ကဲြလုိက္ ေပါင္းလုိက္ရဲ့ အက်ဳိးဆက္အျဖစ္ အင္အားတခ်ဳိ႕ဆုံးရႈံးသြားျခင္း
ဘက္မလိုက္အဖြဲ႔ ညီလာခံအတြင္း အမ်ားစုဆႏၵမဲအရ ေဒါက္တာနုိင္ေအာင္ ဗဟုိနဲ႔ေပါင္းဖုိ႔ ဆုံးျဖတ္လုိက္တယ္ဆုိေပမယ့္ ဒီဆုံးျဖတ္ခ်က္ဟာ ၁၀၀ ရာခုိင္နႈန္း ေထာက္ခံမႈရခဲ့တာမ်ဳိးေတာ့ မဟုတ္ပါ။ ၂ နွစ္ေက်ာ္ ဘက္မလုိက္အျဖစ္ သီးျခားရပ္တည္လာျပီးမွ မူလပန္းတုိင္ျဖစ္တဲ့ ဗဟုိ ၂ ခု ျပန္ေပါင္းတဲ့အထိ မလုပ္နုိင္ဘဲ လက္ေလွ်ာ့လုိက္တဲ့ ေခါင္းေဆာင္ေတြ၊ ေကာ္မတီေတြအေပၚ ရဲေဘာ္အမ်ားစုက အေတာ္ေလး အားမလုိအားမရ ျဖစ္သြားပုံရပါတယ္။
“ဒီလုိေပါင္းမယ္ဆုိရင္ အစကတည္းက ဘာလို႔ ဘက္မလုိက္ရပ္ေသးလဲ” လို႔ ျပင္းျပင္းထန္ထန္ေ၀ဖန္ၿပီး ဒါဇင္နဲ႔ခ်ီတဲ့ ရဲေဘာ္ေတြ တပ္ကေန နႈတ္ထြက္ကုန္ၾကပါတယ္။ က်ေနာ္မွတ္မိသေလာက္ဆုိရင္ က်ေနာ္တို႔ ဘက္မလုိက္ တပ္အင္အား ၁၅၀ ေက်ာ္ထဲက ၃၀ ေလာက္အထိ ခ်က္ခ်င္းထြက္သြားၾကတဲ့အတြက္ ထုိင္းထဲ ဂိတ္အ၀င္အထြက္ေတြကုိ KNU ဘက္က တင္းက်ပ္လုိက္တဲ့ အထိျဖစ္ခဲ့ပါတယ္။
ဆုိလုိတာကေတာ့ အရင္ကဆုိရင္ လက္နက္ကုိင္ ေတာ္လွန္ေရးကို စိတ္ကုန္လုိ႔ျဖစ္ေစ၊ ေတာတြင္းဘ၀ ၾကမ္းတမ္းမႈကို မခံနုိင္လုိ႔ျဖစ္ေစ၊ တျခား အေၾကာင္းအမ်ဳိးမ်ဳိးေၾကာင့္ျဖစ္ေစ တပ္ကေန ႏုတ္ထြက္သြားတဲ့ ရဲေဘာ္တဦးစ နွစ္ဦးစ KNU ဂိတ္ေတြကိုျဖတ္ၿပီး ထုိင္းထဲ၀င္သြားတာ သိပ္မသိသာေပမယ့္ အခုလုိ လူဒါဇင္နဲ႔ခ်ီၿပီး တႀကိမ္တည္း ထထြက္သြားတဲ့ အခါမွာေတာ့ KNU ဘက္က စိတ္ပူသြားတာလို႔ ယူဆရပါတယ္။ ဒီအတြက္ KNU ေက်ာင္းသားေရးရာ တာ၀န္ခံအေပၚ ထြက္သြားတဲ့ရဲေဘာ္ေတြက အျမင္ေစာင္းမႈေတြ ျဖစ္ခဲ့ေသးတယ္လို႔ ေနာက္ပုိင္းက်မွ ျပန္သိခဲ့ရပါတယ္။
ေနာက္တခ်က္ကေတာ့ ဘက္မလုိက္အဖြဲ႔ ညီလာခံလုပ္တဲ့အခ်ိန္အထိ ပင္လယ္ျပင္ထဲ ခရီးလြန္ေနတဲ့ စစ္ေၾကာင္းမႉး ကိုေဇာ္မင္းနဲ႔ တပ္ဖြဲ႔၀င္တခ်ဳိ႕ဟာ ညီလာခံရဲ့ ဆုံးျဖတ္ခ်က္ကုိ လက္မခံဘူးလို႔ သိရပါတယ္။ တခါ ဒုရင္းမႉး ကိုမင္းေဇာ္သူကလည္း ပင္လယ္ျပင္စစ္ေၾကာင္းအတြက္ အေရးေပၚကိစၥရွိလို႔ဆုိၿပီး ညီလာခံမၿပီးခင္မွာ မင္းသမီးစခန္းကေန ရေနာင္းကို ဆင္းသြားပါတယ္။ တလေလာက္ ၾကာတဲ့အခါမွာေတာ့ တပ္ရင္းမႉး ကိုေသာင္းညြန္႔ ကိုယ္တုိင္လည္း ရေနာင္းဖက္ဆင္းၿပီး ဒုရင္းမႉးနဲ႔အတူ ပင္လယ္ျပင္ စစ္ေၾကာင္းကိစၥ ဆက္လုပ္ခဲ့တယ္လို႔ သိရပါတယ္။
ဒီလုိနဲ႔ ၁၉၉၃ ေအာက္တုိဘာ လလယ္ေလာက္မွာေတာ့ ဒုရင္းမႉး ကိုမင္းေဇာ္သူနဲ႔ ပင္လယ္ျပင္စစ္ေၾကာင္းမႉး ကိုေဇာ္မင္းတို႔ ၂ ဦး ရေနာင္းမွာ ေပ်ာက္ဆုံးသြားတယ္လို႔သတင္းထြက္လာပါတယ္။ သူတို႔အဖြဲ႔ဟာ ထုိင္းငါးဖမ္းေလွေတြ၊ ျမန္မာဖက္က သစ္ေမွာင္ခုိေလွေတြမွာ အခြန္ေတြေကာက္ၿပီး အဲဒီေငြေတြနဲ႔ ရေနာင္းဘက္မွာ လက္နက္၀ယ္ကာ ပင္လယ္ထဲ ျပန္မဆင္းခင္ေလးမွာ အခုလုိျဖစ္သြားတာလို႔ ဆုိပါတယ္။ ရေနာင္းမွာေနထုိင္တဲ့ ဘုတ္ျပင္းၿမိဳ႕နယ္ အေျခစိုက္ သစ္လုပ္ငန္းပုိင္ရွင္တဦးက ဖိတ္ၾကားတဲ့ ညစာစားပဲြကုိအသြားမွာ အခုလုိ ေပ်ာက္ဆုံးသြားတာ ျဖစ္တယ္လို႔ အဲဒီကာလက သူတို႔အဖြဲ႔နဲ႔အတူ တာ၀န္ထမ္းေဆာင္ေနသူတဦးက ေျပာပါတယ္။ ကုိမင္းေဇာ္သူနဲ႔ ကိုေဇာ္မင္းတို႔ ေပ်ာက္ဆုံးတဲ့သတင္းၾကားရတာ အခုဆိုရင္ ၁၉ နွစ္ရွိသြားၿပီျဖစ္ေပမယ့္ ဘယ္အဖြဲ႔စည္းကမွ အတိအက် စုံစမ္းေဖာ္နုိင္ျခင္း မရွိေသးပါဘူး။
ရေနာင္မွာ ေပ်ာက္ဆုံးသြားတဲ့ ပင္လယ္ျပင္စစ္ေၾကာင္းမႈး ကိုေဇာ္မင္း
အကဲြအၿပဲရဲ့ ဒဏ္ရာဒဏ္ခ်က္ေတြအျဖစ္ နုတ္ထြက္သူ၊ က်ဆုံးဆုံးသူေတြ ရွိခဲ့ေပမယ့္လည္း မျပီးဆုံးေသးတဲ့ ေတာ္လွန္ေရးတာ၀န္ေတြကို ဆက္လုပ္နုိင္ဖုိ႔ ၂၀၁ တပ္ရင္း ၂ ခု ျပန္လည္ေပါင္းစည္းေရးကို က်ေနာ္တို႔ ဆက္လက္ေဆာင္ရြက္ခဲ့ပါတယ္။ ဒီလုိတပ္ရင္း ၂ ခု ျပန္ေပါင္းစည္းမႈမွာ အဓိက တာ၀န္ယူ ေဆာင္ရြက္သူေတြကေတာ့ ဘက္မလုိက္အဖြဲ႔ဘက္မွ အတြင္းေရးမႈး ကိုေအာင္ေမာ္၊ စည္း႐ံုး-ျပန္ၾကားတာ၀န္ခံ ဆရာ ဦးဟန္လင္း၊ တပ္ေရး တပ္ေထာက္အရာရွိ ကိုမင္းေဇာ္ေရႊ၊ တပ္ခဲြမႉးေတြျဖစ္တဲ့ ကုိသိန္းျမင့္ေက်ာ္၊ ကုိခင္ေမာင္ခ်ဳိနဲ႔ ကိုေအာင္သန္႔တို႔ ၆ ဦး ျဖစ္ပါတယ္။ ကုိနုိင္ေအာင္တို႔ ၂၀၁ ဘက္မွာ တာ၀န္ယူ ေဆာင္ရြက္သူေတြကေတာ့ တပ္ရင္းမႉး ကိုေဇာ္သန္း၊ ဒုရင္းမႉး ဆရာဦးေအာင္ျမင့္၊ ေရး-ေထာက္အရာရွိ ကို၀င္းေအာင္၊ တပ္ခဲြမႉးေတြျဖစ္တဲ့ ကိုဘုန္းေက်ာ္နဲ႔ ကုိျမင့္လြင္တုိ႔ ျဖစ္ပါတယ္။
က်ေနာ္ကေတာ့ တပ္ရင္း ၂ ခု ျပန္ေပါင္းစည္းခ်ိန္မွာ မင္းသမီးေဒသမွာ မရွိေတာ့ဘဲ ပရာကြ်တ္၊ ထပ္စကဲဘက္ရွိ မြန္ျပည္သစ္ပါတီ ၿမိတ္ခ႐ိုင္မွာ ပင္လယ္ျပင္ကိစၥ တာ၀န္ယူေနရပါတယ္။ က်ေနာ္တို႔ ဘက္မလုိက္အဖဲြ႔က ေဒါက္တာ နုိင္ေအာင္ ဗဟုိနဲ႔ ေပါင္းစည္းေၾကာင္း ေၾကညာခ်က္ထုတ္ၿပီး ရက္ပုိင္းအတြင္းမွာတင္ ေဒါက္တာ နုိင္ေအာင္ ဗဟုိရဲ့ ေတာင္းပုိင္းစစ္ေဒသ၊ သုိ႔မဟုတ္ အဲဒီကာလအေခၚ ေတာင္ပုိင္းေဒသ ဗဟုိအလုပ္ဖြဲ႔ (ဗလဖ) အဖဲြ႔ေခါင္းေဆာင္နဲ႔ ဗဟုိအတြင္းေရးမႉး (၁) ကုိေအာင္ထူး (အခု ျမန္မာနုိင္ငံ ေရွ႕ေနမ်ားေကာင္စီ) က က်ေနာ္ကုိ ဗလဖအဖြဲ႔၀င္အျဖစ္ တာ၀န္ေပးလုိက္လုိ႔ ျဖစ္ပါတယ္။
ပင္လယ္ျပင္မွာ ရန္ပုံေငြရွာသူမ်ား
ပင္လယ္ျပင္အတြင္း တာ၀န္ယူေနတဲ့ ABSDF တပ္ဖြဲ႔၀င္တခ်ဳိ႕
ပူးတဲြဆုိတာဟာ က်ေနာ္တို႔ ABSDF တပ္ေတြအခ်င္းခ်င္း ပူးတြဲတာတင္မကပါဘူး။ ပင္လယ္ျပင္အတြင္း လႈပ္ရွားေနတဲ့ ေတာ္လွန္ေရးတပ္ေတြအားလုံး ပူးတဲြေဆာင္ရြက္မယ္ဆုိတဲ့ သေဘာလို႔ က်ေနာ္နားလည္ပါတယ္။ ဒါေပမယ့္ တကယ္တမ္း ေဆာင္ရြက္တဲ့အခါမွာေတာ့ အဓိကတပ္ႀကီးျဖစ္တဲ့ KNU မပါဘဲ မြန္ျပည္သစ္ပါတီ – ၿမိတ္ခ႐ိုင္ရယ္၊ ဗကပ – ၿမိတ္ခ႐ိုင္နဲ႔ က်ေနာ္တို႔ ABSDF ေဒါက္တာ နုိင္ေအာင္ ဗဟိုဘက္က အင္အားစု ၃ ခုသာ ျဖစ္ေနတာကို က်ေနာ္ေတြ႔ရပါတယ္။ အဲဒီအခ်ိန္ ဗကပ တနသာၤရီတုိင္းကေန ၿမိတ္ထား၀ယ္-ညီညြတ္ေရးတပ္ဦးအျဖစ္ အမည္ေျပာင္းထားၿပီးၿပီလို႔ ထင္ပါတယ္။ ဒါေပမယ့္ မူလအမည္ျဖစ္တဲ့ ဗကပအျဖစ္ပဲ ေခၚေနၾကဆဲျဖစ္ပါတယ္္။
ပူးတဲြပင္လယ္ျပင္အဖြဲ႔အေၾကာင္း မေျပာခင္ ေတာင္ပုိင္း ဗလဖ အေၾကာင္း အက်ဥ္းတင္ျပရမယ္ဆုိရင္ ကုိနုိင္ေအာင္တို႔ ဗဟုိလက္ေအာက္ခံ ေတာင္ပုိင္းတပ္ရင္း ၃ ခု ျဖစ္တဲ့ ၁၀၁၊ ၂၀၁ နဲ႔ ၂၀၃ တပ္ရင္းကုိယ္စား ဦးစီးေဆာင္ရြက္နုိင္ဖုိ႔ အတြင္းေရးမႈး ၁ ကုိေအာင္ထူး ကိုယ္တုိင္ဦးစီးတဲ့ ဗဟုိအလုပ္ဖြဲ႔တခု မင္းသမီးေဒသမွာ လာေရာက္ အေျခစိုက္ထားပါတယ္။ တပ္ရင္းအသီးသီးက ကိုယ္စားလွယ္ေတြ ျဖစ္တဲ့ ၁၀၁ မွ ကိုတင္စိုးေနာင္၊ ၂၀၁ မွ က်ေနာ္နဲ႔ ကိုေက်ာ္ထင္၊ ၂၀၃ မွ ကိုေသာင္းထြန္းတို႔အျပင္ ဗဟုိေကာ္မီတီေတြထဲမွာ ကိုေ၀လင္းဇင္၊ ကို၀င္းနုိင္၊ ကိုေက်ာ္မုိး အပါအ၀င္ ဗဟုိဆက္သြယ္ေရး၊ ေဆးနဲ႔ စည္းရံုးေရးဌာနက အဖဲြ႔၀င္ေတြလည္း ဒီအဖြဲ႔မွာ ပါ၀င္ေနတာကို ေတြ႔ရပါတယ္။ အလယ္ပုိင္း ေဒသအပါ၀င္ တျခားေဒသေတြမွာလည္း အလားတူ အလုပ္ဖြဲ႔ ဗလဖ ေတြနဲ႔ ေဆာင္ရြက္ေနတယ္လို႔ သိရပါတယ္။
ပူးတြဲပင္လယ္ျပင္အဖြဲ႔အတြက္ ဗလဖ ကိုယ္စား တာ၀န္ေပးျခင္း ခံရသူေတြကေတာ့ အဖြဲ႔ေခါင္းေဆာင္အျဖစ္ ဗဟုိမွ ကိုေ၀လင္းဇင္၊ အဖြဲ႔၀င္ေတြအျဖစ္ ၂၀၁ မွ က်ေနာ္နဲ႔ ၁၀၁ မွ ကိုသန္းနုိင္တုိ႔ ျဖစ္ပါတယ္။ က်ေနာ္တို႔ ၃ ဦးဟာ မင္းသမီးကေန ကန္ခ်နပူရီ၊ ဘန္ေကာက္၊ ပရာကြ်တ္ကတဆင့္ ပင္လယ္ကမ္းေျခၿမိဳ႕ေလးတခုျဖစ္တဲ့ ထပ္စကဲၿမိဳ႕ဆီ ေရာက္လာပါတယ္။ အဲဒီၿမိဳ႕က မြန္ျပည္သစ္ပါတီ ၿမိတ္ခ႐ိုင္႐ံုးမွာ ေခတၱတည္းျပီး ေနာက္တရက္မွာေတာ့ ထပ္စကဲၿမိဳ႕နဲ႔ ျမန္မာနုိင္ငံ ျမိတ္ခ႐ိုင္နယ္စပ္ရွိ မြန္ျပည္သစ္ပါတီ ျမိတ္ခရုိင္ဌာနခ်ဳပ္႐ံုးရွိရာ “ေဟြးဖတ္စခန္း” ဆီေရာက္လာပါတယ္။ အခ်ိန္ကာလအားျဖင့္ ၁၉၉၃ စက္တင္ဘာေနွာင္းပိုင္း သုိ႔မဟုတ္ ေအာက္တုိဘာလ အေစာပုိင္းလို႔ ထင္ပါတယ္။
ထပ္စကဲၿမိဳ႕အစြန္ ထုိင္းရြာေတြကေန ေျမနီလမ္းအတုိင္း ေတာင္ေပၚကုိတက္လာရတဲ့ ကားလမ္းဟာ မုိးရြာထားတဲ့အတြက္ ေခ်ာေနၿပီး ဖိုးဝွီးကားနဲ႔ေတာင္ မနည္းႀကိဳးစား တက္ခဲ့ရပါတယ္။ ေတာင္ထိပ္ေရာက္တဲ့ အခါမွာေတာ့ KNU ျမိတ္-ထား၀ယ္ခ႐ိုင္ ႐ံုးနီးပါး သားသားနားနား ေဆာက္လုပ္ထားတဲ့ မြန္ျပည္သစ္ပါတီ ျမိတ္ခ႐ိုင္႐ံုးနဲ႔ တျခားအေဆာက္ဦေတြကို ေတြ႔ရပါတယ္။ ခ႐ိုင္ရံုးေဘးက စည္းရံုးေရးမႉးတဦးရဲ့ ေနအိမ္မွာ က်ေနာ္တို႔စခန္းခ်ျပီး ေနာက္တရက္မွာက်င္းပမယ့္ ေဆြးေႏြးပဲြအတြက္ ႀကိဳတင္ျပင္ ဆင္မႈေတြလုပ္ခဲ့ပါတယ္။ မူလအစီစဥ္တုိင္းဆုိရင္ က်ေနာ္တို႔ ABSDF ဗဟုိ ၂ ဖြဲ႔ရယ္၊ မြန္ျပည္သစ္ ပါတီ-ျမိတ္ခ႐ိုင္ရယ္၊ ဗကပ ျမိတ္-ခရုိင္ရယ္ ေပါင္းၿပီး ၄ ဖြဲ႔ပါတဲ့ ပင္လယ္ျပင္ ပူးတဲြစစ္ေၾကာင္း လုပ္ဖုိ႔ပါ။ ဒါေပမယ့္ ဘာေတြ အဆင္မေျပျဖစ္ခဲ့သလဲေတာ့ မသိပါ။ က်ေနာ္တို႔ ေဟြးဖတ္ကို ေရာက္တဲ့ ရက္မွာပဲ အေထြေထြအတြင္းေရးမႈး ဆလုိင္းကုိကုိဦး အပါအ၀င္ ကုိမုိးသီးဇြန္တို႔ဗဟုိက ကုိယ္စားလွယ္အဖြဲ႔တခုလုံး ေဟြးဖတ္ကေန ထြက္သြားတာကို က်ေနာ္ျမင္လုိက္ရပါတယ္။ ဒီလုိနဲ႔ ပူးတြဲပင္လယ္ျပင္ ရန္ပုံေငြရွာေဖြ ေရးအဖြဲ႔ဟာ ၃ ဖြဲ႔တည္းနဲ႔ ဆက္လက္ ခရီးနွင္ခဲ့ရပါတယ္။
ဒီအဖြဲမွာပါ၀င္သူေတြကေတာ့ မြန္ျပည္သစ္ပါတီ ျမိတ္ခ႐ိုင္မွ ခရုိင္တပ္မႉး ဗုိလ္မႈး၀င္းေအာင္ (ကြယ္လြန္)၊ ခရို္င္ေကာ္မီတီ နုိင္ကလင္ထန္နဲ႔ နုိင္သိန္းတင္၊ ဗကပ-ၿမိတ္ခရုိင္မွ ခရုိင္တပ္မႉး ဗုိလ္မႈး စုိးလြင္ (ကြယ္လြန္)၊ သူ႔သမက္လည္းျဖစ္ တပ္မႈးတဦးလည္းျဖစ္တဲ့ ကုိေဖၾကည္ (ျပန္၀င္) နဲ႔ ကုိေအးထြန္း (ျပန္၀င္)၊ က်ေနာ္တို႔ ABSDF မွ ကုိေ၀လင္းဇင္ (အခုထိ ABSDF ဗဟုိမွာ တာ၀န္ထမ္းေနဆဲ)၊ ကုိသန္းနုိင္ (အခုအေမရိကန္) နဲ႔ က်ေနာ္တို႔ ပါ၀င္တဲ့ ၉ ဦးေကာ္မတီျဖစ္ပါတယ္။
က်ေနာ္မွတ္မိသေလာက္ကေတာ့ ျမန္မာ့ပင္လယ္ျပင္အတြင္း ငါးဖမ္းမယ့္ ထုိ္င္းေလွေတြအားလုံး က်ေနာ္တုိ႔ေကာ္မတီမွာ အခြန္ လာေဆာင္ရမွာျဖစ္ပါတယ္။ အဲဒီအခြန္ေဆာင္ထားတဲ့ လက္မွတ္ရွိ မရွိကို ပင္လယ္ျပင္ထဲရွိ က်ေနာ္ တို႔တပ္ေတြက စစ္ေဆးမွာျဖစ္ျပီး မရွိတဲ့ေလွကုိ ဖမ္းဆီးကာ ၃၊ ၄ ဆမက ထပ္မံဒဏ္တပ္မွာ ျဖစ္ပါတယ္။
အခြန္ေကာက္ခံတဲ့ နႈန္းထားေတြကေတာ့ ေလွအမ်ဳိးအစား၊ အရြယ္အစား၊ ေရခဲတုံးအေရတြက္ေပၚ မူတည္ ကဲြျပားျခားနားျပီး အနည္ဒဆုံး ေလွတစီးကုိ ဘတ္ ၅၀၀၀ ကေန ၃ ေသာင္းေလာက္အထိ ရွိပါတယ္။ ေရခဲတုံး ၁၀၀ ေက်ာ္ပါတဲ့ ၀ါလတ္ေလွဆုိရင္ ဘယ္ေလာက္၊ ၀ါတန္းေလွက ဘယ္လုိ၊ ကင္းမြန္မီးထြန္းေလွက ဘယ္ပုံ စသျဖင့္ အတိအက်သတ္မွတ္ထားပါတယ္။
ဒီလုိသတ္မွတ္ၿပီးတာနဲ႔ ေၾကညာခ်က္ထုတ္ျပီး ရေနာင္းက ငါးဖမ္းေလွပိုင္ရွင္ေတြ၊ ေလွကုိယ္စားလွယ္ေတြနဲ႔ ပင္လယ္ျပင္ထဲက က်ေနာ္တို႔တပ္ေတြ အားလုံးဆီ ညြန္ၾကားခ်က္ ထုတ္ျပန္လုိက္ပါတယ္။ ဒီလုိ ထုတ္ျပန္ျပီး ရက္ပုိင္းအတြင္းမွာပဲ ရေနာင္းရွိ ထုိင္းငါးဖမ္းေလွကိုယ္စားလွယ္ေတြ ထပ္စကဲၿမိဳ႕ဆီ ေရာက္လာျပီး က်ေနာ္တို႔ ပူးတဲြေကာ္မတီ ယာယီ႐ံုးထုိင္တဲ့ မြန္ျပည္သစ္ပါတီ ထပ္စကဲ႐ံုးဆီ အခြန္လာေဆာင္ၾကပါတယ္။
ထုိင္းေလွပုိင္ရွင္ေတြ။ ေလွကုိယ္စားလွယ္ေတြ ဆုိေပမယ့္ ဒီလူေတြအားလုံးဟာ ျမန္မာစကား ေကာင္းေကာင္းေျပာတတ္ျပီး ရေနာင္းမွာ အေနၾကာလို႔ ထုိင္းနုိင္ငံသားျဖစ္သြားတဲ့ တနသၤာရီတုိင္းသားေတြသာ ျဖစ္ပါတယ္။
သူတို႔စကားေျပာတဲ့ေလသံဟာ ျမိတ္ေလသံေပါက္ေနျပီး ထား၀ယ္ေလသံေပါက္တဲ့က်ေနာ့္ကုိ အေတာ္ေလး ပြင့္ပြင့္လင္းလင္း ေျပာၾကပါတယ္။ သူတို႔အဓိကေျပာတဲ့အထဲမွာ အခြန္နႈန္းထား ေလွ်ာ့ေပးဖုိ႔၊ ေလွတစီးမက ပုိင္ဆုိင္သူေတြကို အထူးနႈန္းနဲ႔ေလွ်ာ့ေပးဖုိ႔၊ ပုိင္ရွင္တဦးတည္းဆုိရင္ လက္မွတ္တေစာင္တည္းနဲ႔ ေလွ ၃၊ ၄ စီး သုံးခြင့္ေပးဖုိ႔ စသျဖင့္ပါ၀င္ပါတယ္။ ဒီလုိ ေငြေၾကးကိစၥအျပင္ ထူးထူးျခားျခား က်ေနာ္မွတ္မိေနတဲ့ ကိစၥတခုကေတာ့ ေတာ္လွန္ေရးတပ္ေတြရဲ့ ညီညြတ္မႈကို ေ၀ဖန္မႈ ဒါမွမဟုတ္ သူတို႔အခြန္ေပးရ သက္သာေအာင္ အႀကံေပးတာလို႔လည္း ေျပာနုိင္တဲ့ ေ၀ဖန္မႈတခု ျဖစ္ပါတယ္။
“ခင္ဗ်ားတို႔ ပူးတဲြအဖဲြ႔မွာ ေတာ္လွန္ေရးတပ္ေတြ အားလုံးပါရင္ ပုိေကာင္းတာေပါ့။ အခုဟာက ဘယ္ဘယ္ႏွမ်ိဳးႀကီးလဲ” လို႔ အဲဒီပုဂၢိဳလ္ေတြက တီးတုိးေျပာပါတယ္။ ဆုိလုိတာကေတာ့ က်ေနာ္တို႔ ပူးတဲြအဖြဲ႔မွာ ေတာ္လွန္ေရးတပ္ေတြ အားလုံးပါမယ္ဆုိရင္ က်ေနာ္တို႔႐ံုးမွာ အခြန္လာေဆာင္လုိက္တာနဲ႔ ပင္လယ္ျပင္ထဲမွာ အားလုံး အုိေက သြားမယ္ဆုိတဲ့ သေဘာပါ။ ဒါေပမယ့္ အခုက အားလုံးတစုတည္း မလုပ္နုိင္ေသးတဲ့အတြက္ က်ေနာ္တို႔ဆီမွာ အခြန္ေဆာင္လိုက္႐ံုံနဲ႔ ကိစၥကမျပီး။ ကိုမုိးသီးဇြန္တို႔တပ္ေတြ၊ KNU တပ္ေတြ၊ ရခုိင္တပ္ေတြ၊ တျခားတပ္ေတြနဲ႔ေတြ႔ရင္ ေတြ႔တဲ့အဖြဲ႔တုိင္းကုိ သူတို႔အခြန္ထပ္ေဆာင္ၾကရဦးမွာပါ။ အဲဒီကာလကေတာ့ ကိုယ္က အခြန္ေကာက္တဲ့အရာရွိဘ၀ဆုိေတာ့ သူတို႔ဘက္က တင္ျပခ်က္ကုိ သိပ္အေလးမထားခဲ့ပါဘူး။ ဒါေပမယ့္ အခုခ်ိန္ ျပန္စဥ္းစားၾကည့္တဲ့အခါမွာေတာ့ ဦးတည္ခ်က္ တူပါတယ္ဆုိတဲ့ ေတာ္လွန္ေရးတပ္ေတြ တဖြဲ႔တည္းေပါင္းၿပီး မလုပ္နုိင္တာ ဘာေၾကာင့္လဲ။ သေဘာတရားထက္ အက်ဳိးစီးပြားကို ပုိဦးစားေပးခဲ့မိလို႔လား။ “တူတာတြဲလုပ္။ မတူတာခဲြလုပ္” ဆုိတဲ့ တပ္ေပါင္းစုမူေတာင္ အဓိပၸာယ္တမ်ဳိး ထြက္ခဲ့ေလသလားလို႔ စဥ္းစားေနမိပါတယ္။
ေလွသူေဌး “ေထာင္ကဲ” ေတြဘက္ကုိ ျပန္လွည့္ရမယ္ဆုိရင္ေတာ့ မည္သုိ႔ပင္ဆုိေစကာမူ ေလာေလာဆယ္ ပင္လယ္ျပင္မွာ ငါးဖမ္းနုိင္ဖုိ႔၊ အျမတ္အစြန္းမ်ားစြာရမယ့္ ငါးဖမ္းလုပ္ငန္းစီမံကိန္းကို မစြန္႔လႊတ္ နုိင္ေသးေတာ့ က်ေနာ္တို႔ဆီမွာ အခြန္ေဆာင္ရတဲ့အလုပ္ကို သူတို႔ပ်က္ကြက္လို႔မျဖစ္။ ဒီလုိနဲ႔ ကားတစီးၿပီးတစီး အဆက္မျပတ္ က်ေနာ္တို႔႐ံုးမွာ အခြန္လာေဆာင္ေနၾကပါတယ္။ ေနာက္ပုိင္းမွာေတာ့ ေငြသားေတြကို သိန္းနဲ႔ခ်ီျပီး ရေနာင္းကေန ထပ္စကဲအထိ သယ္လာရတာ လုံၿခံဳေရး စိတ္မခ်လို႔ဆုိျပီး ေငြကို ဘဏ္နဲ႔အရင္လႊဲၿပီးမွ က်ေနာ္တို႔႐ံုးမွာ လက္မွတ္လာယူၾကတာကို ေတြ႔ရပါတယ္။
သူတို႔ဘက္က ေငြသယ္ရတဲ့အေပၚ လုံၿခံဳေရး ိတ္မခ်သလုိ က်ေနာ္တို႔ဘက္ကလည္း ထုိင္းနယ္ေျမထဲမွာေနျပီး ထုိင္းေတြကို အခြန္ေကာက္ေနတဲ့အေပၚ စိတ္မခ်ျဖစ္လာတဲ့အတြက္ ထပ္စကဲကေန မြန္ျပည္သစ္ပါတီ-ျမိတ္ခ႐ိုင္ စီးပြားေရးဌာနရွိရာ “ခ်ဳံခ်ီစခန္း” ဆီ ႐ံုးခန္းေျပာင္းလုိက္ပါတယ္။ ခ်ဳံခ်ိီစခန္းဟာ ေဟြးဖတ္စခန္းရဲ့ ေအာက္ဖက္ ကီလုိမီတာ ၆၀၊ ၇၀ ခန္႔အကြာမွာ ရွိတယ္လို႔ခန္႔မွန္းရျပီး ထပ္စကဲနဲ႔ ဘန္းစဖန္ၿမိဳ႕ ၂ ခုၾကား အေ၀းေျပးကားလမ္းနဲ႔ မိနစ္ ၃၀ ခန္႔ ကားေမာင္းလုိက္ရံုနဲ့ေရာက္နုိင္တဲ့ ဆက္သြယ္ေရး အလြယ္ကူဆုံးေနရာျဖစ္ပါတယ္။ ကားမရွိတဲ့ က်ေနာ္တို႔လည္း အငွားဆုိင္ကယ္စီးနုိင္ျပီး ဘန္ေကာက္-ဖူးခက္ အေ၀းေျပးကားလမ္းေဘးကေန ခ်ဳံခ်ီစခန္းအထိ ဆုိင္ကယ္တေခါက္မွ ဘတ္ ၅၀ ပဲေပးရပါတယ္။
ခ်ဳံခ်ီစခန္း ေတာင္ထိပ္တည့္တည့္ ထုိင္းဖက္ကမ္းမွာ ထုိင္း ေတာခ်ေတာ (နယ္္ျခားေစာင့္တပ္) ဂိတ္တခုရွိပါတယ္။ အဲဒီဂိတ္ကုိေက်ာ္ၿပီး ၅ မိနစ္ေလာက္ လမ္းေလွ်ာက္လုိက္တာနဲ႔ မြန္ျပည္သစ္ပါတီ စီးပြားေရးဌာနရဲ့ ပရိေဘာဂ ထုတ္လုပ္ေရး႐ံုးခန္းကို ေရာက္ပါတယ္။ အဲဒီမွာ အဓိကထုတ္လုပ္ေနတဲ့ ပစၥည္းေတြကေတာ့ ေတာပိေတာက္သားေတြနဲ႔ (တခ်ိဳ႕ကေတာ့ မေဟာ္ဂနီလုိ႔ေခၚပါတယ္) လုပ္ထားတဲ့ ကုလားထုိင္မ်ဳိစုံနဲ႔ စားပဲြေတြျဖစ္ပါတယ္။ ဒီ႐ံုးဟာလည္း ေရွ႕မွာတင္ျပခဲ့တဲ့ ထီးခီးက ေကအန္ယူခရုိင္႐ံုးနီးပါး က်ယ္၀န္ျပီး သစ္မာေတြနဲ႔ အခုိင္အမာေဆာက္ထားတာ ျဖစ္ပါတယ္။
ဒီ႐ံုးမွာ က်ေနာ္တို႔အုပ္စု တပတ္ေလာက္တည္းၿပီးတဲ့ အခါမွာေတာ့ က်ေနာ္တို႔ ပင္လယ္ျပင္စစ္ေၾကာင္းအတြက္ သီးျခား ႐ံုးခန္းတခုကို ဒီ႐ံုးနဲ႔ ၁၀ မိနစ္ေလာက္ လမ္းေလွ်ာက္ရတဲ့ မြန္ျပည္သစ္ပါတီ ခ်ဳံခ်ီေဒသ တပ္ခြဲ႐ံုးရွိရာ အျခား ေတာင္ထိပ္ေလးတခုမွာ ေဆာက္ခြင့္ရခဲ့ပါတယ္။ အဲဒီကာလ ခ်ဳံခ်ီေဒသတပ္ခြဲမႉးကေတာ့ ဗိုလ္ဉာဏ္ထြန္းျဖစ္ျပီး ေနာက္ပုိင္းမွာေတာ့ ဗုိလ္ေအာင္မိန္ တာ၀န္ယူတယ္လို႔ က်ေနာ္ အမွတ္ရေနပါတယ္။ တပ္ခဲြ႐ံုးနဲ႔ မ်က္နွာခ်င္းဆုိင္ရွိ က်ေနာ္တို႔႐ံုးဟာ ထုိင္းစီးပြားေရးသမားေတြနဲ႔ ဆက္ဆံရမွာမုိ႔ စားပဲြ၊ ကုလား ထုိင္ေတြနဲ႔ အေသခ်ာျပင္ထားတဲ့အျပင္ စားဖုိေဆာင္တခု၊ မီးစက္တလုံးပါ ပါ၀င္တဲ့အတြက္ ေတာ္လွန္ေရးကာလ ေတာတြင္း႐ံုးခန္းေတြထဲမွာေတာ့ အသားနားဆုံးထဲ တခုပါ၀င္တယ္လို႔ ေျပာနုိင္မယ္ ထင္ပါတယ္။
ဗကပ ျမိတ္ခရုိင္စခန္းဆီသုိ႔
ခ်ဳံခ်ီစခန္းရွိ ပူးတဲြပင္လယ္ျပင္ ရန္ပုံေငြ႐ံုးခန္းမွာ ၄၊ ၅ လ တာ၀န္ထမ္းေနစဥ္အတြင္း က်ေနာ့္မ်က္စိထဲ အခုခ်ိန္အထိ မွတ္မိေနတဲ့ ျမင္ကြင္းတခုကေတာ့ ဒုတိယကမာၻစစ္အတြင္းကက်န္ေနတဲ့ စစ္သုံးေဒါ့ဂ်စ္ကားေဟာင္းေပၚမွာ ဆန္အိတ္ေတြကုိတင္၊ အဲဒီကားကုိ ဆင္နဲ႔ဆြဲၿပီး သယ္ေနတဲ့ ဗကပျမိတ္ခရုိင္ ရဲေဘာ္ေတြပဲ ျဖစ္ပါတယ္။ မုိးတြင္းကာလဆိုရင္ ေျမနီလမ္းမွာ ေရအုိင္ျပီး ဗြက္ထေနတဲ့အတြက္ ေရွ႕မွာေျပာခဲ့တဲ့ မြန္စီးပြားေရးဌာနအထိပဲ ထုိင္းဖက္ကကားေတြ လာလို႔ရပါတယ္။
အဲဒီေနရာမွာ ဆန္အိတ္ေတြကို ထုိင္းကားေပၚကေနခ်၊ အင္ဂ်င္ပ်က္ေနတဲ့ ေဒါ့ဂ်စ္ကားအေဟာင္းေပၚတင္၊ ၿပီးမွ သူတို႔ တပ္ရင္းပုိင္ ဆင္ႀကီးတေကာင္နဲ႔ အဲဒီေဒါ့ဂ်စ္ကားပ်က္ကုိ ႀကိဳးနဲ႔ဆဲြ။ ရဲေဘာ္တခ်ဳိ႕က ကားေပၚထုိင္ၿပီး ေအာ္ဟစ္ဆူညံစြာနဲ႔ လုိက္ပါသြားၾကပါတယ္။ သူတို႔ရဲ့ ထူးဆန္းတဲ့ ဆင္ဆြဲဆန္ကားႀကီးဟာ စီးပြားေရးဌာနကေန က်ေနာ္တို႔ရဲ့ ပင္လယ္ျပင္႐ံုးကုိျဖတ္၊ အဲဒီကေန ကုန္းဆင္းတခုကို ခဲရာခဲဆစ္ဆင္းၿပီးတဲ့ အခါမွာေတာ့ မြန္ျပည္သစ္ပါတီ ထိန္းခ်ဳပ္မႈေအာက္ရွိ အိမ္ေျခ ၁၀၀ ၀န္းက်င္ မြန္ဒုကၡသည္ရြာေလး တရြာကို ေရာက္ပါတယ္။
အဲဒီရြာက မြန္ဘုန္းႀကီးေက်ာင္းမွာ သတင္းတပတ္ၾကာ ထုိင္းစာသင္ဖူးခဲ့ေပမယ့္ ရြာအမည္ကို က်ေနာ္မမွတ္မိေတာ့ပါ။ ဒိီရြာကအိမ္ေတြဟာ ထိီးထာကအိမ္ေတြလုိ ကြ်န္းသစ္ေတြနဲ႔ အခုိင္အမာ ေဆာက္ထားတာမ်ဳိး မဟုတ္ေပမယ့္ သစ္တုိ ၀ါးစေတြနဲ႔ အေတာ္ေလး ေသေသသပ္သပ္ ေဆာက္ထားတာ ျဖစ္ၿပီး သားနားတဲ့ ဘုန္းႀကီးေက်ာင္းႀကီးတခုနဲ႔ စာသင္ေက်ာင္းတခုကိုလည္း ေတြ႔ရပါတယ္။ အဲဒီရြာကေန ေတာတန္းေလးကိုေက်ာ္ၿပီး သစ္ေမွာင္ခုိကားလမ္းအတုိင္း မိနစ္ ၂၀ ခန္႔ ဆက္ေလွ်ာက္သြားမယ္ဆုိရင္ စမ္းေခ်ာင္းငယ္တခုကို ေတြ႔ရမွာျဖစ္ပါတယ္။
အဲဒီစမ္းေခ်ာင္းေဘးက ေတာင္ကုန္းေလးေပၚမွာေတာ့ ဗုိလ္မႉး စုိးလြင္ စခန္းထုိင္တဲ့ ဗကပ ၿမိတ္ခရုိင္တပ္ရင္း ဌာနခ်ဳပ္စခန္းကုိ ေတြ႔ရပါတယ္။ ဗကပစခန္းကေတာ့ ကရင္နဲ႔ မြန္ခရုိင္စခန္းေတြလုိ အခုိင္အမာ ေဆာက္ထားတာမ်ဳိး မဟုတ္ပါ။ ယာယီတဲအိမ္ ၂၀၊ ၃၀ ခန္႔ကုိုသာ ေတြ႔ရၿပီး ဒီစခန္းဆီ သူတို႔အဖြဲ႔ေရာက္လာတာကလည္း သိပ္ၾကာပုံမရ ေသးပါဘူး။ ဒီစခန္းကေန ေရွ႕တန္းစစ္ဆင္ေရး ကိစၥေတြကိုေဆာင္ရြက္ေနျပီး ေနာက္ထပ္ ၿမိတ္ခရုိင္ စခန္းခဲြတခုလည္း ေတာထဲမွာ သီးျခားရွိေသးတယ္လို႔ ဗုိလ္မႉးစိုးလြင္နဲ႔ ကိုေဖၾကည္တို႔က ေျပာပါတယ္။ ၿမိတ္္ခရုိင္ဆုိေပမယ့္လည္း ကုိေဖၾကည္နဲ႔ ကုိေအးထြန္း အပါ၀င္ ရဲေဘာ္အမ်ားစုဟာ ထား၀ယ္သားေတြ ျဖစ္တဲ့အတြက္ က်ေနာ္နဲ႔ စကားေျပာေဖာ္ရလို႔ မၾကာခဏ သူတို႔စခန္းဆီ သြားလည္ျဖစ္ပါတယ္။
=======================================================
(အပိုင်း ၃၅)
ထက်အောင်ကျော်| June 21, 2012 | ဧရာဝတီ။
ကွဲလိုက် ပေါင်းလိုက်ရဲ့ အကျိုးဆက်အဖြစ် အင်အားတချို့ဆုံးရှုံးသွားခြင်း
၂၀၁ တပ်ရင်း ၂ ခု ပြန်လည်ပေါင်းစည်းချိန် မြင်ရတဲ့ ၂ ဖက် ကိုယ်စားလှယ်များ
ဘက်မလိုက်အဖွဲ့ ညီလာခံအတွင်း အများစုဆန္ဒမဲအရ ဒေါက်တာနိုင်အောင် ဗဟိုနဲ့ပေါင်းဖို့ ဆုံးဖြတ်လိုက်တယ်ဆိုပေမယ့် ဒီဆုံးဖြတ်ချက်ဟာ ၁၀၀ ရာခိုင်နှုန်း ထောက်ခံမှုရခဲ့တာမျိုးတော့ မဟုတ်ပါ။ ၂ နှစ်ကျော် ဘက်မလိုက်အဖြစ် သီးခြားရပ်တည်လာပြီးမှ မူလပန်းတိုင်ဖြစ်တဲ့ ဗဟို ၂ ခု ပြန်ပေါင်းတဲ့အထိ မလုပ်နိုင်ဘဲ လက်လျှော့လိုက်တဲ့ ခေါင်းဆောင်တွေ၊ ကော်မတီတွေအပေါ် ရဲဘော်အများစုက အတော်လေး အားမလိုအားမရ ဖြစ်သွားပုံရပါတယ်။
“ဒီလိုပေါင်းမယ်ဆိုရင် အစကတည်းက ဘာလို့ ဘက်မလိုက်ရပ်သေးလဲ” လို့ ပြင်းပြင်းထန်ထန်ဝေဖန်ပြီး ဒါဇင်နဲ့ချီတဲ့ ရဲဘော်တွေ တပ်ကနေ နှုတ်ထွက်ကုန်ကြပါတယ်။ ကျနော်မှတ်မိသလောက်ဆိုရင် ကျနော်တို့ ဘက်မလိုက် တပ်အင်အား ၁၅၀ ကျော်ထဲက ၃၀ လောက်အထိ ချက်ချင်းထွက်သွားကြတဲ့အတွက် ထိုင်းထဲ ဂိတ်အဝင်အထွက်တွေကို KNU ဘက်က တင်းကျပ်လိုက်တဲ့ အထိဖြစ်ခဲ့ပါတယ်။
ဆိုလိုတာကတော့ အရင်ကဆိုရင် လက်နက်ကိုင် တော်လှန်ရေးကို စိတ်ကုန်လို့ဖြစ်စေ၊ တောတွင်းဘ၀ ကြမ်းတမ်းမှုကို မခံနိုင်လို့ဖြစ်စေ၊ တခြား အကြောင်းအမျိုးမျိုးကြောင့်ဖြစ်စေ တပ်ကနေ နုတ်ထွက်သွားတဲ့ ရဲဘော်တဦးစ နှစ်ဦးစ KNU ဂိတ်တွေကိုဖြတ်ပြီး ထိုင်းထဲဝင်သွားတာ သိပ်မသိသာပေမယ့် အခုလို လူဒါဇင်နဲ့ချီပြီး တကြိမ်တည်း ထထွက်သွားတဲ့ အခါမှာတော့ KNU ဘက်က စိတ်ပူသွားတာလို့ ယူဆရပါတယ်။ ဒီအတွက် KNU ကျောင်းသားရေးရာ တာဝန်ခံအပေါ် ထွက်သွားတဲ့ရဲဘော်တွေက အမြင်စောင်းမှုတွေ ဖြစ်ခဲ့သေးတယ်လို့ နောက်ပိုင်းကျမှ ပြန်သိခဲ့ရပါတယ်။
နောက်တချက်ကတော့ ဘက်မလိုက်အဖွဲ့ ညီလာခံလုပ်တဲ့အချိန်အထိ ပင်လယ်ပြင်ထဲ ခရီးလွန်နေတဲ့ စစ်ကြောင်းမှူး ကိုဇော်မင်းနဲ့ တပ်ဖွဲ့ဝင်တချို့ဟာ ညီလာခံရဲ့ ဆုံးဖြတ်ချက်ကို လက်မခံဘူးလို့ သိရပါတယ်။ တခါ ဒုရင်းမှူး ကိုမင်းဇော်သူကလည်း ပင်လယ်ပြင်စစ်ကြောင်းအတွက် အရေးပေါ်ကိစ္စရှိလို့ဆိုပြီး ညီလာခံမပြီးခင်မှာ မင်းသမီးစခန်းကနေ ရနောင်းကို ဆင်းသွားပါတယ်။ တလလောက် ကြာတဲ့အခါမှာတော့ တပ်ရင်းမှူး ကိုသောင်းညွန့် ကိုယ်တိုင်လည်း ရနောင်းဖက်ဆင်းပြီး ဒုရင်းမှူးနဲ့အတူ ပင်လယ်ပြင် စစ်ကြောင်းကိစ္စ ဆက်လုပ်ခဲ့တယ်လို့ သိရပါတယ်။
ဒီလိုနဲ့ ၁၉၉၃ အောက်တိုဘာ လလယ်လောက်မှာတော့ ဒုရင်းမှူး ကိုမင်းဇော်သူနဲ့ ပင်လယ်ပြင်စစ်ကြောင်းမှူး ကိုဇော်မင်းတို့ ၂ ဦး ရနောင်းမှာ ပျောက်ဆုံးသွားတယ်လို့သတင်းထွက်လာပါတယ်။ သူတို့အဖွဲ့ဟာ ထိုင်းငါးဖမ်းလှေတွေ၊ မြန်မာဖက်က သစ်မှောင်ခိုလှေတွေမှာ အခွန်တွေကောက်ပြီး အဲဒီငွေတွေနဲ့ ရနောင်းဘက်မှာ လက်နက်ဝယ်ကာ ပင်လယ်ထဲ ပြန်မဆင်းခင်လေးမှာ အခုလိုဖြစ်သွားတာလို့ ဆိုပါတယ်။ ရနောင်းမှာနေထိုင်တဲ့ ဘုတ်ပြင်းမြို့နယ် အခြေစိုက် သစ်လုပ်ငန်းပိုင်ရှင်တဦးက ဖိတ်ကြားတဲ့ ညစာစားပွဲကိုအသွားမှာ အခုလို ပျောက်ဆုံးသွားတာ ဖြစ်တယ်လို့ အဲဒီကာလက သူတို့အဖွဲ့နဲ့အတူ တာဝန်ထမ်းဆောင်နေသူတဦးက ပြောပါတယ်။ ကိုမင်းဇော်သူနဲ့ ကိုဇော်မင်းတို့ ပျောက်ဆုံးတဲ့သတင်းကြားရတာ အခုဆိုရင် ၁၉ နှစ်ရှိသွားပြီဖြစ်ပေမယ့် ဘယ်အဖွဲ့စည်းကမှ အတိအကျ စုံစမ်းဖော်နိုင်ခြင်း မရှိသေးပါဘူး။
ရနောင်မှာ ပျောက်ဆုံးသွားတဲ့ ပင်လယ်ပြင်စစ်ကြောင်းမှုး ကိုဇော်မင်း
အကွဲအပြဲရဲ့ ဒဏ်ရာဒဏ်ချက်တွေအဖြစ် နုတ်ထွက်သူ၊ ကျဆုံးဆုံးသူတွေ ရှိခဲ့ပေမယ့်လည်း မပြီးဆုံးသေးတဲ့ တော်လှန်ရေးတာဝန်တွေကို ဆက်လုပ်နိုင်ဖို့ ၂၀၁ တပ်ရင်း ၂ ခု ပြန်လည်ပေါင်းစည်းရေးကို ကျနော်တို့ ဆက်လက်ဆောင်ရွက်ခဲ့ပါတယ်။ ဒီလိုတပ်ရင်း ၂ ခု ပြန်ပေါင်းစည်းမှုမှာ အဓိက တာဝန်ယူ ဆောင်ရွက်သူတွေကတော့ ဘက်မလိုက်အဖွဲ့ဘက်မှ အတွင်းရေးမှုး ကိုအောင်မော်၊ စည်းရုံး-ပြန်ကြားတာဝန်ခံ ဆရာ ဦးဟန်လင်း၊ တပ်ရေး တပ်ထောက်အရာရှိ ကိုမင်းဇော်ရွှေ၊ တပ်ခွဲမှူးတွေဖြစ်တဲ့ ကိုသိန်းမြင့်ကျော်၊ ကိုခင်မောင်ချိုနဲ့ ကိုအောင်သန့်တို့ ၆ ဦး ဖြစ်ပါတယ်။ ကိုနိုင်အောင်တို့ ၂၀၁ ဘက်မှာ တာဝန်ယူ ဆောင်ရွက်သူတွေကတော့ တပ်ရင်းမှူး ကိုဇော်သန်း၊ ဒုရင်းမှူး ဆရာဦးအောင်မြင့်၊ ရေး-ထောက်အရာရှိ ကိုဝင်းအောင်၊ တပ်ခွဲမှူးတွေဖြစ်တဲ့ ကိုဘုန်းကျော်နဲ့ ကိုမြင့်လွင်တို့ ဖြစ်ပါတယ်။
ကျနော်ကတော့ တပ်ရင်း ၂ ခု ပြန်ပေါင်းစည်းချိန်မှာ မင်းသမီးဒေသမှာ မရှိတော့ဘဲ ပရာကျွတ်၊ ထပ်စကဲဘက်ရှိ မွန်ပြည်သစ်ပါတီ မြိတ်ခရိုင်မှာ ပင်လယ်ပြင်ကိစ္စ တာဝန်ယူနေရပါတယ်။ ကျနော်တို့ ဘက်မလိုက်အဖွဲ့က ဒေါက်တာ နိုင်အောင် ဗဟိုနဲ့ ပေါင်းစည်းကြောင်း ကြေညာချက်ထုတ်ပြီး ရက်ပိုင်းအတွင်းမှာတင် ဒေါက်တာ နိုင်အောင် ဗဟိုရဲ့ တောင်းပိုင်းစစ်ဒေသ၊ သို့မဟုတ် အဲဒီကာလအခေါ် တောင်ပိုင်းဒေသ ဗဟိုအလုပ်ဖွဲ့ (ဗလဖ) အဖွဲ့ခေါင်းဆောင်နဲ့ ဗဟိုအတွင်းရေးမှူး (၁) ကိုအောင်ထူး (အခု မြန်မာနိုင်ငံ ရှေ့နေများကောင်စီ) က ကျနော်ကို ဗလဖအဖွဲ့ဝင်အဖြစ် တာဝန်ပေးလိုက်လို့ ဖြစ်ပါတယ်။
ပင်လယ်ပြင်မှာ ရန်ပုံငွေရှာသူများ
ပင်လယ်ပြင်အတွင်း တာဝန်ယူနေတဲ့ ABSDF တပ်ဖွဲ့ဝင်တချို့
ပင်လယ်ပြင်စစ်ကြောင်းတွေနဲ့ ပတ်သက်ပြီး ရှေ့ပိုင်းအခန်းတွေမှာ အတော်များများ တင်ပြခဲ့ပြီး ဖြစ်တဲ့အတွက် ပင်လယ်ပြင်အပေါ် တော်လှန်ရေးတပ်တွေ ဘယ်လောက် စိတ်ဝင်စားမှုပြင်းပြနေသလဲ ဆိုတာကို စာဖတ်ပရိသတ် ခန့်မှန်းမိမှာပါ။ ဒီလိုနဲ့ တောင်ပိုင်းဒေသ ဖလဖအဖွဲ့ဝင်ဖြစ်လာတဲ့ ကျနော်ဟာ အဖွဲ့ဝင်ဖြစ်ပြီး သတင်းတပတ်လောက် အတွင်းမှာတင် “ပူးတွဲပင်လယ်ပြင်ရန်ပုံငွေ ရှာဖွေရေး” ရုံးမှာ တာဝန်ပေးခံလိုက်ရပြန်ပါတယ်။
ပူးတွဲဆိုတာဟာ ကျနော်တို့ ABSDF တပ်တွေအချင်းချင်း ပူးတွဲတာတင်မကပါဘူး။ ပင်လယ်ပြင်အတွင်း လှုပ်ရှားနေတဲ့ တော်လှန်ရေးတပ်တွေအားလုံး ပူးတွဲဆောင်ရွက်မယ်ဆိုတဲ့ သဘောလို့ ကျနော်နားလည်ပါတယ်။ ဒါပေမယ့် တကယ်တမ်း ဆောင်ရွက်တဲ့အခါမှာတော့ အဓိကတပ်ကြီးဖြစ်တဲ့ KNU မပါဘဲ မွန်ပြည်သစ်ပါတီ – မြိတ်ခရိုင်ရယ်၊ ဗကပ – မြိတ်ခရိုင်နဲ့ ကျနော်တို့ ABSDF ဒေါက်တာ နိုင်အောင် ဗဟိုဘက်က အင်အားစု ၃ ခုသာ ဖြစ်နေတာကို ကျနော်တွေ့ရပါတယ်။ အဲဒီအချိန် ဗကပ တနသာၤရီတိုင်းကနေ မြိတ်ထားဝယ်-ညီညွတ်ရေးတပ်ဦးအဖြစ် အမည်ပြောင်းထားပြီးပြီလို့ ထင်ပါတယ်။ ဒါပေမယ့် မူလအမည်ဖြစ်တဲ့ ဗကပအဖြစ်ပဲ ခေါ်နေကြဆဲဖြစ်ပါတယ်။
ပူးတွဲပင်လယ်ပြင်အဖွဲ့အကြောင်း မပြောခင် တောင်ပိုင်း ဗလဖ အကြောင်း အကျဉ်းတင်ပြရမယ်ဆိုရင် ကိုနိုင်အောင်တို့ ဗဟိုလက်အောက်ခံ တောင်ပိုင်းတပ်ရင်း ၃ ခု ဖြစ်တဲ့ ၁၀၁၊ ၂၀၁ နဲ့ ၂၀၃ တပ်ရင်းကိုယ်စား ဦးစီးဆောင်ရွက်နိုင်ဖို့ အတွင်းရေးမှုး ၁ ကိုအောင်ထူး ကိုယ်တိုင်ဦးစီးတဲ့ ဗဟိုအလုပ်ဖွဲ့တခု မင်းသမီးဒေသမှာ လာရောက် အခြေစိုက်ထားပါတယ်။ တပ်ရင်းအသီးသီးက ကိုယ်စားလှယ်တွေ ဖြစ်တဲ့ ၁၀၁ မှ ကိုတင်စိုးနောင်၊ ၂၀၁ မှ ကျနော်နဲ့ ကိုကျော်ထင်၊ ၂၀၃ မှ ကိုသောင်းထွန်းတို့အပြင် ဗဟိုကော်မီတီတွေထဲမှာ ကိုဝေလင်းဇင်၊ ကိုဝင်းနိုင်၊ ကိုကျော်မိုး အပါအဝင် ဗဟိုဆက်သွယ်ရေး၊ ဆေးနဲ့ စည်းရုံးရေးဌာနက အဖွဲ့ဝင်တွေလည်း ဒီအဖွဲ့မှာ ပါဝင်နေတာကို တွေ့ရပါတယ်။ အလယ်ပိုင်း ဒေသအပါဝင် တခြားဒေသတွေမှာလည်း အလားတူ အလုပ်ဖွဲ့ ဗလဖ တွေနဲ့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ပူးတွဲပင်လယ်ပြင်အဖွဲ့အတွက် ဗလဖ ကိုယ်စား တာဝန်ပေးခြင်း ခံရသူတွေကတော့ အဖွဲ့ခေါင်းဆောင်အဖြစ် ဗဟိုမှ ကိုဝေလင်းဇင်၊ အဖွဲ့ဝင်တွေအဖြစ် ၂၀၁ မှ ကျနော်နဲ့ ၁၀၁ မှ ကိုသန်းနိုင်တို့ ဖြစ်ပါတယ်။ ကျနော်တို့ ၃ ဦးဟာ မင်းသမီးကနေ ကန်ချနပူရီ၊ ဘန်ကောက်၊ ပရာကျွတ်ကတဆင့် ပင်လယ်ကမ်းခြေမြို့လေးတခုဖြစ်တဲ့ ထပ်စကဲမြို့ဆီ ရောက်လာပါတယ်။ အဲဒီမြို့က မွန်ပြည်သစ်ပါတီ မြိတ်ခရိုင်ရုံးမှာ ခေတ္တတည်းပြီး နောက်တရက်မှာတော့ ထပ်စကဲမြို့နဲ့ မြန်မာနိုင်ငံ မြိတ်ခရိုင်နယ်စပ်ရှိ မွန်ပြည်သစ်ပါတီ မြိတ်ခရိုင်ဌာနချုပ်ရုံးရှိရာ “ဟွေးဖတ်စခန်း” ဆီရောက်လာပါတယ်။ အချိန်ကာလအားဖြင့် ၁၉၉၃ စက်တင်ဘာနှောင်းပိုင်း သို့မဟုတ် အောက်တိုဘာလ အစောပိုင်းလို့ ထင်ပါတယ်။
ထပ်စကဲမြို့အစွန် ထိုင်းရွာတွေကနေ မြေနီလမ်းအတိုင်း တောင်ပေါ်ကိုတက်လာရတဲ့ ကားလမ်းဟာ မိုးရွာထားတဲ့အတွက် ချောနေပြီး ဖိုးဝှီးကားနဲ့တောင် မနည်းကြိုးစား တက်ခဲ့ရပါတယ်။ တောင်ထိပ်ရောက်တဲ့ အခါမှာတော့ KNU မြိတ်-ထားဝယ်ခရိုင် ရုံးနီးပါး သားသားနားနား ဆောက်လုပ်ထားတဲ့ မွန်ပြည်သစ်ပါတီ မြိတ်ခရိုင်ရုံးနဲ့ တခြားအဆောက်ဦတွေကို တွေ့ရပါတယ်။ ခရိုင်ရုံးဘေးက စည်းရုံးရေးမှူးတဦးရဲ့ နေအိမ်မှာ ကျနော်တို့စခန်းချပြီး နောက်တရက်မှာကျင်းပမယ့် ဆွေးနွေးပွဲအတွက် ကြိုတင်ပြင် ဆင်မှုတွေလုပ်ခဲ့ပါတယ်။ မူလအစီစဉ်တိုင်းဆိုရင် ကျနော်တို့ ABSDF ဗဟို ၂ ဖွဲ့ရယ်၊ မွန်ပြည်သစ် ပါတီ-မြိတ်ခရိုင်ရယ်၊ ဗကပ မြိတ်-ခရိုင်ရယ် ပေါင်းပြီး ၄ ဖွဲ့ပါတဲ့ ပင်လယ်ပြင် ပူးတွဲစစ်ကြောင်း လုပ်ဖို့ပါ။ ဒါပေမယ့် ဘာတွေ အဆင်မပြေဖြစ်ခဲ့သလဲတော့ မသိပါ။ ကျနော်တို့ ဟွေးဖတ်ကို ရောက်တဲ့ ရက်မှာပဲ အထွေထွေအတွင်းရေးမှုး ဆလိုင်းကိုကိုဦး အပါအဝင် ကိုမိုးသီးဇွန်တို့ဗဟိုက ကိုယ်စားလှယ်အဖွဲ့တခုလုံး ဟွေးဖတ်ကနေ ထွက်သွားတာကို ကျနော်မြင်လိုက်ရပါတယ်။ ဒီလိုနဲ့ ပူးတွဲပင်လယ်ပြင် ရန်ပုံငွေရှာဖွေ ရေးအဖွဲ့ဟာ ၃ ဖွဲ့တည်းနဲ့ ဆက်လက် ခရီးနှင်ခဲ့ရပါတယ်။
ဒီအဖွဲမှာပါဝင်သူတွေကတော့ မွန်ပြည်သစ်ပါတီ မြိတ်ခရိုင်မှ ခရိုင်တပ်မှူး ဗိုလ်မှုးဝင်းအောင် (ကွယ်လွန်)၊ ခရိုင်ကော်မီတီ နိုင်ကလင်ထန်နဲ့ နိုင်သိန်းတင်၊ ဗကပ-မြိတ်ခရိုင်မှ ခရိုင်တပ်မှူး ဗိုလ်မှုး စိုးလွင် (ကွယ်လွန်)၊ သူ့သမက်လည်းဖြစ် တပ်မှုးတဦးလည်းဖြစ်တဲ့ ကိုဖေကြည် (ပြန်ဝင်) နဲ့ ကိုအေးထွန်း (ပြန်ဝင်)၊ ကျနော်တို့ ABSDF မှ ကိုဝေလင်းဇင် (အခုထိ ABSDF ဗဟိုမှာ တာဝန်ထမ်းနေဆဲ)၊ ကိုသန်းနိုင် (အခုအမေရိကန်) နဲ့ ကျနော်တို့ ပါဝင်တဲ့ ၉ ဦးကော်မတီဖြစ်ပါတယ်။
ကျနော်မှတ်မိသလောက်ကတော့ မြန်မာ့ပင်လယ်ပြင်အတွင်း ငါးဖမ်းမယ့် ထိုင်းလှေတွေအားလုံး ကျနော်တို့ကော်မတီမှာ အခွန် လာဆောင်ရမှာဖြစ်ပါတယ်။ အဲဒီအခွန်ဆောင်ထားတဲ့ လက်မှတ်ရှိ မရှိကို ပင်လယ်ပြင်ထဲရှိ ကျနော် တို့တပ်တွေက စစ်ဆေးမှာဖြစ်ပြီး မရှိတဲ့လှေကို ဖမ်းဆီးကာ ၃၊ ၄ ဆမက ထပ်မံဒဏ်တပ်မှာ ဖြစ်ပါတယ်။
အခွန်ကောက်ခံတဲ့ နှုန်းထားတွေကတော့ လှေအမျိုးအစား၊ အရွယ်အစား၊ ရေခဲတုံးအရေတွက်ပေါ် မူတည် ကွဲပြားခြားနားပြီး အနည်ဒဆုံး လှေတစီးကို ဘတ် ၅၀၀၀ ကနေ ၃ သောင်းလောက်အထိ ရှိပါတယ်။ ရေခဲတုံး ၁၀၀ ကျော်ပါတဲ့ ဝါလတ်လှေဆိုရင် ဘယ်လောက်၊ ဝါတန်းလှေက ဘယ်လို၊ ကင်းမွန်မီးထွန်းလှေက ဘယ်ပုံ စသဖြင့် အတိအကျသတ်မှတ်ထားပါတယ်။
ဒီလိုသတ်မှတ်ပြီးတာနဲ့ ကြေညာချက်ထုတ်ပြီး ရနောင်းက ငါးဖမ်းလှေပိုင်ရှင်တွေ၊ လှေကိုယ်စားလှယ်တွေနဲ့ ပင်လယ်ပြင်ထဲက ကျနော်တို့တပ်တွေ အားလုံးဆီ ညွန်ကြားချက် ထုတ်ပြန်လိုက်ပါတယ်။ ဒီလို ထုတ်ပြန်ပြီး ရက်ပိုင်းအတွင်းမှာပဲ ရနောင်းရှိ ထိုင်းငါးဖမ်းလှေကိုယ်စားလှယ်တွေ ထပ်စကဲမြို့ဆီ ရောက်လာပြီး ကျနော်တို့ ပူးတွဲကော်မတီ ယာယီရုံးထိုင်တဲ့ မွန်ပြည်သစ်ပါတီ ထပ်စကဲရုံးဆီ အခွန်လာဆောင်ကြပါတယ်။
ထိုင်းလှေပိုင်ရှင်တွေ။ လှေကိုယ်စားလှယ်တွေ ဆိုပေမယ့် ဒီလူတွေအားလုံးဟာ မြန်မာစကား ကောင်းကောင်းပြောတတ်ပြီး ရနောင်းမှာ အနေကြာလို့ ထိုင်းနိုင်ငံသားဖြစ်သွားတဲ့ တနင်္သာရီတိုင်းသားတွေသာ ဖြစ်ပါတယ်။
သူတို့စကားပြောတဲ့လေသံဟာ မြိတ်လေသံပေါက်နေပြီး ထားဝယ်လေသံပေါက်တဲ့ကျနော့်ကို အတော်လေး ပွင့်ပွင့်လင်းလင်း ပြောကြပါတယ်။ သူတို့အဓိကပြောတဲ့အထဲမှာ အခွန်နှုန်းထား လျှော့ပေးဖို့၊ လှေတစီးမက ပိုင်ဆိုင်သူတွေကို အထူးနှုန်းနဲ့လျှော့ပေးဖို့၊ ပိုင်ရှင်တဦးတည်းဆိုရင် လက်မှတ်တစောင်တည်းနဲ့ လှေ ၃၊ ၄ စီး သုံးခွင့်ပေးဖို့ စသဖြင့်ပါဝင်ပါတယ်။ ဒီလို ငွေကြေးကိစ္စအပြင် ထူးထူးခြားခြား ကျနော်မှတ်မိနေတဲ့ ကိစ္စတခုကတော့ တော်လှန်ရေးတပ်တွေရဲ့ ညီညွတ်မှုကို ဝေဖန်မှု ဒါမှမဟုတ် သူတို့အခွန်ပေးရ သက်သာအောင် အကြံပေးတာလို့လည်း ပြောနိုင်တဲ့ ဝေဖန်မှုတခု ဖြစ်ပါတယ်။
“ခင်ဗျားတို့ ပူးတွဲအဖွဲ့မှာ တော်လှန်ရေးတပ်တွေ အားလုံးပါရင် ပိုကောင်းတာပေါ့။ အခုဟာက ဘယ်ဘယ်နှမျိုးကြီးလဲ” လို့ အဲဒီပုဂ္ဂိုလ်တွေက တီးတိုးပြောပါတယ်။ ဆိုလိုတာကတော့ ကျနော်တို့ ပူးတွဲအဖွဲ့မှာ တော်လှန်ရေးတပ်တွေ အားလုံးပါမယ်ဆိုရင် ကျနော်တို့ရုံးမှာ အခွန်လာဆောင်လိုက်တာနဲ့ ပင်လယ်ပြင်ထဲမှာ အားလုံး အိုကေ သွားမယ်ဆိုတဲ့ သဘောပါ။ ဒါပေမယ့် အခုက အားလုံးတစုတည်း မလုပ်နိုင်သေးတဲ့အတွက် ကျနော်တို့ဆီမှာ အခွန်ဆောင်လိုက်ရုံံနဲ့ ကိစ္စကမပြီး။ ကိုမိုးသီးဇွန်တို့တပ်တွေ၊ KNU တပ်တွေ၊ ရခိုင်တပ်တွေ၊ တခြားတပ်တွေနဲ့တွေ့ရင် တွေ့တဲ့အဖွဲ့တိုင်းကို သူတို့အခွန်ထပ်ဆောင်ကြရဦးမှာပါ။ အဲဒီကာလကတော့ ကိုယ်က အခွန်ကောက်တဲ့အရာရှိဘဝဆိုတော့ သူတို့ဘက်က တင်ပြချက်ကို သိပ်အလေးမထားခဲ့ပါဘူး။ ဒါပေမယ့် အခုချိန် ပြန်စဉ်းစားကြည့်တဲ့အခါမှာတော့ ဦးတည်ချက် တူပါတယ်ဆိုတဲ့ တော်လှန်ရေးတပ်တွေ တဖွဲ့တည်းပေါင်းပြီး မလုပ်နိုင်တာ ဘာကြောင့်လဲ။ သဘောတရားထက် အကျိုးစီးပွားကို ပိုဦးစားပေးခဲ့မိလို့လား။ “တူတာတွဲလုပ်။ မတူတာခွဲလုပ်” ဆိုတဲ့ တပ်ပေါင်းစုမူတောင် အဓိပ္ပာယ်တမျိုး ထွက်ခဲ့လေသလားလို့ စဉ်းစားနေမိပါတယ်။
လှေသူဌေး “ထောင်ကဲ” တွေဘက်ကို ပြန်လှည့်ရမယ်ဆိုရင်တော့ မည်သို့ပင်ဆိုစေကာမူ လောလောဆယ် ပင်လယ်ပြင်မှာ ငါးဖမ်းနိုင်ဖို့၊ အမြတ်အစွန်းများစွာရမယ့် ငါးဖမ်းလုပ်ငန်းစီမံကိန်းကို မစွန့်လွှတ် နိုင်သေးတော့ ကျနော်တို့ဆီမှာ အခွန်ဆောင်ရတဲ့အလုပ်ကို သူတို့ပျက်ကွက်လို့မဖြစ်။ ဒီလိုနဲ့ ကားတစီးပြီးတစီး အဆက်မပြတ် ကျနော်တို့ရုံးမှာ အခွန်လာဆောင်နေကြပါတယ်။ နောက်ပိုင်းမှာတော့ ငွေသားတွေကို သိန်းနဲ့ချီပြီး ရနောင်းကနေ ထပ်စကဲအထိ သယ်လာရတာ လုံခြုံရေး စိတ်မချလို့ဆိုပြီး ငွေကို ဘဏ်နဲ့အရင်လွှဲပြီးမှ ကျနော်တို့ရုံးမှာ လက်မှတ်လာယူကြတာကို တွေ့ရပါတယ်။
သူတို့ဘက်က ငွေသယ်ရတဲ့အပေါ် လုံခြုံရေး ိတ်မချသလို ကျနော်တို့ဘက်ကလည်း ထိုင်းနယ်မြေထဲမှာနေပြီး ထိုင်းတွေကို အခွန်ကောက်နေတဲ့အပေါ် စိတ်မချဖြစ်လာတဲ့အတွက် ထပ်စကဲကနေ မွန်ပြည်သစ်ပါတီ-မြိတ်ခရိုင် စီးပွားရေးဌာနရှိရာ “ချုံချီစခန်း” ဆီ ရုံးခန်းပြောင်းလိုက်ပါတယ်။ ချုံချီစခန်းဟာ ဟွေးဖတ်စခန်းရဲ့ အောက်ဖက် ကီလိုမီတာ ၆၀၊ ၇၀ ခန့်အကွာမှာ ရှိတယ်လို့ခန့်မှန်းရပြီး ထပ်စကဲနဲ့ ဘန်းစဖန်မြို့ ၂ ခုကြား အဝေးပြေးကားလမ်းနဲ့ မိနစ် ၃၀ ခန့် ကားမောင်းလိုက်ရုံနဲ့ရောက်နိုင်တဲ့ ဆက်သွယ်ရေး အလွယ်ကူဆုံးနေရာဖြစ်ပါတယ်။ ကားမရှိတဲ့ ကျနော်တို့လည်း အငှားဆိုင်ကယ်စီးနိုင်ပြီး ဘန်ကောက်-ဖူးခက် အဝေးပြေးကားလမ်းဘေးကနေ ချုံချီစခန်းအထိ ဆိုင်ကယ်တခေါက်မှ ဘတ် ၅၀ ပဲပေးရပါတယ်။
ချုံချီစခန်း တောင်ထိပ်တည့်တည့် ထိုင်းဖက်ကမ်းမှာ ထိုင်း တောချတော (နယ်ခြားစောင့်တပ်) ဂိတ်တခုရှိပါတယ်။ အဲဒီဂိတ်ကိုကျော်ပြီး ၅ မိနစ်လောက် လမ်းလျှောက်လိုက်တာနဲ့ မွန်ပြည်သစ်ပါတီ စီးပွားရေးဌာနရဲ့ ပရိဘောဂ ထုတ်လုပ်ရေးရုံးခန်းကို ရောက်ပါတယ်။ အဲဒီမှာ အဓိကထုတ်လုပ်နေတဲ့ ပစ္စည်းတွေကတော့ တောပိတောက်သားတွေနဲ့ (တချို့ကတော့ မဟော်ဂနီလို့ခေါ်ပါတယ်) လုပ်ထားတဲ့ ကုလားထိုင်မျိုစုံနဲ့ စားပွဲတွေဖြစ်ပါတယ်။ ဒီရုံးဟာလည်း ရှေ့မှာတင်ပြခဲ့တဲ့ ထီးခီးက ကေအန်ယူခရိုင်ရုံးနီးပါး ကျယ်ဝန်ပြီး သစ်မာတွေနဲ့ အခိုင်အမာဆောက်ထားတာ ဖြစ်ပါတယ်။
ဒီရုံးမှာ ကျနော်တို့အုပ်စု တပတ်လောက်တည်းပြီးတဲ့ အခါမှာတော့ ကျနော်တို့ ပင်လယ်ပြင်စစ်ကြောင်းအတွက် သီးခြား ရုံးခန်းတခုကို ဒီရုံးနဲ့ ၁၀ မိနစ်လောက် လမ်းလျှောက်ရတဲ့ မွန်ပြည်သစ်ပါတီ ချုံချီဒေသ တပ်ခွဲရုံးရှိရာ အခြား တောင်ထိပ်လေးတခုမှာ ဆောက်ခွင့်ရခဲ့ပါတယ်။ အဲဒီကာလ ချုံချီဒေသတပ်ခွဲမှူးကတော့ ဗိုလ်ဉာဏ်ထွန်းဖြစ်ပြီး နောက်ပိုင်းမှာတော့ ဗိုလ်အောင်မိန် တာဝန်ယူတယ်လို့ ကျနော် အမှတ်ရနေပါတယ်။ တပ်ခွဲရုံးနဲ့ မျက်နှာချင်းဆိုင်ရှိ ကျနော်တို့ရုံးဟာ ထိုင်းစီးပွားရေးသမားတွေနဲ့ ဆက်ဆံရမှာမို့ စားပွဲ၊ ကုလား ထိုင်တွေနဲ့ အသေချာပြင်ထားတဲ့အပြင် စားဖိုဆောင်တခု၊ မီးစက်တလုံးပါ ပါဝင်တဲ့အတွက် တော်လှန်ရေးကာလ တောတွင်းရုံးခန်းတွေထဲမှာတော့ အသားနားဆုံးထဲ တခုပါဝင်တယ်လို့ ပြောနိုင်မယ် ထင်ပါတယ်။
ဗကပ မြိတ်ခရိုင်စခန်းဆီသို့
ဗကပ မြိတ်ခရိုင်တပ်မှုး ဗိုလ်မှုးစိုးလွင်
ချုံချီစခန်းရှိ ပူးတွဲပင်လယ်ပြင် ရန်ပုံငွေရုံးခန်းမှာ ၄၊ ၅ လ တာဝန်ထမ်းနေစဉ်အတွင်း ကျနော့်မျက်စိထဲ အခုချိန်အထိ မှတ်မိနေတဲ့ မြင်ကွင်းတခုကတော့ ဒုတိယကမ္ဘာစစ်အတွင်းကကျန်နေတဲ့ စစ်သုံးဒေါ့ဂျစ်ကားဟောင်းပေါ်မှာ ဆန်အိတ်တွေကိုတင်၊ အဲဒီကားကို ဆင်နဲ့ဆွဲပြီး သယ်နေတဲ့ ဗကပမြိတ်ခရိုင် ရဲဘော်တွေပဲ ဖြစ်ပါတယ်။ မိုးတွင်းကာလဆိုရင် မြေနီလမ်းမှာ ရေအိုင်ပြီး ဗွက်ထနေတဲ့အတွက် ရှေ့မှာပြောခဲ့တဲ့ မွန်စီးပွားရေးဌာနအထိပဲ ထိုင်းဖက်ကကားတွေ လာလို့ရပါတယ်။
အဲဒီနေရာမှာ ဆန်အိတ်တွေကို ထိုင်းကားပေါ်ကနေချ၊ အင်ဂျင်ပျက်နေတဲ့ ဒေါ့ဂျစ်ကားအဟောင်းပေါ်တင်၊ ပြီးမှ သူတို့ တပ်ရင်းပိုင် ဆင်ကြီးတကောင်နဲ့ အဲဒီဒေါ့ဂျစ်ကားပျက်ကို ကြိုးနဲ့ဆွဲ။ ရဲဘော်တချို့က ကားပေါ်ထိုင်ပြီး အော်ဟစ်ဆူညံစွာနဲ့ လိုက်ပါသွားကြပါတယ်။ သူတို့ရဲ့ ထူးဆန်းတဲ့ ဆင်ဆွဲဆန်ကားကြီးဟာ စီးပွားရေးဌာနကနေ ကျနော်တို့ရဲ့ ပင်လယ်ပြင်ရုံးကိုဖြတ်၊ အဲဒီကနေ ကုန်းဆင်းတခုကို ခဲရာခဲဆစ်ဆင်းပြီးတဲ့ အခါမှာတော့ မွန်ပြည်သစ်ပါတီ ထိန်းချုပ်မှုအောက်ရှိ အိမ်ခြေ ၁၀၀ ဝန်းကျင် မွန်ဒုက္ခသည်ရွာလေး တရွာကို ရောက်ပါတယ်။
အဲဒီရွာက မွန်ဘုန်းကြီးကျောင်းမှာ သတင်းတပတ်ကြာ ထိုင်းစာသင်ဖူးခဲ့ပေမယ့် ရွာအမည်ကို ကျနော်မမှတ်မိတော့ပါ။ ဒီရွာကအိမ်တွေဟာ ထီးထာကအိမ်တွေလို ကျွန်းသစ်တွေနဲ့ အခိုင်အမာ ဆောက်ထားတာမျိုး မဟုတ်ပေမယ့် သစ်တို ဝါးစတွေနဲ့ အတော်လေး သေသေသပ်သပ် ဆောက်ထားတာ ဖြစ်ပြီး သားနားတဲ့ ဘုန်းကြီးကျောင်းကြီးတခုနဲ့ စာသင်ကျောင်းတခုကိုလည်း တွေ့ရပါတယ်။ အဲဒီရွာကနေ တောတန်းလေးကိုကျော်ပြီး သစ်မှောင်ခိုကားလမ်းအတိုင်း မိနစ် ၂၀ ခန့် ဆက်လျှောက်သွားမယ်ဆိုရင် စမ်းချောင်းငယ်တခုကို တွေ့ရမှာဖြစ်ပါတယ်။
အဲဒီစမ်းချောင်းဘေးက တောင်ကုန်းလေးပေါ်မှာတော့ ဗိုလ်မှူး စိုးလွင် စခန်းထိုင်တဲ့ ဗကပ မြိတ်ခရိုင်တပ်ရင်း ဌာနချုပ်စခန်းကို တွေ့ရပါတယ်။ ဗကပစခန်းကတော့ ကရင်နဲ့ မွန်ခရိုင်စခန်းတွေလို အခိုင်အမာ ဆောက်ထားတာမျိုး မဟုတ်ပါ။ ယာယီတဲအိမ် ၂၀၊ ၃၀ ခန့်ကိုသာ တွေ့ရပြီး ဒီစခန်းဆီ သူတို့အဖွဲ့ရောက်လာတာကလည်း သိပ်ကြာပုံမရ သေးပါဘူး။ ဒီစခန်းကနေ ရှေ့တန်းစစ်ဆင်ရေး ကိစ္စတွေကိုဆောင်ရွက်နေပြီး နောက်ထပ် မြိတ်ခရိုင် စခန်းခွဲတခုလည်း တောထဲမှာ သီးခြားရှိသေးတယ်လို့ ဗိုလ်မှူးစိုးလွင်နဲ့ ကိုဖေကြည်တို့က ပြောပါတယ်။ မြိတ်ခရိုင်ဆိုပေမယ့်လည်း ကိုဖေကြည်နဲ့ ကိုအေးထွန်း အပါဝင် ရဲဘော်အများစုဟာ ထားဝယ်သားတွေ ဖြစ်တဲ့အတွက် ကျနော်နဲ့ စကားပြောဖော်ရလို့ မကြာခဏ သူတို့စခန်းဆီ သွားလည်ဖြစ်ပါတယ်။
0 comments:
Post a Comment