Saturday, December 15, 2012

သူပုန္ေက်ာင္းသားတဦးရဲ့ မာရသြန္ခရီး ၃၁

on May 24, 2012 3:17 pm 


ေအာက္ေမ့ဖြယ္ / ဧရာ၀တီ

မာနယ္ပေလာတုိက္ပဲြနဲ႔ ေပးဆပ္သူတုိရဲ့ ဒဏ္ရာမ်ား

က်ေနာ္တို႔ မာနယ္ပေလာကို ျပန္ေရာက္ၿပီး ၃၊ ၄ ရက္ေလာက္ၾကာမွ “ဧည့္သည္တပ္ေတြ ျပန္လုိ႔ရၿပီ” လုိ႔ အမိန္႔ထြက္လာပါတယ္။ ဒီအမိန္႔ထြက္ၿပီး ေနာက္တရက္မွာ ကိုမင္းေဇာ္သူနဲ႔ က်ေနာ္တုိ႔ တပ္ရင္း ၂၀၁ တပ္စု တခုလုံး ေနာ္တကေန မာနယ္ပုေလာကုိ ျပန္ေရာက္လာပါတယ္။ သူတုိအဖြဲ႔ ျပန္လာၿပီး ေနာက္တရက္မွာေတာ့ ၁၀၂ က အဖြဲ႔ေတြလည္း မာနယ္ပေလာဆီ ျပန္ေရာက္လာပါတယ္။




၁၀၂ တပ္ရင္းမႉး ကုိဘေစာထြန္းကုိ ေနာ္တစစ္ေျမျပင္ မထြက္ခင္ မာနယ္ပေလာမွာေတြ႔ရစဥ္ (ဓါတ္ပုံ - Mariko)
သူတုိ႔နဲ႔အတူ ပါလာတဲ့သတင္းဆုိး တခုကေတာ့ ေရွ႕ပုိင္းပုိင္းမွာ က်ေနာ္တင္ျပခဲ့ဖူးတဲ့ ေခ်ေဂြဗားရားပုံ ဆံပင္ပုိင္ရွင္ ၁၀၂ တပ္ရင္းမႉး ကိုဘေစာထြန္း မုိင္းနင္းမိၿပီး မဲေဆာက္ေဆးရံုကို အေရးေပၚတင္လုိက္ရေၾကာင္းနဲ႔ ေျခေထာက္တဖက္ ျဖတ္ပစ္ရမယ့္ အေျခေနရွိေနတယ္ဆုိတဲ့ သတင္းပါ။

ေနာ္တ တုိက္ပဲြအတြင္း တပ္ရင္းမႉး ကိုဘေစာထြန္းမွအပ တျခား ျပင္းျပင္းထန္ထန္ ဒဏ္ရာရသူ မရွိပါဘူး။ က်ေနာ္တုိ႔တပ္ရင္းက ရဲေဘာ္ေတြထဲမွာေတာ့ လက္နက္ႀကီးအစ မွန္သူ ၃ ဦးရွိခဲ့ၿပီး စစ္ေၾကာင္းမႉး ကိုမင္းေဇာ္သူ၊ ကိုသန္းစိုး ေခၚ ႐ုပ္ပိနဲ႔ ကိုနုိင္၀င္းတုိ႔ ျဖစ္ပါတယ္။ ကုိမင္းေဇာ္သူနဲ႔ ကုိသန္းစိုးတုိ႔ဟာ လက္ေမာင္းနဲ႔ ဗုိက္မွာထိၿပီး ကုိႏိုင္၀င္းကေတာ့ မ်က္လုံးထဲ လက္နက္ႀကီးအစ ေသးေသးေလး ၀င္သြားတယ္လုိ႔ သိရပါ တယ္။ က်ေနာ္ ေနာ္တကုိ ေရာက္သြားခ်ိန္မွာ ကုိသန္းစိုးနဲ႔ ကုိနုိင္၀င္း ၂ ဦးစလုံး မဲေဆာက္ေဆးရံုမွာ ေရာက္ေနတဲ့အတြက္ က်ေနာ္နဲ႔မေတြ႔လုိက္ရပါ။

ဒီေဆာင္းပါးေရးရင္းနဲ႔ ကိုနုိင္၀င္းကို လိုက္ဆက္သြယ္ၾကည့္ေတာ့ ၾသစေတလ်နုိင္ငံကို ေရာက္ေနတာကိုေတြ႔ရၿပီး သူလက္နက္ႀကီးအစ မွန္တဲ့ေန႔ဟာ ၁၉၉၂ ဧၿပီလ ၂၄ ရက္ေန႔ျဖစ္တယ္။ အခုခ်ိန္ထိ မ်က္လုံးထဲမွာ အဲဒီလက္နက္ႀကီးအစ ရွိေနဆဲ၊ ျပန္လည္ခြဲထုတ္ဖုိ႔ ခက္ေနဆဲျဖစ္ေၾကာင္း၊ ေအးတဲ့အခါ ဒါမွမဟုတ္ သိပ္ပူတဲ့အခါ ေခါင္းမူးတဲ့ေ၀ဒနာကို ျပင္းျပင္းထန္ထန္ ခံစားရတဲ့အျပင္ သူရဲ့ဘယ္ဘက္မ်က္လုံးဟာ သိပ္မျမင္ရဘူး ျဖစ္ေနတယ္လုိ႔ ေျပာျပခဲ့ပါတယ္။ တခါ အခု ဂ်ာမနီနုိင္ငံကို ေရာက္ေနၿပီျဖစ္တဲ့ ၁၀၂ တပ္ရင္းမႉး ကုိဘေစာထြန္းကိုလည္း ၂၀၀၅ ခုနွစ္က က်င္းပတဲ့ ဘာလင္ၿမိဳ႕ ျမန္မာသံရံုးေရွ႕ ဆႏၵျပပဲြအတြင္း က်ေနာ္ထပ္မံေတြ႔ဆုံခြင့္ ရခဲ့ပါတယ္။ မုိင္းနင္းမိတဲ့ ဘယ္ဘက္ ေျခေထာက္က မျဖတ္လုိက္ရေပမယ့္ အရုိးဆစ္တခုကို ထုတ္လိုက္ရတဲ့အတြက္ ဘယ္ေျခက ညာေျခထက္ ၂ လက္မေလာက္နိမ့္ေနၿပီး ဂ်ဳိင္းေဒါင့္ ၂ ဖက္ကုိ အားျပဳသြားေနရတဲ့သူပုံက ေနာ္တစစ္ေျမျပင္မွာ က်ေနာ္ေတြ႔စဥ္ကပုံနဲ မတူေတာ့့ပါဘူး။

သူရဲ့သူပုန္သေကၤတ ေခ်ေဂြဗားရားပုံ ဆံပင္ရွည္ေတြကုို ျမတ္ျမတ္နုိ္းနုိး ဆက္ထားေနဆဲျဖစ္ေပမယ့္ ေတာထဲမွာတုန္းကလုိ ဒီတုိင္း ခ်မထားေတာ့ဘဲ ေနာက္မွာ စည္းထားတာကုိ ေတြ႔ရၿပီး လူလည္း အေတာ္ပိန္သြားတယ္လုိ႔ ထင္ပါတယ္။
“ဘာတတ္နုိင္မလဲဗ်ာ။ ေတာ္လွန္ေရးရဲ့ အသီးအပြင့္ေတြေပါ့။ ေျခေထာက္မျဖတ္လုိက္ရတာကိုပဲ ကံေကာင္းတယ္လုိ႔ မွတ္ရမွာ” ဆုိၿပီး မခ်ိၿပံဳးၿပံဳးကာ က်ေနာ့္ကုိ လက္ဆြဲနႈတ္ဆက္ပါတယ္။ ဆႏၵျပပြဲၿပီးေတာ့ က်ေနာ္လည္း သတင္းအခ်ိန္မီပုိ႔ဖုိ႔ ျပင္ရင္းနဲ႔ သူနဲ႔ အေသခ်ာ စကားမေျပာျဖစ္လုိက္ပါဘူး။

အခု ဒီေဆာင္းပါးေရးေတာ့မွပဲ သူ႔ကို အြန္လုိင္းကေန ဆက္သြယ္ၿပီး ေနာ္တက ဒဏ္ရာေတြအေၾကာင္း အေသအခ်ာ ေမးျမန္းၾကည့္ျဖစ္ခဲ့ပါတယ္။ တဆက္တည္းမွာပဲ သူ႔လုိ ဒဏ္ရာရသြားတဲ့ “ရဲေဘာ္သူငယ္ခ်င္းေတြ” ဘယ္ေလာက္မ်ား ရွိေနေလမလဲ၊ အခု ဒီလူေတြ ဘယ္ေရာက္ၿပီး ဘ၀ကို ဘယ္လုိရုန္းကန္ ရင္ဆုိင္ေနၾကသလဲဆုိၿပီး ဟုိနုိင္ငံ၊ ဒီနုိင္ငံက ရဲေဘာ္ေဟာင္းေတြကို အြန္လုိင္းကေန က်ေနာ္ လုိက္ေမးမိပါတယ္။

က်ေနာ္တုိ့ ၂၀၁ တပ္ရင္း တခုတည္းမွာတင္ ၁၉၈၈ ကေန ၁၉၉၇ အထိ ၁၀ နွစ္တာ ကာလအတြင္း တုိက္ပဲြမွာက်ဆုံးသူ ၆၀ ေက်ာ္၊ ဖ်ားနာေသဆုံးသူ ၁၀ ဦးေက်ာ္၊ ေပ်ာက္ဆုံး သူ ၁၀ ဦးနီးပါးနဲ႔ ထိခုိက္ဒဏ္ရာရသူ ၃၀ ဦးခန္႔ရွိတာကို ေတြ႔ရပါတယ္။ ဒဏ္ရာအျပင္းအထန္ ရသြားသူေတြထဲမွာ ေျခေတာက္တဖက္စီ ျဖတ္လုိက္ရတဲ့ ကုိဘသန္း၊ ကုိမဲဒူး၊ ကုိလွေဌး၊ ကုိေက်ာ္နုိင္နဲ႔ ကိုစုိးနုိင္တုိ႔ကုိ က်ေနာ္ အမွတ္ရေနပီး အားလုံး အေမရိကန္မွာ ေရာက္ေနတယ္လုိ႔ၾကားရေပမယ့္ သူတုိ႔ရဲ့ဘ၀ အဆင္ေျပမေျပေတာ့ အတိအက် မသိရေသးပါဘူး။

ABSDF ဗဟုိ (http://www.absdf.com) က ထုတ္ျပန္ထားတဲ့ စာရင္းအရဆုိရင္ နွစ္ ၂၀ ကာလအတြင္း ထိခုိက္ဒဏ္ရာရ၊ ေသဆုံး၊ က်ဆုံးဦးေရ ၁၀၂၄ ဦး ရွိၿပီး အဲဒီထဲမွာ ထိခုိက္ဒဏ္ရာရသူ ၃၉၉ ဦး။ ေသဆုံး ၂၇၃ ဦး၊ က်ဆုံး ၃၅၃ ဦးလုိ႔ ေဖာ္ျပထားတာ ေတြ႔ရပါတယ္။ ဒါေတာင္ စာရင္းက အျပည့္အစုံ မဟုတ္ေသးဘဲ လက္လွမ္းမိသေလာက္ စုစည္းထားပုံသာ ျဖစ္ပုံရပါတယ္။ နွစ္ ၂၀ ေက်ာ္ သာသက္တမ္းရွိေသးတဲ့ ABSDF မွာေတာင္ ထိခုိက္က်ဆုံးဦးေရ ၁၀၀၀ ေက်ာ္ ေနၿပီဆုိရင္ နွစ္ ၆၀ ေက်ာ္တုိက္ေနတဲ့ တုိင္းရင္းသားလက္နက္ကုိင္ အဖြဲ႔ေတြမွာဆုိရင္ ဘယ္ေလာက္မ်ားရွိေနၿပီလဲဲ။

တုိင္းရင္းသားလက္နက္ကုိင္အဖြဲ႔ ႏွစ္ဒါဇင္ေက်ာ္ရဲ့ ထိခုိက္ဒဏ္ရာစာရင္းကို ခ်ဳပ္လိုက္မယ္ဆုိရင္ ေသာင္းဂဏန္းေက်ာ္ၿပီး သိန္းဂဏန္းေတာင္ ရွိေနေလမလား။ ဒီကိန္းဂဏန္းေတြကို သိခ်င္လုိ႔ သူပုန္အဖြဲ႔ေပါင္းစုံရဲ့ ၀က္ဆုိက္ေတြကို လုိက္လွန္ရွာေဖြခဲ့ေပမဲ့ ABSDF လုိမ်ဳိး စာရင္းထုတ္ျပန္ထားတာ မေတြ႔ရေသးပါဘူး။ တခါ သူပုန္တပ္ေပါင္းစုႀကီးျဖစ္တဲ့ DAB တုိ႔၊ NCUB တုိ႔ရဲ့ ၀က္ဘ္ဆုိဒ္ထဲမွာလည္း အဲဒီလုိစာရင္းဇယားမ်ဳိးကို မေတြ႔ရေသးပါဘူး။


တုိက္ပဲြအတြင္း ေျခေထာက္ဒဏ္ရာရ သြားၾကတဲ့ ABSDF ရဲေဘာ္ေတြထဲက ၂၀၁ တပ္ရင္းမွ ရဲေဘာ္ ကုိေက်ာ္နုိင္နဲ႔ ရဲေဘာ္ ကုိလွေဌးတုိ႔ရဲ့ ပုံေတြျဖစ္ပါတယ္
ထိခုိက္က်ဆုံး စာရင္းဇယားေတာင္ မရွိဘူးဆုိရင္ အဲဒီေပးဆပ္ခဲ့ရတဲ့ ရဲေဘာ္ေတြအတြက္ ဒီတပ္ ေပါင္းစုေတြက ဘယ္လုိတာ၀န္ယူ ေဆာင္ရြက္ေပးေနသလဲ ဆုိတာကုိ ဆက္ၿပီးေမးခြန္းထုတ္ဖုိ႔ ခက္သြားပါတယ္။ တပ္ေပါင္းစုက မေဆာင္ရြက္ေသးဘူးဆုိရင္ သက္ဆုိင္ရာ သူပုန္အဖြဲ႔တခုခ်င္းစီကေရာ ဒီရဲ ေဘာ္ေတြအတြက္ ဘာေတြမ်ား ေဆာင္ရြက္ေပးထားသလဲ။ နုိင္ငံတကာ NGO ေတြ၊ ျပည္တြင္း NGO ကေရာ ဘာမ်ား ကူညီေပးထားသလဲ။ က်ေနာ္ လက္လွမ္းမီသေလာက္ လုိက္ေမးျမန္းခဲ့ေပမယ့္ အခုခ်ိန္အထိေတာ့ ေသခ်ာတဲ့ စီမံကိန္းတခုခုနဲ႔ ကူညီေဆာင္ ရြက္ေပးထားတာမ်ဳိး မေတြ႔ရ၊ မၾကားရေသးပါဘူး။

အခုဆိုရင္ ABSDF အပါ၀င္ နယ္စပ္တေက်ာက သူပုန္တပ္ေတြအားလုံးနီးပါး ျမန္မာအစိုးရသစ္နဲ႔ ေဆြးေႏြးပဲြေတြလုပ္၊ စစ္ရပ္စဲေရး စာခ်ဳပ္ေတြ ခ်ဳပ္ဆုိေနျကပါၿပီ။ ဒါေပမယ့္ ႏွစ္ဖက္တပ္ေတြေနရာ ခ်ထားေရး၊ ဆက္သြယ္ေရးရံုးခန္း ဖြင့္လွစ္ေရး၊ စီးပြားေရးလုပ္ငန္း လုပ္ခြင့္ရေရးေတြကိုသာ ဦးစားေပး ေဆြးေႏြးေနတာေတြ႔ရၿပီး က်ေနာ္ေျပာေနတဲ့ “ေတာ္လွန္ေရးရဲ့ အသီးအပြင့္” ေတြ၊ ေတာ္လွန္ေရးအတြက္ အသက္ေပးသြားသူေတြ၊ ဒုကၡိတျဖစ္သြားရသူေတြရဲ့ဘ၀ ျပန္လည္ထူေထာင္ေရးကိစၥကုိေတာ့ ဘယ္အဖြဲ႔ကမွ ေဆြးေႏြးတာ မၾကားရေသးပါဘူး။ အလားတူ ေနျပည္ေတာ္က ပါလီမန္ထဲမွာျဖစ္ေစ၊ ပါလီမန္ျပင္ပ မီဒီယာေတြမွာျဖစ္ေစ ေတာ္လွန္ေရးအတြက္ ေပးဆပ္သြားသူတုိ႔ရဲ့ ဘ၀ျပန္လည္ ထူေထာင္ေရးကိစၥကုိ ေဆြးေႏြးတာ၊ ေျပာဆုိတာ အခုခ်ိန္အထိ မၾကားရေသးတဲ့အတြက္ “ေပးဆပ္ခဲ့ေသာ ရဲေဘာ္သူငယ္ခ်င္းမ်ား” အေပၚ ေခါင္းေဆာင္ပုိင္းေတြဘက္က တာ၀န္မေက်ေသးသလုိ က်ေနာ္စိတ္ထဲ ခံစားေနရပါတယ္။

မာနယ္ပေလာမွာ တလတာ

ေနာ္တစစ္မ်က္နွာကေန ျပန္လာတဲ့ က်ေနာ္တုိ႔ ၂၀၁ နဲ႔ ၁၀၂ တပ္ရင္းက စစ္သည္ေတြဟာ နယ္ေျမခံတပ္ မဟုတ္တဲ့အတြက္ ေရွ႕မွာက်ေနာ္တင္ျပခဲ့တဲ့ မာနယ္ပေလာကြင္းျပင္ထဲရွိ အထူးစစ္သည္ေတာ္ ဘားတုိက္မွာ တည္းခြင့္ရပါတယ္။ သူပုန္တပ္ေပါင္းစုဌာနခ်ဳပ္ရဲ့ ၿမိဳ႕လယ္ဘားတုိက္မွာ တည္းရတယ္ဆုိလုိ႔ သိပ္ေတာ့ အထင္မႀကီးလုိက္ပါနဲ႔။ က်ေနာ္တုိ႔ စခန္းက ဘားတုိက္ေတြလုိ ၀ါးနဲ႔ ျဖစ္သလုိေဆာက္တာမ်ဳိးမဟုတ္ဘဲ ကြ်န္းသစ္ေတြနဲ႔ အခုိင္အမာ ေဆာက္ထားတာကလြဲရင္ ဘာအေဆာင္ေယာင္မွ မရွိပါ။ ဒီလုိပဲ ၾကမ္းျပင္ေပၚ မုိးကာခင္းအိပ္သူအိပ္၊ ေစာင္ပါးပါးေလးကို ခင္းအိပ္သူအိပ္နဲ႔ ရင္ကဲြဘားတုိက္ရဲ့ တဖက္တခ်က္မွာ ၁၀၂ နဲ႔ က်တုိ႔တုိ႔ ၂၀၁ က ရဲေဘာ္ ၅၀ ေက်ာ္ ေနရာယူလုိက္ပါတယ္။ အဲဒိီကာလ ၁၀၂ ကုိ တာ၀န္ယူထားသူက တပ္မႉးႀကီး ေမာင္ပိန္ျဖစ္ၿပီး တပ္သားေတြထဲမွာေတာ့ ထူးထူးျခားျခား အဆိုေတာ္ ကုိမြန္းေအာင္လည္း ပါ၀င္ေနတာကို ေတြ႔ရပါတယ္။


၁၉၉၂ ၀န္းက်င္ကျမင္ရတဲ့ မာနယ္ပေလာ စစ္ေရးျပကြင္း၊ စစ္ရံုးခ်ဳပ္နဲ႔ ေနာ္ေဒးေတာင္တန္း
နာမည္ႀကီးအဆုိေတာ္ ကိုမြန္းေအာင္ဟာ အဲဒီကာလက မာနယ္ပေလာအေျခစုိက္ DVB ေတာတြင္း စတူဒီယုိမွာ တာ၀န္ထမ္းေနသူ ျဖစ္ပါတယ္။ အဲဒီအခ်ိန္ဟာ အမ်ဳိးသားညြန္႔ေပါင္းအစိုးရရဲ့ DVB ေရဒီယုိ ေပၚကာစ အခ်ိန္ျဖစ္ၿပီး ေန႔စဥ္အသံလြင့္မႈဆုိင္ရာ ကိစၥအားလုံးကို မာနယ္ပုေလာရွိ စင္ၿပိဳင္အစိုးရ ျပန္ၾကားေရးဌာန၊ တပ္ေပါင္းစု ျပန္ၾကားေရးဌာန၊ ABSDF ျပန္ျကားေရးဌာနေတြြကေန အဓိက ေဆာင္ရြက္ေပးေနတာလုိ႔ သိရပါတယ္။ ဒါေပမယ့္ က်ေနာ္တုိ႔ ရဲေဘာ္ေတြကေတာ့ DVB နဲ႔ စတူဒီယုိအေၾကာင္း သိပ္မသိဘဲ ကုိမြန္းေအာင္အေၾကာင္းပဲသိၿပီး သူနဲ႔ေတြ႔ရင္ “ေသြးမုန္တုိင္း”၊ “မုိင္းလုံးမုိး” အပါအ၀င္ ေတာ္လွန္ေရးသီခ်င္းေတြကုိ ဆုိျပဖုိ႔ပဲ တခ်ိန္လုံး တုိက္တြန္းေနတာကုိ က်ေနာ္အမွတ္ရေနပါတယ္။

ဒီလုိနဲ႔ မာနယ္ပေလာရွိ ဧည့္သည္ေတာ္ဘားတုိက္ရဲ့ ဟုိဖက္ျခမ္း၊ ဒီဖက္ျခမ္းမွာ က်ေနာ္တုိ႔ တပ္ရင္း ႏွစ္ခုစခန္းခ်ရင္း မင္းသမီးေဒသဆီျပန္ဖုိ႔ ႀကိဳးစားခဲ့တာ တလနီးပါးအထိ ၾကာျမင့္ခဲ့တယ္လုိ႔ ထင္ပါတယ္။

မာနယ္ပေလာရွိ အဖြဲ႔ေပါင္းစုံကုိ ဆက္သြယ္ၿပီး က်ေနာ္တုိ႔ရဲေဘာ္ေတြကို မင္းသမီးေဒသဆီ ျပန္ပုိ႔ေပးဖုိ႔ အကူညီေတာင္းေပမယ့္ ဗဟုိမွာတာ၀န္မရွိဘဲ တပ္မဟာ ၄ မွာပဲတာ၀န္ရွိသလုိလုိ၊ ဟုိလုိလုိ ဒီလုိလုိနဲ႔ အဖဲြ႔အားလုံးက ေခါင္းေရွာင္ေနၾကပါတယ္။ ဒီလုိနဲ႔ မာနယ္ပုေလာနဲ႔ သိပ္မေ၀းတဲ့ ကိုမုိးသီးဇြန္တုိ႔ ဗဟုိဆီ ခဏခဏသြားၿပီး က်ေနာ္တုိ႔တပ္ရင္းဆီ ေၾကးနန္းနဲ႔ဆက္သြယ္ရပါတယ္။ တပ္ရင္းနဲ႔ တပ္မဟာ ၄ ဘက္ကလည္း ဘာမွကူညီနုိင္တဲ့ အေျခအေနမရွိပါ။ ရဲေဘာ္ေတြကလည္း တပ္ရင္းကို အျမန္ဆုံးျပန္ခ်င္ေနၾကပါၿပီ။ ဒီေတာ့ ရဲေဘာ္ေတြ စိတ္ဓာတ္မက်ေအာင္ဆုိၿပီး မာနယ္ပေလာတခြင္ ေလ့လာေရး လုပ္ၾကရပါတယ္။

မာနယ္ပေလာေျမာက္ဘက္ ကြန္မန္ဒုိကုန္းေပၚရွိ ကုိမုိးသီးဇြန္တုိ႔ဗဟုိ၊ ေလာကြားလူကုန္းေပၚရွိ ကုိနုိင္ေအာင္တုိ႔ ဗဟုိရံုးခဲြ (ကုိနုိင္ေအာင္တုိ႔ ဗဟုိရံုးကေတာ့ သံလြင္ျမစ္ေဘး ဒါးဂြင္မွာ အေျခစုိက္ထား) ေတြဆီ သြားလည္ပါတယ္။ ေနာက္တခါ မာနယ္ပေလာေတာင္ဖက္ရွိ ေဒၚေအာင္ဆန္းစုၾကည္ လမ္း၀န္းက်င္က NLD-LA ရံုး၊ လူ႔ေဘာင္သစ္ပါတီရံုး၊ ရဟန္းပ်ဳိသမဂၢရံုး၊ ေနာက္ မာနယ္ပေလာၿမိဳ႕ျပင္ကုိ အထုတ္ခံထားရတဲ့အဖြဲ႔လုိ႔ ေနာက္ေျပာင္ေခၚဆုိျခင္းခံရတဲ့ ထီးတခီးသြား ကားလမ္းေပၚက NCGUB ရံုးေတြရွိရာဆီ တပ္စုအလုိက္ က်ေနာ္တုိ႔ သြားလည္ၾကပါတယ္။

NCGUB ရံုးကအျပန္မွာ “ေဒၚေအာင္ဆန္းစုၾကည္လမ္း” အနီးရွိ ကဗ်ာဆရာ ပန္းခက္ရဲ့ ထူးရာစုိး လက္ဖက္ရည္ဆုိင္ကုိ ၀င္ၿပီး အားေပးခဲ့ေသးတာကို အမွတ္ရေနပါတယ္။ ေနာက္တခါ ကခ်င္ကုန္းဆီ တက္ၿပီး ဗုိလ္ခ်ဳပ္ေဇာ္မုိင္ အပါအ၀င္ ကခ်င္ကို္ယ္စားလွယ္ေတြနဲ႔လည္း စကားေျပာျဖစ္ခဲ့ပါေသးတယ္။ ဆုိလုိတာကေတာ့ အခ်ိန္ေတြ ဒိီတုိင္းပုိေနတဲ့အတြက္ မာနယ္ပေလာရွိ ရွိသမွ်ရံုးခန္းတုိင္းကို သြားေရာက္ ေလ့လာခဲ့တဲ့ သေဘာမ်ဳိးျဖစ္ေနပါတယ္။ ေနာက္တခါ က်ေနာ္တုိ႔ ဘားတုိက္ေဘးက မာနယ္ပေလာ အစည္းေ၀းခန္းမမွာ မၾကာခဏက်င္းပေလ့ရွိတဲ့ နုိင္ငံေရးအခမ္းအနားေတြ၊ ေဟာေျပာပဲြေတြ၊ ၀ါးတီးပဲြေတြကိုလည္း က်ေနာ္တုိ႔တပ္စု မပ်က္မကြက္ အားေပးခဲ့ပါတယ္။

ဒီလုိနဲ႔တေန႔မွာေတာ့ တပ္ေပါင္းစုဥကၠ႒လည္းျဖစ္၊ KNU ဥကၠ႒လည္းျဖစ္တဲ့ ဗိုလ္ခ်ဳပ္ႀကီးျမနဲ႔ က်ေနာ္ ေတြ႔ခြင့္ရခဲ့ပါတယ္။ ၁၉၈၉ ခရီးစဥ္ေတြကတည္းက ဗုိလ္ခ်ဳပ္ျမကို မာနယ္ပေလာနဲ႔ သူေနတဲ့ ေဟြးေဘာလူရြာဆီ အသြား ေလွဆိပ္မွာ အနီးကပ္ျမင္ခဲ့ဖူးေပမယ့္ တခါမွ လူခ်င္းေတြ႔ စကားမေျပာဖူးခဲ့ပါဘူး။ အခုေတာ့ မာနယ္ပေလာမွာေသာင္တင္ေနတုန္း ပင္လယ္ျပင္စစ္ေၾကာင္းကိစၥ သြားေျပာၾကည့္ဦးမွ ဆုိၿပီး က်ေနာ္နဲ႔ ဦးဟန္လင္းတုိ႔ အရဲစြန္႔လာခဲ့တာပါ။

သူကိုေတာ့ NCG ၀န္ႀကီးေတြလုိ ဒိီတုိင္းတက္ေတြ႔လုိ႔မရ။ လက္နက္ကုိင္လုံၿခံဳေရးအဖြဲ႔ကို အရင္ သတင္းပို႔ရပါတယ္။ နာရီ၀က္ေလာက္ေစာင့္ၿပီးမွ ေတြ႔ခြင့္ရပါတယ္။ ဗုိလ္ခ်ဳပ္ျမပုံကုိေတာ့ အေတာ္မ်ားမ်ား သိၿပီးျဖစ္တဲ့အတြက္ အထူးညြန္းျပစရာ လုိမယ္မထင္ပါ။ ေပ်ာက္က်ားယူနီေဖါင္း၀တ္ထားတဲ့ ၀၀ဖုိင့္ဖုိင့္ သူပုန္ဗုိလ္ခ်ဳပ္ႀကီးကုိ အနီးကပ္ေတြ႔စဥ္ “ေအာင္ထြန္းေလး” လုိ႔ ေက်ာင္းသားေတြေပးထားတဲ့ အမည္၀ွက္ကုိ သြားသတိရမိပါတယ္။

“ေအာင္ထြန္းေလး” ဆုိတာကုိ ဒီေန႔ အသက္ ၂၀ တန္းလူငယ္ေတြ သိဖုိ႔မလြယ္ေတာ့ေပမယ့္ က်ေနာ္တုိ႔ ေတာခုိကာစ ၁၉၈၈ ၀န္းက်င္ကေတာ့ နာမည္အေက်ာ္ၾကားဆုံး ၀၀ကစ္ကစ္ ခ်စ္စရာ အေကာင္းဆုံး ကေလးသရုပ္ေဆာင္တဦး ျဖစ္ပါတယ္။ “၀ါလဲေဂး အဖူး” ဆုိၿပီး က်ေနာ္က သတိဆဲြ အေလးျပဳ မိတ္ဆက္ေတာ့ “ခင္ဗ်ားတုိ႔က ဘာကိစၥေတြ႔ခ်င္တာလဲ” ဆုိၿပီး သူက တည့္တည့္ေမးပါတယ္။ “ပင္လယ္ျပင္ စစ္ေၾကာင္းကိစၥပါ အဖူး။ လက္ရွိဆင္းေနတဲ့ ပင္လယ္ျပင္စစ္ေၾကာင္းထဲမွာ က်ေနာ္တုိ႔တပ္ေတြကိုလဲ ထည့္ခ်င္လုိ႔ပါ အဖူး” လုိ႔ စ႐ံုပဲ ရွိပါေသးတယ္။

‘“ခင္ဗ်ားတုိ႔ ေက်ာင္းသားေတြကလည္း အဖြဲ႔မ်ားလိုက္တာ” ဆုိၿပီး ေျပာထည့္လိုက္ပါတယ္။ ၿပီးေတာ့ “ခင္ဗ်ားတုိ႔ကိစၥ ဗုိလ္စုိးစုိးနဲ႔ ေျပာၾကည့္ပါလား” လုိ႔ အႀကံေပးၿပီး က်ေနာ္တုိ႔နဲ႔ ဆက္ေျပာစရာစကား သူမွာမရွိေတာ့သလုိနဲ႔ သူ႔အလုပ္သူ ဆက္လုပ္ဖုိ႔ ျပင္ေနပါတယ္။ ဦးဟန္လင္းနဲ႔ က်ေနာ္လည္း ဘာဆက္ေျပာရမွန္း မသိေတာ့တာနဲ႔ ဒီတုိင္းျပန္လာခဲ့ရပါတယ္။

ဗုိလ္မႉးစုိးစိုးဟာ (ထုိင္းနုိင္ငံနဲ႔ ဆက္ဆံေရးတာ၀န္အျပင္) အဲဒီကာလက ဘုတ္ျပင္းၿမိဳ႕နယ္နဲ႔ ထုိင္းနုိင္ငံ ခြ်မ္ဖုံခရိုင္ျကားက ရြာေဟလူစခန္း အေျခစို္က္ KNU တပ္ရင္း ၁၂ ရဲ့ တပ္ရင္းမႉးျဖစ္ၿပီး ပင္လယ္ျပင္ လႈပ္ရွားမႈကို တာ၀န္ယူထားသူျဖစ္ပါတယ္။ ဒီလုိနဲ႔ ဗုိလ္မႉးစုိးစိုးကုိ က်ေနာ္တုိ႔ ဘားတုိက္ေဘးက နုိင္ငံျခားသား ဧည့္ရိပ္သာဆီလာတုန္း သြားေရာက္ေဆြးေႏြးေပမယ့္ တိက်တဲ့အေျဖ မရခဲ့ပါဘူး။

ေနာက္တခါ ပင္လယ္ျပင္ကိစၥ ေဆြးမယ္လုိ႔ၾကားရတဲ့ DAB အစည္းေ၀းတခုကို တက္နုိင္ဖုိ႔ က်ေနာ္ ထပ္ႀကိဳးစားခဲ့ပါေသးတယ္။ ဒီတခါ အစည္းေ၀းက်င္းပတဲ့ေနရာက ေရွ႕ပုိင္းမွာ က်ေနာ္တင္ျပခဲ့တဲ့ ေကာ္သူးေလအစိုးရ အိမ္ျဖဴေတာ္ရဲ့ ေအာက္ထပ္မွာပါ။ က်ေနာ္ကို စပြန္ဆာေပးၿပီးေခၚသြားသူက ကိုမုိးသီးဇြန္။ တကယ္က ဒီအစည္းေ၀းဟာ က်ေနာ့္လုိ တပ္ရင္းအဆင့္ဥကၠ႒တဦးနဲ႔ ဘာမွမဆုိင္တဲ့ အေပၚထပ္အေဆာက္ဦက လူေတြရဲ့ တပ္ေပါင္းစုဗဟုိေကာ္မီတီ အစည္းေ၀းသာ ျဖစ္ပါတယ္။ အစည္းေ၀းေတာင္ မစရေသးဘူး၊ က်ေနာ္ကုိ ဘယ္သူဖိတ္ထားတာလဲ၊ အျပင္လူကုိ ဗဟုိေကာ္မီတီအစည္းအေဝး ဖိတ္ခြင့့္ ရွိသလားဆုိၿပီး တပ္ေပါင္းစုေခါင္းေဆာင္တခ်ဳိ႕ ျငင္းေနၾကပါတယ္။ ေနာက္ဆုံးမွာေတာ့ ေလ့လာသူအျဖစ္ တက္ခြင့္ေပးမယ္။ ပင္လယ္ျပင္ကိစၥမွအပ တျခားကိစၥေတြမွာ ေဆြးေႏြးခြင့္မရွိဘူးဆုိၿပီး သေဘာတူခ်က္ ရခဲ့ပါတယ္။

ဒါေပမယ့္ က်ေနာ္ ဆက္မတက္ျဖစ္ေတာ့ပဲ ျပန္ထြက္လာခဲ့ပါတယ္။ မာနယ္ပေလာမွာ ေဆြးေႏြးေနလုိ႔ ပင္လယ္ျပင္ကိစၥလည္း ပါခြင့္ရဖြယ္မရွိ၊ ငါတုိ့တပ္ေတြကုိ ျပန္ပုိ႔ေပးမဲ့သူလည္း ေပၚလာဖြယ္မရွိဘူး၊ မင္းသမီးေဒသဆီ ျပန္ၿပီး တပ္မဟာ ၄ မႉးနဲ႔ ေဆြးေႏြးတာကမွ အလုပ္ျဖစ္ဦးမယ္လုိ႔ ဆံုးျဖတ္ၿပီး မာနယ္ ပေလာကေန မင္းသမီးစခန္းဆီ က်ေနာ္တဦးတည္း ျပန္လာခဲ့ပါတယ္။

==========================================================

(အပိုင်း ၃၁)

ထက်အောင်ကျော် on May 24, 2012 3:17 pm 

အောက်မေ့ဖွယ် / ဧရာဝတီ

မာနယ်ပလောတိုက်ပွဲနဲ့ ပေးဆပ်သူတိုရဲ့ ဒဏ်ရာများ

ကျနော်တို့ မာနယ်ပလောကို ပြန်ရောက်ပြီး ၃၊ ၄ ရက်လောက်ကြာမှ “ဧည့်သည်တပ်တွေ ပြန်လို့ရပြီ” လို့ အမိန့်ထွက်လာပါတယ်။ ဒီအမိန့်ထွက်ပြီး နောက်တရက်မှာ ကိုမင်းဇော်သူနဲ့ ကျနော်တို့ တပ်ရင်း ၂၀၁ တပ်စု တခုလုံး နော်တကနေ မာနယ်ပုလောကို ပြန်ရောက်လာပါတယ်။ သူတိုအဖွဲ့ ပြန်လာပြီး နောက်တရက်မှာတော့ ၁၀၂ က အဖွဲ့တွေလည်း မာနယ်ပလောဆီ ပြန်ရောက်လာပါတယ်။





၁၀၂ တပ်ရင်းမှူး ကိုဘစောထွန်းကို နော်တစစ်မြေပြင် မထွက်ခင် မာနယ်ပလောမှာတွေ့ရစဉ် (ဓါတ်ပုံ - Mariko)
သူတို့နဲ့အတူ ပါလာတဲ့သတင်းဆိုး တခုကတော့ ရှေ့ပိုင်းပိုင်းမှာ ကျနော်တင်ပြခဲ့ဖူးတဲ့ ချေဂွေဗားရားပုံ ဆံပင်ပိုင်ရှင် ၁၀၂ တပ်ရင်းမှူး ကိုဘစောထွန်း မိုင်းနင်းမိပြီး မဲဆောက်ဆေးရုံကို အရေးပေါ်တင်လိုက်ရကြောင်းနဲ့ ခြေထောက်တဖက် ဖြတ်ပစ်ရမယ့် အခြေနေရှိနေတယ်ဆိုတဲ့ သတင်းပါ။ 

နော်တ တိုက်ပွဲအတွင်း တပ်ရင်းမှူး ကိုဘစောထွန်းမှအပ တခြား ပြင်းပြင်းထန်ထန် ဒဏ်ရာရသူ မရှိပါဘူး။ ကျနော်တို့တပ်ရင်းက ရဲဘော်တွေထဲမှာတော့ လက်နက်ကြီးအစ မှန်သူ ၃ ဦးရှိခဲ့ပြီး စစ်ကြောင်းမှူး ကိုမင်းဇော်သူ၊ ကိုသန်းစိုး ခေါ် ရုပ်ပိနဲ့ ကိုနိုင်ဝင်းတို့ ဖြစ်ပါတယ်။ ကိုမင်းဇော်သူနဲ့ ကိုသန်းစိုးတို့ဟာ လက်မောင်းနဲ့ ဗိုက်မှာထိပြီး ကိုနိုင်ဝင်းကတော့ မျက်လုံးထဲ လက်နက်ကြီးအစ သေးသေးလေး ဝင်သွားတယ်လို့ သိရပါ တယ်။ ကျနော် နော်တကို ရောက်သွားချိန်မှာ ကိုသန်းစိုးနဲ့ ကိုနိုင်ဝင်း ၂ ဦးစလုံး မဲဆောက်ဆေးရုံမှာ ရောက်နေတဲ့အတွက် ကျနော်နဲ့မတွေ့လိုက်ရပါ။

ဒီဆောင်းပါးရေးရင်းနဲ့ ကိုနိုင်ဝင်းကို လိုက်ဆက်သွယ်ကြည့်တော့ သြစတေလျနိုင်ငံကို ရောက်နေတာကိုတွေ့ရပြီး သူလက်နက်ကြီးအစ မှန်တဲ့နေ့ဟာ ၁၉၉၂ ဧပြီလ ၂၄ ရက်နေ့ဖြစ်တယ်။ အခုချိန်ထိ မျက်လုံးထဲမှာ အဲဒီလက်နက်ကြီးအစ ရှိနေဆဲ၊ ပြန်လည်ခွဲထုတ်ဖို့ ခက်နေဆဲဖြစ်ကြောင်း၊ အေးတဲ့အခါ ဒါမှမဟုတ် သိပ်ပူတဲ့အခါ ခေါင်းမူးတဲ့ဝေဒနာကို ပြင်းပြင်းထန်ထန် ခံစားရတဲ့အပြင် သူရဲ့ဘယ်ဘက်မျက်လုံးဟာ သိပ်မမြင်ရဘူး ဖြစ်နေတယ်လို့ ပြောပြခဲ့ပါတယ်။ တခါ အခု ဂျာမနီနိုင်ငံကို ရောက်နေပြီဖြစ်တဲ့ ၁၀၂ တပ်ရင်းမှူး ကိုဘစောထွန်းကိုလည်း ၂၀၀၅ ခုနှစ်က ကျင်းပတဲ့ ဘာလင်မြို့ မြန်မာသံရုံးရှေ့ ဆန္ဒပြပွဲအတွင်း ကျနော်ထပ်မံတွေ့ဆုံခွင့် ရခဲ့ပါတယ်။ မိုင်းနင်းမိတဲ့ ဘယ်ဘက် ခြေထောက်က မဖြတ်လိုက်ရပေမယ့် အရိုးဆစ်တခုကို ထုတ်လိုက်ရတဲ့အတွက် ဘယ်ခြေက ညာခြေထက် ၂ လက်မလောက်နိမ့်နေပြီး ဂျိုင်းဒေါင့် ၂ ဖက်ကို အားပြုသွားနေရတဲ့သူပုံက နော်တစစ်မြေပြင်မှာ ကျနော်တွေ့စဉ်ကပုံနဲ မတူတော့ပါဘူး။

သူရဲ့သူပုန်သင်္ကေတ ချေဂွေဗားရားပုံ ဆံပင်ရှည်တွေကို မြတ်မြတ်နိုးနိုး ဆက်ထားနေဆဲဖြစ်ပေမယ့် တောထဲမှာတုန်းကလို ဒီတိုင်း ချမထားတော့ဘဲ နောက်မှာ စည်းထားတာကို တွေ့ရပြီး လူလည်း အတော်ပိန်သွားတယ်လို့ ထင်ပါတယ်။
“ဘာတတ်နိုင်မလဲဗျာ။ တော်လှန်ရေးရဲ့ အသီးအပွင့်တွေပေါ့။ ခြေထောက်မဖြတ်လိုက်ရတာကိုပဲ ကံကောင်းတယ်လို့ မှတ်ရမှာ” ဆိုပြီး မချိပြုံးပြုံးကာ ကျနော့်ကို လက်ဆွဲနှုတ်ဆက်ပါတယ်။ ဆန္ဒပြပွဲပြီးတော့ ကျနော်လည်း သတင်းအချိန်မီပို့ဖို့ ပြင်ရင်းနဲ့ သူနဲ့ အသေချာ စကားမပြောဖြစ်လိုက်ပါဘူး။

အခု ဒီဆောင်းပါးရေးတော့မှပဲ သူ့ကို အွန်လိုင်းကနေ ဆက်သွယ်ပြီး နော်တက ဒဏ်ရာတွေအကြောင်း အသေအချာ မေးမြန်းကြည့်ဖြစ်ခဲ့ပါတယ်။ တဆက်တည်းမှာပဲ သူ့လို ဒဏ်ရာရသွားတဲ့ “ရဲဘော်သူငယ်ချင်းတွေ” ဘယ်လောက်များ ရှိနေလေမလဲ၊ အခု ဒီလူတွေ ဘယ်ရောက်ပြီး ဘဝကို ဘယ်လိုရုန်းကန် ရင်ဆိုင်နေကြသလဲဆိုပြီး ဟိုနိုင်ငံ၊ ဒီနိုင်ငံက ရဲဘော်ဟောင်းတွေကို အွန်လိုင်းကနေ ကျနော် လိုက်မေးမိပါတယ်။

ကျနော်တို့ ၂၀၁ တပ်ရင်း တခုတည်းမှာတင် ၁၉၈၈ ကနေ ၁၉၉၇ အထိ ၁၀ နှစ်တာ ကာလအတွင်း တိုက်ပွဲမှာကျဆုံးသူ ၆၀ ကျော်၊ ဖျားနာသေဆုံးသူ ၁၀ ဦးကျော်၊ ပျောက်ဆုံး သူ ၁၀ ဦးနီးပါးနဲ့ ထိခိုက်ဒဏ်ရာရသူ ၃၀ ဦးခန့်ရှိတာကို တွေ့ရပါတယ်။ ဒဏ်ရာအပြင်းအထန် ရသွားသူတွေထဲမှာ ခြေတောက်တဖက်စီ ဖြတ်လိုက်ရတဲ့ ကိုဘသန်း၊ ကိုမဲဒူး၊ ကိုလှဌေး၊ ကိုကျော်နိုင်နဲ့ ကိုစိုးနိုင်တို့ကို ကျနော် အမှတ်ရနေပီး အားလုံး အမေရိကန်မှာ ရောက်နေတယ်လို့ကြားရပေမယ့် သူတို့ရဲ့ဘ၀ အဆင်ပြေမပြေတော့ အတိအကျ မသိရသေးပါဘူး။

ABSDF ဗဟို (http://www.absdf.com) က ထုတ်ပြန်ထားတဲ့ စာရင်းအရဆိုရင် နှစ် ၂၀ ကာလအတွင်း ထိခိုက်ဒဏ်ရာရ၊ သေဆုံး၊ ကျဆုံးဦးရေ ၁၀၂၄ ဦး ရှိပြီး အဲဒီထဲမှာ ထိခိုက်ဒဏ်ရာရသူ ၃၉၉ ဦး။ သေဆုံး ၂၇၃ ဦး၊ ကျဆုံး ၃၅၃ ဦးလို့ ဖော်ပြထားတာ တွေ့ရပါတယ်။ ဒါတောင် စာရင်းက အပြည့်အစုံ မဟုတ်သေးဘဲ လက်လှမ်းမိသလောက် စုစည်းထားပုံသာ ဖြစ်ပုံရပါတယ်။ နှစ် ၂၀ ကျော် သာသက်တမ်းရှိသေးတဲ့ ABSDF မှာတောင် ထိခိုက်ကျဆုံးဦးရေ ၁၀၀၀ ကျော် နေပြီဆိုရင် နှစ် ၆၀ ကျော်တိုက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေမှာဆိုရင် ဘယ်လောက်များရှိနေပြီလဲ။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ နှစ်ဒါဇင်ကျော်ရဲ့ ထိခိုက်ဒဏ်ရာစာရင်းကို ချုပ်လိုက်မယ်ဆိုရင် သောင်းဂဏန်းကျော်ပြီး သိန်းဂဏန်းတောင် ရှိနေလေမလား။ ဒီကိန်းဂဏန်းတွေကို သိချင်လို့ သူပုန်အဖွဲ့ပေါင်းစုံရဲ့ ဝက်ဆိုက်တွေကို လိုက်လှန်ရှာဖွေခဲ့ပေမဲ့ ABSDF လိုမျိုး စာရင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။ တခါ သူပုန်တပ်ပေါင်းစုကြီးဖြစ်တဲ့ DAB တို့၊ NCUB တို့ရဲ့ ဝက်ဘ်ဆိုဒ်ထဲမှာလည်း အဲဒီလိုစာရင်းဇယားမျိုးကို မတွေ့ရသေးပါဘူး။


တိုက်ပွဲအတွင်း ခြေထောက်ဒဏ်ရာရ သွားကြတဲ့ ABSDF ရဲဘော်တွေထဲက ၂၀၁ တပ်ရင်းမှ ရဲဘော် ကိုကျော်နိုင်နဲ့ ရဲဘော် ကိုလှဌေးတို့ရဲ့ ပုံတွေဖြစ်ပါတယ်
ထိခိုက်ကျဆုံး စာရင်းဇယားတောင် မရှိဘူးဆိုရင် အဲဒီပေးဆပ်ခဲ့ရတဲ့ ရဲဘော်တွေအတွက် ဒီတပ် ပေါင်းစုတွေက ဘယ်လိုတာဝန်ယူ ဆောင်ရွက်ပေးနေသလဲ ဆိုတာကို ဆက်ပြီးမေးခွန်းထုတ်ဖို့ ခက်သွားပါတယ်။ တပ်ပေါင်းစုက မဆောင်ရွက်သေးဘူးဆိုရင် သက်ဆိုင်ရာ သူပုန်အဖွဲ့တခုချင်းစီကရော ဒီရဲ ဘော်တွေအတွက် ဘာတွေများ ဆောင်ရွက်ပေးထားသလဲ။ နိုင်ငံတကာ NGO တွေ၊ ပြည်တွင်း NGO ကရော ဘာများ ကူညီပေးထားသလဲ။ ကျနော် လက်လှမ်းမီသလောက် လိုက်မေးမြန်းခဲ့ပေမယ့် အခုချိန်အထိတော့ သေချာတဲ့ စီမံကိန်းတခုခုနဲ့ ကူညီဆောင် ရွက်ပေးထားတာမျိုး မတွေ့ရ၊ မကြားရသေးပါဘူး။

အခုဆိုရင် ABSDF အပါဝင် နယ်စပ်တကျောက သူပုန်တပ်တွေအားလုံးနီးပါး မြန်မာအစိုးရသစ်နဲ့ ဆွေးနွေးပွဲတွေလုပ်၊ စစ်ရပ်စဲရေး စာချုပ်တွေ ချုပ်ဆိုနေကြပါပြီ။ ဒါပေမယ့် နှစ်ဖက်တပ်တွေနေရာ ချထားရေး၊ ဆက်သွယ်ရေးရုံးခန်း ဖွင့်လှစ်ရေး၊ စီးပွားရေးလုပ်ငန်း လုပ်ခွင့်ရရေးတွေကိုသာ ဦးစားပေး ဆွေးနွေးနေတာတွေ့ရပြီး ကျနော်ပြောနေတဲ့ “တော်လှန်ရေးရဲ့ အသီးအပွင့်” တွေ၊ တော်လှန်ရေးအတွက် အသက်ပေးသွားသူတွေ၊ ဒုက္ခိတဖြစ်သွားရသူတွေရဲ့ဘ၀ ပြန်လည်ထူထောင်ရေးကိစ္စကိုတော့ ဘယ်အဖွဲ့ကမှ ဆွေးနွေးတာ မကြားရသေးပါဘူး။ အလားတူ နေပြည်တော်က ပါလီမန်ထဲမှာဖြစ်စေ၊ ပါလီမန်ပြင်ပ မီဒီယာတွေမှာဖြစ်စေ တော်လှန်ရေးအတွက် ပေးဆပ်သွားသူတို့ရဲ့ ဘဝပြန်လည် ထူထောင်ရေးကိစ္စကို ဆွေးနွေးတာ၊ ပြောဆိုတာ အခုချိန်အထိ မကြားရသေးတဲ့အတွက် “ပေးဆပ်ခဲ့သော ရဲဘော်သူငယ်ချင်းများ” အပေါ် ခေါင်းဆောင်ပိုင်းတွေဘက်က တာဝန်မကျေသေးသလို ကျနော်စိတ်ထဲ ခံစားနေရပါတယ်။

မာနယ်ပလောမှာ တလတာ

နော်တစစ်မျက်နှာကနေ ပြန်လာတဲ့ ကျနော်တို့ ၂၀၁ နဲ့ ၁၀၂ တပ်ရင်းက စစ်သည်တွေဟာ နယ်မြေခံတပ် မဟုတ်တဲ့အတွက် ရှေ့မှာကျနော်တင်ပြခဲ့တဲ့ မာနယ်ပလောကွင်းပြင်ထဲရှိ အထူးစစ်သည်တော် ဘားတိုက်မှာ တည်းခွင့်ရပါတယ်။ သူပုန်တပ်ပေါင်းစုဌာနချုပ်ရဲ့ မြို့လယ်ဘားတိုက်မှာ တည်းရတယ်ဆိုလို့ သိပ်တော့ အထင်မကြီးလိုက်ပါနဲ့။ ကျနော်တို့ စခန်းက ဘားတိုက်တွေလို ဝါးနဲ့ ဖြစ်သလိုဆောက်တာမျိုးမဟုတ်ဘဲ ကျွန်းသစ်တွေနဲ့ အခိုင်အမာ ဆောက်ထားတာကလွဲရင် ဘာအဆောင်ယောင်မှ မရှိပါ။ ဒီလိုပဲ ကြမ်းပြင်ပေါ် မိုးကာခင်းအိပ်သူအိပ်၊ စောင်ပါးပါးလေးကို ခင်းအိပ်သူအိပ်နဲ့ ရင်ကွဲဘားတိုက်ရဲ့ တဖက်တချက်မှာ ၁၀၂ နဲ့ ကျတို့တို့ ၂၀၁ က ရဲဘော် ၅၀ ကျော် နေရာယူလိုက်ပါတယ်။ အဲဒီကာလ ၁၀၂ ကို တာဝန်ယူထားသူက တပ်မှူးကြီး မောင်ပိန်ဖြစ်ပြီး တပ်သားတွေထဲမှာတော့ ထူးထူးခြားခြား အဆိုတော် ကိုမွန်းအောင်လည်း ပါဝင်နေတာကို တွေ့ရပါတယ်။


၁၉၉၂ ဝန်းကျင်ကမြင်ရတဲ့ မာနယ်ပလော စစ်ရေးပြကွင်း၊ စစ်ရုံးချုပ်နဲ့ နော်ဒေးတောင်တန်း
နာမည်ကြီးအဆိုတော် ကိုမွန်းအောင်ဟာ အဲဒီကာလက မာနယ်ပလောအခြေစိုက် DVB တောတွင်း စတူဒီယိုမှာ တာဝန်ထမ်းနေသူ ဖြစ်ပါတယ်။ အဲဒီအချိန်ဟာ အမျိုးသားညွန့်ပေါင်းအစိုးရရဲ့ DVB ရေဒီယို ပေါ်ကာစ အချိန်ဖြစ်ပြီး နေ့စဉ်အသံလွင့်မှုဆိုင်ရာ ကိစ္စအားလုံးကို မာနယ်ပုလောရှိ စင်ပြိုင်အစိုးရ ပြန်ကြားရေးဌာန၊ တပ်ပေါင်းစု ပြန်ကြားရေးဌာန၊ ABSDF ပြန်ကြားရေးဌာနတွေကနေ အဓိက ဆောင်ရွက်ပေးနေတာလို့ သိရပါတယ်။ ဒါပေမယ့် ကျနော်တို့ ရဲဘော်တွေကတော့ DVB နဲ့ စတူဒီယိုအကြောင်း သိပ်မသိဘဲ ကိုမွန်းအောင်အကြောင်းပဲသိပြီး သူနဲ့တွေ့ရင် “သွေးမုန်တိုင်း”၊ “မိုင်းလုံးမိုး” အပါအဝင် တော်လှန်ရေးသီချင်းတွေကို ဆိုပြဖို့ပဲ တချိန်လုံး တိုက်တွန်းနေတာကို ကျနော်အမှတ်ရနေပါတယ်။

ဒီလိုနဲ့ မာနယ်ပလောရှိ ဧည့်သည်တော်ဘားတိုက်ရဲ့ ဟိုဖက်ခြမ်း၊ ဒီဖက်ခြမ်းမှာ ကျနော်တို့ တပ်ရင်း နှစ်ခုစခန်းချရင်း မင်းသမီးဒေသဆီပြန်ဖို့ ကြိုးစားခဲ့တာ တလနီးပါးအထိ ကြာမြင့်ခဲ့တယ်လို့ ထင်ပါတယ်။

မာနယ်ပလောရှိ အဖွဲ့ပေါင်းစုံကို ဆက်သွယ်ပြီး ကျနော်တို့ရဲဘော်တွေကို မင်းသမီးဒေသဆီ ပြန်ပို့ပေးဖို့ အကူညီတောင်းပေမယ့် ဗဟိုမှာတာဝန်မရှိဘဲ တပ်မဟာ ၄ မှာပဲတာဝန်ရှိသလိုလို၊ ဟိုလိုလို ဒီလိုလိုနဲ့ အဖွဲ့အားလုံးက ခေါင်းရှောင်နေကြပါတယ်။ ဒီလိုနဲ့ မာနယ်ပုလောနဲ့ သိပ်မဝေးတဲ့ ကိုမိုးသီးဇွန်တို့ ဗဟိုဆီ ခဏခဏသွားပြီး ကျနော်တို့တပ်ရင်းဆီ ကြေးနန်းနဲ့ဆက်သွယ်ရပါတယ်။ တပ်ရင်းနဲ့ တပ်မဟာ ၄ ဘက်ကလည်း ဘာမှကူညီနိုင်တဲ့ အခြေအနေမရှိပါ။ ရဲဘော်တွေကလည်း တပ်ရင်းကို အမြန်ဆုံးပြန်ချင်နေကြပါပြီ။ ဒီတော့ ရဲဘော်တွေ စိတ်ဓာတ်မကျအောင်ဆိုပြီး မာနယ်ပလောတခွင် လေ့လာရေး လုပ်ကြရပါတယ်။

မာနယ်ပလောမြောက်ဘက် ကွန်မန်ဒိုကုန်းပေါ်ရှိ ကိုမိုးသီးဇွန်တို့ဗဟို၊ လောကွားလူကုန်းပေါ်ရှိ ကိုနိုင်အောင်တို့ ဗဟိုရုံးခွဲ (ကိုနိုင်အောင်တို့ ဗဟိုရုံးကတော့ သံလွင်မြစ်ဘေး ဒါးဂွင်မှာ အခြေစိုက်ထား) တွေဆီ သွားလည်ပါတယ်။ နောက်တခါ မာနယ်ပလောတောင်ဖက်ရှိ ဒေါ်အောင်ဆန်းစုကြည် လမ်းဝန်းကျင်က NLD-LA ရုံး၊ လူ့ဘောင်သစ်ပါတီရုံး၊ ရဟန်းပျိုသမဂ္ဂရုံး၊ နောက် မာနယ်ပလောမြို့ပြင်ကို အထုတ်ခံထားရတဲ့အဖွဲ့လို့ နောက်ပြောင်ခေါ်ဆိုခြင်းခံရတဲ့ ထီးတခီးသွား ကားလမ်းပေါ်က NCGUB ရုံးတွေရှိရာဆီ တပ်စုအလိုက် ကျနော်တို့ သွားလည်ကြပါတယ်။

NCGUB ရုံးကအပြန်မှာ “ဒေါ်အောင်ဆန်းစုကြည်လမ်း” အနီးရှိ ကဗျာဆရာ ပန်းခက်ရဲ့ ထူးရာစိုး လက်ဖက်ရည်ဆိုင်ကို ဝင်ပြီး အားပေးခဲ့သေးတာကို အမှတ်ရနေပါတယ်။ နောက်တခါ ကချင်ကုန်းဆီ တက်ပြီး ဗိုလ်ချုပ်ဇော်မိုင် အပါအဝင် ကချင်ကိုယ်စားလှယ်တွေနဲ့လည်း စကားပြောဖြစ်ခဲ့ပါသေးတယ်။ ဆိုလိုတာကတော့ အချိန်တွေ ဒီတိုင်းပိုနေတဲ့အတွက် မာနယ်ပလောရှိ ရှိသမျှရုံးခန်းတိုင်းကို သွားရောက် လေ့လာခဲ့တဲ့ သဘောမျိုးဖြစ်နေပါတယ်။ နောက်တခါ ကျနော်တို့ ဘားတိုက်ဘေးက မာနယ်ပလော အစည်းဝေးခန်းမမှာ မကြာခဏကျင်းပလေ့ရှိတဲ့ နိုင်ငံရေးအခမ်းအနားတွေ၊ ဟောပြောပွဲတွေ၊ ဝါးတီးပွဲတွေကိုလည်း ကျနော်တို့တပ်စု မပျက်မကွက် အားပေးခဲ့ပါတယ်။

ဒီလိုနဲ့တနေ့မှာတော့ တပ်ပေါင်းစုဥက္ကဋ္ဌလည်းဖြစ်၊ KNU ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဗိုလ်ချုပ်ကြီးမြနဲ့ ကျနော် တွေ့ခွင့်ရခဲ့ပါတယ်။ ၁၉၈၉ ခရီးစဉ်တွေကတည်းက ဗိုလ်ချုပ်မြကို မာနယ်ပလောနဲ့ သူနေတဲ့ ဟွေးဘောလူရွာဆီ အသွား လှေဆိပ်မှာ အနီးကပ်မြင်ခဲ့ဖူးပေမယ့် တခါမှ လူချင်းတွေ့ စကားမပြောဖူးခဲ့ပါဘူး။ အခုတော့ မာနယ်ပလောမှာသောင်တင်နေတုန်း ပင်လယ်ပြင်စစ်ကြောင်းကိစ္စ သွားပြောကြည့်ဦးမှ ဆိုပြီး ကျနော်နဲ့ ဦးဟန်လင်းတို့ အရဲစွန့်လာခဲ့တာပါ။

သူကိုတော့ NCG ဝန်ကြီးတွေလို ဒီတိုင်းတက်တွေ့လို့မရ။ လက်နက်ကိုင်လုံခြုံရေးအဖွဲ့ကို အရင် သတင်းပို့ရပါတယ်။ နာရီဝက်လောက်စောင့်ပြီးမှ တွေ့ခွင့်ရပါတယ်။ ဗိုလ်ချုပ်မြပုံကိုတော့ အတော်များများ သိပြီးဖြစ်တဲ့အတွက် အထူးညွန်းပြစရာ လိုမယ်မထင်ပါ။ ပျောက်ကျားယူနီဖေါင်းဝတ်ထားတဲ့ ၀၀ဖိုင့်ဖိုင့် သူပုန်ဗိုလ်ချုပ်ကြီးကို အနီးကပ်တွေ့စဉ် “အောင်ထွန်းလေး” လို့ ကျောင်းသားတွေပေးထားတဲ့ အမည်ဝှက်ကို သွားသတိရမိပါတယ်။

“အောင်ထွန်းလေး” ဆိုတာကို ဒီနေ့ အသက် ၂၀ တန်းလူငယ်တွေ သိဖို့မလွယ်တော့ပေမယ့် ကျနော်တို့ တောခိုကာစ ၁၉၈၈ ဝန်းကျင်ကတော့ နာမည်အကျော်ကြားဆုံး ၀၀ကစ်ကစ် ချစ်စရာ အကောင်းဆုံး ကလေးသရုပ်ဆောင်တဦး ဖြစ်ပါတယ်။ “ဝါလဲဂေး အဖူး” ဆိုပြီး ကျနော်က သတိဆွဲ အလေးပြု မိတ်ဆက်တော့ “ခင်ဗျားတို့က ဘာကိစ္စတွေ့ချင်တာလဲ” ဆိုပြီး သူက တည့်တည့်မေးပါတယ်။ “ပင်လယ်ပြင် စစ်ကြောင်းကိစ္စပါ အဖူး။ လက်ရှိဆင်းနေတဲ့ ပင်လယ်ပြင်စစ်ကြောင်းထဲမှာ ကျနော်တို့တပ်တွေကိုလဲ ထည့်ချင်လို့ပါ အဖူး” လို့ စရုံပဲ ရှိပါသေးတယ်။

‘“ခင်ဗျားတို့ ကျောင်းသားတွေကလည်း အဖွဲ့များလိုက်တာ” ဆိုပြီး ပြောထည့်လိုက်ပါတယ်။ ပြီးတော့ “ခင်ဗျားတို့ကိစ္စ ဗိုလ်စိုးစိုးနဲ့ ပြောကြည့်ပါလား” လို့ အကြံပေးပြီး ကျနော်တို့နဲ့ ဆက်ပြောစရာစကား သူမှာမရှိတော့သလိုနဲ့ သူ့အလုပ်သူ ဆက်လုပ်ဖို့ ပြင်နေပါတယ်။ ဦးဟန်လင်းနဲ့ ကျနော်လည်း ဘာဆက်ပြောရမှန်း မသိတော့တာနဲ့ ဒီတိုင်းပြန်လာခဲ့ရပါတယ်။

ဗိုလ်မှူးစိုးစိုးဟာ (ထိုင်းနိုင်ငံနဲ့ ဆက်ဆံရေးတာဝန်အပြင်) အဲဒီကာလက ဘုတ်ပြင်းမြို့နယ်နဲ့ ထိုင်းနိုင်ငံ ချွမ်ဖုံခရိုင်ကြားက ရွာဟေလူစခန်း အခြေစိုက် KNU တပ်ရင်း ၁၂ ရဲ့ တပ်ရင်းမှူးဖြစ်ပြီး ပင်လယ်ပြင် လှုပ်ရှားမှုကို တာဝန်ယူထားသူဖြစ်ပါတယ်။ ဒီလိုနဲ့ ဗိုလ်မှူးစိုးစိုးကို ကျနော်တို့ ဘားတိုက်ဘေးက နိုင်ငံခြားသား ဧည့်ရိပ်သာဆီလာတုန်း သွားရောက်ဆွေးနွေးပေမယ့် တိကျတဲ့အဖြေ မရခဲ့ပါဘူး။

နောက်တခါ ပင်လယ်ပြင်ကိစ္စ ဆွေးမယ်လို့ကြားရတဲ့ DAB အစည်းဝေးတခုကို တက်နိုင်ဖို့ ကျနော် ထပ်ကြိုးစားခဲ့ပါသေးတယ်။ ဒီတခါ အစည်းဝေးကျင်းပတဲ့နေရာက ရှေ့ပိုင်းမှာ ကျနော်တင်ပြခဲ့တဲ့ ကော်သူးလေအစိုးရ အိမ်ဖြူတော်ရဲ့ အောက်ထပ်မှာပါ။ ကျနော်ကို စပွန်ဆာပေးပြီးခေါ်သွားသူက ကိုမိုးသီးဇွန်။ တကယ်က ဒီအစည်းဝေးဟာ ကျနော့်လို တပ်ရင်းအဆင့်ဥက္ကဋ္ဌတဦးနဲ့ ဘာမှမဆိုင်တဲ့ အပေါ်ထပ်အဆောက်ဦက လူတွေရဲ့ တပ်ပေါင်းစုဗဟိုကော်မီတီ အစည်းဝေးသာ ဖြစ်ပါတယ်။ အစည်းဝေးတောင် မစရသေးဘူး၊ ကျနော်ကို ဘယ်သူဖိတ်ထားတာလဲ၊ အပြင်လူကို ဗဟိုကော်မီတီအစည်းအဝေး ဖိတ်ခွင့် ရှိသလားဆိုပြီး တပ်ပေါင်းစုခေါင်းဆောင်တချို့ ငြင်းနေကြပါတယ်။ နောက်ဆုံးမှာတော့ လေ့လာသူအဖြစ် တက်ခွင့်ပေးမယ်။ ပင်လယ်ပြင်ကိစ္စမှအပ တခြားကိစ္စတွေမှာ ဆွေးနွေးခွင့်မရှိဘူးဆိုပြီး သဘောတူချက် ရခဲ့ပါတယ်။

ဒါပေမယ့် ကျနော် ဆက်မတက်ဖြစ်တော့ပဲ ပြန်ထွက်လာခဲ့ပါတယ်။ မာနယ်ပလောမှာ ဆွေးနွေးနေလို့ ပင်လယ်ပြင်ကိစ္စလည်း ပါခွင့်ရဖွယ်မရှိ၊ ငါတို့တပ်တွေကို ပြန်ပို့ပေးမဲ့သူလည်း ပေါ်လာဖွယ်မရှိဘူး၊ မင်းသမီးဒေသဆီ ပြန်ပြီး တပ်မဟာ ၄ မှူးနဲ့ ဆွေးနွေးတာကမှ အလုပ်ဖြစ်ဦးမယ်လို့ ဆုံးဖြတ်ပြီး မာနယ် ပလောကနေ မင်းသမီးစခန်းဆီ ကျနော်တဦးတည်း ပြန်လာခဲ့ပါတယ်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More