Sunday, May 31, 2026

“အိန္ဒိယရဲ့ အကျိုးစီးပွားအားလုံးနီးပါးက ရခိုင်နဲ့ချင်း တော်လှန်ရေးအဖွဲ့တွေ လက်ထဲမှာရှိတယ်”

 https://youtu.be/Kkf4kd9-sw8?si=y5f8vke70hwzvNqY

“အိန္ဒိယရဲ့ အကျိုးစီးပွားအားလုံးနီးပါးက ရခိုင်နဲ့ချင်း တော်လှန်ရေးအဖွဲ့တွေ လက်ထဲမှာရှိတယ်” - ဆလိုင်းဒိုခါး (India For Myanmar)

(၁ ဇွန် ၂၀၂၆) “အိန္ဒိယရဲ့ အကျိုးစီးပွားအားလုံးနီးပါးက ရခိုင်နဲ့ချင်း တော်လှန်ရေးအဖွဲ့တွေ လက်ထဲမှာရှိတယ်၊ ဒါကြောင့် မြန်မာနိုင်ငံအတွင်း တရုတ်လွှမ်းမိုးမှုကို တန်ပြန်ချင်တယ်ဆိုရင် တော်လှန်ရေးအဖွဲ့တွေနဲ့ အိန္ဒိယ ဆက်သွယ်ဆောင်ရွက်သင့်တယ်” လို့ India For Myanmar အဖွဲ့က ဆလိုင်းဒိုခါးက ပြောပါတယ်။ အာဏာသိမ်းသမ္မတ မင်းအောင်လှိုင်ကို တခမ်းတနားကြိုဆိုနေတဲ့ ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံ အိန္ဒိယ အစိုးရဲရဲ့ ရပ်တည်ချက်နဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။ အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ... - အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ကို ဆန္ဒပြတာ ဒီမိုကရေစီနိုင်ငံက ရဲတွေက ဘာဖမ်းစရာကြောင်းရှိလို့လဲ... - ခွေးတိုးပေါက်ကနေ ကြောင်တိုးပေါက်အထိ တိုးတက်လာတဲ့ မင်းအောင်လှိုင်ရဲ့ သံတမန်ရေးတိုက်ကွက်မှာ တော်လှန်ရေးအင်အားစုတွေ အငိုက်မိသွားခဲ့သလား... - မြန်မာနိုင်ငံအပေါ် တရုတ်လွှမ်းမိုးမှုကို ကောင်တာလုပ်ချင်ရင် တော်လှန်ရေးအင်အားစုတွေနဲ့ အိန္ဒိယ လက်တွဲသင့်တယ်လို့ ဘာကြောင့်ပြောတာလဲ... ... စတဲ့ အကြောင်းရာတွေအပါဝင် အာဏာသိမ်းသမ္မတ မင်းအောင်လှိုင်ရဲ့ ၅ ရက်တာ အိန္ဒိယ ခရီးစဉ်အတွင်း ထူးခြားချက်တွေကို ဆွေးနွေးတင်ပြထားပါတယ်။

Saturday, May 30, 2026

မင်းဘူးတိုက်ပွဲ လက်နက်များစွာသိမ်းမိ... Joshua Van မီဇိုရမ်သို့ ရောက်ရှိ..

https://youtu.be/9ObMjhfMivE?si=HjImmlfmi9RAu0wp

 မင်းဘူးတိုက်ပွဲ လက်နက်များစွာသိမ်းမိ... Joshua Van မီဇိုရမ်သို့ ရောက်ရှိ... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၃၀ မေ ၂၀၂၆)

- မကွေးတိုင်း၊ မင်းဘူးမြို့နယ်၊ မင်းဘူး- အမ်း လမ်းအတိုင်း နတ်ရေကန်စခန်းဆီ စစ်ကူတက်လာတယ်လို့ ယူဆရတဲ့ စစ်ကားတစီးကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ရာမှာ စစ်သား ၆ ဦးသေ၊ ၃ ဦးကို လက်ရဖမ်းမိ၊ လက်နက်ငယ် ၆ လက်နက်နဲ့ အဝေးပစ် ဒုံးကျည်တွေပါ သိမ်းမိ... - ဖာပွန်မြို့ ဗျုဟာစခန်းကုန်းဖက် စစ်ကူတက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဖာပွန်နဲ့ မိုင် ၄၀ ခန့်အကွာရှိ မောလော်ကလိုး (ရေပူ) ကျေးရွာအနီး KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ပေါင်းစုက ကြားဖြတ်တိုက်ရာမှာ စစ်တပ်ဖက်က ထိခိုက်သေဆုံးမှုများနေ... - UFC - ဖလိုင်းဝိတ်တန်း ကမ္ဘာ့ချန်ပီယံ Joshua Van ဟာ အိန္ဒိယ-မြန်မာနယ်စပ်ရှိ မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့ကို မေလ ၂၉၊ မွန်းလွဲပိုင်းမှာရောက်လာပြီး မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် Pu Lalduhoma က ကြိုဆိုဧည့်ခံ... ... စတဲ့ သတင်းတွေအပါဝင် နောက်ဆုံးရ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

ကျောက်လုံးကြီး ဗျုဟာစခန်း KNLA သိမ်းပိုက်... ရခိုင်တပြည်လုံးသိမ်းပိုက်ရန် လက်တကမ်းသာလိုဟု AA ပြော...

 https://youtu.be/OYAoUqOLhOo?si=vWUa3EleJLOEimrD

ကျောက်လုံးကြီး ဗျုဟာစခန်း KNLA သိမ်းပိုက်... ရခိုင်တပြည်လုံးသိမ်းပိုက်ရန် လက်တကမ်းသာလိုဟု AA ပြော... နောက်ဆုံးရ တိုက်ပွဲသတင်းများ... (၁ ဇွန် ၂၀၂၆)


- တနသာင်္ရီတိုင်း၊ ပုလောမြို့နယ်၊ တနင်္သာရီမြစ်နဘေးရှိ ‎‌ကျောက်လုံးကြီး ဗျုဟာစခန်းကို တော်လှန်ရေးတပ်ပေါင်းစုက သိမ်းပိုက်လိုက်ပြီး လက်နက်ခဲယမ်းများစွာ ရရှိတယ်လို့ KNU မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောပါတယ်... - ကျောက်ထု အမြောက်တပ် ၃၆၈ ကနေ ထွက်လာတဲ့ အင်အား ၃၀၀ ခန့်စီပါတဲ့ စစ်ကြောင်း ၃ ခုဟာ ချင်းပြည်နယ် မင်းတပ်ဖက်ကို ဦးတည်လှုပ်ရှားနေ... - ရခိုင်တပြည်လုံးကို သိမ်းပိုက်ထိန်းချုပ်ထားနိုင်တဲ့ အခြေအနေကို ရောက်ရှိနေပြီး တမျိုးသားလုံးရဲ့ ရည်မှန်းချက် ရာနှုန်းပြည့်အောင်မြင်ရန် လက်တကမ်းအလို ရောက်ရှိနေပြီလို့ (ULA/AA) ပြော... ... စတဲ့ သတင်းတွေအပါဝင် နောက်ဆုံးရ တိုက်ပွဲသတင်းတွေကို စုစည်းတင်ပြထားပါတယ်။

Thursday, May 28, 2026

ငါ့သရောက်တိုက်ပွဲအပြီး စစ်သားတဦးကို လက်ရဖမ်းမိ... မင်းကင်းနယ်က ပြသာနာ ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ SRF တောင်းဆို...

 https://youtu.be/4IfAHo710Tk?si=h4wybzRoe94c5wOw

ငါ့သရောက်တိုက်ပွဲအပြီး စစ်သားတဦးကို လက်ရဖမ်းမိ... မင်းကင်းနယ်က ပြသာနာ ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ SRF တောင်းဆို... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၂၉ မေ ၂၀၂၆) - ငါ့သရောက်မြို့နယ်ဖက် စစ်ကြောင်းထိုးဝင်လာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေကြား တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပြီးတဲ့နောက် စစ်ကောင်စီ တပ်သားတဦးကို လက်နက်နဲ့အတူ ဖမ်းဆီးမိ... - ယောဒေသ၊ ကျောက်ထုမြို့ အမြောက်တပ် ၃၆၈ ဆီရောက်နေတဲ့ ထောင်နဲ့ချီရှိတဲ့ စစ်ကောင်စီတပ်ဆီ Y 8 လေယာဉ်ပေါ်ကနေ ခဲယမ်းအထုပ် ၄၀ ခန့်အထိ ချပေးသွား... - မင်းကင်းမြို့နယ်အတွင်းဖြစ်ပေါ်နေတဲ့ ကျောင်းသားတော်လှန်ရေးတပ်တော် (SRF)နဲ့ မင်းကင်း ပကဖ ကြားဖြစ်ပေါ်နေတဲ့ ပတိပက္ခကို ငြိမ်းချမ်းစွာ ဖြေရှင်းပေးဖို့ SRF က တောင်းဆို... ... စတဲ့ သတင်းတွေအပါဝင် နောက်ဆုံးရ တိုက်ပွဲသတင်းတွေကို စုစည်းတင်ပြထားပါတယ်။

Wednesday, May 27, 2026

ငါ့သရောက်တိုက်ပွဲ စစ်သား ၂၀ ခန့်သေဆုံး... ရေးဘီလူးစခန်းကို စစ်တပ်က ဗုံးကြဲ...

 https://youtu.be/dLPMTdF5xHM?si=lDYGvAFlU-Lcd7aI

ငါ့သရောက်တိုက်ပွဲ စစ်သား ၂၀ ခန့်သေဆုံး... ရေးဘီလူးစခန်းကို စစ်တပ်က ဗုံးကြဲ... နောက်ဆုံးရ တိုက်ပွဲသတင်းများ... (၂၈ မေ ၂၀၂၆)

- ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့နယ်ခွဲဖက် ဝင်လာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ရာမှာ စစ်သား ၂၀ ခန့်အထိ သေဆုံး၊ အထိနာတဲ့ စစ်တပ်က နေအိမ် ၃၀၀ ခန့်အထိ မီးရှို့... - ရေးမြို့နယ်အခြေစိုက် ရေးဘီလူးတပ်ဖွဲ့ရဲ့ စခန်းတခုကို စစ်တပ်က လေယာဉ်နဲ့ဗုံးကြဲတဲ့အတွက် တော်လှန်ရေးရဲဘော် ၁၀ ခန့်ကျဆုံးပြိး ၁၀ ခန့် ဒဏ်ရာရ... - မကြာခင် ရက်ပိုင်းအတွင်း အိန္ဒိယနိုင်ငံဆီ လာရောက်လည်ပတ်မယ့် မြန်မာအာဏာသိမ်းသမ္မတ မင်းအောင်လှိုင်ကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ဆန္ဒပြဖို့ နယူးဒေလီရောက် မြန်မာအင်အားစုတွေ ပြင်ဆင်နေ... ... စတဲ့ သတင်းတွေအပါဝင် နောက်ဆုံးရ တိုက်ပွဲသတင်းတွေကို စုစည်းတင်ပြထားပါတယ်။

Tuesday, May 26, 2026

“ချင်းတောင်ပိုင်းကို ထိုးတယ်ဆိုပေမယ့် အာရက္ခတပ်တော်ကို အဓိက ဦးတည်တာ”

 https://youtu.be/VoYYdjnR8DI?si=xKq5pWIY50GDlXr3

“ချင်းတောင်ပိုင်းကို ထိုးတယ်ဆိုပေမယ့် အာရက္ခတပ်တော်ကို အဓိက ဦးတည်တာ”

- CDM ဗိုလ်ကြီးဇင်ယော် (စစ်သတင်း လေ့လာသုံးသပ်သူ)

(၂၇ မေ ၂၀၂၇)

“စစ်ကောင်စီတပ်တွေက ချင်းတောင်ပိုင်းကို ထိုးဖို့ပြင်နေပေမယ့် တကယ့် ဦးတည်ချက်ဟာ အာရက္ခတပ်တော်ဖြစ်တယ်။ ချင်းတောင်ပိုင်းရဲ့နောက်ကျောမှာ AA ရှိနေတဲ့အတွက် စစ်တပ်ဖက်က တိုးမပေါက်လောက်ဘူး။ နှစ်ပေါက်အောင် တိုက်ရနိုင်တယ်” လို့ စစ်သတင်း လေ့လာသုံးသပ်သူ CDM ဗိုလ်ကြီးဇင်ယော် က ပြောပါတယ်။


အင်အား ၁၀၀၀ နဲ့ချီတဲ့ စစ်ကောင်း မကွေးတိုင်းထဲကနေ ယောနယ်ကိုရောက်လာပြီးတဲ့နောက် ချင်းပြည်တောင်ပိုင်းကို ထိုးစစ်ဖို့ပြင်နေတဲ့ အခြေနေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။


အခု ထုတ်လွှင့်မယ့်မေးမြန်းချက်ထဲမှာ...


- စစ်တပ်က ချင်းတောင်ပိုင်းကို ဘယ်လိုဗျုဟာတွေနဲ့ ထိုးစစ်ဆင်နိုင်သလဲ...


- နတ်ရေကန်၊ ညောင်ကျိုးနဲ့ မြောက်စမ်းဖက်ကနေ တိုးမပေါက်တဲ့အတွက် ချင်းတောင်ပိုင်းကနေ ရခိုင်ကို ထိုးဖို့ စစ်တပ်က ခြေစမ်းလာတာလား..


- AA နဲ့ ချင်းတောင်ပိုင်း တော်လှန်ရေးတပ်တွေက စစ်ကောင်စီ စစ်ကြောင်းတွေကို လက်နက်အလှူလာပေးသူတွေအဖြစ် သဘောထားလေ့ရှိသလား...


... စတဲ့ အကြောင်းအရာတွေအပါဝင် ချင်းပြည်နယ်တောင်ပိုင်း ထိုးစစ်အတွင်း ဖြစ်ပေါ်လာနိုင်တဲ့ စစ်ရေးအခြေနေတွေကို ဆွေးနွေးတင်ပြထားပါတယ်။

မြင်းခြံတိုက်ပွဲ စစ်သား ၁၂ ဦးသေဆုံး... အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲလုပ်ဖို့ Quad အဖွဲ့တောင်းဆို...

 https://youtu.be/UZbrBrGtLbo?si=Nq6KK8ik6-ovU-Dd

မြင်းခြံတိုက်ပွဲ စစ်သား ၁၂ ဦးသေဆုံး... အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲလုပ်ဖို့ Quad အဖွဲ့တောင်းဆို...နောက်ဆုံးရ တိုက်ပွဲသတင်းများ....

(၂၇ မေ ၂၀၂၆) - မြင်းခြံမြို့ကနေ ထွက်လာတဲ့ စစ်ကား ၂ စီးပါ ယာဉ်တန်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ရာမှာ စစ်သားနဲ့ ပျုစောထီး ၁၂ ဦးသေပြီး သေနတ် ၄ လက် သိမ်းမိ... - ဧရာဝတီမြစ်ဆုံရေကာတာ စီမံကိန်း ပြန်စရန်ကြိုးပမ်းမှုကို မြစ်ကြီးနားတက္ကသိုလ်ကျောင်းသားတွေနဲ့ လူငယ်တွေက ကန့်ကွက် ဆန္ဒပြ... - အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲပြုလုပ်ရန် Quad အဖွဲ့က တောင်းဆို... ... အပါဝင် နောက်ဆုံးရ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

Monday, May 25, 2026

သရက်ကန် ပျူရွာစခန်းသိမ်းပွဲ လက်နက် ၂ဝ နီးပါးရ... ချင်းတောင်ပိုင်းတိုက်ပွဲ ရေရှည်စစ်ဖြစ်သွားနိုင်...

https://youtu.be/RgAx-03h9BE?si=YyNqr5Qxvmb4O1FK

 သရက်ကန် ပျူရွာစခန်းသိမ်းပွဲ လက်နက် ၂ဝ နီးပါးရ... ချင်းတောင်ပိုင်းတိုက်ပွဲ ရေရှည်စစ်ဖြစ်သွားနိုင်... နောက်ဆုံးရ တိုက်ပွဲသတင်းများ...


(၂၆ မေ ၂၀၂၆) - ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်အတွင်းရှိ စစ်ကောင်စီရဲ့ အခြေချစခန်း ၂ ခုကို KNLA - ကရင်တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ရာမှာ စစ်သား ၆ ဦးသေ၊ သေနတ် ၁၁ လက်နဲ့ ခဲယမ်းတွေ သိမ်းမိ... - မြိုင်မြို့နယ်အတွင်းရှိ နာမည်ကြီး ပျုစောထီးစခန်း သရက်ကန်ပျူရွာကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်သိမ်းပိုက်ရာမှာ စစ်တပ်ဖက်က သေဆုံးသူများပြီး လက်နက် ၂၀ နီးပါး သိမ်းမိ... - ချင်းပြည်နယ်တောင်ပိုင်း၊ ယောဒေသနဲ့ ပုံတောင်ပုံညာဖက်မှာ စစ်တပ်အင်အား ၁၀၀၀ ကျော်နဲ့ ချင်းတော်လှန်ရးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်နေတာ ၁၀ ရက်ခန့်ရှိနေ၊ ရေရှည်တိုက်ပွဲဖြစ်လာနိုင်... ... စတဲ့ သတင်းတွေအပါဝင် နောက်ဆုံးရတိုက်ပွဲသတင်းတွေကို စုစည်းတင်ပြထားပါတယ်။

Sunday, May 24, 2026

ကသာအနီး တိုက်ပွဲ စစ်သား ၁၀ ကျော်သေ... မြိုင်က ပျုစောထီးစခန်း PDF သိမ်းပိုက်...

 https://youtu.be/qlf33lxmulI?si=z0SjFYwnAcIZ7DzN

ကသာအနီး တိုက်ပွဲ စစ်သား ၁၀ ကျော်သေ... မြိုင်က ပျုစောထီးစခန်း PDF သိမ်းပိုက်...နောက်ဆုံးရ တိုက်ပွဲသတင်းများ... (၂၅ မေ ၂၀၂၆)


- စစ်ကိုင်းတိုင်းအထက်ပိုင်း ကသာမြို့နဲ့ နဘားကြားရှိ ပင်းမလွတ်ရွာမှာ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပြီး စစ်သား ၁၀ ကျော်သေ၊ လက်နက်ငယ် ၅ လက်နက်နဲ့ ခဲယမ်းတွေ သိမ်းမိ... - မြိုင်မြို့နယ်ရှိ သရက်ကန်-ပျုစောထီးကျေးရွာကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်လိုက်ပြီး စစ်တပ်ဖက်က သေဆုံး၊ ဒဏ်ရာရသူများနိုင်... - တနင်္သာရီမြို့နယ်အခြေစိုက်၊ ခမရ (၅၅၈) က စစ်မှုထမ်းတပ်သားသစ် (ပစ) ၆ ဦး တော်လှန်ရေးတပ်တွေထံ ဘက်ပြောင်းခိုလှုံလာ... ... စတဲ့ သတင်းတွေအပါဝင် နောက်ဆုံးရ တိုက်ပွဲသတင်းတွေကို စုစည်း တင်ပြထားပါတယ်။

Friday, May 22, 2026

အင်းတော်နဲ့ မော်လူးကို PDF က ထိုးစစ်ပြန်ဆင်... အပါဝင် နောက်ဆုံးရ တိုက်ပွဲသတင်းများ...

 https://youtu.be/lLp7p6_yNh8?si=6RIlAZE1NDrc1H1W


အင်းတော်နဲ့ မော်လူးကို PDF က ထိုးစစ်ပြန်ဆင်... အပါဝင် နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၂၃ မေ ၂၀၂၆)


- စစ်ကိုင်းတိုင်း အင်းတော်မြို့အနီးရှိ စီပိန်းရွာ စစ်တပ်စခန်းကို KIA ကချင်လွတ်လပ်ရေးတပ်မတော်ဦးဆောင်တဲ့ တော်လှန်ရေးတပ်ပေါင်းစုက သိမ်းပိုက်...


- အင်းတော်မြို့ထဲနဲ့ မော်လူးမြို့ထဲအထိ တော်လှန်ရေးတပ်တွေရောက်နေပြီး တိုက်ပွဲပြင်းထန်နေ...


- ဆောဖက်ကနေ ကန်ပက်လက်ဖက်ထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ CPU/CPA ချင်းပြည်တပ်မတော်တို့ကြား ၆ မိုင်ဝန်းကျင်မှာ တိုက်ပွဲပြင်းထန်နေ...


...အပါဝင် နောက်ဆုံးရ တိုက်ပွဲသတင်းတွေကို စုစည်းတင်ပြထားပါတယ်။

“တရုတ်ဖိအားကို မခံချင်ရင် တော်လှန်ရေးတပ်‌တွေကိုယ်တိုင် ခဲယမ်းထုတ်နိုင်အောင်လုပ်ဖို့ လိုတယ်”

https://youtu.be/GG1iTbnG2lI?si=ZYgsWU8aYVoL6hjN

 “တရုတ်ဖိအားကို မခံချင်ရင် တော်လှန်ရေးတပ်‌တွေကိုယ်တိုင် ခဲယမ်းထုတ်နိုင်အောင်လုပ်ဖို့ လိုတယ်”

- ဦးဇော်မိုးကျော် (နိုင်ငံရေး လေ့လာသုံးသပ်သူ)

(၂၃ မေ ၂၀၂၆) “မြန်မာ့တော်လှန်ရေးအပေါ် တရုတ်နဲ့ ရုရှားရဲ့ စွက်ဖက်မှုကိုမခံချင်ရင် တော်လှန်ရေးပ်တွေကိုယ်တိုင် ခဲယမ်းထုတ်နိုင်အောင်လုပ်ဖို့လိုတယ်” လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးဇော်မိုးကျော်က ပြောပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ပီကင်းမှာတွေ့ဆုံတဲ့ တရုတ်နဲ့ ရုရှားသမ္မတတွေရဲ့ ဆွေးနွေးပွဲ ဘာတွေထူးသလဲ၊ ဒီ ၂ နိုင်ငံက မြန်မာစစ်တပ်ကို ဘာတွေကူညီပေးနေသလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။ အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ... - အမေရိကန်သမ္မတ၊ ရုရှားသမ္မတအပါဝင် နိုင်ငံတကာခေါင်းဆောင်အတော်များများ ပီကင်းမြို့ဆီလာပြီး တရုတ်သမ္မတနဲ့ လာ-လာ ဆွေးနွေးနေကြတာ ဘာကြောင့်လဲ... - နိုင်ငံကြီးတွေအားလုံးနီးပါးက ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအကြောင်းမပြောတော့ပဲ အကျိုးစီးပွားကိစ္စပဲ ဦးစားပေးနေကြပြီလား... - မြန်မာစစ်တပ်နဲ့ တရုတ်နယ်စပ်က တော်လှန်ရေးအဖွဲ့တွေကို တရုတ်အစိုးရက ဘယ်လို လက်နက်ထောက်ပံ့ပြီး- ဘယ်လို ကြိုးကိုင်ကစားနေသလဲ... - တရုတ်နယ်စပ်ကနေ ဝင်လာနေတယ်လို့ယူဆရတဲ့ လက်နက်ခဲယမ်းလမ်းကြောင်းအစား တော်လှန်ရေးတပ်တွေကိုယ်တိုင် ခဲယမ်းထုတ်နိုင်ဖို့ ဖြစ်နိုင်ခြေ ဘယ်လောက်နီးစပ်နေပြီလဲ... ... စတဲ့ အကြောင်းအရာတွေအပါဝင် နိုင်ငံတကာ အခင်းအကျင်းနဲ့ မြန်မာ့နွေဦးတော်လှန်ရေး ဘယ်လိုရှေ့ဆက်နိုင်မလဲ... အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

Thursday, May 21, 2026

''စစ်တပ်ရဲ့ ထိုးစစ်ကို တုန့်ပြန်တဲ့အနေနဲ့ AA က အရင် စစ်ရှိန်မြှင့်ထားတယ်လို့ မြင်ပါတယ်”

https://youtu.be/joBvBbGUNsI?si=s1TGK13LiUsEMkbT

 ''စစ်တပ်ရဲ့ ထိုးစစ်ကို တုန့်ပြန်တဲ့အနေနဲ့ AA က အရင် စစ်ရှိန်မြှင့်ထားတယ်လို့ မြင်ပါတယ်”

- ဆလိုင်းယောအောင် (စစ်ရေး လေ့လာသုံးသပ်သူ)

(၂၁ မေ ၂၀၂၆) “ရက် ၁၀၀ စီမံကိန်းအရ စစ်တပ်ဖက်ကလုပ်လာနိုင်တဲ့ ထိုးစစ်ကို ကောင်တာလုပ်တဲ့အနေနဲ့ AA ဖက်က စစ်ရှိန်ကို အရင်မြှင့်ထားလိုက်တဲ့သဘော၊ တကယ်လို့ ကပစ တွေကိုသာ သိမ်းနိုင်ရင် ဒါဟာ ၁၀၂၇ နောက်ပိုင်း အကြီးမားဆုံး အောင်မြင်မှု ဖြစ်လာနိုင်တယ်” လို့ စစ်ရေး လေ့လာသုံးသပ်သူ ဆလိုင်းယောအောင်က ပြောပါတယ်။ ယောနယ်ဖက်ကနေ ပတ်ပြီး ရခိုင်ဖက်ကို ထိုးစစ်ဆင်ဖို့ စစ်တပ်က ပြင်နေတာ၊ ကပစ ဝန်းကျင်မှာ တိုက်ပွဲတွေပြင်းထန်လာနေတာတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။ အခု ထုတ်လွှင့်မယ့်မေးမြန်းချက်ထဲမှာ... - စစ်ကိုင်းတိုင်းထဲက စိုင်ပြင်ရဲစခန်းကို PDF သိမ်းပိုက်နိုင်မှုက ဗျုဟာအရ ဘယ်လောက်အရေးပါသလဲ... - KIA နဲ့ AA ကို စစ်တပ်က တကယ်တိုက်မှာလား... ဗုံးကြဲပြီး စားပွဲဝိုင်းဆီလာအောင် ဖိအားပေးတာလား... - ယောနယ်ကနေ ချင်းပြည်နယ်တောင်ပိုင်းကို ထိုးဖို့ပြင်နေတဲ့ စစ်ကြောင်းတွေကို စစ်ဦးကျိုးသွားအောင် ယောနဲ့ ချင်း တော်လှန်ရေးတပ်တွေ ဘယ်လို ပူးပေါင်းဆောင်ရွက်သင့်သလဲ... - KNU နဲ့ တော်လှန်ရေးတပ်တွေသိမ်းပိုက်ထားတဲ့ မောတောင်မြို့ကြီး ခနလေးနဲ့ ပြန်ပါသွားတာ ဘာကြောင့်လဲ... ... စတဲ့ အကြောင်းအရာတွေအပါဝင် ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ထူးခြားတဲ့ စစ်ရေးအရ ဖြစ်ပေါ်တိုးတက်မှုတွေကို ဆွေးနွေးတင်ပြထားပါတယ်။

“လက်ရှိလုပ်နေတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ပြောတာလား၊ အင်အားစုအားလုံးပါဝင်နိုင်တဲ့ ကျယ်ပြန့်တဲ့ဆွေးနွေးပွဲမျိုးကိုပြောတာလား”

https://youtu.be/JLKJSTMHbZU?si=sowXbe2CLR92hjJw

 “လက်ရှိလုပ်နေတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ပြောတာလား၊ အင်အားစုအားလုံးပါဝင်နိုင်တဲ့ ကျယ်ပြန့်တဲ့ဆွေးနွေးပွဲမျိုးကိုပြောတာလား” 

(၂၂ မေ ၂၀၂၆)

“မလေးရှားဝန်ကြီးပြောတဲ့ ဆွေးနွေးပွဲတွေဖြစ်လာတော့မယ်ဆိုတာက လက်ရှိလုပ်နေတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို ပြောတာလား၊ အင်အားစုအားလုံးပါဝင်နိုင်တဲ့ ကျယ်ပြန့်တဲ့ဆွေးနွေးပွဲအဆင့်ကို ပြောတာလားဆိုတာ ရှင်းရှင်းလင်းလင်း မရှိသေးဘူး” လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးအောင်သူငြိမ်းက ပြောပါတယ်။


ပြီးခဲ့တဲ့ရက်ပိုင်းက နေပြည်တော်ကို နေ့ချင်းပြန်ခရီးရောက်လာပြီး မင်းအောင်လှိုင်အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီးနဲ့ ဆွေးနွေးခဲ့သူ မလေးရှားနိုင်ငံခြားရေးဝန်ကြီးပြောနေတဲ့ -မြန်မာနိုင်ငံမှာ ဆွေးနွေးပွဲဖြစ်လာတော့မယ်ဆိုတဲ့ အချက်နဲ့ပတ်သပ်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။


အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...


- မလေးရှားနိုင်ငံခြားရေးဝန်ကြီးရဲ့ နေပြည်တော်ခရီးစဉ်က သံတမန်ရေးအရ ဘယ်လိုအရေးပါသလဲ...


- မင်းအောင်လှိုင်အစိုးရဲ့ ဒုနိုင်ငံခြားရေးဝန်ကြီး ဖိလစ်ပိုင်ကိုသွားတာကကော ဘယ်လို ထူးခြားသလဲ...


- အာဆီယံမှာ တဖွဲ့လုံးရဲ့မူဝါဒကတမျိုး၊ နိုင်ငံတခုချင်းရဲ့ မူဝါဒက တမျိုးဖြစ်နေသလား...


- မင်းအောင်လှိုင်အစိုးရဖက်က အာဆီယံမူ ၅ ချက်ထဲက အချက်အချို့ကို လိုက်နာရင် အားလုံးပါဝင်နိုင်တဲ့ ဆွေးနွေးပွဲတွေဖြစ်ပေါ်လာနိုင်သလား...


... စတဲ့ အကြောင်းအရာတွေအပါဝင် အာဆီယံ ထိပ်သီးအစည်းဝေးအပြီးဖြစ်ပေါ်နေတဲ့ မင်းအောင်လှိုင်အစိုးရနဲ့ အာဆီယံနိုင်ငံတွေကြားက သံခင်း-တမန်ခင်း လှုပ်ရှားမှုတွေအကြောင်း ဆွေးနွေးတင်ပြထားပါတယ်။


#BNN သတင်း အင်တာဗျူး youtube ချယ်နယ်

⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။


Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Tuesday, May 19, 2026

စိုင်ပြင်ရဲစခန်း PDF သိမ်းပိုက်... နယ်စပ်မြို့ ၂ မြို့ စစ်တပ်ပြန်သိမ်း...

 https://youtu.be/JwLvPOYHeug?si=9Iq24kb95FAAq1k5

စိုင်ပြင်ရဲစခန်း PDF သိမ်းပိုက်...  နယ်စပ်မြို့ ၂ မြို့  စစ်တပ်ပြန်သိမ်း... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၂၀ မေ ၂၀၂၆)

- စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်မြို့ ရဲစခန်းကို ရွှေဘိုခရိုင်စစ်ဌာနက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး စစ်သား ၁၁ ဦးသေ၊ လက်နက်များစွာသိမ်းမိ...


- ငါန်းဇွန်မြို့ကနေ ထွက်လာတဲ့ စစ်ကား ၂ စီးကို တော်လှန်ရေးတပ်တွေက မိုင်းဆွဲတိုက်ခိုက်ရာမှာ စစ်ကားတစီးမီးလောင်ပြီး စစ်သား ၅ ဦးသေဆုံး...


- ချင်းပြည်နယ်မြောက်ပိုင်းရှိ တွန်းဇံမြို့နဲ့ တနသာင်္ရီတောင်ပိုင်းရှိ မောတောင်မြို့တို့ကို စစ်တပ်က ပြန်သိမ်းဟု သတင်းထွက်...


...သတင်းတွေအပါဝင် နောက်ဆုံးရ တိုက်ပွဲသတင်းတွေကို စုစည်းတင်ပြထားပါတယ်။

Monday, May 18, 2026

စစ်ကောင်စီစစ်ကြောင်း ကန်ပက်လက်ဖက်ဦးတည်... နွေဦးတော်လှန်ရေးမှာ ဆက်လက်ပါဝင်မယ်လို့ PNLO/PNLA ကြေညာ..

 https://youtu.be/yhwGKaffPR8?si=GRSJ9OB_flfqxVRa

စစ်ကောင်စီစစ်ကြောင်း ကန်ပက်လက်ဖက်ဦးတည်... နွေဦးတော်လှန်ရေးမှာ ဆက်လက်ပါဝင်မယ်လို့ PNLO/PNLA ကြေညာ...နောက်ဆုံးရ တိုက်ပွဲသတင်းများ...


(၁၉ မေ ၂၀၂၆) - မကွေးတိုင်း ဆောမြို့နယ်ထဲရောက်နေတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ချင်းပြည်နယ်တောင်ပိုင်း ကန်ပန်လက်မြို့ဖက် ဦးတည်ပြီး စစ်ကြောင်းထိုးနေ... - ကျောက်ဖြူမြို့အနီးရှိ တောင်မော်ဦးရေတပ်စခန်းကနေ စနဲမြို့ဖက် ကမ်းတက်စစ်ဆင်ရေးလုပ်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို အာရက္ခတပ်တော် AA က တိုက်ခိုက်ချေမှုန်း... - စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးအတွက် နွေဦးတော်လှန်ရေးမှာ ဆက်လက်ပါဝင်ပြီး စစ်တပ်ရဲ့လှည့်ဖျားမှု NCA အတုအယောင်ငြိမ်းချမ်းရေးကို ရှောင်ရှားမည်ဟု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/PNLA) က ကြေညာ... ... စတဲ့ သတင်းတွေအပါဝင် နောက်ဆုံးရ တိုက်ပွဲသတင်းတွေကို စုစည်းတင်ပြထားပါတယ်။

Sunday, May 17, 2026

ကပစ ၁၆ က တပ်မိသားစုတွေ ပြောင်းရွှေ့... တနသာၤရီ စစ်ယာဉ်တန်း PDF တိုက်ခိုက်..

 https://youtu.be/62rf7Fz1lBI?si=UBdtPTgDwPKb1xwM

ကပစ ၁၆ က တပ်မိသားစုတွေ ပြောင်းရွှေ့... တနသာၤရီ စစ်ယာဉ်တန်း PDF တိုက်ခိုက်...နောက်ဆုံးရ တိုက်ပွဲသတင်းများ... (၁၈ မေ ၂၀၂၆)


- ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ ကပစ ၁၆ ရဲ့ ကာကင်းစခန်း ၄ ခုကို အာရက္ခတပ်တော် AA နဲ့ မဟာမိတ်တွေက သိမ်းပိုက်လိုက်ပြီးတဲ့နောက် စစ်တပ် အရာရှိတွေ၊ မိသားစုဝင်တွေဟာ အရေးပေါ် နေရာပြောင်းရွှေ့နေ... -

 တနင်္သာရီမြို့နယ်၊ ခမရ ၅၆၁ ဖက်တက်လာတဲ့ စစ်ကောင်စီ ယာဉ်တန်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ရာမှာ ကားတစီးမီးလောင်ပြီး စစ်သား ၅ ဦး သေဆုံး... 

 - ချင်းအမျိုးသားအဖွဲ့ချုပ် / ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNO/ CNDF) ရဲ့ အခြေခံစစ်ပညာသင်တန်း အမှတ်စဉ် (၂/၂၀၂၆) သင်တန်းဆင်းပွဲမှာ လက်နက်ကြီး၊ လက်နက်ငယ်များ တပ်ဆင်ပေး... ... 

စတဲ့ သတင်းတွေအပါဝင် နောက်ဆုံးရ တိုက်ပွဲသတင်းတွေကို စုစည်းတင်ပြထားပါတယ်။

Friday, May 15, 2026

ဟားခါးက ဗျုဟာမှုးယာဉ်တန်းကို CNF တိုက်ခိုက် ... မိုးဗြဲဖက်က စစ်တပ်ကို အယ်ဗာတပ်ရင်းက တိုက်ခိုက်..

 https://youtu.be/MelZ_AGS4AY?si=lAPwK79ytK0nMKJE

ဟားခါးက ဗျုဟာမှုးယာဉ်တန်းကို CNF တိုက်ခိုက် ... မိုးဗြဲဖက်က စစ်တပ်ကို အယ်ဗာတပ်ရင်းက တိုက်ခိုက်... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၁၆ မေ ၂၀၂၆) - လောင်းရှည်အခြေစိုက် ကပစ ၂၅ ကနေ ထွက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ၁၄ ရက်နေ့ ည ၅ နာရီခန့်မှာ ဆောမြို့အတွင်း ရောက်ရှိလာပြီး လမ်းမှာ တွေ့သမျှလူငယ်တွေကို ဖမ်းဆီးပြီး ဈေးဆိုင်တွေလည်း ပိတ်ခိုင်းထား... - ဖလမ်းမြို့ကနေ တက်လာနေတဲ့ စစ်ကြောင်းကို ဟားခါးကနေ သွားကြိုတဲ့ စစ်ကောင်စီ ဗျုဟာမှုးကိုယ်တိုင်ပါတဲ့ အဖွဲ့ကို ချင်းတော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ရာမှာ ဗျုဟာမှူးဒဏ်ရာရပြီး အခြားစစ်သား ၄ ဦး သေဆုံး... - မိုးဗြဲမြို့ဖက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို အမှတ် (၁) အယ်လ်ဖာ B-01 တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ရာမှာ စစ်သား ၁၀ ကျော်သေဆုံးပြီး အလောင်းတွေပါ ကျန်ခဲ့... ... စတဲ့ သတင်းတွေအပါဝင် နောက်ဆုံးရ တိုက်ပွဲသတင်းတွေကို စုစည်းတင်ပြထားပါတယ်။

Thursday, May 14, 2026

“ကချင်၊ ချင်းနဲ့ ရခိုင်ရဲ့ တံခါးပေါက်ဖြစ်တဲ့ အညာဒေသကာကွယ်ရေးကို ဦးစားပေးဖို့လိုတယ်”

 https://youtu.be/-euBlvUkGTM?si=RynGcbY8Fk68_c-W

“ကချင်၊ ချင်းနဲ့ ရခိုင်ရဲ့ တံခါးပေါက်ဖြစ်တဲ့ အညာဒေသကာကွယ်ရေးကို ဦးစားပေးဖို့လိုတယ်” - ဆလိုင်းယောအောင် (စစ်ရေး - နိုင်ငံရေး လေ့လာသုံးသပ်သူ)

(၁၅ မေ ၂၀၂၆) “အညာဒေသဟာ ကချင်၊ ချင်းနဲ့ ရခိုင်ရဲ့ တံခါးပေါက်ဖြစ်တဲ့ အညာဒေသကာကွယ်ရေးကို ဦးစားပေးဖို့လိုတယ်၊ ERO နဲ့ PDF တွေကြား ပူးပေါင်းဆောင်ရွက်နိုင်ဖို့ အရေးကြီးတယ်” လို့ စစ်ရေး - နိုင်ငံရေး လေ့လာသုံးသပ်သူ ဆလိုင်းယောအောင်က ပြောပါတယ်။ စစ်ကောင်စီတပ်တွေက မန္တလေးနဲ့ စစ်ကိုင်းကိုဖြတ်ပြီး ကချင်ပြည်နယ်ဖက်ကို ထိုးစစ်ဆင်တာ၊ အခု တခါ မကွေးတိုင်းကိုဖြတ်ပြီး ချင်းပြည်တောင်ပိုင်းနဲ့ ရခိုင်ဖက်ကို ထိုးစစ်ဆင်ဖို့ပြင်နေတဲ့ အခြေနေတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။ အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ... - မကွေးတိုင်းထဲရှိ ကပစ တွေကနေ ယောနယ်ဖက် ထိုးလာနေတဲ့ စစ်ကောင်စီ စစ်ကြောင်းတွေက ဘယ်ကို အဓိက ဦးတည်နေတာလဲ... - အညာဒေသထိုးစစ်က ကချင်နဲ့ ရခိုင်ကြားက ဆက်သွယ်ရေးလမ်းကြောင်းဖြတ်တောက်ရေးအတွက်လား... - ရေရှည်တိုက်ပွဲဖြစ်ရင် ခဲယမ်းမလုံလောက်မှုက တော်လှန်ရေးတပ်တွေအတွက် အဓိက စိန်ခေါ်မှုလား... - ကချင်၊ ချင်းနဲ့ ရခိုင်ရဲ့ တံခါးပေါက် အညာဒေသ ကာကွယ်ရေးအတွက် ERO နဲ့ PDF တွေ ဘယ်လိုပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်သင့်သလဲ... ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

“ကပစ တွေနဲ့ ယောနယ် ကာကွယ်ရေးဆိုပေမယ့် အချောင်ရရင် ရှေ့ဆက်တိုးနိုင်တာပေါ့”

 https://youtu.be/JIzi_mA05Ao?si=mp3A_oTNacueELeh

“ကပစ တွေနဲ့ ယောနယ် ကာကွယ်ရေးဆိုပေမယ့် အချောင်ရရင် ရှေ့ဆက်တိုးနိုင်တာပေါ့”


- လင်းထက်အောင် (CDM - ဗိုလ်ကြီး)

(၁၄ မေ ၂၀၂၆)

“လက်ရှိ ထိုးလာနေတဲ့ စစ်ကြောင်းရဲ့ ဦးတည်ချက်က ကပစ တွေ ကာကွယ်ရေးနဲ့ ယောနယ်က လမ်းကြောင်းတွေရှင်းလင်းရေးလို့ ယူဆပါတယ်။ ဒါပေမယ့် အချောင်ရရင်တော့ ချင်းပြည်နယ်တောင်ပိုင်းနဲ့ ရခိုင်ဖက်ကိုလည်း ဦးတည်သွားနိုင်တယ်” လို့ CDM ဗိုလ်ကြီး လင်းထက်အောင်က ပြောပါတယ်။


ကပစ ၂၅ လောင်းရှည်ဖက်က တကြောင်း၊ ကပစ ၂၄ ပေါက်ဖက်ကတကြောင်းနဲ့ ယောဒေသရှိ ဆောနဲ့ ကျောက်ထုဖက်ကို ဦးတည်ထိုးလာနေတဲ့ စစ်ကောင်စီရဲ့ စစ်ကြောင်းတွေရဲ့ ဦးတည်ချက်နဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။


အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာ...


- ကပစ ၂၅ နဲ့ ၂၄ ကနေ ထွက်လာနေတဲ့ စစ်ကြောင်းတွေရဲ့ အဓိက ဦးတည်ချက်က ဘာဖြစ်နိုင်သလဲ...


- လက်ရှိတော်လှန်ရေးရဲ့ မြေပြင်အနေအထားအရ တရုတ်နယ်စပ်နဲ့ ထိုင်းနယ်စပ်အခြေပြုရေးကနေ အနောက်ဖက်စစ်မျက်နှာက အဓိက ဖြစ်လာနေသလား...


- အညာဒေသမှာ တဖန်ပြန်လည် ထိုးစစ်ဆင်နိုင်အောင် PDF တွေ ဘာလုပ်သင့်သလဲ...


... စတဲ့ အကြောင်းအရာတွေအပါဝင် နောက်ဆုံးဖြစ်ပေါ်တိုးတက်နေတဲ့ စစ်ရေးအရ ထူးခြားချက်တွေအကြောင်း ဆွေးနွေးတင်ပြထားပါတယ်။


Wednesday, May 13, 2026

“ရှေ့တလှမ်းတိုးဖို့အတွက် နောက်တလှမ်းဆုတ်တယ်လို့ပဲ ယူဆချင်ပါတယ်”

 https://youtu.be/O0QPYTeveE0?si=bOqJBmSPFlcDTSI8

“ရှေ့တလှမ်းတိုးဖို့အတွက် နောက်တလှမ်းဆုတ်တယ်လို့ပဲ ယူဆချင်ပါတယ်” - လင်းထက်အောင် (CDM ဗိုလ်ကြီး)

(၁၄ မေ ၂၀၂၆) “ရှေ့တလှမ်းတိုးဖို့အတွက် နောက်တလှမ်းဆုတ်ပေးတဲ့ ဗျုဟာလို့ပဲ ယူဆချင်ပါတယ်၊ မကြာခင်မှာ ဒီထက်ပိုကောင်းတဲ့ စုဖွဲ့မှုတွေ၊ ဗျုဟာတွေနဲ့ ထိုးစစ် ပြန်လုပ်နိုင်ဖို့ မျှော်လင့်တယ်” လို့ CDM ဗိုလ်ကြီး လင်းထက်အောင်က ပြောပါတယ်။ အညာဒေသနဲ့ ချင်းပြည်နယ်မြောက်ပိုင်းရှိ မြို့ပြဒေသအချို့ကနေ တော်လှန်ရေးတပ်တွေ ဆုတ်ပေးလိုက်ရတဲ့ အခြေနေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။ အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ... - PDF တွေ အညာဒေသက ဆုတ်ပေးရသလို ERO စာရင်းဝင် တိုင်းရင်းသားတပ်တွေ ချင်းပြည်နယ်မြောက်ပိုင်းနဲ့ ကရင်နီပြည်နယ် အချို့ဒေသတွေကနေ ဆုတ်ပေးရတာ ဘာကြောင့်လဲ... - ကရင်နဲ့ ကချင်ဖက်မှာ စစ်ရေးအရ တိုးတက်မှုရှိလာနေသလား... - စစ်ကိုင်း-ကချင် အစပ်ဒေသကို စစ်ကောင်စီထိုးစစ်ဆင်တာဟာ ရခိုင်နဲ့ ကချင်ကြားက ဆက်သွယ်ရေးလမ်းကြောင်းကို ဖြတ်တောက်ချင်လို့လား... - ယောဒေသဆီ ဦးတည်နေတဲ့ စစ်ကောင်စီထိုးစစ်က ချင်းပြည်နယ်တောင်ပိုင်းနဲ့ ရခိုင်ပြည်နယ်အထိ ဦးတည်နေသလား... ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။ (အညာဒေသအတွက် အကြံပြချက်ပါဝင်တဲ့ ဒုတိယပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပေးဖို့ စီစဉ်ထားပါတယ်)

Tuesday, May 12, 2026

ကသာဖက်တက်လာတဲ့ စစ်ယာဉ်တန်း သေဆုံးသူများ... ရေးမြို့က ဒုရင်းမှူး ရှင်းလင်းခံရ...

 https://youtu.be/hHas1xw13-g?si=fhbjmmtWOkzqJ6Gq

ကသာဖက်တက်လာတဲ့ စစ်ယာဉ်တန်း သေဆုံးသူများ.. ရေးမြို့က ဒုရင်းမှူး ရှင်းလင်းခံရ... နောက်ဆုံးရ တိုက်ပွဲသတင်းများ... (၁၃ မေ ၂၀၂၆)


- ထီးချိုင့်မြို့ကနေ ကသာမြို့ ဖက် တက်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ရာမှာ စစ်ကား ၂ စီးမီးလောင်၊ စစ်သား ၆ ဦးသေ၊ သေနတ် ၆ လက်သိမ်းမိ... - ကျောက်ဖြူမြို့နယ်ရှိ တောင်မော်ဦးရေတပ်စခန်းကနေ အာရက္ခတပ်တော် (AA) ထိန်းချုပ်နယ်မြေ စနဲမြို့ဖက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို AA က တန်ပြန်တိုက်ခိုက်ရာမှာ စစ်တပ်ဖက်က သေဆုံးသူများ... - ရေးမြို့နယ်၊ မော့ကနင်ကျေးရွာအခြေစိုက် ခလရ (၁၀၆)က ဒုတပ်ရင်းမှူး ထွန်းရာကျော်ကို တော်လှန်ရေးတပ်တွေက ပစ်ခတ်ရှင်းလင်းဟု ရေဘီးလူးအဖွဲ့ကြေညာ... ... စတဲ့ သတင်းတွေအပါဝင် နောက်ဆုံးရ တိုက်ပွဲသတင်းတွေကို စုစည်းတင်ပြထားပါတယ်။

Monday, May 11, 2026

“အာဆီယံ ဆုံးဖြတ်ချက်ကို ကြိုဆိုတယ်၊ အရေးယူမှုပါ ထပ်လုပ်ဖို့လိုပါတယ်''

 https://youtu.be/nc3ALOOkQ8Y?si=l6grHpY44DVZ47MX

“အာဆီယံ ဆုံးဖြတ်ချက်ကို ကြိုဆိုတယ်၊ အရေးယူမှုပါ ထပ်လုပ်ဖို့လိုပါတယ်''


- ဒေါ်ဇင်မာအောင် (နိုင်ငံခြားရေးဝန်ကြီး - NUG) “အာဆီယံ မူ ၅ ချက်ကို မလိုက်နာတဲ့ အာဏာသိမ်းစစ်အုပ်စုကို အစည်းဝေးတက်ခွင့်မပေးတဲ့အပေါ် ကြိုဆိုတယ်၊ သံတမန်နည်းအရ ဖိအားပေးတာအပါဝင် လက်တွေ့ကျတဲ့ အရေးယူမှုတွေ ဆက်လုပ်စေချင်တယ်” လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောပါတယ်။ အာဆီယံ မူ ၅ ချက်ကို ဆန့်ကျင်ပြီး ရွေးကောက်ပွဲအတု၊ အစိုးရအတုတွေ လုပ်ဆောင်ခဲ့တဲ့ စစ်အုပ်စုကို အာဆီယံ အစည်းဝေးတက်ခွင့်မပေးတာနဲ့ပတ်သက်ပြီး ... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် အခုလို ဖြေကြားခဲ့တာပါ။ အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ... - အာဆီယံမူကို ဆန့်ကျင်ပြီး ရွေးကောက်ပွဲအတုလုပ်ပြီးမှ ဘာကြောင့် အာဆီယံကို စစ်အုပ်စုက အပြစ်ပြန်ပြောနေတာလဲ... - အာဆီယံ၊ အခြား အိမ်နီးချင်းနိုင်ငံတွေနဲ့ NUG ကြား ဆက်ဆံရေး အခြေနေ တိုးတက်လာနေသလား... - ကုလသမဂ္ဂက သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက်အသိအမှတ်ပြုထားတဲ့အပေါ် စစ်အုပ်စုက မကျေမနက်ဖြစ်နေသလား... - အညာဒေသရှိ PDF တပ်တွေ မြို့ပြဒေသကနေ ဆုတ်ခွာနေရတဲ့အတွက် တော်လှန်ရေးဟာ ခံစစ်ဖြစ်သွားပြီလား... သူတပြန် ကိုယ်တပြန်ဖြစ်နေဆဲလား... ... စတဲ့ အကြောင်းအရာတွေအပါဝင် သံတမန်ရေးအရ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှု အခြေနေတွေကို ဆွေးနွေးတင်ပြထားပါတယ်။

Sunday, May 10, 2026

မြင်းခြံတိုက်ပွဲ စစ်သား ၁၀ ခန့်သေဆုံး... မောတောင်ဖက်သို့ စစ်တပ်ထိုးစစ်ပြင်...

 https://youtu.be/-ibWHQSQi0c?si=ppQqCGHjbt9YCxlZ

မြင်းခြံတိုက်ပွဲ စစ်သား ၁၀ ခန့်သေဆုံး... မောတောင်ဖက်သို့ စစ်တပ်ထိုးစစ်ပြင်... နောက်ဆုံးရ တိုက်ပွဲသတင်းများ... (၁၁ မေ ၂၀၂၆)


- မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ လေးအိမ်တန်းကျေးရွာရှိ စစ်ကောင်စီရဲ့ "ရွှေညောင်ပင်” ဂိတ်စခန်းကို တော်လှန်ရေးတပ်တွေက ဝင်တိုက်ရာမှာ စစ်သား ၈ ဦးသေပြီး ၉ ဦးဒဏ်ရာရ... - ရေးမြို့နယ်ဖက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ရင်ဆိုင်တိုက်ပွဲဖြစ်ပြီး စစ်သား ၃ ဦးသေဆုံး၊ ၅ ဦးဒဏ်ရာရ... - ထိုင်း-မြန်မာနယ်စပ်ရှိ မောတောင်ကုန်သွယ်ရေးမြို့ဖက်သို့ ဦးတည်တဲ့ စစ်ကောင်စီစစ်ကြောင်းတခု တနင်္သာရီ- မောတောင်လမ်းအတိုင်း ထိုးဝင်လာတဲ့အတွက် သဲဖြူရွာ ဝန်းကျင်မှာ တိုက်ပွဲပြင်းထန်နေ...

... စတဲ့ သတင်းတွေအပါဝင် နောက်ဆုံးရ တိုက်ပွဲသတင်းတွေကို စုစည်းတင်ပြထားပါတယ်။

စာအုပ်ကြော်ညာ တလတာ...

 စာအုပ်ကြော်ညာ တလတာ...


“သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး” Ebook စာအုပ်ကို စတင်ရောင်းချနေပြီဖြစ်ကြောင်း ဧပြီ ၁၁၊ သင်္ကြန်အကြိုနေ့မှာ ကြော်ညာခဲ့တဲ့အတွက် ဒီနေ့ တလ ပြည့်ပါပြီ။


တလတာအတွင်း အုပ်ရေ ၄၀ ကျော်သာ အားပေးတဲ့အတွက် မှန်းထားတာထက် တော်နည်းတယ်လို့ ဆိုရပါမယ်။ လူငယ်တွေပြောနေတဲ့ စကားလုံးအတိုင်းဆိုရင် ကမ်ပိန်း တာ့ဂတ်ပြည့်ဖို့ အများကြီးလိုသေးတယ်ပေါ့။


ကြော်ညာကို တလထက်ပို မထည့်သင့်ဘူးထင်တဲ့အတွက် ဒီနေ့မှာ Pin Post မထားတော့ပါဘူး။ ဒါပေမယ့် အဲဒီလင့်မှာ ဆက်လက်ဝယ်ယူ အားပေးနိုင်ပါသေးတယ်။


စာအုပ်တွေအများကြီးရောင်းရမယ်ထင်ပြီး... ရောင်းရငွေထဲက အချို့ကို မင်းသမီးစခန်းက အာဇာနည်ဗိမာန်အတွက် အသုံးပြုမယ်ဆိုပြီး အာချောင်မိတာ ပြန်တောင်းပန်ရမလိုဖြစ်နေပါတယ်။


အခုတိုင်းကတော့ Ebook ရောင်းရငွေက ပုံနှိပ်စာအုပ်အဖြစ် ပြန်ထုတ်ဝေဖို့တောင် အနိုင်နိုင်ပဲ။ (ဒါပေမယ့် အာဇာနည်ဗိမာန်ကိစ္စကိုလည်း နိုင်ငံရေးအခြေအနေ ပြောင်းလဲမှုတွေပေါ်မူတည်ပြီး ရဲဘော်ဟောင်းတွေနဲ့ ဆွေးနွေးကာ ဆက်လက် ဆောင်ရွင်သွားမှာဖြစ်ပါတယ်)


ကျေးဇူးတင်ဖို့ကောင်းတာကတော့ တအုပ်ကို ၅ ဒေါ်လာ သတ်မှတ်ထားပေမယ့် ၁၀ ဒေါ်လာမက ပေးဝယ်သူတွေ၊ ထူးထူးခြားခြား ဒေါ်လာ ၁၀၀ အထိ ပေးဝယ်သူ ရဲဘော်ဟောင်း ၃ ဦးကိုလည်း ကျေးဇူးအထူးတင်ပါကြောင်း ဒီနေရာကနေ မှတ်တမ်းတင်ချင်ပါတယ်။

-


နောက်တချက်ကတော့ ဒီစာအုပ်ကို ဖတ်ပြီး ၁၉၈၈- ၉၀ ဝန်းကျင်က လက်နက်ကိုင်တော်လှန်ရေးအခြေအနေ၊ နိုင်ငံရေးအခြေအနေတွေကို အများကြီးလေ့လာနိုင်ခဲ့တယ်လို့ လက်ရှိ နွေဦးတော်လှန်ရေးကို ဦးဆောင်တိုက်ပွဲဝင်နေတဲ့လူငယ်တဦးက ပြန်ပြောပြတာကို ကြားမိတဲ့အတွက် ဂုဏ်ယူမိပါတယ်။


၈ လေးလုံးအရေးတော်ပုံနဲ့ ABSDF မှတ်တမ်းအဖြစ် ဒီစာအုပ်ကို ထုတ်ဝေတယ်ဆိုပေမယ့် အဲဒီကာလတိုက်ပွဲအတွင်း ပါဝင်ခဲ့သူတွေ၊ သူတို့ရဲ့ မိသားစုတွေအတွက် မှတ်တမ်းအဖြစ်သိမ်းထားဖို့အပြင် မျိုးဆက်သင့် လူငယ်တွေ သမိုင်းအဖြစ် လေ့လာနိုင်ဖို့လည်း ပါဝင် ပါတယ်။


၁၉၄၈ လွတ်လပ်ရေးရပြီးကတည်းကနေ ၁၉၈၈ အလွန်ခေတ်အထိ မြန်မာ့လက်နက်ကိုင်တော်လှန်ရေးဟာ ရှေ့ကိုမတက်ပဲ ဒီဘူတာမှာပဲ ပြန်-ပြန်ဆိုက်နေတယ်လို့ ဝေဖန်သူတွေက ဆိုကြပါတယ်။


အခုတကြိမ်မှာတော့ ဒီဘူတာကို ပြန်မဆိုက်ပဲ ပန်းတိုင်ရောက်တဲ့အထိ ချီတက်နိုင်ဖို့အရေးမှာ ဒီစာအုပ်က တစုံတရာ တွန်းအားဖြစ်စေမယ်၊ ဒီစာအုပ်ကိုဖတ်မိပြီး အရင်က မှားခဲ့တဲ့ အမှားတွေကို ရှောင်နိုင်မယ်လို့ မျှော်လင့်ပါတယ်။

-


၂၀၁၃ ခုနှစ်၊ မေလ၊ နိုင်ငံရေးရာသီဥတု ကောင်းစဉ်တုန်းက ဒီစာအုပ်ကို ရန်ကုန်မှာ ပထမ အကြိမ် ထုတ်ဝေခဲ့ဖူးပေမယ့် အခုချိန်မှာတော့ ပြည်တွင်းမှာ ထုတ်ဖို့ မဖြစ်နိုင်သေးပါဘူး။


ဆိုတော့ ပြည်ပမှာ ထုတ်ဝေရေးအတွက် ကြိုးစားသွားမှာဖြစ်ပါတယ်။ ပြင်ဆင်ချိန်၊ စာတွေ ပြန်စီပြန်စစ်ချိန်၊ ပုံနှိပ်ချိန်တွေအားလုံးညှိုနှိုင်းပြီးရင်တော့ ၈ လေးလုံး ၃၈ နှစ်ပြည့်နေ့မှာ ထုတ်ဝေနိုင်အောင် ကြိုးစားသွားမှာဖြစ်ပါကြောင်း စာဖတ်ပရိသတ်တွေ၊ ရဲဘော်တွေအားလုံးကို အသိပေး တင်ပြလိုက်ရပါတယ်။


အားလုံးကို လေးစားစွာဖြင့်...


ရဲဘော်ဝင်းထိန် @ ထက်အောင်ကျော်

(၁၀ မေ ၂၀၂၆)

---

သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး ebook ကို https://ebooks.akmoe.uk မှာ ဝယ်ယူအားပေးနိုင်ပါပြီ။


Friday, May 8, 2026

“ခံစားချက်ကို ခံယူချက်အဖြစ်ပြောင်းပြီး ပန်းတိုင်ရောက်တဲ့အထိ ဆက်ချီတက်နေပါတယ်”

 https://youtu.be/pdZp3WuVong?si=i_OZTNW0-zJ4QgzY

“ခံစားချက်ကို ခံယူချက်အဖြစ်ပြောင်းပြီး ပန်းတိုင်ရောက်တဲ့အထိ ဆက်ချီတက်နေပါတယ်” - ဗိုလ်မိုက်ခဲ (တပ်ရင်းမှူး - မြင်းခြံခရိုင် အမှတ် ၉ တပ်ရင်း)

(၉ မေ ၂၀၂၆) “ခံစားချက်နဲ့ တော်လှန်ရေးထဲပါလာတဲ့ ကျနော်တို့လူငယ်တွေဟာ အခုချိန်မှာတော့ ခံစားချက်ကို ခံယူချက်အဖြစ်ပြောင်းပြီး ပန်းတိုင်ရောက်တဲ့အထိ ဆက်ချီတက်နေပါတယ်” လို့ မြင်းခြံခရိုင် အမှတ် (၉) တပ်ရင်း- Myingyan Black Tiger (MBT) တပ်ရင်းမှူး ဗိုလ်မိုက်ခဲက ပြောပါတယ်။ PDF ဖွဲ့စည်းတည်ထောင်ခြင်း ၅ နှစ်ပြည့်ကာလ အညာဒေသရဲ့ စစ်ရေးအခြေအနေ တိုးတက်မှုအကြောင်း BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။ အခု ထုတ်လွှင့်မယ့်မေးမြန်းချက်ထဲမှာ... - အညာဒေသရှိ မြို့ပြဒေသကနေ PDF တပ်တွေ ဆုတ်ခွာရခြင်းရဲ့ အဓိကအကြောင်းရင်းက ဘာလဲ... - အညာဒေသရှိ PDF တပ်တွေ၊ LPDF တွေ၊ ERO တွေကြား စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှု အနေအထားက ဘယ်လိုရှိသလဲ... - ချေမှုန်းရေးတိုက်ပွဲတွေကနေ ပြောက်ကျားတိုက်ပွဲဆီ ပြန်ပြောင်းသွားရတဲ့ အဓိက အခက်ခဲ... - ခံစားချက်ကို ခံယူချက်အဖြစ်ပြောင်းပြီး ပန်းတိုင်ရောက်တဲ့အထိ ချီတက်ကြမယ့် အညာက လူငယ်တွေရဲ့ မျှော်လင့်ချက်... ... စတဲ့ အကြောင်းတွေအပါဝင် ၅ နှစ်တာအတွင်း အညာဒေသရဲ့ တိုးတက်ဖြစ်ထွန်းမှုတွေအကြောင်း ဆွေးနွေးတင်ပြထားပါတယ်။


Thursday, May 7, 2026

ဖလမ်း စစ်ယာဉ်တန်းကို CDF တိုက်ခိုက်... ကပစ ၁၆ ကို AA တိုက်ခိုက်...

 https://youtu.be/ihkNTMzqofE?si=WwJzQxUFJwwcWT2R

ဖလမ်း စစ်ယာဉ်တန်းကို CDF တိုက်ခိုက်... ကပစ ၁၆ ကို AA တိုက်ခိုက်... နောက်ဆုံးရ တိုက်ပွဲသတင်းများ... (၈ မေ ၂၀၂၆)


- စစ်ကိုင်းတိုင်း ကလေးမြို့ကနေ ချင်းပြည် ဖလမ်းမြို့ဆီ တက်လာတဲ့ စစ်တပ်ယာဉ်တန်းကို CDF-CDM Siyin က ကြားဖြတ်တိုက်ရာမှာ စစ်သား ၇ ဦး သေ၊ သေနတ် ၄ လက် သိမ်းမိ... - ပန်းတောင်းမြို့နယ်ရှိ ကပစ -၁၆ အနီးထိ အာရက္ခတပ်တော် (AA) နဲ့ မဟာမိတ်တပ်တွေ ရောက်လာပြီး စစ်ကောင်စီတပ်နဲ့ တိုက်ပွဲပြင်းထန်နေ... - ဘီးလင်းမြို့နယ်ရှိ ဝင်းတာပန်စခန်းမှာ တိုက်ပွဲဆက်ပြင်းထန်နေပြီး စစ်တပ်ဖက်က လေကြောင်းပစ်ကူနဲ့အသဲအသန်ခုခံနေတဲ့ကြားက သေဆုံး၊ ဒဏ်ရာရသူများနေ... ... စတဲ့ သတင်းတွေအပါဝင် နောက်ဆုံးရ တိုက်ပွဲသတင်းတွေကို စုစည်းတင်ပြထားပါတယ်။

ဒီဖက်ရွာမှာ တိုက်ပွဲဖြစ်ပြီး လူတွေ ပြေးနေ-လွှားနေရပေမယ့် ဟိုဖက်ရွာမှာ အလှူပွဲ၊ ဇတ်ပွဲ မလုပ်မပျက်ဘူး...

 ဒီဖက်ရွာမှာ တိုက်ပွဲဖြစ်ပြီး လူတွေ ပြေးနေ-လွှားနေရပေမယ့် ဟိုဖက်ရွာမှာ အလှူပွဲ၊ ဇတ်ပွဲ မလုပ်မပျက်ဘူး...


ဟိုဖက်မြို့မှာ တိုက်ပွဲဖြစ်နေပေမယ့် ဒီဖက်မြို့က တော်လှန်ရေးတပ်တွေက အေးဆေးပဲ...၊ စစ်ရေးပြင်ဖို့ထက် နေ့စဉ်ပုံမှန်အလုပ်တွေနဲ့သာ အသားကျနေတယ်... ဆိုတဲ့ ဝေဖန်သံတွေ အခုတလော ကြားနေရပါတယ်။

ဆိုတော့ လူတွေဟာ တနိုင်ငံလုံးကိစ္စကို မစဉ်းစားပဲ ကိုယ့်မြို့- ကိုယ့်ရွာ ဗဟိုပြုစဉ်းစားတာတွေများလာနေသလား...


တခြားနယ်မှာ ဘာဖြစ်ဖြစ် ကိုယ့်အုပ်ချုပ်ရေးဒေသလေး တည်ငြိမ်နေရင် အိုကေ- ဆိုတဲ့သဘောလား...


၁၉၉၅ ဝန်းကျင် လက်နက်ကိုင်တော်လှန်ရေးကာလအတွင်း ကြုံခဲ့ဖူးတဲ့ အလားတူ ဖြစ်စဉ်တခုကို ပြန်သတိရမိပါတယ်။


၁၉၉၅ ဇန်နဝါရီမှာ မာနယ်ပလောစခန်းကျတော့ ဒီဖက် တပ်မဟာ ၆၊ တပ်မဟာ ၄ တို့ဖက်မှာ ဘာမှမဖြစ်သလို အေးဆေးပဲ။ တနိုင်ငံလုံး- ဒေသတခုလုံးဆိုင်ရာကိစ္စတွေကို မစဉ်းစားအားပဲ ကိုယ့်ဒေသက နေ့စဉ်အလုပ်တွေနဲ့ အလုပ်ရှုပ်နေကြတာတွေ့ရပါတယ်။


“ငါတို့မှာ မာနယ်ပလောတွေ အများကြီးရှိတယ်” လို့ ပြောတဲ့လူလည်း ရှိပါတယ်။ ပြောက်ကျားစစ်ဆိုတာ ဒီလိုပဲ၊ ခံစစ်သေမထားပဲ လှုပ်ရှားစစ်ကြောင်းတွေနဲ့ ရန်သူကို ချေမှုန်းရမယ်... ဒီလိုပြောသူတွေလည်း ရှိပါတယ်။


ဒီလိုနဲ့ ABSDF ပြန်လည်ပေါင်းစည်းရေးညီလာခံကို ၁၉၉၆ စက်တင်ဘာမှာ တပ်မဟာ ၆၊ ထီးကပလယ်စခန်းမှာ ကျင်းပခဲ့ပါတယ်။ မာနယ်ပလောကနေ ခွာလိုက်ရပေမယ့် တပ်မဟာ ၆ နဲ့ မယ်ကော့မိုင်ဖက်မှာ အခြေအနေက ပုံမှန်အနေအထားရှိနေဆဲ။


တပ်မဟာ ၆ မှာတောင် ပုံမှန်အနေအထားဆိုတော့ တပ်မဟာ ၄ ဆို အဝေးကြီး၊ မာနယ်ပလောက ဖားပွန်-ဖားအံဆိုရင် တပ်မဟာ ၄ က ထားဝယ်ဆိုတော့ မိုင် ၃၀၀ ကျော်ဝေးတာဆိုတော့ အေးဆေး...


၁၉၉၇ ဖေဖေါ်ဝါရီမှာ နီဒိုနီထော ပွဲတော်ကြီးကိုတောင် ပုံမှန်အခြေအနေတိုင်း ကျင်းပးလို့ကောင်းတုန်း...။

---


ဒါက အဲဒီကာလက ကိုယ်တွေရှိနေတဲ့ ကရင်ဒေသတခုတည်းကို ပြောကြည့်တာ...


တနိုင်ငံလုံးအခြေအနေကိုကြည့်မယ်ဆိုရင်...


ရှမ်းမြောက်က အူးလေးဒေဆိုရင် ၁၉၉၀ လောက်ကတည်းက အပစ်ရပ်ပြီး ၀ ဒေသ၊ မိုင်းလားဒေသတွေမှာ မြို့ပြတွေ တည်ဆောက်နေကြတာမျိုး...


အခုလည်း ရှမ်းမြောက်က အရင်ဆုံး ငြိမ်သွားတာပါပဲ...။


တနိုင်ငံလုံးအခြေအနေကို ဘယ်သူတွေ စဉ်းစားနေကြသလဲ...


တနိုင်ငံလုံးအခြေနေ မကောင်းရင် ပြည်နယ်တခုချင်း- ဒေသတခုချင်း အခြေနေ မကောင်းနိုင်ဘူးဆိုပြီး ပြောနေကြပေမယ့် လက်တွေ့မှာတော့ အားလုံးက ရွာသူကြီးဘဝနဲ့ စခန်းသွားနေချင်ကြတာမျိုး...


ဆိုတော့ကာ...


ဟောဒီမှာ... ၁၉၉၇၊ ဖေဖေါ်ဝါရီတုန်းက ဖြစ်စဉ်လေးတခုကို တင်ပြချင်ပါတယ်...

---


(သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး Ebook စာမျက်နှာ ၆၀၇ မှ ကောက်နုတ်ဖေါ်ပြချက်)


(၁) မင်းသမီးစခန်း ခွာစစ်အတွက် ပြင်ဆင်ဖို့လိုအပ်လာခြင်း...


ကျနော့်ဘဝမှာ ခဏတာလို့ထင်ခဲ့ပြီး တသက်စာဖြစ်သွားတဲ့ အဖြစ်ပျက်တွေ သိပ်မနည်းလှတော့ပါဘူး။ အဲဒီထဲမှာ မင်းသမီးစခန်း ခွာစစ်လည်း တခုအပါဝင်ဖြစ်ပါတယ်။


စစ်ရေးအခြေနေအရ ဒီစခန်းကနေ တခဏတာ ခွာစစ်ဆင်မယ်၊ အခြေနေပေးရင် နဝတ-တပ်တွေ ပြန်ဆုတ်ပြီးတဲ့နောက် ဒီဒေသဆီ ငါတို့တပ်တွေ ပြန်လာမယ်ဆိုတဲ့ စိတ်ကူးတွေနဲ့ ခွာလိုက်တာပါ။


ဒါပေမယ့် ၂၈ နှစ်ကြာသွားခဲ့ပါတယ် (၂၀၂၅ ခုနှစ် မေလမှာ ထီးထ- ထီးခီးစခန်းတွေကို တော်လှန်ရေးတပ်တွေက ပြန်သိမ်းနိုင်ခဲ့ပါတယ်)


ကျနော် ရောက်ဖူးခဲ့တဲ့ ဗဟိုဖက်က စခန်းတွေအားလုံးနီးပါးဟာ မင်းသမီးစခန်းလောက် ဆယ်နှစ်-ဆယ်မိုး နေရာမရွှေ့ပဲ တနေရာတည်းမှာနေတဲ့ ကျောင်းသားစခန်း မရှိခဲ့ဖူးပါ။


ဘုရားသုံးဆူနဲ့ သေဘောဘိုးအပါဝင် နာမည်ကြီး ကျောင်းသားစခန်းတွေဟာ ၁၉၉၀ ဝန်းကျင်ကတည်းက နဝတရဲ့ ထိုးစစ်ကြောင့် နေရာရွေ့ပြောင်းခဲ့ကြရပါတယ်။


တခါ ဒေါင်းခွင်ဌာနချုပ်၊ သေလောထာဌာနချုပ်အပါဝင် သောင်ရင်းနဲ့ သံလွင်မြစ် တကျောက ကျောင်းသားစခန်းတွေဟာလည်း ၁၉၉၄ နှောင်းပိုင်း KNU ဌာနချုပ် မာနယ်ပုလောစခန်း ကျပြီးနောက် တပြုံလုံး နေရာပြောင်းခဲ့ကြရပါတယ်။


သူများစခန်းတွေ အဲဒီလိုပြောင်းနေချိန်မှာ ကျနောတို့ မင်းသမီးစခန်းက အိန္ဒြေမပျက်၊ အမှုမဲ့အမှတ်မဲ့၊ ကိုယ်နဲ့မဆိုင်သလို နေလို့ထိုင်လို့ကောင်းတုန်း။


တောထဲမှာတုန်းက ကျနော်မေးမြန်းခွင့်ရခဲ့တဲ့ KNU ခေါင်းဆောင်ပိုင်းရဲ့ အပြောတိုင်းဆိုရင် ၁၉၇၀-ဝန်းကျင် မင်းသမီးဒေသမှာ သူတို့စခန်းဆောက်ကတည်းက မြန်မာအစိုးရ အဆက်ဆက် တပ်တွေ တခါမှ ထိုးစစ်မဆင်ဖူးဘူးလို့ သိရပါတယ်။


၁၉၈၀-ဝန်းကျင်က လေယဉ်နဲ့တခါ ဗုံးလာကြဲခဲ့ဖူးပေမယ့် ကြက်-ဘဲ တဒါဇင်လောက် သေတာကလွဲပြီး ဘာမှထိခိုက်ပျက်စီးမှု မရှိခဲ့ဖူးဘူးလို့ဆိုပါတယ်။ 


ဗဟိုဘက်က စခန်းတွေလို ရန်သူထိုးစစ် ခဏခဏ ခံရဖူးတဲ့ အတွေ့အကြုံ မရှိတာကြောင့်လည်း အခုလို ခဏတာ ခွာစစ်ဟာ နှစ် ၃၀ လောက်ကြာသွားလားလို့လည်း ကျနော် စဉ်းစားနေမိပါတယ်။

---

Wednesday, May 6, 2026

ဘီးလင်း ဝင်းတာပန်စခန်းကို KNLA ထိုးစစ်ဆင်... အာဆီယံ အစည်းဝေး မင်းအောင်လှိုင်တက်ခွင့်မရ...

 https://youtu.be/lsdg6bKQSSc?si=dyVoV35GLSa82MdM

ဘီးလင်း ဝင်းတာပန်စခန်းကို KNLA ထိုးစစ်ဆင်... အာဆီယံ အစည်းဝေး မင်းအောင်လှိုင်တက်ခွင့်မရ... နောက်ဆုံးရ တိုက်ပွဲသတင်းများ... (၇ မေ ၂၀၂၆)


- စစ်ကိုင်းတိုင်းက အင်းတော်နဲ့ မော်လူးမြို့တွေကို သိမ်းပိုက်လိုက်တဲ့ စစ်ကောင်စီ စစ်ကြောင်းတွေဟာ ကချင်ပြည်နယ်အစပ်က နန့်စီးအောင်မြို့အထိ ဝင်ရောက်လာ... - ဘီးလင်းမြို့နယ်ရှိ စစ်ကောင်စီရဲ့ ဝင်းတာပန်စခန်းကို KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ပေါင်းစုက ထိုးစစ်ဆင်နေပြီး စစ်တပ်ဖက်က လေကြောင်းပစ်ကူနဲ့ အပြင်းအထန်ခုခံနေ... - ဖိလစ်ပိုင်နိုင်ငံ ဆီးဖူးမှာ ဒီနေ့ကျင်းပမယ့် ၄၈ ကြိမ်မြောက် အာဆီယံထိပ်သီးခေါင်းဆောင်များ အစည်းအဝေးကို အာဏာသိမ်းသမ္မတ မင်းအောင်လှိုင်အား တက်ခွင့်မပေးပဲ အရင်မူ ၅ ချက်အတိုင်း ဆက်ရပ်မယ်လို့ အာဆီယံက ကြေညာ... ... စတဲ့ သတင်းတွေအပါဝင် နောက်ဆုံးရ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

Tuesday, May 5, 2026

“ရက် ၁၀၀ စီမံကိန်းရဲ့ ရေမှုတ်တဖက်၊ မီးစတဖက် မူဝါဒကို အထူးသတိထားဖို့ လိုပါတယ်”

 https://youtu.be/LX6_4VZu0LI?si=w0sRs5RrzZ9j9kmC

“ရက် ၁၀၀ စီမံကိန်းရဲ့ ရေမှုတ်တဖက်၊ မီးစတဖက် မူဝါဒကို အထူးသတိထားဖို့ လိုပါတယ်” - ဆလိုင်းယောအောင် (စစ်ရေး - နိုင်ငံရေး လေ့လာသုံးသပ်သူ)

(၆ မေ ၂၀၂၆) “မင်းအောင်လှိုင်ရဲ့ ရေမှုတ်တဖက်၊ မီးစတဖက် ရက် ၁၀၀ စီမံကိန်းကို တော်လှန်ရေးတပ်တွေဖက်က အထူးသတိထားဖို့လိုပါတယ်။ အတွင်းစည်း ညီညွတ်ရေး၊ မဟာမိတ်တွေနဲ့ ညီညွတ်ရေး အရေးကြီးတဲ့ကာလဖြစ်တယ်” လို့ စစ်ရေး - နိုင်ငံရေး လေ့လာသုံးသပ်သူ ဆလိုင်းယောအောင်က ပြောပါတယ်။ အညာဒေသရှိ NUG ထိန်းချုပ်ဒေသက မြို့တွေ တမြို့ပြီးတမြို့ စစ်တပ်လက်ထဲ ပြန်ပါသွားနေတာ ဘာတွေအားနည်းနေလို့လဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။ အခု ထုတ်လွှင့်မယ့်မေးမြန်းချက်ထဲမှာ... - အညာဒေသရှိ NUG ထိန်းချုပ်ဒေသက မြို့တွေ တမြို့ပြီးတမြို့ စစ်တပ်လက်ထဲ ပြန်ပါသွားနေတာ ဘာကြောင့်လဲ... - ရက် ၁၀၀ အတွင်း ငြိမ်းချမ်းရေးလုပ်မယ်လို့ ဖိတ်ခေါ်ပြီးမှ စစ်တပ်က ထိုးစစ်အရှိန်မြှင့်လာတာ ဘာသဘောလဲ... - NUG ဝန်ကြီးအဖွဲ့ ရှေ့တန်းဒေသဆီ သွားရောက်အားပေးတာ တော်လှန်ရေးကို ဘယ်လို ခွန်အားဖြစ်စေသလဲ... ... စတဲ့အကြောင်းအရာတွေအပါဝင် ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း စစ်ရေးအရ တိုးတက်ဖြစ်ထွန်းမှုတွေအကြောင်း ဆွေးနွေးတင်ပြထားပါတယ်။

Monday, May 4, 2026

ဖားကန့်မှာ တိုက်ပွဲပြင်းထန်... NUG ဝန်ကြီးချုပ် ပဲခူးတိုင်းစစ်ဌာနသို့ ကွင်းဆင်း စစ်ဆေး

 https://youtu.be/YZGLVPKBXZ4?si=Wsyj-_ti3RaI8P86

ဖားကန့်မှာ တိုက်ပွဲပြင်းထန်... NUG ဝန်ကြီးချုပ် ပဲခူးတိုင်းစစ်ဌာနသို့ ကွင်းဆင်း စစ်ဆေး ... နောက်ဆုံးရ တိုက်ပွဲသတင်းများ... (၅ မေ ၂၀၂၆)


- ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာရှိ စစ်ကောင်စီတပ်ကို KIA ကချင်လွတ်လပ်ရေးတပ်မတော်ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက ဝင်တိုက်ရာမှာ တနေကုန် တိုက်ပွဲပြင်းထန်ပြီး စစ်တပ်ဖက်က ထိခိုက် သေဆုံးမှုရှိနိုင်... - တီးတိန် နဲ့ သိုင်းငင်းကြားမှာ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်တက်ဖက်က ထိခိုက်မှုများနိုင်... - NUG ဝန်ကြီးချုပ်နှင့်အဖွဲ့ အမှတ် (၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာနဆီ သွားရောက်စစ်ဆေး... ... စတဲ့ သတင်းတွေအပါဝင် နောက်ဆုံးရ တိုက်ပွဲသတင်းတွေကို စုစည်းတင်ပြထားပါတယ်။

Sunday, May 3, 2026

“ဒေါ်စုကို ဓားစာခံ ဒီပလိုမေစီအဖြစ် စစ်တပ်က ဆက်သုံးနေတာဖြစ်တယ်”

 https://youtu.be/QJO6ZNiRGHg?si=mioIFqd84Bc8rCF2

“ဒေါ်စုကို ဓားစာခံ ဒီပလိုမေစီအဖြစ် စစ်တပ်က ဆက်သုံးနေတာဖြစ်တယ်”


- ဦးတိုးဇော်လတ် (Independent Press Council Myanmar) (၄ မေ ၂၀၂၆) “၁၉၈၈ ကနေ အခုချိန်အထိ စစ်တပ်ဟာ ဒေါ်အောင်ဆန်းစုကြည်ကိုဖမ်းဆီးပြီး ဓားစာခံ ဒီပလိုမေစီအဖြစ် အသုံးချနေတာဖြစ်တယ်၊ ဒါဟာ စစ်တပ်ရဲ့ စိတ်ဓာတ်စစ်ဆင်ရေးနည်း တခုဖြစ်တယ်” လို့ လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ (IPCM) အတွင်းရေးမှူး ဦးတိုးဇော်လတ်က ပြောပါတယ်။ မနေ့ကကျရောက်တဲ့ နိုင်ငံတကာသတင်းလွတ်လပ်ခွင့်နေ့မှာ မြန်မာ့သတင်းလောက အခြေအနေ ဘယ်လိုရှိသလဲ၊ မီဒီယာတွေအပေါ် အသွင်ပြောင်းအစိုးရက ဘယ်လို သဘောထားသလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။ အခု ထုတ်လွှင့်မယ့်မေးမြန်းချက်ထဲမှာ... - မြန်မာ့သတင်းလွတ်လပ်ခွင့်အခြေအနေ အဆိုးဆုံး နိုင်ငံ ၂၀ ထဲ ဆက်ပါနေတာ ဘာကြောင့်လဲ... - ဒေါ်အောင်ဆန်းစုကြည်ကိစ္စအပေါ် စစ်တပ်ရဲ့ သတင်းထုတ်ပြန်မှုက အရင်ခေတ်ကအတိုင်း -ဓားစာခံ ဒီပလိုမေစီကို ဆက်သုံးနေဆဲလား... - ပင်ပရေစီးကြောင်း သတင်းလွတ်လပ်ခွင့်ပိတ်ပင်ခံနေရချိန်မှာ ဆိုရှယ်မီဒီယာ ရေစီးကြောင်းကော ဘယ်လိုဖြစ်နေသလဲ... - ဘောင်းဘီချွတ်အစိုးရချင်းအတူတူ မင်းအောင်လှိုင်အစိုးရနဲ့ သိန်းစိန်အစိုးရ ဘာကြောင့် ဒီလောက်ကွာနေတာလဲ... ... စတဲ့ အကြောင်းတွေအပါဝင် မြန်မာ့သတင်းလောကရဲ့ နောက်ဆုံးအခြေအနေတွေကို ဆွေးနွေးတင်ပြထားပါတယ်။

Saturday, May 2, 2026

တခါက ရန်ကုန်မှာကြုံခဲ့ဖူတဲ့ နိုင်ငံတကာသတင်းလွတ်လပ်ခွင့်နေ့

 တခါက ရန်ကုန်မှာကြုံခဲ့ဖူတဲ့ နိုင်ငံတကာသတင်းလွတ်လပ်ခွင့်နေ့


(၃ မေ ၂၀၂၆)

ဒီနေ့ မေ ၃ ရက်ဟာ နိုင်ငံတကာ သတင်းလွတ်လပ်ခွင့်နေ့ပါ။ UNESCO က ဦးဆောင်ပြီး ကမ္ဘာတလွှားမှာ အခမ်းနားတွေ ကျင်းပကြပါလိမ့်မယ်၊ ဒါ့အပြင် နိုင်ငံအသီးသီးရှိ သတင်းအဖွဲ့တွေကလည်း ဟောပြောပွဲတွေ၊ အသိပညာပေးပွဲတွေ လုပ်ကြမှာပါ။


ပြီးခဲ့တဲ့ ရက်ပိုင်းကထုတ်ပြန်တဲ့ နယ်စည်းမခြားသတင်းထောက်များအဖွဲ့ (RSF) ရဲ့ ၂၀၂၆ ခုနှစ် ကမ္ဘာ့သတင်းလွတ်လပ်ခွင့်အညွှန်းကိန်း (World Press Freedom Index) အရ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်အခြေနေဟာ ၂၅ နှစ်အတွင်း အနိမ့်ဆုံးအဆင့်ကို ကျဆင်းသွားတယ်လို့ သိရပါတယ်။


ကမ္ဘာအခြေနေတောင် အတော်ဆိုးနေတယ်ဆိုတော့ မြန်မာ့အခြေအနေကတော့ ပိုဆိုးမှာပေါ့။ နိင်ငံပေါင်း ၁၇၉ ခုမှာ မြန်မာက နံပါတ် ၁၆၆ ချိတ်တယ်။ ဒါတောင် မနှစ်က ၁၆၉ ကနေ ၃ ဆင့်ပြန်တက်လာတယ်လို့ ဆိုပါတယ်။


၂၀၂၁ စစ်တပ် အာဏာမသိမ်းခင် သတင်းလွတ်လပ်ခွင့်က ဘယ်လိုအခြေအနေရှိသလဲ... RSF မှတ်တမ်းတွေကို ပြန်ဖတ်ကြည့်တဲ့အခါ NLD အစိုးရခေတ် ၂၀၁၆-၁၇ မှာ ၁၃၁ နဲ့ အဆင့်အမြင့်ဆုံးအထိ တက်ခဲ့ဖူးတာကို တွေ့ရပါတယ်။


ဒါက ဒီနေ့ သတင်းလွတ်လပ်ခွင့်အခြေအနေ...

---


စာရေးသူပြောချင်တဲ့အကြောင်းက ၂၀၁၃ ခုနှစ်၊ ဦးသိန်းစိန်အစိုးရခေတ် (ဦးသိန်းစိန်အစိုးရနဲ့ မင်းအောင်လှိုင်အစိုးရ နှိုင်းယှဉ်ဖို့မလွယ်သေး) မှာ ကြုံခဲ့ဖူးတဲ့ တိုးတက်မှုတွေအကြောင်းပါ။


RSF မှတ်တမ်းတွေအရ ၂၀၁၃ မြန်မာ့သတင်းလွတ်လပ်ခွင့်အခြေနေဟာ ၁၅၁ အဆင့်သာရှိပေမယ့် နဝတ-နအဖ ခေတ်ထက် အများကြီးတိုးတက်လာတယ်၊ စာပေစီစစ်ရေးတွေဖျက်၊ နိုင်ငံတကာသတင်းထောက်တွေကို ပြည်ဝင်ခွင့်ပေး၊ ပြည်ပမီဒီယာတွေကိုပါ ပြန်လည်အခြေချခွင့်ပေးနေချိန်ပေါ့။


အဲဒီလို (ဒီမိုကရေစီ) အသွင်ကူးပြောင်းမှုလုပ်နေစဉ်မှာ စာရေးသူလည်း ၂၅ နှစ်တာအတွင်း ပထမ ဆုံးအကြိမ် ပြည်တော်ပြန်ဖို့ ဗီဇာရ၊ “သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး” စာအုပ်ထုတ်ခွင့်ရ...



ရန်ကုန်ရောက်တာက မေလ ၁ ရက်၊ သတင်းလွတ်လပ်ခွင့်နေ့က မေ ၃၊ စာအုပ် ထုတ်ဝေပွဲက မေ ၅ ဆိုတော့... ၅ ရက်လောက်အတွင်း ရန်ကုန်သတင်းလောက တိုးတက် ပြောင်းလဲနေပုံတွေကို လေ့လာခွင့်ရလိုက်ပါတယ်။


၃ ရက်နေ့ မွန်းတည့် ၁၂ နာရီလောက်မှာ သတင်းစာဆရာကြီး ဦးဝင်းတင်ရဲ့ နေအိမ်ဆီ ကျနော်ရောက်သွားပါတယ်။ DVB မှာတုန်းက တယ်လီဖုန်းနဲ့ မကြာခန အင်တာဗျုး လုပ်ခဲ့ဖူးပေမယ့် အခုမှ ပထမ ဆုံးအကြိမ် လူချင်းတွေ့ခွင့်ရတာပါ။


UNESCO က ဦးစီးကျင်းပတဲ့ သတင်းလွတ်လပ်ခွင့်နေ့ အခမ်းနားကနေ အခုလေးတင် ပြန်ရောက်တာတဲ့... ဆရာကပြောပါတယ်။ “ညနေလည်း တပွဲရှိသေးတယ်- အမျိုးသားဇတ်ရုံမှာ၊ ခင်ဗျားတို့ လာမှာမို့လား”...တဲ့ ဆရာကမေးပါတယ်။


“ညနေပွဲလည်း ဆရာက အဲဒီ အကျီနဲ့ပဲ တက်မှာလား”၊ ထောင်အကျီကို အပြင်ယူသွားလို့ တရားစွဲမယ်ဆိုပြီး ပြောသံကြားနေရတယ်...လို့ ကျနော်က နောက်တော့ ဆရာက အဲဒီ အပြာရောင် ထောင်အကျီအကြောင်း ဇတ်လမ်းအရှည်ကြီးကို ပြောပြပါတယ်။


ညနေပွဲမှာတော့ ပြောထားတဲ့အတိုင်းပဲ အဲဒီအကျီနဲ့ပဲ ဆရာပွဲလာတက်ပါတယ်။ ၂၅ နှစ်တာလုံးလုံး နယ်စပ်ပွဲတွေ၊ ပြည်ပပွဲတွေကိုသာ တက်ခဲ့ဖူးတဲ့ ကျနော်ဟာလည်း ရန်ကုန်က အဲဒီပွဲကို အတော်အားကျမိပေါ့။


လူလည်းအတော်စုံတယ်ပြောရမယ်၊ VOA, RFA, BBC, DVB ရေဒီယိုသတင်းဌာန ဌာနမှုးတွေ၊ ဧရာဝတီ၊ မဇျိမ အပါဝင် သတင်းဌာန အတော်များများက အယ်ဒီတာတွေ၊ သတင်းသမားတွေကို ဒါဇင်နဲ့ချီတွေ့ရပါတယ်။


ပြည်တွင်းသတင်းဌာနတွေဖြစ်တဲ့ The Voice တို့၊ ဆဲဗင်းဒေးတို့ ကျနော် မသိသေးတဲ့ သတင်းဌာနတွကလည်း အများကြီး...


၂၀၁၃ အတွက် အကောင်းဆုံးသတင်းဆု၊ ဆောင်းပါးဆု၊ ရုပ်သံ ဆု စသဖြင့် ဆုပေးပွဲကို နာမည်ကြီး အဆိုတော်တွေရဲ့ ဖျော်ဖြေမှုနဲ့အတူ ကျင်းပတာဆိုတော့ အခမ်းနားက အတော်ကြီးကျယ်ပါတယ်။


ပြည်ပကနေ ပြန်ဝင်လာတဲ့ သတင်းသမားတွေ၊ ရဲဘော်ဟောင်းတွေကိုလည်း အဲဒီပွဲမှာ အတော်ပြန်တွေ့လိုက်ရပါတယ်။ အခြေအနေက တကယ့်ကို အပြောင်းအလဲတခုဆီ ဦးတည်နေပြီ၊ အားလုံးရဲ့ မျက်နှာတွေမှာ အနာဂတ်မျှော်လင့်ချက်တွေနဲ့...


အဲဒီ ၂၀၁၃ ကစပြီး ၂၀၁၉ အကုန်၊ ၂၀၂၀ အစောပိုင်း ကိုဗစ် မဖြစ်ခင်လေးအထိ အခြေအနေဟာ မြန်မာ့မီဒီယာ ရွှေခေတ် လို့ပြောရမယ်ထင်ပါတယ်။ 


ဒါပေမယ့် ၂၀၂၁ စစ်တပ်က အာဏာပြန်သိမ်းတဲ့အချိန်မှာတော့ အရာရာဟာ သုညအောက်ကိုဆင်းပြီး အနုတ်လက္ခဏ ပြန်ပြသွား၊ ခုနက သတင်းလွတ်လပ်ခွင့် အခမ်းနားမှာတွေ့ခဲ့ရတဲ့ သတင်းသမားတွေ၊ ရဲဘော်ဟောင်းတွေအားလုံးလည်း ပြည်ပကို တခါ ပြန်ထွက်ပြေးရန်ပြန်ပေါ့...


အခုတော့ ပြေးရင်း လွှားရင်း ၅ နှစ်ကြာသွားပြီ...


ဒီလိုပြေးရင်းနဲ့ပဲ တခါက ကြုံခဲ့ရဖူးတဲ့ မြန်မာသတင်းလွတ်လပ်ခွင့်နေ့ အခမ်းနားကို ဒီနေ့မှာ ပြန်လည်အမှတ်ရနေမိပါတယ်။

Share

Twitter Delicious Facebook Digg Stumbleupon Favorites More