Thursday, November 30, 2023

“လောက်ကိုင်နဲ့ တာရွှေခမ်းကလွဲရင် အားလုံးသိမ်းမိထားပြီလို့ ပြောနိုင်ပါတယ်”


“လောက်ကိုင်နဲ့ တာရွှေခမ်းကလွဲရင် အားလုံးသိမ်းမိထားပြီလို့ ပြောနိုင်ပါတယ်”

- လီကျားဝင်း (ပြောခွင့်ရပုဂ္ဂိုလ် - MNDAA)

(၃၀- ၁၁- ၂၀၂၃)

“မနေ့က ကုန်းကြမ်းမြို့ကို သိမ်းပြီးတဲ့နောက် လောက်ကိုင်နဲ့ တာရွှေခမ်းမြို့ နှစ်ခုပဲ သိမ်းဖို့ကျန်တော့တယ်၊ သိမ်းထားတဲ့မြို့တွေအားလုံးမှာ အုပ်ချုပ်ရေးချပြီး လူထုတွေ ပုံမှန်ပြန်နေနိုင်အောင် စီစဉ်ဆောင်ရွက်နေတယ်” လို့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ် (MNDAA) ပြောခွင့်ရပုဂ္ဂိုလ် လီကျားဝင်းက ပြောပါတယ်။

ဒီနေ့ စခန်းသိမ်းတိုက်ပွဲအခြေအနေ၊ သိမ်းထားတဲ့မြို့တွေမှာ အုပ်ချုပ်ရေးစနစ်တကျ ဆောင်ရွက်နိုင်မှု အခြေအနေတွေနဲ့ပတ်သက်ပြီး...  BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူကဒီလို ဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ ...

- ဒီနေ့ စခန်းသိမ်းတိုက်ပွဲ နောက်ဆုံးအခြေအနေ...

- မနက်က သိမ်းမိတဲ့ ကုန်းကြမ်းစစ်ဗျုဟာကုန်း ဘယ်လောက်အရေးပါသလဲ...

- သိမ်းမိမြို့တွေမှာ အုပ်ချုပ်ရေး စနစ်တကျဆောင်ရွက်နေပြီလား...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

( MNDAA ပြောခွင့်ရပုဂ္ဂိုလ် လီကျားဝင်း နိုဝင်ဘာ ၃၀ ရက်နေ့ ညနေပိုင်းက ပြောကြားချက်ဖြစ်ပါတယ်။ 
TNLA ကတော့ နမ့်ခမ်း၊ နောင်ချို၊ မူဆယ်မြို့နယ်တွေမှာ တိုက်ပွဲကြီးတွေဖြစ်ပေမယ့် စခန်းသိမ်းတိုက်ပွဲတော့ ဒီနေ့မရှိဘူးပြောပါတယ်။ နောင်ချိုမြို့နယ် ရေဝင်ကျေးရွာတိုက်ပွဲမှာတော့ MDY-PDF နဲ့ ပူးပေါင်းတိုက်ခဲ့တာလို့ တာဝန်ရှိသူကပြောပါတယ်။

ရခိုင်ဒေသမှာလည်း တိုက်ပွဲတွေပြင်းထန်နေပြီး ပလက်ဝမြိုနယ်ရှိ နှုးဘူးဗျုဟာနှင့် တရွန်အိုင်ဗျုဟာကုန်းတွေကို သိမ်းပိုက်နိုင်ရေး AA က အပြင်းထန်တိုက်ခိုက်နေတယ်ပြောပါတယ်။ ဒ့ါအပြင် ပေါက်တောမှာလည်း တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဖက် ကြည်း၊ ရေ၊ လေ သုံးမျိုးတွဲ တိုက်ခိုက်နေတယ်။ လူထုတွေ ပိတ်မိတာ၊ လူသားဒိုင်းအဖြစ် စစ်ကောင်စီက အသုံးပြုတာရှိနေတယ်လို့ ညီနောင် ၃ ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Wednesday, November 29, 2023

“ဒေသအလိုက် လွတ်မြောက်ရေးတိုက်ပွဲတွေကနေ နေပြည်တော်သို့ ချီတက်ရေး ဖြစ်လာနိ...


“ဒေသအလိုက် လွတ်မြောက်ရေးတိုက်ပွဲတွေကနေ နေပြည်တော်သို့ ချီတက်ရေး ဖြစ်လာနိုင်ပါတယ်”

- ဦးသန်းစိုးနိုင် (စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ)

(၃၀- ၁၁- ၂၀၂၃)

“၁၀၂၇ စစ်ဆင်ရေး တလပြည့်နေ့မှာ ရှေ့တဆင့်မြှင့်ပြီး Nationwide Operation အဆင့်ကိုသွားမယ်ဆိုပေမယ့် လက်တွေ့အခြေအနေမှာတော့ ကိုယ့်ဒေသကိုယ် လွတ်မြောက်အောင် အရင်ဆုံးတိုက်ပွဲဝင်ရမှာဖြစ်တယ်။ ဒေသအလိုက်လွတ်မြောက်ရေးတိုက်ပွဲတွေကို ကျော်ဖြတ်ပြီးမှသာ စစ်ကြောင်းအားလုံး နေပြည်တော်သို့ဆိုတာ ဖြစ်လာနိုင်တယ်” လို့ စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေး တလပြည့်နောက်ပိုင်း Nationwide Operation ဖြစ်လာနိုင်ခြေရှိ မရှိနဲ့ပတ်သက်ပြီး ... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူကဒီလို ဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ ...

- အမေရိကန်ဆန့်ကျင်ရေးကနေ တရုတ်ဆန့်ကျင်ရေးဖြစ်သွားတဲ့ စစ်ကောင်စီရဲ့လုပ်ရပ်က လက်ရှိစစ်ပွဲအပေါ် ဘယ်လိုရိုက်ခတ်နိုင်သလဲ...

- Nationwide Operation အဆင့်ကိုတက်ဖို့ ဘာတွေလိုအပ်နေသေးလဲ...

- မြို့သိမ်းတိုက်ပွဲအတွင်း ပိတ်မိတာမျိုးမဖြစ်အောင် လူထုတွေက ဘာတွေကြိုတင်ပြင်ဆင်ထားသင့်သလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

“စစ်ကောင်စီဘက်က တပ်ရင်းအလိုက်လက်နက်ချတယ်၊ ကုန်းကြမ်းဒေသတခုလုံးကို သိမ်းပ...


“စစ်ကောင်စီဘက်က တပ်ရင်းအလိုက်လက်နက်ချတယ်၊ ကုန်းကြမ်းဒေသတခုလုံးကို သိမ်းပိုက်လိုက်တယ်”

- လီကျားဝင်း (ပြောခွင့်ရပုဂ္ဂိုလ် - MNDAA)

(၂၉ -၁၁- ၂၀၂၃)

“စစ်ကောင်စီဘက်က အလံဖြူထောင်ပြီး တပ်ရင်းအလိုက်လက်နက်ချတယ်ဆိုတာ မှန်တယ်။ အဲဒီနောက် စိုးမိုးတောင်ကုန်းကို သိမ်းတယ်၊ ကုန်းကြမ်းမြို့နဲ့ ရှင်းဝမ်ဒေသတခုလုံးကို သိမ်းပိုက်နိုင်ပြီဖြစ်တယ်” လို့  မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်
(MNDAA) ပြောခွင့်ရပုဂ္ဂိုလ် လီကျားဝင်းက ပြောပါတယ်။

စစ်ကောင်စီဘက်က အလံဖြူထောင်ပြီး တပ်ရင်းအလိုက်လက်နက်ချတာ၊ ဒီနေ့ စခန်းသိမ်းတိုက်ပွဲထူးခြားတာတွေနဲ့ပတ်သက်ပြီး ... BNN သတင်းဌာနက ဦးထက်အောင်ကျော်
မေးမြန်းစဉ် သူကဒီလို ဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ ...

- စစ်ကောင်စီဘက်က အလံဖြူထောင်ပြီး တပ်ရင်းအလိုက်လက်နက်ချတာ ဘယ်နှစ်ရင်းရှိနေပြီလဲ...

- လက်နက်ချချင်သူ၊ ပြည်သူနဲ့ပူးပေါင်းချင်သူ တပ်မတော်သားတွေ၊ ရဲတွေအနေနဲ့ ဘယ်လိုဆောင်ရွက်သင့်သလဲ...

- ကုန်းကြမ်းမြို့ကို သိမ်းပြီဆိုတော့ ကိုးကန့်ဒေသမှာ လောက်ကိုင်တမြို့ပဲ သိမ်းဖို့ကျန်တော့တာလား...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(ချင်းတောင်တန်းပေါ်မှာလည်း ဒီနေ့ မတူပီမြို့နယ်ထဲက ရေဇွာမြိုံကို ချင်းတော်လှန်ရေးတပ်တွေက သိမ်းပိုက်လိုက်တယ်လို့သိရပါတယ်။ မနက်ဖန် ဆက်လက်တင်ပြပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Tuesday, November 28, 2023

“စစ်ကောင်စီတပ်က ခုခံစစ်အနေအထားကိုရောက်သွားပြီး တော်လှန်ရေးတပ်တွေက အပြန်အ...


“စစ်ကောင်စီတပ်က ခုခံစစ်အနေအထားကိုရောက်သွားပြီး တော်လှန်ရေးတပ်တွေက အပြန်အလှန်ထိုးစစ်ဆင်နေတဲ့ အဆင့်ကိုရောက်နေပြီ”

- ဦးသန်းစိုးနိုင် (စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ)

(၂၉ - ၁၁ -၂၀၂၃)

“၁၀၂၇ စစ်ဆင်ရေး တလကြာပြီးတဲ့အချိန်မှာ စစ်ကောင်စီတပ်အခြေအနေက ခုခံစစ်အနေအထားကိုရောက်သွားပြီး တော်လှန်ရေးတပ်တွေက အပြန်အလှန်ထိုးစစ်ဆင်နေတဲ့ အဆင့်ကိုရောက်နေပြီ” လို့ စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေး တလပြည့်အခြေအနေအပေါ် သုံးသပ်ချက်ပေးဖို့ ... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူကဒီလို ဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ပထမပိုင်းမှာ ...

- စစ်ကောင်စီတပ် လက်ရှိအခြေအနေကို ဒုက္ခိတ ပျားတုတ်ခံရတဲ့အခြေအနေလို့ ဘာကြောင့်ပြောတာလဲ...

- စကစ ဥက္ကဌပြောထားတဲ့အတိုင်း အရှေ့မြောက်ဒေသဆီ တန်ပြန်ထိုးစစ်လုပ်ရေး ဖြစ်နိုင်ခြေရှိသေးရဲ့လား...

- စစ်ကောင်စီက ခံစစ်၊ တော်လှန်ရေးတပ်တွေက ထိုးစစ်ဖြစ်သွားပြီဆိုတာ ဘယ်အချက်တွေပေါ် အခြေခံပြောတာလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(တနိင်ငံလုံး ဟန်ချက်ညီတိုက်နိုင်ဖို့ ဘာတွေလိုအပ်နေသေးလဲ... ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

“လောက်ကိုင်မှာ ပိတ်မိနေသူတွေကို ကယ်ထုတ်နေတာ ၅- သောင်းလောက်ရှိနေပါပြီ”


“လောက်ကိုင်မှာ ပိတ်မိနေသူတွေကို ကယ်ထုတ်နေတာ ၅- သောင်းလောက်ရှိနေပါပြီ”

- လီကျားဝင်း (ပြောခွင့်ရပုဂ္ဂိုလ် - MNDAA)

(၂၈- ၁၁- ၂၀၂၃)

“ကိုးကန့်ဒေသ လောက်ကိုင်မြို့မှာ ပိတ်မိနေတဲ့ အရပ်သားတွေကို တိုက်ပွဲစဖြစ်ချိန်ကတည်းက ကယ်ထုတ်နေတယ်။ အထူးသဖြင့် အခုလ ၂၅ ရက်နေ့ကနေ အရှိန်မြှင့် လုပ်ဆောင်ပေးတဲ့အတွက် အခုဆိုရင် လူ ၅ သောင်းလောက် ကယ်ထုတ်နိုင်ခဲ့ပြီးဖြစ်တယ်။ အရပ်သားကယ်ထုတ်ရေးကို အလေးထားဆောင်ရွက်နေပါတယ်” လို့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ် (MNDAA) ပြောခွင့်ရပုဂ္ဂိုလ် လီကျားဝင်းက ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေး တလပြည့်ချိန်ှမှာ လောက်ကိုင်အပါဝင် မြို့ကြီး-ရွာကြီးတွေမှာ သိန်းနဲ့ချီ ပိတ်မိနေတဲ့ အရပ်သားတွေ လုံခြုံရေးကိစ္စကို တော်လှန်ရေးတပ်တွေက ဘယ်လိုဆောင်ရွက်ပေးနေသလဲ...စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူကဒီလို ဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ ...

- ဒီနေ့ တိုက်ပွဲအတွင်း စစ်ကောင်စီဖက်က တပ်ရင်းမှူးတဦး ထပ်ကျဆုံးတဲ့အကြောင်း...

- စစ်ကောင်စီဖက်က အထိနာတိုင်း အရပ်သားတွေအပေါ် ဗုံးကြဲတိုက်ခိုက်လေ့ရှိသလား...

- လောက်ကိုင်အပါဝင် မြို့ကြီး၊ ရွာကြီးတွေမှာ ပိတ်မိနေတဲ့ အရပ်သားတွေလုံခြုံရေးအတွက် တော်လှန်ရေးတပ်တွေက ဘာတွေဆောင်ရွက်ပေးနေသလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Monday, November 27, 2023

“မူဆယ်၊ လားရှိုး၊ ကျောက်မဲမြို့နယ်တွေမှာ တိုက်ပွဲပြင်းထန်နေပါတယ်”


“မူဆယ်၊ လားရှိုး၊ ကျောက်မဲမြို့နယ်တွေမှာ တိုက်ပွဲပြင်းထန်နေပါတယ်”

- ပြောခွင့်ရပုဂ္ဂိုလ်ရုံး တာဝန်ခံ (PSLF / TNLA)

(၂၈ -၁၁- ၂၀၂၃)

“ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မူဆယ်၊ လားရှိုးနဲ့ ကျောက်မဲမြိုနယ်ထဲမှာ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီရဲ့အရေးပါတဲ့ တပ်စခန်းတွေကို သိမ်းပိုက်ဖို့ကြိုးစားနေတယ်။ စစ်ကောင်စီက လူနေရပ်ကွက်တွေအပေါ် လက်နက်ကြီးနဲ့ပစ်နေတယ်” လို့ ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး၊ တအာန်းအမျိုးသားတပ်မတော်  (PSLF / TNLA) ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်ရုံး တာဝန်ရှိသူက BNN ကိုပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေး တလပြည့်နေ့ နိုဝင်ဘာ ၂၇ မှာ တိုက်ပွဲတွေ အရင်နေ့တွေထက် ပိုပြင်းထန်နေတာနဲ့ပတ်သက်ပြီး ... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် ဒီလို ဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ ...

- မူဆယ်၊ လားရှိုးနဲ့ ကျောက်မဲဒေသမှာ တိုက်ပွဲတွေ ဘယ်လိုပြင်းထန်နေသလဲ...

- စစ်ကောင်စီတပ်ဖက်က အကျအဆုံးနဲ့ သိမ်းမိလက်နက် ဘယ်လောက်များနေပြီလဲ...

- သိမ်းပိုက်မြို့တွေမှာ ပြည်သူ့အုပ်ချုပ်ရေး စနစ်တကျ ဆောင်ရွက်နိုင်နေပြီလား...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(MNDAA နဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီဖက်က တပ်ရင်းမှူးတဦး ကျဆုံးတဲ့အကြောင်းကိုလည်း ဆက်လက်တင်ပြပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

“မနေ့က ကျေးသီးတံတားကို သိမ်းတယ်၊ အရင်နေ့က ကျင်စန်းကျော့နဲ့ နမ့်စလပ်စစ်ခန...


“မနေ့က ကျေးသီးတံတားကို သိမ်းတယ်၊ အရင်နေ့က ကျင်စန်းကျော့နဲ့ နမ့်စလပ်စစ်ခန်းကို သိမ်းတယ်”

- (လီကျားဝင်း - ပြောခွင့်ရပုဂ္ဂိုလ် - MNDAA)

(၂၇- ၁၁- ၂၀၂၃)

“MNDAA နဲ့ TNLA ပူးပေါင်းတပ်တွေဟာ မနေ့က ကျေးသီးတံတားကို သိမ်းပိုက်တယ်။ အရင်နေ့ကတော့ မူဆယ်ရှိ ကျင်စန်းကျော့ နယ်စပ်ကုန်သွယ်ရေးဂိတ်နဲ့ ပြည်ထောင်စုလမ်းမကြီးပေါ်က နမ့်စလပ်စစ်စန်းကို သိမ်းနိုင်ခဲ့တယ်။ လက်နက်ကြီးတွေ တင့်ကားတွေပါ သိမ်းမိတယ်” လို့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ် (MNDAA) ပြောခွင့်ရပုဂ္ဂိုလ် လီကျားဝင်းက ပြောပါတယ်။

ညီနောင်မဟာမိတ် ၃ ဖွဲ့က ဆက်တိုက်လုပ်နေတဲ့ စခန်းသိမ်း၊ မြို့သိမ်းတိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူကဒီလို ဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ ...

- ကျေးသီးတံတား၊ ကျင်စန်းကျော့နဲ့ နမ်စလပ်စခန်းတွေက ဗျုဟာအရ ဘယ်လိုအရေးကြီးသလဲ...

- သိမ်းမိတဲ့ တင့်ကားတွေ၊ သံချပ်ကားတွေက နဂိုကတည်းက ပျက်နေတဲ့ကားတွေလား...

- လောက်ကိုင်ကလွဲရင် တရုတ်နယ်စပ်ရှိ ကုန်သွယ်ရေးဂိတ်အားလုံးကို ညီနောင်မဟာမိတ်အဖွဲ့တွေက သိမ်းထားလိုက်ပြီလား...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(တနင်္ဂနွေ-နိုဝင်ဘာ ၂၆ ညက မေးမြန်းထားချက်ဖြစ်ပါတယ်။ နိုဝင်ဘာ ၂၇- တနလာၤနေ့ အခြေအနေကို မေးမြန်းဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Sunday, November 26, 2023

“နယ်စပ်မြို့ ၂- မြို့အပါဝင် ၆- မြို့လောက် ကျနော်တို့ သိမ်းထားပြီးပြီ”



“နယ်စပ်မြို့  ၂- မြို့အပါဝင် ၆- မြို့လောက် ကျနော်တို့ သိမ်းထားပြီးပြီ”

- ဆလိုင်းထက်နီ (ပြောခွင့်ရပုဂ္ဂိုလ် - ချင်းအမျိုးသားတပ်ဦး - CNF)

(၂၇ -၁၁ -၂၀၂၃)

“ရိခေါဒါရ်နဲ့ လိုင်လင်းပီလို အိန္ဒိယနယ်စပ်က အရေးပါတဲ့မြို့ ၂- မြို့အပါဝင် အနည်းဆုံး အခြားမြို့ ၄-မြို့ကိုလည်း သိမ်းထားပြီးဖြစ်တယ်။ ရိခေါဒါရ်ဟာ အိန္ဒိယ-ချင်းပြည်နယ် နယ်စပ်ဖြစ်တဲ့အတွက် Welcome to Chinland ဆိုတဲ့ ဆိုင်းဘုတ်ကို ပြောင်းတင်ရတာဖြစ်တယ်” လို့ ချင်းအမျိုးသားတပ်ဦး (CNF) ပြောခွင့်ရပုဂ္ဂိုလ် ဆလိုင်းထက်နီက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်း ချင်းတော်လှန်ရေးတပ်တွေ သိမ်းပိုက်လိုက်တဲ့ မတူပီမြို့နယ်ထဲက လိုင်လင်းပီ မြို့သိမ်းတိုက်ပွဲအခြေအနေ၊ ရိခေါဒါရ်မှာ ဆိုင်းဘုတ်ပြောင်းတဲ့အခြေအနေ၊ ၁၀၂၇ နဲ့ဆက်စပ်ဆောင်ရွက်နေတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီး ... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူကဒီလို ဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ ...

- လိုင်လင်းပီမြို့သိမ်းတိုက်ပွဲနှင့် နယ်မြေရှင်းလင်းမှု နောက်ဆုံးအခြေအနေ...

- ရိခေါဒါရ်နဲ့ အိန္ဒိယနယ်စပ်မှာ ဘာကြောင့် Welcome to Chinland ဆိုတဲ့ဆိုင်းဘုတ်ကို ပြောင်းတင်တာလဲ...

- ၁၀၂၇ စစ်ဆင်ရေးနဲ့ဟန်ချက်ညီအောင် ချင်းတော်လှန်ရေးတပ်တွေ ဘယ်လိုတိုက်ပွဲဝင်နေသလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

Saturday, November 25, 2023

“Nationwide Operation အဆင့် ဆက်လက်ဆောင်ရွက်သွားမယ်”


“Nationwide Operation အဆင့် ဆက်လက်ဆောင်ရွက်သွားမယ်”

- လီကျားဝင်း (ပြောခွင့်ရပုဂ္ဂိုလ် - MNDAA)

(၂၅- ၁၁- ၂၀၂၃)

“၁၀၂၇ စစ်ဆင်ရေး တလပြည့်တဲ့အချိန်မှာ ရှေ့တဆင့်မြှင့်ပြီး Nationwide Operation တနိုင်ငံလုံးအဆင့် စစ်ဆင်ရေးကို ဆောင်ရွက်သွားမှာဖြစ်တယ်” လို့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ် (MNDAA) ပြောခွင့်ရပုဂ္ဂိုလ် လီကျားဝင်းက ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေး တလပြည့်တဲ့အချိန်မှာ Nationwide Operation တနိုင်ငံလုံးအဆင့် စစ်ဆင်ရေး ဆောင်ရွက်သွားမယ်လို့ ညီနောင် ၃ ဖွဲ့ရဲ့ကြေညာချက်နဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူကဒီလို ဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ ...

- ပန်ဆိုင်းမြို့နယ်ထဲက ကျင်းစန်းကျော်နယ်စပ်မြို့ သိမ်းပိုက်မှု နောက်ဆုံးအခြေအနေ...

- တလတာအတွင်း သိမ်းမိတဲ့မြို့နဲ့ စစ်ကောင်စီတပ်စခန်းပေါင်း ဘယ်လောက်ရှိနေပြိလဲ...

- Nationwide Operation တနိုင်ငံလုံးအဆင့် စစ်ဆင်ရေးကို ဘယ်လိုဆောင်ရွက်သွားမှာလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

Friday, November 24, 2023

“ဗျုဟာအရ အရေးပါတဲ့ လားရှိးမြို့အနီးက မိုင်းကျက် တပ်စခန်းကို မနေ့ညက သိမ်း...


“ဗျုဟာအရ အရေးပါတဲ့ လားရှိးမြို့အနီးက မိုင်းကျက် တပ်စခန်းကို မနေ့ညက သိမ်းနိုင်ခဲ့ပါတယ်”

- PSLF/ TNLA ပြောခွင့်ရအမျိုးသမီး

(၂၄- ၁၁- ၂၀၂၃)

“လားရှိုးမြို့အနီးက ဗျုဟာအရအရေးပါတဲ့ မိုင်းကျက် တပ်စခန်းကို မနေ့ညက သိမ်းနိုင်ခဲ့ပါတယ်၊ စခန်းပေါင်း ၅၀ နီးပါး သိမ်းထားနိုင်ပြီး မြို့ ၂ မြို့ကို အုပ်ချုပ်ရေးချထားနိုင်ပြီဖြစ်တယ်” လို့ တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PSLF/ TNLA ပြောခွင့်ရအမျိုးသမီးက BNN ကိုပြောပါတယ်။

TNLA တပ်တွေနဲ့အတူ ညီနောင် ၃ ဖွဲ့က တပ်တွေအပြင် မန္တလေး PDF တွေလည်း ပါဝင်တိုက်ခိုက်နေတယ်လို့ ပြောပါတယ်။ အရှေ့မြောက်ဒေသမှ တိုက်ပွဲတွေပြင်းထန်နေဆဲဖြစ်တဲ့အတွက် ပြည်သူတွေခရီးမသွားသင့်ဘူးလို့လည်း သူမက တိုက်တွန်းခဲ့ပါတယ်။

(MNDAA ကလည်း ဒီနေ့ စခန်း ၃ ခုထပ်သိမ်းနိုင်ခဲ့တယ်လို့သိရပါတယ်။ တလနီးပါးအတွင်း ညီနောင် ၃ ဖွဲ့ကနေ စစ်ကောင်စီတပ်စခန်း ၂၀၀ ကျာ်ကို သိမ်းပိုက်ထားပြီးဖြစ်ပါတယ်။ ဒီအကြောင်းကိုတော့ မနက်ဖန် တင်ပြပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

“အပြင်းထန်ဆုံး တိုက်ခိုက်ပြီး အသက်ညှာဆုံး စဉ်းစားပေးမယ်”


“အပြင်းထန်ဆုံး တိုက်ခိုက်ပြီး အသက်ညှာဆုံး စဉ်းစားပေးမယ်”

- မာဝီ (ဒု စစ်ဦးစီးချုပ် - KNDF)

(၂၄- ၁၁- ၂၀၂၃)

“ပြည်သူအပေါ် အနိုင်ကျင့်နေတဲ့ စစ်ကောင်စီတပ်ကို အပြင်းထန်ဆုံးတိုက်ခိုက်သွားမှာဖြစ်ပေမယ့် တကယ်လို့ လက်နက်ချမယ်ဆိုရင်တော့ အသက်ညှာဆုံး စဉ်းစားပေးသွားမှာဖြစ်တယ်” လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ဒုတိယ စစ်ဦးစီးချုပ် မာဝီက ပြောပါတယ်။

လက်ရှိ ကရင်နီဒေသက (၁၁၁၁) စစ်ဆင်ရေးနဲ့ လွိုင်ကော်မြို့အခြေအနေ၊ လွိုင်ကော်တက္ကသိုလ်ဝင်းအတွင်း လက်နက်ချခဲ့တဲ့ စစ်သား ၃၀ ကျော်အခြေအနေ၊ ဖမ်းမိထားတဲ့ စစ်ကောင်စီ တိုက်လေယာဉ်မှုးအခြေအနေတွေအကြောင်း... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူကဒီလို ဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ ...

- လွိုင်ကော်တိုက်ပွဲ နောက်ဆုံးအခြေအနေ...

- တက္ကသိုလ်ဆရာတွေ၊ စစ်ဘေးရှောင်တွေရဲ့ အခြေအနေ...

- စစ်ကောင်စီတပ်သား ၃၀ ကျော် လက်နက်ချအောင် ဘယ်လိုစည်းရုံးခဲ့သလဲ...

- “အပြင်းထန်ဆုံး တိုက်ခိုက်ပြီး အသက်ညှာဆုံး စဉ်းစားပေးမယ်” ဆိုတာ ဘာကို ဆိုလိုတာလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

Thursday, November 23, 2023

“အားလုံးဟန်ချက်ညီညီ ၁၀၂၇ စစ်ဆင်ရေးကို ဖေါ်ဆောင်လာနိုင်တဲ့အတွက် အရမ်းအားရ...


“၁၀၂၇ စစ်ဆင်ရေးမှာ အားလုံးဟန်ချက်ညီညီ ပါဝင်လာတဲ့အတွက် အရမ်းအားရပါတယ်”

- လီကျားဝင်း - ပြောခွင့်ရပုဂ္ဂိုလ် - MNDAA)

(၂၃- ၁၁- ၂၀၂၃)

“ဒေသအသီးသီးက တော်လှန်ရေးအင်အားစုတွေ ၁၀၂၇ စစ်ဆင်ရေးမှာ ဟန်ချက်ညီညီနဲ့ပါဝင်လာတဲ့အတွက် အရမ်းအားရပါတယ်။ ပန်းတိုင်ရောက်တဲ့အထိ တဆင့်ပြီးတဆင့် ချီတက်ကြရမှာဖြစ်တယ်” လို့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ပြောခွင့်ရပုဂ္ဂိုလ် လီကျားဝင်းက ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေး တလနီးပါးကာလအတွင်း အောင်မြင်မှုဘယ်လောက်ရနေပြီလဲ၊ ရှမ်းမြောက်ဒေသက နယ်မြေသိမ်းရေးအပြင် စစ်ကောင်စီဖြုတ်ချရေးအတွက် ဘယ်လိုဆောင်ရွက်နေသလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူကဒီလို ဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ ...

- စစ်ကောင်စီတပ်စခန်း ၂၀၀ နီးပါးသိမ်းပြီးတာတောင် ၂၀% ခန့်နေဆဲဖြစ်တာ ဘာကြောင့်လဲ...

- ရှမ်းမြောက်ဒေသမှာ အွန်လိုင်းလောင်းကစားမှုကို ဘယ်လိုအရေးယူဆောင်ရွက်နေသလဲ...

- ၁၀၂၇ စစ်ဆင်ရေးမှာ ဒေသအသီးသီးက တော်လှန်ရေးအင်အားစုတွေ ဘယ်လိုပူးပေါင်း ပါဝင်နေသလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

Wednesday, November 22, 2023

“ဒီနေ့ စခန်း နှစ်ခုထပ်သိမ်းတယ်၊ ကိုးကန့်ဒေသရှိ စစ်ကောင်စီတပ်စခန်း ၇၀% သိ...


“ဒီနေ့ စခန်း နှစ်ခုထပ်သိမ်းတယ်၊ ကိုးကန့်ဒေသရှိ စစ်ကောင်စီတပ်စခန်း ၇၀% သိမ်းထားပြီးပြီ”

- လီကျားဝင်း (ပြောခွင့်ရပုဂ္ဂိုလ် - MNDAA)

(၂၂- ၁၁- ၂၀၂၃)

“လောက်ကိုင်နဲ့ ကုန်းကြမ်းဒေသရှိ စစ်ကောင်စီတပ်စခန်း ၂ ခုကို ဒီနေ့ ထပ်သိမ်းတယ်။ မနေ့ကလည်း ၃ ခုသိမ်းတယ်။ အားလုံးပေါင်းရင် စစ်စခန်း ၁၈၀ ကျော်နေပြီ။ ဒါဟာ ကိုးကန့်ဒေသရှိ စစ်ကောင်စီတပ်စခန်း ၇၀% ကို သိမ်းထားပြီးပြီလို့ပြောနိုင်ပါတယ်” လို့ MNDAA ကိုးကန့် အဖွဲ့ရဲ့ပြောခွင့်ရပုဂ္ဂိုလ် လီကျာဝင်းက ပြောပါတယ်။

အောက်တိုဘာ ၂၇ မှာစတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးရဲ့ ဒီနေ့ နောက်ဆုံးအခြေအနေနဲ့ပတ်သက်ပြီး ... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက
ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ ...

- ဒီနေ့ လောက်ကိုင်နဲ့ ကုန်းကြမ်းဒေသမှာ သိမ်းမိတဲ့ စစ်ကောင်စီတပ်စခန်း ၂ ခုရဲ့ နောက်ဆုံးအခြေအနေ...

- စစ်ကောင်စီတပ်စခန်း ဘယ်နှစ်ခု၊ မြို့ပေါင်း ဘယ်နှစ်မြို့ သိမ်းထားနိုင်ပြီလဲ...

- ၁၀၂၇ စစ်ဆင်ရေး တလနီးပါးအတွင်း တော်လှန်ရေးတပ်တွေက အောင်မြင်မှု ဘယ်လောက်ရထားသလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Monday, November 20, 2023

“စခန်းသိမ်းတိုက်ပွဲတွေကနေ လွတ်မြောက်ဒေသဖြစ်လာအောင် ဖန်တီးဖို့လိုပါတယ်”


“စခန်းသိမ်းတိုက်ပွဲတွေကနေ လွတ်မြောက်ဒေသဖြစ်လာအောင် ဖန်တီးဖို့လိုပါတယ်” 

- ဦးသန်းစိုးနိုင် (စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ)

(၂၁- ၁၁- ၂၀၂၃)

“ဝိုင်းပတ် ပိတ်ဆို့ခံထားတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ဒေသအလိုက် သိမ်းပိုက်နိုင်ဖို့လိုတယ်၊ အဲဒီကတဆင့် လွတ်မြောက်ဒေသတည်ဆောက်ပြီး နိုင်ငံလုံးဆိုင်ရာ အထွေထွေထိုးစစ်အတွက် ပြင်ဆင်သင့်တယ်” လို့ စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေး တလနီးပါးကြာလာချိန်၊ တနိုင်ငံလုံးနီးပါး တိုက်ပွဲတွေ အရှိန်တက်လာချိန်တွေနဲ့ ပတ်သက်ပြီး ... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက
ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ ...

- အရှေ့မြောက်၊ အနောက်မြောက်နဲ့ တောင်ပိုင်းဒေသတွေမှာ လွတ်မြောက်နယ်မြေ တည်ဆောက်ထားနိုင်နေပြီလား...

- အရှေ့မြောက်ဒေသက သိမ်းမိလက်နက်တွေ အညာဒေသဆီပို့ရေးကိစ္စ ဘယ်လောက်ခရီးရောက်နေပြီလဲ...

- တိုက်ပွဲအရှိန်ကောင်းနေစဉ်မှာ လွှတ်တော်ကိစ္စ၊ အာဏာကိစ္စ ဆွေးနွေးရမယ့်အချိန် ဟုတ်ပါရဲ့လား...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

“အရှေ့မြောက်ကနေ အနောက်မြောက်ကိုကူးသွားပြီ၊ တောင်ပိုင်းက KNU တက်လာဖို့ပဲ ...


“အရှေ့မြောက်ကနေ အနောက်မြောက်ကိုကူးသွားပြီ၊ တောင်ပိုင်းက KNU တက်လာဖို့ပဲ လိုတော့တယ်”

- ဦးသန်းစိုးနိုင် (စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ)

(၂၀ - ၁၁- ၂၀၂၃)

“၁၀၂၇ စစ်ဆင်ရေးရဲ့ အရှိန်အဟုန်နဲ့အတူ နွေဦးတော်လှန်ရေးဟာ အရှေ့မြောက်ဒေသကနေ အနောက်မြောက်ဒေသကိုကူးသွားပြီ၊ တောင်ပိုင်းက KNU တက်လာရင် အရေးကြီးနေရာတွေကို ထိန်းနိုင်ပြီ” လို့ စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေး သီတင်း ၃ ပတ်ခန့်ကြာလာချိန်၊ တနိုင်ငံလုံးနီးပါး တိုက်ပွဲတွေ အရှိန်တက်လာချိန်၊ ကိုးကန့်မှာအဖမ်းအဆီးရှိလာတာတွေနဲ့ ပတ်သက်ပြီး ... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ပထမပိုင်းမှာ ...

- ကိုးကန့်နယ်က ငွေလိမ်ဂိုဏ်းဖမ်းဆီးမှုနှင့် MNDAA နောက်ခံအချက်အလက်အကျဉ်း...

- လောက်ကိုင်သိမ်းဖို့အရေး ဘာကြာင့်ဒီလောက်ကြနေတာလဲ...

- ၁၀၂၇ စစ်ဆင်ရေးနဲ့ နွေဦးတော်လှန်ရေး ဘယ်လိုဆက်စပ်နေသလဲ...

-  တောင်ပိုင်းက KNU တက်လာဖို့က ဘာကြောင့်အရေးကြီးသလဲ... 

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(၁၀၂၇ စစ်ရေးအရှိန်ကောင်းနေစဉ်မှာ လွတ်တော်ကိစ္စတွေကို NLD က ပြောသင့်ပါရဲ့လား... ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Sunday, November 19, 2023

“ဘောလုံးကတော့ တဖက်အသင်းရဲ့ ဂိုးစည်းရှေ့ရောက်နေပြီ”


“ဘောလုံးကတော့ တဖက်အသင်းရဲ့ ဂိုးစည်းရှေ့ရောက်နေပြီ”

- ဆလိုင်းအိုင်းဇက်ခင် (ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ - ICNCC)

(၁၉ - ၁၁- ၂၀၂၃)

“၁၀၂၇ စစ်ဆင်ရေးရဲ့အရှိန်အဟုန်နဲ့အတူ တနိုင်ငံလုံးဟန်ချက်ညီ တိုက်ပွဲဖေါ်နေပြီဖြစ်တဲ့အတွက် စစ်ကောင်စီရှုံးနေပြီ။ ဘောလုံးစကားနဲ့ပြောမယ်ဆိုရင် ဘောလုံးကတော့ တဖက်အသင်းရဲ့ ဂိုးစည်းရှေ့ရောက်နေပြီ၊ အနိုင်ဂိုးသွင်းပြီး စစ်ကောင်စီ ခေါင်းပြန်မထောင်နိုင်အောင် လုပ်ထားဖို့ပဲ လိုတယ်” လို့ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) သဘာပတိအဖွဲ့ဝင် ဆလိုင်းအိုင်းဇက်ခင်က ပြောပါတယ်။

ချင်းပြည်နယ်က မြို့သိမ်းတိုက်ပွဲအပါဝင် လက်ရှိတနိုင်လုံးနီးပါး ဖြစ်ပေါ်နေတဲ့ ၁၀၂၇ စစ်ဆင်ရေးရဲ့ အရှိန်အဟုန်နဲ့ပတ်သက်ပြီး ... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...

- ရီခေါ်ဒါရ် မြို့သိမ်းတိုက်ပွဲအပါဝင် ချင်းပြည်နယ်က တော်လှန်ရေးအခြေအနေ...

- နယ်စပ်မြို့တွေကို ထိန်းချုပ်လာနိုင်တဲ့ တော်လှန်ရေးတပ်တွေအပေါ် အိန္ဒိယအစိုးရက သဘောထားပြောင်းလာနိုင်သလား...

- စစ်ကောင်စီတပ် တကယ်ပြိုနေပြီလား...

- တဖက်အသင်းရဲ့ ဂိုးစည်းရှေ့ရောက်နေတဲ့ ဘောလုံးကို အနိုင်ဂိုးရအောင် ဘယ်လိုသွင်းကြမလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

Saturday, November 18, 2023

“စစ်ကောင်စီရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးရတဲ့ စစ်ဘေးရှောင်ဦးရေ ၅၀ နီးပါး ရှ...


“စစ်ကောင်စီရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးရတဲ့ စစ်ဘေးရှောင်ဦးရေ ၅၀ နီးပါး ရှိနေပြီ”

- ဗညားခွန်အောင် (ကရင်နီ လူ့အခွင့်အရေးအဖွဲ့ - KHRG)

(၁၉ - ၁၁- ၂၀၂၃)

“လွိုင်ကော်ကနေ ထွက်ပြေးလာတဲ့ စစ်ဘေးရှောင်တွေကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ပစ်တာ၊ လက်နက်ကြီးနဲ့ထုတာတွေကြောင့် ၅ ရက်အတွင်း သေဆုံးသူ ၅၀ နီးပါးအထိရှိနေပြီ။ မြို့ထဲကနေ ထွက်ခွင့်ပိတ်ထားတဲ့အတွက် အခြေအနေတွေ အခုလိုဆိုးသွားတာဖြစ်တယ်” လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KHRG) တည်ထောင်သူ ဗညားခွန်အောင်က ပြောပါတယ်။

ကရင်နီတော်လှန်ရေးတပ်တွေက နိုဝင်ဘာ ၁၁ ရက်မှာ စတင်လိုက်တဲ့ လွိုင်ကော်မြို့သိမ်း (၁၁၁၁) စစ်ဆင်ရေးအတွင်း စစ်ကောင်စီဖက်က အထိနာနေတဲ့အတွက် စစ်ဘေးရှောင်တွေကို လေယာဉ်နဲ့ တမင်လိုက်ပစ်နေတယ်ဆိုတဲ့သတင်းတွေနဲ့ပတ်သက်ပြီး ... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...

- လွိုင်ကော်မြို့မှာ စစ်ဘေးရောင်ဦးရေ ဘယ်လောက်အထိရှိနေပြီလဲ...

- မြို့ထဲကလူတွေ အပြင်ထွက်ခွင့်မရအောင် စစ်ကောင်စီက ဘာကြောင့်ပိတ်ပင်ထားတာလဲ...

- UN အပါဝင် ပြည်တွင်း-ပြည်ပ ကယ်ဆယ်ရေးအဖွဲ့တွေက စစ်ဘေးရှောင်တွေအတွက် ဘာတွေ ကူညီပေးနေသလဲ...  

- ကရင်နီအပြင် တနိုင်ငံလုံးရှိ တော်လှန်ရေးတပ်တွေ ဟန်ချက်ညီတိုက်ပွဲဝင်နေပြီမို့ ဒီတကြိမ်စစ်ဘေးရှောင်ခြင်းဟာ နောက်ဆုံးအကြိမ်ရှောင်ရခြင်းလား...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(နိုဝင်ဘာ ၁၇ ရက်နေ့၊ သောကြာနေ့ညကမေးမြန်းထားချက်ဖြစ်တဲ့အတွက် ၁၈ ရက်နေ့အခြေအနေများ ပါဝင်နိုင်ခြင်းမရှိပါ) 

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Friday, November 17, 2023

“စစ်အာဏာရှင်ပြုတ်ကျရေးတိုက်ပွဲ အရှိန်မြှင့်ရန် KNU နှိုးဆော်”



“စစ်အာဏာရှင်ပြုတ်ကျရေးတိုက်ပွဲ အရှိန်မြှင့်ရန် KNU နှိုးဆော်”

(၁၇-၁၁-၂၀၂၃)

“လက်ရှိ နိုင်ငံရေး၊ စစ်ရေးအရ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတဲ့ စစ်ကောင်စီဟာ လူထုကို ဝေဝါးစေနိုင်တဲ့ လုပ်ရပ်တွေနဲ့ နိုင်ငံရေးထွက်ပေါက်ရှာလာနိုင်တယ်၊ ဒါတွေကို လက်မခံပဲ စစ်အာဏာရှင်ပြုတ်ကျရေးအတွက် တိုက်ပွဲအရှိန်မြှင့်ရမှာဖြစ်တယ်” လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ပြောခွင့်ရပုဂ္ဂိုလ် ပဒိုစောတောနီးက ပြောပါတယ်။

KNU စာမျက်နှာကနေ ဒီနေ့ (နိုဝင်ဘာလ ၁၇ ရက်) ထုတ်လွှင့်တဲ့ ရုပ်သံအစီအစဉ်မှာ သူက အဲဒီလိုပြောသွားတာပါ။ ဖမ်းဆီးခံ နာမည်ကြီးနိုင်ငံရေးအကျဉ်းသားအချို့ပြန်လွှတ်တာမျိုး၊ လက်ရှိစစ်ခေါင်းဆောင်ကို ဖယ်ပြီး နောက်တဦးနဲ့ ဟန်ပြအစားထိုးတာမျိုး စစ်ကောင်စီဖက်က လုပ်လာနိုင်တယ်လို့ သူကဆိုပါတယ်။ ဒီလို ဟန်ပြလုပ်တာကို လက်မခံပဲ စစ်အာဏာရှင်ပြုတ်ကျရေးကိုသာ ဦးတည်တိုက်ရမယ်လို့ ထောက်ပြခဲ့ပါတယ်။

ဒါ့အပြင်...

- စစ်တပ်က အာဏာသိမ်းပြီးနောက် လူငယ်တွေကို KNU နယ်မြေမှာ သင်တန်းပေးတာ၊ လူထုတွေကို လက်ခံကျွေးမွေးတာ၊ အခုဆို လူငယ်တွေဟာ စစ်ကောင်စီကိုပြန်တိုက်ဖို့ အဆင်သင့်ဖြစ်နေတာ...

- ၃ နှစ်နီးပါးကာလအတွင်း တိုက်ပွဲတသောင်းကျော်ဖြစ်ပြီး စစ်ကောင်စီဖက်က တသောင်းကျော်သေဆုံး... ဒါကြောင့် အရှေ့မြောက်ဒေသဆီ စစ်ကောင်စီက စစ်ကူမပို့နိုင်ဖြစ်နေ...

- စစ်ဘေးရှောင်တွေကို နိုင်ငံတကာဖက်က အကူအညီပေးဖို့နဲ့ စစ်ကောင်စီကို စီးပွားရေးပိတ်ဆို့မှု တိုးမြှင့်ဆောင်ရွက်ဖို့တောင်းဆို...

- ဖက်ဒရယ်နဲ့ ဒီမိုကရေစီရရှိရေးအတွက် အင်အားစုအားလုံး တိုက်ပွဲအရှိန်မြှင့်ဖို့လို...

- အခြေနေအမှန်ကို သဘောပေါက်တဲ့ စစ်ကောင်စီတပ်သားတွေ၊ အရာရှိတွေအနေနဲ့ တော်လှန်ရေးတပ်တွေထံ လက်နက်ချတာ၊ ပြည်သူနဲ့ပူးပေါင်းတာ အမြန်ဆုံးလုပ်ဖို့...ကိုလည်း KNU ပြောခွင့်ရပုဂ္ဂိုလ်က တိုက်တွန်းထားပါတယ်...။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Thursday, November 16, 2023

“မြို့သိမ်းတိုက်ပွဲတွေ တပြိုင်တည်းလုပ်တယ်ဆိုတာ တန်ပြန်ထိုးစစ် စတင်လိုက်တ...


“မြို့သိမ်းတိုက်ပွဲတွေ တပြိုင်တည်းလုပ်တယ်ဆိုတာ တန်ပြန်ထိုးစစ် စတင်လိုက်တာပါ”

- ဆလိုင်းထက်နီ (ပြောခွင့်ရပုဂ္ဂိုလ် - ချင်းအမျိုးသားတပ်ဦး - CNF)

(၁၆- ၁၁- ၂၀၂၃)

“ချင်း တော်လှန်ရေးတပ်တွေက ရိဒ်ခေါဒါရ်မြို့ကိုသိမ်းပိုက်သလို ရခိုင်၊ ကချင်၊ စစ်ကိုင်း၊ ရှမ်းမြောက်၊ ကရင်နီ၊ ကရင်ပြည်နယ်တွေမှာ မြို့သိမ်းတိုက်ပွဲတွေ တပြိုင်တည်းလုပ်တယ်ဆိုတာဟာ တန်ပြန်ထိုးစစ် စတင်လိုက်တာဖြစ်တယ်။ စစ်ကောင်စီတပ်သားတွေအနေနဲ့ ပြည်သူနဲ့အမြန်ဆုံး ပူးပေါင်းဖို့လိုတယ်” လို့ ချင်းအမျိုးသားတပ်ဦး (CNF) ပြောခွင့်ရပုဂ္ဂိုလ် ဆလိုင်းထက်နီက ပြောပါတယ်။

အိန္ဒိယ-မြန်မာနယ်စပ်ရှိ အဓိက ကုန်သွယ်ရေးမြို့ ရိဒ်ခေါဒါရ်မြို့ကို ချင်းတော်လှန်ရေးတပ်တွေက သိမ်းပိုက်ပြီးနောက် ပြည်သူ့အုပ်ချုပ်ရေးချတာ၊ လူထုတွေ မြို့တွင်းပြန်နေနိုင်အောင် စီစဉ်ပေးနေတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီး... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...

- ရိဒ်ခေါဒါရ် မြို့သိမ်းတိုက်ပွဲ နောက်ဆုံးအခြေအနေ...

- အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေး အဓိကလမ်းကြောင်းတခုကို တော်လှန်ရေးတပ်တွေက ထိန်းချုပ်လိုက်ခြင်းလား...

- တနိုင်ငံလုံးအနှံ့ မြို့သိမ်းတိုက်ပွဲတွေ တပြိုင်တည်းဖြစ်ပေါ်လာတာဟာ စစ်ကောင်စီကို တော်လှန်ရေတပ်တွေက ထိုးစစ် စတင်လိုက်တဲ့သင်္ကတလား...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Wednesday, November 15, 2023

“သိမ်းပိုက်ပြီးမြို့များရှိ ဘဏ်များကိစ္စ NUG နှင့် မဟာမိတ်များ တာဝန်ယူဆေ...


“သိမ်းပိုက်ပြီးမြို့များရှိ ဘဏ်များကိစ္စ NUG နှင့် မဟာမိတ်များ တာဝန်ယူဆောင်ရွက်နေ”

- ဦးတင်ထွန်းနိုင် - (ပြည်ထောင်စုဝန်ကြီး - စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန - NUG)

(၁၆- ၁၁- ၂၀၂၃)

“စစ်ကိုင်းတိုင်းက ကောလင်းမြို့အပါဝင် တော်လှန်ရေးတပ်တွေက သိမ်းပိုက်မိတဲ့မြို့ပြဒေသရှိ ဘဏ်များကိစ္စကို အမျိုးသားညီညွတ်ရေးအစိုးရနှင့် တိုင်းရင်းသားတပ်များက ပူးတွဲ တာဝန်ယူဆောင်ရွက်နေတယ်” လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောပါတယ်။

မနေ့က အွန်လိုင်းကတဆင့်ပြုလုပ်တဲ့ “နွေဦးဘဏ် အစုရှယ်ယာရောင်းချခြင်း” အကြောင်း သတင်းစာရှင်းပွဲအတွင်း သူက အဲဒီလိုပြောသွားတာပါ။

ကောလင်းမြို့ မြန်မာ့စီးပွားရေးဘဏ်ကနေ ကျပ်ငွေ သန်းပေါင်း ၉၅၂ ဒသမ ၃၄၃ သန်း သိမ်းမိပြီး စနစ်တကျထိန်းသိမ်းထားတယ်၊ အခြားသိမ်းမိနယ်မြေရှိ အစိုးရဘဏ်များ၊ ပုဂ္ဂလိက ဘဏ်များအားလုံး ကြားကာလဗဟိုဘဏ်ရဲ့ ညွန်ကြားချက်တွေအတိုင်း လိုက်နာဆောင်ရွက်ရမယ်လို့လည်း သူကပြောပါတယ်။

နွေဦးဘဏ် အစုရှယ်ယာတွေကိုတော့ အခုလ ၁၇ ရက် (မနက်ဖန်) စတင်ရောင်းချပေးမှာဖြစ်တဲ့အတွက် ရှယ်ယာဝယ်လိုသူများအနေဖြင့် နွေဦးဘဏ် ဝက်ဆိုက်ကိုဖြစ်စေ၊ သက်ဆိုင်ရာနိုင်ငံရှိငွေကြေးကိုယ်စားလှယ်များ RM ထဲ အမြန်ဆုံးဆက်သွယ်ဆောင်ရွက်ကြဖို့လည်း သူက တိုက်တွန်းခဲ့ပါတယ်။

သတင်းစာရှင်းပွဲအတွင်း ဝန်ကြီး ဦးတင်ထွန်းနိုင်ပြောကြားချက်ထဲက အရေးကြီးအချက်အချီု့ကို ကောက်နှုတ်ဖေါ်ပြလိုက်ပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

“စစ်ကောင်စီဖက်က အလံဖြူထောင်ပြီး လက်နက်ချတယ်ဆိုတာ ဟုတ်ပါတယ်”


“စစ်ကောင်စီဖက်က အလံဖြူထောင်ပြီး လက်နက်ချတယ်ဆိုတာ ဟုတ်ပါတယ်”

- ခူရီးဒူ (စစ်ရေးချုပ် - KNDF)

(၁၅- ၁၁- ၂၀၂၃)

“ကရင်နီပြည် လွိုင်ကော်တက္ကသိုလ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီအင်အား ၃၀ ကျော် မနေ့ညနေက အလံဖြူထောင်ပြီး လက်နက်ချတယ်ဆိုတာ ဟုတ်ပါတယ်၊ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်” လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) စစ်ရေးချုပ် ခူရီးဒူက ပြောပါတယ်။

မနေ့ညနေပိုင်းက စစ်ကောင်စီတပ်သား ၃၀ ကျော်အလံဖြူထောင်ပြီး လက်နက်ချတဲ့ပုံ၊ KNDF ဒုတိယ စစ်ဦးစီးချုပ် မာဝီ ကိုယ်တိုင်က လက်နက်ချဖို့ပြောနေတဲ့ ဗီဒီယို တွေအကြောင်း...  BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...

- စစ်ကောင်စီဖက်က အလံဖြူထောင်ပြီး လက်နက်ချတဲ့အခြေအနေ...

- စကစ ပြောခွင့်ရပြောနေတာနဲ့ မြေပြင်အခြေအနေ ဘယ်လိုကွဲလွဲနေသလဲ...

- လွိုင်ကော်က တိုက်ပွဲနောက်ဆုံးအခြေအနေနဲ့ စစ်ရှောင်များအခြေအနေ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(ကရင်နီဒေသမှာ ရှေ့တန်းရောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အလံဖြူထောင် လက်နက်ချသလိုမျိုး ချင်းနဲ့ ရခိုင်ဖက်မှာလည်း မနေ့ကနဲ့ ဒီနေ့ ဒါဇင်နဲ့ချီရှိခဲ့တယ်လို့ သိရပါတယ်။ အရှေမြောက်ဒေသ တအန်းနဲ့ ကိုးကန့်နယ်မှာတော့ နောက်တန်း တပ်ရင်းတွေပါ တပ်ရင်းအလိုက် မိသားစုတွေနဲ့အတူ ရာနဲ့ချီပြီး လက်နက်ချတာ၊ အလင်းဝင်တာတွေ နေ့စဉ်ရှိနေပါတယ်။ FB မှာဖေါ်ပြရန်ခက်ခဲသော ဗီဒီယို သတင်းများကိုတော့ Youtube ချာနယ်မှာ ကြည့်ရှုနိုင်ပါတယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Tuesday, November 14, 2023

“အရှေ့မြောက်ဒေသက သိမ်းမိတဲ့လက်နက်တွေ အနောက်မြောက်ဒေသဆီ ကူညီပေးဖို့လိုပါတယ်”


“အရှေ့မြောက်ဒေသက သိမ်းမိတဲ့လက်နက်တွေ အနောက်မြောက်ဒေသဆီ ကူညီပေးဖို့လိုပါတယ်”

- ဦးသန်းစိုးနိုင် (စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ)

(၁၄- ၁၁- ၂၀၂၃)

“အရှေ့မြောက်ဒေသတိုက်ပွဲအတွင်း သိမ်းမိတဲ့လက်နက်တွေကို အနောက်မြောက်ဒေသဆီ ကူညီပေးနိုင်ရင် အညာဒေသဟာလည်း ERO ဆပ်စပ်ဒေသတွေလို တော်လှန်ရေးအရှိန် ပိုကောင်းလာနိုင်တယ်” လို့ စစ်ရေး - နိုင်ငံရေး ဖေဝန်သုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေးနဲ့အတူ နိုင်ငံအနှံ့ပေါ်ပေါက်လာနေတဲ့ စစ်ရေးလှုပ်ရှားမှုအခြေအနေ၊ ထိန်းချုပ်နယ်မြေ တဆက်တစပ်တည်းမရှိသေတဲ့ အညာဒေသမှာ ဘာတွေအခက်အခဲရှိနေသလဲ...  စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ...

- ၁၀၂၇ စစ်ဆင်ရေးနဲ့ဟန်ချက်ညီစေဖို့ ကရင်နီနဲ့ ကရင်ဒေသမှာ ဘယ်လိုလှုပ်ရှားနေသလဲ...

- ထိန်းချုပ်နယ်မြေ တဆက်တစပ်တည်းမရှိသေတဲ့ အညာဒေသအတွက် ဘာတွေဆောင်ရွက်ပေးဖို့လိုအပ်မလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Monday, November 13, 2023

“စစ်တပ်ကပဲ ပြန်နိုင်မယ်ဆိုတဲ့ အစဉ်အလာအယူအဆ မှန်ကန်မှုမရှိတော့ဘူးဆိုတာကို...


“စစ်တပ်ကပဲ ပြန်နိုင်မယ်ဆိုတဲ့ အစဉ်အလာအယူအဆ မှန်ကန်မှုမရှိတော့ဘူးဆိုတာကို လက်တွေ့အခြေအနေက ပြသနေပါတယ်”

- ဒေါ်ဇင်မာအောင် (နိုင်ငံခြားရေးဝန်ကြီး - အမျိုးသားညီညွတ်ရေးအစိုးရ)

(၁၄- ၁၁- ၂၀၂၃)

“သမိုင်းအစဉ်အလာအရ မြန်မာနိုင်ငံမှာ စစ်တပ်ဟာ အခိုင်မာဆုံးအဖွဲ့အစည်းဖြစ်တယ်၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်အင်အားစုတွေက ဒီစစ်တပ်ကို အနိုင်ရဖို့မဖြစ်နိုင်ဘူးဆိုတဲ့ အစဉ်အလာအယူအဆဟာ မှန်ကန်မှုမရှိတော့ဘူးဆိုတာကို လက်တွေ့အခြေအနေ၊ ၁၀၂၇ စစ်ဆင်ရေးအခြေအနေတွေကိုထောက်ပြပြီး နိုင်ငံတကာကိုရှင်းပြနိုင်ခဲ့တယ်” လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကသွားခဲ့တဲ့ လစ်သူရေးနီးယားနိုင်ငံခရီးစဉ်အပါဝင် နိုင်ငံတကာခရီးစဉ်တွေအတွင်း ၁၀၂၇ စစ်ဆင်ရေးအပေါ် နိုင်ငံတကာဖက်က ဘယ်လိုမြင်ကြသလဲ၊ လက်ရှိ အခြေအနေဟာ တော်လှန်ရေးအောင်မြင်ဖို့ ဘယ်လောက်နီးစပ်လာပြီလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...

- လစ်သူရေးနီးယားနိုင်ငံခရီးစဉ်အတွင်း ဘယ်လိုထောက်ခံအားပေးမှုတွေ ရရှိခဲ့သလဲ...

- လက်ရှိမြေပြင်အခြေအနေမှန်ကို နိုင်ငံတကာဖက်က နားလည်ပါရဲ့လား...

- ၁၀၂၇ စစ်ဆင်ရေးမှာ NUG, PDF တွေ ဘယ်လိုပူးပေါင်းဆောင်ရွက်နေသလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

“စစ်ကောင်စီဥက္ကဌပြောတဲ့ ထိုးစစ်ဆင်ပြီး စခန်းတွေပြန်သိမ်းမယ်ဆိုတာ သင်္ကြန...


“စစ်ကောင်စီဥက္ကဌပြောတဲ့ ထိုးစစ်ဆင်ပြီး စခန်းတွေပြန်သိမ်းမယ်ဆိုတာ သင်္ကြန်အမြောက်ပါ”

- ဦးသန်းစိုးနိုင် (စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ)

(၁၃- ၁၁- ၂၀၂၃)

“၁၀၂၇ စစ်ဆင်ရေးအတွင်း ကျရှုံးသွားတဲ့ ရှမ်းမြောက်ဒေသက မြို့တွေ၊ စစ်စခန်းတွေကို ထိုးစစ်ဆင်ပြီး ပြန်သိမ်းမယ်ဆိုတဲ့ စစ်ကောင်စီဥက္ကဌရဲ့ ကြေညာချက်ဟာ လက်တွေ့မပါတဲ့ သင်္ကြန်အမြောက်သာဖြစ်တယ်” လို့ စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ကျင်းပတဲ့ ကာ-လုံ အစည်းအဝေးမှာ စစ်ကောင်စီဥက္ကဌရဲ့ ပြောဆိုချက်က ဘယ်လောက်လက်တွေ့ကျသလဲ၊ လက်ရှိ ရှမ်းမြောက်ဒေသနဲ့ စစ်ကိုင်းတိုင်းအတွင်း စစ်ရေးအခြေအနေ ဘယ်လိုရှိနေသလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ပထမပိုင်းမှာ...

- အရှေ့မြောက်ဒေသက စစ်ပွဲတွေရဲ့ နောက်ဆုံးအခြေအနေ...

- စကစ ဥက္ကဌရဲ့ စစ်ရေးကြေညာချက်ကို ဘာကြောင့် သင်္ကြန်အမြောက်လို့ ပြောတာလဲ...

- အရှေ့မြောက်ဒေသနဲ့ အနော်မြောက်ဒေသတိုပ ဟန်ချက်ညီ စစ်ရေးလှုပ်ရှားမှု လုပ်နိုင်ခြေရှိသလား...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(ကရင်နီ၊ ကရင်နဲ့ နေပြည်တော်ဝန်းကျင် စစ်ရေးလှုပ်ရှားနိုင်မယ့် အလားအလာအကြောင်း ဆွေးနွေးချက်ပါတဲ့ ဒုတိယပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Sunday, November 12, 2023

“အရှေ့မြောက်ဒေသမှာ သိမ်းမိတဲ့လက်နက်တွေကို အညာဒေသဆီပို့နိုင်ရင် တော်လှန်ရ...


“အရှေ့မြောက်ဒေသမှာ သိမ်းမိတဲ့လက်နက်တွေကို အညာဒေသဆီပို့နိုင်ရင် တော်လှန်ရေးအရှိန် ဒီထက်ပိုကောင်းလာမယ်”

(၁၃- ၁၁- ၂၀၂၃)

မြောက်ပိုင်းညီနောင် ၃ ဖွဲ့ဖြစ်တဲ့ ကိုးကန့် MNDAA, တအန်း TNLA,  နဲ့ ရခိုင် AA တို့ရဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ အခုဆိုရင် သီတင်းနှစ်ပတ်ကျော် ၁၈ ရက်ထဲဝင်လာပြီဖြစ်ပါတယ်။ မြို့ပေါင်း ၁၀ မြို့နီးပါးသိမ်းထားပြီး စစ်စခန်း ၂၀၀ နီးပါးကိုလည်း သိမ်းနိုင်ခဲ့ပါတယ်။

ဒီစစ်ဆင်ရေးနဲ့အတူ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်၊ ကရင်နီနဲ့ ကရင်ဒေသတွေမှာပါ ဟန်ချက်ညီ တိုက်ပွဲဖေါ်မှုတွေ တွေ့လာနေရပါတယ်။

ဆိုတော့ ဒီစစ်ဆင်ရေးဟာ ဘယ်အထိ ဦးတည်သွားနိုင်ပါသလဲ....

- စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ ဦးသန်းစိုးနိုင်...

- MoD ပြောခွင့်ရ ဦးမောင်မောင်ဆွေ...

- ကလလတ ပြောခွင့်ရ ရဲဘော်လောရင်စိုး...

- KNU ပြောခွင့်ရ ပဒိုစောတောနီး...

- CNF ပြောခွင့်ရ ဆလိုင်းထက်နီ...

- CDM တပ်မတော်အရာရှိ ဗိုလ်ကြီးလင်းထက်အောင်... တိုရဲ့အမြင်တွေကို စုစည်းတင်ပြလိုက်ပါတယ်...။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

“အဲ လေယာဉ်က ပျက်ကျတာမဟုတ်ဘူး၊ ကျနော်တို့ ပစ်ချလိုက်တာ”



“အဲ လေယာဉ်က ပျက်ကျတာမဟုတ်ဘူး၊ ကျနော်တို့ ပစ်ချလိုက်တာ”

- ခူရီးဒူ (စစ်ရေးချုပ် - KNDF )

(၁၂- ၁၁- ၂၀၂၃)

“စစ်ကောင်စီတိုက်လေယာဉ်ဟာ စက်ချို့ရွင်းလို့ ပျက်ကျတာမဟုတ်ပဲ တော်လှန်ရေးတပ်တွေက ပိုင့်. 5 နဲ့ပစ်ချလို့ ကျသွားတာဖြစ်တယ်၊ စစ်ကောင်စီတပ်တွေ ရာနဲ့ချီ ကျဆုံးမှူရှိနေတယ်” လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) စစ်ရေးချုပ် ခူရီးဒူက ပြောပါတယ်။

မနေ့က လွိုင်ကော်တိုက်ပွဲမှာ ပျက်ကျသွား တိုက်လေယာဉ်ဟာ လက်နက်ထိမှန်လို့မဟုတ်ပဲ လေကျင့်ပျံသန်းနေစဉ် စက်ချို့ယွင်းပြီး ပျက်ကျတာဖြစ်တယ်လို့ စစ်ကောင်စီရဲ့ ပြောဆိုချက်နဲ့ပတ်သက်ပြီး ... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...

- စစ်ကောင်စီ တိုက်လေယာဉ် ဘာကြောင့် ပျက်ကျသွားတာလဲ...

- ၁၁၁၁ စစ်ဆင်ရေးအတွင်း စစ်ကောင်စီဖက်က ဘယ်လောက်အထိနာနေသလဲ...

- ကရင်နီဒေသက တိုက်ပွဲတွေနဲ့ ၁၀၂၇ စစ်ဆင်ရေး ဘယ်လိုဆက်စပ်ဆောင်ရွက်နေသလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Saturday, November 11, 2023

“၁၀၂၇ နဲ့အတူ အညာဒေသမှာလည်း တိုက်ပွဲအရှိန်မြှင့်နိုင်ဖို့ ကြိုးစားနေတာဖြစ...


“၁၀၂၇ နဲ့အတူ အညာဒေသမှာလည်း တိုက်ပွဲအရှိန်မြှင့်နိုင်ဖို့ ကြိုးစားနေတာဖြစ်တယ်”

- ရဲဘော်ဝေကြီး (ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့)

(၁၁- ၁၁- ၂၀၂၃)

“ရေစကြိုမြို့လယ်နဲ့ စစ်တပ်ကုန်းတွေကို တော်လှန်ရေးတပ်တွေက မနေ့က တပြိုင်တည်းဝင်တိုက်ခဲ့ပြီး ဒါဟာ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ အညာဒေသမှာ တိုက်ပွဲအရှိန်မြှင့်လိုက်တာဖြစ်တယ်။ ဒီစစ်ဆင်ရေးနဲ့အတူ တပြိုင်တည်းချီတက်ကြဖို့လိုတယ်” လို့ မကွေးတိုင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံ ရဲဘော်ဝေကြီးက ပြောပါတယ်။

မနေ့က ဖြစ်ပွားခဲ့တဲ့ ရေစကြိုမြို့တွင်း တိုက်ပွဲအခြေအနေ၊ ၁၀၂၇ စစ်ဆင်ရေးအပေါ် သဘောထားတွေနဲ့ပတ်သက်ပြီး...BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...

- ရေစကြိုတိုက်ပွဲအတွင်း စစ်ကောင်စီဖက်က အကျအဆုံဘယ်လောက်များခဲ့သလဲ...

- ၁၀၂၇ စစ်ဆင်ရေးက အညာဒေသရှိ တော်လှန်ရေးအင်အားစုတွေကို ဘယ်လိုခွန်အားဖြစ်စေသလဲ...

- ၁၀၂၇ စစ်ဆင်ရေးအရှိန်နဲ့အတူ ဘယ်လိုပူးတွဲ ချီတက်နိုင်ကြမလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Thursday, November 9, 2023

“အရင်က ကင်းစောင့်ရင် ရှေ့တည့်တည့်ကိုပဲကြည့်ရတယ်၊ အခုက ခေါင်းပေါ်က ဒရုန်း...


“အရင်က ကင်းစောင့်ရင် ရှေ့တည့်တည့်ကိုပဲကြည့်ရတယ်၊ အခုက ခေါင်းပေါ်က ဒရုန်းကိုပါ ကြောက်နေရတယ်”

- ဗိုလ်ကြီးလင်းထက်အောင် (CDM - တပ်မတော်အရာရှိ)

(၁၀ - ၁၁- ၂၀၂၃)

“အရင်က စစ်သားတယောက် ကင်းစောင့်ရင် ရှေ့တည့်တည့်ကိုပဲကြည့်ရတယ်။ အခုက ခေါင်းပေါ်က ဒရုန်းကိုပါကြောက်နေရတယ်။ ဒရုန်းတိုက်ပွဲဟာ နွေဦးတော်လှန်ရေးရဲ့ အားသာချက်၊ စစ်တပ်ရဲ့အားနည်းချက်ဖြစ်တယ်” လို့ CDM တပ်မတော် အရာရှိ ဗိုလ်ကြီးလင်းထက်အောင်က ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်တပ်ဖက်က ဆုံးရှုံးထိခိုက်မှုများနေတာ ဘာကြောင့်လဲ၊ အရင်ကလူပြောများတဲ့ ရွှေဘနောက်ပိုင်းကြမ်းမယ်ဆိုတာ ဒီနေ့ စစ်တပ်မှာမရှိတော့ဘူးလား...  စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ...

- ဒရုန်းနဲ့တိုက်တာကို စစ်တပ်ဖက်က ဒီလောက်ကြောက်နေတာ ဘာကြောင့်လဲ... 

- ရွှေဘနောက်ပိုင်းကြမ်းပြီး စစ်တပ်ကပဲ ပြန်နိုင်လေ့ရှိတယ်ဆိုတာ ဇတ်ညွှန်းဟောင်းကို လက်ခံရိုက်ကူးသူ မရှိတော့ဘူးလား...

- တပ်မတော်သားတွေ ပြည်သူနဲ့ပူးပေါင်းဖို့ ဘယ်လိုဆောင်ရွက်နိုင်မလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Wednesday, November 8, 2023

”စစ်တပ်ရဲ့စာရင်းအမှန်ကို စစ်တပ်ကိုယ်တိုင် မသိတာ အဓိက ပြသာနာပါပဲ”


”စစ်တပ်ရဲ့စာရင်းအမှန်ကို စစ်တပ်ကိုယ်တိုင် မသိတာ အဓိက ပြသာနာပါပဲ”

- ဗိုလ်ကြီးလင်းထက်အောင် (CDM - တပ်မတော်အရာရှိ)

(၉ - ၁၁- ၂၀၂၃)

“စစ်တပ်အတွင်းမှာ အပေါ်နဲ့အောက် အပြန်အလှန် လိမ်ညာနေတဲ့အတွက် စစ်တပ်ရဲ့စာရင်းအမှန်ကို စစ်တပ်ကိုယ်တိုင်မသိတဲ့ ပြသာနာရှိနေတယ်။ ဒီလိုမမှန်စာရင်းတွေပေါ် အခြေခံပြီး ညွှန်ကြားချက်တွေထုတ်နေတဲ့အတွက် အခုလို စစ်ရှုံးနေတာဖြစ်တယ်” လို့ CDM တပ်မတော် အရာရှိ ဗိုလ်ကြီးလင်းထက်အောင်က ပြောပါတယ်။

မြောက်ပိုင်းညီနောင် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး ၁၀ ရက်ကျော်ကာလအတွင်း မြို့ပေါင်းတဒါဇင်နီးပါးနဲ့ စစ်စခန်း ၁၂၀ ကျော်ကျသွားတာ ဘာကြောင့်လဲ၊ လူထုထောက်ခံမှုမရှိတဲ့နိုင်ငံရေး အကြောင်းပြချက်အပြင် စစ်ရေးအရကော ဘာတွေလွဲမှားနေသလဲ...  စသဖြင့် BNN
သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ပထမပိုင်းမှာ...

- တပ်မမှူးအဆင့် တိုက်ပွဲကျတဲ့အပြင် မြို့ တဒါဇင်နဲ့ စစ်စခန်း ၁၂၀ ကျော်ကို အချိန်တိုအတွင်း လက်လွှတ်လိုက်ရတာ ဘာကြောင့်လဲ...

- ကာ-လုံ ခေါ်ပြီး ပြန်တိုက်မယ်ပြောနေတာဟာ မြေပြင်အခြေအနေနဲ့ ဘယ်လောက်နီးစပ်သလဲ...

- “စစ်တပ်ရဲ့စာရင်းအမှန်ကို စစ်တပ်ကိုယ်တိုင်မသိဘူူး” ဖြစ်နေတာ နှစ်ပေါင်းဘယ်လောက်ကြာနေပြီလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(လက်ရှိစစ်တပ်ဟာ အရင်နဲ့မတူပဲ အချိန်မရွေးပြိုကျနိုင်တဲ့အကြောင်း... ဆွေးနွေးချက်ပါတဲ့ ဒုတိယပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

“၁၀၂၇ စစ်ဆင်ရေးကို ထောက်ခံပူးပေါင်းတဲ့အနေနဲ့ ကရင်နီကလည်း စစ်ဆင်ရေး စတင်လ...


“၁၀၂၇ စစ်ဆင်ရေးကို ထောက်ခံပူးပေါင်းတဲ့အနေနဲ့ ကရင်နီကလည်း စစ်ဆင်ရေး စတင်လိုက်တာဖြစ်တယ်”

- ရဲဘော်လောရင်စိုး (တွဲဖက်အထွေထွေအတွင်းရေးမှူး- ကလလတ)

(၈- ၁၁- ၂၀၂၃)

“မြောက်ပိုင်းညီနောင် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးကို ထောက်ခံ ပူးပေါင်းတဲ့အနေနဲ့ ၁၁၀၇ စစ်ဆင်ရေးကို ကရင်နီပြည်မှာ စတင်လိုက်တာဖြစ်တယ်။ ၁၀၂၇ စစ်ဆင်ရေးရဲ့ အရှိန်အဟုန်လိုမျိုး နောက်ထပ်တခါ ထပ်ရဖို့မလွယ်တဲ့အတွက် အခုအရှိန်ကောင်းနေစဉ်မှာ တော်လှန်ရေးအင်အားစုအားလုံး ပူးပေါင်းပါဝင်ဖို့လိုတယ်” လို့ ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) တွဲဖက်အထွေထွေအတွင်းရေးမှူး ရဲဘော်လောရင်စိုးက ပြောပါတယ်။

ကရင်နီပြည် မယ်စဲ့မြို့နယ်အတွင်းရှိ ပန်တိန်း စစ်ကောင်စီတပ်စခန်းကို မနေ့က (နိုဝင်ဘာ ၇ ရက်) တိုက်ခိုက်တဲ့ စစ်ဆင်ရေးနဲ့ အဲဒီစစ်ဆင်ရေးကို ၁၁၀၇ (တစ်တစ် သုည ခွန်) လို့အမည်ပေးတာတွေနဲ့ပတ်သက်ပြီး ... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...

- ပန်တိန်းတိုက်ပွဲ၊ ၁၁၀၇ စစ်ဆင်ရေးနဲ့ ၁၀၂၇ စစ်ဆင်ရေး ဘယ်လိုဆက်စပ်နေသလဲ...

- ၁၀၂၇ စစ်ဆင်ရေးရဲ့ အရှိန်အဟုန်လိုမျိုး နောက်ထပ်တခါ ထပ်ရဖို့မလွယ်တာ ဘာကြောင့်လဲ...

- တော်လှန်ရေးတပ်တွေအားလုံး တပြိုင်တည်း တိုက်ပွဲဖေါ်ဖို့ ဘယ်လောက်အရေးတကြီး လိုအပ်နေသလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Tuesday, November 7, 2023

“ဒီပွဲဟာ အားလုံးနဲ့ဆိုင်တဲ့အတွက် အဖွဲ့အားလုံး ဝင်ပါရမှာဖြစ်တယ်၊ ဟန်ချက်...


“ဒီပွဲဟာ အားလုံးနဲ့ဆိုင်တဲ့အတွက်  အဖွဲ့အားလုံး ဝင်ပါရမှာဖြစ်တယ်၊ ဟန်ချက်ညီ လုပ်ရမှာဖြစ်တယ်”

- ပဒိုစောတောနီး (ဗဟိုအလုပ်အမှုဆောင်ကော်မီတီဝင် - KNU)

(၈- ၁၁- ၂၀၂၃)

“တော်လှန်ရေးတပ်ပေါင်းစုရဲ့ လက်ရှိ စစ်ဆင်ရေးဟာ အားလုံးနဲ့ဆိုင်တဲ့အတွက် တော်လှန်ရေးအဖွဲ့အားလုံး ပါဝင်ရမှာဖြစ်တယ်။ စစ်ကောင်စီနဲ့ နီးနီးကပ်ကပ်နေတဲ့အဖွဲ့တွေတောင် နောက်ဆုံးအဆင့်မှာ ပါကိုပါလာရမယ်။ သက်ဆိုင်ရာဒေသအလိုက် ဟန်ချက်ညီ တိုက်ပွဲဖော်ရမှာဖြစ်တယ်” လို့ ကရင့်အမျိုးသားအစည်းအရုံး (KNU) ဗဟိုအလုပ်အမှုဆောင်ကော်မီတီဝင် ပဒိုစောတောနီးက ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ထုတ်ပြန်တဲ့ KNU ဗဟိုရဲ့ ကော်သူးလေ ဖက်ဒရယ်ယူနစ်ဖေါ်ဆောင်ရေးအကြောင်း၊ လက်ရှိ ၁၀၂၇ စစ်ဆင်ရေးအပေါ် KNU က ဘယ်လိုသဘောထားသလဲ၊ ဘယ်လိုပူးပေါင်းဆောင်ရွက်နေသလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...

- ကော်သူးလေ ဖက်ဒရယ်ယူနစ်တည်ဆောက်ရေးအတွက် ဘာတွေဆောင်ရွက်နေသလဲ...

- ၁၀၂၇ စစ်ဆင်ရေနဲ့ ၁၁၀၇ စစ်ဆင်ရေးအပေါ် KNU က ဘယ်လိုသဘောထားသလဲ၊ ဘယ်လိုပူးပေါင်းဆောင်ရွက်နေသလဲ...

- စစ်ကောင်စီတပ် အခြေအနေဟာ ထသွားမှအကျိုးမှန်းသိဆိုသလို အာဏာသိမ်းပြီးနောက်ပိုင်း တကယ့်စစ်ပွဲနဲ့ကြုံတဲ့အခါ ဘာမှသုံးစားမရတဲ့အခြေအနေ ဖြစ်နေပြီလား...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန်
တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Monday, November 6, 2023

“အရှေ့မြောက်ဒေသမှာ စခန်းသိမ်း၊ နယ်မြေသိမ်းတိုက်ပွဲဆင်နေသလို မြေပြန့်ဒေသမ...


“အရှေ့မြောက်ဒေသမှာ စခန်းသိမ်း၊ နယ်မြေသိမ်းတိုက်ပွဲဆင်နေသလို မြေပြန့်ဒေသမှာလည်း တပြိုင်တည်းလုပ်ဖို့ လိုပါတယ်”

- ရဲဘော်မင်းဌေး (စစ်ကြောင်းမှူး - အမှတ် ၃ စစ်ကြောင်း - ABSDF)

(၇- ၁၁- ၂၀၂၃)

“မြောက်ပိုင်းညီနောင် ၃ ဖွဲ့က အရှေ့မြောက်ဒေသမှာ စခန်းသိမ်း၊ မြို့သိမ်း၊ နယ်မြေသိမ်း တိုက်ပွဲဆင်နေသလို မြေပြန့်ဒေသရှိတော်လှန်ရေးတပ်တွေကလည်း တပြိုင်တည်းတိုက်ပွဲဖေါ်ဖို့လိုတယ်၊ နယ်မြေတွေ ရသမျှ သိမ်းဖို့လိုတယ်” လို့ မကွေးတိုင်း ယောနယ်အခြေစိုက် ABSDF အမှတ် (၃) စစ်ကြောင်းမှူး ရဲဘော်မင်းဌေးက ပြောပါတယ်။

နိုဝင်ဘာ ၃ ရက်နေ့က မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် မင်းရွာရဲစခန်းကို ABSDF နဲ့ PDF ပူးပေါင်းတပ်တွေက ဝင်ရောက်သိမ်းပိုက်တာနဲ့ပတ်သက်ပြီး ... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...

- ဂန်ဂေါမြို့နယ် မင်းရွာရဲစခန်းသိမ်းတိုက်ပွဲက ၁၀၂၇ စစ်ဆင်ရေးနဲ့ ဆက်စပ်မှုရှိသလား...

- တိုက်ပွဲအတွင်း ဖမ်းမိတဲ့ စစ်သုံ့ပန်း၊ သိမ်းမိတဲ့ လက်နက်အနေအထား ဘယ်လိုရှိသလဲ...

- ၁၀၂၇ စစ်ဆင်ရေးမှာ ဘယ်လိုဟန်ချက်ညီ ပူးပေါင်းပါဝင်ကြမလဲ...

... စတဲ့ အကြောင်းအရာတွေကို တင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

“ထောက်ခံအားပေးတယ်ဆိုတာ လက်ခုပ်တီးပေးနေရုံနဲ့တော့ မရဘူးလေ”


“ထောက်ခံအားပေးတယ်ဆိုတာ လက်ခုပ်တီးပေးနေရုံနဲ့တော့ မရဘူးလေ”

- ဗိုလ်နဂါး (ဗမာအမျိုးသား တော်လှန်ရေးတပ်မတော် - BNRA) 

(၆- ၁၁- ၂၀၂၃)

“၁၀၂၇ စစ်ဆင်ရေးအပေါ် လူထုရဲ့ထောက်ခံအားပေးမှုက အားရစရာကြီးပါ။ ဒါပေမယ့် လက်ခုပ်တီးပေးနေရုံနဲ့တော့မရဘူး။ လူထုလှုပ်ရှားမှူတွေ၊ အခြားကူညီပေးမှူတွေကိုပါ တဦးချင်း နိုင်တဲ့ဖက်က ပူးပေါင်းပါဝင်ဖို့လိုတယ်” လို့ စစ်ကိုင်းတိုင်းအခြေစိုက် ဗမာအမျိုးသား တော်လှန်ရေးတပ်မတော် (BNRA) စစ်ဦးစီးချုပ် ဗိုလ်နဂါးက ပြောပါတယ်။

မြောက်ပိုင်းညီနောင် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး ဘယ်အထိ ဦးတည်သွားနိုင်သလဲ၊ လူထုရဲ့ ပူးပေါင်းပါဝင်မှု ဘယ်လိုရှိသလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယပိုင်းမှာ...

- ၁၀၂၇ စစ်ဆင်ရေးက နယ်မြေထိန်းချုပ်ရေးအပြင် စစ်အာဏာရှင်ဖြုတ်ချရေးကို ဘယ်လောက်အထိ သွားနိုင်သလဲ...

- အညာဒေသက တော်လှန်ရေးတပ်ဖွဲ့တွေကကော ဒီစစ်ဆင်ရေးနဲ့ ဟန်ချက်ညီအောင် ဘာတွေဆောင်ရွက်နိုင်မလဲ...

- ထောက်ခံအားပေးတယ်ဆိုတာ လက်ခုပ်တီးပေးရုံနဲ့မရဘူးလို့ ဘာကြောင့်ပြောတာလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Sunday, November 5, 2023

“ပြည်တွင်း အင်အားစုတွေ ညီညွတ်ရင် စစ်ကောင်စီကို ဖြိုချနိုင်တယ်ဆိုတာ ၁၀၂၇ ...


“ပြည်တွင်း အင်အားစုတွေ ညီညွတ်ရင် စစ်ကောင်စီကို ဖြိုချနိုင်တယ်ဆိုတာ ၁၀၂၇ စစ်ဆင်ရေးက သက်သေပြနေပါတယ်” - ဗိုလ်နဂါး (ဗမာအမျိုးသား တော်လှန်ရေးတပ်မတော် - BNRA) (၅- ၁၁- ၂၀၂၃) “ပြည်တွင်းမှာရှိနေတဲ့ တော်လှန်ရေးအင်အားစုတွေကိုသာ စုစည်းညီညွတ်အောင်လုပ်နိုင်ရင် စစ်ကောင်စီကို ဖြုတ်ချနိုင်တယ်ဆိုတာ အခု ၁၀၂၇ စစ်ဆင်ရေးက သက်သေဖြစ်တယ်။ ဒီတော်လှန်ရေးမှာ BNRA လည်းပါဝင်နေတယ်၊ အင်အားစုအားလုံး လက်တွဲပါဝင်ဖို့လိုတယ်” လို့ စစ်ကိုင်းတိုင်းအခြေစိုက် ဗမာအမျိုးသား တော်လှန်ရေးတပ်မတော် (BNRA) စစ်ဦးစီးချုပ် ဗိုလ်နဂါးက ပြောပါတယ်။ မြောက်ပိုင်းညီနောင် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးအပေါ် ဘယ်လိုမြင်သလဲ၊ ဘယ်လိုပူးပေါင်းဆောင်ရွက်ဖို့ရှိသလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။ အခုထုတ်လွှင့်မယ့် မေးမြန်းချက် ပထမပိုင်းမှာ... - BNRA က ဘာတွေဆောင်ရွက်နေသလဲ၊ တိုက်ပွဲဖေါ်နိုင်သလား... - ၁၀၂၇ စစ်ဆင်ရေးမှာ BNRA က တပ်ရင်းတွေ ဘယ်လိုပူးပေါင်းပါဝင်နေသလဲ... - ၁၀၂၇ စစ်ဆင်ရေးက ဘယ်အထိ ဦးတည်သွားနိုင်သလဲ... ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။ (၁၀၂၇ စစ်ဆင်ရေးနဲ့ လူထုတိုက်ပွဲ ဘယ်လိုပေါင်းစပ်သင့်သလဲ... ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်) (အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။

“မြို့တွေ၊ စစ်စခန်းတွေ သိမ်းနေတဲ့ ဒီစစ်ဆင်ရေးကို ကမ္ဘာက ကရုစိုက်မိပါတယ်”


“မြို့တွေ၊ စစ်စခန်းတွေ သိမ်းနေတဲ့ ဒီစစ်ဆင်ရေးကို ကမ္ဘာက ကရုစိုက်မိပါတယ်”

- ဦးကျော်ဇော (သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် - အမျိုးသားညီညွတ်ရေးအစိုးရ)

(၆- ၁၁- ၂၀၂၃)

“မြို့တွေ၊ စစ်တပ်စခန်းတွေကို အရှိန်အဟုန်နဲ့သိမ်းပိုက်နေတဲ့ ညီနောင် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးကို ကမ္ဘာက ကရုတစိုက်ကြည့်နေတဲ့ အနေအထားရှိတယ်။ စစ်တပ်ကို ပြိုအောင်တိုက်ဖို့မလွယ်ဘူးဆိုတဲ့ ရှေးဟောင်းအယူအဆကို ဒီတိုက်ပွဲက ပြောင်းပြန် လှန်ပစ်လိုက်ပြီ” လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးကျော်ဇောက ပြောပါတယ်။

NUG ကိုယ်စားလှယ်အဖွဲ့ရဲ့ ကနေဒါနိုင်ငံခရီးစဉ်၊ နွေဦးတော်လှန်ရေးအပေါ် နိုင်ငံတကာရဲ့ အားပေးထောက်ခံမှု၊ ၁၀၂၇ စစ်ဆင်ရေးအပေါ် နိုင်ငံတကာရဲ့ အမြင်သဘောထားတွေနဲ့ ပတ်သက်ပြီး ... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...

- NUG ကိုယ်စားလှယ်အဖွဲ့ရဲ့ ကနေဒါခရီးစဉ် ဘာတွေထူးခြားသလဲ...

- ကနေဒါ၊ အမေရိကန်နဲ့ ယူကေ တို့ရဲ့ ပူးတွဲအရေးယူမှုက စစ်ကောင်စီကို ဘယ်လောက် အထိနာစေနိုင်သလဲ...

- မြန်မာစစ်တပ်အပေါ် အစဉ်အလာအရ အထင်ကြီးနေသူတွေကို ၁၀၂၇ စစ်ဆင်ရေးက အပြောင်းအလဲဖြစ်စေနိုင်သလား...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(ဗိုလ်နဂါးနှင့် ဒုတိယပိုင်းကိုတော့ ညပိုင်းမှာ ထုတ်လွှင့်ပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Saturday, November 4, 2023

“တပ်ပေါင်းစုမူကို အတိအကျကျင့်သုံးလို့ အခုလို အောင်မြင်မှုရနေတာဖြစ်တယ်”


“တပ်ပေါင်းစုမူကို အတိအကျကျင့်သုံးလို့ အခုလို အောင်မြင်မှုရနေတာဖြစ်တယ်”

ခွန်မြင့်ထွန်း - (ပအိုဝ်းအမျိုးသားဖယ်ဒရယ်ကောင်စီ - PNFC)

(၅- ၁၁- ၂၀၂၃)

“၁၀၂၇ စစ်ဆင်ရေး အခုလိုအောင်မြင်ရခြင်းရဲ့ အဓိကအချက်က ညီနောင် ၃ ဖွဲ့ဟာ တပ်ပေါင်းစုမူကို အတိအကျလိုက်နာကျင့်သုံးလို့ ဖြစ်တယ်၊ တဖွဲ့ကိုထိရင် အဖွဲ့အားလုံးကို ထိတာဖြစ်တယ်ဆိုပြီး အားလုံးက စုပေါင်းပြန်တိုက်ရမယ်ဆိုတဲ့ တပ်ပေါင်းစုမူဟာ အောင်ပွဲ အတွက် သိပ်အရေးကြီးတဲ့အချက်ဖြစ်တယ်” လို့ ညီနောင် ၃ ဖွဲ့ခေါင်းဆောင်တွေနဲ့ တပ်ပေါင်းစုမှာ အတူတာဝန်ထမ်းခဲ့ဖူးသူ ပအိုဝ်းအမျိုးသားဖယ်ဒရယ်ကောင်စီ (PNFC) ဥက္ကဌ ခွန်မြင့်ထွန်းက ပြောပါတယ်။

ညီနောင် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး ဘာကြောင့် အခုလိုအောင်မြင်မှုရနေတာလဲ၊ ဒီစစ်ဆင်ရေးက ဘယ်အထိ ဦးတည်သွားနိုင်သလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...

- ၁၀၂၇ စစ်ဆင်ရေးရဲ့ အဓိကအောင်မြင်မှု သော့ချက်က ဘာလဲ...

- ကိုးကန့်ဒေသ သိမ်းပိုက်ရေးကနေ တနိုင်ငံလုံး သိမ်းပိုက်ရေးအထိ သွားနိုင်အောင် အင်အားစုအားလုံး ဘယ်လိုပူးပေါင်းဆောင်ရွက်သင့်သလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(နိုဝင်ဘာ ၁ ရက်နေ့ညပိုင်းက မေးမြန်းထားချက်ဖြစ်ပြီး အရေးပေါ်သတင်းတွေကြောင့် ဒီနေ့မှ တင်နိုင်ခြင်းဖြစ်ပါတယ်။ မနက်ဖန်မှာတော့ ၁၀၂၇ စစ်ဆင်ရေးအပေါ် စစ်ကိုင်းတိုင်းက ဗိုလ်နဂါးရဲ့ အမြင်ကို ထုတ်လွှင့်ပေးဖို့ စီစဉ်ထားပါတယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

Friday, November 3, 2023

“၁၀၂၇ ဆိုတဲ့ တော်လှန်ရေး ရထားနဲ့အတူ အားလုံးဟန်ချက်ညီ တိုက်ပွဲဝင်ဖို့လိုပ...



“၁၀၂၇ ဆိုတဲ့ တော်လှန်ရေး ရထားနဲ့အတူ အားလုံးဟန်ချက်ညီ တိုက်ပွဲဝင်ဖို့လိုပါတယ်” 

- ဆလိုင်းယောမာန် (ပြောခွင့်ရပုဂ္ဂိုလ် - မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့)

(၄- ၁၁- ၂၀၂၃)

“မြောက်ပိုင်းညီနောင် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ စစ်ကောင်စီကို အလဲထိုးမယ့် ပထမ ခြေလှမ်းဖြစ်တယ်။ အရှိန်ရနေပြီဖြစ်တဲ့ ဒီတော်လှန်ရေးရထားကို မီတဲ့ဘူတာကနေစီးပြီး အဆုံးသတ်တိုက်ပွဲအတွက် အားလုံးဟန်ချက်ညီ ပါဝင်ဖို့လိုတယ်” လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဆလိုင်းယောမာန်က ပြောပါတယ်။

သီတင်းတပတ်အတွင်းမှာတင် မြို့ ၄ မြို့နဲ့ စစ်ကောင်စီတပ်စခန်း ၁၀၀ နီးပါးကို သိမ်းပိုက်ပြီး အရှိန်အလွန်ကောင်းနေတဲ့၊ လူထုထောက်ခံမှုအလွန်အားကောင်းနေတဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ အခြားဒေသအသီးသီးက တော်လှန်ရေးတပ်တွေ ဘယ်လိုဟန်ချက်ညီ ပါနိုင်ခြေရှိသလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...

- မင်းတပ်နဲ့ ချင်းတောင်ပေါ်မှာ စစ်ကောင်စီတပ်က ခံစစ်အတွက် ဘာတွေပြင်နေသလဲ...

- ချင်းတောင်နဲ့ ယောနယ်က တော်လှန်ရေးတပ်တွေ ၁၀၂၇ နဲ့ ဟန်ချက်ညီအောင် ဘာတွေဆောင်ရွက်နေသလဲ...

- ၁၀၂၇ စစ်ဆင်ရေးဟာ နွေဦးတော်လှန်ရေးရဲ့ D Day လား... ဘယ်အထိ ဦးတည်သွားနိုင်သလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

“ကော့ကရိတ်နဲ့ ကြာအင်းဆိပ်ကြီးကို တပြိုင်တည်း ဝင်တိုက်နေပါတယ်။ ဒါဟာ ဟန်ချ...


“ကော့ကရိတ်နဲ့ ကြာအင်းဆိပ်ကြီးကို တပြိုင်တည်း ဝင်တိုက်နေပါတယ်။ ဒါဟာ ဟန်ချက်ညီဆောင်ရွက်မှုဖြစ်တယ်”

- ပဒိုစောတောနီး (ဗဟိုအလုပ်အမှုဆောင်ကော်မီတီဝင် - KNU)

(၃-၁၁-၂၀၂၃)

“ကော့ကရိတ်နဲ့ ကြားအင်းဆိပ်ကြီးမြို့နယ်တွေကို KNLA နဲ့ PDF မဟာမိတ်ပူးပေါင်းတပ်တွေ တပြိုင်တည်းဝင်တိုက်နေတယ်ဆိုတာ ဟုတ်တယ်။ ဒါဟာ ၁၀၂၇ နဲ့ ဟန်ချက်ညီဆေင်ရွက်နေတာဖြစ်တယ်၊ ဒီတိုက်ပွဲက စစ်ကောင်စီအပေါ် အထင်ကြီးထားတဲ့ နိုင်ငံတကာအမြင်ကိုပါ ပြောင်းလဲစေနိုင်တယ်” လို့ ကရင့်အမျိုးသားအစည်းအရုံး KNU ဗဟိုအလုပ်အမှုဆောင်ကော်မီတီဝင် ပဒိုစောတောနီးက ကပြောပါတယ်။

ကရင်ပြည်နယ်ထဲက တိုက်ပွဲအခြေအနေ၊ မြောက်ပိုင်းညီနောင် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးအပေါ် အမြင်သဘောထားတွေနဲ့ပတ်သက်ပြီး...  BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...

- ကော့ကရိတ်နဲ့ ကြာအင်းဆိပ်ကြီး တိုက်ပွဲတွေရဲ့ နောက်ဆုံးအခြေအနေ...

- ၁၀၂၇ စစ်ဆင်းရေးနဲ့ဟန်ချက်ညီအောင် KNU နဲ့ မဟာမိတ်တွေ ဘယ်လိုဆောင်ရွက်နေသလဲ...

- ၁၀၂၇ စစ်ဆင်ရေးအောင်မြင်မှုက စစ်ကောင်စီအပေါ် အထင်ကြီးထားတဲ့ နိုင်ငံတကာအမြင်ကို ပြောင်းသွားစေနိုင်သလား...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

Thursday, November 2, 2023

“၁၀၂၇ စစ်ဆင်ရေးနဲ့ ဟန်ချက်ညီ ဘယ်လောက်ဆောင်ရွက်နိုင်မလဲဆိုတာ NUG က စမ်းသပ...


“၁၀၂၇ စစ်ဆင်ရေးနဲ့ ဟန်ချက်ညီ ဘယ်လောက်ဆောင်ရွက်နိုင်မလဲဆိုတာ NUG က စမ်းသပ်ခံရမယ့် အချိန်ဖြစ်တယ်“

- ဦးသန်းစိုးနိုင် (စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ)

(၃- ၁၁- ၂၀၂၃)

“မြောက်ပိုင်းမှာ အရှိန်အဟုန်အလွန်ကောင်းနေတဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့ဟန်ချက်ညီ တောင်ပိုင်းဒေသမှာ ဘယ်လောက်အထိအကောင်ထည်ဖေါ်နိုင်မလဲဆိုတာ NUG တာဝန်ဖြစ်လာနေတယ်။ ဒီတာဝန်ကို ဘယ်လောက်ဦးဆောင်နိုင်မလဲဆိုတာ ဒီစစ်ဆင်ရေးက NUG ကို စမ်းသပ်လိမ့်မယ်” လို့ စစ်ရေး-နိုင်ငံရေး ဝေဖန်သုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

သီတင်းတပတ်အတွင်း မြို့ ၄ မြို့နဲ့ စစ်ကောင်စီတပ်စခန်း ၁၀၀ နီးပါးအထိ သိမ်းပိုက်လိုက်တဲ့ 
မြောက်ပိုင်းညီနောင် ၃ ဖွဲ့ဦးစီးတဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့ဟန်ချက်ညီအောင် တောင်ပိုင်းဒေသမှာ ဘယ်လိုအကောင်ထည်ဖေါ်နိုင်မလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာ...

- တရုတ်အစိုးရရဲ့ တိုက်တွန်းမှုတွေကြောင့် တိုက်ပွဲအရှိန် လျော့ကျသွားနိုင်သလား...

- မြောက်ပိုင်းမှာအရှိန်ကောင်းနေတဲ့ စစ်ဆင်ရေးကို တောင်ပိုင်းက ဟန်ချည်ညီပူးပေါင်းနိုင်အောင် NUG က ဘယ်လိုဆောင်ရွက်နေသလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(နိုဝင်ဘာလ ၁ ရက်နေ့ ညနေပိုင်းက မေးမြန်းထားချက်ရဲ့ ဒုတိယ ပိုင်းဖြစ်တဲ့အတွက် ၂ ရက်နေ့နှင့် ၃ ရက်နေ့ ဖြစ်ပေါ်တိုးတက်မှုများ ပါဝင်နိုင်ခြင်းမရှိပါ)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)။

“တော်လှန်ရေးရေချိန် မြင့်လာလေ စစ်ကောင်စီတပ်ပြိုကွဲမှုကို ပိုမြင်လာရလေဖြစ...


“တော်လှန်ရေးရေချိန် မြင့်လာလေ စစ်ကောင်စီတပ်ပြိုကွဲမှုကို ပိုမြင်လာရလေဖြစ်တယ်”

- ဦးသန်းစိုးနိုင် (စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ)

(၂- ၁၁- ၂၀၂၃)

“မြောက်ပိုင်းညီနောင် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ နွေဦးတော်လှန်ရေးကို ရှေ့တဆင့်မြှင့်တင်လိုက်တာဖြစ်ပြီး စစ်ကောင်စီတပ်ရဲ့ပြိုကွဲမှု၊ လက်နက်ချမှတွေကို ပိုမြင်လာရဖို့ ရှိတယ်။ ဒီအတွက် မြောက်ပိုင်းအပြင် တောင်ပိုင်းနဲ့ တနိုင်ငံလုံးက တော်လှန်ရေးတပ်တွေ အချိန်ကိုက် တိုက်ပွဲဝင်ဖို့လိုတယ်” လို့ စစ်ရေး-နိုင်ငံရေး ဝေဖန်သုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ သိန္နီ အပါဝင် မြို့အချိုနဲ့ စစ်တပ်စခန်း ၁၀၀ နီးပါးကို သီတင်းတပတ်အတွင်း သိမ်းလိုက်နိုင်တဲ့ ၁၀၂၇ စစ်ဆင်ရေးရဲ့ အရှိန်အဟုန်အကြောင်း  ... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ...

- သီတင်းတပတ်အတွင်း မြို့ ၄ မြို့နဲနဲ့ တပ်စခန်း ၁၀၀ နီးပါးအထိ သိမ်းနိုင်တာ ဘာကြောင့်လဲ...

- စစ်ကောင်စီတပ်ဖက်က ပြန်မတိုက်နိုင်ပဲ ထွက်ပြေးတာ၊ လက်နက်ချတာတွေ အခုလိုများလာတာ ဘာကြောင့်လဲ...

- ညီနောင် ၃ ဖွဲ့ဦးဆောင်တဲ့ ၁၀၂၇ စစ်ဆင်ရေးက ဘယ်အထိ ဦးတည်သွားနိုင်သလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(NUG လက်အောက်က PDF တပ်ရင်း ၃၀၀ ကျော် ဒီစစ်ဆင်ရေးမှာ ဘယ်လိုပါဝင်နိုင်မလဲ... ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

Wednesday, November 1, 2023

“MOGE ကို ပစ်မှတ်ထားအရေးယူတယ်ဆိုတာဟာ စစ်ကောင်စီကို လက်နက်ကြီးနဲ့ပစ်လိုက်...


“MOGE ကို ပစ်မှတ်ထားအရေးယူတယ်ဆိုတာဟာ စစ်ကောင်စီကို လက်နက်ကြီးနဲ့ပစ်လိုက်တဲ့သဘောပါပဲ”

- ဦးစိန်ဌေး (စီးပွားရေး ဝေဖန်သုံးသပ်သူ)

(၂- ၁၁- ၂၀၂၃)

“နိုင်ငံခြားငွေ အဓိကရလမ်း မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို အမေရိကန်က အရေးယူပိတ်ဆို့မှုလုပ်တယ်ဆိုတာဟာ စစ်ကောင်စီကို လက်နက်ကြီးနဲ့ပစ်ပြီး နောက်ဆုံးအဆင့် သတိပေးလိုက်တာဖြစ်တယ်။ စစ်ကောင်စီဖက်က လူထုအပေါ် ဖိနှိပ်မှုတွေ အမြန်ဆုံးရပ်ဖို့လိုတယ်” လို့ စီးပွားရေး ဝေဖန်သုံးသပ်သူ ဦးစိန်ဌေးက ပြောပါတယ်။

(MOGE) ကို အမေရိကန်က အရေးယူပိတ်ဆို့မှုလုပ်တာ၊ စစ်ကောင်စီ ဝန်ကြီးအချို့နဲ့ ခရိုနီအချို့ကို အရေးယူတာတွေနဲ့ပတ်သက်ပြီး ... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခုထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...

- MOGE ကို အရေးယူတဲ့အတွက် စစ်ကောင်စီ ဘယ်လောက်ထိခိုက်နိုင်သလဲ...

- ဝန်ကြီးအချို့နဲ့ ခရိုနီအချို့ကို ထပ်မံအရေးယူခြင်းကကော ဘယ်လောက် ထူးခြားနိုင်သလဲ...

- ဒီအရေးယူမှုတွေနဲ့ ညီနောင် ၃ ဖွဲ့ရဲ့ ၁၀၂၇ လှုပ်ရှားမှုတွေက တိုက်ဆိုက်မှုသက်သက်လား...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ပါရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

Share

Twitter Delicious Facebook Digg Stumbleupon Favorites More