Sunday, June 30, 2024

မိုးကုတ်က ရွှေမျက်ဝန်းစခန်းကို TNLA သိမ်းပိုက် ... မတူပီက ခလရ (၁၄၀) ကို ...


မိုးကုတ်က ရွှေမျက်ဝန်းစခန်းကို TNLA သိမ်းပိုက် ... မတူပီက ခလရ (၁၄၀) ကို ချင်းညီနောင် သိမ်းပိုက် ... နောက်ဆုံးရ တိုက်ပွဲသတင်းများ

(၁- ၇- ၂၀၂၄)

၁၀/၂၇ စစ်ဆင်ရေး အပိုင်း (၂)၊ ၆ ရက်မြောက်နေ့မှာ မိုးကုတ်၊ မိုးမိတ်၊ နောင်ချို မြို့နယ် ၃ ခုအတွင်း တိုက်ပွဲတွေဆက်လက်ပြင်းထန်ပြီး မိုးကုတ်နဲ့ မိုးမိတ်မှာ စခန်း ၂ ခု သိမ်းနိုင်ခဲ့တယ်လို့ PSLF/ TNLA တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် ပြောခွင့်ရက BNN ကို ပြောပါတယ်။

အဲဒီးခစန်း ၂ ခုကတော့ မိုးကုတ်က ရွှေမျက်ဝန်းတပ်စခန်းနဲ့ မိုးမိတ်က ကင်းချောင်းတံတားစခန်းတို့ဖြစ်တယ်လို့ PSLF/ TNLA  ပြောခွင့်ရ လွေးယေဦးက ပြောပါတယ်။ 

မိုးကုတ်တိုက်ပွဲမှာ TNLA နဲ့အတူ PDF (မိုးကုတ်ဗျူဟာ)၊ PDF(513)တပ်ရင်း၊ မိုးကုတ် ပကဖ တို့ပါဝင်ပြီး မိုးမိတ်တိုက်ပွဲမှာတော့ PLA- ပြည်သူ့လွတ်မြောက်ရေးတပ်မတော်နဲ့ PDF တွေပါဝင်တယ်လို့ ဆိုပါတယ်။

နောင်ချိုတိုက်ပွဲမှာတော့ DPLA -ဓနုအမျိုးသားလွတ်မြောက်ရေးတပ်မတော်နဲ့ MDY-PDF တို့ပါဝင်နေပြီး ၆၀၆ တပ်ရင်းကို ထိုးစစ်ဆင်နေဆဲဖြစ်ကာ ရှုခင်းသာရှိ ခမရ (၁၄၆) ကိုတော့ ဇွန် ၂၈ မှာ သိမ်းပိုက်ခဲ့တယ်၊ စစ်ကောင်စီ အလောင်း ၂၀ ခန့်နဲ့လက်နက်ခဲယမ်းများစွာ သိမ်းမိတယ်လို့ လွေးယေဦးက ပြောပါတယ်။

မိုးမိတ်တိုက်ပွဲမှာပါဝင်နေတဲ့ PLA ရဲ့ ထုတ်ပြန်ချက်အရ ဇွန် ၂၉ မှာသိမ်းပိုက်လိုက်တဲ့ ကင်းချောင်းတံတားစခန်းဟာ သပိတ်ကျဉ်းမြို့နယ်နဲ့ မိုးမိတ်မြို့လမ်းပေါ်ရှိ အရေးကြီးတံတားဖြစ်ပြီး ဒီလမ်းကြောင်းတခုလုံးကို တာ်လှန်ရေးတပ်တွေက အပြည့်အ၀ ထိန်းချုပ်ထားလိုက်ပြီလို့သိရပါတယ်။

ကင်းချောင်းတံတားစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီဖက်က ၃ ဦးသေ၊ တဦးကို လက်ရဖမ်းမိ၊ ကျန်လူတွေ ဒဏ်ရာနဲ့ထွက်ပြေးသွားတယ်လို့ဖေါ်ပြပြီး PLA ဟာ ၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂) စတင်တဲ့ ဇွန် ၂၅ ကတည်းက တိုက်ပွဲထဲ ပါနေတယ်လို့လည်း ဖေါ်ပြထားပါတယ်။

ဒါ့အပြင်...

- လားရှိုးမြို့ မြောက်ဘက်၊ နမ့်ဖူးယိုင်ရှိ ညီနောင် ၃ ဖွဲ့နယ်မြေထဲ စစ်ကောင်စီတပ်က ကျုးကျော်လာတဲ့အတွက် ဇွန် ၂၉ မှာ ခုခံတိုက်ခိုက်စဉ် MNDAA ရဲဘော် ၂ ဦးကျဆုံးပြီး ၃ ဦးဒဏ်ရာရတယ်လို့ MNDAA - က ပြောဆို...

- ချင်းပြည်နယ်၊ မတူပီမြို့ရှိ ခလရ (၁၄၀) နဲ့ ဗျုဟာကုန်းကို ဇွန် ၂၉ မှာ သိမ်းပိုက်လိုက်ပြီလို့ ‘ချင်းညီနောင်’ အဖွဲ့ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်တဦးဖြစ်သူ ဆလိုင်းယောမာန်က ပြောကြား...

- လွိုင်ကော်-မိုးဗြဲ လမ်းပိုင်းမှာ စစ်ကောင်စီရဲ့ဒရုန်းတစီးကို တော်လှန်ရေးအင်အားစုတွေပစ်ချခဲ့တယ်လို့ ဖယ်ခုံ PDF ၁၀၀၆ တပ်ရင်းက သတင်းထုတ်ပြန်...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

Saturday, June 29, 2024

“၁၀၂၇ ဒုတိယအဆင့်ရဲ့ ထူးခြားချက်က ရှမ်းမြောက်တင်ဖြစ်တာမဟုတ်ပဲမန္တလေးတိုင်...


“၁၀၂၇ ဒုတိယအဆင့်ရဲ့ ထူးခြားချက်က ရှမ်းမြောက်တင်ဖြစ်တာမဟုတ်ပဲ
မန္တလေးတိုင်းထဲအထိပါ ထိုးဝင်လာတာပါ”

- ဦးသန်းစိုးနိုင် (စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ)

(၂၉ - ၆- ၂၀၂၄)

“၁၀၂၇ စစ်ဆင်ရေး ဒုတိယအဆင့်ရဲ့ ထူးခြားချက်က ရှမ်းမြောက်တင်ဖြစ်နေတာ
မဟုတ်ပဲ မန္တလေးတိုင်းထဲအထိပါ ထိုးဝင်လာတာဖြစ်တယ်။ ပြည်နယ်တခုချင်း
လွတ်မြောက်ရေးကနေ တိုင်းဒေသကြီးတွေဆီ ဝင်လာဖို့လိုတယ်။ စစ်ကြောင်းအားလုံး
နေပြည်တော်သို့ ဆိုတာကို ဦးတည်ဆောင်ရွက်သင့်တယ်” လို့ စစ်ရေး -
နိုင်ငံရေး ဝေဖန်သုံးသပ်သူ ဦးသန်းစိုးနိုင် ကပြောပါတယ်။

ဇွန် ၂၅ မှာ စတင်လိုက်တဲ့ ၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂)ရဲ့
ထူးခြားချက်တွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ်
သူက အဲဒီလို ဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...

- ၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ ရဲ့ ထူးခြားချက်က ဘာတွေလဲ...

- ပြည်နယ်တခုချင်း လွတ်မြောက်ရေးကနေ တိုင်းဒေသတွေဆီ တဖြေးဖြေး
စဝင်လာနိုင်နေပြီလား...

- ၆ လတာအတွင်း စစ်ကောင်စီရဲ့ စစ်ရေးပြင်ဆင်မှုက ခုခံစစ်သက်သက် ဖြစ်သွားပြီလား...

- ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းနဲ့ ဟန်ချက်ညီ တနိုင်ငံလုံး
စစ်ရေးအရှိန်မြှင့်နိုင်အောင် ဘာတွေ ဆောင်ရွက်သင့်သလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

Friday, June 28, 2024

နောင်ချိုက ခမရ (၁၁၄) အပါဝင် စစ်တပ်စခန်းတွေကို TNLA ဆက်လက်သိမ်းပိုက် ......


နောင်ချိုက ခမရ (၁၁၄) အပါဝင် စစ်တပ်စခန်းတွေကို TNLA  ဆက်လက်သိမ်းပိုက် ... အင်းတော်မြို့နယ်က စစ်တပ်စခန်း PDF သိမ်းပိုက်... နောက်ဆုံးရ တိုက်ပွဲသတင်းများ

(၂၉ -၆-၂၀၂၄)

၁၀/၂၇ စစ်ဆင်ရေး အပိုင်း (၂)၊  ၄ ရက်မြောက်နေ့မှာ နောင်ချိုက ခမရ (၁၁၄) ဌာနချုပ်ကို သိမ်းပိုက်ပြီး ခမရ(၆၀၆) ကို သိမ်းနိုင်ရေး TNLA နဲ့ မဟာမိတ်တွေ ဆက်လက် ထိုးစစ်ဆင်နေတယ်လို့ TNLA/ PSLF ပြောခွင့်ရက BNN ကိုပြောပါတယ်။

ခမရ ၁၁၅ ကိုတော့ တိုက်ပွဲစတင်တဲ့နေ့မှာတင် သိမ်းထားပြီးဖြစ်တဲ့အတွက် နောင်ချိုမြို့မှာ စင်ကောင်စီကင်းစင်ဖို့ ခမရ ၆၀၆ တခုသာ ကျန်တော့တယ်လို့ TNLA ပြောခွင့်ရ လွေးယေဦးက ပြောပါတယ်။

ခမရ(၆၀၆) ထိုးစစ်မှာ TNLA၊ တပ်တွေနဲ့အတူ MDY-PDF နဲ့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်မတော် (DPLA) တို့ ပူပေါင်းပါဝင်ပြီး ကျောက်မဲက ခမရ (၅၀၁)၊ ခမရ(၅၀၂) ထိုးစစ်မှာတော့  TNLA နဲ့အတူ MDY-PDF မဟာမိတ်တွေ ပါဝင်တယ်လို့ ဆိုပါတယ်။

မနေ့ကသိမ်းလိုက်တဲ့ နောင်ချို ခမရ (၁၁၄)က လက်နက်တွေကို TNLA က
မထုတ်ပြန်သေးပါဘူး။ အရင်နေ့က သိမ်းမိတဲ့ ခမရ (၁၁၅) မှာတော့ ၈၁ မမ၊ ၆၀
မမလို မော်တာတွေ၊ RPG လို ပခုံးထမ်းလောင်ချာတွေအပါဝင် လက်နက်မျိုးစုံ ၃၅၀
ကျော်နဲ့ ခဲယမ်းများစွာ သိမ်းမိတယ်လို့ ဓာတ်ပုံမှတ်တမ်း ထုတ်ပြန်ထားပါတယ်။

အရင်နေ့တွေကလည်း လက်နက်မျိုးုစုံ ၁၀၀ ခန့်သိမ်းမိထားပြီးဖြစ်တဲ့အတွက် အခုဆိုရင် သိမ်းမိလက်နက် ၅၀၀ နီးပါးရှိနေပြီဖြစ်ပါတယ်။

၁၀/၂၇ စစ်ဆင်ရေး အပိုင်း (၂) ကို ရှမ်းမြောက်နဲ့ မန္တလေးအစပ်ရှိ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးမိတ်၊ မိုးကုတ်စတဲ့ မြိုနယ် ၅ ခုမှာ ဆက်လက်ဆောင်ရွက်နေတယ်လို့ TNLA က ပြောထားပါတယ်။

ဒါ့အပြင်...

- ကသာခရိုင်၊ အင်းတော်မြို့နယ်၊ နံ့သာရွာမှာ အခြေချထားတဲ့ ခလရ-၆ စခန်းကို ဒေသခံတော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ပြီး စစ်ကောင်စီဖက်က ၁၄ ဦးသေ၊ လက်နက်မျိုးစုံ ၂၀ ရရှိ...

- ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ အင်တိုင်းရွာနဲ့ ကျောက်ပုံကုန်းရွာတွေမှာ အခြေချဖို့ပြင်နေတဲ့ ခမရ-၃၆၁-က စစ်သားတွေနဲ့ ပျုစောထီး အင်အား (၂၀၀) ခန့်ကို တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ရာမှာ စစ်ကောင်စီဖက်က အကျအဆုံးများပြီး လက်နက်ငယ် ၈ လက်နဲ့ စစ်သုံးပန်း ၂ ဦး ဖမ်းမိ...

- စစ်ကိုင်းမြို့ရှိ အမှတ်(၃) ရဲ လေ့ကျင့်ရေးကျောင်းကို ဒေသခံ တော်လှန်ရေးတပ်တွေက
ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်...

- တနသာင်္ရီမြိုန့ယ်၊ ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးဂိတ် မောတောင်စခန်းအနီးရှိ ပွိုင့် ၃၀၀၀ နယ်စပ်စခန်းကနေ စစ်ကောင်စီတပ်တွေ စခန်းစွန့်ခွာ ထွက်ပြေး...

- KNU - ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ တပ်မဟာ (၆) ထိန်းချုပ်နယ်မြေအတွင်းရှိ စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းအားလုံး တာဝန်ကနုတ်ထွက်ခြင်း၊ နေရာပြောင်းခြင်း သို့မဟုတ် KNU ဖက်သို့ ကူးပြောင်းတာဝန်ထမ်းခြင်း အမြန်ဆုံးဆောင်ရွက်ရန် ဒူးပလာခရိုင်က သတိပေး...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

Thursday, June 27, 2024

စစ်ကောင်စီ တပ်စခန်းတွေကို TNLA က ဆက်သိမ်းပိုက် ... ဖားကန့်မြို့နယ်က ရဲစခ...


စစ်ကောင်စီ တပ်စခန်းတွေကို TNLA က ဆက်သိမ်းပိုက် ... ဖားကန့်မြို့နယ်က ရဲစခန်း KIA တိုက်ခိုက် ... နောက်ဆုံးရ တိုက်ပွဲသတင်းများ

(၂၈- ၆- ၂၀၂၄)

၁၀/၂၇ စစ်ဆင်ရေး အပိုင်း ၂၊ တတိယနေ့မှာ မိုးကုတ်၊ ကျောက်မဲ၊ နောင်ချိုမြို့တွေမှာ တိုက်ပွဲဆက်ဖြစ်နေပြီး အနည်းဆုံး စစ်ကောင်စီစခန်း ၂ ခုကို သိမ်းနိုင်ခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်- PSLF/TNLA ပြောခွင့်ရက BNN ကို ပြောပါတယ်။

ဒါဟာ မနေ့ညနေ ၅ နာရီခန့်အထိ အတည်ပြုထားတဲ့ စာရင်းသာဖြစ်ပြီး နောက်ထပ်
ရှိနိုင်သေးတယ်လို့ပြောပါတယ်။ သိမ်းမိလက်နက်အနေနဲ့ကတော့ ဒုတိယနေ့က
တိုက်ပွဲမှာ သိမ်းမိတဲ့ ၆၀ ကျော်အပြင် ဒီနေ့မှာလည်း လက်နက်မျိုးစုံ ၆၀ ကျော် ထပ်မံသိမ်းမိတယ်လို့ပြောပါတယ်။

စစ်ဆင်ရေး ၃ ရက်တာအတွင်း စစ်ကောင်စီရဲ့ တပ်ရင်းဌာနချုပ်တွေအပါဝင် စခန်းပေါင်း ၃၀ နီးပါးကို သိမ်းပိုက်ထားပြီး မြို့ ၃ မြို့ရဲ့ နေရာအတော်များများကိုလည်း တော်လှန်ရေးတပ်တွေက ထိန်းချုပ်ထားနိုင်ပြီလို့ သိရပါတယ်။

ဒါ့အပြင်...

- ၁၀/၂၇ စစ်ဆင်ရေး အပိုင်း ၂ မှာ PDF  ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ရင်း၊
တပ်ဖွဲ့တွေ ပူးပေါင်းပါဝင်တိုက်ခိုက်နေတယ်လို့ NUG  ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်...

- မိုးကုတ်ဘက်သွားမယ့် စစ်ကောင်စီထောက်ပို့ယာဉ်နဲ့ တပ်ဖွဲ့ဝင် ၄ ဦးကို ပြင်ဦးလွင် PDF တွေက ဖမ်းမိ...

- ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာ ရဲစခန်းကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ တိုက်ခိုက်တဲ့အတွက် ရဲမှူးကြီးအပါဝင် ၁၂ ဦးသေဆုံး...

- မြင်းခြံမြို့နယ်၊ လေးရွာဆုံ ဘုန်းကြီးကျောင်းအတွင်း တပ်စွဲထားတဲ့ အင်အား ၆၀ ခန့်ရှိ စစ်ကောင်စီတပ်ကို ဒေသခံတော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်...

- တနင်္သာရီမြို့နယ်က သကျက်နဲ့ ဘန်လောကျေးရွာအုပ်စုထဲက ရွာတွေကို စစ်တပ်က လေယာဉ်နဲ့ဗုံးကြဲတဲ့အတွက် ကလေးငယ်တဦး ဒဏ်ရာရပြီး နေအိမ်တလုံး ပျက်စီး...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

Wednesday, June 26, 2024

တပ်ရင်းဌာနချုပ်တွေအပါဝင် စစ်ကောင်စီစခန်း ၂၄ ခုကို TNLA သိမ်းပိုက် ... က...


တပ်ရင်းဌာနချုပ်တွေအပါဝင် စစ်ကောင်စီစခန်း ၂၄ ခုကို TNLA သိမ်းပိုက် ...  ကျောက်တံခါးမြို့က ကင်းစခန်းတွေကို PDF တိုက်ခိုက်... နောက်ဆုံးရ တိုက်ပွဲသတင်းများ

(၂၇ -၆ -၂၀၂၄)

ဇွန် ၂၅ မှာ စတင်တဲ့ ၁၀/၂၇ စစ်ဆင်ရေး အပိုင်း ၂၊ ဒုတိယနေ့အထိ ကျောက်မဲ၊ နောင်ချို၊ မိုးကုတ် မြို့နယ် ၃ ခုမှာ စစ်ကောင်စီ တပ်ခစန်း ၂၄ ခုကို သိမ်းပိုက်ထားနိုင်ပြီဖြစ်ပြီး စစ်ကောင်စီ တပ်ဘက်က လက်နက်ချ အလင်းဝင်လာသူ အနည်းဆုံး ၁၇ ဦး ရှိနေပြီလို့ TNLA (တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်) ပြောခွင့်ရက BNN ကို ပြောပါတယ်။

မနေ့ ညနေ ၄ နာရီမှာ လက်နက်ချတဲ့ ဒီ ၁၇ ဦးကတော့ ကျောက်မဲ အခြေစိုက် စကခ ၁ ကဖြစ်တယ်လို့ TNLA ပြောခွင့်ရ လွေးယေဦးက ပြောပါတယ်။ 

စစ်ဆင်ရေးအပိုင်း ၂ မှာ ပူးပေါင်းပါဝင်တဲ့ မဟာမိတ်တွေထဲမှာ PDF-MDY,  ဓနုတပ်ဖွဲ့၊ MNDAA နဲ့ အခြား တော်လှန်ရေးတပ်တွေ ပါဝင်တယ်လို့လည်းပြောပါတယ်။

သိမ်းပိုက်တဲ့ စခန်း ၂၄ ခုထဲမှာ ကျောက်မဲမြို့နယ်ရှိ အမှတ် ၃၅၂ အမြောက်တပ်ကုန်း၊ ရဲစခန်းနဲ့ ထွေ/အုပ်ရုံး အပါအဝင် စခန်း ၈ ခု၊ နောင်ချိုက ခလရ ၁၁၅ နဲ့  ရဲစခန်း အပါအဝင် စခန်း ၁၀ ခု၊ မိုးကုတ်က ဒေါ်နန်းကြည်တောင် စခန်း၊ ဗျူဟာ စခန်းကုန်း စတဲ့ စခန်းတွေ ပါဝင်တယ်လို့ ပြောပါတယ်။

သိမ်းမိ လက်နက်က ၅၀ ကျော်ရှိပြီး ၆၀ မမ မော်တာ၊ RPG ပုခုံးထမ်းလောင်ချာနဲ့ လက်နက်ငယ်တွေ ပါဝင်တယ်လို့ ပြောပါတယ်။

ဒါ့အပြင်...

-  ဘောလခဲမြို့နယ်၊ နန်းဖဲ ကျေးရွာအနီးရှိ မယ်စလောင်းတောင်က စစ်ကောင်စီစခန်းကို ကရင်နီ ပူးပေါင်းတပ်က သိမ်းပိုက်...

- BGF နယ်ခြားစောင့်တပ်ကနေ နွေဦးတော်လှန်ရေးထဲပါဝင်လာတဲ့ ကလလတ (ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး - KNPLF) ရဲ့ ၄၆ နှစ် ပြည့် မွေးနေ့ပွဲ ကျင်းပ...

- ပဲခူးတိုင်း၊ ကျောက်တံခါးမြို့၊  ဈေးပိုင်းရပ်ကွက်ရှိ စစ်ကောင်စီ ဂိတ် ကင်းစခန်းနဲ့ ရွှေဘုန်း စစ်ဆေးရေး ဂိတ်စခန်းတို့ကို တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်...

- ရေးမြို့ မြို့မရဲစခန်းက ဒုတပ်ကြပ် တဦး လက်နက်နဲ့အတူ အလင်းဝင်လာတယ်လို့ ရေးဘီလူး အဖွဲ့က သတင်းထုတ်ပြန်...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

Tuesday, June 25, 2024

၁၀၂၇ စစ်ဆင်ရေး ဒုတိယ အဆင့်ပြန်စ ... WFP သိုလှောင်ရုံကို စစ်တပ်က မီးရှို့...


၁၀၂၇ စစ်ဆင်ရေး ဒုတိယ အဆင့်ပြန်စ ... WFP သိုလှောင်ရုံကို စစ်တပ်က မီးရှို့ မှတ်တမ်းထွက်လာ ... နောက်ဆုံးရ တိုက်ပွဲသတင်းများ

(၂၆-၆-၂၀၂၄)

ရှမ်းမြောက်ဒေသ ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်မြို့နယ်ရှိ တအာင်းတပ်မတော် PSLF/TNLA ထိန်းချုပ်နယ်မြေထဲ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလာတဲ့အတွက် မနေ့မနက်ပိုင်းကစပြီး တိုက်ပွဲဖြစ်နေတယ်လို့ TNLA ပြောခွင့်ရက BNN ကို ပြောပါတယ်။

TNLA နဲ့အတူ ပါဝင်တဲ့ မဟာမိတ် တပ်တွေ၊ သိမ်းမိစခန်းတွေ၊ စစ်ကောင်စီဘက်က အကျအဆုံးတွေကိုတော့ မပြောနိုင်သေးဘူးလို့ ဆိုပါတယ်။ 

PDF မိုးကုတ် ဗျုဟာကတော့ ၁၀/၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းကို ကြိုဆိုပြီး မိုးကုတ်ဗျူဟာက တပ်ရင်း ၁၂၂၁၊ ၁၂၂၂၊ ၁၂၂၃၊ ၁၂၂၄ တပ်ရင်း ၄ ရင်း ဒီစစ်ဆင်ရေးမှာ ပူးပေါင်း ပါဝင် တိုက်ခိုက်နေတယ်လို့ ကြေညာချက် ထုတ်ထားပါတယ်။

PDF မန္တလေးလည်း ပါဝင်နေတယ်လို့ သိရပေမယ့် ကြေညာချက် ထုတ်ပြန်တာတော့ မတွေ့ရသေးပါဘူး။

မန္တလေးတိုင်း မတ္တရာမြို့နယ်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး မတ္တရာမြို့ရှိ လေကြောင်းရန် ကာကွယ်ရေးတပ်ကို PDF တွေက သိမ်းပိုက်လိုက်ပြီ၊ နောင်ချိုမြု့ိကို TNLA က သိမ်းပိုက်ထားလိုက်ပြီလို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဒါ့အပြင်

- ပခုက္ကူမြို့နယ်၊ ဖလံအိုကျေးရွာအုပ်စု၊ ရှင်မကန်ရွာရှိ ပျုစောထီး စခန်းကို တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ပြီး စစ်ကောင်စီဘက်က အကျအဆုံးများကာ လက်နက် ၆ လက် သိမ်းမိ...

-  မံစီနဲ့ မိုးမောက်ဘက်မှာ အရပ်ဝတ်နဲ့ ရိက္ခာထွက်သယ်တဲ့ စစ်သားတွေကို KIA နဲ့ မဟာမိတ်တွေက တိုက်ခိုက်...

- မတူပီမြို့အခြေစိုက် ခလရ ၁၄၀ နဲ့ ဗျူဟာကုန်းရဲ့ ကာကင်း စခန်းတွေကို သိမ်းပိုက်ထားနိုင်ပြီလို့ ချင်းညီနောင် အဖွဲ့က သတင်းထုတ်ပြန်...

- မောင်တောမြိုနယ်၊ ဝေသာလီ ကျေးရွာရှိ WFP (ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်) အဖွဲ့ရဲ့ သိုလှောင်ရုံတွေနဲ့ လူနေအိမ်တွေကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတဲ့ ရုပ်/သံ မှတ်တမ်းတခုကို AA က ထုတ်ပြန်...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

Monday, June 24, 2024

သံတွဲနဲ့ ငပလီမှာ တိုက်ပွဲပြင်းထန်... အင်းတော်ကြီးဝန်းကျင်က စစ်ကောင်စီစခန...


သံတွဲနဲ့ ငပလီမှာ တိုက်ပွဲပြင်းထန်... အင်းတော်ကြီးဝန်းကျင်က စစ်ကောင်စီစခန်း ၃ ခု KIA သိမ်းပိုက်... နောက်ဆုံးရ တိုက်ပွဲသတင်းများ

(၂၅- ၆ -၂၀၂၄)

ရခိုင်ပြည်နယ်၊ သံတွဲနဲ့ ငပလီမြို့တွေမှာ တိုက်ပွဲပြင်းထန်နေတဲ့အတွက် မြို့ခံလူထု အတော်များများ မြို့ကို စွန့်ခွာထွက်ပြေးနေကြတယ်လို့ ဒေသတွင်း မီဒီယာ Western News က ဖေါ်ပြပါတယ်။

ငပလီမြို့ထဲက သံတွဲလေဆိပ်နဲ့ လေဆိပ်လုံခြုံရေး ခမရ (၅၆၆) တပ်ရင်းဌာနချုပ်တွေကို AA -အာရက္ခတပ်တော်က သိမ်းပိုက်လိုက်ပြီလို့ သတင်းတွေထွက်နေပေမယ့် AA ဖက်က အတည်ပြုပြောဆိုတာ မရှိသေးပါဘူး။

စစ်ကောင်စီဖက်ကတော့ လေဆိပ်မကျစေရေးအတွက် ကြည်း၊ ရေ၊ လေ သုံးခုစလုံးနဲ့ အသည်းအသန်ခုခံနေတယ်လို့ ဆိုပါတယ်။ တကယ်လို့ သံတွဲလေဆိပ်ကျသွားရင် ဒါဟာ လွတ်မြောက်ဒေသအတွက် ပထမ ဆုံးလေဆိပ် ဖြစ်လာနိုင်တယ်လို့ ဖေါ်ပြထားပါတယ်။

ဒါ့အပြင်...

- မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးအနောက်ဘက်ကမ်းရှိ စစ်ကောင်စီတပ်စခန်း ၃ ခုကို KIA - နဲ့ မဟာမိတ်တွေက တိုက်ခိုက်သိမ်းယူ...

- ရှမ်းမြောက် အပစ်ရပ်ဒေသတွင်းရှိ  ကျောက်မဲ၊ နောင်ချိုု၊ မိုးကုတ်မြိုန့ယ်က TNLA -တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် ထိန်းချုုပ် ကျေးရွာတွေကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်...

- ချောင်းဦးမြို့နယ်၊ မြပုလဲ-ဆီဆိုင်ဂိတ်ကနေ မိုင်းရှင်းဖို့ထွက်လာတဲ့ စစ်သားတွေကို တော်လှန်ရေးတပ်တွေက မိုင်းထပ်ဆွဲတဲ့အတွက် စစ်သား ၂ ဦး သေဆုံး...

- တနသာၤရီမြစ်ဘေးက အောင်သာဝရ- စစ်ကောင်စီစခန်းကို သိမ်းပြီးပြန်လာတဲ့ ရှေ့တန်းပြန် တော်လှန်ရေးရဲဘော်တွေကို ဒေသခံလူထုက ဂုဏ်ပြုကြိုဆို...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

ဒီမိုကရေစီနဲ့ လွတ်လပ်ခွင့်ရရှိရေး ယုံကြည်မှုအတွက် တိုက်ပွဲဝင်နေတာကို လေး...


“မြန်မာလူထုရဲ့ ဒီမိုကရေစီနဲ့ လွတ်လပ်ခွင့်ရရှိရေး ယုံကြည်မှုအတွက် တိုက်ပွဲဝင်နေတာကို လေးစားဂုဏ်ယူပါတယ်။ ဆက်လက်တိုက်ပွဲဝင်ကြပါ”

- ကိုထိန်လင်း (ဒေါ်အောင်ဆန်းစုကြည်၏ သားအငယ်)

(၂၄- ၆ -၂၀၂၄)

“မြန်မာလူထုရဲ့ ဒီမိုကရေစီနဲ့ လွတ်လပ်ခွင့်ရရှိရေး ယုံကြည်မှုအတွက် တိုက်ပွဲဝင်နေတာကို လေးစားဂုဏ်ယူပါတယ်။ ဆက်လက်တိုက်ပွဲဝင်ကြပါ” လို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားအငယ် ကိုထိန်လင်းက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ ဖမ်းဆီးခြင်းခံနေရသူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၉ နှစ်ပြည့် မွေးနေ့ပွဲတခု နော်ဝေနိုင်ငံ၊ ဖရိုးလန်းရှိ ဒေါ်အောင်ဆန်းစုကြည် ပန်းခြံမှာ ကျင်းပစဉ် သူက အဲဒီလို ပြောခဲ့တာပါ။

အခု ဖရိုးလန်းမြို့မှာကျင်းပတဲ့ ဒေါ်အောင်ဆန်စုကြည်ရဲ့ ၇၉ နှစ်ပြည့် မွေးနေ့ပွဲအကြောင်း စုစည်းတင်ပြချက်ကို ကြည့်ရှု-နားဆင်နိုင်ပါပြီ...။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

Sunday, June 23, 2024

စစ်သား (၂၁) ဦးကို KNLA က သုံ့ပန်းအဖြစ်ဖမ်းဆီး ... TNLA နဲ့ စစ်ကောင်စီတပ်...


စစ်သား (၂၁) ဦးကို KNLA က သုံ့ပန်းအဖြစ်ဖမ်းဆီး ... TNLA နဲ့ စစ်ကောင်စီတပ် တိုက်ပွဲဖြစ်... နောက်ဆုံးရ တော်လှန်ရေးသတင်းများ

(၂၄- ၆- ၂၀၂၄)

တရုတ်ရဲ့ကြားဝင်မှုအရ အပစ်ရပ်ထားတဲ့ ရှမ်းမြောက်ဒေသထဲ စစ်ကောင်စီစစ်ကြောင်း ထိုး ဝင်လာလို့ ဇွန် ၂၂ ရက်၊ မနက် ၁၀ နာရီခန့်မှာ စစ်ကောင်စီတပ်နဲ့ TNLA တပ်တွေကြား ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ TNLA က သတင်းထုတ်ပြန်ပါတယ်။

မိုးကုတ်မြို့နယ်၊ မိုင်တိုင် အမှတ် (၅) တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PSLF/TNLA တည်ရှိရာသို့ စစ်ကောင်စီက ထိုးစစ်ဆင်လာတဲ့အတွက် မိုင်တိုင်အမှတ် (၇) အောက်ပိန်းပြစ်နဲ့ အထက်ပိန်းပြစ်ရွာကြားမှာ တိုက်ပွဲဖြစ်တာလို့ ဆိုပါတယ်။

စစ်ကောင်စီဖက်က ဟိုင်ဂင်- အပစ်ရပ်သဘောတူချက်ကို ချိုးဖောက်ပြီး TNLA နယ်မြေကို ဗုံးကြဲတာ၊ လမ်းတွေဖျက်ဆီးတာ လုပ်နေတယ်လို့ ကြေညာချက်တွေ ဆက်တိုက်ထွက်လာပြီးနောက်ပိုင်း အခု နှစ်ဖက် ရင်ဆိုင်တိုက်ပွဲသတင်း ပထမ ဆုံးအကြိမ် ထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။

ဒါ့အပြင်...

- အင်းတော်မြို့နယ်၊ နန့်သာကျေးရွာကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတဲ့အတွက် ဘုန်းတော်ကြီးတပါးအပါဝင် အရပ်သား ၇ ဦးသေဆုံးပြီး ၁၅ ဦးဒဏ်ရာရ...

- စုကလိ စခန်းသိမ်းတိုက်ပွဲအတွင်း တပ်ခွဲမှူး အပါအဝင် (၂၁) ဦးကို သုံ့ပန်းအဖြစ် ဖမ်းမိ...

- ကျိုက်မရောမြို့နယ်၊ တရနာကျေးရွာအနီးတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို မွန်ပြည်သစ်ပါတီ (AD) က ဝင်ရောက်တိုက်ခိုက်...

- ဆီဆိုင်မြို့နယ်၊ နောင်စကာကျေးရွာဘက်ကို စစ်ကောင်စီက စစ်ကြောင်းထိုးလာတဲ့အတွက် ဇွန် ၂၂ မနက် ၁၀ နာရီကနေ ညနေ ၄ နာရီအထိ ၂ ဖက် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ PNLA - သတင်းထုတ်ပြန်...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

Friday, June 21, 2024

တောင်ကုတ်တိုက်ပွဲမှာ စစ်ကောင်စီ အကျအဆုံးများ... ကျောက်လုံးကြီးစခန်းပြန်...


တောင်ကုတ်တိုက်ပွဲမှာ စစ်ကောင်စီ အကျအဆုံးများ...  ကျောက်လုံးကြီးစခန်းပြန်ရရေး စစ်ကောင်စီ ထိုးစစ်ဆင်... နောက်ဆုံးရ တော်လှန်ရေးသတင်းများ

(၂၂- ၆ - ၂၀၂၄)

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ နေပူတောင် အနီးမှာ AA (အာရက္ခတပ်တော်) နဲ့ စစ်ကောင်စီတပ်တွေ ဇွန် ၂၀ မနက်ပိုင်းက စပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသတွင်း မီဒီယာ Western News က ဖော်ပြပါတယ်။

ပဲခူးတိုင်း၊ ပြည်ဘက်ကနေ ရခိုင်ဘက် ထိုးဆင်းလာတဲ့ အင်အား ၁၅၀ ကျော်ပါ စစ်ကောင်စီ စစ်ကြောင်းကို AA က ကြားဖြတ်တိုက်ခိုက်ရာက တိုက်ပွဲဖြစ်တာလို့ ဒေသခံတွေ ပြောတာကို ကိုးကားဖော်ပြပါတယ်။

ဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က အကျအဆုံးများပြီး လေကြောင်းပစ်ကူ သုံးနေတယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင်...

- ဖားဆောင်း တိုက်ပွဲမှာ စစ်ကောင်စီဘက်က ပစ်လိုက်တဲ့ လက်နက်ကြီးတွေထဲ အဆိပ်ငွေ့ ပါတယ်လို့ ယူဆရပြီး အဲဒီအငွေ့ ရှူမိတဲ့ ကရင်နီရဲဘော်တွေ မူးဝေ အော့အန်နေ...

- စခန်းစွန့်ခွာ ထွက်ပြေးသွားတဲ့ တနင်္သာမြစ်ဘေးက ကျောက်လုံးကြီးစခန်းကို စစ်ကောင်စီက ပြန်ယူဖို့ ထိုးစစ်ဆင်လာတဲ့အတွက် ဒေသခံ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲပြင်းထန်နေ...

- မင်းတပ်မြို့နယ်နဲ့ မကွေးတိုင်း ယောနယ် အစပ်မှာရှိတဲ့ ရွှေအောင်သာ စခန်းက စစ်ကောင်စီ တပ်သားတွေ စခန်းကို မီးတင်ရှို့ပြီး စခန်းစွန့်ခွာ ထွက်ပြေးသွား...

- ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) PDF-MDY ရဲ့ အခြေခံ စစ်ပညာ သင်တန်း အပတ်စဉ် ၁၂/က သင်တန်းဆင်းပွဲ ကျင်းပ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

Thursday, June 20, 2024

ရေဖြူမြို့နယ် တိုက်ပွဲ စစ်ကောင်စီ အကျအဆုံးများ... TNLA နယ်မြေကို စစ်တပ်က...


ရေဖြူမြို့နယ် တိုက်ပွဲ စစ်ကောင်စီ အကျအဆုံးများ... TNLA နယ်မြေကို စစ်တပ်က ဆက်တိုက် ဗုံးကြဲနေ... နောက်ဆုံးရ တော်လှန်ရေးသတင်းများ

(၂၁- ၆- ၂၀၂၄)

တနင်္သာတိုင်း၊ ရေဖြူမြို့နယ်၊ မျောက်ချော ကျေးရွာအနီး စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေကြား ဇွန် ၁၉ က တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ၃၀ ခန့် သေဆုံးတယ်လို့ ဒေသတွင်းမီဒီယာ တနင်္သာရီတိုင်းမ်က ဖော်ပြပါတယ်။

မနက် ၈ နာရီကနေ ညနေ ၃ နာရီအထိ ၇ နာရီကြာ တိုက်ပွဲဖြစ်ရာမှာ စစ်ကောင်စီဘက်က စစ်သားတွေဟာ မူးယစ်ဆေး သုံးထားတဲ့ လက္ခဏာ တွေ့ရပြီး ပစ်ခတ်နေတဲ့ကြားက ထိုးတက်လာလို့ အခုလို အကျအဆုံးများတာလို့ MSRF (မွန် ပြည်တော်လှန်ရေးတပ်) တာဝန်ရှိသူတဦး ပြောတာကို ကိုးကားဖော်ပြပါတယ်။

ရားဖူး၊ မျောက်ချောဘက်မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေဟာ ပြင်းထန်ပြီး စစ်ကောင်စီဘက်က လေကြောင်းပစ်ကူ သုံးနေရပါတယ်။ တော်လှန်ရေးတပ်တွေဘက်က ဒီတိုက်ပွဲတွေအကြောင်း သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ 

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ထုတ်ပြန်ချက်ထဲမှာတော့ ရေး-ထားဝယ် ကားလမ်းပိုင်းကို စစ်တပ်က ပြန်ထိန်းချုပ်ဖို့ ကြိုးစားနေပြီး တိုက်ပွဲကြီးတွေ ဖြစ်လာနိုင်လို့ ဒီလမ်းကို အသုံးမပြုဘဲ ရှောင်ကြဖို့ တော်လှန်ရေးတပ်တွေက သတိပေးထားပါတယ်။

ဒီစစ်ဆင်ရေးမှာ MSRF (မွန်ပြည်တော်လှန်ရေးတပ်)၊ PDF - ဒေါနစစ်ကြောင်း၊ ABSDF တပ်ရင်း ၁၊ ကံပေါက် ပြည်သူ့ကာကွယ်ရေးတပ်နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေ ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင်...

- ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ကဇုကိုင်း ကျေးရွာအုပ်စု၊ သဲကမ်းထောင်း ကျေးရွာကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတဲ့အတွက် ကလေးငယ်တဦး အပါအဝင် ၃ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရ...

- မန္တလေးကနေ မုံရွာမြို့ဘက် ထွက်လာတဲ့ လက်နက် ရိက္ခာသယ် စစ်ကောင်စီ ယာဉ်တန်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်တဲ့အတွက် စစ်သား ၄ ဦး သေဆုံးပြီး တွဲကား ၃ စီး ပျက်စီး...

- ကချင်ပြည်နယ်၊ ဝိုင်းမော်-ဝါရှောင် လမ်းပိုင်းမှာ စစ်ကောင်စီတပ်နဲ့ KIA (ကချင်လွတ်လပ်ရေးတပ်မတော်) တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က အကျအဆုံး များနေ...

- ရှမ်းမြောက်ဒေသ အပစ်ရပ်နယ်မြေရှိ မိုးကုတ်မြို့နယ်၊ ဟိုဝိတ် ကျေးရွာကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတဲ့အတွက် အရပ်သားတဦး ထိခိုက်ပြီး ဘုန်းကြီးကျောင်းနဲ့ နေအိမ်တွေ ပျက်စီး... 

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

“စစ်ကောင်စီဘက်က ထင်ထားတာထက် ပိုပြိုကျနေပြီး တော်လှန်ရေးဘက်က မှန်းထားတာထက...


“စစ်ကောင်စီဘက်က ထင်ထားတာထက် ပိုပြိုကျနေပြီး တော်လှန်ရေးဘက်က
မှန်းထားတာထက် ပိုအောင်မြင်မှုရနေတယ်ဆိုတာကို မြင်ဖို့လိုတယ်”

- ဆလိုင်းယောမာန် (ပြောခွင့်ရပုဂ္ဂိုလ် - မင်းတပ်မြို့နယ်
ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့)

(20 -6- 2024)

“တော်လှန်ရေးအဖွဲ့တွေ အချင်းချင်းကြား ပွတ်တိုက်မှု၊ စစ်တပ်က
ရပ်ရွာတွေကို မီးရှိ့မှုတွေ ဆက်ရှိနေပေမယ့် ၃ နှစ်တာကာလ
တော်လှန်ရေးတခုလုံးကိုခြုံကြည့်မယ်ဆိုရင် -စစ်ကောင်စီဘက်က ထင်ထားတာထက်
ပိုပြိုကျနေပြီး တော်လှန်ရေးဘက်က မှန်းထားတာထက်
ပိုအောင်မြင်မှုရနေတယ်ဆိုတာကို မြင်ဖို့လိုတယ်- လို့ ချင်းပြည်နယ်၊
မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်
ဆလိုင်းယောမာန်က ပြောပါတယ်။

ချင်းတောင်တန်းပေါ်က ပွတ်တိုက်မှုတွေ၊ ရှမ်း-မြောက်က ပွတ်တိုက်မှုတွေ၊
ကရင်ဖက်က ပွတ်တိုက်မှုတွေနဲ့ စစ်တပ်ရဲ့ လူထုအပေါ် ဖိနှိပ်မှုတွေကြောင့်
လူအများစုဟာ အောင်မြင်မှုကို မမြင်နိုင်ပဲ အားနည်းချက်တွေကိုပဲ
မြင်နေမိသလား... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက
ဒီလိုဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာ...

- တော်လှန်ရေးတပ်တွေကြား အချင်းချင်း ပွတ်တိုက်မှုကို
ဘယ်လိုညှိနိုင်းအဖြေရှာကြမလဲ...

- စစ်ကောင်စီပြိုကျမှုနှုန်းနဲ့ တော်လှန်ရေးတပ်တွေရဲ့
အောင်မြင်မှုနှုန်းကို ဘယ်လိုခန့်မှန်း တွက်ချက်နိုင်မလဲ...

- ကပစ တွေကို သိမ်းလိုက်ရုံနဲ့ နေပြည်တော်ဟာ သိမ်းစရာမလိုပဲ ကျသွားနိုင်သလား...

- ပွဲသိမ်းတိုက်ပွဲအတွက် လူထုရဲ့ အားပေးထောက်ခံမှု ဘယ်လောက်အရေးကြီးသလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

Wednesday, June 19, 2024

စုကလိစခန်းကို KNLA သိမ်းပိုက် ... TNLA စခန်းကို စစ်တပ်က ဗုံးကြဲ... နောက်...


စုကလိစခန်းကို KNLA သိမ်းပိုက် ... TNLA စခန်းကို စစ်တပ်က ဗုံးကြဲ... နောက်ဆုံးရ တော်လှန်ရေးသတင်းများ

(၂၀- ၆- ၂၀၂၄)

ကရင်ပြည်နယ်၊ မြဝတီမြို့ တောင်ဘက်၊ KNLA တပ်မဟာ ၆ နယ်မြေအတွင်းရှိ စစ်ကောင်စီရဲ့ စစ်ဆင်ရေးခြေကုတ်စခန်း စုကလိ ကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်လိုက်တယ်လို့ SOG (Special Operation Group) က သတင်းထုတ်ပြန်ပါတယ်။

အင်အား ၅၀ ခန့်ရှိတဲ့ အဲဒီစခန်းကို ဇွန် ၁၇၊ မနက် ၇ နာရီမှာ SOG နဲ့ KNLA (ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်) ပူးပေါင်းတပ်က ဝင်ရောက် တိုက်ခိုက်တာဖြစ်ပြီး ၈ နာရီခန့်မှာ စစ်ကောင်စီတပ်သားအချို့ စခန်းစွန့်ခွာ ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။

တိုက်ပွဲမှာ စစ်ကောင်စီဘက်က အကျအဆုံးနဲ့ သိမ်းမိလက်နက်တွေကို စာရင်းလုပ်နေဆဲဖြစ်ပြီး SOG ဘက်ကတော့ ရဲဘော် ၇ ဦး ဒဏ်ရာရတယ်လို့ ဖော်ပြပါတယ်။

စုကလိ စခန်းက အင်အား ၅၀ ခန့်ရှိ ဒီတပ်ဖွဲ့ကို တော်လှန်ရေး အင်အားစုတွေဘက်က လက်နက်ချဖို့ အကြိမ်ကြိမ် သတိပေးခဲ့ပေမယ့် လက်မခံတာကြောင့် အခုလို ဝင်တိုက်ရတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင်...

- မွန်ပြည်နယ်နဲ့ တင်္သာရီနယ်စပ်ရှိ ကလိန်အောင် မြိုနယ်ထဲက ရာဖူး ကျေးရွာ အနောက်ဘက် ကလယ်ရွာ ပတ်ဝန်းကျင်မှာ ဇွန် ၁၉ မနက်ပိုင်းက တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲ...

- ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ဓညဝတီ ရေတပ်စခန်းအနီး စစ်ကောင်စီတပ်နဲ့ AA (အာရက္ခတပ်တော်) ဇွန် ၁၇ ရက်မှာ တိုက်ပွဲဖြစ်...

- ရှမ်းမြောက်ဒေသ နောင်ချိုမြို့နယ်ရှိ TNLA (တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်) အခြေစိုက်စခန်းကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တဲ့အတွက် TNLA တပ်ဖွဲ့ဝင် ၂ ဦး ကျဆုံးပြီး ၃ ဦး ဒဏ်ရာရတယ်လို့ မြောက်ပိုင်းညီနောင်အဖွဲ့က သတင်းထုတ်ပြန်...

- မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ တာအိုဂိတ်ကနေ ထွက်လာတဲ့ စစ်သားတဦးကို ဒေသခံ PDF တွေက လက်ရဖမ်းဖို့ ကြိုးစားစဉ် လက်နက်ပစ်ချ ထွက်ပြေးသွားတဲ့အတွက် လက်နက်ငယ်တလက် သိမ်းမိ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

“ရမ်ဘိုစတိုင်နဲ့ ပွဲသိမ်းတိုက်ပွဲတိုက်လို့ မရဘူး၊ တောင်တန်း-မြေပြန့် တော...


“ရမ်ဘိုစတိုင်နဲ့ ပွဲသိမ်းတိုက်ပွဲတိုက်လို့ မရဘူး၊ တောင်တန်း-မြေပြန့် တော်လှန်ရေးတပ်တွေ  ပူးပေါင်းဆောင်ရွက်ဖို့လိုတယ်”

- မာဝီ (ဒု စစ်ဦးစီးချုပ် - KNDF)

(၁၉ -၆- ၂၀၂၄)

“တော်လှန်ရေး ပွဲသိမ်းတိုက်ပွဲကို ရမ်ဘိုစတိုင်နဲ့ တကိုယ်ကောင်း၊ တဖွဲ့ကောင်း တိုက်လို့မရဘူး။ တောင်းတန်း-မြေပြန့်ဒေသရှိ တော်လှန်ရေးတပ်တွေ အားလုံးပူးပေါင်းဆောင်ရွက်ပြီး စစ်ကောင်စီရဲ့ နောက်ဆုံးခံတပ်ကို ဝင်တိုက်ဖို့လိုတယ်” လို့ KNDF - ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် ဒုတိယ စစ်ဦးစီးချုပ် မာဝီ က ပြောပါတယ်။

အညာဒေသက တော်လှန်ရေးအင်အားစုတွေ ဒီထက်ပိုစနစ်ကျရေး၊ ERO ဒေသအပြင် နေပြည်တော်ကို ဖိအားပေးနိုင်ရေး အလားအလာ ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာ...

- ရမ်ဘိုစတိုင်နဲ့ ပွဲသိမ်းတိုက်ပွဲ တိုက်လို့မရဘူးဆိုတာ ဘာကို ဆိုလိုတာလဲ...

- ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်ရေးကနေ ဆွေးနွေးရေးလေသံတွေ ထွက်လာတာ ဘာကြောင့်လဲ...

- စစ်ကောင်စီရဲ့ နောက်ဆုံးခံတပ်ကို တိုက်ခိုက်ရေး ဘယ်လောက်နီးစပ်လာနေပြီလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အချင်းချင်း ပွတ်တိုက်မှုတွေကို ဘယ်လိုညှိနိုင်းအဖြေရှာသင့်သလဲ... ဆလိုင်းယောမာန်နဲ့ မေးမြန်းချက် ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

Tuesday, June 18, 2024

“ခမရ ၃၀၄ ကိုသိမ်းပြီးပြီ၊ ခလရ ၁၄၀ ကို သိမ်းဖို့ ချင်းညီနောင်က ဆက်လုပ်နေပ...


“ခမရ ၃၀၄ ကိုသိမ်းပြီးပြီ၊ ခလရ ၁၄၀ ကို သိမ်းဖို့ ချင်းညီနောင်က ဆက်လုပ်နေပါတယ်”

- ဆလိုင်းယောမာန် (ပြောခွင့်ရပုဂ္ဂိုလ် - မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့) 

(၁၉ -၆- ၂၀၂၄)

“ချင်းပြည်နယ်၊ မတူပီမြို့က ခမရ ၃၀၄ ကို ဇွန် ၁၇ မှာ ချင်းညီနောင်တပ်ဖွဲ့တွေက သိမ်းပိုက်လိုက်ပြီး ကျန်နေသေးတဲ့ ခလရ ၁၄၀ နဲ့ စစ်ဗျုဟာတွေကို ဆက်သိမ်းဖို့ဆောင်ရွက်နေတယ်၊ ချင်းပြည်နယ်မှာ စစ်ကောင်စီကင်းစင်တဲ့အထိ ဆက်လုပ်သွားမှာဖြစ်တယ်” လို့ ချင်းညီနောင် အဖွဲ့ဝင်ဖြစ်တဲ့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဆလိုင်းယောမာန်က ပြောပါတယ်။

ချင်းတောင်တန်းပေါ်က တိုက်ပွဲအခြေအနေ၊ တနိုင်ငံလုံး ဟန်ချက်ညီ တိုက်ပွဲဖေါ်ဆောင်နိုင်မှု အလားအလာတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ...

- မတူပီမြို့က စစ်ကောင်စီတပ်ရင်းတွေကို ချင်းညီနောင်က ဘယ်လိုသိမ်းပိုက်လိုက်သလဲ...

- မင်းတပ်နဲ့ ဆက်စပ်ဒေသတွေမှာ စစ်ရေးလှုပ်ရှားမှု ပိုအားကောင်းလာသလား...

- ရှမ်းမြောက်မှာ အပစ်ရပ်ထားခြင်းက အခြားဒေသတွေရဲ့ စစ်ရေးလှုပ်ရှားမှုကို ထိခိုက်မှု ရှိစေသလား...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(နေပြည်တော်ဝန်းကျင်လောက်ကိုသာ ထိန်းနိုင်တော့တဲ့ စစ်ကောင်စီက ERO တခုလို ဒေသဆိုင်ရာအဖွဲ့အစည်းဖြစ်သွားနိုင်သလား... ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်။ ဒီညနေပိုင်းမှာတော့ KNDF ဒု စစ်ဦးစီးချုပ် မာဝီနှင့် မေးမြန်းချက် ဒုတိယ ပိုင်း ထုတ်လွှင့်ဖို့ရှိပါတယ်)

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

မတူပီ ခမရ (၃၀၄) ကို ချင်းညီနောင် သိမ်းပိုက် ... NMSP-AD-က စစ်သင်တန်းဆင်း...


မတူပီ ခမရ (၃၀၄) ကို ချင်းညီနောင် သိမ်းပိုက် ... NMSP-AD-က စစ်သင်တန်းဆင်း... နောက်ဆုံးရ တော်လှန်ရေးသတင်းများ

(၁၉ -၆- ၂၀၂၄)

ချင်းပြည်နယ်၊ မတူပီမြို့က စစ်ကောင်စီတပ်ရင်း ခမရ (၃၀၄) ဌာနချုပ်ကို ချင်းညီနောင်အဖွဲ့က သိမ်းပိုက်လိုက်ပြီလို့ ချင်းညီနောင်အဖွဲ့ဝင် မင်းတပ်မြိုနယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဆလိုင်းယောမာန်က BNN ကိုပြောပါတယ်။

ဇွန် ၉ မှာ ဒီစစ်ဆင်ရေးကိုစတင်ပြီး ဇွန် ၁၇ မှာ ခမရ (၃၀၄) ကို သိမ်းပိုက်နိုင်တာဖြစ်ပါတယ်။ ဟောင်ဝစ်ဇာ အမြောက်တွေ အပါအဝင် လက်နက်ကြီးငယ် အများအပြား သိမ်းဆည်းရမိတာကိုလည်း ဓာတ်ပုံမှတ်တမ်းထဲ တွေ့ရပါတယ်။

ဒီစစ်ဆင်ရေးမှာ ချင်းညီနောင်တပ်တွေနဲ့ အတူ AA (အာရက္ခတပ်တော်)၊ Yaw Army နဲ့ အခြားမဟာမိတ်တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။ 

မတူပီမှာ ကျန်နေသေးတဲ့ ခလရ (၁၄၀) နဲ့ စစ် ဗျူဟာတခုကို ဆက်လက် ထိုးစစ်ဆင်နေတယ်လို့ ဆလိုင်းယောမာန်က ပြောပါတယ်။

ဒ့ါအပြင်...

- တောင်ကုတ်မြို့နယ်၊ ကံဆိပ် ကျေးရွာကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတဲ့အတွက် ၇ နှစ်အရွယ် ကလေးငယ်တဦး အပါအဝင် အရပ်သား ၃ ဦး သေဆုံး...

- မြစ်ကြီးနားမြို့အဝင်လမ်း တနေရာကို စစ်ကောင်စီက မြေတူးစက်နဲ့ တူးဖြိုပြီး လမ်းပိတ်ဆို့ထား...

- NMSP-AD- မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) ရဲ့ အခြေခံစစ်သင်တန်း အပတ်စဉ် ၂ သင်တန်းဆင်းပွဲကျင်းပ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

“တိုက်ပွဲနည်းပြီး သင်တန်းများနေခြင်းက မကြာခင်မှာ အင်နဲ့အားနဲ့ ချမယ်ဆိုတဲ...


“တိုက်ပွဲနည်းပြီး သင်တန်းများနေခြင်းက မကြာခင်မှာ အင်နဲ့အားနဲ့ ချမယ်ဆိုတဲ့သဘောပါပဲ” 

- မာဝီ (ဒု စစ်ဦးစီးချုပ် - KNDF)

(၁၈- ၆- ၂၀၂၄)

“အခု လပိုင်းအတွင်း ကရင်နီဒေသမှာ တိုက်ပွဲနည်းပြီး သင်တန်းတွေများနေခြင်းက မကြာခင်မှာ အင်နဲ့အားနဲ့ ချမယ်ဆိုတဲ့သဘောဖြစ်တယ်။ ၁၁၁၁ စစ်ဆင်ရေးရဲ့ ဒုတိယ အဆင့်ကို မကြာခင် စတင်မှာဖြစ်တယ်” လို့ KNDF (ကရင်နီအမျိုးသားများကာကွယ်ရေးတပ်) ဒုတိယ စစ်ဦးစီးချုပ် မာဝီက ပြောပါတယ်

ကရင်နီဒေသက တိုက်ပွဲအခြေအနေ၊ စစ်ကောင်စီဖက်က အနေအထား၊ တည်ဆောက်ရေးနဲ့ တိုက်ခိုက်ရေးကို ဘယ်လိုဟန်ချက်ညီလုပ်ဆောင်သလဲ...စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ...

- ၁၁၁၁ စစ်ဆင်ရေး ၆ လတာအတွင်း ဘယ်လောက်အထိ အောင်မြင်မှု ရနေပြီလဲ...

- ၁၀၂၇ စစ်ဆင်ရေး ရပ်နားလိုက်ခြင်းက အခြားဒေသတွေဆီ ဘယ်လို ရိုက်ခတ်မှု ရှိစေခဲ့သလဲ...

- တည်ဆောက်ရေးနဲ့ တိုက်ခိုက်ရေးကို ဘယ်လို ဟန်ချက်ညီ ဆောင်ရွက်နေသလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(ERO ဒေသအပြင် တနိုင်ငံလုံး စစ်ရေးလှုပ်ရှားမှု ဟန်ချက်ညီအောင် ဘယ်လိုဆောင်ရွက်သင့်သလဲ... ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

Monday, June 17, 2024

တောင်ကုတ် တက္ကသိုလ်ဝင်းအတွင်း လက်နက်ကြီးကျ ... ကျောက်လုံးကြီးစခန်းက စစ်တ...


တောင်ကုတ် တက္ကသိုလ်ဝင်းအတွင်း လက်နက်ကြီးကျ ... ကျောက်လုံးကြီးစခန်းက စစ်တပ် စခန်းစွန့်ခွာ... နောက်ဆုံးရ တော်လှန်ရေးသတင်းများ

(၁၈- ၆- ၂၀၂၄)

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့က တက္ကသိုလ်ဝင်းအတွင်း စစ်ကောင်စီက ပစ်လိုက်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး သင်တန်းရေးရာဌာနမှူး အိမ်နဲ့ ကား ပျက်စီးသွားတယ်လို့ ဒေသတွင်းမီဒီယာ Western News က ဖော်ပြပါတယ်။

ဇွန် ၁၇ မှာ တောင်ကုတ်မှာ တိုက်ပွဲမဖြစ်ပွါးဘဲနဲ့ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်တာလို့ ဆိုပါတယ်။ ဇွန် ၁၅ တုန်းကတော့ တောင်ကုတ်မြို့အတွင်း တိုက်ပွဲဖြစ်ခဲ့ပါတယ်။

တာင်ကုတ်တိုက်ပွဲနဲ့ ပတ်သက်ပြီး AA (အာရက္ခတပ်တော်) ဘက်က သတင်းမထုတ်ပြန်သေးပါဘူး။ ဇွတ် ၁၆ ရက်ည AA ထုတ်ပြန်ချက်မှာတော့ မောင်တောမြို့မှာ နောက်ဆုံးကျန်နေတဲ့ စစ်ကောင်စီ စခန်းတွေကို သိမ်းပိုက်တော့မှာမို့ မြို့တွင်းက ပြည်သူတွေ စစ်တပ်နဲ့ ဝေးရာကို အမြန်ဆုံး ရှောင်ကြဖို့ နှိုးဆော်ထားပါတယ်။

ဒါ့အပြင်...

- တနင်္သာရီတိုင်း၊ ပုလောမြို့နယ် အရှေ့ဘက် တနင်္သာရီ မြစ်ဘေးရှိ ကျောက်လုံးကြီး စခန်းက စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ စခန်းစွန့်ခွာ ထွက်ပြေး...

-  ထားဝယ်မြို့နယ်၊ ဇဟာနဲ့ မောင်မယ်ရှောင် ရွာအကြားက တံတားဖြူအနီး ရောက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်...

- မံစီမြို့နယ်၊ KIA (ကချင် လွတ်လပ်ရေးတပ်မတော်) က သိမ်းပိုက်ထားတဲ့ နယ်မြေအတွင်းရှိ ဟန်ထက် ကျေးရွာကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲ...

- ရှမ်းမြောက်ဒေသ၊ အပစ်ရပ်နယ်မြေအတွင်းရှိ မိုးမိတ်နဲ့ နောင်ချိုမြို့က ကျေးရွာတွေကို စစ်တပ်က လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်နေ...

- PDF၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ နေပြည်တော်တိုင်းစစ်ဌာန အမှတ်စဉ် ၂/၂၀၂၄ သင်တန်းဆင်းပွဲကျင်းပ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

“စစ်ကောင်စီ အပြတ်ရှင်းရေးကို အရင်လုပ်ပါ၊ အခုချိန်မှာ နယ်မြေကိစ္စဆွေးနွေး...


“စစ်ကောင်စီ အပြတ်ရှင်းရေးကို အရင်လုပ်ပါ၊ အခုချိန်မှာ နယ်မြေကိစ္စဆွေးနွေးရင် ညီညွတ်ရေး ထိခိုက်နိုင်တယ်”

- ဦးသန်းစိုးနိုင် (စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ)

(၁၇- ၆- ၂၀၂၄)

“စစ်ကောင်စီကို အပြတ်ရှင်းပြီးမှ ဒီကိစ္စတွေကို ဆွေးနွေးသင့်တယ်။ အခုချိန်မှာ နယ်မြေကိစ္စ ဆွေးနွေးမယ်ဆိုရင် ညီညွတ်ရေးကိုထိခိုက်စေပြီး တော်လှန်ရေးအကျိုးစီးပွားကိုပါ ထိခိုက်နိင်တယ်” လို့ စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ ဦးသန်းစိုးနိုင်ကပြောပါတယ်။

လွတ်မြောက်နယ်မြေအသစ်တွေပေါ်လာပြီးတဲ့နောက် ရှမ်းပြည်နယ်အပါဝင် နေရာအတော်များများမှာ တော်လှန်ရေးတပ်တွေအချင်းချင်းကြား နယ်မြေအငြင်းပွားမှု ဖြစ်ပေါ်နေတာနဲ့ပတ်သက်ပြီး ... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာ...

- တော်လှန်ရေးတပ်ဖွဲ့တွေအချင်းချင်းကြား နယ်မြေသစ်တွေကိစ္စ ဘယ်လိုညှိနိုင်းဆောင်ရွက်သင့်သလဲ...

- နေပြည်တော်ကို မသိမ်းနိုင်သေးသရွေ့ စစ်ကောင်စီ ပြုတ်ပြီလို့ မဆိုနိုင်...

- စစ်ကောင်စီ ပြန်ပြီး နလန်မထူနိုင်အောင် ဘယ်လိုဆောင်ရွက်ကြမလဲ...

... စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(မနက်ဖန်မှာတော့ KNDF ဒုတိယ စစ်ဦးစီးချုပ်နဲ့ မေးမြန်းချက်ကို ထုတ်လွှင့်ပေးဖို့ စီစဉ်ထားပါတယ်) 

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

Sunday, June 16, 2024

မောင်တောမြို့က ပြည်သူတွေ အမြန်ဆုံးထွက်ခွာဖို့ AA သတိပေး ... မတူပီမှာ တို...


မောင်တောမြို့က ပြည်သူတွေ အမြန်ဆုံးထွက်ခွာဖို့ AA သတိပေး ... မတူပီမှာ တိုက်ပွဲပြင်းထန်... နောက်ဆုံးရ တော်လှန်ရေးသတင်းများ

(၁၇- ၆- ၂၀၂၄)

ရခိုင်ပြည်နယ်၊ မောင်တောမြို့မှာ စစ်ကောင်စီက မြို့တွင်းတိုက်ပွဲလုပ်ဖို့ ပြင်ထားတဲ့အတွက် တိုက်ပွဲအတွင်း လူထုတွေ ပိတ်မိမနေဖို့ မြို့ခံတွေအားလုံး ဇွန် ၁၆ ရက်၊ ည ၉ နာရီက စတင်ပြီး မြို့ကနေ အမြန်ဆုံး ထွက်ခွာကြဖို့ AA (အာရက္ခတပ်တော်)၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်က သတင်းထုတ်ပြန်ပါတယ်။

မောင်တောမြို့နယ်ရှိ စစ်ကောင်စီ စခန်းများအားလုံးနီးပါးကို အာရက္ခတပ်တော်က သိမ်းပိုက်ပြီးတဲ့နောက် စစ်ကောင်စီက မောင်တောမြို့ကို စစ်စခန်းသဖွယ် အသုံးပြုပြီး ခုခံဖို့ ပြင်နေတာ တွေ့ရတယ် … လမ်းမတွေ၊ နေအိမ်တွေပေါ်မှာ နေရယူပြီး စနိုက်ပါ လက်ဖြောင့်သေနတ်နဲ့ ပစ်ဖို့ပြင်နေတာတွေ တွေ့ရတဲ့အတွက် စစ်တပ်နဲ့ ဝေးရာဆီ လူထုက အမြန် ရှောင်ဖို့ လိုတယ်လို့ ဖော်ပြပါတယ်။

မောင်တောမှာ နောက်ဆုံး ကျန်နေတဲ့ စစ်တပ် စခန်းတွေကို AA (အာရက္ခတပ်တော်) က ထိုးစစ်ဆင်တော့မှာဖြစ်တဲ့အတွက် အခုလို အရေးပေါ် သတိပေးချက် ထုတ်ပြန်ရတာဖြစ် တယ်လို့  ဖော်ပြထားပါတယ်။

ဒါ့အပြင်...

- တောင်ကုတ်မှာ စစ်ကောင်စီနဲ့ AA (အာရက္ခတပ်တော်) တိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီဘက်က အကျအဆုံး များနေ...

- မတူပီမြို့မှာ ဇွန် ၉ ရက်က စတင်လိုက်တဲ့ ချင်းညီနောင် စစ်ဆင်ရေးမှာ ရဲစခန်းနဲ့ ထွေ-အုပ်ရုံး အပါအဝင် မြို့တွင်းက အရေးကြီးနေရာ အတော်များများကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်ထား...

- ပခုက္ကူမြို့နယ်၊ ရေလာလေး ရွာရှိ ပျူစောထီး စခန်းကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဗုံးကြဲ၊ မြေပြင်ကနေ ဝင်တိုက်ခိုက်တဲ့အတွက် စစ်သားနဲ့ ပျူစာထီးတွေ သေဆုံးမှုရှိ...

- ထားဝယ်မြို့၊ အိမ်ရှေ့ပြင် ရပ်ကွက်အနီး အသစ်ဆောက်ထားတဲ့ စစ်တပ် စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

“စစ်တပ်က လာတိုက်တဲ့အထိ စောင့်နေဖို့ မလိုဘူး”


“စစ်တပ်က လာတိုက်တဲ့အထိ စောင့်နေဖို့ မလိုဘူး”

- ဦးသန်းစိုးနိုင် (စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ)

(၁၆- ၆- ၂၀၂၄)

“ဟိုဂင်သဘောတူညီချက်ကို လိုက်နာပါတယ်ဆိုပြီး စစ်တပ်က လာတိုက်တဲ့အထိ စောင့်နေရင် နောက်ကျသွားလိမ့်မယ်။ ကိုယ်က အရင်တိုက်နိုင်ဖို့ လိုပါတယ်” လို့ စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ ဦးသန်းစိုးနိုင်ကပြောပါတယ်။

အပစ်ရပ် ရှမ်းမြောက်ဒေသ လားရှိုးဝန်းကျင်မှာ ဖြစ်ပေါ်နေတဲ့  စစ်ရေးတင်းမာမှုအခြေအနေတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ...

- KIA ရဲ့ စစ်ရေးအစီအမံတွေက ၁၀၂၇ လိုပဲ အရှိန်ကောင်းနေသလား...

- ကန်ပိုက်တည်နဲ့ မြဝတီ နှိုင်းယှဉ်စရာမလိုဘူးလို့ ဘာကြောင့်ပြောတာလဲ...

- ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း မကြာခင်မှာ ပြန်ပေါ်လာနိုင်သလား...

... စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

( နယ်စပ်ကကျောက ERO ဒေသတွေအပြင် နေပြည်တော်သိမ်းပိုက်ရေးအတွက် ဘယ်လိုစဉ်းစားသင့်သလဲ...ဆွေေးနွးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

Friday, June 14, 2024

မောင်တောက နယ်ခြားစောင့် တပ်စခန်း ၄ ခု AA သိမ်းပိုက်... တနသာၤရီမြစ်ဘေးက အ...


မောင်တောမြို့နယ်က နယ်ခြားစောင့် တပ်စခန်း ၄ ခုကို AA သိမ်းပိုက်... တနသာၤရီမြစ်ဘေးက အောင်သာဝရ စခန်းကို KNLA သိမ်းပိုက်... နောက်ဆုံးရ တော်လှန်ရေးသတင်းများ

(၁၅- ၆- ၂၀၂၄)

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ “မောရဝတီဗျူဟာ” စခန်း အပါအဝင် စစ်တပ်နဲ့ နယ်ခြားစောင့် ရဲစခန်း ၄ ခုကို ဒီလ ဒုတိယပတ်အတွင်း သိမ်းပိုက်လိုက်ပြီး မောရဝတီ ဗျူဟာမှူး ဗိုလ်မှူးကြီး တေဇာဌေး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ ကျော်ကို ချေမှုန်းနိုင်ခဲ့တယ်လို့ AA (အာရက္ခတပ်တော်) က သတင်းထုတ်ပြန်ပါတယ်။

အဲဒီစခန်း ၄ ခုကတော့ နခခ (၄) တပ်ရင်းဌာနချုပ်၊ အလယ်သံကျော်စခန်း၊ မောရဝတီဗျူဟာနဲ့ နခေါင်းတိုစခန်းတို့ဖြစ်တယ်လို့ ဖေါ်ပြပါတယ်။ ပြီးခဲ့တဲ့ ဇွန် ပထမ သီတင်းပတ်အတွင်း အရေးကြီး စစ်တပ်စခန်း၊ နယ်ခြားစောင့်တပ်စခန်း ၆ ခုကို သိမ်းပိုက်ပြီးတဲ့နောက် ဒုတိယ သီတင်း ပတ်မှာ နောက်ထပ် ၄ ခုကို သိမ်းလိုက်တာလည်းဖြစ်ပါတယ်။

မောင်တောအပြင် အမ်းမြို့နယ်နဲ့ သံတွဲ မြို့နယ်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး တောင်ကုတ်မြို့နဲ့ ၈ မိုင်အကွာရှိ တောင်ကုတ်-အမ်း ကားလမ်းမပေါ်က “ရွှေကွမ်းစမ်း တံတား” ကို စစ်ကောင်စီက မိုင်းခွဲဖျက်ဆီးလိုက်တယ်လို့လည်း ဖော်ပြပါတယ်။

တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က အကျအဆုံးများတဲ့အပြင် လက်ရ ဖမ်းမိတာတွေရှိပြီး လက်နက်ခဲယမ်းတွေ အမြောက်အမြား သိမ်းဆည်းရမိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒ့ါအပြင်....

- ထားဝယ်နဲ့ ပုလောမြို့နယ်အစပ် တနင်္သာရီ မြစ်ဘေးရှိ အောင်သာဝရ စစ်ကောင်စီ အခြေချစခန်းကို KNLA နဲ့ PDF ပူးပေါင်းတပ်တွေက သိမ်းပိုက်...

- ဝိုင်းမော်-ချီဖွေ လမ်းပေါ် ရှိ ဆနီးခူ ကျေးရွာက စစ်တပ်၊ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်တွေရဲ့ စုပေါင်းစခန်း ၂ ခုကို KIA က သိမ်းပိုက်...

- မင်းကင်းမြို့နယ်၊ ကံ ကျေးရွာရှိ စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်းတပ်စခန်းကို တော်လှန်ရေးတပ်တွေက ဝင်တိုက်ပြီး လက်နက်ခဲယမ်းအချို့သိမ်းမိ...

- ချင်းပြည်နယ်၊ မတူပီမြို့မှာ ‘ချင်းညီနောင်’ စစ်ဆင်ရေး (Operation CB) စတင်နေပြီလို့ ချင်းညီနောင်အဖွဲ့က သတင်းထုတ်ပြန်...

- အပစ်ရပ်နယ်မြေအတွင်းရှိ မြို့ရွာတွေရဲ့ လမ်းတွေကို တူူးဖြိုပိတ်ဆို့တာ၊ ဗုံးကြဲ၊ လက်နက်ကြီးနဲ့ပစ်တာတွေဟာ တရုတ်ရဲ့ ကြားဝင်မှုအရ ရရှိထားတဲ့ ဟိုဂင်သဘောတူညီချက်ကို စစ်ကောင်စီဖက်က ချိုးဖောက်နေတာဖြစ်တယ်လို့ TNLA က တရားဝင်ပြောဆို ကန့်ကွက်...

- KNDF - (ကရင်နီအမျိုးသားများကာကွယ်ရေးတပ်)၊ တပ်ရင်း ၅၊ အမျိုးသမီးတပ်ခွဲ၊ ဖွဲ့စည်းခြင်း ၂ နှစ်ပြည့် အခမ်းအနားကျင်းပ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

Thursday, June 13, 2024

လားရှိုးမြို့အဝင် ကားလမ်းကို စစ်တပ်က မြေတူးစက်တွေနဲ့ တူးဖြိုလမ်းပိတ်... ...


လားရှိုးမြို့အဝင် ကားလမ်းကို စစ်တပ်က မြေတူးစက်တွေနဲ့ တူးဖြိုလမ်းပိတ်... ကန်ပိုင်တည်မှာ တိုက်ပွဲမဖြစ်ရေး ဆွေးနွေး ...  နောက်ဆုံးရ တော်လှန်ရေးသတင်းများ

(၁၄- ၆- ၂၀၂၄)

ကချင်ပြည်နယ်၊ ဝိုင်းမော်-ကန်ပိုင်တည် လမ်းပေါ်ရှိ ဆဒုံးမြို့နဲ့ ဗျူဟာစခန်း အားလုံးကို KIA (ကချင်လွတ်လပ်ရေးတပ်မတော်) နဲ့ မဟာမိတ်တွေက သိမ်းပိုက်လိုက်ပြီးတဲ့နောက် တရုတ်နယ်စပ်ရှိ ကန်ပိုင်တည် ကုန်သွယ်ရေးမြို့မှာ တိုက်ပွဲမဖြစ်စေရေးအတွက် ဒေသတွင်းရှိ လက်နက်ကိုင်အဖွဲ့တွေ ညှိနှိုင်းနေကြတယ်လို့ KNG (Kachin News Group) က ဖော်ပြပါတယ်။

ဒေသခံ ပြည်သူ့စစ်နဲ့ နယ်ခြာစောင့်တပ်တွေက KIA ကို အဲဒီလို တောင်းဆိုနေတာဖြစ်ပြီး ဒီညှိနှိုင်းမှုမှာ တရုတ်နယ်စပ် အာဏာပိုင်တွေလည်း ပါဝင်နိုင်တယ်လို့ ဆိုပါတယ်။ 

လွယ်ဂျယ်မြို့ကို တိုက်ပွဲမဖြစ်ဘဲ သိမ်းပိုက်ခဲ့သလိုမျိုး KIA က ထပ်သိမ်းနိုင်မှာလားဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရ သေးပါဘူး။

ဒီတောအတွင်း တနေ့က သိမ်းလိုက်တဲ့ ဆဒုံးမြို့ ဗျူဟာကုန်း စခန်းသိမ်းတိုက်ပွဲမှာ လက်နက်ခဲယမ်းများစွာ သိမ်းမိတဲ့ ဗီဒီယို မှတ်တမ်းတခု ထွက်လာတာကိုလည်း တွေ့ရပါတယ်။ 

နောက်ဆုံးဝင်လာတဲ့သတင်းတွေအရ ဝိုင်းမော်မြို့နယ် ဝူယန်ကျေးရွာရှိ ဝူယန်ပြည်သူ့စစ်စခန်းကို KIA နဲ့ ပူးပေါင်းတပ် ဝင်ရောက်တိုက်ခိုက်တဲ့အတွက် တိုက်ပွဲပြင်းထန်‌နေပြီး စစ်ကောင်စီဖက်က လေကြောင်းပစ်ကူပေးနေတယ်လို့လည်း ဖေါ်ပြထားပါတယ်။

ဒါ့အပြင်...

- လားရှိုးမြိုထဲ မြောက်ပိုင်းညီနောင်အဖွဲ့တွေ ဝင်လာမှာစိုးတဲ့အတွက် လားရှိုး-မိုင်းယော် ကားလမ်းမကို စစ်ကောင်စီတပ်က မြေတူးစက်တွေနဲ့ တူးဖြိုပြီး လမ်းကြောင်းပိတ်ဆို့မှုလုပ်နေ...

- မုံရွာမြို့ နမခ အနီးရှိ ကာကင်းစခန်းကို ဝင်ရောက်သိမ်းပိုက်တဲ့ ဒေသခံ တော်လှန်ရေးတပ် ပကဖ တပ်ဖွဲ့ဝင်တွေကို ဒေသခံလူထုက အခမ်းအနားနဲ့ ကြိုဆို...

- ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ဂမုန်းဆည်အနီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်တဲ့အတွက် စကစ ဘက်က ကျဆုံးမှုများ...

- တနင်္သာရီမြို့နယ်၊ တကူကျေးရွာအုပ်စုကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတဲ့အတွက် ကလေးငယ်တဦး ဒဏ်ရာရပြီး လူနေအိမ်အချို့ပျက်စီး...

- PDF- ရန်ကုန်တိုင်း စစ်ဌာန၊ တပ်ရင်း ၅၁၀၁ ရဲ့ အခြေခံစစ်ပညာသင်တန်း ဆင်းပွဲကျင်းပ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

Wednesday, June 12, 2024

မုံရွာမြို့က စစ်တပ်စခန်းကို PDF သိမ်းပိုက် ... ဆဒုံးမြို့ကို KIA သိမ်းပိ...


မုံရွာမြို့က စစ်တပ်စခန်းကို PDF သိမ်းပိုက် ... ဆဒုံးမြို့ကို KIA သိမ်းပိုက် ... နောက်ဆုံးရ တော်လှန်ရေးသတင်းများ

(၁၃-၆-၂၀၂၄)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ နမခ ဌာနချုပ် အနီး ထီးတော်တင်ရွာမှာ ယာယီ စခန်းချနေတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ဝင်တိုက်ပြီး လက်နက်မျိုးစုံ (၉) လက် သိမ်းမိတယ်လို့ ULF (Union Liberation Front) က သတင်းထုတ်ပြန်ပါတယ်။

အင်အား ၃၅ ဦးခန့်ရှိတဲ့ ဒီစခန်းကို ဇွန် ၁၁ ရက်၊ ညနေ ၅ နာရီခန့်မှာ နာရီဝက်ခန့် တိုက်ခိုက်ပြီး  စစ်ကောင်စီဘက်က ၂၀ ကျော် သေဆုံး၊ ၅ ဦးကို အရှင်ဖမ်းမိ၊ ၆၀ မမ အပါအဝင် လက်နက်မျိုးစုံ ၉ လက် သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင်...

- ဝိုင်းမော်-ကန်ပိုင်တည် လမ်းပေါ်ရှိ ဆဒုံး ဗျူဟာကုန်းနဲ့ စစ်ကောင်စီ စခန်းတွေအားလုံးကို သိမ်းပိုက်ပြီးနောက် ဆဒုံးမြို့တွင်း ရှင်းလင်းရေးတွေ ဆောင်ရွက်နေတယ်လို့ KIA ပြောခွင့်ရက ပြောကြား...

- ကန်ပက်လက်မြို့နယ်က အိမ်ခြေ ၅၀ ကျော်ရှိတဲ့ ကျေးရွာကို စစ်ကောင်စီလေတပ်က ဇွန် ၁၁ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်မှာ ဗုံးကြဲလို့ အမျိုးသမီး တဦး သေဆုံး၊ ၅ ဦး ဒဏ်ရာရပြီး စာသင်ကျောင်း အပါအဝင် အဆောက်အဦ ၂၄ ခု ပျက်စီး...

- အပစ်ရပ်ဒေသ သီပေါ-နမ္မတူ လမ်းမကို စစ်ကောင်စီတပ်က လမ်းမပေါ် မြေထိုးစက်တွေနဲ့ မြောင်းတွေဖောက်ပြီး ယာဉ်တွေ သွားလာလို့ မရအောင် နှောက်ယှက်ဖျက်ဆီးနေတယ်လို့ TNLA က သတင်းထုတ်ပြန်...

- ဆီဆိုင်မြို့နယ်၊ ထီဗွာ (ရေဖြူ) ကျေးရွာက ရွာသူရွာသား ၅၉ ဦးကို စစ်ကောင်စီတပ်နဲ့ PNO (ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်) ပြည်သူ့စစ်တွေက ဓားစားခံအဖြစ်ဖမ်းထား...

- K.N.L.A  တပ်မဟာ ၃ နယ်မြေမှာ ရှေ့တန်းပြန် ရဲဘော်တွေကို ဒေသခံ ပြည်သူတွေက အခမ်းအနားနဲ့ ကြိုဆို...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

Tuesday, June 11, 2024

ဆဒုံးဗျုဟာကုန်းအပါဝင် အရေးကြီးစစ်စခန်း ၄ ခုကို KIA သိမ်းပိုက်...နောက်ဆုံ...


ဆဒုံးဗျုဟာကုန်းအပါဝင် အရေးကြီးစစ်စခန်း ၄ ခုကို KIA သိမ်းပိုက်...နောက်ဆုံးရ တော်လှန်ရေးသတင်းများ

(၁၂- ၆ -၂၀၂၄)

ကချင်ပြည်နယ်၊ ဝိုင်းမော်နဲ့ ဆဒုံး - ကံပိုင်တည်သွားလမ်းပေါ်ရှိ ဗျုဟာအရအရေးပါတဲ့ စစ်ကောင်စီစခန်း ၃ ခုကို တပြိုင်တည်း သိမ်းပိုက်ပြီး ဆဒုံးဗျုဟာကုန်းကို သိမ်းပိုက်ရေး ဆက်လုပ်နေတယ်လို့ KIA ကချင်လွတ်လပ်ရေးတပ်မတော် ပြောခွင့်ရက BNN ကိုပြောပါတယ်။

ဇွန် ၁၁ ရက်၊ မနက်ပိုင်းမှာ တပြိုှုင်တည်း ထိုးစစ်ဆင်ပြီး စခန်းငယ် (၃) ခုကို နယ်မြေရှင်းပြီးပြီ၊ ဗျုဟာကုန်းကိုတော့ တိုက်ဆဲနေဆဲဖြစ်တယ်လို့ KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

မနေ့ညနေ ၇ နာရီခန့်က ဗိုလ်မှူးကြီးနော်ဘူပြောခဲ့တာပါ။ အခု ညနှောင်းပိုင်းဝင်လာတဲ့ သတင်းတွေအရ ဆဒုံး ဗျုဟာကုန်းကို KIA နဲ့ မဟာမိတ်တွေက သိမ်းလိုက်ပြီလို့ ဒေသတွင်း မီဒီယာတွေက ဖေါ်ပြပါတယ်။

တချိန်တည်းမှာပဲ ဝိုင်းမော်မြို့ကို စစ်ကောင်စီက လေယာဉ်နဲ့ဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ပစ်တာတွေကြောင့် အရပ်သား သေဆုံးမှုရှိပြီး ဘုရားကျောင်းတခုလည်း ပျက်စီးခဲ့တယ်လို့ ဖေါ်ပြပါတယ်။

ပြီခဲ့တဲ့ လကုန်ပိုင်းမှာ ဝိုင်းမော်မြို့က အဓိကတပ်ရင်းတခုဖြစ်တဲ့ ခမရ ၃၂၁ ကို KIA နဲ့ မဟာမိတ်တွေက သိမ်းပိုင်ပြီးတဲ့နောက် မြို့ပတ်ဝန်းကျင်ရှိ စစ်ကောင်စီ စခန်းတွေကို ဆက်တိုက် သိမ်းနေတာလို့ ဖေါ်ပြထားပါတယ်။

ဒါ့အပြင်...

- မွန်ပြည်နယ်၊ မုဒုံမြို့နယ်အတွင်း ဝင်ရောက်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို NMSP-AD  မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)အဖွဲ့က ကြားဖြတ်တိုက်ခိုက်ပြီး လက်နက်ငယ် တလက်သိမ်းမိ...

- (AA) အာရက္ခတပ်‌တော် ထိန်းချုပ်နယ်မြေဖြစ်တဲ့ ပေါက်တော မြို့ပေါ်ရပ်ကွက်တွေကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတဲ့အတွက် အရပ်သား ၁၀ ဦး ပြင်းထန်းစွာဒဏ်ရာရ...

- ချင်းပြည်နယ်နဲ့ မကွေးတိုင်းအစပ်ရှိ ကန်ပက်လက်မြို့နယ်ထဲက ကျေးရွာတရွာကို စစ်တပ်က လေယာဉ်နဲ့ဗုံးကြဲတဲ့အတွက် အရပ်သား ၂ ဦးသေဆုံး၊ အချို့ဒဏ်ရာရ...

- မေလအတွင်း ဗိုလ်မှူး (၃) ဦးအပါအဝင် တပ်သားနဲ့ ရဲ (၄၅) ဦး ပြည်သူ့ရင်ခွင် ခိုလှုံခဲ့တယ်လို့  NUG ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်...

- ချင်းအမျိုးသားကာကွယ်ရေးတပ် CNO/CNDF ရဲ့ အခြေခံစစ်ပညာသင်တန်း အမှတ်စဉ် (၄၀) သင်တန်းဆင်းပွဲကို ဇွန် ၈ ရက်က ချင်းတောင်တန်းပေါ်မှာ ကျင်းပ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

Monday, June 10, 2024

TNLA စခန်းကို စစ်တပ်က ပေါင် ၅၀၀ ဗုံးနဲ့ တိုက်ခိုက် ... နောက်ဆုံးရတိုက်ပွ...


TNLA စခန်းကို စစ်တပ်က ပေါင် ၅၀၀ ဗုံးနဲ့ တိုက်ခိုက် ... နောက်ဆုံးရ
တိုက်ပွဲသတင်းများ

(၁၁- ၆- ၂၀၂၄)

ရှမ်းမြောက်ဒေသ မိုးမိတ်မြို့နယ်ရှိ TNLA -တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် အခြေစိုက်စခန်းကို စစ်ကောင်စီတပ်က ပေါင် ၅၀၀ ဗုံးနဲ့ တိုက်ခိုက်တဲ့အတွက် တအောင်း စစ်သည် ၃ ဦး
ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ TNLA က သတင်းထုတ်ပြန်ပါတယ်။

ဇွန်လ ၉ ရက်၊ ညနေ ၄ နာရီခွဲခန့်မှာ မိုးမိတ်မြို့နယ် ပန်တင်ရွာနဲ့ မန်ပိန်းရွာအကြားရှိ (TNLA) တပ်စခန်းကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတာလို့ဆိုပါတယ်။ တခါ ညနေ ၅ နာရီခန့်မှာ ဂျက်ဖိုက်တာက ပေါင် (၅၀၀)ဗုံး တလုံး ထပ်မံကြဲချခဲ့တယ်လို့ ဖေါ်ပြပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် TNLA ရဲဘော် (၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့
ဓာတ်ပုံတွေကိုလည်း ဖေါ်ပြထားပါတယ်။ ဒါဟာ စစ်ကောင်စီဖက်က
အပစ်ရပ်သဘောတူချက်ကို ဖောက်ဖျက်ပြီး တမင် ရည်ရွယ်ချက်ရှိရှိ
တိုက်ခိုက်နေတာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

ဒါ့အပြင်...

- ဝိုင်းမော်မြို့မှာ စစ်ကောင်စီစစ်ကြောင်းကို KIA -
ကချင်လွတ်လပ်ရေးတပ်နဲ့ မဟာမိတ်တွေက ကြားဖြတ်တိုက်ခိုက်...

- ချင်းပြည်နယ်၊ တီးတိန်-တွန်းဇံ လမ်းပေါ်ရှိ ဇလွေး ချောင်းကူးတံတားကို
စစ်ကောင်စီတပ်က ဗုံးခွဲဖျက်ဆီး...

- ပခုက္ကူမြို့နယ်၊ ကမ္မမြို့ ရေနံ-သဘာဝဓါတ်ငွေ့ ဖြန့်ဝေရေးရုံးက
ရဲတပ်သားတစ်ဦး လက်နက်ငယ်တလက်နဲ့အတူ ပြည်သူ့ထံ ခိုလှုံလာတယ်လို့
ပခုက္ကူမြို့နယ် ပကဖ က သတင်းထုတ်ပြန်...

- AA - အာရက္ခတပ်တော်ရဲ့ တိုက်ခိုက်မှုကြောင့်
ဘူးသီးတောင်-မောင်တောဒေသကနေ ဘင်္ဂလားဒေ့ရှ်ဖက် ထွက်ပြေးသွားတဲ့
စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၃၄) ဦးကို ဘင်္ဂလားဒေ့ရှ်က မြန်မာဖက် ပြန်ပို့...

- PDF တောင်ပိုင်းတိုင်း၊ စစ်ဒေသခွဲ (၃)က ကျင်းပတဲ့ အပတ်စဉ် (၇)
ဒရုန်းသင်တန်းဆင်းပွဲကို  မွန်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းက
သင်တန်းသူ/သား (၄၀) ခန့် တက်ရောက်...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

“ကုန်သည်တွေကို ဖမ်းတယ်ဆိုတာ ပြည့်ဝမ်းကို ဖောက်တာပဲ”


“ကုန်သည်တွေကို ဖမ်းတယ်ဆိုတာ ပြည့်ဝမ်းကို ဖောက်တာပဲ”

- ဦးစိန်ဌေး (စီးပွားရေး ဆန်းစစ်ဝေဖန်သူ)

(၁၀ - ၆- ၂၀၂၄)

“ကုန်သည်တွေကို ဖမ်းတယ်ဆိုတာ ပြည့်ဝမ်းကို ဖောက်တာပဲ၊ မြိုနေလူတန်းစား၊ လူချမ်းသာတွေကိုပါ ပစ်မှတ်ထားတိုက်ခိုက်လာတဲ့အတွက် အခြေအနေတွေ ပိုဆိုးလာဖို့ပဲရှိတယ်၊ ဘဏ်အကျပ်အတည်းတောင် ထပ်ဆိုက်လာနိုင်တယ်” လို့ စီးပွားရေးပညာရှင် ဦးစိန်ဌေးက သတိပေးပါတယ်။

ကုန်ဈေးနှုန်းကျအောင်ဆိုပြီး လူဖမ်းပွဲလုပ်နေတဲ့အခြေအနေ၊ မြန်မာ့စီးပွားရေး တစုံတရာတိုးတက်လာအောင် ဘယ်လိုများအကြံပြုချင်သလဲ...  စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာ...

- တောနေလူတန်းစားအပြင် မြို့နေလူတန်းစား ကုန်သည်တွေ၊ ခရိုနီတွေကိုပါ ပစ်မှတ်ထား တိုက်ခိုက်လာတာ ဘာကြောင့်လဲ...

- ဘဏ်အကျပ်အတည်း နောက်တကြိမ်ထပ်ဖြစ်ဖို့ နီးလာနေပြီလား...

- စကစ ကို အကြံပြုချက်ပေးလို့မရရင် ဘာဆက်လုပ်ကြမလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

Sunday, June 9, 2024

ရေး-ထားဝယ်ကားလမ်းအနီး တိုက်ပွဲဖြစ်... တီးတိန်က မံဆောင်း- တံတားကို စစ်တပ်...


ရေး-ထားဝယ်ကားလမ်းအနီး တိုက်ပွဲဖြစ်... တီးတိန်က မံဆောင်း- တံတားကို စစ်တပ်က ဗုံးခွဲဖျက်ဆီး... နောက်ဆုံးရ တော်လှန်သတင်းများ

(၁၀- ၆- ၂၀၂၄)

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြိုနယ်၊ ရာဖူးရွာသစ်ကို စစ်ကောင်စီရဲ့ မောရဝတီ ရေတပ်ဌာနချုပ်က လက်နက်ကြီးနဲ့ပစ်တဲ့အတွက် ကလေးငယ်တဦးအပါဝင် အရပ်သား ၄ ဦးသေဆုံးတယ်လို့ ဒေါနစစ်ကြောင်းက သတင်းထုတ်ပြန်ပါတယ်။

ဇွန်လ ၉ ရက်၊ မနက် ၁၀ နာရီကနေ နေ့လယ် ၂ နာအတွင်း အခုလို ပစ်ခတ်တာဖြစ်ပြီး နေအိမ်ပေါ်ကျရောက်ကာ အိမ်မီးလောင်၊ လူသေဆုံးဖြစ်ခဲ့ရတာလို့ဆိုပါတယ်။

အဲဒီနောက် မွန်းလွဲ ၃ နာရီခန့်မှာတော့ စစ်ကောင်စီ စစ်ကြောင်းတခု သာယာမွန်ကျေးရွာအတွင်းရောက်လာပြီး တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်တယ်။ စစ်ကောင်စီဖက်က ၆ ဦးသေ၊ ၆ ဦးဒဏ်ရာရတယ်လို့ ဖေါ်ပြပါတယ်။

ဒီတိုက်ပွဲမှာပါဝင်တဲ့ တော်လှန်ရေးတပ်တွေကတော့ PDF ဒေါနစစ်ကြောင်း၊ MSRF (မွန်ပြည်တော်လှန်ရေးတပ်)၊ NMSP-AD၊ (မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တော်လှန်ရေးအဖွဲ့) KTLA
Saw Dragon Drone Force (ဒရုန်းအထူးတပ်ဖွဲ့) တို့ဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်

တချိန်တည်းမှာပဲ ရေး/ထားဝယ်လမ်းပိုင်းကို စစ်ကောင်စီတပ်က ထိုးစစ်ဆင်ဖို့ပြင်ဆင်နေတဲ့အတွက် မကြာခင်မှာ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲတွေပြင်းထန်လာနိုင်တယ်။ ဒါကြောင့် ဇွန်လ၊ ၉ ရက်နေ့ကပြီး ဒီလမ်းကြောင်းကို အသုံးမပြုပဲ ရှောင်ကြဖို့လည်း ဒေါနစစ်ကြောင်းနဲ့ တပ်ပေါင်းစုက အများပြည်သူသို့ သတိပေးချက် ထုတ်ပြန်ထားတာတွေ့ရပါတယ်။

ဒါ့အပြင်...

- ထားဝယ်မြို့နယ်၊ အရှေ့တောဒေသကနေ ပြန်ထွက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်တဲ့အတွက် စစ်ကောင်စီဖက်က ထိခိုက်သေဆုံးမှုရှိ...

- မုံရွာမြို့နယ်၊ ညောင်ဖြူပင် ရဲစခန်းကို တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်တဲ့အတွက် စစ်ကောင်စီဖက်က ထိခိုက်သေဆုံးမှုရှိနိုင်...

- တီးတိန်မြို့နဲ့ ရိဒ်မြို့အကြားရှိ မံဆောင်း- မဏိပူရမြစ်ကူးတံတားကို စစ်ကောင်စီက ဗုံးခွဲဖျက်ဆီးလိုက်တဲ့အတွက် ဒေသခံတွေ သွားလာရေး အခက်တွေ့နေ...

- စစ်ကောင်စီရဲ့ နောက်ဆုံးခံတပ်၊ နေပြည်တော်အနီး စစ်ရေးလှုပ်ရှားနိုင်ဖို့အတွက် အမှတ် ( ၈ ) ဗျုဟာကို တိုးချဲ့ဖွဲ့စည်းလိုက်တယ်လို့ KNDF - က သတင်းထုတ်ပြန်...

- (PDF) အမှတ် (၁၀၀၇) တပ်ရင်း၊ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (၂) နှစ်ပြည့် အခမ်းအနားနဲ့ ပဲခူးတိုင်း ပကဖ လက်နက်တပ်ဆင်ပွဲ အခမ်းအနားတွေ ကျင်းပ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

”ရေဗူးပေါက်တာ မလိုချင်ဘူး၊ ရေပါတာပဲလိုချင်တယ်ဆိုတဲ့ အတွေးအခေါ်နဲ့ တိုင်း...


”ရေဗူးပေါက်တာ မလိုချင်ဘူး၊ ရေပါတာပဲလိုချင်တယ်ဆိုတဲ့ အတွေးအခေါ်နဲ့ တိုင်းပြည်အုပ်ချုပ်လို့မရဘူး”

- ဦးစိန်ဌေး (စီးပွားရေး ဆန်းစစ်ဝေဖန်သူ)

(၉ - ၆- ၂၀၂၄)

”ရေဗူးပေါက်တာ မလိုချင်ဘူး၊ ရေပါတာပဲလိုချင်တယ်ဆိုတဲ့ အတွေးအခေါ်နဲ့ တိုင်းပြည်အုပ်ချုပ်လို့မရဘူး ဆိုတာကို ဒီစစ်ဗိုလ်တွေ အခုထိ သဘောမပေါက်သေးတာ အတော်ခက်တယ်”  လို့ စီးပွားရေးပညာရှင် ဦးစိန်ဌေးက ပြောပါတယ်။

အမိန့်ပေး စီးပွားရေးမူဝါဒ၊ သေနတ်နဲ့တေ့ပြီး ကုန်းဈေးနှုန်းကျအောင်လုပ်မယ်ဆို အတွေးအခေါ်၊ ဒေါ်လာပွဲစား၊ ရွှေပွဲစားတွေကို လိုက်ဖမ်းနေတဲ့ အခြေအနေတွေအပေါ် စီးပွားရေးပညာရှင်တဦးအနေနဲ့ ဘယ်လိုမြင်သလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ...

- လူတွေကို ဖမ်းလိုက်ရုံနဲ့ ဒေါ်လာဈေး၊ ရွှေဈေးတွေ ပြန်ကျမယ်လို့ စစ်ကောင်စီဥက္ကဌက ယုံကြည်နေသလား...

- ဒေါ်လာ လဲနှုန်း ၅ မျိုးအထိ ရှိနေတယ်ဆိုတာ ဘာတွေလဲ...

- စကစ ဥက္ကဌ သား-သမီးတွေ ထိုင်းမှာ တိုက်ခန်းဝယ်စဉ်က ဝယ်ခွင့်ရပြီး အခြားလူတွေဝယ်မှ လိုက်ဖမ်းနေတာ ဘာကြောင့်လဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(မြန်မာ့စီးပွားရေး တစုံတရာတိုးတက်လာအောင် အကြံပြုချက် ဘာတွေရှိသေးလဲ... ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

Saturday, June 8, 2024

“လက်နက်ကိုင်ထားသူအချင်းချင်း တိုက်လို့မနိုင်လို့ လက်နက်မဲ့ပြည်သူကို ဗုံး...


“လက်နက်ကိုင်ထားသူအချင်းချင်း တိုက်လို့မနိုင်လို့ လက်နက်မဲ့ပြည်သူကို ဗုံးကြဲတယ်ဆိုတာကတော့...”

- ဒေါက်တာ မီမီဝင်းဘတ် (လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူ)

(၈- ၆- ၂၀၂၄)

“လက်နက်ကိုင်ထားသူအချင်းချင်း တိုက်လို့မနိုင်လို့ လက်နက်မဲ့ပြည်သူကို ဗုံးကြဲတယ်၊ ပစ်ခတ်တယ်ဆိုတာကတော့ ပရိုဖက်ရှင်နယ် စစ်သားတွေရဲ့ လုပ်ရပ်မဟုတ်ဘူး။ ရာဇဝတ်ဂိုဏ်းသားတွေရဲ့ လုပ်ရပ်သာဖြစ်တယ်။ မြန်မာစစ်တပ်ဟာ ရာဇာဝတ်ဂိုဏ်းဖြစ်နေပြီ” လို့ အမေရိကန်စစ်တပ်ရဲ့ အငြိမ်းစား ဒုဗိုလ်မှူးကြီး၊ လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူ ပါမောက္ခ ဒေါက်တာ မီမီဝင်းဘတ်က ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ဆေးရုံဆေးခန်းတွေ၊ စာသင်ကျောင်းတွေ၊ မင်္ဂလာပွဲတွေကို စစ်ကောင်စီက လေယာဉ်နဲ့ဗုံးကြဲတဲ့အပေါ် နိုင်ငံတကာဥပေဒနဲ့ညီမညီ၊ နိုင်ငံတကာ တန်းဝင်တဲ့ စစ်တပ်တခု ဟုတ်သေးရဲ့လား... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် အဲဒီလို ဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...

- ဆေးရုံ၊ စာသင်ကျောင်း၊ မင်္ဂလာပွဲ စတဲ့ အရပ်သားပစ်မှတ်တွေကို ဗုံးကြဲတာဟာ စစ်ကောင်စီက နိုင်ငံတကာဥပဒေကို နားမလည်လို့လား...

- ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း တော်လှန်ရေးဖက်က အောင်ပွဲရယူနိုင်မှုှနှုန်း ကျဆင်းသွားတယ်ဆိုတဲ့ ဝေဖန်ချက်တွေက မြေပြင်အခြေအနေကို ဘယ်လောက်ထင်ဟပ်သလဲ...

- နွေဦးတော်လှန်ရေး “Tipping Point ကနေ End Point” ရောက်ဖို့ ဘာတွေ လိုအပ်နေသလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

Friday, June 7, 2024

မောင်တော်မြိုနယ်က စစ်ကောင်စီစခန်း ၆ ခု AA သိမ်းပိုက်... နောက်ဆုံးရ တိုက...


မောင်တော်မြိုနယ်က စစ်ကောင်စီစခန်း ၆ ခု AA သိမ်းပိုက်...  နောက်ဆုံးရ တိုက်ပွဲသတင်းများ

(၈- ၆- ၂၀၂၄)

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ အရေးကြီး စစ်တပ်စခန်း၊ နယ်ခြားစောင့်တပ်စခန်း ၆ ခုကို ဇွန်လ ပထမ သီတင်းပတ်အတွင်း သိမ်းပိုက်လိုက်တယ်လို့ AA အာရက္ခတပ်တော်က သတင်းထုတ်ပြန်ပါတယ်။

အဲဒီစခန်းတွေကတော့ တာဝါတိုင်စခန်း၊ ကျောက်ပန္ဒူစခန်း၊ ခွဆုံပြင်စခန်း၊ မြင်းလွှတ်စခန်း၊ အင်းဒင်စခန်း (သို့မဟုတ်) “နခခ (၆) စခန်း”၊ နခခ (၉) စခန်း တို့ဖြစ်တယ်လို့ ဖေါ်ပြပါတယ်။

တချိန်တည်းမှာပဲ သံတွဲမြို့နယ်၊ ဒေါ်ပွဲခုံကျေးရွာ အနောက်မြောက်ဘက် (၃) ကီလိုအကွာ ဂေါ့တ် (Gawt) တောင်တန်းအနီး ဇွန်လ (၂/၃)  ရက်နေ့တွေမှာ တိုက်ပွဲဖြစ်တယ်။ စစ်ကောင်စီက စစ်သင်္ဘော (၃) စီး၊ လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူအမြောက်အမြား၊ Navy Seal တပ်ဖွဲ့ဝင်တွေနဲ့ အသည်းအသန်ခုခံနေခဲ့ပေမယ့် နောက်ဆုံးမှာ ထွက်ပြေးသွားတယ်လို့ ဖေါ်ပြပါတယ်။

အခု တိုက်ပွဲဖြစ်ပွားနေတဲ့နေရာဟာ သံတွဲ၊ ငပလီ (မဇင်) လေယာဉ်ကွင်းရဲ့ အနောက် မြောက်ဘက် (၂.၆) ကီလိုမီတာနဲ့ (၆.၅) ကီလိုမီတာခန့်သာ ကွာဝေးတယ်လို့ဆိုပါတယ်။

ဒါ့အပြင် အမ်းမြို့နယ်က စစ်ကောင်စီရဲ့ တောဟိန်းတောင်စခန်းကို အပြီးသတ်သိမ်းပိုက် ရယူနိုင်ရေး AA စစ်ရှိန်မြှင့်နေတယ်လို့လည်းဖေါ်ပြပါတယ်။ ဇွန်လ ပထမ သီတင်းပတ်အတွင်း ဒီ ၃ မြို့နယ်မှာ စစ်ကောင်စီဖက်က ထိခိုက်-ကျဆုံး-ဖမ်းမိ (၄၀၀) အထက်ရှိတယ်လို့ AA ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

ဒါ့အပြင်...

- ရခိုင်ပြည်နယ်က ဗျိုင်းဖြူရွာသားတွေ သတ်ဖြတ်မှုကို ချက်ချင်းရပ်တန့်ရန် AA ရဲ့ မဟာမိတ်တွေဖြစ်တဲ့ TNLA နဲ့ MNDAA  တို့က စစ်ကောင်စီကို သတိပေးချက်ထုတ်ပြန်...

- မိုးမိတ်မြို့နယ်မှာ စစ်ကောင်စီနဲ့ KIA ကချင်လွတ်လပ်ရေးတပ်တို့အကြား တိုက်ပွဲပြန်...

- ခန္တီးခရိုင်နဲ့ မော်လိုက်ခရိုင်အတွင်းရှိ စစ်ကောင်စီစခန်းတွေ၊ စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွကတိုက်ခိုက်တဲ့အတွက် လက်နက်မျိုးစုံ (၃၉) လက်သိမ်းမိ...

- ခလရ (၁၀၆)က တပ်ထောက်ဗိုလ်ကြီး ကျော်မြင့်လွင် KNLA ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ထံ လက်နက်နဲ့အတူ လာရောက်ပူူးပေါင်း...

- PDF ရှမ်းတောင်နဲ့ PDF -Zoland တို့က လူသစ်သင်တန်းဆင်းပွဲတွေ ကျင်းပ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

Thursday, June 6, 2024

ငပလီဝန်းကျင်မှာ တိုက်ပွဲပြင်းထန်... ဆေးရုံ-ဆေးခန်းတွေကို ဗုံးကြဲမှု Gene...


ငပလီဝန်းကျင်မှာ တိုက်ပွဲပြင်းထန်... ဆေးရုံ-ဆေးခန်းတွေကို ဗုံးကြဲမှု Geneva Conventions ကို ချိုးဖောက်ရာရောက်... နောက်ဆုံးရ တိုက်ပွဲသတင်းများ

(၇- ၆- ၂၀၂၄)

ရခိုင်ပြည်နယ်၊ သံတွဲမြိုနယ်၊ ငပလီကမ်းခြေအထိ AA ရဲ့ထိုးစစ် ပြင်းထန်လာနေတဲ့အတွက်
စစ်ကောင်စီက သံတွဲလေဆိပ်မှာ အထိုင်ချပြီး အသေအလဲခုခံနေတယ်လို့ ဒေသတွင်းမီဒီယာ Western News က ဖေါ်ပြပါတယ်။

ဇွန်လ ၂ ရက်မှာ စတင် တိုက်ပွဲပြင်းထန်လာတဲ့အတွက် လေဆိပ်ကို ပိတ်ပြီး အခုလို ခုခံနေတာလို့ဆိုပါတယ်။ ခရီးသည်လေယာဉ်တွေကို ပိတ်လိုက်ပေမယ့် စစ်လေယာဉ်တွေကတော့ ဆင်းနေဆဲလို့ဖေါ်ပြပါတယ်။

သံတွဲမြို့နဲ့ ငပလီမြို့မှာ ခလရ (၅၅)၊ ခမရ (၅၆၆) တပ်ရင်းနှစ်ခုနဲ့ မောင်ရွှေလေး ရေတပ်တသာရှိတဲ့အတွက် သံတွဲလေဆိပ်မှာ အမြောက်တပ်နဲ့ လေတပ် အရေးပေါ်ထိုင်ပြီး ခုခံနေတာလို့ဆိုပါတယ်။

လက်နက်ကြီးတွေ၊ လေယာဉ်ဗုံးကြဲမှုတွေကြောင့် အရပ်သား ထိခိုက်မှုရှိနေပြီး ဆင်ခေါင်းရွာမှာ သေဆုံးသူ ၁၅ ဦးအထိရှိနေပြီလို့ဖေါ်ပြပါတယ်။ AA ဖက်ကတော့ ငပလီ-သံတွဲ
တိုက်ပွဲနဲ့ပတ်သက်ပြီး အခုချိန်အထိ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

ဒါ့အပြင်...

- မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ မန်လည်ရွာဘက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်...

- ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်ရှိ မြို့ကုန်းဆေးရုံနဲ့ မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ခင်ရှည်ကျေးရွာ ဆေးခန်းကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတာဟာ (Geneva Conventions) ကို ချိုးဖောက်တာဖြစ်တယ်လို့ NUG ပြော...

- ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က မြို့နယ် (၈) ခု မှာ အုပ်ချုပ်ရေးယန္တရားတွေ လည်ပတ်နေပြီလို့ပြောကြား...

- စစ်မှုထမ်းဥပဒေထုတ်ပြီးတဲ့နောက် စစ်တပ်ထဲမဝင်ချင်လို့ တော်လှန်ရေးထဲရောက်လာတဲ့ လူငယ် ၁၀၀၀ ခန့်ရဲ့ ပထမ ဆုံးအကြိမ် သင်တန်းဆင်းပွဲ ကျင်းပ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

“မြစ်ဆုံစီမံကိန်းကို ပြန်လုပ်ရင် တရုတ်ဆန့်ကျင်ရေးက ပြန်ပေါ်လာမှာပဲ”


“မြစ်ဆုံစီမံကိန်းကို ပြန်လုပ်ရင် တရုတ်ဆန့်ကျင်ရေးက ပြန်ပေါ်လာမှာပဲ”

- ဦးဝင်းမျိုးသူ (သဘာ၀ ပတ်ဝန်းကျင်ရေးရာ ပညာရှင်)

(၆- ၆- ၂၀၂၄)

“မြစ်ဆုံစီမံကိန်းကို ပြန်လုပ်ရင် တရုတ်ဆန့်ကျင်ရေးက ပြန်ပေါ်လာမှာပဲ၊
အဲဒါဆိုရင် ဒီစီမံကိန်းဟာ တရုတ်ဗဟိုအစိုးရရဲ့ မူဝါဒ တရုတ်ဆန့်ကျင်ရေး
မပေါ်အောင် ဆောင်ရွက်ရမယ်ဆိုတဲ့မူနဲ့ ဆန့်ကျင်နေပြီ၊ ဒါကြောင့်
အားလုံးအတွက် အကျိုးမရှိတဲ့ စီမံကိန်းကို တရုတ်က ဆက်လုပ်မယ်လို့
ကျနော်မထင်ဘူး”  လို့ သဘာ၀ ပန်ဝန်းကျင်ရေးရာ ပညာရှင် ဦးဝင်းမျိုးသူက
ပြောပါတယ်။

ဦးသိန်းစိန်အစိုးရခေတ်မှာ ရပ်တန့်လိုက်ပြီး NLD အစိုးရခေတ်မှာလည်း
ဆက်ရပ်ထားတဲ့ မြစ်ဆုံစီမံကိန်းကို စစ်ကောင်စီက တရုတ်လက်ထဲ
ပြန်ထိုးအပ်ဖို့ပြင်နေတဲ့ဆိုတဲ့ သတင်းတွေအပေါ်
ဘယ်လိုစိုးရိမ်မှုရှိသလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော်
မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာ...

- မြစ်ဆုံစီမံကိန်း ပြန်စရေး လက်တွေ့ဘယ်လောက်အထိ ဖြစ်နိုင်ခြေရှိသလဲ...

- စီးပွားရေး၊ သဘာဝပတ်ဝန်းကျင်အရေးရှုဒေါင့်က ဘယ်လိုသုံးသပ်ထားသလဲ...

- ၂ နိုင်ငံစလုံးအတွက် အကျိုးမရှိတဲ့ စီမံကိန်းကို ဘာကြောင့် ပြန်လုပ်ချင်နေတာလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

Wednesday, June 5, 2024

KNLA တပ်မဟာ(၅)နယ်မြေက စစ်ကောင်စီ ခန်း ၅ ခု ပြန်ရုပ်သိမ်း... ချင်းနဲ့ ရခိ...


KNLA တပ်မဟာ(၅)နယ်မြေက စစ်ကောင်စီ ခန်း ၅ ခု ပြန်ရုပ်သိမ်း... ချင်းနဲ့ ရခိုင်ဖက်ကို စစ်တပ်က လေယာဉ်နဲ့ဗုံးကြဲ...  နောက်ဆုံးရ တိုက်ပွဲသတင်းများ

(၆- ၆- ၂၀၂၄)

ကရင်ပြည်နယ်၊ မူတြော်ခရိုင်၊ KNLA တပ်မဟာ(၅)နယ်မြေအတွင်း စစ်ကောင်စီက
တပ်စခန်း ၅ ခု ပြန်ရုပ်သိမ်းသွားတယ်လို့  မူတြော်သတင်းစဉ်က ဖေါ်ပြပါတယ်။

မေလအတွက် လချုပ်အစီရင်ခံစာအတွင်း အဲဒီလိုဖေါ်ပြထားတာပါ။ အဲဒီ စခန်း ၅
ခုကတော့ ခမရ-၄၃၄ အခြေချတပ်စွဲထားတဲ့ ကျောက်ညှပ်-ဝါလူစခန်း၊ တာဘူကျိုးစခန်း၊ ပန်ဟိုက်-ကဟီးကျိုးစခန်းတွေနဲ့ ခလရ(၁၉) အခြေချ လယ်တိုးစခန်းနဲ့ ခမရ-၃၄၁ နတ်တောင်-မောဖိုးကျိုး စခန်းတွေဖြစ်တယ်လို့ ဖေါ်ပြပါတယ်။

မေလအတွင်း တိုက်ပွဲ (၁၀၇) ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီတပ်ဘက်က (၆၀)ဝန်းကျင်ခန့် ထိခိုက်သေဆုံးပြီး KNLA နဲ့ မဟာမိတ်တွေဖက်က အနည်းငယ်သာဒဏ်ရာရရှိတယ်လို့ ဆိုပါတယ်။

KNLA နဲ့ မဟာမိတ်တွေဖက်က ဖာပွန်မြို့ကို ထိန်းချုပ်ထားပြီး လက်ကျန် တပ်ရင်း ၂ ခုနဲ့ ဗျုဟာကုန်းကို သိမ်းပိုက်နိုင်ရေး ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင်...

- စစ်ကိုင်းတိုင်း၊ ပုလဲမြို့ပေါ်ရှိ ထွေ-အုပ်ရုံးနဲ့ ရဲစခန်း အပါအဝင် အရေးကြီးနေရာတွေကို တော်လှန်ရေးတပ်တွေက ၃ ရက်ဆက်တိုက် ဝင်ရောက်တိုက်ခိုက်...

- မကွေးတိုင်း၊ ပခုက္ကူမြို့  တပ်မ (၁၀၁) က ထွက်ခွာလာတဲ့ အင်အား ၁၅၀ ပါ စစ်ကား ၁၃ စီးကို တော်လှန်ရေးတပ်တွက ကြာဖြတ်တိုက်ခိုက်...

- ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ တိုက်နယ် ၁- ဘက်ခြမ်းရှိ ကျေးရွာတရွာကို စစ်ကောင်စီလေတပ်က ဗုံးကြဲတဲ့အတွက် အရပ်သား တဦးသေ၊ ၃ ဦးဒဏ်ရာရ...

- ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ဆင်ခေါင်းကျေးရွာကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တဲ့အတွက် အရပ်သား ၃ ဦး သေဆုံးသွားပြီး ၁၀ ဦးခန့်ဒဏ်ရာပြင်းထန်စွာရ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

“ဒေါ်လာဈေး၊ ရွှေဈေးတက်တာကို လူဖမ်းတဲ့နည်းနဲ့ ဖြေရှင်းလို့မရဘူး”


“ဒေါ်လာဈေး၊ ရွှေဈေးတက်တာကို လူဖမ်းတဲ့နည်းနဲ့ ဖြေရှင်းလို့မရဘူး”

- ဦးတင်ထွန်းနိုင် (စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုုပ်နှံမှုဝန်ကြီး - NUG)

(၅- ၅- ၂၀၂၄)

“ဒေါ်လာဈေး၊ ရွှေဈေးတက်တာကို လူဖမ်းတဲ့နည်းနဲ့ ဖြေရှင်းလို့မရဘူး၊ စီးပွားရေးမူဝါဒကောင်းတွေ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှုံတွေ၊ လူထုယုံကြည်မှုတွေနဲ့သာ ဖြေရှင်းလို့ရမှာဖြစ်တယ်” လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုုပ်နှံမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောပါတယ်။

ဇွန် ၃ ရက်က ကျင်းပတဲ့ သတင်းစာရှင်းပွဲအတွင်း အဲဒီလိုပြောဆိုခဲ့တာပါ။ 

၃ နာရီနီးပါးကြာတဲ့ အဲဒီသတင်းစာရှင်းပွဲက ထူးခြားတဲ့ကောက်နှုတ်ချက် ပထမ ပိုင်းမှာ...

- စစ်ကောင်စီရဲ့ စစ်သုံးစရိတ် ဘယ်လောက်အထိ များနေသလဲ...

- ဒေါ်လာဈေး၊ ရွှေဈေးတက်တာကို ဘယ်လိုဖြေရှင်းနေသလဲ...

- လွတ်မြောက်ဒေသက တောင်သူတွေကို NUG က ချေးငွေထုတ်ပေးရေးအခြေအနေ ဘယ်လိုရှိသလဲ...

- အမေရိကန်ပြည်ထောင်စုမှာ အပ်နှံထားတဲ့ ဒေါ်လာ တဘီလီယံကျော် ထုတ်ယူရေး ဆောင်ရွက်မှု ဘယ်လောက်ခရီးရောက်နေပြီလဲ...

...စတဲ့ အကြောင်းတွေကို ကောက်နှုတ်ဖေါ်ပြထားပါတယ်။

(နောက်ထပ် ထူးခြားချက်တွေကိုလည်း ဆက်လက် ကောက်နုတ် တင်ပြပေးသွားမှာဖြစ်ပါတယ်)

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

Tuesday, June 4, 2024

“သစ်ပင်စိုက်ဖို့အပြင် သစ်ပင်ထိန်းဖို့လည်း လိုအပ်ပါတယ်”


“သစ်ပင်စိုက်ဖို့အပြင် သစ်ပင်ထိန်းဖို့လည်း လိုအပ်ပါတယ်”

 ဦးဝင်းမျိုးသူ (သဘာ၀ ပတ်ဝန်းကျင်ရေးရာ ပညာရှင်)

(၅- ၅- ၂၀၂၄)

“သဘာဝပတ်ဝန်းကျင်နေ့မှာ တာဝန်ကျေ သစ်ပင်တွေစိုက်ကြတာအပြင် အဲဒီသစ်ပင်တွေ ရေရှည်ရှင်သန်နိုင်အောင် ထိန်းသိမ်းဖို့လည်းလိုအပ်ပါတယ်။ စိုက်သမျှသစ်ပင်တွေ အကုန်ရှင်ရင် မြန်မာပြည်မှာသစ်တောဧရိယာ တိုးလာတာမြင်ရမှာပေါ့” လို့ သဘာ၀ ပတ်ဝန်းကျင်ရေးရာ ပညာရှင် ဦးဝင်းမျိုးသူက ပြောပါတယ်။

ဒီနေ့ (ဇွန် ၅) ကျရောက်တဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့မှာ ဘာတွေဆောင်ရွက်သင့်သလဲ၊ နေပြည်တော်က သစ်ပင်စိုက်ပွဲ အလုပ်ဖြစ်ရဲ့လား... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ...

- နေပြည်တော်က သစ်ပင်စိုက်ပွဲ ဘယ်လောက်အထိ အလုပ်ဖြစ်နေသလဲ...

- နိုင်ငံအဆင့်က မလုပ်နိုင်ရင် နိုင်ငံသားတဦးချင်းစီကကော ဘာတွေ လုပ်နိုင်ခြေရှိသလဲ...

- ကမ္ဘာ့အပူဆုံးမြို့တွေထဲမှာ အညာကမြို့တွေ ပါဝင်နေတာ ဘာကြောင့်လဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(ဧရာဝတီမြစ်ဆုံစီမံကိန်း ပြန်စမယ်ဆိုတဲ့အပေါ် သဘာဝပတ်ဝန်းကျင်ရှု့ဒေါင့်ကနေ ဘယ်လိုမြင်သလဲ... ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖြန် ထုတ်လွင့်ပါမယ်)

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

သံတွဲလေဆိပ်အနီးထိ AA တပ်တွေရောက်လာ... ပေါက်မြို့နယ်က ပျု- စခန်းကို PDF သ...


သံတွဲလေဆိပ်အနီးထိ AA တပ်တွေရောက်လာ... ပေါက်မြို့နယ်က ပျု- စခန်းကို PDF သိမ်းပိုက်...  နောက်ဆုံးရ တိုက်ပွဲသတင်းများ

(၅- ၅- ၂၀၂၄)

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ငပလီကမ်းခြေနဲ့ ၃ မိုင်အကွာ ဂေါ့တောင်ရွာနားအထိ AA -  အာရက္ခတပ်တော်နဲ့ စစ်ကောင်စီတပ် တိုက်ပွဲဖြစ်နေတဲ့အတွက် သံတွဲလေဆိပ်ကို ပိတ်ထားလိုက်ရတယ်လို့ ဒေသတွင်းမီဒီယာ Western News က ဖေါ်ပြပါတယ်။

ဇွန်လ ၂ ရက်၊ ညနေပိုင်းမှာ စတင်တိုက်ပွဲဖြစ်ပြီး ၃ ရက်နေ့ရော၊ ၄ ရက်နေ့ပါ တိုက်ပွဲ ဆက်ဖြစ်နေတယ်။ စစ်ကောင်စီက ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတဲ့အတွက် ဗုံးသီးအချို့ ကမ်းခြေက ဇိမ်ခံဟိုတယ်ဝင်းထဲကျတယ်လို့ ဒေသခံတွေပြောတာကို ကိုးကားဖေါ်ပြပါတယ်။

သံတွဲမြို့နဲ့ မိုင် ၂၀ ခန့်ဝေးတဲ့ သူဌေး-ရေအားလျှပ်စစ်စီမံကိန်းဝင်းထဲရှိ အမြောက်တပ်ကို AA က ထိုးစစ်ဆင်ရာကနေ သံတွဲမြို့သိမ်းစီမံကိန်းစတင်ခဲ့ပြီး အခုဆိုရင် သံတွဲမြို့နဲ့ ၃ မိုင်ပတ်လည်အထိ AA တပ်တွေ ရောက်ရှိနေပြီလို့ ဖေါ်ပြထားပါတယ်။

ဒီတိုက်ပွဲနဲ့ပတ်သက်ပြီး AA ဖက်ကတော့ တရားဝင် သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

ဒါ့အပြင်...

- ဒေါနတောင်ပေါ်က အောင်ဇေယျစစ်ကြောင်းကို KNLA- ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ဦးဆောင်တဲ့ ပူးပေါင်းတပ်က သွားရောက်တိုက်ခိုက်ပြီး RPG တလက်နဲ့ ကျည်ဘောက်တွေ သိမ်းမိ...

- မကွေးတိုင်း၊ ပေါက်မြို့နယ်၊ သစ်ချိုကုန်းရွာရှိ စစ်တပ်နဲ့ ပျူ- ပူးတွဲအထိုင်စခန်းကို တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်တဲ့အတွက် လက်နက်ငယ် ၉  လက်သိမ်းမိ ...

- မုံရွာမြို့ပေါ်မှာ ကင်းလှည့်နေတဲ့ စစ်ကောင်စီယာဉ်ကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ပြီး လက်နက်ငယ် ၂ လက် သိမ်းမိ..

- ကျိုက်ဒုံဒေသရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို သိမ်းပိုက်နိုင်ခဲ့တဲ့ KNLA- ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နဲ့ ပူးပေါင်းတပ်ဖွဲ့ဝင်တွေကို ဒေသခံလူထုက ဂုဏ်ပြုပွဲ ကျင်းပ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

Monday, June 3, 2024

မင်းကင်းမြို့နယ်က မင်္ဂလာဆောင်ပွဲကို စစ်တပ်က ဗုံးကြဲ... ခင်ဦးမြို့‌‌ က စ...


မင်းကင်းမြို့နယ်က မင်္ဂလာဆောင်ပွဲကို စစ်တပ်က ဗုံးကြဲ... ခင်ဦးမြို့‌‌ က စစ်တပ်အရာရှိကို PDF တိုက်ခိုက်... နောက်ဆုံးရ တိုက်ပွဲသတင်းများ

(၄- ၅- ၂၀၂၄)

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ မတောရွာမှာပြုလုပ်နေတဲ့ မင်္ဂလာဆောင်ကို စစ်တပ်က လေယာဉ်နဲ့ဗုံးကြဲတဲ့အတွက် ကလေးငယ်တွေနဲ့ အမျိုးသမီးတွေအပါဝင် လူ ၂၀ ကျော်အထိ သေဆုံးတယ်လို့ ဒေသတွင်းမီဒီယာ မြေလတ်အသံက ဖေါ်ပြပါတယ်။

ဇွန် ၃ ရက်၊ မနက် ၈ နာရီဝန်ကျင်မှာ မင်္ဂလာအခမ်းအနား ကျင်းပနေစဉ် စစ်လေယာဉ်က ပေါင် ၅၀၀ ဗုံးတွေ ကြဲချသွားတာလို့ဆိုပါတယ်။ လေယာဉ်ဗုံးကြဲပြီးနောက်မှာ အနီးဝန်းကျင်ရှိ စစ်တပ်စခန်းတွေကနေ လက်နက်ကြီးတွေနဲ့ ဆက်ပစ်နေတဲ့အတွက် အလောင်းကောက်တာတောင် မလုပ်နိုင်ဖြစ်နေတယ်လို့ ဒေသခံတွေပြောတာကို ကိုးကားဖေါ်ပြပါတယ်။

သေဆုံးသူတွေထဲ သတိုးသားနဲ့ သတိုးသမီးလည်း ပါသွားတယ်၊ မင်္ဂလာဆောင်သူဟာ PDF သို့မဟုတ် ပကဖ အဖွဲ့ဝင်ဖြစ်တယ်ဆိုတဲ့သတင်းတွေကိုတော့ အတည်ပြုချက်မရသေးဘူးလို့
ဖေါ်ပြထားပါတယ်။

ပြီးခဲ့တဲ့နှစ် ဧပြီလက ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာမှာ NUG ဒေသဆိုင်ရာရုံးဖွင့်ပွဲလုပ်နေစဉ် ဗုံးကြဲခံရမှုကြောင့် လူ ၈၀ ကျော်သေဆုံးပြီးနောက်ပိုင်း အခု သေဆုံးမှုဟာ ဒီဒေသအတွင်း အဆိုးဆုံးဖြစ်ပါတယ်။

ဒါ့အပြင်...

- ဝိုင်းမော်မြို့နယ်၊ တာလောကြီးကျေးရွာနဲ့ ဘော်ဆာဒီကျေးရွာကြားရှိ တံတားကို စစ်ကောင်စီက လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်တဲ့အတွက် လူ ၂ ဦးသေဆုံးပြီး တံတားပျက်စီး...

- တီးတိန်မြို့မှာ တိုက်ပွဲ ဆက်လက်ဖြစ်ပွားခဲ့ပြီး နေအိမ်အချို့ ထပ်မံ မီးရှို့ခံရ၊ အရပ်သား ၂ ဦးသေဆုံး...

- ခင်ဦးမြို့‌‌ မှာ စစ်တပ်အရာရှိတဦးနဲ့ တပ်ဖွဲ့ဝင်တဦး ဆိုင်ကယ်နဲ့သွားနေစဉ် တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်တဲ့အတွက် လက်နက်နဲ့ ဆိုင်ကယ် သိမ်းမိ...

- အောင်ဇေယျ စစ်ကြောင်းကို BGF ကရင်နယ်ခြားစောင့်တပ်က အကူအညီပေးဖို့ပြင်နေတယ်ဆိုတဲ့သတင်းတွကို BGF ဖက်က ငြင်းဆို...

- တောင်ပိုင်းစစ်ဒေသ၊ အမှတ် (၂) စစ်ဒေသခွဲ၊ တောင်ညိုစစ်ကြောင်းရဲ့ အခြေခံစစ်သင်တန်းဆင်းပွဲကျင်းပ..

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

Sunday, June 2, 2024

အောင်ဇေယျ စစ်ကြောင်းထံက လက်နက် ၆ လက်သိမ်းမိ... ရွှေကူမြို့နယ်က တိုက်နယ်...


အောင်ဇေယျ စစ်ကြောင်းထံက လက်နက် ၆ လက်သိမ်းမိ...  ရွှေကူမြို့နယ်က တိုက်နယ်ဆေးရုံကို စစ်တပ်က ဗုံးကြဲ... နောက်ဆုံးရ တိုက်ပွဲသတင်းများ

(၃- ၆- ၂၀၂၄)

- ကရင်ပြည်နယ်၊ ကော့ကရိတ်ကနေ မြဝတီသို့ စစ်ကူတက်ရန်ကြိုးစားနေဆဲဖြစ်တဲ့ အောင်ဇေယျ စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေကြား မနေ့က တိုက်ပွဲပြင်းထန်ပြီး လက်နက်ငယ် ၆ လက် သိမ်းမိတယ်လို့ People's Spring က ဖေါ်ပြပါတယ်။

ဇွန် တရက်ကနေ ဇွန် ၂ ရက် ညနေပိုင်းအထိ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီအလောင်း ၆ 
လောင်းနဲ့ လက်နက်ငယ် ၆ လက်သိမ်းမိတယ်လို့ ကျားဖြူစစ်ကြောင်းက အရာရှိတဦးပြောတာကို ကိုးကားဖေါ်ပြပါတယ်။

စစ်ကောင်စီဖက်က ဂျက်ဖိုက်တာနဲ့ဗုံးကြဲတဲ့အပြင် အတွဲလိုက် ဒရုန်းတွေ၊ အဝေးပစ်အမြောက်ကြီးတွေပါ သုံးနေတဲ့အတွက် တိုက်ပွဲအသံကို မြဝတီ-မဲဆောက်ဖက်ကတောင် ကြားနေရတယ်လို့ဆိုပါတယ်။

၂ လကြာတဲ့အထိ ရှေ့မတိုးနိုင်ဖြစ်နေတဲ့ အောင်ဇေယျကို ဒု ကာ-ချုပ် စိုးဝင်းကိုယ်တိုင်က ရှေ့တိုးဖို့ အသေတွန်းနေတာဖြစ်နိင်တယ်လို့ ကျားဖြူစစ်ကြောင်း တာဝန်ရှိသူက ပြောပါတယ်။

အောင်ဇေယျစစ်ကြောင်းဟာ တောနော-ရေတံခွန်အကျော် ဘုရားကုန်းအနီးမှာ ရပ်တန့်နေဆဲဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။

ဒါ့အပြင်...

- ရွှေကူမြို့နယ်ရှိ မြို့ကုန်းတိုက်နယ်ဆေးရုံကို စစ်ကောင်စီက လေယာဉ်နဲ့ဗုံးကြဲတဲ့အတွက်
ကလေးငယ် တဦးသေဆုံးပြီး ဆေးရုံပျက်စီး...

- နွေဦးတော်လှန်ရေး ၃ နှစ်တာ စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၄၀၀) ကျော်ကို
ချေမှုန်းနိုင်ခဲ့ပြီး တော်လှန်ရေးဖက်ကလည်း ရဲဘော် ၅ ဦး အသက်ပေးလှုူခဲ့ရတယ်လို့ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်‌‌‌ရေးအဖွဲ့က သတင်းထုတ်ပြန်...

- KNDF - ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ၃ နှစ်ပြည့်အခမ်းအနား ကျင်းပ...

-  ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာအနီး အိမ်စီးကားနဲ့ရောက်လာတဲ့ စစ်တပ်အရာရှိတဦးကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်...

- တနင်္သာရီမြို့နယ်၊ သိန္ဓောကျေးရွာအခြေစိုက် ရှေ့တန်းစခန်းက စစ်သားတဦး လက်နက်နဲ့အတူ အလင်းဝင်လာတဲ့အတွက် ငွေကျပ် ၇၅ သိန်း ဆုချီးမြှင့်...

- ယင်းမာပင်ခရိုင် အမှတ် (၁) တပ်ရင်း၊ တပ်ရင်းဖွဲ့စည်းမှု (၂)နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကျင်းပ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

“စစ်ကောင်စီနဲ့ချုပ်ဆိုတဲ့ စာချုပ်တွေအားလုံး တရားဝင်မှုမရှိဘူးဆိုတာကို ထု...


“စစ်ကောင်စီနဲ့ချုပ်ဆိုတဲ့ စာချုပ်တွေအားလုံး တရားဝင်မှုမရှိဘူးဆိုတာကို ထုတ်ဖေါ်ပြသဖို့လိုတယ်”

- ဦးစိန်ဌေး (စီးပွားရေး ဆန်းစစ်ဝေဖန်သူ)

(၂- ၆- ၂၀၂၄)

“ဧရာဝတီမြစ်ဆုံစီမံကိန်း၊ ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းအပါဝင် အာဏာသိမ်းစစ်ကောင်စီနဲ့ ချုပ်ဆိုတဲ့စာချုပ်တွေအားလုံး တရားဝင်မှုမရှိဘူးဆိုတာကို နိုင်ငံတကာအဆင့်၊ အစိုးရအဆင့်၊ ဒေသဆိုင်ရာအဆင့် အသီးသီးမှာ ထုတ်ဖေါ်ပြသဖို့လိုတယ်” လို့ စီးပွားရေးပညာရှင် ဦးစိန်ဌေးက ပြောပါတယ်။

ရပ်နားထားတဲ့ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းနဲ့ ဧရာဝတီမြစ်ဆုံစီမံကိန်းတို့ကို ရုရှားနဲ့ တရုတ်လက်ထဲ စစ်ကောင်စီက ထိုးအပ်ဖို့ပြင်နေတယ်ဆိုတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး ... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာ...

- ကျောက်ဖြူစီမံကိန်းကို ပြန်လည်ပြင်ဆင်ရေး လုပ်နိုင်ခြေရှိသေးလား...

- ထားဝယ်ရေနက်ဆိပ်ကမ်းနဲ့ ဧရာဝတီမြစ်ဆုံစီမံကိန်းတွေ စစ်ကောင်စီလက်ထက်မှာ ပြန်မစနိုင်အောင် ဘယ်လိုကန့်ကွက်ကြမလဲ...

- နိုင်ငံခြားရင်းနှီးမြှုုပ်နှံသူတွေက စစ်ကောင်စီအလွန်ခေတ်အထိ မစောင့်နိုင်ကြဘူးလား...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

Saturday, June 1, 2024

“စစ်ရှုံးစစ်တပ်ကို ဆက်ပြီး ဖက်တွယ်နေမလား... ပြည်သူနဲ့ အမြန်ပူးပေါင်းမလား”


“စစ်ရှုံးစစ်တပ်ကို ဆက်ပြီး ဖက်တွယ်နေမလား... ပြည်သူနဲ့ အမြန်ပူးပေါင်းမလား”

- ဗိုလ်ကြီးဟောင်း နေမျိုးဇင် (ဘက်ပြောင်းရေးအစီအမံကော်မီတီ - IEC )

(၁- ၆- ၂၀၂၄)

“စစ်ရှုံးစစ်တပ်ကို ဆက်ပြီး ဖက်တွယ်နေမလား၊ ပြည်သူနဲ့ အမြန်ပူးပေါင်းမလား ဆိုတာကို ဒီနေ့ တပ်မတော်သားတွေ အမြန်ဆုံးရွေးချယ် ဆုံးဖြတ်ချက်ချဖို့ လိုအပ်နေပြီဖြစ်တယ်” လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ ဘက်ပြောင်းရေးအစီအမံကော်မီတီ
ညွှန်ကြားရေးမှူး ဗိုလ်ကြီးဟောင်းနေမျိုးဇင်က ပြောပါတယ်။

ပြည်တွင်းမှာလည်း စစ်ရှုံး၊ နိုင်ငံတကာရဲ့အသိအမှတ်ပြုမှုလည်းမရဖြစ်နေတဲ့ စစ်ကောင်စီဥက္ကဌက လမ်းကြောင်းသစ်မရှာပဲ ဘာကြောင့်ရှံးမဲ မဲနေတယ်ထင်သလဲ...ဆိုပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာ...

- တပ်ရင်း ၅၀၀ ကျော်ထဲက တပ်ရင်း ၆၀ နီးပါး လုံး၀ ပြုတ်ထွက်သွားတာ ဘာကြောင့်လဲ...

- ရှေ့တန်းတပ်တွေကို လက်နက်ချရေး၊ ပြည်သူနဲ့ ပူးပေါင်းရေး တရားဟောစည်းရုံးတာ အလုပ်ဖြစ်ရဲ့လား...

- စစ်ရှုံးစစ်ကောင်စီက လမ်းကြောင်းသစ်မရှာပဲ ဘာကြောင့် ရှုံးမဲ မဲနေတာလဲ...

- ဒီလို အကျပ်အတည်းကာလမှာ တပ်မတော်သားတွေ ဘာဆက်လုပ်သင့်သလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

Share

Twitter Delicious Facebook Digg Stumbleupon Favorites More