Friday, October 26, 2012

မေ့ပျောက်ခံ မျိုးဆက်တခု ဖြစ်သွားပြီလား

ထက်အောင်ကျော်။ (၀၁-၁၁-၂၀၁၂)

ဒီနေ့ နိုဝင်ဘာလ ၁-ရက်နေ့ဟာ ABSDF (All Burma Students' Democratic Front) ခေါ် မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးရဲ့ ၂၄-နှစ်ပြည့် မွေးနေ့ဖြစ်ပါတယ်။ တနည်း အားဖြင့်ပြောမယ်ဆိုရင် ၈-လေးလုံးအရေးတော်ပုံကြီးကို စစ်တပ်အစိုးရက ပစ်ခတ်ဖြိုခွဲပြီးတဲ့နောက် အဲဒီစစ်တပ်ကို လက်နက်ကိုင်တော်လှန်မှ ရတော့မယ်ဆိုတဲ့ စိတ်ကူးတွေနဲ့ တက္ကသိုလ်နယ်မြေက ကျောင်းသားတွေ၊ အဖြူ အစိမ်းဝတ်ကျောင်းသားတွေ၊ ဆရာဝန်၊ ရှေ့နေ၊ ကျောင်းဆရာ၊ ဈေးသည်၊ လယ်သမားအပါဝင် လုပ်ငန်းခွင်အသီးသီးက တက်ကြွတဲ့ပြည်သူတွေ ထောင်-သောင်းချီပြီး တောခိုခဲ့ တဲ့နေ့၊ သူတို့ဘ၀အတွက် အရေးပါဆုံး နေ့တနေ့ပါ။

၁၉၈၈ ခုနှစ် မတ်လကနေ စက်တင်ဘာလအထိ ဖြစ်ပွားခဲ့တဲ့ ဒီမိုကရေစီရရှိရေး လမ်းမပေါ်ဆန္ဒပြ ပွဲတွေကို စစ်တပ်က ပစ်ခတ်ဖြိုခွဲတဲ့အတွက် လူပေါင်း (၃၀၀၀)- သုံးထောင်ခန့် သေဆုံးခဲ့တယ်လို့ လေ့ လာသူတွေက ခန့်မှန်းခဲ့ပါတယ်။ ဒါပေမယ့် အခုချိန်ထိ တိကျတဲ့ စာရင်းဇယားနဲ့ အထောက်ထားတွေ ထွက်မလာနိုင်သေးပါဘူး။ အခုလို ပွင့်လင်းစ နိုင်ငံရေးအခြေနေမှာ ဒီလိုစာရင်း ဇယားတွေ၊ အထောက် ထားတွေကိုထုတ်ပြန်ပြီး သမိုင်းမှတ်တမ်းအနေနဲ့ အသေချာပြုစုထားဖို့ လိုနေပြီလို့ ထင်ပါတယ်။

Thursday, October 25, 2012

ငွေရတုအကြို ABSDF

လာမဲ့ ကြာသပတေးနေ့၊ နိုဝင်ဘာလ ၁ ရက်နေ့ဟာ ABSDF ရဲ့ ၂၄-နှစ်ပြည့်မွေးနေ့ဖြစ်ပါတယ်။

၂၄-နှစ်ဆိုတာ ဘ၀တခုရဲ့အတောက်ပဆုံးအချိန်ပေါ့။ တောခိုကျောင်းသား အများစုဟာ လွန်ခဲ့တဲ့ ၂၄-နှစ်၊ အသက်အားဖြင့်လဲ ၂၄-နှစ်အရွယ်တွေက ရဲဘော်သုံးကျိပ်ကို အားကျပြီး တောခိုလာကြတာလေ။

ဒါပေမဲ့ အခုတော့ ရဲဘော်သုံးကျိပ်လို အိမ်ပြန်ခြင်းမဟုတ်တဲ့ တခြားနည်းနဲ့အိမ်ပြန်ခြင်းမျိုးဖြစ်လာနေပါ တယ်။ ပိုဆိုးတာကတော့ ၂၄-နှစ်လုံးလုံး အသက်သေခံတိုက်ပွဲဝင်ခဲ့သူတွေ။ ကျဆုံး၊ သေဆုံး ၆၂၅-ဦးနဲ့ ထိခိုက်ဒဏ်ရာရ ၃၉၉-ဦးကို မမြင်ကြဘဲ မြောက်ပိုင်းမှာဖြစ်ပွါးခဲ့တဲ့အမှုကိုဘဲ့မြင်နေကြပါတယ်။

အဲဒီအမှုအတွက် ABSDF တပ်ဖွဲ့ဝင်တိုင်းမှာတာဝန်ရှိသလိုမျိုးမြင်နေကြပြီး ABSDF တခုလုံးကို မကောင်း မြင်နေကြပါတယ်။ တကယ်က ဒီလိုမဟုတ်ပါ။ မြောက်ပိုင်းကိစ္စဟာ အဲဒီကာလ မြောက်ပိုင်း ကော်မီတီနဲ့ ဗဟိုကော်မီတီခေါင်းဆောင် တဒါဇင်လောက်မှာဘဲ့ တာဝန်ရှိပါတယ်။

ကျန်ရဲဘော်တွေ ဘာမှမသိပါ။ တာဝန်ရှိသူတွေကိုသာ ဖေါ်ထုတ်အရေးယူပါ။ ၀ါးလုံးရှည်နဲ့ လှမ်းမရိုက် ကြပါနဲ့။ အဲဒီလိုအမြင်ပပျောက်စေဖို့။ အထူးသဖြင့် ၈၈-အလွန်ခေတ်မှာမွေးဖွားခဲ့တဲ့ ဒီနေ့ ဆိုရှယ် မီဒီယာ ပေါ်က လူငယ်တွေ ABSDF အကြောင်းပိုမို နားလည်နိုင်စေဖို့ ၂၀၁-တပ်ရင်း၊ မင်းသမီးခစန်းက ပုံတချို့ကို မျှဝေလိုက်ပါတယ်။

(ဒီအကြောင်း နိုဝင်ဘာ ၁-ရက်နေ့မှာ သီးခြားဆောင်းပါးတပုဒ်တင်ပါမည်)
.......................................................................................................................................

လူ့ဘ၀ရဲ့ အတောက်ပဆုံးကာလ အသက် ၂၀-၀န်းကျင်မှာ တောခိုခဲ့ပြီး ဒီမိုကရေစီရေးအတွက်အသက်ပေးဆပ်သွားသူတွေ။ ဘ၀တခုလုံးပေးဆပ်သွားသူတွေ။ အခုချိန်ထိ ဆက်လက်တိုက်ပွဲဝင်နေသူ "ရဲဘော်သူငယ်ချင်းတွေ" အားလုံးကို လေးစားသောအားဖြင့် "တောတွင်းဖြတ်သန်းမှုအကြောင်း" ရသမျှပုံတွေကို စုစည်းတင်ပြထားပါတယ်။
.......................................................................................


ဆရာဦးပန်းကျော်အပါဝင် အာဇာနည် ၅-ဦးကျဆုံးခဲ့ရတဲ့ ထားဝယ်မြိုက တပ်ဦးရုံး။ ၁၉၈၈
..................................................................................................................................

Wednesday, October 17, 2012

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၄၈)


သံရုံးသိမ်း သေနတ်သမားနှင့် အင်တာဗျုးခြင်း

အဲဒီလို ဘာ ID မှ မရှိတာကိုက ကံကောင်းသွားတယ် ပြောရမလားပါပဲ။ တခြားသတင်းထောက်တွေ သံရုံးရှေ့ပြေးနေချိန်မှာ သူတို့လို မပြေးနိုင်တဲ့ကျနော်က ရုံးခန်းကျဉ်းကျဉ်းထဲမှာ ဖုန်းတဂွမ်ဂွမ် ဆက်ရင်းနဲ့ NGO သတင်းရပ်ကွက်ဆီကနေ သံရုံးဖုန်းနံပတ်တခု ရလိုက်ပါတယ်။ ရမ်းသမ်းပြီးနှိပ်ထည့်လိုက်တော့ “ဆ၀ါဒီခပ်” ဆိုပြီး ဖုန်းကိုင်တဲ့လူက ထိုင်းလိုပြောပါတယ်။ ဒါပေမဲ့ ဒီလူ့အသံ ထိုင်းအသံ မဟုတ်ဘူးဆိုတာကို ရိပ်မိတာနဲ့ ထိုင်းလိုပြန်မပြောတော့ဘဲ “ကျနော် DVB ကပါ။ အဲ …” ဆိုပြီး စကားဆက်ဖို့ အရှိန်ယူနေတုန်း။
 
 သံရုံးကို ဝင်စီးတဲ့အဖွဲ့ ခေါင်းဆောင် ကိုဂျော်နီကို နယ်စပ်စခန်းတခုတွင် တွေ့ရစဉ်


“DVB နော်ဝေလား။ ဘယ်သူလဲမသိဘူး” ဆိုပြီး ဖုန်းကိုင်တဲ့ပုဂ္ဂိုလ်က ပြန်မေးပါတယ်။ တကယ်က ကျနော့်သတင်းထောက်အမည် ”ထက်အောင်ကျော်” ဆိုတာကို ပြောရမယ့်အစား မေ့ပြီးတော့ အမည်ရင်းဖြစ်တဲ့ “၀င်းထိန်ပါ … ကျနော်။ ခင်ဗျားတို့ အဲဒီ … ဟိုကိစ္စ ဘာပြောလို့ရမလဲ၊ နောက်ဆုံးအခြေနေ” ဆိုပြီး အစီစဉ်တကျမဟုတ်တဲ့ မေးခွန်းတွေ ထွက်သွားပါတယ်။

Sunday, October 14, 2012

မီဒီယာတွေကိုစောင့်ကြည့်ဖို့ နောက်ထပ် မီဒီယာတခု လိုနေပြီလား။

ထက်အောင်ကျော် (၁၅-၁၀-၂၀၁၂)

လွတ်တော်အမတ်နေရာအပါဝင် လက်ရှိနိုင်ငံရေးအခင်းကျင်းမှာပါနိုင်ဖို့ အစိုးရဖက်က အခွင့်ရေးတွေ ပေးလိုက်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ အစိုးရအပေါ် သိပ်မဝေဖန်တော့ဘူး။ ကြားနေသူဖြစ် သွားပြီဆိုတဲ့ ဝေဖန်မှုတခု ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်းက ထွက်ပေါ်လာခဲ့ပါတယ်။

ဒီလိုဝေဖန်မှုကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူအတော်များများ ကသိကအောင့်ဖြစ်သွား ကြတယ်လို့ဆိုပါတယ်။ အမျိုးသားခေါင်းဆောင်အဖြစ် သတ်မှတ်ထားကြတဲ့ ဒေါ်အောင်ဆန်းစုကြည် တောင် ဒီလိုဝေဖန်ခံရရင် ကျန်တဲ့လူတွေလဲ အဝေဖန်ခံ ဘယ်လွတ်ပါ့မလဲ။

ဒါပေမဲ့ ပုံမှန်အားဖြင့်ကတော့ နိုင်ငံရေးသမားတွေဘဲ့ ဝေဖန်ခံနေရပြီး ဝေဖန်သူတွေ ဒါမှမဟုတ် ဝေဖန် တာတွေကို တဆင့်ဖေါက်သည်ချလေ့ရှိသူတွေကတော့ မီဒီယာသမားတွေဘဲ့ဖြစ်ပါတယ်။

Thursday, October 4, 2012

Media activist.

ထက်အောင်ကျော် (၀၅-၁၀-၂၀၁၂)

Media Activist ကို နိုင်ငံရေးအပြောင်းအလဲဖြစ်စေဖို့ မီဒီယာနည်းနဲ့ကြိုးစားသူလို့ အကြမ်းဖျင်း ဘာ သာပြန်နိုင်မယ် ထင်ပါတယ်။ အခုနောက်ပိုင်း မီဒိယာအသုံးအနှုံးနဲ့ အင်တာနက်အသုံးနှုံးတွေကို မြန် မာပြန်ရတဲ့ကိစ္စဟာ သိပ်မလွယ်လှ။ မြန်မာမပြန်ဘဲ မူရင်း အင်္ဂလိပ်စကားအတိုင်းသုံးတာကမှ ပိုပြီး အလုပ်ဖြစ်မလားလို့တောင်စဉ်းစားနေမိပါတယ်။ ထားပါတော့ ကျနော်ပြောချင်တဲ့ကိစ္စက ဘာသာပြန် တဲ့ အကြောင်းမဟုတ်ပါဘူး။ ဒီနေ့မြန်မာနိုင်ငံမှာ တဟုန်ထိုး ထွန်းကားလာနေတဲ့ Social Media (လူမှု ကွန်ယက် မီဒီယာလို့ တချို့သတင်းဌာနတွေကဘာသာပြန်ပါတယ်) အကြောင်းဖြစ်ပါတယ်။


(ဓာတ်ပုံ- Facebook ရဲ့ Facebook မှ)
တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့ Media Activists တွေသိပ်များလာနေတယ်ပေါ့။ ဒါက ကျနော်နဲ့ မိတ်ဆွေဖွဲ့ထားတဲ့ Facebook ပေါ်က ထောင်ဂဏန်းလောက်ရှိတဲ့ လူတချို့ရဲ့ Timeline ကို ကြည့်ပြီး ပြောတဲ့ ရေဘူယျအမြင်ပါ။ ဆိုရှယ်မီဒီယာပေါ်တက်ပြီး အရည်မရအဖတ်မရ ပြောနေတဲ့လူတွေလဲ အများကြီးပါ။ ဒါကလဲ အရှိတရားတခုကို တင်ပြခြင်းသာဖြစ်ပါတယ်။ ကျနော်ဆွေးနွေးမဲ့အကြောင်းရာနဲ့ တိုက်ရိုက်မဆိုင်ပါဘူး။

Share

Twitter Delicious Facebook Digg Stumbleupon Favorites More