လက္နက္ကုိင္ ေတာ္လွန္ေရးနဲ႔ သဘာ၀ပတ္၀န္းက်င္ ပ်က္စီးမႈ
သဘာ၀ ပတ္၀န္းက်င္ ထိမ္းသိမ္းေရး (Environmental) ဆုိတဲ့ စကားလုံးဟာ အခုေခတ္ လူငယ္ေတြအတြက္ အသစ္အဆန္း မဟုတ္ေတာ့ေပမယ့္ လြန္ခဲ့တဲ့ႏွစ္ ၂၀ ေက်ာ္၊ က်ေနာ္တုိ႔ ေတာစခုိစဥ္ အခ်ိန္ကေတာ့ ဒီ စကားလုံးဟာ က်ေနာ့္အတြက္ လုံး၀ အသစ္အဆန္း ျဖစ္ပါတယ္။ ဒီစကားလုံးနဲ႔ က်ေနာ့္ကို စတင္ မိတ္ဆက္ေပး သူကေတာ့ ႏႈတ္ခမ္းေမြး ကားကား၊ ပိန္ပိန္ရွည္ရွည္နဲ႔ နယူးဇီလန္ႏုိင္ငံသား Steve Thompson ပါ။
Steve က မိတ္ဆက္ေပးလုိ႔ သဘာ၀ပတ္၀န္းက်င္ ထိမ္းသိမ္းေရး ဆုိတာကုိ စကားလုံးအျဖစ္ သိလုိက္ရေပမယ့္ လက္ေတြ႕ သိပ္နားမလည္ပါဘူး။ အၾကမ္းအားျဖင့္ကေတာ့ သံလြင္နဲ႔ ေသာင္ရင္းျမစ္ တေက်ာရွိ KNU ထိမ္းခ်ဳပ္ နယ္ေျမက ေတာင္ေတြမွာ သစ္ပင္ေတြ ခုတ္လဲွေနတာ ေတြ႕ရၿပီး ထုိင္းဘက္ကမ္းက ေတာင္တန္းေတြ အားလုံး ေပၚမွာေတာ့ ကၽြန္းသစ္စုိက္ခင္း အသစ္စက္စက္ ေတြကို ေတြ႕ရပါတယ္။ ဒီအတြက္ ျမန္မာဘက္မွာ သဘာ၀ ပတ္၀န္းက်င္ ပ်က္စီးေနၿပီး ထုိင္းဘက္မွာေတာ့ ပ်က္စီးမႈကေန တုိးတက္မႈဆီ ခ်ီတက္ေနၿပီလုိ႔ နားလည္ ထားပါတယ္။
တခါ KNU နယ္ေျမထဲကို ခရီးသြားရင္းနဲ႔ အရြယ္အစားမ်ဳိးုစုံ ကၽြန္းသစ္ေတြကို ထုိင္း သစ္ကုန္သည္ေတြက စီးပြားျဖစ္ အႀကီးအက်ယ္ ခုတ္ယူေနတာကို ေတြ႕ရပါတယ္။ ဒါေၾကာင့္လည္း KNU သစ္ေတာဌာနဟာ နယ္စပ္မွာ ၀င္ေငြအေကာင္းဆုံး ဌာနျဖစ္ၿပီး ပဒုိေအာင္ဆန္းလုိ ပုဂိၢဳလ္ေတြ ထင္ရွားခဲ့တယ္လို႔ ထင္ပါတယ္။
က်ေနာ္ အေနမ်ားတဲ့ KNU တပ္မဟာ ၄ ေဒသ ၿမိတ္ – ထား၀ယ္ခရုိင္ မင္းသမီး ဘက္မွာလည္း အေျခအေနက ဗဟုိဘက္နဲ႔ သိပ္မထူးပါဘူး။ ဒါေပမယ့္ တပ္မဟာ ၄ ေဒသ သစ္ေတာတာ၀န္ခံ ပဒုိ ဂ်င္မီဟာ ထီးခီး စခန္း ၀န္းက်င္မွာ ၅ ဧကေလာက္ အက်ယ္ရွိတဲ့ ကၽြန္းသစ္ စုိက္ခင္းတခု စုိက္ထားပါတယ္။ ေနာက္တခါ သစ္ေတာ ဌာနက ကိုဖရန္ကီ (အခုထိ ခ်င္းမုိင္ အေျခစိုက္ သဘာ၀ပတ္၀န္းက်င္ ထိမ္းသိမ္းေရး အဖြဲ႕တခုမွာ တာ၀န္ထမ္း ေနဆဲလုိ႔ သိရပါတယ္) ဦးစီးတဲ့ အဖြဲ႔က ထား၀ယ္ေဒသရဲ႕ အျမင့္ဆုံး ေတာင္တန္း ျမင့္မုိရ္လက္ခတ္ ေတာင္မွာ ေတာရိုင္း တိရစာၦန္ ေဘးမဲ့ေတာ စီမံကိန္းတခု အေကာင္ထည္ ေဖာ္ခဲ့တယ္လုိ႔ ၾကားသိရပါတယ္။ ဗဟုိဘက္မွာလည္း အလားတူ စီမံကိန္းေတြ ရွိႏုိင္ၿပီး က်ေနာ္မသိတာလည္း ျဖစ္ေနႏိုင္ပါတယ္။
အဲဒီစီမံကိန္း ၂ ခုက လဲြရင္ေတာ့ သစ္ပင္ ခုတ္ေရာင္းတဲ့ ေနရာမွာ အတူတူပါပဲ။ ကရင္ျပည္နယ္နဲ႔ တနသၤာရီတုိင္း အၾကား ရာသီဥတု အေျခအေန ကြာျခားမႈအရ ဒီဘက္မွာ ကၽြန္းသစ္ သိပ္မရွိပါဘူး။ ဒါေပမယ့္ ေနာ္ေဘာေကာ့လို႔ ေခၚတဲ့ ေတာပိေတာက္သားဟာ ပရိေဘာဂ ထုတ္တဲ့ေနရာမွာ သိပ္နာမည္ႀကီးတဲ့အတြက္ နွစ္ေပါင္း ၃၀၊ ၄၀ ေက်ာ္ေလာက္ ကတည္းက ရွိေနတယ္လုိ႔ ယူဆရတဲ့ လူ ၃၊ ၄ ေယာက္ဖက္စာ လုံးပတ္ရွိတဲ့ သစ္ပင္ႀကီးေတြကုိ အျမစ္ပါမက်န္ တူးေဖာ္ၿပီး ထုိင္းနဲ႔ ကရင္သစ္ကုန္သည္ေတြက သယ္ယူေနတာ ေတြ႕ရပါတယ္။
ေတာပိေတာက္သား ေတြနဲ႔ လုပ္ထားတဲ့ အိမ္ေထာင္ ပရိေဘာဂေတြကို နယ္စပ္ေစ်း တခုမွာ ေတြ႕ရစဥ္ (ဓာတ္ပံု - ထက္ေအာင္ေက်ာ္)
၁၉၉၀ ေနာက္ပုိင္းမွာေတာ့ ေနာ္ေဘာေကာ့တင္ မကေတာ့ဘဲ သစ္ပင္ႀကီးအေတာ္မ်ားမ်ားကုိ တနသၤာရီျမစ္ အေနာက္ဘက္ကမ္းက က်ေနာ္တုိ႔ စတင္ေတာခုိလာတဲ့ ဘန္းေခ်ာင္းေဒသဘက္ အထိ ကားလမ္းေတြ ေဖာက္ၿပီး စီးပြားျဖစ္ ေရာင္းစားလာတာကို ေတြ႕ရပါတယ္။
၁၉၉၅ ၀န္းက်င္ ေရာက္တဲ့အခါမွာေတာ့ သစ္ပင္ႀကီးေတြ နည္းလာလုိ႔လားမသိပါဘူး၊ က်ေနာ္တုိ႔ စခန္း ၀န္းက်င္က ၾကခတ္၀ါးရံုေတြကိုပါ ၀ါးရံုအလုိက္ ခုတ္ေရာင္းခြင့္ ေပးလုိက္တဲ့အတြက္ သစ္ေရာ၊ ၀ါးပါ အေတာ္ ေျပာင္သြားပါတယ္။ ရာသီဥတုလည္း က်ေနာ္တုိ႔ ေတာထဲေရာက္ကာစ ၁၉၈၈ ထက္စာရင္ ၂ ဆ နီးပါး ပုိပူလာတယ္လုိ႔ က်ေနာ့္စိတ္ထဲ ထင္မိပါတယ္။
၁၉၉၀ အေစာပုိင္း အမရာ စခန္းကို က်ေနာ္ ေရာက္စအခ်ိန္က ဆုိရင္ စခန္းေနာက္ေက်ာက ေခ်ာင္းငယ္ ေလးဟာ ေႏြရာသီအထိ စမ္းေရစီးေနၿပီး အဲဒီေခ်ာင္းဖ်ားမွာ ေတာၾကက္ေတြ အမ်ားႀကီး ရွိတဲ့အတြက္ က်ေနာ္တုိ႔ သြားပစ္ၾကတာကို မွတ္မိေနပါတယ္။ ဒါေပမယ့္ ၁၉၉၃၊ ၉၄ ေလာက္ ေရာက္တဲ့အခါမွာေတာ့ အဲဒီေခ်ာင္းဟာ မုိးရာသီ လြန္တာနဲ႔ လုံး၀ ခမ္းေျခာက္သြားၿပီး ေတာလည္း ျပဳန္းသြားတဲ့အတြက္ ေတာၾကက္ပါအ၀င္ ဘာအေကာင္ ဗေလာင္မွ မရွိေတာ့ပါ။
KNU နဲ႔ ထုိင္းသစ္ကုန္သည္ေတြ သစ္ေတာျဖဳန္းတာအျပင္ ေက်ာင္းသားေတြ သစ္ေတာျဖဳန္းတဲ့ ကိစၥတခု ကိုလည္း သတိရတုန္း တင္ျပခ်င္ပါတယ္။
ေရွ႕ပုိင္းမွာ တင္ျပခဲ့တဲ့ ျပည္ျခား – ပုေလာေဒသ စစ္ေၾကာင္းသြားခ်ိန္ဟာ ပုေလာၿမိဳ႕နယ္အတြင္း သစ္ခြပန္းေတြ (ေဒသအေခၚ စဘူပန္း) သစ္ပင္ႀကီးေတြရဲ႕ ခြဆံုေတြေပၚမွာ ပြင့္တဲ့အခ်ိန္ ျဖစ္ပါတယ္။ လစာမရွိ၊ ၀င္ေငြ မရွိတဲ့ ရဲေဘာ္ေတြဟာ ေဆးလိပ္ဖုိး၊ ဟင္းဖုိး လုိတဲ့အတြက္ အခ်ိန္အားရတုိင္း အဲဒီပန္းေတြကုိ လုိက္ခူးၾကပါတယ္။ တေန႔မွာ က်ေနာ္လုိက္သြား ၾကည့္ေတာ့ သစ္ပင္ေပၚတက္ၿပီး သစ္ခြပန္းကို ခူးယူတာမ်ဳိးမဟုတ္ဘဲ၊ သစ္ခြပန္း ရွိတဲ့ သစ္ကိုင္းတခုလုံးကုိ အရင္းကေန ခုတ္ခ်ၿပီး ေအာက္ေရာက္မွ ပန္းကုိယူတာ၊ ဒါမွမဟုတ္ အပင္လုိက္ ခုတ္လဲွၿပီးမွ ပန္းကို ယူတာမ်ဳိး ေတြ႕ရပါတယ္။
“သတင္းေထာက္ႀကီး ကလည္းဗ်ာ၊ လူတုိင္းဒီလုိပဲ ခုတ္ေနၾကတာပဲ။ က်ေနာ္တုိ႔ မခုတ္လည္း သူမ်ားေတြ
ခုတ္မွာပါပဲ။ ေတာထဲက သစ္ပင္ကုိ ဘယ္သူမွ မပုိင္ဘူး။ ဘယ္သူကမွလည္း ဒီအပင္ေတြကို လာစိုက္ ထားတာ မဟုတ္ဘူး” လုိ႔ ရဲေဘာ္တခ်ဳိ႕က ဆင္ေျခေပးတာကို က်ေနာ္ အမွတ္ရေနပါတယ္။
တခါ ျပည္ျခားကေန တပ္ရင္းအျပန္လမ္းမွာလည္း ေတာဓညင္းသီး အပါ၀င္ စားလုိ႔ရသမွ် သစ္သီး သစ္ရြက္ေတြ
အတြက္ ေတာထဲက သစ္ပင္ေတြကုိ ဘာမွစဥ္းစားမေနဘဲ အလြယ္တကူခုတ္လဲွ၊ ခုတ္ယူခဲ့ၾကတာကို က်ေနာ္ မွတ္မိေနပါတယ္။
ဒါေတြဟာ အရွိတရားကုိ ေျပာေနျခင္းသာျဖစ္ၿပီး KNU အပါ၀င္ နယ္စပ္တေက်ာက လက္နက္ကုိင္ အဖြဲ႕ေတြကုိ အျပစ္တင္ေနျခင္း မဟုတ္ပါ။ ျပည္တြင္းစစ္ ျဖစ္ခဲ့တဲ့ ကေမၻာဒီယား အပါ၀င္ တျခားႏိုင္ငံ ေတြမွာလည္း အလားတူ သစ္ေတာေတြ၊ သဘာ၀ ၀န္းက်င္ေတြ အႀကီးအက်ယ္ ပ်က္စီးခဲ့တယ္လုိ႔ သိရပါတယ္။ ဆုိလုိတာကေတာ့ နယ္ေျမ တည္ၿငိမ္မႈမရွိေသးတဲ့ ေတာ္လွန္ေရးနယ္ေျမမွာ သာမန္ႏိုင္ငံတခုလုိ ကုန္ထုတ္လုပ္မႈကေန ေငြရွာဖုိ႔ သိပ္မလြယ္ေတာ့ အလြယ္နည္းျဖစ္တဲ့ ကုိယ္နယ္ေျမထဲက သစ္ပင္ေတြကို လက္ညိႇဳးထုိး ေရာင္းရတာ၊ ခဲမုိင္း၊ သတၱဳမုိင္း ရွိတဲ့ေနရာေတြကို လက္ညိႇဳထုိး ေရာင္းစားတဲ့ အလုပ္ကိုပဲ မလဲႊ မေရွာင္သာ လုပ္ၾကရတာပါ။ အဲဒီကရတဲ့ ေငြေတြနဲ႔ အင္အားေသာင္းနဲ႔ခ်ီရွိတဲ့ ေတာ္လွန္ေရး တပ္သားေတြကို ေကၽြးေမြးေရး၊ လက္နက္ခဲယမ္း ျဖည့္ဆည္းေပးေရး၊ တုိက္ပဲြေဖာ္ေဆာင္ေရးေတြကို ေဆာင္ရြက္ခဲ့ရတဲ့ သေဘာ ရွိပါတယ္။
တခ်ဳိ႕ ေ၀ဖန္သူေတြကေတာ့ နယ္ေျမ ၈၀ ရာခုိင္နႈန္းေက်ာ္ကို တည္တည္ၿငိမ္ၿငိမ္ ထိမ္းခ်ဳပ္ထားႏိုင္တဲ့ န၀တ စစ္အစိုးရကလည္း ကုန္ထုတ္လုပ္မႈကေန ၀င္ေငြရွာတာမ်ဳိး မလုပ္ဘဲ သူပုန္ေတြနဲ႔ ထူးမျခားနား သစ္ပင္ ခုတ္ေရာင္း၊ မုိင္းေတြတူးေရာင္း၊ ေရနဲ႔ဓာတ္ေငြ႕ထြက္တဲ့ ေနရာေတြကို လက္ညိႇဳထုိး ေရာင္းစားတဲ့ “သြပ္မုိးခြာ အိမ္တုိင္္ျဖဳတ္ေရာင္း” တဲ့ စီးပြားေရးစနစ္ကုိပဲ လုပ္ေနဆဲျဖစ္တယ္လုိ႔ ေထာက္ျပၾကပါတယ္။
တနည္းအားျဖင့္ ေျပာမယ္ဆုိရင္ေတာ့ ျမန္မာႏုိင္ငံမွာ ျဖစ္ေပၚေနတဲ့ သဘာ၀ ပတ္၀န္းက်င္ ပ်က္စီးမႈ အေတာ္ မ်ားမ်ားဟာ ျပည္တြင္းစစ္ တခုတည္းေၾကာင့္လုိ႔ ေျပာဖုိ႔ခက္ေနပါတယ္။ ျပည္တြင္းစစ္ ရပ္စဲစျပဳေနတဲ့ အခုအခ်ိန္မွာလည္း သစ္ေတာေတြကို ခုတ္ေရာင္းဆဲ၊ တြင္းထြက္ေတြ၊ ဓာတ္ေငြ႕ေတြကို အရင္က လုိပဲ ေရာင္စားေနဆဲ ျဖစ္တာကုိ ေတြ႕ေနရပါတယ္။
ေမ်ာက္သားစားခ်င္ရင္ အလွဴရွင္ မ်က္နွာကိုမၾကည့္နဲ႔
“ေမ်ာက္သားစားခ်င္ရင္ ေမ်ာက္မ်က္ႏွာကုိ မၾကည့္နဲ႔” ဆုိတဲ့ ဆုိရုိးစကားကို စာဖတ္သူေတြ ၾကားဖူးၾကမယ္ ထင္ပါတယ္။ ဒါေပမယ့္ ေတာထဲမွာ ငတ္ျပတ္ေနတဲ့ က်ေနာ္တုိ႔အဖုိ႔ကေတာ့ ေမ်ာက္မ်က္ႏွာ ၾကည့္ရံုတင္မက၊ ေမ်ာက္တေကာင္လုံးကို အေသခ်ာၾကည့္ၿပီး စားေနၾကသူေတြ ျဖစ္တဲ့အတြက္ အဲဒီ ဆုိရိုးစကားက မမွန္ေတာ့ ပါဘူး။
ဓာတ္ေငြ႕ ပုိက္လုိင္း လမ္းေၾကာင္းေပၚက ႏွစ္ရွည္ သစ္ပင္ႀကီးေတြ ကို
မခုတ္လွဲဘဲ သဘာ၀အတုိင္း ဆက္ထားေပးဖုိ႔ သံဃာေတာ္ နွစ္ပါး ဆုေတာင္း
ေမတၱာပုိ႔ေနစဥ္ (ဓာတ္ပံု - ထက္ေအာင္ေက်ာ္)
၁၉၉၄ နုိ၀င္ဘာ၊ ဒီဇင္ဘာလထဲမွာလုိ႔ ထင္ပါတယ္။ ေထာက္ပံ့ေရး တာ၀န္နဲ႔ ဟြာဟင္ေဒသက စခန္းသစ္ဆီ ႏုိင္ငံျခားသား NGO ၀န္ထမ္းတဦးကို က်ေနာ္ ေခၚသြားဖူးပါတယ္။ စခန္းသစ္ တည္ေဆာက္ကစ ABSDF အေျခအေနကုိ မ်က္ျမင္ကိုယ္ေတြ႕ သိခ်င္လုိ႔ဆုိၿပီး လုိက္ၾကည့္သူကေတာ့ ဘန္ေကာက္ၿမိဳ႕ ဆူခြန္ဗစ္လမ္းထဲမွာ ရံုးခန္းဖြင့္ထားတဲ့ နာမည္ႀကီး NGO တခုက အသက္ ၃၀ ၀န္းက်င္အရြယ္ အေနာက္တုိင္းသူ တဦးျဖစ္ပါတယ္။
ငွက္ဖ်ားေပါလွတဲ့ နယ္စပ္ေဒသဆီ ေရာက္လာတဲ့ မေရႊေခ်ာက ျခင္ေဆးေတြ၊ ျခင္ေထာင္ေတြ၊ ေရသန္႔ဗူးေတြ၊ လက္ႏွိပ္ ဓာတ္မီးေတြ အစုံအလင္နဲ႔ေပါ့။ ဒီလုိနဲ႔ ေနာက္တေန႔ မုိးလင္းေတာ့ အဲဒီ NGO အမ်ဳိးသမီးရယ္၊ ထုိင္း ကားဆရာရယ္၊ က်ေနာ္ရယ္၊ ေနာက္ သံပုရာၿခံ ဂုိေထာင္က ရဲေဘာ္ ၂ ဦးရယ္ စခန္းသစ္ဆီ ခ်ီတက္လာၾက ပါတယ္။
ေတာကနက္နက္၊ သစ္ပင္ႀကီးေတြ ေအာက္က စမ္းေခ်ာင္းေလးရဲ႕ေရက ေအးျမျမဆုိေတာ့ ဆန္ကီလုိ ၂၀ ေလာက္ ထမ္းၿပီး ေန႔စဥ္သြားေနရတဲ့ ရဲေဘာ္ေတြအဖုိ႔ ငိုခ်င္စရာႀကီး ျဖစ္ေနေပမယ့္ ၿမိဳ႕ေပၚက အေနာက္ တုိင္းသူ အတြက္ေတာ့ စိတ္ၾကည္ႏူးစရာ၊ ေပ်ာ္ရြင္စရာႀကီး ျဖစ္ေနပုံရပါတယ္။ ေတာေတာင္ စမ္းေရ သာယာတဲ့ အေၾကာင္း စကားတေျပာေျပာနဲ႔ ေလွ်ာက္လာလုိက္တာ ေမာပန္းရမွန္းေတာင္ မသိဘဲ ခရီးတ၀က္ေလာက္ ေပါက္လာပါတယ္။ ဒီလုိနဲ႔ ေန႔လယ္ ၁၂ နာရီ ၀န္းက်င္မွာ ေန႔လယ္စာ စားဖုိ႔ ထမင္းထုတ္ျဖည္ပါတယ္။
အနီးအနားက ခပ္ႀကီးႀကီး သစ္ရြက္ေတြကိုခူး၊ ေခ်ာင္းေဘးနားက ေက်ာက္တုံးေပၚမွာ အေသအခ်ာခင္း၊ ပလတ္စတစ္နဲ႔ ထုတ္လာတဲ့ ထမင္းေတြကိုျဖည္ၿပီး အဲဒီသစ္ရြက္ေတြ ေပၚမွာတင္၊ ဆီရဲႊေနတဲ့ ငါးေသတၱာ ဟင္းကုိ ေလာင္းၿပီး ဇြန္းမပါ၊ လက္ဗလာနဲ႔ သုံးေဆာင္ေတာ္မူေပါ့။ မေရႊေခ်ာကေတာ့ အသင့္သယ္လာတဲ့ ပလတ္စတစ္ခြက္ထဲ ထမင္းထည့္၊ ပလပ္စတစ္ ဇြန္းခရင္းနဲ႔ေပါ့။ ဒီအထိ ျပႆနာ ႀကီးႀကီးမားမား မတက္ ေသးပါဘူး။
“သစ္ရြက္ေတြကုိ ဘာလုိ႔ မလုိအပ္ဘဲ ေလွ်ာက္ခူူး ေနတာလဲ၊ ေခ်ာင္းေရကုိ ဒီတုိင္း မေသာက္ရဘူး၊ ႀကိဳခ်က္ၿပီးမွ ေသာက္ရတယ္ေလ” လုိ႔ ေျပာၿပီး သူ႔ေရသန္႔ဗူးကုိ ေမာ့ေသာက္ေနပါတယ္။ က်ေနာ္တုိ႔ ေတာထဲက ပုဂိၢဳလ္ေတြ ကေတာ့ သူ႔လုိ ေရသန္႔ဗူး ဘယ္ေသာက္ႏုိင္မလဲ။ ဒီေတာ့ ဆီျပန္ေနတဲ့ ေခ်ာင္းေရကိုပဲ ၾကည္ေအာင္ ခဏ ေစာင့္ၿပီး လက္ခုပ္နဲ႔ ခပ္ေသာက္၊ ဒီေရထဲမွာပဲ လက္ေဆး၊ လက္မွာ ကပ္က်န္ေနတဲ့ ထမင္းလုံးေတြ၊ အဆီေတြ လည္း အဲဒီေခ်ာင္းေရထဲမွာ ေမ်ာပါေပါ့။ ေခ်ာင္းက ေရစီးေနတယ္ဆုိေတာ့ ဘာမွ မျဖစ္ဘူးလုိ႔ ထင္ခဲ့တာပါပဲ။
ဒါေပမယ့္ က်ေနာ္တုိ႔ အဲဒီလို လုပ္ေနတာကို မေရႊေခ်ာက အေသအခ်ာ ၾကည့္ၿပီး “ေတာႀကီးမ်က္မည္းထဲက ဒီေလာက္ သန္႔ျပန္႔ေနတဲ့ စမ္းေခ်ာင္းကုိ မင္းတုိ႔မုိ႔ ညစ္ပတ္ေအာင္ လုပ္ရက္တယ္” လုိ႔ ေျပာၿပိီး က်ေနာ္တုိ႔ ပစ္ခ်ခဲ့တဲ့ ထမင္းလုံးေတြကို လုိက္ဆယ္၊ ပလတ္စတစ္စ ေတြကိုလိုက္သိမ္း လုပ္ေနပါတယ္။ ဒီေတာ့ က်ေနာ္လည္း မေနသာဘဲ လုိက္ကူရတာေပါ့။
“ဒီေတာႀကီးမ်က္မည္းထဲမွာ ဘယ္ရဲက လာစစ္မွာမုိ႔လဲကြာ” ဆိုၿပီး သူနားမလည္ႏုိင္တဲ့ ထား၀ယ္ စကားနဲ႔ က်ေနာ္တုိ႔ အခ်င္းခ်င္း ေျပာၿပီး ရယ္လုိက္ပါေသးတယ္။ အဲဒီကေန ခရီးဆက္ၿပီး စခန္းသစ္ေရာက္မွ သူဟာ သဘာ၀ပတ္၀န္းက်င္ ထိမ္းသိမ္းေရးသမား၊ အထူးသျဖင့္ ေတာရိုင္း တိရစာၦန္ေတြကို အထူးအေလးထားတဲ့ သူမွန္း သိလုိက္ရပါတယ္။
သိလုိက္ရ ပုံကလဲ ၾကည့္ပါဦး။ ႏိုင္ငံျခားသူ လွပ်ဳိျဖဴ အလွဴရွင္ကို အထူးဧည့္သည္အျဖစ္ ရွားပါး အသားနဲ႔ ဧည့္ခံလုိက္ရာကေန ေတာင္းပန္လုိ႔ မရေတာ့တဲ့ ျပႆနာႀကီး ျဖစ္ခဲ့တယ္ ဆုိပါေတာ့။ ေမာေမာ ပန္းပန္းနဲ႔ ေရာက္လာတဲ့ က်ေနာ္တုိ႔ကုိ ရဲေဘာ္ေတြ ဧည့္ခံေကၽြးေမြးတဲ့ အသားဟင္းက ေမ်ာက္သား ျဖစ္ေနပါတယ္။ အသား မစားရတာ ၾကာၿပီျဖစ္တဲ့ က်ေနာ့္အတြက္ အုိေကေပမယ့္ NGO မယ္ေတာ္ အတြက္ကေတာ့ “ေမ်ာက္ဆုိတာ ေတာရိုင္း သတၱ၀ါပဲ၊ ေတာရုိင္း သတၱ၀ါကို ထိမ္းသိမ္း ကာကြယ္ရမယ္ဆုိတာ မင္းတုိ႔ မသိ ဘူးလား” လုိ႔ ေအာ္ေျပာၿပီး ငုိေတာ့မလုိ ျဖစ္ေနလုိ႔ မနည္း ေျဖရွင္းေတာင္းပန္ ရပါတယ္။ က်ေနာ္က အဲဒီလုိ ေတာင္းပန္ေနေပမယ့္ ရဲေဘာ္ေတြက သေဘာမေပါက္။
“ေမ်ာက္သား မစားေစခ်င္ရင္ သူတုိ႔ NGO က အသား ငါးေတြ မ်ားမ်ားလွဴထား ေပါ့ဗ်ာ။ ငါးပိေလာက္ပဲ လွဴၿပီး ေမ်ာက္ပစ္ စားတာကို အျပစ္တင္ေနလုိ႔ ဘယ္ျဖစ္မလဲ” ဆုိၿပီး ရဲေဘာ္တဦးက ၀င္ေျပာပါတယ္။
ေနာက္ထပ္ ရဲေဘာ္တဦးကလည္း “ဟုတ္တာပဲ၊ တျခားစားစရာ ရွိေနရင္ က်ည္ဆံအကုန္ခံ၊ ပင္ပန္းခံၿပီး က်ေနာ္တုိ႔ ဘယ္ ေမ်ာက္ပစ္စားေနမလဲ” ဆုိၿပီး ၀င္ေထာက္ပါတယ္။ က်ေနာ္ဟာ အဲဒီအခ်ိန္အထိ သဘာ၀ ပတ္၀န္းက်င္နဲ႔ ေတာရိုင္း တိရစာၦန္ေတြ အေပၚ အေနာက္တုိင္း သားေတြ၊ အထူးသျဖင့္ လူသားခ်င္း စာနာေရး အကူအညီေပးေနတဲ့ NGO ၀န္ထမ္းေတြ ဘယ္ေလာက္အထိ အေလးထားမွန္း နားမလည္ေသးပါ။ ေရွ႕က ရဲေဘာ္ ၂ ဦးအျမင္နဲ႔ က်ေနာ့္အျမင္ အတူတူ ျဖစ္ေနတဲ့အတြက္ အဲဒီ စကားကုိပဲ ေထာက္ခံ ေဆြးေႏြးလုိ္က္မိ ပါတယ္။ အဲဒီေတာ့ မေရႊေခ်ာက ငုိသံနဲ႔အျပစ္တင္၊ က်ေနာ္တို႔က ၀ုိင္းရယ္ေပါ့။
အဲဒီထက္ ပိုဆုိးတာက ေနာက္တေန႔ မုိးလင္းေတာ့ ေနထြက္ခ်ိန္ ေမ်ာက္ျမဴးခ်ိန္မွာ ေမ်ာက္ပစ္ ေနၾက ထုံးစံအတုိင္း စခန္း၀န္းက်င္က သစ္ပင္ႀကီးေတြေပၚက ေမ်ာက္ေတြကို ရဲေဘာ္ေတြ လုိက္ပစ္ၿပီး ေသနတ္ ဒဏ္ရာနဲ႔ ေသြးေတြစြန္းေနတဲ့ ေမ်ာက္ေတြ၊ အၿမီးကိုေခါင္းမွာ ခ်ည္ၿပီး စလြယ္သုိင္း သယ္လာတဲ့ ေမ်ာက္ေတြကို မေရႊေခ်ာက ထပ္ျမင္သြား ျပန္ပါတယ္။ ဒီလုိနဲ႔ NGO မေရႊေခ်ာကို ဘယ္လုိမွ ရွင္းျပ ေတာင္းပန္လုိ႔ မရေတာ့ ပါဘူး။ ဒါေပမယ့္ အဲဒီကိစၥဟာ ဒီေလာက္နဲ႔ပဲ ၿပီးသြားမယ္လုိ႔ ထင္ၿပီး လာရင္းကိစၥျဖစ္တဲ့ စခန္းသစ္က လူဦးေရစာရင္း၊ လိုအပ္တဲ့ ရိကၡာစာရင္း၊ ေဆး၀ါးစာရင္း၊ စုိက္ပ်ဳိးေရးအတြက္ လုိအပ္တဲ့ ပစၥည္းေတြ စသျဖင့္ စာရင္းဇယား ကိစၥေတြကို ရွင္းလင္းေျပာျပၿပီး စခန္းကေန ေခါင္ယုိင္ကုိ ျပန္ထြက္လာခဲ့ပါတယ္။ ေခါင္ယုိင္ကေန ဘန္ေကာက္ ျပန္တက္တဲ့ အခါမွာေတာ့ က်ေနာ္ဟာ ရတ္ခ်ပူရီမွာ ဆင္းၿပီး မင္းသမီး စခန္းဆီ ျပန္၀င္လာ ခဲ့ပါတယ္။
စခန္းသစ္က ေမ်ာက္ကိစၥဟာလည္း ဒီမွာပဲ တစခန္း ရပ္သြားၿပီလုိ႔ က်ေနာ္ထင္ခဲ့ပါတယ္။
ဒါေပမယ့္ NGO မေရႊေခ်ာက က်ေနာ္တုိ႔ ေမ်ာက္ပစ္သမားေတြကို အေတာ္ စိတ္နာသြားပုံ ရပါတယ္။ က်ေနာ္ မင္းသမီး စခန္းဆီေရာက္ၿပီး သီတင္း တပတ္ေတာင္ မၾကာပါဘူး၊ ဗဟုိကေန ေၾကးနန္း ၀င္လာပါတယ္။
“စခန္းသစ္ဘက္က ရဲေဘာ္ေတြ ရွားပါး ေတာရုိင္းတိရစာၦန္ေတြကို ပစ္သတ္ေနတာ အျမန္ဆုံး ရပ္တန္႔ဖုိ႔ … NGO အဖြဲ႔က သတိေပး လာပါတယ္။ တကယ္လုိ႔အခ်ိန္မီ မရပ္ဘူးဆုိရင္ သူတုိ႔အဖြဲ႕ရဲ႕ အလွဴေငြေတြ ရပ္ေကာင္း
ရပ္ရလိမ့္မယ္လုိ႔ ေျပာလာတဲ့အတြက္ အဲဒီကိစၥကုိ ေတာင္ပုိင္း ဗလဖ ေကာ္မတီက အေလးအနက္ထား ဆက္လက္ ေဆာင္ရြက္ရန္ ညႊန္ၾကား” လုိ႔ အဲဒီေၾကးနန္းစာ ထဲမွာ ပါရွိတာကို က်ေနာ္ အမွတ္ရ ေနပါတယ္။
ေမ်ာက္ပစ္မုဆုိးမွသည္ သဘာ၀ပတ္၀န္းက်င္ သတင္းေထာက္ အျဖစ္သုိ႔
အဲဒီလုိ သစ္ပင္ေပၚက ေမ်ာက္ေတြကုိ ပစ္စားခဲ့ဖူးတဲ့၊ အင္းအုိင္ေတြထဲ လက္ဗစ္ဗုံး ပစ္ခ်ၿပီး ငါး ဖမ္းခဲ့ဖူးတဲ့၊ သဘာ၀ ေခ်ာင္းေရထဲ စားႂကြင္းစားက်န္နဲ႔ ပလပ္စတစ္စေတြ ပစ္ခ်ခဲ့ဲဖူးတဲ့ က်ေနာ္ DVB သတင္းေထာက္ အျဖစ္ ေပးပုိ႔တဲ့ သတင္းေတြထဲမွာ ပထမဆုံး ေပါက္သြားတဲ့ သတင္းက သဘာ၀ပတ္၀န္းက်င္ ထိမ္းသိမ္းေရး အေၾကာင္း ျဖစ္ေနတယ္ဆုိရင္ စာဖတ္ပရိတ္သတ္ ယုံပါ့မလားဘဲ။
ရဟန္းပ်ဳိသမဂၢမွ အရွင္ေခမာစာရ အပါအ၀င္ ႏိုင္ငံတကာမွ သံဃာေတာ္ တခ်ဳိ႕ ရတနာ
ပုိက္လုိင္း စီမံကိန္းကို ဆႏၵျပေနစဥ္ (ဓာတ္ပံု - ထက္ေအာင္ေက်ာ္)
၁၉၉၅ ေႏွာင္းပုိင္းမွာ DVB သတင္းေထာက္ စျဖစ္လာတဲ့ က်ေနာ့္အတြက္ ပထမဆုံး လုိက္တဲ့ သတင္းႀကီး တခုက နတ္အိမ္ေတာင္ ကံေပါက္ေဒသမွာ စတင္ ေဖာက္လုပ္တဲ့ ရတနာ သဘာ၀ ဓာတ္ေငြ႕ပုိက္လုိင္း စီမံကိန္း ျဖစ္ပါတယ္။ ျပင္သစ္ႏိုင္ငံက Total ကုမၸဏီ၊ အေမရိကန္က Unocal ကုမၸဏီ (ဆႏၵျပမႈ ေတြေၾကာင့္ ေနာက္ပုိင္း ျပန္ႏုတ္ထြက္သြား) နဲ႔ ထုိင္းႏိုင္ငံက PTTEP ကုမၸဏီတုိ႔ န၀တ စစ္အစုိးရရဲ႕ MOGE (ျမန္မာ့ ေရနံနဲ႔ သဘာ၀ ဓာတ္ေငြ႕လုပ္ငန္း) နဲ႔ ေပါင္းၿပီး ေဖာက္လုပ္တဲ့ ကီလုိမီတာ ၇၀၀ ေက်ာ္ရွိ ဒီပုိက္လုိင္း စီမံကိန္းဟာ က်ေနာ္တုိ႔နဲ႔ KNU ထိမ္းခ်ဳပ္ နယ္ေျမေတြကို ျဖတ္သြားမွာမုိ႔ ဒါကုိ တုိက္ဖ်က္ရမယ္လုိ႔ အဲဒီကာလက မူ၀ါဒ ခ်မွတ္ထားပါတယ္။
က်ေနာ္ မွတ္မိသေလာက္ဆုိရင္ ၁၉၉၅ ေႏွာင္းပုိင္းမွာ KNU အထူးတပ္ဖြဲ႕တခုက ပင္လယ္ ကမ္းစပ္ ဒမင္းဆိပ္ ရြာနားအထိ ၀င္ၿပီး ဒီ စီမံကိန္း လုပ္ငန္းခြင္တခုကို ၀င္ေရာက္ တုိက္ခုိက္ခဲ့ဖူး ပါတယ္။ ဒါေပမယ့္ ABSDF အေနနဲ႔ကေတာ့ စစ္ေရးအရ အဲဒီလုိ မလုပ္ႏုိင္တဲ့အတြက္ ဒီ စီမံကိန္းအတြင္း လုပ္အားေပး ခုိင္းေစမႈ အပါအ၀င္ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြ၊ သစ္ေတာ ျပဳန္းတီးမႈ အပါအ၀င္ သဘာ၀ ပတ္၀န္းက်င္ ပ်က္စီးမႈေတြကို အေလးထား ေဖာ္ထုတ္မယ္လုိ႔ စဥ္းစားၿပီး ေတာင္ပုိင္းစစ္ေဒသ ျပန္ၾကားေရး တာ၀န္ခံ က်ေနာ္နဲ႔ အဖြဲ႕ဟာ မင္းသမီး စခန္းကေန ထုံပါဖုံနဲ႔ နတ္အိမ္ေတာင္ဘက္ ခရီးထြက္ လာပါတယ္။
က်ေနာ္၊ ကုိမင္းေဇာ္ေရႊနဲ႔ ကုိသိန္းျမင့္ေက်ာ္တုိ႔ ၃ ဦး ထုံပါဖုံၿမိဳ႕က ျမန္မာ ရပ္ကြက္ကုိ ေရာက္ေရာက္ခ်င္း ေတြ႕လုိက္ရသူ တဦးက ရတနာပုိက္လုိင္း လုံၿခံဳေရးအတြက္ ဟိန္းဇဲကၽြန္း စစ္တပ္မွာ လုပ္အားေပး ခုိင္းေစခံရလုိ႔ ထြက္ေျပးလာသူ ျဖစ္ေနပါတယ္။ အဲဒီလူနဲ႔ အင္တာဗ်ဳးၿပီး က်ေနာ္ ပို႔လုိက္တဲ့သတင္းကို ABSDF ဗဟုိ ႏိုင္ငံျခားေရး ဌာနနဲ႔ သုေတသန ဌာနတုိ႔က ျမန္မာ – အဂၤလိပ္ ၂ ဘာသာနဲ႔ ခ်က္ခ်င္း သတင္းထုတ္ျပန္ၿပီး ေနာက္တေန႔ထုတ္ Bangkok Post နဲ႔ The Nation သတင္းစာေတြမွာ ပါလာပါတယ္။
ABSDF အပါ၀င္ နယ္စပ္က သဘာ၀ပတ္၀န္းက်င္ခ်စ္ျမတ္နုိးသူေတြဖြဲ႔စည္းလုိက္တဲ့ Green Novemenr 32
အႏွစ္ ျပန္ခ်ဳပ္ရရင္ေတာ့ ဒီသတင္းနဲ႔ ေပါက္သြားတဲ့ က်ေနာ္ဟာ ရတနာ ဓာတ္ေငြ႕ပုိက္လုိင္း သတင္းကုိ ထဲထဲ၀င္၀င္ ဆက္လုိက္ခဲ့ၿပီး ထုိင္းေက်ာင္းသားေတြ၊ ထုိင္း NGO ေတြနဲ႔အတူ ထုံပါဖုံၿမိဳ႕နယ္ ေတာနက္ထဲက ပုိက္လုိင္းဆႏၵျပပဲြ ေနရာအထိ ေရာက္သြားခဲ့ပါတယ္။ ထုံပါဖုံကေန နတ္အိမ္ေတာင္ အသြား ကားလမ္းမေနက ေခ်ာင္းရုိးေလး အတုိင္း ၅ မုိင္ေလာက္ ဆက္သြားရတဲ့ေနရာကို ေဟြးခရုိင္ေဒသလုိ႔ ေဒသခံေတြက ေခၚဆုိၿပီး အဲဒီေတာထဲမွာ စခန္းခ် ဦးေဆာင္ ဆႏၵျပ ေနသူကေတာ့ ႏိုဗဲလ္ဆုအတြက္ အဆုိတင္သြင္း ခံရတဲ့အထိ လူသိမ်ားသူ လူမႈေ၀ဖန္ေရးဆရာ အာက်န္ဆူလတ္ Sulak Sivaraksa ျဖစ္ပါတယ္။
ဒီစီမံကိန္းေၾကာင့္ အဓိက ထိခုိက္ပ်က္စီးေနတဲ့ ေနရာဟာ ျမန္မာႏုိင္ငံဘက္မွာ ျဖစ္ေပမယ့္ အဲဒီ ကာလ တုန္းကေတာ့ အခုေခတ္လုိ ျမန္မာႏိုင္ငံမွာ ဆႏၵျပခြင့္ မရွိေသးတဲ့အတြက္ ထုိင္းဘက္က လူေတြက ျမန္မာေတြ အတြက္ပါ ဆႏၵျပေပးေနတဲ့ သေဘာျဖစ္ပါတယ္။
“ဒီပုိက္လုိင္း စီမံကိန္းသာ အခုလမ္းေၾကာင္းအတုိင္း ေဖာက္မယ္ဆုိရင္ ဒီမွာ ခင္ဗ်ားတုိ႔ ျမင္ေနရတဲ့ ေအးျမတဲ့ စမ္းေခ်ာင္းေလး၊ လွပတဲ့ သစ္ပင္ႀကီးေတြအျပင္ ေဟာဒီလုိ ရွားပါးလွတဲ့ ေရာင္စုံ ဂဏန္းမ်ဳိးေစ့ေတြပါ မ်ဳိးသုဥ္း သြားႏုိင္ပါတယ္။ ေတာဆင္ရုိင္းေတြလည္း အမ်ားႀကီး ဒုကၡျဖစ္သြား ႏုိင္ပါတယ္” လုိ႔ အာဂ်န္ ဆူလတ္က က်ေနာ္နဲ႔ ထုိင္းသတင္းေထာက္ ေတြကို ရွင္းျပပါတယ္။ ဒီဆႏၵျပပဲြမွာ လူေတြ ေထာင္နဲ႔ ခ်ီၿပီး ပါ၀င္ခဲ့ၾကေပမယ့္ ေနာက္ဆုံးမွာေတာ့ PTT နဲ႔ ထုိင္းအစုိးရက အာက်န္ ဆူလတ္ကို ဖမ္းဆီးၿပီး စီမံကိန္းကို ဆက္လုပ္တဲ့အတြက္ ၁၉၉၆၊ ၉၇ မွာ စီမံကိန္း ၿပီးစီးသြားပါတယ္။
ဒီလို ၿပီးစီးသြားေပမယ့္ ဓာတ္ေငြ႕ပုိက္လုိင္းရဲ႕ အႏၱရာယ္နဲ႔ သဘာ၀ပတ္၀န္းက်င္ ပ်က္စီးႏုိင္မႈ၊ လူ႔ အခြင့္အေရး ခ်ဳိးေဖာက္မႈေတြ အေၾကာင္းကို စီမံကိန္းကာလ ၃ ႏွစ္ေလာက္အတြင္း အာက်န္ဆူလတ္နဲ႔ အဖြဲ႕က ထုိင္းမီဒီယာနဲ႔ ထုိင္း လူ႔အဖြဲ႕အစည္းေတြကို ေကာင္းေကာင္း သတင္းျဖန္႔ျဖဴး ပညာေပးႏိုင္ ခဲ့ပါတယ္။ အဲဒီလုိ ပညာေပးမႈကို ရလုိက္သူေတြထဲမွာ ေတာလုိက္ မုဆုိးကေန သတင္းေထာက္ ျဖစ္လာတဲ့ က်ေနာ္လည္း ပါ၀င္ၿပီး သဘာ၀ ပတ္၀န္းက်င္နဲ႔ ေတာရုိင္း တိရစာၦန္ ထိမ္းသိမ္းကာကြယ္ေရး သတင္း အေတာ္မ်ားမ်ားကို DVB အတြက္ ပုိ႔ေပးခဲ့ ဖူးတာ၊ က်ေနာ္ကုိယ္တုိင္ သဘာ၀ပတ္၀န္းက်င္နဲ႔ ေတာရုိင္းတိရစာၦန္ ကာကြယ္ေရးသမား ျဖစ္သြားတာကုိ အမွတ္ရ ေနပါတယ္။
=================================================
(အပိုင်း ၄၁)
ထက်အောင်ကျော်| August 4, 2012 | ဧရာဝတီ။
လက်နက်ကိုင် တော်လှန်ရေးနဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးမှု
သဘာ၀ ပတ်ဝန်းကျင် ထိမ်းသိမ်းရေး (Environmental) ဆိုတဲ့ စကားလုံးဟာ အခုခေတ် လူငယ်တွေအတွက် အသစ်အဆန်း မဟုတ်တော့ပေမယ့် လွန်ခဲ့တဲ့နှစ် ၂၀ ကျော်၊ ကျနော်တို့ တောစခိုစဉ် အချိန်ကတော့ ဒီ စကားလုံးဟာ ကျနော့်အတွက် လုံး၀ အသစ်အဆန်း ဖြစ်ပါတယ်။ ဒီစကားလုံးနဲ့ ကျနော့်ကို စတင် မိတ်ဆက်ပေး သူကတော့ နှုတ်ခမ်းမွေး ကားကား၊ ပိန်ပိန်ရှည်ရှည်နဲ့ နယူးဇီလန်နိုင်ငံသား Steve Thompson ပါ။
ခွပ်ဒေါင်းအလံ ကိုင်ပြီး ရတနာပိုက်လိုင်းကို ဆန္ဒပြနေကြတဲ့ မြန်မာကျောင်းသား ၂ ဦး (ဓာတ်ပုံ - ထက်အောင်ကျော်)
၁၉၈၈၊ ၈၉ က မဲဆောက်မြို့ ဝန်းကျင်မှာအခြေစိုက်ပြီး KNU နယ်မြေထဲက ကျောင်းသားစခန်း ၇ ခု အတွက် ABSDF နယ်မြေ ကော်မတီမှာ တာဝန်ထမ်းစဉ်မှာ သူနဲ့စတွေ့ခဲ့တာပါ။ သူဟာ မာနယ်ပလော အပါဝင် KNU နဲ့ ABSDF စခန်းအတော်များများဆီ လှည့်လည်သွားလာနေသူ ဖြစ်ပြီး အခုချိန်ထိ နယ်စပ်က သဘာ၀ ပတ်ဝန်းကျင် ထိမ်းသိမ်းရေး အဖွဲ့တွေနဲ့ လက်တွဲ တာဝန်ထမ်း နေဆဲလို့ သိရပါတယ်။
Steve က မိတ်ဆက်ပေးလို့ သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေး ဆိုတာကို စကားလုံးအဖြစ် သိလိုက်ရပေမယ့် လက်တွေ့ သိပ်နားမလည်ပါဘူး။ အကြမ်းအားဖြင့်ကတော့ သံလွင်နဲ့ သောင်ရင်းမြစ် တကျောရှိ KNU ထိမ်းချုပ် နယ်မြေက တောင်တွေမှာ သစ်ပင်တွေ ခုတ်လဲှနေတာ တွေ့ရပြီး ထိုင်းဘက်ကမ်းက တောင်တန်းတွေ အားလုံး ပေါ်မှာတော့ ကျွန်းသစ်စိုက်ခင်း အသစ်စက်စက် တွေကို တွေ့ရပါတယ်။ ဒီအတွက် မြန်မာဘက်မှာ သဘာ၀ ပတ်ဝန်းကျင် ပျက်စီးနေပြီး ထိုင်းဘက်မှာတော့ ပျက်စီးမှုကနေ တိုးတက်မှုဆီ ချီတက်နေပြီလို့ နားလည် ထားပါတယ်။
တခါ KNU နယ်မြေထဲကို ခရီးသွားရင်းနဲ့ အရွယ်အစားမျိုးုစုံ ကျွန်းသစ်တွေကို ထိုင်း သစ်ကုန်သည်တွေက စီးပွားဖြစ် အကြီးအကျယ် ခုတ်ယူနေတာကို တွေ့ရပါတယ်။ ဒါကြောင့်လည်း KNU သစ်တောဌာနဟာ နယ်စပ်မှာ ဝင်ငွေအကောင်းဆုံး ဌာနဖြစ်ပြီး ပဒိုအောင်ဆန်းလို ပုဂ္ဂိုလ်တွေ ထင်ရှားခဲ့တယ်လို့ ထင်ပါတယ်။
ကျနော် အနေများတဲ့ KNU တပ်မဟာ ၄ ဒေသ မြိတ် – ထားဝယ်ခရိုင် မင်းသမီး ဘက်မှာလည်း အခြေအနေက ဗဟိုဘက်နဲ့ သိပ်မထူးပါဘူး။ ဒါပေမယ့် တပ်မဟာ ၄ ဒေသ သစ်တောတာဝန်ခံ ပဒို ဂျင်မီဟာ ထီးခီး စခန်း ဝန်းကျင်မှာ ၅ ဧကလောက် အကျယ်ရှိတဲ့ ကျွန်းသစ် စိုက်ခင်းတခု စိုက်ထားပါတယ်။ နောက်တခါ သစ်တော ဌာနက ကိုဖရန်ကီ (အခုထိ ချင်းမိုင် အခြေစိုက် သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေး အဖွဲ့တခုမှာ တာဝန်ထမ်း နေဆဲလို့ သိရပါတယ်) ဦးစီးတဲ့ အဖွဲ့က ထားဝယ်ဒေသရဲ့ အမြင့်ဆုံး တောင်တန်း မြင့်မိုရ်လက်ခတ် တောင်မှာ တောရိုင်း တိရစ္ဆာန် ဘေးမဲ့တော စီမံကိန်းတခု အကောင်ထည် ဖော်ခဲ့တယ်လို့ ကြားသိရပါတယ်။ ဗဟိုဘက်မှာလည်း အလားတူ စီမံကိန်းတွေ ရှိနိုင်ပြီး ကျနော်မသိတာလည်း ဖြစ်နေနိုင်ပါတယ်။
အဲဒီစီမံကိန်း ၂ ခုက လွဲရင်တော့ သစ်ပင် ခုတ်ရောင်းတဲ့ နေရာမှာ အတူတူပါပဲ။ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်း အကြား ရာသီဥတု အခြေအနေ ကွာခြားမှုအရ ဒီဘက်မှာ ကျွန်းသစ် သိပ်မရှိပါဘူး။ ဒါပေမယ့် နော်ဘောကော့လို့ ခေါ်တဲ့ တောပိတောက်သားဟာ ပရိဘောဂ ထုတ်တဲ့နေရာမှာ သိပ်နာမည်ကြီးတဲ့အတွက် နှစ်ပေါင်း ၃၀၊ ၄၀ ကျော်လောက် ကတည်းက ရှိနေတယ်လို့ ယူဆရတဲ့ လူ ၃၊ ၄ ယောက်ဖက်စာ လုံးပတ်ရှိတဲ့ သစ်ပင်ကြီးတွေကို အမြစ်ပါမကျန် တူးဖော်ပြီး ထိုင်းနဲ့ ကရင်သစ်ကုန်သည်တွေက သယ်ယူနေတာ တွေ့ရပါတယ်။
တောပိတောက်သား တွေနဲ့ လုပ်ထားတဲ့ အိမ်ထောင် ပရိဘောဂတွေကို နယ်စပ်ဈေး တခုမှာ တွေ့ရစဉ် (ဓာတ်ပုံ - ထက်အောင်ကျော်)
၁၉၉၀ နောက်ပိုင်းမှာတော့ နော်ဘောကော့တင် မကတော့ဘဲ သစ်ပင်ကြီးအတော်များများကို တနင်္သာရီမြစ် အနောက်ဘက်ကမ်းက ကျနော်တို့ စတင်တောခိုလာတဲ့ ဘန်းချောင်းဒေသဘက် အထိ ကားလမ်းတွေ ဖောက်ပြီး စီးပွားဖြစ် ရောင်းစားလာတာကို တွေ့ရပါတယ်။
၁၉၉၅ ဝန်းကျင် ရောက်တဲ့အခါမှာတော့ သစ်ပင်ကြီးတွေ နည်းလာလို့လားမသိပါဘူး၊ ကျနော်တို့ စခန်း ဝန်းကျင်က ကြခတ်ဝါးရုံတွေကိုပါ ဝါးရုံအလိုက် ခုတ်ရောင်းခွင့် ပေးလိုက်တဲ့အတွက် သစ်ရော၊ ဝါးပါ အတော် ပြောင်သွားပါတယ်။ ရာသီဥတုလည်း ကျနော်တို့ တောထဲရောက်ကာစ ၁၉၈၈ ထက်စာရင် ၂ ဆ နီးပါး ပိုပူလာတယ်လို့ ကျနော့်စိတ်ထဲ ထင်မိပါတယ်။
၁၉၉၀ အစောပိုင်း အမရာ စခန်းကို ကျနော် ရောက်စအချိန်က ဆိုရင် စခန်းနောက်ကျောက ချောင်းငယ် လေးဟာ နွေရာသီအထိ စမ်းရေစီးနေပြီး အဲဒီချောင်းဖျားမှာ တောကြက်တွေ အများကြီး ရှိတဲ့အတွက် ကျနော်တို့ သွားပစ်ကြတာကို မှတ်မိနေပါတယ်။ ဒါပေမယ့် ၁၉၉၃၊ ၉၄ လောက် ရောက်တဲ့အခါမှာတော့ အဲဒီချောင်းဟာ မိုးရာသီ လွန်တာနဲ့ လုံး၀ ခမ်းခြောက်သွားပြီး တောလည်း ပြုန်းသွားတဲ့အတွက် တောကြက်ပါအဝင် ဘာအကောင် ဗလောင်မှ မရှိတော့ပါ။
KNU နဲ့ ထိုင်းသစ်ကုန်သည်တွေ သစ်တောဖြုန်းတာအပြင် ကျောင်းသားတွေ သစ်တောဖြုန်းတဲ့ ကိစ္စတခု ကိုလည်း သတိရတုန်း တင်ပြချင်ပါတယ်။
ရှေ့ပိုင်းမှာ တင်ပြခဲ့တဲ့ ပြည်ခြား – ပုလောဒေသ စစ်ကြောင်းသွားချိန်ဟာ ပုလောမြို့နယ်အတွင်း သစ်ခွပန်းတွေ (ဒေသအခေါ် စဘူပန်း) သစ်ပင်ကြီးတွေရဲ့ ခွဆုံတွေပေါ်မှာ ပွင့်တဲ့အချိန် ဖြစ်ပါတယ်။ လစာမရှိ၊ ဝင်ငွေ မရှိတဲ့ ရဲဘော်တွေဟာ ဆေးလိပ်ဖိုး၊ ဟင်းဖိုး လိုတဲ့အတွက် အချိန်အားရတိုင်း အဲဒီပန်းတွေကို လိုက်ခူးကြပါတယ်။ တနေ့မှာ ကျနော်လိုက်သွား ကြည့်တော့ သစ်ပင်ပေါ်တက်ပြီး သစ်ခွပန်းကို ခူးယူတာမျိုးမဟုတ်ဘဲ၊ သစ်ခွပန်း ရှိတဲ့ သစ်ကိုင်းတခုလုံးကို အရင်းကနေ ခုတ်ချပြီး အောက်ရောက်မှ ပန်းကိုယူတာ၊ ဒါမှမဟုတ် အပင်လိုက် ခုတ်လဲှပြီးမှ ပန်းကို ယူတာမျိုး တွေ့ရပါတယ်။
“သတင်းထောက်ကြီး ကလည်းဗျာ၊ လူတိုင်းဒီလိုပဲ ခုတ်နေကြတာပဲ။ ကျနော်တို့ မခုတ်လည်း သူများတွေ
ခုတ်မှာပါပဲ။ တောထဲက သစ်ပင်ကို ဘယ်သူမှ မပိုင်ဘူး။ ဘယ်သူကမှလည်း ဒီအပင်တွေကို လာစိုက် ထားတာ မဟုတ်ဘူး” လို့ ရဲဘော်တချို့က ဆင်ခြေပေးတာကို ကျနော် အမှတ်ရနေပါတယ်။
တခါ ပြည်ခြားကနေ တပ်ရင်းအပြန်လမ်းမှာလည်း တောဓညင်းသီး အပါဝင် စားလို့ရသမျှ သစ်သီး သစ်ရွက်တွေ
အတွက် တောထဲက သစ်ပင်တွေကို ဘာမှစဉ်းစားမနေဘဲ အလွယ်တကူခုတ်လဲှ၊ ခုတ်ယူခဲ့ကြတာကို ကျနော် မှတ်မိနေပါတယ်။
ဒါတွေဟာ အရှိတရားကို ပြောနေခြင်းသာဖြစ်ပြီး KNU အပါဝင် နယ်စပ်တကျောက လက်နက်ကိုင် အဖွဲ့တွေကို အပြစ်တင်နေခြင်း မဟုတ်ပါ။ ပြည်တွင်းစစ် ဖြစ်ခဲ့တဲ့ ကမ္ဘောဒီယား အပါဝင် တခြားနိုင်ငံ တွေမှာလည်း အလားတူ သစ်တောတွေ၊ သဘာ၀ ဝန်းကျင်တွေ အကြီးအကျယ် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ ဆိုလိုတာကတော့ နယ်မြေ တည်ငြိမ်မှုမရှိသေးတဲ့ တော်လှန်ရေးနယ်မြေမှာ သာမန်နိုင်ငံတခုလို ကုန်ထုတ်လုပ်မှုကနေ ငွေရှာဖို့ သိပ်မလွယ်တော့ အလွယ်နည်းဖြစ်တဲ့ ကိုယ်နယ်မြေထဲက သစ်ပင်တွေကို လက်ညှိုးထိုး ရောင်းရတာ၊ ခဲမိုင်း၊ သတ္တုမိုင်း ရှိတဲ့နေရာတွေကို လက်ညှိုထိုး ရောင်းစားတဲ့ အလုပ်ကိုပဲ မလွဲှ မရှောင်သာ လုပ်ကြရတာပါ။ အဲဒီကရတဲ့ ငွေတွေနဲ့ အင်အားသောင်းနဲ့ချီရှိတဲ့ တော်လှန်ရေး တပ်သားတွေကို ကျွေးမွေးရေး၊ လက်နက်ခဲယမ်း ဖြည့်ဆည်းပေးရေး၊ တိုက်ပွဲဖော်ဆောင်ရေးတွေကို ဆောင်ရွက်ခဲ့ရတဲ့ သဘော ရှိပါတယ်။
တချို့ ဝေဖန်သူတွေကတော့ နယ်မြေ ၈၀ ရာခိုင်နှုန်းကျော်ကို တည်တည်ငြိမ်ငြိမ် ထိမ်းချုပ်ထားနိုင်တဲ့ နဝတ စစ်အစိုးရကလည်း ကုန်ထုတ်လုပ်မှုကနေ ဝင်ငွေရှာတာမျိုး မလုပ်ဘဲ သူပုန်တွေနဲ့ ထူးမခြားနား သစ်ပင် ခုတ်ရောင်း၊ မိုင်းတွေတူးရောင်း၊ ရေနဲ့ဓာတ်ငွေ့ထွက်တဲ့ နေရာတွေကို လက်ညှိုထိုး ရောင်းစားတဲ့ “သွပ်မိုးခွာ အိမ်တိုင်ဖြုတ်ရောင်း” တဲ့ စီးပွားရေးစနစ်ကိုပဲ လုပ်နေဆဲဖြစ်တယ်လို့ ထောက်ပြကြပါတယ်။
တနည်းအားဖြင့် ပြောမယ်ဆိုရင်တော့ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ သဘာ၀ ပတ်ဝန်းကျင် ပျက်စီးမှု အတော် များများဟာ ပြည်တွင်းစစ် တခုတည်းကြောင့်လို့ ပြောဖို့ခက်နေပါတယ်။ ပြည်တွင်းစစ် ရပ်စဲစပြုနေတဲ့ အခုအချိန်မှာလည်း သစ်တောတွေကို ခုတ်ရောင်းဆဲ၊ တွင်းထွက်တွေ၊ ဓာတ်ငွေ့တွေကို အရင်က လိုပဲ ရောင်စားနေဆဲ ဖြစ်တာကို တွေ့နေရပါတယ်။
မျောက်သားစားချင်ရင် အလှူရှင် မျက်နှာကိုမကြည့်နဲ့
“မျောက်သားစားချင်ရင် မျောက်မျက်နှာကို မကြည့်နဲ့” ဆိုတဲ့ ဆိုရိုးစကားကို စာဖတ်သူတွေ ကြားဖူးကြမယ် ထင်ပါတယ်။ ဒါပေမယ့် တောထဲမှာ ငတ်ပြတ်နေတဲ့ ကျနော်တို့အဖို့ကတော့ မျောက်မျက်နှာ ကြည့်ရုံတင်မက၊ မျောက်တကောင်လုံးကို အသေချာကြည့်ပြီး စားနေကြသူတွေ ဖြစ်တဲ့အတွက် အဲဒီ ဆိုရိုးစကားက မမှန်တော့ ပါဘူး။
ဓာတ်ငွေ့ ပိုက်လိုင်း လမ်းကြောင်းပေါ်က နှစ်ရှည် သစ်ပင်ကြီးတွေ ကို မခုတ်လှဲဘဲ သဘာဝအတိုင်း ဆက်ထားပေးဖို့ သံဃာတော် နှစ်ပါး ဆုတောင်း မေတ္တာပို့နေစဉ် (ဓာတ်ပုံ - ထက်အောင်ကျော်)
၁၉၉၄ နိုဝင်ဘာ၊ ဒီဇင်ဘာလထဲမှာလို့ ထင်ပါတယ်။ ထောက်ပံ့ရေး တာဝန်နဲ့ ဟွာဟင်ဒေသက စခန်းသစ်ဆီ နိုင်ငံခြားသား NGO ဝန်ထမ်းတဦးကို ကျနော် ခေါ်သွားဖူးပါတယ်။ စခန်းသစ် တည်ဆောက်ကစ ABSDF အခြေအနေကို မျက်မြင်ကိုယ်တွေ့ သိချင်လို့ဆိုပြီး လိုက်ကြည့်သူကတော့ ဘန်ကောက်မြို့ ဆူခွန်ဗစ်လမ်းထဲမှာ ရုံးခန်းဖွင့်ထားတဲ့ နာမည်ကြီး NGO တခုက အသက် ၃၀ ဝန်းကျင်အရွယ် အနောက်တိုင်းသူ တဦးဖြစ်ပါတယ်။
ငှက်ဖျားပေါလှတဲ့ နယ်စပ်ဒေသဆီ ရောက်လာတဲ့ မရွှေချောက ခြင်ဆေးတွေ၊ ခြင်ထောင်တွေ၊ ရေသန့်ဗူးတွေ၊ လက်နှိပ် ဓာတ်မီးတွေ အစုံအလင်နဲ့ပေါ့။ ဒီလိုနဲ့ နောက်တနေ့ မိုးလင်းတော့ အဲဒီ NGO အမျိုးသမီးရယ်၊ ထိုင်း ကားဆရာရယ်၊ ကျနော်ရယ်၊ နောက် သံပုရာခြံ ဂိုထောင်က ရဲဘော် ၂ ဦးရယ် စခန်းသစ်ဆီ ချီတက်လာကြ ပါတယ်။
တောကနက်နက်၊ သစ်ပင်ကြီးတွေ အောက်က စမ်းချောင်းလေးရဲ့ရေက အေးမြမြဆိုတော့ ဆန်ကီလို ၂၀ လောက် ထမ်းပြီး နေ့စဉ်သွားနေရတဲ့ ရဲဘော်တွေအဖို့ ငိုချင်စရာကြီး ဖြစ်နေပေမယ့် မြို့ပေါ်က အနောက် တိုင်းသူ အတွက်တော့ စိတ်ကြည်နူးစရာ၊ ပျော်ရွင်စရာကြီး ဖြစ်နေပုံရပါတယ်။ တောတောင် စမ်းရေ သာယာတဲ့ အကြောင်း စကားတပြောပြောနဲ့ လျှောက်လာလိုက်တာ မောပန်းရမှန်းတောင် မသိဘဲ ခရီးတဝက်လောက် ပေါက်လာပါတယ်။ ဒီလိုနဲ့ နေ့လယ် ၁၂ နာရီ ဝန်းကျင်မှာ နေ့လယ်စာ စားဖို့ ထမင်းထုတ်ဖြည်ပါတယ်။
အနီးအနားက ခပ်ကြီးကြီး သစ်ရွက်တွေကိုခူး၊ ချောင်းဘေးနားက ကျောက်တုံးပေါ်မှာ အသေအချာခင်း၊ ပလတ်စတစ်နဲ့ ထုတ်လာတဲ့ ထမင်းတွေကိုဖြည်ပြီး အဲဒီသစ်ရွက်တွေ ပေါ်မှာတင်၊ ဆီရွဲှနေတဲ့ ငါးသေတ္တာ ဟင်းကို လောင်းပြီး ဇွန်းမပါ၊ လက်ဗလာနဲ့ သုံးဆောင်တော်မူပေါ့။ မရွှေချောကတော့ အသင့်သယ်လာတဲ့ ပလတ်စတစ်ခွက်ထဲ ထမင်းထည့်၊ ပလပ်စတစ် ဇွန်းခရင်းနဲ့ပေါ့။ ဒီအထိ ပြဿနာ ကြီးကြီးမားမား မတက် သေးပါဘူး။
“သစ်ရွက်တွေကို ဘာလို့ မလိုအပ်ဘဲ လျှောက်ခူူး နေတာလဲ၊ ချောင်းရေကို ဒီတိုင်း မသောက်ရဘူး၊ ကြိုချက်ပြီးမှ သောက်ရတယ်လေ” လို့ ပြောပြီး သူ့ရေသန့်ဗူးကို မော့သောက်နေပါတယ်။ ကျနော်တို့ တောထဲက ပုဂ္ဂိုလ်တွေ ကတော့ သူ့လို ရေသန့်ဗူး ဘယ်သောက်နိုင်မလဲ။ ဒီတော့ ဆီပြန်နေတဲ့ ချောင်းရေကိုပဲ ကြည်အောင် ခဏ စောင့်ပြီး လက်ခုပ်နဲ့ ခပ်သောက်၊ ဒီရေထဲမှာပဲ လက်ဆေး၊ လက်မှာ ကပ်ကျန်နေတဲ့ ထမင်းလုံးတွေ၊ အဆီတွေ လည်း အဲဒီချောင်းရေထဲမှာ မျောပါပေါ့။ ချောင်းက ရေစီးနေတယ်ဆိုတော့ ဘာမှ မဖြစ်ဘူးလို့ ထင်ခဲ့တာပါပဲ။
ဒါပေမယ့် ကျနော်တို့ အဲဒီလို လုပ်နေတာကို မရွှေချောက အသေအချာ ကြည့်ပြီး “တောကြီးမျက်မည်းထဲက ဒီလောက် သန့်ပြန့်နေတဲ့ စမ်းချောင်းကို မင်းတို့မို့ ညစ်ပတ်အောင် လုပ်ရက်တယ်” လို့ ပြောပြီး ကျနော်တို့ ပစ်ချခဲ့တဲ့ ထမင်းလုံးတွေကို လိုက်ဆယ်၊ ပလတ်စတစ်စ တွေကိုလိုက်သိမ်း လုပ်နေပါတယ်။ ဒီတော့ ကျနော်လည်း မနေသာဘဲ လိုက်ကူရတာပေါ့။
“ဒီတောကြီးမျက်မည်းထဲမှာ ဘယ်ရဲက လာစစ်မှာမို့လဲကွာ” ဆိုပြီး သူနားမလည်နိုင်တဲ့ ထားဝယ် စကားနဲ့ ကျနော်တို့ အချင်းချင်း ပြောပြီး ရယ်လိုက်ပါသေးတယ်။ အဲဒီကနေ ခရီးဆက်ပြီး စခန်းသစ်ရောက်မှ သူဟာ သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေးသမား၊ အထူးသဖြင့် တောရိုင်း တိရစ္ဆာန်တွေကို အထူးအလေးထားတဲ့ သူမှန်း သိလိုက်ရပါတယ်။
သိလိုက်ရ ပုံကလဲ ကြည့်ပါဦး။ နိုင်ငံခြားသူ လှပျိုဖြူ အလှူရှင်ကို အထူးဧည့်သည်အဖြစ် ရှားပါး အသားနဲ့ ဧည့်ခံလိုက်ရာကနေ တောင်းပန်လို့ မရတော့တဲ့ ပြဿနာကြီး ဖြစ်ခဲ့တယ် ဆိုပါတော့။ မောမော ပန်းပန်းနဲ့ ရောက်လာတဲ့ ကျနော်တို့ကို ရဲဘော်တွေ ဧည့်ခံကျွေးမွေးတဲ့ အသားဟင်းက မျောက်သား ဖြစ်နေပါတယ်။ အသား မစားရတာ ကြာပြီဖြစ်တဲ့ ကျနော့်အတွက် အိုကေပေမယ့် NGO မယ်တော် အတွက်ကတော့ “မျောက်ဆိုတာ တောရိုင်း သတ္တဝါပဲ၊ တောရိုင်း သတ္တဝါကို ထိမ်းသိမ်း ကာကွယ်ရမယ်ဆိုတာ မင်းတို့ မသိ ဘူးလား” လို့ အော်ပြောပြီး ငိုတော့မလို ဖြစ်နေလို့ မနည်း ဖြေရှင်းတောင်းပန် ရပါတယ်။ ကျနော်က အဲဒီလို တောင်းပန်နေပေမယ့် ရဲဘော်တွေက သဘောမပေါက်။
“မျောက်သား မစားစေချင်ရင် သူတို့ NGO က အသား ငါးတွေ များများလှူထား ပေါ့ဗျာ။ ငါးပိလောက်ပဲ လှူပြီး မျောက်ပစ် စားတာကို အပြစ်တင်နေလို့ ဘယ်ဖြစ်မလဲ” ဆိုပြီး ရဲဘော်တဦးက ဝင်ပြောပါတယ်။
နောက်ထပ် ရဲဘော်တဦးကလည်း “ဟုတ်တာပဲ၊ တခြားစားစရာ ရှိနေရင် ကျည်ဆံအကုန်ခံ၊ ပင်ပန်းခံပြီး ကျနော်တို့ ဘယ် မျောက်ပစ်စားနေမလဲ” ဆိုပြီး ဝင်ထောက်ပါတယ်။ ကျနော်ဟာ အဲဒီအချိန်အထိ သဘာ၀ ပတ်ဝန်းကျင်နဲ့ တောရိုင်း တိရစ္ဆာန်တွေ အပေါ် အနောက်တိုင်း သားတွေ၊ အထူးသဖြင့် လူသားချင်း စာနာရေး အကူအညီပေးနေတဲ့ NGO ဝန်ထမ်းတွေ ဘယ်လောက်အထိ အလေးထားမှန်း နားမလည်သေးပါ။ ရှေ့က ရဲဘော် ၂ ဦးအမြင်နဲ့ ကျနော့်အမြင် အတူတူ ဖြစ်နေတဲ့အတွက် အဲဒီ စကားကိုပဲ ထောက်ခံ ဆွေးနွေးလိုက်မိ ပါတယ်။ အဲဒီတော့ မရွှေချောက ငိုသံနဲ့အပြစ်တင်၊ ကျနော်တို့က ဝိုင်းရယ်ပေါ့။
အဲဒီထက် ပိုဆိုးတာက နောက်တနေ့ မိုးလင်းတော့ နေထွက်ချိန် မျောက်မြူးချိန်မှာ မျောက်ပစ် နေကြ ထုံးစံအတိုင်း စခန်းဝန်းကျင်က သစ်ပင်ကြီးတွေပေါ်က မျောက်တွေကို ရဲဘော်တွေ လိုက်ပစ်ပြီး သေနတ် ဒဏ်ရာနဲ့ သွေးတွေစွန်းနေတဲ့ မျောက်တွေ၊ အမြီးကိုခေါင်းမှာ ချည်ပြီး စလွယ်သိုင်း သယ်လာတဲ့ မျောက်တွေကို မရွှေချောက ထပ်မြင်သွား ပြန်ပါတယ်။ ဒီလိုနဲ့ NGO မရွှေချောကို ဘယ်လိုမှ ရှင်းပြ တောင်းပန်လို့ မရတော့ ပါဘူး။ ဒါပေမယ့် အဲဒီကိစ္စဟာ ဒီလောက်နဲ့ပဲ ပြီးသွားမယ်လို့ ထင်ပြီး လာရင်းကိစ္စဖြစ်တဲ့ စခန်းသစ်က လူဦးရေစာရင်း၊ လိုအပ်တဲ့ ရိက္ခာစာရင်း၊ ဆေးဝါးစာရင်း၊ စိုက်ပျိုးရေးအတွက် လိုအပ်တဲ့ ပစ္စည်းတွေ စသဖြင့် စာရင်းဇယား ကိစ္စတွေကို ရှင်းလင်းပြောပြပြီး စခန်းကနေ ခေါင်ယိုင်ကို ပြန်ထွက်လာခဲ့ပါတယ်။ ခေါင်ယိုင်ကနေ ဘန်ကောက် ပြန်တက်တဲ့ အခါမှာတော့ ကျနော်ဟာ ရတ်ချပူရီမှာ ဆင်းပြီး မင်းသမီး စခန်းဆီ ပြန်ဝင်လာ ခဲ့ပါတယ်။
စခန်းသစ်က မျောက်ကိစ္စဟာလည်း ဒီမှာပဲ တစခန်း ရပ်သွားပြီလို့ ကျနော်ထင်ခဲ့ပါတယ်။
ဒါပေမယ့် NGO မရွှေချောက ကျနော်တို့ မျောက်ပစ်သမားတွေကို အတော် စိတ်နာသွားပုံ ရပါတယ်။ ကျနော် မင်းသမီး စခန်းဆီရောက်ပြီး သီတင်း တပတ်တောင် မကြာပါဘူး၊ ဗဟိုကနေ ကြေးနန်း ဝင်လာပါတယ်။
“စခန်းသစ်ဘက်က ရဲဘော်တွေ ရှားပါး တောရိုင်းတိရစ္ဆာန်တွေကို ပစ်သတ်နေတာ အမြန်ဆုံး ရပ်တန့်ဖို့ … NGO အဖွဲ့က သတိပေး လာပါတယ်။ တကယ်လို့အချိန်မီ မရပ်ဘူးဆိုရင် သူတို့အဖွဲ့ရဲ့ အလှူငွေတွေ ရပ်ကောင်း
ရပ်ရလိမ့်မယ်လို့ ပြောလာတဲ့အတွက် အဲဒီကိစ္စကို တောင်ပိုင်း ဗလဖ ကော်မတီက အလေးအနက်ထား ဆက်လက် ဆောင်ရွက်ရန် ညွှန်ကြား” လို့ အဲဒီကြေးနန်းစာ ထဲမှာ ပါရှိတာကို ကျနော် အမှတ်ရ နေပါတယ်။
မျောက်ပစ်မုဆိုးမှသည် သဘာဝပတ်ဝန်းကျင် သတင်းထောက် အဖြစ်သို့
အဲဒီလို သစ်ပင်ပေါ်က မျောက်တွေကို ပစ်စားခဲ့ဖူးတဲ့၊ အင်းအိုင်တွေထဲ လက်ဗစ်ဗုံး ပစ်ချပြီး ငါး ဖမ်းခဲ့ဖူးတဲ့၊ သဘာ၀ ချောင်းရေထဲ စားကြွင်းစားကျန်နဲ့ ပလပ်စတစ်စတွေ ပစ်ချခဲ့ဲဖူးတဲ့ ကျနော် DVB သတင်းထောက် အဖြစ် ပေးပို့တဲ့ သတင်းတွေထဲမှာ ပထမဆုံး ပေါက်သွားတဲ့ သတင်းက သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေး အကြောင်း ဖြစ်နေတယ်ဆိုရင် စာဖတ်ပရိတ်သတ် ယုံပါ့မလားဘဲ။
ရဟန်းပျိုသမဂ္ဂမှ အရှင်ခေမာစာရ အပါအဝင် နိုင်ငံတကာမှ သံဃာတော် တချို့ ရတနာ ပိုက်လိုင်း စီမံကိန်းကို ဆန္ဒပြနေစဉ် (ဓာတ်ပုံ - ထက်အောင်ကျော်)
၁၉၉၅ နှောင်းပိုင်းမှာ DVB သတင်းထောက် စဖြစ်လာတဲ့ ကျနော့်အတွက် ပထမဆုံး လိုက်တဲ့ သတင်းကြီး တခုက နတ်အိမ်တောင် ကံပေါက်ဒေသမှာ စတင် ဖောက်လုပ်တဲ့ ရတနာ သဘာ၀ ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်း ဖြစ်ပါတယ်။ ပြင်သစ်နိုင်ငံက Total ကုမ္ပဏီ၊ အမေရိကန်က Unocal ကုမ္ပဏီ (ဆန္ဒပြမှု တွေကြောင့် နောက်ပိုင်း ပြန်နုတ်ထွက်သွား) နဲ့ ထိုင်းနိုင်ငံက PTTEP ကုမ္ပဏီတို့ နဝတ စစ်အစိုးရရဲ့ MOGE (မြန်မာ့ ရေနံနဲ့ သဘာ၀ ဓာတ်ငွေ့လုပ်ငန်း) နဲ့ ပေါင်းပြီး ဖောက်လုပ်တဲ့ ကီလိုမီတာ ၇၀၀ ကျော်ရှိ ဒီပိုက်လိုင်း စီမံကိန်းဟာ ကျနော်တို့နဲ့ KNU ထိမ်းချုပ် နယ်မြေတွေကို ဖြတ်သွားမှာမို့ ဒါကို တိုက်ဖျက်ရမယ်လို့ အဲဒီကာလက မူဝါဒ ချမှတ်ထားပါတယ်။
ကျနော် မှတ်မိသလောက်ဆိုရင် ၁၉၉၅ နှောင်းပိုင်းမှာ KNU အထူးတပ်ဖွဲ့တခုက ပင်လယ် ကမ်းစပ် ဒမင်းဆိပ် ရွာနားအထိ ဝင်ပြီး ဒီ စီမံကိန်း လုပ်ငန်းခွင်တခုကို ဝင်ရောက် တိုက်ခိုက်ခဲ့ဖူး ပါတယ်။ ဒါပေမယ့် ABSDF အနေနဲ့ကတော့ စစ်ရေးအရ အဲဒီလို မလုပ်နိုင်တဲ့အတွက် ဒီ စီမံကိန်းအတွင်း လုပ်အားပေး ခိုင်းစေမှု အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ သစ်တော ပြုန်းတီးမှု အပါအဝင် သဘာ၀ ပတ်ဝန်းကျင် ပျက်စီးမှုတွေကို အလေးထား ဖော်ထုတ်မယ်လို့ စဉ်းစားပြီး တောင်ပိုင်းစစ်ဒေသ ပြန်ကြားရေး တာဝန်ခံ ကျနော်နဲ့ အဖွဲ့ဟာ မင်းသမီး စခန်းကနေ ထုံပါဖုံနဲ့ နတ်အိမ်တောင်ဘက် ခရီးထွက် လာပါတယ်။
ကျနော်၊ ကိုမင်းဇော်ရွှေနဲ့ ကိုသိန်းမြင့်ကျော်တို့ ၃ ဦး ထုံပါဖုံမြို့က မြန်မာ ရပ်ကွက်ကို ရောက်ရောက်ချင်း တွေ့လိုက်ရသူ တဦးက ရတနာပိုက်လိုင်း လုံခြုံရေးအတွက် ဟိန်းဇဲကျွန်း စစ်တပ်မှာ လုပ်အားပေး ခိုင်းစေခံရလို့ ထွက်ပြေးလာသူ ဖြစ်နေပါတယ်။ အဲဒီလူနဲ့ အင်တာဗျုးပြီး ကျနော် ပို့လိုက်တဲ့သတင်းကို ABSDF ဗဟို နိုင်ငံခြားရေး ဌာနနဲ့ သုတေသန ဌာနတို့က မြန်မာ – အင်္ဂလိပ် ၂ ဘာသာနဲ့ ချက်ချင်း သတင်းထုတ်ပြန်ပြီး နောက်တနေ့ထုတ် Bangkok Post နဲ့ The Nation သတင်းစာတွေမှာ ပါလာပါတယ်။
ABSDF အပါဝင် နယ်စပ်က သဘာဝပတ်ဝန်းကျင်ချစ်မြတ်နိုးသူတွေဖွဲ့စည်းလိုက်တဲ့ Green Novemenr 32
အနှစ် ပြန်ချုပ်ရရင်တော့ ဒီသတင်းနဲ့ ပေါက်သွားတဲ့ ကျနော်ဟာ ရတနာ ဓာတ်ငွေ့ပိုက်လိုင်း သတင်းကို ထဲထဲဝင်ဝင် ဆက်လိုက်ခဲ့ပြီး ထိုင်းကျောင်းသားတွေ၊ ထိုင်း NGO တွေနဲ့အတူ ထုံပါဖုံမြို့နယ် တောနက်ထဲက ပိုက်လိုင်းဆန္ဒပြပွဲ နေရာအထိ ရောက်သွားခဲ့ပါတယ်။ ထုံပါဖုံကနေ နတ်အိမ်တောင် အသွား ကားလမ်းမနေက ချောင်းရိုးလေး အတိုင်း ၅ မိုင်လောက် ဆက်သွားရတဲ့နေရာကို ဟွေးခရိုင်ဒေသလို့ ဒေသခံတွေက ခေါ်ဆိုပြီး အဲဒီတောထဲမှာ စခန်းချ ဦးဆောင် ဆန္ဒပြ နေသူကတော့ နိုဗဲလ်ဆုအတွက် အဆိုတင်သွင်း ခံရတဲ့အထိ လူသိများသူ လူမှုဝေဖန်ရေးဆရာ အာကျန်ဆူလတ် Sulak Sivaraksa ဖြစ်ပါတယ်။
ဒီစီမံကိန်းကြောင့် အဓိက ထိခိုက်ပျက်စီးနေတဲ့ နေရာဟာ မြန်မာနိုင်ငံဘက်မှာ ဖြစ်ပေမယ့် အဲဒီ ကာလ တုန်းကတော့ အခုခေတ်လို မြန်မာနိုင်ငံမှာ ဆန္ဒပြခွင့် မရှိသေးတဲ့အတွက် ထိုင်းဘက်က လူတွေက မြန်မာတွေ အတွက်ပါ ဆန္ဒပြပေးနေတဲ့ သဘောဖြစ်ပါတယ်။
“ဒီပိုက်လိုင်း စီမံကိန်းသာ အခုလမ်းကြောင်းအတိုင်း ဖောက်မယ်ဆိုရင် ဒီမှာ ခင်ဗျားတို့ မြင်နေရတဲ့ အေးမြတဲ့ စမ်းချောင်းလေး၊ လှပတဲ့ သစ်ပင်ကြီးတွေအပြင် ဟောဒီလို ရှားပါးလှတဲ့ ရောင်စုံ ဂဏန်းမျိုးစေ့တွေပါ မျိုးသုဉ်း သွားနိုင်ပါတယ်။ တောဆင်ရိုင်းတွေလည်း အများကြီး ဒုက္ခဖြစ်သွား နိုင်ပါတယ်” လို့ အာဂျန် ဆူလတ်က ကျနော်နဲ့ ထိုင်းသတင်းထောက် တွေကို ရှင်းပြပါတယ်။ ဒီဆန္ဒပြပွဲမှာ လူတွေ ထောင်နဲ့ ချီပြီး ပါဝင်ခဲ့ကြပေမယ့် နောက်ဆုံးမှာတော့ PTT နဲ့ ထိုင်းအစိုးရက အာကျန် ဆူလတ်ကို ဖမ်းဆီးပြီး စီမံကိန်းကို ဆက်လုပ်တဲ့အတွက် ၁၉၉၆၊ ၉၇ မှာ စီမံကိန်း ပြီးစီးသွားပါတယ်။
ဒီလို ပြီးစီးသွားပေမယ့် ဓာတ်ငွေ့ပိုက်လိုင်းရဲ့ အန္တရာယ်နဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးနိုင်မှု၊ လူ့ အခွင့်အရေး ချိုးဖောက်မှုတွေ အကြောင်းကို စီမံကိန်းကာလ ၃ နှစ်လောက်အတွင်း အာကျန်ဆူလတ်နဲ့ အဖွဲ့က ထိုင်းမီဒီယာနဲ့ ထိုင်း လူ့အဖွဲ့အစည်းတွေကို ကောင်းကောင်း သတင်းဖြန့်ဖြူး ပညာပေးနိုင် ခဲ့ပါတယ်။ အဲဒီလို ပညာပေးမှုကို ရလိုက်သူတွေထဲမှာ တောလိုက် မုဆိုးကနေ သတင်းထောက် ဖြစ်လာတဲ့ ကျနော်လည်း ပါဝင်ပြီး သဘာ၀ ပတ်ဝန်းကျင်နဲ့ တောရိုင်း တိရစ္ဆာန် ထိမ်းသိမ်းကာကွယ်ရေး သတင်း အတော်များများကို DVB အတွက် ပို့ပေးခဲ့ ဖူးတာ၊ ကျနော်ကိုယ်တိုင် သဘာဝပတ်ဝန်းကျင်နဲ့ တောရိုင်းတိရစ္ဆာန် ကာကွယ်ရေးသမား ဖြစ်သွားတာကို အမှတ်ရ နေပါတယ်။
0 comments:
Post a Comment