Friday, 09 September 2011 17:07
ေအာက္ေမ့ဖြယ္။ ဧရာ၀တီမဂဇင္း။
က်ေနာ္တုိ႔ကို ခရိုင္ ႏိုင္ငံေရးမႉးရဲေဘာ္ တင္ရွိန္၊ ခရိုင္တပ္မႉး ရဲဲေဘာ္တင္ထြန္း ဆိုတဲ့ ညီအစ္ကို ႏွစ္ဦး ဦးေဆာင္တဲ့ အဖဲြ႕က ႀကိဳဆို စကားေျပာခဲ့ ပါတယ္ (ဗကပ – တသၤာရီတိုင္း ဟာ ေနာက္ပိုင္းမွာ ၿမိတ္-ထားဝယ္ ညီညြတ္ေရး တပ္ဦး အျဖစ္ အသြင္ ေျပာင္းလုိက္ၿပီး ရဲေဘာ္တင္ထြန္းက တုိက္ပဲြမွာက်ဆုံးသြားခဲ့ပါတယ္) အဲဒီတုန္းကေတာ့ သူတို႔ေျပာတဲ့ အထဲမွာ သူတို႔ပါတီရဲ႕ ႀကိဳးပမ္းေဆာင္ရြက္မႈေတြ၊ ထားဝယ္လူထုရဲ႕ ေထာက္ခံမႈအေျခေနေတြ၊ လက္နက္ကိုင္ လႈပ္ရွားမႈ အေျခအေန အေတာ္ေလး စံုစံုလင္လင္ ပါဝင္ပါတယ္။ အဲဒီထဲက အေရးႀကိီးဆံုးအခ်က္ တခုကေတာ့ KNU နယ္ေျမဆီမသြားဘဲ သူတို႔ နယ္ေျမမွာ အေျခစိုက္ၿပီး ေက်ာင္းသားလႈပ္ရွားမႈ လုပ္လည္းရပါတယ္၊ သူတို႔မွာလည္း လက္နက္ေတြရိွပါတယ္ ဆိုတဲ့ အခ်က္အျဖစ္ က်ေနာ္ မွတ္မိေနပါတယ္။
ေက်ာင္းသားရဲေဘာ္သစ္မ်ား ဝါးရင္းတုတ္ျဖင့္ စစ္ေရးေလ့က်င့္စဥ္
ဒါေပမယ့္ က်ေနာ္တို႔က အဲဒါကိုလက္မခံဘဲ KNU နယ္ေျမကိုျဖတ္ၿပီး ထိုင္းနယ္စပ္ကို အျမန္ဆံုး အေရာက္သြားမွျဖစ္မယ္၊ အဲဒီမွာ ေက်ာင္းသားအားလံုးဆံုၿပီး ေက်ာင္းသားတပ္ဖြဲ႕မယ္၊ ဒါ ေၾကာင့္ KNU နယ္ေျမကိုသာ အျမန္ဆံုးပို႔ေပးပါ ဆိုၿပီး ေတာင္းဆိုခဲ့ပါတယ္။ ေနာက္တေန႔မနက္ မွာေတာ့ မကဲ - ေက်ာက္အုိင္ကေန KNU နယ္ေျမဆီ ခရီးဆက္ဖုိ႔ က်ေနာ္တုိ႔ ျပင္ပါတယ္။ တခ်ိန္တည္းမွာပဲ ကုိတင္ေလးနဲ႔ ရန္ကုန္ကေနေရာက္ေနတဲ့ ဗကသ က ဆလုိင္းကိုကုိဦးတို႔ အဖြဲ႕ကလည္း က်ေနာ္တုိ႔နဲ႔ အတူသြားေနရင္ မဲေဆာက္နဲ႔ သီေဘာဘုိးဆီ အခ်ိန္မီ မေရာက္မွာစုိးတဲ့အတြက္ ရေနာင္းကို အျမန္ဆုံး ဆင္းၿပီး အဲဒီက တဆင့္ မဲေဆာက္ဘက္ အျမန္သြားႏုိင္ဖုိ႔ ျပင္ဆင္ေနပါတယ္။
မနက္ ၇ နာရီ ေက်ာ္ေက်ာ္ေလာက္မွာေတာ့ ကိုတင္ေလးနဲ႔ ကုိေက်ာ္ေအာင္၊ ကုိေအာင္မုိးျမတ္ (သူတုိ႔ ၂ ဦးဟာလည္း ေနာက္ပုိင္း မင္းသမီး ေဒသမွာ အသတ္ခံရသလုိလုိနဲ႔ ကိုတင္ေလးနဲ႔အတူ ေပ်ာက္ဆုံးသြားပါတယ္) အတိုး အပါအ၀င္ ထား၀ယ္ ေက်ာင္းသား ကိုယ္စားလွယ္အဖြဲ႕။ ကုိကုိဦး၊ မင္းသူ၊ ေက်ာ္ေဇာ၊ ထြန္းလင္းနဲ႔ တျခားတဦးအပါ၀င္ ဗကသ-ရန္ကုန္ ကုိယ္စားလွယ္ အဖြဲ႕နဲ႔ ထား၀ယ္ဆႏၵျပပဲြကို သတင္းယူေနတဲ့ ထုိင္း TV ခ်ယ္နယ္ တခုက ေမာင္ေမာင္လို႔ ေခၚတဲ့ ထုိင္းသတင္းေထာက္ တဦးအပါအ၀င္ လူတဒါဇင္ေလာက္ဟာ ရေနာင္းသြားေရးအတြက္ မကဲ - ေက်ာက္အုိင္ကေန သရက္ေခ်ာင္းဘက္ ထြက္သြားပါတယ္။ က်ေနာ္တုိ႔အုပ္စုလည္း မကဲ ေခ်ာင္းကို ျဖတ္ၿပီး KNU နယ္ေျမဆီသြားဖုိ႔ ထြက္လာခဲ့ပါတယ္။
မွတ္မွတ္ရရ က်ေနာ္တုိ႔စစ္ေၾကာင္းရဲ႕ လူဦးေရက ၃၉ ဦး တိတိ။ ဒီေန႔ခရီးကေတာ့ တကယ့္ကုိ ေတာတြင္း ခရီးစဥ္ပါပဲ။ အရင္လုိ ထား၀ယ္ရြာေတြကို မေတြ႕ရေတာ့ဘဲ ကရင္ရြာေလးေတြ၊ တဲအိ္မ္ေလးေတြ ဟုိတစု ဒီတစုကိုသာ ေတြ႕ရၿပီး က်ေနာ္တုိ႔ကို ထမင္း ထုပ္ေပးမယ့္လူ၊ ထမင္းဖိတ္ေကၽြးမယ့္ လူလည္းမရွိေတာ့ပါဘူး။ လမ္းဆုိလုိ႔ မယ္မယ္ရရမရွိဘဲ ေရွ႕ကလမ္းျပ ဗကပ ရဲေဘာ္သြားတဲ့အတုိင္း က်ေနာ္တုိ႔ တန္းစီၿပီး ေနာက္ကလုိက္၊ ေရေခ်ာင္းျဖတ္တဲ့ အခါမွာေတာ့ သူခ်ေပးတဲ့ ႀကိဳးတန္းကို ကုိင္ၿပီး ကူးၾက၊ ျမမာလာဖိနပ္စီးတဲ့ ကိုေရႊေက်ာင္းေတာ္သားေတြ ခမ်ာမွာလည္း ညည္းသူညည္း၊ “အေမေရ အေမ့သား အျဖစ္ကုိ ၾကည့္လွည့္ပါဦး” လုိ႔ ေအာ္သူေအာ္၊ ပုဆုိးကို ကြင္းသုိင္းသူသုိင္း၊ ျမမာလာကို လႊင့္ပစ္ၿပီး ဖိနပ္ မပါဘဲ ေလွ်ာက္သူ ေလွ်ာက္နဲ႔ ညေန ၄ နာရီ ေက်ာ္ေလာက္မွာေတာ့ ေတာင္သံုးဆယ္ အတက္ စမ္းေခ်ာင္းေလး ေဘးက ေတာအုပ္ေလး ထဲမွာ က်ေနာ္တုိ႔ စစ္ေၾကာင္း စခန္းခ် ညအိပ္ဖုိ႔ ျပင္ပါတယ္။
အခ်ိန္က ေစာေနေသးတယ္ ဆုိေပမယ့္ ေတာထူၿပီး ေနေရာင္ ေကာင္းေကာင္း မရတဲ့အတြက္ လမ္းဆက္ေလွ်ာက္လုိ႔ မရေတာ့ ပါဘူး။ အဲဒီညဟာ က်ေနာ္တို႔အတြက္ ပထမဆံုးအႀကိမ္ ကိုယ့္ထမင္းကိုယ္ခ်က္၊ ကုိယ္စားဖို႔ငါးကို ေခ်ာင္းထဲမွာ ကို္ယ့္ဟာကိုယ္ ဖမ္း၊ နီးတဲ့ သစ္ရြက္ကိုခူးၿပီး ဟင္းခ်ိဳခ်က္တဲ့အိုးထဲထည့္တဲ့ အမွတ္တရည ျဖစ္တဲ့အျပင္ အိုးအိမ္မဲ့ ဘဝနဲ႔ ေက်ာက္တံုးေတြ၊ ေျမႀကီးေတြေပၚမွာ သစ္ရြက္ေတြခင္းၿပီး အိပ္ရတဲ့ ပထမဆံုး ညလည္းျဖစ္ပါတယ္။
က်ေနာ္တို႔ထဲမွာ ပါလာတဲ့ လူ ၄ဝ ေက်ာ္ထဲက အမ်ားစုဟာ က်ေနာ့္လိုပဲ ေက်ာင္းသားေတြ ျဖစ္တဲ့အတြက္ ထမင္း မခ်က္ဖူး ၾကတဲ့ အျပင္ အခုလို မီးဖိုမရိွတဲ့ ေတာထဲမွာ ဘယ္ကစၿပီး မီးေမႊးရမွန္းေတာင္ မသိျဖစ္ေနၾကပါတယ္။ ဒါေပမယ့္ လံုၿခံဳေရး လိုက္ေပးတဲ့ ဗကပ ရဲေဘာ္ ၂ ဦးက ေတာတြင္း ထမင္းခ်က္နည္းကို ျပေပးၿပီး ေက်ာင္းသားမဟုတ္တဲ့ ရြာသား ၅ ဦးေလာက္က ဦးေဆာင္စီမံေပးခဲ့တဲ့ အျပင္ ေခ်ာင္းထဲက ငါးပါဖမ္းၿပီး ဟင္းခ်က္ေပးတဲ့အတြက္ အေတာ္အဆင္ေျပ ခဲ့ပါတယ္။
ဒါေပမယ့္ တခ်ိဳ႕ ေက်ာင္းသားေတြကေတာ့ ခရီးပမ္းၿပီး သစ္ပင္ေျခရင္းမွာ တံုးလံုးလဲွ အိပ္ေပ်ာ္ကုန္တဲ့အတြက္ အဲဒီေလာက္ေကာင္းတဲ့ ပထမဆံုး ေတာတြင္း ညစာကိုေတာင္ မစားလုိက္ရရွာပါဘူး။
ပင္ပန္းလြန္းလုိ႔သာ အိပ္ေပ်ာ္သြားၾကေပမယ့္ အိပ္ဖုိ႔ အခင္းအက်င္းက ဘာမွမရွိပါဘူး။ ေက်ာက္တုံးေတြ ေပၚမွာ ရသမွ် သစ္ရြက္ေတြကို ခင္းအိပ္ၾကရၿပီး မုိးကလည္း တဖြဲဖြဲရြာ၊ ျခင္ကကုိက္၊ ကၽြတ္က တြယ္ဆုိေတာ့ ေကာင္းေကာင္း အိပ္ေပ်ာ္တယ္လုိ႔ မေျပာႏိုင္ပါဘူး။ ဒီၾကားထဲ က်ားဟိန္းသံ လုိလုိ ၾကားမိတဲ့အတြက္ ေတာေကာင္ေတြ ထြက္လာရင္ေတာ့ ဒုကၡပဲလုိ႔ ေက်ာင္းသားတခ်ဳိ႕က စိုးရိမ္ေနပါတယ္။ ဒါေပမယ့္ ဗကပ လမ္းျပကေတာ့ သူရဲ႕ AK ေသနတ္ကိုျပပီး ဘာမွမပူနဲ႔ ေဟာဒီမွာ ေတြ႕လားလုိ႔ အားေပးစကား ေျပာပါတယ္။ ဒီလုိနဲ႔ပဲ ညဟာ ဘယ္လုိ ကုန္သြားမွန္းမသိပါဘူး။
ေနာက္တေန႔ မနက္မွာေတာ့ က်ေနာ္တို႔ ေက်ာင္းသားေတြၾကား အခုအခိ်န္ထိ ေျပာစမွတ္ က်န္ေနဆဲျဖစ္တဲ့ ေတာင္သံုးဆယ္ ကို စတက္ရပါေတာ့တယ္။ က်ေနာ့္တသက္ တက္ဖူးသေလာက္ ေတာင္ေတြထဲမွာ အျမင့္ဆံုးမဟုတ္ရင္ေတာင္ အခက္ခဲဆံုး တက္ရတဲ့ ေတာင္တန္းႀကီးတခုပါ။ ေက်ာင္းမွာတုန္းက တက္ဖူးတဲ့ ထားဝယ္က ေတာင္မိုးေတာင္ဟာ အေတာ္ျမင့္ေပမယ့္ လူေတြတက္ေနက် လမ္းေၾကာင္းရိွတဲ့ေတာင္မို႔ ဘာမွအခက္ခဲ မရိွပါဘူး။ ၿပီးေတာ့ ေက်ာင္းမွာတုန္းက ေတာင္တက္တယ္ ဆိုတာက ဝတ္စံုေတြ၊ ဖိနပ္ေတြ အေသအခ်ာနဲ႔ ေႏြရာသီမွာ အေပ်ာ္တမ္းတက္တာမ်ိဳးပါ။ ဒါေပမယ့္ အခု က်ေနာ္ တက္ေနရတဲ့ ေတာင္ကေတာ့ အဲဒီလိုမ်ိဳး ကို္ယ္ကေရြးခ်ယ္ၿပီး ေႏြရာသီမွာ အေပ်ာ္တက္ေနရတာ မဟုတ္ပါဘူး။ မိုးေတြက ရြာ၊ လမ္းကလည္းမရိွ၊ တခ်ိဳ႕ေနရာဆို လက္ဆဲြစရာ သစ္ပင္လည္းမရိွ၊ တခ်ဳိ႕ေက်ာင္းသားေတြဆုိ ဆဲြမိဆဲြရာကို ကုိင္ရင္းနဲ႔ လက္ဖ၀ါးေတြ ကြဲရွ၊ ေသြးေတြထြက္ ျဖစ္ေနတာပါ။ ဒီလုိနဲ႔ ရံြ႕အနီေရာင္ေတြနဲ႔ ေခ်ာေနတဲ့ ေတာင္နံရံႀကီးကို ဒီအတိုင္း တြယ္တက္ ေနရတဲ့အလုပ္က က်ေနာ္တို႔အဖို႔ေတာ့ တကယ့္ကို စြန္႔စားခန္းႀကီးပါ။
“အေမေရကယ္ပါဦး” ဆုိၿပီး ေက်ာင္းသားေတြ ထုံးစံအတုိင္း အမ်ိဳးမ်ဳိး ေအာ္ဟစ္ေျပာဆုိေနတဲ့ ၾကားထဲ ထူးထူးျခားျခား ထြက္လာတဲ့ အသံတခုကေတာ့ “က်ေနာ္ေတာ့ ဒီေတာင္ကုိ မေက်ာ္ႏုိင္ေတာ့ဘူး။ က်ေနာ့္ကုိ ပစ္သတ္ၿပီး ထားခ်င္လည္း ထားခဲ့ေတာ့၊ က်ေနာ္ ဆက္မတက္ ႏုိင္ေတာ့ဘူး၊ ေတာ္လွန္ေရး မလုပ္ရရင္လည္း ေနပါေစေတာ့” ဆုိၿပီး ငုိသံနဲ႔ ေအာ္ေျပာလုိက္တဲ့ ထား၀ယ္ေကာလိပ္က စိုးေအာင္ခင္ (ေနာက္ပုိင္း မင္းသမီးေဒသမွာ အသတ္ခံရသလုိလုိနဲ႔ ေရွ႕ေန ဦးျမင့္သိန္းနဲ႔အတူ ေပ်ာက္ဆုံးသြားသူ) ရဲ႕ အသံျဖစ္ပါတယ္။ ပုံမွန္အားျဖင့္ ဆုိရင္ေတာ့ ဒီေအာ္သံမ်ဳိးၾကားရင္ ၀ုိင္းဟားၾကမွာ ျဖစ္ေပမယ့္ အခုေတာ့ တဦးမွ မဟားႏုိင္ ၾကပါဘူး။ အားလုံးဟာ သူ႔လုိ႔ပဲ ေအာ္ငုိခ်င္တဲ့ လူခ်ည္းျဖစ္ေနပုံ ရပါတယ္။ ေနာက္ဆုံးမွာေတာ့ ကိုယ့္အခ်င္းခ်င္းကလည္း ကူမတြဲႏုိင္တဲ့အတြက္ ဗကပ ရဲေဘာ္ကုိပဲ ကူၿပီးတြဲခုိင္းလုိက္ရပါတယ္။
တကယ္တမ္း ေျပာမယ္ဆိုရင္ေတာ့ ဒီေတာင္တက္တဲ့ အေရးဟာ က်ေနာ္တို႔ေက်ာင္းသားေတြ အဖို႔ ေသခန္းရွင္ခန္း စြန္႔စားမႈႀကီးျဖစ္ေနေပမယ့္ ဗကပ ရဲေဘာ္အတြက္ကေတာ့ ေန႔စဥ္ လုပ္ေနၾက ထမင္းစား၊ ေရေသာက္တဲ့ အလုပ္ထက္ ပိုခက္ပံု မေပၚပါဘူး။ သူ႔အတြက္ အားလံုးက လြယ္လြယ္ေလးပါ။ ေနာက္ပုိင္း ျပန္စဥ္းစားမိတာကေတာ့ ဒါေတြအားလုံးဟာ အေလ့အက်င့္နဲ႔ ဆုိင္ပုံရပါတယ္။ ဘာေၾကာင့္လဲဆုိေတာ့ ေတာခုိကာစက အဲဒီလုိ ခဲရာခဲဆစ္ သြားခဲ့ရတဲ့ ေတာင္ေတြဟာ ေနာက္ပုိင္း က်ေနာ္တုိ႔ ေရွ႕တန္းျပန္ဆင္းတဲ့ အခါမွာေတာ့ အခု ဗကပ ရဲေဘာ္သြားသလုိပဲ လြယ္လြယ္ေလးနဲ႔ ေတာင္တက္၊ ၿခံဳတုိး လုပ္ႏိုင္လာခဲ့လုိ႔ ျဖစ္ပါတယ္။
“မယ္ညား … ပါသား ...။ ေယာ့ေထာ္ကလိုး...”
“ေရွ႕ၾကည့္ ...သတိ … ေသနတ္ထမ္း … ” လို႔ ကရင္ဘာသာနဲ႔ အမိန္႔ေပးသံ၊ သံၿပိဳင္ေအာ္သံေတြ ပဲ့တင္ရိုက္ေနတဲ့ ေနရာကေတာ့ တနသၤာရီျမစ္ရဲ႕ ေခ်ာင္းလက္တက္ ဘန္းေခ်ာင္း နေဘးက KNU တပ္ခဲြ ၁ စခန္း စစ္ေရးျပ ေလ့က်င့္ကြင္းက က်ေနာ္တို႔ ေက်ာင္းသားေတြရဲ႕ အသံေတြျဖစ္ပါတယ္။ လက္နက္ကိုင္ ေတာ္လွန္ေရးလုပ္ဖို႔၊ စစ္တပ္ကို ျပန္တိုက္ဖို႔ ကရင္ေတြဆီမွာ ေသနတ္သြားယူမယ္၊ စစ္သင္တန္း တပတ္ေလာက္ တက္ၿပီးရင္ စစ္တပ္ကုိ ျပန္တိုက္မယ္ဆုိၿပီး ထြက္လာတဲ့ က်ေနာ္တုိ႔အုပ္စုဟာ ကရင္နယ္ဆီ တကယ္ေရာက္လာတဲ့ အခါမွာေတာ့ ေသနတ္အစစ္ကို မကုိင္ရဘဲ ၀ါးရင္းတုတ္ ေသနပ္နဲ႔ စစ္သင္တန္း တက္ေနရတဲ့အေပၚ အေတာ္စိတ္ပ်က္ ေနမိပါတယ္။
ေနာက္တခါ ဗမာလုိမေျပာဘဲ ကရင္ဘာသာနဲ႔ အမိန္႔ေပးမယ္ ဆုိတဲ့အေပၚ အျငင္းပြားၾက ျပန္ပါတယ္။ ေနာက္ဆုံး မွာေတာ့ တျခားေရြးစရာ သိပ္မရွိတဲ့အတြက္ သူတုိ႔ေပးတဲ့သင္တန္းမွာ သူတုိ႔ဘာသာနဲ႔မွ ျဖစ္မယ္ဆုိၿပီး လက္ခံလုိက္ရပါတယ္။ ဒါေပမယ့္ ေပးတဲ့သင္တန္းက က်ေနာ္တုိ႔ အေရးေပၚလုိေနတဲ့ ေသနတ္ပစ္နည္း၊ ျဖဳတ္နည္း၊ ျပင္နည္း သင္တန္းမဟုတ္ဘဲ ဘယ္ - ညာ နင္းတဲ့ စစ္ေရးျပ သင္တန္း ျဖစ္ေနျပန္ပါတယ္။ ပိုဆုိးတာက ကရင္ေတြျပတဲ့ စစ္ေရးျပထဲမွာ ေရွ႕လွည့္၊ ေနာက္လွည့္ အကြက္ေတြဟာ အေတာ္ ကိုးယုိးကားယားႏုိင္ၿပီး က်ေနာ္တုိ႔နဲ႔ လုံး၀ အဆင္မေျပပါဘူး။
က်ေနာ္အပါ၀င္ ေက်ာင္းသားအေတာ္မ်ားမ်ားက လမ္းစဥ္လူငယ္၊ ေရွ႕ေဆာင္လူငယ္၊ အရန္မီးသတ္၊ ၾကက္ေျခနီ စသျဖင့္ တက္ဖူး ၿပီးသူေတြျဖစ္တဲ့တြက္ အေျခခံ စစ္ေရးျပေလာက္ကေတာ့ ကၽြမ္းၿပီးသားပါ။ အခု သင္တန္းေပးေနတဲ့ ကရင္ တပ္ၾကပ္ႀကီး ေယာက္ဖထက္ အမ်ားႀကီး သာသူခ်ည္းပဲ ျဖစ္ပါတယ္ (ေယာက္ဖဆုိတဲ့ အသုံးအႏႈန္းကို ထား၀ယ္မွာ သိပ္မၾကားဘူးေပမယ့္ KNU နယ္ထဲမွာေတာ့ ဘာလုပ္လုပ္ အဲဒီ စကားလုံးနဲ႔ အရင္ဆုံး မိတ္ဆက္ရပါတယ္)
က်ေနာ္တုိ႔ တတ္ထားတဲ့ စစ္ေရးျပနဲ႔ KNU က သင္ေပးေနတဲ့ စစ္ေရးျပ အေျခခံအားျဖင့္ သိပ္မကြာေပမယ့္ အဲဒီ ေသနတ္ ထမ္းၿပီး ေနာက္လွည့္တဲ့ အကြက္၊ ေနာက္တလွမ္းဆုတ္တဲ့ အကြက္မွာေတာ့ က်ေနာ္တုိ႔က ေျခတလွမ္း ေနာက္ဆုတ္ၿပီးမွ ကိုယ္ကုိလွည့္တာပါ။ KNU ကေတာ့ ေျခေထာက္ ကိုေနာက္တလွမ္း မဆုတ္ဘဲ ေရွ႕ေျခရဲ႕ ဖေနာင့္ေလာက္ အထိပဲ ဆုတ္ၿပီး ကိုယ္ကုိ တပတ္လွည့္တဲ့အခ်က္ဟာ က်ေနာ္တုိ႔အတြက္ တကယ္ အဆင္မေျပတဲ့ အခ်က္ပါပဲ။
တကယ္တမ္း ေျပာရရင္ေတာ့ ဒီေနရာမွာ ဒီလို “မယ္ည ... ပါသား” ေအာ္ေနဖို႔ က်ေနာ္တို႔မွာ စိတ္ကူးမရိွပါဘူး။ KNU က လက္နက္ မေပးႏိုင္ရင္ ထိုင္းနယ္စပ္အထိ အျမန္သြားမယ္၊ ဟိုမွာ ေက်ာင္းသားတပ္ ဖဲြ႔ေနၿပီ၊ အေမရိကန္နဲ႔ ႏိုင္ငံတကာက ေပးမယ့္ လက္နက္ေတြယူၿပီး အျမန္ဆံုးျပန္တိုက္မယ္၊ တိုက္ပဲြက အေရးႀကီးတယ္၊ ဘယ္ညာ နင္းတာေလာက္ကေတာ့ ဒီအထိ လာသင္စရာ မလိုပါဘူးဆိုၿပီး က်ေနာ္တို႔ဘက္က KNU နယ္ေျမတာဝန္ခံေတြကို ထပ္ခါထပ္ခါ ရွင္းျပခဲ့ပါတယ္။ ဒါေပမယ့္ KNU ကဆယ္ဒုိၿမိဳ႕နယ္ ဥကၠ႒ ဖဒုိ ေရးမြန္ဗူး၊ တပ္ခဲြမႉး ဗုိလ္မႉး ခဲရုိနဲ႔ ဒု ခြဲမႉး ဗုိလ္ႀကီးဖားခေလး (အခု ေနာ္ေ၀း ေရာက္ေနသူ) တုိ႔ကေတာ့ ဘာမွမေျပာဘဲ ၿပံဳးေနၾကပါတယ္။
ဘယ္လိုပဲ ျဖစ္ျဖစ္ ေနာက္ဆံုးမွာေတာ့ ဒီအတိုင္း ထိုင္ေနမယ့္အစား KNU က ေပးတဲ့ စစ္သင္တန္းကို တက္ေနတာက ပိုေကာင္းတယ္လို႔ အားလံုးသေဘာတူ ဆံုးျဖတ္ၿပီး ဝါးေတာထဲဝင္ စိတ္ႀကိဳက္ ဝါးလံုးေတြခုတ္၊ ဝါးရင္းတုတ္ကို အေခ်ာသတ္၊ တခ်ိဳ႕ ရဲေဘာ္ေတြကေတာ့ ဝါးရင္းတုတ္ကို ေသနတ္ပံုထြက္ေအာင္ က်ည္ေဘာက္စ္ ထည့္တာမ်ိဳးနဲ႔ ပုံေဖာ္ၾကပါတယ္။ ဒီလိုနဲ႔ မိုးရြာေနပူမေရွာင္ ၿမိဳ႕နယ္မႉး ရံုးေရွ႕က KNU အလံတိုင္ကြင္းမွာ က်ေနာ္တို႔တေတြ စစ္သင္တန္း တက္ျဖစ္တယ္ ဆိုပါေတာ့။ ဆိုလုိတာက က်ေနာ္တို႔မွာ အဝတ္အစားအပိုမပါ၊ သင္တန္းတက္ဖို႔အတြက္ သီးျခား ဝတ္စံုလည္းမရိွ၊ အိမ္က ပါလာတဲ့ လံုခ်ည္နဲ႔ပဲ သင္တန္းတက္၊ ညေန ဘားတိုက္ ျပန္ေရာက္ရင္ ခၽြတ္ၿပီး မီးခိုးတိုက္ ျပန္ဝတ္ လုပ္ခဲ့ရပါတယ္။
ဘားတိုက္ဆိုလို႔ က်ေနာ္တို႔အတြက္ သီးျခားေဆာက္ေပးထားတာ မဟုတ္ပါဘူး။ ၿမိဳ႕နယ္ရံုးနဲ႔ တပ္ခဲြမႉး ရံုးၾကားက ျမက္ေတာထဲမွာ ယာယီ အစည္းေဝးခန္းရဲ႕ တဲအုိပ်က္ထဲ က်ေနာ္တုိ႔ကုိ ေနရာခ်ေပးထားတာပါ။ မိုးကလည္းရြာ၊ ေလကလည္းတိုက္၊ အကာကလည္းမရွိ၊ ဖက္မိုးကလည္းယို၊ ျခင္ကလည္းကိုက္ေပါ့။ ေနာက္ဆုံးေတာ့ ဝါးျခမ္းျပား ၾကမ္းျပင္ကိုပဲ နည္းနည္းစီခြာၿပီး မီးဖိုရင္းနဲ႔ ျခင္ရန္ကို ကာကြယ္ရပါတယ္။ အစားအေသာက္ ထမင္းၾကမ္းနဲ႔ ညာအုိးထီး (ငါးပိရည္) ကုိေတာ့ KNU စားဖိုက ေကၽြးတဲ့အတြက္ ေတာ္ပါေသးတယ္။ ပထမပုိင္းေတာ့ ငါတုိ႔ ေက်ာင္းသားေတြကုိ ငါးပိရည္နဲ႔ ထမင္းေကၽြးၿပီး သူတုိ႔က အသားငါး ဟင္းေတြနဲ႔မ်ား အရင္စားသြားသလားလုိ႔ က်ေနာ္ သံသယ ၀င္မိပါေသးတယ္။
တကယ္ေတာ့ အဲဒီလုိ မဟုတ္ပါဘူး သူတုိလည္း ဒီအတုိင္းပဲ စားေနတာ နွစ္ေပါင္း အေတာ္ၾကာေနၿပိီလုိ႔ KNU ၿမိဳ႕နယ္မႉးက က်ေနာ့္ကုိ ရွင္းျပပါတယ္။
ဒီလုိဆိုရင္ေတာ့ မျဖစ္ဘူး။ အသား မစားႏိုင္ရင္ေတာင္ ငရုတ္သီးေလး၊ ၾကက္သြန္ေလး၊ ငါးေျခာက္ေလးေတာ့ ရွာမွျဖစ္မယ္ဆုိၿပီး က်ေနာ္တုိ႔ ေက်ာင္းသားေတြ အစည္းအေ၀းထုိင္ၾကပါတယ္။ ၿပီးေတာ့ ထား၀ယ္က ပါလာတဲ့ သမဂၢ ရန္ပုံေငြကို ထုတ္သုံးဖုိ႔ ဆုံးျဖတ္ရပါတယ္။ အနီးအနားက ကေထာင္းနီ ရြာဆီ ေခ်ာင္းသံုးတန္ေလာက္ျဖတ္၊ လက္ေလွာ္ေလွကုိ အကူအညီေတာင္းၿပီး ေစ်းသြား၀ယ္ရပါတယ္။
အဲဒီကာလက ငတ္ေပါက္မ်ား ဘယ္ေလာက္အထိ ဆုိးသလဲဆုိရင္ KNU စားဖုိေဆာင္က အစားအစာကို ဘယ္လုိမွ မစားႏိုင္ ေတာ့တာပါ။ ၿမိဳ႕ေပၚကေန ေတာထဲေရာက္ခါစ မုိ႔လို႔လည္း ျဖစ္နုိင္ပါတယ္။ ထမင္းတခါမွ မခ်က္ဖူးတဲ့ က်ေနာ္လည္း ဒီစခန္း မွာေတာ့ မုိးၿပဲဒယ္နဲ႔ေတာင္ ထမင္းခ်က္တတ္ လာခဲ့ေပါ့။ ဒါေပမယ့္ ဟင္းခ်က္နည္းေတာ့ မတတ္လုိက္ပါဘူး။ ဘာေၾကာင့္လဲ ဆုိေတာ့ ခ်က္စရာ ဟင္းမရွိလုိ႔ ျဖစ္ႏုိင္ပါတယ္။ တေန႔တေန႔ က်ေနာ္တုိ႔ စားရတဲ့ ဟင္းထဲမွာ ငါးပိရည္တမ်ဳိး (ဒီငါးပိက အေတာ္ဆုိးပါတယ္။ က်ေနာ္တုိ႔ ထား၀ယ္မွာစားေနတဲ့ ငါးပိနဲ႔ ဘာမွမဆုိင္ဘူး) အမ်ဳိးအမည္မသိတဲ့ ဟင္းရြက္ျပဳတ္တခ်ဳိ႕၊ တခါတေလ ကံေကာင္းတဲ့ေန႔ဆုိရင္ ဒန္အုိး အႀကီးႀကီးထဲ ေရ ၃ ဂါလန္ေလာက္ထည့္ၿပီး ေက်ာက္ဖရံုသီးလုိ၊ သေဘာၤသီးလုိ အတုံး ၂၀ ေလာက္ထည့္ျပဳတ္ထားတဲ့ ဟင္းခ်ဳိလုိဟင္း တမ်ဳိးကုိ စားသုံးခြင့္ ရပါတယ္။
အသက္စြန္႔ၿပီး တုိက္ပဲြ၀င္ဖုိ႔ ဆုံးျဖတ္ခ်က္ ခ်ထားၾကသူေတြ ျဖစ္ေပမယ့္လည္း ဒီလုိအစားအေသာက္ မ်ဳိးကိုေတာ့ သိပ္ မခံႏုိင္ၾကပါဘူး။ ဒါေၾကာင့္ လူတခ်ိဳ႕ကဆုိရင္ “သင္တန္းကလည္း ၀ါးရင္းတုတ္၊ စားရတာလည္း သစ္ရြက္ျပဳတ္ ဆုိရင္ေတာ့ တုိက္ပဲြမ၀င္ခင္၊ ေသနတ္အစစ္မရခင္ လုံးပါးပါး သြားလိမ့္မယ္။ ထား၀ယ္ ျပန္ပီး ဂ်င္ကလိနဲ႔ ျပန္တုိက္တာကမွ အလုပ္ ျဖစ္ဦးမယ္” လုိ႔ ေျပာဆုိၿပီး အိမ္ျပန္သြားၾကပါတယ္။
က်ေနာ္ မွတ္မိသေလာက္ဆုိရင္ အဲဒီတလတာ ကာလအတြင္း အသစ္ထပ္ေရာက္လာသူ ၂၀ ေက်ာ္ေလာက္ ရွိၿပီး ျပန္၀င္သြားသူက ၁၀ ေယာက္ေက်ာ္ပါတယ္။ ဒီၾကားထဲ ေသနတ္ျမန္ျမန္လုိခ်င္ရင္ KNU ထဲ ၀င္ပါလားဆုိၿပီး မဲဆြယ္တာမ်ိဳး ကလည္း မသိမသာ ရွိေနတဲ့အတြက္ ဟိႏၵားမုိင္းကေန ၀င္လာၿပီး က်ေနာ္တုိ႔နဲ႔ လာေရာက္ ပူးေပါင္တဲ့ ေက်ာင္းသား လူငယ္ ၉ ဦးဟာ က်ေနာ္တုိ႔ အုပ္စုကိုစြန္႔ၿပီး KNU တပ္ထဲ ၀င္သြားပါေလေရာ။
ဒီလုိ အေျခေနမွာ ထူးထူးျခားျခား က်ေနာ္တုိ႔ကို အားေပးစကားလာေျပာတဲ့ ကရင္ စစ္ဗုိလ္တဦးကေတာ့ ဗုိလ္ဒါးေက်ာ္ (အခု KNU တပ္မဟာ ၄ မႉး ဗုိလ္မႉးခ်ဳပ္ ဒါးေက်ာ္) ျဖစ္ပါတယ္။ သူ ဘာေတြေျပာခဲ့သလဲ ဆိုတာကို က်ေနာ္ မမွတ္မိေတာ့ပါဘူး။ ဒါေပမယ့္ ပညာတတ္ ကရင္စစ္ဗုိလ္ ထား၀ယ္သားတဦးက ထား၀ယ္လုိ အားေပးစကား ေျပာတဲ့အေပၚ က်ေနာ္တုိ႔ အားတက္မိတာကေတာ့ အမွန္ပါပဲ။ KNU တပ္မဟာ ၄ ေခါင္းေဆာင္ေတြအၾကားမွာ ထား၀ယ္ ကရင္ေတြ အေတာ္မ်ားမ်ား ရွိေပမယ့္ ဗုိလ္ဒါးေက်ာ္၊ ဗုိလ္ကက္နက္၊ ဗိုလ္လယ္၀ါး တုိ႔ကလဲြရင္ က်န္တဲ့ကရင္ အရာရွိေတြက ထား၀ယ္လုိ မေျပာဘဲ ကရင္နဲ႔ ဗမာလုိပဲေျပာၾကပါတယ္။
ဒါေပမယ့္ ဗိုလ္ဒါးေက်ာ္ကလည္း က်ေနာ္တုိ႔စိတ္ထဲမွာ နည္းနည္းေလး အားတက္ လာေအာင္သာ ေျပာႏုိင္ခဲ့ၿပီး က်ေနာ္တုိ႔ အေရးေပၚလုိေနတဲ့ စားနပ္ရိကၡာနဲ႔ လက္နက္ေတြကို မဖန္တီး ေပးႏုိင္ခဲ့ပါဘူး။
ဒီလုိနဲ႔ သီေဘာဘုိးဘက္က ဗဟုိေက်ာင္းသား ညီလာခံ၊ မင္းသမီးဘက္က တနသၤာရီတုိင္း ေက်ာင္းသား အစည္းအေ၀း အေျခေနေတြကို ေစာင့္ေနရင္းနဲ႔ က်ေနာ္တုိ႔ လူ ၅၀၊ ၆၀ ေလာက္ဟာ တလေလာက္ ၾကာၿပီးတဲ့ အခါ မွာေတာ့ အင္အား ၄၀ အတိပဲ က်န္ပါေတာ့တယ္။
===========================================================
(အပိုင်း ၃)
ထက်အောင်ကျော်
Friday, 09 September 2011 17:07
အောက်မေ့ဖွယ်။ ဧရာဝတီမဂဇင်း။
ကျနော်တို့ကို ခရိုင် နိုင်ငံရေးမှူးရဲဘော် တင်ရှိန်၊ ခရိုင်တပ်မှူး ရဲဘော်တင်ထွန်း ဆိုတဲ့ ညီအစ်ကို နှစ်ဦး ဦးဆောင်တဲ့ အဖွဲ့က ကြိုဆို စကားပြောခဲ့ ပါတယ် (ဗကပ – တင်္သာရီတိုင်း ဟာ နောက်ပိုင်းမှာ မြိတ်-ထားဝယ် ညီညွတ်ရေး တပ်ဦး အဖြစ် အသွင် ပြောင်းလိုက်ပြီး ရဲဘော်တင်ထွန်းက တိုက်ပွဲမှာကျဆုံးသွားခဲ့ပါတယ်) အဲဒီတုန်းကတော့ သူတို့ပြောတဲ့ အထဲမှာ သူတို့ပါတီရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေ၊ ထားဝယ်လူထုရဲ့ ထောက်ခံမှုအခြေနေတွေ၊ လက်နက်ကိုင် လှုပ်ရှားမှု အခြေအနေ အတော်လေး စုံစုံလင်လင် ပါဝင်ပါတယ်။ အဲဒီထဲက အရေးကြီးဆုံးအချက် တခုကတော့ KNU နယ်မြေဆီမသွားဘဲ သူတို့ နယ်မြေမှာ အခြေစိုက်ပြီး ကျောင်းသားလှုပ်ရှားမှု လုပ်လည်းရပါတယ်၊ သူတို့မှာလည်း လက်နက်တွေရှိပါတယ် ဆိုတဲ့ အချက်အဖြစ် ကျနော် မှတ်မိနေပါတယ်။
ကျောင်းသားရဲဘော်သစ်များ ဝါးရင်းတုတ်ဖြင့် စစ်ရေးလေ့ကျင့်စဉ်
ဒါပေမယ့် ကျနော်တို့က အဲဒါကိုလက်မခံဘဲ KNU နယ်မြေကိုဖြတ်ပြီး ထိုင်းနယ်စပ်ကို အမြန်ဆုံး အရောက်သွားမှဖြစ်မယ်၊ အဲဒီမှာ ကျောင်းသားအားလုံးဆုံပြီး ကျောင်းသားတပ်ဖွဲ့မယ်၊ ဒါ ကြောင့် KNU နယ်မြေကိုသာ အမြန်ဆုံးပို့ပေးပါ ဆိုပြီး တောင်းဆိုခဲ့ပါတယ်။ နောက်တနေ့မနက် မှာတော့ မကဲ - ကျောက်အိုင်ကနေ KNU နယ်မြေဆီ ခရီးဆက်ဖို့ ကျနော်တို့ ပြင်ပါတယ်။ တချိန်တည်းမှာပဲ ကိုတင်လေးနဲ့ ရန်ကုန်ကနေရောက်နေတဲ့ ဗကသ က ဆလိုင်းကိုကိုဦးတို့ အဖွဲ့ကလည်း ကျနော်တို့နဲ့ အတူသွားနေရင် မဲဆောက်နဲ့ သီဘောဘိုးဆီ အချိန်မီ မရောက်မှာစိုးတဲ့အတွက် ရနောင်းကို အမြန်ဆုံး ဆင်းပြီး အဲဒီက တဆင့် မဲဆောက်ဘက် အမြန်သွားနိုင်ဖို့ ပြင်ဆင်နေပါတယ်။
မနက် ၇ နာရီ ကျော်ကျော်လောက်မှာတော့ ကိုတင်လေးနဲ့ ကိုကျော်အောင်၊ ကိုအောင်မိုးမြတ် (သူတို့ ၂ ဦးဟာလည်း နောက်ပိုင်း မင်းသမီး ဒေသမှာ အသတ်ခံရသလိုလိုနဲ့ ကိုတင်လေးနဲ့အတူ ပျောက်ဆုံးသွားပါတယ်) အတိုး အပါအဝင် ထားဝယ် ကျောင်းသား ကိုယ်စားလှယ်အဖွဲ့။ ကိုကိုဦး၊ မင်းသူ၊ ကျော်ဇော၊ ထွန်းလင်းနဲ့ တခြားတဦးအပါဝင် ဗကသ-ရန်ကုန် ကိုယ်စားလှယ် အဖွဲ့နဲ့ ထားဝယ်ဆန္ဒပြပွဲကို သတင်းယူနေတဲ့ ထိုင်း TV ချယ်နယ် တခုက မောင်မောင်လို့ ခေါ်တဲ့ ထိုင်းသတင်းထောက် တဦးအပါအဝင် လူတဒါဇင်လောက်ဟာ ရနောင်းသွားရေးအတွက် မကဲ - ကျောက်အိုင်ကနေ သရက်ချောင်းဘက် ထွက်သွားပါတယ်။ ကျနော်တို့အုပ်စုလည်း မကဲ ချောင်းကို ဖြတ်ပြီး KNU နယ်မြေဆီသွားဖို့ ထွက်လာခဲ့ပါတယ်။
မှတ်မှတ်ရရ ကျနော်တို့စစ်ကြောင်းရဲ့ လူဦးရေက ၃၉ ဦး တိတိ။ ဒီနေ့ခရီးကတော့ တကယ့်ကို တောတွင်း ခရီးစဉ်ပါပဲ။ အရင်လို ထားဝယ်ရွာတွေကို မတွေ့ရတော့ဘဲ ကရင်ရွာလေးတွေ၊ တဲအိမ်လေးတွေ ဟိုတစု ဒီတစုကိုသာ တွေ့ရပြီး ကျနော်တို့ကို ထမင်း ထုပ်ပေးမယ့်လူ၊ ထမင်းဖိတ်ကျွေးမယ့် လူလည်းမရှိတော့ပါဘူး။ လမ်းဆိုလို့ မယ်မယ်ရရမရှိဘဲ ရှေ့ကလမ်းပြ ဗကပ ရဲဘော်သွားတဲ့အတိုင်း ကျနော်တို့ တန်းစီပြီး နောက်ကလိုက်၊ ရေချောင်းဖြတ်တဲ့ အခါမှာတော့ သူချပေးတဲ့ ကြိုးတန်းကို ကိုင်ပြီး ကူးကြ၊ မြမာလာဖိနပ်စီးတဲ့ ကိုရွှေကျောင်းတော်သားတွေ ခမျာမှာလည်း ညည်းသူညည်း၊ “အမေရေ အမေ့သား အဖြစ်ကို ကြည့်လှည့်ပါဦး” လို့ အော်သူအော်၊ ပုဆိုးကို ကွင်းသိုင်းသူသိုင်း၊ မြမာလာကို လွှင့်ပစ်ပြီး ဖိနပ် မပါဘဲ လျှောက်သူ လျှောက်နဲ့ ညနေ ၄ နာရီ ကျော်လောက်မှာတော့ တောင်သုံးဆယ် အတက် စမ်းချောင်းလေး ဘေးက တောအုပ်လေး ထဲမှာ ကျနော်တို့ စစ်ကြောင်း စခန်းချ ညအိပ်ဖို့ ပြင်ပါတယ်။
အချိန်က စောနေသေးတယ် ဆိုပေမယ့် တောထူပြီး နေရောင် ကောင်းကောင်း မရတဲ့အတွက် လမ်းဆက်လျှောက်လို့ မရတော့ ပါဘူး။ အဲဒီညဟာ ကျနော်တို့အတွက် ပထမဆုံးအကြိမ် ကိုယ့်ထမင်းကိုယ်ချက်၊ ကိုယ်စားဖို့ငါးကို ချောင်းထဲမှာ ကိုယ့်ဟာကိုယ် ဖမ်း၊ နီးတဲ့ သစ်ရွက်ကိုခူးပြီး ဟင်းချိုချက်တဲ့အိုးထဲထည့်တဲ့ အမှတ်တရည ဖြစ်တဲ့အပြင် အိုးအိမ်မဲ့ ဘဝနဲ့ ကျောက်တုံးတွေ၊ မြေကြီးတွေပေါ်မှာ သစ်ရွက်တွေခင်းပြီး အိပ်ရတဲ့ ပထမဆုံး ညလည်းဖြစ်ပါတယ်။
ကျနော်တို့ထဲမှာ ပါလာတဲ့ လူ ၄ဝ ကျော်ထဲက အများစုဟာ ကျနော့်လိုပဲ ကျောင်းသားတွေ ဖြစ်တဲ့အတွက် ထမင်း မချက်ဖူး ကြတဲ့ အပြင် အခုလို မီးဖိုမရှိတဲ့ တောထဲမှာ ဘယ်ကစပြီး မီးမွှေးရမှန်းတောင် မသိဖြစ်နေကြပါတယ်။ ဒါပေမယ့် လုံခြုံရေး လိုက်ပေးတဲ့ ဗကပ ရဲဘော် ၂ ဦးက တောတွင်း ထမင်းချက်နည်းကို ပြပေးပြီး ကျောင်းသားမဟုတ်တဲ့ ရွာသား ၅ ဦးလောက်က ဦးဆောင်စီမံပေးခဲ့တဲ့ အပြင် ချောင်းထဲက ငါးပါဖမ်းပြီး ဟင်းချက်ပေးတဲ့အတွက် အတော်အဆင်ပြေ ခဲ့ပါတယ်။
ဒါပေမယ့် တချို့ ကျောင်းသားတွေကတော့ ခရီးပမ်းပြီး သစ်ပင်ခြေရင်းမှာ တုံးလုံးလဲှ အိပ်ပျော်ကုန်တဲ့အတွက် အဲဒီလောက်ကောင်းတဲ့ ပထမဆုံး တောတွင်း ညစာကိုတောင် မစားလိုက်ရရှာပါဘူး။
ပင်ပန်းလွန်းလို့သာ အိပ်ပျော်သွားကြပေမယ့် အိပ်ဖို့ အခင်းအကျင်းက ဘာမှမရှိပါဘူး။ ကျောက်တုံးတွေ ပေါ်မှာ ရသမျှ သစ်ရွက်တွေကို ခင်းအိပ်ကြရပြီး မိုးကလည်း တဖွဲဖွဲရွာ၊ ခြင်ကကိုက်၊ ကျွတ်က တွယ်ဆိုတော့ ကောင်းကောင်း အိပ်ပျော်တယ်လို့ မပြောနိုင်ပါဘူး။ ဒီကြားထဲ ကျားဟိန်းသံ လိုလို ကြားမိတဲ့အတွက် တောကောင်တွေ ထွက်လာရင်တော့ ဒုက္ခပဲလို့ ကျောင်းသားတချို့က စိုးရိမ်နေပါတယ်။ ဒါပေမယ့် ဗကပ လမ်းပြကတော့ သူရဲ့ AK သေနတ်ကိုပြပီး ဘာမှမပူနဲ့ ဟောဒီမှာ တွေ့လားလို့ အားပေးစကား ပြောပါတယ်။ ဒီလိုနဲ့ပဲ ညဟာ ဘယ်လို ကုန်သွားမှန်းမသိပါဘူး။
နောက်တနေ့ မနက်မှာတော့ ကျနော်တို့ ကျောင်းသားတွေကြား အခုအချိန်ထိ ပြောစမှတ် ကျန်နေဆဲဖြစ်တဲ့ တောင်သုံးဆယ် ကို စတက်ရပါတော့တယ်။ ကျနော့်တသက် တက်ဖူးသလောက် တောင်တွေထဲမှာ အမြင့်ဆုံးမဟုတ်ရင်တောင် အခက်ခဲဆုံး တက်ရတဲ့ တောင်တန်းကြီးတခုပါ။ ကျောင်းမှာတုန်းက တက်ဖူးတဲ့ ထားဝယ်က တောင်မိုးတောင်ဟာ အတော်မြင့်ပေမယ့် လူတွေတက်နေကျ လမ်းကြောင်းရှိတဲ့တောင်မို့ ဘာမှအခက်ခဲ မရှိပါဘူး။ ပြီးတော့ ကျောင်းမှာတုန်းက တောင်တက်တယ် ဆိုတာက ဝတ်စုံတွေ၊ ဖိနပ်တွေ အသေအချာနဲ့ နွေရာသီမှာ အပျော်တမ်းတက်တာမျိုးပါ။ ဒါပေမယ့် အခု ကျနော် တက်နေရတဲ့ တောင်ကတော့ အဲဒီလိုမျိုး ကိုယ်ကရွေးချယ်ပြီး နွေရာသီမှာ အပျော်တက်နေရတာ မဟုတ်ပါဘူး။ မိုးတွေက ရွာ၊ လမ်းကလည်းမရှိ၊ တချို့နေရာဆို လက်ဆွဲစရာ သစ်ပင်လည်းမရှိ၊ တချို့ကျောင်းသားတွေဆို ဆွဲမိဆွဲရာကို ကိုင်ရင်းနဲ့ လက်ဖဝါးတွေ ကွဲရှ၊ သွေးတွေထွက် ဖြစ်နေတာပါ။ ဒီလိုနဲ့ ရွံ့အနီရောင်တွေနဲ့ ချောနေတဲ့ တောင်နံရံကြီးကို ဒီအတိုင်း တွယ်တက် နေရတဲ့အလုပ်က ကျနော်တို့အဖို့တော့ တကယ့်ကို စွန့်စားခန်းကြီးပါ။
“အမေရေကယ်ပါဦး” ဆိုပြီး ကျောင်းသားတွေ ထုံးစံအတိုင်း အမျိုးမျိုး အော်ဟစ်ပြောဆိုနေတဲ့ ကြားထဲ ထူးထူးခြားခြား ထွက်လာတဲ့ အသံတခုကတော့ “ကျနော်တော့ ဒီတောင်ကို မကျော်နိုင်တော့ဘူး။ ကျနော့်ကို ပစ်သတ်ပြီး ထားချင်လည်း ထားခဲ့တော့၊ ကျနော် ဆက်မတက် နိုင်တော့ဘူး၊ တော်လှန်ရေး မလုပ်ရရင်လည်း နေပါစေတော့” ဆိုပြီး ငိုသံနဲ့ အော်ပြောလိုက်တဲ့ ထားဝယ်ကောလိပ်က စိုးအောင်ခင် (နောက်ပိုင်း မင်းသမီးဒေသမှာ အသတ်ခံရသလိုလိုနဲ့ ရှေ့နေ ဦးမြင့်သိန်းနဲ့အတူ ပျောက်ဆုံးသွားသူ) ရဲ့ အသံဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ဆိုရင်တော့ ဒီအော်သံမျိုးကြားရင် ဝိုင်းဟားကြမှာ ဖြစ်ပေမယ့် အခုတော့ တဦးမှ မဟားနိုင် ကြပါဘူး။ အားလုံးဟာ သူ့လို့ပဲ အော်ငိုချင်တဲ့ လူချည်းဖြစ်နေပုံ ရပါတယ်။ နောက်ဆုံးမှာတော့ ကိုယ့်အချင်းချင်းကလည်း ကူမတွဲနိုင်တဲ့အတွက် ဗကပ ရဲဘော်ကိုပဲ ကူပြီးတွဲခိုင်းလိုက်ရပါတယ်။
တကယ်တမ်း ပြောမယ်ဆိုရင်တော့ ဒီတောင်တက်တဲ့ အရေးဟာ ကျနော်တို့ကျောင်းသားတွေ အဖို့ သေခန်းရှင်ခန်း စွန့်စားမှုကြီးဖြစ်နေပေမယ့် ဗကပ ရဲဘော်အတွက်ကတော့ နေ့စဉ် လုပ်နေကြ ထမင်းစား၊ ရေသောက်တဲ့ အလုပ်ထက် ပိုခက်ပုံ မပေါ်ပါဘူး။ သူ့အတွက် အားလုံးက လွယ်လွယ်လေးပါ။ နောက်ပိုင်း ပြန်စဉ်းစားမိတာကတော့ ဒါတွေအားလုံးဟာ အလေ့အကျင့်နဲ့ ဆိုင်ပုံရပါတယ်။ ဘာကြောင့်လဲဆိုတော့ တောခိုကာစက အဲဒီလို ခဲရာခဲဆစ် သွားခဲ့ရတဲ့ တောင်တွေဟာ နောက်ပိုင်း ကျနော်တို့ ရှေ့တန်းပြန်ဆင်းတဲ့ အခါမှာတော့ အခု ဗကပ ရဲဘော်သွားသလိုပဲ လွယ်လွယ်လေးနဲ့ တောင်တက်၊ ခြုံတိုး လုပ်နိုင်လာခဲ့လို့ ဖြစ်ပါတယ်။
“မယ်ညား … ပါသား ...။ ယော့ထော်ကလိုး...”
“ရှေ့ကြည့် ...သတိ … သေနတ်ထမ်း … ” လို့ ကရင်ဘာသာနဲ့ အမိန့်ပေးသံ၊ သံပြိုင်အော်သံတွေ ပဲ့တင်ရိုက်နေတဲ့ နေရာကတော့ တနင်္သာရီမြစ်ရဲ့ ချောင်းလက်တက် ဘန်းချောင်း နဘေးက KNU တပ်ခွဲ ၁ စခန်း စစ်ရေးပြ လေ့ကျင့်ကွင်းက ကျနော်တို့ ကျောင်းသားတွေရဲ့ အသံတွေဖြစ်ပါတယ်။ လက်နက်ကိုင် တော်လှန်ရေးလုပ်ဖို့၊ စစ်တပ်ကို ပြန်တိုက်ဖို့ ကရင်တွေဆီမှာ သေနတ်သွားယူမယ်၊ စစ်သင်တန်း တပတ်လောက် တက်ပြီးရင် စစ်တပ်ကို ပြန်တိုက်မယ်ဆိုပြီး ထွက်လာတဲ့ ကျနော်တို့အုပ်စုဟာ ကရင်နယ်ဆီ တကယ်ရောက်လာတဲ့ အခါမှာတော့ သေနတ်အစစ်ကို မကိုင်ရဘဲ ဝါးရင်းတုတ် သေနပ်နဲ့ စစ်သင်တန်း တက်နေရတဲ့အပေါ် အတော်စိတ်ပျက် နေမိပါတယ်။
နောက်တခါ ဗမာလိုမပြောဘဲ ကရင်ဘာသာနဲ့ အမိန့်ပေးမယ် ဆိုတဲ့အပေါ် အငြင်းပွားကြ ပြန်ပါတယ်။ နောက်ဆုံး မှာတော့ တခြားရွေးစရာ သိပ်မရှိတဲ့အတွက် သူတို့ပေးတဲ့သင်တန်းမှာ သူတို့ဘာသာနဲ့မှ ဖြစ်မယ်ဆိုပြီး လက်ခံလိုက်ရပါတယ်။ ဒါပေမယ့် ပေးတဲ့သင်တန်းက ကျနော်တို့ အရေးပေါ်လိုနေတဲ့ သေနတ်ပစ်နည်း၊ ဖြုတ်နည်း၊ ပြင်နည်း သင်တန်းမဟုတ်ဘဲ ဘယ် - ညာ နင်းတဲ့ စစ်ရေးပြ သင်တန်း ဖြစ်နေပြန်ပါတယ်။ ပိုဆိုးတာက ကရင်တွေပြတဲ့ စစ်ရေးပြထဲမှာ ရှေ့လှည့်၊ နောက်လှည့် အကွက်တွေဟာ အတော် ကိုးယိုးကားယားနိုင်ပြီး ကျနော်တို့နဲ့ လုံး၀ အဆင်မပြေပါဘူး။
ကျနော်အပါဝင် ကျောင်းသားအတော်များများက လမ်းစဉ်လူငယ်၊ ရှေ့ဆောင်လူငယ်၊ အရန်မီးသတ်၊ ကြက်ခြေနီ စသဖြင့် တက်ဖူး ပြီးသူတွေဖြစ်တဲ့တွက် အခြေခံ စစ်ရေးပြလောက်ကတော့ ကျွမ်းပြီးသားပါ။ အခု သင်တန်းပေးနေတဲ့ ကရင် တပ်ကြပ်ကြီး ယောက်ဖထက် အများကြီး သာသူချည်းပဲ ဖြစ်ပါတယ် (ယောက်ဖဆိုတဲ့ အသုံးအနှုန်းကို ထားဝယ်မှာ သိပ်မကြားဘူးပေမယ့် KNU နယ်ထဲမှာတော့ ဘာလုပ်လုပ် အဲဒီ စကားလုံးနဲ့ အရင်ဆုံး မိတ်ဆက်ရပါတယ်)
ကျနော်တို့ တတ်ထားတဲ့ စစ်ရေးပြနဲ့ KNU က သင်ပေးနေတဲ့ စစ်ရေးပြ အခြေခံအားဖြင့် သိပ်မကွာပေမယ့် အဲဒီ သေနတ် ထမ်းပြီး နောက်လှည့်တဲ့ အကွက်၊ နောက်တလှမ်းဆုတ်တဲ့ အကွက်မှာတော့ ကျနော်တို့က ခြေတလှမ်း နောက်ဆုတ်ပြီးမှ ကိုယ်ကိုလှည့်တာပါ။ KNU ကတော့ ခြေထောက် ကိုနောက်တလှမ်း မဆုတ်ဘဲ ရှေ့ခြေရဲ့ ဖနောင့်လောက် အထိပဲ ဆုတ်ပြီး ကိုယ်ကို တပတ်လှည့်တဲ့အချက်ဟာ ကျနော်တို့အတွက် တကယ် အဆင်မပြေတဲ့ အချက်ပါပဲ။
တကယ်တမ်း ပြောရရင်တော့ ဒီနေရာမှာ ဒီလို “မယ်ည ... ပါသား” အော်နေဖို့ ကျနော်တို့မှာ စိတ်ကူးမရှိပါဘူး။ KNU က လက်နက် မပေးနိုင်ရင် ထိုင်းနယ်စပ်အထိ အမြန်သွားမယ်၊ ဟိုမှာ ကျောင်းသားတပ် ဖွဲ့နေပြီ၊ အမေရိကန်နဲ့ နိုင်ငံတကာက ပေးမယ့် လက်နက်တွေယူပြီး အမြန်ဆုံးပြန်တိုက်မယ်၊ တိုက်ပွဲက အရေးကြီးတယ်၊ ဘယ်ညာ နင်းတာလောက်ကတော့ ဒီအထိ လာသင်စရာ မလိုပါဘူးဆိုပြီး ကျနော်တို့ဘက်က KNU နယ်မြေတာဝန်ခံတွေကို ထပ်ခါထပ်ခါ ရှင်းပြခဲ့ပါတယ်။ ဒါပေမယ့် KNU ကဆယ်ဒိုမြို့နယ် ဥက္ကဋ္ဌ ဖဒို ရေးမွန်ဗူး၊ တပ်ခွဲမှူး ဗိုလ်မှူး ခဲရိုနဲ့ ဒု ခွဲမှူး ဗိုလ်ကြီးဖားခလေး (အခု နော်ဝေး ရောက်နေသူ) တို့ကတော့ ဘာမှမပြောဘဲ ပြုံးနေကြပါတယ်။
ဘယ်လိုပဲ ဖြစ်ဖြစ် နောက်ဆုံးမှာတော့ ဒီအတိုင်း ထိုင်နေမယ့်အစား KNU က ပေးတဲ့ စစ်သင်တန်းကို တက်နေတာက ပိုကောင်းတယ်လို့ အားလုံးသဘောတူ ဆုံးဖြတ်ပြီး ဝါးတောထဲဝင် စိတ်ကြိုက် ဝါးလုံးတွေခုတ်၊ ဝါးရင်းတုတ်ကို အချောသတ်၊ တချို့ ရဲဘော်တွေကတော့ ဝါးရင်းတုတ်ကို သေနတ်ပုံထွက်အောင် ကျည်ဘောက်စ် ထည့်တာမျိုးနဲ့ ပုံဖော်ကြပါတယ်။ ဒီလိုနဲ့ မိုးရွာနေပူမရှောင် မြို့နယ်မှူး ရုံးရှေ့က KNU အလံတိုင်ကွင်းမှာ ကျနော်တို့တတွေ စစ်သင်တန်း တက်ဖြစ်တယ် ဆိုပါတော့။ ဆိုလိုတာက ကျနော်တို့မှာ အဝတ်အစားအပိုမပါ၊ သင်တန်းတက်ဖို့အတွက် သီးခြား ဝတ်စုံလည်းမရှိ၊ အိမ်က ပါလာတဲ့ လုံချည်နဲ့ပဲ သင်တန်းတက်၊ ညနေ ဘားတိုက် ပြန်ရောက်ရင် ချွတ်ပြီး မီးခိုးတိုက် ပြန်ဝတ် လုပ်ခဲ့ရပါတယ်။
ဘားတိုက်ဆိုလို့ ကျနော်တို့အတွက် သီးခြားဆောက်ပေးထားတာ မဟုတ်ပါဘူး။ မြို့နယ်ရုံးနဲ့ တပ်ခွဲမှူး ရုံးကြားက မြက်တောထဲမှာ ယာယီ အစည်းဝေးခန်းရဲ့ တဲအိုပျက်ထဲ ကျနော်တို့ကို နေရာချပေးထားတာပါ။ မိုးကလည်းရွာ၊ လေကလည်းတိုက်၊ အကာကလည်းမရှိ၊ ဖက်မိုးကလည်းယို၊ ခြင်ကလည်းကိုက်ပေါ့။ နောက်ဆုံးတော့ ဝါးခြမ်းပြား ကြမ်းပြင်ကိုပဲ နည်းနည်းစီခွာပြီး မီးဖိုရင်းနဲ့ ခြင်ရန်ကို ကာကွယ်ရပါတယ်။ အစားအသောက် ထမင်းကြမ်းနဲ့ ညာအိုးထီး (ငါးပိရည်) ကိုတော့ KNU စားဖိုက ကျွေးတဲ့အတွက် တော်ပါသေးတယ်။ ပထမပိုင်းတော့ ငါတို့ ကျောင်းသားတွေကို ငါးပိရည်နဲ့ ထမင်းကျွေးပြီး သူတို့က အသားငါး ဟင်းတွေနဲ့များ အရင်စားသွားသလားလို့ ကျနော် သံသယ ဝင်မိပါသေးတယ်။
တကယ်တော့ အဲဒီလို မဟုတ်ပါဘူး သူတိုလည်း ဒီအတိုင်းပဲ စားနေတာ နှစ်ပေါင်း အတော်ကြာနေပြီလို့ KNU မြို့နယ်မှူးက ကျနော့်ကို ရှင်းပြပါတယ်။
ဒီလိုဆိုရင်တော့ မဖြစ်ဘူး။ အသား မစားနိုင်ရင်တောင် ငရုတ်သီးလေး၊ ကြက်သွန်လေး၊ ငါးခြောက်လေးတော့ ရှာမှဖြစ်မယ်ဆိုပြီး ကျနော်တို့ ကျောင်းသားတွေ အစည်းအဝေးထိုင်ကြပါတယ်။ ပြီးတော့ ထားဝယ်က ပါလာတဲ့ သမဂ္ဂ ရန်ပုံငွေကို ထုတ်သုံးဖို့ ဆုံးဖြတ်ရပါတယ်။ အနီးအနားက ကထောင်းနီ ရွာဆီ ချောင်းသုံးတန်လောက်ဖြတ်၊ လက်လှော်လှေကို အကူအညီတောင်းပြီး ဈေးသွားဝယ်ရပါတယ်။
အဲဒီကာလက ငတ်ပေါက်များ ဘယ်လောက်အထိ ဆိုးသလဲဆိုရင် KNU စားဖိုဆောင်က အစားအစာကို ဘယ်လိုမှ မစားနိုင် တော့တာပါ။ မြို့ပေါ်ကနေ တောထဲရောက်ခါစ မို့လို့လည်း ဖြစ်နိုင်ပါတယ်။ ထမင်းတခါမှ မချက်ဖူးတဲ့ ကျနော်လည်း ဒီစခန်း မှာတော့ မိုးပြဲဒယ်နဲ့တောင် ထမင်းချက်တတ် လာခဲ့ပေါ့။ ဒါပေမယ့် ဟင်းချက်နည်းတော့ မတတ်လိုက်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ချက်စရာ ဟင်းမရှိလို့ ဖြစ်နိုင်ပါတယ်။ တနေ့တနေ့ ကျနော်တို့ စားရတဲ့ ဟင်းထဲမှာ ငါးပိရည်တမျိုး (ဒီငါးပိက အတော်ဆိုးပါတယ်။ ကျနော်တို့ ထားဝယ်မှာစားနေတဲ့ ငါးပိနဲ့ ဘာမှမဆိုင်ဘူး) အမျိုးအမည်မသိတဲ့ ဟင်းရွက်ပြုတ်တချို့၊ တခါတလေ ကံကောင်းတဲ့နေ့ဆိုရင် ဒန်အိုး အကြီးကြီးထဲ ရေ ၃ ဂါလန်လောက်ထည့်ပြီး ကျောက်ဖရုံသီးလို၊ သဘောၤသီးလို အတုံး ၂၀ လောက်ထည့်ပြုတ်ထားတဲ့ ဟင်းချိုလိုဟင်း တမျိုးကို စားသုံးခွင့် ရပါတယ်။
အသက်စွန့်ပြီး တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ချက် ချထားကြသူတွေ ဖြစ်ပေမယ့်လည်း ဒီလိုအစားအသောက် မျိုးကိုတော့ သိပ် မခံနိုင်ကြပါဘူး။ ဒါကြောင့် လူတချို့ကဆိုရင် “သင်တန်းကလည်း ဝါးရင်းတုတ်၊ စားရတာလည်း သစ်ရွက်ပြုတ် ဆိုရင်တော့ တိုက်ပွဲမဝင်ခင်၊ သေနတ်အစစ်မရခင် လုံးပါးပါး သွားလိမ့်မယ်။ ထားဝယ် ပြန်ပီး ဂျင်ကလိနဲ့ ပြန်တိုက်တာကမှ အလုပ် ဖြစ်ဦးမယ်” လို့ ပြောဆိုပြီး အိမ်ပြန်သွားကြပါတယ်။
ကျနော် မှတ်မိသလောက်ဆိုရင် အဲဒီတလတာ ကာလအတွင်း အသစ်ထပ်ရောက်လာသူ ၂၀ ကျော်လောက် ရှိပြီး ပြန်ဝင်သွားသူက ၁၀ ယောက်ကျော်ပါတယ်။ ဒီကြားထဲ သေနတ်မြန်မြန်လိုချင်ရင် KNU ထဲ ဝင်ပါလားဆိုပြီး မဲဆွယ်တာမျိုး ကလည်း မသိမသာ ရှိနေတဲ့အတွက် ဟိန္ဒားမိုင်းကနေ ဝင်လာပြီး ကျနော်တို့နဲ့ လာရောက် ပူးပေါင်တဲ့ ကျောင်းသား လူငယ် ၉ ဦးဟာ ကျနော်တို့ အုပ်စုကိုစွန့်ပြီး KNU တပ်ထဲ ဝင်သွားပါလေရော။
ဒီလို အခြေနေမှာ ထူးထူးခြားခြား ကျနော်တို့ကို အားပေးစကားလာပြောတဲ့ ကရင် စစ်ဗိုလ်တဦးကတော့ ဗိုလ်ဒါးကျော် (အခု KNU တပ်မဟာ ၄ မှူး ဗိုလ်မှူးချုပ် ဒါးကျော်) ဖြစ်ပါတယ်။ သူ ဘာတွေပြောခဲ့သလဲ ဆိုတာကို ကျနော် မမှတ်မိတော့ပါဘူး။ ဒါပေမယ့် ပညာတတ် ကရင်စစ်ဗိုလ် ထားဝယ်သားတဦးက ထားဝယ်လို အားပေးစကား ပြောတဲ့အပေါ် ကျနော်တို့ အားတက်မိတာကတော့ အမှန်ပါပဲ။ KNU တပ်မဟာ ၄ ခေါင်းဆောင်တွေအကြားမှာ ထားဝယ် ကရင်တွေ အတော်များများ ရှိပေမယ့် ဗိုလ်ဒါးကျော်၊ ဗိုလ်ကက်နက်၊ ဗိုလ်လယ်ဝါး တို့ကလွဲရင် ကျန်တဲ့ကရင် အရာရှိတွေက ထားဝယ်လို မပြောဘဲ ကရင်နဲ့ ဗမာလိုပဲပြောကြပါတယ်။
ဒါပေမယ့် ဗိုလ်ဒါးကျော်ကလည်း ကျနော်တို့စိတ်ထဲမှာ နည်းနည်းလေး အားတက် လာအောင်သာ ပြောနိုင်ခဲ့ပြီး ကျနော်တို့ အရေးပေါ်လိုနေတဲ့ စားနပ်ရိက္ခာနဲ့ လက်နက်တွေကို မဖန်တီး ပေးနိုင်ခဲ့ပါဘူး။
ဒီလိုနဲ့ သီဘောဘိုးဘက်က ဗဟိုကျောင်းသား ညီလာခံ၊ မင်းသမီးဘက်က တနင်္သာရီတိုင်း ကျောင်းသား အစည်းအဝေး အခြေနေတွေကို စောင့်နေရင်းနဲ့ ကျနော်တို့ လူ ၅၀၊ ၆၀ လောက်ဟာ တလလောက် ကြာပြီးတဲ့ အခါ မှာတော့ အင်အား ၄၀ အတိပဲ ကျန်ပါတော့တယ်။
0 comments:
Post a Comment