Sunday, October 4, 2026

''ဆော်တဲ့သူတွေဆော်နိုင်ဖို့ အော်တဲ့သူတွေက အော်ဖို့- ကူဖို့လိုတယ်''

 ''ဆော်တဲ့သူတွေဆော်နိုင်ဖို့ အော်တဲ့သူတွေက အော်ဖို့- ကူဖို့လိုတယ်''

- ဦးကောင်းရှိန် (ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ)


(၂၉ စက်တင်ဘာ ၂၀၂၆) ''မြေပြင်မှာတိုက်ပွဲ၀င်နေသူတွေ အရေးကြီးသလို ပြည်ပကနေ ထောက်ပို့ ကူသူတွကလည်း အရေးကြီးတယ်။ ဆော်တဲ့သူတွေဆော်နိုင်ဖို့ အော်တဲ့သူတွေက အော်ဖို့- ကူဖို့လိုတယ်'' လို့ ဖို့ဝေးမြို့အခြေစိုက် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ ဦးကောင်းရှိန်က ပြောပါတယ်။ စက်တင်ဘာ ၁၉ ရက်နေ့က နယူးယောက်မြို့ရှိ ကုလ ဌာနချုပ်ရှေ့မှာကျင်းပတဲ့ ဆန်ဒပြပွဲအတွင်း BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဥ် သူက ဒီလိုဖြေကြားခဲ့တာပါ။ နိုင်ငံခြားရေး၀န်ကြီး ဒေါ်ဇင်မာအောင်၊ သံအမတ်ကြီး ဦးကျော်မိုးထွန်းတို့ရဲ့ ပြောကြားချက်တွေနဲ့အတူ ကုလ ဌာနချုပ်ရှေ့က အင်အား ၃၀၀ ကျော်ပါ လူထုဆန်ဒပြပွဲအကြောင်း စုစည်းတင်ပြချက်ကို ထုတ်လွှင့်ပေးလိုက်ပါတယ်။

တောင်မော်ဦး ရေတပ်အနီး AA တိုက်ပွဲဖော်... စင်းခန်းတံတားအနီး ၁၂၂ မမ ဟာဝစ်ဇာအမြောက် KIA သိမ်းဆည်း...

 https://youtu.be/lXf3Db2NL40?si=xaWXz-1SayuUnOkz

တောင်မော်ဦး ရေတပ်အနီး AA တိုက်ပွဲဖော်... စင်းခန်းတံတားအနီး ၁၂၂ မမ ဟာဝစ်ဇာအမြောက် KIA သိမ်းဆည်း... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၅ အောက်တိုဘာ ၂၀၂၆) - ကျောက်ဖြူ မြို့နယ်၊ တော်မော်ဦး ရေတပ်စခန်းအနီးမှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် AA တို့ကြား တိုက်ပွဲတွေ ဆက်တိုက်ပြင်းထန်နေတဲ့အတွက် စစ်တပ်မိသားစုတွေ အရေးပေါ် ရွှေ့ပြောင်းနေရ... - ကန့်ဘလူမြို့နယ်၊ ညောင်ဇင်လေးကျေးရွာ အခြေစိုက် ပျူစောထီးအဖွဲ့ကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာမှာ ၃ ဦးသေဆုံးပြီး ပစ္စတိုတလက် သိမ်းမိ... - ဧရာဝတီတံတား(စင်းခန်း) အနီး နစ်မြျုပ်သွားတဲ့ စစ်သဘောဆီကနေ ၁၂၂ မမ ဟာဝစ်ဇာ အမြောက်ကြီးတလက်ကို KIA ရဲဘော်တွေ ဆယ်ယူနေ... ... စတဲ့ သတင်းတွေအပါဝင် နောက်ဆုံးရ တိုက်ပွဲသတင်းတွေကို စုစည်းတင်ပြထားပါတယ်။

Share

Twitter Delicious Facebook Digg Stumbleupon Favorites More