Saturday, December 15, 2012

သူပုန္ေက်ာင္းသားတဦးရဲ့ မာရသြန္ခရီး ၃၀


မာနယ္ပေလာဌာနခ်ဳပ္ ကာကြယ္ေရးအတြက္ စစ္ကူလုိက္ျခင္း


မာနယ္ပေလာသုိ႔ စစ္ကူသြားဖုိ႔ အဆင္သင့္ျပင္ေနတဲ့ ၂၀၁ ဘက္မလိုက္မွ ရဲေဘာ္ ၂၅ ဦးအား ထီးခီးရွိ ABSDF မဟာမိတ္ဆက္ဆံေရး ႐ံုးေရွ႕တြင္ေတြ႔ရစဥ္
ပူးတြဲညီညြတ္ေရးေကာ္မီတီ၊ ဘက္မလုိက္ေကာ္မီတီ၊ DAB စစ္ေၾကာင္း၊ ABSDF တပ္ရင္းေတြၾကား ပူူးတဲြစစ္ေၾကာင္းေတြနဲ႔ က်ေနာ္တုိ႔တပ္ေတြ တနသၤာရီကမ္း႐ုိးတန္းတေလွ်ာက္ စည္း႐ံုးလႈပ္ရွားလုိ႔ အရွိန္ေကာင္းတုန္း ၁၉၉၂ အေစာပုိင္းမွာ မာနယ္ပေလာဌာနခ်ဳပ္ကေန သတင္းထူးတခု ၀င္လာပါတယ္။

၁၉၉၁ အေစာပုိင္းကတည္းက စတင္ခဲ့တဲ့ ျမန္မာစစ္တပ္ရဲ့ မာနာပေလာထုိးစစ္ဟာ တျဖည္းျဖည္းနဲ႔ အရွိန္ျမင့္လာေနၿပီး အခုဆုိရင္ မာနယ္ပေလာရဲ႕ အဓိက ခံစစ္ေၾကာင္းေတြျဖစ္တဲ့ ေနာ္တေတာင္ တန္းနဲ႔ ေခြးအိပ္ေတာင္၀န္းက်င္အထိ ေရာက္ေနၿပီ။ အခုမတ္လ ၂၇-တပ္မေတာ္ေန့အမွီ မာနယ္ပုေလာကုိသိမ္းနုိင္ဖုိ့အျပင္းအထန္ျကုိးစားေနတယ္။ ဌာနခ်ဳပ္၀န္းက်င္ရွိ KNU, ABSDF, NDF, DAB က တပ္ေတြ အားလုံးစုေပါင္း ခုခံတုိက္ခုိက္ေနတယ္။ ဒီတုိက္ပဲြမွာ မင္းသမီးစခန္းနဲ႔ ေတာင္ပုိင္းေဒသရွိ ABSDF တပ္ေတြလည္း ပါ၀င္ေစခ်င္တယ္ဆုိၿပီး သက္ဆုိင္ရာ ဗဟုိ ႏွစ္ခုကေန က်ေနာ္တုိ႔ ပူးတဲြညီညြတ္ေရး ေကာ္မီတီဆီ သတင္း၀င္လာတာ ျဖစ္ပါတယ္။


ဒီအတြက္ မာနယ္ပေလာ စစ္ကူပုိ႔ေရး က်ေနာ္တုိ႔ အေရးေပၚ ျပင္ဆင္ရပါတယ္။ ဒီကိစၥကုိ ပူးတြဲ ညီညြတ္ေရး ေကာ္မီတီအေနနဲ႔ တုိက္႐ုိက္တာ၀န္မရွိဘဲ သက္ဆုိင္ရာ ဗဟုိေတြအလုိက္ တာ၀န္ယူတာျဖစ္ေပမယ့္ က်ေနာ္တုိ႔ ဘက္မလုိက္တပ္ရင္း အေနနဲလည္း ဒီတုိက္ပြဲမွာ ပါ၀င္သင့္တယ္လုိ႔ ဆုံးျဖတ္ၿပီး တပ္ဖြဲ႔၀င္ ၂၅ ဦးပုိ႔မယ္လုိ႔ ဆုံးျဖတ္လုိက္ပါတယ္။ ကံေကာင္းတာကေတာ့ အဲဒီအခ်ိန္မွာ ကုိသီရိညြန္႔ (ဒုတိယအႀကိမ္ ညီလာခံကာလ ဗဟုိ တြဲဖက္အတြင္းေရးမႉး၊ ယခု အေမရိကန္) လႉဒါန္းထားတဲ့ ေျပာက္က်ား ယူနီေဖါင္းအသစ္ ၂၅ စုံရွိေနတာနဲ႔ ကြက္တိျဖစ္သြားပါတယ္။ မာနယ္ပုေလာ စစ္ေၾကာင္းအတြက္ က်ေနာ္တုိ႔စခန္းကေန တာ၀န္ေပးလုိက္သူေတြကေတာ့ အုပ္ခ်ဳပ္ေရးနဲ႔ မဟာမိတ္ဆက္ဆံေရးအတြက္ စခန္းေကာ္မတီ အတြင္းေရးမႉး ကိုမ်ဳိးသိန္းနဲ႔အဖြဲ႔၀င္ ဆရာဦးဟန္လင္း၊ စစ္ေၾကာင္းမႉးအျဖစ္ကေတာ့ တပ္ခြဲမႉးတဦးျဖစ္သူ ကိုမင္းေဇာ္သူတို႔ ျဖစ္ပါတယ္။

က်ေနာ္တုိ႔လုိပဲ တျခားတပ္ရင္းေတြကလည္း စစ္ကူေတြပုိ႔ၾကၿပီး အဲဒီထဲမွာ ၂၀၁၊ ၂၀၃ ကုိနုိင္ေအာင္တုိ႔ဘက္မွ တပ္ေရးဗုိလ္ႀကီး ကုိ၀င္းေအာင္ ဦးစီးတဲ့ ပူးတြဲတပ္စုတစု၊ ၂၀၁ ကိုမုိးသီးဇြန္တုိ႔ဘက္မွ တပ္ရင္းမႉး ကိုေက်ာ္ရ ဦးစီးတဲ့တပ္စုတစု၊ ေနာက္တခါ နတ္အိမ္ေတာင္စခန္း က်ၿပီးတဲ့ေနာက္ မင္းသမီးေဒသဆီ ေရာက္လာတဲ့ ၁၀၂ တပ္ရင္းမွ တပ္ရင္းမႉး ကိုဘေစာထြန္း ဦးစီးတဲ့ တပ္စုတစု၊ မာနယ္ပေလာေဒသဆီ စစ္ကူလုိက္ပါသြားပါတယ္။

ေခ်ေဂြဗားရားပုံစံ ဆံပင္ရွည္ထားတဲ့ ၁၀၂ တပ္ရင္းမႈး ကိုဘေစာထြန္းဟာ တပ္ဖြဲ႔၀င္ေတြၾကား ထူးထူးျခားျခား ေပၚလြင္ေနသူတဦးအျဖစ္ က်ေနာ္ သတိထားမိပါတယ္။ အားလုံးေပါင္းလုိက္ရင္ မင္းသမီးေဒသကေန မာနယ္ပုေလာဆီ စစ္ကူသြားတဲ့ ေက်ာင္းသားတပ္အင္အား ၁၂၁ ဦးရွိၿပီး စစ္ကူသြားတဲ့အခ်ိန္ကေတာ့ ၁၉၉၂ အေစာပုိင္း မတ္လလုိ႔ ထင္ပါတယ္။ ထီးခီးကေန ထုိင္းနယ္စပ္ကုိ ထရပ္ကားေတြနဲ႔ ေခၚသြားၿပီး ထုိင္းထဲ ေရာက္တဲ့အခါမွာေတာ့ ဘတ္စ္ကား ၃ စီးနဲ႔ မဲေဆာက္အထိ ေခၚသြားေၾကာင္း၊ အဲဒီကေန မာနယ္ပေလာအထိ တခါတည္း တန္းပုိ႔ေပးခဲ့ေၾကာင္း သိရပါတယ္။

အဲဒီေနာက္မွာေတာ့ က်ေနာ္တုိ႔လည္း ဘက္မလုိက္တပ္ရင္းနဲ႔ ပူးတြဲေကာ္မတီအလုပ္ေတြကို ဆက္လုပ္၊ DAB စစ္ေၾကာင္းတာ၀န္ေတြကုိ ဆက္လုပ္ရင္းနဲ႔ မာနယ္ပေလာဘက္္က အေျခအေနကုိ စက္သတင္းနဲ႔ ေရဒိီယုိသတင္းမွအပ ပုိမသိေတာ့ပါ။ အဲဒီကာလ သတင္းေတြအရဆုိရင္ န၀တတပ္ေတြက မာနယ္ပေလာကုိ အဓိက စစ္ေၾကာင္းႀကီး ၂ ခုနဲ႔ ထုိးလာတာျဖစ္ၿပီး တခုက ေရွ႕မွာတင္ျပခဲ့တဲ့ ေသာင္ရင္းျမစ္ကမ္းရွိ မဲသေ၀ါ ေတာင္တန္းအလြန္ ေနာ္တ ေတာင္ကုန္းဘက္ကနဲ႔ တျခားတခုကေတာ့ သံလြင္ျမစ္ဖက္ကေန တက္လာတဲ့ ထီြးပါ၀ီက်ဳိး ေခၚ ေခြးအိပ္ေတာင္ဘက္က စစ္ေၾကာင္းေတြျဖစ္ပါတယ္။

ဒီတုိက္ပဲြေတြအတြင္း KNU, ABSDF, NDF, DAB အပါ၀င္ မဟာမိတ္တပ္ေတြအားလုံး စစ္ေရးအရေရာ၊ နုိင္ငံေရးအရပါ စည္းလုံးညီညြတ္စြာနဲ႔ ခုခံတုိက္ခုိက္ခဲ့တဲ့အတြက္ န၀တဘက္က အက်အဆုံး အေတာ္မ်ားခဲ့တယ္လုိ႔ သိရပါတယ္။ ဒီလုိနဲ႔ ၁၉၉၂ ေမလမွာ ဗုိလ္ခ်ဳပ္မႉးႀကီးေစာေမာင္ကေန ဗုိလ္ခ်ဳပ္ႀကီးသန္းေရႊဆီ န၀တဥကၠ႒တာ၀န္ လြဲေျပာင္းခ်ိန္မွာ မာနယ္ပေလာထုိးစစ္ကုိ ရပ္ဆုိင္းလုိက္ေၾကာင္း စစ္ဆင္ေရးမႉး ဗုိလ္ခ်ဳပ္ေမာင္လွက ေၾကညာတာကို ေရဒီယုိကတဆင့္ က်ေနာ္တုိ႔ ၾကားလုိက္ရပါတယ္။

မာနယ္ပေလာသို႔ ဒုတိယခရီးစဥ္


၂၀၁ ဘက္မလုိက္မွ ရဲေဘာ္ ၂၅ ဦး မာနယ္ပုေလာသုိ႔ သြားနစဥ္
စစ္ပဲြေတြရဲ႕ထုံးစံအတုိင္း စစ္ကူလုိစဥ္တုန္းကေတာ့ မင္းသမီးအထိလာၿပီး ထရပ္ကားေတြ၊ ဘတ္စ္ကားေတြနဲ႔ အေသအခ်ာ လာေရာက္ႀကိဳဆုိေပးခဲ့ေပမယ့္ အခု စစ္ပဲြဲၿပီးတဲ့အခါမွာေတာ့ က်ေနာ္တုိ႔ ရဲေဘာ္ေတြကို ျပန္ပုိ႔ေပးေရးအစီစဥ္ KNU နဲ႔ DAB မွာ ရွိပုံမရပါ။ ေနာက္တခါ အေျခေနကလည္း န၀တစစ္ဆင္ေရးမႉး ဗိုလ္ခ်ဳပ္ေမာင္လွကေန ေနာ္တနဲ႔ထီးပါ၀ီက်ဳိးေဒသ စစ္ဆင္မႈကို ရပ္နားေၾကာင္း ေၾကညာတာ ရက္ပုိင္းပဲ ရွိေသးတယ္ဆုိေတာ့ တကယ္ရပ္တာလား၊ ျပန္တုိက္ဖုိ႔အတြက္ စစ္ပရိယာယ္သုံးၿပီး အခ်ိန္ဆဲြတာလား မသဲမကြဲျဖစ္ေနခ်ိန္မွာ တပ္ေတြျပန္ေခၚမွာကို တပ္ေပါင္းစုက ႀကိဳက္ပုံမရေသးပါ။

ဘယ္လုိပဲျဖစ္ျဖစ္ အဲဒီကာလအေျခေနအရ က်ေနာ္တုိ႔ဆီက ရဲေဘာ္ ၂၅ ဦးဟာ ၂၀၁ တပ္ရင္း ဘက္မလုိက္အဖြဲ႔ကုိ ကုိယ္စားျပဳၿပီးသြားတာျဖစ္လုိ႔ စစ္ပဲြၿပီးရင္ ဟုိမွာ ေနစရာထုိင္စရာမရွိ။ ဆုိလုိတာကေတာ့ ကုိနုိင္ေအာင္နဲ႔ ကိုမုိးသီးဇြန္တုိ႔ ဗဟုိလက္ေအာက္ခံတပ္ေတြဟာ စစ္ပဲြၿပီးရင္ သက္ဆုိင္ရာဗဟုိစခန္းေတြမွာ ဆက္ေနလုိ႔ရေပမယ့္ က်ေနာ္တုိ႔ ဘက္မလုိက္ရဲေဘာ္ေတြကို သူတုိ႔စခန္းမွာ လက္ခံထားနုိင္ မထားနုိင္ မေသခ်ာေသးပါ။ ဒီလုိနဲ႔ ရဲေဘာ္ ၂၅ ဦးကုိ တပ္ရင္းျပန္ေခၚေရးအတြက္ စခန္းေကာ္မတီကေန က်ေနာ့္ကုိ တာ၀န္ေပးတာေၾကာင့္ မာနယ္ပေလာဆီ ဒုတိယအေခါက္သြားဖုိ႔ အေျခေနေပၚလာျပန္ပါတယ္။

မေရာက္တာၾကာၿပီျဖစ္တဲ့ မာနယ္ပေလာကုိ ဘယ္လုိသြားရမွန္း က်ေနာ္မသိေသး။ ဘက္မလုိက္အဖြဲ႔ဆုိေတာ့ ၀င္ေငြလည္း သိပ္မရွိတဲ့အတြက္ ထုိင္းေထာက္လွမ္းေရးေတြနဲ႔ အဆက္သြယ္ျပတ္ေနၿပီး ခရီးသြားဖုိ႔ ေထာက္လွမ္းေရးလည္း မငွားနုိင္၊ ေထာက္လွမ္းေရး လက္မွတ္လည္း လုပ္မထားနုိင္တဲ့ အေျခအေနပါ။ ဒီလုိနဲ႔ ဘန္ေကာက္ကုိ ဒီတုိင္းတက္လာၿပီး ေတာ္လွန္ေရး႐ံုးေတြဆီ စုံစမ္းလုိက္ေတာ့ လူ႔ေဘာင္သစ္ ဒီမုိကရက္တစ္ပါတီ အတြင္းေရးမႉး ကိုေအာင္မုိးေဇာ္ (အခု ဥကၠ႒) မာနယ္ပေလာကုိ ဆင္းဖုိ႔ျပင္ေနတယ္။ သူနဲ႔ ကပ္လုိက္သြားလုိ႔ ရနုိင္တယ္ဆုိၿပီး သတင္းရပါတယ္။ ဒီလုိနဲ႔ ကုိေအာင္မုိးေဇာ္နဲ႔ က်ေနာ္ဟာ ဘန္ေကာက္၊ တာ့ခ္၊ မဲစရီယန္း၊ ေစာ္လဲထာ လမ္းေၾကာင္းကေန လုိင္းကားစီးၿပီး မယ္နယ္ပေလာဆီ ဆင္းလာေတာ့ လမ္းမွာ ဘာမွအစစ္ေဆးမရွိ။ ဒီလမ္းေၾကာင္းက ဘန္ေကာက္-မဲေဆာက္လမ္းထက္ ပုိေခ်ာင္ပုံရပါတယ္။

မာနယ္ပုေလာရွိ ABSDF ဗဟုိစခန္း

ဒါေပမယ့္ မဲစရီးယန္း-ေစာ္လဲထာလမ္းကအေတာ္ဆုိးပါတယ္။ မုိးဦးကာလဆုိေတာ့ ေခ်ာင္း႐ုိးတေလွ်ာက္ ေဖာက္ထားတဲ့ ဒီကားလမ္းဟာ ေရေတြႀကီးေနၿပီး မင္းသမီးေဒသက ထီးခီး-ထီးထားလမ္းလုိ ေခ်ာင္းေတြကို အတန္တန္ျဖတ္ၿပီး သြားေနရပါတယ္။ မုိးထဲေရထဲ လုိင္းကားစီးၿပီး ခရီးနွင္လာတဲ့ က်ေနာ္တုိ႔ ၂ ဦး ေစာလဲထာေရာက္ေတာ့ အယရင္လုိ ေစာလဲထာ-မာနယ္ပေလာ ေလွႀကံဳမရိွပါ။ တုိက္ပဲြၿပီးခါစမုိ႔ ကုန္သည္ေလွေတြ မသြားဘူးလုိ႔ ဆုိပါတယ္။

ဒါနဲ႔ ေလွတစီးကို ဘတ္ ၃၀၀ နဲ႔ ငွားေတာ့ ျမစ္ဆုံအထိပဲ လုိက္ပုိ႔နုိင္မယ္။ မယ္နယ္ပေလာဘက္မွာ တုိက္ပြဲသံၾကားေနရဆဲမုိ႔ အဲဒီအထိ မလုိက္ရဲဘူးလုိ႔ ေလွသမားက ေျပာပါတယ္။ ဒီလုိနဲ႔ ကိုေအာင္မုိးေဇာ္နဲ႔ က်ေနာ့္ကို ျမစ္ဆုံရဲ႕ ထုိင္းဘက္ကမ္းမွာ ခ်ေပးထားခဲ့ပါတယ္။ (သံလြင္နဲ႔ ေသာင္းရင္းျမစ္ဆုံတဲ့ ဒီျမစ္ဆုံရဲ႕ ျမန္မာဘက္ျခမ္းမွာေတာ့ ေစတီတဆူနဲ႔ ဘုန္းႀကီး ေက်ာင္းတေဆာင္ရွိၿပီး ေနာက္ပုိင္း DKBA စတင္ ေပၚေပါက္လာတဲ့ ေနရာျဖစ္ပါတယ္။)

ဒီကမ္းေပၚက Resort လုိလုိ စားေသာက္ဆုိင္လုိလုိ ေနရာကို ျမစ္ထဲက ျဖတ္သြားတုိင္း ျမင္ဖူးေပမယ့္ တခါမွ အေပၚမတက္ျဖစ္ပါ။ အခုေတာ့ မတက္မျဖစ္ အေျခေနအရ က်ေနာ္တုိ႔ ၂ ဦး အထုပ္ကိုယ္စီနဲ႔ တက္လာေတာ့ ဆုိင္ရွိေပမယ့္ စားစရာက အစုံအလင္မရွိ။ ထိုင္းေခါက္ဆြဲျပဳတ္ ေကြ႔တယို တပြဲစီ မွာစားရင္း ေလွႀကံဳေစာင့္ေပမယ့္ ဘာေလွမွ မလာတဲ့အတြက္ အဲဒိီျမစ္ဆုံမွာပဲ တညအိပ္လုိက္ရပါတယ္။
ေနာက္တေန႔မုိးလင္းေတာ့ ေလွႀကံဳတစီးရၿပီး မာနယ္ပေလာကို က်ေနာ္တုိ႔ေရာက္လာပါတယ္။ စစ္ပဲြၿပီးကာစ မာနယ္ပေလာဟာ တိတ္ဆိတ္ၿငိမ္သက္ေနၿပီး ဆုိင္ေတြလည္း တဆိုင္မွမဖြင့္ေသးပါ။

က်ေနာ္လည္း ဘယ္မွာဆင္းရမွန္း မသိတာနဲ႔ မာနယ္ပေလာဂိတ္ကုိ ေက်ာ္ၿပီး အေပၚဘက္ ၁၀ မိနစ္ေလာက္ ဆက္ေမာင္းရတဲ့ ေသာင္းရင္းျမစ္ေဘး ကုကၠိဳပင္ႀကီးေအာက္က ကိုေအာင္မုိးေဇာ္တုိ႔ရဲ႕ လူေဘာင္သစ္ဒီမုိကရက္တစ္ပါတီ ႐ံုးရွိရာအထိ လုိက္သြားခဲ့ပါတယ္။ တကယ္ေတာ့ ဒီ႐ံုးေတြရွိတဲ့ေနရာဟာေတြဟာ မာနယ္ပေလာရဲ့ ရပ္ကြက္သစ္ေတြလုိ႔ ေခၚဆုိနုိင္ၿပီး ၁၉၈၉ ခုႏွစ္ က်ေနာ္ ပထမေခါက္ မာနယ္ပေလာ ေရာက္စဥ္က ဒီေနရာေတြမွာ လူေဘာင္သစ္၊ NLD-LA, ရဟန္းပ်ဳိသမဂၢ႐ံုးေတြ မရွိေသးပါ။

မာနယ္ပေလာမွ ေနာ္တခံစစ္ေၾကာင္းသုိ႔



ေနာ္တစစ္မ်က္နွာဆီ သြားဖုိ႔ျပင္ေနတဲ့ ၂၀၁ ဘက္မလိုက္မွ တပ္ဖြဲ႔၀င္တခ်ဳိ႕
လူေဘာင္သစ္ပါတီဌာနခ်ဳပ္႐ံုးက ရဲေဘာ္ေတြကို ေမးရင္းျမန္းရင္းနဲ႔ သတင္းရတာက က်ေနာ့္စခန္းက အတြင္းေရးမႉးနဲ႔အဖြဲ႔ဟာ ကုိႏိုင္ေအာင္တုိ႔ ဗဟုိေကာ္မီတီ႐ံုးစုိက္ရာ ေလာကြားလူေတာင္ကုန္းဘက္မွာ ရွိေနတယ္လုိ႔ သိရပါတယ္။ ဒီေတာ့ အဲဒီ လူေဘာင္သစ္႐ံုးရွိရာဘက္ကေန ကခ်င္ကုန္း၊ DAB ႐ံုး၊ မဒတ႐ံုးေတြကို ျပန္ျဖတ္ၿပီး မာနယ္ပေလာရင္ျပင္ ေဘာလုံးကြင္းဘက္ကုိ တကုိယ္ေတာ္ လမ္းျပန္ေလွ်ာက္လာခဲ့ရပါတယ္။ စစ္ပဲြၿပီးကာစ မာနယ္ပေလာဟာ ေျခာက္ေျခာက္ကပ္ကပ္နဲ႔ စိတ္ထဲမွာ တမ်ဳိးႀကီးပါပဲ။ လူသံေတြ တိတ္ဆိတ္ေနၿပီး ထိန္႔လန္႔ခ်င္သလုိလုိနဲ႔။ မာနယ္ပေလာရင္ျပင္ထဲ ေရာက္ေတာ့လည္း အရင္လုိ လူသူေတြ သိပ္မေတြ႔ရ။ ႐ံုးခန္းေတြလည္း မဖြင့္ေသး။ ေတြ႔တဲ့လူကုိေမးၿပီး ကမ္းနားတေလွ်ာက္ နာရီ၀က္ဆက္ေလွ်ာက္လုိက္ေတာ့ ေက်ာင္းသား႐ံုးရွိရာ ေလာကြာလူကုန္းကုိ တန္းၿပီး ေရာက္သြားပါတယ္။

အဲဒီမွာ အတြင္းေရးမႉး ကုိမ်ဳိးသိန္းနဲ႔ ဦးဟန္လင္းကုိေတြ႔ရၿပီး သူတုိ႔တည္းတဲ့အေဆာင္ဟာ လက္နက္ႀကီးစထိလုိ႔ အမုိးနည္းနည္းၿပိဳေနၿပီး မုိးယုိေနတာကုိ ေတြ႔ရပါတယ္။ ဒါေပမယ့္ တုိက္ပဲြကာလအတြင္း လက္နက္ႀကီး အမ်ားစုဟာ ေလာကြားလူ အပါအ၀င္ မာနာပေလာစခန္းထဲ က်တာမဟုတ္ဘဲ စခန္းကိုေက်ာ္ၿပီး ထုိင္းနယ္ေျမထဲက်သြားတာက မ်ားတယ္လုိ႔ သိရပါတယ္။
ဒီေနရာဟာ ABSDF ၂ ျခမ္းမကြဲမီအထိ ဗဟုိဌာနခ်ဳပ္ ႐ံုးစုိက္ခဲ့တဲ့ေနရာျဖစ္ေပမယ့္ ဗဟုိအစည္းေ၀းခန္းမ တခု၊ ဘားတုိက္ ၂ ခု ၃ ခုသာရွိၿပီး ေနာက္တုိး ဗဟုိဌာနခ်ဳပ္ ၂ ခုေလာက္ သားနားျခင္း မရွိလွပါ။ တကယ္က ဒီေက်ာင္းသား႐ံုးဟာလည္း ရပ္ကြက္အသစ္ပါပဲ။ အယင္ ၁၉၈၉ ခုႏွစ္ က်ေနာ္ ေရာက္ဖူးတုန္းက ဒီေတာင္ကုန္းေပၚမွာ ဘာမွမရွိေသးပါ။

ေနာက္တရက္မွာေတာ့ ကုိမ်ဳိးသိန္း၊ ဦးဟန္လင္းတုိ႔နဲ႔ အေသခ်ာေဆြးေႏြးၿပီးတဲ့ေနာက္ က်ေနာ္တုိ႔ တပ္ေတြ ျပန္ေခၚနုိင္ေရးအတြက္ ေနာ္တစစ္ေၾကာင္းရွိ ေက်ာင္းသားတပ္ေတြကို တာ၀န္ယူထားသူ ကိုမုိးသီးဇြန္တုိ႔ ဗဟုိေကာ္မတီမွ အတြင္းေရးမႈး ၂ နဲ႔ စစ္ဦးစီးမႉးျဖစ္သူ ကုိမ်ဳိးသန္႔ သို႔မဟုတ္ အဲဒီကာလအေခၚ ဗုိလ္မႉးမ်ဳိးသန္႔ဆီ သြားေတြ႔ရပါတယ္။ ကုိနုိင္ေအာင္တုိ႔ ဗဟုိဖက္က ရဲေဘာ္အမ်ားစုကေတာ့ ေခြးအိပ္ေတာင္ဘက္မွာ တာ၀န္က်တယ္လုိ႔ သိရပါတယ္။ မာနယ္ပေလာရင္ျပင္ရဲ့ ယာဖက္ ကြန္မန္ဒုိကုန္းေဘးရွိ KNU ရဲ႕ နာမည္အႀကီးဆုံး ဗ်ဴဟာမႉး ဗုိလ္မႉးႀကီးေလာ၀ါဒီရဲ႕ ႐ံုးခန္းမွာ ကုိမ်ဳိးသန္႔ကုိ က်ေနာ္ ေတြ႔ရပါတယ္။

သူတုိ႔ ၂ ဦးစလုံး စစ္ယူနီေဖာင္းအျပည့္အစုံ ၀တ္ထားၿပီး ပစၥတုိေတြကိုလည္း ခါးမွာထုိးထားၾကပါတယ္။ ၿပီးေတာ့ သူတုိ႔ေရွ႕က စားပဲြမွာလည္း ေျမပုံေတြ၊ အိမ္ေျမာင္ေတြနဲ႔ဆုိေတာ့ စစ္ဆင္ေရးကိစၥ ေဆြးေႏြးေနပုံရပါတယ္။ ဗုိလ္မႉးေလာ၀ါဒီရဲ႕ ဗ်ဴဟာ႐ံုးဟာ အုတ္ေတြ၊ ကြ်န္းသစ္ေတြနဲ႔ အခုိင္မာေဆာက္ထားတဲ့ ၂ ထပ္ ႐ံုးခန္းျဖစ္ၿပီး မာနယ္ပေလာ စစ္ေရးျပကြင္းအပါ၀င္ ႐ံုးေတြ၊ အိမ္ေတြအားလုံးကို အေပၚစီးကေန လွမ္းျမင္နုိ္င္တဲ့အတြက္ ေရွ႕ပုိင္းမွာ က်ေနာ္တင္ျပခဲ့ဖူးတဲ့ ပဒုိ၀ီး လက္ဖက္ရည္ဆုိင္ထက္ ၂ ဆမက ႐ႈခင္းပုိေကာင္းတဲ့ ေနရာျဖစ္ပါတယ္။ စိမ္းျမျမနဲ႔ ေကြ႔ေကာက္စီးဆင္းေနတဲ့ ေသာင္ရင္းျမစ္၊ အဲဒီ ျမစ္ရဲ႕ ထုိင္းဘက္ကမ္းက ေတာအုပ္စိမ္းစိမ္း၊ ျမစ္ရဲ့ဒီဘက္ ျမန္မာဘက္ကမ္းက မာနယ္ပေလာ ေတာတြင္းၿမိဳ႕ေတာ္၊ ၿမိဳ႕ေတာ္ရဲ့ ေနာက္ေက်ာက ျမင့္မားတဲ့ ေနာ္ေဒးေတာင္တန္းႀကီး စသျဖင့္ သဘာ၀အလွအပကို ႐ႈစားရင္း စစ္ျဖစ္ေနတဲ့ေဒသဆုိတာကုိ ေခတၱေမ့သြားခဲ့ပါတယ္။

ထုံးစံအတုိင္း “၀ါလဲေဂး ဗုိလ္မႉး” ဆုိၿပီး ႏႈတ္ဆက္ရင္းနဲ႔ ဗုိလ္မႉးေလာ၀ါဒီကုိ လက္ဆဲြႏႈတ္ဆက္ပါတယ္။ ၿပီးေတာ့ (ဗုိလ္မႉး) ကုိမ်ဳိးသန္႔ကုိ လက္ဆဲြႏႈတ္ဆက္ပါတယ္။ (တကယ္က စစ္ဖက္ အရာရွိေတြကို လက္ဆဲြႏႈတ္ဆက္မယ့္အစား အေလးျပဳရမွာ အဲဒီအခ်ိန္က က်ေနာ္မသိလုိက္ပါ။) ကုိမ်ဳိးသန္႔ပုံက အရင္ နယ္ေျမေကာ္မတီေခတ္က အစည္းေ၀းေတြမွာ ေတြ႔ေနၾကပုံမ်ဳိး မဟုတ္ေတာ့။ တကယ့္ စစ္ဗုိ္လ္တဦးရဲ႕စတုိင္ကုိ ဖမ္းထားၿပီး ေလသံကအစ စစ္သံေပါက္ေနပါတယ္။ ေနာ္တမွာရွိတဲ့ က်ေနာ့္တပ္ေတြကို ျပန္ေခၚမယ္ေျပာေတာ့ အခ်ိန္ေစာေသးသလုိလုိ၊ စစ္ေရးကိစၥေတြကို ဘာမွမသိဘဲနဲ႔တပ္ ႐ုပ္ဖုိ႔ လာေျပာေနတဲ့လူလုိလုိ ဆက္ဆံခံလုိက္ရတယ္လုိ႔ က်ေနာ္စိတ္ထဲ ထင္မိၿပီး ေဆြးေႏြးမႈက သိပ္အဆင္မေျပလွပါ။

ကုိမ်ဳိးသန္႔နဲ႔ ေဆြးေႏြးမႈအၿပီးမွာေတာ့ ဒီဗ်ဳဟာ႐ံုးနဲ႔ ကြန္မန္ဒိုကုန္းရဲ႕ ေနာက္ေက်ာ ေတာင္ကုန္းေပၚမွာရွိတဲ့ ဥကၠ႒ ကိုမုိးသီးဇြန္တုိ႔ ဗဟုိေကာ္မီတီ႐ံုးစိုက္ရာ ေက်ာင္းသားစခန္းဆီ က်ေနာ္တုိ႔ေရာက္ခဲ့ပါတယ္။ ဒီစခန္းဟာ မာနယ္ပေလာစခန္းရဲ့ အျမင့္ဆုံးေနရာမွာ ရွိေနတယ္လုိ႔ စိတ္ထဲထင္မိၿပီး ေရွ႕မွာေျပာခဲ့တဲ့ ဗုိလ္မႉးေလာ၀ါဒီ ႐ံုးထက္ေတာင္မွ ျမင္ကြင္းပုိေကာင္းတဲ့ေနရာအျဖစ္ က်ေနာ္သတိ ထားမိပါတယ္။ ကုိမုိးသီးဇြန္တုိ႔ ဗဟုိ၀င္းထဲ ၀င္လုိက္ခ်င္း ပထမဆုံးတန္းၿပီး ျမင္လုိက္ရတာကေတာ့ “Revolution is our school, our university” (ေတာ္လွန္ေရးသည္ ငါတုိ႔ေက်ာင္း၊ ငါတုိ႔တကၠသိုလ္) ဆုိတဲ့ ဆုိင္းဘုတ္ျဖစ္ပါတယ္။

ဆုိင္းဘုတ္ရဲ႕ေနာက္မွာ ကြ်န္းသစ္အတုိအစေတြနဲ႔ ေဆာက္ထားတဲ့ ၂ ထပ္ေဆာင္တခု၊ အဲဒီအေဆာင္ရဲ့ေရွ႕မွာ စစ္ေရးျပကြင္း၊ စစ္ေရးျပကြင္းရဲ႕ ေဘးမွာေတာ့ ဥကၠ႒ရဲ႕ ႐ံုးခန္းနဲ႔ အစည္းေ၀းခန္းတဲြထားတဲ့ ေျမစုိက္႐ံုးခန္းေလးတခု၊ ၂ ထပ္အေဆာင္ရဲ႕ ေနာက္ေက်ာမွာ ဆက္သြယ္ေရးနဲ႔ ေဆးတပ္ဆြယ္ဌာန၊ စစ္ေရးျပကြင္းျပင္ရဲ႕ တျခားတဖက္မွာေတာ့ စားဖုိေဆာင္ေတြကို ေတြ႔ရပါတယ္။
စားဖုိေဆာင္ရဲ့ေဘးမွာေတာ့ ေရွ႕တန္းသြားနုိင္တဲ့ ကားလမ္းၾကမ္းတခုနဲ႔ ေတာင္ေပၚကေရကုိ သြယ္ယူထားတဲ့ ပလတ္စတစ္ပုိက္လုံးေတြကို ေတြ႔ရပါတယ္။ ကားလမ္းရဲ့ ဟုိဘက္ေတာင္ကုန္းတခုေပၚမွာေတာ့ ၂၀၈ တပ္ရင္း႐ံုးနဲ႔ ဘားတုိက္ေတြကုိ လွမ္းျမင္ေနရပါတယ္။ ဒီစခန္းေတြဟာလည္း ရပ္ကြက္အသစ္ေတြပါပဲ။ အရင္ ၁၉၈၉ တုန္းက ဒီေတာင္ကုန္းေတြဘက္မွာ KNU ကြန္မန္ဒုိစခန္းကလဲြရင္ တျခားဘာမွ က်ေနာ္မျမင္ဖူးခဲ့ပါ။

 ေနာ္တ ခံစစ္ေၾကာင္းမွာေတြ႔ရတဲ့ ၂၀၁ ဘက္မလုိက္ရဲေဘာ္တခ်ဳိ႔

ေနာက္တရက္မွာေတာ့ အမဲသား အပါ၀င္ မာနယ္ပေလာမွာ ၀ယ္လုိ႔ရနုိင္တဲ့ ရိကၡာေတြ၀ယ္ၿပီး က်ေနာ္တုိ႔ တပ္ေတြရွိရာ ေနာ္တစစ္မ်က္နွာဆီ စက္ေလွစီးၿပီး က်ေနာ္၊ ကုိမ်ဳိးသိန္းနဲ႔ ဦးဟန္လင္းတုိ႔အုပ္စု ေရာက္သြားပါတယ္။ စစ္ပဲြကရပ္ၿပီဆုိေပမဲ့ တပ္ေတြကဆုတ္ဖုိ႔ အဆင္သင့္မျဖစ္ေသး။ သစ္ပင္ႀကီးေတြနဲ႔ ၾကခတ္၀ါး႐ံု အနည္းအက်ဥ္းသာရွိတဲ့ ေတာင္ေပၚမွာ ကတုတ္က်င္းတူးၿပီး ေနရာယူထားတဲ့ရဲေဘာ္ေတြ၊ သူတုိ႔ကကုတ္ေတြရဲ႕ ဟုိေရွ႕ဘက္မွာေတာ့ ေတာတန္းနဲ႔ သစ္ပင္အုပ္ေတြ ျမင္ေနရၿပီး အဲဒီအထဲမွာ န၀တတပ္ေတြ ရွိေနဆဲလုိ႔ ဆုိပါတယ္။

၂ ဖက္ အပစ္ရပ္ထားတယ္ ဆုိေပမယ့္ န၀တဘက္က တပ္မဆုတ္ေသးတဲ့အတြက္ က်ေနာ္တုိ႔ဘက္ကလည္း ဆုတ္ဖုိ႔ခက္ေနဆဲ အေျခအေနမ်ိဳးပါ။ ဒီလုိနဲ႔ ကတုတ္က်င္းေတြ၊ ဆက္သြယ္ေရးေျမာင္းေတြထဲရွိ က်ေနာ္တုိ႔ စခန္းက ရဲေဘာ္ေတြနဲ႔ေတြဆုံ၊ က်ေနာ္တုိ႔တပ္ရင္းရဲ့ စစ္ေၾကာင္းမႉး ကုိမင္းေဇာ္သူနဲ႔ တပ္ျပန္႐ုပ္ေရး အေျခအေနေတြ ေဆြးေႏြးခဲ့ပါတယ္။ တခါ ေတာင္ပုိင္း နတ္အိမ္ေတာင္နဲ႔ မင္းသမီးေဒကေန က်ေနာ္တုိ႔ တပ္ေတြနဲ႔ အတူပါလာၿပီး အခု ေနာ္တမွာလည္း အတူတာ၀န္က်ေနတဲ့ ၁၀၂ တပ္ရင္းမႉး ကိုဘေစာထြန္းနဲ႔ ရဲေဘာ္ေတြရဲ႕ ကတုတ္က်င္းဆီလည္း က်ေနာ္တုိ႔ သြားေရာက္ စကားေျပာ ေဆြးေႏြးခဲ့ပါေသးတယ္။ မြန္းလြဲပုိင္းမွာေတာ့ က်ေနာ္တုိ႔အဖြဲ႔ ေနာ္တကေန မာနယ္ပေလာဆီ ျပန္လာခဲ့ပါတယ္။

========================================================

(အပိုင်း ၃၀)

ထက်အောင်ကျော် on May 17, 2012 4:59 pm
အောက်မေ့ဖွယ် / ဧရာဝတီ။

မာနယ်ပလောဌာနချုပ် ကာကွယ်ရေးအတွက် စစ်ကူလိုက်ခြင်း


မာနယ်ပလောသို့ စစ်ကူသွားဖို့ အဆင်သင့်ပြင်နေတဲ့ ၂၀၁ ဘက်မလိုက်မှ ရဲဘော် ၂၅ ဦးအား ထီးခီးရှိ ABSDF မဟာမိတ်ဆက်ဆံရေး ရုံးရှေ့တွင်တွေ့ရစဉ်
ပူးတွဲညီညွတ်ရေးကော်မီတီ၊ ဘက်မလိုက်ကော်မီတီ၊ DAB စစ်ကြောင်း၊ ABSDF တပ်ရင်းတွေကြား ပူူးတွဲစစ်ကြောင်းတွေနဲ့ ကျနော်တို့တပ်တွေ တနင်္သာရီကမ်းရိုးတန်းတလျှောက် စည်းရုံးလှုပ်ရှားလို့ အရှိန်ကောင်းတုန်း ၁၉၉၂ အစောပိုင်းမှာ မာနယ်ပလောဌာနချုပ်ကနေ သတင်းထူးတခု ဝင်လာပါတယ်။

၁၉၉၁ အစောပိုင်းကတည်းက စတင်ခဲ့တဲ့ မြန်မာစစ်တပ်ရဲ့ မာနာပလောထိုးစစ်ဟာ တဖြည်းဖြည်းနဲ့ အရှိန်မြင့်လာနေပြီး အခုဆိုရင် မာနယ်ပလောရဲ့ အဓိက ခံစစ်ကြောင်းတွေဖြစ်တဲ့ နော်တတောင် တန်းနဲ့ ခွေးအိပ်တောင်ဝန်းကျင်အထိ ရောက်နေပြီ။ အခုမတ်လ ၂၇-တပ်မတော်နေ့အမှီ မာနယ်ပုလောကိုသိမ်းနိုင်ဖို့အပြင်းအထန်ကြိုးစားနေတယ်။ ဌာနချုပ်ဝန်းကျင်ရှိ KNU, ABSDF, NDF, DAB က တပ်တွေ အားလုံးစုပေါင်း ခုခံတိုက်ခိုက်နေတယ်။ ဒီတိုက်ပွဲမှာ မင်းသမီးစခန်းနဲ့ တောင်ပိုင်းဒေသရှိ ABSDF တပ်တွေလည်း ပါဝင်စေချင်တယ်ဆိုပြီး သက်ဆိုင်ရာ ဗဟို နှစ်ခုကနေ ကျနော်တို့ ပူးတွဲညီညွတ်ရေး ကော်မီတီဆီ သတင်းဝင်လာတာ ဖြစ်ပါတယ်။


ဒီအတွက် မာနယ်ပလော စစ်ကူပို့ရေး ကျနော်တို့ အရေးပေါ် ပြင်ဆင်ရပါတယ်။ ဒီကိစ္စကို ပူးတွဲ ညီညွတ်ရေး ကော်မီတီအနေနဲ့ တိုက်ရိုက်တာဝန်မရှိဘဲ သက်ဆိုင်ရာ ဗဟိုတွေအလိုက် တာဝန်ယူတာဖြစ်ပေမယ့် ကျနော်တို့ ဘက်မလိုက်တပ်ရင်း အနေနဲလည်း ဒီတိုက်ပွဲမှာ ပါဝင်သင့်တယ်လို့ ဆုံးဖြတ်ပြီး တပ်ဖွဲ့ဝင် ၂၅ ဦးပို့မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ ကံကောင်းတာကတော့ အဲဒီအချိန်မှာ ကိုသီရိညွန့် (ဒုတိယအကြိမ် ညီလာခံကာလ ဗဟို တွဲဖက်အတွင်းရေးမှူး၊ ယခု အမေရိကန်) လှူဒါန်းထားတဲ့ ပြောက်ကျား ယူနီဖေါင်းအသစ် ၂၅ စုံရှိနေတာနဲ့ ကွက်တိဖြစ်သွားပါတယ်။ မာနယ်ပုလော စစ်ကြောင်းအတွက် ကျနော်တို့စခန်းကနေ တာဝန်ပေးလိုက်သူတွေကတော့ အုပ်ချုပ်ရေးနဲ့ မဟာမိတ်ဆက်ဆံရေးအတွက် စခန်းကော်မတီ အတွင်းရေးမှူး ကိုမျိုးသိန်းနဲ့အဖွဲ့ဝင် ဆရာဦးဟန်လင်း၊ စစ်ကြောင်းမှူးအဖြစ်ကတော့ တပ်ခွဲမှူးတဦးဖြစ်သူ ကိုမင်းဇော်သူတို့ ဖြစ်ပါတယ်။

ကျနော်တို့လိုပဲ တခြားတပ်ရင်းတွေကလည်း စစ်ကူတွေပို့ကြပြီး အဲဒီထဲမှာ ၂၀၁၊ ၂၀၃ ကိုနိုင်အောင်တို့ဘက်မှ တပ်ရေးဗိုလ်ကြီး ကိုဝင်းအောင် ဦးစီးတဲ့ ပူးတွဲတပ်စုတစု၊ ၂၀၁ ကိုမိုးသီးဇွန်တို့ဘက်မှ တပ်ရင်းမှူး ကိုကျော်ရ ဦးစီးတဲ့တပ်စုတစု၊ နောက်တခါ နတ်အိမ်တောင်စခန်း ကျပြီးတဲ့နောက် မင်းသမီးဒေသဆီ ရောက်လာတဲ့ ၁၀၂ တပ်ရင်းမှ တပ်ရင်းမှူး ကိုဘစောထွန်း ဦးစီးတဲ့ တပ်စုတစု၊ မာနယ်ပလောဒေသဆီ စစ်ကူလိုက်ပါသွားပါတယ်။

ချေဂွေဗားရားပုံစံ ဆံပင်ရှည်ထားတဲ့ ၁၀၂ တပ်ရင်းမှုး ကိုဘစောထွန်းဟာ တပ်ဖွဲ့ဝင်တွေကြား ထူးထူးခြားခြား ပေါ်လွင်နေသူတဦးအဖြစ် ကျနော် သတိထားမိပါတယ်။ အားလုံးပေါင်းလိုက်ရင် မင်းသမီးဒေသကနေ မာနယ်ပုလောဆီ စစ်ကူသွားတဲ့ ကျောင်းသားတပ်အင်အား ၁၂၁ ဦးရှိပြီး စစ်ကူသွားတဲ့အချိန်ကတော့ ၁၉၉၂ အစောပိုင်း မတ်လလို့ ထင်ပါတယ်။ ထီးခီးကနေ ထိုင်းနယ်စပ်ကို ထရပ်ကားတွေနဲ့ ခေါ်သွားပြီး ထိုင်းထဲ ရောက်တဲ့အခါမှာတော့ ဘတ်စ်ကား ၃ စီးနဲ့ မဲဆောက်အထိ ခေါ်သွားကြောင်း၊ အဲဒီကနေ မာနယ်ပလောအထိ တခါတည်း တန်းပို့ပေးခဲ့ကြောင်း သိရပါတယ်။

အဲဒီနောက်မှာတော့ ကျနော်တို့လည်း ဘက်မလိုက်တပ်ရင်းနဲ့ ပူးတွဲကော်မတီအလုပ်တွေကို ဆက်လုပ်၊ DAB စစ်ကြောင်းတာဝန်တွေကို ဆက်လုပ်ရင်းနဲ့ မာနယ်ပလောဘက်က အခြေအနေကို စက်သတင်းနဲ့ ရေဒီယိုသတင်းမှအပ ပိုမသိတော့ပါ။ အဲဒီကာလ သတင်းတွေအရဆိုရင် နဝတတပ်တွေက မာနယ်ပလောကို အဓိက စစ်ကြောင်းကြီး ၂ ခုနဲ့ ထိုးလာတာဖြစ်ပြီး တခုက ရှေ့မှာတင်ပြခဲ့တဲ့ သောင်ရင်းမြစ်ကမ်းရှိ မဲသဝေါ တောင်တန်းအလွန် နော်တ တောင်ကုန်းဘက်ကနဲ့ တခြားတခုကတော့ သံလွင်မြစ်ဖက်ကနေ တက်လာတဲ့ ထွီးပါဝီကျိုး ခေါ် ခွေးအိပ်တောင်ဘက်က စစ်ကြောင်းတွေဖြစ်ပါတယ်။

ဒီတိုက်ပွဲတွေအတွင်း KNU, ABSDF, NDF, DAB အပါဝင် မဟာမိတ်တပ်တွေအားလုံး စစ်ရေးအရရော၊ နိုင်ငံရေးအရပါ စည်းလုံးညီညွတ်စွာနဲ့ ခုခံတိုက်ခိုက်ခဲ့တဲ့အတွက် နဝတဘက်က အကျအဆုံး အတော်များခဲ့တယ်လို့ သိရပါတယ်။ ဒီလိုနဲ့ ၁၉၉၂ မေလမှာ ဗိုလ်ချုပ်မှူးကြီးစောမောင်ကနေ ဗိုလ်ချုပ်ကြီးသန်းရွှေဆီ နဝတဥက္ကဋ္ဌတာဝန် လွဲပြောင်းချိန်မှာ မာနယ်ပလောထိုးစစ်ကို ရပ်ဆိုင်းလိုက်ကြောင်း စစ်ဆင်ရေးမှူး ဗိုလ်ချုပ်မောင်လှက ကြေညာတာကို ရေဒီယိုကတဆင့် ကျနော်တို့ ကြားလိုက်ရပါတယ်။

မာနယ်ပလောသို့ ဒုတိယခရီးစဉ်



၂၀၁ ဘက်မလိုက်မှ ရဲဘော် ၂၅ ဦး မာနယ်ပုလောသို့ သွားနေစဉ်
စစ်ပွဲတွေရဲ့ထုံးစံအတိုင်း စစ်ကူလိုစဉ်တုန်းကတော့ မင်းသမီးအထိလာပြီး ထရပ်ကားတွေ၊ ဘတ်စ်ကားတွေနဲ့ အသေအချာ လာရောက်ကြိုဆိုပေးခဲ့ပေမယ့် အခု စစ်ပွဲပြီးတဲ့အခါမှာတော့ ကျနော်တို့ ရဲဘော်တွေကို ပြန်ပို့ပေးရေးအစီစဉ် KNU နဲ့ DAB မှာ ရှိပုံမရပါ။ နောက်တခါ အခြေနေကလည်း နဝတစစ်ဆင်ရေးမှူး ဗိုလ်ချုပ်မောင်လှကနေ နော်တနဲ့ထီးပါဝီကျိုးဒေသ စစ်ဆင်မှုကို ရပ်နားကြောင်း ကြေညာတာ ရက်ပိုင်းပဲ ရှိသေးတယ်ဆိုတော့ တကယ်ရပ်တာလား၊ ပြန်တိုက်ဖို့အတွက် စစ်ပရိယာယ်သုံးပြီး အချိန်ဆွဲတာလား မသဲမကွဲဖြစ်နေချိန်မှာ တပ်တွေပြန်ခေါ်မှာကို တပ်ပေါင်းစုက ကြိုက်ပုံမရသေးပါ။

ဘယ်လိုပဲဖြစ်ဖြစ် အဲဒီကာလအခြေနေအရ ကျနော်တို့ဆီက ရဲဘော် ၂၅ ဦးဟာ ၂၀၁ တပ်ရင်း ဘက်မလိုက်အဖွဲ့ကို ကိုယ်စားပြုပြီးသွားတာဖြစ်လို့ စစ်ပွဲပြီးရင် ဟိုမှာ နေစရာထိုင်စရာမရှိ။ ဆိုလိုတာကတော့ ကိုနိုင်အောင်နဲ့ ကိုမိုးသီးဇွန်တို့ ဗဟိုလက်အောက်ခံတပ်တွေဟာ စစ်ပွဲပြီးရင် သက်ဆိုင်ရာဗဟိုစခန်းတွေမှာ ဆက်နေလို့ရပေမယ့် ကျနော်တို့ ဘက်မလိုက်ရဲဘော်တွေကို သူတို့စခန်းမှာ လက်ခံထားနိုင် မထားနိုင် မသေချာသေးပါ။ ဒီလိုနဲ့ ရဲဘော် ၂၅ ဦးကို တပ်ရင်းပြန်ခေါ်ရေးအတွက် စခန်းကော်မတီကနေ ကျနော့်ကို တာဝန်ပေးတာကြောင့် မာနယ်ပလောဆီ ဒုတိယအခေါက်သွားဖို့ အခြေနေပေါ်လာပြန်ပါတယ်။

မရောက်တာကြာပြီဖြစ်တဲ့ မာနယ်ပလောကို ဘယ်လိုသွားရမှန်း ကျနော်မသိသေး။ ဘက်မလိုက်အဖွဲ့ဆိုတော့ ဝင်ငွေလည်း သိပ်မရှိတဲ့အတွက် ထိုင်းထောက်လှမ်းရေးတွေနဲ့ အဆက်သွယ်ပြတ်နေပြီး ခရီးသွားဖို့ ထောက်လှမ်းရေးလည်း မငှားနိုင်၊ ထောက်လှမ်းရေး လက်မှတ်လည်း လုပ်မထားနိုင်တဲ့ အခြေအနေပါ။ ဒီလိုနဲ့ ဘန်ကောက်ကို ဒီတိုင်းတက်လာပြီး တော်လှန်ရေးရုံးတွေဆီ စုံစမ်းလိုက်တော့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ အတွင်းရေးမှူး ကိုအောင်မိုးဇော် (အခု ဥက္ကဋ္ဌ) မာနယ်ပလောကို ဆင်းဖို့ပြင်နေတယ်။ သူနဲ့ ကပ်လိုက်သွားလို့ ရနိုင်တယ်ဆိုပြီး သတင်းရပါတယ်။ ဒီလိုနဲ့ ကိုအောင်မိုးဇော်နဲ့ ကျနော်ဟာ ဘန်ကောက်၊ တာ့ခ်၊ မဲစရီယန်း၊ စော်လဲထာ လမ်းကြောင်းကနေ လိုင်းကားစီးပြီး မယ်နယ်ပလောဆီ ဆင်းလာတော့ လမ်းမှာ ဘာမှအစစ်ဆေးမရှိ။ ဒီလမ်းကြောင်းက ဘန်ကောက်-မဲဆောက်လမ်းထက် ပိုချောင်ပုံရပါတယ်။


မာနယ်ပုလောရှိ ABSDF ဗဟိုစခန်း 

ဒါပေမယ့် မဲစရီးယန်း-စော်လဲထာလမ်းကအတော်ဆိုးပါတယ်။ မိုးဦးကာလဆိုတော့ ချောင်းရိုးတလျှောက် ဖောက်ထားတဲ့ ဒီကားလမ်းဟာ ရေတွေကြီးနေပြီး မင်းသမီးဒေသက ထီးခီး-ထီးထားလမ်းလို ချောင်းတွေကို အတန်တန်ဖြတ်ပြီး သွားနေရပါတယ်။ မိုးထဲရေထဲ လိုင်းကားစီးပြီး ခရီးနှင်လာတဲ့ ကျနော်တို့ ၂ ဦး စောလဲထာရောက်တော့ အယရင်လို စောလဲထာ-မာနယ်ပလော လှေကြုံမရှိပါ။ တိုက်ပွဲပြီးခါစမို့ ကုန်သည်လှေတွေ မသွားဘူးလို့ ဆိုပါတယ်။

ဒါနဲ့ လှေတစီးကို ဘတ် ၃၀၀ နဲ့ ငှားတော့ မြစ်ဆုံအထိပဲ လိုက်ပို့နိုင်မယ်။ မယ်နယ်ပလောဘက်မှာ တိုက်ပွဲသံကြားနေရဆဲမို့ အဲဒီအထိ မလိုက်ရဲဘူးလို့ လှေသမားက ပြောပါတယ်။ ဒီလိုနဲ့ ကိုအောင်မိုးဇော်နဲ့ ကျနော့်ကို မြစ်ဆုံရဲ့ ထိုင်းဘက်ကမ်းမှာ ချပေးထားခဲ့ပါတယ်။ (သံလွင်နဲ့ သောင်းရင်းမြစ်ဆုံတဲ့ ဒီမြစ်ဆုံရဲ့ မြန်မာဘက်ခြမ်းမှာတော့ စေတီတဆူနဲ့ ဘုန်းကြီး ကျောင်းတဆောင်ရှိပြီး နောက်ပိုင်း DKBA စတင် ပေါ်ပေါက်လာတဲ့ နေရာဖြစ်ပါတယ်။)

ဒီကမ်းပေါ်က Resort လိုလို စားသောက်ဆိုင်လိုလို နေရာကို မြစ်ထဲက ဖြတ်သွားတိုင်း မြင်ဖူးပေမယ့် တခါမှ အပေါ်မတက်ဖြစ်ပါ။ အခုတော့ မတက်မဖြစ် အခြေနေအရ ကျနော်တို့ ၂ ဦး အထုပ်ကိုယ်စီနဲ့ တက်လာတော့ ဆိုင်ရှိပေမယ့် စားစရာက အစုံအလင်မရှိ။ ထိုင်းခေါက်ဆွဲပြုတ် ကွေ့တယို တပွဲစီ မှာစားရင်း လှေကြုံစောင့်ပေမယ့် ဘာလှေမှ မလာတဲ့အတွက် အဲဒီမြစ်ဆုံမှာပဲ တညအိပ်လိုက်ရပါတယ်။
နောက်တနေ့မိုးလင်းတော့ လှေကြုံတစီးရပြီး မာနယ်ပလောကို ကျနော်တို့ရောက်လာပါတယ်။ စစ်ပွဲပြီးကာစ မာနယ်ပလောဟာ တိတ်ဆိတ်ငြိမ်သက်နေပြီး ဆိုင်တွေလည်း တဆိုင်မှမဖွင့်သေးပါ။

ကျနော်လည်း ဘယ်မှာဆင်းရမှန်း မသိတာနဲ့ မာနယ်ပလောဂိတ်ကို ကျော်ပြီး အပေါ်ဘက် ၁၀ မိနစ်လောက် ဆက်မောင်းရတဲ့ သောင်းရင်းမြစ်ဘေး ကုက္ကိုပင်ကြီးအောက်က ကိုအောင်မိုးဇော်တို့ရဲ့ လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ရုံးရှိရာအထိ လိုက်သွားခဲ့ပါတယ်။ တကယ်တော့ ဒီရုံးတွေရှိတဲ့နေရာဟာတွေဟာ မာနယ်ပလောရဲ့ ရပ်ကွက်သစ်တွေလို့ ခေါ်ဆိုနိုင်ပြီး ၁၉၈၉ ခုနှစ် ကျနော် ပထမခေါက် မာနယ်ပလော ရောက်စဉ်က ဒီနေရာတွေမှာ လူဘောင်သစ်၊ NLD-LA, ရဟန်းပျိုသမဂ္ဂရုံးတွေ မရှိသေးပါ။

မာနယ်ပလောမှ နော်တခံစစ်ကြောင်းသို့




နော်တစစ်မျက်နှာဆီ သွားဖို့ပြင်နေတဲ့ ၂၀၁ ဘက်မလိုက်မှ တပ်ဖွဲ့ဝင်တချို့
လူဘောင်သစ်ပါတီဌာနချုပ်ရုံးက ရဲဘော်တွေကို မေးရင်းမြန်းရင်းနဲ့ သတင်းရတာက ကျနော့်စခန်းက အတွင်းရေးမှူးနဲ့အဖွဲ့ဟာ ကိုနိုင်အောင်တို့ ဗဟိုကော်မီတီရုံးစိုက်ရာ လောကွားလူတောင်ကုန်းဘက်မှာ ရှိနေတယ်လို့ သိရပါတယ်။ ဒီတော့ အဲဒီ လူဘောင်သစ်ရုံးရှိရာဘက်ကနေ ကချင်ကုန်း၊ DAB ရုံး၊ မဒတရုံးတွေကို ပြန်ဖြတ်ပြီး မာနယ်ပလောရင်ပြင် ဘောလုံးကွင်းဘက်ကို တကိုယ်တော် လမ်းပြန်လျှောက်လာခဲ့ရပါတယ်။ စစ်ပွဲပြီးကာစ မာနယ်ပလောဟာ ခြောက်ခြောက်ကပ်ကပ်နဲ့ စိတ်ထဲမှာ တမျိုးကြီးပါပဲ။ လူသံတွေ တိတ်ဆိတ်နေပြီး ထိန့်လန့်ချင်သလိုလိုနဲ့။ မာနယ်ပလောရင်ပြင်ထဲ ရောက်တော့လည်း အရင်လို လူသူတွေ သိပ်မတွေ့ရ။ ရုံးခန်းတွေလည်း မဖွင့်သေး။ တွေ့တဲ့လူကိုမေးပြီး ကမ်းနားတလျှောက် နာရီဝက်ဆက်လျှောက်လိုက်တော့ ကျောင်းသားရုံးရှိရာ လောကွာလူကုန်းကို တန်းပြီး ရောက်သွားပါတယ်။

အဲဒီမှာ အတွင်းရေးမှူး ကိုမျိုးသိန်းနဲ့ ဦးဟန်လင်းကိုတွေ့ရပြီး သူတို့တည်းတဲ့အဆောင်ဟာ လက်နက်ကြီးစထိလို့ အမိုးနည်းနည်းပြိုနေပြီး မိုးယိုနေတာကို တွေ့ရပါတယ်။ ဒါပေမယ့် တိုက်ပွဲကာလအတွင်း လက်နက်ကြီး အများစုဟာ လောကွားလူ အပါအဝင် မာနာပလောစခန်းထဲ ကျတာမဟုတ်ဘဲ စခန်းကိုကျော်ပြီး ထိုင်းနယ်မြေထဲကျသွားတာက များတယ်လို့ သိရပါတယ်။
ဒီနေရာဟာ ABSDF ၂ ခြမ်းမကွဲမီအထိ ဗဟိုဌာနချုပ် ရုံးစိုက်ခဲ့တဲ့နေရာဖြစ်ပေမယ့် ဗဟိုအစည်းဝေးခန်းမ တခု၊ ဘားတိုက် ၂ ခု ၃ ခုသာရှိပြီး နောက်တိုး ဗဟိုဌာနချုပ် ၂ ခုလောက် သားနားခြင်း မရှိလှပါ။ တကယ်က ဒီကျောင်းသားရုံးဟာလည်း ရပ်ကွက်အသစ်ပါပဲ။ အယင် ၁၉၈၉ ခုနှစ် ကျနော် ရောက်ဖူးတုန်းက ဒီတောင်ကုန်းပေါ်မှာ ဘာမှမရှိသေးပါ။

နောက်တရက်မှာတော့ ကိုမျိုးသိန်း၊ ဦးဟန်လင်းတို့နဲ့ အသေချာဆွေးနွေးပြီးတဲ့နောက် ကျနော်တို့ တပ်တွေ ပြန်ခေါ်နိုင်ရေးအတွက် နော်တစစ်ကြောင်းရှိ ကျောင်းသားတပ်တွေကို တာဝန်ယူထားသူ ကိုမိုးသီးဇွန်တို့ ဗဟိုကော်မတီမှ အတွင်းရေးမှုး ၂ နဲ့ စစ်ဦးစီးမှူးဖြစ်သူ ကိုမျိုးသန့် သို့မဟုတ် အဲဒီကာလအခေါ် ဗိုလ်မှူးမျိုးသန့်ဆီ သွားတွေ့ရပါတယ်။ ကိုနိုင်အောင်တို့ ဗဟိုဖက်က ရဲဘော်အများစုကတော့ ခွေးအိပ်တောင်ဘက်မှာ တာဝန်ကျတယ်လို့ သိရပါတယ်။ မာနယ်ပလောရင်ပြင်ရဲ့ ယာဖက် ကွန်မန်ဒိုကုန်းဘေးရှိ KNU ရဲ့ နာမည်အကြီးဆုံး ဗျူဟာမှူး ဗိုလ်မှူးကြီးလောဝါဒီရဲ့ ရုံးခန်းမှာ ကိုမျိုးသန့်ကို ကျနော် တွေ့ရပါတယ်။

သူတို့ ၂ ဦးစလုံး စစ်ယူနီဖောင်းအပြည့်အစုံ ဝတ်ထားပြီး ပစ္စတိုတွေကိုလည်း ခါးမှာထိုးထားကြပါတယ်။ ပြီးတော့ သူတို့ရှေ့က စားပွဲမှာလည်း မြေပုံတွေ၊ အိမ်မြောင်တွေနဲ့ဆိုတော့ စစ်ဆင်ရေးကိစ္စ ဆွေးနွေးနေပုံရပါတယ်။ ဗိုလ်မှူးလောဝါဒီရဲ့ ဗျူဟာရုံးဟာ အုတ်တွေ၊ ကျွန်းသစ်တွေနဲ့ အခိုင်မာဆောက်ထားတဲ့ ၂ ထပ် ရုံးခန်းဖြစ်ပြီး မာနယ်ပလော စစ်ရေးပြကွင်းအပါဝင် ရုံးတွေ၊ အိမ်တွေအားလုံးကို အပေါ်စီးကနေ လှမ်းမြင်နိုင်တဲ့အတွက် ရှေ့ပိုင်းမှာ ကျနော်တင်ပြခဲ့ဖူးတဲ့ ပဒိုဝီး လက်ဖက်ရည်ဆိုင်ထက် ၂ ဆမက ရှုခင်းပိုကောင်းတဲ့ နေရာဖြစ်ပါတယ်။ စိမ်းမြမြနဲ့ ကွေ့ကောက်စီးဆင်းနေတဲ့ သောင်ရင်းမြစ်၊ အဲဒီ မြစ်ရဲ့ ထိုင်းဘက်ကမ်းက တောအုပ်စိမ်းစိမ်း၊ မြစ်ရဲ့ဒီဘက် မြန်မာဘက်ကမ်းက မာနယ်ပလော တောတွင်းမြို့တော်၊ မြို့တော်ရဲ့ နောက်ကျောက မြင့်မားတဲ့ နော်ဒေးတောင်တန်းကြီး စသဖြင့် သဘာဝအလှအပကို ရှုစားရင်း စစ်ဖြစ်နေတဲ့ဒေသဆိုတာကို ခေတ္တမေ့သွားခဲ့ပါတယ်။

ထုံးစံအတိုင်း “ဝါလဲဂေး ဗိုလ်မှူး” ဆိုပြီး နှုတ်ဆက်ရင်းနဲ့ ဗိုလ်မှူးလောဝါဒီကို လက်ဆွဲနှုတ်ဆက်ပါတယ်။ ပြီးတော့ (ဗိုလ်မှူး) ကိုမျိုးသန့်ကို လက်ဆွဲနှုတ်ဆက်ပါတယ်။ (တကယ်က စစ်ဖက် အရာရှိတွေကို လက်ဆွဲနှုတ်ဆက်မယ့်အစား အလေးပြုရမှာ အဲဒီအချိန်က ကျနော်မသိလိုက်ပါ။) ကိုမျိုးသန့်ပုံက အရင် နယ်မြေကော်မတီခေတ်က အစည်းဝေးတွေမှာ တွေ့နေကြပုံမျိုး မဟုတ်တော့။ တကယ့် စစ်ဗိုလ်တဦးရဲ့စတိုင်ကို ဖမ်းထားပြီး လေသံကအစ စစ်သံပေါက်နေပါတယ်။ နော်တမှာရှိတဲ့ ကျနော့်တပ်တွေကို ပြန်ခေါ်မယ်ပြောတော့ အချိန်စောသေးသလိုလို၊ စစ်ရေးကိစ္စတွေကို ဘာမှမသိဘဲနဲ့တပ် ရုပ်ဖို့ လာပြောနေတဲ့လူလိုလို ဆက်ဆံခံလိုက်ရတယ်လို့ ကျနော်စိတ်ထဲ ထင်မိပြီး ဆွေးနွေးမှုက သိပ်အဆင်မပြေလှပါ။

ကိုမျိုးသန့်နဲ့ ဆွေးနွေးမှုအပြီးမှာတော့ ဒီဗျုဟာရုံးနဲ့ ကွန်မန်ဒိုကုန်းရဲ့ နောက်ကျော တောင်ကုန်းပေါ်မှာရှိတဲ့ ဥက္ကဋ္ဌ ကိုမိုးသီးဇွန်တို့ ဗဟိုကော်မီတီရုံးစိုက်ရာ ကျောင်းသားစခန်းဆီ ကျနော်တို့ရောက်ခဲ့ပါတယ်။ ဒီစခန်းဟာ မာနယ်ပလောစခန်းရဲ့ အမြင့်ဆုံးနေရာမှာ ရှိနေတယ်လို့ စိတ်ထဲထင်မိပြီး ရှေ့မှာပြောခဲ့တဲ့ ဗိုလ်မှူးလောဝါဒီ ရုံးထက်တောင်မှ မြင်ကွင်းပိုကောင်းတဲ့နေရာအဖြစ် ကျနော်သတိ ထားမိပါတယ်။ ကိုမိုးသီးဇွန်တို့ ဗဟိုဝင်းထဲ ဝင်လိုက်ချင်း ပထမဆုံးတန်းပြီး မြင်လိုက်ရတာကတော့ “Revolution is our school, our university” (တော်လှန်ရေးသည် ငါတို့ကျောင်း၊ ငါတို့တက္ကသိုလ်) ဆိုတဲ့ ဆိုင်းဘုတ်ဖြစ်ပါတယ်။

ဆိုင်းဘုတ်ရဲ့နောက်မှာ ကျွန်းသစ်အတိုအစတွေနဲ့ ဆောက်ထားတဲ့ ၂ ထပ်ဆောင်တခု၊ အဲဒီအဆောင်ရဲ့ရှေ့မှာ စစ်ရေးပြကွင်း၊ စစ်ရေးပြကွင်းရဲ့ ဘေးမှာတော့ ဥက္ကဋ္ဌရဲ့ ရုံးခန်းနဲ့ အစည်းဝေးခန်းတွဲထားတဲ့ မြေစိုက်ရုံးခန်းလေးတခု၊ ၂ ထပ်အဆောင်ရဲ့ နောက်ကျောမှာ ဆက်သွယ်ရေးနဲ့ ဆေးတပ်ဆွယ်ဌာန၊ စစ်ရေးပြကွင်းပြင်ရဲ့ တခြားတဖက်မှာတော့ စားဖိုဆောင်တွေကို တွေ့ရပါတယ်။
စားဖိုဆောင်ရဲ့ဘေးမှာတော့ ရှေ့တန်းသွားနိုင်တဲ့ ကားလမ်းကြမ်းတခုနဲ့ တောင်ပေါ်ကရေကို သွယ်ယူထားတဲ့ ပလတ်စတစ်ပိုက်လုံးတွေကို တွေ့ရပါတယ်။ ကားလမ်းရဲ့ ဟိုဘက်တောင်ကုန်းတခုပေါ်မှာတော့ ၂၀၈ တပ်ရင်းရုံးနဲ့ ဘားတိုက်တွေကို လှမ်းမြင်နေရပါတယ်။ ဒီစခန်းတွေဟာလည်း ရပ်ကွက်အသစ်တွေပါပဲ။ အရင် ၁၉၈၉ တုန်းက ဒီတောင်ကုန်းတွေဘက်မှာ KNU ကွန်မန်ဒိုစခန်းကလွဲရင် တခြားဘာမှ ကျနော်မမြင်ဖူးခဲ့ပါ။


 နော်တ ခံစစ်ကြောင်းမှာတွေ့ရတဲ့ ၂၀၁ ဘက်မလိုက်ရဲဘော်တချို့

နောက်တရက်မှာတော့ အမဲသား အပါဝင် မာနယ်ပလောမှာ ဝယ်လို့ရနိုင်တဲ့ ရိက္ခာတွေဝယ်ပြီး ကျနော်တို့ တပ်တွေရှိရာ နော်တစစ်မျက်နှာဆီ စက်လှေစီးပြီး ကျနော်၊ ကိုမျိုးသိန်းနဲ့ ဦးဟန်လင်းတို့အုပ်စု ရောက်သွားပါတယ်။ စစ်ပွဲကရပ်ပြီဆိုပေမဲ့ တပ်တွေကဆုတ်ဖို့ အဆင်သင့်မဖြစ်သေး။ သစ်ပင်ကြီးတွေနဲ့ ကြခတ်ဝါးရုံ အနည်းအကျဉ်းသာရှိတဲ့ တောင်ပေါ်မှာ ကတုတ်ကျင်းတူးပြီး နေရာယူထားတဲ့ရဲဘော်တွေ၊ သူတို့ကကုတ်တွေရဲ့ ဟိုရှေ့ဘက်မှာတော့ တောတန်းနဲ့ သစ်ပင်အုပ်တွေ မြင်နေရပြီး အဲဒီအထဲမှာ နဝတတပ်တွေ ရှိနေဆဲလို့ ဆိုပါတယ်။

၂ ဖက် အပစ်ရပ်ထားတယ် ဆိုပေမယ့် နဝတဘက်က တပ်မဆုတ်သေးတဲ့အတွက် ကျနော်တို့ဘက်ကလည်း ဆုတ်ဖို့ခက်နေဆဲ အခြေအနေမျိုးပါ။ ဒီလိုနဲ့ ကတုတ်ကျင်းတွေ၊ ဆက်သွယ်ရေးမြောင်းတွေထဲရှိ ကျနော်တို့ စခန်းက ရဲဘော်တွေနဲ့တွေဆုံ၊ ကျနော်တို့တပ်ရင်းရဲ့ စစ်ကြောင်းမှူး ကိုမင်းဇော်သူနဲ့ တပ်ပြန်ရုပ်ရေး အခြေအနေတွေ ဆွေးနွေးခဲ့ပါတယ်။ တခါ တောင်ပိုင်း နတ်အိမ်တောင်နဲ့ မင်းသမီးဒေကနေ ကျနော်တို့ တပ်တွေနဲ့ အတူပါလာပြီး အခု နော်တမှာလည်း အတူတာဝန်ကျနေတဲ့ ၁၀၂ တပ်ရင်းမှူး ကိုဘစောထွန်းနဲ့ ရဲဘော်တွေရဲ့ ကတုတ်ကျင်းဆီလည်း ကျနော်တို့ သွားရောက် စကားပြော ဆွေးနွေးခဲ့ပါသေးတယ်။ မွန်းလွဲပိုင်းမှာတော့ ကျနော်တို့အဖွဲ့ နော်တကနေ မာနယ်ပလောဆီ ပြန်လာခဲ့ပါတယ်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More