Saturday, July 30, 2022

Interview with Naing Htoo Aung of NUG. part 1.



“ဒေါ်လာ ၄၄-သန်းကို လက်နက်ရရှိရေးနဲ့ စစ်ဆင်ရေးမှာ ဦးစားပေးသုံးစွဲနေပါတယ်”

(ဦးနိုင်ထူးအောင်- အတွင်းဝန်- ကာကွယ်ရေးဝန်ကြီးဌာန- NUG)
-------------------------------------------------------------------

နွေဦးတော်လှန်ရေး တနှစ်ခွဲကာလအတွင်း ပြည်တွင်း-ပြည်ပ အလှူရှင်တွေဆီကနေ အမေရိကန်ဒေါ်လာ ၄၄-သန်းရရှိထားပြီး အဲဒီငွေတွေကို PDF အတွက် လက်နက်တပ်ဆင်ရေးနဲ့ စစ်ဆင်ရေးမှာ ဦးစားပေးအသုံးပြုနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် ဦးနိုင်ထူးအောင်ကပြောပါတယ်။

နွေဦးတော်လှန်ရေး တနှစ်ခွဲကာလအတွင်း လက်နက်ကိုင်တိုက်ပွဲ အောင်မြင်မှု၊ တိုးတက်မှု အခြေအနေတွေကို BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ပထမ ပိုင်းမှာ...
- တနှစ်ခွဲကာလအတွင်း နိုင်ငံရေး၊ စစ်ရေးအရ ရှေ့ကို ဘယ်လောက်အထိ တိုးတက်လာနေသလဲ...
- PDF အင်အားနဲ့ စုဖွဲ့မှုပုံစံ ဘယ်လိုရှိသလဲ...
- တနှစ်ခွဲကာလအတွင်း MOD က အလှူငွေ ဘယ်လောက်ရပြီး ဘယ်လို သုံးစွဲနေသလဲ...
- ကိုယ်တိုင်ထုတ် စစ်လက်နက်ပစ္စည်းတွေက စစ်မြေပြင်မှာ အသုံးပြုနိုင်တဲ့ အဆင့်ရောက်နေပြီလား...
စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(ပြည်သူမှ ပြည်သူသို့ အကူအညီသက်သက်နဲ့ လက်နက်ကိုင်တိုက်ပွဲရန်ပုံငွေ အဆင်ပြေပါ့မလား- ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ တနလာင်္ညမှာ ဆက်လက် ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်)

-အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချန်နယ် ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။

Saturday, July 23, 2022

Interview with Than Soe Naing on 18-months of Revolution. Part-2



”ဒေသအလိုက် စစ်ဆင်ရေး၊ ပြည်နယ်အလိုက် စစ်ဆင်ရေးအဆင့်ဆီ တက်လှမ်းဖို့ လိုနေပါတယ်”

(ဦးသန်းစိုးနိုင်- နိုင်ငံရေး ဝေဖန်သုံးသပ်သူ)
-------------------------------------------------------------------------
(၂၄/၇/၂၀၂၂)

PDF တပ်တွေ နဲ့ EAO တပ်တွေကြား ပူးပေါင်းဆောင်ရွက်မှုဟာ တဖွဲ့ချင်း၊ တနယ်ချင်း တိုက်ပွဲဝင်မှုကနေ ဒေသအလိုက်၊ ပြည်နယ်အလိုက် စစ်ဆင်ရေးလုပ်နိုင်တဲ့အဆင့်အထိ တက်လှမ်းဖို့လိုနေတယ်လို့ နိုင်ငံရေးဝေဖန်သုံးသပ်သူ ဦးသန်းစိုးနိုင်ကပြောပါတယ်။

နွေဦးတော်လှန်ရေး တနှစ်ခွဲကာလအတွင်း PDF တပ်တွေ နဲ့ EAO တပ်တွေ ပူးပေါင်းဆောင်ရွက်မှု၊ NUG အစိုးရရဲ့ ဦးဆောင်နိုင်မှုစွန်းရည်တွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာ...
- PDF တပ်တွေရဲ့ စုဖွဲ့မှု ပုံစံနဲ့ အမိန့်ပေးမှုစနစ်က ထိုးစစ်ဆင်နိုင်တဲ့အဆင့်ဆီ ရောက်နေပြီလား...
- ဝယ်ယူ၊ တီထွင်မှုသက်သက်နဲ့ လက်နက်လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ပါ့မလား...
- ဒီနှစ်မကုန်ခင် တော်လှန်စစ်ရဲ့ ထိုးစစ်အဆင့်ကို တက်လှမ်းနိုင်မလား...
- နွေဦးတော်လှန်ရေး အောင်ပွဲခံဖို့ ဘာတွေ လိုအပ်နေသလဲ...
စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချန်နယ် ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။)

Friday, July 22, 2022

Interview with Than Soe Naing on 18 months of Revolution. Part-1



“PDF တွေဖက်က တိုက်ပွဲအရှိန်မြှင့်ပြီး ဖိအားပေးနိုင်ရင် စစ်ကောင်စီတပ် ပြိုကျမှု ဒီထက် ပိုဆိုးလာနိုင်ပါတယ်”

(ဦးသန်းစိုးနိုင်- နိုင်ငံရေး ဝေဖန်သုံးသပ်သူ)
-------------------------------------------------------------------------
(၂၂/၇/၂၀၂၂)

နွေဦးတော်လှန်ရေး တနှစ်ခွဲကာလအတွင်း စစ်ကောင်စီတပ် ပြိုကျမှုက သိသာလာတဲ့အတွက် PDF နဲ့ EAO တွေဖက်ကသာ တိုက်ပွဲအရှိန်မြှင့်ပြီး ဖိအားပေးလိုက်ရင် စစ်တပ်ပြိုကျမှုပိုဆိုးလာမယ်။ တဦးချင်းထွက်လာနေရာကနေ တပ်စုအလိုက်၊ တပ်ရင်းအလိုက်ထွက်လာတဲ့အထိ ဖြစ်လာနိုင်တယ်လို့ နိုင်ငံရေးဝေဖန်သုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

နွေဦးတော်လှန်ရေး တနှစ်ခွဲကာလ တိုးတက်မှု၊ အားမလိုအားမရဖြစ်မှုတွေအပေါ် ဆန်းစစ်ဝေဖန်ချက်ပေးဖို့ BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ပထမ ပိုင်းမှာ...
- နွေဦးတော်လှန်ရေး တနှစ်ခွဲကာလအတွင်း အဓိက အောင်မြင်မှုက ဘာလဲ...
- အဓိက အားနည်ချက်ကကော ဘာတွေလဲ...
- ဆန္ဒပြပွဲနဲ့ CDM လှုပ်ရှားမှုတွေ ဘာကြောင့် အားနည်းသွားတာလဲ...
- စစ်တပ်အတွင်း CDM လှုပ်ရှားမှုနဲ့ တပ်ပြိုကျမှု အနေအထားက ဘယ်လောက်အထိ ဆိုးနေပြီလဲ...
- PDF တပ်တွေရဲ့ တနှစ်ခွဲကာလ တိုက်ပွဲဝင်မှုက အားရစရာ ရှိပါရဲ့လား...
စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(ဒီနှစ်မကုန်ခင် အဆုံးအဖြတ်ပေးနိုင်တဲ့ တိုက်ပွဲတွေဖြစ်ပေါ်လာနိုင်သလား-ဆိုတဲ့ ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ တနင်္ဂနွေညမှာ ဆက်လက် ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချန်နယ် ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။)

Sunday, July 17, 2022

Interview with CDM- Air force Officer. part-2



“အရာရှိငယ်တွေနဲ့ အောက်ခြေတပ်သားတွေ များများထွက်လာဖို့လိုပါတယ်”

(ဗိုလ်ကြီးဇေသူအောင်- CDM လေတပ်အရာရှိ)
----------------------------------------------------------------
(၁၇/၇/၂၀၂၂)

အရာရှိငယ်တွေနဲ့ အောက်ခြေတပ်သားတွေ များများထွက်လာရင် စကစ ထိပ်တန်းအရာရှိတွေ စစ်ဆက်တိုက်ရေးအမိန့်ပေးဖို့ ခက်ခဲသွားနိုင်တဲ့အတွက် ဒါကို ဦးစားပေးဆောင်ရွက်သင့်တယ်လို့ CDM လေတပ်အရာရှိ ဗိုလ်ကြီးဇေသူအောင်ကပြောပါတယ်။

စစ်အာဏာသိမ်းပြီး တနှစ်ခွဲနီးပါးကာလအတွင်း စစ်တပ်အတွင်း ပြိုဆင်းမှုအခြေအနေနဲ့ပတ်သက်ပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။

အခုထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ...
- CDM စစ်သည်တွေ ဦးစီးထုတ်လုပ်နေတဲ့ လက်နက်တွေ စစ်မြေပြင်မှာ တကယ်သုံးနိုင်ပြီလား...
- တနှစ်အတွင်း စကစ ဖက်က ထိခိုက်၊ ကျဆုံး၊ ထွက်ပြေး၊ CDM ဘယ်လောက်ရှိသလဲ...
- အချို့စစ်သားတွေက ထွက်ချင်ပေမယ့် မထွက်နိုင်ဖြစ်နေတာ ဘာကြောင့်လဲ...
- အရာရှိငယ်တွေနဲ့ အောက်ခြေစစ်သားတွေများပြားစွာ ထွက်လာခြင်းက စစ်ပွဲအခြေအနေကို အပြောင်းအလဲဖြစ်စေနိုင်သလား...
- တနှစ်ခွဲနီးပါးကြာ တော်လှန်ရေးအခြေအနေ ဘယ်အထိ ခရီးရောက်နေပြီလဲ...
စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချန်နယ် ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။)

Friday, July 15, 2022

Interview with CDM- Air Force officer. Part-1.



“လေတပ်ကို ဘယ်လောက်သုံးသုံး- ခြေလျင်တပ်က မထိန်းနိုင်ရင် စခန်းကျတာပါပဲ”

(ဗိုလ်ကြီးဇေသူအောင်- CDM လေတပ်အရာရှိ)
----------------------------------------------------------------
(၁၅/၇/၂၀၂၂)

အာဏာသိမ်း စစ်ကောင်စီတပ်ဟာ EAO တွေ PDF တပ်တွေကို မြေပြင်မှာ ရင်ဆိုင်တိုက်ဖို့ အခက်ခဲရှိလာနေတဲ့အတွက် လေကြာင်းအကူကို နေ့စဉ်လိုလို အသုံးပြုနေရပါတယ်။ ဒါပေမယ့် ခြေလျင်တပ်က နယ်မြေကိုမထိန်းနိုင်ဘူးဆိုရင် လေတပ်ကိုဘယ်လောက်သုံးသုံး အလုပ်ဖြစ်မှာ မဟုတ်ဘူးလို့ CDM လေတပ်အရာရှိ ဗိုလ်ကြီးဇေသူအောင်ကပြောပါတယ်။

အခုတလော မြန်မာ-ထိုင်းနယ်စပ်အနီးရှိ ဥကရစ်ထစခန်းကို EAO နဲ့ PDF တပ်တွေက ဝိုင်းထားစဉ် စစ်ကောင်စီဖက်ကနေ လေယာဉ်နဲ့ အကြိမ်ကြိမ်တိုက်ခိုက်နေတဲ့အပေါ် ထင်မြင်ချက်မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ပထမ ပိုင်းမှာ...
- စကစဖက်က လေကြောင်းကို အလေးပေးလာတာဟာ ကြည်းတပ်တွေ အားနည်းသွားလို့လား...
- စကစ ရဲ့ လေတပ်ဖွဲ့စည်းပုံနဲ့ တပ်တည်နေရာတွေက ဘယ်လိုရှိသလဲ...
- MI 29 က ခေတ်အမီဆုံး တိုက်လေယာဉ်ဖြစ်ဆဲလား...
- လေယာဉ်နဲ့ နေ့စဉ်တိုက်နေပေမယ့် စခန်းကို ပြန်မသိမ်းနိုင်တာ ဘာကြောင့်လဲ...
- ဒရုံးနဲ့ ကင်းထောက်ခြင်းက ဒီနေ့စစ်ပွဲရဲ့ နေ့စဉ်လုပ်ငန်းဖြစ်လာနေပြီလား...
စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(CDM တပ်မတော်သားတွေ ဘယ်လောက်များနေပြီလဲ၊ ထပ်ထွက်လာမယ့်သူတွေကိုဘယ်လို ကြိုဆိုသင့်သလဲ... စတဲ့အကြောင်းတွေပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန်ညမှာ ဆက်လက် ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချန်နယ် ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။)

Wednesday, July 13, 2022

Interview with Thinzar Shunlei Yi on US meeting.1



“ဒီမိုကရေစီဆိုပေမယ့် ၂၀၀၈ အောက်ကို ပြန်သွားရတဲ့ ဒီမိုကရေစီမျိုးမဖြစ်စေဖို့ ကျမ တင်ပြခဲ့ပါတယ်”

(သဉ္ဇာရွှန်းလဲ့ရည်- လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ)
-----------------------------------------------------------------------
(၁၃/၇/၂၀၂၂)

စစ်အာဏာရှင်စနစ်အောက်ကနေ ဒီမိုကရေစီကိုပြန်သွားရေးတိုက်တွန်းတဲ့အခါ အရင်လို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပေဒအောက် ပြန်ရောက်သွားတာမျိုးမဖြစ်စေဖို့ အမေရိကန်နိုင်ငံ ခြားရေးဝန်ကြီးနဲ့ တွေ့ဆုံစဉ်မှာ အလေးထားတင်ပြခဲ့တယ်လို့ လူ့အခွင့်အရေး တက်ကြွလှုုပ်ရှားသူ သဉ္ဇာရွှန်းလဲ့ရည် ကပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ထိုင်းနိုင်ငံမှာပြုလုပ်ခဲ့တဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken နဲ့ မြန်မာ့ဒီမိုကရေစီအရေးလှုုပ်ရှားသူတွေ တွေ့ဆုံပွဲအတွင်း ဘာတွေ ဆွေးနွေးခဲ့သလဲဆိုပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူမ က အဲဒီလို ဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်ပေးမယ့် မေးမြန်းချက်ထဲမှာ...
- အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံပွဲအတွင်း ဘာတွေ တင်ပြခဲ့သလဲ...
- စီးပွားရေးပိတ်ဆို့မှုထက် ပိုထိရောက်တဲ့နည်းကို အမေရိကန်ဖက်က ရှာဖွေနေတယ်ဆို ဘယ်လိုနည်းလမ်းတွေလဲ...
- အသက် ၄၀ အောက် လူငယ်တွေကိုပဲ ရွေးပြီးတွေ့ဆုံတာ ဘာကြောင့်လဲ...
- အရပ်ဖက်အဖွဲ့ CSO တွေ နွေဦးတော်လှန်ရေးမှာ ဘယ်လို ပူးပေါင်းပါဝင်နေသလဲ...
- နွေဦးတော်လှန်ရေးတနှစ်ခွဲကြာအခြေအနေ ဘယ်လောက်အထိ တိုးတက်လာနေပြီလဲ...
စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချန်နယ် ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။)

Monday, July 11, 2022

Interview with Bo Nagar. Part-2.



 “စစ်ခေါင်းဆောင်တွေနဲ့အတူ ချောက်ထဲအထိ မခုန်ချပါနဲ့၊ ပြည်သူနဲ့ အမြန်ဆုံးလက်တွဲကြပါ”

(ဗိုလ်နဂါး- PDF ခေါင်းဆောင်- စစ်ကိုင်းတိုင်း)
-------------------------------------------------------
(၁၁-/-၇-/-၂၀၂၂)

အာဏာသိမ်း စစ်ကောင်စီတပ်ဟာ နိုင်ငံတကာရဲ့ ပိတ်ဆို့အရေးယူမှုခံနေရတဲ့အပြင် နွေဦးတော်လှန်ရေးဖက်ကလည်း မကြာခင် စစ်ရှိန်မြှင့်လာနိုင်တယ်။ PDF တပ်တွေမှာ မောင်းပြန်လက်နက်တွေရှိလာနေပြီဖြစ်တဲ့အတွက် စစ်ကောင်စီ အောက်ခြေစစ်သားတွေအနေနဲ့ ကိုယ်ကျိုးရှာ စစ်ဗိုလ်ချုပ်တွေကို ချန်ထားခဲ့ပြီး ပြည်သူဖက် အမြန်ဆုံးပူူးပေါင်းဖို့လိုနေပြီဖြစ်တယ်လို့ စစ်ကိုင်းတိုင်းက PDF ခေါင်းဆောင်တဦးဖြစ်သူ ဗိုလ်နဂါးက ပြောပါတယ်။

နွေဦးတော်လှန်ရေး တနှစ်ခွဲနီးပါးကာလ တိုးတက်ဖြစ်ထွန်းမှုအခြေနဲ့ပတ်သက်ပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ....
- အာဆီယံနဲ့ တရုတ်ရဲ့ ဖိအားပေးမှုကြောင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဖြစ်လာနိုင်တယ်ဆိုတဲ့အချက်အပေါ် ဒေသခံ PDF တွေက ဘယ်လိုအမြင်ရှိသလဲ...
- နွေဦးတော်လှန်ရေးအပေါ် အာဆီယံနဲ့ အိမ်နီးချင်းနိုင်ငံအစိုးရတွေက အခုချိန်အထိ မသိသလိုနေ နေတာ ဘာကြောင့်လဲ...
- လက်နက်ကိုင်တော်လှန်ရေး တနှစ်ခွဲကာလအတွင်း ဘယ်လောက်အထိ တိုးတက်လာခဲ့သလဲ...
- ပြည်သူ့အသက် ကာကွယ်ရေးအတွက် စစ်တပ်ထဲဝင်ခဲ့တဲ့ အောက်ခြေတပ်သားတွေ အခုချိန်မှာ ဘာလုပ်သင့်သလဲ...
- တော်လှန်ရေး အောင်ပွဲနီးလာချိန်မှာ ခေါင်းဆောင်ပိုင်းသဘောထားပြည့်ဝဖို့ ဘယ်လောက်အရေးကြီးသလဲ...
-စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချန်နယ် ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။)

Sunday, July 10, 2022

Interview with Bo Nagar. P-1.


“စာသင်ကျောင်းတွေ ဖွင့်ပေးနေပါတယ်၊ တိုက်ပွဲတွေလည်းဖြစ်နေဆဲပါ”

(ဗိုလ်နဂါး- PDF ခေါင်းဆောင်- စစ်ကိုင်းတိုင်း)
-------------------------------------------------------
(၁၀-၇-၂၀၂၂)

စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းရှိ PDF ထိန်းချုပ်ဒေသတွေမှာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မူလတန်းကျောင်းတွေ ပြန်ဖွင့်ပေးနေပြီး တချိန်တည်းမှာပဲ အချို့နေရာတွေမှာ တိုက်ပွဲတွေ  ဖြစ်နေတယ်လို့ စစ်ကိုင်းတိုင်း ပုလဲနယ်က ဒေသခံ PDF ခေါင်းဆောင်တဦးဖြစ်သူ ဗိုလ်နဂါး ကပြောပါတယ်။

NUG က အုပ်ချုပ်ရေးချထားတဲ့ မြို့နယ်ပေါင်း ၃၀ ကျော်မှာ ပြည်သူ့ဝန်ဆောင်လုပ်ငန်းတွေ ဘယ်လိုဆောင်ရွက်ပေးနေသလဲ၊ PDF တွေက ဘယ်လိုပူးပေါင်းဆောင်ရွက်နေသလဲဆိုပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။

အခုထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ပထမ ပိုင်းမှာ...
- စစ်ကိုင်းတိုင်းအတွင်းက တိုက်ပွဲတွေရဲ့ နောက်ဆုံးအခြေအနေ...
- ရွာမီးရှို့ခံရမှုအခြေအနေ၊၊ စစ်ပြေးဒုက္ခသည်များအတွက် အကူအညီလိုအပ်ချက်များအကြောင်း...
- စာသင်ကျောင်းနဲ့ ဆေးရုံဆေးခန်း ဝန်ဆောင်မှုတွေကို NUG က ဘယ်လိုဆောင်ရွက်ပေးနေသလဲ...
- စစ်ကိုင်း-မကွေးဒေသတွင်းရှိ တော်လှန်ရေးတပ်တွေ ပူူးပေါင်းစစ်ဆင်ရေး ဆောင်ရွက်နိုင်ပြီလား...
- NUG ဆီတောင်းထားတဲ့ လက်နက်တွေ ရမယ့်အလားအလာ ပိုနီးလာပြီလား...
စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(နွေဦးတော်လှန်ရေး တနှစ်ခွဲအခြေအနေ သုံးသပ်ချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ညမှာ ဆက်လက်ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချန်နယ် ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။)

Wednesday, July 6, 2022

Interview with Dr Tint Swe On China-Myanmar relation-2



”အာဆီယံရော၊ တရုတ်ကပါ မြန်မာစစ်ကောင်စီရဲ့ လုပ်ရပ်တွေကို မကြိုက်ကြပါဘူး” (ဒေါက်တာတင့်ဆွေ- နိုင်ငံရေး ဝေဖန်သုံးသပ်သူ) --------------------------------------------------------------------- (၁/ ၇/၂၀၂၂) တရုတ်နိုင်ငံခြားရေးဝန်ကြီးနဲ့ အာဆီယံ ဝန်ကြီးအချို့ မြန်မာနိုင်ငံဆီရောက်နေ- သွားနေကြပေမယ့် သူတို့အားလုံးဟာ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို မကြိုက်ကြဘူး။ ဒီခရီးစဉ်တွေဟာ စစ်ကောင်စီကို တရားဝင်အသိအမှတ်ပြုတဲ့သဘော မဟုတ်ဘူူးလို့ နိုင်ငံရေး ဝေဖန်သုံးသပ်သူ ဒေါက်တာတင့်ဆွေကပြောပါတယ်။ ပုဂံမှာကျင်းပမယ့် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုအစည်းအဝေးတက်ရောက်ဖို့ တရုတ်နဲ့ မဲခေါင်းမြစ်ဝှမ်းဒေသက နိုင်ငံခြားရေးဝန်ကြီးတွေ မြန်မာနိုင်ငံဆီရောက်လာမယ့်အခြေအနေနဲ့ပတ်သက်ပြီး BNN သတင်းဌာမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။ အခု ထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာ.... - စစ်ကောင်စီကို နိုင်ငံတကာက ပိတ်ဆို့ဒဏ်ခတ်ထားချိန်မှာ တရုတ်နဲ့ အာဆီယံ ဝန်ကြီးတွေ မြန်မာနိုင်ငံဆီ သွားသင့်ပါရဲ့လား... - NUG ရဲ့ သံတမန်ရေးတိုက်ပွဲမှာ တရုတ်နဲ့ အာဆီယံကို စည်းရုံးဖို့ အားနည်းခဲ့လေသလား... - PDF တွေကို အနောက်နိုင်ငံတွေက စစ်ရေးအကူအညီမပေးတာ.ဘာကြောင့်လဲ... - စစ်ကောင်စီရဲ့ ဝါဒဖြန်မှုကို ဘယ်လို တုန့်ပြန်ကြမလဲ... စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။ (အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချန်နယ် ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။)

Interview with Aung Moe Zaw of DPNS. 1.



“တွေ့ဆုံဆွေးနွေးရေးဆိုတဲ့စကားက သိပ်နောက်ကျနေပြီ၊ လူထုက လက်နက်ကိုင်တိုက်ပွဲဝင်နေပြီ”

(ဦးအောင်မိုးဇော်- လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ-DPNS)
-------------------------------------------------
(၆/၇/၂၀၂၂)

စစ်ကောင်စီဖက်က တွေ့ဆုံဆွေးနွေးရေးအကြောင်းပြောလာတဲ့အချိန်ဟာ သိပ်နောက်ကျနေပြီဖြစ်ပြီး မြန်မာလူထုက စစ်ကောင်စီ မရှိမှ တိုင်းပြည်ငြိမ်းချမ်းမယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ လက်နက်ကိုင်တော်လှန်တဲ့အထိဖြစ်နေပြီလို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဌ ဦးအောင်မိုးဇော်ကပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီနဲ့ ဒီမိုကရေစီအင်အားစုတွေ၊ တိုင်းရင်းသားအင်အားစုတွေ အားလုံး တွေ့ဆုံဆွေးနွေးအဖြေရှာကြဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းလိုက်တဲ့အပေါ် BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က ထင်မြင်ချက် မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်ပေးမယ့် မေးမြန်းချက်ထဲမှာ...
- တရုတ်ရဲ့ ကမ်းလှမ်းချက် အလုပ်ဖြစ်နိုင်သလား...
- စကစ ဖက်ကပြောလာတဲ့ “တွေ့ဆုံဆွေးနွေးရေး-မဖြစ်နိုင်ဘူးလို့ မပြောနိုင်ဘူး” ဆိုတာကို ဘယ်လိုနားလည်သင့်သလဲ...
- တွေ့ဆုံဆွေးနွေးရေးအတွက် နွေဦးတော်လှန်ရေးအင်အားစုတွေဖက်က ဘာတွေပြင်ထားသင့်သလဲ...
- ရွာမီးရှို့၊ လူသတ်၊ ထိုးစစ်အရှိန်မြှင့်နေချိန်မှာ တွေ့ဆုံဆွေးနွေးရေး ဖြစ်နိုင်ပါ့မလား...
- ဆွေးနွေးရေးဆိုတဲ့စကားလုံးကြောင့် ၂၀၁၀ မတိုင်ခင် ကာလတွေဆီ သမိုင်းတပတ် ပြန်လည်သွားနိုင်သလား...
- နွေဦးတော်လှန်ရေးအင်အားစုတွေ တော်လှန်စစ်ကို အရှိန်မြှင့်သင့်သလား...
စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချန်နယ် ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။)

Friday, July 1, 2022

Interview with ABSDF on Yaw Region revolution.



“ယောနယ်အပါဝင် တိုင်းဒေသကြီးတွေမှာပါ ABSDF က လှုပ်ရှားနေပါတယ်” (ဦးမောင်မောင်- ABSDF ယောနယ်တာဝန်ခံ) -------------------------------------------------------------------- (၂၈/ ၆/၂၀၂၂) ချင်း-မကွေးနယ်စပ် ယောဒေသက စစ်သင်တန်းဆင်းပွဲတင်မကပဲ အခြားဒေသတွေမှာလည်း ABSDF တပ်တွေရှိနေတယ်။ ဒေသခံ PDF တွေနဲ့ ပူးတွဲလှုပ်ရှားနေပါတယ်လို့ ABSDF ဗဟိုကော်မီတီဝင်တဦးဖြစ်သူ ဦးမောင်မောင်ကပြောပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေနဲ့ အလုပ်ရှုပ်နေပြီး နွေဦးတော်လှန်ရေးမှာ ထဲထဲဝင်ဝင် ပါဝင်တာမတွေ့ရလို့ ဝေဖန်ခံနေရတဲ့ ABSDF ဟာ ဇွန်လ ၂၀ ရက်နေ့ကတော့ မကွေးတိုင်း ယောနယ်မှာ စစ်သင်တန်းဆင်းပွဲတခု ကျင်းပတာတွေ့ရပါတယ်။ အဲဒီသင်တန်းဆင်းပွဲနဲ့ ပတ်သက်ပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။ အခု ထုတ်လွှင့်ပေးမယ့် မေးမြန်းချက်ထဲမှာ... - ယောနယ်က သင်တန်းဆင်းပွဲရဲ့ ထူးခြားချက်များ... - စစ်ကောင်စီဥက္ကဌရဲ့ ဖိတ်ခေါ်ချက်ကို ဘာကြောင့် လက်မခံတာလဲ... - အာဏာသိမ်းစဉ်က အသံတိတ်နေပြီး ၁၆ လကြာမှ အသံထွက်လာတာ ဘာကြောင့်လဲ... - နွေဦးတော်လှန်ရေးရဲ့ ရှေ့အလားအလာကို ABSDF က ဘယ်လို ရှုမြင်ထားပါသလဲ... စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။ (အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချန်နယ် ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။)

Interview with Dr Tint Swe on Asean- part-1



“အာဆီယံက ပေးမယ့်အကူအညီ ဒုက္ခသည်အစစ်အမှန်တွေဆီ ရောက်မရောက် မသေချာဘူး” (ဒေါက်တာတင့်ဆွေ- နိုင်ငံရေး ဝေဖန်သုံးသပ်သူ) --------------------------------------------------------------------- (၃၀/ ၆/၂၀၂၂) နေပြည်တော်ကိုရောက်နေတဲ့ အာဆီယံ အထူးကိုယ်စားလှယ်ရဲ့ခရီးစဉ်အတွင်း လူသားချင်းစာနာမှုအကူအညီတွေပေးရေး သဘောတူချက်ရကောင်းရနိုင်ပေမယ့် အဲဒီအကူအညီတွေ ဒုက္ခသည်အစစ်အမှန်တွေဆီ ရောက်နိုင်-မနိုင် မသေချာဘူးလို့ နိုင်ငံရေး ဝေဖန် သုံးသပ်သူ ဒေါက်တာတင့်ဆွေကပြောပါတယ်။ ၃ ရက်ကြာခရီးစဉ်အဖြစ် မနေ့က နေပြည်တော်ကိုရောက်လာတဲ့ အာဆီယံ အထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး Prak Sokhonn ရဲ့ခရီးစဉ်၊ ဇူလိုင် ၂ ရက်နေ့မှာ ပုဂံကိုရောက်လာမယ့် တရုတ် နိုင်ငံခြားရေးဝန်ကြီး Wang Yi ရဲ့ ခရီးစဉ်တွေနဲ့ပတ်သက်ပြီး BNN သတင်းဌာမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။ အခု ထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ပထမ ပိုင်းမှာ.... - အာဆီယံ အထူးကိုယ်စားလှယ်ရဲ့ ဒုတိယ ခရီးစဉ် ဘာတွေထူးခြားနိုင်သလဲ... - လူသားချင်းစာနာမှုအကူအညီ တကယ်ရလာနိုင်သလား... - အာဆီယံ မူ ၅ ချက် အလုပ်မဖြစ်တာ ဘာကြောင့်လဲ... - အာဆီယံ အလှည့်ကျဥက္ကဌပြောင်းရင် မြန်မာ့အရေးပေါ်ချည်းကပ်မှုပုံစံ ပြောင်းနိုင်သလား... - တရုတ်နိုင်ငံခြားရေးဝန်ကြီးလာရင် ဘာတွေ ထူူးလာနိုင်သလဲ... စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။ (သံတမန် စစ်မျက်နှာမှာ စကစနဲ့ NUG တို့ရဲ့ အားပြိုင်မှုရှေ့အလားအလာ အကြောင်းပါဝင်တဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန်ညမှာ ဆက်လက်ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်) အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချန်နယ် ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။

Interview with Dr Tint Swe On China-Myanmar relation-2



”အာဆီယံရော၊ တရုတ်ကပါ မြန်မာစစ်ကောင်စီရဲ့ လုပ်ရပ်တွေကို မကြိုက်ကြပါဘူး”

(ဒေါက်တာတင့်ဆွေ- နိုင်ငံရေး ဝေဖန်သုံးသပ်သူ)
---------------------------------------------------------------------
(၁/ ၇/၂၀၂၂)

တရုတ်နိုင်ငံခြားရေးဝန်ကြီးနဲ့ အာဆီယံ ဝန်ကြီးအချို့ မြန်မာနိုင်ငံဆီရောက်နေ- သွားနေကြပေမယ့် သူတို့အားလုံးဟာ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို မကြိုက်ကြဘူး။ ဒီခရီးစဉ်တွေဟာ စစ်ကောင်စီကို တရားဝင်အသိအမှတ်ပြုတဲ့သဘော မဟုတ်ဘူူးလို့ နိုင်ငံရေး ဝေဖန်သုံးသပ်သူ ဒေါက်တာတင့်ဆွေကပြောပါတယ်။

ပုဂံမှာကျင်းပမယ့် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုအစည်းအဝေးတက်ရောက်ဖို့ တရုတ်နဲ့ မဲခေါင်းမြစ်ဝှမ်းဒေသက နိုင်ငံခြားရေးဝန်ကြီးတွေ မြန်မာနိုင်ငံဆီရောက်လာမယ့်အခြေအနေနဲ့ပတ်သက်ပြီး BNN သတင်းဌာမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာ....
- စစ်ကောင်စီကို နိုင်ငံတကာက ပိတ်ဆို့ဒဏ်ခတ်ထားချိန်မှာ တရုတ်နဲ့ အာဆီယံ ဝန်ကြီးတွေ မြန်မာနိုင်ငံဆီ သွားသင့်ပါရဲ့လား...
- NUG ရဲ့ သံတမန်ရေးတိုက်ပွဲမှာ တရုတ်နဲ့ အာဆီယံကို စည်းရုံးဖို့ အားနည်းခဲ့လေသလား...
- PDF တွေကို အနောက်နိုင်ငံတွေက စစ်ရေးအကူအညီမပေးတာ.ဘာကြောင့်လဲ...
- စစ်ကောင်စီရဲ့ ဝါဒဖြန်မှုကို ဘယ်လို တုန့်ပြန်ကြမလဲ...
စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချန်နယ် ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။)

Share

Twitter Delicious Facebook Digg Stumbleupon Favorites More