Friday, December 30, 2011

အိမ်ပြန်ချိန် နွေ ရောက်ပီလား?

အိမ်ပြန်ချိန် နွေ ရောက်ပြီလား?
ထက်အောင်ကျော် (၃၁-၁၂-၁၁)

၂၀၁၁ ကုန်ဆုံးပြီး ၂၀၁၂ ကိုရောက်တော့မဲ့အချိန်မှာ ပြီးခဲ့တဲ့နှစ်ဟောင်း
အတွင်း ရေးဖြစ်ခဲ့သမျှထဲက အကြိုက်ဆုံး ဆောင်းပါး ဘာဖြစ်မလဲလို့ ကိုယ်ဘာသာ
မေးခွန်းထုတ်မိပါတယ်။ ကိုယ်ဘာသာရေး။ ကိုယ်ဘာသာရွေးတဲ့ တယောက်တည်းပြိုင်
ပွဲမှာ ပထမ-ဆုရသွားတဲ့ဆောင်းပါးကတော့ "တတိယ နိုင်ငံရဲ့ ဒုတိယ  ဝေဒနာ"
ဆောင်းပါးဘဲ့ဖြစ်ပါတယ်။


ဒါပေမဲ့ ထုံးစံအတိုင်း အယ်ဒီတာအကြိုက်နဲ့ ပရိသတ်အကြိုက် တထပ်တည်းမကျပါဘူး။
ဘာကြောင့်လဲဆိုရင် ကျနော် အကြိုက်ဆုံးအဖြစ်ရွေးလိုက်တဲ့ ဆောင်းပါးကို
လူဖတ်သိပ်မများဘဲ "Facebook ပေါ်မှာတောင် လွတ်လပ်ခွင့်မရသေးတဲ့
ဘ၀ခါးခါးပိုင်ရှင်များ" က လူဖတ်အများဆုံး ဆောင်းပါး ဖြစ်နေတာကို စီစစ်တွေ့ရှိ
ရလို့ဖြစ်ပါတယ်။

ဘယ်လိုဘဲ့ဖြစ်ဖြစ် တူညီချက်တခုကတော့ ဒီဆောင်းပါး ၂-ပုဒ်စလုံးဟာ
ပြည်ပရောက်မြန်မာတွေရဲ့ အခြေနေကို ဝေဖန်သုံးသပ်ထားတဲ့အချက်ဖြစ်ပါတယ်။

Thursday, December 29, 2011

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၁၄)

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၁၄)


ကော့မူးရာ (သို့) ABSDF ပထမအကြိမ်ညီလာခံကျင်းပရာ

ကော့မူးရာ ခေါ် ၀မ်ခစခန်းဟာ မဲဆောက်မြို့ကနေ  မိနစ် ၃၀ လောက်ပဲ ကားမောင်းရပြီး ထိုင်းဘက်ကမ်း ၀မ်ခရွာအထိ လိုင်းကားတွေတနာရီတစီးနှုန်း ပြေးနေတဲ့နေရာဖြစ်ပါတယ်။ ဒါ့အပြင် ကျွန်းသစ်တွေနဲ့ အခိုင်မာဆောက်ထားတဲ့ တံတားကြီး ၂ ခုက ၀မ်ခနဲ့ ကော့မူးရာ စခန်းကြားရှိ သောင်ရင်းမြစ်ကို ဖြတ်ကူးဖောက်ထားတဲ့အတွက် မဲဆောက်ကလာတဲ့ အရေးကြီးကားတွေဟာ နာရီဝက်အတွင်း ကော့မူးရာစခန်းထဲအထိ
ရောက်နိုင်တဲ့အနေထားဖြစ်ပါတယ်။


ကော့မူးရာစခန်း စစ်သင်တန်းဆင်းပွဲတခုအပြီးမှာ တွေ့ရတဲ့ သင်တန်းမှူး ဒုတိယ ဗိုလ်မှူးကြီး အေးမြင့်နဲ့ ABSDF သင်တန်းသားများ

ဒီလို ဆက်သွယ်ရေးလွယ်ကူပြီး KNU အထူးတပ်ရင်း ၁၀၁ အခြေစိုက်တဲ့စခန်း ဖြစ်တာကြောင့် ABSDF ပထမ အကြိမ်ညီလာခံ ကျင်းပတဲ့နေရာ ဖြစ်လာတာလို့ ကျနော်ထင်ပါတယ်။

Friday, December 23, 2011

Santa Claus ရှိရာအရပ်သို့ ခရီးသွားခြင်း

Santa Claus ရှိရာအရပ်သို့ ခရီးသွားခြင်း
ထက်အောင်ကျော် (၂၃ ၁၂ ၂၀၁၁)

ဆောင်းပါးရဲ့ ခေါင်းစည်းကို ဒီလို ကြီးကြီးကျယ်ကျယ်တပ်လိုက်ပေမဲ့ တကယ်ကတော့ အဲဒီ The Santa Claus Village at the Arctic Circle in Rovaniemi, Lapland ကိုရောက်တဲ့အထိ ဒီနေရာမှာ Santa Claus ရှိမှန်းကျနော်မသိပါ။ နောက်တခါ ခရစ်ယန်ဘာသာနဲ့ အလှမ်းဝေးသူမို့ Santa Claus -ရဲ့ နောက်ကြောင်းကိုလဲ ကျနော်ဘာမှမသိပါ။

ဆောင်းရာသီအားလပ်ရက်မှာ နော်ဝေး ထက်ပိုအေးတဲ့နေရာ။ ဆီးနှင်းပိုထူတဲ့နေရာ။ နောက်တခါ ငယ်ငယ်တုန်းက ကျောင်းမှာသင်ဖူးတဲ့ အက်စကီမိုးလူမျိုးတွေရှိတဲ့နေရာဆီသွားနိုင်ရင်
ကောင်းမှာဘဲ့ဆိုတဲ့စိတ်ကူးနဲ့ သူငယ်ချင်းတွေနဲ့အတူ ဖှင်လန်မြောက်ပိုင်းဆီ ခရီးသွားရင်း မမျော်လင့်ဘဲ Santa Claus ရွာထဲ မျက်စိလည်လမ်းမှားပီး ကျ နော် ရောက်သွားခြင်းမျှသာ ဖြစ်ပါတယ်။



တတိယ-နိုင်ငံရောက် ဒုက္ခသည်တွေရဲ့ထုံးစံအတိုင်း အားလပ်ရက်သွားတာတောင် လွတ်လွတ် လပ်လပ်သွားတာမဟုတ်ဘဲ သွားလေရာမှာ မြန်မာတွေနဲ့တွေချင်နေသူပီပီ ကျနော်ရဲ့ခရီးစဉ်ကို မစုစု နွေး -စာသင်ကျောင်းရှိရာ Kuopio မြို့လေးကနေ စတင်ခဲ့ပါတယ်။

Thursday, December 22, 2011

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး ၁၃

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး ၁၃

 
ဖက်ဒရယ်မြို့တော်နဲ့ ဖက်ဒရယ်တက္ကသိုလ်

မာနယ်ပလော ကွင်းပြင်ထဲကို ပြန်ကြည့်မယ်ဆိုရင်တော့ ဒီလိုတောကြီးမျက်မည်းထဲက သူပုန်ဌာနချုပ်မှာ လျှပ်စစ်မီး ၂၄ နာရီ လင်းနေတယ်ဆိုရင်မြန်မာနိုင်ငံက စာဖတ်ပရိသတ် ယုံပါ့မလားပဲ။ ကျန်တဲ့မြို့တွေကို အမှောင်ချပြီး နေပြည်တော် ဌာနချုပ်တခုတည်း မီးလင်းနေအောင် စီမံထားတာမျိုး မဟုတ်ပါဘူး။ ခုနက မြင့်မားလှတဲ့ နော်ဒေးတောင်တန်းပေါ်ကနေ ကျလာတဲ့ချောင်းရေကို တမံလုပ်ပြီး အဲဒီကနေ ရေအားလျှပ်စစ်နဲ့ မာနယ်ပလော တခွင်လုံးကို လျှပ်စစ်မီး ပေးထားတာပါ။ ဒါ့အပြင် ရေကိုလည်း ပိုက်တွေနဲ့ သွယ်ပေးထားတဲ့အတွက် ရေ၊ မီး အတော်အဆင်ပြေတဲ့နေရာ။ တီဗီစလောင်း လိုင်းပေါင်းစုံရတဲ့ တောတွင်းမြို့တော်လို့ ပြောရင်ရမယ် ထင်ပါတယ်။


မာနယ်ပလော အစည်းဝေးခန်းမကြီးနဲ့ ဘားတိုက်ကြီးရှေ့မှာ ကျင်းပနေတဲ့ အားကစားပွဲတခု

ပဒိုဘသင် အိမ်ကနေ ဘေးပတ်လည်အိမ်တွေကို ကျနော်လေ့လာကြည့်တဲ့အခါ အနီးဆုံးအိမ်က တွဲဘက်အတွင်းရေးမှူး ပဒိုစံလင်းရဲ့အိမ်။ အိမ်ပုံစံချင်းက အတူတူပါပဲ။ ဒီအိမ်ဟာ KNU ဗဟိုစည်းရုံးရေးဌာန ရုံးခန်းလည်းဖြစ်ပြီး နာမည်ကြီး သနူးထူးစာစောင် ထုတ်ဝေတဲ့ နေရာလည်းဖြစ်ပါတယ်။ ရှေ့မှာတင်ပြခဲ့တဲ့အတိုင်း ကွန်ပြူတာခေတ် မဟုတ်သေးတဲ့အတွက်

Tuesday, December 20, 2011

မန်းငြိမ်းမောင် သို့မဟုတ် ကျနော်တို့ရဲ့ မဟာမိတ်ရဲဘော်ကြီး

ဖဒို မန်းငြိမ်းမောင်ကို နှောင်ကြိုးမဲ့လွှတ်ပေး
မျိုးသန့် | တနင်္လာနေ့၊ မတ်လ ၁၉ ရက် ၂၀၁၂ ခုနှစ် ၁၀ နာရီ ၅၂ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။        ။ အင်းစိန်ထောင်အတွင်း ထောင်ဒဏ် တသက်တကျွန်းကျခံနေရသည့် ကရင်အမျိုးသား အစည်းအရုံး KNU ဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်ကို သမ္မတ၏ ညွှန်ကြားမှုဖြင့် တနင်္ဂလာနေ့ နံနက်တွင် နှောင်ကြိုးမဲ့ လွှတ်ပေးလိုက်ပြီဟု KNU နှင့် အစိုးရတို့အကြား ငြိမ်းချမ်းရေး အကျိုးဆောင် ဦးညိုအုန်းမြင့်က မဇ္ဈိမကို ပြောသည်။

“မနက် ၇း၃၀ မှာ အင်းစိန်တရားရုံးကနေပြီးတော့ တရားဝင် လွှတ်ဖို့အတွက် သမ္မတရဲ့ အမိန့်စာကို တရားသူကြီးက ဖတ်ပြပြီးတော့ သူ့ကို နှောင်ကြိုးမဲ့ လွှတ်ပေးခြင်းနဲ့ လွှတ်ပေးလိုက်ပါပြီ။” ဟု ဦးညိုအုန်းမြင့်က ပြောသည်။

Friday, December 16, 2011

Face Book ပေါ်မှာတောင် လွတ်လပ်ခွင့်မရသေးတဲ့ ဘ၀ခါးခါးပိုင်ရှင်များ

Face Book ပေါ်မှာတောင် လွတ်လပ်ခွင့်မရသေးတဲ့ ဘ၀ခါးခါးပိုင်ရှင်များ
ထက်အောင်ကျော်။ (16-12-11)

    ကမ္ဘာ့လူဦးရေ သန်း ၈၀၀-ကျော်ဟာ နေ့စဉ် Facebook သုံးနေတယ်လို့သိရပီး အဲဒီထဲမှာ မြန်မာလူဦးရေ ဘယ်လောက်ပါသလဲဆိုတာကိုတော့ ကျနော်မသိပါ။ ဒါပေမဲ့ အခု ဒီဆောင်းပါးကို လာ ဖတ်နေတဲ့ မိတ်ဆွေမှာတော့ Facebook အကောင့်တခု ရှိလိမ့်မယ်လို့ထင်ပါတယ်။ "ဟုတ်တယ်မို့ လား"

    ရှိတယ်ဆိုရင် ဘယ်လိုစိတ်ကူးတွေနဲ့ Fcaebook အကောင့် ဖွင့်တာလဲ။ ဘာပုံတွေတင် ထားသလဲ။ ကိုယ်အကြောင်းကိုယ်ကော အမှန်တိုင်းရေးထားရဲ့လား။ အဲဒီမေးခွန်း ၃-ခုလောက်ကို မိတ် ဆွေဖြေပေးနိုင်မလား။




Thursday, December 15, 2011

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၁၂)

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၁၂)
December 15, 2011 7:10 pm
အောက်မေ့ဖွယ်။ ဧရာဝတီမဂဇင်း။


မာနယ်ပလောဌာနချုပ်သို့ ပထမခရီးစဉ်

KNU နယ်မြေကော်မီတီမှာ တာဝန်ထမ်းစဉ်အတွင်း မာနယ်ပလောကို ၃၊ ၄ ခေါက် ကျနော်ရောက်ဖူးခဲ့ပေမယ့် ပထမအခေါက်ရောက်တာဟာအရေးပေါ်ညီလာခံ မတိုင်မီလား။ ညီလာခံပြီးမှလား ဆိုတာကိုတော့ အသေချာ မမှတ်မိတော့ပါ။ ပထမအခေါက်ဟာ ဥက္ကဋ္ဌ ကိုကျော်ကျော်၊ အတွင်းရေးမှူး ကိုခင်မောင်စိုးတို့နဲ့အတူ ကျနော် ပါသွားတာဖြစ်တဲ့အတွက် နယ်မြေကော်မီတီ ဖွဲ့ပြီးကာစမှာ သွားတာဖြစ်ဖို့များပါတယ်။ အချိန်ကာလကို အတိအကျ မမှတ်မိတော့ပေမယ့် ထူးခြားလှတဲ့ မာနယ်ပလောရဲ့ ပထ၀ီ အနေထားနဲ့ အခင်းအကျင်းကိုတော့ အခုအထိ စိတ်ထဲမှာ မြင်နေဆဲဖြစ်ပါတယ်။

မာနယ်ပလောစခန်းရောက် ABSDF စစ်ကြောင်းတခု

ထုံးစံအတိုင်း မဲဆောက်၊ မယ်လ၊ မက်သလေ၊ ခလေတလူကနေ မာနယ်ပလောအထိ ကားကြုံ၊ လှေကြုံ အဆင့်ဆင့်နဲ့ ရောက်လာတဲ့ ကျနော်တို့အုပ်စု မာနယ်ပုလော လှေဆိပ်ရောက်တော့ ညနေစောင်းနေပါပြီ။ ဗိုလ်မှူးစိုးစိုးအိမ်က ထုတ်ပေးထားတဲ့ ခရီးသွားလက်မှတ်ကို ဗဟိုလှေဆိပ်၊ စစ်ဆေးရေးဂိတ်မှာပြပြီး  သူပုန်ဌာနချုပ်ဆီ ကျနော်တို့ တက်လာခဲ့ပါတယ်။ လှေဆိပ်ကနေ အပေါ်တက်တဲ့ လမ်းကြောင်း ၂ ခုရှိပြီး ကျနော်တို့ တက်လာတဲ့လမ်းမှာတော့ သစ်သားလှေကားထစ်တချို့၊ မြေလှေကားထစ်တချို့နဲ့ မညီမညာ၊ အတို အရှည် လှေကားထစ် ၄၀ လောက် ရှိမယ်လို့ထင်ပါတယ်။

Tuesday, December 13, 2011

NLD ပါတီရဲ့ မှတ်ပုံတင်ကို ရွေးကောက်ပွဲကော်မရှင်ကခွင့်ပြု။ ရုံးခန်းဖွင့်တာ။ စည်းရုံးရေးဆင်းတာတွေ မြင်ရတော့မလား?

NLD ပါတီရဲ့ မှတ်ပုံတင်ကို ရွေးကောက်ပွဲကော်မရှင်ကခွင့်ပြု။ ရုံးခန်းဖွင့်တာ။ စည်းရုံးရေးဆင်းတာတွေ မြင်ရတော့မလား?



ဒီနေ့ထုတ် သတင်းစာပါ NLD ပါတီ မှတ်ပုံတင်ခွင့်ရတဲ့သတင်းဖြစ်ပါတယ်။
.......................................................................................................

 
Sunday, 18 December 2011 14:46
Written by ရွှေဟင်္သာသတင်းဌာန

 အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ၄င်းတို့ ပါတီ၏  ဦးဆောင်မှုအဖွဲ့သစ် စာရင်းကို (၂၁) ဦးနှင့် စတင်ဖွဲ့ စည်းခဲ့ပါသည်။
အဖွဲ့အတွင်း ပါဝင်သူများမှာ-
၁။ ဦးတင်ဦး
၂။ ဒေါ်အောင်ဆန်းစုကြည်
၃။ ဦးဝင်းတင်
၎။ ဦးဟံသာမြင့်
၅။ ဦးဥာဏ်ဝင်း
၆။ ဒေါ်မေ၀င်းမြင့်
၇။ ဦးဝီလာရှီဆိုင်း (ကချင် ပြည်နယ်)

Saturday, December 10, 2011

ဒီနေ့နိုဗယ်ဆုပေးပွဲနှင့် လွန်ခဲ့တဲ့ နှစ် ၂၀-က အခြေနေအမှတ်တရ

ဒီနေ့ နိုဗယ်ဆုပေးပွဲနဲ့ လွန်ခဲ့တဲ့နှစ် ၂၀-က အခြေနေအမှတ်တရ။



ဒေါ်စု-နဲ့ မေးမြန်းချက်....(NRK- မှ)

http://www.nrk.no/nyheter/verden/1.7826191


Les også: Aung San Suu Kyi takka Noreg

..........................................................................................
ရန်ကုန်မှာကျင်းပတဲ့ နိုဗယ်ဆု နှစ် ၂၀-အခန်းနား (Burma VJ မှ)



............................................................................................................

တဖက်မှာ ငြိမ်းချမ်း...တဖက်မှာ ပွဲကြမ်း...လက်လှမ်းအကူညီတောင်းနေလဲ သူတို့မမြင်ရှာ.
(ဧရာဝတီ-မှ)


..........................................................................................................................
(NLD ပါတီကို ရွေးကောက်ပွဲကော်မရှင်က ခွင့်ပြုကြောင်းနဲ့ NLD ရဲ့ ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုတွေကို ဒေါ်စု-ဆောင်းပါး အခန်းမှာ ဖတ်ရှုပါရန်)


Thursday, December 8, 2011

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး ၁၁

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး ၁၁

December 8, 2011 7:44 pm
အောက်မေ့ဖွယ်။ ဧရာဝတီမဂဇင်း။
 
တပ်ရင်းနံပါတ်များ သတ်မှတ်ခြင်း

ညီလာခံအတွင်းဆွေးနွေးတဲ့ နောက်ထပ်အရေးကြီးတဲ့အချက်တခုကတော့ ABSDF
စခန်းတွေအတွက် တပ်ရင်းနံပါတ်တွေ သတ်မှတ်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။
ကျောင်းသားတွေရောက်နေတဲ့ လူမျိုးစုလက်နက်ကိုင်နယ်မြေ အလိုက် တပ်ရင်း
နံပါတ်တွေကို သတ်မှတ်လိုက်ပြီး မွန်နယ်မြေ အ တွက် အမှတ် ၁ နဲ့ စဖို့။ ကရင်နယ်မြေကို
အမှတ်၂။ ကရင်နီနယ်ကို အမှတ် ၃။ ရှမ်း၊ ရလလဖ၊ ပအို့ ၊ ပလောင်နယ်တွေကို အမှတ် ၄။
၅။ ၆။ ၈။ ကချင် နယ်ကို အမှတ် ၇။ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို အမှတ် ၉ နဲ့ စဖို့ သတ်မှတ်လိုက်ပါတယ်။














သံလွင်စခန်းမှာ အရေးပေါ် ညီလာခံကျင်းပနေပုံ (ဓါတ်ပုံ စာရေးသူရဲ့ Face book )

အဲဒီသတ်မှတ်ချက်တွေအရ မွန်ပြည်သစ်နယ်မြေ ဘုရားသုံးဆူဒေသမှာ ၁၀၁ နဲ့ ၁၀၂ တပ်ရင်း တွေပေါ်လာပါတယ်။ KNUနယ်မြေ ဘိတ်(မြိတ်) ဒေသရှိ မောတောင်စခန်းမှာ ၂၀၃။ ထားဝယ်ဒေသ မင်းသမီးမှာ ၂၀၁။ သီဘောဘိုးမှာ ၂၀၄။၂၀၅။၂၀၆ တပ်ရင်းများ။ ရေကျော်မှာ၂၀၇။ သံလွင်မှာ၂၀၈ နဲ့ ၂၀၉။ စောထမှာ ၂၁၀။ ၀မ်ခမှာ ၂၁၁ စသဖြင့် ပေါ်လာပါတယ်။ ကရင်နီဒေသ ဟွေစေတီ စခန်း မှာ ၃၀၃ တပ်ရင်း ပေါ်လာပါတယ်။ ပလောင်နယ်မြေမှာ ၅၀၁။ ပအို့နယ်မြေမှာ ၆၀၁။ ရလလဖ နယ်မြေမှာ ၈၀၁ တပ်ရင်း တွေ ပေါ်လာပါတယ်။ ကချင် နယ်မြေကိုတော့ မြောက်ပိုင်းအဖြစ် သီးခြား သတ်မှတ်ပြီး ၇၀၁ တပ်ရင်းတွေပေါ်လာပါတယ်။ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်ဘက်မှာ ၉၀၁ တပ်ရင်းတွေ ပေါ်လာပါတယ်။

Tuesday, December 6, 2011

NLD ပါတီ တနသာင်္ရီတိုင်းအတွက်ပြင်ဆင်။ ဒေါက်တာတင်မျိုးဝင်း ကျွန်းစုမှာဝင်ပြိုင်မယ်လို့သတင်းထွက်နေ။

NLD ပါတီ တနသာင်္ရီတိုင်းအတွက်ပြင်ဆင်။ ဒေါက်တာတင်မျိုးဝင်း ကျွန်းစုမှာဝင်ပြိုင်မယ်လို့သတင်းထွက်နေ

ဒီဇင်ဘာလ ၆-ရက်။ ၂၀၁၁။

ရှေ့နှစ်မှာကျင်းပမဲ့ ကြားဖြတ်ရွေးကောက်ပွဲကို ၀င်ပြိုင်မယ်လို့ ကြေငြာထားတဲ့ NLD ပါတီ ဟာ  ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ကို ဗဟိုမှာအပြင် ပြည်နယ်-တိုင်း-မြိုနယ်အဆင့်ထိ
ဖွဲ့စည်းနေပီလို့သိရပါတယ်။ လစ်လပ်အမတ်နေရာ အနဲဆုံး ၂-ခုရှိတဲ့ တနသာင်္ရီတိုင်းအတွက်
အောင်နိုင်ရေကော်မီတီကို မကြာသေးခင်ကဖွဲ့စည်းလိုက်ပီး ဒီနေ့မှာတော့ လောင်းလုံးမြို နယ် အောင်နိုင်ရေးကော်မီတီကို အဖွဲ့ဝင် ၂၁-ဦးနဲ့ဖွဲ့စည်းလိုက်ကြောင်း ပါတီဝင်တဦးက ပြောပါတယ်။

တနသာင်္ရီတိုင်း လောင်းလုံမြိုနယ်မှာ ဒီဇင်ဘာလ ၆-ရက်နေ့က ကျင်းပတဲ့ ရွေးကောက်ပွဲ အောင်နိုင်ရေး ကော်မီတီအစည်းဝေး
(ဓါတ်ပုံနဲ့အချက်လက် ...NLD-လောင်းလုံး)

လောင်းလုံးမြိုနယ် NLD ယာယီ-ရုံးခန်းမှာပြုလုပ်တဲ့ အဲဒီအစည်းဝေးဆီ
ရပ်ကွက်ကျေးရွာအသီးသီးက ကိုယ်စားလှယ် ၁၀၀-နီးပါး တက်ရောက်ပီး
အခုလိုဖွဲ့စည်းလိုက်တာလို့ အဲဒီပါတီဝင်ကပြောပါတယ်။
ဒါဟာ ယာယီ-ကော်မီတီသာဖြစ်ပီး ဗဟိုကအတည်ပြုချက်ရပီးမှ။ နောက်တခါ
နေပြည်တော်မှာ တင် ထားတဲ့ ပါတီမှတ်ပုံတင်ကျလာပီးမှ တရားဝင်ထုတ်ပြန်
မယ်လို့သိရပါတယ်။ ဒါအပြင် လောင်းလုံးမြိုနယ် လွတ်လပ် အမတ်နေရာတခု
အတွက် ၀င်ပြိုင်မဲ့ ကိုယ်စားလှယ်လောင်းကိုလဲ ဗဟိုဆီ တင်ပြထား
ဆဲဖြစ်တယ်လို့ သိရပါတယ်။

Sunday, December 4, 2011

ဒေါ်စုရဲ့ဆောင်းပါးနဲ့ ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုတချို့

International Herald Tribune သတင်းစာမှာ ဖော်ပြထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆောင်းပါး ဖြစ်ပါတယ်။
(နောက်ဆုံးရသတင်းများကို အောက်ဆုံးမှာထပ်တိုးဖေါ်ပြထားပါသည်)



The Essential Flame

Sunday, December 04, 2011

By AUNG SAN SUU KYI
Published: December 2, 2011

Why does change seem so desirable and so exhilarating in our times? Barack Obama’s presidential campaign was fueled by the promise of change. In Burma today there is continuous debate on whether the new government means real change or whether it is no more than the old army dictatorship in new civilian garb. Almost every day I am asked if I believe that measures taken by the new administration should be seen as mere window dressing or as signs of genuine change in the right direction. After 23 years under authoritarian rule, impatience to see and to experience change is understandable. It has been sharpened by events in other parts of the world during 2011.

Thursday, December 1, 2011

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး ၁၀

သူပုန်ကျောင်းသားတဦးရဲ့ မာရသွခန်ခရီး ၁၀ 
December 1, 2011 8:00 pm
အောက်မေ့ဖွယ် ။ ဧရာဝတီမဂဇင်း။

အရေးပေါ်ညီလာခံနဲ့ ဗဟိုကော်မတီအသစ်

ကျနော်တို့အုပ်စု မဲဆောက်မှာ တရုံးရုံးဖြစ်နေတုန်း ၁၉၈၉ ခုနှစ် ဖေဖော်ဝါရီလ အစောပိုင်းမှာ အရေးပေါ် ညီလာခံ ခေါ်မယ်ဆိုပြီး ဖိတ်စာရောက်လာပါတယ်။
ဘာကြောင့်ခေါ်ဖို့လိုသလဲဆိုတဲ့ အကြောင်းပြ ချက်ကို ကျနော် အတိအကျ မမှတ်မိတော့ပေမယ့် အကြမ်းအားဖြင့်ကတော့ ဗဟို ဦးစီးအဖွဲ့မှာ ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော်နဲ့ အတွင်းရေးမှူး ကိုသန်းဝင်းတို့ပဲ ရှိနေပြီး ဒုတိယ ဥက္ကဋ္ဌ ကိုဝင်းမိုး၊ တွဲဘက် အတွင်းရေးမှုး ၂ ဦးဖြစ်တဲ့ ကိုအောင်နိုင် (အခု VOA မြန်မာပိုင်းဌာနမှူး) နဲ့ ဆလိုင်းကိုကိုဦး တို့က မရှိကြပါဘူး။

ထိုင်းရဲက ဖမ်းလို့ ဘန်ကောက်မှာ သောင်တင်နေပြီး နယ်စပ်ကို ပြန်လာလို့မရ ဖြစ်နေတယ်လို့ဆိုပါတယ်။ တချိန် တည်းမှာပဲ သူတို့ ၃ ဦးကို KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်မြက ဖမ်းမိန့်ထုတ်ထားလို့ KNU နယ်ဆီ ပြန်မလာရဲဖြစ်နေတယ် လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

အရေးပေါ်ညီလာခံ ကျင်းပနေစဉ် (ဓာတ်ပုံ - စာရေးသူ၏ face book)

ထိုင်းကဖမ်းတဲ့ သတင်းကို သတင်းစာထဲမှာ တွေ့လိုက်ရပေမယ့် KNU က ဖမ်းမယ်ဆိုတဲ့ သတင်းကိုတော့ တဆင့်စကားနဲ့ ပြောနေကြတာကိုသာ ကြားခဲ့ရပါတယ်။

Wednesday, November 30, 2011

အင်းသီး-ဗွီဒီယို-မှတ်တန်းရုပ်ရှင်

အင်းသီး-ဗွီဒီယို-မှတ်တန်းကို အင်တာနက်ပေါ်မှာတွေ့မိပီး အများသိသင့်တယ်ထင်လို့ ထပ်မံဖြန့်ဝေ လိုက်တာဖြစ်ပါတယ်။

... အင်လေးကန်က နာမည်ကြီး ခရီးချဉ်သီးစိုက်ပျိုးရေးနဲ့ သဘာဝပါတ်ဝန်းကျင်
ပညာပေးအစီစဉ်လေးဖြစ်ပါတယ်။



Tuesday, November 29, 2011

၁၉၉၀-ရွေးကောက်ပွဲအပြိး မာနယ်ပုလောဌာနချုပ်မှာ အမျိုးသားညွန့်ပေါင်းအစိုးရ
ဖွဲ့စည်းစဉ်ကထုတ်ဝေတဲ့ ကေအန်ယူ-စာစောင်တခုကို အင်တာမှာတွေ့မိတဲ့အတွက်
စိတ်ဝင်စားလို့ ထပ်မံ ဖြန့်ဝေလိုက်တာဖြစ်ပါတယ်။

KNUBulletin24

Thursday, November 24, 2011

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး ၉

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး ၉

၃/ ၈၉ မဲဆောက်

နှစ်သစ်ကူးပွဲ ပြီးတဲ့နောက်မှာတော့ ဒေသအခြေအနေ လေ့လာရေးခရီးစဉ်အဖြစ် ကလက်ဒေးကနေ ၃ နာရီနီးပါး လမ်းလျှောက်ရတဲ့ ကလက်ဒေး – ရွေဂွန်း ကားလမ်းကြမ်းပေါ်က ကုန်သည်စခန်းထောက် ရှမ်းရွာသစ် ဆိုတဲ့ ရွာလေးတခုကို ကျနော် ရောက်ခဲ့ပါတယ်။
အဲဒီမှာ အိမ်ခြေ ၅၀ လောက်နဲ့ KNU အကောက်စခန်းတခုရှိပါတယ်။ အထူးသဖြင့် နွားမှောင်ခိုသယ်တဲ့ လမ်းကြောင်း ဖြစ်တာကို သတိထားမိပါတယ်။ ကလက်ဒေးစခန်းက ကျောင်းသားတွေကတော့ ဒီရွာကို စခန်းထောက်အဖြစ် အသုံးပြုပြီး ကုန်သည်တွေ၊ ခရီးသွားတွေကို စည်းရုံးဟောပြောတာ၊ လက်ကမ်းစာစောင်ဖြန့်ဝေတာ၊ ရှေ့တန်းသတင်းယူတာတွေကို လုပ်နေတာ ကျနော်တွေ့ရပါတယ်။


(အဆိုတော် ကိုမွန်းအောင်နဲ့ ကိုဘစောထွန်းတို့ ရဲ့ မဲဆောက်မြိုက ဂီတ ဖျော်ဖြေပွဲတခု။ 
ဓါတ်ပုံ...စာရေးသူရဲ့ face book မှ)

အဲဒီရွာကအပြန် သီတင်းတပတ်လောက် ကြာပြီးတဲ့အချိန်မှာတော့ ကျနော်တို့အဖွဲ့ ကလက်ဒေး ကနေ မဲဆောက်နဲ့ ကော့မူးရာ ဘက်ဆီပြောင်းဖို့ ပြင်ပါတယ်။

၂၀၁၀ ရွေးကောက်ပွဲကာလ DVB TV Live လွင့်နိုင်ဖို့ ကျိးစားခဲ့ပုံ

www.nrk.no

၂၀၁၀-ရွေးကောက်ပွဲကာလအတွင် DVB TV Live လွင့်နိုင်ဖို့ကျိုးစားခဲ့ပုံအကြောင်းမှတ်တန်းဖြစ်ပါတယ်။


ဒီမှတ်တန်းအတွက် နော်ဝေး သတင်းထောက်တဦးက ၃-နှစ်နီးပါးရိုက်ကူးခဲ့တာဖြစ်ပီး အခုလ ၂၂-ရက်နေ့ကမှ NRK2 ကနေ ထုတ်လွင့်ခဲ့တာဖြစ်ပါတယ်။ 


မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားနေသူတွေ။ ပြည်တွင်း-ပြည်ပ ပရိတ်သတ်တွေ အလွယ်တကူ ကြည့်နိုင်ဖို့ အတွက် ထပ်ဆင့်ဖြန့်ဝေလိုက်ခြင်းဖြစ်ပါတယ်။


(NRK Nett-TV: Dagens dokumentar: Burmas stemme 22.11.2011) 


ပေါ်မှာ clip လုပ်ပါရန်။




ကျေးဇူးတင်ပါတယ်။

Sunday, November 20, 2011

အစိုးရသစ်လက်ထက် ထူးခြားတဲ့ အပစ်ရပ်ဖို့ ကျိုးပန်းမှုများ

ထူးခြားမှုရှိတယ်ထင်လို့ ထပ်ဆင့်ဖြန့်ဝေလိုက်တာပါ။






After meeting, RCSS Chairman shakes hands with U Aung Min
 RCSS/SSA နှင့် အစိုးရကိုယ်စားလှယ်တို့ ငြိမ်းချမ်းရေးကိစ္စ ပဏာမတွေ့ဆုံဆွေးနွေး


သျှမ်းပြည်တပ်မတော် တောင်ပိုင်း ဟု လူသိများသည့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည် တပ်မတော် RCSS/SSA နှင့် အစိုးရကိုယ်စားလှယ်တို့ ယမန်နေ့၌ ငြိမ်းချမ်းရေးကိစ္စ ပဏာမတွေ့ဆုံဆွေးနွေး ခဲ့ကြ ကြောင်း သိရှိရပါသည်။
“ယုံကြည်မှုတည်ဆောက်ဖို့ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးတာ ဖြစ်ပါတယ်။ ပထမဆုံး ကျနော်တို့ကို အစိုးရ ကိုယ်စား လှယ်တွေက ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်ဖို့ ချမှတ်ထားတဲ့ အဆင့် ၃ ဆင့်နဲ့ ရှင်းပြတယ်” ဟု RCSS/SSA ပြောခွင့်ရဂိုလ် ဗိုလ်မှူးလောဝ်ဆိုင် က ပြောပါသည်။

Thursday, November 17, 2011

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး ၈

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး ၈

ဆီးပင်တန်းညီလာခံ

နှစ် ၂ဝ ကျော်ကြာပြီးတဲ့နောက် အချက်လက် အတော်များများကို ပြန်မှတ်မိဖို့ ကျနော်မနည်း ကြိုးစားနေရပေမယ့် KNU နယ်မြေ ကော်မတီဖွဲ့တဲ့နေ့ကို စဉ်းစားရင်း အလိုလို သတိရနေတာကတော့ “ကျောက်စရစ်တော မာခေါင်ခေါင်မှာ အတောင်ကျွတ် သော ကြိုးကြာ ရေရှာ၍ မရသကဲ့သို့ '' ဆိုတဲ့ စကားလုံးပဲ ဖြစ်ပါတယ်။
အဲဒီ စကားလုံးရဲ့ ပိုင်ရှင်ကတော့ သံလွင်စခန်းရဲ့ ကိုယ်စားလှယ် (နောက်ပိုင်း ၂၀၉ တပ်ရင်းမှူးနဲ့ ဗဟိုကော်မတီဝင် ဖြစ်လာသူ) ကိုသိန်းဆန်းဖြစ်ပြီး လက်ရှိဗဟိုကော်မတီ အောက်ခြေ လွတ်နေပုံကို ဝေဖန်ထောက်ပြ လိုက်တာ ဖြစ်ပါတယ်။

သီဘောဘိုးစခန်းမှာကျင်းပတဲ့ ABSDF ဖွဲ့စည်းရေးအစည်းဝေးဆီ တက်ခဲ့သော စခန်းအသီးသီးက ကိုယ်စားလှယ်တချီု့ (ဓာတ်ပုံ - စာရေးသူ facebook မှ)

သူ့ရဲ့ ဝေဖန်ပြောဆိုချက်တွေဟာ ထိရောက်ပေမယ့် သူများကို ပြောခွင့်မပေးဘဲ၊ သူချည်း နင်းကန်ပြောနေလို့ သဘာပတိက မကြာခဏ တားနေရပါတယ်။ ဒါပေမယ့် ရှေ့မှာ တင်ပြခဲ့တဲ့ အတိုင်း အရည်အချင်း ရှိလွန်းလို့ မဟုတ်ဘဲ ခွဲတမ်းအရ ကိုယ်စားလှယ် ပါလာတဲ့ ကျနော့် ခမျာတော့ ကိုသိန်းဆန်းကိုကြည့်ပြီး ငါလည်း သူ့လို ပြောနိုင်အောင် လေ့ကျင့်ဖို့ လိုနေသေးပါလား ဆိုတာကို သတိရစေပါတယ်။
ဘာကြောင့်လဲဆိုရင် အဲဒီအချိန်ထိ ကျနော်ဟာ နိုင်ငံရေး စကားလုံးတွေကို သူများနားဝင်အောင် ပြောတတ်သူ မဟုတ်သေးလို့ပါ။ လူရှေ့မှာ စကားပြောရတာကိုလည်း အလေ့အကျင့်က မရှိသေးတော့ ခြေတုန်လက်တုန် ဖြစ်နေဆဲပါ။

Tuesday, November 15, 2011

NLD ပါတီ ရွေးကောက်ပွဲဝင်ရန် ဆုံးဖြတ်လိုက်ပီ


NLD ပါတီ မှတ်ပုံတင်ပီး ရွေးကောက်ပွဲဝင်ရန် ဆုံးဖြတ်လိုက်ပီ... (၁၈-၁၁-၁၁)



နိုဝင်ဘာ ၁၈ ရက်နေ့ အန်အယ်ဒီ ဗဟိုဦးစီးအစည်းအဝေးနိဂုံးတွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားချက် (ပထမပိုင်း)
Yangon PressInternational နိုဝင်ဘာ ၁၉၊ ၂၀၁၁ (YPI)

Sunday, November 13, 2011

ဒုတိယ အသုတ် နိုင်/ကျဉ်းများ မနက်ဖြန်မှာ ထပ်လွတ်လာမလား?


ဒီနေ့သတင်းစာပါ လူ့အခွင့်ရေးကော်မရှင်ရဲ့ သမ္မတထံပေးစာ။


ပြီးခဲ့တဲ့ အောက်တိုဘာလအစောပိုင်းကလဲ အလားတူ လူ့အခွင့်ရေးကော်မရှင်ရဲ့ ပေးစာကို သတင်းစာမှာ ဖေါ်ပြီးနောက်တရက်မှာ ဇာဂနာ။ ဗိုလ်ချုပ်ဆေထင်။ စုစုနွေး-အပါဝင် နိုင်-ကျဉ်း ၂၀၀-ခန့်နဲ့ တခြားအကျဉ်းသား ၆၀၀၀-ကျော်ကိုပြန်လွတ်ပေးခဲ့ပါတယ်။

ဒါကြောင့် မနက်ဖြန်မှာလဲ အလားတူ ပြန်လွတ်လာမယ်လို့မျော်လင့်ရပါတယ်။
မင်းကိုနိင်အပါဝင် ၈၈-ကျောင်းသားတွေ။ ခွန်ထွန်းဦးအပါဝင် တိုင်းရင်းသားခေါင်း ဆောင်တွေ။ အရှင်ဂန်ဘီရ အပါဝင်သံဃာင်္တော်တွေ အားလုံး ပါလာဖို့မျော်လင့်ရပါတယ်။

Sunday, November 6, 2011

ထားဝယ်ဒေသက ထူးခြားသတင်းများ (သို့) ဗထူးစာစောင်

ထားဝယ်ဒေသက ထူးခြားသတင်းများ (သို့) ဗထူးစာစောင် ကို တဆင့်ဖြန့်ဝေခြင်း

Bahtoo Issue 10

Thursday, November 3, 2011

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး ၇

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၇)


နယ်မြေကော်မတီ ဖွဲ့စည်းခြင်း (သို့မဟုတ်) မဲဆောက်ဒေသသို့ ပထမခရီးစဉ်။

မဲဆောက်နဲ့ ထိုင်းနိုင်ငံထဲ ပထမဆုံးအကြိမ် ခရီးထွက်ရတဲ့ နေ့ရက်အတိအကျကို

ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော်နှင့် ပထမအကြိမ် ရွေးကောက်ခံ ဗဟိုကော်မတီဝင် တချို့ (ဓာတ်ပုံ - စာရေးသူ၏ facebook မှ)

ပြန်မမှတ်မိတော့ပေမယ့် အဲဒီနေ့ဟာ နိုဝင်ဘာလ ဒုတိယပတ်၊ တတိယပတ်လောက် ဖြစ်မယ်လို့ ခန့်မှန်းရပါတယ်။ ကျနော့်ဘ၀အတွက် ပထမဆုံး နိုင်ငံခြားခရီးစဉ် ဆိုပြီး စိတ်ထဲမှာ အတော်လှုပ်ရှား နေပါတယ်။ မြို့ပြ အငွေ့အသက်၊ မော်တော်ကား အခိုးအငွေ့တွေနဲ့ ၂ လကျော် ဝေးနေတဲ့ကျနော့်အဖို့ လွန့်တိုး (ပေါင်မုန့်ကား) မီနီဗင်လေးကို စီးပြီး ထီးခီးကနေ ထိုင်းဘက်ကို ထွက်လာ ကတည်းက အားလုံးဟာအသစ်အဆန်း ဖြစ်နေပါတယ်။

ကားမောင်းသူက ပဒိုသူရယ်၊ သူဘေးမှာက ထိုင်း ထောက်လှမ်းရေး တဦးပါတယ်လို့ ထင်ပါတယ်။ ကားနောက်ခန်း မှာကတော့ ကိုယ်စားလှယ် အသစ်ကျပ်ချွတ် ၅ ဦးဖြစ်တဲ့ ကျနော်၊ ကိုကျော်ကျော်၊ ကိုကျော်ထင်၊ ကိုအောင်သန်းဝင်း၊ ဦးစံရွှေအောင်နဲ့ KNU က တဦးပါတယ်လို့ မှတ်မိနေပါတယ်။

Sunday, October 30, 2011

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ကြည်တွေ့ဆုံမှုနဲ့ ရှေ့အလားလာများ။

နော်ဝေး၀န်ကြီးနဲ့ ဒေါ်စုစုတွေဆုံမှုအကြောင်း TV 2 နော်ဝေးမှ ရုပ်သံ-မှတ်တန်း

http://www.tv2.no/nyheter/utenriks/aung-san-suu-kyi-vil-bli-president-om-folket-vil-ha-henne-3627973.html#.TrI8QeI6xlk.facebook (clip-လုပ်ပါ)


Norway would like to have investments in oil and gas and hydropower from the Norwegian side.And the evolution continues, the Aung San Suu Kyi be presidentpalassets next occupant.

Saturday, October 29, 2011

တတိယ-နိုင်ငံရဲ့ ဒုတိယဝေဒနာ (ပြန်လည်တင်ပြချက်)

တတိယ နိုင်ငံရဲ့ ဒုတိယ ဝေဒနာ
၁၇၀၉၁၁ (ထက်အောင်ကျော်)
(အင်္ဂါနေ့။ နိုဝင်ဘာလ ၁-ရက်နေ့မှာကျရောက်တဲ့ ABSDF ၂၃-နှစ်မွေးနေ့မှာ စဉ်းစားနိုင်ဖို့အတွက် ၁၇၀၉၁၁-ကဆောင်းပါးကို ပြန်လည် တင်ပြခြင်းဖြစ်ပါတယ်)

မနက်ဖြန် တနင်္ဂနွေ။ စက်တင်ဘာ ၁၈ ဆိုရင် မြန်မာနိုင်ငံမှာ စစ်တပ်ကအာနာသိမ်းခဲ့တာ။ ဒါမှ မဟုတ် အဲဒီ အာဏာသိမ်းစစ်တပ်ကို လက်နက်ကိုင်ပီး တော်လှန်မှရမယ်ဆိုပီး ကျနော်တို့တတွေ အိမ် ကနေထွက်ခွါ တောခိုလာခဲ့တာ ၂၃-နှစ်ပြည့်တော့မှာပါ။ အခု ၂၃-နှစ်ကြာပြီးတဲ့အခါမှာ ကျနော် အပါဝင် တောခိုကျောင်းသားတွေ ဘယ်ဆီရောက်ပီး ဘာတွေဆက်လုပ်နေကြသလဲ။



တော်လှန်ရေး ဆက်လုပ်နေသလား။ တိုင်းပြည်ပြန်လည်တည်ဆောက်ရေးအတွက် နိုင်ငံရပ် ခြားမှာ အဆင့်မြင့်ပညာတွေသင်ယူနေကြသလား။ ဒါမှမဟုတ် တိုင်းပြည်စီးပွါးတိုးတက်ရေးအတွက် ကူညီနိုင်အောင် စီးပွါးရေးလုပ်ငန်းပိုင်ရှင်တွေဖြစ်ဖို့ကျိုးစားနေသလား။ ဒါမှမဟုတ် အခြေခံ လူမှုအဖွဲ့ စည်းတွေကိုပြောင်းလဲနိုင်ဖို့အတွက် လူမှုကယ်ဆယ်ရေးလုပ်ငန်းနဲ့ အန်ဂျီအို-လုပ်ငန်းခွင်ကို လေ့လာ နေကြသလား။ ဒါမှမဟုတ် စားဝတ်နေရေးကိစ္စ။ မိသားစုကိစ္စနဲ့ဘဲ့ လုံးချာလိုက်ပီး ၂၃-နှစ်ခရီးက ပန်း တိုင် နဲ့ပိုနီးလာသလား။ ပိုဝေးသွားသလား ဆိုတာကိုတောင် စဉ်းစားဖို့အချိန်မရဖြစ်နေတာလား..။

Thursday, October 27, 2011

ကြွေလွင့်သွားသော ကြယ်ပွင့်များ။

 ၂၀၁၁-ခုနှစ် နိုဝင်ဘာလ ၁-ရက်နေ့ (လာမဲ့ အင်္ဂါနေ့) မှာကျရောက်မဲ့ ABSDF
တည်ထောင်ခြင်း ၂၃-နှစ်ပြည့်မွေးနေ့အမှတ်တရအဖြစ် အမှတ် ၂၀၁-တပ်ရင်း။ မင်းသမီးစခန်းကရဲဘော်တွေ ၁၉၉၈ တုန်းကထုတ်ဝေထားတဲ့စာစောင်တခု ကို ကော်ပီကူးပီး ပြန်လည်တင်ပြလိုက်ပါတယ်။

ပေးဆပ်သွားသူတို့ရဲ့ သမိုင်းကိုအမှတ်ရစေဖို့နဲ့ ဝေဖန်ဆင်ခြင်နိုင်ကြစေဖို့ဖြစ်ပါတယ်။
လေးစားလျက်
ကြွေလွင့်သွားသော ကြယ်ပွင့်များ

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး ပထမ-ပိုင်း။

၂၀၁၁-ခုနှစ် နိုဝင်ဘာ ၁-ရက်နေ့ဟာ ABSDF စတင်တည်ထောင်ခြင်း ၂၃-နှစ်ပြည့်တဲ့နေ့ ဖြစ်ပါတယ်။ ABSDF အမှတ်တရအဖြစ် ဧရာဝတီမဂဇင်းမှာဖေါ်ပြပီးသား အပိုင်း ၁၁-ပိုင်းစလုံးကို တစုတည်းတင်ပြပေးထားပါတယ်။

..............................................................................................................
သူပုန် ကျောင်းသားတဦးရဲ့ မာရသွန်ခရီး ၁

ထက်အောင်ကျော် Thursday, 11 August 2011 18:47

အောက်မေ့ဖွယ်။ ဧရာဝတီမဂဇင်း

အခု ကျနော်ရေးမယ့် အဖြစ်အပျက်တွေဟာ ကျနော်ကိုယ်တွေ့တွေကို ကိုယ်ပိုင် ရေးဟန်နဲ့ ရေးသား ထားခြင်းမျှသာ ဖြစ်ပါတယ်။ ABSDF (ကျောင်းသားတပ်မတော်) ရဲ့ သမိုင်းမဟုတ်ပါ။ ABSDF ရဲ့ သမိုင်း တစိတ်တပိုင်းလို့တော့ ပြောမယ်ဆို ပြောလို့ ရနိုင်ပါတယ်။


ABSDF 201-တပ်ရင်းမှကျောင်းသားတဦး ၁၉၉၀-၀န်းကျင်က ရှင်မုတ္ထီးရွာအတွင်း ဟောပြောနေစဉ်(ဓာတ်ပုံ -စာရေးသူရဲ့ Facebook)

Friday, October 21, 2011

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး ၆

ထက်အောင်ကျော် on October 21, 2011 3:04 pm
အောက်မေ့ဖွယ် / ဧရာဝတီမဂဇင်း။


အင်အားသစ်များ ထပ်ရောက်လာခြင်းနဲ့ ကိုယ်စားလှယ်ရွေးချယ်ခြင်း

ကျနော်တို့အဖွဲ့ မောင်တော်မှာ စခန်းဆောက်နေချိန် ပထမဆုံး ရောက်လာတဲ့ အုပ်စုကတော့ကိုကျော်ကျော် (နောက်ပိုင်း ABSDF ရဲ့ အထွေထွေအတွင်းရေးမှူး ဖြစ်လာသူ။ NDD နဲ့ PDC မှာ လက်ရှိ ခေါင်းဆောင် တာဝန်ယူနေသူ) နဲ့ ရန်ကုန်က လာတဲ့ ကျောင်းသား ၄၊ ၅ ဦးပဲဖြစ်ပါတယ်။


သီဘောဘိုး စခန်းမှာ ကျင်းပသော ပထမအကြိမ် ABSDF အစည်းအဝေး တက်ရောက်ခဲ့သည့် ကိုတင်လေး၊ ဦးဟန်လင်း၊ ဦးစံရွှေအောင်နဲ့ ဦးအောင်ခင် အပါဝင် မင်းသမီးစခန်းဆီ အစောဆုံး ရောက်သွားသည့် တနင်္သာရီတိုင်း ကျောင်းသား ကိုယ်စားလှယ်များ (ဓာတ်ပုံ - စာရေးသူ၏ facebook မှ)


DVB ယာယီညွန်မှုး စပ်ဟန်ညောင်ရွေ မြန်မာပြည်ကိုပြန်လည်..





ပြည်ထောင်စု မြန်မာနိုင်ငံ၏ ပထမဆုံး သမ္မတအဖြစ် တာဝန်ယူခဲ့သူ ညောင်ရွှေ စော်ဘွား စဝ်ရွှေသိုက်၏ အငယ်ဆုံးသား ဖြစ်ပြီး ၁၉၆၃ ခုနှစ် ကတည်းကပင် ပြည်ပသို့ ထွက်ခွာသွားခဲ့သူ ဦးဟန်ညောင်ဝေသည် သမီးဖြစ်သူနှင့်အတူ နှစ် ၅၀ ခန့်အတွင်း ပထမဆုံး အကြိမ်အဖြစ် မြန်မာနိုင်ငံသို့ ယမန်နေ့ ညနေပိုင်းက Air Asia လေကြောင်းလိုင်းဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ တစ်ဆင့် ရောက်ရှိလာစဉ်

...The Voice Weekly မှ နောက်ဆုံးရသတင်းတို....
...........................................................................................................
 
INTERVIEW

An Exile Returns


Thursday, November 10, 201, Irrawaddy.

ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်မြို့အခြေစိုက် ဥရောပ-မြန်မာရုံး (EBO) ၏ အမှုဆောင်ဒါရိုက်တာ ဦးဟန်ညောင်ဝေသည် မွေးရပ် မြန်မာပြည်သို့ နှစ် ၅၀ နီးပါးအတွင်း ပထမဆုံးအကြိမ်အဖြစ် မကြာသေးမီက အလည်အပတ် သွားရောက်ခဲ့သည်။ ၎င်း၏ ခရီးစဉ် အတွေ့အကြုံနှင့် ပတ်သက်၍ အရင်ကမသိခဲ့သော အရာများကို လေ့လာခွင့်၊ နားလည်ခွင့်ရသည့် သည်ဟု သူက ပြောသည်။

ဦးဟန်ညောင်ဝေ၏ မြန်မာပြည် ခရီးစဉ်နှင့် ပတ်သက်၍ ဧရာဝတီမဂ္ဂဇင်းက တွေ့ဆုံမေးမြန်းရာတွင် ၎င်းမြန်မာပြည်၌ ရှိစဉ်အတွင်း တွေ့ဆုံခဲ့သည့် အစိုးရအရာရှိများ၊ နိုင်ငံရေး ခေါင်းဆောင်များအပါအဝင် တခြားသူများနှင့် တွေ့ဆုံစဉ် ကြုံတွေ့ရသော အခြေအနေများ၊ မြန်မာပြည်၏ လက်ရှိအခြေအနေအပေါ် အမြင်၊ တိုင်းရင်းသား အရေးကိစ္စ စသည်တို့ကို ဖြေကြားသွားခဲ့သည်။

Thursday, October 13, 2011

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး ၅

ထက်အောင်ကျော် October 13, 2011 5:01 pm
အောက်မေ့ဖွယ်။ ဧရာဝတီိမဂဇင်း


မောင်တော် ကျိုးဖိုးနဲ့ မင်းသမီး အမရာတို့တွေ့ပြီ။

ဒီစာကို ဖတ်ပြီး ထက်အောင်ကျော် တယောက် တောထဲမှာ နှစ်ပါးသွား ကဖို့ ပြင်နေသလားလို့တော့မထင်လိုက်ပါနဲ့။


မောင်တော်စခန်း (မင်းသမီးစခန်း) တနေရာ။ (ဓါတ်ပုံ။ စာရေးသူရဲ့ Face Book မှ)

ကရင်စကား နှစ်လုံးကို ဗမာမှုပြုထားတဲ့ ကျနော်တို့ ကျောင်းသားစခန်း တပ်တည်နေရာ နှစ်ခုကိုတွဲပြီး ပြောလိုက်တာပါ။ မောင်တော် ဆိုတာက ကျနော်တို့ ကျောင်းသားတွေရဲ့ ပထမဆုံးစခန်းနေရာ ဖြစ်ပြီး အမရာကတော့ ဒုတိယနဲ့ နောက်ဆုံးနေရာပါ။ မင်းသမီးဆိုတာကတော့ မင်းသမီးချောင်းဖျားနဲ့ ချောင်းဝမှာရှိတဲ့ KNU စခန်းနဲ့ ကရင်ရွာတွေကို ဆိုလိုတာပါ။

မင်းသမီးစခန်း (မူလ ကရင်စကားကတော့ မင်တမီ ပါ) ဆိုတာက ခုနက ကျနော်ရှေ့မှာ ပြောခဲ့တဲ့ ထားဝယ်ဘက်မှာ မြစ်ဖျားခံတဲ့ ဘန်းချောင်းနဲ့ ရေဖြူဘက်မှာမြစ်ဖျားခံတဲ့ ကွမ်းချောင်းတို့ မေတ္တာရွာမှာဆုံပြီးဖြစ်ပေါ်လာတဲ့ တနင်္သာရီမြစ်နဲ့ ထိုင်းနယ်စပ် အနီးက မင်းသမီးချောင်းဖျား (မူလ ကရင်စကားကတော့ မင်တမီချောင်းဖျား- ဒါမှမဟုတ် ထီးခီး) ကနေ ဆင်းလာတဲ့ ရေတွေ မြစ်ထဲစီးဝင်တဲ့နေရာ (ချောင်းဝ သို့မဟုတ် ထီးထာ) ကိုခေါ်တာပါ။

ရှေ့မှာပြောခဲ့တဲ့ ဘန်းချောင်းဘေးက ခွဲ ၁ – ကနေ အခု ထီးထာ ချောင်းဝဆီအထိ နှစ်ညအိပ် ခရီး နှင်ခဲ့ရပြီး နောက်တနေ့ ၁၂ နာရီ ၀န်းကျင်လောက်မှာတော့ ထီးထာ ချောင်းဝနဲ့ တနင်္သာရီမြစ်ဘေးမှာ ထိုးထိုးထောင်ထောင် အဖြူရောင် နှစ်ထပ် တိုက်တလုံးကို မြစ်ရဲ့ ဒီဘက်ကမ်းကနေ ကျနော်တို့ မြင်လိုက်ရပါတယ်။ ဒါဟာ တောတွင်းကာလ တလကျော် အချိန်အတွင်း ပထမဆုံး မြင်ရတဲ့ အသားနားဆုံး အဆောက်အအုံ ဖြစ်တဲ့အတွက် “ကရင်သူပုန်စခန်းက တယ်ဟုတ်ပါလား” ဆိုပြီး ကျနော့်စိတ်ထဲ ကြိတ်လေးစား မိလိုက်ပါတယ်။ နောက်ပိုင်းမှ ပြန်သိရတာက အဲဒါဟာ KNDO (ကရင်အမျိုးသား ကာကွယ် ရေးအဖွဲ့) ရုံးခန်းဖြစ်ပြီး လက်ရှိ KNDO တပ်ရင်း ၇ ရင်းမှူး ဗိုလ်မှူး ဘော်ဒွင်ဇန် (ဥက္ကဋ္ဌကြီး မန်းဘဇံရဲ့ သားငယ်) ရုံးထိုင်တဲ့နေရာ ဖြစ်ပါတယ်။ သူက ကျနော်တို့ တောထဲရှိစဉ်မှာ ကွယ်လွန်သွားပါတယ်။ သားကြီးကတော့ ဗိုလ်မှူး ရောဘဇန် ဖြစ်ပြီး အခုအမေရိ ကားမှာပါ။

Wednesday, October 12, 2011

နိုင်-ကျဉ်း လွတ်ပေးမှု နောက်ဆုံးရသတင်းများ


ဇာဂနာ ရန်ကုန်ရောက်ပီ...

လွတ်ငြိမ်းချမ်းသာခွင့်အရ ယနေ့နံနက်တွင် မြစ်ကြီးနားအကျဉ်းထောင်မှ လွတ်မြောက်လာပြီး မွန်းလွဲပိုင်း ၁ နာရီ ၁၅ မိနစ်ခန့်အချိန်က ရန်ကုန်လေဆိပ်သို့ ရောက်ရှိလာသည့် စွယ်စုံရ ဟာသအနုပညာရှင် ဇာဂနာနှင့် ဖက်လှဲတကင်း ကြိုဆိုနှုတ်ဆက်နေကြသူများ (ဓာတ်ပုံသတင်း - The Voice Weekly)


လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာတဲ့ အကျဉ်းသား ၆၀၀၀-ကျော်ထဲက နိုင်-ကျဉ်း တွေအကြောင်းကို ပြည်တွင်းမီဒီယာတွေမှာ
ထူးထူးခြားခြား ဖေါ်ပြနေတာတွေ့ရပါတယ်။

အခုချိန်ထိသိရသလောက်ဆိုရင် နာမည်ကြီးတွေထဲက ကိုဇာဂနာ။ ဗိုလ်ချုပ်ဆေထင်။ မစုစုနွေး။ ကိုဝင်းမော်တို့ပါဝင်နေပါတယ်။
ကျန်လူများကို အတည်ပြုချက်မရသေးပါ....

ဒီအကြောင်း မီနစ်အလိုက်ဖေါ်ပြနေတဲ့ မီဒီယာ လင့် များကို အောက်ပါအတိုင်း ဖေါ်ပြအပ်ပါတယ်..


http://www.news-eleven.com/index.php?option=com_content&view=article&id=10486:2011-10-12-02-09-04&catid=42:2009-11-10-07-36-59&Itemid=112

၈၈-တုန်းက ဘာကြောင့်လမ်းပေါ်ထွက်ခဲ့သလဲ...


“ပါတီထောင်ဖို့၊ ပါတီဝင်လုပ်ဖို့ ဆိုတာထက် ၈၈ တုန်းက ကျနော်တို့ ဘာကြောင့် လမ်းပေါ်ထွက်ခဲ့ကြလဲ။ ပျင်းလို့ ထွက်ခဲ့ကြတာ မဟုတ်ပါဘူး။ လိုချင်တာတွေ ရှိလို့ ထွက်ခဲ့ကြတာပါ။ ကျနော်တို့ တကယ်လိုချင်တာ ရပြီလား။ အပြည့်အ၀ မရသေးဘူးဆိုရင် ရအောင်လုပ်ကြရမယ်။”
(အလဲဗင်း - ကိုဇာဂနာနှင့် အင်တာဗျူးမှ ...)

Thursday, October 6, 2011

ပွဲစားမဲ့ လွတ်လပ် မီဒီယာခေတ်ကို တကယ်ရောက်တော့မလား

ပွဲစားမဲ့ လွတ်လပ် မီဒီယာခေတ်ကို တကယ်ရောက်တော့မလား
၀၆၁၀၁၁ (ထက်အောင်ကျော်)

ပြီးခဲ့တဲ့ သောကြာနေ့။ စက်တင်ဘာ ၃၀-ရက်နေ့မှာ မျော်လင့်မထားတဲ့ ထူးခြား သတင်း ၂-ပုဒ် ကို တပြိုင်တည်း ကြားလိုက်ရပါတယ်။ ပထမ-တပုဒ်ကတော့ ဧရာဝတီမြစ်ဆုံရေကာတာ စီမံကိန်းကို သူ့အစိုးရလက်ထက်မှာ ဆက်မလုပ်ဘဲ ယာယီ-ဆိုင်းငံ့ထားမယ်လို့ သမ္မတဦးသိန်းစိန်ရဲ့ကြေငြာ ချက် ပါ။ ပြည်ပအသံလွင့်ဌာနတွေရဲ့ သတင်းလွင့်ချိန်မတိုင်မီတက်လာတဲ့ အဲဒီသတင်းကို Face book, Twitter နဲ့ အင်တာနက်သတင်းဆိုက်တွေမှာဖတ်ရှုပြီး "တယ်ဟုတ်ပါလား။ သမ္မတဦးသိန်းစိန် အစိုးရ က တကယ်ဘဲ့ပြည်သူ့ဆန္ဒကိုလေးစားတော့မလား" ဆိုပီး စိတ်ကူးယဉ်လို့ကောင်းတုန်း။

အဲဒီပျော်ရွင်ဘွယ် သတင်းနဲ့ ဆန့်ကျင့်ဘက်သတင်းတပုဒ် ကျနော့် Face Book ပေါ်ရောက် လာပါတယ်။ "ဒီဗွီဘီ-သတင်းဌာနအတွင်း အမေရိကန်ဒေါ်လာ ၃-သိန်းကျော် အလွဲသုံးစားလုပ်မှုကြီးရှိ နေတဲ့အတွက် ဒိကိစ္စကို နော်ဝေး ရဲ ဆီတိုင်ပီး တရားရုံးကနေ စစ်ဆေးတော့မယ်" တဲ့။ ဒီကိစ္စအတွက် ပြည်တွင်း ယူဂျီ-လုပ်နေတဲ့အဖွဲ့က တာဝန်ရှိသူ ၃-ဦးကို စစ်ဆေးမှာဖြစ်ပီး ညွန်မှုး ၂-ဦးကတော့ အုပ် ချုပ်ရေးတာဝန်ကနေ ခေတ္တနှုတ်ထွက်ထားတယ်။ ဘုတ်အဖွဲ့ဝင်တဦးဖြစ်သူ စပ်ဟန်ညောင်ရွေက ယာယီ ညွန်မှုးအဖြစ်တာဝန်ယူပေးထားတယ်...တဲ့။ ဘာတွေဖြစ်ကုန်ကြပီလဲ။ ဒီဗွီဘီ-ထဲမှာ ဘာတွေ ဖြစ်ကုန်ကြပီလဲ။

တာဝန်အရပြောမယ်ဆိုရင် ဒီဗွီဘီ-အုပ်ချုပ်ရေးအဖွဲ့ကနေ လွန်ခဲ့တဲ့မေလကတည်း က ကျနော် ကို အလုပ်ကနေထုတ်ပစ်ထားပီးသားဖြစ်တဲ့အတွက် ဒီကိစ္စဟာ ကျနော်နဲ့ ဘာမှမဆိုင်တော့။ ဒါပေမဲ့ ပရိတ်သတ်တွေ။ ရဲဘော်ရဲဘက်တွေက ဒီလာဒ်စားမှုအကြောင်းကို ကျနော်ဆီ တချိန်လုံးမေးလာနေ လို့ သောကြာနေ့ကနေအခုထိ အဲဒီမေးခွန်းတွေကိုဖြေနေရတာကိုက ကျနော့်အတွက် အလုပ်ကြီး တခု ဖြစ်နေပါတယ်။ ဒီလိုတဦးချင်းကို ဖြေနေတာနဲ့စာရင် စာနဲ့ပေနဲ့ရေးပီး သိသလောက်တင်ပေးလိုက်ရင် ပိုကောင်းမလားလို့စဉ်းစားမိရင်းနဲ့ ဒီဆောင်းပါးဖြစ်လာတယ်ဆိုပါတော့။



ဒီဗွီဘီ-အစ မာနယ်ပုလောက

"လူတွေဟာ ဆင်းရဲမှုဒဏ်ကိုခံနိုင်ပေမဲ့ ချမ်းသာမှုဒဏ်ကို မခံနိုင်ကြဘူး" ဆိုတဲ့စကားလုံးကို အစက ကျနော်သိပ်နားမလည်ခဲ့။ ဒါပေမဲ့ အခုတော့ ဒီစကားလုံးရဲ့ အဓိပယ်ကို ဒီဗွီဘီ-က လက်တွေ့ ပြလိုက်ပါပီ။ အခုဖြစ်သွားတဲ့ မဟာလာဒ်စားမှုကြီးဟာ လွန်ခဲ့တဲ့ နှစ် ၂၀ ဒီဗွီဘီ-စတင် ထူထောင်ကာစ ၁၉၉၂-တုန်းကဆိုရင် ဘယ်လိုမှပေါ်လာစရာအကြောင်းမရှိ။ ဘာကြောင့်လဲဆိုရင် အဲဒီကာလက စား စရာလာဒ်နဲနဲလေးမှမရှိသေးတဲ့အပြင် ထမင်းတောင်နပ်မှန်အောင် စားနိုင်ဖို့မလွယ်ခဲ့တဲ့ အခြေနေက နေ ဒီဗွီဘီ-ဆိုတဲ့မီဒီယာတခုဖြစ်လာအောင် စတင်ကြိုးစားလာခဲ့ကြလို့ပါ။

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး ၎

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး ၎
ထက်အောင်ကျော်
Thursday, 06 October 2011 18:53
အောက်မေ့ဖွယ်။ ဧရာဝတီမဂဇင်း။


နောက်ဆုံးမှာတော့ အချိန်တလကြာတဲ့အထိ ဘာမှမထူးဘူး ဆိုရင် ဒီမှာဆက်နေမလား၊ ထား ၀ယ်ပြန်မလားဆိုပြီး ကျနော်တို့အကြား ငြင်းခုံမှုတွေ တိုးပွားလာပါတယ်။ မဲဆောက်နဲ့ သီဘောဘိုးဘက်က ကျောင်းသားတွေ၊ နောက်တခါ မင်းသမီး ဘက်က ကျောင်းသားတွေနဲ့လည်း ကျနော်တို့က ဘယ်လိုမှ တိုက်ရိုက် ဆက်သွယ်မှုမရ၊ KNU ဆီကတဆင့် ကြေးနန်း သတင်းတချို့ကို ရနေပေမယ့် ကျနော်တို့က ဒါကို အယုံအကြည် သိပ်မရှိတော့ပါဘူး။


မင်းသမီးစခန်းဆီ ပထမ ဆုံးရောက်သွားတဲ့ တနသာင်္ရီတိုင်း ကျောင်းသားကိုယ်စားလှယ်များ။

နောက်ဆုံးမှာတော့ မင်းသမီးဘက် ရောက်နေသူတွေနဲ့ ဆက်သွယ်နိုင်ဖို့ဆိုပြီး ကျနော်တို့ဆီက ကိုယ်စားလှယ် ၂ ဦးကို ရွေး၊ KNU လက်ထဲ အပ်ပြီး လွှတ်လိုက်ပါတယ်။ အဲဒီ ၂ ဦးကတော့ တနင်္သာရီတိုင်း လက်ရွေးစင် ဘော်လုံးသမား သန်းဝင်း (ခေါ်) အိုဃီးနဲ့ မော်လမြိုင် တက္ကသိုလ်က ဆန်းဇော်ထွန်းတို့ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ ခရီးထွက်သွားပြီး တပတ် ဆယ်ရက် ကြာတဲ့အထိ ဘာသတင်းမှ ပြန်မလာတဲ့အတွက် ဒီလူတွေ မင်းသမီးကို ရောက်တာ သေချာရဲ့လား၊ လမ်းမှာများ အဖြောင် ခံလိုက်ရပြီလား ဆိုပြီး ကျနော်တို့နဲ့ KNU အကြား သံသယတွေ ပွားလာပြန်ပါတယ်။ ဒီကိစ္စ စုံစမ်းဖို့ KNU နဲ့ ရင်းနှီးပြီး ကရင်စကားလည်း နည်းနည်းတတ်တဲ့ ကိုသောင်းညွန့် (ခေါ်) ကိုလေပေး (၂၀၁ - ဘက်မလိုက် တပ်ရင်းမှူး ဖြစ်လာသူ) ကို တာဝန်ပေးပြီး မင်းသမီးစခန်းဆီ ထပ်လွှတ်ခဲ့ပါတယ်။ (ဒီဆောင်းပါး ရေးဖို့ ပြန်မေးတော့မှ သိရတာကတော့ ထီးထာရောက် ရောက်ချင်း သတင်းပို့ဖို့ အခက်အခဲ ရှိနေလို့ နောက်ကျသွားတာသာ ဖြစ်ပြီး တခြားပြဿနာ ဘာမှမရှိပါဘူးလို့ ကိုသန်းဝင်းက ရှင်းပြပါတယ်)

ဒီအခြေနေတွေကို မသိတဲ့ ကျနော်တို့အုပ်စု ခမျာတော့ BBC ကို နားထောင်။ KNU ခေါင်းဆောင်ပိုင်းကို သတင်းမေးနဲ့ တချိန်လုံး အားမလို အားမရ ဖြစ်နေခဲ့ပါတယ်။ ဒီလိုနဲ့ တနေ့မှာတော့ မဒတ ဥက္ကဋ္ဌ စောမော်ရယ်ကနေ ကျောင်းသားတွေကို လက်ခံဖို့ သူတို့ပြင်ထားပါတယ်၊ လက်နက်တွေလည်း ထောက်ပံ့မယ်ဆိုတဲ့ အဓိပ္ပာယ်ရတဲ့ စကားမျိုး BBC နဲ့ အင်တာဗျုး အတွင်း ပြောသွားတာ ကြားလိုက်ရတဲ့အတွက် ကျနော်တို့ရဲ့ စိတ်ပျက်မှုတွေဟာ နည်းနည်းတော့ ပြန်လည် နိုးကြား လာပါတယ်။ ဒါပေမယ့် လက်တွေ့ နေ့စဉ် ဘ၀မှာကတော့ ညောင်အိုးထီးကို နှာခေါင်းပိတ်ပြီး သုံးဆောင်၊ ခြုံနွယ်ပိတ်ပေါင်း မျိုးစုံ ဟင်းချိုကို သောက်၊ ငှက်ဖျားမဖြစ်အောင် ရေကိုကြိုသောက်၊ မယ်ညား - ပါသား ကို ခပ်ကျယ်ကျယ် အော်ပြီး ၀ါးရင်းတုတ် သေနပ်ကိုထမ်း စသဖြင့် စိတ်ဓာတ်ကျဖွယ် အချိန် တလတာကို အဓိပ္ပာယ် နည်းပါးစွာနဲ့ ကျနော်တို့ အုပ်စု ဖြတ်သန်းခဲ့ရပါတယ်။

ဘန်းချောင်းဘေးက KNU တပ်ခွဲ ၁ မှာ မယ်ညား - ပါးသား လုပ်နေရင်း အချိန်တလလောက် ကြာသွားခဲ့ပါတယ်။

အဲဒီကာလအတွင်း မမျှော်လင့်ဘဲ ဖြစ်သွားတဲ့ ဖြစ်စဉ်တခုကတော့ ညီညီနိုင် (ခေါ်) ကျနော်တို့ရဲ့ ရဲဘော်တဦး ရေနစ် သေဆုံးသွားခြင်းပါ။ ဒါဟာ ရှေ့မှာ ပြောခဲ့တဲ့ အစားအသောက် ဆင်းရဲ ငတ်ပြတ်မှုနဲ့ ဆက်စပ်နေတဲ့အတွက် တကယ့်ကို ရင်နာစရာ ဇာတ်လမ်းတခုပါပဲ။ သူတို့ မိသားစုဟာ ထားဝယ်မှာ အေး - ထီဆိုင်နဲ့ တခြားဆိုင်တွေလည်း ရှိပါတယ်။ စီးပွားရေးအရ ပြေလည်နေတာကြောင့် သူတို့ရဲ့ သားဟာ အစားအသောက် ငတ်ပြတ်မှုကြောင့် သေဆုံးသွားရတယ် ဆိုတာကို သူ့မိသားစုတွေ ဘယ်လိုမှ လက်ခံမယ် မထင်ပါဘူး။

Friday, September 16, 2011

တတိယ နိုင်ငံရဲ့ ဒုတိယ ဝေဒနာ။

တတိယ နိုင်ငံရဲ့ ဒုတိယ ဝေဒနာ
၁၇၀၉၁၁ (ထက်အောင်ကျော်)

မနက်ဖြန် တနင်္ဂနွေ။ စက်တင်ဘာ ၁၈ ဆိုရင် မြန်မာနိုင်ငံမှာ စစ်တပ်ကအာနာသိမ်းခဲ့တာ။ ဒါမှ မဟုတ် အဲဒီ အာဏာသိမ်းစစ်တပ်ကို လက်နက်ကိုင်ပီး တော်လှန်မှရမယ်ဆိုပီး ကျနော်တို့တတွေ အိမ် ကနေထွက်ခွါ တောခိုလာခဲ့တာ ၂၃-နှစ်ပြည့်တော့မှာပါ။ အခု ၂၃-နှစ်ကြာပြီးတဲ့အခါမှာ ကျနော် အပါဝင် တောခိုကျောင်းသားတွေ ဘယ်ဆီရောက်ပီး ဘာတွေဆက်လုပ်နေကြသလဲ။



တော်လှန်ရေး ဆက်လုပ်နေသလား။ တိုင်းပြည်ပြန်လည်တည်ဆောက်ရေးအတွက် နိုင်ငံရပ် ခြားမှာ အဆင့်မြင့်ပညာတွေသင်ယူနေကြသလား။ ဒါမှမဟုတ် တိုင်းပြည်စီးပွါးတိုးတက်ရေးအတွက် ကူညီနိုင်အောင် စီးပွါးရေးလုပ်ငန်းပိုင်ရှင်တွေဖြစ်ဖို့ကျိုးစားနေသလား။ ဒါမှမဟုတ် အခြေခံ လူမှုအဖွဲ့ စည်းတွေကိုပြောင်းလဲနိုင်ဖို့အတွက် လူမှုကယ်ဆယ်ရေးလုပ်ငန်းနဲ့ အန်ဂျီအို-လုပ်ငန်းခွင်ကို လေ့လာ နေကြသလား။ ဒါမှမဟုတ် စားဝတ်နေရေးကိစ္စ။ မိသားစုကိစ္စနဲ့ဘဲ့ လုံးချာလိုက်ပီး ၂၃-နှစ်ခရီးက ပန်း တိုင် နဲ့ပိုနီးလာသလား။ ပိုဝေးသွားသလား ဆိုတာကိုတောင် စဉ်းစားဖို့အချိန်မရဖြစ်နေတာလား..။

သေချာတာတခုကတော့ လွန်ခဲ့တဲ့ ၂၃-နှစ်က တောခိုလာတဲ့ကျောင်းသားအင်အားအများစု ကြီးဟာ အခုချိန်မှာတော့ မူလရည်ရွယ်ချက်ဖြစ်တဲ့ လက်နက်ကိုင်တော် လှန်ရေးနဲ့ အလှမ်းဝေးရာ။ သူတို့အိမ်ကထွက်ခွါလာစဉ်က နေထိုင်ခဲ့ဖူးတဲ့ နယ်စပ်ကတောတောင်တွေနဲ့ ဝေးကွာရာ။ ရေခဲပြင် တွေ။ ဆီးနှင်းတွေဖုံးလွှမ်းနေတဲ့ မြောက်အမေရိကတိုက်။ ဥရောပတိုက်နဲ့ သြစတေလျတိုက်တွေဆီ ရောက်ရှိနေတာ ဆယ်စုနှစ်တခုကျော်စပြုလာခဲ့ပါပြီ။

ကုလသမဂ-ကထုတ်ပြန်ထားတဲ့စာရင်းဇယားတွေ။ နယ်စပ်ရှိ တော်လှန်ရေးအဖွဲ့တွေကပြော တဲ့ စာရင်းဇယားတွေအရဆိုရင် မနီလွိုင်အပါဝင် နယ်စပ်တကျောရှိ ဒုက္ခသည်စခန်းအသီးသီးကနေ တတိယနိုင်ငံတွေဆီထွက်သွားတဲ့ဦးရေဟာ လွန်ခဲ့တဲ့နှစ် ၂၀-ကျော်ကာလအတွင်း ၅-သောင်းကျော် နေပီဖြစ်ပါတယ်။ မြောက်အမေရိကားတိုက်က အမေရိကန်နဲ့ ကနေဒါက အများဆုံးလက်ခံထားတယ် လို့ယူဆရပီး သြစတေလျနဲ့ ဥရောပက ဒုတိယနဲ့ တတိယ-နေရာတွေမှာရှိနေတယ်လို့ ခန့်မှန်းရပါ တယ်။

Friday, September 9, 2011

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး ၃

ထက်အောင်ကျော်
Friday, 09 September 2011 17:07
အောက်မေ့ဖွယ်။ ဧရာဝတီမဂဇင်း။


ကျနော်တို့ကို ခရိုင် နိုင်ငံရေးမှူးရဲဘော် တင်ရှိန်၊ ခရိုင်တပ်မှူး ရဲဘော်တင်ထွန်း ဆိုတဲ့ ညီအစ်ကို နှစ်ဦး ဦးဆောင်တဲ့ အဖွဲ့က ကြိုဆို စကားပြောခဲ့ ပါတယ် (ဗကပ – တင်္သာရီတိုင်း ဟာ နောက်ပိုင်းမှာ မြိတ်-ထားဝယ် ညီညွတ်ရေး တပ်ဦး အဖြစ် အသွင် ပြောင်းလိုက်ပြီး ရဲဘော်တင်ထွန်းက တိုက်ပွဲမှာကျဆုံးသွားခဲ့ပါတယ်) အဲဒီတုန်းကတော့ သူတို့ပြောတဲ့ အထဲမှာ သူတို့ပါတီရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေ၊ ထားဝယ်လူထုရဲ့ ထောက်ခံမှုအခြေနေတွေ၊ လက်နက်ကိုင် လှုပ်ရှားမှု အခြေအနေ အတော်လေး စုံစုံလင်လင် ပါဝင်ပါတယ်။ အဲဒီထဲက အရေးကြီးဆုံးအချက် တခုကတော့ KNU နယ်မြေဆီမသွားဘဲ သူတို့ နယ်မြေမှာ အခြေစိုက်ပြီး ကျောင်းသားလှုပ်ရှားမှု လုပ်လည်းရပါတယ်၊ သူတို့မှာလည်း လက်နက်တွေရှိပါတယ် ဆိုတဲ့ အချက်အဖြစ် ကျနော် မှတ်မိနေပါတယ်။


ကျောင်းသားရဲဘော်သစ်များ ဝါးရင်းတုတ်ဖြင့် စစ်ရေးလေ့ကျင့်စဉ် (ဓါတ်ပုံ...စာရေးသူရဲ့ Face Book မှ)


ဒါပေမယ့် ကျနော်တို့က အဲဒါကိုလက်မခံဘဲ KNU နယ်မြေကိုဖြတ်ပြီး ထိုင်းနယ်စပ်ကို အမြန်ဆုံး အရောက်သွားမှဖြစ်မယ်၊ အဲဒီမှာ ကျောင်းသားအားလုံးဆုံပြီး ကျောင်းသားတပ်ဖွဲ့မယ်၊ ဒါ ကြောင့် KNU နယ်မြေကိုသာ အမြန်ဆုံးပို့ပေးပါ ဆိုပြီး တောင်းဆိုခဲ့ပါတယ်။ နောက်တနေ့မနက် မှာတော့ မကဲ - ကျောက်အိုင်ကနေ KNU နယ်မြေဆီ ခရီးဆက်ဖို့ ကျနော်တို့ ပြင်ပါတယ်။ တချိန်တည်းမှာပဲ ကိုတင်လေးနဲ့ ရန်ကုန်ကနေရောက်နေတဲ့ ဗကသ က ဆလိုင်းကိုကိုဦးတို့ အဖွဲ့ကလည်း ကျနော်တို့နဲ့ အတူသွားနေရင် မဲဆောက်နဲ့ သီဘောဘိုးဆီ အချိန်မီ မရောက်မှာစိုးတဲ့အတွက် ရနောင်းကို အမြန်ဆုံး ဆင်းပြီး အဲဒီက တဆင့် မဲဆောက်ဘက် အမြန်သွားနိုင်ဖို့ ပြင်ဆင်နေပါတယ်။

မနက် ၇ နာရီ ကျော်ကျော်လောက်မှာတော့ ကိုတင်လေးနဲ့ ကိုကျော်အောင်၊ ကိုအောင်မိုးမြတ် (သူတို့ ၂ ဦးဟာလည်း နောက်ပိုင်း မင်းသမီး ဒေသမှာ အသတ်ခံရသလိုလိုနဲ့ ကိုတင်လေးနဲ့အတူ ပျောက်ဆုံးသွားပါတယ်) အတိုး အပါအ၀င် ထားဝယ် ကျောင်းသား ကိုယ်စားလှယ်အဖွဲ့။ ကိုကိုဦး၊ မင်းသူ၊ ကျော်ဇော၊ ထွန်းလင်းနဲ့ တခြားတဦးအပါဝင် ဗကသ-ရန်ကုန် ကိုယ်စားလှယ် အဖွဲ့နဲ့ ထားဝယ်ဆန္ဒပြပွဲကို သတင်းယူနေတဲ့ ထိုင်း TV ချယ်နယ် တခုက မောင်မောင်လို့ ခေါ်တဲ့ ထိုင်းသတင်းထောက် တဦးအပါအ၀င် လူတဒါဇင်လောက်ဟာ ရနောင်းသွားရေးအတွက် မကဲ - ကျောက်အိုင်ကနေ သရက်ချောင်းဘက် ထွက်သွားပါတယ်။ ကျနော်တို့အုပ်စုလည်း မကဲ ချောင်းကို ဖြတ်ပြီး KNU နယ်မြေဆီသွားဖို့ ထွက်လာခဲ့ပါတယ်။


Thursday, August 25, 2011

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး ၂

ထက်အောင်ကျော်
Thursday, 25 August 2011 19:29
အောက်မေ့ဖွယ်။ ဧရာဝတီမဂဇင်း။

ကံဆိုးချင်းတော့ မြစ်လယ်တည့်တည့်မှာ စစ်သင်္ဘောကြီးတစီး ရပ်ထားတာကို တွေ့လိုက်ရပါတယ်။

“ဘုရားရေ။ သွားပြီထင်တယ်။ ဒီတခါတော့ ဆန္ဒပြပွဲအတွင်းမသေဘဲ ရေလယ်မှာ ပစ်သတ်ခံရတော့မယ်ထင်ပါတယ်” လို့ စိတ်ထဲက အတော်စိုးရိမ်ပြီး ဘုရားတလိုက်မိပါတယ်။ ဒါပေမယ့် ကံကောင်းတယ်လို့ ပြောရမလား၊ တမင် သိရက်နဲ့ လွှတ်ပေး လိုက်တာလားတော့ မပြောတတ်၊ အဲဒီသင်္ဘောကြီးက တချက်မှမလှုပ်ဘူး။ ဆလိုက်မီးနဲ့ ထိုးပြီး သတိပေးတာမျိုးလည်းမရှိဘူး။


မင်းသမီး စခန်းမှ ဆေးတပ်ဖွဲ့ (ဓာတ်ပုံ -စာရေးသူရဲ့  Facebook)

ရင်တမမနဲ့စီးလာရတဲ့ လှေခရီးဟာ မနက် ၅ နာရီခွဲလောက်မှာတော့ စော်ဝရွာကို ဆိုက်ပါတယ်။ အဲဒီမှာ သေနတ်ကိုင်ထားတဲ့ ဗကပ ဆိုတာကို ကျနော့်ဘဝမှာ ပထမဆုံးအကြိမ်မြင်ဖူးပြီး ထားဝယ်က ကျောင်းသားတချို့လည်း သူတို့နဲ့အတူ ရှိနေတာကို အံ့သြစွာတွေ့လိုက်ရပါတယ်။ လက်နက်ကိုင် တော်လှန်ရေးအတွက် စိတ်ကူးယဉ်နေတဲ့ (တကယ်ကတော့ အဲဒီအချိန်အထိ လက်နက်ကိုင် တော်လှန်ရေးဆိုတဲ့ လှပတဲ့ စကားလုံးမျိုး အတိအကျမသုံးတတ်သေးပါ) ကျနော်ဟာ ဗကပ - ရဲဘော် ၃ ဦး ကိုင်ထားတဲ့ လက်နက်တွေကို အသေအချာကြည့်မိပါတယ်။ အဲဒီတုန်းက ဂျီသရီး လောက်ကိုသာ အဝေးကနေ မြင်ဖူးသေးတဲ့ အတွက် သူတို့ကိုင်ထားတဲ့ လက်နက်ကို ဘာအမျိုးအစားမှန်း ကျနော်မခေါ်တတ်ပါဘူး။ KNU နယ်ထဲ ရောက်ဖူးတဲ့ ကျနော့်ဘေးက ကျောင်းသားတဦး ပြောတာကတော့ နေ၀င်း စတင်းကတလက်။ AK 47-ခေါက်ဒင်က တလက်နဲ့ M 79 လောင်ချာက တလက်ဖြစ်တယ် ဆိုတာကို သိခဲ့ရပါတယ်။

တကယ်တမ်း ပြန်စဉ်းစားမယ်ဆိုရင်တော့ ကျနော်တို့ သက်စွန့်ဆံဖျား သွားခဲ့တဲ့ အဲဒီ တညတာ လမ်းကြောင်းဟာ ဘေးကနေ ကြည့်နေသူအတွက် ရယ်ချင်စရာ ဖြစ်နေနိုင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အခု ကျနော်တို့ ရောက်နေတဲ့ စော်ဝရွာနဲ့ ထားဝယ်မြို့ဟာ ၅ မိုင်လောက်ပဲ ကွာပြီး စက်ဘီးနဲ့ လာမယ်ဆိုရင် နာရီဝက်အတွင်းရောက်နိုင်တဲ့ နေရာဖြစ်နေလို့ပါ။

ဒါပေမယ့် ကိုယ်သွားရမယ့် လမ်းကြောင်းကို ကြိုမသိတာရော၊ စစ်တပ်က ဂိတ်တွေကို ပိတ်ထားတာရော အခြေနေ တွေကြောင့် ၅ မိုင်ခရီးကို သက်တောင့်သက်သာ စက်ဘီးလေး၊ ဆိုင်ကယ်လေးနဲ့ မသွားနိုင်ဘဲ ထားဝယ်မြစ်ကိုဖြတ်ပြီး ၃၊ ၄ မိုင်ဝေးတဲ့ အနောက်ဘက်က ကျနော်တို့ရွာဆီ လှေတတန်၊ မြင်းလှည်းတတန်နဲ့ အရင်လာ၊ အဲဒီကနေ ၁ဝ မိုင်ခရီးကို ညကြီးမင်းကြီး လမ်းပြန်လျှောက်၊ တမိုင်ကျော်လောက် ကျယ်မယ့် ပင်လယ်ဝကို လက်လှော်လှေတွေနဲ့ ဖြတ်ပြီးမှ ဒီရွာလေးကို ခဲရာခဲဆစ် လာခဲ့ရတာကိုက ဒီခရီးစဉ်ဟာ စနစ်တကျ ပြင်ဆင်ထားတာမဟုတ်ဘဲ အရေးပေါ် သင့်သလို သွားခဲ့ရတယ်ဆိုတာ ထင်ရှားနေပါတယ်။

Monday, August 22, 2011

လစ်ဗျားသူပုန်နဲ့ မြန်မာသူပုန်တွေ ဘယ်နေရာမှာ ဘယ်လိုကွာနေသလဲ-

၂၂၀၈၁၁ (ထက်အောင်ကျော်)

လစ်ဗျားနိုင်ငံရဲ့မြိုတော် ထရီပိုလီ ဆီ သူပုန်တပ်ဖွဲ့တွေဝင်လာတာ။ ဒေသခံတွေက ကြိုဆို အောင်ပွဲခံနေတာကို ပြည်တွင်း-ပြည်ပရှိ မြန်မာအတော်များများ တီဗွီ-ကနေ ကြည့်ဖြစ်ကြမယ်လို့ ထင်ပါတယ်။ အထူးသဖြင့် ၂၃-နှစ်ကြာ ဒီမိုကရေစီတိုက်ပွဲအတွင်းပါဝင်နေပီး အကြောင်းအမျိုးမျိုး ကြောင့် ပြည်ပကိုရောက်နေသူတွေ။ အိမ်နီးချင်းနိုင်ငံတွေဆီရောက်နေသူတွေဆိုရင် တီဗွီ-ကိုအသေ ချာကြည့်ပီး Face book, Twitter တွေကနေ သူတို့ရဲ့ထင်မြင်ချက်တွေ။ မျော်လင့်ချက်တွေကို ချက် ချင်းတင်နေတာကိုသတိထားမိပါတယ်။ အဲဒီလိုလူတွေထဲမှာ ကျနော်လဲ တဦးအပါဝင်ဖြစ်တယ်ဆိုတာ ကို ပထမ-ဆုံးဝန်ခံလိုပါတယ်။



အာရပ်လှိုင်းစီးသူများနဲ့ အာရပ်လှိုင်းကို ဘေးကနေ ရပ်ကြည့်နေသူများ

အရှေ့အလယ်ပိုင်းမှာ လူထုံအုံ့ကြွမှုတွေဖြစ်ပီး တူနီးရှားကနေ အီဂျစ်အထိ အာနာရှင်တွေပြို ကျ။ ဘာရိန်း။ လစ်ဗျား။ ဂျော်ဒန်ကနေ ဆီးရီးယားအထိ အာဏာရှင်တပိုင်း သမ္မတတွေ။ ဘုရင်တွေ ရာထူးကနေ ထွက်ရတော့မလိုဖြစ်နေပါတယ်။ ၂၀၁၁-နှစ်ဆန်းပိုင်းမှာ စတင်လာခဲ့တဲ့ ဒီလူထုအုံကြွမှုကို အာရပ်လှိုင်းလို့ မြန်မာစာနယ်ဇင်းသမားတချို့ကခေါ်ဝေါ်ကြပီး မြန်မာနိုင်ငံဆီကိုလဲ ဒီလှိုင်း ကရက်ရိုက် နိုင်တယ်လို့ သူတို့ကဆိုပါတယ်။ အာရပ်စတိုင် လူထုံအုံကြွမှုတွေ မြန်မာနိုင်ငံမှာဖြစ်လာစေဖို့ တိုက် တွန်းနှိုးဆော်တဲ့ ဆောင်းပါးတွေ။ နှိုးဆော်ချက်တွေကိုထုတ်ပြန်ကြီး ဒီလှုပ်ရှုားမှုကို အာရပ်လှိုင်း လှုပ် ရှားမှု။ ဒီလှုပ်ရှားမှုမှာပါဝင်သူတွေကို အာရပ်လှိုင်းစီးသူများ စသဖြင့် အမည်ပေးမှုတွေဟာလဲ အွန်လိုင်း ကွန်မြူနတီမှာအတော်လူသိများခဲ့ပါတယ်။

ဒီလိုအခြေနေမှာ လူထုဆန္ဒနဲ့ နိုင်ငံတကာရေစီးကြောင်းကို အာခံပီး ထွက်လာသူတဦးက တော့ အားလုံးသိတဲ့အတိုင်း လစ်ဗျားခေါင်းဆောင် ဗိုလ်မှုးကြီး ကဒါဖီ -ဘဲ့ဖြစ်ပါတယ်။ သူ့ပြည်သူကို သူပြန်သတ်နေတဲ့ ကဒါဖီ-ကို ဘယ်လိုအရေးယူမလဲဆိုတာနဲ့ပါတ်သက်ပီး ကုလသမဂ-လုံခြုံရေး ကောင်စီမှာ အကြိတ်အနယ်ဆွေးနွေးပီးတဲ့နောက် ဒီသတ်ဖြတ်မှုတွေကိုဝင်ရောက်တားဆီးဖို့ အနောက် အုပ်စုကအဆိုပြုပီး ရုရှားနဲ့တရုတ်တို့က မကန်ကွက်ဘဲ ကြားနေလိုက်ပါတယ်။ အဲဒီလိုဆုံးဖြတ်ချက်ကျ တဲ့နေ့ကစပီး ကဒါဖီရဲ့ တပ်တွေကို နေတိုး-စစ်မဟာမိတ်အဖွဲ့က ဗုံးကျဲ တိုက်ခိုက်တော့တာပါဘဲ့။

ကုလသမဂ-နဲ့ နိုင်ငံတကာအဖွဲ့စည်းတွေက ဒီလိုပါလာပီဆိုတော့ အခြေနေဟာ ချက်ချင်း ပြောင်းလဲသွားပီး ဆန္ဒပြသူတွေရဲ့စီးပွါးရေးမြိုတော် ဘန်ဂါဇီ-ဟာ ချက်ချင်းဆိုသလို အတိုက်ခံအင်အား စုတွေရဲ့မြိုတော်ဖြစ်လာပီး မြိုတွင်းရှိ ကဒါဖီသစ္စာခံတပ်တွေကိုမောင်းထုတ်ပါတော့တယ်။ နေတိုးလေ ယဉ်တွေက ကဒါဖီရဲ့ တစ်ကားတွေကို ဗုံးကျဲ။ လစ်ဗျားသူပုန်တွေက မြေပြင်ကို တလက်မချင်းသိမ်း ပိုက်။ ဒီလိုနဲ့ ဖေဖေါ်ဝါရီနှောင်းပိုင်းကစပီး ချီတက်လာလိုက်တာ အခု သြဂုတ်လ ၂၂-ရက်နေ့မှာတော့ သူပုန်တွေ မြိုတော် ထရီပိုလီ အထိရောက်လာပီး အခုလိုအောင်ပွဲခံနေတာဖြစ်ပါတယ်။


Thursday, August 11, 2011

သူပုန် ကျောင်းသားတဦးရဲ့ မာရသွန်ခရီး ၁

ထက်အောင်ကျော် Thursday, 11 August 2011 18:47
အောက်မေ့ဖွယ် (ဧရာဝတီမဂဇင်း)

အခု ကျနော်ရေးမယ့် အဖြစ်အပျက်တွေဟာ ကျနော်ကိုယ်တွေ့တွေကို ကိုယ်ပိုင် ရေးဟန်နဲ့ ရေးသား ထားခြင်းမျှသာ ဖြစ်ပါတယ်။ ABSDF (ကျောင်းသားတပ်မတော်) ရဲ့ သမိုင်းမဟုတ်ပါ။ ABSDF ရဲ့ သမိုင်း တစိတ်တပိုင်းလို့တော့ ပြောမယ်ဆို ပြောလို့ ရနိုင်ပါတယ်။


ABSDF 201-တပ်ရင်းမှကျောင်းသားတဦး ၁၉၉၀-၀န်းကျင်က ရှင်မုတ္ထီးရွာအတွင်း ဟောပြောနေစဉ်(ဓာတ်ပုံ -စာရေးသူရဲ့  Facebook)

ကျနော်တို့ရဲ့ မင်းသမီးစခန်း ဆိုတာဟာ ABSDF မှာ အင်အားအများဆုံး စခန်းတွေထဲက (သီဘောဘိုးနဲ့ သံလွင်ပြီးရင်) တခု ဖြစ်ပြီး ပထ၀ီ အနေထားအရ၊ ပင်လယ်ပြင် စစ်ကြောင်းတွေအရ ထင်ရှားတဲ့ နေရာ တခုဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ်ကနေ ၁၉၉၇ ခုနှစ် အထိ ၁၀ နှစ်တာကလအတွင်း ကျဆုံးသွားတဲ့ ကျောင်းသားဦးရေ ၈၀ ကျော်ရှိပြီး အဲဒီထဲက တဒါဇင်လောက်ဟာ တော်လှန်ရေး အစောပိုင်းကာလမှာ လုပ်ကြံ သတ်ဖြတ်ခံရသူတွေ ဖြစ်ပါတယ်။ ဒါဟာ ABSDF ဗဟိုက ထုတ်ပြန်ထားတဲ့ ABSDF တခုလုံးရဲ့ အကျအဆုံးစာရင်း ၃၄၄ ဦးနဲ့ နှိုင်းယှဉ်ရင် တပ်ရင်းတခုတည်းအတွက် အတော် များနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။

ဒီမိုကရေစီအရေး တော်လှန်ရေးအတွက် အသက်ပေးသွားကြတဲ့ ကျောင်းသားရဲဘော်တွေကို အမှတ်ရစေဖို့ နှစ် ၂၀ ကျော် ကြာခဲ့ပြီဖြစ်တဲ့၊ မပြီးဆုံးသေးတဲ့ လက်နက်ကိုင် တော်လှန်ရေးအကြောင်း ဖြစ်စဉ် မှတ်တမ်းတချို့ကို သမိုင်းပြုစုသူတွေ၊ နိုင်ငံရေး စိတ်ဝင်စားသူတွေ၊ စာဖတ်သူ လူငယ်တွေ သိရှိ လေ့လာနိုင်ဖို့အတွက် အခုလို ရေးသားလိုက်ရခြင်း ဖြစ်ပါတယ်။

ကျနော်ရေးတာဟာ ကျနော့်ကိုယ်တွေ့ တခုတည်းသာ ဖြစ်တဲ့အတွက် ဘယ်လိုမှ မပြည့်စုံနိုင်ပါဘူး။ ABSDF မှာ တပ်ဖွဲ့ဝင်ပေါင်း ၅၀၀၀ နီးပါး၊ စခန်းနဲ့ တပ်ရင်းပေါင်း ၂၀ နီးပါး ရှိတဲ့အတွက် တခြားစခန်းက တခြားရဲဘော်တွေလည်း ကိုယ် ကြုံတွေ့ခဲ့တာတွေကို ပြန်ရေးကြ စေချင်ပါတယ်။

နှစ် ၂၀ ကျော် ခရီးစဉ်ရဲ့ ပထမဆုံးနေ့ ...။

တောစခိုဖြစ်တဲ့ နေ့အကြောင်း တွေးမိတိုင်း ပထမဆုံး သတိရတာကတော့ “လမ်းကြုံလို့ တောခိုလာသူ” ဆိုပြီး ရဲဘော် တချို့က ကျနော့်ကို စ နောက်လေ့ ရှိတဲ့ စကားလုံးလေးပါ။ သူတို့ပြော မယ်ဆိုလဲပြောစရာပါပဲ။ တောခိုဖို့ ကြိုတင် စီစဉ်ထားခြင်း မရှိတဲ့ ကျနော်ဟာ တောခိုမယ့်လူတွေ ကျနော်တို့ ရွာဆီ ရောက်လာရာကနေ အဲဒီလူတွေနဲ့အတူ လိုက်ပါလာရင်းနဲ့ တောထဲရောက်လာတဲ့ သူဆိုရင် မမှားပါဘူး။

ကျနော့် စိတ်ထဲ မှတ်မိသလောက်ကို ပြန်ကောက်ရမယ်ဆိုရင် အဲဒီနေ့က ၁၉၈၈ စက်တင်ဘာလ ၁၉ ရက်နေ့ ညနေပိုင်း ၄ နာရီလောက် ရှိမယ်လို့ ထင်ပါတယ်။

“အတွင်းရေးမှုး၊ ရွာထဲမှာ ကျောင်းသားတွေ ရောက်နေတယ်။ အဲဒါ နေရာချပေးဖို့ အတွင်းရေးမှူးကို စောင့်နေကြတယ်” လို့ စက်ဘီးစီးပြီး ရောက်လာတဲ့ ရွာသားတဦးက ကျနော့်ကို လာသတင်းပို့ပါတယ်။

Monday, August 8, 2011

Burma: back to square one after two decades of cease-fire?

Monday, 08 August 2011 16:23
By Htet Aung Kyaw

(Mizzima, Commentary) – August 8, 2011, is the 23rd anniversary of the “8888 Uprising” in Burma in which more than 3,000 people were killed by the Tatmadaw. The protestors were killed as they shouted slogans in the streets, “Enough is enough BSPP (Burmese Socialist Programme Party),” “Build a student union” and “Give us democratic rights.”


Student demonstrators during the 1988 Burmese uprising, in which hundreds of students and citizens were gunned down by the military.

Student demonstrators during the 1988 Burmese uprising, in which hundreds of students and citizens were gunned down by the military.
Twenty-three years after this incident, what do we have now?

Some analysts say there has been some progress as a result of last year’s national election, while others say we have got nowhere. This is because there are different views on the new military-dominated civilian government and their 2008 Constitution.

In fact, the student protestors’ dream of a “student union” has not materialized. Instead, student leaders, including Min Ko Naing of the 88-generation students group, are still behind bars. They did not obtain “democratic rights.” The glint of hope for democratic change – when in 1990 the Aung San Suu Kyi-led National League for Democracy won 82 per cent of the vote––evaporated after the results were quashed by the military regime.

Today, many activists are in jail, forced labour continues, child soldiers remain, and the press censorship machine grinds on.

Tuesday, August 2, 2011

၈၈၈၈-အရေးတော်ပုံနှစ်ပါတ်လည်နှင့် တကျော့ပြန် လက်နက်ကိုင်တော်လှန်ရေး။

ထက်အောင်ကျော် (၀၄၀၈၁၁)

(ကျောင်းသားတပ်မတော် အင်အားကောင်းခဲ့စဉ်က)

ရှေ့တပါတ်ဆိုရင် (၀၈၀၈၁၁) ၈-လေးလုံးအရေးတော်ပုံကြီး ၂၃-နှစ် ပြည့်ပါတော့မယ်။ အဲဒီ အရေးတော်ပုံအတွင်းပါဝင်ခဲ့သူတွေ အခုဘယ်ရောက်နေလဲ။ ဘာတွေဆက်လုပ်နေသလဲ။ အဲဒီ
ကာလကစတင်ခဲ့တဲ့ ဒီမိုကရေစီရရှိရေးတိုက်ပွဲ အခု ၂၃-နှစ်ကြာပီးတဲ့အခါမှာ ဘယ်လောက် အထိခရီးရောက်နေပီလဲ။ နောက်ထပ်ဘယ်လောက်ထပ်ကြာဦးမလဲ။ ဒါဟာ နှစ်ပါတ်လည်နေ့
ရောက်တိုင်း လူအတော် များများက မေးလေ့ရှိတဲ့ မေးခွန်းတွေဖြစ်ပါတယ်။ ဒါပေမဲ့ နှစ်တွေကြာလာတာနဲ့အမျှ မေးခွန်းထုတ်သူဦးရေဖက်မှာပိုများ-များလာနေပီး ကိုယ်တိုင်
အဖြေရှာသူဦးရေဖက်မှာ ပိုနည်း-နည်းလာနေတာကို ကျနော်သတိထားမိပါတယ်။

ဘယ်လိုဘဲ့ဖြစ်ဖြစ် အဲဒီလှုပ်ရှားမှုမှာပါဝင်ခဲ့သူတွေအနေနဲ့ မေးဖို့တာဝန်ရှိသလို။ ဖြေဖို့လဲ
တာဝန်ရှိတယ်လို့ ကျနော်ထင်ပါတယ်။ အကြမ်းအားဖြင့်ပြောမယ်ဆိုရင်တော့ ၈-လေးလုံး
အရေးတော်ပုံကြီးမှာ ပါဝင်ခဲ့သူတွေထဲက ကိုမင်းကိုနိုင်အပါဝင် ၈၈-မျိုးဆက်ကျောင်းသား
တွေဟာ အခုချိန်ထိ အကျဉ်းထောင်တွေအတွင်း ရှိနေဆဲဖြစ်ပါတယ်။ အဖမ်းမခံရဘဲကျန်နေ သူတွေကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ပါတီနဲ့ လက်တွဲပီး
ဆောင်ရွက်နေပါတယ်။ တချို့ကတော့ နိုင်ငံရေးပါတီထောင်ပီး လွတ်တော် နိုင်ငံရေးအခင်းအကျင်း
သစ်နဲ့ စခန်းသွားဖို့ပြင်နေပါတယ်။ တချီု့ကတော့ Low profile နဲ့နေပီး ကိုယ်ပိုင်စီးပွါးရေး
လုပ်သူလုပ်။ NGO တွေမှာလုပ်သူလုပ်။ ရွာပြန်ပီးခြံစိုက်သူစိုက်နဲ့ ရတဲ့အလုပ်ကို လုပ်ပီး နိုင်ငံရေးအခွင့်အလမ်းသစ်တခုပေါ်လာမဲ့ အချိန်ကို စောင့်ကြည့်နေကြပါတယ်။ ဒါက
ရန်ကုန်နဲ့ ပြည်တွင်းကအခြေနေပါ။


(ကျောင်းသားတပ်မတော်နဲ့ ဗိုလ်မှုးနှုတ်ခမ်းမွေးရဲ့ DKBA တပ်ဖွဲ့ဝင်များ)

ကျနော်အဓိကတင်ပြလိုတာကတော့ ကျနော်ကိုယ်တိုင်ပါဝင်ခဲ့တဲ့။ ပါဝင်နေဆဲဖြစ်တဲ့
နယ်စပ်နဲ့ ပြည်ပအခြေနေပါ။ ၈-လေးလုံးအရေးတော်ပုံအပီး စက်တင်ဘာ ၁၈-မှာ
စစ်တပ်က အာဏာသိမ်းပီးတဲ့ နောက် နယ်စပ်ဒေသဆီထွက်လာခဲ့တဲ့ ထောင်-သောင်း
ချီရှိတဲ့ကျောင်းသားလူငယ်တွေအခု ဘယ် ရောက်ကုန်ပီလဲ။ ဘာတွေဆက်လုပ်နေကြသလဲ
ဆိုတဲ့အပိုင်းဖြစ်ပါတယ်။ နယ်စပ်ရောက်ကျောင်းသား တွေ စုပေါင်းဖွဲ့စည်းခဲ့တဲ့ ABSDF ခေါ်
ကျာင်းသားတပ်မတော်ဟာ အခုချိန်ထိ နယ်စပ်တကျောမှာ လှုပ်ရှားနေဆဲဖြစ်ပေမဲ့ လွန်ခဲ့တဲ့
၂၃-နှစ်ကလို အင်အားမရှိတော့။

သူတို့ရဲ့အင်အား ၇၅-ရာခိုင်နှုံး ကျော်ကျော်က တတိယ-နိုင်ငံတွေ ဆီ ရောက်ကုန်ကြပါပီ။
အဲဒီလူတွေဟာ နေစဉ် စားဝတ်နေရေးကိစ္စ တွေနဲ့ လုံးပန်းနေရတဲ့အတွက် တောထဲက သူငယ်ချင်းတွေကို ပြန်ပီးသိပ်မကူနိုင်တဲ့အပြင် သူတို့ရောက် နေတဲ့တိုင်းပြည်မှာလဲ လက်တွေ့
ကျတဲ့နိုင်ငံရေး သိပ်မလုပ်နိုင်တော့။ ဒီလိုနေ့မျီုးမှာ နှစ်ပါတ်လည် အ ခန်းနားလုပ်။ နိုင်ငံရေး
ကြေငြာချက်တွေထုတ်။ နယ်စပ်ကရဲဘော်တွေအတွက် အလှူငွေစုပို့ ရုံထက် ပိုပီး နေပြည်တော်က
အရပ်ဝတ်-စစ်အစိုးရကို လှုပ်လှုပ်ရှားရှားဖြစ်သွားအောင် သိပ်လုပ်နိုင်ဘွယ် မမြင်။
ဒါက နှစ်စဉ်မြင် နေကြအခြေနေပါ။

ဒါပေမဲ့ ဒီနှစ်မှာတော့ အခြေနေက အယင်နှစ်တွေထက် နဲနဲပိုပီးထူးခြားမှုရှိနေတယ်လို့ ကျနော်
ထင်ပါတယ်။ ဘာကြောင့်လဲဆိုရင် ပီးခဲ့တဲ့နှစ် နိုဝင်ဘာ ၇-ရက်နေ့မှာကျင်းပခဲ့တဲ့ အငြင်းပွါး
ဘွယ်ရွေး ကောက်ပွဲနေ့စကစပီး လက်နက်ကိုင်တိုက်ပွဲတွေ နယ်စပ်နဲ့ မြိုပြဒေသတချီု့မှာ ပြန်
လည်ဖြစ်ပွါးနေပါ တယ်။ ဒါဟာ လွန်ခဲ့တဲ့နှစ် ၂၃-နှစ် ကျနော်တို့ တောစခိုစဉ်ကနဲ့ပြန်တူလာတဲ့ တခုတည်းသောအခြေ နေဖြစ်ပါတယ်။ တိုက်ဆိုက်မှုအဖြစ်ကတော့ အဲဒီရွေးကောက်ပွဲအလွန်
ခေါတ်ကစပီး အရှေ့အလယ် ပိုင်း နဲ့ အာရပ်ကမ္ဘာ မှာ လူထုအုံကြွမှုတွေဆက်တိုက်ဖြစ်ပွါးနေပီး
လစ်ဗျားနိုင်ငံမှာဆိုရင် လက်နက်ကိုင် တော်လှန်ရေး အထွတ်အထိပ်ရောက်နေတဲ့အချက်ဖြစ်
ပါတယ်။

Thursday, July 28, 2011

စက်ဘီးအားကစားအကြောင်း တစေ့တစောင်း။

စက်ဘီးစီးပီး ရံပုံငွေရှာခြင်းနဲ့ စက်ဘီးလောကအကြောင်း တစေ့တစောင်း
၂၃၀၇၁၁ (ထက်အောင်ကျော်)



ဘော်လုံး။ တင်းနစ်နဲ့ အခြားအားကစားအကြောင်းတွေ ပြည်တွင်း-ပြည်ပ မီဒီယာတွေမှာ အလးပေး ဖေါ်ပြနေတာတွေ့ရပေမဲ့ စက်ဘီးအားကစားအကြောင်း ဖေါ်ပြတာမတွေ့မိသလောက်ပါဘဲ့။
အထူးသဖြင့် Tour de France ခေါ် ပြင်သစ်နိုင်ငံတပါတ် သတင်း ၃-ကြာ ကမ္ဘာကျော် စက်ဘီးစီး ပြိုင်ပွဲပန်း ၀င်ခါနီးချိန်မှာတောင် အလေးပေးဖေါ်ပြတာမတွေ့မိသေးပါ။ ဒါဟာ စက်ဘီးအားကစား အ ကြောင်း လူတွေစိတ်စားမှုနဲလိုလား။ ဒါမှမဟုတ် ဒီအားကစားအကြောင်း ပြောနိုင်ဆိုနိုင် သတင်းတင် ပြနိုင်သူ နဲနေလို့လား စဉ်းစားရင်းနဲ့ ဒိဆောင်းပါးရေးဖို့စိတ်ကူးပေါ်လာတာပါ။

တကယ်ကတော့ စက် ဘီးစီး အားကစားအကြောင်း ဆောင်းပါးတပုဒ်ရေးမလားဆိုပီး ကျနော်စဉ်းစားနေတာ ကြာပါပီ။ အခု တော့ Tour de France ပြိုင်ပွဲ ပန်းဝင်ခါနီးချိန်။ နောက်တခါ အဲဒီပြိုင်ပွဲအတွင်း ထူးထူးခြားခြား နော်ဝေး နိုင်ငံသား ၂-ဦးကလဲ ခြေစွမ်းပြနေချိန်။ နောက်တခါ ကနေဒါရောက် ကျနော်တို့ရဲဘော်ကြီးတဦးဖြစ်တဲ့ ကိုစိုးနိုင်ကလဲ ဒေါက်တာစင်သီယာမောင်ရဲ့ မယ်တော်ဆေးခန်းအတွက် ကီလိုမီတာ ၅၈၀၀- ကနေဒါ တပါတ် စက်ဘီးစီးပီး ရံပုံငွေရှာနေချိန်နဲ့ တိုက်ဆိုင်နေတဲ့တွက် အခုလိုရေးဖို့ တွန်းအားဖြစ်လာစေခဲ့ တယ်ဆိုပါတော့။


ကိုစိုးနိုင် ဘာကြောင့် စက်ဘီးစီးသလဲ။ အလှုငွေက ဘယ်လောက်ရနိုင်မလဲ


Tour de France အကြောင်းမပြောခင် ကနေဒါက ကိုစိုးနိုင်ရဲ့ မယ်တော်ဆေးခန်းရံပုံငွေ ရှာရေး စက်ဘီးစီးပွဲအကြောင်းကိုအယင်ဆုံးတင်ပြလိုပါတယ်။ ကိုစိုးနိုင်ဟာ ထားဝယ်ခရိုင် ကံပေါက် ဒေ သကဖြစ်ပီး ကျနော်တို့နဲ့အတူ မင်းသမီးစခန်းမှာ ၁၀-နှစ်နီးပါး တာဝန်ထမ်းခဲ့တဲ့ ABSDF ဆေးမှုးတဦး ဖြစ်ပါတယ်။ အသားဖြူဖြူ အရပ်မြင့်မြင့်နဲ့ အားကစားသမားပုံပေါက်တဲ့ ကိုစိုးနိုင်ဟာ ကျနော်တို့နဲ့အတူ တပ်ရင်းက ခြင်းလုံးပွဲ။ ဘော်လုံးပွဲတွေမှာ ခြေစွမ်းပြခဲ့သူဖြစ်ပေမဲ့ စက်ဘီးစီး အားကစားကို သူစိတ် ၀င်စားမှန်းကျနော်မသိခဲ့။ ပြိးခဲ့တဲ့လအတွင်းကတော့ ကနေဒါတပါတ် ကီလိုမီတာ ၅၈၀၀-ကို ကနေဒါ မိတ်ဆွေ တဦးနဲ့အတူ စက်ဘီးစီးပီး မယ်တော်ဆေးခန်းအတွက်ရံပုံငွေရှာမယ်ဆိုပီး သူ Facebook မှာ ကျနော်တွေ့လိုက်တော့ အတော်အံသြသွား ပါတယ်။

ဒါနဲ့ ဘယ်လိုကနေဘယ်လို ဒီလိုစက်ဘီးစီးရံပုံငွေရှာဖို့ စိတ်ကူးရလာသလဲဆိုပီး သူကို ကျနော် မေးကြည့်ဖြစ်ပါတယ်.. "ဒေါ်စု-ရဲ့ မိန့်ခွန်းတခုမှာပါတဲ့ အတ္တဟိတ။ ပရဟိတ။ ကိုယ်ကျိုးအတွက်လဲ သိတတ် ရမယ်။ အများအကျိုးအတွက်လဲ သိတတ်ဖို့လိုတယ်ဆိုတဲ့ စကားလုံးကိုကြားမိရာကနေ အခု လိုစက်ဘီး စီးဖို့ဖြစ်လာတာပါ" လို့ ကိုစိုးနိုင်ကပြောပါတယ်။ ထိုင်းနယ်စပ်ကနေ ကျနေဒါကို ထွက် လာတာ ၁၅-နှစ်ရှိ နေပီ။ ဒီကာလတလျောက်လုံးမှာ ကိုယ့်ပညာရေး။ ကိုယ့်စားဝတ်နေရေး။ ကိုယ့်အိမ် ထောင်ရေး။ ကိုယ့် မိသားစုရေး...စတဲ့ "ကိုယ်ရေးတွေဘဲ့လုံးပန်းနေရင်းက ပရဟိတ-အများအကျီုး ဖက်မှာ မသိမသာ လင့်ဟင်းလာခဲ့ပါတယ်။ ဒီအချိန်မှာ ဒေါ်စု-ရဲ့သတင်းစာရှင်းပွဲတခုမှာပြောသွားတဲ့ စကားကိုကြားမိပီး လင့်ဟင်းမှုကို ပြန်ဆင်ခြင်မိပါတယ်" လို့ ကိုစိုးနိုင်ကပြောပါတယ်။

Monday, July 25, 2011

ငြိမ်းချမ်းရေးမြိုတော် ဗုံးခွဲခံရပီးနောက် ၃-ရက်အကြာအခြေနေ

ငြိမ်းချမ်းရေးမြိုတော် ဗုံးခွဲခံရပီးနောက် ၃-ရက်အကြာအခြေနေ
၂၅၀၇၁၁ (ထက်အောင်ကျော်)




သောကြာနေ့မှာဖြစ်ပွါးခဲ့တဲ့ ဗုံးခွဲတိုက်ခိုက်မှုကတည်းက ပိတ်ထားတဲ့လမ်းအတော်များများကို ဒီနေ့ပြန်ဖွင့်ပေးလိုက်ပါပီ။ အဲဒီနေ့က ကျနော်တင်ပြခဲ့တဲ့ Oslo City နဲ့ ဈေးစင်တာတချို့ကို ၂-ပါတ်ကြာ ဆက်ပိတ်ထားမယ်လို့ သိရပပေမဲ့ အော်စလိုရဲ့ အဓိပတိလမ်းဖြစ်တဲ့ Karl Johan လမ်းနဲ့ တခြားနေရာ အတော်များများကိုတော့ ပြန်ဖွင့်လိုက်ပါပီ။ ကားတွေ။ ရထား တွေလဲပုံမှန်နီးပါးပြေးဆွဲနေပီဖြစ်ပီး ၀န်ကြီးချုပ်ရုံးဝန်းလောက်ကိုသာ ဆက်ပိတ်ထားတာတွေ့ရပါတယ်။


ကွဲနေသောမှန်စများနဲ့ တအံ့တသြလာကြည့်နေသူများ





Saturday, July 23, 2011

ငြိမ်းချမ်းရေးမြို့တော် ဗုံးခွဲတိုက်ခိုက်ခံရသောအခါ။

ငြိမ်းချမ်းရေးမြိုတော် ဗုံးခွဲတိုက်ခိုက်ခံရသောအခါ
၂၃၀၈၁၁ (ထက်အောင်ကျော်)




အရှေ့အလယ်ပိုင်းနဲ့ မငြိမ်းချမ်းသေးတဲ့ ဒေသတွေမှာ ဗုံးကွဲတဲ့သတင်းတွေဟာ အထူးအဆန်း မဟုတ်တော့ပေမဲ့ (ဒေါ်အောင်ဆန်းစုကြည်အပါဝင်..) ငြိမ်းချမ်းရေးနိုဗယ်ဆုပေးနေတဲ့မြိုတော် အော်စ လိုမှာ ဗုံးကွဲတယ်ဆိုတာကတော့ အတော်ကိုထူးဆန်းတဲ့သတင်းတပုဒ်ဖြစ်နေပါတယ်။ ဒီသတင်းကို ကြားကြားချင်း ကျနော်မယုံ။ တကယ်က ဗုံကွဲတဲ့ ၀န်ကြီးချုပ်ရုံးနဲ့ ကျနော်ငှားနေတဲ့အိမ်က (ဒီဗွီဘီ-ရုံး ခန်းရှိတဲ့ Wessels Gate လမ်း) နီးနီးလေး။ လမ်းလျောက်ရင် ၂-မီနစ်ထက် ပိုမဝေး။ မနေ့ကတောင် အင်တာနက်ကိစ္စအတွက် မြိုထဲသွား ရင်းနဲ့ ၀န်ကြီးချုပ်ရုံးဘေးလမ်းကနေ ပါတ်ပြန်လာခဲ့တာပါ။

အော်စလိုစီးတီး။ ဘူတာကြီးနဲ့ လူစည်းကားတဲ့ဈေးတန်းတွေမှာ အယင်ကထက် လုံခြုံရေးတပ် သားတွေများနေတာကို သတိထားမိပေမဲ့ ၀န်ကြိးချုပ်ရုံးရှေ့မှာတော့ ဘာလုံခြုံရေးမှမတွေ့မိ။ နော်ဝေး ဆိုတာ အငြိမ်းချမ်းဆုံးနိုင်ငံတခုဖြစ်တာနဲ့အညီ လက်နက်ကိုင်အစောင်ရှောက်တွေကို တော်ယုံ နဲ့မြင်ရ လေ့မရှိ။ ကျနော်မှတ်မိသလောက်ဆိုရင် နန်းတော်ဘေးရှိ အမေရိကန်သံရုံးတခုမှာဘဲ့ လက်နက်ကို ပစ်နိုင်တဲ့အဆင့်နဲ့ အသင့်ကိုင်ထားတဲ့ ရဲတွေကိုတွေ့ရပီး နန်းတော်နဲ့ ကမ်းနားက ရဲတိုက်ပေါ်မှာတော့ ဟန်ရေးပြ လက်နက်ကိုင်ပီး ပုံစံတကျလမ်းလျောက်နေတဲ့ ဘုရင့်တပ်မတော်က စစ်ရေးပြစစ်သား တွေကိုသာ တွေ့ဖူးပါတယ်။

ဒီလိုနိုင်ငံမျိုးမှာ ဗုံးကွဲတယ်ဆိုတော့ ဘယ်လိုလုပ်ယုံနိုင်စရာရှိမလဲ။ ဘာဘဲ့ဖြစ်ဖြစ် ကျနော်ဟာ ပုဂိုလ်အရကံကောင်းပီး သတင်းသမားတဦးအရ ကံဆိုးတယ်ပြောရမလားဘဲ့။ ဗုံးကွဲတဲ့ဒီနေ့ကျမှ အင် တာနက်ပျက်လို့ အင်တာနက်အပိုပစ္စည်းဝယ်ယူရေးအတွက် မြိုပြင်က Get ရုံးကိုသွားနေတဲ့ အချိန် ဖြစ်နေပါတယ်။ အဲဒီရုံးကအပြန် သူငယ်ချင်းတယောက်အိမ်မှာဝင်ပီး Tour de Framce စက်ဘီးစီး ပြိုင်ပွဲကြည့်နေစဉ်မှာ ဖုန်းဝင်လာပါတယ်။ အော်စလိုမြိုလယ်မှာ အခု ၃-နာရီလောက်က ဗုံးကွဲတယ်တဲ့။ ဒီတော့မှ ချက်ချင်း NRK နော်ဝေး တီဗွီ-လိုင်းကိုပြောင်းပီးကြည့်ရပါတယ်။


ဝန်ကြီးချုပ်ရုံး ဗုံးခွဲခံရပီ


Share

Twitter Delicious Facebook Digg Stumbleupon Favorites More