နယ္ကြ်ံလာေသာ ပဋိပကၡမ်ား
တနသၤာရီျမစ္႐ုိးတေလွ်ာက္ျဖစ္ေနတဲ့ နယ္ေျမထိမ္းခ်ဳပ္နုိင္ေရး စစ္ပဲြေတြဟာ ျပင္းထန္လာတာနဲ႔အမွ် စစ္ရဲ႕ဒဏ္ရာဒဏ္ခ်က္ေတြဟာလည္း တနသၤာရီ ႐ိုးမကိုေက်ာ္ၿပီး နယ္စပ္မ်ဥ္းတဖက္ျခမ္းက ထုိင္းနယ္ေျမထဲအထိ ေရာက္လာပါတယ္။
ကမာပုေလာမွာေတြ႔ရတဲ့ ကုိေဌးေအာင္နဲ႔ ရဲေဘာ္မ်ား
ဒီလုိျဖစ္စဥ္ေတြဟာ မဲေဆာက္၊ မယ္ေဟာင္ေဆာင္ဖက္ သုိ႔မဟုတ္ ကရင္ျပည္နယ္၊ကယားျပည္နယ္နဲ႔ ရွမ္းျပည္နယ္ဖက္မွာ ဆယ္စုနွစ္နဲ႔ခ်ီ ျဖစ္ေနတဲ့အတြက္ သိပ္အထူးအဆန္း မဟုတ္ေတာ့ေပမယ့္လည္း တနသၤာရီတုိင္းဖက္မွာေတာ့ အခုမွစတင္ႀကံဳဖူးတာပါ။ ေနာက္တခါ မဲေဆာက္၊ မယ္ေဟာင္ေဆာင္ဖက္မွာဒီလုိနယ္ကြ်ံလာတဲ့ ပဋိပကၡက ဒုကၡသည္စခန္းေတြဆီေတာ့ ေရာက္လာပါတယ္။ လြန္လွကြ်ံလွ မဲေဆာက္၀န္းက်င္က နယ္စပ္ကားလမ္းေပၚ DKBA တပ္ေတြ ေပၚတင္တက္လာၿပီး ဒုကၡသည္ စခန္းကို မီး႐ိႈ႕တာမ်ဳိးကလြဲရင္ ၿမိဳ႕ေတာ္ဘန္ေကာက္အထိ တုိက္႐ုိက္ ဂယက္႐ိုက္ျခင္း မရွိခဲ့ပါဘူး။
ဒါေပမယ့္ တနသၤာရီတုိင္းကေန နယ္ကြ်ံလာတဲ့ ပဋိပကၡကေတာ့ ဘန္ေကာက္က ျမန္မာသံ႐ံုးကုိ ၀င္စီးတာအထိ၊ ရတ္ခ်ပူရီက ေဆး႐ံုကုိ ၀င္စီးတာအထိ ျဖစ္လာတဲ့အတြက္ ကရင္နဲ႔ ရွမ္းျပည္နယ္ ဖက္မွာျဖစ္ေနတဲ့ အေျခေနေတြထက္ တနသၤာရီတုိင္း အေျခေနက ပုိထူးျခားတယ္လို႔ ဆုိနုိင္မယ္ထင္ပါတယ္။
ဒီလုိ နယ္ကြ်ံလာသူေတြထဲမွာ ေရွ႕ပုိင္းမွာ က်ေနာ္တင္ျပခဲ့တဲ့ ဗလဖအဖြဲ႔၀င္ ကိုေသာင္းထြန္းနဲ႔ ရဲေဘာ္ ၂၃ ဦး၊ ေဆးမႉးကို မုိးေဇာ္ေအာင္တုိ႔လည္း ပါ၀င္ပါတယ္။ ေရွ႕ပုိင္းမွာတင္ျပခဲ့တဲ့အတုိင္း တနသၤာရီျမစ္နဲ႔ ေစာ္လ၀ေခ်ာင္း၀ဆုံရာေက်ာက္လုံးႀကီးတုိက္ပဲြ အၿပီးမွာ မူလရည္ရြယ္ခ်က္ျဖစ္တဲ့ ဒီျမစ္ကေန ေရွ႕တုိးၿပီး ဟြာဟင္ေဒသက စခန္းသစ္ဆီသြားေရး အစီစဥ္ဟာ ဘယ္လိုမွ မလြယ္ေတာ့တဲ့ အေျခအေန ျဖစ္လာတယ္လို႔ ကိုေသာင္းထြန္းက ေျပာပါတယ္။
တခ်ိန္းတည္းမွာပဲ အဲဒီေဒသရွိ မဟာမိတ္တာ၀န္ခံနဲ႔ ဆက္ဆံေရးကလည္း အဆင္မေျပဘူးလို႔ ဆုိပါတယ္။ ဒီလုိနဲ႔ ေရွ႕ဆက္တုိးေရး အစီစဥ္အစား ထုိင္းနယ္ ပ္ဖက္ကုိတက္ၿပီး အဲဒီမွာ ယာယီစခန္းခ်ကာ အေျခေနကို ေစာင့္ၾကည့္ဖုိ႔ စီစဥ္ခဲ့တယ္လို႔ သိရပါတယ္။
ဒါေပမယ့္ နယ္စပ္ေရာက္တဲ့အထိ ေဒသခံမဟာမိတ္နဲ႔ ဆက္ဆံေရး အဆင္မေျပတဲ့အတြက္ ေနာက္ဆုံးမွာေတာ့ ေသနတ္ေတြကို ေျမႀကီးထဲ တြင္းတူးျမွဳပ္ထားခဲ့ၿပီး ထုိင္းနယ္ေျမထဲ ထြက္လာခဲ့လုိက္ရတယ္လို႔ သူတုိ႔ကဆုိပါတယ္။ ဒုကၡသည္စခန္းရွိတဲ့ ေဘာ္၀ီရြာကုိအ၀င္မွာ သူႀကီးနဲ႔ စကားေျပာေနစဥ္ ယူနီေဖာင္းအနက္ေရာင္၀တ္ ထုိင္းစစ္သားေတြ ေရာက္လာၿပီး သူတုိ႔ ၂၃ ဦးစလုံးကို ဖမ္းဆီး၊ တရားမ၀င္ နယ္စပ္ျဖတ္ေက်ာ္မႈနဲ႔ ရတ္ခ်ပူရီအခ်ဳပ္ဆီ အပုိ႔ခံလိုက္ရပါတယ္။
ထုိင္းနယ္ျခားေစာင့္တပ္ရဲ႕ ဖမ္းဆီးျခင္းခံလုိက္ရသူ ဗလဖ အဖြဲ႔၀င္ ကုိေသာင္းထြန္း (စစ္စိမ္းေရာင္ အလယ္ ၂ ဦးတြင္ ယာဖက္မွပုဂၢိဳလ္) ကုိ ၂၀၃ တပ္ဖြဲ႔၀င္မ်ားနဲ႔အတူ ေတြ႔ရစဥ္
တခ်ိန္တည္းမွာပဲ ေထာမေမာဖက္ကေန တဂုိလမ္းရြာဖက္ ထြက္လာတဲ့ ေဆးမႉးကိုမုိးေအာင္လည္း အလားတူ ဖမ္းဆီးခံလုိက္ရပါတယ္။ ဒါေပမယ့္ ကံဆုိးတာကေတာ့ ေသနတ္ကုိ ေတာထဲမွာ ၀ွက္ထားခဲ့ေပမယ့္ တျခားရဲေဘာ္တဦး သူ႔ေက်ာပုိးအိတ္ထဲထည့္ထားတဲ့ လက္ပစ္ဗုံး အေသးစားတလုံးဟာ သူမသိဘဲနဲ႔ သူ႔ေက်ာပုိးအိတ္ထဲ ပါလာခဲ့ပါတယ္။ ဒီအတြက္ ကိုမုိးေဇာ္ေအာင္ဟာ တရားမ၀င္ နယ္စပ္ျဖတ္ေက်ာ္မႈ ၃ လအျပင္ ထုိင္းနယ္ေျမထဲ လက္နက္ကုိင္ေဆာင္မႈနဲ႔ ရတ္ခ်ပူရီေထာင္မွာ ေထာင္ ၂ နွစ္ခဲြ အခ်ခံလုိက္ရပါတယ္။ အခုခ်ိန္မွာ ဒီျဖစ္စဥ္တစုံလုံးကုိ အေသးစိတ္နီးပါး သိေနၿပီျဖစ္ေပမယ့္ အဲဒီအခ်ိန္ကေတာ့ ဘယ္သူေတြ ဘယ္လုိအဖမ္းခံရမွန္း ခ်က္ခ်င္းသိခြင့္မရပါဘူး။
က်ေနာ့္အထင္ သူတုိ႔အားလုံး အဖမ္းခံရၿပီး အနည္းဆုံး ၁၀ ရက္ေလာက္ၾကာၿပီးမွ ဒီသတင္းကုိ က်ေနာ္သိခြင့္ရတာပါ။
က်ေနာ္တုိ႔ရဲေဘာ္ေတြဟာ ေတာထဲမွာတုန္းက ဆက္သြယ္စက္ကုိ ေကာင္းေကာင္းသုံးတတ္ၿပီး တေန႔ ၃ ႀကိမ္ေလာက္ဗဟုိနဲ႔ ပုံမွန္ဆက္သြယ္မႈ လုပ္နုိင္ၾကေပမယ့္ ထုိင္းနယ္ေျမထဲ ေရာက္တဲ့အခါမွာေတာ့ တယ္လီဖုန္း႐ံု ဘယ္နားရွိမွန္းမသိ၊ဘယ္လုိသုံးရမွန္းမသိ။ ဗဟုိ႐ံုးဖုန္းနံပါတ္လည္း သူတို႔မသိၾကပါဘူး။ ဒီလုိနဲ႔ အဆက္သြယ္ လုံး၀ျပတ္သြားခဲ့ပါတယ္။ ေနာက္တခါ ရတ္ခ်ပူရီအခ်ဳပ္ထဲ ေရာက္တဲ့အခါမွာလည္း ျပင္ပကုိ ဆက္သြယ္ခြင့္မရဘူးလို႔ သိရပါတယ္။ အကင္းပါးတဲ့ ကိုရဲမင္းေအာင္က ဗုိက္နာတယ္ဆုိၿပီး ရတ္ခ်ပူရီေဆး႐ံုေပၚ တက္ခြင့္ရေအာင္လုပ္ၿပီးမွ က်ေနာ္တုိ႔ရွိေနတဲ့ ဘန္ေကာက္႐ံုးဆီ တဆင့္ခံလူနဲ႔ အဆက္သြယ္စရခဲ့တာ ျဖစ္ပါတယ္။
သတင္းရတာနဲ႔ ခ်က္ခ်င္း ကုိအုိက္စံ (အခု အေမရိကန္) ကုိ ေခၚၿပီး ရတ္ခ်ပူရီရဲစခန္းဆီသြားဖုိ႔ ႀကိဳးစားရပါတယ္။ တပ္ရင္း ၁ တပ္ဖြဲ႔၀င္တဦးျဖစ္တဲ့ ကုိအုိက္စံဟာ ထုိင္းစကား အလြန္ကြ်မ္းက်င္ၿပီး ထုိင္းေထာက္လွမ္းေရးေတြအတြက္ ဘာသာျပန္ဖုိ႔ ဗဟုိနုိင္ငံျခားေရးဌာနမွာ တာ၀န္ေပးခံထားရသူ ျဖစ္ပါတယ္။ ရတ္ခ်ပူရီနယ္ေျမခံ ေထာက္လွမ္းေရး တဦးနဲ႔အတူ ရတ္ခ်ပူရီအခ်ဳပ္ဆီ က်ေနာ္တုိ႔ ေရာက္္သြားေတာ့ ကုိေသာင္းထြန္းနဲ႔ ၂၃ ဦးစလုံး အခ်ဳပ္ခန္းထဲမွာ။ အခန္းအက်ယ္က ၁၂ ေပ ပတ္လည္ေလာက္သာ ရွိေပမယ့္ အဲဒီထဲမွာ သူတုိ႔ ၂၃ ဦးအျပင္ ေနာက္ထပ္ တျခားလူက ၂၀ ေက်ာ္ေလာက္ရွိမယ္လို႔ က်ေနာ္ထင္ပါတယ္။ အားလုံး အက်ႌကြ်တ္ေတြနဲ႔။ အိပ္စရာမေျပာနဲ႔ ထုိင္စရာေတာင္ ေနရာမရွိလို႔ တခ်ဳိ႕ရပ္၊ တခ်ဳိ႕ထုိင္၊ တခ်ဳိ႕အိပ္ အလွည္က်လုပ္ရတာကုိ ေတြ႔ရပါတယ္။
အခ်ဳပ္ထဲကလူေတြကို ခပ္ၾကမ္းၾကမ္း ဆက္ဆံေနတဲ့ ထုိင္းရဲေတြဟာ က်ေနာ္တုိ႔နဲ႔အတူပါလာတဲ့ ေဒသခံ ေထာက္လွမ္းေရး အရာရွိကိုေတာ့ နည္းနည္းရွိန္ပုံရပါတယ္။ က်ေနာ္နဲ႔ ကုိအုိက္စံကို ေလးေလးစား စားဆက္ဆံၿပီးကုိေသာင္းထြန္းတုိ႔အတြက္ ထမင္းေၾကာ္၊ ေသာက္ေရနဲ႔ ေနာက္ထပ္ တလစာအတြက္ ထမင္းနဲ႔ အေထြေထြသုံးနုိင္ဖုိ႔ ပိုက္ဆံတခ်ဳိ႕ ေပးထားခဲ့တာကို အဆင္ေျပစြာ လုပ္ေပးခဲ့ပါတယ္။ အဲဒီအခ်ဳပ္ကေန ထြက္လာတဲ့အခ်ိန္အထိကိုမုိးေဇာ္ကို ဖမ္းထားမွန္း၊ ေထာင္ခ်ထားမွန္း က်ေနာ္မသိေသးပါ။ ဒုတိယအေခါက္သြားေတာ့မွ ကိုမုိးေဇာ္ေအာင္ ေထာင္ ၂ နွစ္ခဲြခ်ခံထားရတဲ့ ရတ္ခ်ပူရီေထာင္ဆီသြားၿပီး ေထာင္၀င္စာသြားေတြ႔ရပါတယ္။
God Army ထက္ အရင္ေစာၿပီး ကမာပုေလာစခန္းဆီ ေရာက္သူမ်ား
ကုိေသာင္းထြန္းတုိ႔အဖြဲ႔နဲ႔ ကုိမုိးေဇာ္ေအာင္တုိ႔ အဖမ္းခံထားရတဲ့အခ်ိန္အထိ စစ္ေဒသတာ၀န္ခံ ကိုေဌးေအာင္နဲ႔ကုိဆလုိင္းေယာေအာင္တုိ႔ စစ္ေၾကာင္းက KNU တပ္မဟာ ၄ ႐ံုးအဖြဲ႔နဲ႔အတူ ေရွ႕တန္းမွာ ဆက္လက္ ခ်ီတက္ေနဆဲျဖစ္ပါတယ္။ ရတ္ခ်ပူရီအခ်ဳပ္၊ ေထာင္နဲ႔ နယ္စပ္က ဘန္ပုံေဒသဆီ သြားလုိက္လာလုိက္ျဖစ္ေနတဲ့ က်ေနာ္ဟာလည္း ေထာက္လွမ္းေရးေတြနဲ႔ အေတာ္ရင္းနွီးလာၿပီး ဘန္းပုံရြာသူႀကီးအိမ္ အေပၚထပ္က ေထာက္လွမ္းေရးအဖြဲ႔ ယာယီ႐ံုးခန္းဟာ က်ေနာ့္အခန္းလုိ ျဖစ္လာခဲ့ပါတယ္။ တေန႔မွာေတာ့ ကိုေဌးေအာင္ဆီက ေၾကးနန္းတေစာင္ ဘန္ေကာက္႐ံုးကတဆင့္ က်ေနာ္ဆီေရာက္လာၿပီး ကမာပုေလာေဒသမွာ သူ႔ကုိ၀င္လာေတြ႔ဖုိ႔ ညႊန္ၾကားခ်က္ ပါလာပါတယ္။
ကမာပုေလာစခန္းမွာ ေတြ႔ရတဲ့ အမွတ္ ၇ တပ္ရင္းမႉး ဆလုိင္းေယာေအာင္နဲ႔ တပ္ဖြဲ႔၀င္တခ်ဳိ႕ (ဓာတ္ပုံ - ထက္ေအာင္ေက်ာ္)
ဒီလုိနဲ႔ ရတ္ခ်ပူရီအေျခစုိက္ ထုိင္းေထာက္လွမ္းေရးတဦးကို အကူညီေတာင္း၊ သူႀကီးအိမ္က ေတာစီးဆုိင္ကယ္ အေကာင္းစား တစီးကုိ ေခ်ာဆြဲၿပီး ကမာပုေလာကို က်ေနာ္၀င္လာပါတယ္။ တကယ္က အဲဒီအခ်ိန္အထိ ကမာပုေလာစခန္း ဘယ္မွာရွိမွန္း၊ ဘယ္လုိသြားရမယ္မွန္း က်ေနာ္မသိပါဘူး။ ထုိင္းေထာက္လွမ္းေရးရဲ႕ လမ္းျပမႈနဲ႔ ဘန္ပုံရြာကေန တဂုိလမ္းဖက္ ေမာင္းလာေတာ့ အထူးရဲစစ္ေဆးေရး ဂိတ္ရွိတဲ့ လမ္းဆုံကေန တဂုိလမ္းဖက္မသြားဘဲ အျခားတဖက္ထဲကုိ ၀င္သြားပါတယ္။ အဲဒီမွာ စာသင္ေက်ာင္းတခုကုိ ေတြ႔ရၿပီး ေနာက္ထပ္ ရဲဂိတ္တခုကို ထပ္ျဖတ္ရျပန္ပါတယ္။
ၿပီးေတာ့မွ ရြာတရြာကို ေတြ႔ရၿပီး အဲဒီရြာဟာ ဖက္ပုတ္ရြာျဖစ္ပါတယ္။ တဂုိလမ္းရြာနဲ႔ ခပ္ဆင္ဆင္တူေပမယ့္ အေတာ္ေခ်ာင္က်တဲ့ ရြာျဖစ္ပါတယ္။ ေခ်ာင္က်လွတဲ့ အဲဒီဖက္ပုတ္ရြာကေန ေတာင္ေပၚကားလမ္းၾကမ္းအတုိင္း တနာရီေလာက္ ဆက္တက္လာေတာ့ အင္အား ၂၀ ၀န္းက်င္ရွိ နယ္ျခားေစာင့္တပ္စခန္းတခုကို ေတြ႔ရပါတယ္။ ဒီစခန္းက အေတာ္သားနားၿပီး တဂုိလမ္းနယ္စပ္က စခန္းနဲ႔ သိပ္မတူပါ။ ဘားတုိက္နဲ႔ အေဆာက္ဦေတြကို ဘန္ဂလုိဆန္ဆန္ ေဆာက္ထားၿပီး လွ်ပ္စစ္မီးေတြ၊ ေရေပးစနစ္ေတြ အေသခ်ာလုပ္ထားတာ ေတြ႔ရပါတယ္။
အဲဒီဂိတ္မွာ က်ေနာ္တုိ႔ ခဏထုိင္ စကားေျပာၿပီးတဲ့ေနာက္ “ဟုိးမွာ … ျမင္ေနရတာ ျမန္မာဖက္ျခမ္းက ကမာပုေလာေနရာပဲ။ မင္းတေယာက္တည္း ၀င္သြား၊ ငါ ဒီကပဲ ေစာင့္ေနမယ္” ဆုိၿပီး ေထာက္လွမ္းေရးက ေျပာပါတယ္။ ဒီေထာက္လွမ္းေရးက အရင္က်ေနာ္နဲ႔ သြားေနက် ကန္ခ်နပူရီက လူငယ္ ၂ ဦးလုိမဟုတ္။ ျမန္မာနယ္ထဲ သူ၀င္ခ်င္ပုံမရ။ ကရင္စကား မတတ္တာေၾကာင့္လည္း ျဖစ္မယ္လို႔ ထင္ပါတယ္။
တကယ္ဆုိရင္ က်ေနာ္က အဲဒီလုိထင္မထား။ အရင္ ေထာက္လွမ္းေရးေတြလုိပဲ က်ေနာ္နဲ႔အတူ ကရင္နယ္ထဲအထိ သူလည္းလုိက္မယ္လို႔ပဲ တြက္ထားတာပါ။ ဒါေပမယ့္ ဘာမွမတတ္နုိင္။ တေယာက္တည္း မသြားရဲဘူးဆုိရင္လည္းသူရဲေဘာေၾကာင္ရာ က်မွာစိုးတာနဲ႔ ဆင္ကန္းေတာတုိးဆန္ဆန္ ဒီတုိင္းပဲ ေတာခ်ေတာ စခန္းကေန ျမန္မာနယ္ဖက္ ဆင္းလာခဲ့ပါတယ္။ နယ္စပ္မ်ဥ္း ဘယ္နားရွိမွန္းေတာင္ ေကာင္းေကာင္း မေတြ႔လုိက္ရပါဘူး။
မိနစ္၂၀ ေလာက္ ေလွ်ာက္ၿပီးတာနဲ႔ ေတာင္ယာတဲတလုံး ေတြ႔ပါတယ္။ ကရင္လုိ မတတ္တေခါက္နဲ႔ “အမိုး ေကာ္သူးေလတပ္ေတြ ဘယ္နားရွိလဲ” ဆုိၿပီး ေမးလုိက္ပါ တယ္။ အသက္ခပ္ႀကီးႀကီး အဖြားအုိက သူ႔ေဘးကလူေတြကို ၾကည့္ၿပီး ကရင္လုိနဲ႔ က်ေနာ္ကုိ တခုခုျပန္ေျပာပါတယ္။
က်ေနာ္က ဘာမွနားမလည္ပါဘူး။ ေနာက္ဆုံးမွာေတာ့ ”ဟုိး .. ေတာခ်ေတာ ေတာင္ထိပ္ ထုိင္းစစ္သားက လႊတ္လုိက္တဲ့လူပါ။ အေရးႀကီးကိစၥ ေဆြးေႏြးစရာရွိလို႔” ဆုိၿပီး ထား၀ယ္စကားကို ပုေလာေလသံနဲ႔ ရွင္းျပလုိက္မွ အဆင္ေျပသြားပါတယ္။
“အဲဒီလမ္းအတုိင္း ဆက္ေလွ်ာက္သြားပါ။ ေရွ႕မွာ သူတို႔ရွိပါလိမ့္မယ္” လို႔ က်ေနာ့္ပုံကို ေျခဆုံးေခါင္းဆုံးၾကည့္ၿပီး အမိုးေဘးက အမ်ဳိးသမီးတဦးက ေျပာပါ တယ္။ ထုိင္းလုိမတတ္ဘဲ ထုိင္းတဦးလုိ ပုံဖမ္းၿပီး နယ္စပ္တေၾကာ ဒုိးေနတဲ့က်ေနာ္ပုံက ဘယ္လုိမွ ေဒသခံ ထုိင္း-ကရင္တဦးနဲ႔မတူ။ လည္ပင္းမွာ ကင္မရာ၊ အသံဖမ္းစက္နဲ႔ ေရဒီယုိပါတဲ့ အိတ္အေသးစား တလုံးကို စလြယ္သိုင္း၊ ဖုန္ဘုိင္းဖုန္းတလုံးက ခါးထုိးထားတာဆုိေတာ့ ႏြားပဲြစားလုိလုိ၊ သစ္ေမွာင္ခုိ သမားလုိလုိ ေဘးလူေတြက ထင္ေကာင္း ထင္ေနနုိင္ပါတယ္။
အဲဒီေတာင္ယာတဲကေန ေတာင္ယာေဟာင္းတခုကို ေက်ာ္၊ ၀ါးေတာတခုကိုျဖတ္ၿပီး သစ္ပင္ႀကီးေတြေအာက္ ေရာက္တာနဲ႔ သစ္ခက္မုိးယာယီတဲတလုံးကို လွမ္းျမင္လုိက္ရပါတယ္။ ၿပီးေတာ့ ကင္းေစာင့္ေနပုံရတဲ့ ကရင္စစ္သားတဦးက က်ေနာ္ကို ျမင္သြားၿပီး ကရင္လုိနဲ႔ လွမ္းေမးပါတယ္။ က်ေနာ္လဲ ”က်ဳိးဖုိး” ထက္ပုိၿပီး ဘာမွမေျပာတတ္။ ဒါေပမယ့္ ၾကည့္ရတာ က်ေနာ္လာမယ္ဆုိတာကုိ ကိုေဌးေအာင္က သူတုိ႔လုံၿခံဳေရးအဖြဲ႔က ေျပာထားၿပီးျဖစ္ပုံရပါတယ္။လဲေနတဲ့သစ္ပင္ႀကီးေနာက္က သစ္ရြက္မုိး တဲတလုံးထဲ ၀င္လုိက္ေတာ့ ပဒုိနီးနီတုိ႔႐ံုးအဖြဲ႔နဲ႔ ေတြ႔ရျပန္ပါတယ္။
“ေရွ႕ကေတာင္ကုန္းကုိ ေက်ာ္သြားလုိက္ပါ။ အဲဒီမွာ ခင္ဗ်ားလူေတြ ရွိလိမ့္မယ္” ဆုိၿပီး ပဒုိနီးနီက လမ္းညႊန္လိုက္ပါတယ္။ ေရွ႕ဆက္ေလွ်ာက္မယ္ျပင္ေတာ့ လူသြားလမ္းက ရွင္းရွင္းလင္းလင္း မရွိ။ “မုိင္း နင္းမိရင္ ဒုကၡ” ဆုိၿပီးစိတ္ထဲ ထိတ္မိပါေသးတယ္။ ဒါေပမယ့္ ကရင္ရဲေဘာ္ေတြေရွ႕မွာ အဲဒီလုိေၾကာက္စိတ္ မျပမိေအာင္ ထိန္းထားရပါတယ္။ ေတာင္ကုန္းေလးကုိ ေက်ာ္လုိက္ေတာ့ ေတြ႔ပါၿပီ။ ကုိေဌးေအာင္တုိ႔ စစ္ေၾကာင္းရဲ႕ ငွက္ေပ်ာရြက္မုိး တဲနန္း။ ရဲေဘာ္ ၁၀ ဦးခန္႔နဲ႔ တပ္ရင္း ၇ မႉး ဆလုိင္းေယာေအာင္၊ မဟာမိတ္ဆက္ဆံေရး တာ၀န္ခံ ကုိေအာင္သန္းတုိ႔ကို ေတြ႔ရေပမယ့္ က်န္တဲ့ရဲေဘာ္ေတြက တျခားေနရာဆီ ေရာက္ေနပုံရပါတယ္။ ခဏေနဦး၊ အ၀တ္လဲဦးမယ္လို႔ေျပာပီး ယူနီးေဖါင္းကို ခြ်တ္၊ အရပ္၀တ္ကို စြပ္ၿပီး က်ေနာ္နဲ႔အတူ ကိုေဌးေအာင္ ျပန္လုိက္လာပါတယ္။
အဲဒါဟာ က်ေနာ္ ပထမဆုံးေရာက္ဖူးတဲ့ ကမာပုေလာစခန္းပါပဲ။ အဲဒီအခ်ိန္ဟာ ၁၉၉၇ ေမလ ၈ ရက္ေန႔ျဖစ္ပါတယ္။ က်ေနာ္ေရာက္တဲ့အခ်ိန္အထိ ကမာပုေလာမွာ ေတာင္ယာတဲ တလုံးနွစ္လုံးကလြဲၿပီး ဘာမွမရွိေသးေပမယ့္ ေနာက္ပုိင္း ၁၉၉၈ / ၉၉ မွာေတာ့ ဒီကမာပုေလာစခန္းဟာ ကမာၻေက်ာ္တဲ့ God Army ဌာနခ်ဳပ္ ျဖစ္လာခဲ့ပါတယ္။
ဘန္ေကာက္သံ႐ံုးနဲ႔ ရတ္ခ်ပူရီေဆး႐ံုကုိ ၀င္စီးသူမ်ား
၁၉၉၉ မတ္လ ၁၃ ရက္ေန႔မွာ ”An alert for the coming 9999 uprising” ဆုိတဲ့ ေဆာင္းပါးတပုဒ္ ဘန္ေကာက္ထုတ္ The Nation သတင္းစာမွာ က်ေနာ္ေရးဖူးပါတယ္။ ဆုိလိုတာကေတာ့ ၈၈ မွာေတာခုိခဲ့တဲ့ က်ေနာ္တုိ႔ဟာ ၁၀ နွစ္ ၁၀ မုိးၾကာတဲ့အထိ ဘာမွေအာင္ျမင္မႈ မရေသးတဲ့အေပၚ သည္းမခံနုိင္မႈေတြျဖစ္ေနၿပီး ၈ ေလးလုံးလုိ ေနာက္ထပ္ လူထုအုံႂကြမႈတခု ျဖစ္လာေစဖုိ႔ မသိမသာ ေမွ်ာ္ေနၾကပါတယ္။
ေထာမေမာ ဒုကၡသည္စခန္းမွ ထန္းဟင္စခန္းဆီ ေျပာင္းဖုိ႔ျပင္ေနတဲ့ မိသားတစု (ဓာတ္ပုံ - ထက္ေအာင္ေက်ာ္)
၉-၀၉-၉၉ (၉) ေလးလုံးမွာ အလားတူ လူထုလႈပ္ရွားမႈတခု ျဖစ္လာေအာင္ ABSDF အပါ၀င္ နယ္စပ္နဲ႔ နုိင္ငံတကာရွိ အဖြဲ႔ေပါင္းစုံက ႀကိဳးစားခဲ့ၾကပါတယ္။ ျပည္ပအေျခစုိက္ ေရဒီယုိေတြေပၚမွာ ၉ ေလးလုံးအႀကိဳ လႈပ္ရွားမႈသတင္းေတြကို က်ယ္က်ယ္ေလာင္ေလာင္ ၾကားခဲ့ရေပမဲ့ တကယ္တမ္း စက္တင္ဘာ ၉ ရက္ေန႔ ေရာက္တဲ့အခါမွာေတာ့ ဟုိနားဒီနား စာရြက္ကပ္တာထပ္ပုိၿပီး ဘာမွျဖစ္ မလာခဲ့ပါဘူး။
အဲဒီအခ်ိန္ဟာ ျပည္တြင္းအင္အားစု အားလုံးကုိ စစ္အစိုးရက ဖမ္းဆီးၿပီး ေထာင္ခ်ထားခ်ိန္၊ ကုိမင္းကုိနုိင္နဲ႔ ၈၈ တဖြဲ႔လုံး နွစ္ရွည္ေထာင္က်ေနခ်ိန္၊ CRPP အဖြဲ႔၀င္ေတြနဲ႔ လႊတ္ေတာ္အမတ္ အမ်ားအျပား ထိမ္းသိမ္းခံေနရခ်ိန္လည္း ျဖစ္ပါတယ္။ နယ္စပ္မွာလည္း စခန္းေတြတခုၿပီးတခု က်ေနလို႔ ရဲေဘာ္အေတာ္မ်ားမ်ား စိတ္ဂဏာမၿငိမ္ ျဖစ္ေနတဲ့ကာလလို႔ ဆုိနုိင္မယ္ထင္ပါတယ္။
ဒီလုိနဲ႔ ၉ ေလးလုံးအလြန္ သတင္း ၂ ပတ္ေက်ာ္အၾကာ ေအာက္တုိဘာ ၁ ရက္ေန့မွာေတာ့ ဘယ္သူမွ ထင္မထားတဲ့ ျဖစ္စဥ္တခု ဘန္ေကာက္ၿမိဳ႕လယ္မွာ ျဖစ္ပြားခဲ့ပါတယ္။ “နန္႔စူစန္ ဗမာေတြ သံ႐ံုးကုိ သိမ္းထားလုိက္ၿပီ” ဆုိၿပီး ထုိင္း TV ခ်ယ္နယ္တခုမွာ ေတြ႔လုိက္ရပါတယ္။ ဒါေပမယ့္ ျပေနတဲ့ပုံေတြက အရင္သံရံုးေရွ႕မွာ ဆႏၵျပေနက် ပုံေဟာင္းေတြဆုိေတာ့ အရင္လို ဆႏၵျပၾကတာပဲျဖစ္မယ္၊ ငါ နားၾကားလြဲတာနဲ႔ တူပါတယ္ဆုိၿပီး က်ေနာ္လည္း ခပ္ေပါ့ေပါ့ပါပဲ။
အဲဒီအခ်ိန္ဟာ ABSDF အလုပ္ေတြကုိ ေလွ်ာ့ခ်ၿပီး DVB အတြက္ အခ်ိန္ျပည့္၀န္ထမ္းအျဖစ္ က်ေနာ္ ေဆာင္ရြက္ေနပါၿပီ။ အဲဒီကာလ DVB ႐ံုးငွားထားတဲ့ေနရာက ဘန္ေကာက္ၿမိဳ႕ ကီလုိ ၈ ၀န္းက်င္က လမ္းသြယ္တခုထဲမွာပါ။ က်ေနာ္ဟာ တဖက္မွာလည္း ဧရာ၀တီ အပါအ၀င္ ထုိင္းအေျခစိုက္ သတင္းစာေတြမွာ အဂၤလိပ္လုိေဆာင္းပါးေတြ ႀကိဳးစားၿပီး စတင္ေရးသားေနခ်ိန္ျဖစ္ပါတယ္။ မွတ္မွတ္ရရ အဲဒီေန႔ညေနမွာ ခ်င္းမုိင္ကုိဆင္းၿပီး ဧရာ၀တီအယ္ဒီတာ ကိုေအာင္္ေဇာ္နဲ႔ေတြ႔ဖုိ႔ က်ေနာ္ခ်ိန္းထားလို႔ သတင္းကို တာ၀န္ေက် နားေထာင္ရင္းနဲ႔ ညေနခရီးထြက္ဖုိ႔ စိတ္ကေရာက္ေနတာပါ။
“သံ႐ံုးသတင္းက တကယ္ျဖစ္ေနတာေနာ္။ ေသနတ္သံေတြေတာင္ ၾကားရတယ္လို႔ TV ထဲမွာ ေျပာေနတယ္” ဆုိၿပီး ထုိင္းစကားကြ်မ္းတဲ့ DVB ဘန္ေကာက္႐ံုး ထုိင္းဆက္ဆံေရးတာ၀န္ခံ ကုိတင့္ေဇာ္ (အခု အေမရိကန္) က ေျပာပါတယ္။ ဒါနဲ႔ က်ေနာ္လည္း ဟုိဖုန္းဆက္၊ ဒီဖုန္းဆက္ ေလွ်ာက္ေမးေတာ့ နီလြိဳင္စခန္းက ေက်ာင္းသားေတြလည္းပါတယ္။ လြန္ခဲ့တဲ့ တပတ္ကေတာင္ သူတုိ႔အဖြဲ႔ ေၾကညာခ်က္တခု ထုတ္ထားေသးတယ္ဆုိၿပီး အစအန ေတြ႔ရလာပါတယ္။
တခ်ိန္းတည္းမွာပဲ TV သတင္းေတြ ကတျဖည္းျဖည္းနဲ႔ သံ႐ံုးအေျခအေန အေသးစိပ္ပါလာၿပီး သတင္းေထာက္ အေတာ္မ်ားမ်ား သံ႐ံုးေရွ႕ ေရာက္ေနၾကပါၿပီ။ က်ေနာ္လည္း တျခားသတင္းေထာက္ေတြလုိ သံ႐ံုးေရွ႕သြားခ်င္ေပမယ့္ အဲဒီအခ်ိန္အထိ က်ေနာ့္လက္ထဲမွာ ျမန္မာစာအုပ္အတု အပါ၀င္ ဘာ Passport, ဘာ ID မွ မရွိေသးပါ။
======================================================
(အပိုင်း ၄၇)
ထက်အောင်ကျော်| September 25, 2012 ။ ဧရာဝတီ။
နယ်ကျွံလာသော ပဋိပက္ခများ
တနင်္သာရီမြစ်ရိုးတလျှောက်ဖြစ်နေတဲ့ နယ်မြေထိမ်းချုပ်နိုင်ရေး စစ်ပွဲတွေဟာ ပြင်းထန်လာတာနဲ့အမျှ စစ်ရဲ့ဒဏ်ရာဒဏ်ချက်တွေဟာလည်း တနင်္သာရီ ရိုးမကိုကျော်ပြီး နယ်စပ်မျဉ်းတဖက်ခြမ်းက ထိုင်းနယ်မြေထဲအထိ ရောက်လာပါတယ်။
ကမာပုလောမှာတွေ့ရတဲ့ ကိုဌေးအောင်နဲ့ ရဲဘော်များ
ဒီလိုဖြစ်စဉ်တွေဟာ မဲဆောက်၊ မယ်ဟောင်ဆောင်ဖက် သို့မဟုတ် ကရင်ပြည်နယ်၊ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ်ဖက်မှာ ဆယ်စုနှစ်နဲ့ချီ ဖြစ်နေတဲ့အတွက် သိပ်အထူးအဆန်း မဟုတ်တော့ပေမယ့်လည်း တနင်္သာရီတိုင်းဖက်မှာတော့ အခုမှစတင်ကြုံဖူးတာပါ။ နောက်တခါ မဲဆောက်၊ မယ်ဟောင်ဆောင်ဖက်မှာဒီလိုနယ်ကျွံလာတဲ့ ပဋိပက္ခက ဒုက္ခသည်စခန်းတွေဆီတော့ ရောက်လာပါတယ်။ လွန်လှကျွံလှ မဲဆောက်ဝန်းကျင်က နယ်စပ်ကားလမ်းပေါ် DKBA တပ်တွေ ပေါ်တင်တက်လာပြီး ဒုက္ခသည် စခန်းကို မီးရှို့တာမျိုးကလွဲရင် မြို့တော်ဘန်ကောက်အထိ တိုက်ရိုက် ဂယက်ရိုက်ခြင်း မရှိခဲ့ပါဘူး။
ဒါပေမယ့် တနင်္သာရီတိုင်းကနေ နယ်ကျွံလာတဲ့ ပဋိပက္ခကတော့ ဘန်ကောက်က မြန်မာသံရုံးကို ဝင်စီးတာအထိ၊ ရတ်ချပူရီက ဆေးရုံကို ဝင်စီးတာအထိ ဖြစ်လာတဲ့အတွက် ကရင်နဲ့ ရှမ်းပြည်နယ် ဖက်မှာဖြစ်နေတဲ့ အခြေနေတွေထက် တနင်္သာရီတိုင်း အခြေနေက ပိုထူးခြားတယ်လို့ ဆိုနိုင်မယ်ထင်ပါတယ်။
ဒီလို နယ်ကျွံလာသူတွေထဲမှာ ရှေ့ပိုင်းမှာ ကျနော်တင်ပြခဲ့တဲ့ ဗလဖအဖွဲ့ဝင် ကိုသောင်းထွန်းနဲ့ ရဲဘော် ၂၃ ဦး၊ ဆေးမှူးကို မိုးဇော်အောင်တို့လည်း ပါဝင်ပါတယ်။ ရှေ့ပိုင်းမှာတင်ပြခဲ့တဲ့အတိုင်း တနင်္သာရီမြစ်နဲ့ စော်လဝချောင်းဝဆုံရာကျောက်လုံးကြီးတိုက်ပွဲ အပြီးမှာ မူလရည်ရွယ်ချက်ဖြစ်တဲ့ ဒီမြစ်ကနေ ရှေ့တိုးပြီး ဟွာဟင်ဒေသက စခန်းသစ်ဆီသွားရေး အစီစဉ်ဟာ ဘယ်လိုမှ မလွယ်တော့တဲ့ အခြေအနေ ဖြစ်လာတယ်လို့ ကိုသောင်းထွန်းက ပြောပါတယ်။
တချိန်းတည်းမှာပဲ အဲဒီဒေသရှိ မဟာမိတ်တာဝန်ခံနဲ့ ဆက်ဆံရေးကလည်း အဆင်မပြေဘူးလို့ ဆိုပါတယ်။ ဒီလိုနဲ့ ရှေ့ဆက်တိုးရေး အစီစဉ်အစား ထိုင်းနယ် ပ်ဖက်ကိုတက်ပြီး အဲဒီမှာ ယာယီစခန်းချကာ အခြေနေကို စောင့်ကြည့်ဖို့ စီစဉ်ခဲ့တယ်လို့ သိရပါတယ်။
ဒါပေမယ့် နယ်စပ်ရောက်တဲ့အထိ ဒေသခံမဟာမိတ်နဲ့ ဆက်ဆံရေး အဆင်မပြေတဲ့အတွက် နောက်ဆုံးမှာတော့ သေနတ်တွေကို မြေကြီးထဲ တွင်းတူးမြှုပ်ထားခဲ့ပြီး ထိုင်းနယ်မြေထဲ ထွက်လာခဲ့လိုက်ရတယ်လို့ သူတို့ကဆိုပါတယ်။ ဒုက္ခသည်စခန်းရှိတဲ့ ဘော်ဝီရွာကိုအဝင်မှာ သူကြီးနဲ့ စကားပြောနေစဉ် ယူနီဖောင်းအနက်ရောင်ဝတ် ထိုင်းစစ်သားတွေ ရောက်လာပြီး သူတို့ ၂၃ ဦးစလုံးကို ဖမ်းဆီး၊ တရားမဝင် နယ်စပ်ဖြတ်ကျော်မှုနဲ့ ရတ်ချပူရီအချုပ်ဆီ အပို့ခံလိုက်ရပါတယ်။
ထိုင်းနယ်ခြားစောင့်တပ်ရဲ့ ဖမ်းဆီးခြင်းခံလိုက်ရသူ ဗလဖ အဖွဲ့ဝင် ကိုသောင်းထွန်း (စစ်စိမ်းရောင် အလယ် ၂ ဦးတွင် ယာဖက်မှပုဂ္ဂိုလ်) ကို ၂၀၃ တပ်ဖွဲ့ဝင်များနဲ့အတူ တွေ့ရစဉ်
တချိန်တည်းမှာပဲ ထောမမောဖက်ကနေ တဂိုလမ်းရွာဖက် ထွက်လာတဲ့ ဆေးမှူးကိုမိုးအောင်လည်း အလားတူ ဖမ်းဆီးခံလိုက်ရပါတယ်။ ဒါပေမယ့် ကံဆိုးတာကတော့ သေနတ်ကို တောထဲမှာ ဝှက်ထားခဲ့ပေမယ့် တခြားရဲဘော်တဦး သူ့ကျောပိုးအိတ်ထဲထည့်ထားတဲ့ လက်ပစ်ဗုံး အသေးစားတလုံးဟာ သူမသိဘဲနဲ့ သူ့ကျောပိုးအိတ်ထဲ ပါလာခဲ့ပါတယ်။ ဒီအတွက် ကိုမိုးဇော်အောင်ဟာ တရားမဝင် နယ်စပ်ဖြတ်ကျော်မှု ၃ လအပြင် ထိုင်းနယ်မြေထဲ လက်နက်ကိုင်ဆောင်မှုနဲ့ ရတ်ချပူရီထောင်မှာ ထောင် ၂ နှစ်ခွဲ အချခံလိုက်ရပါတယ်။ အခုချိန်မှာ ဒီဖြစ်စဉ်တစုံလုံးကို အသေးစိတ်နီးပါး သိနေပြီဖြစ်ပေမယ့် အဲဒီအချိန်ကတော့ ဘယ်သူတွေ ဘယ်လိုအဖမ်းခံရမှန်း ချက်ချင်းသိခွင့်မရပါဘူး။
ကျနော့်အထင် သူတို့အားလုံး အဖမ်းခံရပြီး အနည်းဆုံး ၁၀ ရက်လောက်ကြာပြီးမှ ဒီသတင်းကို ကျနော်သိခွင့်ရတာပါ။
ကျနော်တို့ရဲဘော်တွေဟာ တောထဲမှာတုန်းက ဆက်သွယ်စက်ကို ကောင်းကောင်းသုံးတတ်ပြီး တနေ့ ၃ ကြိမ်လောက်ဗဟိုနဲ့ ပုံမှန်ဆက်သွယ်မှု လုပ်နိုင်ကြပေမယ့် ထိုင်းနယ်မြေထဲ ရောက်တဲ့အခါမှာတော့ တယ်လီဖုန်းရုံ ဘယ်နားရှိမှန်းမသိ၊ဘယ်လိုသုံးရမှန်းမသိ။ ဗဟိုရုံးဖုန်းနံပါတ်လည်း သူတို့မသိကြပါဘူး။ ဒီလိုနဲ့ အဆက်သွယ် လုံးဝပြတ်သွားခဲ့ပါတယ်။ နောက်တခါ ရတ်ချပူရီအချုပ်ထဲ ရောက်တဲ့အခါမှာလည်း ပြင်ပကို ဆက်သွယ်ခွင့်မရဘူးလို့ သိရပါတယ်။ အကင်းပါးတဲ့ ကိုရဲမင်းအောင်က ဗိုက်နာတယ်ဆိုပြီး ရတ်ချပူရီဆေးရုံပေါ် တက်ခွင့်ရအောင်လုပ်ပြီးမှ ကျနော်တို့ရှိနေတဲ့ ဘန်ကောက်ရုံးဆီ တဆင့်ခံလူနဲ့ အဆက်သွယ်စရခဲ့တာ ဖြစ်ပါတယ်။
သတင်းရတာနဲ့ ချက်ချင်း ကိုအိုက်စံ (အခု အမေရိကန်) ကို ခေါ်ပြီး ရတ်ချပူရီရဲစခန်းဆီသွားဖို့ ကြိုးစားရပါတယ်။ တပ်ရင်း ၁ တပ်ဖွဲ့ဝင်တဦးဖြစ်တဲ့ ကိုအိုက်စံဟာ ထိုင်းစကား အလွန်ကျွမ်းကျင်ပြီး ထိုင်းထောက်လှမ်းရေးတွေအတွက် ဘာသာပြန်ဖို့ ဗဟိုနိုင်ငံခြားရေးဌာနမှာ တာဝန်ပေးခံထားရသူ ဖြစ်ပါတယ်။ ရတ်ချပူရီနယ်မြေခံ ထောက်လှမ်းရေး တဦးနဲ့အတူ ရတ်ချပူရီအချုပ်ဆီ ကျနော်တို့ ရောက်သွားတော့ ကိုသောင်းထွန်းနဲ့ ၂၃ ဦးစလုံး အချုပ်ခန်းထဲမှာ။ အခန်းအကျယ်က ၁၂ ပေ ပတ်လည်လောက်သာ ရှိပေမယ့် အဲဒီထဲမှာ သူတို့ ၂၃ ဦးအပြင် နောက်ထပ် တခြားလူက ၂၀ ကျော်လောက်ရှိမယ်လို့ ကျနော်ထင်ပါတယ်။ အားလုံး အင်္ကျီကျွတ်တွေနဲ့။ အိပ်စရာမပြောနဲ့ ထိုင်စရာတောင် နေရာမရှိလို့ တချို့ရပ်၊ တချို့ထိုင်၊ တချို့အိပ် အလှည်ကျလုပ်ရတာကို တွေ့ရပါတယ်။
ထိုင်းနယ်ခြားစောင့်တပ်ရဲ့ ဖမ်းဆီးခြင်းခံရသူ ကိုမိုးဇော်အောင်ကို ဥက္ကဌဟောင်း ကိုထွန်းအောင်ကျော်နဲ့အတူ တွေ့ရစဉ်
အချုပ်ထဲကလူတွေကို ခပ်ကြမ်းကြမ်း ဆက်ဆံနေတဲ့ ထိုင်းရဲတွေဟာ ကျနော်တို့နဲ့အတူပါလာတဲ့ ဒေသခံ ထောက်လှမ်းရေး အရာရှိကိုတော့ နည်းနည်းရှိန်ပုံရပါတယ်။ ကျနော်နဲ့ ကိုအိုက်စံကို လေးလေးစား စားဆက်ဆံပြီးကိုသောင်းထွန်းတို့အတွက် ထမင်းကြော်၊ သောက်ရေနဲ့ နောက်ထပ် တလစာအတွက် ထမင်းနဲ့ အထွေထွေသုံးနိုင်ဖို့ ပိုက်ဆံတချို့ ပေးထားခဲ့တာကို အဆင်ပြေစွာ လုပ်ပေးခဲ့ပါတယ်။ အဲဒီအချုပ်ကနေ ထွက်လာတဲ့အချိန်အထိကိုမိုးဇော်ကို ဖမ်းထားမှန်း၊ ထောင်ချထားမှန်း ကျနော်မသိသေးပါ။ ဒုတိယအခေါက်သွားတော့မှ ကိုမိုးဇော်အောင် ထောင် ၂ နှစ်ခွဲချခံထားရတဲ့ ရတ်ချပူရီထောင်ဆီသွားပြီး ထောင်ဝင်စာသွားတွေ့ရပါတယ်။
God Army ထက် အရင်စောပြီး ကမာပုလောစခန်းဆီ ရောက်သူများ
ကိုသောင်းထွန်းတို့အဖွဲ့နဲ့ ကိုမိုးဇော်အောင်တို့ အဖမ်းခံထားရတဲ့အချိန်အထိ စစ်ဒေသတာဝန်ခံ ကိုဌေးအောင်နဲ့ကိုဆလိုင်းယောအောင်တို့ စစ်ကြောင်းက KNU တပ်မဟာ ၄ ရုံးအဖွဲ့နဲ့အတူ ရှေ့တန်းမှာ ဆက်လက် ချီတက်နေဆဲဖြစ်ပါတယ်။ ရတ်ချပူရီအချုပ်၊ ထောင်နဲ့ နယ်စပ်က ဘန်ပုံဒေသဆီ သွားလိုက်လာလိုက်ဖြစ်နေတဲ့ ကျနော်ဟာလည်း ထောက်လှမ်းရေးတွေနဲ့ အတော်ရင်းနှီးလာပြီး ဘန်းပုံရွာသူကြီးအိမ် အပေါ်ထပ်က ထောက်လှမ်းရေးအဖွဲ့ ယာယီရုံးခန်းဟာ ကျနော့်အခန်းလို ဖြစ်လာခဲ့ပါတယ်။ တနေ့မှာတော့ ကိုဌေးအောင်ဆီက ကြေးနန်းတစောင် ဘန်ကောက်ရုံးကတဆင့် ကျနော်ဆီရောက်လာပြီး ကမာပုလောဒေသမှာ သူ့ကိုဝင်လာတွေ့ဖို့ ညွှန်ကြားချက် ပါလာပါတယ်။
ကမာပုလောစခန်းမှာ တွေ့ရတဲ့ အမှတ် ၇ တပ်ရင်းမှူး ဆလိုင်းယောအောင်နဲ့ တပ်ဖွဲ့ဝင်တချို့ (ဓာတ်ပုံ - ထက်အောင်ကျော်)
ဒီလိုနဲ့ ရတ်ချပူရီအခြေစိုက် ထိုင်းထောက်လှမ်းရေးတဦးကို အကူညီတောင်း၊ သူကြီးအိမ်က တောစီးဆိုင်ကယ် အကောင်းစား တစီးကို ချောဆွဲပြီး ကမာပုလောကို ကျနော်ဝင်လာပါတယ်။ တကယ်က အဲဒီအချိန်အထိ ကမာပုလောစခန်း ဘယ်မှာရှိမှန်း၊ ဘယ်လိုသွားရမယ်မှန်း ကျနော်မသိပါဘူး။ ထိုင်းထောက်လှမ်းရေးရဲ့ လမ်းပြမှုနဲ့ ဘန်ပုံရွာကနေ တဂိုလမ်းဖက် မောင်းလာတော့ အထူးရဲစစ်ဆေးရေး ဂိတ်ရှိတဲ့ လမ်းဆုံကနေ တဂိုလမ်းဖက်မသွားဘဲ အခြားတဖက်ထဲကို ဝင်သွားပါတယ်။ အဲဒီမှာ စာသင်ကျောင်းတခုကို တွေ့ရပြီး နောက်ထပ် ရဲဂိတ်တခုကို ထပ်ဖြတ်ရပြန်ပါတယ်။
ပြီးတော့မှ ရွာတရွာကို တွေ့ရပြီး အဲဒီရွာဟာ ဖက်ပုတ်ရွာဖြစ်ပါတယ်။ တဂိုလမ်းရွာနဲ့ ခပ်ဆင်ဆင်တူပေမယ့် အတော်ချောင်ကျတဲ့ ရွာဖြစ်ပါတယ်။ ချောင်ကျလှတဲ့ အဲဒီဖက်ပုတ်ရွာကနေ တောင်ပေါ်ကားလမ်းကြမ်းအတိုင်း တနာရီလောက် ဆက်တက်လာတော့ အင်အား ၂၀ ဝန်းကျင်ရှိ နယ်ခြားစောင့်တပ်စခန်းတခုကို တွေ့ရပါတယ်။ ဒီစခန်းက အတော်သားနားပြီး တဂိုလမ်းနယ်စပ်က စခန်းနဲ့ သိပ်မတူပါ။ ဘားတိုက်နဲ့ အဆောက်ဦတွေကို ဘန်ဂလိုဆန်ဆန် ဆောက်ထားပြီး လျှပ်စစ်မီးတွေ၊ ရေပေးစနစ်တွေ အသေချာလုပ်ထားတာ တွေ့ရပါတယ်။
အဲဒီဂိတ်မှာ ကျနော်တို့ ခဏထိုင် စကားပြောပြီးတဲ့နောက် “ဟိုးမှာ … မြင်နေရတာ မြန်မာဖက်ခြမ်းက ကမာပုလောနေရာပဲ။ မင်းတယောက်တည်း ဝင်သွား၊ ငါ ဒီကပဲ စောင့်နေမယ်” ဆိုပြီး ထောက်လှမ်းရေးက ပြောပါတယ်။ ဒီထောက်လှမ်းရေးက အရင်ကျနော်နဲ့ သွားနေကျ ကန်ချနပူရီက လူငယ် ၂ ဦးလိုမဟုတ်။ မြန်မာနယ်ထဲ သူဝင်ချင်ပုံမရ။ ကရင်စကား မတတ်တာကြောင့်လည်း ဖြစ်မယ်လို့ ထင်ပါတယ်။
တကယ်ဆိုရင် ကျနော်က အဲဒီလိုထင်မထား။ အရင် ထောက်လှမ်းရေးတွေလိုပဲ ကျနော်နဲ့အတူ ကရင်နယ်ထဲအထိ သူလည်းလိုက်မယ်လို့ပဲ တွက်ထားတာပါ။ ဒါပေမယ့် ဘာမှမတတ်နိုင်။ တယောက်တည်း မသွားရဲဘူးဆိုရင်လည်းသူရဲဘောကြောင်ရာ ကျမှာစိုးတာနဲ့ ဆင်ကန်းတောတိုးဆန်ဆန် ဒီတိုင်းပဲ တောချတော စခန်းကနေ မြန်မာနယ်ဖက် ဆင်းလာခဲ့ပါတယ်။ နယ်စပ်မျဉ်း ဘယ်နားရှိမှန်းတောင် ကောင်းကောင်း မတွေ့လိုက်ရပါဘူး။
မိနစ်၂၀ လောက် လျှောက်ပြီးတာနဲ့ တောင်ယာတဲတလုံး တွေ့ပါတယ်။ ကရင်လို မတတ်တခေါက်နဲ့ “အမိုး ကော်သူးလေတပ်တွေ ဘယ်နားရှိလဲ” ဆိုပြီး မေးလိုက်ပါ တယ်။ အသက်ခပ်ကြီးကြီး အဖွားအိုက သူ့ဘေးကလူတွေကို ကြည့်ပြီး ကရင်လိုနဲ့ ကျနော်ကို တခုခုပြန်ပြောပါတယ်။
ကျနော်က ဘာမှနားမလည်ပါဘူး။ နောက်ဆုံးမှာတော့ ”ဟိုး .. တောချတော တောင်ထိပ် ထိုင်းစစ်သားက လွှတ်လိုက်တဲ့လူပါ။ အရေးကြီးကိစ္စ ဆွေးနွေးစရာရှိလို့” ဆိုပြီး ထားဝယ်စကားကို ပုလောလေသံနဲ့ ရှင်းပြလိုက်မှ အဆင်ပြေသွားပါတယ်။
“အဲဒီလမ်းအတိုင်း ဆက်လျှောက်သွားပါ။ ရှေ့မှာ သူတို့ရှိပါလိမ့်မယ်” လို့ ကျနော့်ပုံကို ခြေဆုံးခေါင်းဆုံးကြည့်ပြီး အမိုးဘေးက အမျိုးသမီးတဦးက ပြောပါ တယ်။ ထိုင်းလိုမတတ်ဘဲ ထိုင်းတဦးလို ပုံဖမ်းပြီး နယ်စပ်တကြော ဒိုးနေတဲ့ကျနော်ပုံက ဘယ်လိုမှ ဒေသခံ ထိုင်း-ကရင်တဦးနဲ့မတူ။ လည်ပင်းမှာ ကင်မရာ၊ အသံဖမ်းစက်နဲ့ ရေဒီယိုပါတဲ့ အိတ်အသေးစား တလုံးကို စလွယ်သိုင်း၊ ဖုန်ဘိုင်းဖုန်းတလုံးက ခါးထိုးထားတာဆိုတော့ နွားပွဲစားလိုလို၊ သစ်မှောင်ခို သမားလိုလို ဘေးလူတွေက ထင်ကောင်း ထင်နေနိုင်ပါတယ်။
အဲဒီတောင်ယာတဲကနေ တောင်ယာဟောင်းတခုကို ကျော်၊ ဝါးတောတခုကိုဖြတ်ပြီး သစ်ပင်ကြီးတွေအောက် ရောက်တာနဲ့ သစ်ခက်မိုးယာယီတဲတလုံးကို လှမ်းမြင်လိုက်ရပါတယ်။ ပြီးတော့ ကင်းစောင့်နေပုံရတဲ့ ကရင်စစ်သားတဦးက ကျနော်ကို မြင်သွားပြီး ကရင်လိုနဲ့ လှမ်းမေးပါတယ်။ ကျနော်လဲ ”ကျိုးဖိုး” ထက်ပိုပြီး ဘာမှမပြောတတ်။ ဒါပေမယ့် ကြည့်ရတာ ကျနော်လာမယ်ဆိုတာကို ကိုဌေးအောင်က သူတို့လုံခြုံရေးအဖွဲ့က ပြောထားပြီးဖြစ်ပုံရပါတယ်။လဲနေတဲ့သစ်ပင်ကြီးနောက်က သစ်ရွက်မိုး တဲတလုံးထဲ ဝင်လိုက်တော့ ပဒိုနီးနီတို့ရုံးအဖွဲ့နဲ့ တွေ့ရပြန်ပါတယ်။
“ရှေ့ကတောင်ကုန်းကို ကျော်သွားလိုက်ပါ။ အဲဒီမှာ ခင်ဗျားလူတွေ ရှိလိမ့်မယ်” ဆိုပြီး ပဒိုနီးနီက လမ်းညွှန်လိုက်ပါတယ်။ ရှေ့ဆက်လျှောက်မယ်ပြင်တော့ လူသွားလမ်းက ရှင်းရှင်းလင်းလင်း မရှိ။ “မိုင်း နင်းမိရင် ဒုက္ခ” ဆိုပြီးစိတ်ထဲ ထိတ်မိပါသေးတယ်။ ဒါပေမယ့် ကရင်ရဲဘော်တွေရှေ့မှာ အဲဒီလိုကြောက်စိတ် မပြမိအောင် ထိန်းထားရပါတယ်။ တောင်ကုန်းလေးကို ကျော်လိုက်တော့ တွေ့ပါပြီ။ ကိုဌေးအောင်တို့ စစ်ကြောင်းရဲ့ ငှက်ပျောရွက်မိုး တဲနန်း။ ရဲဘော် ၁၀ ဦးခန့်နဲ့ တပ်ရင်း ၇ မှူး ဆလိုင်းယောအောင်၊ မဟာမိတ်ဆက်ဆံရေး တာဝန်ခံ ကိုအောင်သန်းတို့ကို တွေ့ရပေမယ့် ကျန်တဲ့ရဲဘော်တွေက တခြားနေရာဆီ ရောက်နေပုံရပါတယ်။ ခဏနေဦး၊ အဝတ်လဲဦးမယ်လို့ပြောပီး ယူနီးဖေါင်းကို ချွတ်၊ အရပ်ဝတ်ကို စွပ်ပြီး ကျနော်နဲ့အတူ ကိုဌေးအောင် ပြန်လိုက်လာပါတယ်။
အဲဒါဟာ ကျနော် ပထမဆုံးရောက်ဖူးတဲ့ ကမာပုလောစခန်းပါပဲ။ အဲဒီအချိန်ဟာ ၁၉၉၇ မေလ ၈ ရက်နေ့ဖြစ်ပါတယ်။ ကျနော်ရောက်တဲ့အချိန်အထိ ကမာပုလောမှာ တောင်ယာတဲ တလုံးနှစ်လုံးကလွဲပြီး ဘာမှမရှိသေးပေမယ့် နောက်ပိုင်း ၁၉၉၈ / ၉၉ မှာတော့ ဒီကမာပုလောစခန်းဟာ ကမ္ဘာကျော်တဲ့ God Army ဌာနချုပ် ဖြစ်လာခဲ့ပါတယ်။
ဘန်ကောက်သံရုံးနဲ့ ရတ်ချပူရီဆေးရုံကို ဝင်စီးသူများ
၁၉၉၉ မတ်လ ၁၃ ရက်နေ့မှာ ”An alert for the coming 9999 uprising” ဆိုတဲ့ ဆောင်းပါးတပုဒ် ဘန်ကောက်ထုတ် The Nation သတင်းစာမှာ ကျနော်ရေးဖူးပါတယ်။ ဆိုလိုတာကတော့ ၈၈ မှာတောခိုခဲ့တဲ့ ကျနော်တို့ဟာ ၁၀ နှစ် ၁၀ မိုးကြာတဲ့အထိ ဘာမှအောင်မြင်မှု မရသေးတဲ့အပေါ် သည်းမခံနိုင်မှုတွေဖြစ်နေပြီး ၈ လေးလုံးလို နောက်ထပ် လူထုအုံကြွမှုတခု ဖြစ်လာစေဖို့ မသိမသာ မျှော်နေကြပါတယ်။
ထောမမော ဒုက္ခသည်စခန်းမှ ထန်းဟင်စခန်းဆီ ပြောင်းဖို့ပြင်နေတဲ့ မိသားတစု (ဓာတ်ပုံ - ထက်အောင်ကျော်)
၉-၀၉-၉၉ (၉) လေးလုံးမှာ အလားတူ လူထုလှုပ်ရှားမှုတခု ဖြစ်လာအောင် ABSDF အပါဝင် နယ်စပ်နဲ့ နိုင်ငံတကာရှိ အဖွဲ့ပေါင်းစုံက ကြိုးစားခဲ့ကြပါတယ်။ ပြည်ပအခြေစိုက် ရေဒီယိုတွေပေါ်မှာ ၉ လေးလုံးအကြို လှုပ်ရှားမှုသတင်းတွေကို ကျယ်ကျယ်လောင်လောင် ကြားခဲ့ရပေမဲ့ တကယ်တမ်း စက်တင်ဘာ ၉ ရက်နေ့ ရောက်တဲ့အခါမှာတော့ ဟိုနားဒီနား စာရွက်ကပ်တာထပ်ပိုပြီး ဘာမှဖြစ် မလာခဲ့ပါဘူး။
အဲဒီအချိန်ဟာ ပြည်တွင်းအင်အားစု အားလုံးကို စစ်အစိုးရက ဖမ်းဆီးပြီး ထောင်ချထားချိန်၊ ကိုမင်းကိုနိုင်နဲ့ ၈၈ တဖွဲ့လုံး နှစ်ရှည်ထောင်ကျနေချိန်၊ CRPP အဖွဲ့ဝင်တွေနဲ့ လွှတ်တော်အမတ် အများအပြား ထိမ်းသိမ်းခံနေရချိန်လည်း ဖြစ်ပါတယ်။ နယ်စပ်မှာလည်း စခန်းတွေတခုပြီးတခု ကျနေလို့ ရဲဘော်အတော်များများ စိတ်ဂဏာမငြိမ် ဖြစ်နေတဲ့ကာလလို့ ဆိုနိုင်မယ်ထင်ပါတယ်။
ဒီလိုနဲ့ ၉ လေးလုံးအလွန် သတင်း ၂ ပတ်ကျော်အကြာ အောက်တိုဘာ ၁ ရက်နေ့မှာတော့ ဘယ်သူမှ ထင်မထားတဲ့ ဖြစ်စဉ်တခု ဘန်ကောက်မြို့လယ်မှာ ဖြစ်ပွားခဲ့ပါတယ်။ “နန့်စူစန် ဗမာတွေ သံရုံးကို သိမ်းထားလိုက်ပြီ” ဆိုပြီး ထိုင်း TV ချယ်နယ်တခုမှာ တွေ့လိုက်ရပါတယ်။ ဒါပေမယ့် ပြနေတဲ့ပုံတွေက အရင်သံရုံးရှေ့မှာ ဆန္ဒပြနေကျ ပုံဟောင်းတွေဆိုတော့ အရင်လို ဆန္ဒပြကြတာပဲဖြစ်မယ်၊ ငါ နားကြားလွဲတာနဲ့ တူပါတယ်ဆိုပြီး ကျနော်လည်း ခပ်ပေါ့ပေါ့ပါပဲ။
အဲဒီအချိန်ဟာ ABSDF အလုပ်တွေကို လျှော့ချပြီး DVB အတွက် အချိန်ပြည့်ဝန်ထမ်းအဖြစ် ကျနော် ဆောင်ရွက်နေပါပြီ။ အဲဒီကာလ DVB ရုံးငှားထားတဲ့နေရာက ဘန်ကောက်မြို့ ကီလို ၈ ဝန်းကျင်က လမ်းသွယ်တခုထဲမှာပါ။ ကျနော်ဟာ တဖက်မှာလည်း ဧရာဝတီ အပါအဝင် ထိုင်းအခြေစိုက် သတင်းစာတွေမှာ အင်္ဂလိပ်လိုဆောင်းပါးတွေ ကြိုးစားပြီး စတင်ရေးသားနေချိန်ဖြစ်ပါတယ်။ မှတ်မှတ်ရရ အဲဒီနေ့ညနေမှာ ချင်းမိုင်ကိုဆင်းပြီး ဧရာဝတီအယ်ဒီတာ ကိုအောင်ဇော်နဲ့တွေ့ဖို့ ကျနော်ချိန်းထားလို့ သတင်းကို တာဝန်ကျေ နားထောင်ရင်းနဲ့ ညနေခရီးထွက်ဖို့ စိတ်ကရောက်နေတာပါ။
“သံရုံးသတင်းက တကယ်ဖြစ်နေတာနော်။ သေနတ်သံတွေတောင် ကြားရတယ်လို့ TV ထဲမှာ ပြောနေတယ်” ဆိုပြီး ထိုင်းစကားကျွမ်းတဲ့ DVB ဘန်ကောက်ရုံး ထိုင်းဆက်ဆံရေးတာဝန်ခံ ကိုတင့်ဇော် (အခု အမေရိကန်) က ပြောပါတယ်။ ဒါနဲ့ ကျနော်လည်း ဟိုဖုန်းဆက်၊ ဒီဖုန်းဆက် လျှောက်မေးတော့ နီလွိုင်စခန်းက ကျောင်းသားတွေလည်းပါတယ်။ လွန်ခဲ့တဲ့ တပတ်ကတောင် သူတို့အဖွဲ့ ကြေညာချက်တခု ထုတ်ထားသေးတယ်ဆိုပြီး အစအန တွေ့ရလာပါတယ်။
တချိန်းတည်းမှာပဲ TV သတင်းတွေ ကတဖြည်းဖြည်းနဲ့ သံရုံးအခြေအနေ အသေးစိပ်ပါလာပြီး သတင်းထောက် အတော်များများ သံရုံးရှေ့ ရောက်နေကြပါပြီ။ ကျနော်လည်း တခြားသတင်းထောက်တွေလို သံရုံးရှေ့သွားချင်ပေမယ့် အဲဒီအချိန်အထိ ကျနော့်လက်ထဲမှာ မြန်မာစာအုပ်အတု အပါဝင် ဘာ Passport, ဘာ ID မှ မရှိသေးပါ။
0 comments:
Post a Comment