Friday, December 31, 2021

Interview with Nandar Sit Aung of NUCC. Part-2



“စစ်အာဏာရှင်စနစ်ကို အပြီးသတ်တိုက်ဖို့ပဲ ကျနော်တို့စဉ်းစားတယ်။ တွေ့ဆုံဆွေးနွေးရေး ခေါင်းထဲမှာမရှိဘူး”

(နန္ဒာစစ်အောင်- NUCC အဖွဲ့ဝင်တဦး)
------------------------------------------------------
(၃၁/၁၂/၂၀၂၁)

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC တပ်ပေါင်းစုက စစ်အာဏာရှင်ပြုတ်ကျရေးအပြီးသတ်တိုက်ပွဲအတွက်ပဲ မူဝါဒတွေချမှတ်အကောင်အထည်ဖေါ်နေပြီး စစ်ကောင်စီနဲ့ဆွေးနွေးရေးဆိုတာကို စဉ်းစားထားချက် မရှိဘူးလို့ NUCC အဖွဲ့ဝင်တဦးဖြစ်သူ အလုပ်သမားတပ်ပေါင်းစုမှ ကိုနန္ဒာစစ်အောင်ကပြောပါတယ်။

စစ်အာဏာသိမ်းပြီး ၁၁ လကြာ ကာလအတွင်း တပ်ပေါင်းစုရဲ့လှုပ်ရှားဆောင်ရွက်နိုင်မှုတွေအပေါ် BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။

အခုထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာတော့...
- လူထုဆန္ဒပြပွဲတွေ အရှိန်လျော့ကျမသွားအောင် ဘယ်လိုဆက်ထိန်းထားမလဲ...
- NUCC ဟာ လက်တွေ့တိုက်ပွဲကိုအရှိန်မြှင့်ဖို့ထက် အနာဂတ်မျှော်မှန်းချက်အပေါ် အချိန်ပေးတာ သိပ်များနေသလား..
- တရားမျှတမှုကို အရင်မရှာဖွေပဲနဲ့ စေ့စပ်ညှိနှိုင်းရေး ထပ်ဖြစ်နိုင်သေးလား...
- လက်နက်ကိုင်တိုက်ပွဲနဲ့ စစ်ကောင်စီကို ဖြုတ်ချနိုင်မလား...စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

Thursday, December 30, 2021

Interview with Nandar Sit Aung of NUCC. Part 1



“ပြည်မမှာ ဒီမိုကရေစီအကြောင်း ပြောနေတဲ့အချိန်မှာ ပြည်နယ်တွေက ဖက်ဒရယ်အကြောင်းပြောနေတယ်။ ဒီနှစ်ခုကို ကျနော်တို့ပူးပေါင်းဆောင်ရွက်နေပါတယ်”

(နန္ဒာစစ်အောင်- မြန်မာနိုင်ငံ အလုပ်သမားတပ်ပေါင်းစု)
-----------------------------------------------------
(၃၀/၁၂/၂၀၂၁)

ပြည်မဖက်က တောင်းဆိုနေတဲ့ ဒီမိုကရေစီအခွင့်အရေးတိုက်ပွဲဝင် အင်အားစုတွေနဲ့ ပြည်နယ်တွေက တောင်းဆိုနေတဲ့ ဖက်ဒရယ်ရရှိရေးတိုက်ပွဲဝင် အင်အားစု နှစ်ခုကိုပေါင်းစပ်ပြီး စစ်အာဏာရှင်ပြုတ်ကျရေးအတွက် NUCC တပ်ပေါင်းစုက တိုက်ပွဲဝင်နေတာဖြစ်တယ်လို့ တပ်ပေါင်းစုအဖွဲ့ဝင်ဖြစ်တဲ့ မြန်မာနိုင်ငံအလုပ်သမား တပ်ပေါင်းစုမှ ကိုနန္ဒာစစ်အောင်ကပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီး ၁၁ လနီးပါးကြာ ကာလအတွင်း ဒီမိုကရေစီအင်အားစုနဲ့ ဖက်ဒရယ်အင်အားစုတွေကြားပူးပေါင်းဆောင်ရွက်မှုအခြေအနေ၊ တနည်းအားဖြင့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC တပ်ပေါင်းစုရဲ့ ဆောင်ရွက်နိုင်မှု အခြေအနေတွေအပေါ် BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလိုဖြေကြားခဲ့တာပါ။

အခုထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ပထမ ပိုင်းမှာတော့ ...
- အလုပ်သမားတပ်ပေါင်းစုက NUCC ထဲ ဘာကြောင့်ပါဝင်တာလဲ...
- NUCC မှာပါတဲ့ ၂၈ ဖွဲ့က ဘာတွေ ပူးပေါင်းဆောင်ရွက်နေသလဲ...
- နယ်စပ်ဒေသအခြေစိုက် EAO တွေနဲ့ ပြည်မကနေရောက်လာတဲ့ ဒီမိုကရေစီအင်အားစုတွေကြား ပူးပေါင်းဆောင်ရွက်မှုက အားရစရာရှိရဲ့လား... စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(လက်နက်ကိုင်တိုက်ပွဲ၊ လူထုတိုက်ပွဲနှင့် သံတမန်တိုက်ပွဲပေါင်းစပ်ပြီး ဘယ်လိုအောင်ပွဲယူနိုင်မလဲဆိုတဲ့ ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန်ညမှာ ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်)။ 


Wednesday, December 29, 2021

Interview with Karenni Human Rights Groups. Part 2



“စစ်ကောင်စီက လူသတ်မီးရှို့နေတာကို ကုလသမဂ္ဂက ဘာမှဝင်ရောက်မတားဆီးပဲနေခြင်းနေခြင်းဟာ ကျနော်တို့ကို သေချင်သေပစေဆိုပြီး စွန့်ပစ်ထားသလိုဖြစ်နေပါတယ်”

(ဗညားခွန်အောင်- Karenni Human Rights Group)
--------------------------------------------------------
(၂၉ /၁၂/၂၀၂၁)

စစ်ကောင်စီတပ်တွေက အရပ်သားတွေကို အစုအပြုံလိုက်ဖမ်းဆီ မီးရှို့သတ်ဖြတ်နေတာကိုသိရဲ့နဲ့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအစိုးရတွေက ဘာမှကြားဝင်တားဆီးခြင်းမရှိပဲ လွှတ်ပေးထားတာဟာ စစ်ပြေးဒုက္ခသည်တွေကို သေချင်သေပါစေဆိုပြီး တာဝန်မဲ့ စွန့်ပစ်ထားသလိုဖြစ်နေတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့က ဗညားခွန်အောင်က ဝေဖန်လိုက်ပါတယ်။

ဒီဇင်ဘာ ၂၄ ရက်နေ့၊ ခရစ်စမတ်အကြိုနေ့က ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်၊ ဖိုဆိုရွာမှာဖြစ်ပွားခဲ့တဲ့ အရပ်သား ၃၀ ကျော်ဖမ်းဆီး၊ မီးရှို့သတ်ဖြတ်ခံရမှုနဲ့ပတ်သက်ပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလိုပြောခဲ့တာပါ။

အခုထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာတော့... 
- မီးရှို့သတ်ဖြတ်ခံရသူတွေထဲမှာ ဒေသခံအရပ်သားတွေအပြင်  Save the Children နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့က ဝန်ထမ်း ၂ ဦးပါ ပါသွားတဲ့အကြောင်း...
- ကရင်နီဒေသမှာ စစ်ပြေးဒုက္ခသည် တသိန်းကျော်၊ တနည်းအားဖြင့် ပြည်နယ်လူဦးရေ သုံးပုံတပုံရှိနေချိန်အထိ ကုလသမဂ္ဂနဲ့ နိုင်ငံတကာဖက်က ဘာမှအကူအညီမပေးနိုင် သေးတဲ့အကြောင်း...
- ကနီဖက်က အစုအပြုံလိုက်သတ်ဖြတ်မှု၊ အခု ဖရူဆိုဖက်က အစုအပြုံလိုက်သတ်ဖြတ်မှုတွေကို ကုလသမဂ္ဂက အရေးမယူပဲ ဒီတိုင်းလွှတ်ပေးထားတာ ဒေသခံတွေကို သေချင်သေပါစေဆိုပြီး တာဝန်မဲ့စွန့်ပစ်ထားသလိုဖြစ်နေပြီလား... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(မနက်ဖန်မှာတော့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ-NUCC အဖွဲ့ဝင်တဦးဖြစ်သူ မြန်မာနိုင်ငံအလုပ်သမားတပ်ပေါင်းစုက ကိုနန္ဒာစစ်အောင်နဲ့ မေးမြန်းချက်ကို ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်)။

Tuesday, December 28, 2021

Interview with Karenni Human Rights Groups. Part-1


ဖရူဆိုမြို့နယ်အတွင်း လူ ၃၀ ခန့် အစုအပြုံလိုက် မီးရှို့သတ်ဖြတ်ခံမှုအကြောင်း မေးမြန်းချက် (၁)
--------------------------------------------------
(၂၈/၁၂/၂၀၂၁)

ကရင်နီဒေသ ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ အစုံအပြုံလိုက်မီးရှို့သတ်ဖြတ်ခံရမှုအတွင်း လူပေါင်း အနည်းဆုံး ၂၉ ဦးသေဆုံးခဲ့တယ်၊ အလောင်းတွေ ရထားပြီးဖြစ်တယ်လို့ ကရင်နီ လူ့အခွင့်အရေးအဖွဲ့က ဗညားခွန်အောင်ကပြောပါတယ်။ ကရင်နီအမျိုးသမီးအဖွဲ့က မော်ဗျားမြာဦးကတော့ ဒီဖြစ်စဉ်ဟာ လူသားမဆန်စွာ ဆိုးလွန်းတဲ့အတွက် နိုင်ငံတကာဖက်က စစ်ကောင်စီကို အရေးယူဖို့လိုတယ်လို့ပြောပါတယ်။

ဒီဇင်ဘာလ ၂၄ ရက်နေ့၊ ခရစ်စမတ်အကြိုနေ့က ဖရူဆိုမြို့နယ်မှာဖြစ်ပွားခဲ့တဲ့ လူအစုအပြုံလိုက်အသတ်ခံရမှုနဲ့ပတ်သက်ပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူတို့ ၂ ဦးက အဲဒီလိုပြောခဲ့တာပါ။

အခု ထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ပထမ ပိုင်းမှာတော့... မီးရှို့သတ်ဖြတ်ခံရသူတွေထဲက ၂၉ ဦးရဲ့အလောင်းကို ကောက်ယူရရှိထားမှု၊ ဒေသခံတွေအပြင် နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့ ဝန်ထမ်းတွေပါ သေဆုံးခဲ့မှု၊ စစ်ကောင်စီ ပြန်ကြားရေးဖက်က သတင်းထုတ်ပြန်ချက်နဲ့ လက်တွေ့ မြေပြင်က အခြေအနေ ကွာခြားနေမှု... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေး တင်ပြထားပါတယ်။

(ဒီလို အစုအပြုံလိုက်သတ်ဖြတ်ခံရမှုတွေ၊ သိန်းနဲ့ချီပြေးနေရတဲ့ စစ်ပြေးဒုက္ခသည်တွေအပေါ် ကုလသမဂ္ဂနဲ့ နိုင်ငံတကာဖက်က ဟန့်တားဖို့၊ ကူညီပေးဖို့ပျက်ကွက်နေတဲ့အပေါ် ဝေဖန်ချက်ပါဝင်တဲ့ ဒုတိယပိုင်းကိုတော့ မနက်ဖန် ညပိုင်းမှာ ဆက်လက်ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်)။


Saturday, December 25, 2021

Interview with Tom Andrews of UN. Part-2 edit


“တိုင်းပြည်ကို ထိန်းချုပ်ဖို့ အကြောက်တရားသွပ်သွင်းတဲ့ လုပ်ရပ်ဟာ တကယ်တမ်းမှာတော့ ဆန့်ကျင်ဘက်ရလဒ်ပဲ ဖြစ်လာတယ်” (Tom Andrews- UN Special Rapporteur on human rights in Myanmar) ----------------------------------------------------- (၂၅/၁၂/၂၀၂၁) အာဏာသိမ်းစစ်ကောင်စီက တိုင်းပြည်ကိုထိန်းချုပ်နိုင်ဖို့ ပြည်သူတရပ်လုံးကြောက်ရွံ့သွားအောင် ဖိနှိပ်မှုတွေအစွမ်းကုန်လုပ်ပြနေပေမယ့် တကယ်တန်းမှာတော့ ရလာဒ်က သူတို့ထင်ထားသလိုဖြစ်မလာပဲ လူထုရဲ့ အမျက်ဒေါသ ပိုပြီးထွက်လာမှုနဲ့သာ ရင်ဆိုင်နေရတယ်၊ တပ်မတော်ကျရှုံးတဲ့အထိ ဖြစ်သွားနိုင်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးစုံစမ်းသူ Tom Andrews ကပြောပါတယ်။ ဖေဖေါ်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်နေတဲ့ ဆိုးရွားလှတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလိုဖြေကြားခဲ့တာပါ။ အခုထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာတော့... - အာဏာသိမ်းပြီး ၁၁ လနီးပါးကြာအခြေအနေမှာ လူ့အခွင့်အရေးချိုးဖောက်မှု ဘယ်လောက်ဆိုးနေသလဲ... - အစုအပြုံလိုက်သတ်ဖြတ်မှုတွေအပေါ် ကုလသမဂ္ဂက ဘယ်လိုအရေးယူနိုင်မလဲ... - ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ဆောင်ရွက်မှုအပေါ် အားမရလို့ လက်နက်ကိုင်ခုခံမှရတော့မယ်လို့ ဆုံးဖြတ်လိုက်ကြတဲ့ လူငယ်တွေအပေါ် ကုလ အရာရှိက ဘယ်လိုအမြင်ရှိသလဲ... - မြန်မာ့အနာဂတ်အပေါ် ကုလ အရာရှိက ဘယ်လိုရှုမြင်ထားသလဲ... စတဲအကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။ ===================================== မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးစုံစမ်းသူ Tom Andrews နှင့် မေးမြန်းချက် (၂) ------------------------------------------------------ ၂၅/ ၁၂/ ၂၀၂၁ ၁- (BNN)... အခုထိကတော့ ၂၀၁၇ ကဖြစ်ခဲ့တဲ့ ရိုဟင်ဂျာ တသန်းနီးနီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက် ထွက်ပြေးသွားရတဲ့ အခြေအနေပေါ့လေ။...အခုဆက်ပြီး တနိုင်ငံလုံးရဲ့ လူ့အခွင့်အရေးအခြေအနေ၊ အထူးသဖြင့် ဖေဖေါ်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အခြေအနေကိုမေးချင်ပါတယ်။ AAPP နိုင်ငံရေးအကျဉ်းသားများကူညီရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ စစ်တပ်ရဲ့သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရတဲ့အရပ်သား ၁၃၀၀ ကျော်နေပြီ၊ ဖမ်းဆီးခံထားရသူက ၁၁၀၀၀ ကျော်နေပြီလို့ သိထားရပါတယ်။ မစ္စာတာ Andrews ဘယ်လို မှတ်ချက်ပေးချင်ပါသလဲ... (Tom Andrews)... ဒီကိစ္စကလဲ ဆိုးတယ်ဗျာ။ ပိုကောင်းလာဖို့ အရိပ်အယောင်မမြင်ပါဘူး။ ချင်းပြည်နယ်၊ စစ်ကိုင်းနဲ့ တခြားဒေသတွေမှာ တပ်တွေ တိုးပြီးဖြန့်ချလာတာ တွေ့နေရတော့ ကျနော် သိပ်ကိုစိုးရိမ်ပါတယ်။ စစ်အစိုးရက မြန်မာပြည်သူတွေအပေါ် ကျူးလွန်မှုတွေကို ဖြည်လျှော့မဲ့ အရိပ်အယောင်တောင် မပြတဲ့အပြင် ရက်စက်ကြမ်းကြုတ်မှုတွေကလဲ ကြောက်စရာကြီးပါဗျာ။ အခြေအနေကို ထိန်းချုပ်နိုင်ဖို့အတွက် မြန်မာပြည်သူပြည်သားတွေ ကြောက်လန့်နေအောင် အကြမ်းဖက်တဲ့နည်းနဲ့ ကြိုးပမ်းနေတာပါ။ တကယ်တမ်းဖြစ်နေတာကတော့ ကျနော် လေ့လာဖတ်ရှုမိသလောက်၊ တိုင်းပြည်ထဲကလူတွေနဲ့ ပြောဆိုမိသလောက်ဆိုရင် ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေနဲ့ စစ်တပ်အင်အား တိုးချဲ့ပြီး ပြည်သူတွေကို ရန်သူအဖြစ် ဆက်ဆံနေတာပဲ။ နိုင်ငံအများစုမှာဆိုရင် စစ်တပ်ရဲ့ အခန်းကဏ္ဍဟာ ပြည်သူကို ကာကွယ်ဖို့၊ တိုင်းပြည်ကို စောင့်ရှောက်ဖို့ပဲ။ ဒါပေမယ့် မြန်မာနိုင်ငံမှာကတော့ ဆန့်ကျင်ဘက်ပါပဲ။ စစ်တပ်က မြန်မာပြည်သူတွေကို တိုက်ခိုက်နေတယ်။ အခြေအနေကတော့ ဆိုးတယ်။ ပိုပြီးတော့လဲ ဆိုးသထက်ဆိုးလာနေတာဆိုတော့ မြန်မာပြည်မှာ တပ်မတော် ကျရှုံး သွားနိုင်တယ်လို့ ကျနော်ထင်တယ်။ တိုင်းပြည်ကို ထိန်းချုပ်ဖို့ အကြောက်တရားသွပ်သွင်းတဲ့ လုပ်ရပ်ဟာ တကယ်တမ်းမှာ ဆန့်ကျင်ဘက်ရလဒ်ပဲ ဖြစ်လာတယ်။ လူထုက ဒီ့ထက်ဒီ အမျက်ဒေါသ ပိုပြီးထွက်လာတယ်။ အတိုက်အခံတွေဘက်က အင်အား ခိုင်မာလာတယ်။ ဆိုတော့ကာ ပြည်သူတွေကို အကြမ်းဖက်ခြိမ်းခြောက်ပြီး ပြည်သူတွေကို ခြိမ်းခြောက်ပြီး အရှိန်ရလာမယ်လို့ ယူဆရင်တော့ ဆန့်ကျင်ဘက်ပဲလို့ ပြောရမယ်။ (ဖြေကြားချက် အသေးစိပ် စာသားတွေကို https://burmanewsnetwork.com ထဲ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်)

Interview with Tom Andrews of UN. Part-2



“တိုင်းပြည်ကို ထိန်းချုပ်ဖို့ အကြောက်တရားသွပ်သွင်းတဲ့ လုပ်ရပ်ဟာ တကယ်တမ်းမှာတော့ ဆန့်ကျင်ဘက်ရလဒ်ပဲ ဖြစ်လာတယ်”

(Tom Andrews- UN Special Rapporteur on human rights in Myanmar)
-----------------------------------------------------
(၂၅/၁၂/၂၀၂၁)

အာဏာသိမ်းစစ်ကောင်စီက တိုင်းပြည်ကိုထိန်းချုပ်နိုင်ဖို့ ပြည်သူတရပ်လုံးကြောက်ရွံ့သွားအောင် ဖိနှိပ်မှုတွေအစွမ်းကုန်လုပ်ပြနေပေမယ့် တကယ်တန်းမှာတော့ ရလာဒ်က သူတို့ထင်ထားသလိုဖြစ်မလာပဲ လူထုရဲ့ အမျက်ဒေါသ ပိုပြီးထွက်လာမှုနဲ့သာ ရင်ဆိုင်နေရတယ်၊ တပ်မတော်ကျရှုံးတဲ့အထိ ဖြစ်သွားနိုင်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးစုံစမ်းသူ Tom Andrews ကပြောပါတယ်။

ဖေဖေါ်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်နေတဲ့ ဆိုးရွားလှတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလိုဖြေကြားခဲ့တာပါ။

အခုထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာတော့... 
- အာဏာသိမ်းပြီး ၁၁ လနီးပါးကြာအခြေအနေမှာ လူ့အခွင့်အရေးချိုးဖောက်မှု ဘယ်လောက်ဆိုးနေသလဲ...
- အစုအပြုံလိုက်သတ်ဖြတ်မှုတွေအပေါ် ကုလသမဂ္ဂက ဘယ်လိုအရေးယူနိုင်မလဲ...
- ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ဆောင်ရွက်မှုအပေါ် အားမရလို့ လက်နက်ကိုင်ခုခံမှရတော့မယ်လို့ ဆုံးဖြတ်လိုက်ကြတဲ့ လူငယ်တွေအပေါ် ကုလ အရာရှိက ဘယ်လိုအမြင်ရှိသလဲ...
- မြန်မာ့အနာဂတ်အပေါ် ကုလ အရာရှိက ဘယ်လိုရှုမြင်ထားသလဲ... စတဲအကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။ 
=====================================

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးစုံစမ်းသူ Tom Andrews နှင့်  မေးမြန်းချက် (၂)
------------------------------------------------------
၂၅/ ၁၂/ ၂၀၂၁

၁- (BNN)- အခုထိကတော့ ၂၀၁၇ ကဖြစ်ခဲ့တဲ့ ရိုဟင်ဂျာ တသန်းနီးနီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက် ထွက်ပြေးသွားရတဲ့ အခြေအနေပေါ့လေ။...အခုဆက်ပြီး တနိုင်ငံလုံးရဲ့ လူ့အခွင့်အရေးအခြေအနေ၊ အထူးသဖြင့် ဖေဖေါ်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အခြေအနေကိုမေးချင်ပါတယ်။ AAPP နိုင်ငံရေးအကျဉ်းသားများကူညီရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ စစ်တပ်ရဲ့သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရတဲ့အရပ်သား ၁၃၀၀ ကျော်နေပြီ၊ ဖမ်းဆီးခံထားရသူက ၁၁၀၀၀ ကျော်နေပြီလို့ သိထားရပါတယ်။ မစ္စာတာ Andrews ဘယ်လို မှတ်ချက်ပေးချင်ပါသလဲ...

(Tom Andrews)- ဒီကိစ္စကလဲ ဆိုးတယ်ဗျာ။ ပိုကောင်းလာဖို့ အရိပ်အယောင်မမြင်ပါဘူး။ ချင်းပြည်နယ်၊ စစ်ကိုင်းနဲ့ တခြားဒေသတွေမှာ တပ်တွေ တိုးပြီးဖြန့်ချလာတာ တွေ့နေရတော့ ကျနော် သိပ်ကိုစိုးရိမ်ပါတယ်။ စစ်အစိုးရက မြန်မာပြည်သူတွေအပေါ် ကျူးလွန်မှုတွေကို ဖြည်လျှော့မဲ့ အရိပ်အယောင်တောင် မပြတဲ့အပြင် ရက်စက်ကြမ်းကြုတ်မှုတွေကလဲ ကြောက်စရာကြီးပါဗျာ။ 

အခြေအနေကို ထိန်းချုပ်နိုင်ဖို့အတွက် မြန်မာပြည်သူပြည်သားတွေ ကြောက်လန့်နေအောင် အကြမ်းဖက်တဲ့နည်းနဲ့ ကြိုးပမ်းနေတာပါ။ တကယ်တမ်းဖြစ်နေတာကတော့ ကျနော် လေ့လာဖတ်ရှုမိသလောက်၊ တိုင်းပြည်ထဲကလူတွေနဲ့ ပြောဆိုမိသလောက်ဆိုရင် ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေနဲ့ စစ်တပ်အင်အား တိုးချဲ့ပြီး ပြည်သူတွေကို ရန်သူအဖြစ် ဆက်ဆံနေတာပဲ။ နိုင်ငံအများစုမှာဆိုရင် စစ်တပ်ရဲ့ အခန်းကဏ္ဍဟာ ပြည်သူကို ကာကွယ်ဖို့၊ တိုင်းပြည်ကို စောင့်ရှောက်ဖို့ပဲ။ ဒါပေမယ့် မြန်မာနိုင်ငံမှာကတော့ ဆန့်ကျင်ဘက်ပါပဲ။ စစ်တပ်က မြန်မာပြည်သူတွေကို တိုက်ခိုက်နေတယ်။

အခြေအနေကတော့ ဆိုးတယ်။ ပိုပြီးတော့လဲ ဆိုးသထက်ဆိုးလာနေတာဆိုတော့ မြန်မာပြည်မှာ တပ်မတော် ကျရှုံး သွားနိုင်တယ်လို့ ကျနော်ထင်တယ်။ တိုင်းပြည်ကို ထိန်းချုပ်ဖို့ အကြောက်တရားသွပ်သွင်းတဲ့ လုပ်ရပ်ဟာ တကယ်တမ်းမှာ ဆန့်ကျင်ဘက်ရလဒ်ပဲ ဖြစ်လာတယ်။ လူထုက ဒီ့ထက်ဒီ အမျက်ဒေါသ ပိုပြီးထွက်လာတယ်။ အတိုက်အခံတွေဘက်က အင်အား ခိုင်မာလာတယ်။ ဆိုတော့ကာ ပြည်သူတွေကို အကြမ်းဖက်ခြိမ်းခြောက်ပြီး ပြည်သူတွေကို ခြိမ်းခြောက်ပြီး အရှိန်ရလာမယ်လို့ ယူဆရင်တော့ ဆန့်ကျင်ဘက်ပဲလို့ ပြောရမယ်။

(ဖြေကြားချက် အသေးစိပ် စာသားတွေကို https://burmanewsnetwork.com ထဲ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်) 
==========================================

Thursday, December 23, 2021

Interview with Tom Andrews of UN. Part.1



“ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်ပြီး လွတ်မြောက်သွားတာမျိုးမဖြစ်အောင် အရေးယူဖို့ လိုပါတယ်”

(Tom Andrews- UN Special Rapporteur on the human rights in Myanmar)
-----------------------------------------------------
(၂၃/၁၂/၂၀၂၁)

မြန်မာစစ်တပ်က နေအိမ်တွေကို မီးရှို့၊ လူတွေကိုသတ်ဖြတ်တဲ့အတွက် တသန်းလောက်ရှိတဲ့ ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ် နယ်စပ်ထဲ ထွက်ပြေးလာရတဲ့ ၂၀၁၇ ဖြစ်စဉ်အတွက် အပြစ်ရှိသူတွေကို အရေးယူနိုင်ဖို့လိုတယ်၊ တာဝန်ခံမှု ရှိအောင်လုပ်ဖို့လိုတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးစုံစမ်းသူ Tom Andrews ကပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက သူသွားရောက်လေ့လာခဲ့တဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းအခြေအနေနဲ့ပတ်သက်ပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလိုဖြေကြားခဲ့တာပါ။

အခုထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ပထမ ပိုင်းမှာတော့... ဘင်္ဂလားဒေ့ရှ် နယ်စပ်စခန်းက ဒုက္ခသည်တွေရဲ့ နောက်ဆုံးအခြေအနေ၊ ကုလသမဂ္ဂ အေဂျင်စီတွေရဲ့ ကူညီ ဆောင်ရွက်ပေးနေမှု၊ အိမ်ပြန်နိုင်မယ့် အလားအလာ၊ သူတို့ အိမ်ကိုမီးရှို့ပြီး သူတို့ကိုမောင်းထုတ်ခဲ့တဲ့ စစ်တပ်ကို နိုင်ငံတကာဖက်က ဘယ်လိုအရေးယူနိုင်မလဲ... စတဲအကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။ 

(ဖေဖေါ်ဝါရီ ၁ ရက်နေ့၊ စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအပေါ် ကုလသမဂ္ဂ ဖက်က ဘယ်လိုအရေးယူနိုင်မလဲ...ဆိုတဲ့ အကြောင်းအရာတွေပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖြန်ညမှာ ဆက်လက် ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်)။

=========================================

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးစုံစမ်းသူ Tom Andrews နှင့်  မေးမြန်းချက် (၁)
------------------------------------------------------
၂၃/ ၁၂/ ၂၀၂၁

မင်္ဂလာပါ။ BNN ပရိသတ်များခင်ဗျား... ဒီနေ့ ဆွေးနွေခန်းအတွက် ကျနော်ဖိတ်ခေါ်ထားသူကတော့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးစုံစမ်းသူ Tom Andrews ဖြစ်ပါတယ်။ မေးမြန်းမယ့် အဓိကအကြောင်းအရာကတော့ ပြီးခဲ့တဲ့ သီတင်းပတ်က သွားခဲ့တဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းအခြေအနေအပါဝင် မြန်မာနိုင်ငံရဲ့ လက်ရှိ လူ့အခွင့်အရေးနောက်ဆုံး အခြေအနေ၊ နောက် ကုလသမဂ္ဂက ဘာတွေ ဆောင်ရွက်ပေးနိုင်မလဲ...ဆိုတဲ့အကြောင်းတွေ ဖြစ်ပါတယ်။

၁- (BNN) မင်္ဂလာပါ- Tom Andrews ...ပထမဆုံးကတော့ ခုနက နိဒါန်းမှာပါတဲ့အတိုင်း ဘင်္ဂလားဒေ့ရှ်နယ်စပ်က ရိုဟင်ဂျာဒုက္ခသည်တွေရဲ့အခြေအနေဖြစ်ပါတယ်။ သူတို့ အိမ်ပြန်နိုင်မယ့်အခြေအနေကိုမပြောခင် အဲဒီက မြင်ကွင်းကို အရင်ဆုံးပြောပြပေးပါဗျ...။

(Tom Andrews) ... ဘင်္ဂလားဒေ့ရှ်ခရီးစဉ်မှာ လေယာဉ်ပေါ်ကနေ ဆင်းလိုက်တာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာ တစ်သန်းနီးပါးရဲ့ အခြေအနေကို လေ့လာကြည့်ရှုဖို့ ကျနော် စိတ်အားထက်သန်နေပါတယ်။ သူတို့ထဲက အများစုဟာ ၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ်မှာ လူမျိုးတုံးသတ်ဖြတ်မှုတွေကနေ ထွက်ပြေးတိမ်းရှောင်လာကြသူတွေပါ။

ဒါက ကျွန်တော့်တာဝန်ပါပဲ။ သတင်းအချက်အလက်တွေကို အခြေခံတဲ့  စိစစ်တွေ့ရှိချက် နောက်ဆုံးအခြေအနေနဲ့အတူ အကြံပြုချက်တွေကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို အစီရင်ခံ တင်ပြဖို့ပါ။ ဒီခရီးစဉ်ကာလက တိုတိုလေးပါ။ တပတ်ကျော်ကျော်လေးဆိုတော့ အားသွန်ကြိုးပမ်းရပါတယ်။ Cox's Bazaar ခရိုင်ထဲက စခန်းတွေကို ခရီးထွက်ခဲ့ပါတယ်။

Bhasan Char ကျွန်း ခရီးက အသွားသုံးနာရီ၊ အပြန် သုံးနာရီဆိုတော့ ဒီကျွန်းဟာ ဘယ်လောက် ခေါင်တဲ့နေရာလဲဆိုတာ သဘောပေါက်နိုင်ပါတယ်။  အဲဒီကလူတွေ ဘယ်ကလာပြီး သူတို့ရည်မှန်းချက်ဆန္ဒက ဘာလဲဆိုတာ အတိအကျ နားလည်ဖို့ ကြိုးစားရင်း အချိန်ကုန်ခဲ့ပါတယ်။ သိပ်ကောင်းတဲ့ ခရီးစဉ်ပါ။ အသိအမြင်လဲ တိုးပါတယ်။ ဒီခရီးစဉ်နဲ့ ပတ်သက်လို့ ဒုက္ခသည်တွေအခြေအနေကို သိချင်တယ်ဆိုရင်တော့ အသေးစိတ်အချက်တချို့ကို ပြောပြနိုင်ပါတယ်၊ ကျနော်တို့ ဘယ်ကိုသွားပြီး ဘာတွေ ဆောင်ရွက်ခဲ့တယ်ဆိုတဲ့ အကျဉ်းချုပ်သုံးသပ်ချက်မျိုးပေါ့။

(ဖြေကြားချက် အသေးစိပ် စာသားတွေကို https://burmanewsnetwork.com ထဲ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်) 
==========================================

Wednesday, December 22, 2021

Interview with Tom Andrews of UN. Intro.


“မြန်မာနိုင်ငံရဲ့ အနာဂတ်ဟာ ခင်ဗျားတို့လက်ထဲမှာရှိပါတယ်။ ကျနော်လုပ်နိုင်သမျှ အစွမ်းကုန်ကူညီသွားမယ်”

(Tom Andrews- UN Special Rapporteur on the human rights in Myanmar)
-----------------------------------------------------
(၂၂/၁၂/၂၀၂၁)

မြန်မာနိုင်ငံရဲ့ အနာဂတ်ဟာ မြန်မာလူငယ်တွေရဲ့လက်ထဲမှာရှိနေပြီး ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက ဒါကို ထောက်ခံအားပေးဖို့လိုတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးစုံစမ်းသူ Tom Andrews ကပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက သူသွားရောက်လေ့လာခဲ့တဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းအခြေအနေအပါဝင် လက်ရှိ နွေဦးတော်လှန်ရေးကာလအတွင်း စစ်ကောင်စီတပ်တွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအပေါ် ကုလသမဂ္ဂဖက်က ဘယ်လိုအရေးယူဆောင်ရွက်နေသလဲဆိုပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလိုဖြေကြားခဲ့တာပါ။

လူ့အခွင့်အရေးအထူးစုံစမ်းသူ Tom Andrews နဲ့မေးမြန်းချက်အသေးစိပ်ကိုတော့ မနက်ဖြန်ညမှာ စတင်ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်။

Tuesday, December 21, 2021

နောက်ဆုံးဖြစ်ရမယ်


လင်းလင်းနဲ့ အာဇာနည် သီချင်း မျှဝေပါသည်...

ပြန်လာမယ်မေမေ


အာဇာနည် သီချင်းအား မျှဝေပါသည်...

Monday, December 20, 2021

Interview with Bo Hla Tin of NUG on ASEAN.part 2


“ကမ္ဘောဒီးယားဝန်ကြီးချုပ်အနေနဲ့ အာဆီယံမူ ၅ ချက်အတိုင်း ဆက်လက်ရပ်တည်ဖို့ တောင်းဆိုပါတယ်”

(ဦးဘိုလှတင့်- အာဆီယံဆိုင်ရာ သံအမတ်ကြီး- NUG)
----------------------------------------------
(၂၁/၁၂/၂၀၂၁)

အာဆီယံ အလှည့်ကျ ဥက္ကဌအသစ်ဖြစ်လာမယ့် ကမ္ဘောဒီးယားဝန်ကြီးချုပ် အနေနဲ့ အာဆီယံမူ ၅ ချက်အတိုင်းဆက်လက်ရပ်တည်ရမှာဖြစ်ပြီး စစ်ကောင်စီနဲ့ နီးနီးကပ်ကပ်မဆက်ဆံသင့်ဘူးလို့ အမျိုးသားညွန့်ပေါင်းအစိုးရ အာဆီယံ ဆိုင်ရာသံအမတ်ကြီး ဦးဘိုလှတင့်က တိုက်တွန်းလိုက်ပါတယ်။

ဇန်နာဝါရီ ၁ ရက်နေ့မှာ အာဆီယံ အလှည့်ကျဥက္ကဌဖြစ်လာမယ့် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွမ်ဆမ်-က ရှေ့နှစ် ပထမ သီတင်းပတ်အတွင်း နေပြည်တော်သွားမယ်၊ စစ်ကောင်စီကို အာဆီယံထဲပြန်ပါလာအောင် ဖိတ်ခေါ်မယ်ဆိုပြီး ပြောဆိုလာတာနဲ့ပတ်သက်ပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလိုဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာတော့... အာဆီယံ ဥက္ကဌသစ်ရဲ့ ပြောဆိုချက်အပေါ် NUG ရဲ့ တုန့်ပြန်ချက်၊ အမေရိကန်ရဲ့ NDAA အမျိုးသား ကာကွယ်ရေးဆိုင်ရာလုပ်ပိုင်ခွင့်ဥပဒေ- က ရှေ့တန်းမှာတိုက်ပွဲဝင်နေတဲ့ PDF တွေအတွက် ဘယ်လိုအထောက်ကူဖြစ်စေမလဲ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(မနက်ဖန် ညနေပိုင်းမှာတော့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးစုံစမ်းသူ Tom Andrews နဲ့မေးမြန်းချက်ကို ထုတ်လွှင့်ပေးဖို့ရှိနေပါတယ်)။ 

Sunday, December 19, 2021

Interview with Bo Hla Tint of NUG on US policy. Part-1



“NUG ကို အသိအမှတ်ပြုရေးအတွက် ဆောင်ရွက်ချက်တွေကို လွှတ်တော်ထံ တင်ပြရမယ်ဆိုတာက အတော်ထူးပါတယ်”

(ဦးဘိုလှတင့်- အာဆီယံဆိုင်ရာ သံအမတ်ကြီး-NUG)
----------------------------------------------
(၂၀/၁၂/၂၀၂၁)

အမေရိကန်လွှတ်တော်က အတည်ပြုလိုက်တဲ့ National Defense Authorization Act (NDAA) အမျိုးသား ကာကွယ်ရေးဆိုင်ရာလုပ်ပိုင်ခွင့်ဥပဒေ- မှာပါတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG အားအသိအမှတ်ပြုရေးအတွက် အစိုးရဖက်က ဘာတွေဆောင်ရွက်ခဲ့ပြီးပြီလဲဆိုတာကို လွှတ်တော်ဆီ ၂ လအတွင်း ပြန်တင်ပြရမယ်ဆိုတဲ့အချက်ဟာ အတော်ထူးခြားနေတယ်လို့ အာဆီယံဒေသဆိုင်ရာ NUG သံအမတ်ကြီး ဦးဘိုလှတင့်ကပြောပါတယ်။

ဒီဇင်ဘာလ ၁၅ ရက်နေ့က လွှတ်တော်အမတ် Mitch McConnell ဦးဆောင်တင်သွင်းတဲ့ မြန်မာ့ဒီမိုကရေစီအားပေးထောက်ခံရေး ဥပဒေရဲ့ ထူးခြားချက်တွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလိုဖြေကြားခဲ့တာပါ။

အခုထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ပထမ ပိုင်းမှာတော့...
- ဒီဥပေဒရဲ့ အနှစ်ချုပ်က ဘာလဲ...
- ဒါဟာ NUG ကို အမေရိကန်အစိုးရက တရားဝင်အသိအမှတ်ပြုလိုက်တဲ့ သဘောလား...
- CDM ဝန်ထမ်းတွေအပါဝင် စစ်ပြေးဒုက္ခသည်တွေအတွက် တရားဝင် အကူအညီတွေရလာတော့မလား...
- စစ်ကောင်စီကို အားပေးနေတဲ့ ရုရှားနဲ့တရုတ်ကို အမေရိကန်က ဘယ်လို ဟန့်တားမှာလဲ...
- ဒီလောက်အရေးကြီးတဲ့ ဥပဒေကို ထောက်ခံကြိုဆိုဖို့ ဒီမိုကရေစီအင်အားစုတွေဖက်က ဘာကြောင့် နှောက်နှေးနေတာလဲ.... စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အာဆီယံဥက္ကဌသစ်က စစ်ကောင်စီနဲ့ နီးနီးကပ်ကပ်ဆက်ဆံမယ်ဆိုတဲ့အပေါ် NUG ရဲ့ တုန့်ပြန်ချက်ပါဝင်တဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန်မှာ ဆက်လက် ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်)။ 

Friday, December 17, 2021

Interview with Ko Hein Htet of Dawei youth. Part-2



“လူငယ်တွေလုပ်လိမ့်မယ်ဆိုပြီး လွှတ်ထားလို့မရဘူး။ လူတိုင်းက နိုင်တဲ့နေရာကနေ ကူညီပါဝင်ဖို့ လိုပါတယ်”

(ကိုဟိန်းထက်- လူငယ်ရေးရာကော်မီတီ အတွင်းရေးမှူးဟောင်း)
--------------------------------------------
(၁၇/၁၂/၂၀၂၁)

နွေဦးတော်လှန်ရေးမှာ လူငယ်တွေ အဓိကပါဝင်နေတာမှန်ပေမယ့် လူငယ်တွေချည်း လွှတ်ပေးထားလို့မရဘူး၊ နိုင်ငံသားတဦးချင်းစီက ကိုယ့်တတ်နိုင်တဲ့နေရာကနေ ကူညီပြီး တော်လှန်ရေးထဲပါဝင်ဖို့ လိုတယ်လို့ လူငယ်ရေးရာကော်မီတီ အတွင်းရေးမှူး ဟောင်း ကိုဟိန်းထက်ကပြောပါတယ်။

စစ်အာဏာသိမ်းမှု ၁၀ လကျော်ကာလ၊ နွေဦးတော်လှန်ရေးအခြေအနေနဲ့ပတ်သက်ပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာတော့...
- တနသာင်္ရီတိုင်းအတွင်း PDF တွေရဲ့လှုပ်ရှားနိုင်မှုအခြေအနေ ဘယ်လိုရှိသလဲ...
- တိုက်ပွဲဝင်နေတဲ့ လူငယ်တွေကို ဘယ်လိုကူညီပေးသင့်သလဲ...
- စစ်ပြေးဒုက္ခသည်တွေအတွက်ကော ဘယ်လိုကူညီပေးနေသလဲ...
- စစ်ကောင်စီကို လက်နက်ကိုင်တိုက်ပွဲနဲ့ ဖြုတ်ချမှရမယ်ဆိုတဲ့ နည်းလမ်းကို လူငယ်တွေက ဘာကြောင့်ရွေးခဲ့သလဲ...
- လက်နက်အင်အားသာလွန်နေတဲ့ စစ်ကောင်စီတပ်တွေကို လက်နက်မပြည်စုံတဲ့ PDF တပ်တွေက ဘယ်လိုအနိုင်ယူနိုင်မလဲ...
စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

Thursday, December 16, 2021

Interview with Pado Mahn Mahn of KNU. part-2 edit


“EAO တွေကြားမှာ ရပ်တည်ချက် ၃-မျိုးရှိနေပါတယ်၊ ကျနော်ကတော့ အာဏာရှင် အပြုတ်တိုက်ရေးလမ်းကို ရွေးထားပါတယ်”

(ပဒိုမန်းမန်း- KNU တွဲဖက်အထွေထွေအတွင်းရေးမှူး-၂ ဟောင်း)
----------------------------------------------
(၁၆/၁၂/၂၀၂၁)

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ EAO တွေကြားမှာ ရပ်တည်ချက် ၃-ခုကွဲပြားနေဆဲ ဖြစ်တဲ့အတွက် နွေဦးတော်လှန်ရေးမှာ အချို့အဖွဲ့တွေ ပါမလာသေးတာဖြစ်တယ်လို့  KNU တွဲဖက်အထွေထွေအတွင်းရေးမှူး-၂ ဟောင်း- ပဒိုမန်းမန်ကပြောပါတယ်။

စစ်အာဏာသိမ်းပြီး ၁၀ လကျော်ကာလအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ EAO တွေနဲ့ ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေကြား ပူးပေါင်းဆောင်ရွက်နိုင်မှု အခြေအနေနဲ့ပတ်သက်ပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလိုဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာတော့... 
- KNU နဲ့ အခြား ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကြား ပူးပေါင်းဆောင်ရွက်မှု အခြေအနေ ဘယ်လိုရှိသလဲ...
- ၁၉၈၈ တုန်းက တော်လှန်ရေးမအောင်မြင်ခဲ့ပေမယ့် ဒီနေ့ ၂၀၂၁ ကာလမှာ ဘာကြောင့် အောင်မြင်မယ်လို့ ယူဆနိုင်သလဲ...
- EAO ၈ ဖွဲ့ပဲ နွေဦးတော်လှန်ရေးထဲပါလာပြီး ကျန်အဖွဲ့တွေ မပါလာသေးတာ ဘာကြောင့်လဲ...
- လက်နက်ကိုင်တိုက်ပွဲ၊ လူထုတိုက်ပွဲ၊ သံတမန်ရေးတိုက်ပွဲနဲ့ နိုင်ငံရေးတိုက်ပွဲတွေကို ဘယ်လိုဟန်ချက်ညီ လုပ်သွားသင့်သလဲ... 
စတဲ့အကြောင်းတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(ထားဝယ်-လောင်းလုံးဒေသက လူငယ်ခေါင်းဆောင်တဦးနဲ့ မေးမြန်းချက် ဒုတိယ ပိုင်းကိုတော့ စနေညမှာ ဆက်လက်ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်)။

Wednesday, December 15, 2021

Interview with Pado Mahn Mahn of KNU. Part-1



“တပ်မဟာအားလုံးက တညီတညွတ်တည်း စစ်ရေးလှုပ်ရှားမှုဆောင်ရွက်ဖို့လိုပါတယ်”

(ပဒိုမန်းမန်း- KNU တွဲဖက်အထွေထွေအတွင်းရေးမှူး-၂ ဟောင်း)
----------------------------------------------
(၁၅/၁၂/၂၀၂၁)

KNU ထိမ်းချုပ်နယ်မြေတခုဖြစ်တဲ့ လေးကေ့ကော် ဒေသဆီ စစ်ကောင်စီတပ်တွေဝင်လာတာမျိုး နောက်ထပ်မကြုံစေဖို့အတွက် တပ်မဟာတွေအားလုံး တညီတညွတ်တည်း စစ်ရေးလှုပ်ရှားမှုဆောင်ရွက်ဖို့လိုတယ်လို့ KNU တွဲဖက်အထွေထွေအတွင်းရေးမှူး-၂ ဟောင်း- ပဒိုမန်းမန်ကပြောပါတယ်။

CDM တွေ ခိုလှူံနေတဲ့ လေးကေ့ကော်ဒေသဆီ စစ်ကောင်စီတပ်တွေဝင်လာပြီး ဖမ်းဆီးတာ၊ တိုက်ပွဲဖြစ်တာအပါဝင် လက်ရှိ နွေဦးတော်လှန်ရေးအပေါ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ရပ်တည်ချက်နဲ့ပတ်သက်ပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလိုဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ပထမ ပိုင်းမှာတော့... လေးကေ့ကော်ဒေသ တိုက်ပွဲ နောက်ဆုံးအခြေအနေ၊ စစ်ကောင်စီတပ်တွေက ဒီဒေသဆီ ဘာကြောင့် မကြာခနဝင်ရောက်စစ်ဆေးနေတာလဲ၊ နွေဦးတော်လှန်ရေးအပေါ် KNU ရဲ့ သဘောထားက ဘယ်လိုရှိသလဲ၊ စစ်ကောင်စီရဲ့ အနိုင့်ကျင့်မှုမခံရအောင် EAO တပ်တွေနဲ့ PDF တပ်တွေ ဘယ်လိုပူးပေါင်းဆောင်ရွက်သင့်သလဲ... စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(နွေဦးတော်လှန်ရေးမှာ EAO တွေ အားလုံးပါမလာသေးတာ ဘာကြောင့်လဲ...ဆိုတဲ့ သုံးသပ်ချက်ပါဝင်တဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ညပိုင်းမှာ ဆက်လက်ထုတ်လွှင့်ပေးသွားမှာဖြစ်ပါတယ်)။

Tuesday, December 14, 2021

Interview with Ko Hein Htet of Dawei Part-1



“စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေက လက်နက်ကိုင်တော်လှန်မှ ရမယ်ဆိုတာကို ပိုပြီးယုံကြည်လာစေပါတယ်”

(ကိုဟိန်းထင်- လူငယ်ရေးရာကော်မီတီ အတွင်းရေးမှူးဟောင်း)
-----------------------------------------------
(၁၄/၁၂/၂၀၂၁)

စစ်တပ်က အာဏာသိမ်းမှုကိုလက်မခံနိုင်ကြောင်း ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို စစ်ကောင်စီတပ်တွေက အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်တဲ့အတွက် လူငယ်တွေဟာ ရွေးစရာမရှိပဲ လက်နက်ကိုင်တော်လှန်ရေးထဲ ရောက်လာနေတာဖြစ်တယ်လို့ ထားဝယ်ဒေသက ထင်ရှားတဲ့ လူငယ်ခေါင်းဆောင်တဦးဖြစ်သူ ကိုဟိန်းထက်ကပြောပါတယ်။

လူငယ်ခေါင်းဆောင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ PDF နဲ့ဆက်စပ်တယ်လို့ စွပ်စွဲခံရသူတွေရဲ့နေအိမ်တွေကို ချိတ်ပိတ်တာ၊ ဖမ်းဆီးတာတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။

အခုထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ပထမ ပိုင်းမှာတော့... စစ်ကောင်စီက လူနေအိမ်တွေကို ချိတ်ပိတ်သိမ်းပိုက်နေပုံ၊ ထားဝယ်နဲ့ လောင်းလုံးဒေသမှာ ဆန္ဒပြပွဲတွေ ဆက်လက်အားကောင်းနေပုံ၊ ဆန္ဒပြပွဲတွေကို စစ်ကောင်စီက အကြမ်းဖက်ဖြိုခွင်းခြင်းက လက်နက်ကိုင်တော်လှန်ခြင်းကို ကိုယ်တိုင် ဖိတ်ခေါ်သလို ဖြစ်လာစေသလား... စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(လွတ်မြောက်နယ်မြေရောက် လူငယ်တွေရဲ့လှုပ်ရှားမှူအကြောင်းဆွေးနွေးထားတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန်ညမှာ ဆက်လက်ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်)။


Sunday, December 12, 2021

Interview with Aung San Myint of KNPP. Part-3



“တနိုင်ငံလုံးလွတ်မြောက်မှ ငါတို့ ပြည်နယ်အရေးလည်း တပြိုင်တည်းပါသွားမယ်”

(ဦးအောင်ဆန်းမြင့်- (KNPP)
--------------------------------------------
(၁၂/၁၂/၂၀၂၁)

အခုဖြစ်နေတဲ့ တနိုင်ငံလုံးလွတ်မြောက်ရေးတိုက်ပွဲမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAO) အားလုံးပါဝင်ဖို့လိုတယ်။ တနိုင်ငံလုံးလွတ်မြောက်ရေးတိုက်ပွဲမှာအားလုံးလက်တွဲပါဝင်ပြီး ပြည်နယ်အရေးကိုလည်း တပြိုင်တည်းဆောက်ရွက်သွားဖို့လိုတယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP အတွင်းရေးမှူး ၂ ဦးအောင်ဆန်းမြင့်က တိုက်တွန်းလိုက်ပါတယ်။

စစ်အာဏာသိမ်းပြီး ၁၀ လကြာအခြေအနေမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ EAO တွေနဲ့ အသစ်ပေါ်လာတဲ့ PDF တပ်တွေကြား ဘယ်လိုပူးပေါင်း တိုက်ပွဲဝင်နေသလဲဆိုပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလိုဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်ပေးမယ့် မေးမြန်းချက် နောက်ဆုံးပိုင်းမှာတော့... NUCC ထဲမှာ EAO တွေ အားလုံးပါလာအောင် ဘယ်လိုဆောင်ရွက်မလဲ၊ ၁၉၈၈ ကဖြစ်ပေါ်ခဲ့တဲ့ လက်နက်ကိုင်တော်လှန်ရေးအပေါ် EAO တွေဆက်ဆံပုံနဲ့ အခု ၂၀၂၁ မှာပေါ်လာတဲ့ နွေဦးတော်လှန်ရေးအပေါ် EAO တွေ ဆက်ဆံပုံ ဘယ်လိုကွာသလဲ၊ အရင်က ပြည်နယ်အရေးတခုတည်းကိုသာ ဦးပေးတဲ့ EAO တွေအနေနဲ့ အခု နွေဦးတော်လှန်ရေးမှာ အားလုံးပါဝင်ပြီး ပြည်နယ်အရေးကိုပါ ဆောင်ရွက်သင့်တယ်ဆိုတာကို လက်ခံလာကြပြီလား... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေး တင်ပြထားပါတယ်။

(ဆန္ဒပြပွဲတွေနေ့စဉ်ဖြစ်ပေါ်နေတဲ့ ထားဝယ်ခရိုင် လောင်းလုံးမြိုနယ်က လူငယ်ခေါင်းဆောင်တဦးနဲ့ မေးမြန်းချက်ကိုတော့ အင်္ဂါနဲ့ ဗုဒ္ဓဟူးညပိုင်းတွေမှာ ဆက်လက်ထုတ်လွှင့်ပေးသွားဖို့ရှိနေပါတယ်)။ 

Saturday, December 11, 2021

Interview with Aung San Myint of KNPP. part-2

“အရင်လို နယ်စပ်တိုက်ပွဲ မဟုတ်တော့ဘူး၊ အခုတိုက်ပွဲတွေက မြို့ထဲမှာကို ဖြစ်နေတာ”

(ဦးအောင်ဆန်းမြင့်- (KNPP)
--------------------------------------------
(၁၁/၁၂/၂၀၂၁)

နွေဦးတော်လှန်ရေးကာလ တိုက်ပွဲတွေဟာ အရင်ခေတ်ကလို နယ်စပ်နဲ့ ကျေးလက်ဒေသမှာတင် ဖြစ်နေတာမဟုတ်ပဲ ရွာကြီးတွေ၊ မြို့ကြီးတွေထဲအထိ စစ်ရှိန်တက်နေပြီဖြစ်တယ်၊ လွတ်မြောက်နယ်မြေတွေ ကျယ်ပြန့်လာနေပြီဖြစ်တယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP အတွင်းရေးမှူး ၂ ဦးအောင်ဆန်းမြင့်ကပြောပါတယ်။

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC မှာပါဝင်တဲ့ KNPP နဲ့ အသစ်ပေါ်လာတဲ့ PDF တပ်တွေကြား ဘယ်လိုပူးပေါင်း တိုက်ပွဲဝင်နေသလဲဆိုပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလိုဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာတော့... ကရင်နီဒေသတွင်းက တိုက်ပွဲအခြေအနေ၊ PDF နဲ့ မဟာမိတ်တပ်တွေရဲ့ နယ်မြေထိမ်းချုပ်နိုင်မှုအနေအထား၊ စစ်ပြေးဒုက္ခသည်တွေ ကူညီပေးနေမှုအခြေအနေတွေကို ဆွေးနွေး တင်ပြထားပါတယ်။

(တနိုင်ငံလုံးလွတ်မြောက်ရေးတိုက်ပွဲမှာပါဝင်မှ ပြည်နယ်တွေလွတ်မြောက်ရေးလည်း တပြိုင်တည်းပါသွားမယ်ဆိုတဲ့ အတွေးအခေါ်ကိုလက်ခံပြီး အားလုံးလက်တွဲ တိုက်ပွဲဝင်ဖို့လိုတယ်-ဆိုတဲ့ သုံးသပ်ချက်ပါတဲ့ နောက်ဆုံးအပိုင်းကိုတော့ မနက်ဖန် တနင်္ဂနွေညမှာ ဆက်လက် ထုတ်လွှင့်ပေးသွားမှာဖြစ်ပါတယ်)။




Friday, December 10, 2021

Interview with Aung San Myint of KNPP- part-1



“စစ်ကောင်စီနဲ့ တိုက်ပွဲစဖြစ်တာနဲ့ လူငယ်တွေအများကြီး ကျနော်တို့ဆီရောက်လာတယ်”

(ဦးအောင်ဆန်းမြင့်- Karenni National Progressive Party (KNPP)
--------------------------------------------------

(၁၀/၁၂/၂၀၂၁)

ပြီးခဲ့တဲ့မေလအတွင်း ကရင်နီအမျိုးသားတပ်မတော်နဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲစတင်ပြီးနောက် ဒေသတွင်းရှိ ကရင်နီလူငယ်တွေ ထောင်နဲ့ချီပြီး သူတို့ဒေသဆီ ရောက်လာကာ လက်နက်ကိုင်တော်လှန်ရေးအတွင်း ပါဝင်နေတယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP အတွင်းရေးမှူး ၂ ဦးအောင်ဆန်းမြင့်ကပြောပါတယ်။

စစ်အာဏာရှင် တော်လှန်ရေးတပ်ပေါင်းစု အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC မှာပါဝင်တဲ့ KNPP နဲ့ အသစ်ပေါ်လာတဲ့ PDF တပ်တွေကြား ဘယ်လိုပူးပေါင်း တိုက်ပွဲဝင်နေသလဲဆိုပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလိုဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ပထမ ပိုင်းမှာတော့... NUCC ထဲ KNPP နဲ့ တိုင်းရင်းသားလက်နက်ကိုင် EAO ၈ ဖွဲ့ ဘယ်လိုပါဝင်လာသလဲ၊ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်တွေ၊ CSO တွေကြား ဘယ်လို ပူးပေါင်းဆောင်ရွက်နေသလဲ၊ EAO တွေနဲ့ PDF တွေကြား ဘယ်လိုပူးပေါင်း တိုက်ပွဲဝင်နေသလဲ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အရင်ကဆိုရင် တိုက်ပွဲဖြစ်တဲ့နေရာတွေဟာ နယ်စပ်က ရွာငယ်တွေဖြစ်ပေမယ့် “အခုတော့ တိုက်ပွဲက မြို့ထဲအထိရောက်နေပြီ”- ဆိုတဲ့အကြောင်း ဆွေးနွေးချက် ပါဝင်တဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် စနေညမှာ ဆက်လက် ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်)။

Thursday, December 9, 2021

Interview with U Thein Oo of NUG on ASSK part-2


“ဗိုလ်ချုပ်အောင်ဆန်းတို့ခေတ်နောက်ပိုင်း ပထမဆုံးအကြိမ် တနိုင်ငံလုံးပါဝင်တဲ့ လူထုတော်လှန်ရေးကို မြင်လာနေရတာဖြစ်ပါတယ်”

(ဦးသိန်းဦး- တရားရေးဝန်ကြီး- NUG)
-------------------------------------------------
(၉ /၁၂/၂၀၂၁)

နွေဦးတော်လှန်ရေးရဲ့ လက်ရှိအခြေအနေဟာ ဗိုလ်ချုပ်အောင်ဆန်းတို့ခေတ်၊ ကိုလိုနီနယ်ချဲ့တော်လှန်ရေးနောက်ပိုင်း ပထမ ဆုံးအကြိမ်ပြန်မြင်ရတဲ့ တနိုင်ငံလုံးပါဝင်တဲ့ လူထုတော်လှန်ရေးဖြစ်တယ်လို့ NUG တရားရေးဝန်ကြီး ဦးသိန်းဦးကပြောပါတယ်။

စစ်အာဏာသိမ်းမှု ၁၀ လ တာကြာပြီးချိန် နွေဦးတော်လှန်ရေးအလားအလာနဲ့ပတ်သက်ပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလိုဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာတော့... စစ်ကောင်စီတပ်တွေက နေအိမ်တွေကို ချိတ်ပိတ်၊ ရွာမီးရှိ့ု၊ လူသတ်လုပ်နေတဲ့အပေါ် ဥပဒေ ကြောင်းအရ ရှုမြင်ချက်၊ ၁၉၉၀ ရွေးကောက်ပွဲအလွန် NCG ခေတ်နဲ့ အခု ၂၀၂၀ ရွေးကောက်ပွဲအလွန် NUG ခေတ် ဘယ်လိုကွာသလဲ၊ အာဏာရှင်ဖြုတ်ချရေးတိုက်ပွဲနဲ့ ဖက်ဒရယ်နိုင်ငံသစ်တည်ဆောက်ရေးကို ဘယ်လို ဟန်ချက်ညီ လုပ်သွားသင့်သလဲ... စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(မနက်ဖန် သောကြာနဲ့ စနေညနေပိုင်းတွေမှာတော့ PDF တပ်တွေနဲ့ ပူးပေါင်းတိုက်ပွဲဝင်နေတဲ့ NUCC အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တဦးနဲ့ မေးမြန်းချက်ကို ထုတ်လွှင့်ပေးသွားမှာဖြစ်ပါတယ်)။

Wednesday, December 8, 2021

Interview with U Their Oo of NUG on ASSK part-1



“အယူခံဝင်နေတာ မဟုတ်ဘူး၊ တရားခွင်ကနေ စစ်ကောင်စီကို စိမ်ခေါ်နေတာဖြစ်တယ်”

(ဦးသိန်းဦး- တရားရေးဝန်ကြီး- NUG)
-------------------------------------------
(၈/၁၂/၂၀၂၁)

ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်ကောင်စီဖက်က မတရားဖမ်းဆီး ထောင်ချမယ်ဆိုတာကိုသိရဲ့နဲ့ တရားခွင်မှာ အမှုရင်ဆိုင်နေတာဟာ အယူခံဝင်နေတာမဟုတ်ပဲ စစ်ကောင်စီကို တရားခွင်ကနေ စိမ်ခေါ်နေတာသာဖြစ်တယ်လို့ NUG တရားရေးဝန်ကြီး ဦးသိန်းဦးကပြောပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ကို စစ်ကောင်စီက ထောင်ဒဏ်တွေချမှတ်လိုက်တာနဲ့ပတ်သက်ပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ပထမ ပိုင်းမှာတော့... စစ်ကောင်စီက ဘာကြောင့်အခုလို ဖမ်းဆီးထောင်ချတာလဲ၊ နောက်ထပ် ဘယ်လိုစွဲချက်တွေ တင်ထားသေးလဲ၊ မတရားတဲ့ ဥပဒေတွေကို တရားရုံးတက်ပြီး ရင်ဆိုင်ဖြေရှင်းနေတာ အဓိပါယ်ရှိရဲ့လား... စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(၁၉၉၀ ရွေးကောက်ပွဲတုန်းက လူထုဟာ လွှတ်တော်အမတ်တွေကိုသာ တာဝန်ပေးလိုက်တာဖြစ်ပြီး အခု ၂၀၂၀ ရွေးကောက်ပွဲမှာတော့ လူထုကိုယ်တိုင် တိုက်ပွဲထဲပါဝင်လာတဲ့အချက်က ထူးခြားတယ်ဆိုတဲ့ သုံးသပ်ချက် ပါဝင်တဲ့ ဒုတိယပိုင်းကိုတော့ မနက်ဖန်ညပိုင်းမှာ ဆက်လက် ထုတ်လွှင့်ပေးသွားမှာဖြစ်ပါတယ်)။

Tuesday, December 7, 2021

Interview with Nan Lay of Student on Yangon Strike



“စစ်ကောင်စီရဲ့ အင်အားသုံးအကြမ်းဖက်မှုက လူထုကို စုစည်းတုန့်ပြန်ဖို့ တွန်းအားပေးသလို ဖြစ်စေခဲ့ပါတယ်”

(ကိုနန်းလင်း- တကသ-ကျောင်းသားဟောင်းများအင်အားစု)
---------------------------------------------------
ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ ကျောင်းသားလူငယ်တွေကို စစ်ကားနဲ့ဝင်တိုက်ပြီး အကြမ်းဖက်ဖြိုခွင်းမှုတွေက လူထုကို စိတ်ဆိုးဒေါသထွက်စေပြီး ပိုပြင်းထန်တဲ့ ဆန္ဒပြမှုတွေ၊ လူထုအုံကြွမှုတွေကိုသာ ဖြစ်ပေါ်လာစေမှာဖြစ်တယ်လို့ ဆန္ဒပြပွဲတွေနဲ့ ဆက်စပ်ဆောင်ရွက်နေသူ တကသ- ကျောင်းသားဟောင်းများအဖွဲ့မှ ကိုနန်းလင်းက ပြောပါတယ်။

ရန်ကုန် ကြီးမြင်တိုင်မှာဖြစ်ပွားခဲ့တဲ့ ဆန္ဒပြလူငယ်တွေကို စစ်ကားနဲ့ဝင်တိုက်ဖြိုခွင်းတဲ့အပေါ် လူငယ်တွေရဲ့အမြင်-တုန့်ပြန်ချက်ကို BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလိုဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်ပေးမယ့် မေးမြန်းချက်ထဲမှာတော့... ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ လူငယ်တွေကို စစ်ကားနဲ့ဝင်တိုက်ဖြိုခွင်းမှုအပေါ် လူငယ်တွေရဲ့ တုန့်ပြန်ချက်၊ ဒီဇင်ဘာ ၁၀ ရက်နေ့မှာကျရောက်တဲ့ နိုင်ငံတကာလူ့အခွင့်အရေးနေ့မှာ ဘာတွေ လုပ်ဖို့ရှိသလဲ၊ ဆန္ဒပြပွဲတွေကို အကြမ်းဖက်ဖြိုခွင်းခြင်းက PDF တွေ ပိုအင်အားကောင်းလာအောင် စစ်ကောင်စီက အားပေးနေတာလား၊ အဆုံးသတ်တိုက်ပွဲအတွက် လူငယ်တွေ ဘယ်လိုပြင်ထားကြသလဲ... စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။


Saturday, December 4, 2021

Interview with Aung Myo Min of NUG on UN-Burma part-2


“ငြိမ်းချမ်းတဲ့နည်းကို စစ်ကောင်စီက လက်မခံရင် ခုခံစစ်နဲ့ ဖိအားပေးမှုကို အရှိန်မြှင့်ဖို့ပဲရှိပါတယ်”

(ဦးအောင်မျိုးမင်း- လူ့အခွင့်အရေးဝန်ကြီး- NUG)
---------------------------------------------------
နိုင်ငံတကာဖက်က ကမ်းလှမ်းနေတဲ့အတိုင်း တွေ့ဆုံဆွေးနွေးအဖြေရှာရေးကို စစ်ကောင်စီဖက်က ဆက်လက်ငြင်းပယ်နေမယ်ဆိုရင်တော့ PDF တွေရဲ့ ခုခံစစ်လှုပ်ရှားမှုကို အရှိန်မြှင့်၊ နိုင်ငံတကာဖိအားပေးမှုကိုအရှိန်မြှင့်ပြီး အဆုံးသတ်တိုက်ပွဲ ဆင်နွဲဖို့ပဲ ရွေးစရာ ကျန်လိမ့်မယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းကပြောပါတယ်။

စစ်အာဏာသိမ်းမှု ၁၀ လပြည့်ကာလ နိုင်ငံရေးအလားအလာတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်ကမေးမြန်းစဉ် ပြည်ထောင်စုဝန်ကြီးက အဲဒီလို ပြောခဲ့တာပါ။

အခုထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာတော့...သိန်းနဲ့ချီရှိလာနေတဲ့ IDP တွေကို နိုင်ငံတကာက ဘယ်လိုအကူအညီပေးနိုင်မလဲ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် စစ်ကောင်စီခေါင်းဆောင်ပိုင်းကို အရေးယူနိုင်တော့မလား၊ ဆွေးနွေးပွဲတွေကို စစ်ကောင်စီက လက်မခံပဲ ဆက်ငြင်းပယ်နေရင် ဘာတွေဆက်ဖြစ်လာနိုင်သလဲ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

Friday, December 3, 2021

Interview with Aung Myo Min of NUG on UN-Burma affair part-1


“သံတမန်ရေးတိုက်ပွဲမှာတော့ စစ်ကောင်စီဟာ တပွဲပြီးတပွဲ ဆက်တိုက်ရှုံးနေပါတယ်”

(ဦးအောင်မျိုးမင်း- လူ့အခွင့်အရေးဝန်ကြီး-NUG)
--------------------------------------------
(၃/၁၂/၂၀၂၁)

ဦးကျော်မိုးထွန်းကို သံအမတ်ကြီးအဖြစ် ကုလသမဂ္ဂ Credential Committee က ဆက်လက်အတည်ပြုလိုက်တာဟာ နွေဦးတော်လှန်ရေးအတွက် အောင်ပွဲဖြစ်ပြီး စစ်ကောင်စီအတွက်တော့ သံတမန်ရေးတိုက်ပွဲမှာ ဆက်တိုက်ကျဆုံးနေတဲ့ သင်္ကေတဖြစ်တယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းကပြောပါတယ်။

ကုလသမဂ္ဂက ဦးကျော်မိုးထွန်းကို သံအမတ်ကြီးအဖြစ် ဆက်လက်အသိအမှတ်ပြုကြောင်း မနေ့ကကြေညာတာအပါဝင် စစ်အာဏာသိမ်းမှု ၁၀ လ တာ ကာလအတွင်း တိုးတက်ဖြစ်ထွန်းမှုတွေအကြောင်း BNN သတင်းဌာနမှ ဦးထက်အောင်ကျော်ကမေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။

အခုထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ပထမ ပိုင်းမှာတော့... ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီးအဖြစ် ဆက်လက်အသိအမှတ်ပြုလိုက်ခြင်းက နွေဦးတော်လှန်ရေးအတွက် ဘယ်လောက်အရေးကြီးသလဲ၊ စစ်ကောင်စီဖက်က သံတမန်စစ်မျက်နှာမှာ ဆက်တိုက်ကျဆုံးနေပြီလား၊ နိုင်ငံတကာရောက် မြန်မာတွေရဲ့ ထောက်ခံမှုက နွေဦးတော်လှန်ရေးအတွက် ဘယ်လောက်အရေးပါသလဲ၊ ဒေါ်လာ ၁၀ သန်းအပါဝင် ပြည်ပ အလှူငွေတွေက PDF တွေကို ဘယ်လောက်အထိ အားပေးနိုင်မလဲ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(စစ်ကောင်စီဖက်က ဆွေးနွေးပွဲကိုလက်မခံရင် PDF တွေရဲ့လက်နက်ကိုင်တော်လှန်ရေးက အဆုံးသတ်တိုက်ပွဲအထိဖြစ်သွားနိုင်သလားဆိုတဲ့ ဆွေးနွေးချက်ပါဝင်တဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန်ညမှာ ဆက်လက်ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်)။

Wednesday, December 1, 2021

Interview with U Than Soe Naing after 10-months of Military coup- Part 2


“စစ်ကောင်စီက ဆွေးနွေးပွဲကိုလက်ခံမခံရင် စစ်ရေးအရဖြုတ်ချတာကို ခံရဖို့ရှိတယ်”

(ဦးသန်းစိုးနိုင်- နိုင်ငံရေး ဝေဖန်သုံးသပ်သူ)
------------------------------------------------------
(၁/၁၂/၂၀၂၁)

အာဆီယံနဲ့ နိုင်ငံတကာဖက်က တောင်းဆိုနေတဲ့အတိုင်း တွေ့ဆုံဆွေးနွေးရေးကို စစ်ကောင်စီဖက်က ဆက်ပြီး ငြင်းပယ်နေရင် ပြည်သူလူထုရဲ့ လက်နက်ကိုင်နည်းနဲ့ ဖြုတ်ချတာကို ခံရဖွယ်ရှိနေတယ်လို့ နိုင်ငံရေးဝေဖန်သုံးသပ်သူ ဦးသန်းစိုးနိုင်ကပြောပါတယ်။

စစ်အာဏာသိမ်းမှု ၁၀-လပြည့် အခြေအနေနဲ့ပတ်သက်ပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလိုဖြေကြားခဲ့တာပါ။

အခုထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာတော့... နိုင်ငံတကာ သံတမန် စစ်မျက်နှာမှာ စစ်ကောင်စီ တကယ်ကျရှုံးနေပြီလား၊ NUG ရဲ့ ငွေတိုက်စာချုပ်ရောင်းရငွေ ဒေါ်လာ ၁၀ သန်းက လက်နက်ကိုင်တိုက်ပွဲရဲ့ ဟန်ချက်ကို အပြောင်းအလဲဖြစ်လာစေနိုင်သလား၊ စစ်ကောင်စီကို လက်နက်ကိုင်တိုက်ပွဲနည်းနဲ့ဖြုတ်ချတာအပြင် အခြားရွေးချယ်စရာနည်း ကျန်သေးလား... စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

Share

Twitter Delicious Facebook Digg Stumbleupon Favorites More