(အခုအချိန်ဟာ ဥရောပနဲ့အနောက်နိုင်ငံတွေမှာ ခရစ်မစမတ်နဲ့ နှစ်သစ်ကူး ရုံးပိတ်ရက်တွေရှိ လို့ ပြည်ပရောက် မြန်မာတွေခရီးသွားနေကြသလို ပြည်တွင်းမှာလဲ ရာသီဥတုပွင့်လင်းချိန်မို့ သူငယ်ချင်း တချို့ခရီးသွားနေကြပါတယ်။ လောလောဆယ် ခရီးမသွားနိုင်ဖြစ်နေတဲ့ ကျနော်ကတော့ အယင်နှစ်တွေက ဒီလိုအချိန်မျိုးမှာ သွားခဲ့ဖူးတဲ့ခရီးစဉ် မှတ်တန်းတချို့ကို ပြန်လည်တင်ပြလိုက်ပါတယ်)
ဒါကတော့ ၂၀၀၇၊ ၂၀၀၈ တုန်းကသွားဖြစ်ခဲ့တဲ့ခရီးစဉ် စုစည်းတင်ပြချက်ပါ။ (ဗဟုသုတ ခရီးစဉ်လို့ ဆိုနိုင်ပါတယ်)
ဒါကတော့ ၂၀၁၁ ခရီးစဉ်တုန်းက ရိုက်ဖြစ်ခဲ့တာလေးပါ။ ( ဗဟုသုတခရီးထက် ရဲဘော်ရဲဘက်တွေ၊ ဒုက္ခသည်စခန်းက ကလေးငယ်တွေရဲ့ အနာဂတ်ကို စဉ်းစားမိတဲ့ခရီးလို့ ဆိုနိုင်ပါတယ်)
ဒါကလဲ ၂၀၁၁ ပါဘဲ့။ ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးမှာ အရေးပါလှတဲ့ ချစ်ကြည်ရေးတံတားကြီးဘေးနားက ထူးထူးခြားခြား နယ်ခြားဖြတ်ကျော်နေသူများဖြစ်ပါတယ်။ (ဗဟုသုတနဲ့ နိုင်ငံရေးနိုင်ငံရေးဒုက္ခအပြင် စီးပွါးရေး ဒုက္ခကိုပါ မြင်နိုင်တဲ့ခရီးစဉ်လို့ဆိုနိုင်ပါတယ်)
ဒါကတော့ ပြန်ဖွင့်ဖို့ကျိုးစားနေတယ်လို့ကြားရတဲ့ ထိုင်း-မြန်မာ သေမင်းတမန် ရထားလမ်းအမှတ်တရပါ။

0 comments:
Post a Comment