Saturday, December 15, 2012

သူပုန္ေက်ာင္းသားတဦးရဲ႕ မာရသြန္ခရီး ၁၄




ေကာ့မူးရာ (သုိ႔) ABSDF ပထမအႀကိမ္ညီလာခံက်င္းပရာ

ေကာ့မူးရာ ေခၚ ၀မ္ခစခန္းဟာ မဲေဆာက္ၿမိဳ႕ကေန  မိနစ္ ၃၀ ေလာက္ပဲ ကားေမာင္းရၿပီး ထုိင္းဘက္ကမ္း ၀မ္ခရြာအထိ လုိင္းကားေတြတနာရီတစီးႏႈန္း ေျပးေနတ့ဲ့ေနရာျဖစ္ပါတယ္။ ဒါ့အျပင္ ကြ်န္းသစ္ေတြနဲ႔ အခုိင္မာေဆာက္ထားတဲ့ တံတားႀကီး ၂ ခုက ၀မ္ခနဲ႔ ေကာ့မူးရာ စခန္းၾကားရွိ ေသာင္ရင္းျမစ္ကုိ ျဖတ္ကူးေဖာက္ထားတဲ့အတြက္ မဲေဆာက္ကလာတဲ့ အေရးႀကီးကားေတြဟာ နာရီ၀က္အတြင္း ေကာ့မူးရာစခန္းထဲအထိ
ေရာက္ႏိုင္တဲ့အေနထားျဖစ္ပါတယ္။

စစ္သင္တန္းဆင္းပဲြအျပီးမွာေတြရတဲ့ ေကာ့မူးရာစခန္းမွ ABSDF ရဲေဘာ္မ်ား

ဒီလုိ ဆက္သြယ္ေရးလြယ္ကူၿပီး KNU အထူးတပ္ရင္း ၁၀၁ အေျခစိုက္တဲ့စခန္း ျဖစ္တာေၾကာင့္ ABSDF ပထမ အႀကိမ္ညီလာခံ က်င္းပတဲ့ေနရာ ျဖစ္လာတာလို႔ က်ေနာ္ထင္ပါတယ္။

ပထမအႀကိမ္ ညီလာခံကုိ ႏို၀င္ဘာ ၁ ရက္ေန႔ကေန ၅ ရက္ေန႔အထိ ေကာ့မူးရာမွာ က်င္းပတာျဖစ္ေပမယ့္ ABSDF ဆုိတဲ့အမည္ကုိေတာ့ ေအာက္တုိဘာလေနွာင္းပုိင္းက သီေဘာဘုိးစခန္းမွာ က်င္းပတဲ့ ကရင္နယ္ေျမေရာက္ ေက်ာင္းသားစခန္း ၅ ခုမွ ကိုယ္စားလွယ္ေတြနဲ႔ ဗကသကုိယ္စားလွယ္ေတြပါတဲ့ အစည္းေ၀းကေန စတင္ေရြးခ်ယ္ခဲ့တာလို႔ အဲဒီ အစည္းေ၀းကိုတက္ခဲ့တဲ့ ေက်ာင္းသားေတြကေျပာပါတယ္။
ဒါေပမယ့္ ABSDF (All Burma Student’s Democratic Front) သို႔မဟုတ္ မကဒတ (ျမန္မာႏိုင္ငံလုံးဆုိင္ရာ ေက်ာင္းသားမ်ား ဒီမုိကရက္တစ္တပ္ဦး) အမည္နဲ႔ ဗဟုိေကာ္မီတီ တရား၀င္ ျဖစ္လာတာကေတာ့ ေကာ့မူးရာစခန္းမွာ က်င္းပတဲ့ ပထမအႀကိမ္ ညီလာခံၿပီးမွ ျဖစ္ပါတယ္။

မူလဖြဲ႔စည္းစဥ္က ABSDF တပ္ဦးအမည္သာပါၿပီး ေက်ာင္းသားတပ္မေတာ္ဆုိတဲ့ အမည္ကေတာ့ သံလြင္စခန္း အေရးေပၚညီလာခံ မတုိင္ခင္ေလးမွာမွ ေပၚလာတယ္လို႔ သိရပါတယ္။ အနီေရာင္ ေနာက္ခံမွာ အျဖဴေရာင္နဲ႔ေရးထားတဲ့ “ေက်ာင္းသားတပ္မေတာ္္” အမည္စာတန္းကုိ ယူနီေဖာင္း အက်ႌရဲ႕ လက္၀ဲဘက္ အိတ္ေပၚမွာ တပ္ဆင္ပါတယ္။ ABSDF စာတန္းနဲ႔ ျမန္မာျပည္ေျမပုံပါတဲ့ လက္ေမာင္းတံဆိပ္ကုိ လက္၀ဲပခုံးမွာ တပ္ဆင္ထားၿပီး တပ္ရင္းနံပါတ္နဲ႔ ဓား၊ လွံပုံပါတဲ့ တံဆိပ္ကုိေတာ့ လက္ယာပခုံးမွာ တပ္္ဆင္ထားတာေတြ႔ရမွာ ျဖစ္ပါတယ္။

ဓားနဲ႔လွံရဲ႕ အဓိပၸာယ္ကေတာ့ လက္နက္ကုိင္ အႏိုင္က်င့္ေနတဲ့ စစ္အစိုးရကုိ လက္နက္ကုိင္ၿပီး ဓား ဓားခ်င္း လွံ လွံခ်င္း ျပန္ေတာ္လွန္မွရမယ္။ ၁၉၆၂ ဇူလုိင္ ၇ ရက္မွာ ေက်ာင္းသားသမဂၢကို ဗုံးခဲြဖ်က္ဆီးစဥ္က ဗုိလ္ခ်ဳပ္ႀကီးေန၀င္းကေန ေက်ာင္းသားေတြကုိ ဓား ဓားခ်င္း လွံ လွံခ်င္းေခ်မႈန္းမွ ရမယ္ဆုိၿပီး စိမ္ေခၚခဲ့ဖူးတဲ့အတြက္ ဒီတံဆိပ္ကုိ သုံးတာလို႔ သိရပါတယ္။




ပထမအႀကိမ္ ညီလာခံက်င္းပတဲ့ ဒီလုိ အေရးႀကီးတဲ့ေနရာကို က်ေနာ္ ေရာက္ဖူးခ်င္ေနတာၾကာၿပီ ျဖစ္ေပမယ့္ တကယ္တမ္း ေရာက္ဖူးတာကေတာ့ ၁၉၈၉ ဇန္န၀ါရီလ ေႏွာင္းပုိင္းမွလို႔ အမွတ္ရေနပါတယ္။
ေရွ႕မွာတင္ျပခဲ့တဲ့အတုိင္း ကလက္ေဒးစခန္းကေန မဲေဆာက္ဘက္ဆီ က်ေနာ္တုိ႔ ႐ံုးေရႊ႕ဖုိ႔ ဆုံးျဖတ္္ၿပီးတဲ့ေနာက္ ေကာ့မူးရာစခန္းက ေက်ာင္းသား စစ္သင္တန္းဆင္းပဲြတခုဆီ ဗိုလ္မႉးစုိးစုိးတုိ႔အဖြဲ႔နဲ႔ အတူသြားျဖစ္တာလို႔ ထင္ပါတယ္။

ေကာ့မူးရာစခန္း ေဘာလုံးကြင္းထဲ က်ေနာ္ေရာက္သြားခ်ိန္မွာ စစ္သင္တန္းဆင္းပဲြ အခမ္းအနား က်င္းပေနပါၿပီ။ ႏိုင္ငံတကာက သတင္းေထာက္ေတြ၊ ကင္မရာသမားေတြကို အေတာ္မ်ားမ်ား ေတြ႔ရၿပီး သင္တန္းဆရာေတြထဲမွာလည္း KNU အျပင္ အေနာက္တုိင္း လူျဖဴကြန္မန္ဒုိ တဦး နွစ္ဦးကိုပါ ေတြ႔ခဲ့ရပါတယ္။ ကားႀကံဳနဲ႔လုိက္သြားတဲ့အတြက္ အခ်ိန္သိပ္မရလုိက္။ စခန္းတာ၀န္ ရွိသူေတြနဲ႔ ခဏစကားေျပာၿပီး ျပန္လာခဲ့ရပါတယ္။

ေကာ့မူးရာဆီ ဒုတိယအေခါက္ က်ေနာ္ေရာက္ေတာ့ ေဖေဖာ္၀ါရီေႏွာင္းပုိင္း အေရးေပၚညီလာခံ အၿပီးမွာလို႔ ထင္ပါတယ္။ ၁၅ ဘတ္တန္ လုိင္းကားအနီကုိ မဲေဆာက္ကေန ၀မ္ခအထိ စီးသြားၿပီး ၀မ္ခ ေစ်းတန္းေနာက္ေက်ာဘက္ကေန
ေကာ့မူးရာစခန္းဆီ သြယ္တန္းထားတဲ့ သစ္တုိသစ္စ လက္လုပ္တံတားေပၚကေန ေသာင္ရင္းျမစ္ကုိ ျဖတ္သြားရပါတယ္။ KNU စစ္ေဆးေရးဂိတ္မွာ ထူးထူးျခားျခား က်ေနာ္ေတြ႔မိတဲ့ ဆုိင္းဘုတ္ႀကီးတခုကေတာ့ မူးယစ္ေဆး၀ါးေတြ႔ရင္
ျပင္းထန္စြာအေရးယူမယ္လို႔ အနီေရာင္ေနာက္ခံ သြပ္ျပားဆုိင္းဘုတ္မွာ အျဖဴေရာင္စာလုံးႀကီးႀကီးနဲ႔ သတိေပးထားတာပါ။

KNU စစ္ေဆးေရး ဂိတ္ကေန က်ေနာ္တုိ႔ ABSDF နယ္ေျမ႐ံုးရွိတဲ့ ဘုန္းႀကီးေက်ာင္းေဘးက ေနအိမ္ဆီအသြား လမ္းတေလွ်ာက္မွာ လက္ဖက္ရည္ဆုိင္၊ အခ်ဳိရည္ဆုိင္၊ ဗီဒီယုိ႐ံုနဲ႔ လူေနတဲအိမ္တခ်ိဳ႕ကုိ ေတြ႔ရ ပါတယ္။ က်ေနာ္တုိ႔႐ံုးအျဖစ္ သတ္မွတ္ထားတဲ့ အိမ္ကေတာ့ ကြ်န္းသစ္အၾကမ္းထည္နဲ႔ ေဆာက္ထားတဲ့ ႏွစ္ထပ္ အိမ္ေလးျဖစ္ၿပီး က်ေနာ္တုိ႔ မေနခင္ ဘယ္သူေတြေနသြားလဲ ဆုိတာကိုေတာ့ မမွတ္မိေတာ့။
 ေကာမူးရာစခန္းက နယ္ေျမေကာ္မီတီရံုး

က်ေနာ္တုိ႔႐ံုးေရွ႕မွာ ခန္႔ညားထည္၀ါလွတဲ့ ေကာ့မူးရာ ဘုန္းႀကီးေက်ာင္းႀကီးကိုျမင္ေတာ့ KNU မွာလည္း ဗုဒၶဘာသာကုိ ကုိးကြယ္သူရွိသားပဲ၊ ငါတုိ႔ မင္းသမီးေဒသမွာ ဘာေၾကာင့္မ်ား ဘုန္းႀကီးေက်ာင္း မရွိတာပါလိ့မ္လို႔ စဥ္းစားမိပါတယ္။ အဲဒီဘုန္းႀကီးေက်ာင္းရဲ႕ အစြန္မွာေတာ့ ေနာက္ထပ္အေဆာင္တခုကုိ ေတြ႔ရၿပီး အဲဒီမွာ အသစ္ေရာက္လာတဲ့ ရဟန္းပ်ဳိအဖြဲ႔က သံဃာေတာ္ ၂ ပါးနဲ႔ ေက်ာင္းသားတခ်ဳိ႕ကို ေတြ႔ရပါတယ္။ က်ေနာ္တို႔႐ံုးအတြက္ လုိအပ္တဲ့ေရကို ေသာင္ရင္းျမစ္အတြင္း သြားခပ္ရၿပီး ၁၀ မိနစ္ေလာက္ လမ္းေလွ်ာက္ရပါတယ္။

အဲဒီလမ္းမွာ က်ေနာ္တုိ႔နဲ႔ အဓိက ဆက္စပ္ေဆာင္ရြက္ရတဲ့ KNU ၁၀၁ မွ ဗိုလ္လွေ၀ရဲ႕ အိမ္ကို ေတြ႔ရပါတယ္။ အဲဒီအိမ္နဲ႔ သိပ္မေ၀းတဲ့ ဘားတုိက္တခုမွာေတာ့ ၂၁၁ တပ္ရင္းမွ တပ္ဖြဲ႔၀င္တခ်ဳိ႕ကို ေတြ႔ရပါတယ္။ ဒီဘားတုိက္ဟာ ေက်ာင္းသားအင္အား ၁၃၀ ခန္႔ထဲက ဘားအံဘက္ကလာတဲ့ ေက်ာင္းသား ၆၀ ခန္႔အတြက္ျဖစ္ၿပီး အဲဒီထဲမွာ ဦးယုႏြယ္၊ ဦးရီထြန္း၊ ဦးစိုးထြတ္ (အခုအထိ ABSDF ဗဟုိမွာ တာ၀န္ထမ္းဆဲ) နဲ႔ ေဒါက္တာ ျမင့္ခ်ဳိ (ေနာက္ပုိင္း ဗဟုိအတြင္းေရးမႉး ၁၊ အခု ၾသစေၾတးလ် အေျခစိုက္ ျမန္မာ့အေရးလႈပ္ရွားသူ) တုိ႔ကုိ က်ေနာ္မွတ္မိေနပါတယ္။

ေနာက္ပုိင္း ျပန္သိရတာကေတာ့ ဒီအဖြဲ႔ေတြဟာ အယင္က ကလက္ေဒးစခန္းကျဖစ္ၿပီး KNU အထူးတပ္ရင္း ၁၀၁ မွာ မြမ္းမံ စစ္သင္တန္းတက္ဖုိ႔လာရင္းနဲ႔ ေကာ့မူးရာအေျခစိုက္ တပ္ရင္းျဖစ္သြားတာလို႔ ဒီေဆာင္းပါးေရးဖုိ႔ ေမးျမန္းစဥ္ ေဒါက္တာျမင့္ခ်ိဳက က်ေနာ့္ကုိ ျပန္ေျပာျပခဲ့ပါတယ္။ တျခား ဘားတုိက္ ၂ ခုမွာ ေရာက္ေနသူေတြကေတာ့ သီေဘာဘုိး စခန္းကေန စစ္သင္တန္းတက္ဖုိ႔ ေရာက္လာသူေတြျဖစ္ၿပီး ရန္ကုန္၊ မြန္ျပည္နယ္နဲ႔ တျခား နယ္ေပါင္းစုံက ပါ၀င္တယ္လို႔ သိရပါတယ္။


က်ဳိးဖုိး၊ က်ည္ခြံနဲ႔ ကြ်န္းသစ္

အဲဒီ ဘားတုိက္နံပါတ္နဲ႔ ပတ္သက္ၿပီး အခုအထိ က်ေနာ္မ်က္စိထဲ ျမင္ေနတဲ့ ထူးျခားခ်က္တခုကေတာ့ ေက်ာင္းသား ၁၀၀ ေက်ာ္အတြက္ ထမင္းခ်က္တဲ့မုိးၿပဲဒယ္အိုးကုိ က်ေနာ္တုိ႔ ေမာင္ေတာ္စခန္းမွာလုိ အုတ္ေတြ၊ ေက်ာက္တုံးေတြေပၚ တည္ထားတာမဟုတ္ဘဲ လက္နက္ႀကီး က်ဥ္ဆံအခြန္ ၃ ခုနဲ႔ေထာက္ၿပီး တည္ထားတ့ဲ့ျမင္ကြင္းပါ။ ၅၇ မမ ေလာင္ခ်ာ က်ည္ဆံအခြံလို႔ ယူဆရၿပီး အျမင့္ တေပခြဲ၊ အခ်င္း ၃ လက္မေလာက္ရွိပါတယ္။ ေဘးပတ္လည္မွာ အေပါက္ ေသးေသးေလးေတြပါၿပီး အဲဒီက်ည္ခြံရဲ့ ထိပ္ဖူးဘက္ကို ေျမထဲစုိက္၊ ေမာင္းတံ႐ုိက္တဲ့ ဖင္ပုိင္းကုိ အေပၚေထာင္ကာ အဲဒီအေပၚ မုိးၿပဲဒယ္ ထမင္းအုိးႀကီး တည္ထားတဲ့ပုံကို အခုအထိ က်ေနာ္ ျမင္ေယာင္ေနဆဲျဖစ္ပါတယ္။

ေနာက္တခါ မီးထုိးထားတဲ့ ထင္းေတြကိုလဲ ၾကည့္ပါဦး။ အားလုံးကြ်န္းသစ္ေတြ။ သစ္စက္က ထြက္လာတဲ့ သစ္တုိသစ္စေတြနဲ႔ ကြ်န္းသစ္ အကို္င္းအခက္ေတြ။ ကြ်န္းပင္ဆုိတာ ေရႊထက္ရွားတဲ့ ပစၥည္းတခုလုိလုိ ေက်ာင္းစာအုပ္ထဲမွာသာ သင္ခဲ့၊ စာအုပ္ထဲမွာသာ ျမင္ခဲ့ဖူးတဲ့ က်ေနာ့္အဖုိ႔ေတာ့ ကြ်န္းသစ္ထင္းနဲ႔ ထမင္းခ်က္ေနတဲ့ျမင္ကြင္းဟာ တကယ့္ကို အထူးအဆန္းပါပဲ။
က်ေနာ္မွတ္မိသေလာက္ဆုိရင္ ၈၉ သႀကၤန္ကုိ ေကာ့မူးရာမွာႏႊဲလုိက္ရၿပီး အဲဒီအခ်ိန္အထိ ေကာ့မူးရာကေန ေရေက်ာ္စခန္းအထိ KNU ကားေတြသြားလာေနဆဲ။ က်ေနာ္ကုိယ္တုိင္လည္း KNU ကားႀကံဳနဲ႔တေခါက္ ေရေက်ာ္ကေန ေကာ့မူးရာကုိ ၀င္ဖူးပါတယ္။ ေရေက်ာ္စခန္းဟာ တပ္မဟာ ၇ ေအာက္မွာရွိၿပီး ဗုိလ္ေဂ်ာ္ျဖဴ၊ ဗုိလ္ေဂ်ာ္နီတုိ႔ အလြန္နာမည္ႀကီးတဲ့အခ်ိန္ ျဖစ္ပါတယ္။

ေကာ့မူးရာကေတာ့ KNU ဗဟုိရဲ့ အထူးတပ္ရင္း ၁၀၁ ေနရာျဖစ္ၿပီး တပ္ရင္းမႉးက ဗုိလ္မႉးႀကီး ေတာလွ၊ ဒု တပ္ရင္းမႉးက ဒု ဗိုလ္မႉးႀကီး သန္းေအာင္ျဖစ္ပါတယ္။ ဗုိလ္မႉး ေတာလွရဲ႕ေနအိမ္ဟာ ကြ်န္းပင္ေတြၾကားမွာ တည္ရွိၿပီး က်ေနာ္တုိ႔႐ံုးရွိရာ ေဘာလုံးကြင္းနားကေန မိနစ္ ၂၀ နာရီ၀က္နီးပါး လမ္းေလွ်ာက္သြားရပါတယ္။ KNU တပ္ရင္း႐ံုးနဲ႔ တျခား စစ္ဖက္ အေဆာက္ဦေတြကိုလည္း သူအိမ္၀န္းက်င္မွာ ေတြ႔ရပါတယ္။  ေနာက္တခါ ထူးထူးျခားျခား ဘရင္းကယ္ရီယာ အေဟာင္းတစီးကိုလည္း ဗုိလ္မႉး ေတာလွ အိမ္နဲ႔ မလွမ္းမကမ္းက ဂုိေဒါင္ထဲမွာ အေသခ်ာ သိမ္းထားတာကုိ ေတြ႔ခဲ့ရပါေသးတယ္။ ေကာမူးရာမွာ တပတ္၊ ၁၀ ရက္ေလာက္ ေနၿပီးေတာ့ တျခားတာ၀န္တခုအတြက္ က်ေနာ္ဟာ မဲေဆာက္႐ံုးဆီ ျပန္လာခဲ့ရပါတယ္။

တုိက္ပဲြတြင္းက ခရီးသည္

ေကာ့မူးရာစခန္းဆီ တတိယအေခါက္ က်ေနာ္ေရာက္ေတာ့ ေမလေႏွာင္းပုိင္းလို႔ ထင္ပါတယ္။ တုိက္ပဲြေတြ စျဖစ္ေနတဲ့အခ်ိန္။ ေကာ့မူးရာစစ္ေျမျပင္ရွိ ဥကၠ႒ ကုိေက်ာ္ေက်ာ္နဲ႔ က်ေနာ္တုိ႔ ႐ံုးအဖြဲ႔သားေတြအတြက္ ဘာလေခ်ာင္ေၾကာ္နဲ႔ တျခားစားစရာေတြကုိ သြားေပးဖို႔ မဲေဆာက္ၿမိဳ႕ကေန ၁၅ ဘတ္တန္ လုိင္းကားအနီးေလးကုိစီးၿပီး ထြက္လာပါတယ္။
မဲေဆာက္-မယ့္စရိယန္ လမ္းမႀကီးကေန မယ္ပ လမ္းခ်ဳိးကိုေက်ာ္၊ ေဟြးခလုတ္ဒုကၡသည္ စခန္း၀န္းက်င္ေရာက္ေတာ့ လုိင္းကားက ရပ္လုိက္ပါတယ္။ က်ေနာ္တုိ႔ မဲေဆာက္ဘက္ေရာက္တဲ့ ၁၉၈၈ ကတည္းက ေဟြးခလုတ္ဒုကၡသည္ စခန္းႀကီးရွိေနတာကို ေတြ႔ရၿပီး ဒုကၡသည္ ၅ ေထာင္ေလာက္ရွိမယ္လို႔ ထင္ပါတယ္။ အခင္းအက်င္းကေတာ့ အခု ႏိုဖုိးစခန္းနဲ႔ တူပါတယ္။

“ေရွ႕ဆက္သြားဖုိ႔ မလြယ္ဘူး။ ထုိင္းဘက္ကမ္းထဲအထိ လက္နက္ႀကီးေတြက်ေနတယ္” လို႔ ကားသမားက ထုိင္းတ၀က္ ဗမာတ၀က္နဲ႔ ေျပာပါတယ္။ ဟုတ္ပါတယ္။ က်ေနာ္နဲ႔ ခရီးသည္ေတြ ကို္ယ္တုိင္လည္း လက္နက္ႀကီးေပါက္ကြဲသံေတြကို ၾကားေနရပါတယ္။ သြားလို႔ရသေလာက္ ဆက္သြားေပးဖုိ႔ ကားသမားကိုေျပာတဲ့ အခါမွာေတာ့ ဒုကၡသည္စခန္းေရွ႕က ရြာအထိ ေမာင္းလာၿပီး အဲဒီအေရာက္မွာ ထုိင္းစစ္တပ္က ကားလမ္းကိုပိတ္၊ ၁၀၅ မမ အေ၀းပစ္ အေျမာက္ႀကီးေတြနဲ႔ န၀တ ေတာင္ကုန္းဘက္ကုိ သတိေပး ပစ္ခတ္ဖုိ႔ ျပင္ေနတာကုိ ေတြ႔လုိက္ရပါတယ္။

က်ေနာ္လည္း ဘာလုပ္ရမွန္း မသိ။ အဲဒီကာလက အခုေခတ္လုိ မုန္းဘုိင္းဖုန္းကလည္း မတြင္က်ယ္ေသး၊ လမ္းေဘးဖုန္းကလည္း မရွိေသးတဲ့အတြက္ မဲေဆာက္႐ံုးကုိ ဘယ္လုိမွ ျပန္ဆက္သြယ္လို႔မရ။ ေကာ့မူးရာစခန္းတြင္းရွိ ကိုေက်ာ္ေက်ာ္တုိ႔ဆီ ေ၀ၚကီေတာ္ကီနဲ႔ ဆက္သြယ္ႏိုင္မလားဆုိၿပီး နည္းလမ္းရွာၾကည့္ေပမယ့္ အဆင္မေျပခဲ့ပါဘူး။

အဲဒီလုိ ေရွ႕ဆက္ရမလား၊ ေနာက္ဆုတ္ရမလား စဥ္းစားမရျဖစ္ေနခ်ိန္မွာ ေကာ့မူးရာစခန္းမွာ လက္ဖက္ရည္ဆုိင္ဖြင့္ဖူးတဲ့၊ က်ေနာ္တုိ႔ က်ဳိးဖုိးေတြနဲ႔ အလြန္ရင္းနွီးတဲ့ အမုိး (ေဒၚေရႊလို႔ ေခၚတယ္ထင္ပါတယ္) တုိ႔မိသားစုကုိ အနီးနားက အိမ္တလုံးေပၚမွာ က်ေနာ္ေတြ႔လုိက္ရပါတယ္။ အမုိးကို အကူအညီေတာင္းၾကည့္ေတာ့ “ဒီေလာက္ တုိက္ပဲြေတြျဖစ္ေနတာ ဘယ္လိုသြားမလဲ။ ဒီည ဒီမွာအိပ္ၿပီး မနက္ျဖန္မွ အေျခေန ၾကည့္ၾကည့္ေပါ့” လို႔ အႀကံေပးပါတယ္။


ေကာ့မူးရာစခန္းက ေက်ာင္းသားေတြကို ေဒါက္တာ ျမင့္ခ်ဳိ ေဆးသင္တန္းေပးေနစဥ္

က်ေနာ္ကလည္း မရဘူး၊ ဟုိမွာ က်ေနာ့္လူေတြ ေစာင့္ေနတယ္။ သြားလို႔ရရင္ ဒီညေန သြားခ်င္တယ္ဆုိေတာ့ အနီးနားရွိ အရပ္၀တ္ KNU အရာရွိတဦးနဲ႔ က်ေနာ့္ကို မိတ္ဆက္ေပးပါတယ္။
“မင္း ကရင္လုိ ေျပာတတ္လား” ဆုိၿပီး အဲဒီအရာရွိက ေမးရင္းနဲ႔ က်ေနာ္ရဲ့ ID ေတြကုိစစ္။ ဟုိေမး ဒီေမးလုပ္ပါတယ္။ က်ေနာ္ကလည္း ကရင္စကားကုိ ၀ါလဲေဂး၊ ဟာလဲေဂးထက္ ပုိမေျပာတတ္ေသး။

ဒီေတာ့ ထုိင္းလုိေရာ ေျပာတတ္လားလို႔ သူက ဆက္ေမးပါတယ္။ ထုိင္းစကားကိုလည္း စ၀ါဒီခပ္၊ စဘုိင္ဒီမုိင္ထက္ ပုိမေျပာတတ္ေသးတဲ့ခါမွာေတာ့ သူက်ေနာ္ကုိ အေတာ္စိတ္ပ်က္သြားပုံ ရပါတယ္။
ေနာက္ဆုံးမွာေတာ့ “မင္းဘာစကားမွ မေျပာဘဲ ငါတုိ႔ေနာက္သာလုိက္ခဲ့။ တုိက္ပဲြအရွိန္နည္းနည္း ေလ်ာ့ရင္ သြားမယ္” လို႔
KNU အရာရွိက က်ေနာ္ကို ေျပာပါတယ္။ ဒါနဲ႔ က်ေနာ္လည္း အမုိးတုိ႔တည္းေနတဲ့အိမ္ေပၚမွာ ခဏနား၊ ပါလာတဲ့ ပစၥည္းေတြထဲက လိုအပ္သေလာက္ကုိပဲ ခြဲယူ၊ စစ္ေျမျပင္ဆီသြားဖုိ႔ အဆင္သင့္ျပင္ရပါတယ္။

 အဆင္သင့္ျပင္တယ္ဆိုလို႔ က်ေနာ္မွာ ေက်ာပုိးအိတ္ေတာင္ မပါဘူး။ ဘာလေခ်ာင္ေၾကာ္နဲ႔ တျခား အေၾကာ္အေလွာ္ေတြ ထည့္လာတဲ့ ပလစတစ္အိတ္တလုံးနဲ႔ အ၀တ္တထည္ ကုိယ္တခုမွ်သာ။ ညေန ၄ နာရီေက်ာ္ေက်ာ္မွာေတာ့ တုိက္ပဲြအရွိန္ နည္းနည္းၿငိမ္သြားတဲ့အတြက္ က်ေနာ္တုိ႔ရဲ့ခရီးစဥ္ကုိ စတင္ပါတယ္။

ေ၀ၚကီေတာ္ကီကုိင္တဲ့ ဆရာတဦးရယ္၊ ေနာက္ ကရင္စစ္သားလား၊ ရြာသားလား မသိတဲ့ ၂ ဦးရယ္၊ က်ေနာ္ရယ္ ေပါင္း ၄ ဦးဟာ ေကာ့မူးရာနဲ႔ ၃ မုိင္ေလာက္ေ၀းတဲ့ အဲဒီ ထုိင္းစစ္တပ္ ရွိတဲ့ေနရာကေန ၀မ္ခရြာကုိေရွာင္၊ ေတာအုပ္ေလးအတုိင္း ၿခံဳတုိးၿပီး တနာရီနီးပါး လမ္းေလွ်ာက္လုိက္ရပါတယ္။ ေ၀ၚကီေတာ္ကီဆရာမွာ ပစၥတုိေသနတ္ ပါေကာင္းပါႏိုင္ေပမယ့္ က်န္ ၂ ဦးဆီမွာေတာ့ ေတာခုတ္ဓား တလက္စီကိုသာ က်ေနာ္ေတြ႔ရပါတယ္။ ေမာင္က်ဳိးဖုိးစစ္သားႀကီး က်ေနာ္ဆီမွာေတာ့ ဘာလေခ်ာင္အထုပ္ တခုသာပါတဲ့အတြက္ စစ္သားနဲ႔မတူဘဲ ေပၚတာနဲ႔ ပုိတူေနမလားပဲ။

=====================================================

(အပိုင်း ၁၄)

ထက်အောင်ကျော် December 29, 2011 4:51 pm
အောက်မေ့ဖွယ်။ ဧရာဝတီမဂဇင်း 

ကော့မူးရာ (သို့) ABSDF ပထမအကြိမ်ညီလာခံကျင်းပရာ

ကော့မူးရာ ခေါ် ဝမ်ခစခန်းဟာ မဲဆောက်မြို့ကနေ  မိနစ် ၃၀ လောက်ပဲ ကားမောင်းရပြီး ထိုင်းဘက်ကမ်း ဝမ်ခရွာအထိ လိုင်းကားတွေတနာရီတစီးနှုန်း ပြေးနေတဲ့နေရာဖြစ်ပါတယ်။ ဒါ့အပြင် ကျွန်းသစ်တွေနဲ့ အခိုင်မာဆောက်ထားတဲ့ တံတားကြီး ၂ ခုက ဝမ်ခနဲ့ ကော့မူးရာ စခန်းကြားရှိ သောင်ရင်းမြစ်ကို ဖြတ်ကူးဖောက်ထားတဲ့အတွက် မဲဆောက်ကလာတဲ့ အရေးကြီးကားတွေဟာ နာရီဝက်အတွင်း ကော့မူးရာစခန်းထဲအထိ
ရောက်နိုင်တဲ့အနေထားဖြစ်ပါတယ်။


စစ်သင်တန်းဆင်းပွဲအပြီးမှာတွေရတဲ့ ကော့မူးရာစခန်းမှ ABSDF ရဲဘော်များ

ဒီလို ဆက်သွယ်ရေးလွယ်ကူပြီး KNU အထူးတပ်ရင်း ၁၀၁ အခြေစိုက်တဲ့စခန်း ဖြစ်တာကြောင့် ABSDF ပထမ အကြိမ်ညီလာခံ ကျင်းပတဲ့နေရာ ဖြစ်လာတာလို့ ကျနော်ထင်ပါတယ်။

ပထမအကြိမ် ညီလာခံကို နိုဝင်ဘာ ၁ ရက်နေ့ကနေ ၅ ရက်နေ့အထိ ကော့မူးရာမှာ ကျင်းပတာဖြစ်ပေမယ့် ABSDF ဆိုတဲ့အမည်ကိုတော့ အောက်တိုဘာလနှောင်းပိုင်းက သီဘောဘိုးစခန်းမှာ ကျင်းပတဲ့ ကရင်နယ်မြေရောက် ကျောင်းသားစခန်း ၅ ခုမှ ကိုယ်စားလှယ်တွေနဲ့ ဗကသကိုယ်စားလှယ်တွေပါတဲ့ အစည်းဝေးကနေ စတင်ရွေးချယ်ခဲ့တာလို့ အဲဒီ အစည်းဝေးကိုတက်ခဲ့တဲ့ ကျောင်းသားတွေကပြောပါတယ်။
ဒါပေမယ့် ABSDF (All Burma Student’s Democratic Front) သို့မဟုတ် မကဒတ (မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး) အမည်နဲ့ ဗဟိုကော်မီတီ တရားဝင် ဖြစ်လာတာကတော့ ကော့မူးရာစခန်းမှာ ကျင်းပတဲ့ ပထမအကြိမ် ညီလာခံပြီးမှ ဖြစ်ပါတယ်။

မူလဖွဲ့စည်းစဉ်က ABSDF တပ်ဦးအမည်သာပါပြီး ကျောင်းသားတပ်မတော်ဆိုတဲ့ အမည်ကတော့ သံလွင်စခန်း အရေးပေါ်ညီလာခံ မတိုင်ခင်လေးမှာမှ ပေါ်လာတယ်လို့ သိရပါတယ်။ အနီရောင် နောက်ခံမှာ အဖြူရောင်နဲ့ရေးထားတဲ့ “ကျောင်းသားတပ်မတော်” အမည်စာတန်းကို ယူနီဖောင်း အင်္ကျီရဲ့ လက်ဝဲဘက် အိတ်ပေါ်မှာ တပ်ဆင်ပါတယ်။ ABSDF စာတန်းနဲ့ မြန်မာပြည်မြေပုံပါတဲ့ လက်မောင်းတံဆိပ်ကို လက်ဝဲပခုံးမှာ တပ်ဆင်ထားပြီး တပ်ရင်းနံပါတ်နဲ့ ဓား၊ လှံပုံပါတဲ့ တံဆိပ်ကိုတော့ လက်ယာပခုံးမှာ တပ်ဆင်ထားတာတွေ့ရမှာ ဖြစ်ပါတယ်။

ဓားနဲ့လှံရဲ့ အဓိပ္ပာယ်ကတော့ လက်နက်ကိုင် အနိုင်ကျင့်နေတဲ့ စစ်အစိုးရကို လက်နက်ကိုင်ပြီး ဓား ဓားချင်း လှံ လှံချင်း ပြန်တော်လှန်မှရမယ်။ ၁၉၆၂ ဇူလိုင် ၇ ရက်မှာ ကျောင်းသားသမဂ္ဂကို ဗုံးခွဲဖျက်ဆီးစဉ်က ဗိုလ်ချုပ်ကြီးနေဝင်းကနေ ကျောင်းသားတွေကို ဓား ဓားချင်း လှံ လှံချင်းချေမှုန်းမှ ရမယ်ဆိုပြီး စိမ်ခေါ်ခဲ့ဖူးတဲ့အတွက် ဒီတံဆိပ်ကို သုံးတာလို့ သိရပါတယ်။






ပထမအကြိမ် ညီလာခံကျင်းပတဲ့ ဒီလို အရေးကြီးတဲ့နေရာကို ကျနော် ရောက်ဖူးချင်နေတာကြာပြီ ဖြစ်ပေမယ့် တကယ်တမ်း ရောက်ဖူးတာကတော့ ၁၉၈၉ ဇန်နဝါရီလ နှောင်းပိုင်းမှလို့ အမှတ်ရနေပါတယ်။
ရှေ့မှာတင်ပြခဲ့တဲ့အတိုင်း ကလက်ဒေးစခန်းကနေ မဲဆောက်ဘက်ဆီ ကျနော်တို့ ရုံးရွှေ့ဖို့ ဆုံးဖြတ်ပြီးတဲ့နောက် ကော့မူးရာစခန်းက ကျောင်းသား စစ်သင်တန်းဆင်းပွဲတခုဆီ ဗိုလ်မှူးစိုးစိုးတို့အဖွဲ့နဲ့ အတူသွားဖြစ်တာလို့ ထင်ပါတယ်။

ကော့မူးရာစခန်း ဘောလုံးကွင်းထဲ ကျနော်ရောက်သွားချိန်မှာ စစ်သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပနေပါပြီ။ နိုင်ငံတကာက သတင်းထောက်တွေ၊ ကင်မရာသမားတွေကို အတော်များများ တွေ့ရပြီး သင်တန်းဆရာတွေထဲမှာလည်း KNU အပြင် အနောက်တိုင်း လူဖြူကွန်မန်ဒို တဦး နှစ်ဦးကိုပါ တွေ့ခဲ့ရပါတယ်။ ကားကြုံနဲ့လိုက်သွားတဲ့အတွက် အချိန်သိပ်မရလိုက်။ စခန်းတာဝန် ရှိသူတွေနဲ့ ခဏစကားပြောပြီး ပြန်လာခဲ့ရပါတယ်။

ကော့မူးရာဆီ ဒုတိယအခေါက် ကျနော်ရောက်တော့ ဖေဖော်ဝါရီနှောင်းပိုင်း အရေးပေါ်ညီလာခံ အပြီးမှာလို့ ထင်ပါတယ်။ ၁၅ ဘတ်တန် လိုင်းကားအနီကို မဲဆောက်ကနေ ဝမ်ခအထိ စီးသွားပြီး ဝမ်ခ ဈေးတန်းနောက်ကျောဘက်ကနေ
ကော့မူးရာစခန်းဆီ သွယ်တန်းထားတဲ့ သစ်တိုသစ်စ လက်လုပ်တံတားပေါ်ကနေ သောင်ရင်းမြစ်ကို ဖြတ်သွားရပါတယ်။ KNU စစ်ဆေးရေးဂိတ်မှာ ထူးထူးခြားခြား ကျနော်တွေ့မိတဲ့ ဆိုင်းဘုတ်ကြီးတခုကတော့ မူးယစ်ဆေးဝါးတွေ့ရင်
ပြင်းထန်စွာအရေးယူမယ်လို့ အနီရောင်နောက်ခံ သွပ်ပြားဆိုင်းဘုတ်မှာ အဖြူရောင်စာလုံးကြီးကြီးနဲ့ သတိပေးထားတာပါ။

KNU စစ်ဆေးရေး ဂိတ်ကနေ ကျနော်တို့ ABSDF နယ်မြေရုံးရှိတဲ့ ဘုန်းကြီးကျောင်းဘေးက နေအိမ်ဆီအသွား လမ်းတလျှောက်မှာ လက်ဖက်ရည်ဆိုင်၊ အချိုရည်ဆိုင်၊ ဗီဒီယိုရုံနဲ့ လူနေတဲအိမ်တချို့ကို တွေ့ရ ပါတယ်။ ကျနော်တို့ရုံးအဖြစ် သတ်မှတ်ထားတဲ့ အိမ်ကတော့ ကျွန်းသစ်အကြမ်းထည်နဲ့ ဆောက်ထားတဲ့ နှစ်ထပ် အိမ်လေးဖြစ်ပြီး ကျနော်တို့ မနေခင် ဘယ်သူတွေနေသွားလဲ ဆိုတာကိုတော့ မမှတ်မိတော့။

 ကော့မူးရာစခန်းက နယ်မြေကော်မီတီရုံး

ကျနော်တို့ရုံးရှေ့မှာ ခန့်ညားထည်ဝါလှတဲ့ ကော့မူးရာ ဘုန်းကြီးကျောင်းကြီးကိုမြင်တော့ KNU မှာလည်း ဗုဒ္ဓဘာသာကို ကိုးကွယ်သူရှိသားပဲ၊ ငါတို့ မင်းသမီးဒေသမှာ ဘာကြောင့်များ ဘုန်းကြီးကျောင်း မရှိတာပါလိ့မ်လို့ စဉ်းစားမိပါတယ်။ အဲဒီဘုန်းကြီးကျောင်းရဲ့ အစွန်မှာတော့ နောက်ထပ်အဆောင်တခုကို တွေ့ရပြီး အဲဒီမှာ အသစ်ရောက်လာတဲ့ ရဟန်းပျိုအဖွဲ့က သံဃာတော် ၂ ပါးနဲ့ ကျောင်းသားတချို့ကို တွေ့ရပါတယ်။ ကျနော်တို့ရုံးအတွက် လိုအပ်တဲ့ရေကို သောင်ရင်းမြစ်အတွင်း သွားခပ်ရပြီး ၁၀ မိနစ်လောက် လမ်းလျှောက်ရပါတယ်။

အဲဒီလမ်းမှာ ကျနော်တို့နဲ့ အဓိက ဆက်စပ်ဆောင်ရွက်ရတဲ့ KNU ၁၀၁ မှ ဗိုလ်လှဝေရဲ့ အိမ်ကို တွေ့ရပါတယ်။ အဲဒီအိမ်နဲ့ သိပ်မဝေးတဲ့ ဘားတိုက်တခုမှာတော့ ၂၁၁ တပ်ရင်းမှ တပ်ဖွဲ့ဝင်တချို့ကို တွေ့ရပါတယ်။ ဒီဘားတိုက်ဟာ ကျောင်းသားအင်အား ၁၃၀ ခန့်ထဲက ဘားအံဘက်ကလာတဲ့ ကျောင်းသား ၆၀ ခန့်အတွက်ဖြစ်ပြီး အဲဒီထဲမှာ ဦးယုနွယ်၊ ဦးရီထွန်း၊ ဦးစိုးထွတ် (အခုအထိ ABSDF ဗဟိုမှာ တာဝန်ထမ်းဆဲ) နဲ့ ဒေါက်တာ မြင့်ချို (နောက်ပိုင်း ဗဟိုအတွင်းရေးမှူး ၁၊ အခု သြစတြေးလျ အခြေစိုက် မြန်မာ့အရေးလှုပ်ရှားသူ) တို့ကို ကျနော်မှတ်မိနေပါတယ်။

နောက်ပိုင်း ပြန်သိရတာကတော့ ဒီအဖွဲ့တွေဟာ အယင်က ကလက်ဒေးစခန်းကဖြစ်ပြီး KNU အထူးတပ်ရင်း ၁၀၁ မှာ မွမ်းမံ စစ်သင်တန်းတက်ဖို့လာရင်းနဲ့ ကော့မူးရာအခြေစိုက် တပ်ရင်းဖြစ်သွားတာလို့ ဒီဆောင်းပါးရေးဖို့ မေးမြန်းစဉ် ဒေါက်တာမြင့်ချိုက ကျနော့်ကို ပြန်ပြောပြခဲ့ပါတယ်။ တခြား ဘားတိုက် ၂ ခုမှာ ရောက်နေသူတွေကတော့ သီဘောဘိုး စခန်းကနေ စစ်သင်တန်းတက်ဖို့ ရောက်လာသူတွေဖြစ်ပြီး ရန်ကုန်၊ မွန်ပြည်နယ်နဲ့ တခြား နယ်ပေါင်းစုံက ပါဝင်တယ်လို့ သိရပါတယ်။


ကျိုးဖိုး၊ ကျည်ခွံနဲ့ ကျွန်းသစ်

အဲဒီ ဘားတိုက်နံပါတ်နဲ့ ပတ်သက်ပြီး အခုအထိ ကျနော်မျက်စိထဲ မြင်နေတဲ့ ထူးခြားချက်တခုကတော့ ကျောင်းသား ၁၀၀ ကျော်အတွက် ထမင်းချက်တဲ့မိုးပြဲဒယ်အိုးကို ကျနော်တို့ မောင်တော်စခန်းမှာလို အုတ်တွေ၊ ကျောက်တုံးတွေပေါ် တည်ထားတာမဟုတ်ဘဲ လက်နက်ကြီး ကျဉ်ဆံအခွန် ၃ ခုနဲ့ထောက်ပြီး တည်ထားတဲ့မြင်ကွင်းပါ။ ၅၇ မမ လောင်ချာ ကျည်ဆံအခွံလို့ ယူဆရပြီး အမြင့် တပေခွဲ၊ အချင်း ၃ လက်မလောက်ရှိပါတယ်။ ဘေးပတ်လည်မှာ အပေါက် သေးသေးလေးတွေပါပြီး အဲဒီကျည်ခွံရဲ့ ထိပ်ဖူးဘက်ကို မြေထဲစိုက်၊ မောင်းတံရိုက်တဲ့ ဖင်ပိုင်းကို အပေါ်ထောင်ကာ အဲဒီအပေါ် မိုးပြဲဒယ် ထမင်းအိုးကြီး တည်ထားတဲ့ပုံကို အခုအထိ ကျနော် မြင်ယောင်နေဆဲဖြစ်ပါတယ်။

နောက်တခါ မီးထိုးထားတဲ့ ထင်းတွေကိုလဲ ကြည့်ပါဦး။ အားလုံးကျွန်းသစ်တွေ။ သစ်စက်က ထွက်လာတဲ့ သစ်တိုသစ်စတွေနဲ့ ကျွန်းသစ် အကိုင်းအခက်တွေ။ ကျွန်းပင်ဆိုတာ ရွှေထက်ရှားတဲ့ ပစ္စည်းတခုလိုလို ကျောင်းစာအုပ်ထဲမှာသာ သင်ခဲ့၊ စာအုပ်ထဲမှာသာ မြင်ခဲ့ဖူးတဲ့ ကျနော့်အဖို့တော့ ကျွန်းသစ်ထင်းနဲ့ ထမင်းချက်နေတဲ့မြင်ကွင်းဟာ တကယ့်ကို အထူးအဆန်းပါပဲ။
ကျနော်မှတ်မိသလောက်ဆိုရင် ၈၉ သင်္ကြန်ကို ကော့မူးရာမှာနွှဲလိုက်ရပြီး အဲဒီအချိန်အထိ ကော့မူးရာကနေ ရေကျော်စခန်းအထိ KNU ကားတွေသွားလာနေဆဲ။ ကျနော်ကိုယ်တိုင်လည်း KNU ကားကြုံနဲ့တခေါက် ရေကျော်ကနေ ကော့မူးရာကို ဝင်ဖူးပါတယ်။ ရေကျော်စခန်းဟာ တပ်မဟာ ၇ အောက်မှာရှိပြီး ဗိုလ်ဂျော်ဖြူ၊ ဗိုလ်ဂျော်နီတို့ အလွန်နာမည်ကြီးတဲ့အချိန် ဖြစ်ပါတယ်။

ကော့မူးရာကတော့ KNU ဗဟိုရဲ့ အထူးတပ်ရင်း ၁၀၁ နေရာဖြစ်ပြီး တပ်ရင်းမှူးက ဗိုလ်မှူးကြီး တောလှ၊ ဒု တပ်ရင်းမှူးက ဒု ဗိုလ်မှူးကြီး သန်းအောင်ဖြစ်ပါတယ်။ ဗိုလ်မှူး တောလှရဲ့နေအိမ်ဟာ ကျွန်းပင်တွေကြားမှာ တည်ရှိပြီး ကျနော်တို့ရုံးရှိရာ ဘောလုံးကွင်းနားကနေ မိနစ် ၂၀ နာရီဝက်နီးပါး လမ်းလျှောက်သွားရပါတယ်။ KNU တပ်ရင်းရုံးနဲ့ တခြား စစ်ဖက် အဆောက်ဦတွေကိုလည်း သူအိမ်ဝန်းကျင်မှာ တွေ့ရပါတယ်။  နောက်တခါ ထူးထူးခြားခြား ဘရင်းကယ်ရီယာ အဟောင်းတစီးကိုလည်း ဗိုလ်မှူး တောလှ အိမ်နဲ့ မလှမ်းမကမ်းက ဂိုဒေါင်ထဲမှာ အသေချာ သိမ်းထားတာကို တွေ့ခဲ့ရပါသေးတယ်။ ကောမူးရာမှာ တပတ်၊ ၁၀ ရက်လောက် နေပြီးတော့ တခြားတာဝန်တခုအတွက် ကျနော်ဟာ မဲဆောက်ရုံးဆီ ပြန်လာခဲ့ရပါတယ်။

တိုက်ပွဲတွင်းက ခရီးသည်

ကော့မူးရာစခန်းဆီ တတိယအခေါက် ကျနော်ရောက်တော့ မေလနှောင်းပိုင်းလို့ ထင်ပါတယ်။ တိုက်ပွဲတွေ စဖြစ်နေတဲ့အချိန်။ ကော့မူးရာစစ်မြေပြင်ရှိ ဥက္ကဋ္ဌ ကိုကျော်ကျော်နဲ့ ကျနော်တို့ ရုံးအဖွဲ့သားတွေအတွက် ဘာလချောင်ကြော်နဲ့ တခြားစားစရာတွေကို သွားပေးဖို့ မဲဆောက်မြို့ကနေ ၁၅ ဘတ်တန် လိုင်းကားအနီးလေးကိုစီးပြီး ထွက်လာပါတယ်။
မဲဆောက်-မယ့်စရိယန် လမ်းမကြီးကနေ မယ်ပ လမ်းချိုးကိုကျော်၊ ဟွေးခလုတ်ဒုက္ခသည် စခန်းဝန်းကျင်ရောက်တော့ လိုင်းကားက ရပ်လိုက်ပါတယ်။ ကျနော်တို့ မဲဆောက်ဘက်ရောက်တဲ့ ၁၉၈၈ ကတည်းက ဟွေးခလုတ်ဒုက္ခသည် စခန်းကြီးရှိနေတာကို တွေ့ရပြီး ဒုက္ခသည် ၅ ထောင်လောက်ရှိမယ်လို့ ထင်ပါတယ်။ အခင်းအကျင်းကတော့ အခု နိုဖိုးစခန်းနဲ့ တူပါတယ်။

“ရှေ့ဆက်သွားဖို့ မလွယ်ဘူး။ ထိုင်းဘက်ကမ်းထဲအထိ လက်နက်ကြီးတွေကျနေတယ်” လို့ ကားသမားက ထိုင်းတဝက် ဗမာတဝက်နဲ့ ပြောပါတယ်။ ဟုတ်ပါတယ်။ ကျနော်နဲ့ ခရီးသည်တွေ ကိုယ်တိုင်လည်း လက်နက်ကြီးပေါက်ကွဲသံတွေကို ကြားနေရပါတယ်။ သွားလို့ရသလောက် ဆက်သွားပေးဖို့ ကားသမားကိုပြောတဲ့ အခါမှာတော့ ဒုက္ခသည်စခန်းရှေ့က ရွာအထိ မောင်းလာပြီး အဲဒီအရောက်မှာ ထိုင်းစစ်တပ်က ကားလမ်းကိုပိတ်၊ ၁၀၅ မမ အဝေးပစ် အမြောက်ကြီးတွေနဲ့ နဝတ တောင်ကုန်းဘက်ကို သတိပေး ပစ်ခတ်ဖို့ ပြင်နေတာကို တွေ့လိုက်ရပါတယ်။

ကျနော်လည်း ဘာလုပ်ရမှန်း မသိ။ အဲဒီကာလက အခုခေတ်လို မုန်းဘိုင်းဖုန်းကလည်း မတွင်ကျယ်သေး၊ လမ်းဘေးဖုန်းကလည်း မရှိသေးတဲ့အတွက် မဲဆောက်ရုံးကို ဘယ်လိုမှ ပြန်ဆက်သွယ်လို့မရ။ ကော့မူးရာစခန်းတွင်းရှိ ကိုကျော်ကျော်တို့ဆီ ဝေါ်ကီတော်ကီနဲ့ ဆက်သွယ်နိုင်မလားဆိုပြီး နည်းလမ်းရှာကြည့်ပေမယ့် အဆင်မပြေခဲ့ပါဘူး။

အဲဒီလို ရှေ့ဆက်ရမလား၊ နောက်ဆုတ်ရမလား စဉ်းစားမရဖြစ်နေချိန်မှာ ကော့မူးရာစခန်းမှာ လက်ဖက်ရည်ဆိုင်ဖွင့်ဖူးတဲ့၊ ကျနော်တို့ ကျိုးဖိုးတွေနဲ့ အလွန်ရင်းနှီးတဲ့ အမိုး (ဒေါ်ရွှေလို့ ခေါ်တယ်ထင်ပါတယ်) တို့မိသားစုကို အနီးနားက အိမ်တလုံးပေါ်မှာ ကျနော်တွေ့လိုက်ရပါတယ်။ အမိုးကို အကူအညီတောင်းကြည့်တော့ “ဒီလောက် တိုက်ပွဲတွေဖြစ်နေတာ ဘယ်လိုသွားမလဲ။ ဒီည ဒီမှာအိပ်ပြီး မနက်ဖြန်မှ အခြေနေ ကြည့်ကြည့်ပေါ့” လို့ အကြံပေးပါတယ်။


ကော့မူးရာစခန်းက ကျောင်းသားတွေကို ဒေါက်တာ မြင့်ချို ဆေးသင်တန်းပေးနေစဉ်

ကျနော်ကလည်း မရဘူး၊ ဟိုမှာ ကျနော့်လူတွေ စောင့်နေတယ်။ သွားလို့ရရင် ဒီညနေ သွားချင်တယ်ဆိုတော့ အနီးနားရှိ အရပ်ဝတ် KNU အရာရှိတဦးနဲ့ ကျနော့်ကို မိတ်ဆက်ပေးပါတယ်။
“မင်း ကရင်လို ပြောတတ်လား” ဆိုပြီး အဲဒီအရာရှိက မေးရင်းနဲ့ ကျနော်ရဲ့ ID တွေကိုစစ်။ ဟိုမေး ဒီမေးလုပ်ပါတယ်။ ကျနော်ကလည်း ကရင်စကားကို ဝါလဲဂေး၊ ဟာလဲဂေးထက် ပိုမပြောတတ်သေး။

ဒီတော့ ထိုင်းလိုရော ပြောတတ်လားလို့ သူက ဆက်မေးပါတယ်။ ထိုင်းစကားကိုလည်း စဝါဒီခပ်၊ စဘိုင်ဒီမိုင်ထက် ပိုမပြောတတ်သေးတဲ့ခါမှာတော့ သူကျနော်ကို အတော်စိတ်ပျက်သွားပုံ ရပါတယ်။
နောက်ဆုံးမှာတော့ “မင်းဘာစကားမှ မပြောဘဲ ငါတို့နောက်သာလိုက်ခဲ့။ တိုက်ပွဲအရှိန်နည်းနည်း လျော့ရင် သွားမယ်” လို့
KNU အရာရှိက ကျနော်ကို ပြောပါတယ်။ ဒါနဲ့ ကျနော်လည်း အမိုးတို့တည်းနေတဲ့အိမ်ပေါ်မှာ ခဏနား၊ ပါလာတဲ့ ပစ္စည်းတွေထဲက လိုအပ်သလောက်ကိုပဲ ခွဲယူ၊ စစ်မြေပြင်ဆီသွားဖို့ အဆင်သင့်ပြင်ရပါတယ်။

 အဆင်သင့်ပြင်တယ်ဆိုလို့ ကျနော်မှာ ကျောပိုးအိတ်တောင် မပါဘူး။ ဘာလချောင်ကြော်နဲ့ တခြား အကြော်အလှော်တွေ ထည့်လာတဲ့ ပလစတစ်အိတ်တလုံးနဲ့ အဝတ်တထည် ကိုယ်တခုမျှသာ။ ညနေ ၄ နာရီကျော်ကျော်မှာတော့ တိုက်ပွဲအရှိန် နည်းနည်းငြိမ်သွားတဲ့အတွက် ကျနော်တို့ရဲ့ခရီးစဉ်ကို စတင်ပါတယ်။

ဝေါ်ကီတော်ကီကိုင်တဲ့ ဆရာတဦးရယ်၊ နောက် ကရင်စစ်သားလား၊ ရွာသားလား မသိတဲ့ ၂ ဦးရယ်၊ ကျနော်ရယ် ပေါင်း ၄ ဦးဟာ ကော့မူးရာနဲ့ ၃ မိုင်လောက်ဝေးတဲ့ အဲဒီ ထိုင်းစစ်တပ် ရှိတဲ့နေရာကနေ ဝမ်ခရွာကိုရှောင်၊ တောအုပ်လေးအတိုင်း ခြုံတိုးပြီး တနာရီနီးပါး လမ်းလျှောက်လိုက်ရပါတယ်။ ဝေါ်ကီတော်ကီဆရာမှာ ပစ္စတိုသေနတ် ပါကောင်းပါနိုင်ပေမယ့် ကျန် ၂ ဦးဆီမှာတော့ တောခုတ်ဓား တလက်စီကိုသာ ကျနော်တွေ့ရပါတယ်။ မောင်ကျိုးဖိုးစစ်သားကြီး ကျနော်ဆီမှာတော့ ဘာလချောင်အထုပ် တခုသာပါတဲ့အတွက် စစ်သားနဲ့မတူဘဲ ပေါ်တာနဲ့ ပိုတူနေမလားပဲ။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More