( ကမ္ဘာကျော် Tour de France စက်ဘီးစီးပြိုင်ပွဲ နှစ်ပါတ်လည်အချိန်ရောက်လာပြီမို့ မနှစ်က ဒီအချိန်မှာရေး ထားတဲ့ဆောင်းပါးတပုဒ်ကို ပြန်တင်လိုက်တာပါ။ မနှစ်က ချန်ပီယံဖြစ်ခဲ့တဲ့ Cadel Evans နဲ့ ဒုတိယ-နဲ့ ကျေနပ်ခဲ့ ရသူ Andy Schleck တို့ ဒီနှစ်မှာလဲအကြိတ်အနယ် ထပ်ပြိုင်ရမယ်လို့ခန့်မှန်းရပါတယ်။ ဒါပေမဲ့ Sky အသင်းမှ Bradley Wiggins နဲ့ Edvald Boasson Hagen တို့ဟာလဲ ဒီနှစ်အတွက် အလားလာကောင်းနေသူတွေဖြစ်နေပါ တယ်။ ဒီနေ့ကစပီး သတင်း ၃-ပါတ်ကြာကျင်းပမဲ့ ဒီပွဲကို ကြည့်ရှုဝေဖန်သုံးသပ်ကြပါစို့)
...........................................................................................
စက်ဘီးစီးပီး ရံပုံငွေရှာခြင်းနဲ့ စက်ဘီးလောကအကြောင်း တစေ့တစောင်း
၂၃၀၇၁၁ (ထက်အောင်ကျော်)
ဘော်လုံး။ တင်းနစ်နဲ့ အခြားအားကစားအကြောင်းတွေ ပြည်တွင်း-ပြည်ပ မီဒီယာတွေမှာ အလးပေး ဖေါ်ပြနေတာတွေ့ရပေမဲ့ စက်ဘီးအားကစားအကြောင်း ဖေါ်ပြတာမတွေ့မိသလောက်ပါဘဲ့။
အထူးသဖြင့် Tour de France ခေါ် ပြင်သစ်နိုင်ငံတပါတ် သတင်း ၃-ကြာ ကမ္ဘာကျော် စက်ဘီးစီး ပြိုင်ပွဲပန်း ၀င်ခါနီးချိန်မှာတောင် အလေးပေးဖေါ်ပြတာမတွေ့မိသေးပါ။ ဒါဟာ စက်ဘီးအားကစား အ ကြောင်း လူတွေစိတ်စားမှုနဲလိုလား။ ဒါမှမဟုတ် ဒီအားကစားအကြောင်း ပြောနိုင်ဆိုနိုင် သတင်းတင် ပြနိုင်သူ နဲနေလို့လား စဉ်းစားရင်းနဲ့ ဒိဆောင်းပါးရေးဖို့စိတ်ကူးပေါ်လာတာပါ။
...အခုနောက်ဆုံးရရှိတဲ့ သတင်းတွေအရ Sky အသင်းမှ ဗြိတိန်နိုင်ငံသား Bradley Wiggins က Tour de France 2012 ကို အနိုင်ရရှိသွားပြီဖြစ်ပါတယ်။ ဒုတိယ-ကိုလဲ Sky အသင်းကဘဲ့ ဗြိတိန်သားတဦးဖြစ်သူ Christopher Froome. ကဘဲ့ရသွားပြီး တတိယကိုတော့ အီတလီနိုင်ငံသားတဦးဖြစ်သူ Liquigas-Cannondale အသင်းမှ Vincenzo Nibali ကရရှိသွားပါတယ်။ နောက်ဆုံးနေ့ ပါရီမြိုအ၀င် ပြိုင်ပွဲမှာလဲ Sky အသင်းမှ ဗြိတိန်နိုင်ငံသားတဦးဖြစ်သူ Mark Cavendish..ကဘဲ့ရရှိသွားပါတယ်။ မနှစ်ကလဲ သူဘဲ့ရပါတယ်။
...သတင်း ၃-ပတ် ၂၁-ရက်ကြာ ၈၇-နာရီခွဲ ပြိုင်ပွဲတခုလုံးအတွက် ပထမ-ဆု အ၀ါရောင်အကျီကို Sky အသင်းမှ Bradley Wiggins ရရှိသွားပြီး တောင်တက်သမားဆု အနီးရောင်ကွက်ကြားကို ပြင်သစ်နိုင်ငံသား တဦးဖြစ်သူ Thomas Voeckler ။ လူငယ်ဆု အဖြူရောင်အကျီကို အမေရိကန်နိုင်ငံမှ အသက် ၂၃-နှစ်အရွယ် Tejay van Garderen မှရှပြီး အမှတ်အများဆုံးဆု အစိမ်းရောင်အကျီကို အသက် ၂၂-နှစ်သာရှိသေးတဲ့ စလိုဗက်ကီးယားနိုင်ငံသား Peter Sagan မှရရှိသွားပါတယ်။