoon ရုပ္ရွင္ကားကုိျပျပီး လူငယ္စည္းရံုးေရး လုပ္ေနၾကပါတယ္။ ျပန္ၾကားေရးအဖြဲနဲ႔ ပတ္သက္ျပီး သတိရတုန္း တခုထပ္ျဖည့္ေျပာရရင္ ေရွ႕ပုိင္းအခန္းတခုမွာ က်ေနာ္တင္ျပခဲ့ဖူးတဲ့ ဗဟုိရံုးအဖြဲ႔မႉး ဦးရီထြန္း တီထြင္ထားတဲ့ “ဖေရာင္းစကၠဴ ေကာ္ပီကူး သစ္သားကိရိယာေလး” ကုိ တပ္ရင္းကေန ေရွ႕တန္းအထိသယ္လာျပီး ေရွ႕တန္းအေျခေနနဲ႔ကုိက္ညီမယ့္ လူထုပညာေပး ပုိစတာေတြ၊ ေဆာင္းပါးေတြ၊ ကဗ်ာေတြကို ခ်က္ခ်င္း ဖေရာင္းစကၠဴေပၚေရး၊ ခ်က္ခ်င္းလိမ့္၊ ခ်က္ခ်င္းျဖန္႔တာကို က်ေနာ္တုိ႔ ေဆာင္ရြက္နုိင္ခဲ့ပါတယ္။ က်ေနာ္နဲ႔ ကုိေက်ာ္ေက်ာ္ ေရးသမွ်ကုိ လက္ေရးလွလွနဲ႔ ဖေရာင္းစကၠဴေပၚ ေရးေပးသူကေတာ့ တပ္ရင္းျပန္ၾကားေရးအဖြဲ႔၀င္ ကိုသက္ေဇာ္ေထြး ျဖစ္ပါတယ္။

ဗီဒီယုိျပ၊ စာရြက္ျဖန္႔ ပညာေပးမႈေတြ လုပ္ျပီးတဲ့အခါမွာေတာ့ ၀ါးကုန္းရြာကေနခြာျပီး ျပည္ျခားေခ်ာင္းအနီးရွိ ရြာငယ္ေလးတခုမွာ (ကေထာင္းနီရြာလို႔ ထင္ပါတယ္) စခန္းခ် ညအိပ္ခဲ့ပါတယ္။ ျဖစ္ခ်င္ေတာ့ အဲဒီရြာမွာ စခန္းခ်ေနတုန္း စည္းရံုးေရးမႉး ကိုကုိေက်ာ္ ၀ါးဆစ္ေလွကားေပၚက ေခ်ာ္က်ျပီး ေခါင္းကြဲသြားပါတယ္။ ဒီအျဖစ္အပ်က္ဟာ က်ေနာ္တို႔အတြက္ ဆုိရင္ေတာ့ နေမာ္နမဲ့နုိင္လုိ႔ ျဖစ္တာလို႔ အလြယ္တကူ မွတ္ခ်က္ခ်လုိက္ျပီး ဘာမွ စာဖြဲ႔စရာ မရွိေလာက္ပါ။ ဒါေပမယ့္ က်ေနာ္တုိ႔ ႀကံဳေတြသမွ်ကုိ မွတ္တမ္းတင္ေနတဲ့ နုိင္ငံျခားသား သတင္းေထာက္တဦး အျမင္မွာေတာ့ ဒါဟာ ငွက္ဖ်ားမိထားလို႔ အားနဲမူးေ၀ေနတဲ့ ေက်ာင္းသား ေတာ္လွန္ေရးသမားတဦး ေလွကားေပၚက ျပဳတ္က်တာလို႔ ေမာင္ေဒးဗစ္က ရုပ္သံ မွတ္တမ္းထဲမွာ ထည့္ေျပာထားပါတယ္။

ေနာက္တေန႔ မနက္မွာေတာ့ ရြာကႏြားလွည္းတစီးကို အကူညီေတာင္း၊ ပါတ္တီးအျဖဴႀကီး ေခါင္းမွာစည္းထားတဲ့ ကုိေက်ာ္ေက်ာ္ကို လွည္းေပၚတင္ျပီး ျပည္ျခားရြာကို ျပန္၀င္ပါတယ္။ ျပည္ျခားေခ်ာင္းေရက သန္႔ရွင္းစင္ၾကယ္ေနျပီး ေရအနက္က ဒူးဆစ္ေက်ာ္ေက်ာ္ေလးပဲရွိပါတယ္။ ေနပူလြန္းလို႔ အဲဒီေရကုိ လက္ခုပ္နဲ႔ခပ္ျပီး ေသာက္ေနၾကတဲ့ ရဲေဘာ္ေတြ၊ အဲဒီေရကိုျဖတ္ျပီး တက္လာတဲ့ႏြားလွည္း၊ အရိပ္ေကာင္းလွတဲ့ ေညာင္ပင္ေတြကို ေမာင္ေဒးဗစ္ အမိအရ မွတ္တမ္းတင္ေနပါတယ္။ ျပည္ျခားရြာအ၀င္ ကားလမ္းမေပၚမွာေတာ့ ၁၀ ေပေလာက္အျမင့္အထိ တုိင္ေတြစုိက္ျပီး အေပၚမွာ ဖက္မုိးထားတဲ့ ထူးျခားတဲ့ ကားဂိတ္တခုကုိ ေတြ႔ရပါတယ္။ ဒီကားဂိတ္ဟာ ဒိီေန႔အတြက္ က်ေနာ္တို႔ လူထုတရားပဲြလုပ္မယ့္ သတ္မွတ္ေနရာျဖစ္ပါတယ္။


အားလုံးကြက္တိပါပဲ။ အဲဒီကားဂိတ္ဆီ က်ေနာ္တို႔စစ္ေၾကာင္း ေရာက္ျပီး ၁၅ မိနစ္ေလာက္အတြင္း ထား၀ယ္ကေန ျမိတ္ဖက္ေမာင္းလာတဲ့ လုိင္းကားတစိီး မနုိင္၀န္ေတြနဲ႔အတူ ဆုိက္ေရာက္လာပါတယ္။ လုိင္းကားဆုိလို႔ ျမိဳ႕ျပက ကားေတြလုိ ဘတ္စကားလို႔ မထင္လုိက္ပါနဲ႔။ ဒုတိယကမာၻစစ္ လက္က်န္ ေဒါ့ဂ်စ္ကားကုိ ၾကည့္ေပ်ာ္ရႈေပ်ာ္ျဖစ္ေအာင္ ျပန္လည္မြမ္းမံထားတဲ့ (အခုခ်ိန္အထိ ဒီလုိကားမ်ဳိးေတြကို တနသၤာရီတုိင္းမွာ သုံးေနၾကဆဲလို႔ သိရပါတယ္)၊ ေအာက္ထပ္မွာ အမ်ဳိးသမီးေတြစီး၊ အမ်ဳိးသားေတြက ေခါင္မုိးေပၚမွာထုိင္ရတဲ့၊ စားပဲြကုလားထုိင္ အပါအ၀င္ သစ္တုိသစ္စကေန ငါးပိငါးခ်ဥ္အထိ ပစၥည္းမ်ဳိးစုံ သယ္နုိင္တဲ့ ကားအမ်ဳိးအစား ျဖစ္ပါတယ္။

ထုံးစံအတုိင္း အဓိကေဟာေျပာသူကေတာ့ ေခါင္းကြဲလို႔ ပတ္တီးစည္းထားရတဲ့ စည္းရံုးေရးမႈး ကိုေက်ာ္ေက်ာ္ျဖစ္ပါတယ္။ အမ်ဳိးသားညီလာခံကုိ အဆင့္တုိင္းအဆင့္တုိင္းမွာ ဘယ္လုိဘယ္ပုံ တုိက္ဖ်က္ရမယ္။ လုပ္အားေပးမလုိက္ဘဲ ဘယ္လိုဆန့္က်င္ရမယ္၊ နုိင္ငံေရးလုပ္ငန္းစဥ္ေတြမွာ လူထုက လုိက္ပါေဆာင္ရြက္ဖုိ႔ လိုတယ္ စသည္ျဖင့္ သူေျပာေနတာေတြကို ပရိသတ္တခ်ဳိ႕က စိတ္၀င္စားေကာင္း စိတ္၀င္စားေနနုိင္ေပမယ့္ က်ေနာ္အျမင္မွာေတာ့ ကင္မရာကိုင္ထားတဲ့ အေနာက္တုိင္းသား လူျဖဴ ေမာင္ေဒးဗစ္ကုိသာ ပရိသတ္က စိတ္၀င္တစား ၾကည့္ေနၾကတယ္လို႔ ထင္ေနမိပါတယ္။ အဲဒီေဟာေျပာပဲြ အျပီးမွာေတာ့ သတင္းတပတ္ၾကာ က်ေနာ္တို႔ရဲ့ လူထုစည္းရံုးေရးခရီးစဥ္ စစ္ေၾကာင္းကို အဆုံးသတ္ျပီး ငါးတက္ေက်းရြာဆီ ျပန္တက္လာခဲ့ပါတယ္။

ဖလင္မပါဘဲ ဓါတ္ပုံရုိက္ေနတဲ့ စစ္ေျမျပင္သတင္းေထာက္

ငါးတက္ရြာက ေရွ႕တန္းစစ္ေၾကာင္းရံုးဆီ ျပန္အေရာက္မွာေတာ့ အစည္းေ၀းထုိင္ျပီး ေမာင္ေဒးဗစ္ကုိ ေနာက္တန္းျပန္ပုိ႔ဖုိ႔၊ ျပီးရင္ က်ေနာ္တို႔ခ်ည္း ပင္လယ္ျပင္ထဲအထိ စစ္ေၾကာင္းထပ္ထြက္ျပီး စည္းရံုးေရး ဆက္လုပ္ဖုိ႔ ဆုံးျဖတ္ခဲ့ပါတယ္။ ငါးတက္မွာ ၃ ရက္ေလာက္ နားျပီးတဲ့ေနာက္ ျပည္ျခားရြာဆီ ျပန္ဆင္းလာျပီး လိပ္ဥေသာင္ကုိ ညဖက္ႀကီး ျပန္၀င္ပါတယ္။ ျပီးေတာ့ စက္ေလွ ၅၊ ၆ စီးေလာက္ ဆင့္ေခၚျပီး ပင္လယ္ထဲက ကြ်န္းရြာႀကီးတခုျဖစ္တဲ့ လိပ္ဥေသာင္ရြာရဲ့ အေပၚဘက္ရွိ ျပင္ဘုႀကီးကြ်န္းဆီ က်ေနာ္တို႔ ခရီးဆက္ခဲ့ပါတယ္။ ပင္လယ္ထဲ စစ္ေၾကာင္းသြားတဲ့အခ်ိန္မွာ ဒီေရအတက္အက်ကုိ အေသအခ်ာ ထည့္တြက္ထားဖုိ႔လုိျပီး အတြက္မွားလို႔ ေျပးေပါက္မွားခဲ့တဲ့ စစ္ေၾကာင္းေတြ က်ေနာ္တုိ႔ေရွ႕မွာ ရွိခဲ့ဖူးတယ္လို႔ လိပ္ဥေသာင္ရြာသူႀကီးက ေျပာျပပါတယ္။


ပုေလာျမိဳ႕နယ္အတြင္း စစ္ေၾကာင္းသြားရင္းနဲ႔ ေတာအုပ္တခုထဲမွာ က်င္းပခဲ့တဲ့ ျပည္ေထာင္စုေန႔ အခမ္းအနား
အဲဒီညက လျပည့္ညလို႔ ထင္ပါတယ္။ ေကာင္းကင္တခုလုံး ၾကည္လင္၀င္းပေနျပီး ပင္လယ္ျပင္ထဲက က်ေနာ္တုိ႔ေလွေတြ အခ်င္းခ်င္း ျမင္ေနရပါတယ္။ မနက္အာရံုတက္ခ်ိန္မွာ ျပင္ဘုႀကီးကြ်န္းဆီ ဆုိက္ျပီး ကမ္းကပ္ျကပါတယ္။ ဒီလုိ ကမ္းကပ္တဲ့အခါမွာလည္း အထူးသတိထားဖုိ႔လုိျပီး ကမ္းေပၚမွာ တဘက္ရန္သူ ရွိမရွိ သတင္းအတိအက် ရထားဖုိ႔ လုိပါတယ္။ ေနာက္တခါ ေရွ႕ေျပးေလွကုိ အရင္ကုန္းေပၚ တက္ခုိင္းျပီး အဲဒီအဖြဲ႔က မီးစိမ္းျပမွ စစ္ေၾကာင္းတခုလုံး စနစ္တက် ခ်ီတက္ၾကရပါတယ္။ ဒီလုိမ်ဳိး စနစ္တက်ကမ္းတက္တာ မလုပ္မိလို႔ က်ေနာ္တို႔အရင္ စစ္ေၾကာင္းတခု ကမ္းအတက္မွာ တဖက္ရန္သူရဲ့ ေခ်မႈန္းမႈကို ခံခဲ့ရဖူးတယ္လို႔ သိရပါတယ္။

ပင္လယ္ျပင္ထဲကတံငါရြာဆုိေပမယ့္ က်ေနာ္တို႔ထား၀ယ္၀န္းက်င္က ရြာေတြထက္ေတာင္ ပုိႀကီးမား၊ ပုိစည္းကားေနတာကို ေတြ႔ရပါတယ္။ ရြာထဲေရာက္ေရာက္ခ်င္း ပထမဆုံး က်ေနာ္တို႔စစ္ေၾကာင္း သြားတဲ့ေနရာကေတာ့ အလက သုိ႔မဟုတ္ တြဲဖက္ အထကေက်ာင္းျဖစ္ပါတယ္။ ဒီေက်ာင္းကဆရာ၊ ဆရာမေတြဟာ တပ္ခဲြမႉး ကုိလွဦး အပါအ၀င္ က်ေနာ္တို႔ရဲေဘာ္ေတြနဲ႔ အေတာ္ရင္းနွီးေနပုံရပါတယ္။ က်ေနာ္တို႔ စစ္ေၾကာင္းပါ ရဲေဘာ္အမ်ားစုဟာ ပုေလာျမိဳ႕နယ္က ျဖစ္တာေျကာင့္ အခုလုိ ရင္းနွီးေနတာလဲ ျဖစ္နုိင္ပါတယ္။ ဖေယာင္းစကၠဴမွာ လက္ေရးနဲ႔ ေရးေနရတာကို စိတ္ပ်က္ေနပုံရတဲ့ ကုိသက္ေဇာ္ေထြးက ဒီေက်ာင္းက လက္နွိပ္စက္ႀကီးကုိ ဆဲြသြားရင္ ေကာင္းမယ္လို႔ အႀကံျပဳတာနဲ႔ အဲဒါႀကီးကုိ က်ေနာ္တို႔ အလႉခံလုိက္ပါတယ္။ ေက်ာင္းဆရာေတြဘက္က ေစတနာရွိလို႔ လႉလုိက္တာလား၊ က်ေနာ္တို႔ ကိုင္ထားတဲ့ ေသနတ္ေတြကိုၾကည့္ျပီး လႉလုိက္တာလား ဆုိတာကိုေတာ့ အဲဒီအခ်ိန္က က်ေနာ္ စဥ္းစားဖုိ႔ သတိမရခဲ့ပါဘူး။

ေန႔လည္ပုိင္းမွာေတာ့ ထုံးစံအတုိင္း ရြာလယ္မွာ လူစုၿပီး ကုိေက်ာ္ေက်ာ္ကပဲ အမ်ဳိးသားညီလာခံ တုိက္ဖ်က္ေရးအေၾကာင္း ေဟာေျပာပါတယ္။ ေဟာေျပာပဲြအျပီးမွာေတာ့ က်ေနာ္တုိ႔ေရးထားတဲ့ လံႈ႕ေဆာ္ေရးစာေတြ ျဖန္႔ေ၀ျပီး ရြာအတြင္း လွည့္လည္ကာ လူထုအေျခကုိ ေနေလ့လာခဲ့ပါတယ္။ အဲဒီ ကြ်န္းကေန က်ေနာ္တုိ႔ ျပန္ထြက္တဲ့အခ်ိန္ကေတာ့ ညသန္းေခါင္၀န္းက်င္ ဒီေရျပည့္တဲ့အခ်ိန္ ျဖစ္ပါတယ္။ ဒီလုိျပန္ထြက္တဲ့အခ်ိန္မွာ အဲဒီကြ်န္း၀န္းက်င္က ေနာက္တကြ်န္းဆီ ဆက္သြားမယ္လို႔ က်ေနာ္တို႔ စီစဥ္ထားပါတယ္။ ဒါေပမယ့္ စစ္ေရးသတိႀကီးလွတဲ့ တပ္ခြဲမႉး ကိုလွဦးက သူ႔စိတ္ထဲမွာ သံသယ နည္းနည္း ျဖစ္ေနတယ္။ အဲဒီကြ်န္းမွာ ရန္သူရွိေနနုိင္တယ္။ က်ေနာ္တုိ႔ ေလွအ၀င္လာကုိ ကြ်န္းေပၚကေန ေစာင့္ပစ္ခံရနုိင္တယ္ဆုိျပီး အစီစဥ္ကို ဖ်က္လုိက္ပါတယ္။

ဒီလုိနဲ႔ မနက္မုိးလင္းခ်ိန္မွာ လိပ္ဥေသာင္ရြာရဲ့ ေအာက္ဖက္ခပ္လွမ္းလွမ္းက ေက်ာက္သေဘၤာ သုိ႔မဟုတ္ ေဖာ့ဆုိတဲ့ ကမ္းစပ္ရြာေလးဆီ က်ေနာ္တို႔ ကမ္းတက္ခဲ့ပါတယ္။ ေန႔လည္ပုိင္းမွာေတာ့ ထား၀ယ္-ျမိတ္ ကားလမ္းမေပၚရွိ ၅ မုိင္ဆိုတဲ့ ရြာဆီခ်ီတက္ျပီး ထုံးစံအတုိင္း လုိင္းကားကုိတားဆီးကာ လူထုတရားေဟာပဲြလုပ္ျပန္ပါတယ္။

အဲဒီက အျပန္မွာေတာ့ ျပည္ျခားရြာဆီျပန္၀င္ျပီး ေခတၱစခန္းခ်ပါတယ္။ အဲဒီလုိ စခန္းခ်ေနစဥ္ “ရြာသူႀကီးမ်ားအား ေခၚယူပညာေပးျခင္း” အစီစဥ္တခုကို က်ေနာ္တို႔ အေကာင္ထည္ေဖၚပါတယ္။ ျပည္ျခားရြာေနာက္ေက်ာ ေခ်ာင္းတဖက္ကမ္းက အိမ္ႀကီးတလုံးမွာ က်င္းပတဲ့ ေန႔ခ်င္းျပီး နုိင္ငံေရးသင္တန္းကုိ ပုေလာျမုိနယ္ ေျမာက္ဖက္ျခမ္းရွိ ေက်းရြာေပါင္း ၄၀ ခန္႔က ရြာသူႀကီးနဲ႔ အတြင္းေရးမႉးအဖြဲ႔၀င္ ၅၀ ခန္႔ လာတက္ၾကပါတယ္။ လက္ရွိနုိင္ငံေရးအေျခေန၊ အမ်ဳိးသားညီလာခံအေျခေန၊ ဆန္းေစ်းစပါးေစ်း အေျခေန၊ လုပ္အားေပးအေျခအေန အပါအ၀င္ ဘာသာရပ္ အေတာ္မ်ားမ်ားကို ကိုေက်ာ္ေက်ာ္ကပဲ ဒုိင္ခံေဆြးေႏြးခဲ့ပါတယ္။ အဲဒီ ရြာသူႀကီးသင္တန္း အျပီးမွာေတာ့ က်ေနာ္တို႔စစ္ေၾကာင္းရဲ့ ခရီးစဥ္ကုိ အဆုံးသတ္ျပီး မင္းသမီးခစန္းဆီ ျပန္လာခဲ့ပါတယ္။


အဲ … မင္းသမီးစခန္း ျပန္ေရာက္ေတာ့ တလတာ စစ္ေၾကာင္းခရီးစဥ္ေတြအတြင္း က်ေနာ္ရုိက္ထားတဲ့ ဖလင္ ၃ လိပ္ကုိထုတ္ျပီး ကန္ခ်နပူရီမွာကူးဖုိ႔ လူႀကံဳနဲ႔ ပုိ႔လိုက္ပါတယ္။ ေနာက္တရက္ ဓာတ္ပုံနဲ႔ ဖလင္ေတြ ျပန္ေရာက္လာေတာ့ ၃ ေခြမွာ တေခြပဲ ပုံေပၚျပီး က်န္ ၂ ေခြက ဘာပုံမွမေပၚဘဲ အနက္ေရာင္ခ်ည္း ျဖစ္ေနပါတယ္။ ဒီေတာ့မွ ကို္ယ့္နဖူးကိုယ္ရုိက္ျပီး “ေသလုိက္ပါေတာ့ သတင္းေထာက္ႀကီးရယ္” လို႔ အသံထြက္ ေအာ္မိပါတယ္။ အဲဒီကာလဟာ အခုေခတ္လုိ ဒီဂ်ီတယ္ေခတ္ မဟုတ္ေသးေတာ့ ဖလင္နဲ႔ ရုိက္ရပါတယ္။

ကင္မရာကုိ တခါမွ ေကာင္းေကာင္း မကိုင္ဖူးေသးတဲ့ က်ေနာ္ဟာ ေရွ႕တန္းမဆင္းခင္ေလးကမွ Green November 32 အဖြဲ႔ကေန ရထားတဲ့ Pentax အေကာင္းစား ကင္မရာႀကီးကုိ ကုိင္ျပီး ဖလင္ကုိ၀င္ေအာင္ အေသအခ်ာ ထည့္တတ္ပုံမရေသးပါ။
ဒါေပမယ့္ စစ္ေၾကာင္းမႉးလည္းျဖစ္၊ ျပန္ျကားေရးတာ၀န္ခံလည္းျဖစ္၊ DVB သတင္းေထာက္လည္း ျဖစ္ေနသူဆုိေတာ့ ဟန္ကုိယ္ဖုိ႔လုပ္ရင္းနဲ႔ ဖလင္၀င္ မ၀င္ သံသယရွိမႈအေပၚ ဘယ္သူကိုမွ မတုိင္ပင္ျဖစ္ခဲ့ပါ။ “အခြင့္အေရးဆုိတာ နွစ္ခါျပန္ မရနုိင္ဘူး” ဆုိတဲ့ သတင္းသမားေတြရဲ့ ေဆာင္ပုဒ္ကို အဲဒီအခ်ိန္က်မွ က်ေနာ္ တကယ္သေဘာေပါက္လုိက္ပါတယ္။
............................
=======================================================

(အပိုင်း ၄၀)

ထက်အောင်ကျော်| July 26, 2012 | ဧရာဝတီ။

နိုင်ငံခြားသားပါရင် အရှင်ဖမ်းမယ်ဆိုပါလား


အမှတ် ၁ တပ်ရင်းမှ တပ်ခွဲမှူး ကိုလှဦး ဦးဆောင်တဲ့ စစ်ကြောင်းကို ပုလောမြို့နယ် တနေရာမှာ တွေ့ရစဉ်

ပြည်ခြား-ပုလောဒေသ ရှေ့တန်းခရီးစဉ်နဲ့ ပတ်သက်ပြီး နှစ် ၂၀ လောက်ကြာပြီးချိန်မှာ  မောင်ဒေးဗစ်ကို အခုလို ကျနော် ချီမွမ်းခန်း ဖွင့်နေပေမယ့် ၁၉၉၅ တုန်းက အမြင်ကတော့ တကယ့်ပြောင်းပြန်ပါ။
နိုင်ငံခြားသား သတင်းထောက် တဦးကို ရှေ့တန်းခေါ်သွားရတဲ့ တာဝန်က အတော်ကြီးတဲ့အတွက် ခေါ်လာမိတာ မှားပြီလား လို့တောင် စဉ်းစားခဲ့ဖူးပါတယ်။ ကျနော်တို့တပ်တွေနဲ့အတူ နိုင်ငံခြားသတင်းထောက်တွေ၊ အထူးသဖြင့် လူဖြူတွေ ပါလာတယ်လို့ နဝတဘက်က သိသွားရင် အင်အား အလုံးအရင်း သုံးပြီး မရ၊ ရတဲ့နည်းနဲ့ လိုက်လံပိတ်ဆို့ တားဆီးလေ့ ရှိတယ်လို့ ရှေ့တန်းအတွေ့ အကြုံရှိသူ တပ်ခွဲမှူး ကိုလှဦးကပြောပါတယ်။


တကယ် ကတော့ DAB စစ်ကြောင်းတွေ ခေတ်ကောင်းစဉ်က ပြည်ခြား-ပုလောဒေသဆီ ရောက်လာတဲ့ နိုင်ငံခြား သတင်းထောက် အတော်များများ ရှိခဲ့ပြီး အခု မောင်ဒေးဗစ်ဟာ ABSDF ရဲ့ အတောက်ပဆုံး ကာလတွေ ကုန်ခါနီးမှ နောက်ဆုံးရောက်လာသူလို့တောင် ပြောနိုင်မယ်ထင်ပါတယ်။ အရင်နဲ့ကွာတာက အရင်ကဆိုရင် အင်အား ၁၀၀ ကျော် ၂၀၀ လောက်နဲ့သွားနေတဲ့ DAB စစ်ကြောင်းဆိုတော့ နဝတဘက်က အင်အား ၄၀၊ ၅၀ လောက်နဲ့ လာတိုက်မယ့် စစ်ကြောင်းကို ဂရုစိုက်စရာမလိုခဲ့ပါ။
ဆိုလိုတာကတော့ အခု ကျနော်တို့စစ်ကြောင်းက DAB လည်းမဟုတ်၊ KNU နဲ့ ပူးတွဲစစ်ကြောင်းလည်းမဟုတ်။ ကျနော်တို့ တပ်တွေချည်း အင်အား ၃၀ ကျော် ၄၀ လောက်နဲ့ သွားရတဲ့ စည်းရုံးရေးစစ်ကြောင်းဆိုတော့ ကျနော်တို့နဲ့အတူ နိုင်ငံခြားသတင်းထောက် ပါလာတယ်ဆိုတာကို လုံး၀ သတင်းမပေါက်အောင် ထိမ်းထားရပါတယ်။

နောက်ထပ်တွေ့ရတဲ့ ထူးခြားချက်တခုကတော့ ရှေ့တန်းခရီးစဉ်အတွင်း “ဘာတွေကို အဓိက မှတ်တမ်းတင်ချင်တာလဲ” ဆိုပြီး မောင်ဒေးဗစ်ကို မေးတဲ့အခါ “မှတ်တမ်းတင်ဖို့ဆိုပြီး ဘာမှ တကူးတက လုပ်မပြပါနဲ့။ ခင်ဗျားတို့ နေ့စဉ်လုပ်နေကျအတိုင်း လုပ်နေတာကိုပဲ သဘာဝအတိုင်း မြင်ချင်ပါတယ်” လို့ သူက ဖြေပါတယ်။ “ကျနော်တို့ နေ့စဉ်ဘဝပုံက ဘာထူးမှာလဲဗျာ။ ဒီကောင် စိတ်ဝင်စားသွားအောင် နဝတစခန်းတခုကို ဝင်သိမ်းပြလိုက်ရင် ကောင်းမယ်ထင်တယ်” ဆိုပြီး တပ်မှူးငယ်တဦးက ဝင်ပြောတာကို ကျနော်အမှတ်ရနေပါတယ်။

အမှန်အတိုင်းဝန်ခံရရင် သတင်းထောက်ပေါက်စ ကျနော်ကိုယ်တိုင်လည်း အဲဒီကာလက အဲဒီ တပ်မှူးငယ်လိုပဲ အမြင်ရှိနေပါတယ်။ လူစိတ်ဝင်စားမယ့် လုပ်ကွက်တွေကို ထွင်ပြချင်နေပြီး ကျနော်တို့နေ့စဉ်ဘဝက ပရိသတ်အတွက် ဘာမှ စိတ်ဝင်စားဘွယ် မရှိဘူးလို့ ထင်နေခဲ့တာပါ။ ဒါပေမယ့် မောင်ဒေးဗစ်က ဒီလို လုပ်ကွက်ဖော်မယ်ဆိုတဲ့ကိစ္စကို လုံးဝကန့်ကွက်ပြီး ပုံမှန်သွားနေကျ၊ ပုံမှန်လုပ်နေကျအတိုင်းသာ လုပ်ပါ။ “အရိုးဆုံးက အကောင်းဆုံးပါပဲ” လို့ ပြောပါတယ်။ ဒါပေမယ့် မော်ကွန်းရုပ်ရှင်နဲ့သာ ရင်းနှီးခဲ့ဖူးတဲ့ ကျနော်တို့၊ ဗီဒီယိုဆိုတာ ဇာတ်လမ်းဆင်ပြီး ရိုက်ထားတယ်လို့သာ နားလည်နေခဲ့တဲ့ ကျနော်တို့ စိတ်ထဲမှာတော့ သူပြောနေတဲ့ နေ့စဉ်လုပ်နေကျ ရိုးရိုးဘဝကို မှတ်တမ်းတင်မယ်ဆိုတာကို သိပ် နားမလည်ခဲ့ပါ။

ဒီလိုနဲ့ ငါးတက်ကျေးရွာ တောအုပ်ထဲရှိ ကိုလှဦးတို့ အိမ်မှာ ရှေ့တန်းခရီးစဉ်အတွက် အသေးစိပ် ညှိနှိုင်းပြီးတဲ့နောက် ညနေ ၄ နာရီခန့်မှာ ကျနော်တို့စစ်ကြောင်း ငါးတတ်ကနေ ပြည်ခြားရွာဆီ စတင် ချီတက်လာပါတယ်။ မောင်ဒေးဗစ်ပုံကို လူဖြူမှန်းမသိအောင် မျက်နှာကို အိုးမဲသုတ်ပြီး အာရပ်တဦးလို စစ်ရောင်အဝတ်စနဲ့ ခေါင်းမြီးခြုံထားပေမယ့် “အဝေးက မြင်နိုင်သည်” ဆိုတဲ့ ပုံစံကတော့ ပေါ်နေဆဲဖြစ်ပါတယ်။ ဒါကြောင့် ပြည်ခြားရွာ မဝင်ခင် ရေပူရွာ တောစပ်ထဲမှာ အမှောင်ပျိုးတဲ့အထိ စစ်ကြောင်းတခုလုံး “အိုခေါ့” (ခနရပ်တာကို ကရင်စကားနဲ့ ခေါ်တာဖြစ်ပြီး ရှေ့တန်းမှာ ဒီစကားက အတော်ခေတ်စားပါတယ်) လုပ်ရင်းနဲ့ ထိုင်စောင့်နေရပြီး ည ၆ နာရီကျော်မှ ရွာထဲဝင်ရပါတယ်။

ပြည်ခြားရွာအစွန် ချောင်းဘေးက ကွမ်းသီးခြံတခုထဲမှာ အဲဒီညက စခန်းချခဲ့ပါတယ်။ ကွမ်းသီး ပင် ၂ ပင်ကြား စစ်ပုခက်ချည်ပြီး အိပ်ရတဲ့အရသာ အတော်ကောင်းပေမယ့် ခွေးတွေအရမ်းဟောင်နေလို့ တော်ရုံနဲ့ အိပ်မပျော်နိုင်ခဲ့ပါ။ မနက် ၄ နာရီလောက်မှာတော့ ပြည်ခြားရွာကနေ ထားဝယ်-မြိတ် ကားလမ်းမကို ဖြတ်ပါတယ်။ ကားလမ်းဆိုပေမယ့် မြို့ပြဒေသက ကားလမ်းတွေလို ကတ္တရာခင်း ထားတာမျိုးမဟုတ်ပါ။ မြေနီလမ်းအဆင့်ပဲ ရှိသေးတဲ့အတွက် အဲဒီမြေနီလမ်းပေါ်မှာ လူ ၅၀ ခန့်ရဲ့ခြေရာတွေ မကျန်အောင်ဆိုပြီး တပ်ခွဲမှူး ကိုလှဦးကိုယ်တိုင် သစ်ခက်တခက်နဲ့ လိုက်ဖျက်နေတာကို မြင်ယောင်နေ ပါတယ်။ ကားလမ်းမကနေ တောင်လေးတလုံးကိုကျော်၊ ကွင်းပြင်တခုထဲ ရောက်တော့ အရှေ့ဘက် မိုးကောင်းကင်မှာ အာရုဏ်တက်ပြီး နေရောင်လေး စထွက်လာနေပါပြီ။ ကင်မရာအမြင်ရှိတဲ့ မောင်ဒေးဗစ်က အဲဒီနေရောင်အောင်မှာ ကျနော်တို့အဖွဲ့ သွားနေတာကို အပီအပြင ်မှတ်တမ်းတင်ပါတယ်။

တနင်္သာရီချောင်းဖျားမှ အက်ဒမန်ပင်လယ်သို့


ပင်လယ်ကမ်းစပ်ကျေးရွာမှာ စစ်ကြောင်းခဏနားစဉ် ရေဒီယို နားထောင်နေကြတဲ့ ရဲဘော်တချို့
ကွင်းပြင်အလွန်မှာတော့ မူလတန်းကျောင်းတခုရှိတဲ့ ကမာအိုင်ဆိုတဲ့ ကရင်ရွာလေးတခုကို ရောက်ပါတယ်။ အဲဒီရွာက ကရင်အဖွားအိုတဦးရဲ့ အိမ်ဘေးမှာ ခေတ္တစခန်းချပြီး မနက်စာအတွက် ပြင်ပါတယ်။ ရဲဘော်တချို့ ဆန်ကြိုး (ရှေ့တန်းသွားတဲ့အခါ ဆန်ကို အထုပ်အပိုးနဲ့ သယ်ရခက်လို့ အချင်း ၃ လက်မ။ အရှည် ၃ ပေလောက်ရှိတဲ့ ပိတ်စနဲ့ချုပ်ထားတဲ့ သိုင်းကြိုးထဲ ဆန်ထည့်ပြီး ရဲဘော်တဦးစီက တကြိုးစီ သယ်သွားရပါတယ်) ထဲက ဆန်တွေကို အိုးထဲလောင်းချနေတဲ့ပုံ၊ တွေ့သမျှ သစ်ကိုင်းသစ်ခက်တွေ ကောက်ယူမီးမွှေးနေတဲ့ပုံ၊ ငရုတ်သီးထောင်း၊ ကြက်သွန်နွှာလုပ်နေတဲ့ပုံံ၊ အဲဒီအချိန်မှာ ကျနော်တို့ တာဝန်ရှိသူတွေက မြေပုံကြည့်၊ ရေဒီယို နားထောင်နေပုံ၊ ဘီဘီစီ မြန်မာပိုင်းကနေ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘုထရို့ ဘုထရို့ ဂါလီက ဘာပြောတဲ့ဆိုတဲ့ အသံတွေကို မောင်ဒေးဗစ်က မှတ်တမ်းတင်ထားပါတယ်။

မနက်စာစားပြီး ခရီးဆက်ထွက်လာတော့ လယ်ထဲကုန်းဆိုတဲ့ ရွာငယ်လေးတခု၊ လယ်ကွင်းပြင်ကြီးတခုကို ဖြတ်ရပြီး စပါးကို သဘာဝလေနဲ့ သန့်စင်အောင်လုပ်နေကြတဲ့ လယ်သူမတစုကို တွေ့ရပါတယ်။ နောက်ထပ် လယ်ကွင်ပြင်တခုနဲ့ ပင်လယ်ရေတက်ချိန်မို့ ဗွက်အိုင်ကြီးဖြစ်နေတဲ့ လမုတောလို နေရာတခုကို ဖြတ်ပြီးတဲ့အခါမှာတော့ ကျနော်တို့ခရီးစဉ်ရဲ့ ဒီနေ့အတွက် ဦးတည်ချက် အက်ဒမန်ပင်လယ်ဘေးက လိပ်ဥသောင်ကျေးရွာကို ရောက်လာပါတယ်။
ဒီနေရာတွေဟာ တပ်ခွဲမှူး ကိုလှဦးအပါဝင် ရဲဘော်အတော်များများ မကြာခန ရောက်ဖူးပြီးသား ဖြစ်ပေမယ့် စစ်ကြောင်းမှူးကြီး ကျနော်အတွက်တော့ မောင်ဒေးဗစ်နဲ့ သိပ်မထူးခြား၊ အားလုံးဟာ အသစ်အဆန်း ဖြစ်နေပါတယ်။ သဲသောင်ပြင်နဲ့ အုန်းပင်တန်းတွေအောက်မှာ အခိုင်အမာဆောက်ထားတဲ့ အိမ်အကောင်းစားတွေကို တွေ့ရပြီး ပင်လယ်ကမ်းစပ်မှာလည်း အခိုင်အမာဆောက်ထားတဲ့ လှေဆိပ်နဲ့ ခေတ်မီ စက်လှေကြီးတွေကို တွေ့ရပါတယ်။

အဲဒီလှေဆိပ်ဘေးက လက်ဖက်ရည်ဆိုင်မှာ စစ်ကြောင်းတခုလုံး ဝင်အားပေးခဲ့ပါတယ်။ ပြီးတော့ ရွာသူကြီးကို ဆင့်ခေါ်ပြီး အဲဒီဆိုင်ထဲမှာပဲ တိုင်းရေးပြည်ရေး အခြေအနေ စကားပြောဆွေးနွေးပါတယ်။ ဒီရွာသူကြီးနဲ့ ရွာသူရွာသားတွေဟာ သူတို့ရွာက ဗီဒီယိုရုံမှာ ညစဉ်ပြနေတဲ့ နိုင်ငံခြားဇာတ်ကားတွေကို ကြည့်နေကြဖြစ်ပေမယ့် နိုင်ငံခြားသားတဦးကိုယ်တိုင် သူတို့ရွာဆီ ရောက်လာတာကိုတော့ အခုမှ ပထမဆုံး မြင်ဖူးတာဖြစ်ပုံရပါတယ်။ အထူးအဆန်းအဖြစ် လာဝိုင်းကြည့်နေကြတဲ့အပြင် မောင်ဒေးဗစ်ကနေ သူတို့ကို ဗီဒီယိုရိုက်တာအခါ ပုံမှန်အတိုင်း မဟုတ်တော့ဘဲ မလှုပ်မရှက် သတိဆွဲပြီး ရပ်နေသလိုဖြစ်သွားကြတာကိုလည်း ကျနော်သတိပြုမိပါတယ်။

ရွာထဲကို ဒီလိုပေါ်တင်ဝင်ပြီးရင်တော့ သတင်းက ဘယ်လိုမှထိမ်းမရနိုင်၊ ဒီတော့ တနာရီလောက် လိပ်ဥသောင်မှာ နေပြီးတာနဲ့ KNU တပ်တွေရှိရာ တောအုပ်ထဲက အုန်းတောရွာဖက် ကျနော်တို့ စစ်ကြောင်း ပြန်လှည့်ခဲ့ပါတယ်။ အဲဒီမှာ တညတာစခန်းချပြီး နောက်တရက်မှာတော့ ပြည်ခြားရွာထဲ ပြန်ဝင်ပြီး ခရစ်စ္စမတ်ပွဲ နွဲခဲ့ကြပါတယ်။
နွားလှည်းတွေစီးပြီး ပွဲလာကြတဲ့ ရွာနီးချုပ်စပ်ကလူတွေ၊ ရေခဲတုံးကို ရွေဖော်ထိုးတဲ့ခုံပေါ်တင်ပြီး တဂျစ်ဂျစ်ခြစ်၊ နို့ဆီဖြန်းပြီး ရေခဲခြစ်အဖြစ် စားနေကြတဲ့ ကလေးငယ်တွေရဲ့ ပုံတွေဟာ ကျနော်တို့အတွက် အထူးအဆန်း မဟုတ်ပေမယ့် နိုင်ငံခြားသားတဦး အမြင်မှာတော့ ၁၈ ရာစု မှာကျန်နေခဲ့တဲ့ အမေဇုန်တောထဲက လူရိုင်းရွာတခုဆီ ရောက်နေသလားလို့ ထင်ချင်ထင်နေနိုင်ပါတယ်။

 နောက်တရက်မှာတော့ ပြည်ခြားကနေ ကားလမ်းမကို တခါပြန်ဖြတ်ပြီး ဝါးကုန်းဆိုတဲ့ မွန်ရွာလေးကို ကျနော်တို့ ခရီးဆက်ခဲ့ပါတယ်။ အဲဒီက ရပ်မိရပ်ဖ အိမ်တလုံးမှာ ရပ်ရွာအခြေနေကို မေးမြန်းခဲ့ပြီး အထူးသဖြင့် ရေး-ထားဝယ် ရထားလမ်း လုပ်အားပေးဒုက္ခကို ရွာသူမကြီးတဦးက အားရပါးရ ပြောပြတာကို အမှတ်ရနေပါတယ်။

ကျနော်တို့က အိမ်ပေါ်မှာ ရပ်မိရပ်ဖနဲ့ ဒီလိုစကားပြောနေချိန်မှာ စစ်ကြောင်းပြန်ကြားရေးအဖွဲ့ကတော့ ရွာဗီဒီယိုရုံထဲဝင်ကာ Beyond Rangoon ရုပ်ရှင်ကားကိုပြပြီး လူငယ်စည်းရုံးရေး လုပ်နေကြပါတယ်။ ပြန်ကြားရေးအဖွဲနဲ့ ပတ်သက်ပြီး သတိရတုန်း တခုထပ်ဖြည့်ပြောရရင် ရှေ့ပိုင်းအခန်းတခုမှာ ကျနော်တင်ပြခဲ့ဖူးတဲ့ ဗဟိုရုံးအဖွဲ့မှူး ဦးရီထွန်း တီထွင်ထားတဲ့ “ဖရောင်းစက္ကူ ကော်ပီကူး သစ်သားကိရိယာလေး” ကို တပ်ရင်းကနေ ရှေ့တန်းအထိသယ်လာပြီး ရှေ့တန်းအခြေနေနဲ့ကိုက်ညီမယ့် လူထုပညာပေး ပိုစတာတွေ၊ ဆောင်းပါးတွေ၊ ကဗျာတွေကို ချက်ချင်း ဖရောင်းစက္ကူပေါ်ရေး၊ ချက်ချင်းလိမ့်၊ ချက်ချင်းဖြန့်တာကို ကျနော်တို့ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ကျနော်နဲ့ ကိုကျော်ကျော် ရေးသမျှကို လက်ရေးလှလှနဲ့ ဖရောင်းစက္ကူပေါ် ရေးပေးသူကတော့ တပ်ရင်းပြန်ကြားရေးအဖွဲ့ဝင် ကိုသက်ဇော်ထွေး ဖြစ်ပါတယ်။

ဗီဒီယိုပြ၊ စာရွက်ဖြန့် ပညာပေးမှုတွေ လုပ်ပြီးတဲ့အခါမှာတော့ ဝါးကုန်းရွာကနေခွာပြီး ပြည်ခြားချောင်းအနီးရှိ ရွာငယ်လေးတခုမှာ (ကထောင်းနီရွာလို့ ထင်ပါတယ်) စခန်းချ ညအိပ်ခဲ့ပါတယ်။ ဖြစ်ချင်တော့ အဲဒီရွာမှာ စခန်းချနေတုန်း စည်းရုံးရေးမှူး ကိုကိုကျော် ဝါးဆစ်လှေကားပေါ်က ချော်ကျပြီး ခေါင်းကွဲသွားပါတယ်။ ဒီအဖြစ်အပျက်ဟာ ကျနော်တို့အတွက် ဆိုရင်တော့ နမော်နမဲ့နိုင်လို့ ဖြစ်တာလို့ အလွယ်တကူ မှတ်ချက်ချလိုက်ပြီး ဘာမှ စာဖွဲ့စရာ မရှိလောက်ပါ။ ဒါပေမယ့် ကျနော်တို့ ကြုံတွေသမျှကို မှတ်တမ်းတင်နေတဲ့ နိုင်ငံခြားသား သတင်းထောက်တဦး အမြင်မှာတော့ ဒါဟာ ငှက်ဖျားမိထားလို့ အားနဲမူးဝေနေတဲ့ ကျောင်းသား တော်လှန်ရေးသမားတဦး လှေကားပေါ်က ပြုတ်ကျတာလို့ မောင်ဒေးဗစ်က ရုပ်သံ မှတ်တမ်းထဲမှာ ထည့်ပြောထားပါတယ်။

နောက်တနေ့ မနက်မှာတော့ ရွာကနွားလှည်းတစီးကို အကူညီတောင်း၊ ပါတ်တီးအဖြူကြီး ခေါင်းမှာစည်းထားတဲ့ ကိုကျော်ကျော်ကို လှည်းပေါ်တင်ပြီး ပြည်ခြားရွာကို ပြန်ဝင်ပါတယ်။ ပြည်ခြားချောင်းရေက သန့်ရှင်းစင်ကြယ်နေပြီး ရေအနက်က ဒူးဆစ်ကျော်ကျော်လေးပဲရှိပါတယ်။ နေပူလွန်းလို့ အဲဒီရေကို လက်ခုပ်နဲ့ခပ်ပြီး သောက်နေကြတဲ့ ရဲဘော်တွေ၊ အဲဒီရေကိုဖြတ်ပြီး တက်လာတဲ့နွားလှည်း၊ အရိပ်ကောင်းလှတဲ့ ညောင်ပင်တွေကို မောင်ဒေးဗစ် အမိအရ မှတ်တမ်းတင်နေပါတယ်။ ပြည်ခြားရွာအဝင် ကားလမ်းမပေါ်မှာတော့ ၁၀ ပေလောက်အမြင့်အထိ တိုင်တွေစိုက်ပြီး အပေါ်မှာ ဖက်မိုးထားတဲ့ ထူးခြားတဲ့ ကားဂိတ်တခုကို တွေ့ရပါတယ်။ ဒီကားဂိတ်ဟာ ဒီနေ့အတွက် ကျနော်တို့ လူထုတရားပွဲလုပ်မယ့် သတ်မှတ်နေရာဖြစ်ပါတယ်။



အားလုံးကွက်တိပါပဲ။ အဲဒီကားဂိတ်ဆီ ကျနော်တို့စစ်ကြောင်း ရောက်ပြီး ၁၅ မိနစ်လောက်အတွင်း ထားဝယ်ကနေ မြိတ်ဖက်မောင်းလာတဲ့ လိုင်းကားတစီး မနိုင်ဝန်တွေနဲ့အတူ ဆိုက်ရောက်လာပါတယ်။ လိုင်းကားဆိုလို့ မြို့ပြက ကားတွေလို ဘတ်စကားလို့ မထင်လိုက်ပါနဲ့။ ဒုတိယကမ္ဘာစစ် လက်ကျန် ဒေါ့ဂျစ်ကားကို ကြည့်ပျော်ရှုပျော်ဖြစ်အောင် ပြန်လည်မွမ်းမံထားတဲ့ (အခုချိန်အထိ ဒီလိုကားမျိုးတွေကို တနင်္သာရီတိုင်းမှာ သုံးနေကြဆဲလို့ သိရပါတယ်)၊ အောက်ထပ်မှာ အမျိုးသမီးတွေစီး၊ အမျိုးသားတွေက ခေါင်မိုးပေါ်မှာထိုင်ရတဲ့၊ စားပွဲကုလားထိုင် အပါအဝင် သစ်တိုသစ်စကနေ ငါးပိငါးချဉ်အထိ ပစ္စည်းမျိုးစုံ သယ်နိုင်တဲ့ ကားအမျိုးအစား ဖြစ်ပါတယ်။

ထုံးစံအတိုင်း အဓိကဟောပြောသူကတော့ ခေါင်းကွဲလို့ ပတ်တီးစည်းထားရတဲ့ စည်းရုံးရေးမှုး ကိုကျော်ကျော်ဖြစ်ပါတယ်။ အမျိုးသားညီလာခံကို အဆင့်တိုင်းအဆင့်တိုင်းမှာ ဘယ်လိုဘယ်ပုံ တိုက်ဖျက်ရမယ်။ လုပ်အားပေးမလိုက်ဘဲ ဘယ်လိုဆန့်ကျင်ရမယ်၊ နိုင်ငံရေးလုပ်ငန်းစဉ်တွေမှာ လူထုက လိုက်ပါဆောင်ရွက်ဖို့ လိုတယ် စသည်ဖြင့် သူပြောနေတာတွေကို ပရိသတ်တချို့က စိတ်ဝင်စားကောင်း စိတ်ဝင်စားနေနိုင်ပေမယ့် ကျနော်အမြင်မှာတော့ ကင်မရာကိုင်ထားတဲ့ အနောက်တိုင်းသား လူဖြူ မောင်ဒေးဗစ်ကိုသာ ပရိသတ်က စိတ်ဝင်တစား ကြည့်နေကြတယ်လို့ ထင်နေမိပါတယ်။ အဲဒီဟောပြောပွဲ အပြီးမှာတော့ သတင်းတပတ်ကြာ ကျနော်တို့ရဲ့ လူထုစည်းရုံးရေးခရီးစဉ် စစ်ကြောင်းကို အဆုံးသတ်ပြီး ငါးတက်ကျေးရွာဆီ ပြန်တက်လာခဲ့ပါတယ်။

ဖလင်မပါဘဲ ဓါတ်ပုံရိုက်နေတဲ့ စစ်မြေပြင်သတင်းထောက်

ငါးတက်ရွာက ရှေ့တန်းစစ်ကြောင်းရုံးဆီ ပြန်အရောက်မှာတော့ အစည်းဝေးထိုင်ပြီး မောင်ဒေးဗစ်ကို နောက်တန်းပြန်ပို့ဖို့၊ ပြီးရင် ကျနော်တို့ချည်း ပင်လယ်ပြင်ထဲအထိ စစ်ကြောင်းထပ်ထွက်ပြီး စည်းရုံးရေး ဆက်လုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ငါးတက်မှာ ၃ ရက်လောက် နားပြီးတဲ့နောက် ပြည်ခြားရွာဆီ ပြန်ဆင်းလာပြီး လိပ်ဥသောင်ကို ညဖက်ကြီး ပြန်ဝင်ပါတယ်။ ပြီးတော့ စက်လှေ ၅၊ ၆ စီးလောက် ဆင့်ခေါ်ပြီး ပင်လယ်ထဲက ကျွန်းရွာကြီးတခုဖြစ်တဲ့ လိပ်ဥသောင်ရွာရဲ့ အပေါ်ဘက်ရှိ ပြင်ဘုကြီးကျွန်းဆီ ကျနော်တို့ ခရီးဆက်ခဲ့ပါတယ်။ ပင်လယ်ထဲ စစ်ကြောင်းသွားတဲ့အချိန်မှာ ဒီရေအတက်အကျကို အသေအချာ ထည့်တွက်ထားဖို့လိုပြီး အတွက်မှားလို့ ပြေးပေါက်မှားခဲ့တဲ့ စစ်ကြောင်းတွေ ကျနော်တို့ရှေ့မှာ ရှိခဲ့ဖူးတယ်လို့ လိပ်ဥသောင်ရွာသူကြီးက ပြောပြပါတယ်။


ပုလောမြို့နယ်အတွင်း စစ်ကြောင်းသွားရင်းနဲ့ တောအုပ်တခုထဲမှာ ကျင်းပခဲ့တဲ့ ပြည်ထောင်စုနေ့ အခမ်းအနား
အဲဒီညက လပြည့်ညလို့ ထင်ပါတယ်။ ကောင်းကင်တခုလုံး ကြည်လင်ဝင်းပနေပြီး ပင်လယ်ပြင်ထဲက ကျနော်တို့လှေတွေ အချင်းချင်း မြင်နေရပါတယ်။ မနက်အာရုံတက်ချိန်မှာ ပြင်ဘုကြီးကျွန်းဆီ ဆိုက်ပြီး ကမ်းကပ်ကြပါတယ်။ ဒီလို ကမ်းကပ်တဲ့အခါမှာလည်း အထူးသတိထားဖို့လိုပြီး ကမ်းပေါ်မှာ တဘက်ရန်သူ ရှိမရှိ သတင်းအတိအကျ ရထားဖို့ လိုပါတယ်။ နောက်တခါ ရှေ့ပြေးလှေကို အရင်ကုန်းပေါ် တက်ခိုင်းပြီး အဲဒီအဖွဲ့က မီးစိမ်းပြမှ စစ်ကြောင်းတခုလုံး စနစ်တကျ ချီတက်ကြရပါတယ်။ ဒီလိုမျိုး စနစ်တကျကမ်းတက်တာ မလုပ်မိလို့ ကျနော်တို့အရင် စစ်ကြောင်းတခု ကမ်းအတက်မှာ တဖက်ရန်သူရဲ့ ချေမှုန်းမှုကို ခံခဲ့ရဖူးတယ်လို့ သိရပါတယ်။

ပင်လယ်ပြင်ထဲကတံငါရွာဆိုပေမယ့် ကျနော်တို့ထားဝယ်ဝန်းကျင်က ရွာတွေထက်တောင် ပိုကြီးမား၊ ပိုစည်းကားနေတာကို တွေ့ရပါတယ်။ ရွာထဲရောက်ရောက်ချင်း ပထမဆုံး ကျနော်တို့စစ်ကြောင်း သွားတဲ့နေရာကတော့ အလက သို့မဟုတ် တွဲဖက် အထကကျောင်းဖြစ်ပါတယ်။ ဒီကျောင်းကဆရာ၊ ဆရာမတွေဟာ တပ်ခွဲမှူး ကိုလှဦး အပါအဝင် ကျနော်တို့ရဲဘော်တွေနဲ့ အတော်ရင်းနှီးနေပုံရပါတယ်။ ကျနော်တို့ စစ်ကြောင်းပါ ရဲဘော်အများစုဟာ ပုလောမြို့နယ်က ဖြစ်တာကြောင့် အခုလို ရင်းနှီးနေတာလဲ ဖြစ်နိုင်ပါတယ်။ ဖယောင်းစက္ကူမှာ လက်ရေးနဲ့ ရေးနေရတာကို စိတ်ပျက်နေပုံရတဲ့ ကိုသက်ဇော်ထွေးက ဒီကျောင်းက လက်နှိပ်စက်ကြီးကို ဆွဲသွားရင် ကောင်းမယ်လို့ အကြံပြုတာနဲ့ အဲဒါကြီးကို ကျနော်တို့ အလှူခံလိုက်ပါတယ်။ ကျောင်းဆရာတွေဘက်က စေတနာရှိလို့ လှူလိုက်တာလား၊ ကျနော်တို့ ကိုင်ထားတဲ့ သေနတ်တွေကိုကြည့်ပြီး လှူလိုက်တာလား ဆိုတာကိုတော့ အဲဒီအချိန်က ကျနော် စဉ်းစားဖို့ သတိမရခဲ့ပါဘူး။

နေ့လည်ပိုင်းမှာတော့ ထုံးစံအတိုင်း ရွာလယ်မှာ လူစုပြီး ကိုကျော်ကျော်ကပဲ အမျိုးသားညီလာခံ တိုက်ဖျက်ရေးအကြောင်း ဟောပြောပါတယ်။ ဟောပြောပွဲအပြီးမှာတော့ ကျနော်တို့ရေးထားတဲ့ လှုံ့ဆော်ရေးစာတွေ ဖြန့်ဝေပြီး ရွာအတွင်း လှည့်လည်ကာ လူထုအခြေကို နေလေ့လာခဲ့ပါတယ်။ အဲဒီ ကျွန်းကနေ ကျနော်တို့ ပြန်ထွက်တဲ့အချိန်ကတော့ ညသန်းခေါင်ဝန်းကျင် ဒီရေပြည့်တဲ့အချိန် ဖြစ်ပါတယ်။ ဒီလိုပြန်ထွက်တဲ့အချိန်မှာ အဲဒီကျွန်းဝန်းကျင်က နောက်တကျွန်းဆီ ဆက်သွားမယ်လို့ ကျနော်တို့ စီစဉ်ထားပါတယ်။ ဒါပေမယ့် စစ်ရေးသတိကြီးလှတဲ့ တပ်ခွဲမှူး ကိုလှဦးက သူ့စိတ်ထဲမှာ သံသယ နည်းနည်း ဖြစ်နေတယ်။ အဲဒီကျွန်းမှာ ရန်သူရှိနေနိုင်တယ်။ ကျနော်တို့ လှေအဝင်လာကို ကျွန်းပေါ်ကနေ စောင့်ပစ်ခံရနိုင်တယ်ဆိုပြီး အစီစဉ်ကို ဖျက်လိုက်ပါတယ်။

ဒီလိုနဲ့ မနက်မိုးလင်းချိန်မှာ လိပ်ဥသောင်ရွာရဲ့ အောက်ဖက်ခပ်လှမ်းလှမ်းက ကျောက်သင်္ဘော သို့မဟုတ် ဖော့ဆိုတဲ့ ကမ်းစပ်ရွာလေးဆီ ကျနော်တို့ ကမ်းတက်ခဲ့ပါတယ်။ နေ့လည်ပိုင်းမှာတော့ ထားဝယ်-မြိတ် ကားလမ်းမပေါ်ရှိ ၅ မိုင်ဆိုတဲ့ ရွာဆီချီတက်ပြီး ထုံးစံအတိုင်း လိုင်းကားကိုတားဆီးကာ လူထုတရားဟောပွဲလုပ်ပြန်ပါတယ်။

အဲဒီက အပြန်မှာတော့ ပြည်ခြားရွာဆီပြန်ဝင်ပြီး ခေတ္တစခန်းချပါတယ်။ အဲဒီလို စခန်းချနေစဉ် “ရွာသူကြီးများအား ခေါ်ယူပညာပေးခြင်း” အစီစဉ်တခုကို ကျနော်တို့ အကောင်ထည်ဖေါ်ပါတယ်။ ပြည်ခြားရွာနောက်ကျော ချောင်းတဖက်ကမ်းက အိမ်ကြီးတလုံးမှာ ကျင်းပတဲ့ နေ့ချင်းပြီး နိုင်ငံရေးသင်တန်းကို ပုလောမြိုနယ် မြောက်ဖက်ခြမ်းရှိ ကျေးရွာပေါင်း ၄၀ ခန့်က ရွာသူကြီးနဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ၅၀ ခန့် လာတက်ကြပါတယ်။ လက်ရှိနိုင်ငံရေးအခြေနေ၊ အမျိုးသားညီလာခံအခြေနေ၊ ဆန်းဈေးစပါးဈေး အခြေနေ၊ လုပ်အားပေးအခြေအနေ အပါအဝင် ဘာသာရပ် အတော်များများကို ကိုကျော်ကျော်ကပဲ ဒိုင်ခံဆွေးနွေးခဲ့ပါတယ်။ အဲဒီ ရွာသူကြီးသင်တန်း အပြီးမှာတော့ ကျနော်တို့စစ်ကြောင်းရဲ့ ခရီးစဉ်ကို အဆုံးသတ်ပြီး မင်းသမီးခစန်းဆီ ပြန်လာခဲ့ပါတယ်။


အဲ … မင်းသမီးစခန်း ပြန်ရောက်တော့ တလတာ စစ်ကြောင်းခရီးစဉ်တွေအတွင်း ကျနော်ရိုက်ထားတဲ့ ဖလင် ၃ လိပ်ကိုထုတ်ပြီး ကန်ချနပူရီမှာကူးဖို့ လူကြုံနဲ့ ပို့လိုက်ပါတယ်။ နောက်တရက် ဓာတ်ပုံနဲ့ ဖလင်တွေ ပြန်ရောက်လာတော့ ၃ ခွေမှာ တခွေပဲ ပုံပေါ်ပြီး ကျန် ၂ ခွေက ဘာပုံမှမပေါ်ဘဲ အနက်ရောင်ချည်း ဖြစ်နေပါတယ်။ ဒီတော့မှ ကိုယ့်နဖူးကိုယ်ရိုက်ပြီး “သေလိုက်ပါတော့ သတင်းထောက်ကြီးရယ်” လို့ အသံထွက် အော်မိပါတယ်။ အဲဒီကာလဟာ အခုခေတ်လို ဒီဂျီတယ်ခေတ် မဟုတ်သေးတော့ ဖလင်နဲ့ ရိုက်ရပါတယ်။

ကင်မရာကို တခါမှ ကောင်းကောင်း မကိုင်ဖူးသေးတဲ့ ကျနော်ဟာ ရှေ့တန်းမဆင်းခင်လေးကမှ Green November 32 အဖွဲ့ကနေ ရထားတဲ့ Pentax အကောင်းစား ကင်မရာကြီးကို ကိုင်ပြီး ဖလင်ကိုဝင်အောင် အသေအချာ ထည့်တတ်ပုံမရသေးပါ။
ဒါပေမယ့် စစ်ကြောင်းမှူးလည်းဖြစ်၊ ပြန်ကြားရေးတာဝန်ခံလည်းဖြစ်၊ DVB သတင်းထောက်လည်း ဖြစ်နေသူဆိုတော့ ဟန်ကိုယ်ဖို့လုပ်ရင်းနဲ့ ဖလင်ဝင် မဝင် သံသယရှိမှုအပေါ် ဘယ်သူကိုမှ မတိုင်ပင်ဖြစ်ခဲ့ပါ။ “အခွင့်အရေးဆိုတာ နှစ်ခါပြန် မရနိုင်ဘူး” ဆိုတဲ့ သတင်းသမားတွေရဲ့ ဆောင်ပုဒ်ကို အဲဒီအချိန်ကျမှ ကျနော် တကယ်သဘောပေါက်လိုက်ပါတယ်။
............................




.........

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More