Thursday, August 31, 2023

“စစ်ကောင်စီအခြေအနေ လိပ် ပက်လက်လန်သလိုဖြစ်နေချိန်မှာ တော်လှန်ရေး အရှိန်မြ...



“စစ်ကောင်စီအခြေအနေ လိပ် ပက်လက်လန်သလိုဖြစ်နေချိန်မှာ တော်လှန်ရေး အရှိန်မြှင့်ဖို့လိုတယ်”

- ဦးစိန်ဌေး (စီးပွားရေး ဝေဖန်သုံးသပ်သူ)

(၁- ၉ - ၂၀၂၃)

“နိုင်ငံတကာရဲ့ စီးပွားရေးဒဏ်ခတ်မှုကြောင့် စစ်ကောင်စီအခြေအနေဟာ လိပ်ကို ပက်လက်လှန်ထားသလိုဖြစ်နေတယ်။ ဒီလိုအခြေအနေမှာ တော်လှန်ရေးကို အရှိန်မြှင့်နိုင်ဖို့အတွက် ပြည်ပရောက် မြန်မာတွေက နိုင်သလောက်ကူတာအပြင် သက်ဆိုင်ရာအစိုးရတွေ၊ INGO တွေထံ လူသားချင်းစာနာမှုအကူအညီ တောင်းခံဖို့လိုတယ်” လို့ စီးပွားရေး ဝေဖန်ဆန်းစစ်သူ ဦးစိန်ဌေးက ပြောပါတယ်။

နိုင်ငံတကာရဲ့ စီးပွားရေးဒဏ်ခတ်မှုကနေ သက်သာဖို့အရေး နယ်စပ်ကုန်သွယ်ရေးကို စစ်ကောင်စီက တိုးချဲ့နိုင်သလား၊ ဆင်းရဲမှုဒဏ်ကို လူထုအခံရသက်သာအောင် ဘယ်လိုလုပ်သင့်သလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ်  သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ ...

- တရုတ်၊ ထိုင်းနဲ့ အိန္ဒိယ နယ်စပ်ကုန်သွယ်ရေး အလားအလာ ဘယ်လိုရှိသလဲ...

- MOGE ကို ဘာကြောင့် အရေးမယူသေးတာလဲ...

- အမေရိကန်ရဲ့ဒဏ်ခတ်မှုကို နာမည်လွဲပြီးရှောင်ဖို့ကြိုးစားတဲ့ စကစ လက်ဝေခံ ခရိုနီတွေကို ဘယ်လိုတိုင်ကြားသင့်သလဲ...

- လူသားချင်းစာနာမှုအကူအညီတိုးရဖို့အတွက် ပြည်ပရောက်မြန်မာတွေ ဘာလုပ်သင့်သလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Wednesday, August 30, 2023

“ရွာတွေကိုဗုံးကြဲတာ ဆက်လုပ်နေတော့ လေယာဉ်ဆီကို ပစ်မှတ်ထား ပိတ်တာပေါ့”



“ရွာတွေကိုဗုံးကြဲတာ ဆက်လုပ်နေတော့ လေယာဉ်ဆီကို ပစ်မှတ်ထား ပိတ်တာပေါ့”

- ဦးစိန်ဌေး (စီးပွားရေး ဝေဖန်သုံးသပ်သူ)

(၃၁- ၈- ၂၀၂၃)

“စစ်ကောင်စီပိုင် ဘဏ်ကြီး ၂ ခုကို အရေးယူပြီး အကြမ်းဖက်မှုတွေရပ်ဖို့ သတိပေးထားတဲ့ကြားက ရွာတွေကို ဗုံးကြဲတာဆက်လုပ်နေတဲ့အတွက် လေယာဉ်ဆီ တင်သွင်းခွင့်ကို ပိတ်ပင်တာဖြစ်လာတယ်။ အမေရိကန်ရဲ့အရေးယူမှုက တဆင့်ပြီးတဆင့်လာနေတာဖြစ်ပြီး ဒါဟာ Burma Act အရ၊ ဥပဒေအရ အရေးယူနေတာဖြစ်တဲ့အတွက် စစ်ကောင်စီဖက်က အကြမ်းဖက်မှုမရပ်ရင် အရေးမှုတွေ ပိုပြင်းထန်လာဖို့ရှိနေတယ်” လို့ စီးပွားရေးဆိုင်ရာ ဝေဖန်ဆန်းစစ်သူ ဦးစိန်ဌေးက ပြောပါတယ်။

လေယာဉ်ဆီတင်သွင်းတဲ့ လူပုဂ္ဂိုလ် ၂ ဦးနဲ့ ကုပဏီအချိုု့ကို အမေရိကန်က အရေးယူလိုက်တာ၊ စစ်ကောင်စီမှာ နိုင်ငံခြားအရန်ငွေ လက်ကျန်နည်းလာနေတာတွေနဲ့ပတ်သက်ပြီး ... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ်  သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ပထမပိုင်းမှာ ...

- စစ်တပ်အတွက် လေယာဉ်ဆီတင်သွင်းသူတွေကို အရေးယူခြင်းက ဘယ်လောက်ထိရောက်မှုရှိသလဲ...

- Burma Act အရအရေးယူမှုုက အရင်အရေးယူမှုတွေထက် ဘယ်လောက်ပိုပြင်းထန်သလဲ...

- စစ်ကောင်စီမှာ နိုင်ငံခြားအရန်ငွေ အတော်နည်းနေပြီလား...

- နိုင်ငံခြားဘဏ်တွေမှာ အပ်ထားတဲ့ စစ်ကောင်စီရဲ့ နိုင်ငံခြားအရန်ငွေတွေကို ပြန်ထုတ်ခွင့်မရအောင် အမေရိကန်က ပိတ်ဆို့နိုင်တဲ့ စွမ်းအားရှိသလား...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အမေရိကန်ရဲ့ ပိတ်ဆို့မှုကို နယ်စပ်ကုန်သွယ်ရေးနဲ့ ထွက်ပေါက်ရှာနိုင်သေးသလား... ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

”တွေ့ဆုံဆွေးနွေးရေးဟာ အခုချိန်မှာ ပြောရမယ့် အာဂျင်ဒါမဟုတ်ဘူး၊ စစ်ကောင်စီ...


”တွေ့ဆုံဆွေးနွေးရေးဟာ အခုချိန်မှာ ပြောရမယ့် အာဂျင်ဒါမဟုတ်ဘူး၊ စစ်ကောင်စီဖက်က အကြမ်းဖက်မှုအရင်ရပ်အောင် တကမ္ဘာလုံးက ဖိအားပေးရမယ့်အချိန်သာဖြစ်တယ်”

- ဒေါ်ဇင်မာအောင် (ပြည်ထောင်စုဝန်ကြီး - နိုင်ငံခြားရေးဝန်ကြီးဌာန - NUG)

(၃၀- ၈- ၂၀၂၃)

“အာဆီယံ မူ ၅ ချက်အပါဝင် နိင်ငံတကာဖက်က တောင်းဆိုချက်တွေကို တခုမှမလိုက်နာပဲ လူသတ်-ရွာမီးရှို့ဆက်လုပ်နေတဲ့ စစ်ကောင်စီကို အကြမ်းဖက်မှုရပ်တန့်အောင် အရင်မလုပ်နိုင်ပဲနဲ့ တွေ့ဆုံဆွေးနွေးဖို့ ဖိအားပေးတာဟာ စစ်ကောင်စီရဲ့ အချိန်ဆွဲဗျုဟာကို အားပေးသလိုဖြစ်စေတယ်။ ဒီအချိန်ဟာ တွေ့ဆုံဆွေးနွေးရေးဆိုတဲ့ အာဂျင်ဒါကို ပြောရမယ့်အချိန်မဟုတ်ဘူး။ စစ်ကောင်စီဖက်က အကြမ်းဖက်မှုရပ်တန့်အောင် ကမ္ဘာ့အသိုင်းဝိုင်းတခုလုံးက ဖိအားပြင်းပြင်းထန်ထန်ပေးရမယ့်အချိန်သာဖြစ်တယ်” လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောပါတယ်။

မနေ့က အွန်လိုင်းကတဆင့်ကျင်းပတဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပထမ ဆုံးအကြိမ်သတင်းစာရှင်းပွဲအတွင်း အဲဒီလို ပြောဆိုသွားတာဖြစ်ပါတယ်။ ဒေါ်ဇင်မာအောင်နဲ့အတူ ဒု ဝန်ကြီး ဦးမိုးဇော်ဦး၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတန်းကိုယ်စားလှယ် ဦးကျော်မိုးထွန်း တို့လည်းတက်ရောက်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဆောင်ရွက်နေမှုတွေကို မီဒီယာတွေထံ ရှင်းလင်းတင်ပြခဲ့ပါတယ်။

အဲဒီသတင်းစာရှင်းပွဲက အရေးကြီးတဲ့အချက်အချို့ကို ကောက်နှုတ်တင်ပြရမယ်ဆိုရင်...

- NUG အစိုးရရဲ့ နိုင်ငံခြားရေးမူဝါဒနဲ့ ရည်ရွယ်ချက်တွေက ဘာတွေလဲ...

-  လေယာဉ်ဆီဖြတ်တောက်ရေးအပါဝင် နိုင်ငံတကာရဲ့ အရေးယူပိတ်ဆို့မှု အလားအလာ ဘယ်လိုရှိသလဲ...

- လူသား-စာနာ အကူအညီကို စကစ ကတဆင့်မပေးပဲ နယ်စပ်ဖြတ်ပေးနိုင်အောင် ဘယ်လိုဆောင်ရွက်ကြမလဲ...

- ဒိုင်ယာလော့ ပြောရမယ့်အချိန်မဟုတ်သေးဘူးလို့ ဘာကြောင့်ပြောတာလဲ...

- အရေးယူမှုပါတဲ့ လုံခြုံရေးကောင်စီဆုံးဖြတ်ချက်ဖြစ်လာအောင် ဘာတွေလိုအပ်နေသလဲ...

- စက်တင်ဘာ ၅ ရက်နေ့စတင်မယ့် ကုလ-အထွေထွေညီလာခံမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းအား တာဝန်ဆက်ပေးရေးဆုံးဖြတ်ချက် ဘယ်လိုဖြစ်လာနိုင်သလဲ...

- လက်နက်မပေးနိုင်ရင် လူသား-စာနာ အကူအညီကို ထိထိရောက်ရောက်ပေးပါလို့ တောင်းဆိုရခြင်း အကြောင်းရင်း...

... စတဲ့အကြောင်းအရာတွေကို နိုင်ငံခြားရေးတာဝန်ရှိသူတွေက ရှင်းလင်းတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Tuesday, August 29, 2023

“NUG ကို အစိုးရအဖြစ်အသိအမှတ်ပြုရေး လှုပ်ရှားမှုအတွက် ခွန်အားဖြစ်စေပါတယ်”



“NUG ကို အစိုးရအဖြစ်အသိအမှတ်ပြုရေး လှုပ်ရှားမှုအတွက် ခွန်အားဖြစ်စေပါတယ်” - ဦးအောင်မျိုးမင်း (လူ့အခွင့်အရေးဝန်ကြီး - NUG) (၂၈- ၈- ၂၀၂၃) “အရှေ့တီမောသံရုံး ယာယီတာဝန်ခံကို မြန်မာနိုင်ငံကနေထွက်ခွာဖို့ ပြောလိုက်တဲ့ စစ်ကောင်စီရဲ့လုပ်ရပ်ဟာ နိုင်ငံတကာသံတမန်လောကကို စော်ကားလိုက်တာဖြစ်တဲ့အပြင် စစ်ကောင်စီအစား အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုသာ အစိုးရအဖြစ်အသိအမှတ်ပြုလိုက်ပါ ဆိုတဲ့သဘောကို သက်ရောက်စေတယ်။ ကုလသမဂ္ဂမှာ NUG ကို အစိုးရအဖြစ် အသိအမှတ်ပြုရေး လှုပ်ရှားမှုအတွက် များစွာခွန်အားဖြစ်စေတယ်” လို့ ပြီးခဲ့တဲ့ရက်ပိုင်းကမှ အရှေ့တီမောနိုင်ငံက ပြန်လာတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို အရှေ့တီမောနိုင်ငံက ထောက်ခံအားပေးနေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အရှေ့တီမောသံရုံး ယာယီတာဝန်ခံကို ရန်ကုန်ကနေ ထွက်ခွာရမယ်လို့ စစ်ကောင်စီက အမိန့်ပေးလိုက်တဲ့အတွက် စစ်ကောင်စီနဲ့ နိုင်ငံတကာ သံတမန်တွေကြားမှာ ဆက်ဆံရေးဘယ်လိုဖြစ်လာနိုင်သလဲ...ဆိုပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။ အခုထုတ်လွှင့်မယ့် မေးမြန်းချက် ထဲမှာ ... - စစ်ကောင်စီရဲ့လုပ်ရပ်အပေါ် NUG က ဘယ်လိုသဘောထားသလဲ... - ဒီလုပ်ရပ်ကြောင့် -စစ်ကောင်စီအစား NUG ကိုသာ အသိအမှတ်ပြုလိုက်ပါ-ဆိုတဲ့ သဘောမျိုး သက်ရောက်သွားနိုင်သလား... - အမေရိကန်၊ အီးယူ၊ ကုလသမဂ္ဂတို့မှာ NUG ရုံးခန်းဖွင့်ထားတာကို ဘာမှမပြောပဲ အရှေ့တီမောကျမှ အခုလိုပြောတာ ဘာကြောင့်လဲ... - မကြာခင်ကျင်းပဖို့ရှိနေတဲ့ အာဆီယံထိပ်သီးနဲ့ ကုလ အထွေထွေညီလာခံတွေမှာ ဒီကိစ္စက အဓိကဆွေးနွေးစရာဖြစ်လာနိုင်သလား... ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။ (အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

“နွေဦးတော်လှန်ရေးတပ်တွေက ခံစစ်ကနေ ထိုးစစ်ကို တဖြေးဖြေး ပြောင်းလာနေပြီဖြစ...


“နွေဦးတော်လှန်ရေးတပ်တွေဘက်က ခံစစ်ကနေ ထိုးစစ်ကို တဖြေးဖြေး ပြောင်းလာနေပြီဖြစ်တယ်”

- ဆလိုင်းထက်နီ (ပြောခွင့်ရပုဂ္ဂိုလ် - ချင်းအမျိုးသားတပ်ဦး - CNF)

(၃၀- ၈- ၂၀၂၃)

“ချင်းအမျိုးသားတပ်ဦးအပါဝင် နွေဦးတော်လှန်ရေးတပ်တွေဟာ ခံစစ်ကနေ ထိုးစစ်ကို တဖြေးဖြေးပြောင်းလာနေပြီဖြစ်တယ်။ စစ်ကောင်စီ တပ်ရင်းဌာနချုပ်စခန်းတွေထဲအထိ ဝင်ရောက်စီးနင်းပြီး စခန်းသိမ်းတိုက်ပွဲဆင်နေပြီဖြစ်တယ်” လို့ ချင်းအမျိုးသားတပ်ဦး (CNF) ပြောခွင့်ရပုဂ္ဂိုလ် ဆလိုင်းထက်နီကပြောပါတယ်။

သြဂုတ်လ ၂၈ ရက်နေ့ကဖြစ်ခဲ့တဲ့ ထန်တလမြို့က စစ်ကောင်စီတပ်စခန်းကိုဝင်စီးမှု၊ ဖလမ်းမြို့က စခန်းကိုဝင်သိမ်းမှုတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ်  သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ထဲမှာ ...

- ၂၈ ရက်နေ့တိုက်ပွဲအတွင်း စစ်ကောင်စီဖက်က ၃၀ ကျော်သေဆုံးပြီး ချင်းတော်လှန်ရေးတပ်တွေဖက် ၁၁ ဦးအထိ ကျဆုံးခဲ့တာ ဘာကြောင့်လဲ...

- လက်ရှိ ထန်တလန်မြို့တွင်း အခြေအနေ ဘယ်လိုရှိသလဲ...

- စစ်ကောင်စီက လေယာဉ်နဲ့ လက်နက်ကြီးကို အဓိက အားထားနေတာဟာ မြေပြင်တပ် အားနည်းနေလို့လား...

- စစ်ကောင်စီက ခံစစ်ဖြစ်လာပြီး တော်လှန်ရေးတပ်တွေက ထိုးစစ်ဖြစ်လာပြီလို့ ဘာကြောင့်ပြောနိုင်တာလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Saturday, August 26, 2023

“နယ်စပ်ဖြတ် အကူအညီပေးနိုင်အောင် ကျနော်တို့ဆောင်ရွက်နေပါတယ်”



“နယ်စပ်ဖြတ် အကူအညီပေးနိုင်အောင် ကျနော်တို့ဆောင်ရွက်နေပါတယ်”

- ဒေါက်တာဝင်းမြတ်အေး (လူသား-စာနာနှင့် ဘေး-စီမံ ဝန်ကြီး - NUG)

(၂၇ -၈ -၂၀၂၃)

“စစ်ဘေးရှောင်တွေထံ နိုင်ငံတကာအကူအညီရရှိရေးအတွက် နယ်စပ်ဖြတ်ပို့ပေးနိုင်အောင် NUG နဲ့ ERO တာဝန်ရှိသူတွေက သက်ဆိုင်ရာနိုင်ငံတွေနဲ့ ဆွေးနွေးဆောင်ရွက်နေတယ်။ ပြည်တွင်းအတွက်တော့ အလှူရှင်နိုင်ငံတွေနဲ့ တိုက်ရိုက်ဆွေးနွေးဆောင်ရွက်နေတယ်။ အဓိကအချက်ကတော့ စစ်ကောင်စီပြုတ်ကျရင် ဒီပြသာနာတွေ ပြေလည်သွားလိမ်မယ်” လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူသား-စာနာနှင့် ဘေး-စီမံ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။

(UNOCHA) အကြီးအကဲ ခရီးစဉ်အပြီး နိုင်ငံတကာအကူအညီ ပိုရလာနိုင်သလား၊ NUG က ဘာတွေကူညီပေးနေသလဲ၊ NUG နဲ့ ERO တွေကြား ဘယ်လိုပူးပေါင်းဆောင်ရွက်နေသလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ်  သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ ...

- NUG ရဲ့တင်ပြချက်ကို (UNOCHA) အကြီးအကဲက ဘယ်လိုတုန့်ပြန်သလဲ...

- ထိုင်း-မြန်မာနယ်စပ်က စစ်ဘေးရှောင်တွေကို NUG က ဘာတွေ ဘယ်လိုကူညီပေးနေသလဲ...

- နိုင်ငံတကာအကူအညီတွေ ဘယ်ဒေသဆီပေးသင့်တယ်ဆိုတာကို NUG က ဘယ်လိုညှိနိုင်းဆောင်ရွက်ပေးနေသလဲ...

- လူထုတိုက်ပွဲနဲ့ လက်နက်ကိုင်တိုင်ပွဲပေါင်းစပ်ရမယ်၊ စစ်ကောင်စီပြုတ်ကျရင် ဒီပြသာနာတွေ ပြေလည်မယ်လို့ ဘာကြောင့်ပြောနိုင်တာလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Friday, August 25, 2023

“UNOCHA က အကူအညီပေးနိုင်ဖို့ကြိုးစားတယ်၊ စစ်ကောင်စီက ဝါဒဖြန့်အသုံးချဖို့...



“UNOCHA က အကူအညီပေးနိုင်ဖို့ကြိုးစားတယ်၊ စစ်ကောင်စီက ဝါဒဖြန့်အသုံးချဖို့ကြိုးစားတယ်”

- ဒေါက်တာဝင်းမြတ်အေး (လူသား-စာနာနှင့် ဘေး-စီမံ ဝန်ကြီး - NUG)

(၂၆ -၈ -၂၀၂၃)

“ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) အကြီးအကဲ Mr. Martin Griffiths ဟာ မြန်မာနိုင်ငံက ဒုက္ခရောက်နေသူတွေကို ကူညီနိုင်ရေးအတွက် စစ်ကောင်စီကို သွားရောက်တွေ့ဆုံခဲ့တာဖြစ်တယ်။ ဒါပေမယ့် စစ်ကောင်စီက ကုလ-အဖွဲ့အစည်းရဲ့ စေတနာကို အလေးမထားပဲ ဒီခရီးစဉ်ကို ဝါဒဖြန့်ချီရေးအတွက် အသုံးချတာကိုသာတွေ့ရတယ်” လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူသား-စာနာနှင့် ဘေး-စီမံ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။

NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ လူသား-စာနာနှင့် ဘေး-စီမံ ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့နဲ့ Mr. Martin Griffiths တို့ သြဂုတ်လ ၂၁ ရက်နေ့က အွန်လိုင်းတွေ့ဆုံမှုအတွင်း ဘာတွေပြောကြားခဲ့သလဲ၊ Mr. Martin Griffiths ရဲ့နေပြည်တော်ခရီးစဉ်အပေါ် ဘာများမျှော်လင့်နိုင်မလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ်  သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ပထမပိုင်းမှာ ...

- Mr. Martin Griffiths က NUG တာဝန်ရှိသူတွေကို ဘာတွေရှင်းပြခဲ့သလဲ...

- နေပြည်တော်ခရီးစဉ်နောက်ဆက်တွဲအဖြစ် ရလာဒ်ကောင်းတွေ ထွက်ပေါ်လာနိုင်လားပါ့မလား...

- မိုခါ မုန်တိုင်းသင့်ပြည်သူတွေကို နိုင်ငံတကာက အကူအညီပေးနိုင်အောင် ဘယ်လိုဆောင်ရွက်သင့်သလဲ...

- စစ်ကောင်စီကတဆင့်ပေးလို့ လူထုဆီမရောက်ဘူးဆိုရင် အခြားနည်း ဘာကြောင့် မရှာသေးတာလဲ...

- နယ်စပ်ဖြတ် အကူအညီပေးရေးအလားအလာ ဘယ်လောက်အထိ တိုးတက်နေပြီလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(လူသား-စာနာ အကူအညီရရေးအတွက် NUG နဲ့ ERO တာဝန်ရှိသူတွေ ဘယ်လိုပူပေါင်းဆောင်ရွက်နေကြသလဲ...ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Thursday, August 24, 2023

“စုဖွဲ့မှု၊ လက်နက်ခဲယမ်းရရှိမှုနဲ့ တိုက်ပွဲဖော်ဆောင်နိုင်မှုအပိုင်းအားလု...



“စုဖွဲ့မှု၊ လက်နက်ခဲယမ်းရရှိမှုနဲ့ တိုက်ပွဲဖော်ဆောင်နိုင်မှုအပိုင်းအားလုံး တိုးတက်လာတာတွေ့ရပါတယ်”

- ဒေါက်တာကြည်စိုးထွန်း (ဥက္ကဌ - ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့)

(၂၅- ၈- ၂၀၂၃)

“ဒေသတွင်းရှိ PDF တပ်တွေဟာ အရင်က သူ့နယ် ကိုယ့်နယ်၊ သူ့အဖွဲ့ ကိုယ့်အဖွဲ့ ခေါင်းစဉ်အမျိုးမျိုးရှိနေရာကနေ အခုချိန်မှာတော့ ကာကွယ်ရေးဝန်ကြီးဌာန (MoD) အောက်မှာ ခရိုင်တပ်ရင်းတွေဖြစ်လာတယ်။ ဒါဟာ စုဖွဲ့မှု၊ လက်နက်ခဲယမ်းရရှိမှုနဲ့ တိုက်ပွဲဖော်ဆောင်နိုင်မှုအပိုင်းအားလုံး တိုးတက်လာတဲ့သဘောဖြစ်တယ်” လို့ မကွေးတိုင်း ဆောြ်မို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဒေါက်တာကြည်စိုးထွန်းက ပြောပါတယ်။

နွေဦးတော်လှန်ရေး ၂ နှစ်ခွဲကာလအတွင်း မြို့နယ်အုပ်ချုပ်ရေး ဘယ်လိုဆောင်ရွက်နေသလဲ၊ ဒေသတွင်းရှိ ကာကွယ်ရေးတပ်တွေရဲ့ စွမ်းဆောင်ရည် ဘယ်လောက်တိုးတက်လာသလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...

- ဆောမြို့နယ်က ရင်းကဲကျေးရွာမီးရှို့ခံရပြီးနောက်ပိုင်း စစ်ဘေးရှောင်တွေအခြေအနေ ဘယ်လိုရှိသလဲ...

- တိုက်ပွဲဖြစ်ရင် အရပ်သားတွေရှိတဲ့ ကျေးရွာတွေကို စစ်တပ်က ဘာကြောင့် တမင်ပစ်ခတ် မီးရှို့နေတာလဲ...

- ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က နယ်မြေဘယ်လောက်များများကို ထိန်းချုပ်ပြီး ပြည်သူတွေကို ဘယ်လိုဝန်ဆောင်မှုတွေ ဆောင်ရွက်ပေးနေသလဲ...

- ဆောအပါဝင် ယောဒေသကရှိ PDF တပ်ရင်း၊ တပ်ဖွဲ့တွေရဲ့ စွမ်းဆောင်နိုင်မှုအနေအထား ဘယ်လောက်အထိ တိုးတက်လာနေပြီလဲ...

- ၂ နှစ်ခွဲကာလ တော်လှန်ရေးအရှိန်အဟုန်အပေါ် ဒေသခံလူထုက ဘယ်လောက်အထိ အားပေးထောက်ခံမှုရှိနေသလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Wednesday, August 23, 2023

“နိုင်မြင်း စောင့်လောင်းတဲ့ကိစ္စမျိုး လုပ်လို့မရဘူးဆိုတာ အားလုံး သဘောပေါ...


“နိုင်မြင်း စောင့်လောင်းတဲ့ကိစ္စမျိုး လုပ်လို့မရဘူးဆိုတာ အားလုံး သဘောပေါက်နေပါပြီ”

- မာဝီ (ဒုတိယ စစ်ဦးစီးချုပ် - KNDF)

(၂၄ -၈-၂၀၂၃)

“လက်ရှိအခြေအနေဟာ နိုင်မြင်း စောင့်လောင်းတဲ့ကိစ္စမျီုး လုပ်လို့မရဘူးဆိုတာကို အားလုံးကသဘောက်ပေါက်နေပြီ၊ ကိုယ်လိုချင်တာ ကိုယ့်ဘာသာတည်ဆောက်ယူရမယ်ဆိုတာကို လူငယ်ပိုင်းတွေက ပိုနားလည်လာကြတယ်၊ ဒါကြောင့် လူငယ်တွေဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက စစ်ကောင်စီကို အရှိန်မြှင့်တိုက်ခိုက်လာတာ တွေ့နိုင်ပါတယ်” လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ဒုတိယ စစ်ဦးစီးချုပ် မာဝီက ပြောပါတယ်။

တချိန်က နယ်ခြားစောင့်တပ်ဖြစ်ခဲ့တဲ့ ကရင်နီပြည် လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) နွေဦးတော်လှန်ရေးထဲပါဝင်လာတာ၊ တော်လှန်ရေး ၂ နှစ်ခွဲကာလအတွင်း တိုးတက်မှူတွေနဲ့ပတ်သက်ပြီး ... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ်  သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ ...

- နိုင်မြင်း စောင့်လောင်းတဲ့ကိစ္စမျိုး လုပ်ဖို့ ခြံခွထိုင်နေတဲ့ အဖွဲ့တွေ ရှိနေဆဲလား...

-  နွေဦးတော်လှန်ရေး ၂ နှစ်ခွဲကာလအတွင်း စစ်ရေးအရ ဘယ်လောက်အထိ တိုးတက်နေပြီလဲ...

- အညာဒေသက PDF ရဲဘော်တွေအတွက် KNDF တပ်မှူးရဲ့ အားပေးစကားထဲ ဘာတွေပါသလဲ...

- စစ်ကောင်စီ အကြမ်းဖက်အုပ်စု မြန်မာနိုင်ငံမှာ လုံးဝမရှိအောင် အပြတ်တိုက်ရမယ်...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Tuesday, August 22, 2023

“တပ်ရင်းအလိုက် ပြုတ်တာ၊ တပ်မ ဖွဲ့စည်းပုံပျက်တဲ့အထိဖြစ်လာတာကတော့ ကျနော်တိ...



“တပ်ရင်းအလိုက် ပြုတ်တာ၊ တပ်မ ဖွဲ့စည်းပုံပျက်တဲ့အထိဖြစ်လာတာကတော့ ကျနော်တို့ဖက်က တပ်ပေါင်းစုပုံစံနဲ့ ပြန်တိုက်လို့ပါ”

- မာဝီ (ဒုတိယ စစ်ဦးစီးချုပ် - KNDF)

(၂၃ -၈-၂၀၂၃)

“စစ်ကောင်စီဖက်က တပ်ရင်းအလိုက်ပြုတ်တာ၊ တပ်မဖွဲ့စည်းပုံပျက်တဲ့အထိ ကျဆုံးမှုများနေတာဟာ တော်လှန်ရေးတပ်တွေဖက်က တဖွဲ့ချင်းမဟုတ်ပဲ တပ်ပေါင်းစုပုံစံနဲ့ စနစ်တကျပြန်လည်တိုက်နိုင်လာတာကြောင့်ဖြစ်တယ်။ ခေါင်းစဉ်အမျိုးမျိုးနဲ့ဖြစ်နေတဲ့ တပ်တွေအားလုံး၊ တနည်းအားဖြင့် တချောင်းချင်းစီဖြစ်နေတဲ့ လက်ချောင်းတွေကို လက်သီးအဖြစ် စုစည်းပြီး စနစ်တကျ တိုက်ပွဲဝင်နိုင်ရင် စစ်ကောင်စီဖက်က ပိုအထိနာမှာ သေချာတယ်” လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ဒုတိယ စစ်ဦးစီးချုပ် မာဝီက ပြောပါတယ်။

ကရင်နီဒေသမှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီဖက်က အကျအဆုံးများနေတာ၊ လက်နက်တွေသိမ်းမိတာ၊ အရှင်ဖမ်းမိတာတွေနဲ့ပတ်သက်ပြီး ... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ်  သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ပထမပိုင်းမှာ ...

-  ဒီးမော့ဆို-ဖရူဆို ကားလမ်းမတိုက်ပွဲအတွင်း စကစ ဖက်က ဒု-ရင်းမှူးအပါဝင် ၅၀ ကျော်အထိကျဆုံးတာ ဘာကြောင့်လဲ...

- တပ်ရင်းအလိုက်ပြုတ်ပြီး တပ်မအလိုက်ဖွဲ့စည်းပုံပျက်သွားတာဟာ စစ်ကောင်စီတပ်ဖက်က စိတ်ဓာတ်ကျသွားလို့လား...

- အရှင်ဖမ်းမိတဲ့ စစ်သားတွေရဲ့ ထွက်ဆိုချက်အထဲ ဘာတွေ စိတ်ဝင်စားဖွယ်ပါရှိလာသလဲ...

- လေယာဉ်အသုံးပြုခြင်းက စစ်ကောင်စီရဲ့အားသာချက်လား၊ ဒါမှမဟုတ် အားနည်းချက်ကို ဝန်ခံခြင်းလား...

- “ခြေတောက်အပိုပါရင် မယ်စဲ့ကို တက်လာခဲ့ပေါ့” လို့ စိန်ခေါ်ချက်ရဲ့ အဓိပါယ်က ဘာလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အညာဒေသက ရဲဘော်တွေအတွက် KNDF တပ်မှုးရဲ့အကြံပြုချက်က ဘာဖြစ်မလဲ... ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Monday, August 21, 2023

“အစိုးရသစ်လို့ ပြောဖို့ခက်မယ်၊ လက်ရှိအိမ်စောင့်အစိုးရထဲမှာ ဖွေထိုင်းပါတီ...



“အစိုးရသစ်လို့ ပြောဖို့ခက်မယ်၊ လက်ရှိအိမ်စောင့်အစိုးရထဲမှာ ဖွေထိုင်းပါတီက သွားပေါင်းတဲ့သဘောဖြစ်သွားမယ်”

- ဦးထူးချစ် (ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း - FED)

(၂၂- ၈- ၂၀၂၃)

“ထိုင်းနိုင်ငံမှာ ဒီနေ့ကျင်းပမယ့် ဝန်ကြီးချုပ်အသစ်ရွေးချယ်ပွဲကနေ ဖွေထိုင်းပါတီက တင်သွင်းတဲ့ ဝန်ကြီးချုပ်အသစ်တဦးပေါ်လာမှာဖြစ်ပေမယ့် အစိုးရသစ်ပေါ်လာတယ်လို့ပြောဖို့ခက်မယ်။ ဘာကြောင့်လဲဆိုရင် လက်ရှိ စစ်ဗိုလ်ဟောင်းတွေဦးဆောင်တဲ့ အိမ်စောင့်အစိုးရထံ ရွေးကောက်ပွဲ ဒုတိယမဲအများဆုံးအနိုင်ရပါတီ ဖွေထိုင်းက သွားရောက်ပူူးပေါင်းလိုက်တဲ့သဘောဖြစ်တဲ့အတွက် ဝန်ကြီးချုပ်အသစ်နဲ့ အစိုးရအဟောင်းကိုသာ ရမယ့်သဘောဖြစ်နေတယ်” လို့ ထိုင်းနိုင်ငံတောင်ပိုင်း ဖန်င ဒေသအခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) ညွှန်ကြားရေးမှူး ဦးထူးချစ်က ပြောပါတယ်။

မကြာခင် နာရီပိုင်းအတွင်း ထိုင်းပါလီမန်မှာ ကျင်းပဖို့ရှိနေတဲ့ ဝန်ကြီးချုပ်အသစ်ရွေးပွဲ၊ ဖွေထိုင်းပါတီဦးဆောင်တဲ့ ၁၀ ပါတီညွန့်ပေါင်းအဖွဲ့သစ်အနေအထား၊ အောင်လွှတ်တော်အမတ် ၅၀၀ ထဲက ၃၀၀ ဝန်းကျင်အပြင် အထက်လွှတ်တော်အမတ် ၂၅၀ ထဲက ၁၀၀ ခန့်ရဲ့ ထောက်ခံမှုရနိုင်ခြေ...အလားအလာတွေနဲ့ပတ်သက်ပြီး... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ်  သူကဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ ...

- မဲအများဆုံးရထားတဲ့ Move Forward ပါတီအစား ဒုတိယ အများဆုံးရတဲ့ ဖွေထိုင်းပါတီ ဦးဆောင်တဲ့ အစိုးရဖြစ်လာတော့မှာလား...

- ဖွေထိုင်း ဦးဆောင်တဲ့ ညွန့်ပေါင်း ၁၀ ပါတီမှာ လက်ရှိ အိမ်စောင့်အစိုးရထဲက ဗိုလ်ချုပ်ဟောင်းတွေဦးဆောင်တဲ့ ပါတီတွေ ပါလာတာ ဘာကြောင့်လဲ...

- မဲအများဆုံးရတဲ့ ပါတီက အစိုးရမဖြစ်ပဲ အတိုက်ခံဖြစ်သွားတာဟာလည်း ဒီမိုကရေစီ ကျင့်စဉ်တခုပဲလား...

- Move Forward ပါတီအစား ဖွေထိုင်းပါတီဦးဆောင်တဲ့ အစိုးရတက်လာရင် မြန်မာနိုင်ငံဆိုင်ရာ မူဝါဒ ဘယ်လိုအပြောင်းအလဲဖြစ်သွားနိုင်သလဲ...

- ရွှေ့ပြောင်းအလုပ်သမားအရေးနဲ့ နယ်စပ်က စစ်ဘေးရှောင်များအရေးကို ထိုင်းအစိုးရသစ်က အလေးထားစဉ်းစားပါ့မလား...

- ထိုင်းလူထုကလိုလားတဲ့ အပြောင်းအလဲတွေကို ဒီအစိုးရသစ်က ဘယ်လိုဖေါ်ဆောင်ပေးနိုင်ဖွယ်ရှိသလဲ...

...စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Sunday, August 20, 2023

“နေပြည်တော်နဲ့ ၂၅ မိုင်အကွာမှာတောင် စခန်းသိမ်းတိုက်ပွဲတွေဖြစ်နေပြီ”



“နေပြည်တော်နဲ့ ၂၅ မိုင်အကွာမှာတောင် စခန်းသိမ်းတိုက်ပွဲတွေဖြစ်နေပြီ”

- ဦးမောင်မောင်ဆွေ - (ပြောခွင့်ရပုဂ္ဂိုလ် - ကာကွယ်ရေးဝန်ကြီးဌာန - NUG)

(၂၁ - ၈- ၂၀၂၃)

“နွေဦးတော်လှန်ရေးတပ်တွေရဲ့ စစ်ရေးလှုပ်ရှားနိုင်မှုအရှိန်အဟုန်ကောင်းလာတဲ့အတွက် အခုဆိုရင် စစ်ကောင်စီရဲ့ နောက်ဆုံးခံတပ် နေပြည်တော်စစ်ရုံးချုပ်နဲ့ ၂၅ မိုင်အကွာအထိ စခန်းသိမ်းတိုက်ပွဲတွေဖြစ်နေပြီ။ ဒါကိုကြည့်ပြီး နောက် ၄ လအတွင်း ဘာတွေဆက်ဖြစ်မလဲဆိုတာ မှန်းဆလို့ရနိုင်ပါတယ်” လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန (MoD) ပြောခွင့်ရပုဂ္ဂိုလ် ဦးမောင်မောင်ဆွေက ပြောပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ဖြစ်ပွားခဲ့တဲ့ ထူးခြားတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်ပြီး ... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ်  သူကဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ ...

- မြဝတီမြို့အနီးက "လက်ခတ်တောင် တာဝါတိုင်ကုန်းစခန်း" တိုက်ပွဲ နောက်ဆုံးအခြေအနေ...

-  ကျောက်တံခါးမြိုနယ် သမင်အင်းကုန်းရွာတိုက်ပွဲမှာ စကစ ဖက်က ၃၀ ကျော်အထိ ကျဆုံးတာ ဘာကြောင့်လဲ...

- နေပြည်တော် စစ်ဌာနချုပ်နဲ့ ၂၅ မိုင်အကွာအထိ တော်လှန်ရေးတပ်တွေက တိုက်ခိုက်နေပြီလား...

- အခုနှစ် နောက်ဆုံး ၄ လအတွင်း နွေဦးတော်လှန်ရေးတပ်တွေဖက်က စစ်ရေးအရ ဘယ်လောက်အထိ ရှေ့တိုးနိုင်ခြေရှိမလဲ...

...စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Saturday, August 19, 2023

“တခွန်းတည်းဖြေရရင်တော့ စစ်တပ် ဘားတိုက်ပြန်ပါ၊ ဒါဆို စီးပွားရေးအပါဝင် အား...


“တခွန်းတည်းဖြေရရင်တော့ စစ်တပ် ဘားတိုက်ပြန်ပါ၊ ဒါဆို စီးပွားရေးအပါဝင် အားလုံးအဆင်ပြေသွားလိမ့်မယ်”

- ဦးစိန်ဌေး (စီးပွားရေး ဆန်းစစ်ဝေဖန်သူ)

(၂၀ -၈-၂၀၂၃)

“အာဏာသိမ်း စစ်ကောင်စီလက်အောက်မှာ မြန်မာ့စီးပွားရေးကောင်းလာအောင် ဘယ်လိုမှလုပ်ဆောင်နိုင်မှာမဟုတ်တဲ့အတွက် စစ်တပ်ဘားတိုက်ပြန်မှ၊ စစ်ကောင်စီဥက္ကဌ နှတ်ထွက်ပေးမှ၊ ဒါမှမဟုတ် စစ်ကောင်စီဥက္ကဌနဲ့အဖွဲ့ကို တော်လှန်ရေးတပ်တွေက ဖြုတ်ချနိုင်ပြီးမှသာ စီးပွားရေးအဆင်ပြေအောင် လုပ်နိုင်ဖွယ်ရှိတယ်” လို့ စီးပွားရေးပညာရှင် ဦးစိန်ဌေးက ပြောပါတယ်။

လက်ရှိ စစ်ကောင်စီလက်အောက် ၂ နှစ်ကျော်ကာလအတွင်း ဆိုးရွားလှတဲ့ စီးပွားရေးအခြေအနေ၊ ငွေကြေးဖောင်းပွမှုအောက်မှာ ပြည်သူတွေ နည်းနည်းသက်သာအောင် စီးပွားရေးအရ ဘယ်လိုနည်းလမ်းတွေများ အကြံပြုချင်သလဲဆိုပြီး... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ်  သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ ...

- အမေရိကန်က ဘင်္ဂလားဒေ့ရှ် ဘဏ်တွေကို ဖိအားပေးပြီး ထိုင်း ဘဏ်တွေကို ဘာကြောင့် ဖိအားမပေးသေးတာလဲ...

- လက်ရှိ စစ်ကောင်စီဟာ အရင် နဝတ၊ နအဖ ထက် စီမံခန့်ခွဲမှု ပိုညံ့သလား...

- UNOCHA ဝင်လာခြင်းက လူထုကို နည်းနည်းသက်သာရာ ရစေမလား...

- စစ်ကောင်စီမပြုတ်မချင်း စီးပွားရေးကောင်းလာဖွယ်မရှိဘူးလို့ ဘာကြောင့်ပြောတာလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

“စခန်းသိမ်းနိုင်ပေမယ့် စခန်းထိန်းထားဖို့အရေးမှာတော့ လိုအပ်ချက်အချို့ရှိန...



“စခန်းသိမ်းနိုင်ပေမယ့် စခန်းထိန်းထားဖို့အရေးမှာတော့ လိုအပ်ချက်အချို့ရှိနေပါသေးတယ်”

- ရဲဘော်ဝေကြီး (ပကဖ- ရေစကြိုမြို့နယ်)

(၁၉ - ၈- ၂၀၂၃)

“အညာဒေသရှိ တော်လှန်ရေးတပ်တွေဖက်က စစ်ကောင်စီတပ်ကို ရင်ဆိုင်တိုက်တာ၊ စခန်းသိမ်းတာတွေ လုပ်လာနိုင်နေပြီဖြစ်ပေမယ့် စခန်းထိန်းထားဖို့အရေးမှာတော့ လိုအပ်ချက်တွေရှိနေသေးတယ်” လို့ မကွေးတိုင်း၊ ရေစကြိုမြိုနယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ခံ ရဲဘော်ဝေကြီး ကပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကဖြစ်ခဲ့တဲ့ စိုင်သေရွာတိုက်ပွဲမှာ စစ်ကောင်စီဖက်က ၁၀ ဦးကျော်အထိ သေဆုံးတယ်၊ စစ်ကောင်စီဖက်က ကုန်ကြောင်းမှာအထိနာလို့ ရေကြောင်းကို အသုံးများလာနေတယ်... စတဲ့သတင်းတွေနဲ့ပတ်သက်ပြီး ... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ်  သူကဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ ...

- စိုင်သေရွာတိုက်ပွဲမှာ စစ်ကောင်စီဖက်က ဘယ်လောက်အထိအခိုက်များခဲ့သလဲ...

- အညာဒေသရှိ တော်လှန်ရေးတပ်တွေက စစ်ကောင်စီတပ်ကို ရင်ဆိုင်တိုက်တာ၊ စခန်းသိမ်းတာတွေ လုပ်လာနိုင်နေပြီလား...

- စကစ က ကုန်ကြောင်းအထိနာလို့ ရေကြောင်းအသုံးပြုလာနေတာလား...

- ထောက်ခံအားပေးမှူရော၊ ဝေဖန်အကြံပေးမှုပါ လုပ်ကြပါလို့ တိုက်တွန်းချက်...

...စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Friday, August 18, 2023

“ကျနော်တော့ ထိပါပြီဗျ' ဆိုပြီး စကစ ဥက္ကဌကိုယ်တိုင် ကမ္ဘာကို အော်ငိုပြတာပ...


“ကျနော်တော့ ထိပါပြီဗျ' ဆိုပြီး စကစ ဥက္ကဌကိုယ်တိုင် ကမ္ဘာကို အော်ငိုပြတာပါပဲ”

- ဦးစိန်ဌေး (စီးပွားရေး ဆန်းစစ်ဝေဖန်သူ)

(၁၉ -၈-၂၀၂၃)

“အချို့နိုင်ငံတွေက ဒေါ်လာကို လက်နက်သဖွယ်အသုံးပြုနေတယ်ဆိုတဲ့ စစ်ကောင်စီဥက္ကဌရဲ့ ပြောဆိုချက်ဟာ နိုင်ငံတကာရဲ့ စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှ တကယ်ထိရောက်နေပြီ၊ စကစ ဥက္ကဌကိုယ်တိုင်က 'ကျနော်တော့ ထိပြီဗျ' ဆိုပြီး ဝန်ခံကာ ကမ္ဘာကို အော်ငိုပြလိုက်တာဖြစ်တယ်” လို့ စီးပွားရေးပညာရှင် ဦးစိန်ဌေးက ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက မော်စကိုမှာကျင်းပတဲ့ နိုင်ငံတကာအစည်းဝေးတခုအတွင်း စကစ ဥက္ကဌရဲ့ ပြောကြားချက်အပါဝင် လက်ရှိ မြန်မာနိုင်ငံတွင်းက ဒေါ်လာပြသာနာ၊ ငွေကြေးဖောင်းပွ မှုပြသာနာတွေနဲ့ပတ်သက်ပြီး ... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ်  သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ပထမပိုင်းမှာ ...

- အချို့နိုင်ငံတွေက ဒေါ်လာကို လက်နက်သဖွယ်အသုံးပြုနေတယ်လို့ စစ်ကောင်စီက ဘာကြောင့်ပြောတာလဲ...

- ဘင်္ဂလားဒေ့ရှ်နိုင်ငံက စကစ ပိုင်ဘဏ် နှစ်ခုနဲ့ဆက်ဆံမှုမလုပ်တော့တဲ့အပြင် သူတို့ဘတ်ဏ်ထဲရှိတဲ့ ဒေါ်လာ တသန်းကျော်ထုတ်ခွင့်မပေးတော့တာ ဘာကြောင့်လဲ...

- ထိုင်းဘတ်ငွေကို နိုင်ငံတကာငွေကြေးအဖြစ် စကစ က သတ်မှတ်ခြင်းရဲ့ ရည်ရွယ်ချက်က ဘာလဲ...

- အနောက်နိုင်ငံတွေရဲ့ အရေးယူမှုကိုကာကွယ်နိုင်ဖို့အတွက် နယ်စပ်ကုန်သွယ်ရေးနဲ့ အိမ်နီးချင်းနိုင်ငံတွေကို စကစ က အရင်လို အားကိုးလို့ရနိုင်ခြေရှိသေးရဲ့လား....

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(ကျပ်ငွေတန်ဖိုးကျမှုနဲ့ ကုန်ဈေးနှုန်းအဆမတန်မြင့်နေမှုကို ဘယ်လိုကုစားနိုင်မလဲ... ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Thursday, August 17, 2023

“ရှုံးနေတဲ့ ဘော်လုံးအသင်းလိုပေါ့၊ အချိန်ပိုဆွဲပြီး လူပြောင်းကန်လည်း မရတေ...


“ရှုံးနေတဲ့ ဘော်လုံးအသင်းလိုပေါ့၊ အချိန်ပိုဆွဲပြီး လူပြောင်းကန်လည်း မရတော့ဘူး”

- ပဒိုစောတောနီး (ဗဟိုအလုပ်အမှုဆောင်ကော်မီတီဝင် - KNU)

(၁၈- ၈- ၂၀၂၃)

“လက်ရှိ စစ်ကောင်စီရဲ့အနေအထားဟာ မိနစ် ၉၀ ပြည့်ခါနီးအထိရှုံးနေတဲ့ ဘော်လုံးအသင်းလိုဖြစ်နေပြီး အချိန်ပိုဆွဲ၊ လူစားထိုးကစားလည်း ဘယ်လိုမှ နိုင်ခြေမရှိတော့ဘူး။ စစ်ကောင်စီရှုံးမှာ သေချာနေပြီ” လို့ ကရင့်အမျိုးသားအစည်းအရုံး (KNU) ဗဟိုအလုပ်အမှုဆောင်ကော်မီတီဝင်၊ နိုင်ငံခြားရေးဌာနတာဝန်ခံ ပဒိုစောတောနီးက ပြောပါတယ်။

၂ နှစ်ခွဲကာလအတွင်း နွေဦးတော်လှန်ရေးအင်အားစုတွေဖက်က တိုးတက်ဖြစ်ထွန်းမှုအနေအထား၊ စစ်ကောင်စီဖက်က ၆ လတခါ သက်တန်းတိုးပြီး လူစားထိုးပြောင်းလဲနေမှုက ဘယ်လောက်ကြာကြာခံနိုင်မလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ်  သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ ...

- နွေဦးတော်လှန်ရေးအတွင်း “ကလလတ” ပါလာခြင်းက တော်လှန်ရေးကို ဘယ်လောက်အထိ ခွန်အားဖြစ်စေသလဲ...

- ဖက်ဒရယ်ကို တောင်းယူလို့မရဘူး၊ ကိုယ်ဘာသာတည်ဆောက်ယူရမယ်။ ဒီမိုကရေစီအရေးနဲ့ ဖက်ဒရယ်အရေးကိုတပြိုင်တည်းလုပ်ရမယ်ဆိုတာ ဘာကို ဆိုလိုတာလဲ...

- ကော်သူးလေ ဖက်ဒရယ်ယူနစ်နဲ့ အခြားဒေသက ဖက်ဒရယ်ယူနစ်တွေ ဘယ်လိုပေါင်းစပ် ဆောင်ရွက်ကြမလဲ...

- စစ်ကောင်စီရဲ့လက်ရှိအနေအထားဟာ မိနစ် ၉၀ ပြည့်ခါနီးအထိ အရှုံးပြနေတဲ့ ဘော်လုံးအသင်းလိုဖြစ်နေတယ်လို့ ဘာကြောင့်ပြောတာလဲ...

- တော်လှန်ရေးတပ်တွေက ရန်ကုန်၊ မန္တလေး၊ နေပြည်တော်လို မြို့ကြီးတွေနဲ့ ဘယ်လောက်နီးနီးအထိ ရောက်နေနိုင်ပြီလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Wednesday, August 16, 2023

“ပြည်သူလူထုက မကြည့်ချင်လောက်အောင် မုန်းတီးရွံရှာနေမှတော့ အဲဒီစစ်တပ် ပြို...



“ပြည်သူလူထုက မကြည့်ချင်လောက်အောင် မုန်းတီးရွံရှာနေမှတော့ အဲဒီစစ်တပ် ပြိုပြီပေါ့” 

- ပဒိုစောတောနီး (ဗဟိုအလုပ်အမှုဆောင်ကော်မီတီဝင် - KNU)

(၁၇- ၈- ၂၀၂၃)

“ပြည်သူလူထုက မကြည့်ချင်လောက်အောင် မုန်းတီးရွံရှာမှုကိုခံနေရတဲ့ ဒီနေ့ စစ်တပ်ဟာ ဘယ်တုန်းကနဲ့မှမတူအောင် စိတ်ဓာတ်ကျနေတဲ့အတွက် တိုက်ပွဲမှာအကျအဆုံးများနေတာဖြစ်တယ်။ စစ်ကောင်စီတပ်ဟာ အထိုင်စခန်းတွေမှာအသေထိုင်ပြီး ခံစစ်ဖက်ကိုပြင်ဆင်နေတာတွေ့နေရတယ်” လို့ ကရင့်အမျိုးသားအစည်းအရုံး (KNU) ဗဟိုအလုပ်အမှုဆောင်ကော်မီတီဝင်၊ နိုင်ငံခြားရေးဌာန တာဝန်ခံ ပဒိုစောတောနီးက ပြောပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့ မြဝတီမြို့အနီးက "လက်ခတ်တောင် တာဝါတိုင်ကုန်းစခန်း" တိုက်ပွဲအပါဝင် စစ်ကောင်စီဖက်က အကျအဆုံးများတဲ့ တိုက်ပွဲတွေ၊ တော်လှန်ရေးတပ်ပေါင်းစုဖက်က စစ်တောင်းမြစ်၊ ပဲခူးရိုးမနဲ့ ရန်ကုန်-မန္တလေး၊ ရန်ကုန်-မြိတ် ကားလမ်းတွေအထိ ထိုးဖောက်လာနိုင်တဲ့အခြေအနေတွေနဲ့ပတ်သက်ပြီး ... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ်  သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ပထမပိုင်းမှာ ...

- "လက်ခတ်တောင် တာဝါတိုင်ကုန်းစခန်း" တိုက်ပွဲမှာ စစ်ကောင်စီဖက်က အကျအဆုံး ဘယ်လောက်များနေပြီလဲ...

- အခုနှစ် ပထမ ၇ လအတွင်း KNU ဒေသတခုတည်းမှာတင် စစ်ကောင်စီဖက်က ၃-ထောင်ကျော်အထိ ကျဆုံးခဲ့တာ ဘာကြောင့်လဲ...

- စစ်ကောင်စီတပ်သားတွေကို ပြည်သူက မကြည့်ချင်လောက်အောင် ရွံရှာမုန်းတီးသွားတာ ဘာကြောင့်လဲ...

- PDF တွေရဲ့ အမိန့်နာခံမှုနှင့် တိုက်ခိုက်ရေးစွမ်းရည် ဘယ်လောက်အထိ တိုးတက်လာနေပြီလဲ...

- PDF နဲ့ မဟာမိတ်တော်လှန်ရေးတပ်တွေ ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေနားအထိ ဘယ်လောက်ချည်းကပ်နိုင်နေပြီလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(၂၀၂၃ လက်ကျန် ၄ လအတွင်း တော်လှန်ရေးတပ်ပေါင်းစုဖက်က ဘယ်လောက်အထိ တိုက်ပွဲ အရှိန်တင်နိုင်မလဲ... ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန်ထုတ်လွှင့်ပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

“ဘယ်သူပဲ ဝန်ကြီးချုပ်ဖြစ်ဖြစ် စစ်ဘေးရှောင်တွေနဲ့ ရွှေ့ပြောင်းအလုပ်သမားအရ...



“ဘယ်သူပဲ ဝန်ကြီးချုပ်ဖြစ်ဖြစ် စစ်ဘေးရှောင်တွေနဲ့ ရွှေ့ပြောင်းအလုပ်သမားအရေးကို အလေးထားစေချင်ပါတယ်”

- ဦးထူးချစ် (ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း - FED)

(၁၆- ၈- ၂၀၂၃)

“ထိုင်းနိုင်ငံမှာ ဝန်ကြီးချုပ်အသစ်၊ အစိုးရသစ်တက်လာရင် ထိုင်းနယ်စပ်ရှိ မြန်မာစစ်ဘေးရှောင်တွေနဲ့ ထိုင်းနိုင်ငံတဝန်းရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားအရေးကို အလေးထားစေချင်တယ်” လို့ ထိုင်းနိုင်ငံ တောင်ပိုင်း ဖန်င ဒေသအခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) ညွန်ကြားရေးမှူး ဦးထူးချစ်က ပြောပါတယ်။

ရွေးကောက်ပွဲအပြီး ၃ လကြာတာတဲ့အထိ အစိုးရသစ်မဖွဲ့နိုင်သေးတဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံရဲ့ နောက်ဆုံးနိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုတွေအကြောင်း ... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ်  သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ ...

- Move Forward ပါတီခေါင်းဆောင်မှာ အပြစ်မရှိကြောင်း တရားရုံးက ဆုံးဖြတ်လိုက်တဲ့အတွက် ဝန်ကြီးချုပ်အဖြစ် ဆက်ရွေးခံမလား...

- Move Forward ပါတီနဲ့လမ်းခွဲပြီး စစ်တပ်လိုလားတဲ့ ပါတီတွေနဲ့ မဟာမိတ်ဖွဲ့လိုက်တဲ့ ဖွေထိုင်းပါတီက ဝန်ကြီးချုပ်နေရာ သေချာပြီလား...

- မဲအများဆုံးရတဲ့ပါတီက အစိုးရမဖြစ်ပဲ အတိုက်ခံဖြစ်သွားတာကို ဘယ်လိုနားလည်ခံစားသင့်သလဲ...

- မြန်မာနိုင်ငံက စစ်ဘေးရှောင်အရေး၊ အလုပ်သမားအရေးတွေဟာ ဘယ်ပါတီက အစိုးရဖြစ်လာသလဲဆိုတဲ့အပေါ် မူတည်ပြီး အပြောင်းအလဲရှိနိုင်သလား...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Tuesday, August 15, 2023

“စစ်ကောင်စီရဲ့ ဗုံးကြဲဒဏ်ကိုခံရမှာထက် စစ်ကောင်စီအုပ်ချုပ်မှုအောက်မှာ ဆက်...



“စစ်ကောင်စီရဲ့ ဗုံးကြဲဒဏ်ကိုခံရမှာထက် စစ်ကောင်စီအုပ်ချုပ်မှုအောက်မှာ ဆက်နေရမယ့်ဒဏ်ကို ပိုစိုးရိမ်နေတယ်”

- ဆလိုင်းထက်နီ (ပြောခွင့်ရပုဂ္ဂိုလ် - ချင်းအမျိုးသားတပ်ဦး - CNF)

(၁၆- ၈- ၂၀၂၃)

“ချင်းပြည်နယ်မြောက်ပိုင်းရှိ ဖလမ်းနဲ့ထန်တလန်မြို့ရှိ စစ်ကောင်စီတပ်ရင်းဌာနချုပ်စခန်း နှစ်ခုကို ချင်းတော်လှန်ရေးတပ်တွေက ဆက်တိုက်ဝင်ရောက်သိမ်းပိုက်ခဲ့ပြီး ပွိုင့် ၅ အပါဝင် လက်နက်ကြီး၊ လက်နက်ငယ် တဒါဇင်ခန့်ရရှိခဲ့တယ်။ စစ်သုံးပန်း နှစ်ယောက်လည်း ဖမ်းဆီးလာခဲ့တယ်” လို့ ချင်းအမျိုးသားတပ်ဦး CNF ပြောခွင့်ရပုဂ္ဂိုလ် ဆလိုင်း ထက်နီက ပြောပါတယ်။ 

ဒါ့အပြင် “ပြည်သူတွေဟာ စစ်ကောင်စီရဲ့ ဗုံးကြဲဒဏ်ကိုခံရမှာထက် စစ်ကောင်စီအုပ်ချုပ်မှုအောက်မှာ ဆက်နေရမယ့်ဒဏ်ကို ပိုစိုးရိမ်နေတယ်” လို့လည်း သူကပြောပါတယ်။ ဖလမ်းနဲ့ ထန်တလန်မှာ ဆက်တိုက်ဖြစ်ပွားခဲ့တဲ့ စခန်းသိမ်းတိုက်ပွဲတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ်  သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ ...

- ထန်တလန်နဲ့ ဖလမ်း စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဖက်က ဘယ်လောက်ကျဆုံးပြီး လက်နက်တွေ ဘယ်လောက်သိမ်းမိခဲ့သလဲ...

- CNA နှင့် ဒေသခံ CDF တွေ၊ PDF တွေ ဘယ်လိုပူးပေါင်းတိုက်ပွဲဝင်နေသလဲ...

- တိုက်ပွဲမှာ အထိနာတိုင်း အရပ်ဖက်ပစ်မှတ်တွေဖြစ်တဲ့ ကျေးရွာတွေ၊ ဘုရားကျောင်တွေကို ဗုံးကြဲတာဟာ စစ်ကောင်စီရဲ့ ဗျုဟာတခုလား...

- စစ်ကောင်စီရဲ့ ဗုံးကြဲဒဏ်ကိုခံရမှာထက် စစ်ကောင်စီအုပ်ချုပ်မှုအောက်မှာ ဆက်နေရမယ့်ဒဏ်ကို ပိုစိုးရိမ်တယ်လို့ ဘာကြောင့်ပြောတာလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Sunday, August 13, 2023

“ကရင်နီပြည် လွတ်မြောက်ရေးမှတဆင့် တနိုင်ငံလုံးလွတ်မြောက်ရေးအတွက် ဆောင်ရွက...



“ကရင်နီပြည် လွတ်မြောက်ရေးမှတဆင့် တနိုင်ငံလုံးလွတ်မြောက်ရေးအတွက် ဆောင်ရွက်သွားမယ်”

- အယ်လ်ဖောင်းရှို (NLD အစိုးရခေတ် ကယားပြည်နယ်ဝန်ကြီးချုပ်)

(၁၄- ၈- ၂၀၂၃)

“ကရင်နီပြည် လွတ်မြောက်ရေးကနေ တနိုင်ငံလုံးလွတ်မြောက်ရေးအတွက် တဆင့်ပြီးတဆင့်ဆောင်ရွက်သွားမယ်။ နွေဦးတော်လှန်ရေးမှာ အားလုံးပူးပေါင်းပါဝင်ကြပါ” လို့ NLD အစိုးရခေတ် ကယားပြည်နယ်ဝန်ကြီးချုပ် အယ်လ်ဖောင်းရှို ကပြောပါတယ်။

ကရင်နီပြည်ရဲ့ ပထမ ဆုံး လွတ်မြောက်ဒေသဖြစ်တဲ့ မယ်စဲ့ဒေသက စစ်ဘေးရှောင်တွေထံ သွားရောက်ကူညီပေးခဲ့သူ ရွှေဝါရောင်ဆရာတော် အရှင်ထာဝရ (နော်ဝေ)နဲ့ မယ်စဲ့မြို့မှာ တွေ့ဆုံစဉ် သူက အခုလို ဗွီဒီယို ဖွိုင်နဲ့ အများပြည်သူထံ သတင်းစကားပါးလိုက်တာ ဖြစ်ပါတယ်။

အခု NLD အစိုးရခေတ် ကယားပြည်နယ်ဝန်ကြီးချုပ် အယ်လ်ဖောင်းရှိုရဲ့ အများပြည်သူသို့ သတင်းစကားကို ထုတ်လွှင့်ပေးလိုက်ပါတယ်...။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

“လွတ်မြောက်ဒေသတွေ များများပေါ်လာစေရေးအတွက် အကူအညီတွေမြန်မြန်ပေးနိုင်ဖို့...



“လွတ်မြောက်ဒေသတွေ များများပေါ်လာစေရေးအတွက် အကူအညီတွေမြန်မြန်ပေးနိုင်ဖို့ လိုပါတယ်”

- အရှင်ထာဝရ (ရွှေဝါရောင်ဆရာတော် - နော်ဝေ)

(၁၃- ၈- ၂၀၂၃)

“ကရင်နီဒေသက မယ်စဲ့မြို့လို လွတ်မြောက်ဒေသတွေ များများပေါ်လာစေရေးအတွက် ပြည်တွင်း-ပြည်ပရှိ စေတနာရှင်တွေက များများနဲ့မြန်မြန် ကူညီပေးဖို့လိုတယ်။ IDP တွေအတွက် ရိက္ခာနဲ့ဆေးဝါးအပြင် ရှေ့တန်းက တော်လှန်ရေးရဲဘော်တွေအတွက် လိုအပ်ချက်တွေကိုပါ ကူညီပေးဖို့လိုတယ်” လို့ မယ်စဲ့ဒေသရှိ IDP စစ်ဘေးရှောင်တွေထံ သွားရောက်ကူညီပေးခဲ့သူ ရွှေဝါရောင်ဆရာတော် အရှင်ထာဝရ (နော်ဝေ) က မိန့်ပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်ကသွားခဲ့တဲ့ မယ့်စဲ့ဒေသမှာ ဘာတွေအရေးပေါ်အကူညီလိုအပ်နေတာ တွေ့ရသလဲ၊ မယ်စဲ့မြို့အခြေအနေဘယ်လိုရှိသလဲ၊ ERO တပ်ပေါင်းစုက နယ်မြေထိန်းချုပ်ရေးနဲ့ အုပ်ချုပ်ရေး ဘယ်လိုဆောင်ရွက်နေသလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ်  သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ ...

- မယ်စဲ့မြို့နယ်အတွင်း ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဘယ်လိုဆောင်ရွက်နေသလဲ...

- 4 K လို့ခေါ်တဲ့ KNLPF, KA, KNDF, KNLA တော်လှန်ရေးတပ်ဖွဲ့တွေ မြေပြင်မှာ ဘယ်လိုပူးပေါင်းဆောင်ရွက်နေသလဲ...

- စစ်ဘေးရှောင်တွေအတွက် ဘာတွေအဓိက လိုအပ်နေသလဲ...

- မယ်စဲ့မြို့သား၊ NLD ခေတ် ကယားပြည်နယ်ဝန်ကြီးချုပ်က လူထုကို ဘယ်လိုသတင်းစကားပါးလိုက်သလဲ...

- လိုအပ်တဲ့နေရာကို အကူအညီတွေ မြန်မြန်နဲ့များများရောက်နိုင်အောင် ဘယ်လို ပူးပေါင်းဆောင်ရွက်ကြမလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Saturday, August 12, 2023

“မယ်စဲ့ဒေသတခုလုံးကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ထိန်းချုပ်ထားပါတယ်”


“မယ်စဲ့ဒေသတခုလုံးကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ထိန်းချုပ်ထားပါတယ်”

- ရဲဘော်လောရင်စိုး - (တွဲဖက်အတွင်းရေးမှူး - ကလလတ) 

(၁၂- ၈- ၂၀၂၃)

“လေယာဉ်နဲ့ဗုံးကျဲတိုက်ခိုက်တာရှိနေဆဲဖြစ်ပေမယ့် မယ်စဲ့အပါဝင် သံလွင်မြစ်အရှေ့ချမ်းဒေသတခုလုံးကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ထိန်းချုပ်ထားပါတယ်။ တော်လှန်ရေးတပ်ပေါင်းစုရဲ့ ပူးပေါင်းဆောင်ရွက်နိုင်မှုဟာ အကောင်းဆုံးအနေအထားမှာရှိပါတယ်” လို့ ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) တွဲဖက်အထွေထွေအတွင်းရေးမှူး ရဲဘော်လောရင်စိုးက ပြောပါတယ်။

မနက်ဖန် သြဂုတ် ၁၃ ရက်ဆိုရင် မယ့်စဲ့မြို့ကို တော်လှန်ရေးတပ်ပေါင်းစုက စတင်တိုက်ခိုက်တာ၊ တနည်းအားဖြင့် နယ်ခြားတပ်အဖြစ် အသွင်ပြောင်းထားတဲ့ -ကလလတ- က စစ်ကောင်စီကို ပြန်တော်လှန်တာ ၂ လပြည့်နေ့မှာ မယ်စဲ့မြို့ အခြေအနေ ဘယ်လိုရှိသလဲ၊ တော်လှန်ရေးတပ်ပေါင်းစုက ဘယ်လိုဆောင်ရွက်နေသလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ်  သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ ...

- မယ်စဲ့မြို့ နောက်ဆုံးအခြေနေ ဘယ်လိုရှိသလဲ...

- တော်လှန်ရေးတပ်ပေါင်းစု ဘယ်လိုပူးပေါင်းဆောင်ရွက်နေကြသလဲ...

- တရက်တာ တိုက်ပွဲတခုမှာတင် ခြင်းကျား ၈၀ နဲ့ အရာရှိ ၃ ဦးအလောင်းတွေ့တယ်ဆိုရင် ၂ လတာအတွင်း စစ်ကောင်စီဖက်က ဘယ်လောက်အကျအဆုံးများနေပြီလဲ...

- အခြားဒေသရှိ နယ်ခြားစောင့်တပ်တွေ၊ ငြိမ်း အဖွဲ့တွေ နွေဦးတော်လှန်ရေးထဲ ဘယ်တော့ပါလာကြမလဲ...

- ဒီတကြိမ်တော်လှန်ရေး အောင်ကိုအောင်ရမယ်လို့ ဘာကြောင့် ပြောနိုင်တာလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Friday, August 11, 2023

“ဖက်ဒရယ်ဆိုတာ တောင်းယူလို့မရဘူး၊ အောက်ခြေကနေ တည်ဆောက်ယူရမှာဖြစ်တယ်”



“ဖက်ဒရယ်ဆိုတာ တောင်းယူလို့မရဘူး၊ အောက်ခြေကနေ တည်ဆောက်ယူရမှာဖြစ်တယ်”

- ပဒိုစောတောနီး - (ဗဟိုအလုပ်အမှုဆောင်ကော်မီတီဝင် - KNU)

(၁၁- ၈- ၂၀၂၃)

“ဖက်ဒရယ်ကို ဘယ်ဗဟိုအစိုးရမှ မပေးနိုင်ဘူးဆိုတာကို သမိုင်းဖြတ်သန်းမှုအရ KNU က သိရှိထားပြီးဖြစ်တယ်။ ဒါကြောင့် ဘယ်သူ့ဆီမှာမှ မတောင်းပဲ အောက်ခြေကနေ တဆင့်ချင်း ကိုယ်ဘာသာ တည်ဆောက်ရယူသွားမှာဖြစ်တယ်၊ အလားတူ တည်ဆောက်နေတဲ့ ဖက်ဒရယ်ယူနစ်တွေနဲ့ လက်တွဲဆောင်ရွက်သွားမယ်” လို့ ကရင့်အမျိုးသားအစည်းရုံး (KNU) တာဝန်ရှိသူတွေကပြောပါတယ်။

မနေ့က ကျင်းပတဲ့ KNU ဗဟိုအလုပ်အမှုဆောင်အဖွဲ့သစ်ရဲ့ ပထမ  ရက် (၁၀၀)  ကာလ သတင်းစာရှင်းလင်းပွဲတွင်း အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူးနဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မီတီဝင် ပဒိုစောတောနီးတို့က အဲဒီလို ပြောခဲ့တာပါ။

အခု ဖေါ်ပြမယ့် ဖက်ဖရယ်ယူနစ်အကြောင်း ကောက်နုတ်ချက်ထဲမှာ...

- ဒီမိုကရေစီအရေးနဲ့ ဖက်ဒရယ်အရေးကို ဘာကြောင့်တပြိုင်တည်း ကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်သလဲ...

- ဖက်ဒရယ်စနစ်ကို အများပြည်သူတွေကြားမှာ ဘယ်လို သဘောပေါက် နားလည် ထားကြသလဲ...

- NUCC တပ်ပေါင်းစု, NUG ကြားကာလအစိုးရတို့နဲ့ KNU က ဘယ်လို ပူးပေါင်းဆောင်ရွက်နေသလဲ...

- KNU ကပြောနေတဲ့ ကော်သူးလေဖက်ဒရယ်ယူနစ် ကို ဘယ်လိုတည်ဆောက်မှာလဲ...

... စတဲ့ အကြောင်းအရာတွေ ပါဝင်ပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Thursday, August 10, 2023

“NCA နဲ့ ပတ်သက်လို့ လိုက်နာစရာ အကြောင်းမရှိတော့ပါဘူး၊ ဘာကြောင့်လဲ ဆိုရင်...


“NCA နဲ့ ပတ်သက်လို့ လိုက်နာစရာ အကြောင်းမရှိတော့ပါဘူး၊ ဘာကြောင့်လဲ ဆိုရင် NCA ရဲ့ နှလုံးသားကို စစ်တပ်က နင်းချေဖျက်ဆီးခဲ့လို့ပါ”

- ပဒိုစောတာဒိုမူး (အထွေထွေအတွင်းရေးမှူး - KNU)

(၁၀- ၈- ၂၀၂၃)

“စစ်ကောင်စီက မကြာခနညွန်းဆိုသုံးစွဲနေတဲ့ တနိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးသဘောတူစာချုပ် NCA ဆိုတာ မရှိတော့ပါဘူး။ KNU အနေနဲ့ လိုက်နာစရာအကြောင်းလည်း မရှိတော့ဘူး။ ဘာကြောင့်လဲဆိုရင် NCA ရဲ့ အခန်း (၁)မှာပါတဲ့ အဓိကအချက် နှလုံးသားကို စစ်တပ်က နင်းချေဖျက်ဆီးခဲ့လို့ပါ” လို့ ကရင့်အမျိုးသားအစည်းအရုံး (KNU) အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူးက ပြောပါတယ်။

ဒီနေ့ အွန်လိုင်းကနေ ကျင်းပတဲ့ KNU ဗဟိုအလုပ်အမှုဆောင်အဖွဲ့သစ်ရဲ့ ပထမ  ရက် (၁၀၀)  ကာလ သတင်းစာရှင်းလင်းပွဲတွင်း သူက အဲဒီလိုပြောသွားတာပါ။

အခု ကောက်နုတ်ဖေါ်ပြမယ့် သတင်းစာရှင်းပွဲအနှစ်ချုပ်ထဲမှာ....

- KNU ရဲ့ ၁၇ ကြိမ်မြောက် ကွန်ကရက်အကြောင်း ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းရဲ့ ပြောကြားချက်...

- အနာဂတ်နိုင်ငံရေးမှာ လက်ရှိစစ်တပ် လုံးဝပါဝင်ခွင့်မရှိစေရအပါဝင် KNU ရဲ့ မူ ၄ ချက်အကြောင်း အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူးရဲ့ ပြောကြားချက်...

- PDF တွေကို စစ်ရေးလေ့ကျင့်ပေးမှုအနေအထားနဲ့ လက်ရှိစစ်ကောင်စီတပ်ရဲ့ စစ်ရေးအနေအထားဟာ ဗဟာဗျုဟာအရ ခံစစ်ဖြစ်နေပြီဆိုတဲ့အကြောင်း KNLA စစ်ဦးစီးမှူး ပထမတန်း ဗိုလ်မှူးချုပ် စောတာမလာသော ရဲ့ ပြောကြားချက်...

- စစ်ကောင်စီကပေးတဲ့ ဖက်ဒရယ်နဲ့ NCA လမ်းကြောင်းအရ ဆွေးနွေးပွဲဖြစ်နိုင်သေးလားဆိုတဲ့ သတင်းထောက်တဦးရဲ့အမေးအပေါ် KNU အထွေထွေအတွင်းရေးမှူးရဲ့ တုန့်ပြန်ချက်...

... စတဲ့ အကြောင်းအရာတွေ ပါဝင်ပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Wednesday, August 9, 2023

“ရခိုင်ပြည်သူတွေ အကူအညီအမြန်ရဖို့အတွက် နိုင်ငံတကာအဖွဲ့တွေကို လွတ်လပ်စွာ ...



“ရခိုင်ပြည်သူတွေ အကူအညီအမြန်ရဖို့အတွက် နိုင်ငံတကာအဖွဲ့တွေကို လွတ်လပ်စွာ ခရီးသွားခွင့်ပေးဖို့လိုပါတယ်” 

- ခိုင်ကောင်းစံ - (ညွန်ကြားရေးမှူး - ဝံလက်ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း)

(၁၀ - ၈ -၂၀၂၃)

“ရခိုင်ပြည်နယ်မှာ တိုက်ပွဲလည်းမရှိဘူး၊ နယ်မြေလည်းတည်ငြိမ်ပါရဲ့နဲ့ နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့တွေကို ခရီးသွားခွင့် လနဲ့ချီပိတ်ထားတဲ့အပေါ် နားမလည်နိုင်အောင် ဖြစ်ရတယ်။ နယ်မြေတည်ငြိမ်မှုကို ဆက်ထိန်းထားဖို့ဆိုရင် ရခိုင်လူထုရဲ့ လိုအပ်ချက်တွေကို ဖြည့်ပေးဖို့လိုတယ်၊ နိုင်ငံတကာအကူညီပေးရေးအဖွဲ့တွေကို လွတ်လပ်စွာသွားလာခွင့်ပေးမှ အရေးပေါ်ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးတွေကို ဆောင်ရွက်နိုင်မှာဖြစ်တယ်” လို့ စစ်တွေအခြေစိုက် ဝံလက်ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းအဖွဲ့ ညွန်ကြားရေးမှူး ခိုင်ကောင်းစံ ကပြောပါတယ်။

အခုရက်ပိုင်း ရခိုင်ပြည်နယ်အတွင်း ရေဘေးသင့်နေတာ၊ လွန်ခဲ့တဲ့ ၃ လက ဖြစ်ခဲ့တဲ့ မိုခါမုန်တိုင်းသင့်ပြည်သူတွေအတွက် အခုထိ နိုင်ငံတကာအကူညီပေးရေးအဖွဲ့တွေကို သွားလာခွင့်ပိတ်ပင်ထားတာတွေနဲ့ပတ်သက်ပြီး ... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ်  သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ ...

- ရခိုင်ပြည်နယ်မှာ ရေဘေးသင့်အခြေအနေ ဘယ်လောက်ဆိုးနေလဲ...

- စစ်ကောင်စီနဲ့ AA တို့က ပြည်သူတွေကို ဘယ်လိုအကူအညီပေးနေသလဲ...

- မိုခါ မုန်တိုင်း ၃ လကြာတဲ့အထိ နိုင်ငံတကာအကူအညီမရသေးတာ၊ နိုင်ငံတကာအဖွဲ့အစည်းတွေကို ခရီးသွားခွင့်ပိတ်ထားတာ ဘာကြောင့်လဲ...

- UN အပါဝင် နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့တွေက စစ်ကောင်စီရဲ့ ခရီးသွားခွင့်ပိတ်ပင်တာကို ဒီတိုင်းပဲ ငြိမ်ခံနေမှာလား...

- အရေးပေါ်အကူအညီလိုအပ်နေတဲ့ ရခိုင်ပြည်သူတွေရဲ့ မျက်နှာကိုထောက်ပြီး စစ်ကောင်စီက ဘာတွေ ဆောင်ရွက်သင့်ပါသလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Monday, August 7, 2023

“ခံစားချက်ကို ခံယူချက်အဖြစ်ပြောင်းပြီး ဖက်ဒရယ်ဒီမိုကရေစီအတွက် တိုက်ပွဲဝင...


“ခံစားချက်ကို ခံယူချက်အဖြစ်ပြောင်းပြီး ဖက်ဒရယ်ဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေတာဖြစ်တယ်”

- ဦးအောင်မျိုးမင်း (ပြည်ထောင်စုဝန်ကြီး - လူ့အခွင့်အရေးဝန်ကြီးဌာန - NUG)

(၈- ၈- ၂၀၂၃)

“စစ်ကောင်စီရဲ့ ပစ်ခတ်မှုကြောင့် ကျဆုံးသွားတဲ့ ရဲဘော်-သူငယ်ချင်းတွေ၊ ပြည်သူတွေ၊ ရွာမီးရှို့ခံရမှုတွေအတွက်ဖြစိပေါ်လာတဲ့ ခံစားချက်တွေကို ခံယူချက်အဖြစ်ပြောင်းယူပြီး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတည်ဆောက်ရေးမှာ ပါဝင်နေကြတာဖြစ်တယ်။ ဒီလိုမှန်ကန်တဲ့ စိတ်ဓာတ်နဲ့ တိုက်ပွဲဝင်နေသူတွေကို စစ်ကောင်စီရဲ့ နည်းလမ်းဟောင်း ဝါဒဖြန့်ချီရေးတွေနဲ့ သွေးဆောင်ဖြားယောင်းလို့မရနိုင်ဘူး” လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။

ဒီနေ့ သြဂုတ်လ ၈ ရက်နေ့မှာ ကျရောက်တဲ့ ၈-လေးလုံးအရေးတော်ပုံ (၃၅)နှစ်ပြည့်မှာ ၈၈ နဲ့ နွေဦးတော်လှန်ရေး ဘာတွေတူပြီး ဘာတွေကွာသလဲ၊ စစ်ကောင်စီက သက်တမ်း ၆ လတိုးပြီး ဝါဒဖြန့်ချီရေးအရှိန်မြင့်လာတဲ့အပေါ် ဘယ်လိုတုန့်ပြန်မလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ ...

- အပစ်ရပ်အဖွဲ့အချိုု့နဲ့ မြောက်ပိုင်းအဖွဲ့အချို့ နွေဦးတော်လှန်ရေးထဲပါမလာသေးတာဟာ ဘာတွေအားနည်းနေလို့လဲ...

- ၈-လေးလုံးအရေးတော်ပုံ ၂ နှစ်ခွဲကာလနဲ့ ဒီနေ့ နွေဦးတော်လှန်ရေး ၂ နှစ်ခွဲကာလ ဘာတွေတူပြီး ဘာတွေကွာသလဲ...

- အပ်ကြောင်းထပ်နေတဲ့ ဓာတ်ပြားဟောင်း ဝါဒဖြန့်ချီရေးလုပ်ငန်းစဉ်ကို တော်လှန်ရေးတပ်တွေဘက်က ဘယ်လိုတုန့်ပြန်သင့်သလဲ...

- ခံစားချက်တွေကို ခံယူချက်အဖြစ်ပြောင်းပြီး တိုက်ပွဲအရှိန်မြှင့်ရေးအတွက် ဘယ်လိုဆောင်ရွက်ကြမလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

“အစိုးရအပြောင်းအလဲအတွက် တိုက်နေတာမဟုတ်ဘူး၊ အာဏာရှင်စနစ်အမြစ်ပြတ်ရေးအတွက်...



“အစိုးရအပြောင်းအလဲအတွက် တိုက်နေတာမဟုတ်ဘူး၊ အာဏာရှင်စနစ်အမြစ်ပြတ်ရေးအတွက် တိုက်နေတာဖြစ်တယ်”

- ပဒိုစောတောနီ (ဗဟိုအလုပ်အမှုဆောင်ကော်မီတီဝင်- KNU)

(၇- ၈- ၂၀၂၃)

“နွေဦးတော်လှန်ရေးဟာ နေပြည်မှာအစိုးရသစ်တရပ်ပေါ်လာဖို့၊ အစိုးရအပြောင်းအလဲဖြစ်ဖို့အတွက် တိုက်နေတာမဟုတ်ဘူး။ စစ်အာဏာရှင်အပါဝင် မည်သည့်အာဏာရှင်မှ ထပ်မပေါ်လာနိုင်အောင် အာဏာရှင်အမြစ်ပြတ်ရေး၊ နိုင်ငံရေးစနစ်တခုလုံးပြောင်းလဲရေးအအတွက် တိုက်ပွဲဝင်နေတာဖြစ်တယ်။ ဒီလိုတိုက်ပွဲနေသူတွေကို အရင်နည်းဟောင်းတွေနဲ့ သွေးဆောင်ဖျားရောင်းလို့မရနိုင်ဘူးဆိုတာကို စစ်ကောင်စီ သဘောပေါက်ဖို့လိုတယ်” လို့ ကရင့်အမျိုးသားအစည်းအရုံး (KNU) ဗဟိုအလုပ်အမှုဆောင်ကော်မီတီဝင် ပဒိုစောတောနီး ကပြောပါတယ်။

ပြီးခဲ့တဲ့ရက်အပိုင်းအတွင်း စစ်ကောင်စီက ကြေညာတဲ့ လွတ်ငြိမ်းချမ်းသာခွင့်အတု၊ ၆ လသက်တန်းတိုးပြီး ဘာလုပ်မယ် ညာလုပ်မယ်ဆိုတဲ့ ဝါဒဖြန့်မှုတွေအပေါ် ကန့်ကွက်ကြောင်း အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်းစီ (NUCC) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့က ပူးတွဲ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

ဒီပူးတွဲကြေညာချက်ရဲ့ အနှစ်ချုပ်သဘောထားနဲ့ KNU ရပ်တည်ချက်အပါဝင် အခုနွေဦးတော်လှန်ရေးဟာ “အစိုးရအပြောင်းအလဲအတွက် တိုက်နေတာမဟုတ်ဘူး၊ အာဏာရှင်စနစ်အမြစ်ပြတ်ရေးအတွက် တိုက်နေတာဖြစ်တယ်” လို့ ပဒိုစောတောနီးက ပြောကြားလာတာဖြစ်ပါတယ်။

အခု နွေဦးတော်လှန်ရေးတိုက်ပွဲဝင်နေသူတွေရဲ့ ရပ်တည်ချက်အကြောင်း ပဒိုစောတောနီးရဲ့ ပြောာကားချက်ကို ထုတ်လွှင့်ပေးလိုက်ပါတယ်...။

(၈-လေးလုံးအရေးတော်ပုံ ၃၅ နှစ်ပြည့်အခြေအနေ ဦးအောင်မျိုးမင်းနှင့် မေးမြန်းချက် ဒုတိယ ပိုင်းကိုတော့ မနက်ဖန်မနက် ထုတ်လွှင့်ပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Sunday, August 6, 2023

“၈၈ နဲ့ ကွာတာကတော့ စစ်ကိုင်း၊ မကွေးလို အညာဒေသအထိ လက်နက်ကိုင်တော်လှန်ရေး ...



“၈၈ နဲ့ ကွာတာကတော့ စစ်ကိုင်း၊ မကွေးလို အညာဒေသအထိ လက်နက်ကိုင်တော်လှန်ရေး အားကောင်းလာတာပါ”

- ဦးအောင်မျိုးမင်း (ပြည်ထောင်စုဝန်ကြီး - လူ့အခွင့်အရေးဝန်ကြီးဌာန - NUG)

(၇- ၈- ၂၀၂၃)

“၈-လေးလုံးအရေးတော်ပုံကနေပေါ်လာတဲ့ လက်နက်ကိုင်တော်လှန်ရေးနဲ့ ဒီနေ့ နွေဦးတော်လှန်ရေး ဘာကွာသလဲဆိုရင် တိုင်းရင်းသားဒေသအပြင် အရင်ကတိုက်ပွဲမရှိဖူးတဲ့ စစ်ကိုင်း၊ မကွေး အညာဒေသအထိ လက်နက်ကိုင်တော်လှန်ရေး အားကောင်းလာခြင်းဖြစ်တယ်” လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း ကပြောပါတယ်။

မနက်ဖန် သြဂုတ်လ ၈ ရက်နေ့မှာ ကျရောက်မယ့် ၈-လေးလုံးအရေးတော်ပုံ (၃၅)နှစ်ပြည့် အခြေအနေ၊ ၈၈ နဲ့ နွေဦးတော်လှန်ရေး ဘာတွေတူပြီး ဘာတွေကွာသလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ပထမပိုင်းမှာ ...

- ၈-လေးလုံးအရေးတော်ပုံကို ဘယ်လိုအမှတ်ရနေကြလဲ...

- ၈-လေးလုံးမျိုးဆက် ABSDF က နယ်စပ်ဒေသမှာ ဘာတွေ ဆောင်ရွက်နိုင်ခဲ့သလဲ...

- ၂၀၁၀ ရွေးကောက်ပွဲနောက်ပိုင်းကနေ ၂၀၂၁ ဖေဖေါ်ဝါရီအထိ ပြုပြင်ပြောင်းလဲရေးကာလအတွင်း ဒီမိုကရေစီအင်အားစုတွေဘက်က ဘာတွေဆောင်ရွက်နိုင်ခဲ့သလဲ...

- ၈-လေးလုံးအရေးတော်ပုံကနေ ပေါ်လာတဲ့ လက်နက်ကိုင်တော်လှန်ရေးနဲ့ ဒီနေ့ လက်နက်ကိုင်တော်လှန်ရေး ဘာတွေတူပြီး -ဘာတွေကွာသလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(နွေဦးတော်လှန်ရေးမှာ တိုင်းရင်းသားအဖွဲ့တွေအားလုံး ပါမလာသေးတာ ဘာကြောင့်လဲ... ဆွေးနွေးချက်ပါတဲ့ ဒုတိယပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Saturday, August 5, 2023

“စစ်သားတွေရဲ့ဘဝက ယူနီဖောင်းဝတ်ပြီး အရပ်ထဲ မသွားရဲတဲ့ အခြေအနေဖြစ်နေပြီ”



“စစ်သားတွေရဲ့ဘဝက ယူနီဖောင်းဝတ်ပြီး အရပ်ထဲ မသွားရဲတဲ့ အခြေအနေဖြစ်နေပြီ”

- ဗိုလ်ကြီးကောင်းသူဝင်း (CDM - တပ်မတော်အရာရှိ)

(၅ - ၈ -၂၀၂၃)

“အာဏာသိမ်းစစ်ကောင်စီအပေါ် လူထုတရပ်လုံးက မကျေမနပ်ဖြစ်နေတဲ့အတွက် စစ်သားတွေရဲ့ဘဝက ယူနီဖောင်းဝတ်ပြီး အရပ်ထဲ မသွားရဲတဲ့အခြေအနေဖြစ်နေပြီ၊ အဲလို သွားပြီဆိုတာနဲ့ ပစ်သတ်ခံရတာ၊ လက်နက်ခဲယမ်း ဆုံးရှုံးခံရတာတွေ ဆက်တိုက်ဆိုသလိုဖြစ်လာနေတာတွေ့ရတယ်” လို့ CDM - တပ်မတော်အရာရှိ ဗိုလ်ကြီးကောင်းသူဝင်း ကပြောပါတယ်။

နွေဦးတော်လှန်ရေး ၂ နှစ်ကျော်ကာလအတွင်း စစ်ရေးအရ ဘယ်လောက်တိုးတက်လာသလဲ၊ စစ်ကောင်စီက သက်တန်း ၆ လတိုးပေမယ့် နောက်ထပ် ဘယ်လောက်ကြာကြာခံနိုင်ဦးမှာလဲ၊ လက်ရှိတပ်မတော်သားတွေရဲ့ စိတ်ဓာတ်ရေးရာအခြေအနေ ဘယ်လိုရှိသလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ ...

- တိုင်း လက်အောက်ခံတပ်တွေထက် တပ်မ လက်အောက်ခံတပ်တွေ ကျဆုံး-သေဆုံးမှု ပိုများနေတာ ဘာကြောင့်လဲ...

- တပ်သားနဲ့ တပ်ကြပ်ကြီးတွေအပြင် ဒုရင်းမှူး- တပ်ရင်းမှူးအဆင့်အထိ အကျအဆုံးများလာတာ ဘာလွဲနေလို့လဲ...

- ယူနီဖောင်းဝတ်ပြီး အရပ်ထဲ မသွားရဲတဲ့အခြေအနေဖြစ်သွားတာ ဘာကြောင့်လဲ...

- နွေဦးတော်လှန်ရေး ၂ နှစ်ကျော်ကာလအတွင်း စစ်ရေးအရ ဘယ်လောက်အထိ တိုးတက်လာနေပြီလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Thursday, August 3, 2023

“ဖွေ့ထိုင်းပါတီဦးဆောင်တဲ့ အစိုးရဖြစ်လာရင်တော့ မြန်မာ့အရေးကို ပြတ်ပြတ်သား...



“ဖွေ့ထိုင်းပါတီဦးဆောင်တဲ့ အစိုးရဖြစ်လာရင်တော့ မြန်မာ့အရေးကို ပြတ်ပြတ်သားသားပြောဖို့အရေး မျှော်လင့်လို့မရဘူး”

- ဦးထူးချစ် (ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း - FED)

(၄- ၈- ၂၀၂၃)

“လက်ရှိ ထိုင်းနိုင်ငံရေးအခြေအနေအရ မဲအများဆုံးရထားတဲ့ Move Forward ပါတီ ခေါင်ေးဆာင် ဝန်ကြီးချုပ်ဖြစ်လာရေးထက် ဒုတိယ မဲအများဆုံးရထားတဲ့ ဖွေ့ထိုင်းပါတီက ဝန်ကြီးချုပ်ဖြစ်လာဖို့များနေတယ်။ အဲလိုဖြစ်လာရင် မြန်မာ့ဒီမိုကရေစီအရေး၊ လူသား -စာနာအရေးတွေကို Move Forward ပါတီလို ပြတ်ပြတ်သားသားပြောဖို့အရေး မျှော်လင့်လို့မရဘူး” လို့ ထိုင်း- တောင်ပိုင်းအခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း  (FED) ညွန်ကြားရေးမှူး ဦးထူးချစ် ကပြောပါတယ်။

ဒီနေ့ ကျင်းပဖို့ပြင်ထားတဲ့ ထိုင်း-ဝန်ကြီးချုပ်အသစ်ရွေးပွဲကို ပါလီမန်က ထပ်ရွှေ့ဆိုင်းလိုက်တဲ့အခြေအနေ၊ Move Forward ပါတီအစား ဖွေ့ထိုင်းပါတီကိုယ်စားလှယ်က ဝန်ကြီးချုပ်ဖြစ်လာမယ့်အလားအလာ၊ နိုင်ငံရေးမသေချာမှုတွေက ဘယ်ကိုဦးတည်သွားနိုင်သလဲ...  စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ်  သူကဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ ...

- ဒီနေ့ကျင်းပဖို့ပြင်ထားတဲ့ ဝန်ကြီးချုပ်အသစ်ရွေးပွဲကို ဘာကြောင့် ရက်ရွှေ့လိုက်တာလဲ...

- Move Forward ပါတီအစား ဖွေ့ထိုင်းပါတီကိုယ်စားလှယ်က ဝန်ကြီးချုပ်ဖြစ်လာမယ့်အလားအလာရှိနေတယ်လို့ ဘာကြောင့်ပြောနိုင်တာလဲ...

- Move Forward ပါတီဟာ အစိုးရဖြစ်ခွင့်ရရေးထက် မဲဆွယ်ပွဲကတိတွေကို ပိုဦးစားပေးခဲ့လေသလား...

- Move Forward ပါတီအစား ဖွေ့ထိုင်းပါတီကိုယ်စားလှယ်က ဝန်ကြီးချုပ်ဖြစ်လာရင် မြန်မာနိုင်ငံဆိုင်ရာ မူဝါဒ ဘယ်လိုပြောင်းသွားနိုင်သလဲ...

- ထိုင်းနိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုတွေထဲက ဘယ်အချက်တွေကို မြန်မာလူငယ်တွေ လေ့လာသင့်သလဲ...

- ပြုပြင်ပြောင်းလဲရေးလိုလားတဲ့ ထိုင်းလူငယ်တွေရဲ့မျှော်လင့်ချက် ဘယ်လိုဆက်ဖြစ်လာနိုင်သလဲ...

...စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

“စစ်ကောင်စီက နည်းဟောင်းတွေသုံးပြီး လှည့်စားဖို့ကြိုးစားပေမယ့် မရတော့ပါဘူး”



“စစ်ကောင်စီက နည်းဟောင်းတွေသုံးပြီး လှည့်စားဖို့ကြိုးစားပေမယ့် မရတော့ပါဘူး”

- ဦးသန်းစိုးနိုင် (နိုင်ငံရေး-စစ်ရေး ဝေဖန်သုံးသပ်သူ)

(၃- ၈- ၂၀၂၃)

“အာဏာသိမ်း စစ်ကောင်စီဟာ အရင်နည်းဟောင်းတွေသုံးပြီး ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးတော့မလိုလို၊ ဆွေးနွေးရေးလုပ်တော့မလိုလိုနဲ့ လူထုကို လှည့်စားဖို့ကြိုးစားပေမယ့် သိပ်နောက်ကျသွားပြီ၊ လူထုက စစ်တပ်နဲ့ဆွေးနွေးရေးဆိုတာကိုလက်မခံတော့ပဲ စစ်တပ်ဖယ်ရှားရေးအတွက် ကိုယ်တိုင်တိုက်ပွဲဝင်နေပြီဖြစ်တယ်” လို့ နိုင်ငံရေး-စစ်ရေး ဝေဖန်ဆန်းစစ်သူ ဦးသန်းစိုးနိုင် ကပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ်လျော့ပေးပြီး နေအိမ်အကျယ်ပြောင်းသလိုလို၊ သံတမန်တွေနဲ့ပေးတွေ့သလိုလို၊ နိုင်ငံရေးဆွေးနွေးမှုလုပ်တော့မလိုလို ...စသဖြင့် စစ်ကောင်စီဖက်က လေသံပစ်လာတဲ့အခြေနေတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ ...

- စစ်ကောင်စီရဲ့ နောက်ဆုံးမျက်လှည့်ပွဲအပေါ် ယုံကြည်သူ အလွန်နည်းသွားတာ ဘာကြောင့်လဲ...

- စစ်ကောင်စီရဲ့ မျက်လှည့်ပွဲကို လူထုက မယုံတော့ပေမယ့် နိုင်ငံတကာက ယုံချင်နေသေးတာ ဘာကြောင့်လဲ...

- တရုတ်နိုင်ငံရဲ့ သြဇာလွှမ်းမိုးမှုအောက်မှာ ဆွေေးနွးပွဲတွေ ဖြစ်ပေါ်လာနိုင်သလား...

- စစ်ကောင်စီဘက်က စစ်ရေးမဟာဗျုဟာ အမှားတွေကျုးလွန်နေတယ်မှားဆိုတာ ဘာအချက်တွေကိုပြောတာလဲ...

- ၂၀၂၄ နှစ်ဆန်းမှာ နွေဦးတော်လှန်ရေး အောင်ပွဲခံဖို့ ဘယ်လောက်နီးစပ်နေပြီလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(မူလကြေညာထားတဲ့ CDM ဗိုလ်ကြီးကောင်းသူဝင်းနှင့် မေးမြန်းချက် ဒုတိယ ပိုင်းကိုတော့ မနက်ဖန်မှာ ထုတ်လွှင့်ပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Wednesday, August 2, 2023

“ကပစ ထုတ် ခဲယမ်းတွေ နိုင်ငံခြားတင်ပို့နိုင်ပြီဆိုပြီးတောင် သူတို့က ဂုဏ်ဆ...



“ကပစ ထုတ် ခဲယမ်းတွေ နိုင်ငံခြားတင်ပို့နိုင်ပြီဆိုပြီးတောင် သူတို့က ဂုဏ်ဆာနေတာ”

- ဗိုလ်ကြီးကောင်းသူဝင်း (CDM - တပ်မတော်အရာရှိ)

(၂ - ၈ -၂၀၂၃)

“မြန်မာစစ်တပ်ထုတ် ဗုံးသီးတွေကို ရုရှားက ယူကရိန်းစစ်မြေပြင်မှာ အသုံးပြုနေတယ်ဆိုတဲ့သတင်းတွေထွက်လာတဲ့အပေါ် ပြည်သူတွေက စိုးရိမ်နေပေမယ့် စစ်ကောင်စီကတော့ သူတို့ပစ္စည်း နိုင်ငံခြားပို့နိုင်ပြီဆိုပြီးတောင် ဂုဏ်ဆာနေတာတွေ့ရတယ်” လို့ CDM - တပ်မတော်အရာရှိ ဗိုလ်ကြီးကောင်းသူဝင်း ကပြောပါတယ်။

မြန်မာစစ်တပ်ပိုင် ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) ကထုတ်လုပ်တဲ့ ၁၂၀ မမ ဗုံးသီးတွေကို ရုရှားကယူလာပြီး ယူကရိန်းစစ်မြေပြင်မှာအသုံးပြုနေတဲ့ဆိုတဲ့ ဓာတ်ပုံအထောက်ထားနဲ့တကွ သတင်းတွေထွက်လာတဲ့အတွက် အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့မှုတိုးလာမလား၊ မြန်မာစစ်တပ်က ဒီအတွက် စိုးရိမ်မှုတွေ့ရသလား... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ ...

- ကပစ ထုတ် ၁၂၀ မမ ဗုံးသီးတွေ ယူကရိန်းစစ်မြေပြင်မှာတွေ့ရခြင်းရဲ့ နောက်ဆက်တွဲ ဘာတွေဆက်ဖြစ်လာနိုင်သလဲ...

- ရုရှားလေယာဉ်တွေ နေပြည်တော်မှာမကြာခန ဆင်းနေတာဟာ စကစ လေတပ်အတွက် ပစ္စည်းလာပို့တာလား... သို့မဟုတ် ၁၂၀ မမ ဗုံးသီးတွေ  လာသယ်တာလား...

- ကချင်၊ ကရင်နီ၊ ကရင်နဲ့ ချင်းတောင်မှာတိုက်ပွဲတွေပြင်းထန်နေချိန်မှာ တိုင်းမှုးတွေ၊ တပ်မမှုးတွေ၊ တပ်ရင်းမှူးတွေ၊ နယ်-လုံဝန်ကြီးတွေ ဖမ်းဆီးခံရတာ တိုက်ဆိုင်မှုလား...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(စစ်ကောင်စီဖက်က တပ်ရင်းမှးအဆင့် ဒါဇင်နဲ့ချီကျဆုံးလာတာ ဘာကြောင့်လဲ... ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါတယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Share

Twitter Delicious Facebook Digg Stumbleupon Favorites More