Wednesday, October 4, 2023

“အောင်မှတ်တော့ ရနေပြီ၊ ဂုဏ်ထူးရဖို့တော့ အားလုံးဝိုင်း ကြိုးစားရဦးမယ်”


“အောင်မှတ်တော့ ရနေပြီ၊ ဂုဏ်ထူးရဖို့တော့ အားလုံးဝိုင်း ကြိုးစားရဦးမယ်”

- ဒေါ်ဇင်မာအောင် (ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန - NUG) 

(၄- ၁၀-၂၀၂၃)

“နွေဦးတော်လှန်ရေးဟာ အောင်မှတ်ရနေပြီလို့ပြောနိုင်ပေမယ့် ဂုဏ်ထူးရဖို့အတွက်တော့ အားလုံးဝိုင်းကြိုးစားဖို့ လိုနေသေးတယ်၊ အထူးသဖြင့် ၂၀၂၃ ရဲ့ ဒုတိယ ၆ လအတွင်းမှာ စစ်ကောင်စီရဲ့ပြိုကျမှုကို သိသိသာသာမြင်လာနေရပြီဖြစ်တယ်” လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောပါတယ်။

၂၀၂၃ ဟာ အဆုံးသတ်တိုက်ပွဲရဲ့ အဆုံးအဖြတ်နှစ်လို့ပြောထားတဲ့အချက် ဘယ်လောက်အထိခရီးရောက်နေပြီလဲ၊ လက်ကျန် ၃ လအတွင်း ဘယ်လောက်ထပ်တိုး ဆောင်ရွက်နိုင်မလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ ...

- အနောက်နိုင်ငံတွေအပြင် အိမ်နီးချင်းနိုင်ငံတွေနဲ့ NUG ကြား သံတမန်ဆက်ဆံရေး ဘယ်လိုရှိသလဲ...

- ၂၀၂၃ ဟာ အဆုံးသတ်တိုက်ပွဲရဲ့ အဆုံးအဖြတ်နှစ်ဆိုတာ ဘယ်လောက်သေချာနေပြီလဲ...

- စစ်ကောင်စီအပေါ် စီးပွားရေးဒဏ်ခတ်မှု ဒီထက်ပိုပြင်းထန်လာအောင် ဘယ်လိုဆောင်ရွက်ဖို့ရှိသလဲ...

- အနာဂတ်ကိုလောင်းကြေးထပ်ပြီး တိုက်ပွဲဝင်နေတဲ့လူငယ်တွေအတွက် NUG ရဲ့ သတင်းစကားက ဘာလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Tuesday, October 3, 2023

“စစ်ကောင်စီကို အရေးယူဖို့နဲ့ ပြည်သူတွေကို လူသားချင်းစာနာမှုအကူအညီပေးဖို့...



“စစ်ကောင်စီကို အရေးယူဖို့နဲ့ ပြည်သူတွေကို လူသားချင်းစာနာမှုအကူအညီပေးဖို့ ဆွေးနွေးခဲ့တယ်”

- ဒေါ်ဇင်မာအောင် (ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန - NUG) 

(၃-၁၀-၂၀၂၃)

“အကြမ်းဖက်မှုတွေဆက်လုပ်နေတဲ့ စစ်ကောင်စီကို စီးပွားရေးဒဏ်ခတ်တာတိုးမြှင့်ဖို့နဲ့ ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို လူသားချင်းစာနာမှုအကူအညီတွေ အမြန်ဆုံးပေးဖို့အရေးကို နိုင်ငံတကာခေါင်းဆောင်တွေနဲ့တွေ့ဆုံစဉ်မှာ အဓိကထား ဆွေးနွေးခဲ့တယ်” လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်က ကုလသမဂ္ဂဌာနချုပ် နယူးယောက်မှာပြုလုပ်ခဲ့တဲ့ နိုင်ငံတကာခေါင်းဆောင်တွေနဲ့ NUG ကိုယ်စားလှယ်အဖွဲ့တွေ့ဆုံစဉ် ဘာတွေကို အဓိကဆွေးနွေးသလဲ၊ နွေဦးတော်လှန်ရေးအပေါ် နိုင်ငံတကာရဲ့ ထောက်ခံအားပေးမှု ဘယ်လိုရှိသလဲ... စသဖြင့်  BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ ...

- နယူးယောက် ဆွေးနွေးပွဲတွေက NUG ကို နိုင်ငံတကာက ပိုပြီးအသိအမှတ်ပြုလာတဲ့သင်္ကေတလား...

- ဦးကျော်မိုးထွန်း ကုလ-သံအမတ်ကြီးအဖြစ် သက်တန်းတနှစ်ထပ်တိုးရေး အလားအလာ ဘယ်လိုရှိလဲ...

- နိုင်ငံတကာဖက်က သဘောတရားထောက်ခံမှုအပြင် လက်တွေ့ထောက်ပံ့မှု ဘာတွေရနေပြီလဲ...

- နယ်စပ်ဖြတ်ကျော် အကူအညီပေးရေးအလားအလာ ဘယ်လောက်တိုးတက်လာနေပြီလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(“နွေဦးတော်လှန်ရေးက အောင်မှတ်တော့ရနေပြီ” ဆိုတာ ဘာကိုဆိုလိုတာလဲ... ဆွေးနွေးချက်ပါတဲ့ ဒုတိယပိုင်းကိုတော့ မနက်ဖန်ထုတ်လွှင့်ပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Monday, October 2, 2023

“စစ်ကောင်စီရဲ့ အသဲနှလုံးနေရာကို ဒီနေ့လူငယ်တွေက ဖြိုချနိုင်မယ်ဆိုတာ ယုံကြ...


“စစ်ကောင်စီရဲ့ အသဲနှလုံးနေရာကို ဒီနေ့လူငယ်တွေက ဖြိုချနိုင်မယ်ဆိုတာ ယုံကြည်ပါတယ်”

- ပဒိုစောတောနီး (ဗဟိုအလုပ်အမှုဆောင်ကော်မီတီဝင် - KNU)

(၂- ၁၀- ၂၀၂၃)

“စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်ဖို့ စစ်သင်တန်းတက်နေတဲ့ ဒီနေ့ လူငယ်တွေဟာ တောထဲမှာ တသက်လုံးမနေဘူး။ သူ့တို့ဒေသဆီသူတို့ပြန်ပြီး စစ်ကောင်စီရဲ့အသံနှလုံးနေရာကို ရှာဖွေတိုက်ခိုက်မယ်၊ စစ်ကောင်စီကို ဒီလူငယ်တွေက ဖြိုချနိုင်မယ်ဆိုတာ ယုံကြည်တယ်” လို့ ကရင့်အမျိုးသားအစည်းအရုံး (KNU) ဗဟိုအလုပ်အမှုဆောင်ကော်မီတီဝင် ပဒိုစောတောနီးက ပြောပါတယ်။

နွေဦးတော်လှန်ရေး ၂ ခွဲကာလအတွင်း စစ်ရေးအရ ဘယ်လောက်တိုးတက်လာသလဲ၊ တော်လှန်ရေးစစ်ကြောင်းတွေက နေပြည်တော်နဲ့ ဘယ်လောက်နီးကပ်နေပြီလဲ... စသဖြင့် ... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ်  သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာ ...

- စစ်တောင်းမြစ်ဝှမ်းနဲ့ ပဲခူးရိုးမအထိ တော်လှန်ရေးတပ်တွေ ရောက်လာခြင်းက နေပြည်တော်ကို ခြိမ်းခြောက်မှုတခုလား...

- ကချင်၊ ရှမ်း-မြောက်၊ ချင်း၊ ကရင်နီနဲ့ ကရင်ဒေသမှာ တိုက်ပွဲပြင်းထန်နေခြင်းဟာ ဒေသထူးခြားချက်အရလား... တနိုင်ငံလုံး ဟန်ချက်ညီဖြစ်နေတာမျိုးလား...

- နိုင်ငံတကာဖိအားနဲ့ ပြည်တွင်းလှုပ်ရှားမှူကို ဘယ်လိုဟန်ချက်ညီ ပေါင်းစပ်ဆောင်ရွက်သင့်သလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(သံတမန်ရေးတိုက်ပွဲမှာ NUG က ဘယ်လောက်အသာစီးရနေပြီလဲ... နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ မေးမြန်းချက်ကို မနက်ဖန် ထုတ်လွှင့်ပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Sunday, October 1, 2023

“ဒီကိစ္စက KNU နဲ့ လုံး၀ မသက်ဆိုင်ဘူး၊ လူထုအနေနဲ့ ဘာမှမစိုးရိမ်စရာ မလိုဘူး”


“ဒီကိစ္စက KNU နဲ့ လုံး၀ မသက်ဆိုင်ဘူး၊ လူထုအနေနဲ့ ဘာမှမစိုးရိမ်စရာ မလိုဘူး”

- ပဒိုစောတောနီး (ဗဟိုအလုပ်အမှုဆောင်ကော်မီတီဝင် - KNU)

(၁- ၁၀- ၂၀၂၃)

“KNU ဥက္ကဌဟောင်းနဲ့ စစ်ကောင်စီဥက္ကဌတို့ နေပြည်တော်မှာတွေ့ဆုံတယ်ဆိုတဲ့သတင်းဟာ KNU အဖွဲ့နဲ့ဘာမှမသက်ဆိုင်ဘူး၊ ဒီလူတွေနဲ့ KNU ဘာမှမဆိုင်ဘူးဆိုတာ ကြေညာထားပြီးသားဖြစ်တယ်။ ဒါကြောင့် ဒီကိစ္စအပေါ် လူထုအနေနဲ့ ဘာမှစိုးရိမ်စရာမလိုဘူး” လို့ ကရင့်အမျိုးသားအစည်းအရုံး (KNU) ဗဟိုအလုပ်အမှုဆောင်ကော်မီတီဝင်- ပဒိုစောတောနီးက ပြောပါတယ်။

KNU ဥက္ကဌဟောင်း စောမူတူးစေးဖိုးနဲ့အဖွဲ့ နေပြည်တော်ကိုလာပြီး စစ်ကောင်စီဥက္ကဌနဲ့ ငြိမ်းချမ်းရေးကိစ္စဆွေးနွေးတယ်ဆိုပြီး စစ်ကောင်စီဖက်က ဝါဒဖြန့်သတင်းထုတ်ပြန်ထားတဲ့အပေါ် KNU ရဲ့သဘောထားသိနိုင်ဖို့ ... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ်  သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ ...

-  စောမူတူးစေးဖိုးနဲ့အဖွဲ့ နေပြည်တော်ခရီးစဉ်အပေါ် KNU က ဘယ်လိုသဘောထားသလဲ...

- နိုင်ငံသားတဦးချင်းစီရဲ့လွတ်လပ်ခွင့်အရ ဒီလိုတွေ့ခွင့်ရှိတယ်ဆိုပေမယ့် ဒါဟာ ဖြစ်သင့်သလား...

- NCA လမ်းကြောင်းတွေ၊ စစ်တပ်နဲ့စကားပြောရေးတွေကို ဒီအချိန်မှာ အာဂျင်ဒါတင်သင့်ပါရဲ့လား...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(တော်လှန်ရေးတပ်တွေရဲ့ လှုပ်ရှားနိုင်မှုက နေပြည်တော်နဲ့ဘယ်လောက်နီးကပ်လာနေပြီလဲ... ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန်ထုတ်လွှင့်ပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Saturday, September 30, 2023

Moe Gyo Sept“နွေဦးတော်လှန်ရေးအတွက် ထောက်ပို့လုပ်နေသူတွေကို တဖက်လှည့်နဲ့ခ...


“နွေဦးတော်လှန်ရေးအတွက် ထောက်ပို့လုပ်နေသူတွေကို တဖက်လှည့်နဲ့ချတဲ့ ဗျုဟာပါပဲ”

- ဦးမိုးကြိုး - မြန်မာပြည်သားများအရေး ပူူးတွဲလှုပ်ရှားမှူကော်မီတီ - JACBA

(၃၀- ၉ -၂၀၂၃)

“ပြည်ပရောက် အလုပ်သမားတွေဆီကနေ ဝင်ငွေရဲ့ ၂၅% အိမ်ပြန်ပို့ခိုင်းတာ၊ ၁၀% အခွန်ကောက်တာတွေဟာ စစ်ကောင်စီက နိုင်ငံခြားဝင်ငွေအရေးပေါ်လိုအပ်လို့ လုပ်တာဖြစ်သလို အခြားတဖက်မှာလည်း နွေဦးတော်လှန်ရေးကိုထောက်ပို့လုပ်နေတဲ့ အလုပ်သမားတွေကို တဖက်လှည့်နဲ့ဆွဲချတဲ့ ဗျုဟာဖြစ်တယ်” လို့ ထိုင်းနိုင်ငံရောက် အလုပ်သမားအရေးဆောင်ရွက်နေသူ- မြန်မာပြည်သားများအရေး ပူးပေါင်းဆောင်ရွက်ရေးကော်မီတီ (JACBA) ဥက္ကဌ ဦးမိုးကြိုးက ပြောပါတယ်။

နိုင်ငံရပ်ခြားမှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမားတွေဆီကနေ ဝင်ငွေရဲ့ ၂၅% အိမ်ပြန်ပို့ခိုင်းတာ၊ ၁၀% အခွန်ကောက်တာတွေကို မကျေနပ်လို့ ပြီးခဲ့တဲ့ တနင်္ဂနွေက ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ကုလသမဂ္ဂဌာနေရုံးရှေ့မှာ မြန်မာအလုပ်သမားတွေ ဆန္ဒပြတာနဲ့ပတ်သက်ပြီး ... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ်  သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ ...

- ဘန်ကောက်မြို့ ကုလသမဂ္ဂဌာနေရုံးရှေ့ ဆန္ဒပြပွဲက စစ်ကောင်စီကို ဘယ်လောက်အထိ တွန်းအားပေးနိုင်မလဲ...

- ဒီလိုအခွန်ကောက်တာဟာ နွေဦးတော်လှန်မှာ ထောက်ပို့လုပ်နေကြတဲ့ အလုပ်သမားတွေကို တဖက်လှည့်နဲ့ တားဆီးလိုက်တာလား...

- အခွန်ကောက်ပြီးရင် ဒီအလုပ်သမားတွေအတွက် စစ်ကောင်စီက ဘာတွေ တာဝန်ယူဆောင်ရွက်ပေးမှာလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Wednesday, September 27, 2023

“စစ်ကောင်စီရဲ့ နေပြည်တော်ရုံးခေါင်မိုးတော့ မီးလောင်နေပြီ”


“စစ်ကောင်စီရဲ့ နေပြည်တော်ရုံးခေါင်မိုးတော့ မီးလောင်နေပြီ”

- ဦးသန်းစိုးနိုင် - (စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ)

(၂၇- ၉ -၂၀၂၃)

“စစ်ကောင်စီအတွင်း ထိပ်တန်းဗိုလ်ချုပ်ကြီးတွေကို ဖမ်းဆီး စစ်ဆေးမှုလုပ်နေတာ၊ ထုတ်ပယ်၊ အစားထိုးလုပ်နေတာတွေဟာ စစ်ကောင်စီအတွင်းပိုင်းမှာ ပွတ်တိုက်မှုကြီးကြီးမားမားရှိနေပြီဆိုတာကို ပြသတဲ့သင်္ကေတဖြစ်တယ်။ တနည်းအားဖြင့် စစ်ကောင်စီဥက္ကဌရဲ့ နေပြည်တော်ရုံးခေါင်းမိုး မီးလောင်နေပြီဆိုတဲ့ သဘောဖြစ်တယ်” လို့ စစ်ရေး-နိုင်ငံရေး ဝေဖန်ဆန်းစစ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

စစ်ကောင်စီဥက္ကဌရဲ့ ညာလက်ရုံး ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းကို ဖမ်းဆီးစစ်ဆေးနေတယ်။ စစ်ကောင်စီအဖွဲ့ကို လူသစ်တွေနဲ့အစားထိုးခန့်အပ်နေတယ်ဆိုတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး ... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...

- စစ်ကောင်စီအတွင်း ဖမ်းဆီး စစ်ဆေးမှုတွေ၊ အစားထိုးခန့်အပ်မှုတွေ ဘာကြောင့်ပြုလုပ်နေတာလဲ...

- ဒီ ဖြုတ်-ထုတ်-ရှင်းပွဲတွေဟာ စစ်ကောင်စီအတွင်း အာဏာလွန်ဆွဲမှုတွေ၊ အုပ်စုလိုက်အားပြိုင်မှုတွေလား...

- စစ်ကောင်စီအတွင်း အုပ်စုအကွဲအပြဲက နွေဦးတော်လှန်ရေးကို ဘယ်လိုကရက်ရိုက်နိုင်သလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Monday, September 25, 2023

“ချင်းပြည်တခုလုံးကိုလွှမ်းခြုံတဲ့ အစိုးရတရပ် အမြန်ဆုံးပေါ်လာအောင် ဆောင်ရ...


“ချင်းပြည်တခုလုံးကိုလွှမ်းခြုံတဲ့ အစိုးရတရပ် အမြန်ဆုံးပေါ်လာအောင် ဆောင်ရွက်နေပါတယ်”

- ဒေါက်တာ ငိုင်းတမ်မောင် (ချင်းပြည်ကောင်စီ ညီလာခံကျင်းပရေးလုပ်ငန်းကော်မတီ - WCCCC)

(၂၅- ၉ -၂၀၂၃)

“ချင်းပြည်နယ်ရဲ့ နယ်မြေ ၉၀% ခန့်ကို တော်လှန်ရေးတပ်တွေက ထိန်းချုပ်ထားနိုင်ပြီဖြစ်ပေမယ့် ပြည်နယ်တခုလုံးကိုလွှမ်းခြုံတဲ့ ချင်းပြည်ကောင်စီ (သို့မဟုတ်) ချင်းပြည်အစိုးရ မရှိသေးတဲ့အတွက် အဲဒီလိုအစိုးရတရပ်ပေါ်လာအောင် ချင်းအဖွဲ့အစည်းတွေအားလုံး ဆွေးနွေးတိုင်ပင်နေတာဖြစ်တယ်” လို့ ချင်းပြည်ကောင်စီ ညီလာခံကျင်းပရေးလုပ်ငန်းကော်မတီ (Working Committee for Chinland Council Conference - WCCCC) ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာငိုင်းတမ်မောင်က ပြောပါတယ်။

စက်တင်ဘာ ၇ ရက်ကနေ ၉ ရက်အထိ ‌နယ်စပ်တနေရာမှာ ကျင်းပခဲ့တဲ့၊ ကိုယ်စားလှယ် ၁၀၈ ဦးတက်ရောက်ခဲ့တဲ့၊ ချင်းပြည်ကောင်စီဖွဲ့စည်းရေး မျက်နှာစုံညီအကြိုအစည်းအဝေးရဲ့ ဆုံးဖြတ်ချက်၊ ထုတ်ပြန်ချက်တွေနဲ့ပတ်သက်ပြီး ... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...

- ချင်းပြည်ကောင်စီဖွဲ့စည်းရေး မျက်နှာစုံညီအကြိုအစည်းအဝေးက ဘယ်လိုဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ခဲ့သလဲ...

- အရင်ရှိခဲ့တဲ့ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီနဲ့ အခု အသစ်ပေါ်လာမယ့် ချင်းပြည်ကောင်စီ ဘယ်လိုကွာခြားသလဲ...

- ချင်းပြည်နယ်ရဲ့ နယ်မြေ ၉၀% ခန့်ကို တော်လှန်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်ပြီး အုပ်ချုပ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေပြီလား...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Sunday, September 24, 2023

“လူထုတိုက်ပွဲဆိုတာ လမ်းပေါ်ထွက်ပြီး လက်သုံးချောင်းထောင် ကြွေးကြော်သံအော်...



“လူထုတိုက်ပွဲဆိုတာ လမ်းပေါ်ထွက်ပြီး လက်သုံးချောင်းထောင် ကြွေးကြော်သံအော်တာ ထက် အများကြီးပိုပါတယ်”

- ကိုမင်းလွင်ဦး (ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ- DDMSC) 

(၂၄- ၉ -၂၀၂၃)

“တော်လှန်ရေးမှာ လူထုတရပ်လုံးပါဝင်နိုင်ဖို့အတွက် လူထုတိုက်ပွဲ ဆင်နွဲနေတာဖြစ်တယ်။ လူထုတိုက်ပွဲဆိုတာ လမ်းပေါ်ထွက်ပြီး လက်သုံးချောင်းထောင် ကြွေးကြော်သံအော်တာ ထက် အများကြီးပိုတယ်။ ရေဆန်ကို ဆန်တက်တဲ့အခါ အခက်ခဲတွေရှိပေမယ့် အောင်ပွဲရမှာ သေချာတယ်” လို့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC)၊ လူထုစည်းရုံးလှုံ့ဆော်ရေးဆပ်ကော်မတီ တာဝန်ခံ ကိုမင်းလွင်ဦးက ပြောပါတယ်။

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်မှာ နေ့စဉ်တွေ့နေရတဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲတွေ၊ လူထုလှုပ်ရှားမှုအခြေအနေတွေနဲ့ပတ်သက်ပြီး... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ်  သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...

- ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်မှာ နေစဉ်မပျက် မြင်နေရတဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြတွေအကြောင်း...

- လက်နက်ကိုင်တော်လှန်ရေးအားကောင်းနေချိန်မှာ လူထုတိုက်ပွဲကိုလည်း အားကောင်းအောင် ဘယ်လိုလုပ်သင့်သလဲ...

- DDMSC ကို ဘယ်လိုစုဖွဲ့ မောင်းနှင်နေသလဲ...

-  နွေဦးတော်လှန်ရေး၂ နှစ်ခွဲကာလအတွင်း ပန်းတိုင်နဲ့ဘယ်လောက်နီးလာပြီလဲ...

- တာလီဘန်လို အောင်မြင်မှုမျိုးတော့ မလိုချင်ဘူး... ဂုဏ်သိက္ခာရှိတဲ့၊ တရားမျှတမှုရှိတဲ့အောင်မြင်မှုမျိုးပဲလိုချင်တယ်လို့ ဘာကြောင့်ပြောတာလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Friday, September 22, 2023

“သံတမန်ရေးတိုက်ပွဲမှာ NUG က အသာရနေတယ်ဆိုတာကို ဒီတွေ့ဆုံမှုတွေက ပြသနေပါတယ်”


“သံတမန်ရေးတိုက်ပွဲမှာ NUG က အသာရနေတယ်ဆိုတာကို ဒီတွေ့ဆုံမှုတွေက ပြသနေပါတယ်”

- ဦးကျော်ဇော (သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ် - အမျိုးသားညီညွတ်ရေးအစိုးရ)

(၂၃- ၉ -၂၀၂၃)

“စစ်ကောင်စီနဲ့ နွေဦးတော်လှန်ရေးအင်အားစုတွေကြား သံတမန်ရေးတိုက်ပွဲမှာ NUG ဘက်က အသာရနေတယ်ဆိုတာကို ဒီတွေ့ဆုံမှုတွေက ပြသနေတာဖြစ်တယ်၊ NUG ကိုယ်စားလှယ်အဖွဲ့က ကုလသမဂ္ဂအထွေထွေညီလာခံမှာ နိုင်ငံတကာခေါင်းဆောင်တွေနဲ့ဆွေးနွေးနေချိန်မှာ စစ်ကောင်စီက အနားတောင်ကပ်ခွင့်မရဘူး” လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ် ဦးကျော်ဇောက ပြောပါတယ်။

နယူးယောက်မှာကျင်းပနေတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင် ဦးဆောင်တဲ့ NUG ကိုယ်စားလှယ်အဖွဲ့နဲ့ အမေရိကန်၊ အရှေ့တီမော၊ လစ်သူရေးနီးယားအပါဝင် နိုင်ငံတကာခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးမှု ဘာတွေထူးသလဲ...စသဖြင့်  BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ်  သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...

- NUG ကိုယ်စားလှယ်အဖွဲ့နဲ့ နိုင်ငံတကာခေါင်းဆောင်တွေ ကုလသမဂ္ဂမှာ တွေ့ဆုံဆွေးနွေးမှု ဘာတွေထူးခြားမှုရှိလဲ...

- အမေရိကန်က ပေးမယ်ပြောထားတဲ့အကူအညီတွေ စတင်ရရှိနေပြီလား...

- ဦးကျော်မိုးထွန်း ကုလ-သံအမတ်အဖြစ် သက်တန်းတနှစ်ထပ်တိုးရေး နောက်ဆုံးအခြေအနေ ဘယ်လိုရှိသလဲ...

- ဘဏ်တွေကိုပိတ်တာ၊ လေယာဉ်ဆီပိတ်တာအပြင် နိုင်ငံတကာဆီက နောက်ထပ်ဘာများ မျှော်လင့်နိုင်သေးလဲ...

- အနောက်အုပ်စုက ဒီလိုပိတ်ဆို့နေချိန်မှာ စစ်ကောင်စီက ရုရှားဆီသွားပြီး စစ်ရေးအကူအညီယူနေမှုအပေါ် ဘယ်လိုတုန့်ပြန်ကြမလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Wednesday, September 20, 2023

“ဘုရာသုံးဆူမြို့မှာ KNU က အုပ်ချုပ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေပါတယ်”


“ဘုရာသုံးဆူမြို့မှာ KNU က အုပ်ချုပ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေပါတယ်”

- ပဒိုစောတောနီး (ဗဟိုအလုပ်အမှုဆောင်ကော်မီတီဝင် - KNU)

(၂၀- ၉ -၂၀၂၃)

“ကရင့်အမျိုးသားအစည်းအရုံး (KNU) က ဘုရားသုံးဆူမြို့မှာ အုပ်ချုပ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတယ်ဆိုတာ ဟုတ်ပါတယ်။ စစ်ကောင်စီတပ်တွေရှိနေဆဲဖြစ်ပေမယ့် စခန်းထဲကနေ အပြင်မထွက်တော့ဘူး။ အခြားတော်လှန်ရေးတပ်တွေနဲ့ ပူးပေါင်းပြီး KNU က အခလို အုပ်ချုပ်ရေးဆောင်ရွက်နေတာဖြစ်တယ်” လို့ ကရင့်အမျိုးသားအစည်းအရုံး (KNU) ဗဟိုအလုပ်အမှုဆောင်ကော်မီတီဝင်- နိုင်ငံခြားရေးဌာနတာဝန်ခံ ပဒိုစောတောနီးက ပြောပါတယ်။

ထိုင်း-မြန်မာနယ်စပ်အနီးရှိ ကရင်ပြည်နယ်အတွင်းက ဘုရားသုံးဆူမြို့ကို KNU က အုပ်ချုပ်ရေးချထားလိုက်ပြီဆိုတဲ့သတင်းတွေနဲ့ပတ်သက်ပြီး ... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူကဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ ...

- ဘုရားသုံးဆူမြို့မှာ KNU က အုပ်ချုပ်ရေး၊ တရားစီရင်ရေးတွေ ဘယ်လိုဆောင်ရွက်နေသလဲ...

- စစ်ကောင်စီတပ်တွေက ဘုရားသုံးဆူမြို့မှာ ရှိနေဆဲလား...

- အခြားဒေသခံ တော်လှန်ရေးတပ်တွေနဲ့ ဘယ်လိုပူးပေါင်းဆောင်ရွက်နေသလဲ...

- ထန်တလန်၊ မယ်စဲ့မြို့တွေအပြင် ဘုရားသုံးဆူကိုပါ တော်လှန်ရေးတပ်တွေက ထိန်းချုပ်ထားနိုင်ပြီလို့ပြောနိုင်မလား...

...စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

“အခွန်ငွေတွေကို အလုပ်သမားအရေးမှာ ပြန်သုံး မသုံးဆိုတာကတော့ မေးခွန်းထုတ်စရ...


“အခွန်ငွေတွေကို အလုပ်သမားအရေးမှာ ပြန်သုံး မသုံးဆိုတာကတော့ မေးခွန်းထုတ်စရာရှိတယ်”

- ဦးထူးချစ် (ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း - FED)

(၂၀ -၉ -၂၀၂၃)

“ရွှေ့ပြောင်းအလုပ်သမားတွေဆီကနေ အခွန်ငွေကောက်ခံမယ်ပြောနေပေမယ့် အဲဒီအခွန်ငွေကို အလုပ်မသားအရေးမှာ ပြန်သုံး မသုံးဆိုတာက ပိုအရေးကြီးတယ်။ အခုချိန်အထိကတော့ အစိုးရအဆက်ဆက်ဟာ အလုပ်သမားတွေဆီက အခွန်ငွေပဲကောက်နေပြီး ဝန်ဆောင်မှု ဘာမှဆောင်ရွက်ပေးတာမတွေ့ရသေးဘူး” လို့ ထိုင်းနိုင်ငံတောင်ပိုင်း ဖန်င- ဒေသအခြေစိုက် ရွှေ့ပြောင်းအလုပ်သမားအရေးဆောင်ရွက်နေတဲ့၊ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း - (FED) ညွန်ကြားရေးမှူး ဦးထူးချစ်က ပြောပါတယ်။

ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သမားတွေကို အလုပ်သမားလက်မှတ် သက်တမ်းတိုးပေးနေတာ၊ အလုပ်သမားတွေဆီကနေ ဝင်ငွေရဲ့ ၂၅% မြန်မာပြည် ပြန်ပို့ရမယ်ဆိုတာတွေနဲ့ပတ်သက်ပြီး... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ်  သူကဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာ ...

- ထိုင်းအလုပ်သမားတွေ တရက်လုပ်ခ အနည်းဆုံး ဘတ် ၄၀၀ ရ ရမယ်ဆိုတဲ့အချိန်မှာ မြန်မာ့ရွှေပြောင်းလုပ်သားတွေက ဘယ်လောက်ရနေသလဲ...

- မြန်မာနိုင်ငံ ပြန်စရာမလိုပဲ နယ်စပ်မှာ အလုပ်သမားလက်မှတ် သက်တမ်းတိုးပေးနေခြင်းက အလုပ်သမားတွေကို ဘယ်လောက်အဆင်ပြေစေသလဲ...

- ဝင်ငွေရဲ့ ၂၅% လစဉ်အိမ်ပြန်ပို့ရမယ်ဆိုတဲ့ စစ်ကောင်စီရဲ့ ညွန်ကြားချက်က အလုပ်ဖြစ်ပါ့မလား...

- ထိုင်းအစိုးရသစ်လက်ထက်မှာ ရွှေပြောင်းအလုပ်သမားအခွင့်အရေးတွေ အခြေအနေ ပိုကောင်းလာနိုင်သလား...

...စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Tuesday, September 19, 2023

“စီးပွားရေးတိုးတက်မှု ဦးစားပေးဆောက်ရွက်မယ့် အစိုးရကို လူထုက စောင့်ကြည့်န...


“စီးပွားရေးတိုးတက်မှု ဦးစားပေးဆောက်ရွက်မယ့် အစိုးရကို လူထုက စောင့်ကြည့်နေတဲ့သဘောရှိပါတယ်”

- ဦးထူးချစ် (ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း - FED)

(၁၉ -၉ -၂၀၂၃)

“ဝန်ကြီးချုပ် ဆက်ထာ-သာဗီဆင် ဦးဆောင်တဲ့ အစိုးရသစ်က တိုင်းပြည်တည်ငြိမ်ရေးနဲ့ စီးပွားရေးတိုးတက်မှုကို ဦးစားပေးဆောင်ရွက်မယ့်အစီစဉ်အပေါ် လူထုကစောင့်ကြည့်နေတယ်။ ဒီအစီစဉ်တွေထဲမှာ နေ့စဉ်လုပ်အားခ တိုးမြှင့်ပေးရေးပါဝင်တဲ့အတွက် ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေအတွက်ပါ အကျိုးရှိစေမှာဖြစ်တယ်” လို့ ထိုင်းနိုင်ငံတောင်ပိုင်း ဖန်င- ဒေသအခြေစိုက် ရွှေ့ပြောင်းအလုပ်သမားအရေးဆောင်ရွက်နေတဲ့၊ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း - (FED)ညွန်ကြားရေးမှူး ဦးထူးချစ်က ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက မူဝါဒအသစ်ကြေညာလိုက်တဲ့ ထိုင်းအစိုးရစီမံကိန်းတွေထဲမှာ မြန်မာနိုင်ငံနဲ့ဆက်စပ်ပြီး ဘာတွေပါသလဲ၊ ထိုင်းအစိုးရ၊ အတိုက်အခံနဲ့ ထိုင်းလူထုရဲ့ နိုင်ငံရေးနိုးကြားမှု အခြေအနေဘယ်လိုရှိသလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ်  သူကဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ ...

- မူဝါဒအသစ်ထဲမှာ တနေ့လုပ်အားခ ၆၀၀ ဘတ်ပေးရေး ပါမလာတဲ့အပေါ် အလုပ်သမားအရေးလှုပ်ရှားသူတွေက ဘယ်လိုမြင်သလဲ...

- လက်ရှိအစိုးရသစ်ရဲ့ စွမ်းဆောင်ရည်အပေါ် လူထုအမြင် ဘယ်လိုရှိသလဲ...

- Move Forward ပါတီဥက္ကဌ တာဝန်ကနုတ်ထွက်ခြင်းက အတိုက်ခံပါတီကို အားနည်းစေနိုင်သလား...

- ဝန်ကြီးချုပ်ဟောင်းတာဆင်အပါဝင် ဝန်ကြီးချုပ် ၃ ဦးရှိနေတယ်လို့ ဘာကြောင့်ပြောနေကြတာလဲ...

...စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(မြန်မာအလုပ်သမားတွေ လက်မှတ်သက်တန်းတိုးတာ၊ ဝင်ငွေ ၂၅% မြန်မာပြည်ပြန်ပို့ရမယ်ဆိုတာတွေအကြောင်း...ဆွေးနွေးချက်ပါတဲ့ ဒုတိယပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Monday, September 18, 2023

“စစ်ရေးဖက်မှာ အောင်မြင်မှုရနေသလိုမျိုး အုပ်ချုပ်ရေးဖက်ကိုလည်း အလေးထားဆော...


“စစ်ရေးဖက်မှာ အောင်မြင်မှုရနေသလိုမျိုး အုပ်ချုပ်ရေးဖက်ကိုလည်း အလေးထားဆောင်ရွက်ဖို့လိုပါတယ်”

- ပဒိုစောတောနီး (ဗဟိုအလုပ်အမှုဆောင်ကော်မီတီဝင် - KNU)

(၁၉ - ၉- ၂၀၂၃)

“နွေဦးတော်လှန်ရေး ၂ နှစ်ကျော်ကာလအတွင်း စစ်ရေးဖက်မှာအောင်မြင်မှုရနေသလို အုပ်ချုပ်ရေးဖက်ကိုလည်း အလေးထားဆောင်ရွက်ဖို့လိုတယ်။ အထူးသဖြင့် ခေါင်းဆောင်ပိုင်းအနေနဲ့ လူထုကြားထဲကိုဆင်းပြီး လူထုနဲ့အတူ၊ ရဲဘော်တွေနဲ့အတူနေကာ အုပ်ချုပ်ရေးကို စနစ်တကျ ဆောင်ရွက်ဖို့လိုနေတယ်” လို့ ကရင့်အမျိုးသားအစည်းအရုံး (KNU) ဗဟိုအလုပ်အမှုဆောင်ကော်မီတီဝင်၊ နိုင်ငံခြားရေးဌာနတာဝန်ခံ ပဒိုစောတောနီးက ပြောပါတယ်။

အညာဒေသမှာ တော်လှန်ရေးတပ်တွေ တစုတစည်းတည်းမဖြစ်သေးတာ၊ CoC အမိန့်စီးဆင်းမှု တခုတည်းမဖြစ်သေးတာတွေနဲ့ပတ်သက်ပြီး ...  BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ်  သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ ...

- နွေဦးတော်လှန်ရေးဟာ “မဟာဗျုဟာအရ ခုခံစစ်” ကနေ “မဟာဗျုဟာ ထိုးစစ်အကြိုကာလ” ကို ရောက်နေပြီလို့ ဘာကြောင့်ပြောနိုင်တာလဲ...

- အညာဒေသစစ်မျက်နှာဖြစ်ပေါ်နေတဲ့ စည်းရုံးရေးပြသာနာ၊ CoC ပြသာနာတွေကို NUG က ဘယ်လိုကိုင်တွယ်ဖြေရှင်းသင့်သလဲ...

- စစ်ကောင်စီအပေါ် နိုင်ငံတကာရဲ့ဒဏ်ခတ်မှု ပိုပြင်းထန်လာအောင် ပြည်ပရောက်အင်အားစုတွေ ဘယ်လိုဆောင်ရွက်သင့်သလဲ...

- သားစဉ်မြေးဆက် စစ်ကျွန်ဘဝက လွတ်ချင်ရင် နွေဦးတော်လှန်ရေးထဲ နိုင်တဲ့နေရာက ပါဝင်ကူညီဖို့လိုတယ်...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Sunday, September 17, 2023

”ရှေ့တန်းမှာအကျအဆုံးများတဲ့အပြင် နေပြည်တော်မှာလည်း အဖမ်းအဆီးတွေများနေတယ်”



”ရှေ့တန်းမှာအကျအဆုံးများတဲ့အပြင် နေပြည်တော်မှာလည်း အဖမ်းအဆီးတွေများနေတယ်”

- ပဒိုစောတောနီး (ဗဟိုအလုပ်အမှုဆောင်ကော်မီတီဝင် - KNU)

(၁၈- ၉- ၂၀၂၃)

“စစ်ကောင်စီတပ်အခြေအနေဟာ ရှေ့တန်းမှာအကျအဆုံးများနေတဲ့အပြင် နေပြည်တော်မှာလည်း အဖမ်းအဆီးတွေများနေတာ တွေ့ရတယ်။ ဒါဟာ အာဏာသိမ်းမှုနောက်ပိုင်း ပြည်သူကို ရန်သူလို သဘောထားဆက်ဆံရာကနေ စတင်လာတဲ့ပြသာနာဖြစ်တယ်” လို့ ကရင့်အမျိုးသားအစည်းအရုံး (KNU) ဗဟိုအလုပ်အမှုဆောင်ကော်မီတီဝင်၊ နိုင်ငံခြားရေးဌာနတာဝန်ခံ ပဒိုစောတောနီးက ပြောပါတယ်။

KNLA မှာ တပ်မဟာမှုးအသစ်ခန့်အပ်တာ၊ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အကျအဆုံးလာနေတာ၊ နေပြည်တော်က အဖမ်းအဆီးတွေနဲ့ပတ်သက်ပြီး ... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ်  သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ပထမပိုင်းမှာ ...

- KNLA တပ်မဟာ ၃ ခုမှာ တပ်မဟာမှုးအသစ်ခန့်အပ်ခြင်းက ဘာတွေထူးခြားမှုရှိလာနိုင်သလဲ...

- တိုက်ပွဲအတွင်း စစ်ကောင်စီဖက်က အကျအဆုံးများပြီး ထိုင်းနယ်မြေထဲအထိ ရာနဲ့ချီ ထွက်ပြေးနေရတာ ဘာကြောင့်လဲ...

- ပဲခူးရိုမနဲ့ စစ်တောင်းမြစ်ဝှမ်းကို ထိန်းချုပ်နိုင်ခြင်းက နေပြည်တော်ကို ဘယ်လောက်အထိ ခြိမ်းခြောက်နိုင်မလဲ...

- နေပြည်တော်ကအဖမ်းအဆီးတွေ၊ နေရာပြောင်းမှူတွေက စစ်ကောင်စီဥက္ကဌကိုယ်တိုင်င မလုံခြုံတော့တဲ့ သဘောလား...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အညာစစ်မျက်နှာအတွက် အကြံပြုချက်ပါဝင်တဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Saturday, September 16, 2023

“တူမီးနဲ့စခဲ့တဲ့တော်လှန်ရေးက ဒရုန်းအပါဝင် နည်းပညာအခြေခံတဲ့ တော်လှန်ရေးဖြ...


“တူမီးနဲ့စခဲ့တဲ့တော်လှန်ရေးက အခုဆိုရင် ဒရုန်းအပါဝင် နည်းပညာအခြေခံတဲ့ တော်လှန်ရေးဖြစ်လာနေပြီ”

- ဦးမောင်မောင်ဆွေ (ပြောခွင့်ရပုဂ္ဂိုလ် - ကာကွယ်ရေးဝန်ကြီးဌာန - NUG)

(၁၇- ၉ -၂၀၂၃)

“တူမီးနဲ့စခဲ့တဲ့နွေဦးတော်လှန်ရေးဟာ အခုဆိုရင် ဒရုန်းအပါဝင် နည်းပညာအခြေခံတဲ့ တော်လှန်ရေးဖြစ်လာနေပြီ။ တော်လှန်လူငယ်တွေရဲ့ တီထွင်ကြံဆနိုင်စွမ်းကို စစ်ကောင်စီဖက်က မလိုက်နိုင်ဘူး။ ဒရုန်းတိုက်ခိုက်မှုကို စစ်ကောင်စီဖက်က စိုးရိမ်ကြောက်ရွံ့လာနေတဲ့ သဘောတွေ့လာနေရတယ်” လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန (MoD) ပြောခွင့်ရပုဂ္ဂိုလ် ဦးမောင်မောင်ဆွေက ပြောပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်အတွင်းကဖြစ်ခဲ့တဲ့ မြဝတီမြို့ရဲစခန်းကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့တိုက်ခိုက်မှုအပါဝင် လက်တလောတိုက်ပွဲအခြေအနေ၊ ခုခံတော်လှန်စစ် ၂ နှစ်တာအတွင်း စစ်ရေးအရတိုးတက်မှုအခြေအနေတွေနဲ့ပတ်သက်ပြီး ... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ်  သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ ...

- ဒရုန်းအပါဝင် အဆင့်မြင့်နည်းပညာအသုံးပြုနိုင်မှုက စစ်ပွဲအခြေအနေကို အပြောင်းအလဲဖြစ်လာစေနိုင်သလား...

- စစ်ကောင်စီတပ်သားတွေ ခံမတိုက်ပဲ ထွက်ပြေးမှူများလာတာ၊ CDM လုပ်မှုများလာတာ ဘာကြောင့်လဲ...

- နေဦးတော်လှန်ရေးဟာ “မဟာဗျုဟာအရ ခုခံစစ်” ကနေ “မဟာဗျုဟာအရ ထိုးစစ်အကြိုကာလ” ကိုရောက်နေပြီလို့ ဘာကြောင်ပြောနိုင်တာလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Friday, September 15, 2023

“ဆရာတင်ပြီး အားကိုးရလောက်အောင် အခုရုရှားက အရင်ရုရှားမဟုတ်တော့ဘူးလေ”


“ဆရာတင်ပြီး အားကိုးရလောက်အောင် အခုရုရှားက အရင်ရုရှားမဟုတ်တော့ဘူးလေ”

- ဦးစိန်ဌေး (စီးပွားရေးဝေဖန်သုံးသပ်သူ)

(၁၆- ၉ -၂၀၂၃)

“အမေရိကန်ဦးဆောင်တဲ့ နိုင်ငံတကာရဲ့ စီးပွားရေးပိတ်ဆို့မှုဒဏ်ကိုခံနိုင်ဖို့အတွက် ရုရှးနိုင်ငံဆီပြေးကမ်းတဲ့ခြေလှမ်းဟာ အလုပ်မဖြစ်နိုင်ဘူး။ အခုရုရှားဟာ အရင်ရုရှားမဟုတ်တော့ဘူး။ စစ်ဖြစ်နေတဲ့နိုင်ငံဖြစ်တယ်။ ယူကရိန်းစစ်ပွဲမှာ ရှုရှားဖက်ကရှုံးသွားရင် မြန်မာစစ်ကောင်စီပါ အဲဒီအမှုတွဲထဲ ပါသွားနိုင်တယ်” လို့ စီးပွားရေး ဝေဖန်သုံးသပ်သူ ဦးစိန်ဌေးက ပြောပါတယ်။

အနောက်နိုင်ငံတွေရဲ့စီးပွားရေးပိတ်ဆို့မှုဒဏ်ကနေ သက်သာအောင် စစ်ကောင်စီက ရုရှားဆီ ပြေးကပ်နေတယ်မို့လား၊ ရုရှားဆီကနေ လောင်စာ၊ လက်နက် အကုန်ရနေတယ်မို့လား ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ်  သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ ...

- ရုရှားဆီကနေ စွမ်းအင်နဲ့ လက်နက်ရနေရင် အနောက်နိုင်ငံတွေရဲ့ စစ်ကောင်စီအပေါ် ဒဏ်ခတ်မှုက ထိရောက်ပါ့မလား...

- အရင်ရုရှားနဲ့ အခုရုရှားမတူဘူးလို့ ဘာကြောင့်ပြောတာလဲ...

- စီးပွားရေးဒဏ်ခတ်မှုတွေက လူထုကိုမထိစေပဲ စစ်ကောင်စီကိုသာ ထိအောင် ဘယ်လိုဆောင်ရွက်သင့်သလဲ...

- စစ်ကောင်စီပြုတ်ကျပြီးမှ စီးပွားရေးပြန်ကောင်းလာနိုင်မှာလား...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Thursday, September 14, 2023

“နိုင်ငံတကာရဲ့ စီးပွားရေးဒဏ်ခတ်မှုအောက်မှာ စစ်ကောင်စီ ပြာနေပြီ”


“နိုင်ငံတကာရဲ့ စီးပွားရေးဒဏ်ခတ်မှုအောက်မှာ စစ်ကောင်စီ ပြာနေပြီ”

- ဦးစိန်ဌေး (စီးပွားရေး ဝေဖန်သုံးသပ်သူ)

(၁၅- ၉ -၂၀၂၃)

“အမေရိကန်ဦးဆောင်တဲ့ နိုင်ငံတကာရဲ့ စီးပွားရေးဒဏ်မှုအောက်မှာ စစ်ကောင်စီပြာနေပြီ။ ဒေါ်လာနဲ့ပတ်သက်တဲ့ တာဝန်ရှိသူတွေ၊ ကုန်သည်တွေကို ဖမ်းဆီးနေတာတွေဟာ ဒီဖြစ်စဉ်ရဲ့ အကျိုးဆက်ဖြစ်တယ်။ ဒါပေမယ့် ဦးနေဝင်းခေတ်က သုံးခဲ့တဲ့နည်းနဲ့ ဒီနေ့ပြသာနာကို ဖြေရှင်းလို့မရနိုင်ဘူး” လို့ စီးပွားရေး ဝေဖန်သုံးသပ်သူ ဦးစိန်ဌေးက ပြောပါတယ်။

အခုရက်ပိုင်း ရန်ကုန်မှာဖြစ်ပေါ်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေဖမ်းဆီးခံရမှု၊ လာဘ်စားတဲ့  ဗိုလ်ချုပ်တွေ ဖမ်းဆီးစစ်ဆေးခံနေရမှုတွေနဲ့ပတ်သက်ပြီး ... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ်  သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ပထမပိုင်းမှာ ...

- စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ စီးပွားရေးဗိုလ်ချုပ်တွေ ဘာကြောင့် ဖမ်းဆီးခံရတာလဲ...

- နိုင်ငံတကာရဲ့ စီးပွားရေးဒဏ်ခတ်မှုက စစ်ကောင်စီကို ဘယ်လောက် ထိခိုက်နေပြီလဲ...

- ပြည်ပထွက် အလုပ်လုပ်နေသူတွေ ဝင်ငွေရဲ့ ၂၅% ပြည်တွင်းပြန်ပို့ရမယ်ဆိုတာ လုပ်သင့်ပါရဲ့လား...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(စစ်ကောင်စီက ရုရှားနဲ့ပေါင်းပြီး အမေရိကန်ရဲ့ဖိအားပေးမှုကို ခုခံနိုင်စွမ်းရှိနိုင်သေးလား... ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Tuesday, September 12, 2023

“အရင်တုန်းက ကိုယ်တွေက ကြောက်ပြီးပုန်းနေရတဲ့အဆင့်၊ အခု သူတို့က ကြောက်ပြီး...


“အရင်တုန်းက ကိုယ်တွေက ကြောက်ပြီးပုန်းနေရတဲ့အဆင့်၊ အခု သူတို့က ကြောက်ပြီးပုန်းရတဲ့အဆင့်ရောက်သွားပြီ”

- ဗိုလ်သံမဏိ (ဒု ဥက္ကဌ - ယင်းမာပင်ခရိုင်တပ်မဟာ)

(၁၃- ၉ -၂၀၂၃)

“အရင် လွန်ခဲ့တဲ့ ၂ နှစ်ကဆိုရင် ကိုယ်တွေက စစ်တပ်ကိုကြောက်ပြီးပုန်းနေရတဲ့အဆင့်ကနေ အခုဆိုရင် စစ်တပ်က ကိုယ်တွေကိုကြောက်ပြီး ပုန်းနေရတဲ့အဆင့်ရောက်သွားပြီ၊ ဒါပေမယ့် ပွဲကမပြတ်သေးဘူး၊ အာဏာရှင်အမြစ်ပြတ်ချေမှုန်းရေး နောက်ဆုံးတိုက်ပွဲမှာ အားလုံးညီညီ ပါဝင်ဖို့လိုတယ်” လို့ စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင်တပ်မဟာ ဒု ဥက္ကဌ ဗိုလ်သံမဏိက ပြောပါတယ်။

နွေဦးတော်လှန်ရေး ၂ နှစ်ခွဲကာလ၊ ခုခံတော်လှန်စစ် ၂ နှစ်တာကာလအတွင်း တော်လှန်ရေးအင်အားစုတွေဘက်က စစ်ရေးအရ ဘယ်လောက်အထိတိုးတက်လာနေပြီလဲ... စသဖြင့်  BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ်  သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ ...

- တော်လှန်ရေးအစောပိုင်းကာလကဖြစ်ပွားခဲတဲ့ လူသတ်မှုတွေအတွက် စုံစမ်းစစ်ဆေးမှုတွေ လုပ်ပြီးသွားပြီလား...

- နိဗ္ဗာန်ရောက်ကြောင်း တရားဟောနေတဲ့ ဗုဒ္ဓဘာသာဘုန်းတော်ကြီးတပါးက ဘယ်လိုလုပ်ပြီး လက်နက်ကိုင်တော်လှန်ရေးခေါင်းဆောင်ဘဝကို ရောက်သွားတာလဲ...

- စစ်ကိုင်းတိုင်းရှိ တော်လှန်ရေးတပ်တွေကြားမှာ အမိန့်စီးဆင်းမှုတခုတည်းမရှိသေးပဲ တပ်ဖွဲ့တွေများနေတာ၊ ဗိုလ်လုပ်ချင်သူများနေတာ ဘာကြောင့်လဲ...

- လက်နက်ကိုင်တော်လှန်ရေး ၂ နှစ်တာအတွင်း စစ်ရေးအရ အောင်မြင်မှု ဘယ်လောက်အထိရနေပြီလဲ....

- အခုတိုက်ပွဲကို အာဏာရှင်အမြတ်ပြတ်ချေမှုန်းရေး နောက်ဆုံးတိုက်ပွဲလို့ ဘာကြောင့်ပြောနိုင်တာလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Monday, September 11, 2023

“PDF တွေ လာတိုက်မှာစိုးလို့ စစ်တပ်က ကတုတ်ကျင်းတူးပြီးနေရတဲ့ အခြေအနေဖြစ်သ...


“PDF တွေ လာတိုက်မှာစိုးလို့ စစ်တပ်က ကတုတ်ကျင်းတူးပြီးနေရတဲ့ အခြေအနေဖြစ်သွားပြီ”

- ဗိုလ်သံမဏိ (ဒု ဥက္ကဌ - ယင်းမာပင်ခရိုင်တပ်မဟာ)

(၁၂- ၉ -၂၀၂၃)

“အညာဒေသမှာ အဖွဲ့တွေများနေတယ်၊ အမိန့်စီးဆင်းမှုအားနည်းနေတယ်လို့ ဝေဖန်သံတွေရှိနေပေမယ့်လည်း PDF တွေရဲ့ တိုက်ခိုက်ရေးစွမ်းရည် တိုးတက်လာနေတယ်။ အခုဆိုရင် PDF တွေလာတိုက်မှာစိုးလို့ဆိုပြီး စစ်တပ်နဲ့ ရဲက ကတုတ်ကျင်းတူးပြီးနေရတဲ့ အခြေအနေဖြစ်နေပြီ” လို့ စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင်တပ်မဟာ ဒု ဥက္ကဌ ဗိုလ်သံမဏိက ပြောပါတယ်။

ပြီးခဲ့တဲ့လအတွင်းက ဖွဲ့စည်းလိုက်တဲ့ ယင်းမာပင်ခရိုင်တပ်မဟာအခြေအနေ၊ အခုရက်ပိုင်း အသစ်ပေါ်လာတဲ့ BNRA အပေါ်သဘောထား၊ ဒေသတွင်း စစ်ရေး-နိုင်ငံရေးအခြေအနေနဲ့ပတ်သက်ပြီး ... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ်  သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ပထမပိုင်းမှာ ...

- အခြားဒေသတွေမှာ ခရိုင်တပ်ရင်းအဆင့်နဲ့သွားနေချိန်မှာ ယင်းမာပင်ခရိုင်က ဘာကြောင့် ခရိုင်တပ်မဟာအဆင့် ဖွဲ့လိုက်တာလဲ....

- ဒီခရိုင်အတွင်းအသစ်ပေါ်လာတဲ့ ဗိုလ်နဂါးတို့ရဲ့ BNRA အပေါ် ဘယ်လိုသဘောထားသလဲ...

- ဒေသတွင်းရှိ တော်လှန်ရေးတပ်တွေပူးပေါင်းပြီး တိုက်ပွဲဖေါ်နိုင်နေပြီလား...

- PDF ခရိုင်တပ်မဟာက ခရိုင်တခုလုံးရဲ့ နယ်မြေအများစုကို ထိန်းထားနိုင်ပြီလား...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(နိဗ္ဗာန်ရောက်ကြောင်း တရားဟောနေတဲ့ ဗုဒ္ဓဘာသာဘုန်းတော်ကြီးတပါးက ဘယ်လိုလုပ်ပြီး လက်နက်ကိုင်တော်လှန်ရေးခေါင်းဆောင်၊ PDF ခရိုင်တပ်မဟာ ဒု ဥက္ကဌ ဖြစ်လာတာလဲ... ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Saturday, September 9, 2023

ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) ဖွဲ့စည်းကြောင်းကြေညာ


ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) ဖွဲ့စည်းကြောင်းကြေညာ

(၁၀- ၉ -၂၀၂၃)

အညာဒေသအခြေစိုက် နွေဦးတော်လှန်ရေးအဖွဲ့တခုဖြစ်တဲ့ ဗိုလ်နဂါးဦးဆောင်တဲ့အဖွဲ့က “ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) ဖွဲ့စည်းကြောင်းကြေညာချက်” ဗွီဒီယိုကို BNN က လက်ခံရရှိထားပါတယ်။

အဲဒီကြေညာချက်ထဲက အနှစ်ချုပ်ကို ကောက်နှုတ်တင်ပြလိုက်ပါတယ်။

အသေးစိပ်ကိုတော့ မူရင်းလင့်ခ်... https://www.facebook.com/burmanationalrevolutionaryarmy ... မှာ ဖတ်ရှုနိုင်ပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

“ပဲခူးရိုးမဟာ နေပြည်တော်ကို ခြိမ်းခြောက်နိုင်တဲ့ နေရာသစ်တခုဖြစ်ပါတယ်”



“ပဲခူးရိုးမဟာ နေပြည်တော်ကို ခြိမ်းခြောက်နိုင်တဲ့ နေရာသစ်တခုဖြစ်ပါတယ်”

- ဦးသန်းစိုးနိုင် (စစ်ရေး - နိုင်ငံရေး ဖေဝန်သုံးသပ်သူ)

(၉ - ၉ -၂၀၂၃)

“စစ်ကောင်စီဌာနချုပ် နေပြည်တော်ကို စစ်ရေးအရ အဓိကခြိမ်းခြောက်နေတဲ့နေရာဟာ ရှမ်း-ကယားနယ်စပ် ကရင်နီဒေသဖြစ်တယ်လို့ နားလည်ထားကြပေမယ့် အခုဆိုရင် ပဲခူးရိုးမနဲ့ စစ်တောင်းမြစ်ဘက်ကပါ စစ်မျက်နှာအသစ်ဖွင့်ပြီး တော်လှန်ရေးတပ်တွေက နေပြည်တော်ကို ခြိမ်းခြောက်လာနေပြီဖြစ်တယ်” လို့ စစ်ရေး-နိုင်ငံရေး ဝေဖန်သုံးသပ်သူ ဦးသန်းစိုးနိုင်က ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း BNN ကိုပြောခဲ့ပါတယ်။

တခါ ကရင့်အမျိုးသားအစည်းအရုံး (KNU) ဗဟိုအလုပ်အမှုဆောင်ကော်မီတီဝင် ပဒိုစောတောနီးကလည်း တပ်မဟာ ၃ နယ်မြေ စစ်တောင်းမြစ်ဝှမ်းနဲ့ ပဲခူးရိုးမဆီ တော်လှန်ရေးတပ်တွေ ဝင်ရောက်နေပြီလို့ ပြီးခဲ့လက BNN ကိုပြောထားတာ တွေ့ရပါတယ်။

လက်ရှိ စစ်ကောင်စီတပ်အတွင်းပြုလုပ်နေတဲ့ တိုင်းမှူးအပြောင်းအလဲ၊ ဗျုဟာမှူးအပြောင်းအလဲတွေဟာ ဒီလှုပ်ရှားမှုတွေနဲ့ဆက်စပ်နေနိုင်သလား...

ဒီအကြောင်း လေ့လာသုံးသပ်နိုင်ဖို့အတွက် ပြီးခဲ့တဲ့သီတင်းပတ်က ပြောကြားချက် ၂ ခုကို ပူးတွဲ ထုတ်လွှင့်ပေးလိုက်ပါတယ်...။


(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Friday, September 8, 2023

“UN ကနေ စစ်ကောင်စီကို အရေးယူနိုင်တဲ့ဆုံးဖြတ်ချက် ချမှတ်နိုင်အောင် ကျနော်...


“UN ကနေ စစ်ကောင်စီကို အရေးယူနိုင်တဲ့ဆုံးဖြတ်ချက် ချမှတ်နိုင်အောင် ကျနော်တို့ကြိုးစားနေပါတယ်”

- ဦးကျော်မိုးထွန်း (ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတန်းကိုယ်စားလှယ်)

(၈- ၉ -၂၀၂၃)

အာဏာသိမ်းစစ်ကောင်စီဘက်က အကြမ်းဖက်မှုတွေရပ်တန့်ပြီး နိုင်ငံရေးအဖြေရှာဖို့အတွက် ကုလသမဂ္ဂနဲ့ အာဆီယံ အဖွဲ့တွေက အခုသီတင်းပတ်အတွင်း တောင်းဆိုလိုက်ကြပါတယ်။ 

ဒါပေမယ့် စစ်ကောင်စီကတော့ ဒါတွေကိုအလေးမထားပဲ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တာဖြစ်တယ်လို့ တုန့်ပြန်ပါတယ်။ 

ဆိုတော့... ကုလသမဂ္ဂနဲ့ အာဆီယံက စစ်အုပ်စုကို ဘယ်လို ဆက်လက် အရေးယူမှာလဲ။ ဦးကျော်မိုးထွန်းရဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတန်းကိုယ်စားလှယ် နေရာဆက်ထားရေးအတွက် ကုလ- စီစစ်ရေးအဖွဲ့က ဘယ်လိုဆုံးဖြတ်မှာလဲ...

အမေရိကားရောက် မြန်မာမိသားစုတွေကတော့ လာမယ့်သီတင်းပတ် စက်တင်ဘာ ၁၆ ရက်နေ့မှာ နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်ဆီ ချီတက်ပြီး ဦးကျော်မိုးထွန်းကို ထောက်ခံအားပေးကြမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး... ပြီးခဲ့တဲ့ သီတင်းပတ် နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းစာရှင်းပွဲအတွင်း ဦးကျော်မိုးထွန်းပြောကြားချက်နဲ့ အခု အာဆီယံ အစည်းအဝေးကာလအတွင်း အာဆီယံအရေးလှုပ်ရှားသူ ရှေ့ပြေးအသံအဖွဲ့ (Progressive Voice) က ဒေါ်ခင်ဥမ္မာတို့ရဲ့ ပြောကြားချက်ကို ကောက်နှုတ်တင်ပြပေးလိုက်ပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Thursday, September 7, 2023

“စနစ်တကျအဆင့်ဆင့် အမိန့်ပေးကွပ်ကဲမှု (Chain of Command) ရှိဖို့ဟာ အသက်တမ...


“စနစ်တကျအဆင့်ဆင့် အမိန့်ပေးကွပ်ကဲမှု (Chain of Command) ရှိဖို့ဟာ အသက်တမျှ အရေးကြီးပါတယ်”

- ယာယီသမ္မတ ဒူဝါလရှီးလ (အမျိုးသားညီညွတ်ရေးအစိုးရ- ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်)

“စစ်ရေးမှာ စနစ်တကျအဆင့်ဆင့် အမိန့်ပေးကွပ်ကဲမှု (Chain of Command) ရှိဖို့ဟာ အသက်တမျှ အရေးကြီးပါတယ်၊ ဒါကြောင့် ရဲဘော်အားလုံး (Chain of Command) တခုတည်းအောက်မှာ ပါဝင်ကြဖို့တိုက်တွန်းတယ်။ တချိန်တည်းမှာပဲ နောက်ထပ် CoC တခုဖြစ်တဲ့ (Code of Conduct) စစ်သည်တော်ကျင့်ဝတ်ကိုလည်း အလေးအနက်လိုက်နာစောင့်ထိန်းဖို့လိုတယ်” လို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလ က ပြောပါတယ်။

ဒီနေ့ စက်တင်ဘာလ ၇ ရက်နေ့မှာကျရောက်တဲ့ “ပြည်သူ့ခုခံတော်လှန်စစ် ကြေညာခြင်း (၂) နှစ်ပြည့်နေ့ နိုင်ငံတော်အခြေပြမိန့်ခွန်း” အတွင်း သူက အဲဒီလိုပြောသွားတာပါ။ 

ဒါ့အပြင်...

- စစ်အာဏာရှင်ကို တော်လှန်ရင်း စစ်အာဏာရှင်အမူအကျင့်နှင့် အတွေးအခေါ်တွေ ဝင်လာရင်  ပြတ်ပြတ်သားသား အရေးယူဖယ်ထုတ်ရမယ်...

- ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)များအနေဖြင့် ပြည်သူကို ထိခိုက်နစ်နာအောင် မပြုလုပ်ကြရန်...

- ဒီလိုတပ်တွင်းရဲဘော်တွေကို သတိပေးတာအပြင် မဟာမိတ် EROs များနှင့် ပူးပေါင်းဆောင်ရွက်နိုင်မှု၊ နိုင်ငံတကာဆက်ဆံရေး၊ ပြည်ပကနေ အလှူငွေထည့်နေသူများအပါဝင် အားလုံးသို့ သတင်းစကားတွေကို ယာယီသမ္မတ ဒူဝါလရှီးလက ၂၂ မိနစ်ကြာ မိန့်ခွန်းအတွင်း အလေးအနက် ပြောကြားခဲ့ပါတယ်။

အခု အဲဒီမိန့်ခွန်းကို မူရင်းအတိုင်း ထုတ်လွှင့်ပေးလိုက်ပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Wednesday, September 6, 2023

“တူမီးကိုင်ပြီး တိုက်ပွဲဝင်စဉ်မှာ အားလုံးက အားကျခဲ့ရတဲ့ အညာမှာ အခု ဘာမှာ...


“တူမီးကိုင်ပြီး တိုက်ပွဲဝင်စဉ်မှာ အားလုံးက အားကျခဲ့ရတဲ့ အညာမှာ အခု ဘာမှားနေမှန်းမသိအောင်ကို အားနည်းနေတယ်”

- ဗိုလ်နဂါး (မြန်မာ့တော်ဝင် နဂါးတပ်တော် - MRDA)

(၇- ၉ -၂၀၂၃)

“တော်လှန်ရေးအစောပိုင်းကာလ တူမီကိုင်ပြီးတိုက်ပွဲဝင်စဉ်မှာ အားလုံးကအားကျခဲ့ရတဲ့ အညာဒေသမှာ အခု မောင်းပြန်တွေရခါမှ ဘယ်ဟာကမှားလို့ မှားနေတယ်ဆိုတာတောင် မသိနိုင်အောင် အားနည်းနေတယ်။ အပေါ်ထပ်အဆောက်ဦက တာဝန်ရှိသူတွေနဲ့ မြေပြင်တပ်တွေကြားမှာ စနစ်တကျပူးတွဲဆောင်ရွက်မှု အမြန်ဆောင်ရွက်ဖို့လိုနေတယ်” လို့ စစ်ကိုင်းတိုင်း ပုလဲဒေသအခြေစိုက် မြန်မာ့တော်ဝင် နဂါးတပ်တော် (MRDA) ခေါင်းဆောင် ဗိုလ်နဂါးက ပြောပါတယ်။

နွေဦးတော်လှန်ရေး ၂ နှစ်ခွဲကာလအတွင်း အညာဒေသ စစ်ရေးအခြေအနေ ဘယ်လောက်အထိတိုးတက်လာသလဲ၊ ERO ဆက်စပ်ဒေသတွေနဲ့စာရင် ဘာကြောင့် အားနည်းချက်များနေတာလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ်  သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ ...

- မြန်မာ့တော်ဝင်နဂါးတပ်တော် ဘယ်လိုပုံစံနဲ့ ဆက်လက်လှုပ်ရှားမှာလဲ...

- သီးခြားတပ်အဖြစ်မရပ်တည်ပဲ NUG အောက်မှာ အားလုံးပူးပေါင်းပါဝင်လို့မရဘူးလား...

- တူမီးကိုင်ပြီး တိုက်ပွဲဝင်စဉ် အားလုံးက အားကျခဲ့ရတဲ့ အညာမှာ အခု ဘာမှားနေမှန်းမသိအောင်ကို အားနည်းနေတယ်- လို့ ဘာကြောင့်ပြောတာလဲ...

- စစ်ကောင်စီ မြန်မြန်ပြုတ်ကျအောင် တော်လှန်ရေးအဖွဲ့တွေအားလုံး ဘယ်လို လက်တွဲဆောင်ရွက်ကြမလဲ...

- ၂၀၂၃ ရဲ့ လက်ကျန် ၄ လခန့်အတွင်း စစ်ရေးအရွေ့ ဘယ်လောက်အထိ မျှော်လင့်နိုင်မလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(ဗိုလ်နဂါးရဲ့ပြောဆိုချက်အပေါ် MoD တာဝန်ရှိသူတွေရဲ့ တုန့်ပြန်ချက်ကိုတော့ မေးမြန်းလို့ရတဲ့အချိန်မှာ ဆက်လက်တင်ပြပေးသွားမှာဖြစ်ပါတယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

“သုံးနိုင်ငံပေါင်းပြီး ဆောင်ရွက်မယ်ဆိုတာကတော့ ချည်းကပ်ပုံ ယန္တယားအသစ်လို...



“သုံးနိုင်ငံပေါင်းပြီး ဆောင်ရွက်မယ်ဆိုတာကတော့ ချည်းကပ်ပုံ ယန္တယားအသစ်လို့ ဆိုနိုင်ပါတယ်”

- ဒေါ်ခင်ဥမ္မာ (ရှေ့ပြေးအသံအဖွဲ့ - Progressive Voice)

(၆- ၉ -၂၀၂၃)

“အကြမ်းဖက်မှုတွေရပ်တန့်ရေးအတွက် အာဏာသိမ်းစစ်ကောင်စီကို သုံးနိုင်ငံပေါင်းပြီးဖိအားပေးမယ်ဆိုတဲ့ အာဆီယံရဲ့ ဆုံးဖြတ်ချက်ဟာ ချည်းကပ်ပုံယန္တယားအသစ်ဖြစ်တယ်။ ဒါပေမယ့် မူ ၅ ချက်ကို စစ်ကောင်စီက မလိုက်နာသေးတဲ့အတွက် လက်တွေ့အလုပ်ဖြစ်ဖို့တော့ အများကြီးကြိုးစားရဦးမယ်” လို့ အရပ်ဖက်အဖွဲ့အစည်းတခုဖြစ်တဲ့ ရှေ့ပြေးအသံအဖွဲ့ - (Progressive Voice) တည်ထောင်သူ ဒေါ်ခင်ဥမ္မာက ပြောပါတယ်။

အာဆီယံအလှည်ကျဥက္ကဌ အင်ဒိုနီးရှားနိုင်ငံမှာကျင်းပနေတဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးကနေ မြန်မာ့အရေးကို ဘာများဆောင်ရွက်ပေးနိုင်မလဲ၊ အလှည့်ကျဥက္ကဌအပြင် ဥက္ကဌဟောင်း၊ လက်ရှိဥက္ကဌနဲ့ အသစ်ဖြစ်လာမယ့် ဥက္ကဌ သုံးဦး ပူးပေါင်းဆောင်ရွက်ခြင်းက အလုပ်ဖြစ်နိုင်သလား... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ ...

- အာဆီယံ ထိပ်သီးအစည်းအဝေး ဘာတွေထူးလဲ...

- အာဆီယံ အထူးကိုယ်စားလှယ်ကို အလှည့်ကျဥက္ကဌ တဦးတည်းက တာဝန်ယူတာမျိုးမဟုတ်ပဲ ၃ ဦးတွဲတာဝန်ယူခြင်းက ဘယ်လောက်အလုပ်ဖြစ်နိုင်သလဲ...

- သက်တန်းကုန်တော့မယ့် လက်ရှိဥက္ကဌ အင်ဒိုနီးရှားက မြန်မာ့အရေးကို ဘယ်လောက်များ ဆောင်ရွက်ပေးနိုင်ခဲ့သလဲ..

- အာဆီယံနဲ့ တပြိုင်တည်းကျင်းပတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာကော မြန်မာ့အရေး ဘာများထူးခြားမှု ကြားရနိုင်သလဲ...

- နိုင်ငံတကာပြောသမျှ တခုမှနားမထောင်တဲ့ စစ်ကောင်စီကို ဘယ်သူတွေက ဘယ်လိုများ အရေးယူနိုင်မှာလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Tuesday, September 5, 2023

“ပုဂ္ဂိုလ်ရေးတိုက်ခိုက်တာ မဟုတ်ဘူး။ လက်နက်တွေ၊ လမ်းကြောင်းတွေ၊ ငွေကြေးကိ...


“ပုဂ္ဂိုလ်ရေးတိုက်ခိုက်တာ မဟုတ်ဘူး။ လက်နက်တွေ၊ လမ်းကြောင်းတွေ၊ ငွေကြေးကိစ္စတွေပါလာလို့ ရှင်းပြရတာမျိုုးပါ”

- ဗိုလ်နဂါး (မြန်မာ့တော်ဝင် နဂါးတပ်တော် - MRDA)

(၆- ၉ -၂၀၂၃)

“ဆိုရှယ်မီဒီယာပေါ် အချင်းချင်း ဝေဖန်တိုက်ခိုက်ကြတဲ့ကိစ္စဟာ တော်လှန်ရေးအတွက် အကျိုးမရှိဘူးဆိုတာသိပေမယ့် လက်နက်တွေ၊ လမ်းကြောင်းတွေ၊ ငွေကြေးကိစ္စတွေပါလာလို့ ပြန်မရှင်းပြရင် အချက်အလက်အမှားတွေကို အမှန်ထင်ကုန်မှာစိုးလို့ ရှင်းပြလိုက်ရတာဖြစ်တယ်” လို့ စစ်ကိုင်းတိုင်း ပုလဲဒေသအခြေစိုက် မြန်မာ့တော်ဝင် နဂါးတပ်တော် (MRDA) ခေါင်းဆောင် ဗိုလ်နဂါးက ပြောပါတယ်။

လတ်တလောဖြစ်ပွားနေတဲ့ ပုလဲဒေသက တိုက်ပွဲအခြေအနေ၊ ဆိုရှယ်မီဒီယာပေါ် လူပြောများနေတဲ့ အချင်းချင်း ဝေဖန်တိုက်ခိုက်ကြတဲ့အကြောင်းရင်းတွေနဲ့ပတ်သက်ပြီး... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ်  သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ပထမပိုင်းမှာ ...

- ပုလဲမြို့နယ်အပါဝင် ဆက်စပ်ဒေသတွေမှာ တိုက်ပွဲဖော်ဆောင်နိုင်မှု ဘယ်လိုရှိသလဲ...

- စစ်တပ်က ရွာမီးရှို့တာကို တော်လှန်ရေးတပ်တွေက တစုံတရာ တားဆီးနိုင်လာပြီလား...

- တော်လှန်ရေးအတွက် အကျိုးမရှိမှန်းသိရဲ့နဲ့ ဘာကြောင့် ဆိုရှယ်မီဒီယာပေါ် အချင်းချင်း ဝေဖန်တိုက်ခိုက်နေကြတာလဲ...

- NUG လက်အောက်ခံ တော်လှန်ရေးတပ်တွေနဲ့ လက်အောက်ခံမဟုတ်တဲ့ တော်လှန်ရေးတပ်တွေကြား ဘယ်လိုပူးပေါင်းဆောင်ရွက်သင့်သလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(တူမီးနဲ့စတိုက်စဉ်က အညာဒေသကို ERO တွေကပါ အားကျခဲ့ရေမယ့် အခု မောင်းပြန်ရခါမှ ထင်သလောက်ခရီးမပေါက်ဖြစ်နေတာ ဘာကြောင့်လဲ... ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါတယ်။
ဒါ့အပြင် ဗိုလ်နဂါးရဲ့ပြောဆိုချက်အပေါ် MoD တာဝန်ရှိသူတွေရဲ့ တုန့်ပြန်ချက်ကိုလည်း မေးမြန်းလို့ရတဲ့အချိန်မှာ ဆက်လက်တင်ပြပေးသွားမှာဖြစ်ပါတယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Monday, September 4, 2023

“အာဏာကိစ္စသိပ်မပြောပဲ စစ်ကောင်စီပြုတ်ကျရေးကိုသာ အားလုံးလက်တွဲဆောင်ရွက်စေ...



“အာဏာကိစ္စသိပ်မပြောပဲ စစ်ကောင်စီပြုတ်ကျရေးကိုသာ အားလုံးလက်တွဲဆောင်ရွက်စေချင်ပါတယ်”

- ဆလိုင်းယောမာန် (ပြောခွင့်ရပုဂ္ဂိုလ် - မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့)

(၄- ၉ -၂၀၂၃)

“အမြင်ကွဲပြားစေတဲ့ နိုင်ငံရေးအယူအဆ၊ အာဏာခွဲဝေရေးကိစ္စတွေကို သိပ်မပြောပဲ စစ်ကောင်းစီပြုတ်ကျရေးတိုက်ပွဲကိုသာ အင်အားစုအားလုံး လက်တွဲဆောင်ရွက်စေချင်တယ်။ ဒီမိုကရေစီနဲ့ ဖက်ဒရယ်အတွက် လူငယ်တွေက အသေခံတိုက်နေစဉ်မှာ ဝေဖန်လေကန်တာအပြင် ပေးကမ်းကူညီသူတွေဖြစ်စေချင်တယ်” လို့ ချင်းပြည်နယ် မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ပြောခွင့်ရပုဂ္ဂိုလ် ဆလိုင်းယောမာန်က ပြောပါတယ်။

နွေဦးတော်လှန်ရေး ၂ နှစ်ခွဲကာလအတွင်း စစ်ရေးအရ ဘယ်လောက်အထိ တိုးတက်လာနေပြီလဲ၊ ၂၀၂၃ လက်ကျန် ၄ လအတွင်း ဘယ်လောက်အထိမျှော်လင့်နိုင်မလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ်  သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ ...

- နွေဦးတော်လှန်ရေး ၂ နှစ်ခွဲကာလအတွင်း စစ်ရေးအရ ဘယ်လောက်တိုးတက်လာနေပြီလဲ...

- စခန်းသိမ်းတိုက်ပွဲအတွက် လက်နက်ကြီးမလုံလောက်သေးရင် စစ်ကောင်စီတပ်စခန်းတွေကို ရေဖြတ်၊ ရိက္ခာဖြတ် လုပ်လို့ရနိုင်သလား...

- စစ်ပွဲတခုအောင်မြင်ဖို့အတွက် ထောက်ပို့ရေးလမ်းကြောင်း ဘယ်လောက်အရေးကြီးသလဲ...

- လက်နက်ကိုင်အဖွဲ့သစ်တွေနဲ့ အုပ်ချုပ်ရေးယန္တာယားအသစ် ဟန်ချက်ညီအောင် ဘယ်လိုဆောင်ရွက်ကြမလဲ...

- ဝေဖန်လေကန်တာအပြင် ပေးကမ်းကူညီသူတွေဖြစ်စေချင်တယ်လို့ ဘာကြောင့်ပြောတာလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Saturday, September 2, 2023

“ကျနော်တို့ကို သူတို့က ပြန်ကြောက်နေရတဲ့ အနေအထားတော့ရောက်နေပြီ၊ ဒါပေမယ့်...



“ကျနော်တို့ကို သူတို့က  ပြန်ကြောက်နေရတဲ့ အနေအထားတော့ရောက်နေပြီ၊ ဒါပေမယ့် ဒီလောက်နဲ့ ပွဲက မပြီးဘူး”

- ဆလိုင်းယောမာန် (ပြောခွင့်ရပုဂ္ဂိုလ် - မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့)

(၃- ၉ -၂၀၂၃)

“စစ်ကောင်စီတပ်တွေက စစ်ကြောင်းမထိုးရဲ၊ တပ်ပြင်မထွက်ရဲတဲ့အထိ တော်လှန်ရေးတပ်တွေကို ကြောက်နေရပြီဖြစ်ပေမယ့် ဒီလောက်နဲ့ ပွဲကမပြီးဘူး။ စစ်ကောင်စီတပ်တွေကို အပြီးသတ်ချေမှုန်းနိုင်ဖို့လိုတယ်။ အဲဒီအဆင့်ကိုတက်နိုင်ဖို့အတွက် တော်လှန်ရေးအင်အားစုတွေဘက်က စနစ်တကျပြင်ဆင်ဖို့လိုတယ်” လို့ ချင်းပြည်နယ် မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ပြောခွင့်ရပုဂ္ဂိုလ် ဆလိုင်းယောမာန်က ပြောပါတယ်။

မင်းတပ်မြို့နယ်ဝန်းကျင်က တိုက်ပွဲအခြေအနေ၊ တော်လှန်ရေး ၂ နှစ်ခွဲကာလအတွင်း စစ်ကောင်စီတပ်ဘက်က စွမ်းရည်ကျဆင်းမှုနဲ့ တော်လှန်ရေးတပ်တွေဘက်က တိုးတက်မှုနှုန်း ဘယ်လိုရှိသလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ်  သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ပထမပိုင်းမှာ ...

- မင်းတပ်မြို့ဝန်းကျင် တိုက်ပွဲအခြေအနေ ဘယ်လိုရှိသလဲ...

- ချင်းအမျိုးသားကောင်စီ (မင်းတပ်) ဘာကြောင့် ဖွဲ့စည်းဖို့ လိုအပ်သလဲ...

- စစ်ကောင်စီအနေအထားက စစ်ကြောင်းမထိုးရဲ၊ တပ်ပြင်မထွက်ရဲတဲ့အထိ ဖြစ်သွားပြီလား...

- တော်လှန်ရေးတပ်တွေဘက်က စစ်ကောင်စီတပ်ကို ချေမှုန်းရေးလုပ်နိုင်ဖို့ ဘာတွေလိုအပ်နေသေးလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(တနိုင်ငံလုံး ဟန်ချက်ညီ စစ်ရှိန်မြှင့်နိုင်ဖို့ ဘယ်လိုလက်တွဲဆောင်ရွက်ကြမလဲ... ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

“ERO ဆက်စပ်ဒေသမှာ အခြေအနေကောင်းနေပေမယ့် အညာဒေသမှာတော့ အဆင့်တဆင့် လိုနေသေ...


“ERO ဆက်စပ်ဒေသမှာ အခြေအနေကောင်းနေပေမယ့် အညာဒေသမှာတော့ အဆင့်တဆင့် လိုနေသေးတယ်”

- ဦးသန်းစိုးနိုင် (စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ)

(၂- ၉ -၂၀၂၃)

“ဗျုဟာမြောက် စစ်ရေးလှုပ်ရှားမှုနဲ့ပတ်သက်ပြီး (ERO) တိုင်းရင်းသားတော်လှန်ရေးတပ်တွေနဲ့ဆက်စပ်ဒေသတွေမှာ အရှိန်မြှင့်ဆောင်ရွက်နိုင်နေပြီဖြစ်ပေမယ့် အညာစစ်မျက်နှာဖက်မှာတော့ စစ်ပုံစံဝင်တဲ့တပ်ဖြစ်လာအောင် ကာလတခု ဖြတ်သန်းဖို့လိုနေသေးတယ်။ ဒီကာလဟာ ၆ လခန့်ထပ်ကြာနိုင်တဲ့အတွက် အထွေထွေထိုးစစ်ဟာ ၂၀၂၄ ခုနှစ် ပထမ ၆ လပတ်ရောက်မှ ဖြစ်လာနိုင်တယ်” လို့ စစ်ရေး-နိုင်ငံရေး ဆန်းစစ် ဝေဖန်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

နွေဦးတော်လှန်ရေး ၂ နှစ်ခွဲကာလအတွင်း တော်လှန်ရေးတပ်ပေါင်းစုရဲ့ စစ်ရေးအရ ဟန်ချက်ညီလှုပ်ရှားနိုင်မှု ဘယ်လောက်အထိတိုးတက်နေပြီလဲ၊ အညာစစ်မျက်နှာ အားကောင်းလာအောင် ဘယ်လိုဆောင်ရွက်သင့်သလဲ...စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ်  သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ ...

- ကရင်နီနဲ့ ကရင်တပ်တွေက နေပြည်တော်လုံခြုံရေးကို နှစ်ဖက်ညှပ် ခြိမ်းခြောက်နိုင်နေပြီလား....

- စစ်ကောင်စီ တပ်ရင်းမှူးအချို့ ရှေ့တန်းမထွက်ပဲ အဖမ်းခံနေတာ ဘာကြောင့်လဲ...

- ERO ဆက်စပ်ဒေသနဲ့ အညာစစ်မျက်မှာ ဟန်ချက်ညီ တိုက်ပွဲဖေါ်နိုင်ဖို့ ဘာတွေ လိုအပ်နေသလဲ...

- အထွေထွေထိုးစစ်က ၂၀၂၄ ခုနှစ် ပထမ ၆ လပတ်အထိ ရောက်သွားနိုင်တယ်လို့ ဘာကြောင့်ပြောတာလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Friday, September 1, 2023

“စစ်တောင်းမြစ်နဲ့ ပဲခူးရိုးမအထိ ထိုးဖောက်ခြင်းနိုင်ခြင်းက ဗျုဟာအရ ထူးခြာ...



“စစ်တောင်းမြစ်နဲ့ ပဲခူးရိုးမအထိ ထိုးဖောက်ခြင်းနိုင်ခြင်းက ဗျုဟာအရ ထူးခြားတဲ့တိုးတက်မှုဖြစ်တယ်”

- ဦးသန်းစိုးနိုင် (စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ)

(၁- ၉ -၂၀၂၃)

“အရင်က စစ်ရေးအရပြောတဲ့အခါ ကရင်နီဒေသဖက်ကနေ နေပြည်တော်ကို ခြိမ်းခြောက်နိုင်နေပြီလို့သာပြောလေ့ရှိပေမယ့် အခုတော့ ပဲခူးရိုးမဖက်ကနေပါ နေပြည်တော်ကို ခြိမ်းခြောက်နိုင်တဲ့ စစ်မျက်နှာအသစ်တခု ပေါ်လာနေပြီဖြစ်တယ်။ ဒါဟာ နွေဦးတော်လှန်ရေးရဲ့ ထူးခြားတဲ့ မဟာဗျုဟာမြောက် စစ်ရေးတိုးတက်မှုဖြစ်တယ်” လို့ စစ်ရေး-နိုင်ငံရေး ဆန်းစစ် ဝေဖန်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

ရှေ့တန်းထွက်ဖို့ငြင်းဆိုတဲ့ တပ်မှူးတွေ ဖမ်းဆီးထောင်ချခံရမှု၊ တိုင်းမှူး- စစ်ဆင်ရေးမှူးတွေ နေရာပြောင်းမှုတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီတပ်တွင်းအနေအထား၊ နွေဦးတော်လှန်ရေးဖက်က တိုက်ပွဲဖော်ဆောင်နိုင်မှုအနေအထားတွေနဲ့ပတ်သက်ပြီး ... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ်  သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ပထမပိုင်းမှာ ...

- စစ်ကောင်စီတပ်အတွင်း တိုင်းမှူး၊ စစ်ဆင်ရေးမှူူး အပြောင်းအလဲတွေ ဘာကြောင့် အစုအပြုံလိုက်ပြုလုပ်နေတာလဲ...

- ရှေ့တန်းထွက်ဖို့ ငြင်းဆိုတဲ့ တပ်ရင်းမှူး၊ တပ်ခွဲမှူးတွေ စစ်ကောင်စီတပ်တွင်း ဘယ်လောက်များနေပြီလဲ...

- တော်လှန်ရေးတပ်တွေက နေပြည်တော်လုံခြုံရေးကို တကယ်ခြိမ်းခြောက်နိုင်နေပြီလား...

- ကရင်နီဒေသနဲ့ ပခူးရိုးမတို့ဟာ နေပြည်တော်ကို စစ်ရေးအရ ခြိမ်းခြောက်နိုင်တဲ့နေရာတွေလို့ ဘာကြောင့်ပြောနိုင်တာလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အခုနှစ် လက်ကျန် ၄ လအတွင်း တော်လှန်ရေးတပ်တွေဘက်က စစ်ရေးအရှိန် ဘယ်လောက်အထိ မြှင့်နိုင်ခြေရှိသလဲ... ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Thursday, August 31, 2023

“စစ်ကောင်စီအခြေအနေ လိပ် ပက်လက်လန်သလိုဖြစ်နေချိန်မှာ တော်လှန်ရေး အရှိန်မြ...



“စစ်ကောင်စီအခြေအနေ လိပ် ပက်လက်လန်သလိုဖြစ်နေချိန်မှာ တော်လှန်ရေး အရှိန်မြှင့်ဖို့လိုတယ်”

- ဦးစိန်ဌေး (စီးပွားရေး ဝေဖန်သုံးသပ်သူ)

(၁- ၉ - ၂၀၂၃)

“နိုင်ငံတကာရဲ့ စီးပွားရေးဒဏ်ခတ်မှုကြောင့် စစ်ကောင်စီအခြေအနေဟာ လိပ်ကို ပက်လက်လှန်ထားသလိုဖြစ်နေတယ်။ ဒီလိုအခြေအနေမှာ တော်လှန်ရေးကို အရှိန်မြှင့်နိုင်ဖို့အတွက် ပြည်ပရောက် မြန်မာတွေက နိုင်သလောက်ကူတာအပြင် သက်ဆိုင်ရာအစိုးရတွေ၊ INGO တွေထံ လူသားချင်းစာနာမှုအကူအညီ တောင်းခံဖို့လိုတယ်” လို့ စီးပွားရေး ဝေဖန်ဆန်းစစ်သူ ဦးစိန်ဌေးက ပြောပါတယ်။

နိုင်ငံတကာရဲ့ စီးပွားရေးဒဏ်ခတ်မှုကနေ သက်သာဖို့အရေး နယ်စပ်ကုန်သွယ်ရေးကို စစ်ကောင်စီက တိုးချဲ့နိုင်သလား၊ ဆင်းရဲမှုဒဏ်ကို လူထုအခံရသက်သာအောင် ဘယ်လိုလုပ်သင့်သလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ်  သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ ...

- တရုတ်၊ ထိုင်းနဲ့ အိန္ဒိယ နယ်စပ်ကုန်သွယ်ရေး အလားအလာ ဘယ်လိုရှိသလဲ...

- MOGE ကို ဘာကြောင့် အရေးမယူသေးတာလဲ...

- အမေရိကန်ရဲ့ဒဏ်ခတ်မှုကို နာမည်လွဲပြီးရှောင်ဖို့ကြိုးစားတဲ့ စကစ လက်ဝေခံ ခရိုနီတွေကို ဘယ်လိုတိုင်ကြားသင့်သလဲ...

- လူသားချင်းစာနာမှုအကူအညီတိုးရဖို့အတွက် ပြည်ပရောက်မြန်မာတွေ ဘာလုပ်သင့်သလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Wednesday, August 30, 2023

“ရွာတွေကိုဗုံးကြဲတာ ဆက်လုပ်နေတော့ လေယာဉ်ဆီကို ပစ်မှတ်ထား ပိတ်တာပေါ့”



“ရွာတွေကိုဗုံးကြဲတာ ဆက်လုပ်နေတော့ လေယာဉ်ဆီကို ပစ်မှတ်ထား ပိတ်တာပေါ့”

- ဦးစိန်ဌေး (စီးပွားရေး ဝေဖန်သုံးသပ်သူ)

(၃၁- ၈- ၂၀၂၃)

“စစ်ကောင်စီပိုင် ဘဏ်ကြီး ၂ ခုကို အရေးယူပြီး အကြမ်းဖက်မှုတွေရပ်ဖို့ သတိပေးထားတဲ့ကြားက ရွာတွေကို ဗုံးကြဲတာဆက်လုပ်နေတဲ့အတွက် လေယာဉ်ဆီ တင်သွင်းခွင့်ကို ပိတ်ပင်တာဖြစ်လာတယ်။ အမေရိကန်ရဲ့အရေးယူမှုက တဆင့်ပြီးတဆင့်လာနေတာဖြစ်ပြီး ဒါဟာ Burma Act အရ၊ ဥပဒေအရ အရေးယူနေတာဖြစ်တဲ့အတွက် စစ်ကောင်စီဖက်က အကြမ်းဖက်မှုမရပ်ရင် အရေးမှုတွေ ပိုပြင်းထန်လာဖို့ရှိနေတယ်” လို့ စီးပွားရေးဆိုင်ရာ ဝေဖန်ဆန်းစစ်သူ ဦးစိန်ဌေးက ပြောပါတယ်။

လေယာဉ်ဆီတင်သွင်းတဲ့ လူပုဂ္ဂိုလ် ၂ ဦးနဲ့ ကုပဏီအချိုု့ကို အမေရိကန်က အရေးယူလိုက်တာ၊ စစ်ကောင်စီမှာ နိုင်ငံခြားအရန်ငွေ လက်ကျန်နည်းလာနေတာတွေနဲ့ပတ်သက်ပြီး ... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ်  သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ပထမပိုင်းမှာ ...

- စစ်တပ်အတွက် လေယာဉ်ဆီတင်သွင်းသူတွေကို အရေးယူခြင်းက ဘယ်လောက်ထိရောက်မှုရှိသလဲ...

- Burma Act အရအရေးယူမှုုက အရင်အရေးယူမှုတွေထက် ဘယ်လောက်ပိုပြင်းထန်သလဲ...

- စစ်ကောင်စီမှာ နိုင်ငံခြားအရန်ငွေ အတော်နည်းနေပြီလား...

- နိုင်ငံခြားဘဏ်တွေမှာ အပ်ထားတဲ့ စစ်ကောင်စီရဲ့ နိုင်ငံခြားအရန်ငွေတွေကို ပြန်ထုတ်ခွင့်မရအောင် အမေရိကန်က ပိတ်ဆို့နိုင်တဲ့ စွမ်းအားရှိသလား...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အမေရိကန်ရဲ့ ပိတ်ဆို့မှုကို နယ်စပ်ကုန်သွယ်ရေးနဲ့ ထွက်ပေါက်ရှာနိုင်သေးသလား... ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

”တွေ့ဆုံဆွေးနွေးရေးဟာ အခုချိန်မှာ ပြောရမယ့် အာဂျင်ဒါမဟုတ်ဘူး၊ စစ်ကောင်စီ...


”တွေ့ဆုံဆွေးနွေးရေးဟာ အခုချိန်မှာ ပြောရမယ့် အာဂျင်ဒါမဟုတ်ဘူး၊ စစ်ကောင်စီဖက်က အကြမ်းဖက်မှုအရင်ရပ်အောင် တကမ္ဘာလုံးက ဖိအားပေးရမယ့်အချိန်သာဖြစ်တယ်”

- ဒေါ်ဇင်မာအောင် (ပြည်ထောင်စုဝန်ကြီး - နိုင်ငံခြားရေးဝန်ကြီးဌာန - NUG)

(၃၀- ၈- ၂၀၂၃)

“အာဆီယံ မူ ၅ ချက်အပါဝင် နိင်ငံတကာဖက်က တောင်းဆိုချက်တွေကို တခုမှမလိုက်နာပဲ လူသတ်-ရွာမီးရှို့ဆက်လုပ်နေတဲ့ စစ်ကောင်စီကို အကြမ်းဖက်မှုရပ်တန့်အောင် အရင်မလုပ်နိုင်ပဲနဲ့ တွေ့ဆုံဆွေးနွေးဖို့ ဖိအားပေးတာဟာ စစ်ကောင်စီရဲ့ အချိန်ဆွဲဗျုဟာကို အားပေးသလိုဖြစ်စေတယ်။ ဒီအချိန်ဟာ တွေ့ဆုံဆွေးနွေးရေးဆိုတဲ့ အာဂျင်ဒါကို ပြောရမယ့်အချိန်မဟုတ်ဘူး။ စစ်ကောင်စီဖက်က အကြမ်းဖက်မှုရပ်တန့်အောင် ကမ္ဘာ့အသိုင်းဝိုင်းတခုလုံးက ဖိအားပြင်းပြင်းထန်ထန်ပေးရမယ့်အချိန်သာဖြစ်တယ်” လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောပါတယ်။

မနေ့က အွန်လိုင်းကတဆင့်ကျင်းပတဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပထမ ဆုံးအကြိမ်သတင်းစာရှင်းပွဲအတွင်း အဲဒီလို ပြောဆိုသွားတာဖြစ်ပါတယ်။ ဒေါ်ဇင်မာအောင်နဲ့အတူ ဒု ဝန်ကြီး ဦးမိုးဇော်ဦး၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတန်းကိုယ်စားလှယ် ဦးကျော်မိုးထွန်း တို့လည်းတက်ရောက်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဆောင်ရွက်နေမှုတွေကို မီဒီယာတွေထံ ရှင်းလင်းတင်ပြခဲ့ပါတယ်။

အဲဒီသတင်းစာရှင်းပွဲက အရေးကြီးတဲ့အချက်အချို့ကို ကောက်နှုတ်တင်ပြရမယ်ဆိုရင်...

- NUG အစိုးရရဲ့ နိုင်ငံခြားရေးမူဝါဒနဲ့ ရည်ရွယ်ချက်တွေက ဘာတွေလဲ...

-  လေယာဉ်ဆီဖြတ်တောက်ရေးအပါဝင် နိုင်ငံတကာရဲ့ အရေးယူပိတ်ဆို့မှု အလားအလာ ဘယ်လိုရှိသလဲ...

- လူသား-စာနာ အကူအညီကို စကစ ကတဆင့်မပေးပဲ နယ်စပ်ဖြတ်ပေးနိုင်အောင် ဘယ်လိုဆောင်ရွက်ကြမလဲ...

- ဒိုင်ယာလော့ ပြောရမယ့်အချိန်မဟုတ်သေးဘူးလို့ ဘာကြောင့်ပြောတာလဲ...

- အရေးယူမှုပါတဲ့ လုံခြုံရေးကောင်စီဆုံးဖြတ်ချက်ဖြစ်လာအောင် ဘာတွေလိုအပ်နေသလဲ...

- စက်တင်ဘာ ၅ ရက်နေ့စတင်မယ့် ကုလ-အထွေထွေညီလာခံမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းအား တာဝန်ဆက်ပေးရေးဆုံးဖြတ်ချက် ဘယ်လိုဖြစ်လာနိုင်သလဲ...

- လက်နက်မပေးနိုင်ရင် လူသား-စာနာ အကူအညီကို ထိထိရောက်ရောက်ပေးပါလို့ တောင်းဆိုရခြင်း အကြောင်းရင်း...

... စတဲ့အကြောင်းအရာတွေကို နိုင်ငံခြားရေးတာဝန်ရှိသူတွေက ရှင်းလင်းတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Tuesday, August 29, 2023

“NUG ကို အစိုးရအဖြစ်အသိအမှတ်ပြုရေး လှုပ်ရှားမှုအတွက် ခွန်အားဖြစ်စေပါတယ်”



“NUG ကို အစိုးရအဖြစ်အသိအမှတ်ပြုရေး လှုပ်ရှားမှုအတွက် ခွန်အားဖြစ်စေပါတယ်” - ဦးအောင်မျိုးမင်း (လူ့အခွင့်အရေးဝန်ကြီး - NUG) (၂၈- ၈- ၂၀၂၃) “အရှေ့တီမောသံရုံး ယာယီတာဝန်ခံကို မြန်မာနိုင်ငံကနေထွက်ခွာဖို့ ပြောလိုက်တဲ့ စစ်ကောင်စီရဲ့လုပ်ရပ်ဟာ နိုင်ငံတကာသံတမန်လောကကို စော်ကားလိုက်တာဖြစ်တဲ့အပြင် စစ်ကောင်စီအစား အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုသာ အစိုးရအဖြစ်အသိအမှတ်ပြုလိုက်ပါ ဆိုတဲ့သဘောကို သက်ရောက်စေတယ်။ ကုလသမဂ္ဂမှာ NUG ကို အစိုးရအဖြစ် အသိအမှတ်ပြုရေး လှုပ်ရှားမှုအတွက် များစွာခွန်အားဖြစ်စေတယ်” လို့ ပြီးခဲ့တဲ့ရက်ပိုင်းကမှ အရှေ့တီမောနိုင်ငံက ပြန်လာတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို အရှေ့တီမောနိုင်ငံက ထောက်ခံအားပေးနေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အရှေ့တီမောသံရုံး ယာယီတာဝန်ခံကို ရန်ကုန်ကနေ ထွက်ခွာရမယ်လို့ စစ်ကောင်စီက အမိန့်ပေးလိုက်တဲ့အတွက် စစ်ကောင်စီနဲ့ နိုင်ငံတကာ သံတမန်တွေကြားမှာ ဆက်ဆံရေးဘယ်လိုဖြစ်လာနိုင်သလဲ...ဆိုပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။ အခုထုတ်လွှင့်မယ့် မေးမြန်းချက် ထဲမှာ ... - စစ်ကောင်စီရဲ့လုပ်ရပ်အပေါ် NUG က ဘယ်လိုသဘောထားသလဲ... - ဒီလုပ်ရပ်ကြောင့် -စစ်ကောင်စီအစား NUG ကိုသာ အသိအမှတ်ပြုလိုက်ပါ-ဆိုတဲ့ သဘောမျိုး သက်ရောက်သွားနိုင်သလား... - အမေရိကန်၊ အီးယူ၊ ကုလသမဂ္ဂတို့မှာ NUG ရုံးခန်းဖွင့်ထားတာကို ဘာမှမပြောပဲ အရှေ့တီမောကျမှ အခုလိုပြောတာ ဘာကြောင့်လဲ... - မကြာခင်ကျင်းပဖို့ရှိနေတဲ့ အာဆီယံထိပ်သီးနဲ့ ကုလ အထွေထွေညီလာခံတွေမှာ ဒီကိစ္စက အဓိကဆွေးနွေးစရာဖြစ်လာနိုင်သလား... ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။ (အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

“နွေဦးတော်လှန်ရေးတပ်တွေက ခံစစ်ကနေ ထိုးစစ်ကို တဖြေးဖြေး ပြောင်းလာနေပြီဖြစ...


“နွေဦးတော်လှန်ရေးတပ်တွေဘက်က ခံစစ်ကနေ ထိုးစစ်ကို တဖြေးဖြေး ပြောင်းလာနေပြီဖြစ်တယ်”

- ဆလိုင်းထက်နီ (ပြောခွင့်ရပုဂ္ဂိုလ် - ချင်းအမျိုးသားတပ်ဦး - CNF)

(၃၀- ၈- ၂၀၂၃)

“ချင်းအမျိုးသားတပ်ဦးအပါဝင် နွေဦးတော်လှန်ရေးတပ်တွေဟာ ခံစစ်ကနေ ထိုးစစ်ကို တဖြေးဖြေးပြောင်းလာနေပြီဖြစ်တယ်။ စစ်ကောင်စီ တပ်ရင်းဌာနချုပ်စခန်းတွေထဲအထိ ဝင်ရောက်စီးနင်းပြီး စခန်းသိမ်းတိုက်ပွဲဆင်နေပြီဖြစ်တယ်” လို့ ချင်းအမျိုးသားတပ်ဦး (CNF) ပြောခွင့်ရပုဂ္ဂိုလ် ဆလိုင်းထက်နီကပြောပါတယ်။

သြဂုတ်လ ၂၈ ရက်နေ့ကဖြစ်ခဲ့တဲ့ ထန်တလမြို့က စစ်ကောင်စီတပ်စခန်းကိုဝင်စီးမှု၊ ဖလမ်းမြို့က စခန်းကိုဝင်သိမ်းမှုတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ်  သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ထဲမှာ ...

- ၂၈ ရက်နေ့တိုက်ပွဲအတွင်း စစ်ကောင်စီဖက်က ၃၀ ကျော်သေဆုံးပြီး ချင်းတော်လှန်ရေးတပ်တွေဖက် ၁၁ ဦးအထိ ကျဆုံးခဲ့တာ ဘာကြောင့်လဲ...

- လက်ရှိ ထန်တလန်မြို့တွင်း အခြေအနေ ဘယ်လိုရှိသလဲ...

- စစ်ကောင်စီက လေယာဉ်နဲ့ လက်နက်ကြီးကို အဓိက အားထားနေတာဟာ မြေပြင်တပ် အားနည်းနေလို့လား...

- စစ်ကောင်စီက ခံစစ်ဖြစ်လာပြီး တော်လှန်ရေးတပ်တွေက ထိုးစစ်ဖြစ်လာပြီလို့ ဘာကြောင့်ပြောနိုင်တာလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Saturday, August 26, 2023

“နယ်စပ်ဖြတ် အကူအညီပေးနိုင်အောင် ကျနော်တို့ဆောင်ရွက်နေပါတယ်”



“နယ်စပ်ဖြတ် အကူအညီပေးနိုင်အောင် ကျနော်တို့ဆောင်ရွက်နေပါတယ်”

- ဒေါက်တာဝင်းမြတ်အေး (လူသား-စာနာနှင့် ဘေး-စီမံ ဝန်ကြီး - NUG)

(၂၇ -၈ -၂၀၂၃)

“စစ်ဘေးရှောင်တွေထံ နိုင်ငံတကာအကူအညီရရှိရေးအတွက် နယ်စပ်ဖြတ်ပို့ပေးနိုင်အောင် NUG နဲ့ ERO တာဝန်ရှိသူတွေက သက်ဆိုင်ရာနိုင်ငံတွေနဲ့ ဆွေးနွေးဆောင်ရွက်နေတယ်။ ပြည်တွင်းအတွက်တော့ အလှူရှင်နိုင်ငံတွေနဲ့ တိုက်ရိုက်ဆွေးနွေးဆောင်ရွက်နေတယ်။ အဓိကအချက်ကတော့ စစ်ကောင်စီပြုတ်ကျရင် ဒီပြသာနာတွေ ပြေလည်သွားလိမ်မယ်” လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူသား-စာနာနှင့် ဘေး-စီမံ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။

(UNOCHA) အကြီးအကဲ ခရီးစဉ်အပြီး နိုင်ငံတကာအကူအညီ ပိုရလာနိုင်သလား၊ NUG က ဘာတွေကူညီပေးနေသလဲ၊ NUG နဲ့ ERO တွေကြား ဘယ်လိုပူးပေါင်းဆောင်ရွက်နေသလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ်  သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ ...

- NUG ရဲ့တင်ပြချက်ကို (UNOCHA) အကြီးအကဲက ဘယ်လိုတုန့်ပြန်သလဲ...

- ထိုင်း-မြန်မာနယ်စပ်က စစ်ဘေးရှောင်တွေကို NUG က ဘာတွေ ဘယ်လိုကူညီပေးနေသလဲ...

- နိုင်ငံတကာအကူအညီတွေ ဘယ်ဒေသဆီပေးသင့်တယ်ဆိုတာကို NUG က ဘယ်လိုညှိနိုင်းဆောင်ရွက်ပေးနေသလဲ...

- လူထုတိုက်ပွဲနဲ့ လက်နက်ကိုင်တိုင်ပွဲပေါင်းစပ်ရမယ်၊ စစ်ကောင်စီပြုတ်ကျရင် ဒီပြသာနာတွေ ပြေလည်မယ်လို့ ဘာကြောင့်ပြောနိုင်တာလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Friday, August 25, 2023

“UNOCHA က အကူအညီပေးနိုင်ဖို့ကြိုးစားတယ်၊ စစ်ကောင်စီက ဝါဒဖြန့်အသုံးချဖို့...



“UNOCHA က အကူအညီပေးနိုင်ဖို့ကြိုးစားတယ်၊ စစ်ကောင်စီက ဝါဒဖြန့်အသုံးချဖို့ကြိုးစားတယ်”

- ဒေါက်တာဝင်းမြတ်အေး (လူသား-စာနာနှင့် ဘေး-စီမံ ဝန်ကြီး - NUG)

(၂၆ -၈ -၂၀၂၃)

“ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) အကြီးအကဲ Mr. Martin Griffiths ဟာ မြန်မာနိုင်ငံက ဒုက္ခရောက်နေသူတွေကို ကူညီနိုင်ရေးအတွက် စစ်ကောင်စီကို သွားရောက်တွေ့ဆုံခဲ့တာဖြစ်တယ်။ ဒါပေမယ့် စစ်ကောင်စီက ကုလ-အဖွဲ့အစည်းရဲ့ စေတနာကို အလေးမထားပဲ ဒီခရီးစဉ်ကို ဝါဒဖြန့်ချီရေးအတွက် အသုံးချတာကိုသာတွေ့ရတယ်” လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူသား-စာနာနှင့် ဘေး-စီမံ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။

NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ လူသား-စာနာနှင့် ဘေး-စီမံ ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့နဲ့ Mr. Martin Griffiths တို့ သြဂုတ်လ ၂၁ ရက်နေ့က အွန်လိုင်းတွေ့ဆုံမှုအတွင်း ဘာတွေပြောကြားခဲ့သလဲ၊ Mr. Martin Griffiths ရဲ့နေပြည်တော်ခရီးစဉ်အပေါ် ဘာများမျှော်လင့်နိုင်မလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ်  သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ပထမပိုင်းမှာ ...

- Mr. Martin Griffiths က NUG တာဝန်ရှိသူတွေကို ဘာတွေရှင်းပြခဲ့သလဲ...

- နေပြည်တော်ခရီးစဉ်နောက်ဆက်တွဲအဖြစ် ရလာဒ်ကောင်းတွေ ထွက်ပေါ်လာနိုင်လားပါ့မလား...

- မိုခါ မုန်တိုင်းသင့်ပြည်သူတွေကို နိုင်ငံတကာက အကူအညီပေးနိုင်အောင် ဘယ်လိုဆောင်ရွက်သင့်သလဲ...

- စစ်ကောင်စီကတဆင့်ပေးလို့ လူထုဆီမရောက်ဘူးဆိုရင် အခြားနည်း ဘာကြောင့် မရှာသေးတာလဲ...

- နယ်စပ်ဖြတ် အကူအညီပေးရေးအလားအလာ ဘယ်လောက်အထိ တိုးတက်နေပြီလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(လူသား-စာနာ အကူအညီရရေးအတွက် NUG နဲ့ ERO တာဝန်ရှိသူတွေ ဘယ်လိုပူပေါင်းဆောင်ရွက်နေကြသလဲ...ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Thursday, August 24, 2023

“စုဖွဲ့မှု၊ လက်နက်ခဲယမ်းရရှိမှုနဲ့ တိုက်ပွဲဖော်ဆောင်နိုင်မှုအပိုင်းအားလု...



“စုဖွဲ့မှု၊ လက်နက်ခဲယမ်းရရှိမှုနဲ့ တိုက်ပွဲဖော်ဆောင်နိုင်မှုအပိုင်းအားလုံး တိုးတက်လာတာတွေ့ရပါတယ်”

- ဒေါက်တာကြည်စိုးထွန်း (ဥက္ကဌ - ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့)

(၂၅- ၈- ၂၀၂၃)

“ဒေသတွင်းရှိ PDF တပ်တွေဟာ အရင်က သူ့နယ် ကိုယ့်နယ်၊ သူ့အဖွဲ့ ကိုယ့်အဖွဲ့ ခေါင်းစဉ်အမျိုးမျိုးရှိနေရာကနေ အခုချိန်မှာတော့ ကာကွယ်ရေးဝန်ကြီးဌာန (MoD) အောက်မှာ ခရိုင်တပ်ရင်းတွေဖြစ်လာတယ်။ ဒါဟာ စုဖွဲ့မှု၊ လက်နက်ခဲယမ်းရရှိမှုနဲ့ တိုက်ပွဲဖော်ဆောင်နိုင်မှုအပိုင်းအားလုံး တိုးတက်လာတဲ့သဘောဖြစ်တယ်” လို့ မကွေးတိုင်း ဆောြ်မို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဒေါက်တာကြည်စိုးထွန်းက ပြောပါတယ်။

နွေဦးတော်လှန်ရေး ၂ နှစ်ခွဲကာလအတွင်း မြို့နယ်အုပ်ချုပ်ရေး ဘယ်လိုဆောင်ရွက်နေသလဲ၊ ဒေသတွင်းရှိ ကာကွယ်ရေးတပ်တွေရဲ့ စွမ်းဆောင်ရည် ဘယ်လောက်တိုးတက်လာသလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...

- ဆောမြို့နယ်က ရင်းကဲကျေးရွာမီးရှို့ခံရပြီးနောက်ပိုင်း စစ်ဘေးရှောင်တွေအခြေအနေ ဘယ်လိုရှိသလဲ...

- တိုက်ပွဲဖြစ်ရင် အရပ်သားတွေရှိတဲ့ ကျေးရွာတွေကို စစ်တပ်က ဘာကြောင့် တမင်ပစ်ခတ် မီးရှို့နေတာလဲ...

- ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က နယ်မြေဘယ်လောက်များများကို ထိန်းချုပ်ပြီး ပြည်သူတွေကို ဘယ်လိုဝန်ဆောင်မှုတွေ ဆောင်ရွက်ပေးနေသလဲ...

- ဆောအပါဝင် ယောဒေသကရှိ PDF တပ်ရင်း၊ တပ်ဖွဲ့တွေရဲ့ စွမ်းဆောင်နိုင်မှုအနေအထား ဘယ်လောက်အထိ တိုးတက်လာနေပြီလဲ...

- ၂ နှစ်ခွဲကာလ တော်လှန်ရေးအရှိန်အဟုန်အပေါ် ဒေသခံလူထုက ဘယ်လောက်အထိ အားပေးထောက်ခံမှုရှိနေသလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Wednesday, August 23, 2023

“နိုင်မြင်း စောင့်လောင်းတဲ့ကိစ္စမျိုး လုပ်လို့မရဘူးဆိုတာ အားလုံး သဘောပေါ...


“နိုင်မြင်း စောင့်လောင်းတဲ့ကိစ္စမျိုး လုပ်လို့မရဘူးဆိုတာ အားလုံး သဘောပေါက်နေပါပြီ”

- မာဝီ (ဒုတိယ စစ်ဦးစီးချုပ် - KNDF)

(၂၄ -၈-၂၀၂၃)

“လက်ရှိအခြေအနေဟာ နိုင်မြင်း စောင့်လောင်းတဲ့ကိစ္စမျီုး လုပ်လို့မရဘူးဆိုတာကို အားလုံးကသဘောက်ပေါက်နေပြီ၊ ကိုယ်လိုချင်တာ ကိုယ့်ဘာသာတည်ဆောက်ယူရမယ်ဆိုတာကို လူငယ်ပိုင်းတွေက ပိုနားလည်လာကြတယ်၊ ဒါကြောင့် လူငယ်တွေဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက စစ်ကောင်စီကို အရှိန်မြှင့်တိုက်ခိုက်လာတာ တွေ့နိုင်ပါတယ်” လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ဒုတိယ စစ်ဦးစီးချုပ် မာဝီက ပြောပါတယ်။

တချိန်က နယ်ခြားစောင့်တပ်ဖြစ်ခဲ့တဲ့ ကရင်နီပြည် လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) နွေဦးတော်လှန်ရေးထဲပါဝင်လာတာ၊ တော်လှန်ရေး ၂ နှစ်ခွဲကာလအတွင်း တိုးတက်မှူတွေနဲ့ပတ်သက်ပြီး ... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ်  သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ ...

- နိုင်မြင်း စောင့်လောင်းတဲ့ကိစ္စမျိုး လုပ်ဖို့ ခြံခွထိုင်နေတဲ့ အဖွဲ့တွေ ရှိနေဆဲလား...

-  နွေဦးတော်လှန်ရေး ၂ နှစ်ခွဲကာလအတွင်း စစ်ရေးအရ ဘယ်လောက်အထိ တိုးတက်နေပြီလဲ...

- အညာဒေသက PDF ရဲဘော်တွေအတွက် KNDF တပ်မှူးရဲ့ အားပေးစကားထဲ ဘာတွေပါသလဲ...

- စစ်ကောင်စီ အကြမ်းဖက်အုပ်စု မြန်မာနိုင်ငံမှာ လုံးဝမရှိအောင် အပြတ်တိုက်ရမယ်...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Tuesday, August 22, 2023

“တပ်ရင်းအလိုက် ပြုတ်တာ၊ တပ်မ ဖွဲ့စည်းပုံပျက်တဲ့အထိဖြစ်လာတာကတော့ ကျနော်တိ...



“တပ်ရင်းအလိုက် ပြုတ်တာ၊ တပ်မ ဖွဲ့စည်းပုံပျက်တဲ့အထိဖြစ်လာတာကတော့ ကျနော်တို့ဖက်က တပ်ပေါင်းစုပုံစံနဲ့ ပြန်တိုက်လို့ပါ”

- မာဝီ (ဒုတိယ စစ်ဦးစီးချုပ် - KNDF)

(၂၃ -၈-၂၀၂၃)

“စစ်ကောင်စီဖက်က တပ်ရင်းအလိုက်ပြုတ်တာ၊ တပ်မဖွဲ့စည်းပုံပျက်တဲ့အထိ ကျဆုံးမှုများနေတာဟာ တော်လှန်ရေးတပ်တွေဖက်က တဖွဲ့ချင်းမဟုတ်ပဲ တပ်ပေါင်းစုပုံစံနဲ့ စနစ်တကျပြန်လည်တိုက်နိုင်လာတာကြောင့်ဖြစ်တယ်။ ခေါင်းစဉ်အမျိုးမျိုးနဲ့ဖြစ်နေတဲ့ တပ်တွေအားလုံး၊ တနည်းအားဖြင့် တချောင်းချင်းစီဖြစ်နေတဲ့ လက်ချောင်းတွေကို လက်သီးအဖြစ် စုစည်းပြီး စနစ်တကျ တိုက်ပွဲဝင်နိုင်ရင် စစ်ကောင်စီဖက်က ပိုအထိနာမှာ သေချာတယ်” လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ဒုတိယ စစ်ဦးစီးချုပ် မာဝီက ပြောပါတယ်။

ကရင်နီဒေသမှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီဖက်က အကျအဆုံးများနေတာ၊ လက်နက်တွေသိမ်းမိတာ၊ အရှင်ဖမ်းမိတာတွေနဲ့ပတ်သက်ပြီး ... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ်  သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ပထမပိုင်းမှာ ...

-  ဒီးမော့ဆို-ဖရူဆို ကားလမ်းမတိုက်ပွဲအတွင်း စကစ ဖက်က ဒု-ရင်းမှူးအပါဝင် ၅၀ ကျော်အထိကျဆုံးတာ ဘာကြောင့်လဲ...

- တပ်ရင်းအလိုက်ပြုတ်ပြီး တပ်မအလိုက်ဖွဲ့စည်းပုံပျက်သွားတာဟာ စစ်ကောင်စီတပ်ဖက်က စိတ်ဓာတ်ကျသွားလို့လား...

- အရှင်ဖမ်းမိတဲ့ စစ်သားတွေရဲ့ ထွက်ဆိုချက်အထဲ ဘာတွေ စိတ်ဝင်စားဖွယ်ပါရှိလာသလဲ...

- လေယာဉ်အသုံးပြုခြင်းက စစ်ကောင်စီရဲ့အားသာချက်လား၊ ဒါမှမဟုတ် အားနည်းချက်ကို ဝန်ခံခြင်းလား...

- “ခြေတောက်အပိုပါရင် မယ်စဲ့ကို တက်လာခဲ့ပေါ့” လို့ စိန်ခေါ်ချက်ရဲ့ အဓိပါယ်က ဘာလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အညာဒေသက ရဲဘော်တွေအတွက် KNDF တပ်မှုးရဲ့အကြံပြုချက်က ဘာဖြစ်မလဲ... ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Monday, August 21, 2023

“အစိုးရသစ်လို့ ပြောဖို့ခက်မယ်၊ လက်ရှိအိမ်စောင့်အစိုးရထဲမှာ ဖွေထိုင်းပါတီ...



“အစိုးရသစ်လို့ ပြောဖို့ခက်မယ်၊ လက်ရှိအိမ်စောင့်အစိုးရထဲမှာ ဖွေထိုင်းပါတီက သွားပေါင်းတဲ့သဘောဖြစ်သွားမယ်”

- ဦးထူးချစ် (ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း - FED)

(၂၂- ၈- ၂၀၂၃)

“ထိုင်းနိုင်ငံမှာ ဒီနေ့ကျင်းပမယ့် ဝန်ကြီးချုပ်အသစ်ရွေးချယ်ပွဲကနေ ဖွေထိုင်းပါတီက တင်သွင်းတဲ့ ဝန်ကြီးချုပ်အသစ်တဦးပေါ်လာမှာဖြစ်ပေမယ့် အစိုးရသစ်ပေါ်လာတယ်လို့ပြောဖို့ခက်မယ်။ ဘာကြောင့်လဲဆိုရင် လက်ရှိ စစ်ဗိုလ်ဟောင်းတွေဦးဆောင်တဲ့ အိမ်စောင့်အစိုးရထံ ရွေးကောက်ပွဲ ဒုတိယမဲအများဆုံးအနိုင်ရပါတီ ဖွေထိုင်းက သွားရောက်ပူူးပေါင်းလိုက်တဲ့သဘောဖြစ်တဲ့အတွက် ဝန်ကြီးချုပ်အသစ်နဲ့ အစိုးရအဟောင်းကိုသာ ရမယ့်သဘောဖြစ်နေတယ်” လို့ ထိုင်းနိုင်ငံတောင်ပိုင်း ဖန်င ဒေသအခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) ညွှန်ကြားရေးမှူး ဦးထူးချစ်က ပြောပါတယ်။

မကြာခင် နာရီပိုင်းအတွင်း ထိုင်းပါလီမန်မှာ ကျင်းပဖို့ရှိနေတဲ့ ဝန်ကြီးချုပ်အသစ်ရွေးပွဲ၊ ဖွေထိုင်းပါတီဦးဆောင်တဲ့ ၁၀ ပါတီညွန့်ပေါင်းအဖွဲ့သစ်အနေအထား၊ အောင်လွှတ်တော်အမတ် ၅၀၀ ထဲက ၃၀၀ ဝန်းကျင်အပြင် အထက်လွှတ်တော်အမတ် ၂၅၀ ထဲက ၁၀၀ ခန့်ရဲ့ ထောက်ခံမှုရနိုင်ခြေ...အလားအလာတွေနဲ့ပတ်သက်ပြီး... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ်  သူကဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ ...

- မဲအများဆုံးရထားတဲ့ Move Forward ပါတီအစား ဒုတိယ အများဆုံးရတဲ့ ဖွေထိုင်းပါတီ ဦးဆောင်တဲ့ အစိုးရဖြစ်လာတော့မှာလား...

- ဖွေထိုင်း ဦးဆောင်တဲ့ ညွန့်ပေါင်း ၁၀ ပါတီမှာ လက်ရှိ အိမ်စောင့်အစိုးရထဲက ဗိုလ်ချုပ်ဟောင်းတွေဦးဆောင်တဲ့ ပါတီတွေ ပါလာတာ ဘာကြောင့်လဲ...

- မဲအများဆုံးရတဲ့ ပါတီက အစိုးရမဖြစ်ပဲ အတိုက်ခံဖြစ်သွားတာဟာလည်း ဒီမိုကရေစီ ကျင့်စဉ်တခုပဲလား...

- Move Forward ပါတီအစား ဖွေထိုင်းပါတီဦးဆောင်တဲ့ အစိုးရတက်လာရင် မြန်မာနိုင်ငံဆိုင်ရာ မူဝါဒ ဘယ်လိုအပြောင်းအလဲဖြစ်သွားနိုင်သလဲ...

- ရွှေ့ပြောင်းအလုပ်သမားအရေးနဲ့ နယ်စပ်က စစ်ဘေးရှောင်များအရေးကို ထိုင်းအစိုးရသစ်က အလေးထားစဉ်းစားပါ့မလား...

- ထိုင်းလူထုကလိုလားတဲ့ အပြောင်းအလဲတွေကို ဒီအစိုးရသစ်က ဘယ်လိုဖေါ်ဆောင်ပေးနိုင်ဖွယ်ရှိသလဲ...

...စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Sunday, August 20, 2023

“နေပြည်တော်နဲ့ ၂၅ မိုင်အကွာမှာတောင် စခန်းသိမ်းတိုက်ပွဲတွေဖြစ်နေပြီ”



“နေပြည်တော်နဲ့ ၂၅ မိုင်အကွာမှာတောင် စခန်းသိမ်းတိုက်ပွဲတွေဖြစ်နေပြီ”

- ဦးမောင်မောင်ဆွေ - (ပြောခွင့်ရပုဂ္ဂိုလ် - ကာကွယ်ရေးဝန်ကြီးဌာန - NUG)

(၂၁ - ၈- ၂၀၂၃)

“နွေဦးတော်လှန်ရေးတပ်တွေရဲ့ စစ်ရေးလှုပ်ရှားနိုင်မှုအရှိန်အဟုန်ကောင်းလာတဲ့အတွက် အခုဆိုရင် စစ်ကောင်စီရဲ့ နောက်ဆုံးခံတပ် နေပြည်တော်စစ်ရုံးချုပ်နဲ့ ၂၅ မိုင်အကွာအထိ စခန်းသိမ်းတိုက်ပွဲတွေဖြစ်နေပြီ။ ဒါကိုကြည့်ပြီး နောက် ၄ လအတွင်း ဘာတွေဆက်ဖြစ်မလဲဆိုတာ မှန်းဆလို့ရနိုင်ပါတယ်” လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန (MoD) ပြောခွင့်ရပုဂ္ဂိုလ် ဦးမောင်မောင်ဆွေက ပြောပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ဖြစ်ပွားခဲ့တဲ့ ထူးခြားတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်ပြီး ... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ်  သူကဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ ...

- မြဝတီမြို့အနီးက "လက်ခတ်တောင် တာဝါတိုင်ကုန်းစခန်း" တိုက်ပွဲ နောက်ဆုံးအခြေအနေ...

-  ကျောက်တံခါးမြိုနယ် သမင်အင်းကုန်းရွာတိုက်ပွဲမှာ စကစ ဖက်က ၃၀ ကျော်အထိ ကျဆုံးတာ ဘာကြောင့်လဲ...

- နေပြည်တော် စစ်ဌာနချုပ်နဲ့ ၂၅ မိုင်အကွာအထိ တော်လှန်ရေးတပ်တွေက တိုက်ခိုက်နေပြီလား...

- အခုနှစ် နောက်ဆုံး ၄ လအတွင်း နွေဦးတော်လှန်ရေးတပ်တွေဖက်က စစ်ရေးအရ ဘယ်လောက်အထိ ရှေ့တိုးနိုင်ခြေရှိမလဲ...

...စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Saturday, August 19, 2023

“တခွန်းတည်းဖြေရရင်တော့ စစ်တပ် ဘားတိုက်ပြန်ပါ၊ ဒါဆို စီးပွားရေးအပါဝင် အား...


“တခွန်းတည်းဖြေရရင်တော့ စစ်တပ် ဘားတိုက်ပြန်ပါ၊ ဒါဆို စီးပွားရေးအပါဝင် အားလုံးအဆင်ပြေသွားလိမ့်မယ်”

- ဦးစိန်ဌေး (စီးပွားရေး ဆန်းစစ်ဝေဖန်သူ)

(၂၀ -၈-၂၀၂၃)

“အာဏာသိမ်း စစ်ကောင်စီလက်အောက်မှာ မြန်မာ့စီးပွားရေးကောင်းလာအောင် ဘယ်လိုမှလုပ်ဆောင်နိုင်မှာမဟုတ်တဲ့အတွက် စစ်တပ်ဘားတိုက်ပြန်မှ၊ စစ်ကောင်စီဥက္ကဌ နှတ်ထွက်ပေးမှ၊ ဒါမှမဟုတ် စစ်ကောင်စီဥက္ကဌနဲ့အဖွဲ့ကို တော်လှန်ရေးတပ်တွေက ဖြုတ်ချနိုင်ပြီးမှသာ စီးပွားရေးအဆင်ပြေအောင် လုပ်နိုင်ဖွယ်ရှိတယ်” လို့ စီးပွားရေးပညာရှင် ဦးစိန်ဌေးက ပြောပါတယ်။

လက်ရှိ စစ်ကောင်စီလက်အောက် ၂ နှစ်ကျော်ကာလအတွင်း ဆိုးရွားလှတဲ့ စီးပွားရေးအခြေအနေ၊ ငွေကြေးဖောင်းပွမှုအောက်မှာ ပြည်သူတွေ နည်းနည်းသက်သာအောင် စီးပွားရေးအရ ဘယ်လိုနည်းလမ်းတွေများ အကြံပြုချင်သလဲဆိုပြီး... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ်  သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ ...

- အမေရိကန်က ဘင်္ဂလားဒေ့ရှ် ဘဏ်တွေကို ဖိအားပေးပြီး ထိုင်း ဘဏ်တွေကို ဘာကြောင့် ဖိအားမပေးသေးတာလဲ...

- လက်ရှိ စစ်ကောင်စီဟာ အရင် နဝတ၊ နအဖ ထက် စီမံခန့်ခွဲမှု ပိုညံ့သလား...

- UNOCHA ဝင်လာခြင်းက လူထုကို နည်းနည်းသက်သာရာ ရစေမလား...

- စစ်ကောင်စီမပြုတ်မချင်း စီးပွားရေးကောင်းလာဖွယ်မရှိဘူးလို့ ဘာကြောင့်ပြောတာလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

“စခန်းသိမ်းနိုင်ပေမယ့် စခန်းထိန်းထားဖို့အရေးမှာတော့ လိုအပ်ချက်အချို့ရှိန...



“စခန်းသိမ်းနိုင်ပေမယ့် စခန်းထိန်းထားဖို့အရေးမှာတော့ လိုအပ်ချက်အချို့ရှိနေပါသေးတယ်”

- ရဲဘော်ဝေကြီး (ပကဖ- ရေစကြိုမြို့နယ်)

(၁၉ - ၈- ၂၀၂၃)

“အညာဒေသရှိ တော်လှန်ရေးတပ်တွေဖက်က စစ်ကောင်စီတပ်ကို ရင်ဆိုင်တိုက်တာ၊ စခန်းသိမ်းတာတွေ လုပ်လာနိုင်နေပြီဖြစ်ပေမယ့် စခန်းထိန်းထားဖို့အရေးမှာတော့ လိုအပ်ချက်တွေရှိနေသေးတယ်” လို့ မကွေးတိုင်း၊ ရေစကြိုမြိုနယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ခံ ရဲဘော်ဝေကြီး ကပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကဖြစ်ခဲ့တဲ့ စိုင်သေရွာတိုက်ပွဲမှာ စစ်ကောင်စီဖက်က ၁၀ ဦးကျော်အထိ သေဆုံးတယ်၊ စစ်ကောင်စီဖက်က ကုန်ကြောင်းမှာအထိနာလို့ ရေကြောင်းကို အသုံးများလာနေတယ်... စတဲ့သတင်းတွေနဲ့ပတ်သက်ပြီး ... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ်  သူကဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ ...

- စိုင်သေရွာတိုက်ပွဲမှာ စစ်ကောင်စီဖက်က ဘယ်လောက်အထိအခိုက်များခဲ့သလဲ...

- အညာဒေသရှိ တော်လှန်ရေးတပ်တွေက စစ်ကောင်စီတပ်ကို ရင်ဆိုင်တိုက်တာ၊ စခန်းသိမ်းတာတွေ လုပ်လာနိုင်နေပြီလား...

- စကစ က ကုန်ကြောင်းအထိနာလို့ ရေကြောင်းအသုံးပြုလာနေတာလား...

- ထောက်ခံအားပေးမှူရော၊ ဝေဖန်အကြံပေးမှုပါ လုပ်ကြပါလို့ တိုက်တွန်းချက်...

...စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Friday, August 18, 2023

“ကျနော်တော့ ထိပါပြီဗျ' ဆိုပြီး စကစ ဥက္ကဌကိုယ်တိုင် ကမ္ဘာကို အော်ငိုပြတာပ...


“ကျနော်တော့ ထိပါပြီဗျ' ဆိုပြီး စကစ ဥက္ကဌကိုယ်တိုင် ကမ္ဘာကို အော်ငိုပြတာပါပဲ”

- ဦးစိန်ဌေး (စီးပွားရေး ဆန်းစစ်ဝေဖန်သူ)

(၁၉ -၈-၂၀၂၃)

“အချို့နိုင်ငံတွေက ဒေါ်လာကို လက်နက်သဖွယ်အသုံးပြုနေတယ်ဆိုတဲ့ စစ်ကောင်စီဥက္ကဌရဲ့ ပြောဆိုချက်ဟာ နိုင်ငံတကာရဲ့ စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှ တကယ်ထိရောက်နေပြီ၊ စကစ ဥက္ကဌကိုယ်တိုင်က 'ကျနော်တော့ ထိပြီဗျ' ဆိုပြီး ဝန်ခံကာ ကမ္ဘာကို အော်ငိုပြလိုက်တာဖြစ်တယ်” လို့ စီးပွားရေးပညာရှင် ဦးစိန်ဌေးက ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက မော်စကိုမှာကျင်းပတဲ့ နိုင်ငံတကာအစည်းဝေးတခုအတွင်း စကစ ဥက္ကဌရဲ့ ပြောကြားချက်အပါဝင် လက်ရှိ မြန်မာနိုင်ငံတွင်းက ဒေါ်လာပြသာနာ၊ ငွေကြေးဖောင်းပွ မှုပြသာနာတွေနဲ့ပတ်သက်ပြီး ... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ်  သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ပထမပိုင်းမှာ ...

- အချို့နိုင်ငံတွေက ဒေါ်လာကို လက်နက်သဖွယ်အသုံးပြုနေတယ်လို့ စစ်ကောင်စီက ဘာကြောင့်ပြောတာလဲ...

- ဘင်္ဂလားဒေ့ရှ်နိုင်ငံက စကစ ပိုင်ဘဏ် နှစ်ခုနဲ့ဆက်ဆံမှုမလုပ်တော့တဲ့အပြင် သူတို့ဘတ်ဏ်ထဲရှိတဲ့ ဒေါ်လာ တသန်းကျော်ထုတ်ခွင့်မပေးတော့တာ ဘာကြောင့်လဲ...

- ထိုင်းဘတ်ငွေကို နိုင်ငံတကာငွေကြေးအဖြစ် စကစ က သတ်မှတ်ခြင်းရဲ့ ရည်ရွယ်ချက်က ဘာလဲ...

- အနောက်နိုင်ငံတွေရဲ့ အရေးယူမှုကိုကာကွယ်နိုင်ဖို့အတွက် နယ်စပ်ကုန်သွယ်ရေးနဲ့ အိမ်နီးချင်းနိုင်ငံတွေကို စကစ က အရင်လို အားကိုးလို့ရနိုင်ခြေရှိသေးရဲ့လား....

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(ကျပ်ငွေတန်ဖိုးကျမှုနဲ့ ကုန်ဈေးနှုန်းအဆမတန်မြင့်နေမှုကို ဘယ်လိုကုစားနိုင်မလဲ... ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Thursday, August 17, 2023

“ရှုံးနေတဲ့ ဘော်လုံးအသင်းလိုပေါ့၊ အချိန်ပိုဆွဲပြီး လူပြောင်းကန်လည်း မရတေ...


“ရှုံးနေတဲ့ ဘော်လုံးအသင်းလိုပေါ့၊ အချိန်ပိုဆွဲပြီး လူပြောင်းကန်လည်း မရတော့ဘူး”

- ပဒိုစောတောနီး (ဗဟိုအလုပ်အမှုဆောင်ကော်မီတီဝင် - KNU)

(၁၈- ၈- ၂၀၂၃)

“လက်ရှိ စစ်ကောင်စီရဲ့အနေအထားဟာ မိနစ် ၉၀ ပြည့်ခါနီးအထိရှုံးနေတဲ့ ဘော်လုံးအသင်းလိုဖြစ်နေပြီး အချိန်ပိုဆွဲ၊ လူစားထိုးကစားလည်း ဘယ်လိုမှ နိုင်ခြေမရှိတော့ဘူး။ စစ်ကောင်စီရှုံးမှာ သေချာနေပြီ” လို့ ကရင့်အမျိုးသားအစည်းအရုံး (KNU) ဗဟိုအလုပ်အမှုဆောင်ကော်မီတီဝင်၊ နိုင်ငံခြားရေးဌာနတာဝန်ခံ ပဒိုစောတောနီးက ပြောပါတယ်။

၂ နှစ်ခွဲကာလအတွင်း နွေဦးတော်လှန်ရေးအင်အားစုတွေဖက်က တိုးတက်ဖြစ်ထွန်းမှုအနေအထား၊ စစ်ကောင်စီဖက်က ၆ လတခါ သက်တန်းတိုးပြီး လူစားထိုးပြောင်းလဲနေမှုက ဘယ်လောက်ကြာကြာခံနိုင်မလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ်  သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ ...

- နွေဦးတော်လှန်ရေးအတွင်း “ကလလတ” ပါလာခြင်းက တော်လှန်ရေးကို ဘယ်လောက်အထိ ခွန်အားဖြစ်စေသလဲ...

- ဖက်ဒရယ်ကို တောင်းယူလို့မရဘူး၊ ကိုယ်ဘာသာတည်ဆောက်ယူရမယ်။ ဒီမိုကရေစီအရေးနဲ့ ဖက်ဒရယ်အရေးကိုတပြိုင်တည်းလုပ်ရမယ်ဆိုတာ ဘာကို ဆိုလိုတာလဲ...

- ကော်သူးလေ ဖက်ဒရယ်ယူနစ်နဲ့ အခြားဒေသက ဖက်ဒရယ်ယူနစ်တွေ ဘယ်လိုပေါင်းစပ် ဆောင်ရွက်ကြမလဲ...

- စစ်ကောင်စီရဲ့လက်ရှိအနေအထားဟာ မိနစ် ၉၀ ပြည့်ခါနီးအထိ အရှုံးပြနေတဲ့ ဘော်လုံးအသင်းလိုဖြစ်နေတယ်လို့ ဘာကြောင့်ပြောတာလဲ...

- တော်လှန်ရေးတပ်တွေက ရန်ကုန်၊ မန္တလေး၊ နေပြည်တော်လို မြို့ကြီးတွေနဲ့ ဘယ်လောက်နီးနီးအထိ ရောက်နေနိုင်ပြီလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Wednesday, August 16, 2023

“ပြည်သူလူထုက မကြည့်ချင်လောက်အောင် မုန်းတီးရွံရှာနေမှတော့ အဲဒီစစ်တပ် ပြို...



“ပြည်သူလူထုက မကြည့်ချင်လောက်အောင် မုန်းတီးရွံရှာနေမှတော့ အဲဒီစစ်တပ် ပြိုပြီပေါ့” 

- ပဒိုစောတောနီး (ဗဟိုအလုပ်အမှုဆောင်ကော်မီတီဝင် - KNU)

(၁၇- ၈- ၂၀၂၃)

“ပြည်သူလူထုက မကြည့်ချင်လောက်အောင် မုန်းတီးရွံရှာမှုကိုခံနေရတဲ့ ဒီနေ့ စစ်တပ်ဟာ ဘယ်တုန်းကနဲ့မှမတူအောင် စိတ်ဓာတ်ကျနေတဲ့အတွက် တိုက်ပွဲမှာအကျအဆုံးများနေတာဖြစ်တယ်။ စစ်ကောင်စီတပ်ဟာ အထိုင်စခန်းတွေမှာအသေထိုင်ပြီး ခံစစ်ဖက်ကိုပြင်ဆင်နေတာတွေ့နေရတယ်” လို့ ကရင့်အမျိုးသားအစည်းအရုံး (KNU) ဗဟိုအလုပ်အမှုဆောင်ကော်မီတီဝင်၊ နိုင်ငံခြားရေးဌာန တာဝန်ခံ ပဒိုစောတောနီးက ပြောပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့ မြဝတီမြို့အနီးက "လက်ခတ်တောင် တာဝါတိုင်ကုန်းစခန်း" တိုက်ပွဲအပါဝင် စစ်ကောင်စီဖက်က အကျအဆုံးများတဲ့ တိုက်ပွဲတွေ၊ တော်လှန်ရေးတပ်ပေါင်းစုဖက်က စစ်တောင်းမြစ်၊ ပဲခူးရိုးမနဲ့ ရန်ကုန်-မန္တလေး၊ ရန်ကုန်-မြိတ် ကားလမ်းတွေအထိ ထိုးဖောက်လာနိုင်တဲ့အခြေအနေတွေနဲ့ပတ်သက်ပြီး ... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ်  သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ပထမပိုင်းမှာ ...

- "လက်ခတ်တောင် တာဝါတိုင်ကုန်းစခန်း" တိုက်ပွဲမှာ စစ်ကောင်စီဖက်က အကျအဆုံး ဘယ်လောက်များနေပြီလဲ...

- အခုနှစ် ပထမ ၇ လအတွင်း KNU ဒေသတခုတည်းမှာတင် စစ်ကောင်စီဖက်က ၃-ထောင်ကျော်အထိ ကျဆုံးခဲ့တာ ဘာကြောင့်လဲ...

- စစ်ကောင်စီတပ်သားတွေကို ပြည်သူက မကြည့်ချင်လောက်အောင် ရွံရှာမုန်းတီးသွားတာ ဘာကြောင့်လဲ...

- PDF တွေရဲ့ အမိန့်နာခံမှုနှင့် တိုက်ခိုက်ရေးစွမ်းရည် ဘယ်လောက်အထိ တိုးတက်လာနေပြီလဲ...

- PDF နဲ့ မဟာမိတ်တော်လှန်ရေးတပ်တွေ ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေနားအထိ ဘယ်လောက်ချည်းကပ်နိုင်နေပြီလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(၂၀၂၃ လက်ကျန် ၄ လအတွင်း တော်လှန်ရေးတပ်ပေါင်းစုဖက်က ဘယ်လောက်အထိ တိုက်ပွဲ အရှိန်တင်နိုင်မလဲ... ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန်ထုတ်လွှင့်ပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

“ဘယ်သူပဲ ဝန်ကြီးချုပ်ဖြစ်ဖြစ် စစ်ဘေးရှောင်တွေနဲ့ ရွှေ့ပြောင်းအလုပ်သမားအရ...



“ဘယ်သူပဲ ဝန်ကြီးချုပ်ဖြစ်ဖြစ် စစ်ဘေးရှောင်တွေနဲ့ ရွှေ့ပြောင်းအလုပ်သမားအရေးကို အလေးထားစေချင်ပါတယ်”

- ဦးထူးချစ် (ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း - FED)

(၁၆- ၈- ၂၀၂၃)

“ထိုင်းနိုင်ငံမှာ ဝန်ကြီးချုပ်အသစ်၊ အစိုးရသစ်တက်လာရင် ထိုင်းနယ်စပ်ရှိ မြန်မာစစ်ဘေးရှောင်တွေနဲ့ ထိုင်းနိုင်ငံတဝန်းရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားအရေးကို အလေးထားစေချင်တယ်” လို့ ထိုင်းနိုင်ငံ တောင်ပိုင်း ဖန်င ဒေသအခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) ညွန်ကြားရေးမှူး ဦးထူးချစ်က ပြောပါတယ်။

ရွေးကောက်ပွဲအပြီး ၃ လကြာတာတဲ့အထိ အစိုးရသစ်မဖွဲ့နိုင်သေးတဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံရဲ့ နောက်ဆုံးနိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုတွေအကြောင်း ... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ်  သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ ...

- Move Forward ပါတီခေါင်းဆောင်မှာ အပြစ်မရှိကြောင်း တရားရုံးက ဆုံးဖြတ်လိုက်တဲ့အတွက် ဝန်ကြီးချုပ်အဖြစ် ဆက်ရွေးခံမလား...

- Move Forward ပါတီနဲ့လမ်းခွဲပြီး စစ်တပ်လိုလားတဲ့ ပါတီတွေနဲ့ မဟာမိတ်ဖွဲ့လိုက်တဲ့ ဖွေထိုင်းပါတီက ဝန်ကြီးချုပ်နေရာ သေချာပြီလား...

- မဲအများဆုံးရတဲ့ပါတီက အစိုးရမဖြစ်ပဲ အတိုက်ခံဖြစ်သွားတာကို ဘယ်လိုနားလည်ခံစားသင့်သလဲ...

- မြန်မာနိုင်ငံက စစ်ဘေးရှောင်အရေး၊ အလုပ်သမားအရေးတွေဟာ ဘယ်ပါတီက အစိုးရဖြစ်လာသလဲဆိုတဲ့အပေါ် မူတည်ပြီး အပြောင်းအလဲရှိနိုင်သလား...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Tuesday, August 15, 2023

“စစ်ကောင်စီရဲ့ ဗုံးကြဲဒဏ်ကိုခံရမှာထက် စစ်ကောင်စီအုပ်ချုပ်မှုအောက်မှာ ဆက်...



“စစ်ကောင်စီရဲ့ ဗုံးကြဲဒဏ်ကိုခံရမှာထက် စစ်ကောင်စီအုပ်ချုပ်မှုအောက်မှာ ဆက်နေရမယ့်ဒဏ်ကို ပိုစိုးရိမ်နေတယ်”

- ဆလိုင်းထက်နီ (ပြောခွင့်ရပုဂ္ဂိုလ် - ချင်းအမျိုးသားတပ်ဦး - CNF)

(၁၆- ၈- ၂၀၂၃)

“ချင်းပြည်နယ်မြောက်ပိုင်းရှိ ဖလမ်းနဲ့ထန်တလန်မြို့ရှိ စစ်ကောင်စီတပ်ရင်းဌာနချုပ်စခန်း နှစ်ခုကို ချင်းတော်လှန်ရေးတပ်တွေက ဆက်တိုက်ဝင်ရောက်သိမ်းပိုက်ခဲ့ပြီး ပွိုင့် ၅ အပါဝင် လက်နက်ကြီး၊ လက်နက်ငယ် တဒါဇင်ခန့်ရရှိခဲ့တယ်။ စစ်သုံးပန်း နှစ်ယောက်လည်း ဖမ်းဆီးလာခဲ့တယ်” လို့ ချင်းအမျိုးသားတပ်ဦး CNF ပြောခွင့်ရပုဂ္ဂိုလ် ဆလိုင်း ထက်နီက ပြောပါတယ်။ 

ဒါ့အပြင် “ပြည်သူတွေဟာ စစ်ကောင်စီရဲ့ ဗုံးကြဲဒဏ်ကိုခံရမှာထက် စစ်ကောင်စီအုပ်ချုပ်မှုအောက်မှာ ဆက်နေရမယ့်ဒဏ်ကို ပိုစိုးရိမ်နေတယ်” လို့လည်း သူကပြောပါတယ်။ ဖလမ်းနဲ့ ထန်တလန်မှာ ဆက်တိုက်ဖြစ်ပွားခဲ့တဲ့ စခန်းသိမ်းတိုက်ပွဲတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ်  သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ ...

- ထန်တလန်နဲ့ ဖလမ်း စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဖက်က ဘယ်လောက်ကျဆုံးပြီး လက်နက်တွေ ဘယ်လောက်သိမ်းမိခဲ့သလဲ...

- CNA နှင့် ဒေသခံ CDF တွေ၊ PDF တွေ ဘယ်လိုပူးပေါင်းတိုက်ပွဲဝင်နေသလဲ...

- တိုက်ပွဲမှာ အထိနာတိုင်း အရပ်ဖက်ပစ်မှတ်တွေဖြစ်တဲ့ ကျေးရွာတွေ၊ ဘုရားကျောင်တွေကို ဗုံးကြဲတာဟာ စစ်ကောင်စီရဲ့ ဗျုဟာတခုလား...

- စစ်ကောင်စီရဲ့ ဗုံးကြဲဒဏ်ကိုခံရမှာထက် စစ်ကောင်စီအုပ်ချုပ်မှုအောက်မှာ ဆက်နေရမယ့်ဒဏ်ကို ပိုစိုးရိမ်တယ်လို့ ဘာကြောင့်ပြောတာလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Sunday, August 13, 2023

“ကရင်နီပြည် လွတ်မြောက်ရေးမှတဆင့် တနိုင်ငံလုံးလွတ်မြောက်ရေးအတွက် ဆောင်ရွက...



“ကရင်နီပြည် လွတ်မြောက်ရေးမှတဆင့် တနိုင်ငံလုံးလွတ်မြောက်ရေးအတွက် ဆောင်ရွက်သွားမယ်”

- အယ်လ်ဖောင်းရှို (NLD အစိုးရခေတ် ကယားပြည်နယ်ဝန်ကြီးချုပ်)

(၁၄- ၈- ၂၀၂၃)

“ကရင်နီပြည် လွတ်မြောက်ရေးကနေ တနိုင်ငံလုံးလွတ်မြောက်ရေးအတွက် တဆင့်ပြီးတဆင့်ဆောင်ရွက်သွားမယ်။ နွေဦးတော်လှန်ရေးမှာ အားလုံးပူးပေါင်းပါဝင်ကြပါ” လို့ NLD အစိုးရခေတ် ကယားပြည်နယ်ဝန်ကြီးချုပ် အယ်လ်ဖောင်းရှို ကပြောပါတယ်။

ကရင်နီပြည်ရဲ့ ပထမ ဆုံး လွတ်မြောက်ဒေသဖြစ်တဲ့ မယ်စဲ့ဒေသက စစ်ဘေးရှောင်တွေထံ သွားရောက်ကူညီပေးခဲ့သူ ရွှေဝါရောင်ဆရာတော် အရှင်ထာဝရ (နော်ဝေ)နဲ့ မယ်စဲ့မြို့မှာ တွေ့ဆုံစဉ် သူက အခုလို ဗွီဒီယို ဖွိုင်နဲ့ အများပြည်သူထံ သတင်းစကားပါးလိုက်တာ ဖြစ်ပါတယ်။

အခု NLD အစိုးရခေတ် ကယားပြည်နယ်ဝန်ကြီးချုပ် အယ်လ်ဖောင်းရှိုရဲ့ အများပြည်သူသို့ သတင်းစကားကို ထုတ်လွှင့်ပေးလိုက်ပါတယ်...။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

“လွတ်မြောက်ဒေသတွေ များများပေါ်လာစေရေးအတွက် အကူအညီတွေမြန်မြန်ပေးနိုင်ဖို့...



“လွတ်မြောက်ဒေသတွေ များများပေါ်လာစေရေးအတွက် အကူအညီတွေမြန်မြန်ပေးနိုင်ဖို့ လိုပါတယ်”

- အရှင်ထာဝရ (ရွှေဝါရောင်ဆရာတော် - နော်ဝေ)

(၁၃- ၈- ၂၀၂၃)

“ကရင်နီဒေသက မယ်စဲ့မြို့လို လွတ်မြောက်ဒေသတွေ များများပေါ်လာစေရေးအတွက် ပြည်တွင်း-ပြည်ပရှိ စေတနာရှင်တွေက များများနဲ့မြန်မြန် ကူညီပေးဖို့လိုတယ်။ IDP တွေအတွက် ရိက္ခာနဲ့ဆေးဝါးအပြင် ရှေ့တန်းက တော်လှန်ရေးရဲဘော်တွေအတွက် လိုအပ်ချက်တွေကိုပါ ကူညီပေးဖို့လိုတယ်” လို့ မယ်စဲ့ဒေသရှိ IDP စစ်ဘေးရှောင်တွေထံ သွားရောက်ကူညီပေးခဲ့သူ ရွှေဝါရောင်ဆရာတော် အရှင်ထာဝရ (နော်ဝေ) က မိန့်ပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်ကသွားခဲ့တဲ့ မယ့်စဲ့ဒေသမှာ ဘာတွေအရေးပေါ်အကူညီလိုအပ်နေတာ တွေ့ရသလဲ၊ မယ်စဲ့မြို့အခြေအနေဘယ်လိုရှိသလဲ၊ ERO တပ်ပေါင်းစုက နယ်မြေထိန်းချုပ်ရေးနဲ့ အုပ်ချုပ်ရေး ဘယ်လိုဆောင်ရွက်နေသလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ်  သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ ...

- မယ်စဲ့မြို့နယ်အတွင်း ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဘယ်လိုဆောင်ရွက်နေသလဲ...

- 4 K လို့ခေါ်တဲ့ KNLPF, KA, KNDF, KNLA တော်လှန်ရေးတပ်ဖွဲ့တွေ မြေပြင်မှာ ဘယ်လိုပူးပေါင်းဆောင်ရွက်နေသလဲ...

- စစ်ဘေးရှောင်တွေအတွက် ဘာတွေအဓိက လိုအပ်နေသလဲ...

- မယ်စဲ့မြို့သား၊ NLD ခေတ် ကယားပြည်နယ်ဝန်ကြီးချုပ်က လူထုကို ဘယ်လိုသတင်းစကားပါးလိုက်သလဲ...

- လိုအပ်တဲ့နေရာကို အကူအညီတွေ မြန်မြန်နဲ့များများရောက်နိုင်အောင် ဘယ်လို ပူးပေါင်းဆောင်ရွက်ကြမလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Saturday, August 12, 2023

“မယ်စဲ့ဒေသတခုလုံးကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ထိန်းချုပ်ထားပါတယ်”


“မယ်စဲ့ဒေသတခုလုံးကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ထိန်းချုပ်ထားပါတယ်”

- ရဲဘော်လောရင်စိုး - (တွဲဖက်အတွင်းရေးမှူး - ကလလတ) 

(၁၂- ၈- ၂၀၂၃)

“လေယာဉ်နဲ့ဗုံးကျဲတိုက်ခိုက်တာရှိနေဆဲဖြစ်ပေမယ့် မယ်စဲ့အပါဝင် သံလွင်မြစ်အရှေ့ချမ်းဒေသတခုလုံးကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ထိန်းချုပ်ထားပါတယ်။ တော်လှန်ရေးတပ်ပေါင်းစုရဲ့ ပူးပေါင်းဆောင်ရွက်နိုင်မှုဟာ အကောင်းဆုံးအနေအထားမှာရှိပါတယ်” လို့ ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) တွဲဖက်အထွေထွေအတွင်းရေးမှူး ရဲဘော်လောရင်စိုးက ပြောပါတယ်။

မနက်ဖန် သြဂုတ် ၁၃ ရက်ဆိုရင် မယ့်စဲ့မြို့ကို တော်လှန်ရေးတပ်ပေါင်းစုက စတင်တိုက်ခိုက်တာ၊ တနည်းအားဖြင့် နယ်ခြားတပ်အဖြစ် အသွင်ပြောင်းထားတဲ့ -ကလလတ- က စစ်ကောင်စီကို ပြန်တော်လှန်တာ ၂ လပြည့်နေ့မှာ မယ်စဲ့မြို့ အခြေအနေ ဘယ်လိုရှိသလဲ၊ တော်လှန်ရေးတပ်ပေါင်းစုက ဘယ်လိုဆောင်ရွက်နေသလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ်  သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ ...

- မယ်စဲ့မြို့ နောက်ဆုံးအခြေနေ ဘယ်လိုရှိသလဲ...

- တော်လှန်ရေးတပ်ပေါင်းစု ဘယ်လိုပူးပေါင်းဆောင်ရွက်နေကြသလဲ...

- တရက်တာ တိုက်ပွဲတခုမှာတင် ခြင်းကျား ၈၀ နဲ့ အရာရှိ ၃ ဦးအလောင်းတွေ့တယ်ဆိုရင် ၂ လတာအတွင်း စစ်ကောင်စီဖက်က ဘယ်လောက်အကျအဆုံးများနေပြီလဲ...

- အခြားဒေသရှိ နယ်ခြားစောင့်တပ်တွေ၊ ငြိမ်း အဖွဲ့တွေ နွေဦးတော်လှန်ရေးထဲ ဘယ်တော့ပါလာကြမလဲ...

- ဒီတကြိမ်တော်လှန်ရေး အောင်ကိုအောင်ရမယ်လို့ ဘာကြောင့် ပြောနိုင်တာလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Share

Twitter Delicious Facebook Digg Stumbleupon Favorites More