Wednesday, May 31, 2023

“မနှစ်က တလကျော်တိုက်ပွဲဖြစ်တဲ့နေရာကိုပဲ စစ်ကြောင်း နှစ်ကြောင်းနဲ့ လေယာဉ်...



“မနှစ်က တလကျော်တိုက်ပွဲဖြစ်တဲ့နေရာကိုပဲ သူတို့က စစ်ကြောင်း နှစ်ကြောင်းနဲ့ လေယာဉ်ပါသုံးပြီး ထပ်တက်လာနေတာဖြစ်တယ်”

- ဆလိုင်းထက်နီ (ပြောခွင့်ရပုဂ္ဂိုလ် - ချင်းအမျိုးသားတပ်ဦး - CNF)

(၁ - ၆ -၂၀၂၃)

“ချင်းပြည်နယ် ဟားခါးနဲ့ ထန်တလန်ကြားမှာ တိုက်ပွဲတွေပြင်းထန်နေပြီး နှစ်ဖက် ထိခိုက်မှုရှိတယ်၊ မနှစ်က တလကျော်တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဖက်က ပြန်ဆုတ်သွားတဲ့နေရာကိုပဲ အခု စစ်ကြောင်းနှစ်ကြောင်းနဲ့ တိုက်လေယာဉ်ပါသုံးပြီး ပြန်တက်လာနေတာဖြစ်တယ်” လို့ ချင်းအမျိုးသားတပ်ဦး (CNF) ပြောခွင့်ရပုဂ္ဂိုလ် ဆလိုင်းထက်နီ ကပြောပါတယ်။

ဟားခါးနဲ့ ထန်တလန်ကြားက တိုက်ပွဲအခြေအနေ၊ မိုခါမုန်တိုင်းနောက်ဆက်တွဲ၊ မိုးတွင်းကာလတိုက်ပွဲအလားအလာတွေနဲ့ပတ်သက်ပြီး ... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ ...

- ဟားခါးနဲ့ ထန်တလန်ကြား တိုက်ပွဲ ဘယ်လောက်အထိ ပြင်းထန်နေသလဲ...

- ထန်တလန်မြို့အခြေအနေကော ဘယ်လိုရှိလဲ...

- ကလေး-ဟားခါး၊ ဂန့်ကော-ဟားခါး စစ်ကြောင်းတွေ ဘယ်အခြေအနေ ရောက်သွားပြီလဲ...

- မိုခါမုန်တိုင်း ကယ်ဆယ်ရေးလုပ်ရမယ့်အချိန်မှာ စကစ က ထိုးစစ်ဆင်လာတာလား...

- မိုးတွင်းကာလ တိုက်ပွဲအလားအလာ ဘယ်လိုဖြစ်လာနိုင်သလဲ...

စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(ဒီနေ့ ညနေပိုင်းမှာတော့  နာဂစ် ကယ်ဆယ်ရေးနဲ့ မိုခါ ကယ်ဆယ်ရေး ခေတ်အနေအထား ဘာတွေတူပြီး ဘာတွေကွာသလဲ ... ဆွေးနွေးချက်ပါဝင်တဲ့ စစ်တွေမြို့က CSO တဦးနဲ့မေးမြန်းချက် ဒုတိယ ပိုင်းကို ထုတ်လွှင့်ပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

“အခုချိန်အထိ နိုင်ငံတကာအကူညီ ဘာမှမရသေးတဲ့ ကျေးရွာတွေကလည်း အများကြီးရှိသေ...



“အခုချိန်အထိ နိုင်ငံတကာအကူညီ ဘာမှမရသေးတဲ့ ကျေးရွာတွေကလည်း အများကြီးရှိသေးတယ်” 

- ဦးဇော်ဇော်ထွန်း - (သဘာဝဘေးဒဏ် ခံနိုင်ရည်ရှိအောင် ကူညီဆောင်ရွက်ရေးအဖွဲ့ - ACRO.

“ရခိုင်ပြည်နယ်ကို အင်အားပြင်း မိုခါမုန်တိုင်း ဝင်ရောက်တိုက်ခတ်ခဲ့တာ သီတင်း ၂ ပတ်ကျော်ကြာလာတဲ့အထိ ဘယ်အဖွဲ့အစည်းကမှ ဘာအကူအညီမှ မရသေးတဲ့ ကျေးရွာတွေ အများကြီးရှိနေသေးတယ်။ နိုင်ငံတကာအကူညီတွေ လိုအပ်သူတွေထံ အမြန်ရောက်အောင် သက်ဆိုင်ရာအားလုံးက အရှိန်မြှင့်ဆောင်ရွက်ဖို့လိုအပ်တယ်” လို့ စစ်တွေအခြေစိုက် ဒေသခံလူထု သဘာဝဘေးဒဏ် ခံနိုင်ရည်ရှိအောင် ကူညီဆောင်ရွက်ရေးအဖွဲ့ - (ACRO) စီမံကိန်းဒါရိုက်တာ ဦးဇော်ဇော်ထွန်း ကပြောပါတယ်။

မေလ ၁၄ ရက်နေ့က ရခိုင်ကမ်းရိုးတန်းကို ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ မိုဒါမုန်တိုင်း ဘယ်လောက်အထိ ပြင်းထန်ခဲ့သလဲ၊ အပျက်အစီး ဘယ်လောက်များခဲ့သလဲ၊ မုန်တိုင်းအပြီး သီတင်း ၂ ပတ်ကျော်ကြာတဲ့အထိ နိုင်ငံတကာအကူအညီတွေ မုန်တိုင်းသင့်ပြည်သူတွေဆီ မရောက်သေးဘူးလား၊ ဘာတွေအခက်အခဲရှိနေသလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ...

- မေလ ၁၄ ရက်နေ့ မိုခါမုန်တိုင်းဝင်စဉ်က စစ်တွေမှာ ဘာတွေပျက်စီးခဲ့သလဲ...

- စစ်တွေအပြင် အခြားဆက်စပ်မြို့နယ်တွေမှာကော အပျက်အစီး - အသေပျောက် ဘယ်လောက်များခဲ့သလဲ...

- အခု မုန်တိုင်းအလွန် သီတင်း ၂ ပတ်ကျော်ကြာတဲ့အထိ ဘယ်အဖွဲ့ဆီကမှ ဘာအကူအညီမှ မရသေးတဲ့ ကျေးရွာတွေအများကြီးရှိသေးတယ်ဆိုတာ ဘာကြောင့်လဲ...

- နိုင်ငံတကာအကူညီတွေ မုန်တိုင်းသင့် ပြည်သူတွေဆီ အမြန်ဆုံးရောက်အောင် တာဝန်ရှိသူအားလုံး ဘယ်လို အရှိန်မြှင့်ဆောင်ရွက်သင့်သလဲ...

စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(နာဂစ်ကယ်ဆယ်ရေးနဲ့ မိုခါကယ်ဆယ်ရေး ခေတ်အနေအထား ဘာတွေတူပြီး ဘာတွေကွာသလဲ...ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ညပိုင်းမှာ ထုတ်လွှင့်ပါတယ်။ မနက်ဖန် မနက်ပိုင်းမှာတော့ ဟားခါးနဲ့ထန်တလန်ဝန်းကျင်မှာ ပြင်းထန်နေတဲ့ တိုက်ပွဲအကြောင်း CNF နဲ့မေးမြန်းချက်ကို ထုတ်လွှင့်ဖို့ရှိနေပါတယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Tuesday, May 30, 2023

“တူမီးနဲ့စခဲ့တဲ့ တော်လှန်ရေးက အခု အော်တိုဂန်းတွေရှိလာပြီ၊ ဒါပေမယ့် လိုအပ...



“တူမီးနဲ့စခဲ့တဲ့ တော်လှန်ရေးက အခု အော်တိုဂန်းတွေရှိလာပြီ၊ ဒါပေမယ့် လိုအပ်ချက်နဲ့ယှဉ်ရင် အရမ်းနည်းသေးတယ်”

- ရဲဘော်ဝေကြီး (ပြည့်သူ့ကာကွယ်ရေးအဖွဲ့ - ရေစကြိုမြို့နယ်)

(၃၀ -၅- ၂၀၂၃)

“တူမီးနဲ့စတင်ခဲ့တဲ့ နွေဦးတော်လှန်ရေးဟာ အခု ၂ နှစ်ကျော်ကြာလာပြီးချိန်မှာတော့ အော်တိုဂန်းတွေရလာပြီ၊ ဒါပေမယ့် လိုအပ်ချက်နဲ့ယှဉ်ရင် အရမ်းနည်းနေသေးတယ်။ တော်လှန်ရေးစစ်ကို မြန်မြန်ပွဲသိမ်းဖို့ဆိုရင် ဒီလိုအပ်ချက်ကို တာဝန်ရှိသူတွေဖက်က အမြန်ဆုံးဖြည့်ဆည်းပေးဖို့လိုတယ်” လို့ မကွေးတိုင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ခံ ရဲဘော်ဝေကြီး ကပြောပါတယ်။

ရေစကြိုအပါဝင် အညာဒေသက တိုက်ပွဲအခြေအနေ၊ စစ်ကောင်စီတပ်တွေရဲ့ ရွာမီးရှို့မှုအခြေအနေ၊ နွေဦးတော်လှန်ရေး ၂ နှစ်တာအတွင်း တိုးတက်မှုအခြေအနေတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ ...

- စစ်ကောင်စီတပ်တွေက ရွာမီးရှို့၊ လူသတ်တာ နေ့စဉ်လုပ်နေဆဲလား...

- တိုက်ပွဲမဖြစ်ပဲ ဒီတိုင်းရွာကို တမင်မီးရှို့နေတာလား...

- နွေဦးတော်လှန်ရေး ၂ နှစ်တာအတွင်း အညာဒေသအခြေအနေ ဘယ်လောက်တိုးတက်လာပြီလဲ...

- ERO တပ်တွေလို နှစ်အကြာကြီးမတိုက်ချင်ဘူး၊ မြန်မြန်ပွဲသိမ်းချင်တယ်လို့ ဘာကြောင့်ပြောတာလဲ...

- မိုခါမုန်တိုင်းဒဏ်သင့် အညာဒေသက တော်လှန်လူထုအတွက် ပြည်တွင်း-ပြည်ပက ဘယ်လိုကူညီပေးနိုင်ကြမလဲ....

စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(မနက်ဖန်မှာတော့ မိုခါမုန်တိုင်း နောက်ဆက်တွဲအဖြစ် ရခိုင်ဒေသမှာ နိုင်ငံတကာအကူအညီ ဘာကြောင့်နှေးကွေးနေသလဲ... ဒေသခံ ကယ်ဆယ်ရေးဝန်ထမ်းတနဦးနဲ့ ဆွေးနွေးချက်ကို ထုတ်လွှင့်ပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Monday, May 29, 2023

“အကူအညီတွေကို စစ်ကောင်စီထံ တဖက်သတ်ပေးတာမျိုုးမလုပ်ပဲ မြေပြင်မှာ တကယ်ထိန်...



“အကူအညီတွေကို စစ်ကောင်စီထံ တဖက်သတ်ပေးတာမျိုုးမလုပ်ပဲ မြေပြင်မှာ တကယ်ထိန်းချုပ်ထားတဲ့ တော်လှန်ရေးတပ်တွေနဲ့လည်း ဆွေးနွေးတိုင်ပင်ဖို့လိုပါတယ်”

- ဆလိုင်းအိုက်ဇက်ခင် (ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ - ICNCC)

(၃၀ - ၅-၂၀၂၃)

“နိုင်ငံတကာအစိုးရတွေ၊ အဖွဲ့အစည်းတွေအနေနဲ့ မိုခါမုန်တိုင်း ဒဏ်ခံရသူတွေကို လူသားစာနာ အကူအညီပေးတဲ့အခါ စစ်ကောင်စီထံ တဖက်သတ်ပေးတာမျိုးမလုပ်ပဲ မြေပြင်မှာ တကယ်ထိန်းချုပ်ထားတဲ့ တော်လှန်ရေးတပ်တွေနဲ့ဆွေးနွေးတိုင်ပင်ဖို့လိုတယ်။ အထူးသဖြင့် ချင်းပြည်နယ်မှာဆိုရင် ကျေးလက်ဒေသအများစုကို တော်လှန်ရေးတပ်တွေက ထိန်းထားတဲ့အတွက် စစ်ကောင်စီကိုသွားပေးရင်တော့ တကယ်လိုအပ်နေတဲ့ လူထုလက်ထဲ မရောက်နိုင်ဘူး” လို့ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) သဘာပတိအဖွဲ့ဝင် ဆလိုင်းအိုက်ဇက်ခင် ကပြောပါတယ်။

မိုခါမုန်တိုင်း နောက်ဆက်တွဲအဖြစ် ချင်းပြည်နယ်မှာ ထိခိုက်ပျက်စီးမှု အခြေအနေ၊ င်ငံတကာ အကူအညီရနေပြီလား၊ ကူညီကယ်ဆယ်ရေး ဘယ်လိုဆောင်ရွက်နေသလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ ...

- မိုခါမုန်တိုင်းကြောင့် ချင်းပြည်နယ်မှာ ပျက်စီးဆုံးရှုံးမှု ဘယ်လောက်များသလဲ...

- ပြည်သူမှ ပြည်သူသို့ အကူအညီတွေ ရနေပြီလား...

- နိုင်ငံတကာအကူအညီကော ရမယ့်အလားအလာရှိရဲ့လား...

- လူသားစာနာအကူအညီတွေကို စစ်ကောင်စီကိုချည်း နင်းကန်ပေးနေတဲ့အပေါ် တော်လှန်ရေးအဖွဲ့တွေက ဘယ်လိုရှုမြင်ထားသလဲ...

စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(ညနေပိုင်းမှာတော့ မုန်တိုင်းဒဏ်ခံရတဲ့ အညာဒေသက အခြေအနေအကြောင်း မေးမြန်းချက်ကို ထုတ်လွှင့်ပေးပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Sunday, May 28, 2023

“လူထုထောက်ခံမှုရော၊ တော်လှန်ရေးတပ်တွေအနေအထားပါ အရင်ထက် ပိုအားကောင်းတဲ့အတ...



“လူထုထောက်ခံမှုရော၊ တော်လှန်ရေးတပ်တွေအနေအထားပါ အရင်ထက် ပိုအားကောင်းတဲ့အတွက် ဒီတကြိမ်မှာ စစ်အာဏာရှင် နိဂုံးချုပ်မှာ သေချာပါတယ်”

- ရဲဘော်မင်းဌေး (စစ်ကြောင်းမှူူး - ABSDF Column -3 )

(၂၈ -၅ - ၂၀၂၃)

“ဒီနေ့ နွေဦးတော်လှန်ရေးဟာ အရင် ၈၈ တော်လှန်ရေးနဲ့စာရင် လူထုထောက်ခံမှုရော၊ တော်လှန်ရေးတပ်တွေရဲ့ အင်အားရော၊ နိုင်ငံတကာထောက်ခံမှုပါ ပိုအားကောင်းတဲ့အတွက် ဒီတကြိမ်မှာ စစ်အာဏာရှင် နိဂုံးချုပ်ပြီး ပြည်သူတွေ အောင်ပွဲရမှာသေချာတယ်” လို့ ယောဒေသအခြေစိုက် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) အမှတ် ၃ စစ်ကြောင်းမှုး ရဲဘော်မင်းဌေးကပြောပါတယ်။

နွေဦးတော်လှန်ရေး ၂ နှစ်တာကာလအတွင်း (ABSDF) တပ်တွေနဲ့ PDF တွေ ဘယ်လိုပူးပေါင်းတိုက်ပွဲဝင်နေသလဲ၊ လက်ရှိတော်လှန်ရေးအနေအထားနဲ့ အရင် ၈၈ အနေအထား ဘာတွေကွာသလဲ...စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ ...

- ယောနယ်၊ စစ်ကိုင်းတိုင်းနဲ့ ရှမ်း-မြောက်ဒေသမှာ (ABSDF) တပ်တွေ ဘယ်လို တိုက်ပွဲဝင်နေသလဲ...

- ယောနယ်အပါဝင် ချင်းတောင်တန်းနဲ့ မကွေး-စစ်ကိုင်းဒေသမှာ လွတ်မြောက်နယ်မြေ အတော် ကျယ်ပြန့်နေပြီလား...

- G-Z တွေဦးဆောင်နေတဲ့ နွေဦးတော်လှန်ရေးနဲ့ အရင် ၈၈ တော်လှန်ရေး ဘာတွေတူပြီး ဘာတွေကွာသလဲ...

- စစ်အာဏာရှင်လုံး၀ နိဂုံးချုပ်တော့မယ်လို့ ဘယ်အချက်တွေပေါ် အခြေခံပြောနိုင်တာလဲ...

စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာနက်လိုင်း အားနည်းတဲ့အတွက် အချို့နေရာတွေမှာ အသံမကြည်မလင်ဖြစ်နေအပေါ် တောင်းပန်အပ်ပါသည်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Thursday, May 25, 2023

“ထိုးစစ်မဆင်ရင် ဒီပွဲမပြီးဘူး၊ ထိုးစစ်ကို ဆင်ကိုဆင်ရမယ်”


“ထိုးစစ်မဆင်ရင် ဒီပွဲမပြီးဘူး၊  ထိုးစစ်ကို ဆင်ကိုဆင်ရမယ်”

- ဆလိုင်းယောမာန် (ပြောခွင့်ရပုဂ္ဂိုလ် - မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့)

(၂၅- ၅- ၂၀၂၃)

“တောင်ပေါ်ဒေသအချို့ လွတ်မြောက်နေပြီဖြစ်ပေမယ့် ဒေသအတော်များများ လွတ်မြောက်လာဖို့ဆိုရင် စစ်ကောင်စီကို ထိုးစစ်ဆင်မှဖြစ်မယ်။ ထိုးစစ်မဆင်ရင် ဒီပွဲမပြီးဘူး။ ထိုးစစ်ကို ဆင်ကိုဆင်ရမယ်၊ ဒီအတွက် တော်လှန်ရေးတပ်တွေအားလုံးက ပြင်ဆင်နေပြီဖြစ်တယ်။ လူထုကလည်း အင်တိုက်အားတိုက် ပါဝင်ကူညီပေးဖို့လိုတယ်” လို့ ချင်းပြည်နယ် မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောခွင့်ရသူ ဆလိုင်းယောမာန် က ပြောပါတယ်။

ချင်းတောင်တန်းပေါ်ကနေ တူမီးသေနတ်တွေနဲ့ စတင်ခဲ့တဲ့ နွေဦးတော်လှန်ရေး ၂ နှစ်ကြာပြီးတဲ့အခါ အောင်မြင်မှုအနေအထား ဘယ်အထိရောက်နေပြီလဲ...လို့ BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာ ...

- တောင်တန်းဒေသအချို့လွတ်မြောက်နေပြီဖြစ်ပေမယ့် မြေပြန့်မှာ အသဲအသန်တိုက်နေရတာဟာ ပထဝီ အနေအထားကြောင့်လား...

- မြို့နယ်အလိုက်၊ ဒေသအလိုက် တန်ပြန်ထိုးစစ်ဆင်နိုင်တဲ့ အနေအထားရှိနေပြီလား...

- မိုခါမုန်တိုင်းဘေးထက် စစ်ကောင်စီဘေးက ပိုဆိုးတယ်လို့ ဘာကြောင့်ပြောတာလဲ...

- လူယုတ်မာတွေနဲ့ အတူယှဉ်တွဲနေထိုင်ရေးမဟုတ်ဘူး၊ လူယုတ်မာတွေကို ဥပဒေနဲ့အညီအရေးယူရေးလုပ်ရမယ်လို့ ဘာကြောင့်ပြောတာလဲ...

စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။ 

Wednesday, May 24, 2023

“မြို့ပေါ်က ဆန္ဒပြပွဲတွေနောက်ပိုင်း တောထဲက လူငယ်တွေရဲ့ ဘဝကို ရိုက်ပြချင်...



“မြို့ပေါ်က ဆန္ဒပြပွဲတွေနောက်ပိုင်း တောထဲက လူငယ်တွေရဲ့ ဘဝကို ရိုက်ပြချင်လို့ပါ“

- စိုင်းကျော်ခိုင် (ဤခရီးနီးသလား - မှတ်တမ်းရုပ်ရှင်ဖန်တီးသူ)

(၂၄- ၅- ၂၀၂၃)

“နွေဦးတော်လှန်ရေးအစောပိုင်း မြို့ပေါ်ကဆန္ဒပြပွဲအကြောင်း မှတ်တမ်းရိုက်ပြီးတဲ့နောက် အခုတောထဲရောက်နေတဲ့ PDF လူငယ်တွေရဲ့ ရုန်းကန်တိုက်ပွဲဝင်မှုအကြောင်းပါ မှတ်တမ်းအဖြစ် ပရိသတ်ကို တင်ပြချင်တဲ့အတွက် “The journey - ဤခရီးနီးသလား” ဆိုတဲ့ မှတ်တမ်းရုပ်သံကို ခက်ခဲစွာ ရိုက်ကူးဖြစ်ခဲ့တာလို့ ဒါရိုက်တာ စိုင်းကျော်ခိုင်ကပြောပါတယ်။

ဘန်ကောက်မြို့ရှိ နိုင်ငံခြားသတင်းစာဆရာများအသင်းတိုက် FCCT မှာ မနက်ဖန်ညနေ ပြသဖို့ပြင်နေတဲ့ “The journey - ဤခရီးနီးသလား” မှတ်တမ်းရုပ်ရှင်နဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...

- ဒီမှတ်တမ်း ရုပ်ရှင်ကို ဘယ်လို စတင်ဖန်တီးဖြစ်သလဲ...

- ချင်းတောင်တန်းနဲ့ ယောနယ်က တော်လှန်ရေးတပ်တွေရဲ့ မြေပြင်အခြေအနေ ဘယ်လိုရှိသလဲ...

- မြို့လယ်နေရာကလွဲရင် ကျေးလက်ဒေသအားလုံးကို တော်လှန်ရေးတပ်တွေက ထိန်းချုပ်ထားနိုင်နေပြီလား...

- တော်လှန်ရေးလူငယ်တွေအတွက် ပြည်ပ ထောက်ပို့တွေက ဘယ်လိုကူညီပေးနိုင်မလဲ...

စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(မနက်ဖန်မှာတော့ “ချင်းတောင်ပေါ်ကနေ စကစ တွေ ဘယ်နေ့ ထွက်ပြေးရမလဲ”... အကြောင်း ဆလိုင်းယောမာန်နှင့် မေးမြန်းချက် ဒုတိယပိုင်းကို ထုတ်လွှင့်ပါမယ်။)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Tuesday, May 23, 2023

“ချင်းတောင်ပေါ်ရောက်နေတဲ့ စကစ တွေကတော့ မြို့ပေါ်က ဘန်ကာတွေထဲမှာပဲ အသေထို...



“ချင်းတောင်ပေါ်ရောက်နေတဲ့ စကစ တွေကတော့ မြို့ပေါ်က ဘန်ကာတွေထဲမှာပဲ အသေထိုင် နေတော့မယ့်သဘောမျိုးတွေ့နေရပါတယ်”

- ဆလိုင်းယောမာန် (ပြောခွင့်ရပုဂ္ဂိုလ် - မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့)

(၂၃- ၅- ၂၀၂၃)

“နွေဦးတော်လှန်ရေး ၂ နှစ်ကျော်ကြာလာချိန်မှာ ချင်းတော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်ရေးစွမ်းရည်တက်လာပြီး နယ်မြေထိန်းချုပ်နိုင်မှုပိုများလာတဲ့အတွက် စစ်ကောင်စီ တပ်တွေဟာ မြို့ထဲကနေ မြို့ပြင်မထွက်ရဲတဲ့အထိဖြစ်လာနေပြီး မြို့ပေါ်က ဘန်ကာတွေထဲမှာပဲ အသေထိုင် နေတော့မယ့်သဘောမျိုးတွေ့နေရပါတယ်” လို့ ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဆလိုင်းယောမာန်ကပြောပါတယ်။

နွေဦးတော်လှန်ရေးကို တူမီးနဲ့စတင်ခဲ့တဲ့ မင်းတပ်မြို့နယ်အပါဝင် ချင်းတောင်ရဲ့ တော်လှန်ရေးအခြေအနေ၊ မိုခါမုန်တိုင်း ကယ်ဆယ်ရေးအခြေအနေတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ပထမပိုင်းမှာ ...

- မိုခါမုန်တိုင်းကြောင့် မင်းတပ်မြို့နယ်မှာ ပျက်စီဆုံးရှုံးမှု ဘယ်လောက်များခဲ့သလဲ...

- ပြည်တွင်း-ပြည်ပ ကယ်ဆယ်ရေးတွေကို စစ်ကောင်စီက ပိတ်ပင်ထားဆဲလား...

- မင်းတပ်မြို့နယ်အတွင်း တိုက်ပွဲအခြေအနေ ဘယ်လိုရှိသလဲ...

- တူမီးနဲ့စခဲ့တဲ့ တော်လှန်ရေး ၂ နှစ်တာအတွင်း ဘယ်လောက်အထိ ခရီးပေါက်နေပြီလဲ...

- ချင်းတောင်ပေါ်ရောက်နေတဲ့ စကစ တွေ မြို့ထဲကနေ မထွက်ရဲတဲ့အခြေအနေ ဖြစ်နေပြီလား...

စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(ချင်းတောင်ပေါ်ကနေ စကစ ထွက်ပြေးရတဲ့နေ့ဟာ တန်ပြန်ထိုးစစ် စတင်တဲ့နေ့ဖြစ်လာနိုင်သလား... ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ ကြာသပတေးညမှာ ဆက်လက် ထုတ်လွှင့်ပါမယ်။ မနက်ဖန်မှာတော့ ချင်းတောင်တန်းနဲ့ ယောနယ်က တော်လှန်ရေးအကြောင်း မှတ်တမ်းရှပ်ရှင်- မေးမြန်းချက်ကို ထုတ်လွင့်ပေးဖို့စီစဉ်ထားပါတယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Monday, May 22, 2023

“မြို့ပြက ပြည်သူတွေ သွေးအေးနေလို့မဖြစ်ဘူး၊ ကြိုတင်ပြင်ဆင်ထားဖို့လိုပါတယ်”



“မြို့ပြက ပြည်သူတွေ သွေးအေးနေလို့မဖြစ်ဘူး၊ ကြိုတင်ပြင်ဆင်ထားဖို့လိုပါတယ်”

- ဗိုလ်ကြီးဟောင်းနေမျိုးဇင် (တော်လှန်သော တပ်မတော်အရာရှိ)

(၂၂- ၅- ၂၀၂၃)

“လာမယ့်လပိုင်းအတွင်း စစ်ရေးအဟုန်ပြင်းလာပြီး မြို့ပြအထိကူးစက်လာနိုင်တဲ့အတွက် မြို့ပြက ပြည်သူတွေသွေးအေးနေလို့မဖြစ်ဘူး။ တော်လှန်ရေးတပ်တွေကို ကူညီတာအပါ ဝင် လိုအပ်တာတွေကို ကြိုတင်ပြင်ဆင်ထားဖို့လိုလိမ့်မယ်” လို့ တော်လှန်သော တပ်မတော်အရာရှိ ဗိုလ်ကြီးဟောင်းနေမျိုးဇင်က ပြောပါတယ်။

နွေဦးတော်လှန်ရေး ၂ နှစ်တာကာလအတွင်း စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်မှုစွမ်းရည်၊ ရှေ့ဖြစ်လာနိုင်တဲ့ စစ်ရေးအခြေအနေတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ ...

- စစ်တပ်အတွင်း အပေါ်-အောက် ဆက်ဆံရေးအခြေအနေ အတော်ဆိုးနေသလား...

- စစ်တပ်မှာ တိုက်ခိုက်ရေးအင်အား တသိန်းတသောင်းပဲကျန်ပြီး ရှေ့ထွက်အင်အား ၇ သောင်းမကျန်တော့တာ ဘာကြောင့်လဲ...

- ကျေးလက်ဒေသမှာဖြစ်နေတဲ့ စစ်ပွဲတွေက လာမယ့်လပိုင်းအတွင်း မြို့ပြဒေသတွေအထိ ရောက်လာနိုင်သလား... 

စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(မနက်ဖန်မှာတော့ နွေဦးတော်လှန်ရေးကို တူမီးနဲ့စတင်ခဲ့တဲ့ ချင်းတောင်တန်းပေါ်က တော်လှန်ရေးသမားတဦးနဲ့ မေးမြန်းချက်ကို ထုတ်လွှင့်ပေးဖို့စီစဉ်ထားပါတယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Sunday, May 21, 2023

“ဒီနှစ်အတွင်း တန်ပြန်ထိုးစစ်လုပ်မယ်ဆိုတဲ့ ပြောကြားချက်ဟာ ဖြစ်နိုင်ခြေအမျ...


“ဒီနှစ်အတွင်း တန်ပြန်ထိုးစစ်လုပ်မယ်ဆိုတဲ့ ပြောကြားချက်ဟာ ဖြစ်နိုင်ခြေအများကြီးရှိပါတယ်“

- ဗိုလ်ကြီးနေမျိုးဇင် (တော်လှန်သော တပ်မတော်အရာရှိဟောင်း)

(၂၁- ၅- ၂၀၂၃)

“နွေဦးတော်လှန်ရေး ၂ နှစ်ကြာပြီးချိန်မှာ ခုခံစစ်ကနေ မျှခြေကိုရောက်နေပြီ၊ မဟာဗျုဟာမြောက်တဲ့ လက်နက်တွေရမယ်ဆိုရင် ဒီနှစ်အတွင်း တန်ပြန်ထိုးစစ်လုပ်နိုင်မယ်ဆိုတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ပြောကြားချက်ဟာ လက်တွေ့ဖြစ်နိုင်ခြေအများကြီးရှိတယ်” လို့ တော်လှန်သော တပ်မတော်အရာရှိဟောင်း ဗိုလ်ကြီးနေမျိုးဇင်ကပြောပါတယ်။

အသက် ၆၀ ကျော်နေပြီဖြစ်တဲ့ ကာ-ချုပ် အငြိမ်းစားယူမယ်ဆိုတဲ့သတင်းဖြစ်နိုင်ခြေရှိ မရှိ၊ တခါ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကပြောနေတဲ့ ဒီနှစ်အတွင်း တန်ပြန်ထိုးစစ် လုပ်နိုင်မယ်ဆိုတာ ဖြစ်နိုင်ခြေရှိ မရှိနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ ...

- အသက် ၆၀ ကျော်နေပြီဖြစ်တဲ့ ကာ-ချုပ် အငြိမ်းစားယူမယ်ဆိုတဲ့သတင်း တကယ်ဖြစ်လာနိုင်သလား...

- ကျောရိုးမဲ့နေတဲ့ တပ်မတော်က ဘာစည်းကမ်းမှ မလိုက်နာတောဘူးလား...

- NUG ကပြောနေတဲ့ ဒီနှစ်မိုးရာသီအတွင်း တန်ပြန်ထိုးစစ် လုပ်နိုင်ဖွယ်ရှိတယ်ဆိုတာ ဗိုလ်ကြီးဟောင်းက ဘယ်လိုမြင်သလဲ...

စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေရဲ့ အချိုးအစားနဲ့ တိုက်ပွဲဖေါ်နိုင်မယ့် အလားအလာတွေအကြောင်း ပါဝင်တဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Friday, May 19, 2023

“အနည်းဆုံးတော့ သန်းနဲ့ချီရှိတဲ့ ထိုင်းရောက် မြန်မာအလုပ်သမားတွေရဲ့အခွင့်အ...



“အနည်းဆုံးတော့ သန်းနဲ့ချီရှိတဲ့ ထိုင်းရောက် မြန်မာအလုပ်သမားတွေရဲ့အခွင့်အရေး တိုးတက်လာမယ်လို့ မျှော်လင့်ပါတယ်” - ဦးထူူးချစ် (ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း - (FED) (၁၇- ၅- ၂၀၂၃) “ထိုင်းရွေးကောက်ပွဲမှာ အမတ်နေရာအများစုအနိုင်ရထားတဲ့ လူငယ်တွေပါဝင်တဲ့ Move Forward ပါတီက ဦးဆောင်ပြီး ညွန်ပေါင်းအစိုးရဖွဲ့နိုင်ရင် အနည်းဆုံးတော့ သန်းနဲ့ချီရှိတဲ့ ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့အခွင့်အရေး တိုးတက်လာမယ်လို့ မျှော်လင့်ပါတယ်” လို့ ထိုင်းနိုင်ငံတောင်ပိုင်း ဖန်င-ဒေသအခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) ညွှန်ကြားရေးမှူး ဦးထူးချစ် ကပြောပါတယ်။ တနင်္ဂနွေနေ့ ရွေးကောက်ပွဲမှာ အမတ်နေရာ ၁၅၀ ခန့်နဲ့ အများဆုံးရထားတဲ့ Move Forward ပါတီက ဦးဆောင်ပြီး ညွန်ပေါင်းအစိုးရဖွဲ့ဖို့ပြင်နေတယ်။ ဒါပေမယ့် အထက်လွှတ်တော်ရှိ ရွေးကောက်ခံမဟုတ်တဲ့ အမတ် ၂၅၀ ရဲ့ ထောက်ခံမှုကို ရအောင် သူ စည်းရုံးနိုင်ပါ့မလား။ လူငယ်တွေဦးဆောင်တဲ့ အစိုးရသစ်တက်လာရင် မြန်မာနိုင်ငံအတွက် ဘာများ ထူးလာနိုင်သလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။ အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ ... - Move Forward ပါတီက ဦးဆောင်ပြီး ညွန်ပေါင်းအစိုးရဖွဲ့နိုင်ရေး အလားအလာ ဘယ်လိုရှိသလဲ... - စစ်တပ်လိုလားတဲ့ပါတီတွေမပါပဲ ၆ -ပါတီပေါင်းရင် အမတ်နေရာ ၃၁၀ လောက်ပဲရှိသေးတဲ့ ဒီအဖွဲ့က ၃၇၆ နေရာရအောင် အထက်လွှတ်တော်နေရာ ၂၅၀ ကို ဘယ်လိုစည်းရုံးမလဲ... - လူငယ်တွေဦးဆောင်တဲ့ ဒီပါတီသစ်တွေ အစိုးရဖြစ်လာရင် ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမား ၄ သန်းလောက်အတွက် ဘယ်လိုအခွင်အရေးတွေ ပိုရလာနိုင်သလဲ.... - နွေဦးတော်လှန်ရေးအင်အားစု ခေါင်းဆောင်ပိုင်းက ထိုင်းအစိုးရသစ်နဲ့ ဆက်ဆံရေး ထူထောင်နိုင်မယ့် အလားအလာ ဘယ်လိုရှိသလဲ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။ (အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

“ERO နဲ့ PDF ပူးပေါင်းဆောင်ရွက်မှု အားကောင်းရုံနဲ့မရသေးဘူး၊ လိုအပ်ချက်တွ...



“ERO နဲ့ PDF ပူးပေါင်းဆောင်ရွက်မှု အားကောင်းရုံနဲ့မရသေးဘူး၊ လိုအပ်ချက်တွေကို ဖြည့်ပေးဖို့လည်းလိုပါတယ်”

- ပဒိုစောကလယ်စေး (ပြောခွင့်ရပုဂ္ဂိုလ် - ကရင့်အမျိုးသားအစည်းအရုံး - KNU)

(၁၉ - ၅-၂၀၂၃)

“ကရင်အမျိုးသားအစည်းအရုံး KNU ညီလာခံပြီးရင် ERO နဲ့ PDF ပူးပေါင်းဆောင်ရွက်မှုအားကောင်းလာပြီး တိုက်ပွဲအရှိန်မြင့်လာမယ်၊ ပြည်သူတွေ စစ်အာဏာရှင်အောက် အမြန်လွတ်မြောက်မယ်ဆိုတာ မူအရမှန်ပေမယ့် လက်တွေ့မှာတာ့ လိုအပ်ချက်တွေရှိနေတယ်၊ လက်နက်ရရှိမှုနဲ့ စည်ကမ်းပိုင်းမှာ အခုထက် ပိုကောင်းဖို့လိုနေသေးတယ်” လို့ ကရင့်အမျိုးသားအစည်းအရုံး (KNU) ပြောခွင့်ရပုဂ္ဂိုလ် ပဒိုစောကလယ်စေး က ပြောပါတယ်။

အခုလ အစောပိုင်းကကျင်းပခဲ့တဲ့ KNU ညီလာခံက ခေါင်းဆောင်မှုအပြောင်းအလဲနဲ့ ထူးခြားချက်တွေ၊ PDF အပါဝင် မဟာမိတ်တွေနဲ့ ပူးတွဲဆောင်ရွက်မယ့် အစီစဉ်တွေ၊ အခုနှစ်အတွင်း တိုက်ပွဲအရှိန်မြှင့်နိုင်မယ့်အလားအလာတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ ...

- KNU ညီလာခံမှာ လူအပြောင်းအလဲ၊ မူဝါဒအပြောင်းအလဲ ဘယ်လိုရှိခဲ့သလဲ...

- NUG, PDF အပါဝင် မဟာမိတ်တွေနဲ့ KNU က ဘယ်လိုဆက်လက်ပူးပေါင်းဆောင်ရွက်မလဲ...

- အခုနှစ် ပထမ ၄ လအတွင်း တိုက်ပွဲတွေအခြေအနေ၊ စကစ အကျအဆုံအခြေအနေ ဘယ်လိုရှိသလဲ...

- မဟာဗျုဟာမြောက် လက်နက်တွေရရင် အခုနှစ်အတွင်း ထိုးစစ်ဆင်နိုင်မယ်ဆိုတဲ့ NUG ရဲ့ပြောကြားချက်အပေါ် KNU က ဘယ်လိုမြင်သလဲ...

- ERO နဲ့ PDF ပူးပေါင်းဆောင်ရွက်မှု အားကောင်းရုံနဲ့မရသေးဘူး၊ လိုအပ်ချက်တွေကို ဖြည့်ပေးဖို့လည်းလိုသေးတယ်- လို့ ဘာကြောင့်ပြောတာလဲ...

စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Wednesday, May 17, 2023

“ရခိုင်၊ ချင်းနဲ့ အညာဒေသရှိ တော်လှန်ရေးတပ်တွေဆီကတဆင့် အရေးပေါ် ကယ်ဆယ်ရေး...



“ရခိုင်၊ ချင်းနဲ့ အညာဒေသရှိ တော်လှန်ရေးတပ်တွေဆီကတဆင့် အရေးပေါ် ကယ်ဆယ်ရေးအကူညီတွေ ပေးနေပါတယ်”

- ဦးကျော်ဇော (သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ် - အမျိုးသားညီညွတ်ရေးအစိုးရ)

(၁၈- ၅- ၂၀၂၃)

“မိုခါမုန်တိုင်း နောက်ဆက်တွဲအဖြစ် သေဆုံးသူ ၄၀၀ ကျော်၊ နေအိမ်ပျက်စီးမှု၊ လမ်းတံတားပျက်စီးမှု၊ စပါးခင်းအပါဝင် စိုက်ခင်းပျက်စီးမှု၊ ငါးဖမ်းလှေပျက်စီးမှုတွေဟာ အတော့်ကိုဆိုးတဲ့အတွက် အမေရိကန်ဒေါ်လာ တသန်းကိုအရင်းတည်ပြီး အကူအညီတွေ ပေးနေတယ်၊ မြန်မာငွေ ၆၅ သန်းကျော် ပေးပြီးသွားပြီဖြစ်ပြီး နောက်ထပ် ဆက်တိုက်ပေးနေပါတယ်” လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးကျော်ဇောကပြောပါတယ်။

တနင်္ဂနွေနေ့က တိုက်ခတ်ခဲ့တဲ့ မုန်ခါမုန်တိုင်းကြောင့် အထိက ထိခိုက်တဲ့ ရခိုင်၊ ချင်းနဲ့ အညာဒေကို NUG က ဘယ်လိုကူညီပေးနေသလဲ၊ နိုင်ငံတကာဖက်က အကူညီတွေကော ဝင်ခွင့်ရပြီလား... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ ...

- အမေရိကန်ဒေါ်လာ တသန်းကို ဘယ်နေရာက ဒုက္ခသည်တွေဆီ ဦးစားပေး ကူညီနေသလဲ...

- အမေရိကန်အပါဝင် နိုင်ငံတကာရဲ့ ကူညီပေးမှူက ဘယ်လိုရှိသလဲ...

- စစ်ကောင်စီကပြောတဲ့ ထိခိုက်မှုစာရင်းနဲ့ တကယ်မြေပြင်စာရင်း ဘာကြောင့် ဒီလောက်ကွာနေတာလဲ...

- နိုင်ငံတကာအကူညီတွေ စစ်ကောင်စီက တားဆီးထားဆဲလား...

- အများပြည်သူအနေနဲ့ ဘယ်လိုဝိုင်းကူညီနိုင်မလဲ...

စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(မေးမြန်းချက်အပြီး ထပ်မံရရှိတဲ့သတင်းတွေအရ ရခိုင်ပြည်နယ်ရှိ မုန်တိုင်းဒဏ်ခံရတဲ့ ပြည်သူလူထုအတွက် NUG မှ ပဏာမလှုဒါန်းသည့် ကျပ်သိန်းတထောင်အတွက် ကျေးဇူးတင်ရှိကြောင်းစာကို ULA/AA ဥက္ကဌက ဒီနေ့ ပေးပို့လာတယ်လို့ သိရပါတယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

ကိုမြင့်စန်းသို့ သတိရခြင်း...

 ကိုမြင့်စန်းသို့ သတိရခြင်း...

------------

(၁၇- ၅- ၂၀၂၃)



(၁) ဒီမနက် အိပ်ယာနိုးလို့ အီးမေးလ်ချက်၊ မက်ဆင်ဂျာချက် လုပ်တဲ့အချိန်မှာ မထင်ထားတဲ့ မက်ဆေ့တခုတွေ့လိုက်ရပါတယ်။ “ကိုမြင့်စန်း ဒီနေ့ ဆုံးသွားပြီ” တဲ့...။ ထိုင်းတောင်ပိုင်းရှိ ရဲဘော်တယောက်က မက်ဆေ့စ် ပို့ထားပါတယ်။


ထင်မထားခဲ့ပါဘူး။ တလောက (၆ လလောက်ရှိပြီထင်) သူ နယ်စပ်ကနေ ထိုင်းထဲရောက်လာတယ်၊ ငှက်ဖျားမိလာလို့ ဆေးခန်းပြနေရတယ်။ အလုပ်တွေဆက်လုပ်နေပါတယ်... စသဖြင့် စကားပြောဖြစ်ပါသေးတယ်။


သူတို့အလုပ်တွေက တချိန်က ကိုယ်တို့လုပ်ဖူးတဲ့အလုပ်တွေဆိုတော့ မီဒီယာ သမားတွေနဲ့ သိပ်ပြောလို့ကောင်းတဲ့အလုပ်မဟုတ်ဘူးဆိုတော့ ကိုယ်လည်း တော်ရုံနဲ့ စကားမပြောဖြစ်ပါဘူး။ 


ဒီလိုနဲ့ ဒီနေ့တော့ ခုနက သတင်းဆိုးဝင်လာပါတယ်။ ဒါဆိုရင် လွန်ခဲ့တဲ့ ၆ လလောက်က သူနဲ့စကားပြောခဲ့တာဟာ နောက်ဆုံးပဲလား...။

-------


(၂)- (၈၈၈၈) ကာလတုန်းက သူက ရွာသူကြီး... ကျနော်က အတွင်းရေးမှူး

-----


သူနဲ့ကျနော်က တရွာတည်းသားတွေ၊ ကျောင်းနေဖက်မဟုတ်ပေမယ့် (သူက အသက် ၁၀ နှစ်ခန့်ကြီး) အမြဲတန်းတွေ့နေတယ်လူတွေပေါ့။ သူတို့အိမ်က ကျနော်တို့ငယ်ငယ်ကတက်ခဲ့တဲ့ မူလတန်းကျောင်းဘေးမှာ။ သူ့ အမက ကျောင်းအုပ်ဆရာမကြီး။ သူတို့ အိမ်ဘေးက ရေတွင်းဘေးမှာ မူလတန်း ကျောင်းသားဘဝက ဆော့ခဲ့ဖူးတောင်တောင် ပြန်သတိရမိ။


(အဲအိမ်ကြီးက အခုထိ အရင်တိုင်းရှိနေဆဲဖြစ်ပြီး ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းချိန်မှာ ချိတ်ပိတ်သွားဟုသိရ) 


ဒီလိုနဲ့ (၈၈၈၈) အရေးတော်ပုံဖြစ်တော့ အရင်ရွာသူကြီးတွေပြုတ်၊ ကြားကာလ အုပ်ချုပ်ရေးမှာ သူက ရွာသူကြီး၊ ကျောင်းသားသမဂ္ဂကိုယ်စားလှယ် ကျနော်က ရွာအတွင်းရေးမှူူးဆိုပြီး တာဝန်ပေးခံရ။


အဲချိန်မှာ သူက လောင်းလုံးမြိုနယ် စိုက်ပျိုးရေးဌာနမှာ ဝန်ထမ်းဖြစ်နေပြီ။ ဒီတော့ ကိစ္စအတော်များများကို ဘယ်လိုကိုင်တွယ်ဖြေရှင်းရမယ်ဆိုတာ သူက သိတယ်။ ကျောင်းတက်တာနဲ့ စက်ဘီးစီးတာကလွဲပြီး ဘာမှစိတ်မဝင်စားတဲ့ ကျနော်က ဘာမှမသိ။ သူဘေးကနေ အဖေါ်လိုက်ပေးရုံထက် မပိုပါ။


၁၉၈၈ စက်တင်ဘာမှာ စစ်တပ်က အာဏာသိမ်းတော့ ကိုယ်က ကျောင်းသားတွေကို ဦးဆောင်ပြီး (တကယ်က မြို့ပေါ်ကကျောင်းသားတွေ ရွာကိုရောက်လာလို့ လမ်းပြကူညီရင်းနဲ့ ဦးဆောင်သူဖြစ်သွား- သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး ပထမ ပိုင်းမှာ သူ့အကြောင်း ဖေါ်ပြထားပါတယ်) ဝေဒီကတဆင့် ထားဝယ်မြစ်ကိုဖြတ်၊ ဗကပ နယ်ကိုကျော်၊ ကရင်နယ်ကိုအရောက် ချီတက်ခဲ့ပေါ့။


သူကတော့ အမေတခု သားတခုလိုဖြစ်နေတဲ့အတွက် သူ အမေကိုထားခဲ့ပြီး ခရီးဝေးသွားဖို့ မဖြစ်နိုင်ဘူးလို့ဆိုပါတယ်။


အဲနောက်ပိုင်း ဘာအဆက်သွယ်မှမရှိတော့ပါဘူး။ ၁၉၉၀ ရွေးကောက်ပွဲတုန်းက NLD ပါတီအတွက် သူတာဝန်ယူလုပ်ဆောင်ဖူးတယ်လို့ကြားမိပေမယ့် တခါမှမမေးဖြစ်ခဲ့ပါ။ 


ဒီလိုနဲ့ တော်လှန်ရေးခရီးရှည်ကို ၂၅ နှစ်တာ (လက်နက်ကိုင်တော်လှန်ရေး၊ မီဒီယာကိုင် တော်လှန်ရေး) ဖြတ်သန်းပြီးနောက် ၂၀၁၃ မှာ ကျနော် ပြန်တော်ပြန်ခွင့်ရတော့ ရွာရောက် ရောက်ချင်း အိမ်မှာလာကြိုသူက ကိုမြင့်စန်း...


အဲချိန်မှာ သူက လောင်းလုံးမြိုနယ် NLD ခေါင်းဆောင်တဦးဖြစ်နေပြီ။ ဒါပေမယ့် သူ့စတိုင်က အရင်အတိုင်း ရွာသူကြီးပုံကနေ မပြောင်းသေး။ သူ့ဆိုင်ကယ်ပေါ် ကျနော်ကိုတင်ပြီး ရွာက အမှတ်တရနေရာတွေ၊ မုန့်ဟင်းခါးဆိုင်၊ လက်ဖက်ရည်ဆိုင်တွေကို လိုက်ပို့ပါတယ်။


အဲချိန်က ကြံ့ခိုင်ရေးလွှမ်းမိုးဆဲ ပါလီမန်ဆိုပေမယ့် ရွာမှာတော့ ၉၉ % က NLD ဖြစ်နေပြီ။ နောက် ၂၀၁၅ ရွေးကောက်ပွဲရောက်တော့ သူက NLD ကိုယ်စားလှယ်အဖြစ်အရွေးခံရပြီး တနသာၤရီတိုင်းအစိုးရအဖွဲ့ရဲ့ လယ်-ဆည် ဝန်ကြီးဖြစ်လာပါတယ်။

--------


(၃)- ၂၀၁၉ မှာတွေ့ဆုံခြင်းဟာ နောက်ဆုံးတွေ့ခြင်းလား...

-----

နောက်ပိုင်း တနှစ်တခေါက်လောက် ပြည်တော်ပြန်စဉ်အတွင်း တခါတရံတွေ့ဖြစ်ပေမယ့် သူက ဝန်ကြီးဆိုတော့ အလုပ်များနေပြီ။ မှတ်မှတ်ရရ နောက်ဆုံးတွေ့ဖြစ်တာ ၂၀၁၉ ကျနော် ရန်ကုန်မှာ မီဒီယာ တာဝန်ထမ်းနေစဉ်က။


NLD ပါတီညီလာခံအတွက် နယ်က ပုဂ္ဂိုလ်တွေရောက်နေစဉ် တနသာၤရီတိုင်းက ကိုယ်စားလှယ်တွေနဲ့တွေ့ချင်လို့ဆိုပြီး ကျနော်လိုက်သွားတော့ ဝန်ကြီးက ဟိုတယ်မှာ မတည်းပဲ ဘုန်းကြီးကျောင်းမှာ တည်းနေလေရဲ့...


သူ ကျနော်ကိုခေါ်သွားတဲ့ လက်ဖက်ရည်ဆိုင်ကလည်း တကယ့်လမ်းဘေးဆိုင်လေး...။ ရန်ကုန်မှာ roof top ဘားတွေ လှည့်ပတ်ထိုင်နေတဲ့ ကျနော့်အတွက် သိပ်အဆင်မပြေလှ။ “ခင်ဗျားက ဝန်ကြီးလုပ်ပြီး ကြည့်ပျော်ရှုပျော် ဈေးပေါတဲ့ ဟိုတယ်ခန်း၊ တည်းခိုခန်းလေး တည်းပါလား” ဆိုတော့... နိုင်ငံရေးလုပ်နေတာ၊ ပြည်သူ့အတွက် လုပ်နေတာ ဘုန်းကြီးကျောင်းမှာ တည်းတာပဲကောင်းပါတယ်တဲ့...


အဲ... ဒီလူက အရက်မသောက်တတ်ဘူး။ မင်းသမီးခစန်း အာဇာနည်းကုန်း မြေနေရာအတွက် (သူက လယ်-ဆည် ဝန်ကြီးဆိုတော့) ထားဝယ်မှာဆွေးနွေးရင်း သူ့ရဲ့ ဝန်ကြီးအိမ်ဆီ (လွှတ်တော်ဘေးနားမှာ ဝန်ကြီးအိမ်ယာရှိပါတယ်။ နေပြည်တော်စတိုင် လယ်ကွင်းမှာ မြေဖို့ပြီး အသစ်ဆောက်ထားတဲ့အိမ်တွေ) ညဖက်ကြီး ကျနော် ရောက်သွားပါတယ်။


“ဝန်ကြီး ရေနွေးကြမ်းနဲ့တော့ မဖြစ်ဘူး။ သူများလက်ဆောင်ပေးထားတာတွေ ခင်ဗျားဆီမှာရှိတယ်လို့ ကျနော်သတင်းရထားတယ်” ဆိုပြီး အစ်လိုက်တော့ တကယ့် ဝီစကီ အကောင်းစား ပုလင်းထုတ်ပေးတယ်။ သူက လုံး၀ မသောက်ဘူး။


ရိုးရိုးကြီး- လူပျိုကြီးဆိုပါတော့။ နောက်- သူနဲ့ပတ်သက်ပြီး လူပြောများတာတခုကတော့ သူ လယ်-ဆည် ဝန်ကြီးတာဝန်ယူထားစဉ်မှာ လယ်ထဲကိုယ်တိုင်ဆင်းပြီး (ပုဆိုးကို ခါးတောင်းကျိုက်ပြီး) လယ်သမားတွေနဲ့အတူ စပါးစိုက်ပြခြင်းပါ။


အရင်ခေတ်က ဝန်ကြီးတွေ လယ်ကန်သင်းပေါ် ကော်ဇောခင်းသွားနေစဉ်မှာ ငါတို့ဝန်ကြီးက လယ်ထဲ ကိုယ်တိုင်ဆင်းပြီး လယ်သမားတွေနဲ့အတူရှိတယ်လို့ အတော်များများက ဂုဏ်ယူကြပါတယ်။ ဒါပေမယ့် အချို့ကတော့ ဝန်ကြီးဆိုတာ လယ်ထဲဆင်းစရာမလိုဘူး။ စီမံခန့်ခွဲမှုလုပ်တတ်ဖို့ပဲ လိုတယ်လို့ ဝေဖန်ပါတယ်။


နောက်တချက်သတိထားမိတာက... ဒေါ်အောင်ဆန်းစုကြည်ရဲ့ တနသာၤရီတိုင်း ခရီးစဉ်အတွင်း လယ်-ဆည် ဝန်ကြီးလည်း သွားလေရာ ပါတာပေါ့။ ဒါပေမယ့် သူက မြန်မာလို (ဒေသအခေါ် ဂံလို) မပြောပဲ ထားဝယ်စကားချည်းပြောနေလို့ ဒေါ်အောင်ဆန်းစုကြည် နားမလည်။ ဘေးကတယောက်က ဘာသာပြန်ပေးနေရတာကို လိုက်ဖ် လွှင့်တဲ့ FB မှာ တွေ့မိတော့ ကျနော်ပြုံးမိ။


ဆိုလိုတာက ဒီလို ရိုးသား-ကြိုးစားတဲ့ ကျနော်တို့ရွာက ကျနော့်အကိုကြီး လယ်-ဆည် ဝန်ကြီးပါ။


၂၀၂၁ ခုနှစ်မှာ စစ်တပ်က နောက်တကြိမ် အာဏာသိမ်းတော့ ကိုယ်လည်း ကိုယ့်ဝတ်ကျင်း ကိုယ်ပြန်ပြေးရ။ သူလည်း (၂၀၂၀ မှာ အမတ်အဖြစ် ထပ်အရွေးခံရ) ပါတီတာဝန်တွေ ထမ်းဆောင်ရင်း၊ အရှောင်အတိမ်းလုပ်ရင်းနဲ့ အဆက်အသွယ်မရတော့။


နောက်ပိုင်း တနသာၤရီတိုင်း PDF အစည်းဝေးတွေ၊ ရန်ပုံငွေရှာရေးကိစ္စ အွန်လိုင်း အစည်းဝေးတွေ လုပ်တော့ အခြားမြို့နယ်က အမတ်တွေကို တွေ့ရပေမယ့် ကျနော်တို့မြို့နယ်က အမတ်တွေ မတွေ့လို့ မေးကြည့်တော့ အင်တာနက် မမိတဲ့ တောထဲမှာ ရောက်နေတယ်လို့ပြောပါတယ်။


နောက်တော့လည်း သူတာဝန်နဲ့သူ အလုပ်ရှုပ်နေတယ်။ မီဒီယာသမားနဲ့ စကားမပြောချင်လို့ မဆက်တာဖြစ်မယ်ဆိုပြီး ကိုယ်လည်း တကူးတကာ့ လိုက်မမေးမိတော့ပါ။ ဒီလိုနဲ့ လွန်ခဲ့တဲ့ ၆ လလောက်ကတော့ သူ “ထိုင်းကိုရောက်နေပြီ၊ အလုပ်တွေ ပြန်လုပ်နေပြီ။ တောထဲမှာ ငှက်ဖျားမိလာလို့ ဆေးခန်းတော့ ပြနေရတယ်” စသဖြင့် ကြားရပြီး သူနဲ့ ဗီဒီယို ကော ပြောဖြစပါတယ်။


နောက်တော့လည်း ထုံးစံအတိုင်း နိုင်ငံရေးကိစ္စ၊ လ၀ ကိစ္စတွေကို ဝင်မပါချင်တာနဲ့ ကိုယ်လည်း အဆက်အသွယ်မလုပ်ဖြစ်ပါဘူး။ 


ဒီလိုနေရင်းကနေ ဒီမနက် အထက်ဖေါ်ပြပါ သတင်းဆိုးကို ကြားလိုက်ရတာပါပဲ။


ကျနော်တို့တောခိုစဉ်က အမေနဲ့ရွာကိုမခွဲနိုင်လို့ အိမ်မှာကျန်နေခဲ့တဲ့ ရဲဘော်ကြီးဟာ အသက် ၆၀ ကျော် ဝန်ကြီးဖြစ်နေကာမှာ တောခိုရတယ်ဆိုတော့ လူငယ်တွေလို တောထဲမှာ ဘယ်သွားနိုင်၊ လာနိုင်ပါ့မလဲ...။


ပြီးတော့ ငှက်ဖျား။ ရွာက လူတွေမှာ ငှက်ဖျားအတွေ့အကြုံကလည်းမရှိ။ ကွီးနီး-ပါရာ-တက်ထရာဆိုတဲ့ ၈၈ ကျောင်းသားတွေရဲ့ ဆောင်ပုဒ်ကို သူတို့ကြိုသိမထားကြ။ ပြီးတော့ မဟာမိတ်ဆက်ဆံရေးကလည်း အရင်လိုပဲ အဆင်မပြေမှုတွေ ရှိခဲ့တယ်လို့ကြားရ။


ဒီဒဏ်ရာ ဒဏ်ချက်တွေကို ၂၀ ကျော်လူငယ်တွေခံနိုင်ပေမယ့် ၆၀ ကျော် ဝန်ကြီး ဘယ်ခံနိုင်ပါတော့မလဲ...။ အဲဒီ ငှက်ဖျားကနေ ဘယ်လိုလုပ် ကင်ဆာဖြစ်သွားမှန်းတော့ မသိ။ ဒီနေ့တော့ သူ ကွယ်လွန်သွားရှာပြီ။


ဘယ်လောက် ရင်နာဖို့ကောင်းသလဲ...။ ဝန်ကြီးတဦးက သူများနိုင်ငံရဲ့ အလုပ်သမား တန်းလျားတခုမှာ လူမသိ-သူမသိ ကွယ်လွန်သွားရှာ။ သူ့အလောင်းပေါ်မှာတော့ NLD အလံ လွှမ်းခြုံထားတာ တွေ့လိုက်ပါတယ်။


ပထမ အကြိမ် တော်လှန်ရေးခရီးမှာ အမေနဲ့ရွာကို မခွာနိုင်လို့ တောမခိုပဲ ကျန်နေခဲ့သူ...


ဒုတိယ အကြိမ်တော်လှန်ရေးမှာတော့ ဘယ်လိုမှနေမရတော့လို့ အသက်ကြီးမှ အရဲစွန့် တောခိုခဲ့ရသူ...


တတိယ အကြိမ်တော်လှန်ရေးတော့ မလိုချင်တော့ဘူး...။ ဒီလို ဘဝတွေပျက်၊ အသက်တွေ ဆုံးရှုံးတာ မလိုချင်တော့ဘူး...


ဒီတကြိမ်တော်လှန်ရေးမှာ စစ်အာဏာရှင်ကို အမြစ်ပြတ်အောင်တိုက်မယ်လို့ သူ့ ရဲဘော်တွေက ကတိပေးကြောင်း ရဲဘော်ကြီးအား တိုင်တည်ရင်း...


ရဲဘော်မြင့်စန်း ကောင်းရာသုကတိ လားပါစေ...။


ထက်အောင်ကျော် @ ရဲဘော်ဝင်းထိန်

(17- 5- 2023).



၈၈ တုန်းက လုပ်ဖေါ်ကိုင်ဖက်ရဲဘော်...


NLD ခေတ်မှာ လယ်-ဆည် ဝန်ကြီး...


၂၀၂၁ ဖေဖေါ်ဝါရီမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် နေအိမ်ကနေ ထွက်လာခဲ့ရတဲ့ ရဲဘော်ကြီး ကိုမြင့်စန်း... (ဦးမြင့်စန်း- အသက်- ၆၇) ဒီနေ့ ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ကွယ်လွန်သွားပြီလို့သိရတဲ့အတွက် အထူးဝမ်းနည်းရပါတယ်။



တော်လှန်ရေးခရီးမပြီးခင် ရဲဘော်တဦး ထွက်ခွာသွားရပြန်ပြီ။


အိမ်ပြန်မရောက်နိုင်သေးသူများ အောင်ပွဲအမြန်ရပါစေ...။


(ဓာတ်ပုံက ၂၀၁၃ တုန်းက စာရေးသူ ပထမ ဆုံးအကြိမ် ပြည်တော်ပြန်ခွင့်ရစဉ်က ရွာသန့်ရှင်းရေးလုပ်ဖို့ပြင်နေတဲ့ ပါတီဝင်တွေနဲ့အတူ ရွာက NLD ရုံးရှေ့မှာ ရိုက်ထားတဲ့ပုံဖြစ်ပါတယ်။ အကျီအနီနဲ့ပုဂိုလ်ဟာ ဦးမြင့်စန်းဖြစ်ပါတယ်)။


(၁၇- ၅- ၂၀၂၃)

Tuesday, May 16, 2023

“ဒုက္ခသည်စခန်း ၅ ခုမှာတင် သေဆုံးသူ ၁၀၀ ကျော်တယ်လို့ သိထားရပါတယ်”



“ဒုက္ခသည်စခန်း ၅ ခုမှာတင် သေဆုံးသူ ၁၀၀ ကျော်တယ်လို့ သိထားရပါတယ်”

- ရိုနေဆန်းလွင် (ရိုဟင်ဂျာလွတ်မြောက်ရေး ညွန့်ပေါင်းအဖွဲ့ )

(၁၆- ၅- ၂၀၂၃)

“မိုခါမုန်တိုင်းကြောင့် စစ်တွေမြို့ပြင်က ရိုဟင်ဂျာဒုက္ခသည်စခန်းတွေ ထိခိုက်မှုများပြီး အနည်းဆုံး အလောင်း ၁၁၈ လောင်းကို သဂြိုလ်ပြီးဖြစ်တယ်။ နေရာအားလုံးပေါင်းလိုက်ရင် ၄၀၀ လောက်သေတယ်ဆိုတာဖြစ်နိုင်တယ်” လို့ ရိုဟင်ဂျာလွတ်မြောက်ရေး ညွန့်ပေါင်းအဖွဲ့ ပူးတွဲတည်ထောင်သူ ရိုနေဆန်းလွင်ကပြောပါတယ်။

တနင်္ဂနွေနေ့က တိုက်ခတ်ခဲ့တဲ့ အင်အားပြင် မိုခါမုန်တိုင်းကြောင့် စစ်တွေမှာပျက်စီးမှုအကြီးအကျယ်ဖြစ်ခဲ့တယ်။ လူတွေ ရာနဲ့ချီသေတယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်နေတာနဲ့ ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ ...

- မိုခါမုန်တိုင်းကြောင့် စစ်တွေမှာ အသေအပျောက် ဘယ်လောက်အထိ ရှိနေသလဲ...

- ကြိုတင်ပြင်ဆင်မှုအားနည်းလို့လား၊ ဘာကြောင့် ဒီလိုဖြစ်တာလဲ...

- စစ်ကောင်စီဖက်က ကယ်ဆယ်ရေးလုပ်ငန်းတွေ ဘယ်လိုဆောင်ရွက်နေသလဲ...

- နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့တွေ စစ်တွေကို သွားခွင့်ရနေပြီလား...

စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Sunday, May 14, 2023

“လေကြောင်း တိုက်ခိုက်မှုကို ရပ်တန့်အောင် တားဆီးပေးနိုင်ရင် ကုလနဲ့ အာဆီယံ...


“လေကြောင်း တိုက်ခိုက်မှုကို ရပ်တန့်အောင် တားဆီးပေးနိုင်ရင် ကုလနဲ့ အာဆီယံကို လူထုက ယုံကြည်မှု ရှိလာနိုင်ပါတယ်”

- ဒေါ်ခင်ဥမ္မာ (ရှေ့ပြေးအသံအဖွဲ့ -  Progressive Voice)

(၁၃- ၅- ၂၀၂၃)

“ကုလသမဂ္ဂ လုံခြုံရေးကောင်စီနဲ့ အာဆီယံအဖွဲ့က ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်တွေထဲက အကြမ်းဖက်မှု ရပ်တန့်ရေး တကယ် ဖြစ်လာစေချင်ရင် လေကြောင်းကနေ တိုက်ခိုက်နေတာတွေ ရပ်တန့်အောင် စစ်ကောင်စိကို ဖိအားပေးပါ၊ ဒီလိုဆောင်ရွက်ပေးနိုင်ရင် ကုလနဲ့ အာဆီယံအပေါ် မြန်မာလူထုက ယုံကြည်မှု ရှိလာနိုင်ပါတယ်” လို့ အရပ်ဘက်အဖွဲ့အစည်းတခုဖြစ်တဲ့ ရှေ့ပြေးအသံ (Progressive Voice) အဖွဲ့က ဒေါ်ခင်ဥမ္မာက ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှု အပါအဝင် စစ်ကောင်စီရဲ့ အကြမ်းဖက် ရက်စက်မှုတွေကို နိုင်ငံတကာက ဘာမှ မတားဆီးနိုင်ဘူးလား၊ မြန်မာလူထုရဲ့ ဒုက္ခကို နိုင်ငံတကာ အသိုက်အဝန်းက ဘာမှ မကူဘဲ ဒီအတိုင်း လျစ်လျူရှုထားသလို ဖြစ်နေသလား... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ ...

- လူသားချင်း စာနာမှု အကူအညီအတွက် အာဆီယံက ဘယ်လိုစဉ်းစားနေသလဲ ...

- NDAA ဥပဒေ (အမေရိကန် အမျိုးသားကာကွယ်ရေးဥပဒေ) အရ ပေးမယ်ဆိုတဲ့ အကူအညီတွေက အခု ဘယ်လို အနေအထားမှာ ရှိနေသလဲ ...

- စစ်ပြေး ဒုက္ခသည်တွေက ကုလသမဂ္ဂနဲ့ အာဆီယံအပေါ် ဘာများ မျှော်လင့်စရာ ရှိဦးမလဲ...

စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Friday, May 12, 2023

“ထိုင်းစစ်တပ်က လိုသလောက်ပဲယူပြီး မြန်မာစစ်တပ်ကတော့ အဆုံးထိနှိုက်တယ်လို့ ...


“ထိုင်းစစ်တပ်က လိုသလောက်ပဲယူပြီး မြန်မာစစ်တပ်ကတော့ အဆုံးထိနှိုက်တယ်လို့ ထင်ပါတယ်”

- ဦးအောင်သူငြိမ်း (နိုင်ငံရေး လေ့လာသုံးသပ်သူ)

(၁၃- ၅- ၂၀၂၃)

“ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံထက် စစ်တပ်အာဏာသိမ်းမှု ပိုများပေမယ့် ထိုင်းစစ်တပ်ဟာ သူလိုချင်တဲ့ စစ်တပ်လုပ်ပိုင်ခွင့်အာဏာလောက်ပဲယူပြီး နိုင်ငံရေး၊ စီးပွားရေးလုပ်ငန်းတွေမှာ ဝင်မရှုပ်ဘူး။ မြန်မာစစ်တပ်ကတော့ အာဏာသိမ်းရင် အခြေခံဥပဒေ ပြဌဏ်းတာ၊ ခေတ်ပြောင်းတော်လှန်ရေးကြေညာတာ၊ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး စသဖြင့် ရှိသမျှနေရာစုံ၊ အဆုံးအထိနှိုက်လေ့ရှိတယ်” လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးအောင်သူငြိမ်းကပြောပါတယ်။

ထိုင်းနိုင်ငံမှာ မနက်ဖန် (မေလ ၁၄ ရက်) ကျင်းပမယ့် ရွေးကောက်ပွဲဟာ စစ်တပ်လွှမ်းမိုးမှုကနေ ဒီမိုကရက်တစ် လူငယ်တွေဆီ အာဏာလွဲပေးမယ့် လက္ခဏာလား၊ ထိုင်းစစ်တပ်နဲ့ မြန်မာစစ်တပ် ဘာကွာသလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက်မှာ ...

- ထိုင်းရွေးကောက်ပွဲဟာ စစ်တပ်လွှမ်းမိုးမှုကနေ ဒီမိုကရက်တစ် လူငယ်တွေဆီ အာဏာလွဲပေးမယ့် လက္ခဏာလား...

- စစ်တပ်လိုလားတဲ့ပါတီနဲ့ လူငယ်တွေဦးဆောင်တဲ့ပါတီတွေ ဘယ်လိုအကြိတ်အနယ်ပြိုင်ကြမလဲ...

- အာဏာသိမ်းတာချင်းအတူတူ ထိုင်းစစ်တပ်နဲ့ မြန်မာစစ်တပ် ဘာကွာသလဲ...

- ထိုင်း ရွေးကောက်ပွဲရလာဒ်က မြန်မာနိုင်ငံသားတွေအပေါ် ဘယ်လို အကျိုးသက်ရောက်မှုရှိစေနိုင်သလဲ...

စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

“စစ်ကောင်စီကို ဗဟိုထားပြီး စဉ်းစားနေရင် အဖြေရှာတာမဟုတ်ပဲ စကစ အားပေးဖြစ်သ...



“စစ်ကောင်စီကို ဗဟိုထားပြီး စဉ်းစားနေရင် အဖြေရှာတာမဟုတ်ပဲ စကစ အားပေးဖြစ်သွားနိုင်ပါတယ်”

- ဒေါ်ခင်ဥမ္မာ (ရှေ့ပြေးအသံအဖွဲ့-  Progressive Voice)

(၁၂- ၅- ၂၀၂၃)

“အာဆီယံအနေနဲ့ စစ်ကောင်စီကို ဗဟိုထားစဉ်းစားပြီး စစ်ကောင်စီလက်အောက်ခံအဖွဲ့တွေနဲ့ လူသားချင်းစာနာတဲ့အကူအညီပေးရေးဆောင်ရွက်မယ်ဆိုရင် ဒါဟာ မြန်မာ့ပြသာနာကို အဖြေရှာတာမဟုတ်ပဲ စစ်အုပ်ချုပ်ရေးအသက်ရှည်အောင် အားပေးသလိုဖြစ်သွားနိုင်တယ်” လို့ အရပ်ဖက်အဖွဲ့အစည်းတခုဖြစ်တဲ့ ရှေ့ပြေးအသံ (Progressive Voice) အဖွဲ့က ဒေါ်ခင်ဥမ္မာကပြောပါတယ်။

အင်ဒိုနီးရှားမှာ ၃ ရက်တာကျင်းပတဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးအပြီး ဘာတွေထူးသလဲ၊ မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှုအကူအညီတွေ ရလာနိုင်သလား... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ပထမပိုင်းမှာ ...

- အာဆီယံ ထိပ်သီးအစည်းအဝေးက မြန်မာနိုင်ငံအတွက် ဘာတွေထူးသလဲ...

- အကြိမ် ၆၀ ကျော် လျှို့ဝှက်ဆွေနွေးမှူတွေက ဘယ်လိုရလာဒ်တွေ ထွက်လာခဲ့သလဲ...

- လူသားစာနာအကူအညီပေးရေးအတွက် စစ်ကောင်စီနဲ့ လက်တွဲဆောင်ရွက်မှာလား... တကယ့်စစ်ပြေးတွေက ပေးဖို့ မစဉ်စားဘူးလား...

စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အမေရိကန်ရဲ့ NDAA ဥပဒေအရပေးမယ့်အကူအညီတွေ ဘယ်အနေအထားရှိနေပြီလဲ... ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ညပိုင်းမှာ ထုတ်လွှင့်ပါမယ်။ မနက်ဖန် မနက်ပိုင်းမှာတော့ ထိုင်းစစ်တပ်နဲ့ မြန်မာစစ်တပ်ဘာကွာသလဲ...ပါဝင်တဲ့ ထိုင်းရွေးကောက်ပွဲအကြောင်း ဦးအောင်သူငြိမ်းနှင့် မေးမြန်းချက်ကို ထုတ်လွှင့်မှာဖြစ်ပါတယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Thursday, May 11, 2023

“စစ်ကောင်စီနဲ့ လည်ပင်းဖက်ဖို့ပြင်နေတဲ့ တရုတ်ကို လူထုက ဆန္ဒပြကန့်ကွက်တာ တ...



“စစ်ကောင်စီနဲ့ လည်ပင်းဖက်ဖို့ပြင်နေတဲ့ တရုတ်ကို လူထုက ဆန္ဒပြကန့်ကွက်တာ တွေ့နေရပါတယ်”

- ဦးသန်းစိုးနိုင် (နိုင်ငံရေး စစ်ရေး ဆန်းစစ်ဝေဖန်သူ)

(၁၂- ၅- ၂၀၂၃)

“မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေကို နွေဦးတော်လှန်ရေးထဲမပါဖို့ သတိပေးတာ၊ စစ်ကောင်စီကို အားပေးထောက်ခံတာတွေအတွက် မြန်မာလူထုက တရုတ်အစိုးရကို ဆန္ဒပြကန့်ကွက်နေပြီ၊ ဒီလိုနိုင်ငံရေးအရ ဖိအားပေးတာမျိုးဟာ ဒီအချိန်မှာ တကယ်လိုအပ်တယ်” လို့ နိုင်ငံရေး-စစ်ရေး ဝေဖန်ဆန်းစစ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးရဲ့ နေပြည်တော်ခရီးစဉ်အတွင်း စစ်ကောင်စီကို ထောက်ခံကြောင်းပြောပြီးတဲ့နောက် အညာဒေသမှာ နေစဉ်လိုလိုတွေ့နေရတဲ့ တရုတ်ဆန့်ကျင်ရေး လူထုဆန္ဒပြပွဲတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ ...

- ERO ဆက်စပ်ဒေသမှာ ထိုးစစ်လုပ်နိုင်ခြေရှိပေမယ့် အညာစစ်မျက်နှာမှာတော့ ပျောက်ကြားစစ်ကို ဆက်သုံးရမယ့်အခြေအနေရှိနေဆဲလား...

- အညာဒေသမှာ ချေမှုန်းရေးလုပ်နိုင်တဲ့အဆင့်ရှိ တော်လှန်ရေးတပ်မတခု ပေါ်လာအောင် ဘယ်လိုဆောင်ရွက်သင့်သလဲ...

- တရုတ်အစိုးရ ဆန့်ကျင်ရေးဆန္ဒပြပွဲတွေ ဆက်တိုက်ဖြစ်ပေါ်နေတဲ့အတွက် စစ်ကောင်စီနဲ့ လည်ပင်းဖက်ဖို့ပြင်နေတဲ့မူဝါဒကို တရုတ်က ပြန်လည်သုံးသပ်လာနိုင်သလား...

စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

Wednesday, May 10, 2023

”ပြန်လှန်ထိုးစစ်လုပ်မယ်လို့ပြောတဲ့အချိန်နဲ့ မြောက်ပိုင်းအဖွဲ့တွေကို ငြိမ...



”ပြန်လှန်ထိုးစစ်လုပ်မယ်လို့ပြောတဲ့အချိန်နဲ့ မြောက်ပိုင်းအဖွဲ့တွေကို ငြိမ်နေတဲ့အချိန် တိုက်ဆိုင်နေတာဟာ အခက်အခဲဖြစ်စေနိုင်ပါတယ်”

- ဦးသန်းစိုးနိုင် (နိုင်ငံရေး - စစ်ရေး ဆန်းစစ်ဝေဖန်သူ)

(၁၁- ၅- ၂၀၂၃)

“အမျိုးသားညီညွတ်ရေးအစိုးရက တန်ပြန်ုထိုးစစ်အတွက် ပြင်ဆင်နေပြီလို့ ကြေညာတဲ့အချိန်နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေကို တိုက်ပွဲမှာမပါပဲ ကြားနေရမယ်လို့ တရုတ်က ဖိအားပေးတဲ့အချိန် တိုက်ဆိုင်နေတာဟာ ထိုးစစ်အတွက် တစုံတရာ အခက်အခဲဖြစ်စေနိုင်တယ်” လို့ နိုင်ငံရေး- စစ်ရေး ဝေဖန်ဆန်းစစ်သူ ဦးသန်းစိုးနိုင်ကပြောပါတယ်။

နေပြည်တော်က စစ်ကောင်စီအတွင်း လူအပြောင်းအလဲတွေဖြစ်လာနိုင်သလား၊ NUG ကပြောတဲ့ ခုခံစစ်ကနေ မျှခြေအဆင့်ကိုရောက်နေပြီ၊ မကြာခင်မှာ ထိုးစစ်ကိုသွားတော့မယ်ဆိုတာ ဘယ်လောက်ဖြစ်နိုင်ခြေရှိသလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ပထမပိုင်းမှာ ...

- ကာကွယ်ရေးဦးစီးချုပ်နေရာ အပြောင်းအလဲလုပ်နိုင်တယ်ဆိုတဲ့သတင်း ဘာကြောင့် ထွက်ပေါ်လာသလဲ...

- NUG က ကြေညာတဲ့ မကြာခင်မှာ ထိုးစစ်ကိုသွားတော့မယ်ဆိုတာ ဘယ်လောက်ဖြစ်နိုင်ခြေရှိသလဲ...

- ထိုးစစ်ကိုသွားမယ်လို့ကြေညာချိန်နဲ့ မြောက်ပိုင်းအဖွဲ့တွေကို တိုက်ပွဲမှာမပါပဲ ကြားနေရမယ်လို့ တရုတ်ကဖိအားပေးချိန် တိုက်ဆိုင်နေတာ ဘာကြောင့်လဲ...

- KNU အဖွဲ့အတွင်းခေါင်းဆောင်မှုအပြောင်းအလဲနဲ့ မန္တလေးတိုင်းအတွင်း တိုက်ပွဲတွေဖြစ်လာခြင်းက ထိုးစစ်ဆင်မယ်ဆိုတာကို အထောက်အကူဖြစ်စေနိုင်သလား...

စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အညာဒေသမှာ တရုတ်ဆန့်ကျင်ရေး လူထုဆန္ဒပြပွဲတွေဖြစ်လာနေတဲ့အတွက် စကစ အပေါ် ထောက်ခံရေးမူဝါဒကို တရုတ်ဖက်က ပြန်လည်သုံးသပ်စရာဖြစ်လာနိင်သလား... ဆွေးနွေးချက်ပါတဲ့ ဒုတိယပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

Monday, May 8, 2023

“မြန်မြန်အောင်မြင်ရေးအတွက် များများပါဝင်ပေးဖို့လိုပါတယ်”


“မြန်မြန်အောင်မြင်ရေးအတွက် များများပါဝင်ပေးဖို့လိုပါတယ်”

- ဗိုလ်နဂါး (ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ခေါင်းဆောင်၊ စစ်ကိုင်းတိုင်း)

(၈- ၅- ၂၀၂၃)

“စစ်အာဏာရှင်တွေကို အမြန်ဖြိုနိုင်ဖို့၊ တော်လှန်ရေးမြန်မြန်အောင်နိင်ဖို့ဆိုရင် လူထုရဲ့ပါဝင်မှုများများလိုအပ်တယ်။ လူတိုင်းက နိုင်တဲ့နေရာကနေ ပါဝင်ကူညီပံ့ပိုးပေးဖို့ လိုအပ်တယ်” လို့ စစ်ကိုင်းတိုင်း ပုလဲနယ်က ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်တဦးဖြစ်သူ ဗိုလ်နဂါးက ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ် (PDF) ၂ နှစ်တာ ကာလအတွင်းဆောင်ရွက်မှုတွေက အောင်ပွဲနဲ့ ဘယ်လောက်နီးလာပြီလဲ၊ စစ်ကောင်စီပြုတ်ကျဖို့ ဘယ်လောက်နီးလာပြီလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ ...

- လေကြောင်းရန် ကာကွယ်ရေးအတွက် ဘယ်လိုပြင်ဆင်နေကြသလဲ...

- ဒေသခံတော်လှန်ရေးတပ်တွေအားလုံးနဲ့ NUG အစိုးရကြား ပူးပေါင်းဆောင်ရွက်မှု အရှိန်ကောင်းလာနေပြီလား...

- ပြည်သူတွေကို ဒုက္ခတွင်းထဲကျအောင် တွန်းပို့ရင်းနဲ့ စစ်ကောင်စီကိုယ်တိုင် ဒုက္ခတွင်းထဲကျသွားတော့မလား...

- ပြည်သူတွေ များများပါဝင်မှ တော်လှန်ရေးမြန်မြန်အောင်မယ်လို့ ဘာကြောင့်ပြောတာလဲ...  

စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

Sunday, May 7, 2023

“သုညကနေ ၅၀% အထိတက်လာသူနဲ့ ၁၀၀ ကနေ ၅၀% အထိကျလာသူတို့ကြား အခြေအနေကို မျှခြ...



“သုညကနေ ၅၀% အထိတက်လာသူနဲ့ ၁၀၀ ကနေ ၅၀% အထိကျလာသူတို့ကြား အခြေအနေကို မျှခြေလို့ပြောမှာလား”

- ဗိုလ်နဂါး (ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ခေါင်းဆောင် - စစ်ကိုင်းတိုင်း)

(၇- ၅-၂၀၂၃)

“ဘာမှမရှိတဲ့ သုညဘဝကနေ တူမီးနဲ့စခဲ့တဲ့ တော်လှန်ရေးသမားတွေဖက်က ၅၀% အထိတိုးတက်လာပြီး ၁၀၀% အပြည့်ရှိနေတဲ့ စစ်တပ်က ၅၀% အထိကျလာတာကို ၅၀% စီတူနေပြီ၊ မျှခြေရှိနေပြီလို့ပြောမှာလား။ တော်လှန်ရေးအင်အားစုတွေဖက်က အသာရနေပြီလို့ပြောသင့်တယ်မဟုတ်လား” လို့ စစ်ကိုင်းတိုင်း ပုလဲနယ်က ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ခေါင်းဆောင်တဦးဖြစ်သူ ဗိုလ်နဂါးက မေးခွန်းထုတ်ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ် (PDF) ၂ နှစ်တာကာလအတွင်း ဆောင်ရွက်နိုင်မှုတွေဟာ ခုခံစစ်ကနေ မျှခြေအဆင့်ကိုရောက်လာပြီ၊ မကြာခင်မှာ ထိုးစစ်အသွင်သွားနိုင်တော့မယ်ဆိုတာဟာ သီအိုရီအရ မှန်ကောင်းမှန်ပေမယ့် လက်တွေ့အရ အညာဒေသမှာ အကောင်ထည်ဖေါ်ဖို့ဖြစ်နိုင်-မနိုင်နဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ပထမပိုင်းမှာ ...

- စစ်ကိုင်းတိုင်းအတွင်းမှာ စခန်းသိမ်းတိုက်ပွဲတွေ ရှိလာနေပြီလား...

- အညာစစ်မျက်ရှိ တော်လှန်ရေးတပ်တွေရဲ့ လက်နက်၊ စုဖွဲ့မှု၊ တိုက်စွမ်းရည် ဘယ်လောက်တိုးတက်လာသလဲ...

- ယူနီဖောင်းမရှိ၊ အရပ်ဝတ်နဲ့တိုက်နေခြင်းက ပြည်သူတွေရဲ့မခံမရပ်နိုင်မှုကို ပြသနေခြင်းလား...

- တော်လှန်ရေးတပ်တွေက သုညကနေ ၅၀% အထိတက်လာပြီး စစ်တပ်က ၁၀၀ ကနေ ၅၀% အထိကျသွားတဲ့အတွက် ဒါကို မျှခြေရှိလာပြီလို့ပြောမလား... တော်လှန်ရေးတပ်တွေဖက်က အသာရနေပြီလို့ ပြောသင့်သလား...

စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

Saturday, May 6, 2023

“ခုခံစစ်ကိုကျော်ဖြတ်ပြီးလို့ မျှခြေအဆင့်ကိုရောက်နေပြီ၊ မကြာခင်မှာ ကြီးမာ...


“ခုခံစစ်ကိုကျော်ဖြတ်ပြီးလို့ မျှခြေအဆင့်ကိုရောက်နေပြီ၊ မကြာခင်မှာ ကြီးမားတဲ့ တိုးတက်မှုတွေ မြင်လာရဖို့ရှိပါတယ်”

- ဦးနိုင်ထူးအောင် (အတွင်းဝန် - ကာကွယ်ရေးဝန်ကြီးဌာန - NUG)

(၆- ၅ -၂၀၂၃)

“လက်ရှိ စစ်ရေးအနေအထားဟာ တော်လှန်ရေးတပ်တွေဖက်က မဟာဗျုဟာမြောက် ခုခံစစ်ကိုအောင်မြင်စွာကျော်ဖြတ်ပြီးလို့ မဟာဗျုဟာမြောက် မျှခြေအဆင့်ကိုရောက်နေပြီဖြစ်တယ်။ မကြာခင်မှာ ကြီးမားတဲ့ တိုးတက်မှုတွေ မြင်လာရဖို့ရှိပါတယ်” လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် ဦးနိုင်ထူးအောင်က ပြောပါတယ်။

မေ ၅ ရက်မှာ ကျရောက်တဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ၂ နှစ်ပြည့်နေ့မှာ လက်ရှိ စစ်ရေးအနေအထား ဘယ်လိုရှိသလဲ၊ ခုခံစစ်ကနေ တန်ပြန်ထိုးစစ်တက်နိုင်မယ့် အနေအထားရှိနေပြီလား... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ ...

- လေကြောင်းရန် ကာကွယ်ရေးအတွက် NUG က ဘာတွေဆောင်ရွက်နေသလဲ...

- C3C, J2C လို့ခေါ်တဲ့ ERO နဲ့ PDF တပ်တွေကြား ပူးပေါင်းဆောင်ရွက်မှု ဘယ်လောက်အထိ ခိုင်မာနေပြီလဲ...

- လက်နက်တပ်ဆင်ရေးက ပြည်သူ့အလှူငွေ တခုတည်းပေါ် မီခိုနေရဆဲလား...

- မဟာဗျုဟာမြောက်ခုခံစစ်ကိုကျော်လွန်လာပြီဆိုရင် တန်ပြန်ထိုးစစ် စတင်နိုင်ဖို့ အချိန်နီးလာပြီလား...

စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

Friday, May 5, 2023

“ဒုက္ခသည်စခန်းမှာမနေနိုင်လို့ အိမ်ပြန်ချင်တာဟာ စစ်ကောင်စီကို အသိအမှတ်ပြု...



“ဒုက္ခသည်စခန်းမှာမနေနိုင်လို့ အိမ်ပြန်ချင်တာဟာ စစ်ကောင်စီကို အသိအမှတ်ပြုတာ မဟုတ်ပါဘူး”

- ရိုနေဆန်းလွင် (ရိုဟင်ဂျာ လွတ်မြောက်ရေး ညွန့်ပေါင်းအဖွဲ့ )

(၆- ၅- ၂၀၂၃)

“အိမ်ပြန်ဖို့ပြင်နေတဲ့ ရိုဟင်ဂျာအချို့ဟာ လက်ရှိ စစ်ကောင်စီကို အသိအမှတ်ပြုတဲ့သဘောမဟုတ်ပဲ ဒုက္ခသည်စခန်းမှာ မနေချင်တော့လို့ပြန်ဖို့ပြင်ခြင်းသာဖြစ်တယ်ဆိုတာကို နားလည်စေချင်တယ်။ ဒီလိုပြန်လာတဲ့လူတွေထဲက အချို့ကို နေပြည်တော်ခေါ် မှတ်တမ်းယူပြီး ဒီလ ၂၄ ရက်နေ့ကျင်းပမယ့် ICJ တရားရုံးဆီ သက်သေအဖြစ်တင်ပြရာမှာ အသုံးချဖွယ်ရှိနေတယ်ဆိုတာကိုလည်း သိစေချင်တယ်” လို့ ရိုဟင်ဂျာ လွတ်မြောက်ရေး ညွန့်ပေါင်းအဖွဲ့ ပူးတွဲ တည်ထောင်သူ ရိုနေဆန်းလွင်က ပြောပါတယ်။

ဒုက္ခသည်တွေ ပြန်လာရေးအတွက် သောကြာနေ့က ဘင်္ဂလားဒေ့ရှ်ဘက်က ကိုယ်စားလှယ်အဖွဲ့တခု ရခိုင်ပြည်နယ်ကို လာရောက်လေ့လာတဲ့ အခြေအနေ အပါအဝင် ရိုဟင်ဂျာတွေရဲ့အခြေအနေကို BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ ...

- ရိုဟင်ဂျာအရေး ICJ မှာတရားစွဲဆိုထားမှု နောက်ဆုံးအခြေအနေ ဘယ်လိုရှိသလဲ...

- အခြားနိုင်ငံတွေ တရားစွဲထားမှုအခြေအနေကော ဘယ်လိုရှိသလဲ...

- စစ်တပ်အာဏာသိမ်းလို့ ပြည်နယ်-တိုင်း အတော်များများက လူတွေထွက်ပြေးနေရစဉ်မှာ ရိုဟင်ဂျာတွေ အိမ်ပြန်မယ်ဆိုတဲ့အပေါ် ဘယ်လိုပြောချင်သလဲ...

စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(ကြာသပတေး ညနေက မေးမြန်းထားချက် ဒုတိယ ပိုင်းဖြစ်ပါတယ်။ ဒီကနေ ညပိုင်းမှာတော့ PDF ၂ နှစ်ပြည့်ကာလအတွင်း ခုခံစစ်ကနေ ထိုးစစ်ကို တက်လှမ်းနိုင်တော့မလား...ပါဝင်တဲ့ MOD အတွင်းဝန်နဲ့မေးမြန်းချက် ဒုတိယ ပိုင်းကို ထုတ်လွှင့်ပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

“ပျောက်ကြားစစ်ကနေ ချေမှုန်းရေးစစ်ပွဲကိုတက်နိုင်ဖို့ ခြေလှမ်းပြင်နေတာ မြင...



“ပျောက်ကြားစစ်ကနေ ချေမှုန်းရေးစစ်ပွဲကိုတက်နိုင်ဖို့ ခြေလှမ်းပြင်နေတာ မြင်နိုင်ပါတယ်”

- ဦးနိုင်ထူးအောင် - (အတွင်းဝန် - ကာကွယ်ရေးဝန်ကြီးဌာန - အမျိုးသားညီညွတ်ရေးအစိုးရ)

(၅- ၅- ၂၀၂၃)

“ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အတော်များများဟာ အချိန်ယူလေ့ကျင့်ပြင်ဆင်နေပြီး တိုက်ပွဲစတာနဲ့ ပျောက်ကြားစနစ်မဟုတ်ပဲ conventional ချေမှုန်းရေးအဆင့်ကို တခါတည်းတန်းပြီး တိုက်နိုင်လာတာတွေ့နိုင်ပါတယ်။ သတင်းမထုတ်ပြန်သေးတဲ့ တိုက်ပွဲတွေ၊ လက်နက်တပ်ဆင်မှုတွေ အများကြီးရှိပါသေးတယ်” လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် ဦးနိုင်ထူးအောင်ကပြောပါတယ်။

ဒီနေ့ မေလ ၅ ရက်မှာကျရောက်တဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ၂ နှစ်ပြည့်နေ့မှာ ၂ နှစ်တာအတွင်း ထူးခြားတဲ့ဆောင်ရွက်နိုင်မှုတွေအကြောင်း BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ပထမပိုင်းမှာ ...

- PDF တပ်ရင်း ၃၀၀ ကျော်နဲ့ ပကဖ တပ်ဖွဲ့ ၂၅၀ ကျော် ဘယ်လိုစုဖွဲ့လှုပ်ရှားနေသလဲ...

- မန္တလေး-ရှမ်း အစပ်မှာဖြစ်ခဲ့တဲ့ ချေမှုန်းရေးုတိုက်ပွဲလိုမျိုး PDF တွေ ဖော်ဆောင်နိုင်နေပြီလား...

- ၂၀၂၃ ပထမ ၄ လ တိုက်ပွဲတွေအတွင်း စစ်ကောင်စီဖက်က ဘယ်လောက်အထိ ကျဆုံးမှုများနေသလဲ...

- အညာစစ်မျက်နှာက ရဲဘော်တွေအတွက် လက်နက်တပ်ဆင်နိုင်မှု အလားအလာ ဘယ်လိုရှိသလဲ...

စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(ခုခံစစ်ကနေ တန်ပြန်ထိုးစစ်အဆင့်ကို ဘယ်တော့တက်နိုင်မလဲ... ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန်ညမှာ ထုတ်လွှင့်ပေးပါမယ်။ ရိုဟင်ဂျာအရေး ဒုတိယ ပိုင်းကိုတော့ မနက်ဖန် မနက်မှာ ထုတ်လွှင့်ပေးဖို့ရှိနေပါတယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။)

Thursday, May 4, 2023

“နိုင်ငံတကာဖိအားကို မလွန်ဆန်နိုင်လို့ PR ကမ်ပိန်းတခုလို လုပ်နေတယ်လို့ မြ...


“နိုင်ငံတကာဖိအားကို မလွန်ဆန်နိုင်လို့ PR ကမ်ပိန်းတခုလို လုပ်နေတယ်လို့ မြင်ပါတယ်”

- ရိုနေဆန်းလွင် (ရိုဟင်ဂျာလွတ်မြောက်ရေးညွန့်ပေါင်းအဖွဲ့ )

(၄- ၅- ၂၀၂၃)

“ဘင်္ဂလားဒေ့ရှ်ဖက်ရောက်နေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို တကယ်ပြန်လာစေချင်ရင် တကယ်လာနိုင်အောင်လုပ်နိုင်တဲ့နည်းတွေရှိပေမယ့် အခုတော့ အဲလိုမလုပ်ပဲ ဟန်ပြလုပ်နေတယ်။ နိုင်ငံတကာဖိအားကို မလွန်ဆန်နိုင်လို့ ရိုဟင်ဂျာပြန်လက်ခံရေးလုပ်ငန်းစဉ်ကို PR ဝါဒဖြန့်ချီရေးအဖြစ်လုပ်နေတဲ့သဘောဖြစ်နေတယ်” လို့ ရိုဟင်ဂျာလွတ်မြောက်ရေး ညွန့်ပေါင်းအဖွဲ့ တည်ထောင်သူ ရိုနေဆန်းလွင် ကပြောပါတယ်။

ဒုက္ခသည်တွေပြန်လာရေးအတွက် မနက်ဖန် (သောကြာနေ့) ဘင်္ဂလားဒေ့ရှ်ဖက်က ကိုယ်စားလှယ်အဖွဲ့တခု ရခိုင်ပြည်နယ်ကို လာရောက်လေ့လာမယ့်အခြေအနေအပါဝင် ရိုဟင်ဂျာတွေရဲ့အခြေအနေကို BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ...

- မနက်ဖန်သွားမယ့် ကိုယ်စားလှယ်အဖွဲ့မှာ ဘယ်သူတွေပါနိုင်သလဲ...

- ဒီအဖွဲ့ပြန်လာရင် ဒုက္ခသည် ၁၀၀၀ တကယ်ပြန်နိုင်တော့မှာလား...

- ရခိုင်ပြည်နယ်ထဲက ဒုက္ခသည်စခန်းတွေအခြေအနေကော ဘယ်လိုရှိသလဲ...

- ဘူသီးတောင်ကနေ စစ်တွေသွားခွင့် လက်မှတ်ရရေးက အမေရိကန်ဗီဇာ ရရေးထက် ပိုခက်နေတယ်လို့ ဘာကြောင့်ပြောတာလဲ...

စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(ICJ မှာ တရားစွဲဆိုထားမှုအပါဝင် နိုင်ငံတကာဖက်က အရေးယူမှုတွေအကြောင်းပါဝင်တဲ့ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။)

Wednesday, May 3, 2023

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၂ နှစ်တာအတွင်း ဘာတွေဆောင်ရွက်နိုင်ခဲ့သလဲ...



အမျိုးသားညီညွတ်ရေးအစိုးရ (NUG)  ၂ နှစ်တာအတွင်း ဘာတွေဆောင်ရွက်နိုင်ခဲ့သလဲ...

(၃- ၅-၂၀၂၃)

“အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDF နဲ့ ERO ပူးပေါင်းတပ်တွေဟာ ခုခံစစ်ကနေ အပြန်အလှန် တိုက်နိုင်တဲ့အဆင့်ကိုရောက်နေပြီဖြစ်ပြီး မကြာခင်မှာ တန်ပြန်ထိုးစစ်ဆင်နိုင်တဲ့အဆင့်ကို တက်နိုင်အောင် ကြိုးစားနေတယ်” လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြောခွင့်ရပုဂ္ဂိုလ် ဦးနေဘုန်းလတ် ကပြောပါတယ်။

ဒီနေ့ညနေ ၄ နာရီကကျင်းပတဲ့ “အမျိုးသားညီညွတ်ရေးအစိုးရ (NUG)  ၂ နှစ်ပြည့် သတင်းစာရှင်းပွဲ” အတွင်း သူက အဲဒီလိုပြောသွားတာပါ။

အခုထုတ်လွှင့်မယ့် ဦးနေဘုန်းလတ်ရဲ့ ပြောကြားချက်ထဲမှာ...

- တော်လှန်ရေးတပ်တွေ အင်အားဘယ်လောက်ရှိပြီး ဘယ်လိုစုဖွဲ့ လှုပ်ရှားနေကြသလဲ...

- ခုခံစစ်ကနေ အပြန်အလှန်တိုက်တဲ့အဆင့်ရောက်နေပြီ၊ မကြာခင်မှာ တန်ပြန်ထိုးစစ်ကို သွားနိုင်မယ်လို့ ဘယ်အချက်တွေပေါ်အခြေခံပြောတာလဲ...

- ERO တပ်တွေနဲ့ ဘယ်လိုပူးပေါင်းဆောင်ရွက်နေသလဲ

- မြို့နယ် ဘယ်ခုလောက်ထိန်းချုပ်ပြီး အုပ်ချုပ်ရေးချ- ပညာ-ကျန်းမာ ဝန်ဆောင်မှုပေးနေသလဲ...

- ဘဏ္ဍငွေ ဘယ်လိုရှာဖွေ သုံးစွဲနေသလဲ...

စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Tuesday, May 2, 2023

“နိုင်ငံတကာ သတင်းလွတ်လပ်ခွင့်နေ့မှာ မြန်မာ့သတင်းလွတ်လပ်ခွင့်အခြေအနေ ဘယ်လိုရှိသလဲ”.

 “နိုင်ငံတကာ သတင်းလွတ်လပ်ခွင့်နေ့မှာ မြန်မာ့သတင်းလွတ်လပ်ခွင့်အခြေအနေ ဘယ်လိုရှိသလဲ”...


... အောက်ပါ ဓာတ်ပုံက ဒီနေ့ မြန်မာ့သတင်းလွတ်လပ်ခွင့်အခြေအနေကို ရှင်းပြပါလိမ့်မယ်...။



- ဒီဓာတ်ပုံဟာ ၂၀၁၉ ခုနှစ် ဒီနေ့ သတင်းလွတ်လပ်ခွင့်နေ့မှာ ရိုက်ထားတဲ့ပုံဖြစ်ပါတယ်။ ၂၀၁၉ ဟာ မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့်အပါဝင် ဒီမိုကရေစီအခွင့်ရေးတွေ၊ အခွင့်အလမ်းတွေ အထွန်းကားဆုံးကာလလို့ထင်ပါတယ်။ စာရေးသူကိုယ်တိုင်လည်း ပြည်ပကနေ ဌာနေကိုပြန်ပြီး ရန်ကုန် မြို့လယ်မှာ သတင်းတာဝန်တွေ ထမ်းဆောင်ခွင့်ရခဲ့တဲ့အချိန်ပေါ့...


- အခု ၂၀၂၃ မှာ ဒီပုံထဲက သတင်းသမား ၃ ဦး ဘယ်တွေရောက်ပြီး ဘာတွေလုပ်နေကြသလဲ...


-(၁)- The Voice အယ်ဒီတာချုပ် (အယ်ဒီတာချုပ်ဟောင်းမဟုတ်ပါ။ The Voice, 7 days အပါဝင် မြန်မာနိုင်ငံမှာ လူအဖတ်များဆုံး သတင်းစာတွေဟာ စစ်ကောင်စီအောက်မှာ ဘာမှလုပ်ခွင့်မရတဲ့အတွက် ဘာမှမလုပ်ပဲ ထုတ်ဝေမှုရပ်ထားတာဖြစ်ပါတယ်) ကိုကျော်မင်းဆွေဟာ မနေ့တနေ့ကပဲ အဖမ်းခံလိုက်ရပါတယ်။ ဖမ်းတဲ့အမှုက တပ်မတော် အကြည်ညိုပျက်အောင် လုပ်ဆောင်မှုတဲ့...။


ဘာများလုပ်မိလုပ်လဲ... ဆိုပြီးလိုက်ရှာတော့ ပဇီကြီးမှာ ကလေးတွေအသတ်ခံရမှုကို ဝမ်းနည်းကြောင့် FB မှာ ပရိုဖွိုင်ကို အနက်ရောင်လုပ်မှုတဲ့...။ ကဲ... ကလေးတွေ သေလို့ ဝမ်းနည်းကြောင်းပြောတာအဖြစ်လား... လူတွေသေတာကို ဝမ်းသာပေးရမှာလား...။ ဒီလို FB မှာ ပရိုဖွိုင် အနက်ရောင်ပြောင်းတာနဲ့ တပ်မတော်ကို ဘယ်လိုအကြည်ပျက်စေတာလဲ...


ဒါမျိုးမလုပ်ဖို့သတိပေးတဲ့အတွက် တပ်မတော်ကို ဂုဏ်သိက္ခာတက်အောင်၊ နိုင်ငံတကာ တပ်မတော်တွေလို ပရိုဖက်ရှင်နယ် တပ်မတော်အဖြစ်နေပါလို့ပြောတဲ့အတွက် တပ်မတော် သိက္ခာကျစရာမရှိပါ။


သိက္ခာချသူက လူသေလို့ ဝမ်းနည်းနေသူတွေမဟုတ်ဘူး။ လူသတ်မှုကျုးလွန်နေသူတွေသာဖြစ်ပါတယ်။ ပဇီကြီးကို ဗုံးကျဲတဲ့ လူသတ်သမားတွေကိုသာ ဖမ်းဆီးအရေးယူရမှာဖြစ်ပါတယ်။ ဒီလူတွေဗုံးကျဲလို့ တပ်မတော်ကို လူထုက ဆဲနေတာဖြစ်တယ်။ အဲဒီလူသတ်သမားတွေကသာ တပ်မတော်ကို အကြည်ညိုပျက်အောင်လုပ်နေတာဖြစ်တယ်... ဒါကို တပ်မတော် ခေါင်းဆောင်တွေမြင်ဖို့လိုတာပေါ့...။

----------


-(၂)- ကဗျာဆရာမောင်ဆောင်းခ- ကတော့ ရှင်းတယ်။ လက်နက်နဲ့အနိုင်ကျင့်ပြီး အာဏာသိမ်းတဲ့ စစ်တပ်ကို လက်နက်ကိုင်တော်လှန်မှရမယ်ဆိုတဲ့ ခံယူချက်နဲ့ ပထမ ဆုံး တောခိုတဲ့ ကဗျာဆရာဖြစ်တယ်။ ဒါက အသက်အရွယ်နဲ့လည်းဆိုင်မယ်ထင်ပါတယ်။ စာရေးသူတို့ ၂၀ ကျော်အရွယ်ကလည်း ဒီလမ်းကိုပဲ ရွေးချယ်ခဲ့ကြတာပါပဲ။ 


အခု မောင်ဆောင်းခက BPLA ဗမာပြည်လွတ်လပ်ရေးတပ်ရဲ့ စစ်ဦးစီးချုပ်အဖြစ် တာဝန်ယူနေပါတယ်။ ဒီနေ့ G-Z လူငယ်တွေ သောင်းနဲ့ သိန်းနဲ့ချီပြီး လက်နက်ကိုင်တော်လှန်ရေး ထဲရောက်နေကြတာဟာ ဒီနေ့ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေပဲဖြစ်ပါတယ်။


- (၃)- စာရေးသူဟာလည်း ဘာကောင်မှမဟုတ်ပေမယ့် ဒီနေ့ နွေဦးတော်လှန်ရေးမှာ ထောက်ပို့တပ်သားအဖြစ်အရေးကြီးလှတဲ့ ပြည်ပရောက် မြန်မာတွေကို တစုံတရာ ကိုယ်စားပြုတယ်လို့ထင်ပါတယ်။ ဒီနေ့ တော်လှန်ရေးဟာ နိုင်ငံတကာအကူအညီမရသေးတဲ့ အတွက် ပြည်ပရောက်မြန်မာတွေရဲ့အကူအညီနဲ့ အဓိကမောင်းနှင်နေရတယ် မဟုတ်ပါလား...

-------------


- ပြန်ချုပ်ရရင် ဒီနေ့ သတင်းလွတ်လပ်ခွင့်နေ့မှာ မြန်မာသတင်းသမားတွေရဲ့ အခြေအနေက ဒီလိုရှိပါတယ်။ သတင်းသမားအားလုံးမှာ ဒီ ၃ မျိုးပဲရှိတယ်လို့တော့ မဆိုလိုပါဘူး။


- ဒါပေမယ့် ဆိုလိုတာက တနိုင်ငံလုံးလွတ်လပ်ခွင့်မရှိပဲ စစ်အုပ်ချုပ်ရေးအောက်ရောက်နေစဉ်မှာ သတင်းလွတ်လပ်ခွင့်မရှိဘူးဆိုပြီး ပြောမနေနဲ့။ သတင်းလွတ်လပ်ခွင့် ရအောင် ဘယ်လိုလုပ်မလဲဆိုတာ ပြောပါ။ တနိုင်ငံလုံး လွတ်မြောက်အောင် ဘယ်လိုလုပ်မလဲဆိုတာကိုပြောပါ...။


- နိုင်ငံတကာ စံချိန်မီသတင်းသမားလိုလို၊ ဆန်းစစ်ဝေဖန်သူလိုလို လုပ်ပြီး “ဒီမိုကရေစီရဖို့အတွက် လက်နက်ကိုင်တိုက်တယ်ဆိုတာ သီအိုရီအရ မမှန်ဘူး” ဆိုပြီး ဆရာလာမလုပ်နဲ့။ သတင်းသမားတွေကိုယ်တိုင် လက်နက်ကိုင်အောင် ဘယ်သူတွေက တွန်းပို့ခဲ့တာလဲ...


- ငြိမ်းချမ်းရေးသမားလိုလို၊ အားလုံးကိုပျော်စေချင်သူလိုလိုနဲ့ လက်ရှိ စစ်တပ်ကို တရားဟောရင် ရနိုင်သေးတယ်လို့ထင်နေတဲ့ မိတ်ဆွေတချို့ပြောသလို...“ပြည်ပကနေပြီး လူငယ်တွေကို မြှောက်မပေးနဲ့၊ မင်းတို့ကောင်တွေလည်း တောထဲမှာဖြတ်သန်းဖူးတာပဲ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့အခြေအနေကိုလည်း သိတာပဲ။ လူငယ်တွေကို အဆုံးရှုံးမခံသင့်ဘူး” ဆိုပြီး တရားလာမဟောနဲ့။ ဒီလူငယ်တွေ တောထဲရောက်အောင် ဘယ်သူတွေက တွန်းပို့ခဲ့တာလဲ...


-အဲတော့... ကျနော်တို့လူငယ်ဘဝက ခေတ်စားခဲ့ဖူးတဲ့ ကဗျာတပုဒ်နဲ့ပဲ ဒီနေ့ သတင်းလွတ်လပ်ခွင့်အခြေအနေကို နိဂုံးချုပ်ချင်ပါတယ်...


-“ဆူးစူး၍ပင် အပ်နှင့်ထွင်သည် အသင်ဘာပြောချင်သနည်း"


ထက်အောင်ကျော်

၃- ၅- ၂၀၂၃။

================

“နိုင်ငံတကာရဲ့ကြားဝင်ညှိနှိုင်းမှုဟာ စစ်ကောင်စီအတွက်မဟုတ်ပဲ လူထုအတွက် ဖြ...



“နိုင်ငံတကာရဲ့ကြားဝင်ညှိနှိုင်းမှုဟာ စစ်ကောင်စီအတွက်မဟုတ်ပဲ လူထုအတွက် ဖြစ်ဖို့လိုပါတယ်”

- ဒေါက်တာတင့်ဆွေ (နိုင်ငံရေး ဆန်းစစ်ဝေဖန်သူ)

(၃- ၅- ၂၀၂၃)

“ကုလ အတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်းအပါဝင် နိုင်ငံတကာသံတမန်တွေရဲ့ မြန်မာ့အရေးကြားဝင်ဆောင်ရွက်မှုဟာ စစ်ကောင်စီအတွက်မဟုတ်ပဲ လူထုအတွက်ဖြစ်ဖို့လိုတယ်။ စစ်ကောင်စီဟာ အပြောင်းအလဲတခုအတွက် ခြေလှမ်းပြင်နေပုံရပေမယ့် အဲဒီခြေလှမ်းကို လူထုလိုလားတဲ့အတိုင်းဖြစ်လာအောင် တော်လှန်ရေးအင်အားစုတွေက ကြိုးစားဖို့ လိုတယ်” လို့ နိုင်ငံရေး ဆန်းစစ်ဝေဖန်သူ ဒေါက်တာတင့်ဆွေကပြောပါတယ်။

ကုလ အတွင်းရေးမှူူးချုပ်ဟောင်း ဘန်ကီမွန်းရဲ့ခရီးစဉ်အပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီး Qin Gan ပါ နေပြည်တော်ကိုရောက်နေတဲ့အတွက် နေပြည်တော်က စစ်ဗိုလ်ချုပ်တွေဟာ မူလရွေးကောက်ပွဲလမ်းကြောင်းအစား အခြားနည်းလမ်းအသစ်၊ ထွက်ပေါက်အသစ်တခုခုများ ရှာဖွေနေပြီလား...စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုပြောကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ ...

- သံတမန်တွေ ဆက်တိုက်လာနေခြင်းက နေပြည်တော်မှာ တခုခု ထူးခြားတော့မယ်ဆိုတဲ့ သင်္ကေတလား...

- တရုတ်သံတမန်တွေပါ ပါလာခြင်းက စစ်ကောင်စီဖက်က တခုခု လုပ်ပြမှရတော့မယ်ဆိုတာကို သတိပေးခြင်းလား....

- ဘန်ကီမွန်းပြောတဲ့ အကြမ်းဖက်မှုရပ်တန့်ရေးဆိုတာကို စစ်ကောင်စီက ဘယ်လောက်အထိ လိုက်နေပြီလဲ...

- ဦးသန်းရွှေနဲ့ ဦးသိန်းစိန်ကို ပွဲထုတ်လာခြင်းဟာ ၂၀၁၂ ထွက်ရပ်လမ်းကို ပြန်သွားချင်တဲ့ သဘောများလား...

- နိုင်ငံတကာသံတမန်တွေ ဆက်တိုက်လာနေချိန်မှာ တော်လှန်ရေးအင်အားစုတွေဖက်က ဘာလုပ်သင့်သလဲ...

စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

“လက်နက် ၂၀ နီးပါးသိမ်းနိုင်ခဲ့ပါတယ်၊ သူတို့ကတော့ သံချပ်ကာကား အပျက်ကို သယ...



“လက်နက် ၂၀ နီးပါးသိမ်းနိုင်ခဲ့ပါတယ်၊ သူတို့ကတော့ သံချပ်ကာကား အပျက်ကို သယ်ဖို့ကြိုးစားနေတယ်”

- ဆလိုင်းထက်နီ (ပြောခွင့်ရပုဂ္ဂိုလ် - ချင်းအမျိုးသားတပ်ဦး - CNF)

(၂- ၅- ၂၀၂၃)

“ဟားခါးမြို့ဝန်းကျင်က နေရာ ၃ ခုမှာ တပြိုင်တည်း တိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီဖက်က အကျအဆုံးများတဲ့အပြင် ၈၁-မမ၊ ၆၀-မမ အပါဝင် လက်နက်ကြီး လက်နက်ငယ် ၂၀ နီးပါး သိမ်းနိုင်ခဲ့တယ်၊ ဒါပေမယ့် စစ်ကောင်စီတပ်တွေက ဖျက်ဆီးခံရလိုက်ရတဲ့ သံချပ်ကာကားတွေကို အပျက်အတိုင်းပဲဖြစ်ဖြစ်၊ အခွံပဲဖြစ်ဖြစ် မရ ရအောင် ပြန်သယ်ဖို့ကြိုးစားနေတာတွေ့ရတယ်” လို့ ချင်းအမျိုးသားတပ်ဦး (CNF) ပြောခွင့်ရပုဂ္ဂိုလ် ဆလိုင်းထက်နီ ကပြောပါတယ်။

ချင်းပြည်နယ်မြို့တော် ဟားခါးနဲ့ ဖလမ်းကြား၊ ဟားခါးနဲ့ ကန့်ကောအကြား၊ ဟားခါးနဲ့ ထန်တလန်ကြားမှာတပြိုင်တည်းဖြစ်နေတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုပြောကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ ...

- တိုက်ပွဲ ၃ ခုအတွင်း စစ်ကောင်စီဖက်က ဘယ်လောက်အထိနာနေသလဲ...

- သံချပ်ကာကား အပျက်ကို ဘာကြောင့် လူအသေခံပြီး သယ်ဖို့ကြိုးစားနေတာလဲ...

- လေယာဉ်တွေက လက်နက်ကိုင်တပ်အချင်းချင်းမတိုက်ပဲ ရွာသားတွေကို တမင်ပစ်မှတ်ထား တိုက်ခိုက်နေတာလား...

- ဘန်ကီမွန်းနဲ့ တရုတ်ဝန်ကြီးတွေက စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေကို ရပ်တန့်အောင် ပြောနိုင်စွမ်းရှိပါ့မလား...

စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Share

Twitter Delicious Facebook Digg Stumbleupon Favorites More