နယ္ေျမေကာ္မတီ ဖြဲ႕စည္းျခင္း (သုိ႔မဟုတ္) မဲေဆာက္ေဒသသို႔ ပထမခရီးစဥ္။
ကားေမာင္းသူက ပဒိုသူရယ္၊ သူေဘးမွာက ထိုင္း ေထာက္လွမ္းေရး တဦးပါတယ္လုိ႔
ထင္ပါတယ္။ ကားေနာက္ခန္း မွာကေတာ့ ကိုယ္စားလွယ္ အသစ္က်ပ္ခၽြတ္ ၅ ဦးျဖစ္တဲ့
က်ေနာ္၊ ကိုေက်ာ္ေက်ာ္၊ ကိုေက်ာ္ထင္၊ ကိုေအာင္သန္းဝင္း၊ ဦးစံေရႊေအာင္နဲ႔
KNU က တဦးပါတယ္လို႔ မွတ္မိေနပါတယ္။
တနာရီေက်ာ္ေက်ာ္ေလာက္ နယ္စပ္ ေတာလမ္းအတုိင္း ေမာင္းပီးတာနဲ႔ ျဖဴးေနတဲ့
ကားလမ္းမႀကီးကိုျမင္ရၿပီး ၄ လမ္းေမာင္း ကားလမ္းရဲ႕ အလယ္မွာ ျမက္ခင္းေတြ၊
ပန္းပင္ေတြ၊ သစ္ပင္ငယ္ေတြကို စနစ္တက် စိုက္ထားတဲ့ပံုေတြက က်ေနာ့္မ်က္စိထဲ အခုထိ ျမင္ေနဆဲျဖစ္ပါတယ္။
ရန္ကုန္-ျပည္
လမ္းမမွာ စက္ဘီးစီးရင္း အေကာင္းဆံုး ကားလမ္းလို႔ ထင္ခဲ့တဲ့ က်ေနာ့္အဖို႔
ထိုင္းႏိုင္ငံက ဒီလမ္းေပၚ မွာသာ စက္ဘီးစီးလိုက္ရရင္ စံခိ်န္အမ်ားႀကီး
တက္လာမယ္လို႔ စိတ္ကူးယဥ္ေနမိပါတယ္။
ဒီလုိ စိတ္ကူးယဥ္လို႔ ေကာင္းတုန္း က်ေနာ္တို႔ထဲက တေယာက္က ငွက္ဖ်ား
တက္လာပါတယ္။ အေၾကာင္းလိုက္ရွာေတာ့ အဲယားကြန္းဖြင့္ထားလို႔ အေအးမိတာ တဲ့။
ကံေကာင္း တာကေတာ့ အဲဒီအခိ်န္အထိ က်ေနာ္က ငွက္ဖ်ား တခါမွ မျဖစ္ဘူး ေသးတာပါ။
အဲယားကြန္းပိတ္ၿပီး မွန္ျပဴတင္းဖြင့္ ေမာင္းေတာ့လည္း ေလ
တိုက္လြန္းတာေၾကာင့္ အလုပ္မျဖစ္၊ ဒါနဲ႔ ဓာတ္ဆီဆုိင္မွာ ခဏနား၊ ဆီျဖည့္၊
ထမင္းစားမယ္လုပ္ေတာ့ က်ေနာ္တုိ႔ ပုံစံေတြကုိ ေဘးလူေတြက ကြက္ၾကည့္ ကြက္ၾကည့္
လုပ္ေနတာကို သတိထားမိလုိက္ပါတယ္။
ၾကည့္မယ္ဆုိလည္း ၾကည့္စရာပါပဲ။ က်ေနာ္တုိ႔ရဲ႕ ၀တ္စားဆင္ယင္မႈက ထုိင္းေတြနဲ႔ ဘာမွမဆုိင္ဘဲ။
“ထုိင္း
ထဲသြားရင္ အဲဒီလုံခ်ည္ေတြနဲ႔ မျဖစ္ဘူး။ ငါတုိ႔ေဘာင္းဘီေတြ အက်ႌေတြယူသြား”
ဆုိၿပီး ကုိတင္ေလးနဲ႔အဖြဲ႕က သူတုိ႔ရဲ႕ အ၀တ္စားေတြကို ေပးလုိက္ေပမယ့္
ဆင္ၾကယ္ဖိနပ္ကေတာ့ သူတုိ႔မွာလည္း တရံပဲ ရွိတဲ့အတြက္ မေပးလုိက္ၾက ပါဘူး။
အဲဒီေတာ့ က်ေနာ္တုိ႔မွာ အေပၚပုိင္းကုိ အငွား၀တ္စုံေတြနဲ႔ ပုံမက်
ပန္းမက်ဆင္းျမန္း၊ ဖိနပ္က်ေတာ့ စစ္သင္တန္း တက္ဖုိ႔ ထုတ္ေပးထားတဲ့ ဗိယက္နမ္
(ကားတာယာကို လွီးၿပီး ႀကိဳးသုိင္း ဖိနပ္အျဖစ္ အသြင္ေျပာင္းထားတဲ့)
စစ္ဖိနပ္ေတြနဲ႔။
နင္းဂ်ား လုိလုိ ဘာလုိလုိနဲ႔ သူမ်ား မ်က္စိေနာက္စရာ။ ဒါမွမဟုတ္ ဘယ္ကလူေတြလဲ
ဆုိၿပီး ထုိင္းေတြအတြက္ ေၾကာက္ရြံ႕ စုိးရိမ္စရာ ျဖစ္ေနႏုိင္ပါတယ္။
ထမင္းမွာစားတဲ့ အခါမွာလည္း ထုိင္း ထမင္းဟင္းကို က်ေနာ္တုိ႔
မစားတတ္ေသးပါဘူး။ ပန္းကန္ တခ်ပ္ထဲမွာ ထမင္းေရာ ဟင္းပါ ေရာထည့္ၿပီး တခါစား
ထည့္ေပးလုိက္တာကုိ က်ေနာ္တုိ႔က ထမင္းကုိ အကုန္စား၊ ဟင္းဖတ္ေတြကို ခ်န္ၿပီး
ေနာက္ထပ္ ထမင္းခ်ည္းသက္သက္ ထပ္မွာတဲ့ အခါမွာေတာ့ ဆုိင္ရွင္ေရာ၊
က်ေနာ္တုိ႔ကုိ လုိက္ပုိ႔တဲ့ ေထာက္လွမ္းေရးေရာ ၿပံဳးစိစိ ျဖစ္သြားပါတယ္။
ဒီေတာ့မွ ထမင္းကုိ မ်ားမ်ားစားၿပီး ဟင္းကုိ နည္းနည္းပဲ စားခြင့္ရခဲ့တဲ့
ငါတုိ႔ရဲ႕ အက်င့္ဆုိးက သူမ်ားေတြအတြက္ ရယ္စရာ ျဖစ္ေနပါလား ဆုိၿပီး
သတိျပဳမိပါတယ္။
ဒီလုိ ထူးဆန္းတဲ့အေတြ႕အႀကံဳ သစ္ေတြနဲ႔ ခရီးထြက္လာခဲ့တဲ့ က်ေနာ္တုိ႔
အဖြဲ႕ဟာ ည ၈ နာရီ၊ ၉ နာရီ ေလာက္မွာေတာ့ မဲေဆာက္ၿမိဳ႕က ဗိုလ္မႉး
စိုးစိုးအိမ္ကို ေရာက္သြားပါတယ္။ က်ေနာ္မွတ္မိသေလာက္ အဲဒီတုန္းက
ဗိုလ္မႉးစိုးစိုး အိမ္ေရွ႕ လမ္းဟာ ေျမနီလမ္းပဲ ရိွေသးၿပီး မဲေဆာက္ – ျမ၀တီ
လုိင္းကားေတြလည္း အဲဒီေျမနီလမ္းေပၚမွာ ေျပးေနတာကုိ ေနာက္တေန႔ မနက္မွာ ျမင္ခဲ့ရပါတယ္။
ဗုိလ္မႉးစုိးစုိးအိမ္မွာ
က်ေနာ္တုိ႔ ပထမဆုံး ေတြ႕ခဲ့တဲ့ ပုဂၢိဳလ္ေတြကေတာ့ အခု ေဒါက္တာစင္သီယာေမာင္
ေဆးခန္းမွာ တာ၀န္ ထမ္းေနၾကတဲ့ ကိုစိန္ဟန္၊ ကုိ၀ဏၰ၊ ေနာ္ထူးနဲ႔ KNU
ဆက္သြယ္ေရးက
ဗိုလ္တဦးနဲ႔ ခရီးသြားလက္မွတ္ ထုတ္ေပးတဲ့ ဗိုလ္တဦးတို႔ ျဖစ္ပါတယ္။
ဗိုလ္မႉးစိုးစိုး အိမ္ကေတာ့ အခု ရိွေနတဲ့ အတိုင္းပါပဲ။ ဝင္ေပါက္မွာ
အလြန္ေလးလံၿပီး အားစိုက္ တြန္းမွပြင့္တဲ့ သံတံခါးႀကီး တခုရွိပါတယ္။
အဲဒီတခါးရဲ့ေဘးမွာ အိမ္ငယ္တလံုးရိွပါတယ္၊ ေနာက္မွာေတာ့ ၃ ထပ္တိုက္၊
ေအာက္ဆံုးထပ္မွာ ဧည့္ခန္း၊ အေပၚထပ္မွာေတာ့ အိပ္ခန္းနဲ႔ အထူးဧည့္ခန္း၊
အေပၚဆံုး ထပ္မွာေတာ့ ဗိုလ္မႉးစိုးစုိးရဲ႕ ႏုိင္ငံျခားေရး ရံုးခန္းနဲ႔
ဆက္သြယ္ေရး ရံုးခန္းေတြရွိပါတယ္။
က်ေနာ္တို႔ကို
ေနရာခ်ေပးတဲ့ အခန္းကေတာ့ စားဖိုေဆာင္ေဘးက အိပ္ခန္းတခု။ ၂
ေယာက္ အိပ္ခန္းဆိုေပမယ့္ ေက်ာင္းသားေတြရဲ႕ ထံုးစံအတိုင္း က်ေနာ္တို႔ ၅
ဦးနဲ႔ အရင္ရိွေနတဲ့ ဦးေအာင္ခင္၊ ကုိ၀ဏၰ၊ ကုိစိန္ဟန္ အပါဝင္ အားလံုး ၈ ဦး
အိပ္ရပါတယ္။ ေရွ႕မွာ ေျပာခဲ့သလို ေတာထဲေရာက္ေရာက္ျခင္း အသားနားဆံုး
အေဆာက္အအံုအျဖစ္ ပထမဆံုး သတိထားမိတာဟာ ထီးထာေခ်ာင္းဝက KNDO ရံုးျဖစ္သလို
မဲေဆာက္မွာ ပထမဆံုး သတိထားမိတာဟာ ဗိုလ္မႉး စိုးစိုး အိမ္ပဲျဖစ္ပါတယ္။
ထမင္းစား
တဲ့စားပဲြကုိ ၾကည့္ပါဦး။ အေရာင္ေတာက္ေနတဲ့ ကၽြန္းသစ္သား၊
ေတာပိေတာက္သားေတြနဲ႔ လုပ္ထားတဲ့ ဆုံလည္စားပဲြႀကီး။ ဆုံလည္စားပဲြနဲ႔ တခါမွ
ထမင္းမစားဘူးတဲ့ က်ေနာ့္ခမ်ာ
စားပဲြႀကီး လည္ေနလုိ႔ ကုိယ္စားခ်င္တဲ့ဟင္းကုိ ဘယ္လုိယူရမွန္း မသိ
ျဖစ္ရပါတယ္။ ေနာက္ ဧည့္ခန္းထဲက စားပဲြေတြ၊ ကုလားထိုင္ေတြကုိလည္း
ၾကည့္ပါဦး။ ကၽြန္းသစ္ေတြ၊ ေတာပိေတာက္ေတြနဲ႔ အေသခ်ာလုပ္ထားတဲ့
ပရိေဘာဂေတြပါ။ အဝင္အထြက္လုပ္ေနတဲ့
ကားေတြကလည္း က်ေနာ္ ဗမာျပည္မွာ တုန္းက မျမင္ဘူးတဲ့ ကားေတြ၊ ဆိုင္ကယ္ေတြ။
လူေတြကလည္း ကရင္ေတြအျပင္ ထုိင္းေတြ၊ လူျဖဴေတြ စုံလုိ႔ပါပဲ။
အဲဒီကာလက ဗိုလ္မႉးစိုးစိုးရဲ႕ ၾသဇာႀကီးပံုကိုလည္း ၾကည့္ပါဦး။
သူ႔အိမ္ေရွ႕က ဝရံတာမွာ စားပဲြ တလံုးနဲ႔ ခရီးသြားလက္မွတ္ ထုတ္ေပးေနတဲ့ KNU
အရာရွိတဦးဆိုရင္ တေနကုန္ မအားရပါဘူး။ ဗိုလ္မႉးစိုးစိုး လက္မွတ္ပါတဲ့
ေကာ္သူးေလအစိုးရ ခရီးသြား လက္မွတ္နဲ႔ မဲေဆာက္တခြင္လံုး သြားလို႔ရတယ္၊
ဘယ္ထိုင္းရဲကမွ မဖမ္းဘူး။ သာမန္အရပ္သားေတြက တေစာင္ ၁ဝ ဘတ္လား၊ ၂၀ လားမသိ ေပးရပါတယ္။ က်ေနာ္တို႔ ေက်ာင္းသားေတြကိုေတာ့ တျပားမွ
မယူတဲ့အျပင္ (ေပးစရာလည္း တျပားမွ မရိွပါ) ကရင္ စစ္သားေတြနဲ႔ တန္းတူထားၿပီး
စပယ္ရွယ္ ကရင္စစ္သားအျဖစ္ သတင္း ၂ ပတ္စာ လက္မွတ္ေတြ ေပးထားပါတယ္။
ဥကၠဌ ကုိထြန္းေအာင္ေက်ာ္အပါ၀င္ ပထမ-အၾကိမ္ ABSDF ဗဟုိေကာ္မီတီ၀င္မ်ား။
က်ေနာ္မွတ္မိသေလာက္ ဗိုလ္မႉးစိုးစိုးအိမ္မွာ တပတ္ေလာက္ေသာင္တင္ၿပီး
ေနာက္မွာေတာ့ က်ေနာ္တို႔ ၆ ဦးကို မယ္သေလ (ေခၚ) ကလက္ေဒး စခန္းဆီ
ပို႔လိုက္ပါတယ္။ မဲေဆာက္ကေန
ေသာင္းရင္းျမစ္တေလ်ာက္ ၃ နာရီေလာက္
ေမာင္းရတဲ့ ကားလမ္းကေတာ့
ကန္ခ်နပူရီ – တာ့ခ္ -မဲေဆာက္ လမ္းလို မေခ်ာေမြ႕ေတာ့ပါဘူး။ က်ေနာ္တို႔
ထားဝယ္ဘက္က ကားလမ္းေတြလို ခပ္က်ဥ္းက်ဥ္းနဲ႔ အေကြ႕အေကာက္မ်ားၿပီး ေတာင္တက္၊
ေတာင္ဆင္း လမ္းေတြမ်ားပါတယ္။ ဒါေပမယ့္ ေသာင္းရင္းျမစ္ကို
ၾကည့္လိုက္၊ ျမစ္ေဘး ျမန္မာဖက္အျခမ္းက ေတာင္ကတုံး ေတြကိုေငးလိုက္၊
ထို္င္းဘက္က ကၽြန္းသစ္ေတာ စုိက္ခင္းေတြကိုေငးလိုက္၊ လမ္းတေလ်ာက္က ထိုင္း –
ကရင္ရြာ ေစ်းတန္းမွာရပ္လိုက္နဲ႔ အိပ္ငိုက္စျပဳခိ်န္မွာ ကလက္ေဒးစခန္းရဲ႕
ထိုင္းဘက္ကမ္း မယ္သရီ ေစ်းတန္းကို ေရာက္လာပါတယ္။
က်ေနာ့္စိတ္ထဲ
ေမာ္လၿမိဳင္ၿမိဳ႕ ေဒါင္းမင္းလမ္းထဲက ေမွာင္ခိုတန္းကို ေရာက္သြားသလိုပါပဲ။
အဝတ္အထည္၊ လွ်ပ္စစ္ပစၥည္း၊ ေရခိ်ဳးခန္းသံုးပစၥည္း၊ အစားအေသာက္အစံုရတဲ့
တကယ့္ေစ်းတန္းႀကီးျဖစ္ပါတယ္။
ထိုင္းဘက္ကမ္းက ေစ်းဆိုေပမယ့္ ထိုင္းလို မတတ္လည္း ျပႆနာ မရိွပါဘူး။
အားလံုးက ကရင္နဲ႔ ဗမာစကားကို နားလည္ၾကပါတယ္။ ေနာက္ ေမာ္လၿမိဳင္
ေမွာင္ခိုေစ်း ဆိုတာကလည္း ဒီေစ်းက ပစၥည္းေတြ ျဖစ္ေနၿပီး ႏြားလာေရာင္းတဲ့
လူေတြက နည္းမိ်ဳးစံုနဲ႔ ေရြဂြန္း – လိႈင္းဘဲြ႕အထိသယ္ၿပီး ဘားအံ –
ေမာ္လၿမိဳင္ အထိ သြားသြင္းၾကတယ္လို႔ သိရပါတယ္။
အဲဒီေစ်းတန္းမွာ သူမ်ားတိုက္တဲ့ အေအးတခြက္စီ ေသာက္ၿပီးေနာက္မွာေတာ့
ကလက္ေဒးဘက္ကို က်ေနာ္တို႔ကူးပါတယ္။ ေပ ၅၀ ေလာက္အက်ယ္ရွိတဲ့
ေသာင္ရင္းျမစ္ထဲမွာေတာ့ “ဖုတ္ – ဖုတ္ – ဖုတ္” ျမည္ေနတဲ့ အင္ဂ်င္အား
ေကာင္းေကာင္း စက္ေလွ ၃ဝ ေလာက္ ဟိုဘက္ဒီဘက္
ေခါက္တုန္႔ ေခါက္ျပန္
ေျပးေနပါတယ္။ ခရီးသည္ဆိုရင္ ၅ ဘတ္၊ ကိ်ဳဖိုး (ေက်ာင္းသား) ဆိုရင္ေတာ့
အလားကား တင္ေပးပါတယ္။
ေနာက္မွ က်ေနာ္ျပန္သိရတာက အဲဒီစက္ေလွ ၃ဝ ေက်ာ္ဟာ ဟိုဘက္ဒီဘက္ ကူးေနတာ
မဟုတ္္ဘဲ ေသာင္ရင္းျမစ္ တေလ်ာက္ေျပးေနတဲ့ စက္ေလွေတြျဖစ္ပါတယ္။ ဒါေပမယ့္
က်ေနာ္တို႔ ေရာက္သြားတဲ့အခိ်န္မွာ ကလက္ေဒးရဲ႕ အေပၚဘက္ (ေသာင္းရင္းျမစ္က
ေျပာင္းျပန္စီးတဲ့အတြက္ ျမစ္ေရစီး အတုိ္င္း ေခၚမယ္ဆိုရင္ ေအာက္ဘက္လုိ႔
ေခၚသင့္ပါတယ္) ၃၊ ၄ မိုင္ေလာက္ အကြာက မဲသေဝါေတာင္မွာ တိုက္ပဲြ
ျဖစ္ေနတဲ့အတြက္ ေလွအသြားအလာ ရပ္ၿပီး ဒိီမွာလာစုပံု ေနတာ ျဖစ္ပါတယ္။ အဲဒီ
မဲသေဝါ ေတာင္ကိုလည္း အခု က်ေနာ္တို႔ ေရာက္ေနတဲ့ ကလက္ေဒးကေန ခပ္၀ါး၀ါးေလး
လွမ္းျမင္ ေနရပါတယ္။
ကလက္ေဒးဘက္ေရာက္ေတာ့ KNU အေကာက္ဂိတ္က ေမးျမန္းစစ္ေဆးၿပီး ေက်ာင္းသား
စခန္းဆီ က်ေနာ္တို႔ကို ပို႔လိုက္ ပါတယ္။ ေက်ာင္းသားစခန္းဆိုေပမယ့္
က်ေနာ္တို႔ မင္းသမီးစခန္းလုိ ေတာႀကိဳအုံၾကားမွာ မဟုတ္ပါဘူး။ နယ္စပ္ဂိတ္နဲ႔
၅ မိနစ္ေတာင္ လမ္းေလ်ာက္စရာမလိုတဲ့ ကလက္ေဒးရြာေဘးက ေတာင္ကုန္းေလးေပၚမွာပါ။
ေဆာက္ထားတဲ့ အေဆာက္အဦ ေတြကလည္း က်ေနာ္တုိ႔စခန္းလုိ
၀ါးတဲစုတ္မဟုတ္ပါဘူး။ ေတာင္ကုန္းထိပ္က အေဆာက္ အဦဆုိရင္
ေရွမွာက်ေနာ္ေျပာခဲ့တဲ့ ထီးထားက KNDO ရံုးထက္ ၂ ဆ ေလာက္ သားနားၿပီး အထက
ေက်ာင္းတခု ပုံစံလုိမ်ဳိး ျဖစ္ေနပါတယ္။
အဲဒီေဘးက ေက်ာင္းသားေတြေနတဲ့
ဘားတုိက္ကလည္း သစ္သားေတြနဲ႔ အေသအခ်ာ ေဆာက္ထားလုိ႔
အေတာ္ေကာင္းတဲ့ ေနရာေတြပါ။ တကယ္ကေတာ့ ခုနက အသားနားဆုံးလုိ႔
က်ေနာ္ေျပာလုိက္တဲ့ အေဆာက္ဦဟာ မေန႔တေန႔ ကမွ DAB (ဒီမိုကရက္တစ္
မဟာမိတ္အဖဲြ႔) ညီလာခံ လုပ္ခဲ့တဲ့ေနရာလုိ႔ သိရပါတယ္။
DAB
ရဲ႕ ထူးျခားခ်က္ကေတာ့ အရင္ကရိွၿပီးသား တိုင္းရင္းသား လက္နက္ကိုင္
၁ဝ-ဖဲြ႕ျဖစ္တဲ့ (ကရင္၊ ကရင္နီ၊ ကခ်င္၊ မြန္၊ ရခိုင္၊ ပေလာင္၊ ပအိုဝ္း
အပါ၀င္) NDF ေခၚ အမိ်ဳးသား ဒီမိုကေရစီ တပ္ေပါင္းစုနဲ႔ အသစ္ေရာက္လာတဲ့ ၁၂
ဖြဲ႕၊ (ABSDF, CRDB, ABYMU, အပါ၀င္…) အထူးသျဖင့္ ေက်ာင္းသားအုပ္စုေတြနဲ့
ပူးတဲြဖဲြစည္းလိုက္တဲ့ အသစ္စက္စက္ မဟာမိတ္ တပ္ေပါင္းစု ျဖစ္ပါတယ္။ ဥကၠ႒
ကေတာ့ အဲဒီကာလရဲ႕ ထံုးစံအတိုင္း KNU ဥကၠ႒ ဗိုလ္ခ်ဳပ္ျမ၊ ဒုတိယဥကၠ႒ ေတြကေတာ့
KIO ဥကၠ႒ ဘရန္ဆိုင္း၊ မြန္ျပည္သစ္ ဥကၠ႒ ႏုိင္ေရႊက်င္၊ ျပည္ခ်စ္ပါတီဥကၠ႒
ဦးသြင္နဲ႔ အတြင္းေရးမႉး အျဖစ္ကေတာ့ ေက်ာင္းသားေတြနဲ႔ အတူ အသစ္ပါလာတဲ့
အေမရိကန္ျပန္ CRDB အဖဲြ႕က ျပည္ခ်စ္ လက္ေဟာင္း ဦးတင္ေမာင္ဝင္းတို႔ပါ။
တြဲဘက္အတြင္းေရးမႉး အျဖစ္ကေတာ့ က်ေနာ္တုိ႔ ABSDF ရဲ႕
အေထြေထြအတြင္းေရးမႉး ကုိသန္း၀င္း ျဖစ္ပါတယ္။
ဥကၠဌ ဗုိလ္ခ်ဳပ္ျမအပါ၀င္ ပထမ အၾကိမ္ DAB ဗဟုိေကာ္မီတီ။
အဲဒီ DAB ညီလာခံ
လုပ္ၿပီးသြားတဲ့ေနရာမွာ က်ေနာ္တုိ႔အုပ္စုကိုိ ေနရာခ်ေပးပါတယ္။ အဲဒီကာလ
ABSDF ဗဟုိေကာ္မတီ၀င္ေတြကေတာ့ ဥကၠ႒ ကုိထြန္းေအာင္ေက်ာ္၊ ဒု – ဥကၠ႒
ကုိ၀င္းမုိး၊ အေထြေထြ အတြင္းေရးမႉး ကုိသန္း၀င္း၊ တဲြဘက္
အေထြေထြအတြင္းေရးမႉး ၁ – ကုိေအာင္နုိင္ (အခု VOA – ျမန္မာပုိင္း ဌာနမႉး
ကုိသန္းလြင္ထြန္း) တဲြဘက္ အတြင္းေရးမႉး ၂ – ဆလုိင္းကုိကုိဦးတုိ႔
ျဖစ္ပါတယ္။
ဗဟုိဦးေဆာင္ ေကာ္မတီ၀င္ေတြ အျဖစ္ကေတာ့ ႏုိင္ငံျခားေရး ဌာနအတြက္
စုိင္းမ်ဳိး၀င္းထြန္း (အခု ရွမ္းေခါင္းေဆာင္ ဦးခြန္ထြန္းဦးတုိ႔နဲ႔အတူ
နွစ္ရွည္ ေထာင္က်ခံေနရသူ)၊ စည္းရံုးေရး ဌာနအတြက္ ကိုထြန္းဦး (က်ဆုံး)
ျပန္ၾကားေရး ဌာနအတြက္ ကုိကိုေလး၊ ေထာက္ပံ့ေရး ဌာနအတြက္ ကုိၾကည္မုိး၊
လုပ္ငန္းစစ္ေဆးေရး ဌာနအတြက္ ကိုေမာင္ေမာင္သိန္း၊ စည္းကမ္း ထိမ္းသိမ္းေရး
ဌာနအတြက္ ကုိေက်ာ္လင္း၊ က်န္းမာေရး ဌာနအတြက္ ေဒါက္တာသာသာဦး၊ ဘ႑ာေရး
ဌာနအတြက္ ကုိေက်ာ္ထင္ (မင္းသမီးစခန္းက ကုိေက်ာ္ထင္နဲ႔ အမည္တူသူ) တုိ႔
ျဖစ္ပါတယ္။
ကလက္ေဒးစခန္းရဲ႕ အေျခအေနက က်ေနာ္တုိ႔ စခန္းနဲ႔ တျခားစီပါ။ ကုန္သြယ္ေရးလမ္းေၾကာင္း
ျဖစ္တဲ့အျပင္ သူပုန္ေတြရဲ႕ တပ္ေပါင္းစုညီလာခံ
က်င္းပတဲ့ေနရာလည္း ျဖစ္ေနတဲ့အတြက္ ကလက္ေဒးဟာ က်ေနာ္တုိ႔ ေရာက္ခဲ့ဖူးတဲ့
ထီးထာ။ ထီးခီးေတြထက္ အဆမတန္ စည္ကားေ၀ဆာ ေနပါတယ္။
စခန္းတြင္း အစားအေသာက္ကလည္း က်ေနာ္တုိ႔စခန္းထက္ အမ်ားႀကီး ပုိအဆင္ေျပေနတာကုိ
ေတြ႕ရပါတယ္။ ညေနပုိင္း ရြာထဲခဏ၀င္လည္ေတာ့လည္း အိမ္ေတြက ျဖစ္သလုိေဆာက္ထားတာ မဟုတ္ဘဲ ရပ္ကြက္ပုံစံ
အကြက္ခ် ေဆာက္ထားတာ ျဖစ္ၿပီး လွ်ပ္စစ္မီးလုိုင္းေတြ၊ ေရပုိက္ေတြပါ
တပ္ေပးထားတာကို ေတြ႕ရေတာ့ KNU မွာလည္း ၿမိဳ႕ျပ အုပ္ခ်ဳပ္ေရးစနစ္
ရွိသားပဲလုိ႔ က်ေနာ္ ေတြးလုိက္မိပါတယ္။
ေစ်းဆုိင္တန္းေတြ
အပါအ၀င္ ဒီရြာထဲမွာ အိမ္ေျခ ၁၀၀ ေက်ာ္ေလာက္ ရွိမယ္လို႔ ခန္႔မွန္းရေပမယ့္
တရြာလုံးအႏွံ႔ေတာ့ က်ေနာ္ မသြားျဖစ္ခဲ့ပါဘူး။ ကလက္ေဒးစခန္းမွာ
ေက်ာင္းသားဦးေရ ၁၀၀ ေက်ာ္ေလာက္ ရွိၿပီး အမ်ားစုဟာ
ကရင္ျပည္နယ္္ ဘားအံ၊ လႈိင္းဘဲြ႕နဲ႔ ေရြဂြန္းဘက္က ျဖစ္ၾကပါတယ္။ အဲဒီကာလက
စခန္းေကာ္မတီထဲမွာ က်ေနာ္ မွတ္မိေနသူ တခ်ဳိ႕ကေတာ့ ေဒါက္တာ ေက်ာ္သက္ဦး၊
ကိုအာယု၊ ကုိေ၀လင္းဇင္ (အခုထိ ABSDF ဗဟုိမွာတာ၀န္ထမ္းဆဲ)၊ ကိုဝင္းျမင့္
(အခု BBC သတင္းဌာနမွာ တာ၀န္ထမ္းေနသူ) ကိုေအာင္ဟိန္း (ေနာက္ပိုင္းမွာ
ဗဟုိေကာ္မတီ ျဖစ္လာၿပီးမွ ေငြဘုန္းၿပီး ျပည္တြင္း
ျပန္ဝင္သြားသူ) ေနာက္
တိုင္းဂါးတို႔ညီေနာင္ကို က်ေနာ္ သတိထားမိပါတယ္။
ဗဟိုဘက္က ေရာက္ေနတဲ့ ေခါင္းေဆာင္ေတြထဲက က်ေနာ္တို႔နဲ႔ တဲြရသူတဦးကေတာ့
ေရွ႕ေန ကိုေက်ာ္လင္းျဖစ္ပါတယ္။ က်ေနာ္တို႔လိုပဲ KNU နယ္ေျမေကာ္မတီ အတြက္
ေရာက္ေနတဲ့ တျခားစခန္းက ကိုယ္စားလွယ္ေတြ ထဲမွာေတာ့ သီေဘာဘိုးက ကို ခင္ေမာင္စိုးနဲ႔ ကိုတင္ေဌး၊ ဝမ္ခါ (ေကာ့မူးရာ) စခန္းက
ကိုသိန္းထြန္းနဲ႔ ကိုသိန္းလြင္၊ သံလြင္စခန္းက ကိုသိန္းဆန္း၊
ကိုေမာင္ေမာင္တိတ္နဲ႔ ကိုေအာင္သူ၊ ေစာထ စခန္းက ကုိေမာင္ေမာင္စုိး၊
ကိုုသိန္းထိုက္နဲ႔ ကိုေဇာ္ခင္တို႔ ဆုိုတာ က်ေနာ့္စိတ္ထဲ အမွတ္ရေနပါတယ္။
။
မွတ္ခ်က္။ ။ ၿပီးခဲ့သည့္ ႏိုဝင္ဘာ ၁ ရက္ေန႔က ေက်ာင္းသားတပ္မေတာ္
(ABSDF) ၂၃ ႏွစ္ျပည့္ခဲ့ၿပီ ျဖစ္သည္။ အထက္ပါ ေဆာင္းပါးထဲမွ အျဖစ္အပ်က္သည္
လြန္ခဲ့သည့္ ၂၃ ႏွစ္ ABSDF ဖြဲ႕စည္းၿပီးကာစ အေျခအေနကို ေဖာ္က်ဴးပါသည္ –
ဧရာဝတီ။
====================================================
ထက်အောင်ကျော် on November 3, 2011 4:00 pm
အောက်မေ့ဖွယ် ဧရာဝတီမဂဇင်း။
နယ်မြေကော်မတီ ဖွဲ့စည်းခြင်း (သို့မဟုတ်) မဲဆောက်ဒေသသို့ ပထမခရီးစဉ်။
မဲဆောက်နဲ့ ထိုင်းနိုင်ငံထဲ ပထမဆုံးအကြိမ် ခရီးထွက်ရတဲ့ နေ့ရက်အတိ အကျကိုပြန်မမှတ်မိတော့ပေမယ့် အဲဒီနေ့ဟာ နိုဝင်ဘာလ ဒုတိယပတ်၊ တတိယပတ်လောက် ဖြစ်မယ်လို့ ခန့်မှန်းရပါတယ်။ ကျနော့်ဘဝအတွက် ပထမဆုံး နိုင်ငံခြားခရီးစဉ် ဆိုပြီး စိတ်ထဲမှာ အတော်လှုပ်ရှား နေပါတယ်။ မြို့ပြ အငွေ့အသက်၊ မော်တော်ကား အခိုးအငွေ့တွေနဲ့ ၂ လကျော် ဝေးနေတဲ့ကျနော့်အဖို့ လွန့်တိုး (ပေါင်မုန့်ကား) မီနီဗင်လေးကို စီးပြီး ထီးခီးကနေ ထိုင်းဘက်ကို ထွက်လာ ကတည်းက အားလုံးဟာအသစ်အဆန်း ဖြစ်နေပါတယ်။
သီဘောဘိုးစခန်းမှာကျင်းပတဲ့ ABSDF ဖွဲ့စည်းရေးအစည်းဝေးရောက် ကိုယ်စားလှယ်များ
ကားမောင်းသူက ပဒိုသူရယ်၊ သူဘေးမှာက ထိုင်း ထောက်လှမ်းရေး တဦးပါတယ်လို့ ထင်ပါတယ်။ ကားနောက်ခန်း မှာကတော့ ကိုယ်စားလှယ် အသစ်ကျပ်ချွတ် ၅ ဦးဖြစ်တဲ့ ကျနော်၊ ကိုကျော်ကျော်၊ ကိုကျော်ထင်၊ ကိုအောင်သန်းဝင်း၊ ဦးစံရွှေအောင်နဲ့ KNU က တဦးပါတယ်လို့ မှတ်မိနေပါတယ်။
တနာရီကျော်ကျော်လောက် နယ်စပ် တောလမ်းအတိုင်း မောင်းပီးတာနဲ့ ဖြူးနေတဲ့ ကားလမ်းမကြီးကိုမြင်ရပြီး ၄ လမ်းမောင်း ကားလမ်းရဲ့ အလယ်မှာ မြက်ခင်းတွေ၊ ပန်းပင်တွေ၊ သစ်ပင်ငယ်တွေကို စနစ်တကျ စိုက်ထားတဲ့ပုံတွေက ကျနော့်မျက်စိထဲ အခုထိ မြင်နေဆဲဖြစ်ပါတယ်။
ရန်ကုန်-ပြည် လမ်းမမှာ စက်ဘီးစီးရင်း အကောင်းဆုံး ကားလမ်းလို့ ထင်ခဲ့တဲ့ ကျနော့်အဖို့ ထိုင်းနိုင်ငံက ဒီလမ်းပေါ် မှာသာ စက်ဘီးစီးလိုက်ရရင် စံချိန်အများကြီး တက်လာမယ်လို့ စိတ်ကူးယဉ်နေမိပါတယ်။
ဒီလို စိတ်ကူးယဉ်လို့ ကောင်းတုန်း ကျနော်တို့ထဲက တယောက်က ငှက်ဖျား တက်လာပါတယ်။ အကြောင်းလိုက်ရှာတော့ အဲယားကွန်းဖွင့်ထားလို့ အအေးမိတာ တဲ့။ ကံကောင်း တာကတော့ အဲဒီအချိန်အထိ ကျနော်က ငှက်ဖျား တခါမှ မဖြစ်ဘူး သေးတာပါ။ အဲယားကွန်းပိတ်ပြီး မှန်ပြူတင်းဖွင့် မောင်းတော့လည်း လေ တိုက်လွန်းတာကြောင့် အလုပ်မဖြစ်၊ ဒါနဲ့ ဓာတ်ဆီဆိုင်မှာ ခဏနား၊ ဆီဖြည့်၊ ထမင်းစားမယ်လုပ်တော့ ကျနော်တို့ ပုံစံတွေကို ဘေးလူတွေက ကွက်ကြည့် ကွက်ကြည့် လုပ်နေတာကို သတိထားမိလိုက်ပါတယ်။
ကြည့်မယ်ဆိုလည်း ကြည့်စရာပါပဲ။ ကျနော်တို့ရဲ့ ဝတ်စားဆင်ယင်မှုက ထိုင်းတွေနဲ့ ဘာမှမဆိုင်ဘဲ။
“ထိုင်း ထဲသွားရင် အဲဒီလုံချည်တွေနဲ့ မဖြစ်ဘူး။ ငါတို့ဘောင်းဘီတွေ အင်္ကျီတွေယူသွား” ဆိုပြီး ကိုတင်လေးနဲ့အဖွဲ့က သူတို့ရဲ့ အဝတ်စားတွေကို ပေးလိုက်ပေမယ့် ဆင်ကြယ်ဖိနပ်ကတော့ သူတို့မှာလည်း တရံပဲ ရှိတဲ့အတွက် မပေးလိုက်ကြ ပါဘူး။ အဲဒီတော့ ကျနော်တို့မှာ အပေါ်ပိုင်းကို အငှားဝတ်စုံတွေနဲ့ ပုံမကျ ပန်းမကျဆင်းမြန်း၊ ဖိနပ်ကျတော့ စစ်သင်တန်း တက်ဖို့ ထုတ်ပေးထားတဲ့ ဗိယက်နမ် (ကားတာယာကို လှီးပြီး ကြိုးသိုင်း ဖိနပ်အဖြစ် အသွင်ပြောင်းထားတဲ့) စစ်ဖိနပ်တွေနဲ့။
နင်းဂျား လိုလို ဘာလိုလိုနဲ့ သူများ မျက်စိနောက်စရာ။ ဒါမှမဟုတ် ဘယ်ကလူတွေလဲ ဆိုပြီး ထိုင်းတွေအတွက် ကြောက်ရွံ့ စိုးရိမ်စရာ ဖြစ်နေနိုင်ပါတယ်။
ထမင်းမှာစားတဲ့ အခါမှာလည်း ထိုင်း ထမင်းဟင်းကို ကျနော်တို့ မစားတတ်သေးပါဘူး။ ပန်းကန် တချပ်ထဲမှာ ထမင်းရော ဟင်းပါ ရောထည့်ပြီး တခါစား ထည့်ပေးလိုက်တာကို ကျနော်တို့က ထမင်းကို အကုန်စား၊ ဟင်းဖတ်တွေကို ချန်ပြီး နောက်ထပ် ထမင်းချည်းသက်သက် ထပ်မှာတဲ့ အခါမှာတော့ ဆိုင်ရှင်ရော၊ ကျနော်တို့ကို လိုက်ပို့တဲ့ ထောက်လှမ်းရေးရော ပြုံးစိစိ ဖြစ်သွားပါတယ်။
ဒီတော့မှ ထမင်းကို များများစားပြီး ဟင်းကို နည်းနည်းပဲ စားခွင့်ရခဲ့တဲ့ ငါတို့ရဲ့ အကျင့်ဆိုးက သူများတွေအတွက် ရယ်စရာ ဖြစ်နေပါလား ဆိုပြီး သတိပြုမိပါတယ်။
ဒီလို ထူးဆန်းတဲ့အတွေ့အကြုံ သစ်တွေနဲ့ ခရီးထွက်လာခဲ့တဲ့ ကျနော်တို့ အဖွဲ့ဟာ ည ၈ နာရီ၊ ၉ နာရီ လောက်မှာတော့ မဲဆောက်မြို့က ဗိုလ်မှူး စိုးစိုးအိမ်ကို ရောက်သွားပါတယ်။ ကျနော်မှတ်မိသလောက် အဲဒီတုန်းက ဗိုလ်မှူးစိုးစိုး အိမ်ရှေ့ လမ်းဟာ မြေနီလမ်းပဲ ရှိသေးပြီး မဲဆောက် – မြဝတီ လိုင်းကားတွေလည်း အဲဒီမြေနီလမ်းပေါ်မှာ ပြေးနေတာကို နောက်တနေ့ မနက်မှာ မြင်ခဲ့ရပါတယ်။
ဗိုလ်မှူးစိုးစိုးအိမ်မှာ ကျနော်တို့ ပထမဆုံး တွေ့ခဲ့တဲ့ ပုဂ္ဂိုလ်တွေကတော့ အခု ဒေါက်တာစင်သီယာမောင် ဆေးခန်းမှာ တာဝန် ထမ်းနေကြတဲ့ ကိုစိန်ဟန်၊ ကိုဝဏ္ဏ၊ နော်ထူးနဲ့ KNU ဆက်သွယ်ရေးက ဗိုလ်တဦးနဲ့ ခရီးသွားလက်မှတ် ထုတ်ပေးတဲ့ ဗိုလ်တဦးတို့ ဖြစ်ပါတယ်။ ဗိုလ်မှူးစိုးစိုး အိမ်ကတော့ အခု ရှိနေတဲ့ အတိုင်းပါပဲ။ ဝင်ပေါက်မှာ အလွန်လေးလံပြီး အားစိုက် တွန်းမှပွင့်တဲ့ သံတံခါးကြီး တခုရှိပါတယ်။ အဲဒီတခါးရဲ့ဘေးမှာ အိမ်ငယ်တလုံးရှိပါတယ်၊ နောက်မှာတော့ ၃ ထပ်တိုက်၊ အောက်ဆုံးထပ်မှာ ဧည့်ခန်း၊ အပေါ်ထပ်မှာတော့ အိပ်ခန်းနဲ့ အထူးဧည့်ခန်း၊ အပေါ်ဆုံး ထပ်မှာတော့ ဗိုလ်မှူးစိုးစိုးရဲ့ နိုင်ငံခြားရေး ရုံးခန်းနဲ့ ဆက်သွယ်ရေး ရုံးခန်းတွေရှိပါတယ်။
ကျနော်တို့ကို နေရာချပေးတဲ့ အခန်းကတော့ စားဖိုဆောင်ဘေးက အိပ်ခန်းတခု။ ၂ ယောက် အိပ်ခန်းဆိုပေမယ့် ကျောင်းသားတွေရဲ့ ထုံးစံအတိုင်း ကျနော်တို့ ၅ ဦးနဲ့ အရင်ရှိနေတဲ့ ဦးအောင်ခင်၊ ကိုဝဏ္ဏ၊ ကိုစိန်ဟန် အပါဝင် အားလုံး ၈ ဦး အိပ်ရပါတယ်။ ရှေ့မှာ ပြောခဲ့သလို တောထဲရောက်ရောက်ခြင်း အသားနားဆုံး အဆောက်အအုံအဖြစ် ပထမဆုံး သတိထားမိတာဟာ ထီးထာချောင်းဝက KNDO ရုံးဖြစ်သလို မဲဆောက်မှာ ပထမဆုံး သတိထားမိတာဟာ ဗိုလ်မှူး စိုးစိုး အိမ်ပဲဖြစ်ပါတယ်။
ထမင်းစား တဲ့စားပွဲကို ကြည့်ပါဦး။ အရောင်တောက်နေတဲ့ ကျွန်းသစ်သား၊ တောပိတောက်သားတွေနဲ့ လုပ်ထားတဲ့ ဆုံလည်စားပွဲကြီး။ ဆုံလည်စားပွဲနဲ့ တခါမှ ထမင်းမစားဘူးတဲ့ ကျနော့်ခမျာ စားပွဲကြီး လည်နေလို့ ကိုယ်စားချင်တဲ့ဟင်းကို ဘယ်လိုယူရမှန်း မသိ ဖြစ်ရပါတယ်။ နောက် ဧည့်ခန်းထဲက စားပွဲတွေ၊ ကုလားထိုင်တွေကိုလည်း ကြည့်ပါဦး။ ကျွန်းသစ်တွေ၊ တောပိတောက်တွေနဲ့ အသေချာလုပ်ထားတဲ့ ပရိဘောဂတွေပါ။ အဝင်အထွက်လုပ်နေတဲ့ ကားတွေကလည်း ကျနော် ဗမာပြည်မှာ တုန်းက မမြင်ဘူးတဲ့ ကားတွေ၊ ဆိုင်ကယ်တွေ။ လူတွေကလည်း ကရင်တွေအပြင် ထိုင်းတွေ၊ လူဖြူတွေ စုံလို့ပါပဲ။
အဲဒီကာလက ဗိုလ်မှူးစိုးစိုးရဲ့ သြဇာကြီးပုံကိုလည်း ကြည့်ပါဦး။ သူ့အိမ်ရှေ့က ဝရံတာမှာ စားပွဲ တလုံးနဲ့ ခရီးသွားလက်မှတ် ထုတ်ပေးနေတဲ့ KNU အရာရှိတဦးဆိုရင် တနေကုန် မအားရပါဘူး။ ဗိုလ်မှူးစိုးစိုး လက်မှတ်ပါတဲ့ ကော်သူးလေအစိုးရ ခရီးသွား လက်မှတ်နဲ့ မဲဆောက်တခွင်လုံး သွားလို့ရတယ်၊ ဘယ်ထိုင်းရဲကမှ မဖမ်းဘူး။ သာမန်အရပ်သားတွေက တစောင် ၁ဝ ဘတ်လား၊ ၂၀ လားမသိ ပေးရပါတယ်။ ကျနော်တို့ ကျောင်းသားတွေကိုတော့ တပြားမှ မယူတဲ့အပြင် (ပေးစရာလည်း တပြားမှ မရှိပါ) ကရင် စစ်သားတွေနဲ့ တန်းတူထားပြီး စပယ်ရှယ် ကရင်စစ်သားအဖြစ် သတင်း ၂ ပတ်စာ လက်မှတ်တွေ ပေးထားပါတယ်။
ဥက္ကဌ ကိုထွန်းအောင်ကျော်အပါဝင် ပထမ-အကြိမ် ABSDF ဗဟိုကော်မီတီဝင်များ။
ကျနော်မှတ်မိသလောက် ဗိုလ်မှူးစိုးစိုးအိမ်မှာ တပတ်လောက်သောင်တင်ပြီး နောက်မှာတော့ ကျနော်တို့ ၆ ဦးကို မယ်သလေ (ခေါ်) ကလက်ဒေး စခန်းဆီ ပို့လိုက်ပါတယ်။ မဲဆောက်ကနေ
သောင်းရင်းမြစ်တလျောက် ၃ နာရီလောက် မောင်းရတဲ့ ကားလမ်းကတော့ ကန်ချနပူရီ – တာ့ခ် -မဲဆောက် လမ်းလို မချောမွေ့တော့ပါဘူး။ ကျနော်တို့ ထားဝယ်ဘက်က ကားလမ်းတွေလို ခပ်ကျဉ်းကျဉ်းနဲ့ အကွေ့အကောက်များပြီး တောင်တက်၊ တောင်ဆင်း လမ်းတွေများပါတယ်။ ဒါပေမယ့် သောင်းရင်းမြစ်ကို ကြည့်လိုက်၊ မြစ်ဘေး မြန်မာဖက်အခြမ်းက တောင်ကတုံး တွေကိုငေးလိုက်၊ ထိုင်းဘက်က ကျွန်းသစ်တော စိုက်ခင်းတွေကိုငေးလိုက်၊ လမ်းတလျောက်က ထိုင်း – ကရင်ရွာ ဈေးတန်းမှာရပ်လိုက်နဲ့ အိပ်ငိုက်စပြုချိန်မှာ ကလက်ဒေးစခန်းရဲ့ ထိုင်းဘက်ကမ်း မယ်သရီ ဈေးတန်းကို ရောက်လာပါတယ်။
ကျနော့်စိတ်ထဲ မော်လမြိုင်မြို့ ဒေါင်းမင်းလမ်းထဲက မှောင်ခိုတန်းကို ရောက်သွားသလိုပါပဲ။ အဝတ်အထည်၊ လျှပ်စစ်ပစ္စည်း၊ ရေချိုးခန်းသုံးပစ္စည်း၊ အစားအသောက်အစုံရတဲ့ တကယ့်ဈေးတန်းကြီးဖြစ်ပါတယ်။ ထိုင်းဘက်ကမ်းက ဈေးဆိုပေမယ့် ထိုင်းလို မတတ်လည်း ပြဿနာ မရှိပါဘူး။ အားလုံးက ကရင်နဲ့ ဗမာစကားကို နားလည်ကြပါတယ်။ နောက် မော်လမြိုင် မှောင်ခိုဈေး ဆိုတာကလည်း ဒီဈေးက ပစ္စည်းတွေ ဖြစ်နေပြီး နွားလာရောင်းတဲ့ လူတွေက နည်းမျိုးစုံနဲ့ ရွေဂွန်း – လှိုင်းဘွဲ့အထိသယ်ပြီး ဘားအံ – မော်လမြိုင် အထိ သွားသွင်းကြတယ်လို့ သိရပါတယ်။
အဲဒီဈေးတန်းမှာ သူများတိုက်တဲ့ အအေးတခွက်စီ သောက်ပြီးနောက်မှာတော့ ကလက်ဒေးဘက်ကို ကျနော်တို့ကူးပါတယ်။ ပေ ၅၀ လောက်အကျယ်ရှိတဲ့ သောင်ရင်းမြစ်ထဲမှာတော့ “ဖုတ် – ဖုတ် – ဖုတ်” မြည်နေတဲ့ အင်ဂျင်အား ကောင်းကောင်း စက်လှေ ၃ဝ လောက် ဟိုဘက်ဒီဘက်
ခေါက်တုန့် ခေါက်ပြန် ပြေးနေပါတယ်။ ခရီးသည်ဆိုရင် ၅ ဘတ်၊ ကျိုဖိုး (ကျောင်းသား) ဆိုရင်တော့ အလားကား တင်ပေးပါတယ်။
နောက်မှ ကျနော်ပြန်သိရတာက အဲဒီစက်လှေ ၃ဝ ကျော်ဟာ ဟိုဘက်ဒီဘက် ကူးနေတာ မဟုတ်ဘဲ သောင်ရင်းမြစ် တလျောက်ပြေးနေတဲ့ စက်လှေတွေဖြစ်ပါတယ်။ ဒါပေမယ့် ကျနော်တို့ ရောက်သွားတဲ့အချိန်မှာ ကလက်ဒေးရဲ့ အပေါ်ဘက် (သောင်းရင်းမြစ်က
ပြောင်းပြန်စီးတဲ့အတွက် မြစ်ရေစီး အတိုင်း ခေါ်မယ်ဆိုရင် အောက်ဘက်လို့ ခေါ်သင့်ပါတယ်) ၃၊ ၄ မိုင်လောက် အကွာက မဲသဝေါတောင်မှာ တိုက်ပွဲ ဖြစ်နေတဲ့အတွက် လှေအသွားအလာ ရပ်ပြီး ဒီမှာလာစုပုံ နေတာ ဖြစ်ပါတယ်။ အဲဒီ မဲသဝေါ တောင်ကိုလည်း အခု ကျနော်တို့ ရောက်နေတဲ့ ကလက်ဒေးကနေ ခပ်ဝါးဝါးလေး လှမ်းမြင် နေရပါတယ်။
ကလက်ဒေးဘက်ရောက်တော့ KNU အကောက်ဂိတ်က မေးမြန်းစစ်ဆေးပြီး ကျောင်းသား စခန်းဆီ ကျနော်တို့ကို ပို့လိုက် ပါတယ်။ ကျောင်းသားစခန်းဆိုပေမယ့် ကျနော်တို့ မင်းသမီးစခန်းလို တောကြိုအုံကြားမှာ မဟုတ်ပါဘူး။ နယ်စပ်ဂိတ်နဲ့
၅ မိနစ်တောင် လမ်းလျောက်စရာမလိုတဲ့ ကလက်ဒေးရွာဘေးက တောင်ကုန်းလေးပေါ်မှာပါ။
ဆောက်ထားတဲ့ အဆောက်အဦ တွေကလည်း ကျနော်တို့စခန်းလို ဝါးတဲစုတ်မဟုတ်ပါဘူး။ တောင်ကုန်းထိပ်က အဆောက် အဦဆိုရင် ရှေမှာကျနော်ပြောခဲ့တဲ့ ထီးထားက KNDO ရုံးထက် ၂ ဆ လောက် သားနားပြီး အထက ကျောင်းတခု ပုံစံလိုမျိုး ဖြစ်နေပါတယ်။
အဲဒီဘေးက ကျောင်းသားတွေနေတဲ့ ဘားတိုက်ကလည်း သစ်သားတွေနဲ့ အသေအချာ ဆောက်ထားလို့
အတော်ကောင်းတဲ့ နေရာတွေပါ။ တကယ်ကတော့ ခုနက အသားနားဆုံးလို့ ကျနော်ပြောလိုက်တဲ့ အဆောက်ဦဟာ မနေ့တနေ့ ကမှ DAB (ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့) ညီလာခံ လုပ်ခဲ့တဲ့နေရာလို့ သိရပါတယ်။
DAB ရဲ့ ထူးခြားချက်ကတော့ အရင်ကရှိပြီးသား တိုင်းရင်းသား လက်နက်ကိုင် ၁ဝ-ဖွဲ့ဖြစ်တဲ့ (ကရင်၊ ကရင်နီ၊ ကချင်၊ မွန်၊ ရခိုင်၊ ပလောင်၊ ပအိုဝ်း အပါဝင်) NDF ခေါ် အမျိုးသား ဒီမိုကရေစီ တပ်ပေါင်းစုနဲ့ အသစ်ရောက်လာတဲ့ ၁၂ ဖွဲ့၊ (ABSDF, CRDB, ABYMU, အပါဝင်…) အထူးသဖြင့် ကျောင်းသားအုပ်စုတွေနဲ့ ပူးတွဲဖွဲစည်းလိုက်တဲ့ အသစ်စက်စက် မဟာမိတ် တပ်ပေါင်းစု ဖြစ်ပါတယ်။ ဥက္ကဋ္ဌ ကတော့ အဲဒီကာလရဲ့ ထုံးစံအတိုင်း KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်မြ၊ ဒုတိယဥက္ကဋ္ဌ တွေကတော့ KIO ဥက္ကဋ္ဌ ဘရန်ဆိုင်း၊ မွန်ပြည်သစ် ဥက္ကဋ္ဌ နိုင်ရွှေကျင်၊ ပြည်ချစ်ပါတီဥက္ကဋ္ဌ ဦးသွင်နဲ့ အတွင်းရေးမှူး အဖြစ်ကတော့ ကျောင်းသားတွေနဲ့ အတူ အသစ်ပါလာတဲ့ အမေရိကန်ပြန် CRDB အဖွဲ့က ပြည်ချစ် လက်ဟောင်း ဦးတင်မောင်ဝင်းတို့ပါ။ တွဲဘက်အတွင်းရေးမှူး အဖြစ်ကတော့ ကျနော်တို့ ABSDF ရဲ့ အထွေထွေအတွင်းရေးမှူး ကိုသန်းဝင်း ဖြစ်ပါတယ်။
ဥက္ကဌ ဗိုလ်ချုပ်မြအပါဝင် ပထမ အကြိမ် DAB ဗဟိုကော်မီတီ။
အဲဒီ DAB ညီလာခံ လုပ်ပြီးသွားတဲ့နေရာမှာ ကျနော်တို့အုပ်စုကို နေရာချပေးပါတယ်။ အဲဒီကာလ ABSDF ဗဟိုကော်မတီဝင်တွေကတော့ ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော်၊ ဒု – ဥက္ကဋ္ဌ ကိုဝင်းမိုး၊ အထွေထွေ အတွင်းရေးမှူး ကိုသန်းဝင်း၊ တွဲဘက် အထွေထွေအတွင်းရေးမှူး ၁ – ကိုအောင်နိုင် (အခု VOA – မြန်မာပိုင်း ဌာနမှူး ကိုသန်းလွင်ထွန်း) တွဲဘက် အတွင်းရေးမှူး ၂ – ဆလိုင်းကိုကိုဦးတို့ ဖြစ်ပါတယ်။
ဗဟိုဦးဆောင် ကော်မတီဝင်တွေ အဖြစ်ကတော့ နိုင်ငံခြားရေး ဌာနအတွက် စိုင်းမျိုးဝင်းထွန်း (အခု ရှမ်းခေါင်းဆောင် ဦးခွန်ထွန်းဦးတို့နဲ့အတူ နှစ်ရှည် ထောင်ကျခံနေရသူ)၊ စည်းရုံးရေး ဌာနအတွက် ကိုထွန်းဦး (ကျဆုံး) ပြန်ကြားရေး ဌာနအတွက် ကိုကိုလေး၊ ထောက်ပံ့ရေး ဌာနအတွက် ကိုကြည်မိုး၊ လုပ်ငန်းစစ်ဆေးရေး ဌာနအတွက် ကိုမောင်မောင်သိန်း၊ စည်းကမ်း ထိမ်းသိမ်းရေး ဌာနအတွက် ကိုကျော်လင်း၊ ကျန်းမာရေး ဌာနအတွက် ဒေါက်တာသာသာဦး၊ ဘဏ္ဍာရေး ဌာနအတွက် ကိုကျော်ထင် (မင်းသမီးစခန်းက ကိုကျော်ထင်နဲ့ အမည်တူသူ) တို့ ဖြစ်ပါတယ်။
ကလက်ဒေးစခန်းရဲ့ အခြေအနေက ကျနော်တို့ စခန်းနဲ့ တခြားစီပါ။ ကုန်သွယ်ရေးလမ်းကြောင်း
ဖြစ်တဲ့အပြင် သူပုန်တွေရဲ့ တပ်ပေါင်းစုညီလာခံ ကျင်းပတဲ့နေရာလည်း ဖြစ်နေတဲ့အတွက် ကလက်ဒေးဟာ ကျနော်တို့ ရောက်ခဲ့ဖူးတဲ့ ထီးထာ။ ထီးခီးတွေထက် အဆမတန် စည်ကားဝေဆာ နေပါတယ်။
စခန်းတွင်း အစားအသောက်ကလည်း ကျနော်တို့စခန်းထက် အများကြီး ပိုအဆင်ပြေနေတာကို
တွေ့ရပါတယ်။ ညနေပိုင်း ရွာထဲခဏဝင်လည်တော့လည်း အိမ်တွေက ဖြစ်သလိုဆောက်ထားတာ မဟုတ်ဘဲ ရပ်ကွက်ပုံစံ အကွက်ချ ဆောက်ထားတာ ဖြစ်ပြီး လျှပ်စစ်မီးလိုင်းတွေ၊ ရေပိုက်တွေပါ တပ်ပေးထားတာကို တွေ့ရတော့ KNU မှာလည်း မြို့ပြ အုပ်ချုပ်ရေးစနစ် ရှိသားပဲလို့ ကျနော် တွေးလိုက်မိပါတယ်။
ဈေးဆိုင်တန်းတွေ အပါအဝင် ဒီရွာထဲမှာ အိမ်ခြေ ၁၀၀ ကျော်လောက် ရှိမယ်လို့ ခန့်မှန်းရပေမယ့် တရွာလုံးအနှံ့တော့ ကျနော် မသွားဖြစ်ခဲ့ပါဘူး။ ကလက်ဒေးစခန်းမှာ ကျောင်းသားဦးရေ ၁၀၀ ကျော်လောက် ရှိပြီး အများစုဟာ ကရင်ပြည်နယ် ဘားအံ၊ လှိုင်းဘွဲ့နဲ့ ရွေဂွန်းဘက်က ဖြစ်ကြပါတယ်။ အဲဒီကာလက စခန်းကော်မတီထဲမှာ ကျနော် မှတ်မိနေသူ တချို့ကတော့ ဒေါက်တာ ကျော်သက်ဦး၊ ကိုအာယု၊ ကိုဝေလင်းဇင် (အခုထိ ABSDF ဗဟိုမှာတာဝန်ထမ်းဆဲ)၊ ကိုဝင်းမြင့် (အခု BBC သတင်းဌာနမှာ တာဝန်ထမ်းနေသူ) ကိုအောင်ဟိန်း (နောက်ပိုင်းမှာ ဗဟိုကော်မတီ ဖြစ်လာပြီးမှ ငွေဘုန်းပြီး ပြည်တွင်း
ပြန်ဝင်သွားသူ) နောက် တိုင်းဂါးတို့ညီနောင်ကို ကျနော် သတိထားမိပါတယ်။
ဗဟိုဘက်က ရောက်နေတဲ့ ခေါင်းဆောင်တွေထဲက ကျနော်တို့နဲ့ တွဲရသူတဦးကတော့ ရှေ့နေ ကိုကျော်လင်းဖြစ်ပါတယ်။ ကျနော်တို့လိုပဲ KNU နယ်မြေကော်မတီ အတွက် ရောက်နေတဲ့ တခြားစခန်းက ကိုယ်စားလှယ်တွေ ထဲမှာတော့ သီဘောဘိုးက ကို ခင်မောင်စိုးနဲ့ ကိုတင်ဌေး၊ ဝမ်ခါ (ကော့မူးရာ) စခန်းက ကိုသိန်းထွန်းနဲ့ ကိုသိန်းလွင်၊ သံလွင်စခန်းက ကိုသိန်းဆန်း၊ ကိုမောင်မောင်တိတ်နဲ့ ကိုအောင်သူ၊ စောထ စခန်းက ကိုမောင်မောင်စိုး၊ ကိုသိန်းထိုက်နဲ့ ကိုဇော်ခင်တို့ ဆိုတာ ကျနော့်စိတ်ထဲ အမှတ်ရနေပါတယ်။ ။
မှတ်ချက်။ ။ ပြီးခဲ့သည့် နိုဝင်ဘာ ၁ ရက်နေ့က ကျောင်းသားတပ်မတော် (ABSDF) ၂၃ နှစ်ပြည့်ခဲ့ပြီ ဖြစ်သည်။ အထက်ပါ ဆောင်းပါးထဲမှ အဖြစ်အပျက်သည် လွန်ခဲ့သည့် ၂၃ နှစ် ABSDF ဖွဲ့စည်းပြီးကာစ အခြေအနေကို ဖော်ကျူးပါသည် – ဧရာဝတီ။
0 comments:
Post a Comment