Tuesday, October 31, 2023

“လေယာဉ်တွေ၊ လက်နက်ကြီးတွေ ဘယ်လောက်ရှိရှိ၊ လူထုထောက်ခံမှုမရှိရင် မရဘူး”


“လေယာဉ်တွေ၊ လက်နက်ကြီးတွေ ဘယ်လောက်ရှိရှိ၊ လူထုထောက်ခံမှုမရှိရင် မရဘူး”

- ဗိုလ်ကြီးလင်းထက်အောင် (CDM - တပ်မတော်အရာရှိ)

(၁- ၁၁- ၂၀၂၃)

“စစ်ကောင်စီဖက်မှာ တိုက်လေယာဉ်တွေ၊ လက်နက်ကြီးတွေ ဘယ်လောက်ပဲရှိရှိ၊ လူထုထောက်ခံမှုမရှိရင် ဘာမှလုပ်မရဘူး။ ဒီနေ့ စစ်ပွဲအခြေအနေဟာ လွန်ခဲ့တဲ့ နှစ် ၇၀ က ပုံစံနဲ့မတူတော့တဲ့အတွက် အရင်တုန်းကလို နောက်ဆုံးကျရင် စစ်တပ်ကပဲ ပြန်နိုင်မယ်ဆိုတာ ဒီနေ့မဖြစ်နိုင်တော့ဘူး” လို့ CDM - တပ်မတော်အရာရှိ ဗိုလ်ကြီးလင်းထက်အောင်က ပြောပါတယ်။

အောက်တိုဘာ ၂၇ မှာ စတင်လိုက်တဲ့ မြောက်ပိုင်း ညီနောင် ၃ ဖွဲရဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ ၅ ရက်လောက်အတွင်း မြို့ ၃ မြို့နဲ့ စစ်တပ်စခန်း ၈၀ လောက်ကို သိမ်းပိုက်ပြီးနောက်... စစ်တပ်လိုလားသူတွေဖက်က အရင်ပြောနေကြအတိုင်း နှစ် ၇၀ အတွင်း စစ်တပ်ကို နိုင်အောင်တိုက်နိုင်တဲ့ တော်လှန်ရေးတပ် မရှိဖူးဘူးဆိုတာ ဒီတကြိမ်မှာကော ဘယ်လိုဖြစ်လာနိုင်သလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ...

- နှစ် ၇၀ ကျော် ထင်ရာစိုင်းခဲ့တဲ့ စစ်တပ် ဒီပွဲမှာ တကယ်ခံရတော့မလား...

- အာဏာသိမ်း လက်ရှိစစ်ခေါင်းဆောင်တွေနဲ့ အရင်စစ်ဗိုလ်ဟောင်းတွေကြား သဘောထားကွဲမှု ပိုကြီးလာနေသလား..

- ၁၀၂၇ စစ်ဆင်ရေးက ဘယ်အထိ တာသွားနိုင်သလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Monday, October 30, 2023

“ဒီစစ်ဆင်ရေးဟာ ရှမ်းမြောက်က တပ်တွေတင် မကဘူး၊ တနိုင်ငံလုံးက တပ်တွေကိုပါ စ...


“ဒီစစ်ဆင်ရေးဟာ ရှမ်းမြောက်က တပ်တွေတင် မကဘူး၊ တနိုင်ငံလုံးက တပ်တွေကိုပါ စိတ်ဓာတ်အင်အား ပျက်စီးစေတာဖြစ်တယ်“

- ဗိုလ်ကြီးလင်းထက်အောင် (CDM - တပ်မတော်အရာရှိ)

(၃၁- ၁၀- ၂၀၂၃)

“ညီနောင် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ ရှမ်းပြည်မြောက်ပိုင်းက တပ်တွေကိုတင်မကပဲ တနိုင်ငံလုံးရှိ စစ်သားတွေကို စိတ်ဓာတ်အင်အားပျက်ပြားစေတဲ့အထိ အရှိန်အဟုန်ကောင်းနေတယ်။ တော်လှန်ရေးတပ်တွေအားလုံး ဒီတိုက်ပွဲမှာ အချိန်ကိုက်ပါဝင်ပြီး စစ်တပ် ဘယ်တော့မှ ခေါင်းပြန်မထောင်နိုင်အောင် ဆောင်ရွက်ဖို့လိုတယ်” လို့ CDM - တပ်မတော်အရာရှိ ဗိုလ်ကြီးလင်းထက်အောင်က ပြောပါတယ်။

အောက်တိုဘာ ၂၇ မှာ စတင်လိုက်တဲ့ မြောက်ပိုင်း ညီနောင် ၃ ဖွဲရဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့ပတ်သက်ပြီး စစ်တပ်အတွင်း အကျအဆုံး ဘယ်လောက်များနေသလဲ၊ စစ်သားတွေရဲ့ စိတ်ဓာတ်ရေးရာအခြေအနေ ဘယ်လိုရှိသလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ပထမပိုင်းမှာ...

- စစ်တပ်ဖက်က ကြိုတင်ပြင်ချိန်မရတာလား၊ ကြိုတင်ပြင်ဆင်နိုင်စွမ်းတောင် မရှိတော့တာလား...

- ချင်းရွှေဟော်နဲ့ အခု တိုက်ပွဲဖြစ်နေတဲ့ဒေသတွေဟာ စစ်ရေးအရ ဘယ်လောက် အရေးပါသလဲ...

-  စခန်းတွေ ဆက်တိုက်အကျများနေခြင်းက အောက်ခြေစစ်သားတွေကို ဘယ်လောက်အထိ စိတ်ဓာတ်အင်အားပျက်စီးစေသလဲ...

- သမိုင်းမှာ မရှိဘူးသေးတဲ့ ဒီလိုအခွင့်အခါကောင်းမှာ တော်လှန်ရေးအင်အားစုအားလုံး ဘယ်လို ပူးပေါင်းပါဝင်သင့်သလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(ဝန်ကြီးဟောင်း ဦးရဲထွတ် ဖမ်းဆီးခံရခြင်းအပါဝင် လက်ရှိစစ်ခေါင်းဆောင်တွေနဲ့ အရင် စစ်ခေါင်းဆောင်ဟောင်းတွေကြား သဘောထားကွဲမှုတိုးလာနေသလား... ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

“ရှမ်းမြောက်မှာ စစ်ရှုံးနေလို့ ထန်တလန်ကို ပြန်ထိန်းချုပ်နိုင်ကြောင်း လုပ...


“ရှမ်းမြောက်မှာ စစ်ရှုံးနေလို့ ထန်တလန်ကို ပြန်ထိန်းချုပ်နိုင်ကြောင်း လုပ်ကြံဝါဒဖြန့်တာပါ”

- ဆလိုင်းထက်နီ (ပြောခွင့်ရပုဂ္ဂိုလ် - ချင်းအမျိုးသားတပ်ဦး - CNF)

“ချင်းပြည်နယ်က ထန်တလန်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ပြီဆိုတဲ့ စစ်ကောင်စီရဲ့ ကြေညာချက်ဟာ လုပ်ကြံသတင်းသာဖြစ်ပြီး မြေမြင်မှာ ဘာမှပြောင်းလဲမှုမရှိဘူး။ ဒါဟာ ရှမ်းမြောက်မှာ စစ်ရှုံးတောကို တဖက်လှည့်နဲ့ ဝါဒဖြန့် နေခြင်းသာဖြစ်တယ်” လို့ ချင်းအမျိုးသားတပ်ဦး (CNF) ပြောခွင့်ရပုဂ္ဂိုလ် ဆလိုင်းထက်နီက ပြောပါတယ်။

သီတင်းကျွတ်လပြည့်နေ့ ညနေပိုင်းမှာ ထန်တလန်ကို ပြန်လည်ထိန်းချုပ်နိုင်ပြီဆိုတဲ့ စစ်ကောင်စီရဲ့ ကြေညာချက်နဲ့ပတ်သက်ပြီး ... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...

- ထန်တလမြို့ရဲ့ နောက်ဆုံးအခြေအနေ ဘယ်လိုရှိသလဲ...

- ကချင်ဒေသနဲ့ မြန်မာပြည်မြောက်ပိုင်းမှာ CNA တပ်တွေ အရင်ကတည်းက ရှိနေတာလား...

-  ညီနောင် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ CNF နဲ့ အခြား မဟာမိတ် ERO တွေ ဘယ်လိုပူူးပေါင်းပါဝင်နိုင်ကြမလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Saturday, October 28, 2023

“၁၀၂၇ စစ်ဆင်းရေးရဲ့အနှစ်ချုပ်က နွေဦးတော်လှန်ရေးမှာ ညီနောင် ၃ ဖွဲ့ ပါဝင်လ...


“၁၀၂၇ စစ်ဆင်းရေးရဲ့အနှစ်ချုပ်က နွေဦးတော်လှန်ရေးမှာ ညီနောင် ၃ ဖွဲ့ ပါဝင်လာပြီဆိုတာကို တရားဝင်ကြေညာတာဖြစ်တယ်”

ဦးသန်းစိုးနိုင် (စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ)

(၂၈- ၁၀- ၂၀၂၃)

“အောက်တိုဘာ ၂၇ မှာ ကြေညာလိုက်တဲ့ ၁၀၂၇ စစ်ဆင်ရေးကြေညာချက်ဟာ နွေဦးတော်လှန်ရေးထဲ မြောက်ပိုင်းမဟာမိတ် ညီနောင် ၃ ဖွဲ့ ပါလာပြီဆိုတာကို တရားဝင်ကြေညာတဲ့သဘောဖြစ်တယ်။ မြောက်ပိုင်းတပ်ပေါင်းစု လှုပ်ရှားမှုနဲ့အတူ တောင်ပိုင်းမဟာမိတ်တပ်ပေါင်းစုကလည်း ဟန်ချက်ညီဗျုဟာမြောက် လှုပ်ရှားမှူတွေ အရှိန်မြှင့်ဖို့လိုတယ်” လို့ စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

မနေ့က ၁၀၂၇ စစ်ဆင်ရေး ကြေညာချက်ထုတ်ပြီး ချင်းရွှေဟော်အပါဝင် မြို့အချို့နဲ့ စစ်စခန်း ၃၀ ခန့်ကိုတပြိုင်တည်းသိမ်းလိုက်တဲ့ ကိုးကန့်-MNDAA, တအောင်း-TNLA, နဲ့ ရခိုင်-AA  တို့ရဲ့ ကြေညာချက်နဲ့ပတ်သက်ပြီး ... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...

- ရှမ်း-မြောက်ဒေသက တိုက်ပွဲ နောက်ဆုံးအခြေအနေ...

- ဒီကြေညာချက်ကြောင့် နွေဦးတော်လှန်ရေး ရှေ့တဆင့် တက်လာပြီလား...

- မြောက်ပိုင်းမဟာမိတ်တွေရဲ့ လှုပ်ရှားမှုနဲ့အတူ ဟန်ချက်ညီစေဖို့ တောင်ပိုင်းမဟာမိတ်တွေ ဘာလုပ်သင့်သလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

Friday, October 27, 2023

“မြေပြင်ကို တော်လှန်ရေးတပ်တွေက ထိန်းထားလိုက်ပြီ။ လေယာဉ်တွေ၊ လက်နက်ကြီးတွ...


“မြေပြင်ကို တော်လှန်ရေးတပ်တွေက ထိန်းထားလိုက်ပြီ။ လေယာဉ်တွေ၊ လက်နက်ကြီးတွေရှိပေမယ့် ကြည်းတပ် အားမရှိရင် ဘာမှလုပ်မရဘူး”

- ရဲဘော်မင်းဌေး (အမှတ် ၃ စစ်ကြောင်းမှူး- ABSDF)

(၂၇-၁၀-၂၀၂၃)

“နယ်မြေအတော်များများကို တော်လှန်ရေးတပ်တွေက ထိန်းချုပ်ထားလိုက်တဲ့အတွက် စစ်ကောင်စီတပ်ဟာ တပ်စခန်းထဲကနေ အပြင်မထွက်ရဲတဲ့အထိဖြစ်နေပြီ။ လေယာဉ်တွေ၊ လက်နက်ကြီးတွေ ဘယ်လောက်ပဲရှိရှိ ကြည်းတပ်အားမကောင်းရင် စစ်ကောင်စီဖက်က ရှုံးဖို့များသွားပြီ” လို့ ABSDF (မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး) အမှတ် ၃ စစ်ကြောင်းမှူး ရဲဘော်မင်းဌေးက ပြောပါတယ်။

ABSDF ရဲ့ ၃၅ နှစ်တာဖြတ်သန်းမှု၊ PDF တွေရဲ့ ၃ နှစ်နီးပါးတာဖြတ်သန်းမှုအတွင်း စစ်ကောင်စီပြိုကျအောင် ဘယ်လောက်အထိ တိုက်ခိုက်နေပြီလဲ၊ တပ်ပေါင်းစု အခြေအနေ ဘယ်လိုရှိသလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...

- ABSDF အမှတ် ၃ စစ်ကြောင်းနဲ့ PDF တွေ ဘယ်လိုပူးပေါင်းလှုပ်ရှားနေသလဲ...

- ABSDF အပါဝင် မဟာမိတ်တပ်တွေအပေါ် ကျေးဇူူးတင်ကြောင်း ထုတ်ပြောတဲ့ KIA ကြညာချက်က ဘယ်လိုခွန်အားဖြစ်စေသလဲ...

- GZ လူငယ်အများစုပါတဲ့ PDF နဲ့ ၈၈ မျိုးဆက်  ABSDF တို့ကြား ဘာတွေတူပြီး ဘာတွေကွာသလဲ...

- တော်လှန်ရေးတပ်ပေါင်းစုက နယ်မြေ ဘယ်လောက်များများ ထိန်းထားနိုင်ပြီလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(ညီနောင် ၃ ဖွဲ့က Operation 1027 မကြေညာခင် တရက်အလိုမှာ မေးမြန်းထားတာဖြစ်ပါတယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Wednesday, October 25, 2023

စစ်ကောင်စီ ဖြုတ်ချက်ရေးအတွက် မဟာမိတ်တွေနှင့် ပူးပေါင်းတိုက်ပွဲဝင်သွားမည်...


စစ်ကောင်စီ ဖြုတ်ချက်ရေးအတွက် မဟာမိတ်တွေနှင့် ပူးပေါင်းတိုက်ပွဲဝင်သွားမည်ဟု KIO ဥက္ကဋ္ဌ ပြောကြား

(၂၆- ၁၀ -၂၀၂၃) 

“အခုချိန်ဟာ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ ဖြုတ်ချရေးတိုက်ပွဲ အရေးကြီးတဲ့အချိန်ဖြစ်တာကြောင့် မဟာမိတ်တွေအားလုံးနဲ့လက်တွဲပြီး တိုက်ပွဲအရှိန်မြှင်သွားမှာဖြစ်တယ်” လို့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောပါတယ်။

မနေ့က ကျင်းပတဲ့ ၆၃ နှစ်မြောက် KIO နေ့ မိန့်ခွန်းအတွင်း သူက အဲဒီလို ပြောသွားတာပါ။

ဒါ့အပြင် စစ်ကောင်စီကပြုလုပ်မယ့် ရွေးကောက်ပွဲမှာ ပြည်သူများ ပါဝင်ခြင်း မပြုရန်၊ ပြည်သူ့စစ်ဖွဲ့ခြင်းမှာလည်း ပါဝင်ခြင်းမပြုရန် တိုက်တွန်းခဲ့ပါတယ်။

မနေ့ကပြောကြားတဲ့ (KIO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လရဲ့ မိန့်ခွန်းကောက်နှုတ်ချက်ကို ပြန်ကြားရေးအရာရှိ ဗိုလ်မှူးကြီးနော်ဘူက BNN အတွက် အခုလို ကောက်နှုတ်တင်ပြထားပါတယ်။ 

ဒါ့အပြင် KIA တပ်တွေနဲ့အတူ AA, CNF, ABSDF, K-DPF, PDF တပ်တွေ ပူးပေါင်းတိုက်ပွဲဝင်နေကြာင်းလည်း ဗိုလ်မှူူးကြီးနော်ဘူက ပြောပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

“အရင် ဒေါင်းအလံကိုင်သူတွေက အခု မောင်းပြန်ကိုင်တဲ့အထိ ပြောင်းလဲသွားပြီ”



“အရင် ဒေါင်းအလံကိုင်သူတွေက အခု မောင်းပြန်ကိုင်တဲ့အထိ ပြောင်းလဲသွားပြီ”

- ကိုသိုက်ထွန်းဦး (မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် - PPNM)

(၂၅- ၁၀- ၂၀၂၃)

“နွေဦးတော်လှန်ရေး ၃ နှစ်နီးပါးကာလအတွင်း သိသာတဲ့ပြောင်းလဲမှုကတော့ အရင် ခွပ်ဒေါင်းအလံကိုကိုင်ပြီး ငြိမ်းချမ်းစွာဆန္ဒပြခဲ့ကြတဲ့ကျောင်းသားတွေဟာ အခု မောင်းပြန်ကိုကိုင်ပြီး စစ်အာဏာရှင်တွေကို ပြန်တိုက်နေတာဖြစ်တယ်” လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ဦးဆောင်ကော်မီတီဝင် ကိုသိုက်ထွန်းဦးက ပြောပါတယ်။

နွေဦးတော်လှန်ရေးအစောပိုင်းကာလ ဆန္ဒပြလူငယ်တွေဖမ်းဆီးခံရစဉ်အခြေအနေနဲ့ - အခု ၃ နှစ်နီးပါးကြာပြီးချိန်မှာ ဘာတွေပြောင်းလဲတိုးတက်လာတာ တွေ့ရသလဲ...ဆိုပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ ...

- နိုင်-ကျဉ်းတွေကို ထောင်ဝင်စာတွေ့ခွင့်ပေးတယ်ဆိုပေမယ့် ကန့်သတ်ချက် အများကြီးရှိနေဆဲလား...

- နိုင်-ကျဉ်း နှစ်သောင်းနီးပါးရဲ့အများစုဟာ ကျောင်းသားလူငယ်တွေလား...

- နိုင်-ကျဉ်း လွတ်မြောက်ရေးနဲ့ နွေဦးတော်လှန်ရေးအောင်မြင်မှု ဘယ်လိုဆက်စပ်နေသလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Monday, October 23, 2023

“လက်ရှိ တပ်ပေါင်းစုပုံစံက နည်းနည်းနှေးတဲ့သဘောတော့ရှိတယ်၊ ဒါပေမယ့် ရေရှည်...


“လက်ရှိ တပ်ပေါင်းစုပုံစံက နည်းနည်းနှေးတဲ့သဘောတော့ရှိတယ်၊ ဒါပေမယ့် ရေရှည်အတွက် ပိုကောင်းတယ်”

- ဦးအောင်မိုးဇော် (ဥက္ကဌ - လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ - DPNS)

“အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)ရဲ့ လက်ရှိ တပ်ပေါင်းစုဖွဲ့စည်းပုံနဲ့ လုပ်ဟန်ဟာ အရင်ခေတ်တပ်ပေါင်းစုတွေနဲ့စာရင် နည်းနည်းနှေးတဲ့သဘောရှိပေမယ့် ရေရှည်မှာ ပိုအလုပ်ဖြစ်နိုင်တယ်” လို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) ဥက္ကဌ ဦးအောင်မိုးဇော်က ပြောပါတယ်။

နွေဦးတော်လှန်ရေး ၃ နှစ်နီးပါးကာလအတွင်း NUG နဲ့ ERO တွေကြား ပူးပေါင်းဆောင်ရွက်မှုအပေါ် အားရသလား၊ NUCC က အရင်ခေတ် တပ်ပေါင်းစုတွေထက် ပိုအားကောင်းသလား... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ ...

- အရင်ခေတ် တောခိုလူငယ်တွေနဲ့ ဒီနေ့လူငယ်တွေအကြား ဘာတွေတူပြီး ဘာတွေကွာသလဲ...

- လက်ရှိ NUCC တပ်ပေါင်းစုက အရင်ခေတ် DAB, NCUB တပ်ပေါင်းစုတွေထက် ဘာတွေအားသာချက်ရှိသလဲ...

- ထွက်ပေါက်ပိတ်နေတဲ့ စစ်ကောင်စီကို တပ်ပေါင်းစုနဲ့ ဘယ်လိုတွန်းဖြိုချနိုင်မလဲ....

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

နှစ် ၃၀ ဧရာဝတီ ခရီးရှည်အပေါ် အကဲဖြတ်ခြင်း

 နှစ် ၃၀ ဧရာဝတီ ခရီးရှည်အပေါ် အကဲဖြတ်ခြင်း

--------------

(၂၃- ၁၀- ၂၀၂၃)


ဧရာဝတီ သတင်းဌာန နှစ် ၃၀ ပြည့်အတွက် အမှတ်တရဆောင်းပါး၊ ဂုဏ်ပြုဆောင်းပါးတွေ ဖတ်ရင်းနဲ့ ကိုယ်လည်း တခုခု ရေးချင်စိတ်ပေါ်လာပါတယ်။ 


ဒါပေမယ့် ကိုယ်ရေးမှာက ကိုယ့်စတိုလ်နဲ့ကိုယ်ရေးမှာဆိုတော့ သဝဏ်လွှာလို၊ ဂုဏ်ပြုဆောင်းပါးလို လိုတိုရှင်း မဟုတ်ပဲ ရှည်လျားထွေပြားတော့ ဖြစ်နေနိုင်ပါတယ်။ ဒါပေမယ့် သမိုင်းလေ့လာသူတွေ၊ မီဒီယာသမားတွေအတွက် အသုံးတည့်မယ်လို့ယူဆပါတယ်။


အမှန်တိုင်းပြောရရင် လွန်ခဲ့တဲ့ နှစ် ၃၀ ကာလအတွင်း DVB ဟာ ကျနော်တာဝန်ထမ်းဖူးတဲ့ ပထမ ဆုံး တော်လှန်မီဒီယာဖြစ်ပြီး ဧရာဝတီဟာ ဒုတိယ တော်လှန်မီဒီယာလို့ဆိုချင်ပါတယ်။ 


(၁)- ဧရာဝတီကို စတင်ဖတ်မိခြင်း...


ကျနော်အမှတ်မမှားဘူးဆိုရင် ၁၉၉၂ လောက်မှာ ဧရာဝတီစာစောင်ကို စတင်ဖတ်ဖူးတယ်ထင်ပါတယ်။ အဲဒီကာလက ကိုယ်တောင် DVB သတင်းထောက်တောင်မဖြစ်သေး၊ ABSDF ရဲဘော်အဖြစ် တောတွင်းကနေ ဘန်ကောက်ကို တက်လိုက်-ဆင်းလိုက်လုပ်ရင်း ဖတ်မိတာပါ။


စာစောင်ဆိုပေမယ့် အခုထုတ်နေတဲ့ မဂ္ဂဇင်းလိုမဟုတ်သေးဘူး။ ဘန်ကောက်ပို့စ်၊ နေရှင်း သီတင်းစာဖြတ်ပိုင်းတွေအပါဝင် မြန်မာနိုင်ငံအကြောင်းရေးထားတဲ့ နိုင်ငံတကာသတင်းတွေကို စုပြီး စာစောင်အဖြစ် ထုတ်ဝေထားတာမျိုးပါ။ အဲဒီစာစောင်ရဲ့အောက်မှာ ဖေါ်ပြထားတဲ့အမည်ကလည်း ဧရာဝတီမဟုတ်သေး။ BIG (Burma Information Group) ဖြစ်ပါတယ်။


ဒီလို ခရီးသွား ဟန်လွဲဖတ်မိတဲ့စာစောင်ဟာ နောက် ၅ နှစ်လောက်ကြာရင် ကိုယ်တိုင် ဆောင်းပါးဝင်ရေးဖြစ်မယ့် စာစောင်၊ ဘန်ကောက်အခြေစိုက် အထူးသတင်းထောက်အဖြစ် တာဝန်ယူရမယ့် စာစောင်ဖြစ်လာလိမ့်မယ်လို့ အဲဒီကာလက လုံး၀ ထင်မထားခဲ့ပါ။ 


တခါ ဒီစာစောင်ကို စိတ်ဝင်စားရခြင်း နောက်ထပ်အကြောင်းတခုကတော့ ဒီစာစောင်ရဲ့ အယ်ဒီတာ အောင်ဇော်ပါ။ သူဟာ ဧရာဝတီအယ်ဒီတာဖြစ်တဲ့အပြင် နာမည်ကြီး ထိုင်းသတင်းစာတွေဖြစ်တဲ့ ဘန်ကောက်ပိုစ်နဲ့ သီနေရှင်းသီတင်းစာတွေမှာ အင်္ဂလိပ်ဘာသာနဲ့ ဆောင်းပါးတွေ အပတ်စဉ်လိုလို ဆက်တိုက်ရေးနေသူပါ။


ပြီးတော့ ၁၉၉၇ လောက်မှာ ဝါရှင်တန်အခြေစိုက် လွတ်လပ်တဲ့အာရှအသံ RFA ရဲ့ သတင်းထောက်လည်းဖြစ်ပါတယ်။ (DVB ကို ၁၉၉၂ မှာ စတင်အသံလွှင့်ပြီး RFA က ၁၉၉၆ လောက်မှာ စတင် အသံလွှင့်ပါတယ်)။


(၂)- ကိုအောင်ဇော်နှင့် တွေ့ဆုံခြင်း


ဧရာဝတီအယ်ဒီတာ ကိုအောင်ဇော်ကို ပထမ ဆုံးလူချင်းတွေ့ဖူးတာက ၁၉၉၈ နှစ်ဦးပိုင်း မယ်ဟောင်ဆောင်က မီဒီယာသင်တန်းတခုမှာပါ။ DVB က စီစဉ်တဲ့ အဲဒီသင်တန်းမှာ DVB သတင်းထောက်တွေ၊ DVB တိုင်းရင်းသားအစီစဉ်က သတင်းထောက်တွေ၊ ဘန်ကောက်ဗျုရို၊ နယူးဒေလီဗျုရို တာဝန်ရှိသူတွေအပြင် ထူးထူးခြားခြား RFA သတင်းထောက် ကိုအောင်ဇော်ကိုလည်း တွေ့ရပါတယ်။


“အောင်ဇော် ဆိုတာ ကျနော်က ဆရာဦးတင့်ဇော်တို့လို တက္ကသိုလ်ဆရာဟောင်း အဖိုးကြီးလို့ထင်တားတာ” ဆိုပြီး ကျနော်က ပြောတော့ အားလုံးက ဝိုင်းရယ်ကြပါတယ်။ တကယ်က ကျနော် နောက်ပြောတာမဟုတ်ပါ။ ကိုအောင်ဇော်ကို လူချင်းမတွေ့ခင်အထိ ကျနော်စိတ်ထဲ အဲလိုပဲ ထင်ထားတာပါ။


ကျနော်တို့လို ၈၈ မှာ အတူတူထွက်လာတဲ့ ကျောင်းသားတဦးက နိုင်ငံတကာသတင်းစာတွေမှာ အင်္ဂလိပ်ဘာသာနဲ့ ဒီလိုဆောင်းပါးတွေ ရေးနေနိုင်လိမ့်မယ်လို့ ကျနော် ထင်မထားခဲ့ပါ။ အတော်လေးစားသွားပြီ ဆိုပါတော့...


အဲဒီ သင်တန်းကာလ သီတင်းပတ် ၂ ပတ်တာအတွင်း ကျနော်တို့ကြား အတော်အငြင်းပွားမှုဖြစ်ခဲ့တာကိုလည်း အမှတ်ရနေပါသေးတယ်။ သင်တန်းဆရာ ၂ ဦးက အနောက်တိုင်း ဝါရင့်သတင်းစာဆရာတွေ၊ တယောက် ရေဒီယိုသတင်းကျွမ်းကျင်သူဖြစ်ပြီး တယောက် ရုပ်-သံ ကျွမ်းကျင်သူပါ။


အဓိက အငြင်းပွားတဲ့ကိစ္စက “ဝါဒဖြန့်ချီရေးသတင်းနဲ့ သတင်းစစ်စစ် ဘာကွာသလဲ” ဆိုတဲ့ ခေါင်းစဉ်ပါ။ ကျနော်အပါဝင် DVB သတင်းသမားတွေက သူပုန်ကနေ သတင်းထောက်ဖြစ်လာသူတွေ၊ ပြီးတော့ ကျနော်ဆို လက်ရှိ ABSDF မှာ တာဝန်ထမ်းဆဲဖြစ်သလို အခြားလူ အတော်များများကလည်း သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးက တာဝန်ရှိသူတွေ... ဆိုတော့  “ဝါဒဖြန့်ချီရေးသတင်းနဲ့ သတင်းစစ်စစ်” ကို ကွဲကွဲပြားပြား မသိပါဘူး။


သတင်းတင်ပြီဆိုတာနဲ့ ကိုယ့်ဖက်ကအသာ စစ်ကောင်စီဖက်ကအနာ (အဲဒီကာလကတော့ နဝတ- နအဖ ခေတ်ပေါ့) ဒီလိုတင်တာ၊ ကိုယ့်ဖက်က အားနည်းချက်တွေကိုချန်ထားပြီး နဝတ အားနည်းချက်တွေချည်း နင်းကန်တင်တာမျိုးပေါ့။


အဲဒီအချိန်မှာ ကိုအောင်ဇော်ရဲ့ ဆွေးနွေးမှုတွေက သင်တန်းဆရာတွေနဲ့အတော်တူနေတာ တွေ့ရပါတယ်။ ဆိုလိုတာက ကျနော်တို့က စင်ပြိုင်အစိုးရရဲ့ ရေဒီယိုသတင်းထောက်ဖြစ်နေချိန်မှာ သူက နိုင်ငံတကာတန်းဝင် ပရိုသတင်းသမားဖြစ်နေပြီဆိုတဲ့သဘောပါ။


သဘောတရားသက်သက်ပြောတာမဟုတ်ပါ။ RFA သတင်းထောက်တွေက အဲဒီအချိန်မှာကတည်းက သတင်းတပုဒ်အတွက် ဒေါ်လာ ၁၀၀ လောက်ရနေချိန်ပါ။ သင်တန်းပြီးလို့ ကွင်းဆင်းသတင်းယူတဲ့အချိန်မှာလည်း ပရိုသတင်းသမားနဲ့ ကျနော်တို့လို သတင်းသမား ပေါက်စတွေကြား  ပြန်လည်တင်ပြတဲ့သတင်းကွာလတီက သီသာပါတယ်။


အနှစ်ပြန်ချုပ်ရရင်တော့ အဲသင်တန်းအပြီးမှာ ပရိုသတင်းသမားဖြစ်အောင်ကြိုးစားဖို့၊ အင်္ဂပ်ဘာသာနဲ့သတင်းဆောင်းပါးတွေရေးဖို့ ကိုအောင်ဇော်ဆီကနေ ကျနော် အားဆေးတွေရခဲ့ပါတယ်။


(၃)- ကိုအောင်ဇော်နှင့်အတူ သတင်းယူခြင်း


အဲဒီသင်တန်အပြီးမှာ ကျနော်ဟာ ABSDF တာဝန်တွေကိုလျော့ချပြီး သတင်းသမားတာဝန်ကို များများယူခဲ့ပါတယ်။ အင်္ဂလိပ်ဘာသာနဲ့ဆောင်းပါးတွေလည်း စတင်ရေးဖြစ်ပါတယ်။ ဒါပေမယ့် နိုင်ငံတကာ သတင်းစာရှင်းပွဲတွေ၊ စီမီနာတွေဆီ သတင်းယူဖူးတာကတော့ ၁၉၉၉  DVB ရုံးချုပ်ရှိရာ နော်ဝေနိုင်ငံကို ၃ လတာသွားအပြီး အပြန် မြန်မာနိုင်ငံကူးစာအုပ် အတု ရှိလာချိန်မှပါ။ (ဘာအထောက်ထားမှမရှိရင် နိုင်ငံတကာကပွဲ တက်ဖို့မလွယ်ပါ)


နော်ဝေကအပြန် ၉ လေးလုံးအကြိုကာလ ထူးခြားသတင်းတွေရယူဖို့အတွက် ကျနော်မဲဆောက်ရောက်နေချိန်မှာ ကိုအောင်ဇော်နဲ့ ထပ်တွေ့ပါတယ်။ “အုန်းဖျံစခန်းဖက်သွားမယ်၊ ခင်ဗျားလိုက်မလား”တဲ့...။ သူက ကိုယ်ပိုင်ကားတွေ၊ ထိုင်းကားဆရာတွေ ဘာတွေနဲ့ဆိုတော့... မိုက်ကရိုဖုန်းတလုံး၊ ရီကော်ဒါတခုကလွဲပြီး ဘာမှမရှိလို့ ဘယ်မှမသွားနိုင်ဖြစ်နေတဲ့ ကိုယ့်အတွက် ကွက်တိပေါ့။


သူ့ကားသမားကလည်း ဒေသအခြေအနေကျွမ်းသလားမမေးနဲ့၊ လမ်းတယောက် ထိုင်းရဲတွေက မေးတာကို အုန်းဖံျဒုက္ခသည်စခန်းသွားမယ်လို့မပြောဘူး။ အုန်းဖျံရေတံခွန်သွားမယ်တဲ့...။ ဆိုလိုတာက ဒုက္ခသည်စခန်းသွားမယ်ဆိုရင် ခွင့်မပြုဘူး၊ သတင်းထောက်တွေဆိုရင် ခွင့်မပြုပါဘူး။ ...ဆိုတော့ သတင်းသမားတွေအတွက် သတင်းရရေးဟာ အဓိကဖြစ်ပြီး ကျန်တာတွေကို သင့်သလိုပြောနိုင်ရမယ်၊ ပြသာနာမဖြစ်အောင် ရှောင်ရှားနိုင်ရမယ်ပေါ့...


“ဟေ့လူ ခင်ဗျား သတင်းမေးတာက ဒုက္ခသည်ကို Torture လုပ်သလိုဖြစ်နေပြီ” ဆိုတဲ့ ကိုအောင်ဇော်ရဲ့ သတိပေးချက်ကိုလည်း ကျနော်အမှတ်ရနေပါတယ်။ အုန်းဖျံကိုရောက်ပြီး စခန်းထဲလှည့်ပတ်သတင်းမေးနေတုန်း အင်ဖက်အမိုးတွေကို ကျော်ကုန်းပေါ်ထမ်းပြီးလာနေတဲ့ ကရင်ရွာသားတဦးကို ကုန်းတက်လမ်းတလျောက် မိုက်ထိုးပြီး အတင်းလိုက်မေးနေတဲ့ ကျနော်ကို သူက နောက်တာပါ။


ကိုအောင်ဇော်နဲ့အတူ ဒုတိယ အကြိမ်တွေ့ဆုံ သတင်းယူဖူးတာက ၁၉၉၉ နှောင်းပိုင်း ဘန်ကောက်က အာဆီယံ အစည်းအဝေးမှာပါ။ ဘီဘီစီက ဒေါ်ကြည်ကြည်မေလည်းပါပါတယ်။ BBC, RFA, DVB ၃ ဦးတွဲသတင်းယူတယ်ဆိုပါတော့။ အဲဒီအချိန် နဝတ နိုင်ငံခြားရေးဝန်ကြီးက ဦးဝင်းအောင်။


မီဒီယာကို လုံး၀ စကားပြောလေ့မရှိတဲ့ စစ်ကောင်စီဝန်ကြီးတွေဟာ မီဒီယာသမားတွေကို အသေရှောင်ပါတယ်။ ဒါပေမယ့် ကံဆိုးရှာတဲ့ ဦးဝင်းအောင်ဟာ တက်ကြွလွန်သတင်းသမားတွေဖြစ်နေတဲ့ ကျနော်တို့ ၃ ဦးကို မရှောင်နိုင်ပဲ ဓာတ်လှေခါးဝတခုမှာ ပိတ်မိသွားပါတယ်။


“ဝန်ကြီး မြန်မာနိုင်ငံအပေါ် နိုင်ငံတကာရဲ့ဝေဖန်ချက်တွေနဲပတ်သက်ပြီး တခုခုပြောနိုင်မလား”... ဆိုတော့... “ကျေးဇူးတင်ပါတယ်။ ကျနော်မှာ အထူးအထွေပြောစရာမရှိပါဘူး”..တဲ့။ သေရော... အချိန်ကုန်ခံပြီး အသဲအသန်လိုက်ဖမ်းခဲ့ရတဲ့ ကျနော်တို့ သတင်းသမားတွေ ဘာမှ သုံးစားလို့မရတဲ့ -Sound bite - ပဲ ရလိုက်ပါတယ်။ ကံကောင်းထောက်မပြီး ဧရာဝတီ ဓာတ်ပုံဆရာက မှတ်တမ်းရိုက်နိုင်လို့ ဓာတ်ပုံလေးတပုံရခဲ့ပေါ့...။


ကိုအောင်ဇော်နဲ့ နောက်ထပ်တကြိမ် သတင်းယူစဉ်တွေ့မိတာက ၉ လေးလုံးအလွန် ဘန်ကောက်သံရုံးကို မြန်မာကျောင်းသား (စွမ်းအားမြင့် စစ်သည်တော်များအဖွဲ့) က စီးနင်းထားစဉ်မှာပါ။ အဲဒီအချိန်မှာ DVB ရေဒိယိုက အသံအတော်ကြည်နေပြီဖြစ်တဲ့အတွက် (DVB က RFA လို ကိုယ်ပိုင်အသံလွှင့်စက်မရှိပဲ အာဖရိကရှိ စက်တွေကတဆင့်ငှားရမ်းလွှင့်ရတဲ့အတွက် အသံမကြည်ပါ) ကျနော်လည်း သံရုံးစီး သေနတ်သမား ကိုဂျော်နီနဲ့ အင်တာဗျုး၊ ကိုဂျောနီတို့ ရဟတ်ယာဉ် ပြန်ထွက်ခွာသွားပုံတွေကို လိုက်ဖ် စတိုင်လ်နဲ့ ပထမ ဆုံး သတင်းပို့ခွင့်ရလိုက်ပါတယ်။


အဲဒီပွဲမှာ သတင်းပို့ကောင်းလွန်းလို့ ထိုင်းထောက်လှမ်းရေးတွေရဲ့ အလိုရှိသူ စာရင်းဝင်သွးတဲ့ ကျနော်ဟာ ဘန်ကောက်မြေကနေ အော်စလိုမြေကို ထွက်မှရမယ်ဆိုတဲ့အခြေအနေဖြစ်လာပါတယ်။ 


တဖက်မှာကလည်း ကျနော်ဟာ DVB အပြင် ဧရာတီမှာလည်း လစဉ် ပုံမှန် သတင်းဆောင်းပါးတွေရေးနေပြီး ဘန်ကောက်အခြေစိုက် အထူးသတင်းထောက်ဆိုပြီး စာစောင်ထဲမှာ ဖေါ်ပြထားတဲ့အထိ နေရာရနေပါတယ်။


ဒါပေမယ့် အခြေအနေက ဘန်ကောက်မှာ ဆက်နေဖို့အဆင်မပြေတော့ပါ။ တနည်းအားဖြင့် ဧရာဝတီမှာ (ဆောင်းပါးတွေကို အော်စလိုကနေ ဆက်ရေးနိုင်ပေမယ့်) ဘန်ကောက်အခြေစိုက် အထူးသတင်းထောက်ဆိုတဲ့ တာဝန်ကို ဆက်မယူနိုင်တော့ပဲ အော်စလိုကို ထွက်ခွာလာခဲ့ရပါတယ်။


(၄)- ဧရာဝတီနှင့် သူပုန်ကျောင်းသား


၂၀၀၀ ခုနှစ်နှောင်းပိုင်းမှာ ဧရာဝတီကိုစွန့်ခွာပြီး DVB အော်စလိုရုံးချုပ်ဆီ ခြေစုံပစ်ဝင်ခဲ့တဲ့ ကျနော်ဟာ ၁၀ နှစ်ခန့်အကြာ ၂၀၁၁ မှာ DVB အာဏာပိုင်တွေရဲ့ အလုပ်ထုတ်ခြင်းကို ခံလိုက်ရပါတယ်။ အဲဒီ ၁၀ နှစ်တာကာလအတွင်း DVB ရဲ့ များပြားလှတဲ့ ရေဒီယို၊ တီဗွီ သတင်းတွေလုပ်နေရင်းနဲ့ ဧရာတီအတွက် သတင်းဆောင်းပါးတွေ အတော်များများရေးဖြစ်ခဲ့ပါသေးတယ်။


ဒီတကြိမ် ဧရာဝတီ ကိုအောင်ဇော်နဲ့ ပြန်တွေ့တာကတော့ အရင်လို အင်္ဂလိပ်ဆောင်းပါး ရေးဖို့မဟုတ်တော့ပါ။ (ဧရာဝတီဟာ အရင်က အင်္ဂလိပ်ဘာသာနဲ့သာ ထုတ်ဝေရာကနေ ၂၀၀၀ ခုနှစ် နောက်ပိုင်းမှာ မြန်မာဘာသာနဲ့ပါ သတင်းတွေရေးသားဖေါ်ပြလာတာတွေ့ရပါတယ်)။ မြန်မာပိုင်း “အောက်မေ့ဖွယ်” ကဏ္ဍအတွက် ABSDF အကြောင်း၊ တောတွင်းဘ၀ ဖြတ်သန်းမှုအကြောင်း...“သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး” ရေးသားဖို့ဖြစ်ပါတယ်။


တပတ်တပုဒ်နှုန်းနဲ့  ၅၂ ပိုင်းရေးတာဆိုတော့ တနှစ်ခွဲ၊ ၂ နှစ်လောက် ဧရာဝတီ မှာ ဆောင်းပါးတွေ ဆက်တိုက်ပါခဲ့ပါတယ်။ တချိန်တည်းမှာပဲ သတင်းနဲ့ သတင်းဆောင်းပါးတွေကို မြန်မာ၊ အင်္ဂလိပ် ၂ ဘာသာနဲ့ ဧရာဝတီအတွက် ပြန်ရေးပြီး သတင်းထောက်ကဒ်လည်း ယူထားတဲ့အတွက် ဧရာဝတီ အချိန်ပိုင်းဝန်ထမ်း ပြန်ဖြစ်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။


၂၀၁၅ ရွေးကောက်ပွဲနောက်ပိုင်း နိုင်ငံရေးရာသီဥတုပြောင်းတော့ DVB၊ ဧရာဝတီအပါဝင် မီဒီယာအတော်များများ ပြည်ပကနေ ရန်ကုန်မှာ ပြန်အခြေစိုက်ကြပေါ့။ ကျနော်လည်း ၂၀၁၃ မှာ ပြည်တော်ပြန်ဝင်တော့ ဧရာဝတီ တာဝန်ရှိသူတွေပဲ ရန်ကုန်မှာ နေထိုင်ရေးကိစ္စတွေ စိစဉ်ပေးခဲ့ပါတယ်။


အဲ... အခု အာဏာသိမ်းပြီးချိန်မှာတော့ အခုမြင်နေရတဲ့အတိုင်း မီဒိယာတွေ၊ မီဒီယာသားတွေရဲ့ ရပ်တည်ချက်တွေကို ပိတ်သတ်တွေ မြင်တွေ့နိုင်ပါတယ်။


(၅)- ဘက်မလိုက်ရပ်တည်ခဲ့တဲ့ ဧရာဝတီ နှစ် ၃၀...


နှစ် ၃၀ စာကို အနှစ်ပြန်ချုပ်ရမယ်ဆိုရင်....


၁- ဧရာဝတီဟာ သတင်းသမားတွေ၊ ဆောင်းပါးရှင်တွေကို စာမူခပေးတဲ့ ပထမဆုံး စာစောင်၊ မဂ္ဂဇင်းဖြစ်ပါတယ်။ 

(၁၉၉၀၊ ၂၀၀၀ ခုနှစ်တွေတုန်းက ပြည်ပထုတ် ဘယ်စာစောင်မှ စာမူခ ပေးခြင်းမရှိပါ)


၂- အချက်အလက်ပေါ်သာ အခြေခံပြီး နိုင်ငံရေးဘက်လိုက်မှု၊ ဝါဒဖြန်ချီမှု မရှိသလောက်ပါ။

ဒီလိုကောက်ချက်ဆွဲဖို့ သိပ်မလွယ်ပါ။ ဒါပေမယ့် ဝေဖန်စရာရှိရင် စစ်ကောင်စီကိုရော ဒီမိုကရေစီအင်အားစုတွေကိုပါ ဧရာဝတီကဝေဖန်ခဲ့တာ ၂၀၀၀ ခုနှစ် ဝန်းကျင်ကတည်းက ဖြစ်ပါတယ်။ အဲဒီခေတ်က သြဇာကြီးခဲ့တဲ့ ABSDF, NUGUB, FTUB, KNU စသဖြင့် အဖွဲ့တွေကို ဝေဖန်ထောက်ပြဖို့ဆိုတာ အဲဒီခေတ်က မလွယ်ပါ။ 

 “တော်လှန်ရေးထဲကနေ ပေါက်ဖွားလာတဲ့ တော်လှန်ရေးမီဒီယာက တော်လှန်ရေးအဖွဲ့အချင်းချင်း ဝေဖန်စရာလား၊ ဒီကောင်တွေက ဘာတွေလဲ” စသဖြင့် ဝေဖန်သံတွေကြားထဲကနေတောင် ဘက်မလိုက်ရပ်တည်ပြီး ဝေဖန်ထောက်ပြလာတာ ဒီနေ့အထိပဲလို့ ဆိုချင်ပါတယ်။


၃- နေပြည်တော်ကို ခြေစုံပစ်မဝင်ပဲ ချင်းမိုင်မှာ ရုံးခွဲချန်ထားခြင်းကလည်း အားသာချက်တခု လို့မြင်မိပါတယ်။ နိုင်ငံရေးခေတ်ပြောင်းချိန်မှာ ပြည်ပ အခြေစိုက် မီဒီယာ အားလုံးနိးပါး နေပြည်တော်ကို ခြေစုံပစ်ဝင်သွားပေမယ့် ဧရာဝတီဟာ ချင်းမိုင်ရုံးခွဲကို စနစ်တကျ ချန်ထားခဲ့တာ၊ တဖက်ဝင် တဖက်ချန် ထားတာတွေရပါတယ်။

ဒါဟာ ချင်းမိုင်မှာ အခြေချထားပြီးသားမို့ ချန်ထားတာဖြစ်နိုင်သလို စစ်တပ်အပေါ် အကဲဖြတ်ချက် မှန်တယ်။ စစ်တပ်ဟာ တချိန်မှာ အရင်လမ်းကို ပြန်လျောက်မယ့်သူတွေ၊ တရားဟောနေရုံနဲ့ အမြင်မှန်ရလာမယ့်လူတွေမဟုတ်ဘူးဆိုတာကို ကြိုတင်အကဲဖြတ်ထားနိုင်ခဲ့တယ်လို့လည်း ဆိုနိုင်ပါတယ်။


၄- မြန်မာဘာသာအပြင် အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေခြင်းက သြဇာပိုရှိစေတယ် လို့ ကျနော်က ယူဆပါတယ်။ မြန်မာဘာသာတခုတည်းနဲ့ရေးသားထုတ်ဝေမယ်ဆိုရင် ဧရာဝတီ အခုလောက်အထိ သြဇာရှိမယ်မထင်ပါ။

မြန်မာနိုင်ငံတင်မကပဲ ဒေသတွင်းနိုင်ငံတွေ၊ မြန်မာနဲ့ ဆက်စပ်နိုင်ငံတွေ၊ သံတမန်တွေကြားမှာပါ သြဇာရှိတာဖြစ်ပါတယ်။ မြန်မာအကြောင်း အကိုးအကားလုပ်မယ်ဆိုရင် အင်္ဂလိပ်ဘာသာနဲ့လောက်လောက်လားလား၊ စဉ်ဆက်မပြတ်ရေး ရေးသားထုတ်ဝေနေတာဆိုလို့ ဧရာဝတီပဲရှိပါတယ်။

အခြား မီဒီယာတွေက အင်္ဂလိပ်ဘာသာနဲ့ ရေးသားကြတယ်ဆိုပေမယ့် ဧရာဝတီလို တစိုက်မတ်မတ်၊ ထဲထဲဝင်ဝင် မရှိပါဘူး။


၅- အကိုးအကားအတွက် အဆင်ပြေဆုံး သတင်းဌာန၊ သတင်းဝက်ဆိုက်- လို့လည်း ဆိုချင်ပါတယ်။

အခုချိန်မှာ ဧရာဝတီနဲ့ကျနော် ဘာမှအဆက်အစပ်မရှိ (ဆောင်းပါးမရေး၊ သတင်းမရေး တော့တာကိုဆိုလို) တော့ဘူးဆိုပေမယ့် ဧရာဝတီကို နေစဉ် ဝင်ဖန်နေရဆဲဖြစ်ပါတယ်။


နောက်ပေါ်တဲ့ သတင်းဌာနတွေမှာ သတင်းတွေသိပ်မြန်ပေမယ့် မှန်ကန်တိကျမှုနဲ့ ကိုယ်ပိုင်ဆိုစ် သတင်းတွေက ဧရာဝတီက သာပါတယ်။ တခါ အခုခေတ်က FB ခေတ်ဆိုတော့ အချို့သတင်းဌာနတွေက တနေကို့ သတင်းပုဒ်ရေ ၃၀ လောက်အထိ တင်ကြတယ်ထင်ပါတယ်။ 


ကိုယ်တွေက အချက်အလက်လိုချင်ရင်၊ ဓာတ်ပုံအထောက်အထားလိုချင်ရင် ဘယ်လိုမှ ပြန်ရှာဖို့မလွယ်ပါ။ ဝက်ဆိုက် ဝင်ကြည့်တဲ့အခါမှာလည်း ရှုတ်ထွေးနေပြီး ဧရာတီဝက်ဆိုက်လို ရှင်းရှင်းလင်းလင်းမရှိပါ။ ဒါကြောင့် ဧရာဝတီ ဝက်ဆိုက်ကိုပဲ နေ့စဉ်ဝင်ဖတ် ရှာဖွေနေရဆဲ ဖြစ်ပါတယ်။


ဒီလို ထူးခြားချက်တွေရှိတဲ့ ဧရာဝတီ... နှစ် ၃၀ ခရီးမှသည်... ရှေ့သို့ ဆက်လက်ချီတက်နိုင်ပါစေ...


ဝင်းထိန် @ ထက်အောင်ကျော်

(၂၃- ၁၀-၂၀၂၃)

အော်စလို၊ နော်ဝေ။

Sunday, October 22, 2023

“နိုင်ငံရေးပါတီဆိုရင် ရွေးကောက်ပွဲပဲဝင် ဆိုပြီး တွန်းပို့တာကို လက်ခံစရာလား”


“နိုင်ငံရေးပါတီဆိုရင် ရွေးကောက်ပွဲပဲဝင် ဆိုပြီး တွန်းပို့တာကို လက်ခံစရာလား” 

- ဦးအောင်မိုးဇော် (ဥက္ကဌ - လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ - DPNS)

“နိုင်ငံရေးပါတီဆိုတာ ပြည်သူနဲ့အတူရပ်တည်ပြီး ပြည်သူ့ဆန္ဒကိုအကောင်ထည်ဖေါ်ပေးရမှာဖြစ်တယ်။ ဒါကြောင့် “နိုင်ငံရေးပါတီဆိုရင် ရွေးကောက်ပွဲပဲဝင်” ဆိုပြီး စစ်ကောင်စီသွားချင်တဲ့ လမ်းကြောင်းထဲ တွန်းပို့တာမျိုးကို လက်မခံနိုင်ဘူး” လို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) ဥက္ကဌ ဦးအောင်မိုးဇော်က ပြောပါတယ်။

နေပြည်တော်မှာကျင်းပတဲ့ NCA နှစ်ပတ်လည်အခမ်းအနားအတွင်း နိုင်ငံရေးပါတီတွေ ရွေးကောက်ပွဲဝင်ရေး အသင့်ပြင်ကြဖို့ စစ်ကောင်စီဥက္ကဌရဲ့ တိုက်တွန်းချက်နဲ့ပတ်သက်ပြီး ... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ပထမပိုင်းမှာ ...

- ၈ လေးလုံးမျိုးဆက်တွေရဲ့ ၃၅ နှစ်တာ ဖြတ်သန်းမှုကို ဘယ်လိုအကဲဖြတ်နိုင်မလဲ...

- NCA ပွဲတက်သူတွေဟာ စစ်တပ်ကို ဗဟိုပြုစဉ်းစားခန်းဝင်နေသူတွေလား...

- “နိုင်ငံရေးပါတီဆိုရင် ရွေးကောက်ပွဲပဲဝင်”...ဆိုတဲ့အမြင်ကို ဘယ်လိုတွန်းလှန်နိုင်မလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အရင်ခေတ်တပ်ပေါင်းစုက ဒေါင်လိုက်ဖြစ်ပြီး အခုခေတ်တပ်ပေါင်းစုက အလျားလိုက်ဖြစ်လာတယ်... ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပ့ါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Saturday, October 21, 2023

“အခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်စခန်း ၃ ခုလောက် သိမ်းမိတာတော့ ရှိပါတယ်”


“အခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်စခန်း ၃ ခုလောက် သိမ်းမိတာတော့ ရှိပါတယ်”

- ဗိုလ်မှူးကြီးနော်ဘူ (ပြန်ကြားရေးအရာရှိ - KIO/KIA)

(၂၂- ၁၀- ၂၀၂၃)

“အခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်စခန်း ၃ ခုလောက် သိမ်းမိတာရှိတယ်၊ ဒီစခန်းသိမ်းတိုက်ပွဲတွေမှာ KIA  တပ်တွေနဲ့အတူ မဟာမိတ်တွေဖြစ်တဲ့ AA, CNF, ABSDF, KDPF တပ်တွေလည်း ပါဝင်နေတာဖြစ်တယ်” လို့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA) ပြန်ကြားရေးအရာရှိ ဗိုလ်မှူးကြီးနော်ဘူက BNN ကိုပြောပါတယ်။

KIA စခန်းတွေကို စစ်ကောင်စီက လေယာဉ်နဲ့ဗုံးကြဲပြီးနောက် KIA ဘက်က အခုလို ဆက်တိုက် စခန်းသိမ်းတိုက်ပွဲတွေလုပ်လာတာဖြစ်ပါတယ်။ ဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီဖက်က အကျအဆုံးများတာ၊ လက်နက်သိမ်းမိတာတွေရှိပေမယ့် အသေးစိပ်ကို သတင်းထုတ် ပြန်ဖို့မရှိဘူးလို့ ဗိုလ်မှူးကြီးနော်ဘူက ဆိုပါတယ်။

အခု ဗိုလ်မှူးကြီးနော်ဘူရဲ့ ပြောကြားချက်ကို ကြည့်ရှု-နားဆင်နိုင်ပါတယ်...

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Friday, October 20, 2023

“အမိန့်စီးဆင်းမှု စနစ်ကျဖို့နဲ့ လက်နက်တပ်ဆင်မှု အရှိန်မြှင့်ဖို့ လိုနေပါ...


“အမိန့်စီးဆင်းမှု စနစ်ကျဖို့နဲ့ လက်နက်တပ်ဆင်မှု အရှိန်မြှင့်ဖို့ လိုနေပါသေးတယ်”

- ဦးသန်းစိုးနိုင် (စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ)

(၂၁- ၁၀- ၂၀၂၃)

“ERO ဆက်စပ်ဒေသတွေမှာ ဟန်ချက်ညီ တော်လှန်နေပြီဖြစ်ပမယ့် အညာဒေသမှာတော့ အမိန့်စီးဆင်းမှု စနစ်ကျဖို့နဲ့ လက်နက်တပ်ဆင်မှု အရှိန်မြှင့်ဖို့ လိုအပ်နေဆဲဖြစ်တယ်” လို့ စစ်ရေး-နိုင်ငံရေး ဝေဖန်သုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

နွေဦးတော်လှန်ရေး ၃ နှစ်နီးပါးကာလအတွင်း ERO နဲ့ PDF တွေကြား ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ဘယ်လောက်အားကောင်းနေပြီလဲ၊ တနိုင်ငံလုံးဟန်ချက်ညီ တိုက်ကွက်ဖေါ်နိုင်နေပြီလား... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ ...

- အညာဒေသက တော်လှန်ရေးသမားတွေကြားမှာ ညီညွတ်မှုနဲ့ အမိန့်စီးဆင်းမှု ဘယ်လောက်အထိ အရေးတကြီးလိုအပ်နေသလဲ...

- ချင်း၊ ကရင်နီနဲ့ ကရင်ဒေသရှိ ERO နဲ့ PDF တွေကြား ဘယ်လိုပူးပေါင်းဆောင်ရွက်နေသလဲ...

- ကယားတောင်တန်းတွေနဲ့ ပဲခူးရိုးမ စိုးမိုးရေး ဘယ်လောက်ခရီးရောက်နေပြီလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Thursday, October 19, 2023

“KIA ဘက်မှာ တိုက်ပွဲပြင်းထန်လာတာနဲ့ TNLA က နွေဦးတော်လှန်ရေးထဲ ပါလာတာဟာ ထ...



“KIA ဘက်မှာ တိုက်ပွဲပြင်းထန်လာတာနဲ့ TNLA က နွေဦးတော်လှန်ရေးထဲ ပါလာတာဟာ ထူးခြားပါတယ်”

- ဦးသန်းစိုးနိုင် (စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ)

(၂၀- ၁၀- ၂၀၂၃)

“ကချင် လွတ်လပ်ရေးတပ်မတော် (KIA) ဘက်မှာ တိုက်ပွဲပြင်းထန်လာတာနဲ့ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နွေဦးတော်လှန်ရေးထဲ ပါလာတာဟာ ထူးခြားပါတယ်၊ ဒါဟာ စစ်ကောင်စီက (NCA) ကို အသုံးချပြီး (ERO) တွေကို သွေးခွဲ ကစားလို့မရတော့ဘူးဆိုတာကို ပြသလိုက်တာဖြစ်တယ်” လို့ စစ်ရေး-နိုင်ငံရေး ဝေဖန်သုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက နေပြည်တော်မှာကျင်းပခဲ့တဲ့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ၈ နှစ်ပြည့်အခမ်းအနားကို မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ တက်ရောက်ခြင်းမရှိတာနဲ့ပတ်သက်ပြီး ... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ပထမပိုင်းမှာ ...

- NCA ကို အသုံးချပြီး ERO တွေကို ဖြိုခွဲဖို့ စစ်ကောင်စီက ကြိုးစားနေဆဲလား...

- မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ NCA ပွဲကို မတက်တာ ဘာကြောင့်လဲ...

- KIA ဘက်မှာ တိုက်ပွဲပြင်းထန်လာတာနဲ့ TNLA က PDF တွေနဲ့ပူးတွဲတိုက်ပွဲဝင်လာမှုကို ဘာကြောင့် ထူးခြားတယ်လို့ပြောသလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အညာဒေသနဲ့ တောင်ပိုင်းက ERO တွေရဲ့ တိုက်ပွဲဖော်ဆောင်နိုင်မှုအကြောင်း ဆွေးနွေးချက်ပါတဲ့ ဒုတိယပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

မြန်မာပြည်ရှိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ (အပိုင်း ၂)

 

မြန်မာပြည်ရှိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ (အပိုင်း ၂)

စစ်ဒေသ (၂)

စစ်ဒေသ (၂) တွင် တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းတို့ ပါဝင်၏။ စစ်ဒေသ (၂) ရှိ တပ်များအားလုံးအား တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များနှင့် ပူးတွဲ၍ ကွပ်ကဲမှုယူပြီး ဖြစ်သည်။

တနင်္သာရီတိုင်း

(က) ကော့သောင်းခရိုင်

ကော့သောင်းခရိုင်တွင် ခရိုင် အမှတ် (၁) တပ်ရင်းဖြစ်သော ရင်း ၃၂၀၁ တပ်ရင်း တရင်းကို ဖွဲ့စည်းထား၏။

(ခ) ထားဝယ်ခရိုင်

ထားဝယ်ခရိုင်၊ ရေဖြူနှင့် သရက်ချောင်းမြို့နယ်များတွင် ထားဝယ်ခရိုင် အမှတ် (၁) နှင့် (၂) တပ်ရင်းဖြစ်သည့် ရင်း ၃၃၀၁ နှင့် ၃၃၀၂ တပ်ရင်း နှစ်ရင်းဖွဲ့စည်းထားပြီး KNU တပ်မဟာ (၄) နှင့် ပူးတွဲလှုပ်ရှား၏။

(ဂ) မြိတ်ခရိုင်

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ တနင်္သာရီမြို့နယ်များတွင် ခရိုင် အမှတ် ၁ နှင့် ၂ တပ်ရင်းဖြစ်သည့် ရင်း ၃၄၀၁ နှင့် ၃၄၀၂ တပ်ရင်း နှစ်ရင်းကို ဖွဲ့စည်းထား၏။

ပဲခူးတိုင်း

(က) တောင်ငူခရိုင်

တောင်ငူခရိုင်၊ တောင်ငူနှင့် ထန်းတပင်မြို့နယ်များတွင် ခရိုင်တပ်ရင်း အမှတ် ၁ နှင့် ၂ ဖြစ်သော ရင်း ၃၅၀၁ နှင့် ၃၅၀၂ တပ်ရင်း နှစ်ရင်း ဖွဲ့စည်းထား၏။ ထန်းတပင်မြို့နယ်တွင်းရှိ ရင်း ၃၅၀၂ သည် KNU တပ်မဟာ ၂ နှင့် ပူးတွဲလှုပ်ရှား၏။

တောင်ငူခရိုင်၊ တောင်ငူနှင့် ထန်းတပင်မြို့နယ်များတွင် ခရိုင်တပ်ရင်း အမှတ် ၁ နှင့် ၂ ဖြစ်သော ရင်း ၃၅၀၁ နှင့် ၃၅၀၂ တပ်ရင်း နှစ်ရင်း ဖွဲ့စည်းထား၏။ ထန်းတပင်မြို့နယ်တွင်းရှိ ရင်း ၃၅၀၂ သည် KNU တပ်မဟာ ၂ နှင့် ပူးတွဲလှုပ်ရှား၏။

(ခ) ပြည်ခရိုင်

ပြည်ခရိုင် ပေါင်းတည်မြို့နယ်၊ ပေါက်ခေါင်းမြို့နယ်များတွင် ခရိုင်ရင်း ၁ နှင့် ၂ ဖြစ်သည့် ရင်း ၃၆၀၁၊ ၃၆၀၂ တပ်ရင်း နှစ်ရင်း ဖွဲ့စည်းထား၏။

(ဂ) ပဲခူးခရိုင်

ပဲခူးခရိုင်အတွင်း ခရိုင် ရင်း ၁ နှင့် ၂ ဖြစ်သော ရင်း ၃၇၀၁၊ ၃၇၀၂ တပ်ရင်း နှစ်ရင်း ဖွဲ့စည်းထား၏။ KNU တပ်မဟာ (၃) နှင့် ပူးတွဲလှုပ်ရှားမှုရှိ၏။

(ဃ) သာယာဝတီခရိုင်

သာယာဝတီခရိုင်၊ ကြို့ပင်ကောက်၊ ဇီးကုန်း၊ နတ္တလင်းမြို့နယ်များ၊ သာယာဝတီ၊ လက်ပံတန်း၊ မင်းလှ၊ အုတ်ဖို၊ မိုးညိုမြို့နယ်များတွင် ခရိုင် ရင်း ၁ နှင့် ၂ ဖြစ်သည့် ရင်း ၃၈၀၁၊ ၃၈၀၂ တပ်ရင်း နှစ်ရင်း ဖွဲ့စည်းထား၏။

ဧရာဝတီတိုင်း

(က) ဟင်္သာတခရိုင်

ဟင်္သာတ၊ ကြံခင်းမြို့နယ်များကို အခြေပြု၍ ခရိုင် အမှတ် ၁ တပ်ရင်း ဖြစ်သော ရင်း ၆၀၀၁ တပ်ရင်း တရင်းဖွဲ့စည်းထား၏။

(ခ) ပုသိမ်ခရိုင်

ပုသိမ်၊ ငပုတော မြို့နယ်များကို အခြေပြု၍ ပုသိမ်ခရိုင်အမှတ် ၁ တပ် ရင်းဖြစ်သည့် ရင်း ၅၅၀၁ တပ်ရင်းတရင်း ဖွဲ့စည်းထား၏။

ဧရာဝတီတိုင်းအတွင်း တပ်ရင်းအသစ် ဖွဲ့စည်းရန် ပြင်ဆင်နေသည်ဟု သိရ၏။

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၃ရက်က ကချင်ပြည်နယ် မိုးညှင်းမြို့နယ် မော်ဟန်ကျေးရွာရှိ ရဲစခန်းကို KIA နှင့် PDFတို့မှ တိုက်ခိုက်ပြီးနောက် သိမ်းဆည်းမိသည့် လက်နက်ပစ္စည်းများ / Public Voice Television

ရန်ကုန်တိုင်း

ရန်ကုန်တိုင်း စစ်ဒေသခွဲတွင် ရင်း ၅၀၀၁ တပ်ရင်းဖွဲ့စည်းထား၏။ နောက်ထပ် နှစ်ရင်း ထပ်မံဖွဲ့စည်းရန် ပြင်ဆင်နေ၏။

မွန်ပြည်နယ်

(က) သထုံခရိုင်

သထုံ၊ ဘီလင်း၊ ကျိုက်ထိုမြို့နယ်များ၊ ဘားအံနှင့် ဆက်စပ်နယ်များတွင် သထုံခရိုင်တပ်ရင်း အမှတ် ၁ မှ အမှတ် ၄ ထိ ဖြစ်သည့် ရင်း ၇၈၀၁၊ ၇၈၀၂၊ ၇၈၀၃၊ ၇၈၀၄ တပ်ရင်း လေးရင်း ဖွဲ့စည်းထားပြီး KNU တပ်မဟာ ၁ နှင့် ပူးတွဲလှုပ်ရှား၏။

သထုံ၊ ဘီလင်း၊ ကျိုက်ထိုမြို့နယ်များ၊ ဘားအံနှင့် ဆက်စပ်နယ်များတွင် သထုံခရိုင်တပ်ရင်း အမှတ် ၁ မှ အမှတ် ၄ ထိ ဖြစ်သည့် ရင်း ၇၈၀၁၊ ၇၈၀၂၊ ၇၈၀၃၊ ၇၈၀၄ တပ်ရင်း လေးရင်း ဖွဲ့စည်းထားပြီး KNU တပ်မဟာ ၁ နှင့် ပူးတွဲလှုပ်ရှား၏။

ကရင်ပြည်နယ်

(က) ဖာပွန်ခရိုင်

ဖာပွန်မြို့နယ်တွင် ဖာပွန်ခရိုင် အမှတ် (၁) တပ်ရင်း ဖြစ်သော ရင်း ၇၀၀၁ ဖွဲ့စည်းထားပြီး KNU တပ်မဟာ (၅) နှင့် ပူးတွဲလှုပ်ရှား၏။ ထို့ပြင် ဖာပွန်မြို့နယ်တွင် အခြေပြုပြီး Royal Peacock စစ်ကြောင်း ရင်း ၉၉၁၃ နှင့် Special Force Column ခေါ် ရင်း ၉၉၁၄ တို့ကို ဖွဲ့စည်းထားပြီး လိုအပ်သည့်နေရာများသို့ စေလွှတ်လှုပ်ရှား၏။

(ခ) ကော့ကရိတ်ခရိုင်

ကော့ကရိတ်မြို့နယ်တွင် ဒေါနစစ်ကြောင်း ရင်း ၉၉၀၂၊ နဂါးနီစစ်ကြောင်း ရင်း ၉၉၀၃၊ တောင်ညိုစစ်ကြောင်း ရင်း ၉၉၀၆၊ ဂဠုန်စစ်ကြောင်း ရင်း ၉၉၀၈၊ ကျားဖြူစစ်ကြောင်း ရင်း ၉၉၀၉ စသည့် တပ်ရင်း ငါးရင်း ဖွဲ့စည်းထားပြီး KNU တပ်မဟာ (၆) နှင့် ပူးတွဲလှုပ်ရှား၏။

(ဂ) မြဝတီခရိုင်

မြဝတီမြို့နယ်နှင့် လေးကေ့ကော် မြို့နယ်များအတွင်း နဂါးဖြူစစ်ကြောင်း ရင်း ၉၉၀၄၊ ကျားသစ်နက်စစ်ကြောင်း ရင်း ၉၉၀၅၊ ကော်ဘရာစစ်ကြောင်း ရင်း ၉၉၀၇၊ တောကျီးကန်းစစ်ကြောင်း ရင်း ၉၉၁၂ စသည့် တပ်ရင်း လေးရင်း ဖွဲ့စည်းထားပြီး KNU တပ်မဟာ ၆ နှင့် ပူးတွဲလှုပ်ရှား၏။

စစ်ဒေသ (၂) တွင် တနင်္သာရီတိုင်း၌ ငါးရင်း၊ ပဲခူးတိုင်း၌ ရှစ်ရင်း၊ ဧရာဝတီတိုင်း၌ နှစ်ရင်း၊ ရန်ကုန်တိုင်း၌ တရင်း၊ မွန်ပြည်၌ လေးရင်း၊ ကရင်ပြည်နယ်၌ ၁၂ ရင်း၊ စုစုပေါင်း ၃၂ ရင်း ရှိပြီး တပ်ရင်းအချို့ ဖွဲ့စည်းဆဲဖြစ်၏။

စစ်ဒေသ (၃)

စစ်ဒေသ (၃) တွင် ကရင်နီပြည်နယ်၊ ရှမ်းပြည်တောင်ပိုင်း၊ နေပြည်တော်နှင့် နေပြည်တော် တပ်ရင်းများနှင့် ပူးတွဲနေသည့် မကွေးတိုင်းမှ တပ်အချို့ ပါဝင်၏။ စစ်ဒေသ (၃) ရှိတပ်ရင်းအားလုံး ကွပ်ကဲမှု ယူပြီးဖြစ်၏။

နေပြည်တော်

ပျဉ်းမနားအရှေ့ခြမ်း၊ တပ်ကုန်း၊ ရမည်းသင်း၊ နေပြည်တော် မြောက်ဘက်နှင့် အရှေ့မြောက်ဘက်တို့တွင် နေပြည်တော် PDF တပ်ရင်းများအဖြစ် ရင်း ၈၀၁၊ ၈၀၂၊ ၈၀၃၊ ၈၀၄၊ ၈၀၅၊ ၈၀၆ စသည့် တပ်ရင်း ခြောက်ရင်း ဖွဲစည်းထား၏။

ပျဉ်းမနားအရှေ့ခြမ်း၊ တပ်ကုန်း၊ ရမည်းသင်း၊ နေပြည်တော် မြောက်ဘက်နှင့် အရှေ့မြောက်ဘက်တို့တွင် နေပြည်တော် PDF တပ်ရင်းများအဖြစ် ရင်း ၈၀၁၊ ၈၀၂၊ ၈၀၃၊ ၈၀၄၊ ၈၀၅၊ ၈၀၆ စသည့် တပ်ရင်း ခြောက်ရင်း ဖွဲစည်းထား၏။

မကွေး

မကွေးခရိုင် မြို့သစ်၊ နတ်မောက်၊ တောင်တွင်းကြီး မြို့နယ်များမှ တပ်ရင်း သုံးရင်းအား ရင်း ၉၀၁၊ ၉၀၂၊ ၉၀၃ ဟု ဖွဲ့စည်းပြီး ပျဉ်းမနားအရှေ့ခြမ်းတွင် ဖြန့်ခွဲထားရှိ၏။

ရှမ်းပြည်တောင်ပိုင်း

ရှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့နယ်တွင် ရင်း ၁၀၀၁၊ ဖယ်ခုံမြို့နယ်တွင် ရင်း ၁၀၀၂၊ ရွာငံမြို့နယ်မှ ဓနု အင်အားစုများအား ရင်း ၁၀၀၃၊ ဆီဘူးမြို့နယ်တွင် ရင်း ၁၀၀၄၊ ရှမ်းတောင်မြို့နယ်တွင် ရင်း ၁၀၀၅၊ ဖယ်ခုံအရှေ့ခြမ်း မြို့နယ်တွင် ရင်း ၁၀၀၆၊ မိုးဗြဲအရှေ့ကမ်းတွင် ရင်း ၁၀၀၇၊ ညောင်ရွှေ၊ အောင်ပန်းမြို့နယ်တွင် ရင်း ၁၀၀၈၊ ညောင်ရွှေမြို့နယ် (အင်းလေး) တွင် ရင်း၁၀၀၉၊ ဓနုအင်အားစုများကို ရင်း ၁၀၁၀ အဖြစ် တပ်ရင်း ၁၀ ရင်း ဖွဲ့စည်းထား၏။

ကရင်နီပြည်နယ်

ကရင်နီပြည်နယ်၊ ဒီးမော့ဆို အနောက်ခြမ်းတွင် ရင်း ၁၁၀၁၊ ဒီးမော့ဆို မြို့နယ်တွင် ရင်း ၁၁၀၂၊ လွိုင်ကော်မြို့နယ်တွင် ရင်း ၁၁၀၃၊ ဖရူဆိုမြို့ နယ်တွင်ရင်း ၁၁၀၄၊ ဆီဆိုင်မြို့နယ် တောင်ဘက်ခြမ်းတွင် ရင်း ၁၁၀၅၊ ဒီးမော့ဆိုမြို့နယ်တွင် ရင်း ၁၁၀၆၊ ရင်း ၁၁၀၇ နှင့် ဖားဆောင်းမြို့နယ်တွင် ရင်း ၁၀၀၈ တို့ဖြင့် တပ်ရင်း ရှစ်ရင်း ဖွဲ့စည်းထား၏။

သို့ဖြစ်ရာ စစ်ဒေသ (၃) တွင် ပျဉ်မနားအရှေ့ခြမ်း၌ နေပြည်တော် ခြောက်ရင်းနှင့် မကွေးမှ သုံးရင်း စုစုပေါင်း ကိုးရင်း၊ ရှမ်းပြည်တောင်ပိုင်းမှ ၁၀ ရင်းနှင့် ကရင်နီပြည်တွင် ရှစ်ရင်း၊ စုစုပေါင်း ၂၇ ရင်း ရှိ၏။

ထို့ကြောင့် တပြည်လုံးအတိုင်းအတာအရ PDF တပ်ရင်း ၃၀၀ ခန့် ဖွဲ့စည်းထားရှိပြီး အင်အား ၆၀,၀၀၀ ခန့် ရှိပါသည်။ လက်ရှိတွင် NUG ၏ MOD သည် တပ်ရင်း သုံးရင်းမှ ငါးရင်းအထိပါသည့် ဗျူဟာများဖွဲ့စည်းပြီး စစ်ဆင်ရေးများကို တိုးမြှင့်ဆောင်ရွက်ရန် ပြင်ဆင်လျက်ရှိသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ – People’s Defense Organization)

PDF နှင့်အတူ ပေါ်ပေါက်လာသည်မှာ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) များဖြစ်ပြီး ကျေးရွာအလိုက်၊ မြို့နယ်အလိုက်၊ ခရိုင်အလိုက် ဖွဲ့စည်းထားသည်။ ပကဖ အဖွဲ့များအား PDF တပ်ရင်းများကဲ့သို့ လူအင်အား ညီတူညီမျှဖြင့် ဖွဲ့စည်းထားခြင်း မဟုတ်ဘဲ အချို့နေရာများတွင် အင်အားများပြီး အချို့နေရာများတွင် အင်အားနည်း၏။

ပကဖ များကို တပ်ရင်းနံပါတ်များ ပေးထားခြင်းမရှိဘဲ ဒေသအလိုက် အမည်နာမအမျိုးမျိုး မှည့်ခေါ်ထားသည်ကို တွေ့ရသည်။ PDF တပ်ဖွဲ့များ အားကောင်းသည့် နေရာများတွင် ပကဖ များလည်း အားကောင်းသည်ကို တွေ့ရ၏။

ပကဖ များကို တပ်ရင်းနံပါတ်များ ပေးထားခြင်းမရှိဘဲ ဒေသအလိုက် အမည်နာမအမျိုးမျိုး မှည့်ခေါ်ထားသည်ကို တွေ့ရသည်။ PDF တပ်ဖွဲ့များ အားကောင်းသည့် နေရာများတွင် ပကဖ များလည်း အားကောင်းသည်ကို တွေ့ရ၏။

တိုင်းနှင့်ပြည်နယ် ၁၁ ခု၊ ခရိုင် ၅၂ ခုရှိ မြို့နယ် ၂၅၀ ကျော်တွင် ပကဖ အဖွဲ့များ ဖွဲ့စည်းထားပြီး ခရိုင်တခုချင်းအလိုက် တွေ့ရသည့် ပကဖ အဖွဲ့အစည်း အရေအတွက်နှင့် အင်အားမှာ မတူညီကြပေ။

အားကောင်းသည့် ပကဖအဖြစ် ဥပမာ မြိုင် ပကဖ၊ ထီးချိုင့် ပကဖ ကဲ့သို့ အင်အားထောင်ချီရှိသည့် ပကဖများ ရှိသကဲ့သို့ အင်အား ရာဂဏန်း၊ ဆယ်ဂဏန်းသာရှိသည့် ပကဖ အဖွဲ့များလည်း ရှိ၏။ ပကဖ အဖွဲ့ အချို့မှာ လက်နက်တပ်ဆင်မှု အားကောင်းသော်လည်း ပကဖ အဖွဲ့ အများစုမှာ လက်လုပ်သေနတ် အများစုကိုသာ ကိုင်ဆောင်နိုင်ကြပါသည်။

အချို့တိုင်း၊ ပြည်နယ်များရှိ ပကဖ အဖွဲ့များသည် မြေအောက်ပြောက်ကျားများ အဖြစ်သာ လှုပ်ရှားကြသည်။ အချို့မှာ တိုက်ခိုက်ရေးတာဝန်ထက် ထောက်လှမ်းရေး၊ သတင်းရယူရေး၊ စည်းရုံးရေး၊ ဆက်သွယ်ရေး၊ ထောက်ပို့ အစရှိသည့် တာဝန်များရယူကြ၏။ တပြည်လုံးရှိ တိုင်း၊ ပြည်နယ်များနှင့် ခရိုင်အလိုက်ရှိသည့် ပကဖအဖွဲ့ အရေအတွက်နှင့် အင်အားများကို အတိအကျဖော်ပြရန် မလွယ်ကူပါ။ တပြည်လုံးရှိ ပကဖ အင်အားများမှာ အနီးစပ်ဆုံး အောက်ပါအတိုင်း ဖြစ်သည်ဟု သိရ၏။

(၁) ကရင်ပြည်နယ်

– ကော့ကရိတ်ခရိုင် – ၃၀၀ ခန့်
– ဖာပွန်ခရိုင်- ၈၀ ခန့်
– ဘားအံခရိုင် – ၄၅၀ ခန့်

(၂) စစ်ကိုင်းတိုင်း

– ကန့်ဘလူခရိုင် – ၄,၅၀၀
– ကလေးခရိုင် – ၄,၀၀၀
– ကသာခရိုင် – ၃,၅၀၀
– ကောလင်းခရိုင် – ၆,၅၀၀ ခန့်
– ခန္တီးခရိုင် – ၄၀၀ ခန့်
– စစ်ကိုင်းခရိုင် – ၂,၀၀၀ ခန့်
– တမူးခရိုင် – ၆၀၀ ခန့်
– နာဂဒေသ – ၂၀၀ ခန့်
– မုံရွာခရိုင် – ၄,၅၀၀ ခန့်
– မော်လိုက်ခရိုင် – ၄,၀၀၀ ခန့်
– ယင်းမာပင်ခရိုင် – ၅၀၀၀ ခန့်
– ရွှေဘိုခရိုင် – ၉၅၀၀ ခန့်

(၃) တနင်္သာရီတိုင်း

– ကော့သောင်းခရိုင် – ၃၅၀ ခန့်
– ထားဝယ်ခရိုင် – ၁,၄၀၀ ခန့်
– မြိတ်ခရိုင် – ၉၅၀ ခန့်

(၄) နေပြည်တော်

– ဒက္ခိဏခရိုင် – ၆၅၀ ခန့်
– ဥတ္တရခရိုင် – ၇၀၀ ခန့်

(၅) ပဲခူးတိုင်း

– တောင်ငူခရိုင် – ၁,၂၀၀ ခန့်
– ပြည်ခရိုင် – ၉၀၀ ခန့်
– ပဲခူးခရိုင် – ၁,၄၀၀ ခန့်
– သာယာဝတီခရိုင် – ၈၀၀ ခန့်

(၆) မကွေးတိုင်း

– ဂန့်ဂေါခရိုင် – ၅,၀၀၀ ခန့်
– ပခုက္ကူခရိုင် – ၅,၅၀၀ ခန့်
– မကွေးခရိုင် – ၈၀၀ ခန့်
– မင်းဘူးခရိုင် – ၆၀၀ ခန့်
– သရက်ခရိုင် – ၁,၂၀၀ ခန့်

(၇) မန္တလေးတိုင်း

– ကျောက်ဆည်ခရိုင် – ၆၀၀ ခန့်
– ညောင်ဦးခရိုင် – ၄၀၀ ခန့်
– ပြင်ဦးလွင်ခရိုင် – ၂,၅၀၀ ခန့်
– မန္တလေးခရိုင် – ၆၀၀ ခန့်
– မြင်းခြံခရိုင် – ၁,၂၀၀ ခန့်
– မိတ္ထီလာခရိုင် – ၃၀၀ ခန့်
– ရမည်းသင်းခရိုင် – ၁၀၀ ခန့်

(၈) မွန်ပြည်နယ်

– မော်လမြိုင်ခရိုင် – ၃၀၀ ခန့်
– သထုံခရိုင် – ၃၅၀ ခန့်

(၉) ရှမ်းပြည်နယ်

– ကျောက်မဲခရိုင် – ၂၅၀ ခန့်
– တောင်ကြီးခရိုင် – ၄၀၀ ခန့်
– ဓနုဒေသ – ၃၅၀ ခန့်
– လားရှိုးခရိုင် – ၂၀ ခန့်

ရန်ကုန်တိုင်းအတွင်းရှိ တောင်ပိုင်းခရိုင်၊ မြောက်ပိုင်းခရိုင်၊ အနောက်ပိုင်းခရိုင်၊ အရှေ့ပိုင်းခရိုင်နှင့် ဧရာဝတီတိုင်း အတွင်းရှိ ပုသိမ်ခရိုင်၊ ဖျာပုံခရိုင်၊ မြောင်းမြခရိုင်၊ မအူပင်ခရိုင်၊ လပွတ္တာခရိုင်၊ ဟင်္သာတခရိုင်တို့တွင် ပကဖ အင်အားများ ရှိသော်လည်း လုံခြုံရေးအရ ဖော်ပြနိုင်ခြင်း မရှိပါ။

ပကဖ အဖွဲ့ ဖွဲ့စည်းခြင်း မရှိသည်မှာ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်များတွင် ဖြစ်၏။ အဆိုပါ ပြည်နယ်များတွင် အမျိုးသားလက္ခဏာဆောင်သော အခြားပုံစံများဖြင့် ဖွဲ့စည်းထားကြသည်ကို တွေ့ရ၏။

ပကဖ အဖွဲ့ ဖွဲ့စည်းခြင်း မရှိသည်မှာ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်များတွင် ဖြစ်၏။ အဆိုပါ ပြည်နယ်များတွင် အမျိုးသားလက္ခဏာဆောင်သော အခြားပုံစံများဖြင့် ဖွဲ့စည်းထားကြသည်ကို တွေ့ရ၏။

တပြည်လုံး ပကဖ အင်အားမှာ အကြမ်းဖျဉ်းအားဖြင့် ၇၅,၀၀၀ ကျော်ခန့်ရှိသည်ဟု ဆိုနိုင်ပါသည်။

လက်နက်ခဲယမ်း တပ်ဆင်မှုတွင် PDF များ၊ ပကဖ များတွင် လိုအပ်ချက်ရှိနေသေး၏။ အခြေခံ ခေတ်မီ မောင်းပြန်ရိုင်ဖယ် တပ်ဆင်နိုင်မှုမှာ PDF, ပကဖ အင်အား၏ ၂၅ ရာခိုင်နှုန်းထက် မပိုနိုင်ဟု ခန့်မှန်းရသည်။ ဤသို့ တပ်ဆင်ရာတွင် NUG ၏ MOD တပ်ဆင်မှုသာမက မိမိဘာသာ ဝယ်ယူတပ်ဆင်မှုလည်း ပါသည်။

၂၅ ရာခိုင်နှုန်း ဆိုသည်မှာ တပ်ဖွဲ့အားလုံးအတွက် ပျမ်းမျှပြောခြင်း ဖြစ်သည်။ တပ်ဖွဲ့တဖွဲ့ချင်းအရ တပ်ဆင်မှု အားကောင်းသည့်တပ်ဖွဲ့ ရှိသကဲ့သို့ အားနည်းသည့် တပ်ဖွဲ့များလည်း ရှိ၏။ ထို့ပြင် တပ်ဆင်ထားပြီးသော လက်နက်များအတွက် ကျည်ဆန် အလျင်မီရန် ရုန်းကန်နေရဆဲ ဖြစ်၏။ ဤအချက်ကို လက်လုပ်သေနတ်နှင့် ဖြည့်တင်းထားသော်လည်း သူတင်ကိုယ်တင် တိုက်ရသော တိုက်ပွဲများတွင် အကန့်အသတ်ရှိ၏။

တမူးလုံခြုံရေးအဖွဲ့ဝင်များ / TSG Facebook

ဒုတိယအနေဖြင့် အကူပစ် လက်နက်ကြီး တပ်ဆင်ရာတွင် အားနည်းနေသေး၏။ ၆၀ မမ၊ ၈၁ မမ၊ ၁၀၇ မမ များ အသုံးပြုနိုင်ပြီ ဖြစ်သော်လည်း နေရာအနှံ့အပြားတွင် အသုံးပြုရန်နှင့် အလုံအလောက် အသုံးပြုနိုင်ရန် လိုအပ်သေး၏။ ထိုသို့ လက်နက်ကြီးများ လိုအပ်ချက်ရှိပါက မြန်မာစစ်တပ်၏ အခိုင်အမာ တပ်စခန်းကြီးများကို တိုက်ခိုက်ရန်၊ မြို့သိမ်းတိုက်ပွဲဆင်နွှဲရန် ခက်ခဲနေဦးမည်ဖြစ်၏။

တတိယအနေနှင့် လေကြောင်းရန် ကာကွယ်ရေး အချို့နေရာများတွင်သာ ပွိုင့် ၅ စက်ကြီးများ တပ်ဆင်နိုင်သည်ကို တွေ့ရ၏။ လေယာဉ်ပစ်ဒုံး ရရှိရန် ခက်ခဲနေသေးသည့် အချိန်တွင် ပွိုင့် ၅ စက်ကြီး တပ်ဆင်နိုင်ရေး ကြိုးစားရန် လိုအပ်၏။

လက်နက်ခဲယမ်းနှင့် ပတ်သက်၍ PDF ၏ အားသာချက်မှာ လက်လုပ်သေနတ်၊ လက်လုပ်မိုင်းနှင့် ဒရုန်းစစ်ဆင်ရေး ဖြစ်၏။ ယခင် EAO များပင် တွင်တွင်ကျယ်ကျယ် အသုံးမပြုဖူးသည့် တပ်ဆင်မှုနှင့် စစ်ဆင်ရေးများဖြစ်ပြီး စစ်ကောင်စီတပ်အား ထိရောက်အောင် တိုက်ခိုက်နိုင်သကဲ့သို့ ကောင်းစွာ ခြိမ်းခြောက်နိုင်သည့် စစ်ဆင်ရေးများဖြစ်၏။ ထို့ပြင် PDF များသည် ကိုယ်ပိုင် လက်နက်အလုပ်ရုံများ ထူထောင်ထားနိုင်သည်။

တိုက်စိတ်ခိုက်စိတ် မြင့်မားသည်။ တီထွင်ကြံဆ တိုက်ပွဲဝင်နိုင်စွမ်း ရှိ၏။ နှစ်နှစ်အတွင်း တိုက်ပွဲအတွေ့အကြုံလည်း ကောင်းစွာရခဲ့ပြီ ဖြစ်၏။ သို့သော် ဖွဲ့စည်းလေ့ကျင့်ရေးနှင့် ပတ်သက်၍ လိုအပ်ချက်ရှိသေးသကဲ့သို့ အမိန့်ပေးစနစ် တည်ဆောက်ရေးနှင့် လက်နက်ခဲယမ်း တပ်ဆင်မှုတွင် လိုအပ်ချက် ရှိနေသေး၏။

သို့ဖြစ်ရာ PDF နှင့် ပကဖ များသည် အင်အားအရ အတောင့်တင်းဆုံးဖြစ်ပြီး တိုက်စိတ်ခိုက်စိတ် မြင့်မားသည်။ တီထွင်ကြံဆ တိုက်ပွဲဝင်နိုင်စွမ်း ရှိ၏။ နှစ်နှစ်အတွင်း တိုက်ပွဲအတွေ့အကြုံလည်း ကောင်းစွာရခဲ့ပြီ ဖြစ်၏။ သို့သော် ဖွဲ့စည်းလေ့ကျင့်ရေးနှင့် ပတ်သက်၍ လိုအပ်ချက်ရှိသေးသကဲ့သို့ အမိန့်ပေးစနစ် တည်ဆောက်ရေးနှင့် လက်နက်ခဲယမ်း တပ်ဆင်မှုတွင် လိုအပ်ချက် ရှိနေသေး၏။

နွေဦးတော်လှန်ရေးတွင် ပေါ်ပေါက်လာသော ပြည်မမှ အခြားတပ်ဖွဲ့များ

(၁) ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (People’s Liberation Army)

ယခင် ဗကပ အဆက်အနွယ်များ စည်းရုံးထားသည့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ (ဗကသ) ရွှေဘိုခရိုင် ကျောင်းသားများသမဂ္ဂကို အခြေခံ၍ ဖွဲ့စည်းတည်ဆောက်ထားသည့် တပ်ဖြစ်၏။ ၂၀၁၈ ခုနှစ်ခန့်က စပြီး KIA တွင် စတင်သင်တန်းတက်ခဲ့ပြီး KIA က လေ့ကျင့် လက်နက် ထုတ်ပေးခဲ့သော်လည်း ၂၀၂၁ ခုနှစ်မှစ၍ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) မှ လက်နက်တပ်ဆင်ပေးခြင်း၊ လေ့ကျင့်ပေးခြင်းများ ပြုလုပ်ခဲ့၏။

PLA ၏ ထုတ်ပြန်ချက်များအရ စစ်ကိုင်း၊ မိုးကုတ်၊ နာဂ၊ မြစ်ဝကျွန်းပေါ်ဒေသနှင့် တနင်္သာရီတိုင်းများတွင် လှုပ်ရှားသည်ဟု ဆိုသော်လည်း မြစ်ဝကျွန်းဝတွင် ထိုးဖေါက်ရန် ကြိုးစားသည်မှာ အောင်မြင်မှုမရှိဘဲဆုံးရှုံးခဲ့ပြီး နာဂနှင့် တနင်္သာရီတွင်လည်း အားမကောင်းပါ။ လက်ရှိတွင် စစ်ကိုင်းတိုင်းတွင် အဓိကနှင့် မိုးကုတ်ဒေသတွင် အနည်းငယ်ခြေကုပ်ယူထားနိုင်၏။

ကိုးကန့် MNDAA တပ်မဟာ ၆၁၁ တွင် လေ့ကျင့်ပြီး လက်နက်တပ်ဆင်ပြီး အင်အား ၄၀၀ ကျော်ခန့်ရှိ တပ်ရင်း နှစ်ရင်းရှိ၏။ PLA စုစုပေါင်း အင်အား ၁,၀၀၀ ခန့် ရှိနိုင်ပါသည်။

(၂) ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော် (Bamar People’s Liberation Army)

ကဗျာဆရာ မောင်ဆောင်းခ ဦးစီးဖွဲ့သည့် ဗမာလူမျိုးကိုယ်စားပြုတပ်ဖွဲ့အဖြစ် တည်ဆောက်သည်။ KNU နှင့် မြောက်ပိုင်းသုံးဖွဲ့၏ အားပေးကူညီမှု ရရှိ၏။ NUG နှင့်လည်း ဆက်စပ်မှုရှိ၏။ KNU တပ်မဟာ (၅) နယ်မြေနှင့် ကိုးကန့် MNDAA တပ်မဟာ (၆) နယ်မြေ နှစ်ခုတွင် စုဖွဲ့လေ့ကျင့်ပြီး ပြည်မသို့ ထိုးဖောက်ရန် ရည်ရွယ်သည်ဟု သိရ၏။ အများဆုံး တပ်ရင်းတပ်ဖွဲ့ နှစ်ခုခန့်ရှိနိုင်သည်။ စုစုပေါင်းအင်အား ၅၀၀ ခန့် ရှိမည်ဟု ခန့်မှန်းရ၏။

(၃) လူထုတော်လှန်ရေး မဟာမိတ် အင်အားစု (မကွေး) People’s Revolution Alliance (Magwe)

လူထုတော်လှန်ရေး မဟာမိတ်အင်အားစု (မကွေး – PRA) ကို ၂၀၂၁ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး မကွေးတိုင်း၊ ဧရာဝတီမြစ် အနောက်ဘက်ခြမ်းရှိ ငဖဲမြို့နယ်နှင့် စေတ္တုတရာမြို့နယ်များတွင် အခြေပြု လှုပ်ရှား၏။ ဧရာဝတီမြစ် နောက်ဘက်ခြမ်းရှိ စလင်း၊ ဆင်ဖြူကျွန်း၊ ပွင့်ဖြူ၊ မင်းဘူး၊ အောင်လံ၊ သရက်၊ မင်းလှ၊ မင်းတုန်း စသည့်ဒေသများ တိုးချဲ့ရန် ရည်ရွယ်ပုံရ၏။ PRA မကွေး ဥက္ကဋ္ဌအဖြစ် ဦးနေမွန်ဆိုသူက တာဝန်ယူထားပြီး စစ်သင်တန်းအပတ်စဉ် ၅ အထိ ဖွင့်လှစ်ခဲ့ပြီး အင်အား ၁,၀၀၀ နီးပါးခန့် ရှိနိုင်၏။

NUG နှင့် ဆက်စပ်ဆွေးနွေးမှုရှိပြီး ရခိုင် AA ၏ နိုဗာစစ်ဒေသ၊ မင်းတပ် CDF တို့အပြင် ပြည်သူ့လွတ်လပ်ရေး တပ်တော် (PIA)၊ ကျောင်းသားလက် ရုံးတပ်တော် (SAF)၊ အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့ (ACDF)၊ မိုးကြိုးပြောက်ကျားတပ်ဖွဲ့၊ ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့၊ ပြည်သူ့တော်လှန်ရေး အင်အားစု (အနောက်ပိုင်းဒေသ)၊ CDF – Asho တို့နှင့် မဟာမိတ်ဖွဲ့ထား၏။

(၄) ပြည်သူ့လွတ်လပ်ရေးအဖွဲ့ / ပြည်သူ့လွတ်လပ်ရေးတပ်တော် (People Independence Organization/People Independence Army)

ပြည်သူ့လွတ်လပ်ရေးအဖွဲ့ / ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIO/PIA) သည် AA ထိန်းချုပ်ရာ ဒေသတခုတွင် လေ့ကျင့်ဖွဲ့စည်းခဲ့ပြီး စစ်သင်တန်း အပတ်စဉ် ၃ ခု ဖွင့်လှစ်ခဲ့ကာ အပတ်စဉ် ၄ ဆက်လက် ဖွင့်လှစ်လျက်ရှိ၏။ သင်တန်းဆင်း ရဲဘော်များ လှုပ်ရှားရာနေရာကို လျှို့ဝှက်ထား၏။ မကွေးနှင့် ရခိုင်အစပ်တွင် အခြေပြုပုံရ၏။ အင်အား ရာအချို့ရှိနိုင်၏။ သင်တန်း ဆင်းတပ်ဖွဲ့အချို့သည် ကရင်နီတွင် PDF နှင့်တွဲ၍ လှုပ်ရှားသည်ကို တွေ့ရ၏။

(၅) ကျောင်းသားလက်ရုံး တပ်တော်

၂၀၂၁ ခုနှစ်၊ ဧပြီလ၂၇ ရက်နေ့တွင် ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (တကသ) များ ရန်ကုန်က ကျောင်းသားလက်ရုံးတပ်တော် (SAF) ကို စတင်ဖွဲ့စည်းခဲ့၏။ AA ထိန်းချုပ်ရာဒေသတခုတွင် လေ့ကျင့်ခဲ့၏။ လက်ရှိတွင် အင်အားရာအချို့ ရှိနိုင်ပြီး လက်ရှိတွင် စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်နှင့် မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်များတွင် PDF များနှင့် တွဲ၍ လှုပ်ရှားသည်ကို တွေ့ရ၏။

၂၀၂၁ ခုနှစ်၊ ဧပြီလ၂၇ ရက်နေ့တွင် ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (တကသ) များ ရန်ကုန်က ကျောင်းသားလက်ရုံးတပ်တော် (SAF) ကို စတင်ဖွဲ့စည်းခဲ့၏။ AA ထိန်းချုပ်ရာဒေသတခုတွင် လေ့ကျင့်ခဲ့၏။

(၆) ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (Pepole’s Liberated Front)

ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (PLF) ၂၀၂၁ ခုနှစ်၊ မေလ ၇ ရက်နေ့တွင် ဧရာဝတီတိုင်းမှ ကျောင်းသားများ၊ တက်ကြွလှုပ်ရှားသူများနှင့် AA အခြေခံဒေသတွင် ဖွဲ့စည်းခဲ့သည်။ အင်အား ရာဂဏန်းခန့်ရှိ၏။ ဧရာဝတီတိုင်းအား ပြန်လည် ထိုးဖောက်မည်ဟု ယူဆရ၏။

(၇) 96 Soldiers-PDF

96 Soldiers-PDF ကို ၂၀၂၁ ခုနှစ်တွင်း စတင်ဖွဲ့စည်းခဲ့ပြီး KNU နယ်မြေ တောင်ပိုင်းတွင် ကျားဖြူတပ်ခွဲ၊ စစ်ကိုင်းတိုင်းတွင် အညာဒေသတပ်ခွဲဟု တပ်ခွဲ နှစ်ခွဲ ဖွဲ့စည်းထား၏။ အင်အားမသိရပါ။

(၈) ဗမာအမျိုးသား တော်လှန်ရေးတပ်မတော် (BNRA)

ဗမာအမျိုးသား တော်လှန်ရေးတပ်မတော် (BNRA) ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့တွင် ထူထောင်သည်။ ယခင် ဗိုလ်နဂါးတပ်မှ အမည်ပြောင်းလဲ ဖွဲ့စည်းခြင်းဖြစ်၏။ ဒေသအသီးသီး၌ လက်အောက်ခံ တပ်ရင်း ၁၈ ရင်းရှိသည်ဟု ဆိုသော်လည်း အင်အားအတိအကျ မသိရပါ။ ၃,၀၀၀ ခန့် ရှိနိုင်သည်ဟု ခန့်မှန်းရ၏။ ပုလဲမြို့နယ်တွင် အခြေပြုသည်။

အချို့ PDF တပ်ရင်းများသည် ဗိုလ်နဂါး၏ BNRA နှင့် ပူးပေါင်းသွားသည်ဟု သတင်းများထွက်ပေါ်သကဲ့သို့ ယခင် ဗိုလ်နဂါးလက်အောက်မှ PDF ရင်း လေးရင်းမှလည်း MOD ကွပ်ကဲမှုအောက်တွင်သာ ရှိသည်ဟု ထုတ်ပြန်သည်ကို တွေ့ရ၏။ သတင်းများ အတည်ပြုနိုင်ရန် စိစစ်ဆဲဖြစ်ပါသည်။

ပြည်မတိုင်းများ၌ အခြားအမည်များဖြင့် အဖွဲ့များ ရှိနိုင်ပါသေးသည်။ ထပ်မံဖြည့်စွက်ရန် လိုအပ်ပါမည်။

(ဆက်လက်ဖော်ပြပါမည်)

(အေးချမ်းဆုသည် နိုင်ငံရေး၊ စစ်ရေး လေ့လာသူတဦး ဖြစ်သည်။)

You may also like these stories:

မြန်မာပြည်ရှိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ (အပိုင်း ၃)


Share

Twitter Delicious Facebook Digg Stumbleupon Favorites More