Saturday, December 15, 2012

သူပုန္ေက်ာင္းသားတဦးရဲ့ မာရသြန္ခရီး ၃၆

ဧရာ၀တီ။

တနသာၤရီ႐ုိးမေပၚက ေခတ္သစ္ ကုိလံဘတ္မ်ား


ဗဟုိအတြင္းေရးမႉး ကိုမ်ဳိး၀င္း (အက်ီျဖူနဲ့ပုဂုိလ္) နဲ႔အတူ ၂၀၁ တပ္ရင္းမွ တပ္ဖြဲ႔၀င္တခ်ဳိ႕ကုိ စခန္းသစ္ေဒသမွာ ေတြ႔ရစဥ္
က်ေနာ္တို႔အဖြဲ႔ ပင္လယ္ျပင္ စစ္ေၾကာင္း႐ံုးမွာ တာ၀န္ထမ္းေဆာင္ေနစဥ္ ၁ လေက်ာ္၊ ၂ လ ၀န္းက်င္ၾကာတဲ့အခါမွာ ကိုနုိင္ေအာင္တို႔ ဗဟုိမွ အေထြေထြအတြင္းေရးမႉး ကိုမ်ဳိး၀င္း က်ေနာ္တို႔႐ံုးဆီ ေရာက္လာပါတယ္။ သူရဲ့အဓိက ဦးတည္ခ်က္ကေတာ့ ပင္လယ္ျပင္႐ံုးရွိ က်ေနာ္တို႔ကုိအေျခခံၿပီး ဒီေဒသမွာလြတ္ေျမာက္နယ္ေျမတခု ရွာေဖြဖို႔၊ ၿပီးရင္ မင္းသမီးဖက္က တပ္တခ်ဳိ႕ကိုေခၚယူၿပီး အျမန္ဆုံးအေျခ စိုက္လႈပ္ရွားဖုိ႔ျဖစ္ပါတယ္။ ဘာေၾကာင့္ နယ္ေျမသစ္ရွာဖို႔ ျဖစ္လာသလဲဆုိတဲ့ ေနာက္ခံအခ်က္လက္ေတြကို က်ေနာ္အေသခ်ာ မမွတ္မိေတာ့ေပမယ့္ အဲဒီကာလအတြင္း KNU ၿမိတ္-ထား၀ယ္ခ႐ိုင္နဲ႔ ေတာင္ပုိင္း ဗလဖအၾကား ဆက္ဆံေရးက သိပ္အဆင္မေျပလွပါ။ ေနာက္တခုကေတာ့ KNU က စစ္အစိုးရနဲ႔ အပစ္ခတ္ရပ္စဲေရး လုပ္သြားရင္ ငါတို႔တပ္ေတြ ဘယ္မွာေနမလဲ။ ကိုယ္ပုိင္နယ္ေျမ ရွာထားမွျဖစ္မယ္ ဆုိတဲ့ စဥ္းစားခ်က္မ်ဳိးလဲ ရွိေနတယ္လို႔ ထင္ပါတယ္။


တခါ လက္ေတြ႔အေျခေနအရလည္း အမရာစခန္း (မင္းသမီးစခန္း) မွာ ေနရတဲ့ဘ၀ကုိ KNU ဆီ အိမ္ငွားၿပီးေန ေနရတဲ့သေဘာ။ အရာအားလုံး KNU ခြင့္ျပဳခ်က္ရမွ လုပ္ခြင့္ရတဲ့သေဘာ ျဖစ္ေနတဲ့အတြက္ ရဲေဘာ္အမ်ားစုက ေနာက္တန္းမွာ ေနရတာမေပ်ာ္ဘဲ ေရွ႕တန္းက ရြာေတြမွာခ်ည္း အၿမဲတမ္း ေနခ်င္ေနတာကို က်ေနာ္ သတိထားမိပါတယ္။ KNU အေပၚ ဘယ္ေလာက္အထိ မွီခုိေနရသလဲဆုိရင္ က်ေနာ္တို႔ခစန္းကေန ထီးထာကို သြားမယ္ဆုိရင္ KNDO ဂိတ္မွာ လက္မွတ္ယူရပါတယ္။ အလားတူ ထီးခီးသြားမယ္ဆုိရင္လဲ လက္မွတ္ လုိပါတယ္။ ေနာက္တခါ ထီးခီးေနက ထုိင္းဖက္ထြက္ မယ္ဆုိရင္လည္း KNU လက္မွတ္ကုိ ထီးခီး႐ံုးမွာ တခါ ထပ္ေတာင္းရျပန္ပါတယ္။

ေနာက္ထပ္ တုိက္ဆုိင္မႈတခုကေတာ့ အဲဒီလုိ နယ္ေျမသစ္ရွာဖို႔ က်ေနာ္တို႔ ႀကိဳးစားေနတဲ့ ကာလဟာ ကိုမုိးသီးဇြန္တို႔ ဗဟုိကလည္း ထပ္စကဲၿမိဳ႕အနီးရွိ ခ်ဳံခ်ီနဲ႔ ေဟြးဖတ္စခန္း၀န္းက်င္မွာ လြတ္ေျမာက္နယ္ေျမတခု ထူေထာင္ၿပီး သူတို႔ရဲ့ဗဟုိဌာနခ်ဳပ္ကိုေတာင္ မာနယ္ပေလာဖက္ကေန ေတာင္ပုိင္း ေဒသဆီ ေျပာင္းကာ ပင္လယ္္ျပင္လႈပ္ရွားမႈကို အရွိန္ျမင့္ ေဆာင္ရြက္ေနတဲ့ကာလည္း ျဖစ္ပါတယ္။

ဒီလုိနယ္ေျမသစ္ ရွာေဖြဖို႔အတြက္ က်ေနာ္တို႔ရဲ့ အဓိကမဟာမိတ္ ျဖစ္လာသူကေတာ့ က်ေနာ္တို႔လုိပဲ နယ္စပ္မွာ နယ္ေျမအတိအက် မရွိေသးတဲ့ ဗကပ ၿမိတ္ခ႐ိုင္ျဖစ္ပါတယ္။ ဒီလုိရွာေဖြဖို႔အတြက္ က်ေနာ္တို႔ ေရြးခ်ယ္လိုက္တဲ့ ေနရာကေတာ့ ခ်ဳံခ်ိစခန္းကေန အေပၚဖက္ကုိ မုိင္ ၁၀၀ ေက်ာ္ေ၀းတဲ့ နာမည္ႀကီး ပင္လယ္အပန္းေျဖစခန္း ဟြာဟင္ၿမိဳ႕နဲ႔ ဘန္းလအု-ေရတံခြန္ရဲ့ ေနာက္ေက်ာ၊ ျမန္မာဖက္က ဆုိရင္ေတာ့ ၿမိတ္ခ႐ိုင္ တနသၤာရီ သစ္ေတာႀကိဳး၀ုိင္း ေနာက္ေက်ာေပၚက ေခါင္ယုိင္ေဒသျဖစ္ပါတယ္။

လွပခန္႔ျငားလွတဲ့ သဲေသာင္ျဖဴနဲ႔ ပင္လယ္ျပာ၊ ဘန္ေကာက္ၿမိဳ႕က ဟုိတယ္ေတြနီးပါး အျမင့္ရွိတဲ့ ၾကယ္ငါးပြင့္ဟုိတယ္ေတြနဲ႔ ကမၻာလွည့္ခရီးသည္ေတြ ျပည္ညွပ္ေနတဲ့ ဟြာဟင္ပင္လယ္ကမ္း ေျခၿမိဳ႕ကေလးက ေန ၂ နာရီီနီးပါး ကားေမာင္းသြားၿပီးတဲ့ အခါမွာေတာ့ ထုိင္းနုိင္ငံဖက္က ေနာက္ဆုံးေက်းရြာ ေခါင္ယုိင္ကို ေရာက္ပါတယ္။ အဲဒီရြာက သူႀကီးအိမ္မွာ တညအိပ္ၿပီးတဲ့ေနာက္မွာေတာ့ တခါမွ မေရာက္ဖူးေသးတဲ့ အဲဒီနယ္ေျမသစ္၊ စခန္းသစ္ေဒသဆီ လမ္းျပတဦးနဲ႔အတူ ကိုယ္စားလွယ္္ ၂ ဦးနဲ႔ ဗကပ ရဲေဘာ္ ၂ ဦး သြားဖို႔ ျပင္ပါတယ္။

မူလအစီစဥ္အရဆုိရင္ က်ေနာ္တို႔ဆီက ကိုသန္းနုိင္နဲ႔ ဗကပမွ ကိုေဖၾကည္တို႔ သြားဖို႔ တာ၀န္ေပးထားေပမယ့္ သြားခါနီး မနက္ေစာေစာ အ၀တ္စားနဲ႔ အထုတ္အပိုးေတြျပင္ေတာ့မွ က်ေနာ္တို႔ကို လုိက္ပုိ႔တဲ့ ထုိင္းေထာက္လွမ္းေရးက ထလာၿပီး “သန္းနုိင္ပုံက ပိန္ပိန္ခ်ဳံးခ်ဳံးနဲ႔ မျဖစ္ဘူးထင္တယ္။ မင္းက တုတ္တုတ္ခုိင္ခုိင္နဲ႔ ဘာေၾကာင့္မသြားတာလဲ။ မင္းသြားမွ ပုိအဆင္ေျပမယ္” ဆုိၿပီး အဆုိျပဳလာပါတယ္။ ဒီအဆုိကုိ ကုိေဖၾကည္က ေထာက္ခံၿပီး ကိုသန္းနုိင္ကပါ ေျမွာက္ေပးလုိက္တဲ့အတြက္ ေနာက္ဆုံးေတာ့ အေဖာ္လုိက္လာတဲ့ က်ေနာ္က အဓိကေနရာမွာ ေနာက္တခါ ပါသြားျပန္တယ္ဆုိပါေတာ့။

က်ေနာ္မွတ္မိသေလာက္ဆုိရင္ က်ေနာ္တို႔မွာ ဘာေသနတ္မွမပါဘူး။ ထုိင္းေထာက္လွမ္းေရးက ေပးလုိက္တဲ့ ကင္မရာတလုံးနဲ႔ ရိကၡာေတြ ထည့္ထားတဲ့ ေက်ာပုိးအိတ္တလုံးကုိလြယ္ၿပီး ကိုေဖၾကည္ ေနာက္ကုိ က်ေနာ္ လုိက္သြားပါတယ္။ ကုိေဖၾကည္ကလည္း ဒီလမ္းကို သိပုံမရေသး။ ဒီေတာ့ ထုိင္း-ကရင္ တဦး လမ္းျပတဲ့အတုိင္း ေခ်ာင္း႐ုိးေလးတေလ်ာက္ က်ေနာ္တို႔ ၅ ဦး ေလွ်ာက္သြားၾကပါတယ္။ ေတာက အေတာ္နက္ၿပီး လမ္းကလည္း ၾကမ္းတဲ့အတြက္ ခရီးကသိပ္မတြင္လွ၊ ေတာင္ခပ္ျမင့္ျမင့္ တလုံးကိုေက်ာ္၊ ေနာက္ထပ္ေတြ႔တဲ့ စမ္းေခ်ာင္းေလးအတုိင္း ဆက္ေလွ်ာက္ၿပီး ညေန ၄ နာရီခန္႔မွာေတာ့ ျမန္မာနယ္စပ္အနီးကို ေရာက္လာၿပီး စမ္းေခ်ာင္းေဘးမွာ ကရင္တဲအိမ္ႀကီးတလုံးကို ေတြ႔လုိက္ရပါတယ္။ လမ္းျပ ကရင္ဖထီးက ဟာလဲေဂး၊ ၀ါလဲေဂးနဲ႔ ကရင္လုိ နႈတ္ဆက္ ေျပာဆုိအၿပီးမွာေတာ့ အဲဒီအိမ္မွာ ညအိပ္ဖို႔ က်ေနာ္တို႔ စခန္းခ်လုိက္ပါတယ္။

ေနာက္တေန႔ မနက္မွာေတာ့ အဲဒီအိမ္ကေန ျမန္မာနယ္စပ္ဖက္ ေတာင္ထိပ္ဆီ က်ေနာ္တို႔လမ္း ဆက္ေလွ်ာက္သြားပါတယ္။ လူသြားလမ္းၾကမ္းေလးရွိေနၿပီး ေတာင္ထိပ္နယ္စပ္ တည့္တည့္မွာ နတ္စင္ေလးတခု ေဆာက္ထားတာကို ထူးထူးျခားျခား ေတြ႔ရပါတယ္။ နတ္စင္ေဘးက ေတာင္ထိပ္ေက်ာ လမ္းတေလွ်ာက္မွာေတာ့ ဆင္ေခ်းေတြကို ေတြ႔ရတဲ့အတြက္ ေတာဆင္႐ိုင္းေတြ က်က္စားတဲ့ေနရာလို႔ လမ္းျပဖထီးက ေျပာပါတယ္။

သစ္ပင္ႀကီးေတြၾကားမွာ ၀ါး႐ံုပင္ေတြကိုလည္း ေတြ႔ရၿပီး ဆင္တုိးထားတဲ့၊ ဆင္ေတြ ဆြဲစားထားတဲ့ ေနရာေတြကိုလည္း ေတြ႔ရပါတယ္။ အဲဒီ နတ္စင္ကေန ျမန္မာဘက္ ေရေ၀ေတာင္တန္းအတုိင္း နာရီ၀က္ေလာက္ ဆက္ဆင္းလာတဲ့ အခါမွာေတာ့ ေတာအုပ္က ထုိင္းဘက္ကထက္ ပုိထူ၊ သစ္ပင္ေတြကလည္း ပုိႀကီးၿပီး ေနေရာင္ေတာင္ ေကာင္းေကာင္း မရျဖစ္ေနပါတယ္။ အဲဒီေတာအုပ္ထဲမွာ ျမန္မာဘက္ကေရစီးလာတဲ့ စမ္းေခ်ာင္းငယ္တခုကို ေတြ႔ရၿပီး ဒီေနရာမွာ က်ေနာ္တို႔ ABSDF စခန္းသစ္ အထုိင္ဖို႔ က်ေနာ္နဲ႔ကုိေဖၾကည္ သေဘာတူ ေရြးခ်ယ္လုိက္ပါတယ္။

ပစၥည္းမဲ့ေတာ္လွန္ေရးနဲ႔ NGO ယဥ္ေက်းမႈ


စခန္းသစ္အတြက္ ရိကၡာနဲ႔ တျခားပစၥည္းေတြထားရာ ေခါင္ယုိင္ရြာ သံပုရာၿခံ ဂုိေဒါင္ေရွ႕မွာ ေတြ႔ရတဲ့ ABSDF ရဲေဘာ္တခ်ဳိ႕
နယ္ေျမသစ္တခု ရွာဖို႔ထြက္လာတဲ့ က်ေနာ္တို႔ ၄ ဦးဆီမွာ ဓား ၂ လက္ ၃ လက္ကလဲြၿပီး ဘာလက္နက္မွပါမလာ။ ေနာက္တခါ ေရွ႕တန္း၊ ေနာက္တန္းနဲ႔ ဆက္သြယ္နုိင္ဖို႔ ဆက္သြယ္ေရးစက္လည္း ပါမလာပါ။ ဒါေပမယ့္ က်ေနာ္တို႔အုပ္စု ဒီေနရာသစ္ဆီ ထြက္မလာခင္ကတည္းက ဘယ္ေန႔မွာ ဘယ္ကိုေရာက္မယ္၊ ဘယ္သူေတြက ဘယ္ေနရာမွာ ေစာင့္ပါလို႔ အတိအက် ခ်ိန္းဆုိထားၿပီး ျဖစ္တဲ့အတြက္ အဲဒီအခ်ိန္ဇယားအတုိင္း ၀င္ေအာင္ ကိုေဖၾကည္နဲ႔က်ေနာ္ ႀကိဳးစားေနရပါတယ္။ ဒီလုိနဲ႔ နယ္ေျမသစ္အေနထား၊ စခန္းခ်မယ့္ ေျမအေနထားေတြကို ေလ့လာၿပီးတဲ့အခါမွာေတာ့ ကရင္အဖုိုးႀကီးအိမ္မွာပဲ တည ထပ္အိပ္ရပါတယ္။

ေနာက္တေန႔ မနက္ေစာေစာမွာေတာ့ ေရွ႕မွာ ဗုိလ္မႉးစိုးလြင္ ေျပာခဲ့ဖူးတဲ့ ဗကပ ၿမိတ္ခ႐ိုင္ ေတာတြင္းစခန္းရွိရာဆီ က်ေနာ္တို႔ခ်ီတက္ခဲ့ပါတယ္။ ဒီခရီးက နယ္စပ္နဲ႔ ထုိင္းရြာေလာက္ မေ၀းေပမဲ့ လမ္းမွာ စမ္းေခ်ာင္းမရွိ၊ ေတာင္ထိပ္ေက်ာ တေလွ်ာက္ျဖတ္သြားရမွာမုိ႔ ေရဗူးေတြကို အေသအခ်ာ ျပင္ဆင္ယူသြားရပါတယ္။ က်ေနာ္တုိ႔ေရာက္ေနတဲ့ ေတာင္ထိပ္ကေန ျမန္မာဘက္က ေတာင္တန္းေတြကိုေရာ၊ ထုိင္းဖက္က ေတာင္တန္းေတြနဲ႔ ရြာေတြကိုပါ အေပၚစီးကေန ျမင္ေနရၿပီး ႐ႈခင္းက အေတာ္လွပ၊ ေလကလည္း တျဖဴးျဖဴးတုိက္္ေနပါတယ္။ အဲဒီကာလဟာ ၁၉၉၄ ေႏြရာသီ သႀကၤန္မတုိင္မီေလးလို႔ ထင္ပါတယ္။

အဲဒီေတာင္ေက်ာကုိ တေနကုန္နီးပါး ေလွ်ာက္ၿပီး ညေန ၃ နာရီေလာက္မွာေတာ့ ေတာင္ယာခင္းလုိလုိ၊ ငွက္ေပ်ာခင္းလုိလုိ၊ ဥယဥ္ၿခံလုိလုိ တခုထဲက ဗကပ ၿမိတ္ခ႐ိုင္စခန္းခဲြဆီ က်ေနာ္တုိ႔ ေရာက္သြားပါတယ္။ အဲဒီကာလ စခန္းတာ၀န္ခံက ဗုိလ္စုိးေ၀ ျဖစ္ပါတယ္။ အဲဒီမွာ မင္းသမီးဘက္ကေန ဆင္းလာၿပီး က်ေနာ္တို႔အလာကို အသင့္ေစာင့္ေနတဲ့ ေက်ာင္းသားတပ္ေတြနဲ႔ ေတြ႔ပါတယ္။ အဲဒီစစ္ေၾကာင္းကို ဦးစီးလာသူေတြကေတာ့ ၂၀၃ တပ္ရင္းမွ တပ္ရင္းမႉး ကိုမဲေခ်ာ ေခၚ ကုိခ်မ္းနုိင္ (ျပန္၀င္)၊ ၂၀၁ တပ္ရင္းမွ တပ္ခဲြမႉး ဘုိင္လာမန္ ေခၚ ကိုခင္ေမာင္ခ်ဳိ (အခု အေမရိကန္) နဲ႔ ဒုခြဲမႉး ကိုစုိးမင္းေအာင္ (အခု ဒိန္းမတ္) တုိ႔ ျဖစ္ပါတယ္။

ဗုိလ္စုိးေ၀တို႔ရဲ႕ ဗကပ ေတာတြင္းစခန္းဟာ က်ေနာ္တုိ႔ ေနခဲ့ဖူးတဲ့ မင္းသမီး၊ ခ်ဳံခ်ိအပါ၀င္ နယ္စပ္တေက်ာက ကရင္၊ မြန္၊ ေက်ာင္းသားစခန္းေတြနဲ႔ လုံး၀ကြာျခားၿပီး တကယ္ကို သီးျခား ေတာတြင္းစခန္းတခု ျဖစ္ေနတာကို ေတြ႔ရပါတယ္။ သူတို႔စခန္းနဲ႔ ျပင္ပကမာၻ ဆက္သြယ္ဖို႔ ကားလမ္းလည္းမရွိ၊ ေလွလမ္းလည္း မရွိပါ။ မင္းသမီးဘက္ကေန ေလွနဲ႔ဆင္းလာတဲ့ က်ေနာ္တို႔ ရဲေဘာ္ေတြလာရာ တနသၤာရီျမစ္လက္တက္ ေခ်ာင္းရွိရာ ေနရာကိုေတာင္ ဒီစခန္းနဲ႔ ေန႔၀က္ ခရီးရွိတယ္လို႔ ဆုိပါတယ္။ မီးစက္လည္းမရွိ၊ တီဗီလည္း မရွိပါဘူး။ (အဲဒီ ကာလကတည္းက က်ေနာ္တို႔ မင္းသမီးနဲ႔ ခ်ဳံခ်ိေဒသေတြမွာ မီးစက္ေတြ၊ တီဗီစေလာင္းေတြရွိေနၿပီ ျဖစ္ပါတယ္)။ NGO လည္းမသိ၊ ကြန္ျပဴတာကိုလည္း မျမင္ဘူးေသးတဲ့ တကယ့္ကို ေတာတြင္းခစန္းတခုပါ။

ဒီစခန္းက ဗကပ ရဲေဘာ္ေတြ၊ အမ်ဳိးသမီးေတြ၊ ကေလးငယ္ေတြြရဲ့ ၀တ္စားဆင္ယင္မႈကလည္း က်ေနာ္တို႔ ရဲေဘာ္ေတြနဲ႔ ဘာမွမဆုိင္၊ က်ေနာ္တို႔ဆီက ပုဂၢိဳလ္ေတြ ေျပာက္က်ားယူနီေဖာင္းေတြကို ေျပာင္ေျပာင္ေရာင္ေရာင္ ၀တ္ထားနုိင္ေပမယ့္ ဒီစခန္းက လူေတြမွာေတာ့ ယူနီးေဖာင္းလည္းမရွိ၊ အရပ္၀တ္ေတြကလည္း ေဟာင္းႏြမ္းစုတ္ျပတ္ေန။ ၿပီးေတာ့ သူတို႔ မ်က္နွာေတြကလည္း အဟာရမျပည့္၀တဲ့ မ်က္နွာမ်ဳိး၊ ျဖဴဖတ္ျဖဴေရာ္နဲ႔။ က်ေနာ္တို႔ ငယ္ငယ္တုန္းက ၾကားဖူးတဲ့ “ေတာလူ” ေတြဆုိတာကုိ သြားသတိရမိေစပါတယ္။
ေနာက္တခါ ဒီလူေတြဟာ က်ေနာ္တို႔ နယ္စပ္အေျခစုိက္ စခန္းေတြကလူေတြလုိ NGO အလႉနဲ႔ ထုိင္းကလာတဲ့ ဆန္ကို စားေနတာမ်ဳိးမဟုတ္။ သူတို႔ကုိယ္တုိင္ ေတာင္ယာခုတ္ၿပီး အဲဒီက စပါးေတြကို ေနလွန္းႀကိတ္ခဲြ။ ျဖစ္သလုိထြင္းထားတဲ့ သစ္သားဆုံေတြထဲမွာ ထည့္ၿပီး ထုႀကိတ္ေနတာကို က်ေနာ္ကုိယ္တုိင္ ျမင္ခဲ့ရပါတယ္။

နယ္စပ္ဖက္ေရာက္ေနတာ ၅ နွစ္ေက်ာ္ၾကာေနၿပီျဖစ္တဲ့ က်ေနာ္အဖုိ႔ေတာ့ ဒီျမင္ကြင္းဟာ တကယ့္ကုိ အထူးအဆန္းပါပဲ။ ေနာက္တခါ အဆက္သြယ္ျပတ္ၿပီး ေတာထဲမွာေနတယ္ဆုိေတာ့ ေတာထြက္ဟင္းသီး ဟင္းရြက္မ်ဳိးစုံကုိ ရနုိင္ေပမယ့္ ဟင္းခ်က္ဖို႔ဆီမရွိ၊ အခ်ဳိ႕မႈန္႔မရွိ၊ ငါးေသတၱာ မရွိ၊ ၾကက္သြန္နီမရွိ စသျဖင့္ ဘာမွသိပ္မရွိဘူးဆုိေတာ့ သူတို႔စားတဲ့ဟင္းက စားမေကာင္းတဲ့အျပင္ အဟာရလည္း မျပည့္၀တာ သိပ္မဆန္း။ ဒီလုိေျပာေနလို႔ က်ေနာ္တို႔ ရဲေဘာ္ေတြက အဟာရျပည့္တဲ့ အစာေတြကို ေကာင္းေကာင္းမြန္မြန္ စားေနရတယ္လို႔ မဆုိလုိပါ။ ဒါေပမယ့္ က်ေနာ္ ေရာက္ဖူးသမွ် စခန္းေတြအားလုံး ကုိစုိးေ၀တုိ႔ ေတာတြင္းစခန္းထက္ေတာ့ သာတယ္ဆုိတာကို က်ေနာ္သိေနပါတယ္။

အဟာရမျပည့္၊ က်န္းမာေရးမေကာင္းျဖစ္ေနတဲ့ ကေလးငယ္ေတြကို က်ေနာ္တို႔ စစ္ေၾကာင္းမွာ ပါလာတဲ့ ေဆးမႉးေတြက စမ္းသပ္ကုသမႈ လုပ္ေပးခဲ့တာကို က်ေနာ္ျမင္ခဲ့ရပါတယ္။ စစ္ေၾကာင္းေတြနဲ႔အတူ ေဆးမႉးေတြေရာ၊ ဆက္သြယ္ေရး စက္ေတြပါ ပါလာၿပီ ျဖစ္တဲ့အတြက္ က်ေနာ္တို႔ ၂ ဖြဲ႔ေပါင္းမိၿပီျဖစ္ေၾကာင္းနဲ႔ ထူးျခားျဖစ္စဥ္အားလုံးကို ဗဟုိနဲ႔ မင္းသမီးေဒသရွိ ဗလဖဆီ က်ေနာ္တို႔ တင္ျပနုိ္င္ခဲ့ၿပီျဖစ္ပါတယ္။

စခန္းသစ္ သုိ႔မဟုတ္ ေရႊျပည္ေတာ္ ဆန္သယ္တုိင္းေ၀း


ေခါင္ယုိင္ရြာ သံပုရာၿခံကေန စခန္းသစ္အထိ ၁၂ မုိင္ေက်ာ္ခရီးကို ဆန္သယ္ရတဲ့ ရဲေဘာ္တခ်ဳိ႕ လမ္းမွာ စခန္းခ်ရပ္နားေနစဥ္
အဲဒီ ေတာတြင္းစခန္းမွာ တညအိပ္ၿပီး ေနာက္တေန႔မွာေတာ့ အင္အား ၅၀ ေက်ာ္ ၆၀ ေလာက္ ရွိတဲ့ က်ေနာ္တို႔ စစ္ေၾကာင္းဟာ လက္နက္အျပည့္အစုံနဲ႔အတူ တပ္တည္ေဒသအသစ္၊ စခန္းအသစ္ ေဆာက္မယ့္ နယ္စပ္ေဒသဆီ ျပန္ခ်ီတက္လာပါတယ္။ ညေန ၄ နာရီေလာက္မွာေတာ့ ေရွ႕မွာေျပာခဲ့တဲ့ က်ေနာ္တို႔ ယာယီစခန္းခ်ရာ ကရင္ဖထီးရဲ့ အိမ္ဆီေရာက္လာပါတယ္။ ေသနတ္ေတြ၊ ယူနီေဖာင္းေတြနဲ႔ လူအမ်ားႀကီးကို ႐ုတ္တရက္ ေတြ႔လုိက္ရတဲ့ ကရင္မိသားစုဟာ က်ေနာ္တို႔ကို ေၾကာက္လန္႔ေနတဲ့အတြက္ မနည္းေတာင္းပန္ခဲ့ရတာကုိလည္း က်ေနာ္ မွတ္မိေနဆဲျဖစ္ပါတယ္။ သူတို႔မေၾကာက္ေအာင္ဆုိၿပီး က်ေနာ္တို႔စစ္ေၾကာင္း တခုလုံးကုိ သူတို႔အိမ္နဲ႔ ခမ္းလွမ္းလွမ္းရွိ စမ္းေခ်ာင္းေဘးမွာ ေနရာယူခုိင္းလုိက္ရပါတယ္။ ေနာက္တေန႔ မနက္မွာေတာ့ စစ္ေၾကာင္းနဲ႔အတူ နယ္စပ္ ေတာင္ထိပ္ကိုေက်ာ္ စခန္းေဆာက္မယ့္ေနရာကို စစ္ေရးတာ၀န္ခံေတြကိုျပၿပီး ေတာခုတ္ရွင္းလင္းကာ စခန္းသစ္ကုိ စေဆာက္ပါေတာ့တယ္။

ဒါေပမယ့္ ဘာမွ အဆင္သင့္မျဖစ္ေသးတဲ့အတြက္ ညေနပုိင္းမွာေတာ့ ထုိင္းဖက္ျခမ္းရွိ ဖထီးအိမ္ေဘးက စမ္းေခ်ာင္းအနီးကိုပဲ ျပန္လာၿပီး အဲဒိီမွာ ၄၊ ၅ ရက္ၾကာၿပီးမွ ျမန္မာဘက္ကုိ ေျပာင္းနုိင္ခဲ့တယ္လို႔ သိရပါတယ္။ က်ေနာ္နဲ႔ ကိုေဖၾကည္ကေတာ့ တပ္တခုလုံး ျမန္မာဘက္ေျပာင္းတဲ့အထိ ေစာင့္မေနေတာ့ဘဲ တညအိပ္ၿပီးတဲ့ေနာက္ ထိုင္းရြာ ေခါင္ယုိင္ဆီ ျပန္ထြက္လာခဲ့ပါတယ္။ အဲဒီကစၿပီး ဒီေဒသမွာ က်ေနာ္တို႔ ABSDF ေတာင္ပုိင္းေဒသ စခန္းသစ္ဆုိၿပီး ေပၚလာပါတယ္။ ေနရာသစ္မုိ႔လို႔ “စခန္းသစ္” ဆုိၿပီး အလြယ္ေခၚလုိက္ေပမယ့္ တခ်ဳိ႕ရဲေဘာ္ေတြကေတာ့ ဒီေနရာဟာ ေ၀းလံေခါင္သီလြန္းတဲ့အတြက္ “ေရြျပည္ေတာ္” ေမွ်ာ္တုိင္းေ၀းအျဖစ္ နာမည္ေပးၾကပါတယ္။ ေနာက္ပုိင္းမွာေတာ့ အနီးစပ္ဆုံးနဲ႔ လူသိအမ်ားဆုံးျဖစ္တဲ့ ထုိင္းနုိင္ငံ ပင္လယ္ကမ္းေျခၿမိဳ႕ကို အစြဲျပဳၿပီး “ဟြာဟင္ စခန္း” အျဖစ္ အေခၚမ်ားခဲ့ပါတယ္။

စခန္းသစ္မွာ က်ေနာ္တို႔တပ္ေတြခ်ည္း ၆ လေက်ာ္ ေနၿပီးတဲ့အခါမွာေတာ့ မြန္ျပည္သစ္ပါတီ ၿမိတ္ခ႐ိုင္က စစ္အစိုးရနဲ႔ အပစ္ခတ္ရပ္စဲေရး လုပ္လုိက္တဲ့အတြက္ ခ်ံဳခ်ီေဒသအေျခစုိက္ ဗုိလ္မႉးစုိးလြင္ ဦးစီးတဲ့ ဗကပ ၿမိတ္ခ႐ိုင္တပ္ဟာလည္း က်ေနာ္တို႔စခန္းသစ္ဆီ ေရာက္လာခဲ့ပါတယ္။ ဒီစခန္းဟာ ထုိင္းနယ္စပ္ရြာနဲ႔ ၆ နာရီခန္႔ လမ္းေလွ်ာက္ရၿပီး ကားလမ္း၊ လွည္းလမ္းလည္း မရွိတဲ့အတြက္ နယ္စပ္ေနက စခန္းအထိ ဆန္သယ္ရတဲ့ အလုပ္ကိုက တာ၀န္တခုလုိ ျဖစ္လာခဲ့ပါတယ္။ အေစာပုိင္းကာလေတြမွာတုန္းကေတာ့ ကရင္နီေဒသဘက္ရွိ ၃၀၃ တပ္ရင္းကေန လား ၄ ေကာင္ကုိ ထရပ္ကားေတြနဲ႔သယ္ၿပီး ဆန္သယ္ခုိင္းဖို႔ ႀကိဳးစားခဲ့ပါေသးတယ္။ ဒါေပမယ့္ ေျမာက္နဲ႔ေတာင္ ရာသီဥတု အေအး၊ အပူ ကြာျခားလို႔လား မသိပါ၊ အဲဒီ လားေတြအားလုံး ဟြာဟင္ေဒသ စခန္းသစ္ကိုေရာက္ၿပီး ၂ လ ေလာက္အတြင္း ေသဆုံးသြားပါတယ္။

ကုိယ္စားဖို႔ဆန္ ကုိယ္သယ္ရတဲ့ကိစၥကုိ စာမဖြဲ႔ေလာက္ဘူးဆုိေပမယ့္ စခန္းသစ္ေဒသ ဆန္သယ္ရတဲ့ ဒုကၡကေတာ့ က်ေနာ္တို႔အတြက္ စာဖြဲ႔ေလာက္တယ္လို႔ ထင္ပါတယ္။ က်ေနာ္ေရာက္ဖူးသမွ် ABSDF စခန္းေတြထဲမွာ စခန္းသစ္ေလာက္ ေ၀းလံေခါင္ဖ်ားတဲ့စခန္း မေတြ႔ဖူးခဲ့ပါ။ ေရွ႕ပုိင္းမွာတင္ျပခဲ့ၿပီး ျဖစ္တဲ့အတုိင္း ထုိင္းနယ္စပ္ ေနာက္ဆုံးရြာျဖစ္တဲ့ ေခါင္ယုိင္ရြာ၊ သံပုရာၿခံရွိ ဂုိေဒါင္ကေန က်ေနာ္တို႔ ABSDF စခန္းရွိတဲ့ ျမန္မာဘက္ နယ္ေျမထဲအထိ ၁၂ မုိင္ေက်ာ္ ခရီးရွိၿပီး ၆ နာရီေလာက္ လမ္းေလွ်ာက္ရပါတယ္။ ကားလမ္း၊ လူသြားလမ္း ဘာမွမရွိတဲ့အတြက္ သဘာ၀အတုိင္းရွိေနတဲ့ စမ္းေခ်ာင္းေလးအတုိင္း ေလွ်ာက္ၿပီး ဆန္ကီလုိ ၂၀ ေက်ာ္ ထမ္းသြားရတဲ့အလုပ္ဟာ သိပ္မလြယ္လွ။ ဆန္သယ္တဲ့ အလုပ္တခုတည္းနဲ႔တင္ အခ်ိန္အေတာ္ကုန္ေနတဲ့ ကိစၥအေပၚ ရဲေဘာ္တခ်ဳိ႕ ၿငီးျငဴၾကတာကုိ က်ေနာ္ အမွတ္ရေနပါတယ္။

===============================================

(အပိုင်း ၃၆)

ထက်အောင်ကျော်| June 28, 2012 | ဧရာဝတီ။

တနသာၤရီရိုးမပေါ်က ခေတ်သစ် ကိုလံဘတ်များ
------------------------------------ 

ဗဟိုအတွင်းရေးမှူး ကိုမျိုးဝင်း (အကျီဖြူနဲ့ပုဂိုလ်) နဲ့အတူ ၂၀၁ တပ်ရင်းမှ တပ်ဖွဲ့ဝင်တချို့ကို စခန်းသစ်ဒေသမှာ တွေ့ရစဉ်

ကျနော်တို့အဖွဲ့ ပင်လယ်ပြင် စစ်ကြောင်းရုံးမှာ တာဝန်ထမ်းဆောင်နေစဉ် ၁ လကျော်၊ ၂ လ ဝန်းကျင်ကြာတဲ့အခါမှာ ကိုနိုင်အောင်တို့ ဗဟိုမှ အထွေထွေအတွင်းရေးမှူး ကိုမျိုးဝင်း ကျနော်တို့ရုံးဆီ ရောက်လာပါတယ်။ သူရဲ့အဓိက ဦးတည်ချက်ကတော့ ပင်လယ်ပြင်ရုံးရှိ ကျနော်တို့ကိုအခြေခံပြီး ဒီဒေသမှာလွတ်မြောက်နယ်မြေတခု ရှာဖွေဖို့၊ ပြီးရင် မင်းသမီးဖက်က တပ်တချို့ကိုခေါ်ယူပြီး အမြန်ဆုံးအခြေ စိုက်လှုပ်ရှားဖို့ဖြစ်ပါတယ်။ 

ဘာကြောင့် နယ်မြေသစ်ရှာဖို့ ဖြစ်လာသလဲဆိုတဲ့ နောက်ခံအချက်လက်တွေကို ကျနော်အသေချာ မမှတ်မိတော့ပေမယ့် အဲဒီကာလအတွင်း KNU မြိတ်-ထားဝယ်ခရိုင်နဲ့ တောင်ပိုင်း ဗလဖအကြား ဆက်ဆံရေးက သိပ်အဆင်မပြေလှပါ။ နောက်တခုကတော့ KNU က စစ်အစိုးရနဲ့ အပစ်ခတ်ရပ်စဲရေး လုပ်သွားရင် ငါတို့တပ်တွေ ဘယ်မှာနေမလဲ။ ကိုယ်ပိုင်နယ်မြေ ရှာထားမှဖြစ်မယ် ဆိုတဲ့ စဉ်းစားချက်မျိုးလဲ ရှိနေတယ်လို့ ထင်ပါတယ်။

တခါ လက်တွေ့အခြေနေအရလည်း အမရာစခန်း (မင်းသမီးစခန်း) မှာ နေရတဲ့ဘဝကို KNU ဆီ အိမ်ငှားပြီးနေ နေရတဲ့သဘော။ အရာအားလုံး KNU ခွင့်ပြုချက်ရမှ လုပ်ခွင့်ရတဲ့သဘော ဖြစ်နေတဲ့အတွက် ရဲဘော်အများစုက နောက်တန်းမှာ နေရတာမပျော်ဘဲ ရှေ့တန်းက ရွာတွေမှာချည်း အမြဲတမ်း နေချင်နေတာကို ကျနော် သတိထားမိပါတယ်။ 

KNU အပေါ် ဘယ်လောက်အထိ မှီခိုနေရသလဲဆိုရင် ကျနော်တို့ခစန်းကနေ ထီးထာကို သွားမယ်ဆိုရင် KNDO ဂိတ်မှာ လက်မှတ်ယူရပါတယ်။ အလားတူ ထီးခီးသွားမယ်ဆိုရင်လဲ လက်မှတ် လိုပါတယ်။ နောက်တခါ ထီးခီးနေက ထိုင်းဖက်ထွက် မယ်ဆိုရင်လည်း KNU လက်မှတ်ကို ထီးခီးရုံးမှာ တခါ ထပ်တောင်းရပြန်ပါတယ်။

နောက်ထပ် တိုက်ဆိုင်မှုတခုကတော့ အဲဒီလို နယ်မြေသစ်ရှာဖို့ ကျနော်တို့ ကြိုးစားနေတဲ့ ကာလဟာ ကိုမိုးသီးဇွန်တို့ ဗဟိုကလည်း ထပ်စကဲမြို့အနီးရှိ ချုံချီနဲ့ ဟွေးဖတ်စခန်းဝန်းကျင်မှာ လွတ်မြောက်နယ်မြေတခု ထူထောင်ပြီး သူတို့ရဲ့ဗဟိုဌာနချုပ်ကိုတောင် မာနယ်ပလောဖက်ကနေ တောင်ပိုင်း ဒေသဆီ ပြောင်းကာ ပင်လယ်ပြင်လှုပ်ရှားမှုကို အရှိန်မြင့် ဆောင်ရွက်နေတဲ့ကာလည်း ဖြစ်ပါတယ်။

ဒီလိုနယ်မြေသစ် ရှာဖွေဖို့အတွက် ကျနော်တို့ရဲ့ အဓိကမဟာမိတ် ဖြစ်လာသူကတော့ ကျနော်တို့လိုပဲ နယ်စပ်မှာ နယ်မြေအတိအကျ မရှိသေးတဲ့ ဗကပ မြိတ်ခရိုင်ဖြစ်ပါတယ်။ ဒီလိုရှာဖွေဖို့အတွက် ကျနော်တို့ ရွေးချယ်လိုက်တဲ့ နေရာကတော့ ချုံချိစခန်းကနေ အပေါ်ဖက်ကို မိုင် ၁၀၀ ကျော်ဝေးတဲ့ နာမည်ကြီး ပင်လယ်အပန်းဖြေစခန်း ဟွာဟင်မြို့နဲ့ ဘန်းလအု-ရေတံခွန်ရဲ့ နောက်ကျော၊ မြန်မာဖက်က ဆိုရင်တော့ မြိတ်ခရိုင် တနင်္သာရီ သစ်တောကြိုးဝိုင်း နောက်ကျောပေါ်က ခေါင်ယိုင်ဒေသဖြစ်ပါတယ်။

လှပခန့်ငြားလှတဲ့ သဲသောင်ဖြူနဲ့ ပင်လယ်ပြာ၊ ဘန်ကောက်မြို့က ဟိုတယ်တွေနီးပါး အမြင့်ရှိတဲ့ ကြယ်ငါးပွင့်ဟိုတယ်တွေနဲ့ ကမ္ဘာလှည့်ခရီးသည်တွေ ပြည်ညှပ်နေတဲ့ ဟွာဟင်ပင်လယ်ကမ်း ခြေမြို့ကလေးက နေ ၂ နာရီနီးပါး ကားမောင်းသွားပြီးတဲ့ အခါမှာတော့ ထိုင်းနိုင်ငံဖက်က နောက်ဆုံးကျေးရွာ ခေါင်ယိုင်ကို ရောက်ပါတယ်။  အဲဒီရွာက သူကြီးအိမ်မှာ တညအိပ်ပြီးတဲ့နောက်မှာတော့ တခါမှ မရောက်ဖူးသေးတဲ့ အဲဒီနယ်မြေသစ်၊ စခန်းသစ်ဒေသဆီ လမ်းပြတဦးနဲ့အတူ ကိုယ်စားလှယ် ၂ ဦးနဲ့ ဗကပ ရဲဘော် ၂ ဦး သွားဖို့ ပြင်ပါတယ်။

မူလအစီစဉ်အရဆိုရင် ကျနော်တို့ဆီက ကိုသန်းနိုင်နဲ့ ဗကပမှ ကိုဖေကြည်တို့ သွားဖို့ တာဝန်ပေးထားပေမယ့် သွားခါနီး မနက်စောစော အဝတ်စားနဲ့ အထုတ်အပိုးတွေပြင်တော့မှ ကျနော်တို့ကို လိုက်ပို့တဲ့ ထိုင်းထောက်လှမ်းရေးက ထလာပြီး “သန်းနိုင်ပုံက ပိန်ပိန်ချုံးချုံးနဲ့ မဖြစ်ဘူးထင်တယ်။ မင်းက တုတ်တုတ်ခိုင်ခိုင်နဲ့ ဘာကြောင့်မသွားတာလဲ။ မင်းသွားမှ ပိုအဆင်ပြေမယ်” ဆိုပြီး အဆိုပြုလာပါတယ်။ ဒီအဆိုကို ကိုဖေကြည်က ထောက်ခံပြီး ကိုသန်းနိုင်ကပါ မြှောက်ပေးလိုက်တဲ့အတွက် နောက်ဆုံးတော့ အဖော်လိုက်လာတဲ့ ကျနော်က အဓိကနေရာမှာ နောက်တခါ ပါသွားပြန်တယ်ဆိုပါတော့။

ကျနော်မှတ်မိသလောက်ဆိုရင် ကျနော်တို့မှာ ဘာသေနတ်မှမပါဘူး။ ထိုင်းထောက်လှမ်းရေးက ပေးလိုက်တဲ့ ကင်မရာတလုံးနဲ့ ရိက္ခာတွေ ထည့်ထားတဲ့ ကျောပိုးအိတ်တလုံးကိုလွယ်ပြီး ကိုဖေကြည် နောက်ကို ကျနော် လိုက်သွားပါတယ်။ ကိုဖေကြည်ကလည်း ဒီလမ်းကို သိပုံမရသေး။ ဒီတော့ ထိုင်း-ကရင် တဦး လမ်းပြတဲ့အတိုင်း ချောင်းရိုးလေးတလျောက် ကျနော်တို့ ၅ ဦး လျှောက်သွားကြပါတယ်။

တောက အတော်နက်ပြီး လမ်းကလည်း ကြမ်းတဲ့အတွက် ခရီးကသိပ်မတွင်လှ၊ တောင်ခပ်မြင့်မြင့် တလုံးကိုကျော်၊ နောက်ထပ်တွေ့တဲ့ စမ်းချောင်းလေးအတိုင်း ဆက်လျှောက်ပြီး ညနေ ၄ နာရီခန့်မှာတော့ မြန်မာနယ်စပ်အနီးကို ရောက်လာပြီး စမ်းချောင်းဘေးမှာ ကရင်တဲအိမ်ကြီးတလုံးကို တွေ့လိုက်ရပါတယ်။ လမ်းပြ ကရင်ဖထီးက ဟာလဲဂေး၊ ဝါလဲဂေးနဲ့ ကရင်လို နှုတ်ဆက် ပြောဆိုအပြီးမှာတော့ အဲဒီအိမ်မှာ ညအိပ်ဖို့ ကျနော်တို့ စခန်းချလိုက်ပါတယ်။

နောက်တနေ့ မနက်မှာတော့ အဲဒီအိမ်ကနေ မြန်မာနယ်စပ်ဖက် တောင်ထိပ်ဆီ ကျနော်တို့လမ်း ဆက်လျှောက်သွားပါတယ်။ လူသွားလမ်းကြမ်းလေးရှိနေပြီး တောင်ထိပ်နယ်စပ် တည့်တည့်မှာ နတ်စင်လေးတခု ဆောက်ထားတာကို ထူးထူးခြားခြား တွေ့ရပါတယ်။ နတ်စင်ဘေးက တောင်ထိပ်ကျော လမ်းတလျှောက်မှာတော့ ဆင်ချေးတွေကို တွေ့ရတဲ့အတွက် တောဆင်ရိုင်းတွေ ကျက်စားတဲ့နေရာလို့ လမ်းပြဖထီးက ပြောပါတယ်။

သစ်ပင်ကြီးတွေကြားမှာ ဝါးရုံပင်တွေကိုလည်း တွေ့ရပြီး ဆင်တိုးထားတဲ့၊ ဆင်တွေ ဆွဲစားထားတဲ့ နေရာတွေကိုလည်း တွေ့ရပါတယ်။ အဲဒီ နတ်စင်ကနေ မြန်မာဘက် ရေဝေတောင်တန်းအတိုင်း နာရီဝက်လောက် ဆက်ဆင်းလာတဲ့ အခါမှာတော့ တောအုပ်က ထိုင်းဘက်ကထက် ပိုထူ၊ သစ်ပင်တွေကလည်း ပိုကြီးပြီး နေရောင်တောင် ကောင်းကောင်း မရဖြစ်နေပါတယ်။ အဲဒီတောအုပ်ထဲမှာ မြန်မာဘက်ကရေစီးလာတဲ့ စမ်းချောင်းငယ်တခုကို တွေ့ရပြီး ဒီနေရာမှာ ကျနော်တို့ ABSDF စခန်းသစ် အထိုင်ဖို့ ကျနော်နဲ့ကိုဖေကြည် သဘောတူ ရွေးချယ်လိုက်ပါတယ်။

ပစ္စည်းမဲ့တော်လှန်ရေးနဲ့ NGO ယဉ်ကျေးမှု
------------------------------ 

စခန်းသစ်အတွက် ရိက္ခာနဲ့ တခြားပစ္စည်းတွေထားရာ ခေါင်ယိုင်ရွာ သံပုရာခြံ ဂိုဒေါင်ရှေ့မှာ တွေ့ရတဲ့ ABSDF ရဲဘော်တချို့

နယ်မြေသစ်တခု ရှာဖို့ထွက်လာတဲ့ ကျနော်တို့ ၄ ဦးဆီမှာ ဓား ၂ လက် ၃ လက်ကလွဲပြီး ဘာလက်နက်မှပါမလာ။ နောက်တခါ ရှေ့တန်း၊ နောက်တန်းနဲ့ ဆက်သွယ်နိုင်ဖို့ ဆက်သွယ်ရေးစက်လည်း ပါမလာပါ။ ဒါပေမယ့် ကျနော်တို့အုပ်စု ဒီနေရာသစ်ဆီ ထွက်မလာခင်ကတည်းက ဘယ်နေ့မှာ ဘယ်ကိုရောက်မယ်၊ ဘယ်သူတွေက  ဘယ်နေရာမှာ စောင့်ပါလို့ အတိအကျ ချိန်းဆိုထားပြီး ဖြစ်တဲ့အတွက် အဲဒီအချိန်ဇယားအတိုင်း ဝင်အောင် ကိုဖေကြည်နဲ့ကျနော် ကြိုးစားနေရပါတယ်။ ဒီလိုနဲ့ နယ်မြေသစ်အနေထား၊ စခန်းချမယ့် မြေအနေထားတွေကို လေ့လာပြီးတဲ့အခါမှာတော့ ကရင်အဖိုးကြီးအိမ်မှာပဲ တည ထပ်အိပ်ရပါတယ်။

နောက်တနေ့ မနက်စောစောမှာတော့ ရှေ့မှာ ဗိုလ်မှူးစိုးလွင် ပြောခဲ့ဖူးတဲ့ ဗကပ မြိတ်ခရိုင် တောတွင်းစခန်းရှိရာဆီ ကျနော်တို့ချီတက်ခဲ့ပါတယ်။ ဒီခရီးက နယ်စပ်နဲ့ ထိုင်းရွာလောက် မဝေးပေမဲ့ လမ်းမှာ စမ်းချောင်းမရှိ၊ တောင်ထိပ်ကျော တလျှောက်ဖြတ်သွားရမှာမို့ ရေဗူးတွေကို အသေအချာ ပြင်ဆင်ယူသွားရပါတယ်။ ကျနော်တို့ရောက်နေတဲ့ တောင်ထိပ်ကနေ မြန်မာဘက်က တောင်တန်းတွေကိုရော၊ ထိုင်းဖက်က တောင်တန်းတွေနဲ့ ရွာတွေကိုပါ အပေါ်စီးကနေ မြင်နေရပြီး ရှုခင်းက အတော်လှပ၊ လေကလည်း တဖြူးဖြူးတိုက်နေပါတယ်။ အဲဒီကာလဟာ ၁၉၉၄ နွေရာသီ သင်္ကြန်မတိုင်မီလေးလို့ ထင်ပါတယ်။

အဲဒီတောင်ကျောကို တနေကုန်နီးပါး လျှောက်ပြီး ညနေ ၃ နာရီလောက်မှာတော့ တောင်ယာခင်းလိုလို၊ ငှက်ပျောခင်းလိုလို၊ ဥယဉ်ခြံလိုလို တခုထဲက ဗကပ မြိတ်ခရိုင်စခန်းခွဲဆီ ကျနော်တို့ ရောက်သွားပါတယ်။ အဲဒီကာလ စခန်းတာဝန်ခံက ဗိုလ်စိုးေ၀ ဖြစ်ပါတယ်။ အဲဒီမှာ မင်းသမီးဘက်ကနေ ဆင်းလာပြီး ကျနော်တို့အလာကို အသင့်စောင့်နေတဲ့ ကျောင်းသားတပ်တွေနဲ့ တွေ့ပါတယ်။ အဲဒီစစ်ကြောင်းကို ဦးစီးလာသူတွေကတော့ ၂၀၃ တပ်ရင်းမှ တပ်ရင်းမှူး ကိုမဲချော ခေါ် ကိုချမ်းနိုင် (ပြန်ဝင်)၊ ၂၀၁ တပ်ရင်းမှ တပ်ခွဲမှူး ဘိုင်လာမန် ခေါ် ကိုခင်မောင်ချို (အခု အမေရိကန်) နဲ့ ဒုခွဲမှူး ကိုစိုးမင်းအောင် (အခု ဒိန်းမတ်) တို့ ဖြစ်ပါတယ်။

ဗိုလ်စိုးဝေတို့ရဲ့ ဗကပ တောတွင်းစခန်းဟာ ကျနော်တို့ နေခဲ့ဖူးတဲ့ မင်းသမီး၊ ချုံချိအပါဝင် နယ်စပ်တကျောက ကရင်၊ မွန်၊ ကျောင်းသားစခန်းတွေနဲ့ လုံးဝကွာခြားပြီး တကယ်ကို သီးခြား တောတွင်းစခန်းတခု ဖြစ်နေတာကို  တွေ့ရပါတယ်။ သူတို့စခန်းနဲ့ ပြင်ပကမ္ဘာ ဆက်သွယ်ဖို့ ကားလမ်းလည်းမရှိ၊ လှေလမ်းလည်း မရှိပါ။ မင်းသမီးဘက်ကနေ လှေနဲ့ဆင်းလာတဲ့ ကျနော်တို့ ရဲဘော်တွေလာရာ တနင်္သာရီမြစ်လက်တက် ချောင်းရှိရာ နေရာကိုတောင် ဒီစခန်းနဲ့ နေ့ဝက် ခရီးရှိတယ်လို့ ဆိုပါတယ်။ မီးစက်လည်းမရှိ၊ တီဗီလည်း မရှိပါဘူး။ (အဲဒီ ကာလကတည်းက ကျနော်တို့ မင်းသမီးနဲ့ ချုံချိဒေသတွေမှာ မီးစက်တွေ၊ တီဗီစလောင်းတွေရှိနေပြီ ဖြစ်ပါတယ်)။ NGO လည်းမသိ၊ ကွန်ပြူတာကိုလည်း မမြင်ဘူးသေးတဲ့ တကယ့်ကို တောတွင်းခစန်းတခုပါ။

ဒီစခန်းက ဗကပ ရဲဘော်တွေ၊ အမျိုးသမီးတွေ၊ ကလေးငယ်တွေရဲ့ ဝတ်စားဆင်ယင်မှုကလည်း ကျနော်တို့ ရဲဘော်တွေနဲ့ ဘာမှမဆိုင်၊ ကျနော်တို့ဆီက ပုဂ္ဂိုလ်တွေ ပြောက်ကျားယူနီဖောင်းတွေကို ပြောင်ပြောင်ရောင်ရောင်  ဝတ်ထားနိုင်ပေမယ့် ဒီစခန်းက လူတွေမှာတော့ ယူနီးဖောင်းလည်းမရှိ၊ အရပ်ဝတ်တွေကလည်း ဟောင်းနွမ်းစုတ်ပြတ်နေ။ ပြီးတော့ သူတို့ မျက်နှာတွေကလည်း အဟာရမပြည့်ဝတဲ့ မျက်နှာမျိုး၊ ဖြူဖတ်ဖြူရော်နဲ့။ ကျနော်တို့ ငယ်ငယ်တုန်းက ကြားဖူးတဲ့ “တောလူ” တွေဆိုတာကို သွားသတိရမိစေပါတယ်။

နောက်တခါ ဒီလူတွေဟာ ကျနော်တို့ နယ်စပ်အခြေစိုက် စခန်းတွေကလူတွေလို NGO အလှူနဲ့ ထိုင်းကလာတဲ့ ဆန်ကို စားနေတာမျိုးမဟုတ်။ သူတို့ကိုယ်တိုင် တောင်ယာခုတ်ပြီး အဲဒီက စပါးတွေကို နေလှန်းကြိတ်ခွဲ။ ဖြစ်သလိုထွင်းထားတဲ့ သစ်သားဆုံတွေထဲမှာ ထည့်ပြီး ထုကြိတ်နေတာကို ကျနော်ကိုယ်တိုင် မြင်ခဲ့ရပါတယ်။

နယ်စပ်ဖက်ရောက်နေတာ ၅ နှစ်ကျော်ကြာနေပြီဖြစ်တဲ့ ကျနော်အဖို့တော့ ဒီမြင်ကွင်းဟာ တကယ့်ကို အထူးအဆန်းပါပဲ။ နောက်တခါ အဆက်သွယ်ပြတ်ပြီး တောထဲမှာနေတယ်ဆိုတော့ တောထွက်ဟင်းသီး ဟင်းရွက်မျိုးစုံကို ရနိုင်ပေမယ့် ဟင်းချက်ဖို့ဆီမရှိ၊ အချို့မှုန့်မရှိ၊ ငါးသေတ္တာ မရှိ၊ ကြက်သွန်နီမရှိ စသဖြင့် ဘာမှသိပ်မရှိဘူးဆိုတော့ သူတို့စားတဲ့ဟင်းက စားမကောင်းတဲ့အပြင် အဟာရလည်း မပြည့်ဝတာ သိပ်မဆန်း။ ဒီလိုပြောနေလို့ ကျနော်တို့ ရဲဘော်တွေက အဟာရပြည့်တဲ့ အစာတွေကို ကောင်းကောင်းမွန်မွန် စားနေရတယ်လို့ မဆိုလိုပါ။ ဒါပေမယ့် ကျနော် ရောက်ဖူးသမျှ စခန်းတွေအားလုံး ကိုစိုးဝေတို့ တောတွင်းစခန်းထက်တော့ သာတယ်ဆိုတာကို ကျနော်သိနေပါတယ်။

အဟာရမပြည့်၊ ကျန်းမာရေးမကောင်းဖြစ်နေတဲ့ ကလေးငယ်တွေကို ကျနော်တို့ စစ်ကြောင်းမှာ ပါလာတဲ့ ဆေးမှူးတွေက စမ်းသပ်ကုသမှု လုပ်ပေးခဲ့တာကို ကျနော်မြင်ခဲ့ရပါတယ်။ စစ်ကြောင်းတွေနဲ့အတူ ဆေးမှူးတွေရော၊ ဆက်သွယ်ရေး စက်တွေပါ ပါလာပြီ ဖြစ်တဲ့အတွက် ကျနော်တို့ ၂ ဖွဲ့ပေါင်းမိပြီဖြစ်ကြောင်းနဲ့ ထူးခြားဖြစ်စဉ်အားလုံးကို ဗဟိုနဲ့ မင်းသမီးဒေသရှိ ဗလဖဆီ ကျနော်တို့ တင်ပြနိုင်ခဲ့ပြီဖြစ်ပါတယ်။

စခန်းသစ် သို့မဟုတ် ရွှေပြည်တော် ဆန်သယ်တိုင်းဝေး
------------------------------------

ခေါင်ယိုင်ရွာ သံပုရာခြံကနေ စခန်းသစ်အထိ ၁၂ မိုင်ကျော်ခရီးကို ဆန်သယ်ရတဲ့ ရဲဘော်တချို့ လမ်းမှာ စခန်းချရပ်နားနေစဉ်

အဲဒီ တောတွင်းစခန်းမှာ တညအိပ်ပြီး နောက်တနေ့မှာတော့ အင်အား ၅၀ ကျော် ၆၀ လောက် ရှိတဲ့ ကျနော်တို့ စစ်ကြောင်းဟာ လက်နက်အပြည့်အစုံနဲ့အတူ တပ်တည်ဒေသအသစ်၊ စခန်းအသစ် ဆောက်မယ့် နယ်စပ်ဒေသဆီ ပြန်ချီတက်လာပါတယ်။ ညနေ ၄ နာရီလောက်မှာတော့ ရှေ့မှာပြောခဲ့တဲ့ ကျနော်တို့ ယာယီစခန်းချရာ ကရင်ဖထီးရဲ့ အိမ်ဆီရောက်လာပါတယ်။

သေနတ်တွေ၊ ယူနီဖောင်းတွေနဲ့ လူအများကြီးကို ရုတ်တရက် တွေ့လိုက်ရတဲ့ ကရင်မိသားစုဟာ ကျနော်တို့ကို ကြောက်လန့်နေတဲ့အတွက် မနည်းတောင်းပန်ခဲ့ရတာကိုလည်း ကျနော် မှတ်မိနေဆဲဖြစ်ပါတယ်။ သူတို့မကြောက်အောင်ဆိုပြီး ကျနော်တို့စစ်ကြောင်း တခုလုံးကို သူတို့အိမ်နဲ့ ခမ်းလှမ်းလှမ်းရှိ စမ်းချောင်းဘေးမှာ နေရာယူခိုင်းလိုက်ရပါတယ်။ နောက်တနေ့ မနက်မှာတော့ စစ်ကြောင်းနဲ့အတူ နယ်စပ် တောင်ထိပ်ကိုကျော် စခန်းဆောက်မယ့်နေရာကို စစ်ရေးတာဝန်ခံတွေကိုပြပြီး တောခုတ်ရှင်းလင်းကာ စခန်းသစ်ကို စဆောက်ပါတော့တယ်။

ဒါပေမယ့် ဘာမှ အဆင်သင့်မဖြစ်သေးတဲ့အတွက် ညနေပိုင်းမှာတော့ ထိုင်းဖက်ခြမ်းရှိ ဖထီးအိမ်ဘေးက စမ်းချောင်းအနီးကိုပဲ ပြန်လာပြီး အဲဒီမှာ ၄၊ ၅ ရက်ကြာပြီးမှ မြန်မာဘက်ကို ပြောင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။ ကျနော်နဲ့ ကိုဖေကြည်ကတော့ တပ်တခုလုံး မြန်မာဘက်ပြောင်းတဲ့အထိ စောင့်မနေတော့ဘဲ တညအိပ်ပြီးတဲ့နောက် ထိုင်းရွာ ခေါင်ယိုင်ဆီ ပြန်ထွက်လာခဲ့ပါတယ်။ 

အဲဒီကစပြီး ဒီဒေသမှာ ကျနော်တို့ ABSDF တောင်ပိုင်းဒေသ စခန်းသစ်ဆိုပြီး ပေါ်လာပါတယ်။ နေရာသစ်မို့လို့ “စခန်းသစ်” ဆိုပြီး အလွယ်ခေါ်လိုက်ပေမယ့် တချို့ရဲဘော်တွေကတော့ ဒီနေရာဟာ ဝေးလံခေါင်သီလွန်းတဲ့အတွက် “ရွေပြည်တော်” မျှော်တိုင်းဝေးအဖြစ် နာမည်ပေးကြပါတယ်။ နောက်ပိုင်းမှာတော့ အနီးစပ်ဆုံးနဲ့ လူသိအများဆုံးဖြစ်တဲ့ ထိုင်းနိုင်ငံ ပင်လယ်ကမ်းခြေမြို့ကို အစွဲပြုပြီး “ဟွာဟင် စခန်း” အဖြစ် အခေါ်များခဲ့ပါတယ်။

စခန်းသစ်မှာ ကျနော်တို့တပ်တွေချည်း ၆ လကျော် နေပြီးတဲ့အခါမှာတော့ မွန်ပြည်သစ်ပါတီ မြိတ်ခရိုင်က စစ်အစိုးရနဲ့ အပစ်ခတ်ရပ်စဲရေး လုပ်လိုက်တဲ့အတွက် ချုံချီဒေသအခြေစိုက် ဗိုလ်မှူးစိုးလွင် ဦးစီးတဲ့ ဗကပ မြိတ်ခရိုင်တပ်ဟာလည်း ကျနော်တို့စခန်းသစ်ဆီ ရောက်လာခဲ့ပါတယ်။

ဒီစခန်းဟာ ထိုင်းနယ်စပ်ရွာနဲ့ ၆ နာရီခန့် လမ်းလျှောက်ရပြီး ကားလမ်း၊ လှည်းလမ်းလည်း မရှိတဲ့အတွက် နယ်စပ်နေက စခန်းအထိ ဆန်သယ်ရတဲ့ အလုပ်ကိုက တာဝန်တခုလို ဖြစ်လာခဲ့ပါတယ်။ အစောပိုင်းကာလတွေမှာတုန်းကတော့ ကရင်နီဒေသဘက်ရှိ ၃၀၃ တပ်ရင်းကနေ လား ၄ ကောင်ကို ထရပ်ကားတွေနဲ့သယ်ပြီး ဆန်သယ်ခိုင်းဖို့ ကြိုးစားခဲ့ပါသေးတယ်။ ဒါပေမယ့် မြောက်နဲ့တောင် ရာသီဥတု အအေး၊ အပူ ကွာခြားလို့လား မသိပါ၊ အဲဒီ လားတွေအားလုံး ဟွာဟင်ဒေသ စခန်းသစ်ကိုရောက်ပြီး ၂ လ လောက်အတွင်း သေဆုံးသွားပါတယ်။

ကိုယ်စားဖို့ဆန် ကိုယ်သယ်ရတဲ့ကိစ္စကို စာမဖွဲ့လောက်ဘူးဆိုပေမယ့် စခန်းသစ်ဒေသ ဆန်သယ်ရတဲ့ ဒုက္ခကတော့ ကျနော်တို့အတွက် စာဖွဲ့လောက်တယ်လို့ ထင်ပါတယ်။ ကျနော်ရောက်ဖူးသမျှ ABSDF စခန်းတွေထဲမှာ စခန်းသစ်လောက် ဝေးလံခေါင်ဖျားတဲ့စခန်း မတွေ့ဖူးခဲ့ပါ။

ရှေ့ပိုင်းမှာတင်ပြခဲ့ပြီး ဖြစ်တဲ့အတိုင်း ထိုင်းနယ်စပ် နောက်ဆုံးရွာဖြစ်တဲ့ ခေါင်ယိုင်ရွာ၊ သံပုရာခြံရှိ ဂိုဒေါင်ကနေ ကျနော်တို့ ABSDF စခန်းရှိတဲ့ မြန်မာဘက် နယ်မြေထဲအထိ ၁၂ မိုင်ကျော် ခရီးရှိပြီး ၆ နာရီလောက် လမ်းလျှောက်ရပါတယ်။ ကားလမ်း၊ လူသွားလမ်း ဘာမှမရှိတဲ့အတွက် သဘာဝအတိုင်းရှိနေတဲ့ စမ်းချောင်းလေးအတိုင်း လျှောက်ပြီး ဆန်ကီလို ၂၀ ကျော် ထမ်းသွားရတဲ့အလုပ်ဟာ သိပ်မလွယ်လှ။ ဆန်သယ်တဲ့ အလုပ်တခုတည်းနဲ့တင် အချိန်အတော်ကုန်နေတဲ့ ကိစ္စအပေါ် ရဲဘော်တချို့ ငြီးငြူကြတာကို ကျနော် အမှတ်ရနေပါတယ်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More